လက်မှတ်ဝယ်ယူရန် တန်းစီနေတဲ့ ပရိသတ်များအား MFF ဥက္ကဋ္ဌ တွေ့ဆုံနှုတ်ဆက်

(ဓာတ်ပုံ - MFF)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒီကနေ့မနက် (၇း၀၀)နာရီက သုဝဏ္ဏကွင်းမှာ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်လက်မှတ် ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေတဲ့ ပရိသတ်များကို တွေ့ဆုံနှုတ်ဆက်ပြီး ကျေးဇူးတင် စကားဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များဟာ ကြုံတောင့်ကြုံခဲ စိတ်လှုပ်ရှားစရာ ပွဲစဉ်များဖြစ်တဲ့အတွက် ပရိသတ် အားပေးမှုမှာ မျှော်မှန်းတာထက် အဆမတန် များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာ့လက်ရွေးစင်အသင်းကို အခုလို အားပေးလိုစိတ် အပြည့်ရှိကြတဲ့ ပရိသတ်တွေကို ကျနော့်အနေနဲ့ တကယ့်ကို အထူး ကျေးဇူးတင်ပါတယ်။ ကွင်းဝင်ဆံ့တာက သုံးသောင်း၊ ကွင်းထဲအရောက် အားပေးနေချင်တဲ့ ပရိသတ်က သုံးသိန်းလောက်ရှိတဲ့ အခြေအနေမျိုးဖြစ်နေတာပါ။ ကျွန်တော်တို့ အနေနဲ့ ပရိသတ်တိုင်းကို လက်မှတ် ရစေချင်ပေမယ့်လဲ တကယ်တမ်းတော့ ဝင်ဆံ့မှု ရှိသလောက်ပဲ ရောင်းချပေးနိုင်မှာပါ။ MFF အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။"လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပရိသတ်များနှင့် တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနှင့် ထိုင်း ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်း စင်တာတို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ လက်မှတ်များအား ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် မြန်မာ့ရုပ်မြင်သံကြား MRTV မှလဲ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌဟာ ပရိသတ်များနှင့် တွေ့ဆုံပြီးနောက် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်မှုများ ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကိုလည်း သွားရောက်အားပေးခဲ့ပါတယ်။

Ref; Myanmar Football Federation
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.