တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ လက်ပတ် စိမ်းတွေဝတ်ပြီး တောင်းဆို

 တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ် တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ်
Photo: ထီးချိုင့် ဒေါ်အာကျယ်/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံအလုပ်သမား ၇၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် လုပ်ငန်းခွင်မှာ လက်ပတ်စိမ်းတွေ ပတ်ပြီး တောင်းဆိုနေကြပါတယ်။

စက်ရုံတာဝန်ရှိသူတွေက လက်ပတ်စိမ်းပတ်တာတွေကို မတားမြစ်ပေမယ့် မျက်နှာထားတင်းမာတာတွေတော့ ရှိတယ်လို့ စက်ရုံအလုပ်သမား ကိုတင်မျိုးထွန်း က ပြောပါတယ်။

"လက်ပတ်စိမ်းလှုပ်ရှားမှုက ကျနော်မနေ့ကပြောသလို လက်ပတ်စိမ်း ပတ်နေပါပြီ။ သူတို့က လက်ပတ်စိမ်းဝတ် တဲ့သူတွေ ကုမ္ပဏီထဲမ၀င်ရ၊ စက်ရုံထဲမ၀င်ရလို့ ပြောတာမရှိပါဘူး။ ဒါပေမဲ့ တချို့လက်ပတ်စိမ်းဝတ်လာတဲ့ အတွက် မျက်နှာထားတင်းတာမျိုးတွေတော့ အဲ့လိုမျိုးရှိတယ်။ ဒါပေမဲ့ လက်ပတ်စိမ်းဝတ်ပြီး မ၀င်ခဲ့နဲ့လို့ တရား ၀င်ပြောတာမျိုးတော့ မရှိသေးပါဘူး။ ကျနော်သိရသလောက်ကတော့ ဆင်းနေတဲ့ ၀န်ထမ်း ၇၀ လောက်ကတော့ ပတ်နေပြီခင်ဗျ၊ လက်ပတ်စိမ်းတွေကိုလည်း ကျနော့်ဆီကို ထပ်ပြီးတော့ တောင်းနေတယ်ခင်ဗျ"

တကောင်းနီကယ်စက်ရုံမှာ မြန်မာအလုပ်သမား ၁၆၀၀ နဲ့ တရုတ်နိုင်ငံသားအလုပ်သမား ၄၀၀ လောက် ရှိပါတယ်။ အဲဒီ တရုတ်အလုပ်သမားတွေဟာ တစ်လကို မြန်မာငွေ ကျပ် ၁၅ သိန်းလောက်အထိရရှိကြပြီး မြန်မာအလုပ် သမားတွေက အများဆုံး လစာ ၁ သိန်းခွဲပဲရတယ်လို့ ကိုတင်မျိုးထွန်း က ပြောပါတယ်။ အဲဒါကြောင့် မြန်မာ အလုပ်သမား ၅၀၀ လောက်က လုပ်ခလစာတွေ တိုးပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ တန်းတူရရှိဖို့အတွက် မနေ့က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မနေ့က ဆန္ဒပြပွဲကို ဦးဆောင်ခွင့်ပြုမိန့်တင်ခဲ့တဲ့ စက်ရုံအလုပ်သမား ဦးထွန်းထွန်းဝင်း ကို ဆန္ဒပြပွဲမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်ပယ်ခံရတဲ့ ဦးထွန်းထွန်း ကို ပြန်လည်ခန့် အပ်ပေးဖို့အတွက် ထီးချိုင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မနက်ဖြန် ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

တကောင်းနီကယ်စက်ရုံဟာ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ မြန်မာ CNICO (Myanmar CNMC Nikel ) က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
RFA

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,60,culture,1,documentary,7,Entertainment,5,health,30,history,2,international,6893,interview,210,knowledge,7,Live,8,LocalNews,14970,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,51,translate,33,video,1065,voice,76,
ltr
item
dawnmanhon: တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ လက်ပတ် စိမ်းတွေဝတ်ပြီး တောင်းဆို
တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ လက်ပတ် စိမ်းတွေဝတ်ပြီး တောင်းဆို
http://www.rfa.org/burmese/news/takaung-nickel-workers-protest-12192016071609.html/factory-workers-protest-620.jpg/image
dawnmanhon
http://www.dawnmanhon.com/2016/12/blog-post_952.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/12/blog-post_952.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy