Fidel Castro ရဲ့ နောက်ဆုံးခရီး

 
ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်ခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတ၀ှမ်း ၉ ရက်ကြာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခဲ့ပြီးနောက် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ Fidel Castro ရဲ့ ရုပ်ကြွင်းကို နိုင်ငံရဲ့ အရှေ့ပိုင်းမှာ မြေမြုပ် သဂြိုလ်လိုက်ပါတယ်။

ဆန်ဒီရေဂို ဒီ ကူးဘားမြို့က Ifigenia သင်္ချိုင်းမှာ ကျင်းပတဲ့ ဈာပန အခမ်းနားကို နောက်ဆုံး အချိန်ရောက်မှ သီးသန့် အခမ်းအနား အဖြစ် ပြုလုပ်ခဲ့ပြီး သူ့ဈာပန ကို သတင်းရယူဖို့ ရောက်ရှိနေကြတဲ့ ကမ္ဘာတလွှားက သတင်းထောက်တွေကို ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။

ချီးမွမ်းမှုတွေရော ၊ ဝေဖန်မှုတွေရော ရရှိခဲ့တဲ့ အသက် ၉၀ အရွယ် ကျူးဘားခေါင်းဆောင် Fidel Castro ဟာ နာတာရှည် မကျန်းမမာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်က ကျူးဘား တော်လှန်ရေးကို စတင်ခဲ့ရာ ဆန်တီရေဂို ဒီ ကူးဘားမြို့ကို Castro ရဲ့ အရိုးပြာ စနေနေ့ နေ့လည်ပိုင်းမှာ ရောက်ရှိခဲ့တာပါ။ သူ့ရဲ့ အရိုးပြာကိုတော့ ၁၉၅၉ ခုနှစ် ကျူးဘားမြို့တော် ဟာဗားနားကို တက်သိမ်းဖို့ အတွက် ရဲဘော်ရဲဘက် သူပုန် တော်လှန်ရေး သမားတွေနဲ့ Sierra Maestra တောင်တန်းတွေကနေ ချီတက်လာရာ လမ်းကြောင်းရဲ့ ပြောင်းပြန် အတိုင်း ပြန်ပြီး သယ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။.                             ဗွီအိုအေ (မြန်မာပိုင်း) VOA Burmese 
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.