TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေ



( တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် )Photo: Kan Thar/RFA
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ညောင်မောင်းကျေးရွာက ဒေသခံ သုံးယောက် သေဆုံးပြီး သံဃာ ၃ပါး နဲ့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ် က ပြောပါတယ်။

"လူသုံးယောက်သေတယ်။ အဲဒါက ကျွန်တော်ကြားတာက မိသားစုတစ်ခုထဲက သေတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီသုံးယောက်ကလေ။ လက်နက်ကြီး ကျတဲ့ပုံစံပေါ့။ အိမ်လည်း တော်တော်ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့လူက ၆ ယောက်ပေါ့။ အခုလောလောဆယ် ရောက်နေတာ။ နောက်တောင်ပေါ်မှာက ဒဏ်ရာအနည်းအကျဉ်းရပြီး သယ်မလာတာ ကိုရင်နှစ်ပါး ရှိသေးတယ်လို့ ပြောတယ်။"

သေဆုံးသွားသူ ၃ ယောက်စလုံးဟာ အမျိုးသားတွေဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ သံဃာ ၃ ပါးဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲက သံဃာ ၁ ပါးနဲ့ ဒေသခံ ၅ ယောက်ဟာ အခုအချိန်မှာ ကျောက်မဲမြို့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအနီးတဝိုက်မှာတော့ နှစ်ဘက်တပ်တွေ အင်အားထပ်ဖြည့်နေကြပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ချေရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ် က ပြောပါတယ်။

ညောင်မောင်းရွာက ဒေသခံတွေဟာ တိုက်ပွဲထပ်မံဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြပြီး ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မှာလည်း လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.