01/08/16

 karenni-conference-620.jpg ကရင်နီပြည်နယ်ညီလာခံကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကယားပြည်နယ်ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရွှေ့ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်နေဆဲဖြစ်တာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ကိုထင်အောင်ကျော်က ပြောပါတယ်။

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တကယ်တမ်း လက်မှတ်ထိုးသွားတဲ့ အဖွဲ့တွေနဲ့တောင်မှ တိုက်ပွဲဆက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ စစ်ရေး၊ နိုင်ငံရေး အာမခံချက်တွေ ဆိုတာလည်း မေးခွန်းထုတ်စရာတွေဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုကာလမှာ သေသေချာချာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့အချိန်ဖြစ်တယ်၊ ကျနော်တို့ လူထုတွေအတွက် ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေး မခံစားရပဲဖြစ်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုဝိုင်းဝန်းတိုက်တွန်း တောင်းဆိုရခြင်းခြင်းပဲဖြစ်ပါတယ်"

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို လျစ်လျုရှုသလိုဖြစ်နိုင်ကြောင်းနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်မရေးထိုးတဲ့ အခြေခံသဘောတရား ကို ပြန်လည်စိစစ်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီသဘောထားထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး၊ ကချင်ကျောင်းသားလူငယ်များ အစည်းအရုံး၊ မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကချင်အမျိုးသမီးအစည်းအရုံးအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ဝ ကျော်က ပါဝင်လက်မှတ်ရေးထိုးထား တာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ နဲ့ လေ့လာသူတွေ စုစုပေါင်း ၇၅ဝ တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ ၅ ရက်ကြာ နေပြည်တော်မှာ ကျင်းပဖို့ အစိုးရက စီစဉ်ထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership) အဖွဲ့က ဒေါ်ခင်ဥမ္မာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၈ဖွဲ့ထဲက PNLO ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအပေါ် ဝေဖန်မူတွေရှိနေပေမယ့် ညီလာခံကိုတော့ မဖြစ်မနေကျင်းပရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/peace-conference-postpone-demand-01072016094011.html

တောင်ကိုရီးယား နယ်စပ်။ 
မြောက်ကိုရီးယားရဲ့ ဒီသီတင်းပတ်ထဲ နျူကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အသံချဲ့စက်တွေနဲ့ မြောက်ကိုရီးယားထဲကို ၀ါဒဖြန့်အသံလွှင့်နေတာတွေကို မနက်ဖြန် မှာ ပြန်လည် စတင်မှာ ဖြစ်တဲ့အကြောင်း တောင်ကိုရီးယားက ကြေညာ လိုက်ပါတယ်။ ၀ါဒဖြန့် အသံလွှင့်မှုတွေကို သောကြာနေ့ တောင်ကိုရီးယားစံတော်ချိန် မွန်းလွဲပိုင်းမှာ စတင်မှာ ဖြစ်တယ်လို့လည်း တောင်ကိုရီးယား သမ္မတ အိမ်တော်က ပြောပါတယ်။

၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့ပေမဲ့ ရန်ဘက်တွေ အဖြစ် ရှိနေကြတဲ့ ၂ နိုင်ငံကြား ၀ါဒဖြန့်အသံလွှင့်ချက်တွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ တင်းမာမှုတွေ လျော့ပါးစေမယ့် အစီအစဉ်တွေကို မြောက်ကိုရီးယားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် မှာတော့ တောင်ကိုရီးယားက အသံလွှင့်နေတာတွေကို ရပ်ဆိုင်းခဲ့တာပါ။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲလိုက်ကြောင်း မနေ့တုန်းက ကြေညာချက် ဟာ သြဂုတ်လထဲ သဘောတူညီချက်ကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တယ်လို့လည်း တောင်ကိုရီးယား သမ္မတရဲ့ အမျိုးသားလုံခြုံရေး အရာရှိ Cho Tae-yong က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ အပြီးမှာပဲ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ လုံခြုံရေးအတွက် အမေရိကန်က အခိုင်အမာ ကာကွယ်ပေး သွားမှာ ဖြစ်တဲ့အကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်စကားပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတ Barack Obama ကပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ Park Geun-hye ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သမ္မတ အိုဘားမား စကားပြောခဲ့တာ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ရမ်းကားတဲ့ နောက်ဆုံး လုပ်ရပ်ကို နိုင်ငံတကာက ညီညီညွတ်ညွတ်နဲ့ အခိုင်အမာ တုံ့ပြန်နိုင်အောင် အတူတကွ ၀ိုင်းဝန်းကြိုးပမ်းသွားဖို့ ခေါင်းဆောင် ၃ ဦး သဘောတူညီမှု ရခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုလုပ်ခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေကို တပ်လှန့်ထားလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လစ်ဗျားမှာ အသေအပျောက် အများဆုံး တိုက်ခိုက်မှု တွေထဲက တစ်ခုဖြစ်။
လစ်ဗျား နိုင်ငံ အနောက်ပိုင်း၊ ဇလစ်တန် မြို့က ရဲသင်တန်းကျောင်း တစ်ခုကို ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄၇ ဦး သေဆုံး ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

အယ်လ် ဂျာဖယ်လ် al-Jahfal သင်တန်းကျောင်းကို ဗုံးထောင်ထားတဲ့ ထရပ်ကားနဲ့ တိုက်ခိုက် ခဲ့တာလို့ လစ်ဗျား သတင်းဌာနတွေက ဖော်ပြ ပါတယ်။

အဲဒီ ရဲသင်တန်း ကျောင်းဟာ ပြုတ်ကျသွားတဲ့ လစ်ဗျား ခေါင်းဆောင် ကဒါဖီ လက်ထက်က စစ်အခြေစိုက် စခန်းအဖြစ် သုံးခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ကဒါဖီ ပြုတ်ကျပြီး နောက်ပိုင်း လစ်ဗျားမှာ တည်ငြိမ်မှု မရှိခဲ့သလို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS စစ်သွေးကြွ တွေလည်း လစ်ဗျားမှာ ခြေကုပ် ရနေပြီလို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

လစ်ဗျားမှာ စင်ပြိုင် အစိုးရ နှစ်ခု ရှိနေပြီး တစ်ခုကိုသာ နိုင်ငံတကာက အသိအမှတ် ပြုထားပါတယ်။

မြို့တော် ထရီပိုလီမှာ နိုင်ငံတကာ အသိအမှတ် မပြုတဲ့ အစိုးရ ထိန်းချုပ်ထားပြီး ဇလစ်တန် မြို့ဟာလည်း အဲဒီ အစိုးရရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။

ဒီဇင်ဘာ လတုန်းကတော့ ကုလက ကြားဝင် စေ့စပ်ပေးတဲ့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘော တူညီချက်ကို နှစ်ဘက် နိုင်ငံရေး သမားတွေ လက်မှတ် ထိုးခဲ့ပြီး အခုချိန်အထိ အကောင်အထည် မပေါ်သေး ပါဘူး။

BBC Burmese
http://www.bbc.com/burmese


ယီမင်နိုင်ငံမှာရှိတဲ့ အီရန်သံရုံး ကို ဆော်ဒီအာရေးဗီးယား ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ တမင်သက်သက် ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲပြီး၊ ဆော်ဒီနိုင်ငံက တင်သွင်းကုန်တွေ အားလုံးကို အီရန်နိုင်ငံက ပိတ်ပင်လိုက်တဲ့အတွက် ၂ နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေလည်း ပိုမိုကြီးထွားလာခဲ့ပါတယ်။

ယီမင်နိုင်ငံ Sanaa မြို့တော်က တိုက်ခိုက်မှုဟာ သံတမန်လုပ်ငန်းတွေကို အကာအကွယ်ပေးရ မယ့် နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hossein Jaber Ansari ကပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။ သံရုံး အဆောက်အဦး ပျက်စီးမှုနဲ့ ၀န်ထမ်းတွေ ထိခိုက်နစ်နာမှု အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံက တာဝန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ ကြေညာချက်ထဲမှာတော့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဘယ်သူတွေ ပါဝင်သလဲ၊ ဘယ်လောက်အထိ ထိခိုက်မှုတွေ ရှိခဲ့သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ယီမင်နိုင်ငံမှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ Houthi Shi'ite သူပုန်တွေကို တိုက်ခိုက်နေတဲ့ တပ်တွေကို စစ်ကူပေးတဲ့ အနေနဲ့ ဆော်ဒီက လေကြောင်း ထိုးစစ်တွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ အီရန်ရဲ့ စွပ်စွဲချက်အပေါ်မှာတော့ ဆော်ဒီက တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ် အစွန်းရောက်တွေ တိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်တဲ့ ဒီနေ့မှာပဲ ပါရီမြို့က ရဲစခန်းကို တိုက်ခိုက်ဖို့ ကြိုးစား။ (ဇန်နဝါရီ ၇၊ ၂၀၁၆)
ပြင်သစ်နိုင်ငံက သရော်စာတွေ ရေးသားတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ် အစွန်းရောက်တွေ တိုက်ခိုက်ခဲ့တာ တနှစ်ပြည့်တဲ့ ဒီနေ့မှာပဲ ပါရီမြို့က ရဲစခန်းကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူတယောက်ကို ရဲက အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ ရဲစခန်းကို ချဉ်းကပ်လာသူဟာ ဓားတချောင်းနဲ့ ကိုယ်ပေါ်မှာလည်း ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်လာပုံ ရတဲ့ အကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုခဲ့တာပါ။

ရဲတွေက အသေပစ်ခတ် ဖမ်းဆီးမခံရမီ အစ္စလာမ်ဘာသာဝင်တွေ ဘုရားသခင်ကို ဆုတောင်းသလို အော်ဟစ်ကြွေးကြော်ခဲ့ပုံ ရတယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Pierre-Henri Brandet က ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့တာ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရချိန်မှာ ပြင်သစ်လူထုကို ကာကွယ်ရင်း သေဆုံးခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးအတွက် ကျင်းပတဲ့ အောက်မေ့ဖွယ် အခန်းအနားပွဲကို တက်ရောက်ခဲ့တဲ့ ပြင်သစ်သမ္မတ Francois Hollande ကတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေအတွက် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်အသစ်တွေ ဒီကနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ရဲအရာရှိတွေ အနေနဲ့ အခုကစလို့ တာဝန်ချိန် ပြင်ပမှာလည်း လက်နက် ကိုင်ဆောင်ခွင့်ရမှာ ဖြစ်တဲ့အကြောင်း ပြင်သစ်သမ္မတက ပြောဆိုခဲ့သလို၊ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကိုလည်း ၅ ထောင် တိုးမြှင့်ဖို့ ကတိပေးခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အောက်မေ့ဖွယ် အခန်းအနား အတွင်းမှာတော့ အကြမ်းဖက်သမားတွေကို လိုက်လံချေမှုန်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သမ္မတ Hollande က ချီးကျုးစကား ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်နေတဲ့ ကားများ။ 
 ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကို နေပြည်တော်ကို ခေါ်ယူစစ်ဆေးနေချိန်မှာ ဖားကန့်ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ၀င်ရောက်လာတာ ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို တူုးဖော်ရေးယာဉ်နဲ့ ယန္တရားတွေ တင်သွင်းတာရပ်ဆိုင်းပေမဲ့ ကျောက်တူးဖော်နေတာတွေကတော့ အရင်လိုပဲ ရှိနေဆဲလို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ်ပွင့်လင်းရာသီ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ စတင်ချိန်မှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တရုတ်နိုင်ငံဖက်ကနေ မြေသယ်ကားတွေ၊ တူးဖော်ရေး ယန္တရားတွေ အလုံးအရင်းနဲ့ တင်သွင်းလာခဲ့တာပါ။ ဒီလို တင်သွင်း လာတာ၊ ကျောက်စိမ်း အလွန်အကျွံ တူးဖော်တာနဲ့ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျ တာကြောင့် လူတွေ ရာနဲ့ချီသေဆုံးတာကြောင့် ဝေဖန်သံတွေ ထွက်ပေါ်လာ တဲ့နောက်မှာ ကချင်ပြည်နယ်ဝ န်ကြီးချုပ်နဲ့ ပြည်နယ် ၀န်ကြီးတချို့ကို ခေါ်ယူ စစ်ဆေးနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကို စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးနေချိန်မှာတော့ ဖားကန့်ဒေသ မှာ ကျောက်စိမ်း တူးဖော်ရေးဆိုင်ရာ ယာဉ်တွေ၊ ယန္တရားတွေ တင်သွင်းတာဟာ သိသိသာသာလျော့ကျ သွားတယ်လို့ ဖားကန့်ဒေသက အလွတ် သတင်းထောက်တဦးဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။

"ကားဝင်တာကတော့ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ မတွေ့တော့ဘူး လောလောဆယ်။ "

တရုတ်နယ်စပ်ကနေတဆင့် မြစ်ကြီးနားဖက်ကနေ ယာဉ်၊ ယန္တရားတွေ တင်သွင်းတာ ရပ်ဆိုင်းနေပေမဲ့ တူးဖော်တာတွေကတော့ အရင်အတိုင်း ရှိနေဆဲလို့ ပြောပါတယ်။

" လက်ရှိကတော့ ပုံမှန် ကုမ္ပဏီတွေ သွားနေတယ် လာနေတယ်။ တူးနေတယ် ဖော်နေတယ်ပေါ့ဗျာ။ ကျနော်တို့ အရင်တွေ့မြင်နေကျ ပုံစံ အတိုင်းပဲ တွေ့နေရတာပါ။ နောက်ပြီး ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး ဦးဝင်းထွန်းလာတဲ့ အချိန်မှာတော့ ဒီကုမ္ပဏီတွေ ခဏ ရပ်နား ထားခိုင်းတာရယ် နောက် ဒီ တရားမဝင် လုပ်ငန်းတွေပေါ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာမျိုး ပြည့်တန်ဆာခန်း အနှိပ်ခန်းတို့ လိုဟာမျိုးတွေ လောင်းကစားလိုဟာမျိုးတွေ ရပ်ခိုင်းထားတာပဲ ရှိပါတယ်။ ကျန်တာကတော့ ပုံမှန်အတိုင်း ဒီအတိုင်းပါပဲ။ ပြန်သွားပြီးတဲ့နောက်ပိုင်း ဒီအတိုင်း ပုံမှန်ပဲ တူးကြတာပါပဲ။ "

ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကလည်း ယာဉ်၊ ယန္တရားတွေ တင်သွင်းတာတွေ မတွေ့ရတော့ကြောင်း ပြောဆိုပြီး တူးဖော် ထုတ်လုပ်တာတွေကတော့ ၂၄နာရီအချိန်ပြည့် ဆောင်ရွက်နေတယ် လို့ အခုလို ပြောပါတယ်။

"အသည်းအသန် လုပ်နေတာတွေကတော့ နည်းနည်းမှ မလျှော့သေးဘူး။ ၂၄နာရီပတ်လုံး ကုမ္ပဏီတိုင်းလိုလို ၂၄ နာရီ အလုပ်လုပ်တယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ကားအစီး ရာနဲ့ချီ  သုံးတယ်။ အနည်းဆုံး တစ်ရာကျော်၊ နှစ်ရာ၊ သုံးရာ မြေသယ်ကားတွေ ဘက်ဖိုးတွေကလည်း နည်းတာမဟုတ်ဘူး။ အစီး သုံးလေး ငါးဆယ် အသည်းအသန် လုပ်နေတာ။ ၂၄ နာရီ လုပ်နေတာနော်။ ၂၄နာရီ လုပ်နေတဲ့နေရာမှာ ကားတွေက ဘယ်လောက်အထိအောင် များသလဲဆိုရင် ကားတစ်စီးနဲ့ တစ်စီးဟာ စက္ကန့်မလပ်ဘူး ထွက်နေတာ။ မြေစာသယ်ကားကြီးတွေ လည်း ကြည့်လိုက်မယ်ဆိုရင် အနည်းဆုံးက တန် ခြောက်ဆယ်ကျော် ကနေ တန်တစ်ရာကျော် အထိ ကားတွေချည်းပဲ။ နှစ်ပေါင်းငါးဆယ် သမားရိုးကျ လုပ်ခဲ့တာဟာ အခုတစ်လတည်း လုပ်တာနဲ့ညီမျှအောင် အဲ့လောက်အထိအောင်ကို လုပ်နေတာ။ အဲ့လောက်ကြီး ကြောက်စရာကောင်းအောင်ကို လုပ်နေကြတာ။"

ဒီလို တူးဖော်ဆောင်ရွက်နေချိန်မှာ မတော်တဆ ထိခိုက်သေဆုံး တာတွေ ဟာ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတယ်လို့လည်း ဦးတင်စိုးက ဆက်ပြောပါတယ်။

"သေနေတာ နေ့တိုင်းလို သေနေတယ်ဗျာ။ ဒီနေ့ကိုပဲ မြေစာ ထပ်ပြိုတယ်။ ပြိုတာကလည်း လုံးခင်း အုပ်စု၊ လုံးခင်း အုပ်စုထဲမှာ ကျနော် သွားကြည့်တယ်။ ဘေးက လူ မျက်မြင်တွေရဲ့ ပြောကြားချက်အရ လူ ၁၀ယောက်နဲ့ ၁၅ယောက်ကြားတော့ ပါသွားတယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးတွေ ပြန်လည်တူးဖော်မှု ဘာမှ မလုပ်သေးဘူး ကျနော် နေ့လည် ၁၂နာရီမှာ ပြန်လာတယ်။ မြေစာပုံ ပြိုလို့ သေတယ်။ မြေစာပုံမှာ ခဲမှန်လို့ သေတယ်။ အခုပြောနေတဲ့ အချင်းအရာက ကျနော့် လုံးခင်း တခုတည်းအတွက်ပဲ ပြောနေတာ။ အခြား အခြားမှော်တွေမှာ ဖြစ်တာမဟုတ်ဘူး။ ကျနော့် လုံးခင်းမှာ ပဲ နေ့စဉ်ရက်ဆက်ဆိုသလို သေနေတယ်။ ဒီရက်ပိုင်းမှာကိုပဲ ဆယ်ယောက်လောက်ရှိနေပြီ သေနေတာ။ တပတ်အတောအတွင်းမှာကို။"

ဖားကန့်ဒေသအတွင်းမှာ မြေစာပုံပြိုကျပြီး လူရာနဲ့ချီ သေဆုံးရတာ၊ စက် ယန္တရားကြီးတွေ သုံးပြီး အလွန် အကျွံကျောက်စိမ်း တူးဖော်နေ တာတွေကြောင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီကို သ၀ဏ်လွှာပေးပို့ခဲ့ရသလို အစိုးရကလည်း ဖားကန့်ဒေသကို သွားရောက်စစ်ဆေးဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အ၀ရွာအုပ်စုတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရှိရသည်။

ဇန်န၀ါရီ ၅ ရက် ညနေ ၄း၀၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးဘက်မှ မိသားစုသည် မင်းပြားမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ အ၀ရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးက ဘိတ်လှတောင်ပေါ်တွင် ဟင်းသီးဟင်းရွက် ခူးနေစဉ် တစ်ရွာတည်းနေ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကျော်အေးက ရောက်လာပြီး သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး မိခင်နှင့် ဆွေမျိုးများအား အသိပေး ပြောကြားပါက ဓားဖြင့်
ထိုးသတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ရဲစခန်းတွင် အဆိုပါ အမျိုးသမီး၏ မိသားစုက အမှုဖွင့်လိုက်ခြင်းဟု မင်းပြားမြို့ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိန်ထွန်းဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးမောင်ကျော်အေးအား မင်းပြားမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားခံရသူမှာ ထွက်ပြေးနေသဖြင့် ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 မြန်မာနိုင်ငံတွင် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်းက ထိုးသတ်မည့် တွဲဆိုင်းကို အတည်ပြုခြင်း မရှိသေးသော်လည်း ပြိုင်ဘက်ကို အကောင်းဆုံး တုံ့ပြန်ကာ ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့် ပြိုင်ဘက်ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောင်လအန်ဆိုင်းသည် ကချင်ပြည်နယ် ၊ မြစ်ကြီးနားဇာတိဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှ စတင်ကာ MMA ပြိုင်ပွဲများတွင် ၀င်ရောက် ထိုးသတ်ခဲ့သူဖြစ်ပြီး မတ်လ ၁၈ ရက် တွင် ကျင်းပမည့် MMA ပြိုင်ပွဲအတွက် ငါးလခန့် နေရောညပါ လေ့ကျင့်ပြင်ဆင်ထားကြောင်း ၄င်းကဆိုသည်။

အမိမြေတွင် ထိုးသတ်ခွင့်ရခြင်းသည် ၎င်းအတွက် အိပ်မက်ကဲ့သို့ဖြစ်နေပြီး ပြိုင်ပွဲများနှင့် ဝေးကွာနေသည်မှာလည်း တစ်နှစ်ခွဲ ရှိပြီဖြစ်ကြောင်း၊ ငါးလခန့် ပြင်ဆင်ချိန်ရထားသည့် ယင်းပြိုင်ပွဲအတွက် တစ်နေ့လျှင် ငါးနာရီခန့် နေ့စဉ်လေ့ကျင့်ကြောင်း၊ တိုးတက်မှုများလည်း ရှိကြောင်း ၎င်းကဆိုသည်။

အသက် ၃၀ အရွယ်ရှိ အောင်လအန်ဆိုင်းမှာ MMA ပွဲစဉ် ၁၆ ပွဲထိုးသတ်ထားပြီး ကိုးပွဲနိုင်၊ ခုနစ်ပွဲရှုံးထားသည်။ မတ်လ ၁၈ ရက်တွင် ကျင်းပမည့် One Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ရိုးရာလက်ဝှေ့ ကစားသမား လေးဦးလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေ အနေနဲ့ MMA ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကမ္ဘာ ကျော်တဲ့ လက်ဝှေ့သမားတွေအဖြစ် အောင်မြင်စေချင်တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ကိုလည်း တိုးတက်အောင်လုပ်ရင်း တစ်ဖက်ကလည်း MMA ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် စေချင်တယ်။ ဒါမှ မြန်မာဆိုတာကို နိုင်ငံတကာက သိမှာ။ မြန်မာ့ရိုးရာ လက်ဝှေ့ကလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်” ဟု
အောင်လအန်ဆိုင်းက ပြောသည်။

အဆိုပါပြိုင်ပွဲကို စင်ကာပူအခြေစိုက် မီဒီယာလုပ်ငန်းစု One Championship (ONE) နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

“ ဒီနှစ်ကတော့ ကျွန်တော်တို့ Partner အသစ်ဖြစ်တဲ့ AGD ဘဏ်ရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ မြန်မာအားကစား လောကအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်လာမယ့် ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ပြီး ပြန်ရောက်လာတာပါ” ဟု ONE Championship (ONE) ၏ CEO Victor Cui က ပြောသည်။

AGD ဘဏ် ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထူးထက်တေဇက ONE Championship အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်ရသည့် အဓိက ရည်ရွယ်ချက် သုံးချက်မှာ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ တည်တံ့ရေး၊ ဆုံးဖြတ်ချက် တည်မြဲရေး နှင့် တိုးတက်ဖွံ့ဖြိုးရေး တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်။ 
မြန်မာပြည်ဝင်ခွင့်ဗီဇာ အမျိုးအစား တိုးလိုက်တာဟာ အာဆီယံဒေသတွင်းနိုင်ငံ အားလုံး အတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာအတွက် ပြင်ဆင်မှု တစ်ရပ်ဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက သုံးသပ်ကြပါတယ်။ ပြည်ဝင်ခွင့်ဗီဇာတွေကို ကဏ္ဍအလိုက် ခွဲခြားလိုက်တာဖြစ်လို့ အဲ့ဒီကဏ္ဍတွေနဲ့ အမှန်တကယ်သက်ဆိုင်တဲ့ခရီးသည်တွေ ပြည်တွင်းကို ဝင်ရောက်လာဖို့ စနစ်တကျ စီမံထားဖို့လည်း လိုအပ်တယ်လို့ ပြောဆိုကြပါတယ်။ VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ အတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၂မျိုး နဲ့ ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃မျိုး တိုးလိုက်တာဟာ အာဆီယံဒေသတွင်းနိုင်ငံ အားလုံးအတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာ Asean Single Entrance Visa အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ မစံပယ်အောင်က အခုလို ပြောဆိုလိုက်ပါတယ်။

“ကဏ္ဍလေးတွေ ခွဲလိုက်တဲ့သဘောလို့ ကျမက ယူဆတယ်။ ဒီကဏ္ဍ ခွဲရတဲ့ ရည်ရွယ်ချက်ကလည်း အာဆီယံမှာက နောက်ခါ AEC ဖြစ်လာမယ့်အခါကျတော့ Single Entrance Visa စနစ်ကို အကောင်အထည်ဖော်ဖို့ အတွက် ခြေလှမ်း လှမ်းလိုက်တယ်လို့ပဲ ယူဆပါတယ် အမ။ အာဆီယံ Standard ဖြစ်အောင်လို့ VISA နဲ့ပတ်သက်တဲ့ ဒီကြေညာချက်တွေပေါ့နော်၊ VISA နဲ့ပတ်သက်လို့ အမျိုးအစား ခွဲခြားတာတွေ VISA နဲ့ပတ်သက်တဲ့ စနစ်တခုပေါ့ သူတို့ပြောင်းနေတယ်လို့တော့ ကျမ ထင်တယ်ရှင့်။ ဒီ ASEAN Single Entry Visa စနစ်ကို ကူးပြောင်းဖို့များ လုပ်ဆောင်နေသလား လို့တော့ ကျမတော့ ယူဆမိတယ်ရှင့်။

အာဆီယံဒေသတွင်းနိုင်ငံ အားလုံးအတွက် အကျုံးဝင်တဲ့ ပြည်ဝင်ခွင့်ဗီဇာဟာ EU ဥရောပ သမဂ္ဂနိုင်ငံတွေမှာကျင့်သုံးသလို အာဆီယံဒေသတွင်း နိုင်ငံ တစ်နိုင်ငံဆီက ပြည်ဝင်ခွင့် ရရှိရင် ကျန် ကိုး နိုင်ငံတွင်းမှာပါ သွားလာခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီပြည်ဝင်ခွင့်ဗီဇာ ကျင့်သုံးရင်တော့ ခရီးသွားလုပ်ငန်း တိုးတက်လာမှာဖြစ်တယ်လို့ ဒီဝန်ဆောင်မှု လုပ်ကိုင်သူတွေက သုံးသပ်ကြပါတယ်။

အခုလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ကြေညာလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားသစ်တွေထဲမှာ ကမ္ဘာလှည့်ခရီးသွားဗီဇာအပြင် လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေးဗီဇာ၊ ပညာရေးဗီဇာ၊ သာသနာရေးဗီဇာ၊ စာနယ်ဇင်းနဲ့ သတင်းမီဒီယာ ဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာနဲ့ အလုပ်ရုံဆွေးနွေးပွဲနဲ့ သုတေသန ဗီဇာတွေ ဆိုပြီး ခွဲခြား ထည့်သွင်းထားတာပါ။

ကမ္ဘာလှည့် ခရီးသွား ဗီဇာကြေးနဲ့ တိုးချဲ့ လိုက်တဲ့ပြည်ဝင်ခွင့်ဗီဇာကြေးတွေ ကွာခြားမှုလည်း ရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာပြည်ဝင်ခွင့်လျှောက် ထားသူတွေဟာ အမှန်တကယ် သက်ဆိုင်တဲ့ ခရီးသည်တွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ဝါရင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဦးအေးကျော်က အခုလို သုံးသပ်ပါတယ်။

“သူတို့ VISA ကို အဲဒီလိုမျိုး ခွဲလိုက်တာကြိုက်တယ်။ သို့သော် ဈေးနှုန်းတွေ သက်မှတ် တဲ့နေရာမှာ Tourist visa က ဈေးပေါလို့ Tourist visa အနေနဲ့ ပဲလျှောက်လာရင် အားလုံးက Tourist မဟုတ်ဘူးဆိုရင် မလိုလားအပ်ပဲနဲ့ အန်ကယ်တို့ ဒါတွေ projectတွေလုပ်ဖို့၊Planတွေလုပ်ဖို့ ခတ်သွားမယ် မဟုတ်ဘူးလား၊ အဲ့လို VISA ကို မျိုးစုံခွဲလိုက်တာကောင်းတယ်။ ခွဲတဲ့အတိုင်းပဲ ၀င်အောင်၊ ခွဲတဲ့အတိုင်းပဲ လျှောက်အောင်တော့ ကြိုးစားရလိမ့်မယ်။ အဲ့ဒီတခုကတော့ VISA ကနေပြီးတော့မှ သံရုံးနဲ့ Immigration နဲ့ ညှိနှိုင်းရမှာနော်။ ဆိုတော့ ၀င်သမျှကို Tourist visa နဲ့ဝင်ပြီးတော့ Tourist မဟုတ်တာလည်း Tourist လိုပြောနေရင်တော့ အန်ကယ်တို့အတွက် မကောင်းဘူး။”

အခု အသစ် တိုးလိုက်တဲ့ ပြည်ဝင်ခွင့်ဗီဇာအမျိုးအစားတွေကြောင့် ခရီးသွား လုပ်ငန်းမှာ အပြောင်းအလဲ သိပ်မရှိပေမယ့် အီလက်ထရွန်းနစ် ပြည်ဝင်ခွင့် e-Visa လျှောက်ထားမှုကို တိုးမြှင့်လိုက်ရင်တော့ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ မစံပယ်အောင်က အခုလို ပြောပါတယ်။

“ကမ္ဘာလှည့်ခရီးသွားတွေ အနေနဲ့ ဒီ VISA အနေအထားတွေ၊ ပြည်ဝင် visaတွေပြောင်းလဲတာနဲ့တော့ ကျမတို့ခရီးသွား ကဏ္ဍကိုတော့ သိသိသာသာကြီး ထင်ရှားသွားတယ် ပြောင်းလဲသွားတယ် ဆိုတဲ့အနေအထားရယ် မရှိပါဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲလေ။ ကျမတို့ခရီးသွား မှာက ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတခုကကျတော့ e VISA စနစ်ကို ဒီထက်ပိုပြီး နိုင်ငံတွေ တိုးချဲ့လက်ခံပေးဖို့ပေါ့နော်။ အဲဒါမျိုးပါ။ တချို့ e VISA စနစ်မှာ တချို့နိုင်ငံလေးတွေကို လက်မခံသေးတာရှိသေးတယ်ရှင့်။ အဲဒီ လက်မခံသေးတဲ့ နိုင်ငံတချို့ကိုတော့ လက်ခံပေးဖို့ပေါ့နော်။”

 လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် လက်ရှိ အသုံးပြုနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားတွေအစား အမျိုးအစားအသစ်တွေ သတ်မှတ်ပြီး ခေတ်နဲ့အညီ ပြောင်းလဲကျင့်သုံးတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ( သတင်းဓာတ်ပုံ- သူရဦးရွှေမန်း FB)
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ မစ္စတာတိုနီဘလဲကို ဒီကနေ့မနက် ၁၀ နာရီခွဲက ပြည်သူ့လွှတ်တော်အဆောက်အဦး ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံတယ်လို့ သူရဦးရွှေမန်းရဲ့ တရားဝင် ဖေ့စ်ဘုတ် မှာဖော်ပြ ထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်စုတွေ့ဆုံ။
အဲဒီနောက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ မစ္စတာ တိုနီ ဘလဲဟာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် လွှတ်တော်ဝင်း ကော်မတီဆောင် I-12 မှာ သွားရောက်တွေ့ဆုံ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တရားဝင် ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

မစ္စတာတိုနီဘလဲရဲ့ အခုတကြိမ် မြန်မာနိုင်ငံခရီးစဉ်ဟာ ဘယ်လိုရည်ရွယ်ချက် အကြောင်းကိစ္စနဲ့လာတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလားဆိုတာကိုလည်း မသိရသေးပါဘူး။

ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲဟာ ၂၀၀၈ ခုနှစ်မှာ တိုနီဘလဲ Faith ဖောင်ဒေးရှင်း ဆိုတာကို တည်ထောင်ထားပါတယ်။ အဲဒီ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့အခြေအနေ အကျဉ်းချုပ်နဲ့ အစီရင်ခံစာတွေထဲမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ကလေးခိုးယူမှုများ ဖြစ်ပေါ်နေသည်ဟု အွန်လိုင်းစာမျက်နှာများပေါ်တွင် သတင်း ထွက်ပေါ်နေခြင်းနှင့် ပြင်ပတွင် ပျံ့နှံ့နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ကလေး ခိုးယူမှု မရှိသော်လည်း ပြည်သူများအနေဖြင့် သတိလက်လွတ် မနေထိုင်ကြရန် မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက သတိပေးပြောဆိုလိုက်သည်။

“ကလေးခိုးယူမှုနဲ့ ပတ်သက်လို့ အဓိကက မိသားစုတွေ ရင်နဲ့မကွာစေဖို့၊ လွှတ်မထားဖို့ လိုတယ်။ ဒါ့အပြင် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့လိုတယ်” ဟု မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

လက်ရှိ Facebook စာမျက်နှာပေါ်တွင် ကလေးခိုးယူသည်ဟု ဆိုကာ သတင်းများ ပျံ့နှံ့မှု များလာခြင်းအတွက် သီးသန့်အနေဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည် မဟုတ်သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် မှုခင်း ကျဆင်းရေးအတွက် ဟောပြောပွဲများဖြင့် အသိပညာပေး သွားမည်ဖြစ်ကြောင်း
သိရသည်။

“အိမ်က ကလေးက ဂိမ်းဆိုင်သွားတာကို မသိလို့ ပျောက်တယ်ဆိုပြီး တိုင်ချက်ဖွင့်တဲ့ အထိ ဖြစ်ဖူးတယ်။ အဲဒါကြောင့် ကလေးတွေကို ကိုယ့်ကိုမပြောဘဲ မသွားအောင်ပြောထားတယ်။ ကိုယ်က အပြင်သွားမယ်ဆိုလည်း ကိုယ့်ဆွေမျိုး သားချင်း၊ အိမ်နီးချင်းတွေကို သေချာအပ်ထားဖို့ လိုပါတယ်။ သက်ဆိုင်ရာပဲ အားကိုးမနေဘဲ ကိုယ်တိုင် ထိန်းသိမ်းဖို့ ပိုလိုမယ်ထင်တယ်” ဟု မန္တလေးမြို့တွင် နေထိုင်သည့် ကလေးမိခင်တစ်ဦး ဖြစ်သည့် ဒေါ်ဝင်းဝင်းက ပြောသည်။

ထို့ကြောင့် ကလေးခိုးယူမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာလျှင် မိဘပြည်သူများ အနေဖြင့် ချင့်ချိန်ယုံကြည်ကြရန်၊ ခိုင်မာမှုရှိသော သတင်းများဖြစ်လျှင် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများထံသို့ အမြန်ဆုံး အကြောင်းကြားရန် လိုအပ်ကြောင်း မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

“မန္တလေးခရိုင်အတွင်းမှာ အရင်ကလည်း ကလေးခိုးမှုမရှိခဲ့ဘူး။ အခုထိလည်း ကလေးခိုးယူမှုအတွက် တိုင်တန်းတာမျိုး မရှိသေးဘူး။ ရှိလာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ကလေးခိုးယူမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားသည့် ဖုန်းနံပါတ်များ ဆက်သွယ်သော်လည်း ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရန်ကုန်မြို့ အတွင်း ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မူ့ မရှိပဲတည်ဆောက်နေတဲ့ အထပ်မြင့် အဆောက်အဦးများကို ရပ်ဆိုင်းထားပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းသော အရေးကြီးအဆိုကို NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာမေ၀င်းမြင့်က ဒီကနေ့ ပြည်သူ့ လွှတ်တော် မှာ တင်သွင်းလိုက်ပါတယ်။

ဥပမာအားဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝန်းအတွင်းတည်ဆောက်နေသော ၁၂ ထပ်အမြင့်ရှိအ ဆောက်အဦး နှင့် တက္ကသိုလ်ရိပ်သားလမ်းအမှတ် ၇၄ တွင်တည်ဆောက်နေသော ၁၂ ထပ်ခွဲ အဆောက်အဦးတို မှာဥပဒေ စည်းမျဉ်းကမ်းနှင်မညီသော အဆောက်အဦးများဖြစ်ကြောင်း အဆိုရှင်က ထောက်ပြပြောဆိုသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


လိပ်ကျွန်းလူသတ်မှုကိစ္စ သေဒဏ်တရားစီရင်ချမှတ်မှုအပေါ် တရားမျှတမှုမရှိဘူးဆိုပြီး blink hacker group ဆိုသော ဟိုက်ကာအဖွဲ့မှ ထိုင်းရဲတပ်ဖွဲ့၏၀ပ်ဆိုက်များကို တိုက်ခိုက်နေသောဟိုက်ကာအဖွဲ့သည် မြန်မာဟိုက်ကာ အဖွဲ့ဖြစ်ကြောင်း ထိုင်းရဲမှူးကြီး မစ်စတာဒေချနရုံက အတည်ပြုပြောကြားသွားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ၀ပ်ဆိုက် အသီးသီးကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့ကတည်းက ဖွင့်လို့မရတော့ပဲ ၀န်ထမ်းတွေအလုပ်ရပ်နားခဲ့ရပါတယ်။ ၎င်းနဲ့ပတ်၍ ကွန်ပျူတာနှင့် တက်နိုလော်ဂျီအက်ဥပဒေပုဒ်မအရ ပြစ်မှုကျူးလွန်သူ မြန်မာဟိုက်ကာအဖွဲ့ကို လိုက်လံဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းပြောသွားပါတယ်။

လက်ရှိမှာ သက်သေအထောက်အထားတွေ စုဆောင်းပြီး ဤတပါတ်အတွင်း အမှုဖွင့်နိုင်တော့မယ်လို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv


 ရန်ကုန်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းကာလ တွင်ကားဈေးများ ယခင်ဈေး တန်း ထက် ၁၅ သိန်း၊ သိန်း၂၀ မှ သိန်း ၃၀ ခန့်အထိ မြင့်တက် သွားကြောင်း သိရသည်။ သက်ဆိုင်ရာဌာနမှ ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင် သတင်း စာများ၌ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးချိန်မှ စတင်၍ ကားဈေး များ သိသိသာသာ မြင့်တက်သွားခဲ့ကြောင်း သိရ သည်။

၂၀၁၆ ခုနှစ် အတွင်း ကားတင်သွင်းမှု မူဝါဒများ ပြောင်းလဲမှုအရ ယခုကဲ့သို့ ကားဈေးနှုန်းများမြင့်တက်လာစေ ရန်အကြောင်း ဖြစ်ပေါ်လာကြောင်း ၀ါရင့် ယာဉ်ဝယ်ရောင်း များမှ ပြောသည်။ ယခုပြောင်းလဲလိုက်သော ၂၀၁၆ ခုနှစ်မှ စတင်၍ ကျင့်သုံးမည့် မူဝါဒသည်ကားလေးများတင်သွင်းခွင့် ရရှိထားသည့် ဖရီးပါမစ်ဈေးကွက်ကိုစည်းကမ်းများစွာ တင်း ကြပ်လိုက်သည့် သဘောဖြစ် သွားပြီး ဤထုတ်ပြန်ချက်မတိုင်မီ က သိန်း ၁၀၀ ၀န်းကျင် သိန်း ၁၁၀ ၀န်း ကျင် သာရှိသော ကား များမှာ တရားဝင်ထုတ်ပြန်ပြီးချိန်မှစတင်၍ သိန်း ၁၃၀ သိန်း ၁၄၀သို့ဖြစ်သွားကြောင်း၊ ယင်းသို့ဝယ်ရောင်းများနှင့် ကား အရောင်းစင် တာ များမှ ကားဈေးတိုးမြှင့်သတ်မှတ်ရခြင်း မှာ ရှေ့နှစ်ဖြစ်ပေါ်မည့်ဈေးကွက် အခြေအနေအရ ဖရီးပါမစ်ကား ဈေးများ ယာဉ်ဟောင်းအပ်နှံစလစ်ဖြင့်သာ တင်သွင်းခွင့်ပြု လျှင် စလစ်ဈေးနှုန်းထပ်မံဖြည့်စွက်ရမည့် အခြေအနေကို ကြို ကာကြခြင်းဖြစ်ကြောင်း၊ ဈေးတန်းမှာ ယခုအတိုင်း မရပ်တန့် နိုင်သေးဘဲ ပို၍ပင်မြင့်တက်လာနိုင်ကြောင်း ၎င်းင်းတို့မှပြောသည်။ကားဈေးတန်းမြင့် တက် လာခြင်းနှင့် အတွဲအဖက်အနေ ဖြင့် ကားစလစ်ဈေးတန်းများနှင့် ကား ပါကင်နေရာအတွက် ပါမစ်ဈေးတန်း မြင့်တက်လာပြီးနှစ် ၂၀ အပ်ကား စလစ် မှာ ၈၂ သိန်း ၈၃ သိန်း ရန်ကုန်ကားပါကင် ၁၃ သိန်းမှ ၁၅ သိန်း အထိမြင့် တက် လာကြောင်း၊ ဖရီးပါမစ်ကားလေးများအား ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်နောက်ဆုံးထား၍ ကားပါကင်နေရာ ပြသပြီး ရန်ကုန်လိုင်စင်လျှောက်ရ မည်ဖြစ်၍ ဈေးများလိုအပ် ချက်အရ မြင့်တက်သွားခြင်းဖြစ်ပြီး လိုအပ်ချက် ကုန် သွားမှ သာဈေးပြန်အေးသွားနိုင်ကြောင်း၊ ယာဉ်ဟောင်း အပ်နှံစလစ် မှာမူ ''၂၀၁၆'' မူဝါဒအရတစ်ပတ်ရစ် ကားများဆိုလျှင် စလစ် ကပ်တင်သွင်းရ မည်ဖြစ်ပြီး မိုဒယ်(လ်)မြင့် Brand New ကား များမှာလည်း ဘယ်မောင်းသာ တင်သွင်းရမည်ဖြစ်သဖြင့် စလစ်လိုအပ်ချက်မှာ ဆက်လက်များပြားမည်ဖြစ် ရာ အပ် ကား ရှားပါးသည်ထက် ရှားပါးလာပြီး စလစ်ဈေးနှုန်းမြင့်တက် ဖို့သာရှိကြောင်း၊ ''၂၀၁၆'' ကားဈေးကွက် အလားအလာမှာ လက်ထဲကား ကိုင်ထားသူက ဈေးမြင့်ခေါ်ဝယ်မည့်သူက လည်း ကြိုက်ဈေး၊ စစ်ဈေးတန်း မရသဖြင့် မ၀ယ်နိုင်ဖြစ်သော ကြောင့် အခြေအေ နစောင့်ကြည့် ပြီး ဈေး ကွက်ေ အးမည့် သဘောဖြစ်နေကြောင်း ၀ါရင့်ဝယ်ရောင်းအကျိုးဆောင်များ မှပြောသည်။

SN
‪‎Commerce‬
http://www.commerce.gov.mm


ယမန်နေ့ ဇန်န၀ါရီလ ၆ရက်နေ့ ၂၀၁၆ခုနှစ်မှာ နိုင်ငံခြားသတင်းထောက်၏သတင်းပေးပို့ချက်အရ
ကမ္ဘာ့၏အရေခွံအပြောင်းအလဲကြောင့် အကြီးစားမြေငလျှင် ၈.၂ ရိဂ်တာ လှုပ်ခတ်နိုင်ဖွယ်ရှိကြောင်းကို
The Union home ministry's disaster ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

ပစ်မှတ်ကတော့ အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် မြန်မာနယ်စပ်နဲ့နီးသော မီးတောင်မကြာခဏပေါက်ကွဲနေသော နေရာမှာဖြစ်ပါတယ်။ ၎င်းနေရာရှိ ဟိမလိုင်တောင်ထိပ်ကိုတုံခါစေပြီး သဲတွေကျောက်တွေ ပြိုကျနိုင်တဲ့အထိ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

မနှစ် ၂၀၁၅ခုနှစ်လို နှစ် ၈၀ အတွင်း အကြီးမားဆုံးသော နီပေါနိုင်ငံ မြေငလျှင် လှုပ်မှုလိုလည်း ဖြစ်နိုင်ချေရှိတယ်လို့ သတိပေးပြောသွားပါတယ်။ ၎င်းနေရာအနီးတ၀က်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ရက်နေ့မှာလဲ ၆.၆ ရိဂ်တာ လှုပ်ခတ်ခဲ့ပါသေးတယ်။

MTF Channel
https://www.facebook.com/mtftv

(Credit: ABC) 
ထိုင်း-မြန်မာ ​နယ်စပ်ကုန်သွယ်ရေးက ​လာမယ့် ​နှစ်နှစ်အတွင်းမှာ ​နှစ်ဆတိုးလာနိုင်တယ်လို့ ​Joint ​Trade ​Commission ​JTC ​က ​ပြောပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေး ​တန်ဖိုးက ​ထိုင်းဘတ် ​၃၅၀ ​ဘီလီယံကနေ ​၄၂၀ ​ဘီလီယံလောက် ​ရှိမယ်လို့ ​ခန့်မှန်းထားပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေးကော်မရှင်ရဲ့ ​၇ ​ကြိမ်မြောက် ​အစည်းအဝေးကိုလည်း ​ဇန်နဝါရီလ ​၁၄နဲ့ ​၁၅ ​ရက်နေ့ကျရင် ​နေပြည်တော်မှာ ​ကျင်းပဖို့ရှိပြီး ​ကုန်သွယ်ရေး ​တိုးမြင့်ဖို့ကို ​အဓိက ​ဆွေးနွေးကြမယ်လို့ ​ထိုင်းကုန်သွယ်ရေးအရာရှိကပြောကြောင်း ​The ​Nation ​သတင်းမှာ ​ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီးတွေအကြား ​ဘဏ်လုပ်ငန်း၊ ​ငွေလဲလှယ်ရေးလုပ်ငန်းမှာ ​ပူးပေါင်းလုပ်ကိုင်ဖို့ ​ဆွေးနွေးကြမယ်လို့လည်း ​ဆိုပါတယ်။

ကုန်သွယ်ရေး ​စည်းမျဉ်းစည်းကမ်းတွေ ​ဖလှယ်ကြမှာ ​ဖြစ်သလို ​နယ်စပ်ဂိတ် ​စစ်ဆေးရေးတွေမှာ ​တိုးတက်မှုရှိအောင် ​ဘယ်လို ​လုပ်ဆောင်ကြမလဲ ​ဆိုတာကိုပါ ​ဆွေးနွေးဖို့ ​ရှိပါတယ်။

ဒါ့အပြင် ​ထိုင်း-မြန်မာ ​စီးပွားရေကောင်စီ ​ကိုလည်း ​တည်ထောင်ဖို့ ​ရှိနေပါတယ်။

ထိုင်းနိုင်ငံအတွက် ​မြန်မာနိုင်ငံဟာ ​အာဆီယံနိုင်ငံထဲမှာ ​နံပါတ် ​၆ ​မြောက် ​ကုန်သွယ်မှု ​အများဆုံးနိုင်ငံဖြစ်ပြီး ​ကမ္ဘာမှာတော့ ​မြန်မာဟာ ​ထိုင်းနိုင်ငံရဲ့ ​သတ္တမမြောက် ​ကုန်သွယ်မှု ​အများဆုံး ​နိုင်ငံ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ​၅ ​နှစ်အတွင်း ​မြန်မာနဲ့ ​ထိုင်းနိုင်ငံအကြား ​ကုန်သွယ်မှုက ​အမေရိကန် ​ဒေါ်လာ ​၆.၈ ​ဘီလီယံ ​ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဟိုက်ဒြိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ် ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယား သတင်းမှာ ကြေညာ
မြောက်ကိုရီးယား အစိုးရက ဟိုက်ဒြိုဂျင် ဗုံးတလုံးကို သူတို့ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီလို့ ပြောခဲ့အပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုသစ်တွေ အမြန်ဆုံး စလုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ကျင်းပပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား အစိုးရကို တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

ဒီစမ်းသပ် ဖောက်ခွဲမှုဟာ ကုလသမဂ္ဂရဲ့ အရင် ဆုံးဖြတ်ပြဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲလို့ ဆိုပါတယ်။

အမေရိကန်အစိုးရကတော့ သူတို့ရဲ့ ကနဉီးပိုင်း လေ့လာချက်တွေအရ မြောက်ကိုရီးယားက အခုလို ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့တယ် ဆိုတာ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ရန်စတဲ့ လုပ်ရပ်တွေ အခုလို တနေ့တခြား ပိုလုပ် လာနေတာနဲ့အမျှ နိုင်ငံတကာရဲ့ ဖယ်ကျဉ်ခံရတဲ့ အဖြစ်ကို ပိုရောက်သွားလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။

၂၀၀၆ခုနှစ်ကတည်းက စရင် ဒါဟာ မြောက်ကိုရီးယားရဲ့ ၄ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ဖြစ်ပြီး ဟိုက်ဒြိုဂျင်ဗုံး လို့သာ တကယ်တမ်း အတည်ပြုနိုင်မယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ပထမဆုံး ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲမှု ဖြစ်ပါလိမ့်မယ်။

၂၀၀၆၊ ၂၀၀၉နဲ့ ၂၀၁၃ ခုနှစ်တွေမှာ လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေကြောင့် ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ် အရေးယူမှုတွေ လုပ်ခဲ့ပြီး ကုမ္ပဏီ အစုအဖွဲ့ ၂၀နဲ့ လူပုဂ္ဂိုလ် ၁၂ဉီးတို့ကို နာမည်ဆိုး စာရင်းသွင်းထားခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.