ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီလူမျိုး ၂၀၀ ဦးခန့် တင်ဆောင်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည့် လူမှောင်ခိုသယ်လှေ ဖမ်းဆီးရမိ


ဒီဇင်ဘာ ၂၃၊ ၂၀၁၆

ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၃၅ မိနစ်တွင် တပ်မတော်ရေမှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကင်းလှည့်နေစဉ် ရေယာဉ်၏ တောင်ဘက် ၄ မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေပြင်မှ မြန်မာနိုင်ငံ ရေပြင်အတွင်း အနောက်မှ အရှေ့သို့ ခုတ်မောင်းနေသော ခရေဖူး အမည်ရှိ တရားမ၀င် လူမှောင်ခို လှေတစ်စီးနှင့်အတူ အမျိုးသား ၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ လှေသည် ကျိုက္ခမီဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းမှ ထွက်ခွာခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဖြတ်ဝင်ကာ ကျောက်ပန္တု၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အစပ်သို့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲတွင် ရောက်ရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစား ၃ ဦးအား စောင့်ဆိုင်းခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားများ မရောက်ရှိ သေးသဖြင့် မြန်မာရေပိုင်နက်ထဲသို့ ၀င်ရောက်စဉ် နံနက် ၃ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

လှေပေါ်ပါသူ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်နေ မောင်သာကဲအား စစ်ဆေး မေးမြန်းရာ ထိုင်းနိုင်ငံနေ ဘင်္ဂါလီလူမျိုး ဂျာမားဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ လူများ သယ်ဆောင်ရန်အတွက် ခေါက်ကြေးပေး ငှားရမ်းခဲ့ပြီး ကျိုက္ခမီမြို့၊ ၀က်သိုးရပ်ကွက်နေ လှေပိုင်ရှင် ဦးသန့်ဇင်နှင့် ဂျာမားဆိုသူတို့ တိုက်ရိုက် ဆက်သွယ်ခြင်းကြောင့် ငှားရမ်းခ မသိရကြောင်း၊ ၎င်းသည် ကိုယ်စားလှယ်သာ ဖြစ်ကြောင်း၊ လှေသားတစ်ဦး တစ်ခေါက်လျှင် ငွေကျပ်တစ်သိန်းခွဲရရှိပြီး လှေပေါ်လိုက်ပါမည့်သူ တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းခွဲပေးရမည် ဖြစ်ကြောင်း သိရသည်။


ယခု ခရီးစဉ်သည် ဘင်္ဂါလီလူမျိုး ၂၀၀ ဦးခန့် တင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်-ထိုင်းနိုင်ငံ တောင်ပိုင်းမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ရေပြင် တွင် တစ်ထောက် ရပ်နားမည်ဖြစ်ပြီး မလေးရှားနိုင်ငံ ရေပြင်သို့ ရောက်ရှိချိန်တွင် ဂျာမားဆိုသူက စက်လှေဖြင့် လာရောက်၍ ပါလာသည့် လူများအားလှေဖြင့် ထပ်ဆင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဖမ်းမိလှေနှင့် တရားခံ ၈ ဦးအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်လက်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.