IS ဆုတ်ခွါသွားတဲ့နေရာ ပထမဆုံး ခရစ္စမတ်


အီရတ်နိုင်ငံ မြောက်ပိုင်းက Bartella မြို့ကလေးမှာ ၂၀၁၃ ခုနှစ်ကစပြီး ပထမဆုံး အကြိမ်အဖြစ် အီရတ်နိုင်ငံသား ခရစ်ယန်ဘာသာဝင်တွေ လာရောက်စုဝေးပြီး ခရစ်စမတ်ပွဲတော်ကျင်းပကြပါတယ်။

အီရတ်တပ်တွေက Mosul မြို့နားက ဒီမြို့ကလေးကို အိုင်အက်စ် စစ်သွေးကြွတွေ လက်ကနေ မကြာသေးခင်ကမှ ပြန်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီး အခု ခရစ်စမတ်ေ ခါင်းလောင်းသံ ကို ၃ နှစ်အတွင်း ပထမဆုံး အကြိမ်ပြန်ကြားလာရတာ ဖြစ်ပါတယ်။

ဒီမြို့ကလေးဟာ Assyrian ခရစ်ယံဘာသာဝင် ထောင်ပေါင်းများစွာ နေထိုင်တဲ့ မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် အိုင်အက်စ်တွေ အီရတ်တလွှား နေရာအတောများများကို သိမ်းခဲ့ချိန်မှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတာပါ။

ခရစ်ယန်တွေကို အိုင်အက်စ် စစ်သွေးကြွတွေက ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပြီး အစ္စလန်ဘာသာထဲ မပြောင်းသူကို ကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်တွေဟာ ခရစ်ယန်ဘာသာရေး အထွတ်အမြတ်နေရာ အတော်များများကို ဖျက်ဆီးခဲ့ရာမှာ Bartella မြို့ကလေးဟာလည်း အတော်ပျက်စီး သွားခဲ့တာပါ။

အခု ခရစ်စမတ်ချိန်မှာတော့ ရှေးဟောင်း ခရစ်ယန်မြို့ကလေးက မြို့ခံတွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ရောက်ပြီး ခရစ်စမတ်ပွဲ ပြန်ကျင်းပနိုင်ပြီမို့ စိတ်သက်သာရာ ရနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.