ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA လိုင်ဖောင်)lစခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ်များအား တပ်မတော်စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ



၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် တွင် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း KIAလက်နက်ကိုင်တပ်ဖွဲ့များ အခိုင်အမာတပ်စွဲထားသည့် ဂီဒုန်စခန်းအပါအ၀င် ကာကင်းစခန်းများအား မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိရာ ပွိုင့် ၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်းများက သွေးတိုးစမ်းတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုအပေါ်မူတည်၍ လိုအပ်သည်များကြိုတင်ပြင်ဆင်ကာ အသေးစိတ်စီမံချက်ချပြီး ယနေ့ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်၍ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် ပထမဆုံးစခန်းကို သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် ဆက်လက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဓိကခံစစ်ကုန်းနှင့် စခန်းငယ် ၆ ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

ယနေ့သိမ်းပိုက်ရရှိသည့် ပွိုင့်-၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က KIA တို့လက်လွှတ်ခဲ့ရသည့် တပ်ရင်း ၂၅၂ ၏ ဂီဒုန်စခန်းနှင့်အပြိုင် နန့်တဘက်ချောင်း၏ တစ်ဘက်တစ်ချက်စီတွင် တပ်ခွဲအခြေပြုထားသည့် စခန်းကြီးတစ်ခုဖြစ်ပြီး KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင် ခန့်မှန်းမြေပုံညွှန်း(MJ- ၀၂၂ ၉၉၅)တစ်ဝိုက်ရှိ ၎င်းတို့စခန်းများနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှုရှိစေရေးနှင့် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက် ၁ ခုဖြစ်ကြောင်းနှင့် ၎င်းလမ်းကြောင်းမှတစ်ဆင့် တပ်မဟာ ၁ နယ်မြေ အင်ဂွန်လဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

KIA စခန်းများကို သိမ်းပိုက်ရရှိပြီးဖြစ်သော်လည်း အချိန်ကန့်သတ်ချက်အရ ပြန်လည်စုဖွဲ့နေရာယူခြင်း နှင့်အတူ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းနှင့် သိရှိရပါက ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

(ကကပြည်)

============

Popular News Journal

နေပြည်တော်၊ ဒီဇင်ဘာ ၂၇
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.