မြိုင်ကြီးငူက ဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်နေ



ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ပြီးခဲ့တဲ့ စက်ဘာလနဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်ကျော်အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရဲ့တာဝန်မှူး ဦးစောဦး က ပြောပါတယ်။

ဒုက္ခသည်တွေအတွက် အလှူရှင်တွေ နည်းပါးနေသလို ၁၅ ရက်စာလောက်ပဲ ဆန် ကျန်တော့တယ် လို့ ဦးစောဦးက ပြောပါတယ်။

"နည်းလာတာပေါ့။ ရိက္ခာက သူများမပို့ထာကြာပြီ။ လက်ကျန်ရှိတာနဲ့ အခုစားနေတာ။ ရိက္ခာအားလုံးပေါင်း ကျနော်တို့ ဌာနမှာ အခု သုံးရာ (ဆန်အိတ် သုံးရာ) ပဲကျန်တော့တယ်။ သုံးရာဆိုတော့ ကျနော်တို့ ဥစ္စာကတော့ ၁၅ ရက်စာတော့ ရသေးတာပေါ့။ အစိုးရတော့ လှူဖို့ မရှိသေးဘူး"

စားနပ်ရိက္ခာအကူအညီတွေ ရရှိဖို့အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံ အကူအညီတောင်းဖို့ စီစဉ်နေတယ်လို့လည်း ဦးစောဦးက ပြောပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကစပြီး တပ်မတော်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒေသခံတွေဟာ မြိုင်ကြီးငူ ဒေသကို လာရောက်ပြီး ခိုလှုံနေကြရတာဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်ပေမယ့် မိုင်းအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဒုက္ခသည် တွေက နေရပ်မပြန်ရဲကြသေးဘူးလို့လည်း ဦးစောဦး က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.