အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့ ဒေသခံ ၄၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်နေ


အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်းလာတဲ့ ဒုက္ခသည်တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ် အစိုးရနဲ့ TNLA တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်းလာတဲ့ ဒုက္ခသည်တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာကတ၀ိုက်မှာအစိုးရတပ်မတော် နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွား လာနေတဲ့အတွက် ဒေသခံ ၄၀၀ ၀န်းကျင်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာနဲ့ လားရှိုးမြို့ပေါ်တွေကို ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

နားဆိုင်းနဲ့ ပန်ချဉ်ကျေးရွာတွေဘက်မှာ TNLA တပ်ဖွဲ့တွေ နဲ့ အစိုးရတပ်မတော်စစ်ကြောင်းတို့ သွားလာလှုပ်ရှားနေ ကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး ထွက်ပြေးလာကြတာဖြစ်ကြောင်း သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပန်ချဉ်ကျေးရွာက ၁၀၀ ကျော်၊ နားဆိုင်ကျေးရွာက ၂၀၀ ကျော်နဲ့ မန်းပွဲကျေးရွာဘက်က ၁၀၀ ကျော်လောက် ရှိနေတယ်လို့ အီနိုင်းကျေးရွာမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ RFA သတင်းထောက် က ပြောပါတယ်။

မနေ့ညကလည်း အီနိုင်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားပေ မယ့် ဘယ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင်း ဖြစ်တယ် ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ အဲဒီအရပ်သား တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိ ရပ်ဖတွေကို လားရှိုးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံနေတယ်လို့လည်း သိရပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.