အူရီဒူးကမြန်မာလူငယ်များဆုငွေသိန်း ၁၀၀၀အပြင် ကမ္ဘာကျော်အဆိုရှင်ဖြစ်လာမယ့် အခွင့်အရေး (Glaxy Star 2017) သီချင်းဆိုပြိုင်ပွဲကြီးကို ပံ့ပိုးကူညီ


ရန်ကုန်-ဒီဇင်ဘာ ၁၁ ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအစီအစဉ်တစ်ခုဖြစ်ပြီး ဆုကြေးငွေ အများဆုံးလဲဖြစ်တဲ့ Galaxy Star 2017 သီချင်းဆိုပြိုင်ပွဲကြီးဟာဆိုရင် မြန်မာလူငယ်တွေ ကမ္ဘာကျော်အဆိုရှင် ဖြစ်အောင်ပံ့ပိုးကူညီပေးမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

သည်ပြိုင်ပွဲကြီးရဲ့နောက်ဆုံးအဆင့်မှာ အနိုင်ရရှိတဲ့ အဆိုရှင်က ကျပ်သိန်း ၁၀၀၀ ကို ဆုကြေးငွေအဖြစ် လက်ခံရရှိမယ့် အပြင်ကိုယ်ပိုင်တေးစီးရီး တစ်ကိုယ်တော် အယ်လ်ဘမ် ကို ကိုရီးယားနိုင်ငံမှာရိုက်ကူးထုတ်လုပ်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်တဲ့အတွက် ကမ္ဘာကျော် အနုပညာငွေကြယ်ပွင့်တစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

သည်ပြိုင်ပွဲကြီးကိုအူရီးဒူး (မြန်မာ)ဆက်သွယ်ရေး ကွန်ယက်ကအဓိကပံ့ပိုး ကူညီပေးတာဖြစ်ပြီးသည်ပြိုင်ပွဲကြီးကို ၂၀၁၆ ဒီဇင်ဘာ ၁၀ ရက်နေ့ မှာစတင်မှာဖြစ်ကာ ၂၀၁၇ စက်တင်ဘာလပထမအပတ်မှာ ပြီးစီးမှာဖြစ်တယ် လို့သိရပါတယ်။

Galaxy Star 2017 အစီအစဉ်မှာ အရည်အသွေးပြည့်ဝတဲ့ အဆိုရှင်ကိုရှာဖွေဖို့အတွက် ပဏာမအသံစစ်ဆေးခြင်း(Local Challenge),Premier Challenge,Galaxy Camp,Korea Training Camp နဲ့ Dream league စတဲ့ အဆင့် ၅ ဆင့်ပါရှိပါတယ်။ နာမည်ကျော်အဆိုရှင်များဖြစ်ကြတဲ့ ဂရေဟန်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်း၊ ဂျေမီတို့ က အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

ပဏာမအသံစစ်ဆေးခြင်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့ ၁၅ မြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား၊ ဟားခါး၊ မုံရွာ၊ တောင်ကြီး၊ မကွေး၊ လွိုင်ကော်၊ ပြည်၊ ဖားအံ၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ ထားဝယ်မြို့ တွေမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်တဲ့ အဆိုဝါသနာရှင်တွေအနေနဲ့ ပဏာမ အသံစစ်ဆေးတဲ့ အဆင့်မှာ အကဲဖြတ်ဒိုင်လူကြီးတွေရှေ့မှာ သီချင်းတစ်ပုဒ်ကိုသီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင် သူ အယောက် ၁၅၀ ကို နောက်တစ်ဆင့်ဆီတက် လှမ်းဖို့ ရွေးချယ်မှာဖြစ်ပါတယ်။ Premier challenge အဆင့်မှာအကဲဖြတ်ဒိုင်လူကြီးတွေအနေနဲ့ တတိယအဆင့်(Galaxy Camp) ကိုတက်လှမ်းဖို့အတွက် ယှဉ်ပြိုင်သူ ၇၀ ဦးကို စိစစ်ရွေးချယ်မှာဖြစ်ပါတယ်။

Galaxy camp အဆင့်မှာ ပါဝင်ယှဉ်ပြိုင်သူတွေကို အရည်အသွး တိုးတက်ကောင်းမွန် စေဖို့အတွက် လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးမှာဖြစ်ပြီး “Korea training Camp” အဆင့်ကိုတက်လှမ်းဖို့အတွက် အဖွဲ့ ၁၂ ဖွဲ့ကိုရွေးချယ်ပေးမှာဖြစ်ပါတယ်။

အဲ့သည်အဆင့်မှာရွေးချယ်ခံထားရသူတွေကို အရည်သွေးပိုပြီးပြည့်ဝလာစေဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ(၃)ပတ်ကြာလေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် “Dream League” အဆင့်ကို တက်လှမ်းဖို့အတွက် အဖွဲ့ ၁၀ ဖွဲ့ ကိုအကဲဖြတ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ “Dream league”ရဲ့ နောက်ဆုံးအဆင့်မှာ အနိုင်ရရှိတဲ့အဆိုရှင်က ကျပ်သိန်း ၁၀၀၀ ကိုဆုကြေးငွေအဖြစ် လက်ခံရရှိမယ့်အပြင် ကိုယ်ပိုင်တေးစီးရီး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူးထုတ်လုပ် နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်တဲ့အတွက် ကမ္ဘာကျော် အနုပညာငွေကြယ်ပွင့်တစ် ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

သီချင်းဆိုပါဝင်ယှဉ်ပြိုင်မှုအစီအစဉ်တွေကို MRTV-4 ကနေပြီး ၂၀၁၇ ဧပြီလ ပထမအပတ်ကစတင်ကာ ဆက်သွယ်ရေးအောပရေတာအဖြစ် အူရီဒူးမြန်မာက Galaxy Star Myanmar 2017 သီချင်းဆိုပြိုင်ပွဲ အတွက်ဆောင်ရွက်ပေးခွင့်ရရှိတာကြောင့်အူရီဒူး မြန်မာရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်အားပေးတဲ့ အဆိုရှင်ကိုစာတိုပို့နိုင်ပါတယ်။

Author – မေဘယ်လ်
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.