ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အား Eleven CEO မှ ၀န်ချတောင်းပန်


Eleven သတင်းစာပွဲမှာဖော်ပြခဲ့တဲ့ အချက်အလက် အချို့ဟာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ် မရှိဖော်ပြထားတဲ့ လွဲမှားတဲ့ အချက်အလက်တွေဖြစ်နေတာကြောင့်Eleven CEO နဲ့တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ၀န်ခံချက်နဲ့အတူ အနူးအညွတ် ၀န်ချတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုဝန်ချတောင်းပန်မှုကို ဒီဇင်ဘာ(၂၇)ရက်(အင်္ဂါ)နေ့ထုတ် Eleven သတင်းစာရဲ့ စာမျက်နှာ(၁၇)မှာ မျက်နှာဝက်ခန့်ဘောင်ခတ်ပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်မှာ ဒေးလီးအလဲဗင်းသတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ 'ရွေးကောက်ပွဲတစ်နှစ်ကြာသော်' အယ်ဒီတာ့အာဘော်ကို အလဲဗင်းမီဒီယာဂရုရဲ့CEO က အာရှသတင်းကွန်ရက်(ANN)အဖွဲ့ဝင်သတင်းဌာနတွေ၊ ဒေးလီးအလဲဗင်းသတင်းစာနဲ့ Facebook စာမျက်နှာတွေမှာ ရေးသားဖော်ပြခဲ့ကြောင်း၊ အဲဒီအယ်ဒီတာ့အာဘော်ကို စင်ကာပူနိုင်ငံထုတ် The Straits Time သတင်းစာက(Myanmar: A year after the Nov 8 Polls)ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ရာမှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကိုပါ တွဲဖက်အသုံးပြုဖော်ပြပါရှိခဲ့တာကြောင့် အဓိပ္ပါယ်ကောက်ယူရာမှာ လွဲမှားမှုဖြစ်စေနိုင်တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဒါ့အပြင်အဲဒီအယ်ဒီတာ့ အာဘော်မှာ ကိုးကားဖော်ပြခဲ့တဲ့ အချက်အလက်အချို့ဟာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး မဟုတ်မမှန်အခြေအမြစ်မရှိဖော်ပြထားတဲ့ လွဲမှားတဲ့ အချက်အလက်တွေ ဖြစ်နေတာကြောင့်လည်း များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဒါ့ကြောင့်မို့ အဲဒီလိုမှားယွင်းရေးသား ဖော်ပြခဲ့တဲ့အတွက် ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အဲဒီရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုဖြစ်စေခဲ့သူ အားလုံးကို အလဲဗင်းမီဒီယာဂရုရဲ့CEO နဲ့တာဝန်ရှိသူတွေအနေနဲ့ နောက်နောင်မှာ အခုလိုမျိုးမလုပ်ဆောင်ပါဆိုတဲ့ ၀န်ခံချက်နဲ့အတူအနူးအညွတ် ၀န်ချတောင်းပန်အပ်ပါကြောင်း အစရှိသဖြင့် ဖော်ပြပါရှိတယ်လို့သိရပါတယ်။

မဟုတ်မမှန်သတင်းကို အလဲဗင်းလူမှုကွန်ရက် စာမျက်နှာဖော်ပြခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူးဦးမိုးဟိန်းက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆)(ဃ)နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အလဲဗင်းစီးအီးအိုဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို တာမွေတရားရုံးမှာဒီဇင်ဘာ(၂၂)ရက် မနက်ပိုင်းက စတုတ္ထအကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဆေးအာမခံလျှောက်ထားမှုဟာ အထောက်အထားမခိုင်လုံတဲ့အတွက် ပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို ဒီဇင်ဘာ(၃၀)မှာရုံးထုတ်မှာဖြစ်ပြီး တရားလိုကိုစတင်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.