တကောင်းနီကယ်စက်ရုံ အလုပ် သမားတွေ အလုပ်သမားအခွင့် အရေး ရရှိဖို့ တောင်းဆို

 တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ် တကောင်းနီကယ်စက်ရုံ အလုပ်သမားတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ဆန္ဒပြနေသည်ကို တွေ့ရစဉ်
Photo: ထီးချိုင့် ဒေါ်အာကျယ်/ Facebook
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အ၀ ရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လုပ်ခလစာတွေ တိုးပေးခြင်းမရှိတာတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတဲ့ အတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ တကောင်းနီကယ် စက်ရုံမှာ လုပ်သက် ၃ နှစ်ရှိပြီး ဒီနေ့ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုတင်မျိုးထွန်း က ပြောပါတယ်။

" ကျွန်တော်တို့ဒီမှာ လုပ်ခလစာနည်းပါးတယ်၊ အဲအတွက် လုပ်ခလစာတိုးမြှင့်ရရှိလိုမှုရယ်၊ အလုပ် သမားအခွင့်အရေး ဆုံးရှုံးနေတယ် အဲ့အတွက် အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိလိုမှုရယ်၊ အဲတာကို ဆန္ဒပြတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်လို့ ကျွန်တော်တို့ ခေါင်းဆောင်တွေဖြစ်သွားတယ် သူက လစာကို မတိုးပေး ဘူးဗျ၊ ၂ သောင်း ၃ သောင်းခေါင်းဆောင်ကြေးဆိုပြီး အဲလိုထည့်ပေးလိုက်တယ်ဗျ"


တကောင်းနီကယ်စက်ရုံမှာ တရုတ်နိုင်ငံသား ၀န်ထမ်းတွေ နဲ့ မြန်မာ ၀န်ထမ်းတွေရှိပြီး ရရှိတဲ့ အခွင့်အရေးတွေ မတူညီဘူးလို့လည်း ပြောပါတယ်။

အဲဒီစက်ရုံမှာ အများဆုံးလုပ်သက် ၅ နှစ်ကနေ အနည်းဆုံးလုပ်သက် ၁ လအထိ ရှိတဲ့ မြန်မာ အလုပ်သမား ၁၆၀၀ လောက်ရှိပြီး ပညာအရည်အချင်းအလိုက် လစာပေးတာ မဟုတ်ဘဲ အန္တရာယ်ပို များတဲ့နေရာတွေမှာ လုပ်ကိုင်သူတွေကို လစာပိုပေးတာ ဖြစ်တယ်လို့လည်း ဆန္ဒပြအလုပ်သမားတွေ က ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲ ဦးဆောင်ဖို့ ခွင့်ပြုမိန့်တင်ခဲ့တဲ့ အလုပ်သမား ဦးထွန်းထွန်းဝင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလုပ်ကနေ ထုတ်ပယ်လိုက်တယ် လို့လည်း ကိုတင်မျိုးထွန်း က ပြောပါတယ်။

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စတစ်ကာတွေ လက်ပတ်စိမ်းတွေ ပတ်ပြီး လုပ်ငန်းခွင်ဝင်ကြမှာ ဖြစ်သလို တောင်းဆိုမှုတွေမရမချင်း လက်ပတ်စိမ်းပတ်တဲ့လှုပ်ရှားမှုကို ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.