"ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်ဂိုးနဲ့ ရီးယဲယ်မက်ဒရစ်အသင်း FIFA Club World Cup ချန်ပီယံဖြစ်"

"ကာရှီးမား အန်တလားစ် ၂-၄ ရီးယဲယ်မက်ဒရစ်"

ဂျပန်နိုင်ငံ ယိုကိုဟိုးမားမြို့မှာကျင်းပခဲ့တဲ့ ဖီဖာ ကလပ်အသင်းတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပ ချန်ပီယံ ရီးယဲယ်မက်ဒရစ်က အိမ်ရှင်ကလပ် ကာရှီးမား အန်တလားစ်ကို နိုင်လို့ ကမ္ဘာ့ ကလပ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ရီးယဲယ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မက္ကဆီကိုကလပ် ကလပ် အမေရိကားကို ၂ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။ ကာရှီးမား အန်တလားစ်က ကိုလံဘီယာကလပ် နာစီယိုနယ်ကို ၃ဂိုးပြတ်နဲ့နိုင်လို့ ဖိုင်နယ် တက်လာခဲ့တာပါ။ ဖိုင်နယ်မှာ ရီးယဲယ်က အဓိက ကစားသမားတွေ လူစုံပါဝင်ခဲ့ပြီး အိမ်ရှင်အသင်းနဲ့ အပြန်အလှန်သွင်းဂိုးတွေသွင်းပြီး နိုင်ခဲ့တာဖြစ် ပါတယ်။

ရီးယဲယ်က ဘန်ဇီမာက ၉မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် ကာရှီးမား က Shibasaki က ၄၄နဲ့ ၅၂မိနစ်တွေမှာ ၂ဂိုးဆက်သွင်းလို့ ရီးယဲယ်ရှုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် ချေပဂိုး ရဖို့ ဖိကစားနေတဲ့ ရီးယဲယ်အတွက် မိနစ် ၆၀မှာ ပင်နယ်တီရပြီး ရော်နယ်လ်ဒိုကန်သွင်းခဲ့ ပါတယ်။ ၂ဂိုးစီသရေကျပြီးနောက် မိနစ် ၉၀ပြီးတဲ့အထိ အနိုင်မယူနိုင်ကြလို့ အချိန်ပို ၁၅မိနစ်စီ ဆက်ကန်ခဲ့ရပါတယ်။ အချိန်ပို ၉၇နဲ့ ၁၀၄မိနစ်တွေမှာ ရော်နယ်လ်ဒိုကပဲ ၂ဂိုးဆက်သွင်းလို့ ရီးယဲယ်အသင်း ၄ဂိုး-၂ဂိုးနဲ့နိုင်ခဲ့ပါတယ်။ ဒါဟာ ရီးယဲယ်မက်ဒရစ် အတွက် FIFA Club World Cup ပြိုင်ပွဲကို ဒုတိယအကြိမ် ချန်ပီယံဖြစ်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး ၂၀၀၉၊ ၂၀၁၁နဲ့ ၂၀၁၅ခုနှစ်တွေမှာ ၃ကြိမ် ချန်ပီယဖြစ်ခဲ့တာပါ။

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.