WY ဆေးပြား ၁၄ သန်းကျော် ပန်းတောင်းမှာ ဖမ်းဆီးရမိ

 WY ဆေးပြား ၁၄ သန်းကျော်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိစဉ် WY ဆေးပြား ၁၄ သန်းကျော်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိစဉ်
Photo: မြဝတီ/ Facebook

WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၄သန်းကျော်ကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကာလတန်ဖိုး ကျပ်သန်းပေါင်း ၇ သောင်းကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေကို စက်သုံးဆီပေပါ ၁၅ လုံးထဲမှာ ထည့်ပြီး သယ်ဆောင်လာတဲ့ ကားကို ဥသျှစ်ပင်မြို့ကနေ ရခိုင်ပြည်နယ် တောင်ကုတ်ဖက်ကို သွားရာလမ်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ပိုင် မြ၀တီဖေ့စ်ဘွတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ဥသျှစ်ပင်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ စစ်ဆေးနေဆဲဖြစ်တဲ့ အတွက် အသေးစိတ် မဖြေကြားနိုင်သေးဘူးလို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးပြားတွေသယ်ဆောင်လာတဲ့ ယာဉ်ပေါ်ပါလာသူ ၃ ဦးကို ဥသျှစ်ပင်ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.