Trump နဲ့ ထိုင်ဝမ် ဖုန်းဆက်သွယ်မှု တရုတ်က ဆက်ဆံရေး မထိခိုက်စေလို



အမေရိကန်ရွေးကောက်ခံသမ္မတ Trump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump နဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen တို့ တယ်လီဖုန်း ဆက်စကားပြောဆို ခဲ့ပြီးတဲ့နောက် တရုတ်နဲ့အမေရိကန် ပြည်ထောင်စုရဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်တာ ဒါမှမဟုတ် ပျက်စီး သွားစေ တာမျိုးမဖြစ်ဖို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဒီကနေ့ ပြောပါတယ်။ ခုလို တယ်လီဖုန်းနဲ့ စကားပြော ဆိုခဲ့ကြတာက ထိုင်ဝမ်ရဲ့  လှည့်ကွက်ကလေး တခုသာဖြစ်တယ်လို့လည်း ၀မ်ယီကပြောပါတယ်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ တစိတ်တပိုင်းဖြစ် တယ်လို့ ပြောဆိုထားသလို ထိုင်ဝမ်ကို တရုတ်ပြည်မကြီး ထိန်းချုပ်မှုအောက်ရောက် ဖို့ စစ်ရေးအင်အား သုံးတာကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း တရုတ်က ပြောဆိုထားတာပါ။

ထိုင်ဝမ်သမ္မတကို သောကြာနေ့က တယ်လီဖုန်း ဆက်ခဲ့တဲ့အတွက် Trum ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတာပါ။ ဒါပေမယ့်လည်း သမ္မတ ရွေးကောက်ပွဲေ အာင်မြင်တာကို ထိုင်ဝမ်သမ္မတက တယ်လီဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောတာ ဖြစ်တယ်လို့ Trump ကသူ့ရဲ့  တွစ်တာ စာမျက်နှာကနေ တုန့်ပြန်ပါတယ်။

နောက်ပိုင်းမှာ အမေရိကန်ကနေ ထိုင်ဝမ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ စစ်လက်နက် ကိရိယာတွေ ဘယ်လိုရောင်းချပေးနေတယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပေမယ့် ထိုင်ဝမ်ရဲ့  ဂုဏ်ပြုစကားကို လက်ခံလိုက်ဖို့ မသင့်ဘူးဆိုပြီး ပြောပြန်ပါတယ်။ Trump ရဲ့  ထိုင်ဝမ်သမ္မတတို့ တယ်လီဖုန်း ဆက်စကားပြောဆိုတာဟာ အမေရိကန်တို့ ဆယ်စုနှစ်နဲ့ချီ ကျင့်သုံးလာတဲ့မူဝါဒကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြသလို ဒီလုပ်ရပ်ကြောင့် Trump တာဝန်မစခင်မှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေး တင်းမာ လာစေနိုင်တဲ့ အနေအထားရှိတယ်လို့ ရှုမြင်ကြတာပါ။အမေရိကန်နဲ့ ထိုင်ဝမ်ကြား ၁၉၇၉ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး ဖြတ်တောက်ထား တာပါ။ ဒါကြောင့်ခုလိုတယ်လီဖုန်းဆက်ကြတာဟာ အမေရိကန်သမ္မတ ဒါမှမဟုတ် ရွေးကောက်ခံသမ္မတနဲ့ ထိုင်ဝမ်ခေါင်းဆောင် တဦးတို့ ပထမဆုံး ပြန်ပြီး ဆက်သွယ်တဲ့ လုပ်ရပ်ဖြစ်ပုံရပါတယ်။ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ ထိုင်ဝမ်ရဲ့  ပါဝင် ပတ်သက်မှုကို အမေရိကန်နိုင်ငံက ဆက်ပြီး ထောက်ခံသွားဖို့မျှော် လင့်တဲ့ အကြောင်း ထိုင်ဝမ် သမ္မတ Tsai က တယ်လီဖုန်း ဆက်ချိန်အတွင်းပြောဆို ခဲ့တယ်လို့ ထိုင်ဝမ်သမ္မတရုံးက သောကြာနေ့ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.