အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့ ဒေသခံ ၄၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်နေ



(အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်) Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာက ဒေသခံ ၄၀၀ ၀န်းကျင်ဟာ အီနိုင်းကျေးရွာနဲ့ လားရှိုးမြို့ပေါ်တွေကို မနေ့ညက ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

နားဆိုင်းနဲ့ ပန်ချဉ်ကျေးရွာတွေဘက်မှာ TNLA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်စစ်ကြောင်းတို့ သွားလာလှုပ်ရှားနေကြတဲ့အတွက် ထွက်ပြေးလာကြတာဖြစ်ကြောင်း သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပန်ချဉ်ကျေးရွာက ၁၀၀ ကျော်၊ နားဆိုင်ကျေးရွာက ၂၀၀ ကျော်နဲ့ မန်းပွဲကျေးရွာဘက်က ၁၀၀ ကျော်လောက်ရှိနေတယ်လို့ အီနိုင်းကျေးရွာမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ RFA သတင်းထောက်က ပြောပါတယ်။

မနေ့ညကလည်း အီနိုင်းကျေးရွာမှာ တပ်မတော်စစ်ကြောင်းနဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အရပ်သားတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားပေမယ့် ဘယ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင်း ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး။ အဲဒီအရပ်သားတစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖတွေကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံနေတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.