မော်လမြိုင်ဈေးတွေမှာ ရောင်းနေ တဲ့ ငရုတ်သီးမှုန့်တွေကို FDA ဝင်ရောက်စစ်ဆေး


မွန်ပြည်နယ် စားသောက်ကွပ်ကဲရေးအဖွဲ့တွေ၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး FDA အဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ စည်ပင်အဖွဲ့တွေ မော်လမြိုင်မြို့ဈေးက ငရုတ်သီးမှုန့်ဆိုင်တွေကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်ဆေးစဉ်
မွန်ပြည်နယ် စားသောက်ကွပ်ကဲရေးအဖွဲ့တွေ၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး FDA အဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ စည်ပင်အဖွဲ့တွေ မော်လမြိုင်မြို့ဈေးက ငရုတ်သီးမှုန့်ဆိုင်တွေကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်ဆေးစဉ်
Photo: Kyaw Lwin Oo/ RFA
မွန်ပြည်နယ် မော်လမြိုင်မြို့က ဈေးတွေနဲ့ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေမှာ ကျန်းမာရေးနဲ့မညီတဲ့ အသည်းကင်ဆာဖြစ်စေနိုင်တဲ့ မှိုပါဝင်မှု ရှိ မရှိကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ဗဟိုအစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီက နမူနာယူစစ်ဆေးထားပြီး တစ်နိုင်ငံလုံးမှာ ကျန်းမာရေးနဲ့ မညီညွှတ်ဘဲ စားသုံးဖို့ မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ ငရုတ်သီးမှုန့်တံဆိပ် ၆၁ ခုမှာ မွန်ပြည်နယ်က ထုတ်လုပ်တဲ့ တံဆိပ် ၇ ခု ပါဝင်ပါတယ်။

အဲဒီ ငရုပ်သီးမှုန်တံဆိပ် ၇ ခုကို အဓိကရောင်းချနေတဲ့ မော်လမြိုင် အမှတ် ၁ ဈေးနဲ့ အမှတ် ၂ ဈေးမှာ ဒီနေ့ မနက်ပိုင်းက ဝင်ရောက်စစ်ဆေးသိမ်းဆည်းတာတွေပြုလုပ်သလို ပညာပေးတာတွေလည်း ပြုလုပ်ခဲ့တာဖြစ် ပါတယ်။

အမှတ် ၁ ဈေးနဲ့ အမှတ် ၂ ဈေးအပြင် စက်မှုဇုန်နဲ့ လက်လီရောင်းချတဲ့ ဈေးဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေး ခဲ့ပြီး ရောင်းချနေသူ နှစ်ထောင်ဝန်းကျင်မှာ ၃ ဦးကသာ တရားဝင် မှတ်ပုံတင်ပြီး ရောင်းချနေတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တရားဝင် မှတ်ပုံတင်ရောင်းချသူတွေရဲ့ ငရုပ်သီးအမှုန့်တွေမှာ ဆိုးဆေးတွေနဲ့ မှိုတွေပါတာကြောင့် စားသုံးဖို့ မသင့်တဲ့အတွက် ဈေးကွက်ထဲက ပစ္စည်းတွေကို ပြန်သိမ်းတာ၊ ထုတ်လုပ်တာတွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ငရုတ်သီးမှုန့်တွေအပါအဝင် အဆိပ်အတောက်ဖြစ်စေတဲ့ မှိုတွေပါဝင်တဲ့ အလှော်မှုန့်နဲ့ အထောင်းမှုန့်တွေကို မော်လမြိုင်မြို့သာမက မွန်ပြည်နယ်က ၁ဝ မြို့နယ်လုံးကို ဒီဇင်ဘာ ၁၉ ရက်နေ့ မနေ့ကစပြီး ၂၃ ရက်နေ့အထိ စစ်ဆေးသိမ်းဆည်းတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.