"မျှော်လင့်သလို ပရိသတ်အကြိုက်မဖြစ်ခဲ့တဲ့ El Clasico"


"ဘာစီလိုနာ ၁-၁ ရီးယဲယ်မက်ဒရစ်"
*ဆွာရက်ဇ် - ၅၃မိနစ်၊ *ရာမို့စ်- မိနစ်

လာလီဂါ ထိပ်သီးနှစ်သင်းရဲ့ ဆုံတွေ့ပွဲကတော့ တစ်ဖက် တစ်ဂိုးစီနဲ့သရေကျခဲ့ ပါတယ်။ ဒီပွဲမှာ နာမည်ကျော်တွေ ခြေစွမ်းပျောက်ခဲ့တဲ့ပွဲဖြစ်ပြီး ခါတိုင်းနှစ်တွေ ကလို အကြိတ်အနယ်မရှိခဲ့ဘဲ သာမာန်ပွဲတစ်ပွဲဖြစ်ပြီးဆုံးခဲ့တာပါ။ ရီးယဲယ်က ပထမပိုင်းမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပါတယ်။ ဘာစီလိုနာက အင်နီယေစတာ ၀င်လာပြီးကတည်းက အရင် ဘာစီလိုနာ ပုံစံ မျိုးပြန်တွေ့ခဲ့ရပြီး ဘောလုံးကို ခတ်စိပ်စိပ်အပေးအယူတွေလုပ်လာပါတယ်။ အင်နီယေစတာကြောင့်ပဲ ဘောလုံးလမ်းကြောင်းတွေ တော်တော်ပေါ်ခဲ့လို့ ဘာစီလိုနာ တိုက်စစ်ပိုကောင်းခဲ့ပါတယ်။ ရီးယဲယ်က တန်ပြန်တိုက်စစ်တွေက နေဂိုးရဖို့ ကြိုးစားပေမယ့် ဘာစီလိုနာက ရီးယဲယ်ရဲ့ အမှားကနေ ဂိုးရဖို့ ကစားခဲ့ ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာဖက်က အပိုင်အခွင့်အရေးတွေ၊ ဂိုးရနိုင်မယ့် အနေအထားတွေကို ဖြုန်းတီးပစ်ခဲ့လို့ ရီးယဲယ်ကံကောင်းခဲ့တာပါ။ ၅၃မိနစ်မှာ နေမာရဲ့ ဖရီးကစ်ကနေ ဆွာရက်ဇ်က ခေါင်းတိုက်ပြီး ဂိုးသွင်းခဲ့ပါတယ်။ အဲ့ဒီနောက်လည်း မက်ဆီ၊ နေမာတို့ နောက်ထပ် အခွင့်အရေးတွေရခဲ့ကြပါ သေးတယ်။ အဆုံးသတ်မသေချာလို့ ဂိုးထပ်မရခဲ့တာပါ။ ရီးယဲယ်က ပွဲပြီး ခါနီး ရောက်မှ ဖိကစားပြီး ချေပဂိုး၇ဖို့ကြိုးစားခဲ့ပါတယ်။ မိနစ် ၉၀အပြည့်မှာ ရတဲ့ ဖရီးကစ်ကနေ ရာမို့စ်က ခေါင်းတိုက်လို့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ အဲ့ဒီမတိုင် မီ ရော်နယ်လ်ဒို ခေါင်းတိုက်ခွင့်တစ်ကြိမ်ကိုလည်း နောက်ခံလူဖျက်ထုတ်ခဲ့ပါ တယ်။ ပွဲပြီးခါနီး အချိန်ပိုမှာ ဘာစီလိုနာ အနိုင်ဂိုး၇နိုင်မယ့် အခွင့်အရေးကို လူစားဝင်လာတဲ့ ကတ်စမဲရိုးက ဂိုးစည်းပေါ်ကနေ ခေါင်းတိုက် ဖျက်ထုတ်ခဲ့လို့ ပွဲက ၁ဂိုးစီသရေနဲ့ပြီးခဲ့တာပါ။ ဒီပွဲက အရင် ဆုံတွေ့ခဲ့ဖူးတဲ့ပွဲတွေနဲ့ ယှဉ်ရင် ပရိသတ်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ပွဲဖြစ်သလို နှစ်သင်းစလုံးကလည်း ဘောလုံးအပေးအယူ အမှားတွေ ခဏခဏကျူးလွန်းခဲ့ကြပြီး ဘောလုံးပွဲကောင်းတွေ ကြည့်ချင်တဲ့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရတဲ့ပွဲဖြစ်ပါ တယ်။ ရီးယဲယ်ကတော့ ဒီပွဲသရေက ဘာစီလိုနာကို ၆မှတ်ဖြတ်ထားနိုင်ဆဲဖြစ် ပါတယ်။ ဒါ့အပြင် ရီးယဲယ်ဟာ ပြိုင်ပွဲအရပ်ရပ် ၃၃ပွဲဆက်တိုက် စံချိန်ကို ဆက် လက်ထိန်းထားနိုင်ခဲ့ပါတယ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.