တိုင်းလွှတ်တော်ကိုယ်စားလှယ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ


 ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဒီဇင်ဘာလ ၁၂ ရက်နေ့က တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ သတင်းစာရှင်းလင်းစဉ်
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဒီဇင်ဘာလ ၁၂ ရက်နေ့က တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/ RFA
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟာ မနေ့က အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

သူစီးနင်းလာတဲ့ကားကို လူလေးယောက်လိုက်ပါလာတဲ့ အနက်ရောင် တက္ကစီကားတစ်စီးက ကျော်တက်ပြီး ကားကိုပိတ်ရပ်ကာ ကားပေါ်ကဆင်းခိုင်းပြီး အသက်အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တဲ့အကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။

အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့ အသက်လုပြီး ပြေးနေချိန်မှာ တောင်ဒဂုံရဲစခန်းကို ဖုန်းဆက်အကြောင်းကြား ခဲ့ပေမယ့် သက်ဆိုင်ရာက အရေးတယူဆောင်ရွက်တာတွေ မရှိခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးမှုဆိုတာကို မေးခွန်း ထုတ်စရာဖြစ်နေပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဦးညီညီ က ပြောပါတယ်။

ဦးညီညီဟာ တောင်ဒဂုံမြို့ နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စကို ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.