01/24/16

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးက သတင်းများရေးသားဖော်ပြရာတွင် တိကျမှန်ကန်စေချင်ကြောင်း ပြောသည်။ သတင်းမီဒီယာကောင်စီက တပ်မတော်နှင့် သတင်းမီဒီယာသမားများအကြား အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်၍ ထပ်မံပြုလုပ်လိုကြောင်း ပြောဆိုရာ ဗိုလ်ချုပ်မှူးကြီးက အလုပ်ရုံဆွေးနွေးပွဲများဆက်လုပ်မည်ဟုပြောသည်။

စာအုပ်ထုတ်ဝေရေးများ ကျဆင်းနေမှုကို ပြန်လည်မြှင့်တင်ရန် ဆိုင်ကြီးများပူးပေါင်းဖွင့်လှစ်ရန် ၊ စာပို့လုပ်ငန်းမှ စာအုပ်များပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာထိရောက်စွာပို့နိုင်ရေး ဆောင်ရွက်ပေးရန်၊ စာအုပ် သတင်းစာ စာစောင်များ အတွက် ကုန်သွယ်ခွန်ကို လျော့ပေးရန် တို့ကို သတင်းမီဒီယာကောင်စီကတင်ပြရာ ဗိုလ်ချုပ်မှူးကြီးက စီစဉ်ဆောင်ရွက်မည်ဟုပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရသစ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်စေချင်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ကြားခံဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အခါအားလျော်စွာဆွေးနွေးနေကြောင်းနှင့် တိုးတက်မှုရှိစေရန် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းမီဒီယာကောင်စီသို့ဖြေကြားသည်။

တွေ့ဆုံပွဲသို့ သတင်းမီဒီယာကောင်စီဝင် ၂၄ ဦးအနက် ၂၁ ဦးတက်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် အဆင့်မြင့်အရာရှိကြီး ၁၁ ဦး တက်ရောက်ကြသည်။

The Street View


လိပ်ကျွန်း လူသတ်မှု စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ လူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့ နောက်ဆုံးရက်ကို တလ ထပ်တိုးပေးလိုက်ပါတယ်။ ကနဦး သက်မှတ်ပေးထားတဲ့ နောက်ဆုံးရက်က ဒီကနေ့ ပြည့်သွားတာဖြစ်ပြီး အယူခံဝင်ဖို့ရာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒီ့မတိုင်ခင် ရက်ပိုင်းကတည်းက ရက်ထပ်တိုးပေးဖို့ လျှောက်ထားတာကို ထိုင်းတရားရုံးက ခွင့်ပြုခဲ့တာပါ။ လူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့လုပ်နေသူတွေ အပိုင်းမှာတော့ သက်သေထွက်ပေးမယ့်လူတွေကို ရှာဖွေရေးအပါအ၀င် လုပ်ငန်းတွေမှာ ဘဏ္ဍာငွေအခက်အခဲကြောင့် ခရီးမရောက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက် အထက်တရားရုံးကို အယူခံဆက်တက်ဖို့ အတွက်တရားရုံးက ၁ လ အချိန်ပေးခဲ့ပေမဲ့ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီအနေနဲ့ သက်သေအထားတွေရှာဖွေဖို့ လုံလောက်မူမရှိတဲ့အတွက် နောက်ထပ်အချိန် ၁ လ တိုးတောင်းရာမှာ တရားရုံးကခွင့်ပြုခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“၂၄ ရက်အခု ၁ လပိုင်း ၂၀၁၆ မှာ ဒီကာလ ကုန်သွားတာပေါ့။ ဒါပေမယ့် အချက်အလက်တွေပြည့်စုံအောင်ရှာဖို့ အတွက်ဆိုရင် ထိုင်းဥပဒေအရ ထပ်တိုးတောင်းလို့ရတယ်။ ထပ်တိုးတောင်းရင် ၁ လ ရမယ်ဆိုတာရှိပါတယ်။ ဒါကြောင့်မို့လည်း ၂၀ ရက် ၁ လ ၂၀၁၆ နေ့တုန်းက ဒီအယူခံနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေပြည့်စုံအအောင် စုဆောင်းဖို့အတွက်ကို နောက်ထပ် ၁ လ တိုးပေးပါဆိုပြီးတော့ တရားရုံးတော်ကို အယူခံတရားရုံးတော်ကို လျှောက်တဲ့အခါမှာ အယူခံတရားရုံးတော်က ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ် ၁ လ ရပါတယ်။

သေဒဏ်မချမှီ တနှစ်တာ ကာလအတွင်းမှာတော့ သက်သေထွက်ပေးနိုင်တဲ့ သူတွေရဲ့ နေထိုင်ရေး၊ အလုပ်အကိုင်နဲ့လုံခြုံရေးကိစ္စတွေကို မြန်မာသံရုံးနဲ့ လိပ်ကျွန်း အထူးကော်မတီတို့က တာဝန်ယူပေးနိုင်တာတွေမရှိတဲ့အတွက် လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားသက်သေတွေ ရသင့်သလောက် မရရှိခဲ့ဘူးလို့ လိပ်ကျွန်း အထူးစုံစမ်းရေးကော်မတီ ရဲ့ ခေါင်းဆောင်ဦးကျော်သောင်းကပြောပါတယ်။ အခု သေဒဏ်ကျခံရ ပြီး ၁ လ ပြည့်တဲ့ တိုင်အောင်လည်း လိုအပ်တဲ့မျက်မြင်သက်သေတွေကို ရှာဖွေနိုင်ဖို့အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဦးကျော်သောင်းကပြောပါတယ်။

“ဒီစုံစမ်းစစ်ဆေးရေးတာဝန်ခံအဖြစ် စပြီးတော့လုပ်တုန်းက သက်သေအထောက်အထားအချက်အလက်တွေဟာ ကျနော်တို့ဘက်မှာ အတိုင်းအတာတခုအထိ ခိုင်ခိုင်မာမာရှိခဲ့တယ်လို့ပြောလို့ရတယ်။ သို့သော် ကျနော်တို့ တဦးချင်းတဦးချင်းစီက တွေ့ရှိခဲ့ရတာရှိတယ်။နောက်အားနည်းတာ တခုကဘာရှိခဲ့သလဲဆိုတော့ ပထမဦးဆုံးကနော်တို့ သက်သေအဖြစ် စစ်ထုတ်ခဲ့ရတဲ့ စစ်ဆေးခဲ့ရတဲ့ ဒီဖြစ်စဉ်ထဲမှာ လုံးဝကို အရေးကြီးတဲ့ သက်သေဖြစ်တဲ့ မောင်မောင်ဆိုတဲ့ မျက်မြင် ကျတဲ့အချိန်အခါမှာ သူ့ကို ပထမဆုံးကျနော်တို့ယူလိုက်ရတဲ့ ပထမ စစ်ဆေးချက်ဟာ ပထမဆုံးသာဖြစ်ပြီးတော့ နောက်ဆုံးကျန်တဲ့ သက်သေတွေ၊ ကွင်းဆက်တွေ၊ ရလာတဲ့အဖြေတွေနဲ့ ကွဲလွဲနေတာရှိတယ်။ ကျနော်တို့ တွေ့ရှိထားတဲ့သက်သေတွေအကုန်လုံးကို စုပေါင်းပြီးတော့မှ တဆင့်တက်ပြီးတော့မှာ ဘယ်ဟာကိုဖြင့် အတည်ပြုပြီးတော့ သက်သေထွက်ဆိုနိုင်တဲ့အဆင့်အထိဆိုတဲ့ တဆင့်ကို ကျနော်ကသွားချင်တယ်။ ကျနော်တို့မှာ အားနည်းနေတာတခုက လက်ရှိလိပ်ကျွန်းကော်မတီနဲ့ အဲဒီလို သက်သေတွေ နောက်ကို အချိန်ကုန်ခံလိုက်ဖို့အတွက် ၊ငွေကုန်ခံလိုက်ဖို့အတွက် စားရိတ်က မှရှိဘူးဖြစ်နေတယ်။ အပွင့်လင်းဆုံးပြောမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်နေ၊ ကိုင်နေတာကို ကျနော် ကိုယ်တိုင်အားမရဘူး။"

အထက်တရားရုံးကို အယူခံဆက်တက်ဖို့အတွက် ဥပဒေနဲ့ မူခင်း ပညာရှင် ၃ ဦးကို မြန်မာအစိုးရက စေလွတ်ပေးခဲ့ပြီး အမူအတွက် ပြင်ဆင်မူတွေ လုပ်ခဲ့တာတွေတော့ ဇန်န၀ါရီလအတွင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေကတော့ ပြောပါတယ်။

ဒီအမူဟာလူအများ စိတ်ဝင်စားနေတဲ့အမှုဖြစ်ပြီး သေဒဏ်ချခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့နဲ့ တိုင်းနဲ့ ပြည်နယ်တ၀ှမ်းမှာဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပါတယ် ။ ထိုင်းသံရုံး ယာယီပိတ်ခဲ့ရတဲ့အထိအဖြစ်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေဖြစ်လာအပြီး ဒီဆန္ဒပြပွဲအတော်များများဟာ မြန်မာအာဏာပိုင်တွေထံကနေခွင့်ပြုမိန့်တွေမပါဘဲ လုပ်ဆောင်ခဲ့ကြတာကြောင့် နိုင်ငံရေး ပရောဂတွေပါတယ်လို့ ဝေဖန်သူတချို့ကဆိုခဲ့ပါတယ်။ ဒီအတွက် နှစ်နိုင်ငံကြားဆက်ဆံရေး ထိခိုက်မှာကို စိုးရိမ်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှုတွေလည်း လုပ်ခဲ့ကြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ၊ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံး သေဒဏ်ပေးခဲ့ပြီးနကွန်စီဌာမရ အကျဉ်းထောင်ကို ရွှေ့ပြောင်းထားခဲ့ပါတယ်။

မအေးအေးမာ /VOA
http://burmese.voanews.com/content/koh-tau-murder-case-appeal-date/3160399.html

အရူးထတယ်လို့တော့မထင်လိုက်ပါနဲ့။
ပျော်လွန်းလို့ပါဗျာ။
ဝမ်းမြောက်လွန်းလို့. . ပီတိဖြစ်လွန်းလို့ပါခင်ဗျ။
အကြောင်းကဒီလိုဗျ။
ဒီနေ့ နေ့လည်ကသျှောင်ပေစူးလေးတွေ ကျွန်တော့်အိမ်ကိုလာကန်တော့တဲ့အကြောင်းကို FACE BOOK ကနေကျွန်တော် တင်လိုက် တယ်လေ။ အဲဒီမှာသျှောင်ပေစူးလေးတွေနဲ့အိမ်မှာအမှတ်တရဓါတ်ပုံတွေရိုက်တာတွေ ဘ၀ကိုအရှူံးမပေးခဲ့တဲ့
ပုဏ္ဏဘကွန်းအကြောင်းတွေ ခေတ်သမိုင်း အကြောင်းတွေစုံလို့ဗျာ။
ဒီမှာတင် ကလေးငယ်တွေကျွန်တော့်အိမ်ခြံထဲရှိဝါးရုံပင်အောက်ကရေတံခွန်ငယ်လေးမှာဓါတ်ပုံရိုက်တော့
သူတို့ရဲ့မျက်နှာလေးတွေညှိုးငယ်သွားတာဟာ
သူတို့ရွာကိုသတိရလို့လား ဒါမှမဟုတ် "ရွှေကိုမ လို ရေကိုသာလို"နေတဲ့သူတို့ရွာလေးဖြစ်တဲ့
စက်စက်ယိုရွာလေးအတွက်အားငယ်နေလို့လားလို့ရေးလိုက်တယ်ဗျ။
အဲဒီမှာတင် ညနေလည်းရောက်ကော ဖုန်းတစ်လုံးဝင်လာတယ်ဗျ။
" အဲဒီ ကိုကျော်သူFBကနေတင်လိုက်တဲ့ ရေ အခက်အခဲရှိတဲ့ရွာလေးကိုရေတူးပေးမယ်တဲ့"ဗျ။ ကျွန်တော်ကပြောလိုက်တယ်။ ကျွန်တော်တို့နာရေးကူညီမှုအသင်း(ရန်ကုန်)ကလည်းရေခက်ခဲတဲ့ဒေသတွေကိုလိုက်တူးပေးနေပါတယ်။ ဒါပေမယ့်လူနဲ့(လက်နဲ့)ဘဲတူးပေးနိုင်ပါတယ်။ ပြီးတော့ဒီလိုစက်စက်ယိုရွာရဲ့မြေသားအနေအထားကလည်းလက်နဲ့တူးလို့မရနိုင်ကြောင်း စက်ကြီးတွေနဲ့တူးဖို့ကကုန်ကျစရိတ်တွေအရမ်းမြင့်တော့အလှူငွေနဲ့လုပ်ကိုင်ပေးရတာအခက်ဖြစ်နေလို့ပါခင်ဗျလို့လည်းဆိုတော့ အဲဒီပုဂ္ဂိုလ်ကြီး
ကပြောတယ်ဗျ။
သူ့မှာရေတူးတဲ့စက်ကြီးတွေရှိပါကြောင်း နောက်ထပ်ခေတ်ပေါ်စက်ကြီးတစ်လုံးလည်းရောက်လာတော့မည်ဖြစ်ကြောင်း လိုအပ်တဲ့နေရာတွေအတွက်ကိုကျော်သူနဲ့ပူးပေါင်းလုပ်ပေးမည်ဖြစ်ကြောင်း စုံလို့ပေါ့ဗျာ။
အဓိကပြောချင်တာကတော့. . . မကြာမီအချိန်အတွင်းမြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်ပေးနေသော စက်စက်ယို
ရွာလေးဟာ "ရွှေကိုမလို ရေကိုသာလို" သည်ဟူသောဆောင်ပုဒ်ကိုဖျက်သိမ်းနိုင်တော့မည်ဖြစ်ပါကြောင်းဝမ်းမြောက်စွာအသိပေးအပ်ပါသည်။
ယခုကဲ့သို့ရေရှိအောင်ပြုလုပ်ပေးမည့်ရေအကျိုး ဆောင်ပေးသူများ ရေအလှူရှင်တို့အား စက်စက်ယိုရွာမှသျှောင်ပေစူးကလေးငယ်တို့နှင့်အတူရွာခံမိဘပြည်သူအပေါင်းတို့ကိုယ်စား ကျွန်တော်မှ သာဓု သာဓု သာဓု ဟုခေါ်ဆိုလိုက်ရပါတော့သည်။
အဲဒါကြောင့်. . .

ကျွန်တော်တို့အရမ်းပျော်နေတာပေါ့ သိလား! ။ (ရေအလှူရှင်များ၏အမည်အားမကြာမီတရား ၀င်ကြော်ငြာပေးပါမည်ဟု. . )

( ကျော်သူ )


သျှောင်ပေစူးလေးများနဲ့ကျွန်တော့်ဂေဟာ

ယနေ့နံနက်ဘန်ကောက်မှပြန်ရောက်ရောက်ခြင်း
ကောင်းပင်စည်လူမှုရေးအသင်းမှကိုသိန်းထိုက်ထံမှသျှောင်ပေစူးလေးများကအိမ်လာပြီးကန်တော့လို၍ဦးကျော်သူရန်ကုန်သို့ပြန်အလာကိုရွာသို့မပြန်သေးဘဲစောင့်နေကြောင်းသတင်း ပေးသည့်အတွက်အိမ်တွင်မနားဘဲနှင့်စောင့်နေခဲ့သည်။
နေ့လည်၁၂း၃၀ခန့်တွင်စက်စက်ယိုရွာမှဘုန်းတော်ကြီးနှင့်အတူရောက်လာခဲ့သည်။အိမ်တွင်ကလေးများကရောက်ရောက်ခြင်းဧည့်ခန်းတွင်ထိုင်ကန်တော့ခဲ့ကာ"ပုဏ္ဏားဘကွန်း"ရုပ်ထုအားစူးစမ်းလေ့လာကြ၍ဘကွန်း၏ရည်ရွယ်ချက် ခံယူချက်များနှင့်ဘ၀ကိုအရှူံးမပေးသောစိတ်ဓါတ်ပိုင်းဆိုင်ရာများကိုပြောပြခဲ့ကာပုဏ္ဏားဘကွန်းရုပ်ရှင်ဇာတ်ကားအခွေအားရွာရောက်လျှင်သူငယ်ချင်းများ ရွာရှိမိဘပြည်သူများအားပြသနိုင် ရန်အတွက်လက်ဆောင်ပေးလိုက်ပါသည်။ ထို့နောက်အိမ်ပန်းခြံအတွင်းအလှဆင်ထားသော"လံချားလှည်း"အားလေ့လာခဲ့၍လံချားလှည်းသမိုင်းအကျဉ်းကိုပြောပြခဲ့ပါသည်။ ထို့ပြင်ကျွန်တော်ဝယ်ထားသော"ရှေးဟောင်းမော်တော်ကားငယ်လေး"ကိုလည်းသဘောကျ၍မိသားစုနဲ့အတူအမှတ်တရပျော်ရွှင်စွာဓါတ်ပုံများရိုက်ကာဝါးရုံအောက်ရှိရေတံခွန်တွင်အမှတ်တရ ဓါတ်ပုံရိုက်သောအခါကလေးငယ်များ၏ရုပ်သွင်များသည်ရွာကိုဘဲလွမ်းလို့လား "ရွှေကိုမလိုရေကိုသာလို"သည့်စက်စက်ယိုရွာငယ်လေး၏ရေရှားပါးမှုကိုသတိရမိနေလို့လားမသိသူတို့၏မျက်နှာလေးများညှိးငယ်သွားသည်ကို တော့ ကျွန်တော်သတိထားမိတော့သည်။
(ကျော်သူ)


 ဇန်နဝါရီ၂၄၊ ပလိပ် သော်တာ

မန္တလေးတိုင်းဒေသကြီး၊စဉ်ကိုင်မြို့နယ်အတွင်းရှိ အစိုးရမှပုဂ္ဂလိကသို့ လွှဲပြောင်းထားသည့်ပလိပ်အထည်စက်ရုံမှ ဝန်ထမ်း ၆၀၀ခန့် က ပုဂ္ဂလိကုမ္ပဏီသို့ လွှဲပြောင်းပြီးနောက် ၎င်းတို့၏အခွင့်အရေး များဆုံးရှုံးနစ်နာမှုများရှိသောကြောင့် ဇန်နဝါရီ၂၄ရက် နံနက်၈နာရီမှ၁၁နာရီအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်ခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာတွင် ``ပုဂ္ဂလိက လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပြန်လည် သုံးသပ်ပေးရေး´´ ``တစ်ဖက်သတ် ထုတ်ပြန်ထားသော စည်းကမ်းချက်များရုတ်သိမ်းပေးရေး´´ ``ဥပဒေမဲ့ အလုပ်မှထုတ်ပယ်ထားသော အလုပ်သမားများအား ပြန်လည်ခန့်ထားပေးရေး´´ ``စာချူ ပ်အကြိမ်ကြိမ် ချိုးဖောက်သော ကုမ္ပဏီ အလိုမရှိ´´``အလုပ်သမားများအပေါ် ဖိနှိပ် ဆက်ဆံသူများ အလိုမရှိ´´ စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။


ဆန္ဒပြလုပ်သားများသည် ပလိပ်စက်ရုံဝင်းအတွင်းနှင့် ပလိပ်မြို့အတွင်းတို့တွင် လှည့်လည် ဆန္ဒပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယခုဆန္ဒဖော်ထုတ်သည့် လုပ်သားများသည် ယခင်နှစ်များအတွင်းကလည်း စက်ရုံဝင်းအတွင်း ထိုင်သပိတ်ဆန္ဒဖော်ထုတ်ခြင်း၊စက်ရုံဝင်းအတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့် မန္တလေးမြို့ တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများကို ဆောင်ရွက်ခဲ့ဖူးကြောင်းလည်း သိရသည်။

 သော်တာ
The Street View
https://www.facebook.com/The-Street-View


အရေးအကြီးဆုံးက ၀န်ကြီးအလုပ်တာဝန်ကို ငွေရှာတဲ့စက် အဖြစ် ပြောင်းလဲမပစ်ဖို့ပါပဲ။ ၀န်ကြီးလုပ်မယ့်သူဟာ ဗျူရိုကရက်မဆန်နဲ့ လာဘ်မစားဖို့ပါပဲ . . .ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီကို ဖော်ဆောင် တဲ့နေရာမှာ မြန်မာ နဲ့ကိုက်ညီတဲ့ ပုံစံကိုဖော်ယူနိုင်မှ ကြိုးစားနေတဲ့ ဒီမိုကရေစီစနစ်ခိုင်မြဲမှာ ဖြစ်ပါတယ်တဲ့ . . .မဆလတပ် ချုပ်ကြီး က မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ကို ကြွေးကြော်ခဲ့တယ်။ မဆလပါတီက ဒီစနစ်ကြွေးကြော်ပြီး ခိုးကြ၊ ၀ှက်ကြ၊ လုကြ၊ ယက်ကြလုပ်ခဲ့ကြတာ ၂၆ နှစ်ကြာပါတယ် . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉-၇-၄၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလကြားဖြတ်အစိုးရလုပ်ကြံခံခဲ့ရတယ်။ ကံကောင်း ထောက်မပြီး လုပ်ကြံချိန်မှာ သခင်နုရှိမနေတာကြောင့် သခင်နုအတွက်ရော၊ ဗမာပြည်ကြီးအတွက်ရော ကံကောင်းပါတယ်လို့ ပြောကြသူများရှိ သလို ခေါင်းယမ်းတဲ့သူများလည်းရှိပါတယ်။ ဖဆပလ ကြားဖြတ် အစိုးရ လုပ်ကြံခံရပြီး ၃ နာရီအကြာမှာ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က သခင်နုကိုခေါ်ပြီး ဖဆပလ ကြားဖြတ် အစိုးရဖွဲ့ဖို့ ၀န်ကြီးစာရင်းပေးခဲ့ ပါတယ်တဲ့။ အင်္ဂလိပ်နဲ့ လွတ်လပ်ရေးအပေးအယူများ လုပ်ကြရာမှာ ဗကပက ဟိုကန့်ကွက် ဒီကန့်ကွက်လုပ်တာကို ဗိုလ်အောင်ဆန်းက မကြိုက်တာကြောင့် ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖဆပလ ဥက္ကဋ္ဌက ဗကပကိုယ်စားလှယ်ကို သူ့တစ်ဦးတည်းသဘော နဲ့ ဖဆပလမှ ထုတ်ပစ်ခဲ့ပါတယ်။ မြန်မာ့ လွတ်လပ်ရေးအတွက် (၁) အောင်ဆန်း အက်တလီစာချုပ် (၂) နု-အက်တလီစာ ချုပ်၊ (၃) လက်ျာဖရီးမင်း ကာကွယ်ရေး စာချုပ်၊ (၄) မြခရွန်ဘီဘဏ္ဍာရေးစာချုပ်၊ (၅) ကနီ်္ဒစာချုပ် (သီဟိုဠ်)၊ စစ်တပ်စာချုပ်၊ (၆)ပင်လုံ စာချုပ် စာချုပ်ကြီး ၆ခုပါ ဥဿုံသဘောတူညီချက်များနဲ့ လွတ်လပ်ရေး ရယူခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ်၊ ဇွန်လအတွင်းမှာ ကျင်းပပြုလုပ်တဲ့ ဆိုရန်တိုဗီလာဟောက်စ် (အခုစာပေဗိမာန်) သတင်းစာကွန် ဖရင့်မှာ ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေးနဲ့ ပတ် သက်တဲ့ သတင်းစာဆရာများရဲ့ မေးခွန်း ကို ဖြေကြားရာမှာ ဗိုလ်အောင်ဆန်းက သခင်သန်းထွန်း ကွန်မြူနစ်နဲ့ ညီညွတ်နိုင်တယ်။ သခင်စိုးကွန်မြူနစ်နဲ့တော့ မညီ ညွတ်နိုင် ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးနဲ့ပတ်သက်လို့ ဗြိတိသျှ နယ်ချဲ့ရဲ့ ပေါ်လစီက -

(၁) လွတ်လပ်ရေးပေးရာမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိသျှအကျိုးစီးပွားများကို အတတ်နိုင်ဆုံးကာကွယ်သွားရန်။

(၂) ဒီလိုကာကွယ်ရာမှာ (ဗြိတိသျှ အကျိုးစီးပွားများကို ကာကွယ်ရာမှာ)ဗြိတိ သျှအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နိုင်တဲ့ မြန်မာမျိုးချစ်နိုင်ငံရေး အင်အားစု တစ်ရပ်ကို ရှာဖွေရန်။ (ဖဆပလကို ခွဲပစ်ရန်လို့ တော့ ရေးမထားပါဘူး)။

(၃) စစ်အပြီး ဗမာပြည်ကို (The British CommonWealth) ဗြိတိသျှဓနသဟာယအတွင်းမှာ ထားရန်လို့ ဖော်ပြထားပါတယ်။ ၁၉၅၁ ခုနှစ် ရန်ကုန်အစိုးရကို B.C.W နဲ့ အိန်္ဒိယ၀န်ကြီးချုပ်နေရူးတို့က လက်နက်၊ ခဲ၊ ယမ်း တပ်ရင်း ၁၀ရင်း အတွက် ၅ နှစ်စာလက်နက်၊ ခဲ၊ ယမ်း၊ မီး ကျောက် များ ထောက်ပံ့ခဲ့ပါတယ်။ လူထုအတွင်းမှာ မေယုစစ်သင်္ဘောကြီးနဲ့ စွယ်တော်ပင့်တာလို့ ၀ါဒဖြန့်ခဲ့ပါတယ်။

၁၉၄၈ ပြည်တွင်းစစ်ကို ၀န်ကြီးချုပ် သခင်နု၊ ကာကွယ်ရေးဝန်ကြီး (ကျားကြီး) ဦးဗဆွေ (ဆိုရှယ်လစ်ပါတီ G.S)၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း (သူဟာ ဗမာပြည်အလံဒါးလက်စ်ပါ။) ကကချုပ်၊မဆလ တပ်ချုပ်ကြီး နာမည် ဆိုးနဲ့ သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းတို့ တစ်စိတ်တစ်ဝမ်းတည်း တိုက်ခိုက်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး နေ၀င်း က ပြည်တွင်းစစ်ကို မဆလစစ်အာဏာရှင်စနစ်နဲ့ တိုက်ခဲ့တာပါ။ န၀တ၊ နအဖ၊ ကြံ့ဖွံ့စစ်အစိုးရများက ဒို့တာ ၀န်အရေးသုံးပါးအော်ပြီး ပြည်တွင်းစစ် တိုက်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးဟောင်း၊ ၀န်ကြီးချုပ်ဟောင်းသမ္မတကြီး ဦးသိန်းစိန်က ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာမှန်ရင် ဒီမိုကရေစီပဲလို့ အယူလွဲနေကြတဲ့ လစ်ဘရယ်ဒီမိုကရေစီ အရူး များအတွက် တပ်မတော်ရဲ့ အာဏာပိုင်စိုးမှုကိုသေသေချာချာကာကွယ်ထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံနဲ့ ပြင်ပြင်ဆင်ဆင်ပွဲထွက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံရဲ့တကယ့်ဗျူဟာ မြောက်ရည်စူးချက်က လွှတ် တော်တစ်ရပ်ရဲ့ သုံးပုံနှစ်ပုံမဲကို ဘယ်လိုအတိုက်အခံမျိုးကမှ မရနိုင်အောင် ကိုယ်စားလှယ် ၄၄၀ရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဗိုလ် ၁၁၀ကို ဗိုလ်ကျပြီးရယူထားခဲ့တယ်။ ၂၀၀၈ဖွဲ့စည်းပုံရဲ့ ညစ်ကွက်ကို အားကိုးပြီး ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တယ်။ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအားကိုးနဲ့ လူထုဟာ သမိုင်းကို ဖန်တီးတယ်ဆိုတဲ့ လူထုပဓာနသမိုင်းဝါဒ ကိုနားမလည်၊ အထင်သေးပြီး ကျင်းပပေး ခဲ့တဲ့ ရွေးကောက်ပွဲကြီးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ၁၉၆၂-၂၀၁၅ နှစ် ၅၀ကျော်ကြာ ဥဿုံဘက်စုံ စီးပွားရေး အရသွေးစုပ်မှု၊ နိုင်ငံရေးအရဖိနှိပ် မှု၊ ပြည်တွင်းစစ်ပြုမှု၊ ဇူလိုင် ၇ရက် အလုပ်သမားသပိတ်၊ ဦးသန့်အရေး အခင်း၊ ရှစ်လေးလုံး၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၊ လက်ပံတောင်း လယ်သမားထုရဲ့ လက်ငုတ်မြေပြန်ရရေး လှုပ်ရှားမှုကို လက်နက်နဲ့ ဖြိုခွဲချေမှုန်းမှု၊လက်ပံတန်းပညာရေးဥပဒေ ပြင်ဆင်ရေး ကျောင်းသားလှုပ်ရှားမှု အကြမ်းဖက်ခံရမှုများကြောင့် လူထုကြီးက ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ပိုင်စိုးတဲ့ မဲပြားတစ်ပြားနဲ့ စစ်အာဏာ ရှင်ကြီးများကို နိုင်ငံရေးအရ ဆုံးမလိုက်ကြပါတော့တယ်။ လူထုဟာသမိုင်းကို ဖန်တီးနိုင်တယ်ဆိုတာကို လက် တွေ့ပြလိုက်တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲ အရေးနိုမ့်မှုကို ကြံ့ဖွံ့ပါတီဌာနချုပ်၊ ကြံ့ဖွံ့အစိုးရအဖွဲ့၊ ကြံ့ဖွံ့တပ်မတော် တို့ဟာ ဘာမှလည်းလုပ်လို့ မရတာကြောင့် မလွှဲမရှောင်သာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ရက် ပေါင်း ၉၀ အတွင်းမှာ (၂၀၁၆ ဖေဖော်ဝါရီ ပထမပတ်အကုန်လောက်မှာ) ဒီချုပ်ကို အာဏာလွှဲရပါမယ်။ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ကိုယ်တိုင်ရွေးကောက်ပွဲ မှာ ရှုံးနိမ့်ခဲ့ရတာဟာ ကြံ့ဖွံ့ပါတီရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကိုအကြီးအကျယ် ကျဆင်းစေခဲ့တယ်။ ဒါဟာတကယ်က မဆလစစ်အစိုးရ န၀တ၊ နအဖ စစ်အစိုးရများကနေ နောက် ဆုံးအခု ကြံ့ဖွံ့စစ်အစိုးရအထိ ၁၉၆၂ မှအခု ၂၀၁၆ ခုနှစ် အထိ နှစ်ပေါင်း ၅၄ နှစ်တိုင်တိုင် ၅၁ သန်းသော လူမျိုးစုံ အမျိုးသား လူထုကြီးကို နိုင်ငံရေးအရ၊ လူမျိုးရေးအရ စစ်ပြုဖိနှိပ် စီးပွားရေးအရ စစ်ဗျူရိုကရက် လက်ဝါးကြီး အုပ်အရင်းရှင် စနစ်နဲ့ဖိနှိပ်သွေးစုပ်၊ လူမျိုးရေးအရ ဗမာဓနရှင်လူမျိုးကြီး ၀ါဒကျင့်သုံးပြီး လူမျိုးစုံ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ပအိုးဝ်၊ ပလောင်၊ ရှမ်းမျိုးနွယ်စုများအပေါ် စစ်ပွဲ များ ဆင်နွှဲခဲ့၊ ဆင်နွှဲနေ၊ ဆင်နွှဲဆဲဖြစ် တယ်။

အခြားတစ်ဖက်မှာလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတာကို ဇန်န၀ါရီလ ၁၂ရက်မှ ၁၆ ရက်နေ့အထိ နေပြည်တော် မင်းနေမြို့တော်ကြီးရှိ မြန်မာပြည် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)မှာ ကျင်းပမှာဖြစ်ပါတယ်။ ဖွင့်ပွဲမှာ သမ္မတကြီးဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားပါမယ်။ ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ ကကချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ကလည်း နှုတ်ခွန်းဆက်စကားပြော ကြားကြပါမယ်။

ဒီ့နောက်မှာ NCA,UPDJC နဲ့ YJMC တို့က သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကိုညီလာခံမှာ တင်ပြပါလိမ့်မယ်။

ဒီညီလာခံကြီးမှာ နိုင်ငံရေး၊ လူမှုရေး စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ကိစ္စရပ် များကို တစ်ခုချင်းဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဒီညီလာခံကြီးကို အစိုးရကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (ဘယ်သူတွေလဲ)မှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀။ ပါဝင်သင့်ပါဝင်ထိုက်သူ၊ ပါဝင်ထိုက် မပါဝင်ထိုက်ဆိုတဲ့သူတွေက ဘယ်လိုလူမျိုးတွေဖြစ် မှာလဲ။ ဒီလူတွေ ပါဝင်ထိုက် မပါဝင်တိုက်ဆိုတာကို ဘယ် သူက၊ ဘယ်အဖွဲ့အစည်းက လက်ခံငြင်းဆို မှာပါလဲ။ ဒီငြိမ်းချမ်းရေးညီလာခံကြီး ခေါ်ဆိုကျင်းပဖို့ ဘယ်သူဘယ်အဖွဲ့အစည်းက ဒီပုဂ်္ဂိုလ်ဟိုပုဂ်္ဂိုလ်ဆိုတာကို ဘယ် သူက (initiate) ရှေ့ဆောင်ရွေးချယ်ပါသလဲ။ ဒီညီလာခံကြီးမှာ လူ ၇၀၀ ပါဝင်ဆွေးနွေး ကြမယ်ဆိုပါတယ်။

------------------------- >>>>

[ ဆောင်းပါးအပြည့်အစုံကို မြန်မာသံတော်ဆင့် အတွဲ(၄)၊ အမှတ်(၄၆) တွင်ဖော်ပြပါသည်။ ]

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

အနှစ်မပါအကာကို အကြီးကြီးလုပ်ပြီး နာမည်အကြီးကြီးတပ်၊ လူတွေအများကြီးခေါ်၊ ဘာအဖြေမှ မထွက် အောင် လုပ်တတ်တာကတော့ ဦးသိန်းစိန်အစိုးရရဲ့ အလေ့အထလို့တောင် ခေါ်နိုင်နေပါပြီ

ဦးသိန်းစိန် သမ္မတသက်တမ်းကုန်ဖို့ ၂လကျော်ကျော်အလို ဇန်န၀ါရီ ၁၂ရက် ကနေ ဇန်န၀ါရီ ၁၆ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းရေး ညီလာခံအပြီးမှာ ဖတ်ဖူးကြားဖူးတဲ့အဆိုတစ်ခု ခေါင်းထဲဝင်လာပါတယ်။

““ငြိမ်းချမ်းရေးဆီကို သွားနေတာပါလို့ အားလုံးက ကျိန်တွယ်ပြောကြတယ်။
စစ်ပွဲတွေကလည်း ရပ်မသွားဘူး။ ဒါဆိုရင် တစ်ယောက်ယောက် ကတော့ လိမ်ပြောနေပြီ”” ဆိုတဲ့အဆိုပါပဲ။

တကယ်လည်း လက်ရှိအချိန်မှာ အစိုးရက ငြိမ်းချမ်းရေးညီလာခံကျင်းပပြုလုပ်နေပေမယ့် တစ်ဖက်မှာတော့ ဃြဗ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေ ဆဲပါပဲ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖြစ်ပုံကလည်း NCA လက်မှတ်ရေးထိုးပြီး ရက် ၉၀အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရမယ်ဆိုတဲ့အချက်ကြောင့်သာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် ၈ဖွဲ့ရှိပြီး အဲဒီ ၈ဖွဲ့ထဲမှာ တစ်ဖွဲ့သာနိုင်ငံရေးအရ၊ သမိုင်းစဉ်အရ အရေး အပါဆုံးဖြစ်နေတာ တွေ့ရပါတယ်။ NCA (တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်) အစစ်ဖြစ်ဖို့ အရေးပါတဲ့လက်နက်ကိုင် ၆ ဖွဲ့က လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ ဒါကြောင့် NCA ကလည်း အစစ်အမှန်အဆင့်မရောက်ရှိသေးသလို ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးဆိုတာကလည်း ညီလာခံအဆင့်မရှိပါဘူး။ ဆွေးနွေး ဖလှယ်ပွဲအဆင့်သာဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အခမ်းအနားတွေကို ခေါင်းစဉ် အကြီးကြီး တွေတပ်တာ၊ သမ္မတက ခုံအကြီးကြီးနဲ့ အဆင့်မြင့်နေရာယူထိုင်တာတွေကတော့ ဦးသိန်းစိန်အစိုးရသက်တမ်း ရဲ့ မှတ်သားဖွယ်ရာတွေအဖြစ် ကျန်ရစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။

ညီလာခံအဆင့်မဖြစ်ခြင်း အကြောင်း တစ်ချက်ကို သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ အရိပ်အယောင်အဖြစ် မြင်ကြရမှာပါ။ ညီလာခံအဖွင့်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ““ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် စတင်ရတာ ဖြစ်ပါတယ်”” ““ နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အတွက် အခြေခံအုတ်မြစ်ကောင်းချမှတ် ခြင်းဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်””

ဦးသိန်းစိန် မိန့်ခွန်းပါ ပြောကြားချက်အရ နောင်အစိုးရ သက်တမ်းမှာမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအစစ် အမှန် ဖြစ်နိုင်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ညီလာခံဆိုတာဟာ အခြေခံအုတ်မြစ်သာ ဖြစ်တဲ့အတွက် ညီလာခံအဆင့်မရှိပါဘူး။

ဒီအချက်ကိုပဲ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က Radio Free Asia (RFA) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ-

““ဒီငြိမ်းချမ်းရေးညီလာခံကပေါ့နော်။ NCA ပြီးတာကို အသိအမှတ်ပြုတဲ့သဘောပါပဲ။ ဒီလိုပဲအစ်မနားလည် တယ်။ တကယ့်ငြိမ်းချမ်းရေးညီလာခံကတော့ နောက်တက်လာမယ့်အစိုးရအသစ်က လုပ်ရမှာပေါ့။ ၅ ရက် တည်းနဲ့တော့ ဘယ်လိုငြိမ်းချမ်းရေးလုပ်နိုင်မလဲ”” ဆိုပြီး ပြောကြားခဲ့ပါတယ်။

NCA အသိအမှတ်ပြုပွဲလို့သာ နာမည်တပ်သင့်တဲ့ပွဲပါပဲ။ အနှစ်မပါအကာကို အကြီးကြီးလုပ်ပြီး နာမည်အကြီး ကြီးတပ်၊ လူတွေအများကြီးခေါ်၊ ဘာအဖြေမှ မထွက်အောင် လုပ်တတ်တာကတော့ ဦးသိန်းစိန်အစိုးရရဲ့ အလေ့အထလို့တောင် ခေါ်နိုင်နေပါပြီ။ ဆွေးနွေးမှုတွေကို စုစည်းတာဖြစ်တယ်လို့ ဦးသိန်းစိန်ပြောဆိုပေ မယ့် လူတွေအများကြီးရဲ့ ဆွေးနွေးမှု၊ စုစည်းမှုဆိုတာဟာ ပြန့်ကျဲနေတတ်ပြီး ဘယ်လိုမှ အရာမရောက်နိုင်ပါဘူး။ အမျိုးသား ညီလာခံဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ အစိုးရ အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့၊ တိုင်းရင်းသားခေါင်းဆောင်အစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများအစု အဖွဲ့တွေ ပါဝင်ပြီး လူပေါင်း ၆၀၀ ကျော်ကို တက်ရောက်စေခဲ့တာပဲဖြစ်ပါတယ်။

၅ ရက်ပဲ ကျင်းပတဲ့ ညီလာခံမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေကတော့ ခံ့ညားထည်ဝါပါတယ်။ (၁) နိုင်ငံ ရေး- ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူ များ (ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုဆိုင်ရာ ကိစ္စရပ်များ) (၂) လူမှုရေး- ပြန်လည်နေရာချ ထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များထဲမှ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ ကိစ္စရပ်များ (၃) စီးပွားရေး- အခွန်ကောက်ယူခြင်း နှင့်ခွဲဝေခြင်း (၄) လုံခြုံရေး- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံ သင့်သည့်မူများ (၅) မြေ ယာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ၊ သဘာဝ သယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်း ဆိုင်ရာ ကိစ္စရပ်များဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံခေါင်းစဉ်တပ်ထားရင် အဓိကတကယ်ဆွေးနွေးရမှာက ““လုံခြုံရေး၊ နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့် မူများ”” ကဏ္ဍပါ။ လူတွေ စည်စည်ကားကား၊ ကဏ္ဍ တွေ အများအပြားနဲ့ ကျင်းပသွားတဲ့ပွဲကြီးမှာ ဘာတွေ အရာထင်ခဲ့ပြီး ဘာတွေအကျိုးသက်ရောက် မှုရှိခဲ့လဲဆို တာကတော့ တက်ရောက်သူတွေသာ အသိဆုံးဖြစ်မှာပါ။ သမ္မတ ဦးသိန်းစိန်ကတော့ပထမနေ့အဖွင့် မိန့်ခွန်း ပြောအပြီးမှာပဲပြည်ထောင်စု ၀န်ကြီး တချို့ခြံရံပြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်၊ သူရဦးရွှေမန်းတို့ မိန့်ခွန်း ပြောတာကို တောင်နားမထောင်ဘဲ ပြန်လည်ထွက်ခွာသွားပါတယ်။ နိုင်ငံတကာမှာ မျက်နှာပန်း လှရုံသက်သက် အစိုးရသက်တမ်းကုန်ခါနီး တက်သုတ်ရိုက်ကျင်းပရတဲ့ပွဲမို့ သမ္မတကြီး စိတ်မ၀င်စားလေသလား လို့ ဝေဖန်သံ တွေလည်း ထွက်လာပါတယ်။

လူများပြီး မစည်တဲ့ပွဲဖြစ်ပေမယ့် တကယ်မဖြစ်မနေ တက်ရောက်သင့်တဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး တက် ရောက်အောင်တော့ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ အားလုံးပါဝင်ရေးဆိုရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ဖို့က ပိုမိုအရေးပါပါတယ်။

NLD ဦးဆောင်မယ့်အစိုးရသစ်ရဲ့ နိုင်ငံတည်ဆောက်ရေးမှာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိရေး ဟာ အရေးအပါဆုံး အခန်းကဏ္ဍက ပါဝင်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုရင် ပဋိပက္ခရဲ့ အခြေခံအကြောင်းတရားတွေကို ရှာဖွေရပါလိမ့်မယ်။ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ပဋိပက္ခအခြေခံ အကြောင်းတရားထဲမှာ တရားမျှတမှု ချိန်ခွင်လျှာ မညီမျှမှုက အခြေခံကျပါတယ်။ တရားမျှတမှု ရှုထောင့်မှာ (၁) ၂၀၀၈ ဖွဲ့စည်းပုံ၏ တရားမျှတမှုအတွက် အာမခံချက်မရှိခြင်း (၂) သယံဇာတနဲ့ အခွင့်အရေးတွေမှာ မမျှတတဲ့ ခွဲဝေမှုတွေရှိနေခြင်း (၃) ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေမှာ အလေးထား အသိ အမှတ်ပြုခံရမှု အားနည်းခြင်း (၄)ဆွေးနွေးအဖြေရှာရာမှာ ပဋိပက္ခနဲ့သက် ဆိုင်သူအားလုံး ပါဝင်မှုမရှိခြင်း စတာ တွေဟာ နောင် ၃နှစ်က ၅နှစ်အတွင်း ကျင်းပမယ့် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ညီလာခံကြီးမှာ အဓိက ဆွေးနွေးအဖြေရှာရမယ့် အကြောင်းအရာများအဖြစ် ပါဝင် လာပါလိမ့်မယ်။

ငြိမ်းချမ်းရေးအတွက် တရားမျှတမှု လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ဟာ ပြည်သူ့ အောင်ပွဲဆိုပေမယ့် တရားမျှ တမှုကိုတော့ ပြည်သူတွေ အပြည့်အ၀မခံစားရ သေးပါဘူး။ တရားမျှတမှုအတွက် ဆက်လက် ရုန်းကန်တောင်း ဆိုကြရပါဦးမယ်။

၁၉-၁-၂၀၁၆

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

အရင်တပါတ်တုံးက၊ ကမ္ဘာ့ရေနံဈေး ကျရတဲ့အကြောင်းကို ရေးပြခဲ့ပါတယ်။ ရေနံထုတ်တဲ့ အာရပ်နိုင်ငံ ၁၂ နိုင်ငံပါဝင်တဲ့ OPEC အဖွဲ့ကြီးရဲ့ ရေနံလျှော့ချဖို့ တိုက်တွန်းချက်ကို မနာခံပဲ၊ အဖွဲ့အတွင်း သြဇာအရှိဆုံး အဖွဲ့ဝင်တနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ၊ ရေနံတွေတိုးထုတ်နေလို့ ၊ကမ္ဘာ့ဈေးကွက်မှာ၊ ရေနံတွေ အလျှံပယ်များလာပြီး၊ ရေနံဈေးဟာ ၆ လအတွင်း ရေနံစိမ်း အမေရိကန်ဒေါ်လာ ၁၀၀ လောက်ကနေ ဒေါ်လာ ၅၀နီးပါးအထိ တဝက်နီးပါး ထိုးကျလာတယ်ဆိုတာ ရေးပြခဲ့ပြီးပါပြီ။

တကယ်တော့ အဖွဲ့ဝင်၁၂ နိုင်ငံထဲမှာ၊ ရေနံအများဆုံးထုတ်ပြီး သြဇာအရှိဆုံးဟာ ဆော်ဒီနိုင်ငံပါ။ အရင်က၊ ရေနံဈေးတက်လာအောင်အဖွဲ့ဝင်နိုင်ငံအားလုံးက၊ ရေနံကို အချိုးကျ လျှော့ချထုတ်ကြဖို့ OPEC အဖွဲ့ကြီးက တိုက်တွန်းတိုင်း ဆော်ဒီနိုင်ငံပဲ အမြဲတမ်းလိုက်နာခဲ့ပြီး ရေနံလျှော့ထုတ်နေကျပါ။ ကျန်၁၁နိုင်ငံဟာ အဖွဲ့ကြီရဲ့ ရေနံလျှော့ထုတ်ဖို့ ၊တိုက်တွန်းချက်ကို ဘယ်တုံးကမှမလိုက်နာခဲ့ လျှော့မထုတ်ခဲ့ကြပါဘူး။

အခု ရေနံဈေးတွေ ထိုးကျတဲ့အချိန်မှာ ဆော်ဒီနိုင်ငံဟာ ရေနံကို လျှော့မထုတ်တဲ့အပြင် ဘာကြောင့်တိုးပြီး ထုတ်နေရတာလဲဆိုတာ သိချင်လို့ လေ့လာကြည့်လိုက်တော့ အောက်ဖေါ်ပြပါ စိတ်ဝင်စားစရာအကြောင်းတွေ တွေ့မိပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စက်မှုထိပ်တန်းနိုင်ငံတခုမို့ သူ့စက်ရုံတွေ လည်ပတ်ဖို့ ရေနံတွေ အများကြီးအမြဲတမ်း လိုအပ်နေပါတယ်။ သူ့နိုင်ငံမှာ ရေနံတွေ အများကြီးထွက်ပေမဲ့ ပြည်တွင်း လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်လို့ နိုင်ငံခြားကရေနံတွေ အများကြီး တင်သွင်းရပါတယ်။ အဓိက သွင်းရတဲ့နိုင်ငံတွေကတော့ OPEC အဖွဲ့ဝင် အာရပ်နိုင်ငံတွေကပါပဲ။ တနည်းအားဖြင့် အာရပ်နိုင်ငံတွေကို ရေနံနဲ့ပတ်သက်ပြီး မှီခိုနေရတာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး အမေရိကန်နိုင်ငံဟာ ရှေးလ်ရေနံ (shale_oil) ဆိုတာ စတင်တွေ့ရှိ ထုတ်လုပ်လာပါတယ်။ ရှေးလ်ရေနံဆိုတာ ရေနံတွင်းတွေမှာတွေ့ရတဲ့ သဘာဝအလျောက် မြေအောက်မှာ အောင်းနေတဲ့ ရေနံစိမ်းမျိုးမဟုတ်ပါဘူး မြေအောက်က ကျောက်တုံး ကျောက်ခဲတွေထဲမှာ စိမ့်ဝင်နေတဲ့ ရေနံအမျိုးအစားဖြစ်ပါတယ်။

အဲဒီရေနံကို ထုတ်ယူပုံကတော့ မြေအောက်ထဲက ရေနံရှိတဲ့ ကျောက်စိုင်ကျောက်ခဲတွေကို အပူချိန် အရမ်းမြင့်တဲ့မီးနဲ့ လျောင်မြိုက်စေပြီး စိမ့်ထွက်လာတဲ့ရေနံတွေကို မြေကြီးထဲက စုပ်ယူရရှိတဲ့ ရေနံဖြစ်ပါတယ်။ တွင်းထဲက တိုက်ရိုက်စုပ်ယူလို့ရတဲ့ ရေနံစိမ်းနဲ့အာနိသင်ချင်း အတူတူပါပဲ။ အဲဒီရှေးလ်ရေနံဟာ ထုတ်ယူရတဲ့ ကုန်ကျစရိတ်ကြီးလို့ တွင်းထဲက တိုက်ရိုက်စုပ်ယူရရှိတဲ့ရေနံစိမ်း (crude_oil) ထက် ဈေးအများကြီး မြင့်ပါတယ်။

အဲဒီရှေးလ်ရေနံတွေကို ဈေးကြီးလို့ အများကြီးမထုတ်နိင်ခဲ့ကြပါဘူး။ ထုတ်လို့ရတဲ့အဲဒီရှေးလ်ရေနံတွေကိုလဲ အမေရိကန်ပြည်တွင်းမှာပဲ ရေနံချက်ပြီး သုံးပါတယ်။ လိုအပ်တဲ့ရေနံတွေကို OPEC အဖွဲ့ဝင် အာရပ်နိုင်ငံတွေကပဲ ဝယ်နေရပါတယ် တနည်းအားဖြင့် အမေရိကန်နိုင်ငံဟာ ရေနံအတွက် အာရပ်နိုင်ငံတွေကို နှစ်ပေါင်းများစွာ မှီခိုခဲ့ရပါတယ်။

ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ရှေးလ်ရေနံထုတ်လုပ်တဲ့ နည်းပညာတွေ တိုးတက်လာတဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်စပြီး ရှေးလ်ရေနံရဲ့ဈေးနူံးဟာ အာရပ်နိုင်ငံရဲ့ ရေနံဈေးနီးပါး ကျဆင်းလာပါတယ်။ တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံမှာ ရှေးလ်ရှိတဲ့ရေနံကွက်တွေ အမြောက်အများ တွေ့လာကြတယ်။ အမေရိကန်ဟာ သူ့နိုင်ငံမှာသုံးလို့ ပိုလာတဲ့အဲဒီရေနံတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချပါတော့တယ်။

သူ့ရေနံတွေကို ဘယ်သူတွေဝယ်ကြသလဲ။ တသက်လုံး အာရပ်နိုင်ငံတွေရဲ့ ရေနံဈေးနူံး ချယ်လှယ်သမျှခံခဲ့ရတဲ့ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်စတဲ့ ရေနံမထွက်တဲ့ အီးယူနိုင်ငံတွေပေါ့။ ဈေးနူံးချင်းတူမှတော့ သူတို့ရဲ့ မဟာမိတ်နိင်ငံ အမေရိကန်ကိုပဲ အားပေးကြတာပေါ့။ တဖြေးဖြေးနဲ့ အမေရိကန်ဟာ အာရပ်နိုင်ငံတွေရဲ့ ဈေးကွက်တွေကို ဝင်ယူလိုက်သလို OPEC အဖွဲ့ကြီးရဲ့ အဓိက ရေနံစီးပွားရေးပြိုင်ဖက်ကြီး ဖြစ်လာပါတယ်။

အဲဒီမှာ OPEC အဖွဲ့ကြီးစိုးရိမ်မှုနဲ့ စတင်တုန်လှုပ်လာတယ်။ သူတို့ဆီက တသက်လုံး ရေနံဝယ်နေတဲ့ အနောက်နိုင်ငံတွေဟာ ခုတော့အမေရိကန်ဆီမှာ ဝယ်ကုန်ကြလို့ သူတို့ရဲ့ဈေးကွက် ပျောက်မှာ ကြောက်လာပြီ။ ဒီတော့ OPEC အဖွဲ့ကြီးရဲ့ ရေနံအများဆုံးထုတ်တဲ့ ဆော်ဒီနိုင်ငံဟာ အရင်ထုတ်နေကျ ရေနံပမာဏထက်ပိုပြီး နေ့စဉ်ထုတ်ပါတော့တယ်။ ရေနံတွေ မတရားထုတ်လိုက်ရင် ရေနံဈေးတွေ မတရားကျဆင်းလာအောင်လို့ပါ။

ရည်ရွယ်ချက်ကတော့ ရေနံဈေးတွေ မတရားကျလာရင် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားတဲ့ အမေရိကန်ရဲ့ ရှေးလ်ရေနံတွေ ဈေးမလျှော့ချနိုင်တော့လို့ အနောက်နိုင်ငံတွေက အမေရိကန်နိင်ငံက ရေနံတွေမဝယ်ကြတော့ပဲ သူတို့ဆီက ပြန်ဝယ်အောင် လုပ်လိုက်တာပါ။ တနည်းအားဖြင့် ပြောရရင် လက်လွှတ်ဆုံးရှုံးသွားတဲ့ ဈေးကွက်ကို ပြန်ယူဖို့ကြိုးပမ်းလိုက်ခြင်းပါပဲ။

တနေ့ကပဲ အမေရိကန်က တချို့ရေနံကုမ္ပဏီ အသေးလေးတွေဟာ တွက်ချေမကိုက်တော့လို့ ရှေးလ်ရေနံ ဆက်မထုတ်တော့ဘူးလို့ သတင်းစာမှာဖတ်ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာ ဒီလောက်နဲ့မပြီးသေးပါဘူး။ ဆော်ဒီနိုင်ငံဟာ ရေနံတွေ အရင်နေ့စဉ် ထုတ်နေတာထက် ပိုမိုထုတ်ပြီး ရေနံဈေးတွေ ထိုးကျအောငက် လုပ်လိုက်တာဟာ ခဲတလုံးနဲ့ ငှက် ၃ ကောင်ကို ပစ်လိုက်တာပါ။ ဘာဆိုလိုသလဲဆိုတာ ရှင်းပြပါ့မယ်။

ပစ်လိုက်တဲ့ ပထမငှက်တကောင်ကတော့ စောစောကရေးပြခဲ့သလို အမေရိကန်ရဲ့ တဖြေးဖြေးကြီးထွားလာတဲ့ ရှေးလ်ရေနံဈေးကွက်ကို သူတို့ဆီ ပြန်ရောက်လာအောင်ရယ် အမေရိကန်ရဲ့ ရေနံထုတ်လုပ် တင်ပို့နေတာတွေကို ရပ်ဆိုင်းသွားပြီး နာလန် မထူနိုင်အောင် လုပ်လိုက်တာပါ။

ဒုတိယငှက် ၂ ကောင်အကြောင်းမပြောခင် နဲနဲရှင်းပြချင်တာရှိပါတယ်။ OPEC အဖွဲ့ဝင်နိုင်ငံထဲ မပါဝင်ပေမဲ့ ကမ္ဘာမှာ ရေနံအများဆုံး ထုတ်နေတဲ့နိုင်ငံတွေလဲ ရှိကြပါတယ်။ ရုရှား၊ အမေရိကန်၊ တရုပ်၊ ကနေဒါနဲ့ အီရန်နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဆော်ဒီနိုင်ငံဟာ ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့ အီရန်နိုင်ငံတွေနဲ့ အဆင်မပြေပါဘူး။ အဲဒီတော့ ဆော်ဒီဟာ အဲဒီ ၂ နိင်ငံကို စီးပွားရေးနဲ့ အလဲထိုးအနိုင်ယူဖို့ ကြံစည်ပါတော့တယ်။

အဲဒီ ၂ နိုင်ငံစလုံးဟာ နိင်ငံရဲ့ အဓိကဝင်ငွေ ၅၀ ရာခိုင်နူံးနီးပါးကို ရေနံရောင်းချလို့ရတဲ ငွေတွေကနေ ရနေတာပါ။ သူတို့ရဲ့ နိုင်ငံ့ဝင်ငွေ တဝက်လောက်ဟာ ရေနံ ထုတ်လုပ်ရောင်းချရတဲ့အပေါ်လုံးဝမှီခိုနေကြရပါတယ်။ အီရန်ဟာ အနုမြူလက်နက်ထုတ်တဲ့ စက်ရုံတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ခံနေရလို့ ရေနံဝယ်မဲ့နိုင်ငံ အတော်ရှားနေပါပြီ။

ထိုနည်းအတူ ရုရှားဟာလဲ အိမ်နီးချင်း ယူကရိမ်းနိုင်ငံကို ကျူးကျော်ဝင်ရောက်လို့ အမေရိကန်နဲ့အီးယူနိုင်ငံတွေရဲ့ စီးပွားပိတ်ဆို့ ဒဏ်ခတ်မှုကို အကြီးအကျယ်ခံစားနေရပါတယ်။ စီးပွားရေးပိတ်ဆို့ခံနေရလို့ ၂ နိုင်ငံစလုံးရဲ့ စီးပွားရေး အတော့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရပါပြီ။ ဒီထဲက ရေနံဈေးကျလို့ သူတို့ရေနံတွေကို ဝယ်သူအနဲငယ်ကိုပဲ ဈေးနိမ့်နိမ့်နဲ့ ရောင်းချရပြန်တော့ သူတို့နိင်ငံတွေရဲ့ ဝင်ငွေဟာ အတော်ကျဆင်းသွားပါတယ်။

အကျိုးဆက်ကတော့ နိုင်ငံစုဆောင်းငွေ (national_reserve_money) တွေအရမ်းနဲပါးသွားပြီ။ နိုင်ငံတော်ဘတ်ဂျက်မှာ လိုငွေတွေပြနေပြီ။ နိုင်ငံခြားချေးငွေတွေကို အချိန်မှီပေးဆပ်ဖို့ အခက်အခဲကြုံနေရပြီ။ သူတို့ရဲ့ ငွေကြေးတန်ဖိုးဟာလဲ အတော်ကျဆင်းသွားပြီ။ ကုန်ဈေးနူံးတွေ တက်လာတယ်။ ဒီထက် အခြေအနေဆိုးလာရင် ပြည်တွင်းအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။ အစိုးရပြုတ်ကျသွားနိုင်တယ်။ အဲဒီလို ဒုက္ခပေါင်းစုံ ကြုံနေရတဲ့ ၂ နိုင်ငံကို သူတို့ရဲ့ ရေနံဝင်ငွေတွေ လျော့နဲသွားအောင် ဆော်ဒီနိုင်ငံက ရေနံဈေးထိုးကျအောင် ဖန်တီးလိုက်တာပါ။

အချုပ်ပြောရင်တော့ ဆော်ဒီနိုင်ငံဟာ ရေနံဈေးနူံးဆိုတဲ့ ခဲတလုံးနဲ့ အမေရိကန်၊ အီရန်၊ ရုရှား ငှက် ၃ ကောင်ကို ပစ်ထဲ့လိုက်တာပါ။ သူ့ရဲ့ပြိုင်ဖက်အကောင်ကြီး ၃ ကောင်ကျဆုံးသွားရင် ရေနံတွေ ပြန်လျှော့ထုတ်ပြီး ရေနံဈေး ပြန်မြှင်တင်ပါလိမ့်မယ်။ အကြံကြီးတဲ့ ဆော်ဒီနိုင်ငံပါ။ အဲဒီအကြံအစည်ကို သဘောကျလို့လဲ OPEC အဖွဲ့ကြီးဟာ သူ့တိုက်တွန်းချက်ကို မနာခံရကောင်းလားဆိုပြီး ဆော်ဒီနိုင်ငံကို အရေးယူခြင်း အလျင်းမလုပ်ခဲ့တာပေါ့။

သူ့အဖွဲ့ဝင်နိုင်ငံတွေကို ရေနံလျှော့ထုတ်ဖို့ တိုက်တွန်းကြောင်းကို ကမ္ဘာသိအောင်ကြေငြာနေပေမဲ့ နောက်ကွယ်မှာတော့ ရေနံတွေတိုးထုတ်ကြဖို့ အားပေးနေမှာပါ။ စိတ်ဝင်စားစရာ မေးခွန်းတခုရှိပါတယ်။ အဲဒီလို ဆော်ဒီနိုင်ငံဟာ ရေနံတွေအများကြီးထုတ်ပြီး ဈေးနူံးနိမ့်နိမ့်နဲ့ ရောင်းနေရင် ကြာရင် သူ့နိုင်ငံရဲ့ဝင်ငွေကို မထိခိုက်ဖူးလားလို့။ ဆော်ဒီနိင်ငံရဲ့ နိုင်ငံ့စုဆောင်းငွေဟာ ဒေါ်လာဘီလီယံ ထောင်နဲ့ချီရှိပါတယ်။

သူ့နိုင်ငံက သဲကန္တာရတွေမှာ မတူးဖော် မထုတ်ရသေးတဲ့ မြေအောက်ရေနံသိုက်ကြီးတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ခန့်မှန်းချေ ရေနံစည်ပေါင်း ၂၂၅ ဘီလီယံ မြေအောက်ထဲမှာ ရှိနေပါသေးတယ် ရေနံကို အခုလက်ရှိ နေ့စဉ်ထုတ်နှုန်းနဲ့ ထုတ်နေရင်တောင် နောင်အနှစ် ၅၀-၁၀၀ အထိခံပါသေးတယ်။ ဒါ့အပြင် ဆော်ဒီနိုင်ငံရဲ့ ဝင်ငွေဟာ ရေနံတခုထဲက ရတာမဟုတ်ပါဘူး။

ကမ္ဘာလှည့်ခရီးသည်တွေနဲ့ နှစ်စဉ်သန်းနဲ့ချီ ဝင်လာတဲ့ မက္ကာဘုရားဖူးတွေဆီကလဲ ဝင်ငွေတွေ အကြီးအကျယ် ရနေပါတယ်။ ဒီလို ရေနံဈေး ဆက်ကျနေအုံးမယ်ဆိုရင်တောင် ဆော်ဒီဟာ သူ့နိုင်ငံရဲ့ စုဆောင်းငွေကို မလျော့ကျအောင် နောက်ထပ်၁နှစ်၊၂ နှစ်လောက်တော့ ဆက်တောင့်ခံနိုင်လိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

နောက်ပြီး သတိမူစေချင်တာလေးတခုက အာရပ်နိုင်ငံတွေမှာ ရေနံစိမ်းကို ရေနံတွင်းတိမ်တိမ်တွေက ထုတ်ယူရတာမို့ ရေနံတွင်းတူး ကုန်ကျစရိတ်အလွန်နဲပါတယ်။ ရေနံစိမ်း ဈေးတစည်ကို ဒေါ်လာ၄၀လောက် (လောလောဆယ် ဒေါ်လာ ၅၀ ဝန်းကျင်ရှိနေ ကျသွားရင်တောင်မှ သူတို့ရဲ့ရေနံရောင်းချမှုမှာ မရှူံးနိင်သေးပါဘူး။

ခေတ်မှီနည်းစနစ်သုံးပြီး ခက်ခက်ခဲခဲ ထုတ်လုပ်ရတဲ့ ရှေးလ်ရေနံကတော့ ရေနံစိမ်းတစည်ကိုဒေါ်လာ ၅၀ အောက်ကျလာရင် အဲဒီဈေးနဲ့မရောင်းနိုင်တော့ပါဘူး။ ရေနံထုတ်လုပ်စရိတ် မကာမိလို့ အရှုံးပေါ်တော့မှာပါ ရှေးလ်ရေနံ ထုတ်လုပ်တာတွေ ရပ်ပစ်ရတော့မှာပါ။

အခုရေနံဈေးနူံးတိုက်ပွဲမှာ နောက်ဆုံး ဘယ်သူအနိုင်ရမလဲ စောင့်ကြည့်ကြတာပေါ့။ ဘယ်သူပဲ နိုင်နိင်ပါ အခုလောလောဆယ်တော့ ရေနံတင်သွင်းနေရတဲ့နိုင်ငံတွေ ရေနံကို ဈေးသက်သက်သာနဲ့ ဝယ်ကြရလို့ အမြတ်ထွက်နေကြပါတယ်။ ဒါပေမဲ့ ဝမ်းနဲစရာတခုကတော့ ရေနံတင်သွင်းနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ကျဈေးနဲ့ဝယ်တဲ့ ရေနံ၊ ဒီဇယ်၊ ဓာတ်ဆီတွေကို ပြည်တွင်းမှာ လူထုကိုဈေးသက်သာစွာနဲ့ မဖြန့်ဖြူးပေးနိုင်သေးတာပါပဲ။

( credit to original writer )
Credit to TP
Photo Credit to Original

 tnla-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ သောကြာနေ့ ညပိုင်းက လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲ တာကြောင့် မြို့ခံ ၃ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ည ၁၂ နာရီကျော်ကျော်လောက်မှာ နမ့်ဆန်မြို့ပေါ်ရှိ မင်္ဂလာရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ နမ့်ဆန်မြို့နယ်က တအာန်းပလောင်အမျိုးသား ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက ပြော ပါတယ်။

အခုလို လက်နက်ကြီးနဲ့ပစ်ခတ်တာဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်တာလဲဆိုတာ မသိရသေးဘူး လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ နမ့်ဆန်မြို့ ဆေးရုံမှာ လက်ရှိကုသနေကြရပြီး အဲဒီထဲက ကလေးငယ် တစ်ယောက်ဟာ ဒဏ်ရာပြင်း ထန်တဲ့အတွက် လားရှိုးဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲ ၊ သီပေါမြို့နယ်တစ်ဝိုက်တို့မှာ တအာန်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ဟာ အစိုးရတပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီရက်ပိုင်းအတွင်း ပိုမိုပြင်းထန်တယ်လို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/weapon-shot-north-shan-state-01232016231715.html

တိုက်ကားကြီး ဟီးနေတဲ့ အမေတွေရှိတယ်
ဆိုက်ကားစီးနေတဲ့ အမေတွေရှိတယ်

နန်းရိပ်ထီးရိပ်က အမေတွေရှိတယ်
ထန်းရိပ် မန်ကျည်းရိပ်က အမေတွေရှိတယ်

တိုက်ထဲဝင်နေတဲ့အမေတွေရှိတယ်
တိုက်ပွဲ ဝင်နေတဲ့ အမေတွေရှိတယ်

စိန်နဲ့ရွှေနဲ့ အမေတွေရှိတယ်
အိမ်မဲ့မြေမဲ့ အမေတွေရှိတယ်

ရုန်းကန်နေတဲ့ အမေတွေရှိတယ်
ဗုံးမှန်နေတဲ့ အမေတွေရှိတယ်

အချိုကြိုက်နေတဲ့အမေတွေရှိတယ်
ငိုရှိုက်နေတဲ့ အမေတွေရှိတယ်

အရီသန် သန်နေတဲ့အမေတွေရှိတယ်
ကျည်ဆံ မှန်နေတဲ့အမေတွေရှိတယ်

ကောင်းစားနေတဲ့အမေတွေရှိတယ်
တောင်းစားနေတဲ့အမေတွေ ရှိတယ်

ရန်စ ကလော်တုတ်နေတဲ့အမေတွေရှိတယ်
ဆန္ဒဖော်ထုတ်နေတဲ့ အမေတွေ ရှိတယ်

အောင်ဆန်းကိုမွေးတဲ့အမေရှိတယ်
ဟို ကယောင်ကတန်းကောင်ကြီးကို မွေးတဲ့
အမေ ရှိတယ်

အိမ်ငှါးပြီးအပူကပ်နေတဲ့အမေ
တွေရှိတယ်
စိန်ငှားပီးလူသတ်နေတဲ့အမေတွေ
ရှိတယ်

ထောင်လမ်းနင်းတဲ့အမေရှိတယ်
အောင်ပန်း....သင်းမဲ့
အမေရှိတယ်။

‪#‎အမေ့နေ့မှာအမေတွေအားလုံးကျန်းမာကျပါစေ‬

မောင်သင်းပန်ရဲ့ကဗျာလေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီးပွားရေးကော်မတီဝင်များ ယနေ့  နံနက် ၇း၀၀ လောက်က
ဂျပန်အစိုးရ၏ ဖိတ်ခေါ်မူ့ ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ သို့  နာရီတာလေးဆိတ်မှတဆင့် ရောက်ရှိလာကြရာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ကြိုဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီးပွားရေးကော်မတီဝင်များ

၁။ ဦးမျိုးမြင့် (Member of Economic Committee)
၂။ Dr. ဦးသန်းမြင့် (Member of Economic Committee)
၃။ ဦးလေးညွန့် ( Member of Economic Committee)
၎။ ဦးစိုးဝင်း (Member of Economic Committee)
၅။ ဦးမြင့်သောင်း (Advisor of Economic Committee)
၆။ Dr. ဦးကျော်ဝင်း (Advisor of Economic Committee)
၇။ Dr. ဦးမောင်မောင်စိုး (Advisor of Economic Committee)
၈။ ဦးသိန်းဦး (Admin Officer)
၉။ ဦးအာခီရှ (State Parliament - Kachin)
၁၀။ ဦးလင်းလင်းကျော် (Regional Parliament - Bago)
၁၁။ ဦးစိုင်းကျာ်ဇော (Shan Ethnic Minster - Mandalay)
၁၂။ ဒေါ်အောင်ကြည် (Regional Parliament - Saging)
၁၃။ ဒေါ်မြသိမ်ဂီ င်္မော် (State Parliament - Mon)
၁၄။ ဒေါ်နော်ပန်တင်ဇာမျိုး (Karen Ethnic Minster - Yangon )
၁၅။ ဒေါ်ရီရီထွန်း ( Regional Parliament - Ayeyarwaddy)
.
Credit : Mya Thein

အမေရေ.. အမေ ဒီမှာ သမ္မတ ဘယ်သူ ဖြစ်မလဲ ဆိုတာ ဂျာနယ်ထဲ ပါလာပြီ၊

သား .. ဖြစ်သူ က အမေအား ၀မ်းသာအားရ ပြရှာသည်။

အကြော် ဖို တွင် မှိုင်းဝနေသော မီးပြောင်းကို ပါးစပ်မှ တရှုးရှုး မှုတ်နေရင်း ချွေးတွေ စီးကျ လာနေသည်ကို တဘက်နှင် တဖက်က သုတ်ရင်း အမေဖြစ်သူက သူဘာသာ ဘယ်သူ သမ္မတ ဖြစ်ဖြစ် နင့် အရေးလား နင့်ကို ဘယ်သူက ထမင်း လာကျွေးမှာလဲ ကိုယ့် အလုပ်ကိုယ်လုပ်၊

ဤသို့သော အယူအဆ များက အခြေခံလူတန်းစားများ အကြားတွင် ပျံ့နှံ့နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ၊ မဲ ထည့်ရမည် ဆို၍ သာ မတရားမှုများကို နေ့စဉ် ပြောင်ပြောင်ကြီး ကျူးလွန်နေကြသူများကို ရှောင်ကျဉ်၍ မဲထည်ရမှန်းသိ့ ခဲ့ကြပေမယ့် အခြား ဘာကိုမှ မျှော်လင့်ချက် ရှိခဲ့ပုံမရသူများ က အများအပြားပင်။

ဤသည်မှာလည်း ၎င်းတို့အား အပြစ်ဆို၍ မရစကောင်း။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် နေမအား ညမအား ရေးသား ခဲ့သော အခြေခံ ဥပဒေ ကို နာရီပိုင်းအတွင်း ဆွဲဖြဲ လိုက်ကြကာ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်မှာ ၁၉၆၂ က စ၍ ရေတွက်မည် ဆိုလျင် အခုအခါ ၅၃ နှစ် ပင် ရှိပြီး ရာစုနှစ်ဝက်ပင် ကျော်လွန်လာခဲ့ရချေပြီ။ ထိုအတွင်း မျက်နှာများသာ အသီးသီး ပြောင်းသွားကြသော်လည်း အကျင့်စရိုက်များက ဒီပုတ်ထဲက ဒီပဲကြီးများသာ တွေ့ခဲ့ကြရသည်။ ပြည်သူများ ဆန္ဒ ဖြစ်သင့်သည်များကို လုံးဝ အရေးမထား၊ ငါ့မြင်း ငါဆိုင်း စစ်ကိုင်းရောက်ရောက် ဆိုသူများသာ အသီးသီး အုပ်ချုပ်လာခဲ့ကြသည်။

ထို့အတွက် တိုင်းပြည်အရေးသည် မိမိတို့ကဲ့သို့သော လူတန်းစားများနှင့် ဘာမျှ မဆိုင်ဆိုသော အယူအဆ လွှမ်းမိုးလာခဲ့သည်မှာလည်း တကယ်တော့ အဆန်းဟု မဆိုနိုင်၊

မြန်မာပြည်သူများသည် ယခုမှ တကယ့် အစိုးရ အပြောင်းအလဲ ကို နှစ်ပေါင်း ၅၃ နှစ်အတွင်း နဖူးတွေ့ ဒူးတွေ့ ကြုံလာရတော့မည် ဖြစ်သည်။ သို့ အတွက် လူအများက ရင်မောစွာ စောင့်မျှော်လာနေကြသည်။

အနိုင်ရ ပါတီကြီးက တုတ်တုတ်မျှ မလှုပ်သေး၊ ကက်ဘိနက် line up တောင် ချပြနိုင်ခြင်း မရှိသေး၊ လွှတ်တော် အသစ် တက်ရောက်ရန် အမတ်မင်းများက တဖွဲဖွဲ နှင့် နေပြည်တော်သို့ ရောက်ရှိလာနေကြပြီ ဖြစ်သည်။

ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးညဏ်ဝင်းမှ လွှတ်တော် ဥက္ကဌ ရာထူးများအတွက် လျာထား ထားသူများကို သတင်းထောက်ကို ထုတ်ပြောလိုက်သည်။ နောက်တနေ့မှာပင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီ ပြောရေးဆိုခွင့် ရှိသူ ရာထူးကို ရယူ လိုက်ရသည့် အခြေ ဆိုက်သွားခဲ့ရသည်။

ဦးညဏ်ဝင်းလို လူမျိုးက ပါတီ ပြောခွင့်ရ သူ အဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့သူ၊ သတင်းထောက်များနှင့် ဘယ်လို ပြောဆိုရမည်ကို ကောင်းစွာ သိကျွမ်း နားလည်ထားသူ တဦး။ အလကားနေ အမှတ်မဲ့ လျှာ ခလုတ်တိုက်ခြင်းတော့ မဖြစ်တန်ရာ။ သူ့အနေနဲ့ ပြည်သူများ သိသင့်သည်ဟု ထင်မြင်မိ၍ တမင် ထုတ်ပြောလိုက်ခြင်း ဖြစ်ပုံရသည်။

သို့သော တိုင်းပြည်အတွက် စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အရ ဖေါ်ဆောင်နိုင်ရန် သူမရဲ့ ကျန်ရှိနေသော နည်းပါးလာနေသည့် သက်တမ်းအတွင်း အမိအရ လုပ်ဆောင်ပေးလိုသည့် ဒေါ်အောင်ဆန်းစုကြည်မှ
နှစ်ပေါင်းများစွာ ခေါင်းမာ တယူသန်ဖြစ်နေသော တပ်မတော်နှင့် ကန့်လန့်ကာ နောက်ကွယ်မှ political horse trading လုပ်နေသည့် အတွက် အချိန် မတန်သေး ဟု ယူဆသည်။

ဤသည်ကို ကြည့်၍ သူမ နှင့် တပ်မတော် အကြား ထိတွေ့ဆက်ဆံနေမှုများသည် လွန်စွာ သိမ်မွေစွာ သွာ့းနေသည်ကို ပြဆိုနေပြီး ပြည်သူများ လိုလားသော ဆန္ဒသည် လက်တလုံးမျှသာ လိုတော့သည့် နှယ် သိမြင် ခံစားနေရသည်။

မပြီးခင် ဗမာ မမြင်စေနဲ့ စကားပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံသုံးစွဲနေပုံလည်း ရသည်။ ယခုလို စာနယ်ဇင်းများ ဖေ့ဘုတ်မှ တဆင့် ပလူပျံ အောင် လူတိုင်း ထင်ရာရေးနေကြသော အချိန်တွင် သူမ ကြိုးပမ်းမှု များ သဲထဲ ရေသွန် ဖြစ်ပြီး တိုင်းပြည်အတွက် စစ်မှန်သော ဒိမိုကရေစီ ဖေါ်ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပြည်သူတရပ်လုံး အတွက် ငြိမ်းချမ်းပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး လမ်းလွဲသွားနိုင်ပြီး နိုင်ငံရေး အခြေအနေများ ရှေ့မတိုး နောက်မဆုတ် မှုများနှင့်သာ ဖတ်သီဖတ်သီ ရှေ့ဆက် သွားကြရဘို့သာ ရှိသည်။

နောက်တချက် က အမျိုးသား ရင်ကြားစေ့ရေးကို အမှန်တကယ် ဖေါ်ဆောင်လိုနေသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော် နှင့် တိုင်းရင်းသား လူမျိုးများ အားလုံး လက်ခံနိုင်မည့် သူ များကိုသာ နေရာပေးလိုသည်။ အနိုင်ရ ပါတီ အနေဖြင့် မိမိ စိတ်ကြိုက် လုပ်ခွင့်ရှိသည်ဆိုသော်လည်း ဒီနေရာတွင် ပါတီ နိုင်ငံရေးထက် အမျိုးသား နိုင်ငံရေး ကို သူမ အနေဖြင့် ဦးစားပေး ဖေါ်ဆောင်နေသည်မှာ ထင်ရှားနေရပေသည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို မမှိတ်မသုံ ယုံကြည်ကြသော ပြည်သူများ အနေဖြင့် နောက်တလ လောက် စိတ်ရှည်သည်းခံကြဘို့ အရေး မည်သို့မျှ တုံလှုပ်ခြင်း ဖြစ်ကြမည် မဟုတ်ပေမယ့် ပြသာနာကို မီးခွက်ထွန်းရှာချင်နေသော လူအများ အဖို့ကား သည်းခံနိုင်စွမ်း ကုန်ခမ်းနေသည်မှာလည်း သဘာဝ ကျလှသော အားပြိုင်မှုကြီး တရပ်အဖြစ် တီးတိုး တဖုံ ကျယ်ကျယ်တဖုံ ဖြစ်ပေါ်လာနေရသည်ကို တွေ့ရသည်။

HSW
BrainWave ဉာဏ်လှိုင်း


မနေ့က မြန်မာပြည်တ၀ှမ်း အကျဉ်းထောင်ကြီး ၉ ခုမှ လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁၀၀ နီးပါးထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အကျဉ်းသား ၅၂ ဦး ပါလာပါတယ်။ ဒါ့အပြင် သေဒဏ် အပြစ်ပေးခံရသူ ၇၇ ဦးကို တသက်တကျွန်းအဖြစ် အပြစ်ဒဏ်မှ လျော့ချ ပေးလိုက်ပါတယ်။

လွှတ်ပေးလိုက်တဲ့ တရက်တည်းမှာပဲ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကာချုပ် ဓါတ်ပုံကို ခြေနဲ့နင်းထားတဲ့ ပုံကို ဖေ့စ်ဘုတ်မှာ ရှယ်ယာ လုပ်ခဲ့မှု နဲ့ ဖမ်းဆီးခံရတဲ့ ကချင် အမျိုးသား ပက်ထရစ် ခွန်ဂျာလီ ကို တော့ ထောင် ၆ လ ချ လိုက်ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာပဲ အလားတူ ပုဒ်မ နဲ့ ချစ်သမီး ကို ထောင် ၆ လ ချခဲ့ပြီး ဖြစ်ပါတယ်။

လွှတ်ပေးလိုက်သူတွေအထဲမှာ ဗုဒ္ဓ ရုပ်ပွားတော်ကို မဖွယ်မရာ ပြုမူမှု နဲ့ အဖမ်းဆီး ခံရတဲ့ နယူးဇီလန် နိုင်ငံသား ဖီလစ် ဘလက်ဝု နဲ့ အမှုတွဲတွေ ဖြစ်တဲ့ မြန်မာ လူမျိုး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဗုဒ္ဓဘာသာ ကို ခုတုံးလုပ်ပြီး သံဃာ အချင်းချင် စိတ်ဝမ်းကွဲ အောင် ပြုမူနေမှုများသည် ဗုဒ္ဓ တရားတော်များနဲ့ကိုက်ညီမှု မရှိဟု ဝေဖန် ပြစ်တင် စကား ပြောခဲ့တဲ့ စာရေးဆရာ ထင်လင်ဦးကတော့ ပုဒ်မ ချင်း အတူတူ အပြစ်ပေး ခံခဲ့ရပေမယ့် အခုထိ အကျဉ်းကျ ခံနေရဆဲ ဖြစ်ပါတယ်။

မြေယာ အငြင်းပွားမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ ထောင်ချခံခဲ့ကြရတဲ့ မိကျောင်းကန်မှ ၁၃ ဦးလည်း ပြန်လွတ်လာတဲ့ အထဲမှာ ပါပါတယ်။ ဒီ ၁၃ ဦးကို ဖယ်လိုက်ရင် မိမိယုံကြည်ချက်ကြောင့် အကျဉ်းချခံရတဲ့ သူ စုစုပေါင်း ၃၉ ဦးသာ ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ပညာရေး ဥပဒေနဲ့ပါတ်သက်ပြီး အဖမ်းဆီးခံ ကျောင်းသား တွေ ပြန်လွှတ်ပေးဘို့ မန္တလေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ကျောင်းသား နိုင်ရဲဝေ ကို လည်း ပြန်လွှတ်ခဲ့ပါတယ်။

သို့သော်လည်း လက်ပန်တန်း ကျောင်းသား ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွင်း ခံရမှု နဲ့ အတူ အဖမ်းဆီးခံရတဲ့ မဖြိုးဖြိုးအောင် နဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာထဲမှ တယောက်တလေမျှ ပြန်လွတ်လာခဲ့ခြင်း မရှိသေးပါဘူး၊

ဒီအတွက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ လယ်သမားကြီးမျာ၊ မီဒီယာ သမားများ နဲ့ နိုင်ငံရေး လှုပ်ရှား တက်ကြွသူ ပေါင်း ၄၀၀ လောက် အကျဉ်းထောင် အုတ်တံတိုင်း ထဲမှာ ကျန်နေဆဲ ဖြစ်ပြီး ၇၈ ယောက်က အပြစ်ဒဏ် ကျခံခဲ့ရပြီးဖြစ်ကာ ကျန်သူများကတော့ အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

အခုလို ပြုလုပ်ခဲ့တာကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အန်ထော်နီ ဘလင်ကင်ကြောင့်လား၊ ဒါမှ မဟုတ် သီတဂူ ဆရာတော် ဦးဆောင်ကျင်းပတဲ့ နိုင်ငံပေါင်းစုံ ဗုဒ္ဓဘာသာ ညီလာခံကြီး ကြောင့်လား ဆိုတာကတော့ ဓါတ်ပုံထဲမှာ ဆရာတော် ဘုရားကြီးနဲ ယှဉ်တွဲထိုင်နေတဲ့ ရက် ၄၀ အတွင်း ရာထူးက ဆင်းပေးရတော့မယ့် ဦးသိန်းစိန်သာ အသိဆုံး ဖြစ်ပါလိမ့်မယ်။

ကိုးကား၊ ၊ The various News Agencies.

HSW
BrainWave ဉာဏ်လှိုင်း



အမေရိကန်ပြည်ထောင်စုမှာ ဆောင်းအဝင်နောက်ကျလို့ နှင်းကိုမျှော်နေကြချိန် အလွန်ကြီးမားတဲ့ Jonas နှင်းမုန်တိုင်း တိုက်ခတ်လာပါတယ်။ အပြည့်အစုံကို မခွာညိုက တင်ပြထားပါတယ်။

နှင်းမုန်တိုင်း ဖြတ်သန်းသွားရာ ဒေသတွေအားလုံးမှာ စုစုပေါင်း သေဆုံးသူ ၉ ယောက်ရှိသွားပါပြီ။ မုန်တိုင်းကြောင်း မြို့တော်ဝါရှင်တန်ဒီစီ အပါအဝင် ပြည်နယ် ၁၀ ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားလိုက်ပြီး ကျောင်းတွေကိုလည်း တရားဝင် ပိတ်ထားပါတယ်။

ရထားပြေးဆွဲမှုတွေကိုလည်း ရပ်တန့်ထားသလို လူတွေကိုလည်း အိမ်ထဲမှာပဲနေကြဖို့ သတိပေးထားပါတယ်။ အမေရိကန်စံတော်ချိန် သောကြာနေ့ ညဦးပိုင်း၊ မြန်မာစံတော်ချိန် စနေမနက်ခင်းကစလို့ ကျနေတဲ့နှင်းထုဟာ အခုဆိုရင် မြို့တော် ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ နယူးယောက်မြို့တွေမှာ လက်မ ၃၀ ကျော်သွားပါပြီ။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက အခု အမေရိကန်စံတော်ချိန် စနေနေ့ညနေ ၃ နာရီကစပြီး အန္တရာယ်သတိပေးချက်ထုတ်ပြန်ပြီး ပြည်သူတွေကို အပြင်ထွက်ခွင့် သွားလာခွင့် ပိတ်ပင်လိုက်ပါပြီ။ နယူးယောက်မြို့မှာ အငှားကားမောင်းတဲ့ မြန်မာနိုင်ငံသား ကိုကျော်လွင်စိုးက နယူးယောက်မြို့ရဲ့အခြေအနေကို အခုလို ပြောပါတယ်။
နယူးယောက်နယူးယောက်

“နယူးယောက်မှာတော့ အပြင်မှာ လေလည်းတိုက်နေတယ်။ နှင်းလည်းကျနေတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီနေ့မနက်မှာ အရေးပေါ် အခြေအနေ ကြေညာထားပြီးတော့ ၂ နာရီခွဲမှာ အများပြည်သူ သွားလာရေးစနစ်တွေအားလုံးကို ရပ်နားမယ်။ အပြင်ကို ဘယ်သူမှ မထွက်နဲ့လို့ သူက ကြေညာထားပါတယ်။ Uber တက္ကစီတွေကလည်း မက်စေ့ခ်ျလာနေတယ်ဗျ။ ဘာပြောလဲဆိုတော့ အရေးပေါ် အခြေအနေ ဖြစ်တဲ့အတွက်ကို ၂ နာရီ ၃၀ မှာ သူတို့ရဲ့ စနစ်တွေကို ရပ်ထားတော့မယ်လို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ နှင်းစကျကတည်းက နားနေတာ။ ဘာကြောင့်လဲဆိုတော့ မမျှော်လင့်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က မထွက်တော့ဘူးခင်ဗျ။”

Uber ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုမှာ အငှားကားကို အလွယ်တကူနဲ့ ဈေးချိုချို အသုံးပြုနိုင်အောင် အွန်လိုင်းကနေ အငှားကားခေါ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်အတွင်းက ကမ်းစပ်မြို့တွေမှာတော့ နှင်းမုန်တိုင်းဒဏ်ကိုသာမက ပင်လယ်ဒီရေ ရိုက်ခတ်မှုကိုပါ ခံစားနေကြရပါတယ်။ ကာတွန်းဆရာ ဦးဝင်းထွန်းနေထိုင်ရာ Old Bridge မြို့ကလည်း ပင်လယ်ကမ်းစပ်နဲ့ ဆက်စပ်နေပြီး အခုအချိန်မှာ နယူးဂျာစီပြည်နယ်မှာတော့ နှင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကိုရော ပင်လယ်ဒီရေ တက်လာတဲ့ ရေကြီးမှုဒဏ်ကိုပါ ခံစားနေရကြောင်း ဦးဝင်းထွန်းက အခုလို ပြောပြပါတယ်။

“နှင်းကလည်း အဆက်မပြတ်ကျနေတာ။ ကျနော်တို့ရဲ့ နယူးဂျာစီပြည်နယ်မှာ သူတို့ကြေညာထားတာက ၁ ပေကနေပြီးတော့ ၁၈ လက်မထိ ရှိမယ်။ အခုတခါ သူတို့ ထပ်ပြင်ပြီး ကြေညာတာက ၂၄ လက်မအထိ ကျနိုင်တယ်။ နှင်းကလည်း ကျနေတယ်။ အဲဒီကျနေတဲ့ နှင်းအထူထပ်ကြီးကို တက်လာတဲ့ ပင်လယ်ဒီရေက တိုက်စားသွားတာ။ အဲ့လို တိုက်လိုက်တော့ နှင်းတွေက ပေါလောပေါလောနဲ့ မျောပြီးတော့ တီဗွီမှာ ရိုက်ပြတာ တွေ့ရတယ်။ အဲဒီ ကမ်းစပ်မှာ လူနေတဲ့အိမ်တွေက အကုန် ရေတွေ ၀င်ကုန်တာပေါ့။ နှင်းမုန်တိုင်းက များသောအားဖြင့် အခုလိုပေါ့ဗျာ ဒီတခါလို ပင်လယ်ကမ်းစပ်နဲ့ ကပ်လျက်ကျတာတော့ ကျနော် ဒီမှာ နေသ၍ ကာလပတ်လုံးတော့ မတွေ့ဖူးသေးဘူး။”

ဝါရှင်တန်ဒီစီမြို့နဲ့ နှစ်နာရီမျှသာဝေးတဲ့ ဗာဂျီးနီးယားပြည်နယ်၊ ရှားလော့ဗေးမြို့က အခြေအနေကရော ဘယ်လိုရှိပါသလဲ ဆိုတာကို ဟိုတယ်လ်တခုမှာ အလုပ်လုပ်နေတဲ့ ဒေါ်တင်တင်ညိုက နှင်းမုန်တိုင်းအတွင်း သူ အလုပ်လုပ်ရပုံကို အခုလို ပြောပြပါတယ်။

“ကျမလည်း အခု အလုပ်လာမှာ လာပြီးတော့ အိပ်ရတဲ့ အနေအထားရှိတာပေါ့နော်။ အလုပ်မှာက ဟိုတယ်အခန်းပေါင်း ၂၀၀ ကျော်လောက်ရှိတယ်လေ။ အလုပ်သမား အယောက် ၂၀ လောက်ကို သူတို့ ဒီမှာ အခန်း ၂၀ လောက်ကို ပေးအိပ်ရတဲ့သဘော။ ဒီဘက်ရက်ပိုင်းမှာ နည်းနည်းလေးတော့ ပါးတယ်လို့ပြောရမယ်။ ရာသီဥတုဆိုးတဲ့အတွက် လာဖို့ ဘိုကင်ယူထားတဲ့လူတွေလည်း သူတို့ ပြန်ပြီးတော့ ဘိုကင်ဖျက်လိုက်တဲ့ သူလည်းရှိတယ်။ နှင်းကျမယ်ဆိုတဲ့ရက်ပေါ့နော် မနေ့ကတည်းက စပြီးတော့ သူတို့တွေ လုံးဝ ကလေးတွေကို ကျောင်းမလာခိုင်းဘူးလေ။ ကျောင်းပိတ်လိုက်တယ်။
မြို့တော် ဝါရှင်တန်ဒီစီမှာ နေထိုင်သူ ဦးဇော်ဝင်းကတော့ မနက် လေးနာရီမှာ မြို့ထဲ ကားမောင်းရတဲ့ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“လမ်းပေါ်မှာကျလာတဲ့ နှင်းမှုန်တွေက ချက်ခြင်းခဲပြီးတော့ အန္တရာယ်ပြုလောက်အောင်ကို ချော်တယ်ဗျ။ နှင်းမှုန်တွေက များတာကိုး။ အစိုးရက ကားတွေနဲ့ ချက်ခြင်းတိုက်ထုတ်တာ မလုပ်နိုင်ဘူးဗျ။ ဆားတွေဘာတွေ ဖြူးတာ မလုပ်နိုင်တော့ ကိုယ့်ဟာကိုယ် ဂေါ်ပြားနဲ့ ကားဘီးနစ်နေတဲ့ဟာကို တူးထုတ်ရတယ်။ အဲလောက်အထိကို လမ်းတွေက ဆိုးတယ်။ သူတို့ကလည်း အိမ်ပြင်မထွက်နဲ့လို့တော့ ပြောထားတယ်။ ကျနော်ကလည်း ထွက်ရတဲ့ အခြေအနေဆိုတော့ ထွက်ရတော့ အဲလိုမျိုးဖြစ်တယ်။ ဒီစီလမ်းမှာ ကားတော်တော်များများ ဘယ်ကားမှကို ကောင်းကောင်းသွားလို့မရတော့ဘူး။ အကုန်ပိတ်သွားတဲ့ အနေအထား။ မောင်းလို့ရတဲ့ နေရာလောက်ပဲ မောင်း။ အဲ့လိုမျိုး ထိုးရပ်သွားတဲ့နေရာမှာ အဲ့အတိုင်း ဂေါ်ပြားနဲ့ ကော်ထုတ်၊ ပြီးရင် ဆက်မောင်း။ အဲ့လို သွားနေရတယ်။”

နှင်းမုန်တိုင်း Jonas ဟာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ပြင်းထန်နိုင်တဲ့ အန္တရာယ်အဆင့် မုန်တိုင်းအဖြစ် မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားသလို အခုဆိုရင် မုန်တိုင်းဖြတ်သန်းရာ အရပ်တွေက စုစုပေါင်း လူ ၉ ယောက် သေဆုံးသွားခဲ့ပါပြီ။ အခု တိုက်ခတ်နေတဲ့ Jonas နှင်းမုန်တိုင်းဟာ အမေရိကန် နှင်းမုန်တိုင်းမှတ်တမ်းမှာ အဆိုးဆုံးမုန်တိုင်း ၁၀ ခုစာရင်းဝင်ဖြစ်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဒဏ်ခံစားရသူပေါင်း ၈၅ သန်းကျော်ရှိပြီး၊ နှင်းမုန်တိုင်း သတိပေးချက်အောက်မှာ နေထိုင်နေရသူပေါင်းကတော့ ၃၃ သန်း ရှိပါတယ်။

မခွာညို/VOA
http://burmese.voanews.com/content/us-myanmar-jonas-storm/3160253.html


အမေရိကန်နိုင်ငံ အရှေ့ခြမ်းတကြောကို အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်း ကျရောက်လာနေတဲ့ အချိန်မှာပဲ အမေရိကန်နိုင်ငံအတွင်းက လူဦးရေ အထူထပ်ဆုံး မြို့တမြို့ဖြစ်တဲ့ နယူးယောက်မြို့ခံတွေအနေနဲ့ အပြင်ထွက် သွားလာခြင်းမပြုကြဖို့ အာဏာပိုင်တွေက စနေနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နယူးယောက်မှာနေထိုင်တဲ့ ၉ သန်းနီးရှိတဲ့ မြို့ခံတွေအနေနဲ့ ဒေသတွင်းနဲ့ ပြည်နယ် အတွင်းက တခြားလမ်းတွေ အပါအ၀င် မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ New Jersey ပြည်နယ်ထဲကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီလောက်ကစပြီး ဖြတ်သန်း သွားလာခြင်း မပြုကြဖို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က အမိန့် ထုတ်ပြန်လိုက်တာပါ။

မြို့တွင်းမှာရှိတဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေအားလုံး ရပ်နားထားလိုက်သလို၊ Broadway မှာရှိတဲ့ ပြပွဲတွေ၊ ပြတိုက်တွေနဲ့ ဈေးဆိုင်တွေအားလုံးလည်း ပိတ်ထားပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမြို့တော် ၀ါရှင်တန် ဒီစီနဲ့ အနီးဝန်းကျင် ဒေသတွေအပါအ၀င် တိုင်းပြည်ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေကို Jonas လို့ခေါ်တဲ့ အင်အားပြင်းထန်တဲ့ နှင်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်နေတာကြောင့် နှင်းထု ၂၄ လက်မကနေ လက်မ ၃၀ ကျော်အထိ ကျရောက်နေတာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့ အစောပိုင်းအထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဖြတ်သွားရာ လမ်းကြောင်းဖြစ်တဲ့ တိုင်းပြည် အရှေ့ဘက်ခြမ်းမှာ ရှိနေကြတဲ့ ပြည်သူပေါင်း ၈၅ သန်းလောက်ဟာ သောကြာနေ့ကစပြီး မုန်တိုင်းဒဏ်ကို ခံနေကြရတာမှာ တချို့နေရာတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်၊ ရထားနဲ့ လေကြောင်း သွားလာရေးတွေ ရပ်ဆိုင်းပြီး  တချို့ အရဲစွန့်ပြီး အပြင်ထွက်တဲ့သူတွေရဲ့ မော်တော်ယာဉ်တွေဟာလည်း နှင်းတွေထဲမှာ ပိတ်မိနေကြပါတယ်။

မိုးလေ၀သ ပညာရှင်တွေကတော့ ဒီမုန်တိုင်းဟာ ၀ါရှင်တန်ဒီစီသမိုင်းမှာ အဆိုးဆုံး နှင်းမုန်တိုင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိ။
လာမယ့် ဇန်နဝါရီ လ ၂၅ ရက် တနင်္လာ နေ့မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ် အောင်ဆန်းစု ကြည် တို့ တွေ့ဆုံ ကြဖို့ ရှိနေတယ် ဆိုပြီး နှစ်ဘက် အသိုင်းဝိုင်း က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် အသစ် ပေါ်ပေါက် လာဖို့ သီတင်း တစ်ပတ် မျှသာ လိုတော့တဲ့ အချိန်မှာ အစိုးရ စစ်တပ် အကြီးအကဲ နဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ကြား အခုလို ထပ်မံ တွေ့ဆုံ လာပြန် ဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦး စီးချုပ် ရုံးမှာ တွေ့ဖို့ စီစဉ် ထားတယ် လို့ သိရတယ် ဆိုပြီး ဘီဘီစီ နေပြည်တော် သတင်း ထောက် က ဆိုပါတယ်။

လွှတ်တော် အသစ် စတင် တဲ့ အခါ လွှတ်တော် ဥက္ကဌ နေရာတွေ နဲ့ သမ္မတ နေရာ အတွက် အဆိုပြု ရွေးချယ် ခန့်အပ် ကြတာမျိုးတွေ လို အရေးကြီး တဲ့ နိုင်ငံရေး ဆောင်ရွက်ချက် တွေ တကယ်တမ်း စတင် လာတော့ မှာ ဖြစ်တဲ့ အတွက် အခုလို ကာကွယ်ရေး ဦးစီးချုပ် နဲ့ အနိုင်ရ ပါတီ ခေါင်းဆောင် တို့ ရွေးကောက်ပွဲ လွန် ကာလ ဒုတိယ အကြိမ် ထပ် တွေ့ လာမယ့် ဖြစ်ရပ်ဟာ ထူးခြား မှု ရှိပါတယ်။

လက်ရှိ အခြေအနေ အရတော့ လွှတ်တော် ထဲမှာ ကာကွယ်ရေး ဦးစီးချုပ် က စေလွှတ်တဲ့ တပ်မတော် သား ကိုယ်စားလှယ် တွေ အတွက် နေရာ သီးသန့် ပေးထားရသလို ကာလုံ လို့ ခေါ်တဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ မှာလည်း ကာကွယ်ရေး ဦးစီးချုပ် ဘက်က နေရာ အသာစီး ရထား တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 အေအေ အဖွဲ့ ရဲ့ အဆက်အသွယ် အဖြစ် အစိုးရ စစ်တပ် က စွပ်စွဲ ဖမ်းဆီးတာ ခံခဲ့ရသူ ၁၀ ယောက် ကျော် ရှိနေပြီ။
ရခိုင် လက်နက်ကိုင် အဖွဲ့ အေအေ နဲ့ အဆက်အသွယ် ရှိတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ စစ်တွေ မြို့မှာ ရခိုင် လူငယ် နှစ်ဦး ကို အစိုးရ စစ်တပ် က ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။

သောကြာ နေ့ နေ့လယ် က အဖမ်း ခံလိုက်ရသူ တွေ ဟာ စစ်တွေ ဈေးကြီးထဲ ငါး အရောင်းအဝယ် လုပ်တဲ့ ကိုဆန်းဝင်းထွန်း နဲ့ အာနိုး (ခေါ်) ကျော်စိုးမိုးတို့ ဖြစ်ပါတယ်။

ဘယ်ကို ခေါ် သွားမလဲ ဆိုတာ မပြောပဲ မျက်နှာကို အဝတ် နဲ့ အုပ် ကားပေါ် တင် သွားတာ ဖြစ်တယ် ဆိုပြီး မိသားစု ဝင် တွေ က ပြောပါတယ်။

အခုလ ၂၁ ရက် နေက လည်း ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ကိုမောင်အေး အပါအဝင် လူ ၃ ယောက် အဖမ်း ခံခဲ့ ရပါတယ်။

ရခိုင် ပြည်နယ် ထဲမှာ အေအေ အဖွဲ့ ရဲ့ အဆက်အသွယ် အဖြစ် အစိုးရ စစ်တပ် က စွပ်စွဲ ဖမ်းဆီးတာ ခံခဲ့ရသူ ၁၀ ယောက် ကျော် ရှိနေပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကို လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်။ Photo:Nay Thwae/RFA
ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေကနေပြီး တိုက်ရိုက်ရွေးချယ်နိုင်ဖို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ စုပေါင်းကျင်းပတဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲကနေ တောင်းဆိုလိုက်ပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာရှိတဲ့ အင်္ဂလီကန်ဘုရားကျောင်းဝင်းအတွင်းက ခန်းမဆောင်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့ နောက်ဆုံးနေ့မှာ တောင်းဆိုလိုက်တာဖြစ်တယ် လို့ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဆန်းရေးထူးက ပြောပါတယ်။

"ငြိမ်းချမ်းရေးနဲ့ နယ်မြေလုံခြုံရေးဆိုတဲ့အပိုင်းကို တွေ့ဆုံဆွေးနွေးတယ်၊ ထို့အတူ ကျနော်တို့ရဲ့ လူနေမှု ဘဝ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက်ကို ဒီနှစ်ရက်တာမှာ ဆွေးနွေးလာပြီးတော့မှ ကျနော်တို့ လက်ရှိ အစိုးရတွေကို ဘာတွေပြောမလဲဆိုတဲ့အခါကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဖွဲ့စည်းပုံ အခြေအနေတွေအပေါ်မှာ လစ်ဟာမှုရှိနေတဲ့ဟာလေးတွေ၊ ကျနော်တို့ လက်ရှိလူထုတွေအတွက် ကိုယ်စားမပြုနေတဲ့အချက်လေးတွေကို လူထုသဘောထားယူပြီးတော့မှ ကျနော်တို့ တင်ပြဖို့ရှိပါတယ်၊ ဖွဲ့စည်းပုံမှာရှိနေတဲ့ လူတွေရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်း အခြေအနေတွေပေါ့နော်၊ စီမံကိန်းလုပ်ငန်းတွေမှာ မထိခိုက် နစ်မှုမရှိစေတဲ့လုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တဲ့အခါမှာ တကယ်ပဲ ငြိမ်းချမ်းရေးကို အခြေတည်ပြီးတော့မှ လုပ်ဖို့ဆိုတဲ့အချက်တွေကို ယျေဘုယျဆန်ဆန် ဒါကျနော်ယူပြီးတော့ ပြော လိုက်တာပေါ့နော်၊ အချက်အလက် အသေးစိတ်တော့ရှိပါတယ်"

သုံးရက်တာ နှီးနှောဖလှယ်ပွဲအပြီးမှာတော့  ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေကနေပြီး တိုက်ရိုက်ရွေးချယ်နိုင်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်ဖို့နဲ့  တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကိုရပ်ဆိုင်းပေးဖို့၊ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့  အရပ်ဘက်အဖွဲ့အစည်းတွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ စတဲ့ အချက် (၁၆) ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အလင်းသစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ၊ ကယားပြည်နယ်လူငယ်များကွန်ရက်၊ ကယန်းဒေသလူမှု ဖွံ့ဖြိုးရေးအဖွဲ့၊ အမျိုးသမီးများ ဘဝလုံခြုံမှုဂေဟာ၊ ကယားဖူး နှစ်ခြင်းဝန်ထမ်းခြင်းနဲ့ ဖွဲ့ဖြိုးရေးအသင်းစတဲ့ အရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့တို့က အဲ့ဒီ နှီးနှောဖလှယ်ပွဲကို ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

ကယားပြည်နယ် မြို့ နယ် (၇) မြို့ နယ်ထဲက ဒေသခံကိုယ်စားလှယ်တွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့က ကိုယ်စားလှယ် ၁ဝဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး နေအိမ် ၁၅ဝ ကျော်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ရှင်းလင်းခဲ့စဉ်။ Photo:Aung Thain Kha/RFA
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီး ရပ်ကွက် လေးခုက မြေဧက ၁၉ဝ နီးပါးမှာရှိတဲ့ နေအိမ် ၁၅ဝ ကျော်ကို  မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက နေထိုင်ခွင့် မပေးတော့ပဲ ဒီနေ့ လူအင်အား တစ်ထောင်လောက်သုံးပြီး ခြံစည်းရိုးခတ်လိုက်ပါတယ်။

အစိုးရက အစားထိုးမြေနေရာနဲ့ နစ်နာကြေးမပေးပဲ လယ်ယာမြေတွေနဲ့ နေအိမ်တွေ ဖယ်ရှားခဲ့ တာကြောင့် ရွှေ့ပြောင်းစရာနေရာမရှိပဲ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ နေအိမ်ဖျက်ပေးခဲ့ရ တဲ့ ဒေါ်သိန်းမြင့်က ပြောပါတယ်။

"အခုလည်းပြောပြပြီးပြီ အစိုးရစီမံကိန်းတဲ့ နိုင်ငံတော်စီမံကိန်းတဲ့၊ နိုင်ငံတော်စီမံကိန်းဆိုရင် ဘာလုပ်မှာလဲ၊ ဥပမာပေါ့ ပြည်သူတွေအတွက်ကောင်းကျိုး ဆေးရုံသော်လည်းကောင်းပေါ့နော် ၊ ကျောင်းသော်လည်းကောင်း အဲ့ဒီလိုဆောက်မယ်ဆိုရင် တစ်မျိုးပေါ့၊ အခုတော့ ဘာမှမပြောပဲနဲ့ ခရိုနီတွေနဲ့ပူးပေါင်းပြီး အန်တီတို့ပေါ် ရက်ရက်စက်စက် လုပ်ကြတာပေါ့နော်၊ ပထမတုန်းကလည်း လမ်းလုပ်မယ်ဆိုလို့ ဗူးခင်းလေးတွေကို အန်တီ ဖျက်ဆီးခံလိုက်ရတယ်၊ အခုက နေအိမ်ပါ ထပ်ပြီးဖျက်ဆီးခံရတယ်၊ နောက်ဆုံးသူတို့က မဖျက်ပေးရင်တောင်မှပဲ သတ်မယ့်ပုံစံမျိုးကြီးတွေ၊ အန်တီတို့မှာ အိပ်ကောင်းခြင်းလည်း မအိပ်ရ၊ စားကောင်းခြင်းလည်း မစားရဖြစ်နေတယ်၊ အခုလည်းကြည့် အန်တီတို့ ဘယ်ကိုပြောင်းမလဲ၊ အန်တီတို့မှာ ပြောင်းစရာနေရာမရှိဘူး"

အခုသိမ်းယူခဲ့တဲ့ မြေနေရာတွေမှာ နေထိုင်သူအများစုဟာ ၁၉၉ဝ ခုနှစ်လောက်က စတင်နေထိုင်ခဲ့သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အစိုးရဘက်က လယ်မြေ ၁ ဧကကို သိန်း ၅ဝ နစ်နာကြေးပေးဖို့ လယ်ယာမြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းတာတွေရှိခဲ့ပေမယ့် ဒီနေ့ထိ လျော်ကြေးပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ကတော့ အဲ့ဒီမြေနေရာတွေမှာ နိုင်ငံတော် စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ဖယ်ရှားခံရသူတွေကို လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားတွေ စစ်ဆေးနေပြီး လာမယ့် အစိုးရသစ်လက်ထက်မှသာ လျော်ကြေးပေးနိုင် မှာဖြစ်ကြောင်း ပြောပါတယ်။

"အကြမ်းမျဉ်းတော့ ဧက ၂၉ဝ ပေါ့ နေနေတာပေါ့နော်၊ တစ်ကြိုးကျော်ပြီးတော့မှာ တဲထိုးတာတွေ၊ နေရာ ယူထားတာတွေ၊ ခြံစည်းရိုးခတ်ထားတာတွေ၊ နေခွင့်မရတဲ့နေအိမ်တွေကို ကျနော်တို့ ဖယ်ရှား တာဖြစ်ပါတယ်ဗျ၊ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှ လျော်ပေးရမယ်ဆိုတာ လမ်းညွန်ချက်ရှိနေမှပါ၊ လက်ရှိအနေအထားတော့ ဘက်ဂျက်ကလည်း ပိတ်သွားပြီပေါ့ဗျာ၊ ဒီလယ်ကို ဓါးမဦးချလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေရှိတာပေါ့၊ စိစစ်နေတာနဲ့တင်ပဲ တစ်ယောက်နဲ့တစ်ယောက် သူပိုင်တယ် ငါပိုင်တယ် ကန့်ကွက်ကြ၊ အဲ့ဒီမှာတင် အဖြေကမရဘူး၊ ဘယ်သူပိုင်မှန်းမသိဘူးဖြစ်တယ်၊ အဲ့ဒါနဲ့ပဲ ကျနော်တို့ လျော်ကြေးပေးမယ့်ကိစ္စ ခရီးမရောက်ခဲ့ဘူး၊ မရောက်ခဲ့တော့ နောင်အစိုးရ ဆက်ပြီးတော့ ကယ်ရီလုပ်ရမယ့်သဘောတော့ ယူဆတယ်"

ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၁၊ ၇၃၊ ရ၄ နဲ့ ၉၃ ရပ်ကွက်တွေက နေအိမ်တွေကိုဖယ်ရှားပြီး တန်ဖိုးနည်း အိမ်ယာ၊ တန်ဖိုးလတ် အိမ်ယာ၊ အငှားအိမ်ယာနဲ့ ဟိုတယ်စတဲ့ စီမံကိန်း လေးခုကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကုမ္ပဏီ ၁၃ ခုကို တင်ဒါစနစ်နဲ့ လုပ်ပိုင်ခွင့်တွေ ချပေးထား ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီမံကိန်း အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေ ပူးပေါင်းပြီး စုစုပေါင်း လူအင်အား ၁ဝဝဝ လောက်နဲ့ အင်အားသုံးပြီး ခြံစည်းရိုးခတ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရဟာ ဒီမိုကရေစီ စနစ် ကို ဆန့်ကျင် တဲ့ လုပ်ရပ်တွေ ကျူးလွန် နေတယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ကန့်ကွက် နေကြ။
ပိုလန် နိုင်ငံ ရဲ့ အာဏာရ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဝါဒီ အစိုးရသစ် အပေါ် နိုင်ငံတလွှား ဆန္ဒပြ နေကြပါတယ်။

လက်ရှိ အစိုးရဟာ ဒီမိုကရေစီ စနစ် ကို ဆန့်ကျင် တဲ့ လုပ်ရပ်တွေ ကျူးလွန် နေတယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ကန့်ကွက် နေကြ ပါတယ်။

ဝါဆော မြို့တော် က ဝန်ကြီးချုပ်ရုံး အရှေ့ လူတွေ သောင်းနဲ့ချီ စုဝေးပြီး ဒီမို ကရေစီ လို့ ဟစ်ကြွေး ခဲ့ကြ ပါတယ်။

အဲဒီ့ ဆန္ဒပြ သမား တွေ ဟာ ပိုလန် နိုင်ငံ တော် အလံ နဲ့ ဥရောပ သမဂ္ဂ အလံ တွေကိုလည်း ကိုင်ဆောင် ထားကြ ပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ မှာ လက်ရှိ အစိုးရ အာဏာရ လာခဲ့ ပြီးတဲ့ နောက် သတင်းမီဒီယာ အပါအဝင်၊ အများပြည်သူ အတွက် ဝန်ဆောင်မှု လုပ်ငန်း တွေ နဲ့ အခြေခံ ဥပဒေ ခုံရုံး ကို ပိုမို ထိန်းချုပ် တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ ပါတယ်။

အစိုးရ ကတော့ သူတို့ အနေနဲ့ ရွေးကောက်ပွဲ မှာ ပြတ်ပြတ်သားသား အနိုင်ရ ထားတဲ့ အတွက် တိုင်းပြည်တွင်း ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင်ဖို့ အခွင့်အာဏာ အပြည့်ရှိတယ် လို့ ဆိုပါတယ်။

ပိုလန် အစိုးရသစ် ပြဌာန်း ခဲ့တဲ့ ဥပဒေတွေဟာ ဥရောပ သမဂ္ဂ အီးယူ ရဲ့ စံညွှန်းစံထားတွေ နဲ့ ကိုက်ညီ ရဲ့လား ဆိုတာ ကို အီးယူ အဖွဲ့ က စတင် စုံစမ်း နေပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 နှင်းမုန်တိုင်း ဒဏ် ခံရတဲ့ နေရာ အနှံ့အပြားမှာ လျှပ်စစ် ပြတ်တောက် နေပြီး နယူးဂျာဇီ နဲ့ ဗာဂျီးနီးယား ပြည်နယ် တွေ မှာ အထိခိုက် ဆုံး ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်း တလွှား နေရာ အများစု မှာ အင်မတန် ပြင်းထန်တဲ့ နှင်းမုန်တိုင်း ဒဏ် ခံခဲ့ရလို့ အေးခဲ နေပြီး တချို့ နေရာတွေ မှာဆိုရင် ၃ ပေ နီးပါး နှင်းထု ကျဆင်း ခဲ့ ပါတယ်။

နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှုး အင်ဒရူး ကွာမို က ပြည်နယ် အတွင်း ရှိသမျှ လမ်း တံတား တွေ အားလုံး အပါအဝင် လိုင်ခေါင်းနဲ့ မြေအောက် ရထားလမ်း တွေ ကို ပိတ်ထား ခဲ့ပြီး ခရီးသွားလာ ခွင့် တားမြစ် ထားပါတယ်။

နှင်းမုန်တိုင်း ဒဏ် ခံရတဲ့ နေရာ အနှံ့အပြားမှာ လျှပ်စစ် ပြတ်တောက် နေပြီး နယူးဂျာဇီ နဲ့ ဗာဂျီးနီးယား ပြည်နယ် တွေ မှာ အထိခိုက် ဆုံး ဖြစ်ပါတယ်။

နှင်းမုန်တိုင်း ဒဏ်ကြောင့် ထဲမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ပြီး ပြည်နယ် ၁၀ ပြည်နယ် ထဲမှာ အရေးပေါ် အခြေအနေ ကြေညာ ထားရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဇန်န၀ါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကလေးငယ်တစ်ဦး ခိုးယူခံရသည်ဟု သတင်းထွက်ပေါ်နေမှုများကို စစ်ဆေးမေးမြန်း အတည်ပြုချက်များအရ ခိုင်လုံတိကျမှုမရှိသည့်အတွက် ကောလဟလသတင်းများသာဖြစ်ကြောင်း ကော့ကရိတ်မြို့ရှိ နယ်မြေခံ ရဲအာဏာပိုင်က ပြောဆိုလိုက်သည်။

ဇန်န၀ါရီ ၂၀ရက်နေ့ ညနေ ၈နာရီဝန်းကျင်ခန့်က ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်တွင် ကလေးငယ်တစ်ဦး ခိုးယူခံရကြောင်း အင်တာနက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဇန်န၀ါရီလ ၂၂ရက်နေ့က ကော့ကရိတ်မြို့မ ရဲစခန်းဝင်းအ တွင်း ရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နယ် နယ်ထိန်း ရဲအရာရှိခင်မောင်စန်းက “ကျနော်တို့မြို့က ခလေးခိုးယူခံရမှု သတင်းဖြစ်ပေါ်နေတဲ့ မိသားစုကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအဝိုင်းကိုလည်း လေ့လာစုံစမ်းခဲ့ပါတယ်။ အမှုအခင်းဖြစ်ပွားမှု ပုံစံ တွေ လွဲချော်နေတာ၊ သတင်းအချက်အလက်တွေ အတည်ပြုနိုင်မှု မရှိတာကြောင့် ကောလဟလ သတင်းဖြစ်ပေါ်မှုသာဖြစ် ကြောင်း အတည်ပြု ပြောကြားလိုပါတယ်״ဟု ပြောသည်။

ထိုသို့ ရှင်းလင်းရာတွင် တာဝန်ရှိသူများက ကြားသိရသော သတင်းများအပေါ် စိုးရိမ်မှုများ မတိုးပွားစေရန်နှင့် ဆိုရှယ်မီဒီယာ များအနေဖြင့် သေချာခိုင်လုံမှသာ ဖြန့်ဝေရန်အပြင် မသင်္ကာစရာ အခြေအနေများရှိပါက နီးစပ်ရာ ပတ်ဝန်းကျင်၊ ရပ်မိရပ်ဖများမှ တဆင့် သက်ဆိုင်ရာ ရဲဌာနများထံ အသိပေးပြီး ဝိုင်းဝန်းဖြေရှင်းပေးရန် လိုအပ်ကြောင်း ရှင်းလင်းပြောဆိုသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ကော့ကရိတ်မြို့မ စခန်းမှူးနှင့် နယ်ထိန်းအရာရှိ ရဲအုပ်ခင်မောင်စန်၊ မြန်မာသတင်းစာဆရာအသင်း ကရင် ပြည်နယ် ဥက္ကဋ္ဌ ဦးတင်ဝင်းလှိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်မြေသတင်းတာဝန်ခံ၊ အလွတ်တန်း သတင်းထောက်များ၊ ငြိမ်းချမ်းရေး အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက် ရောက်ခဲ့ကြသည်။

ယခု ရှင်းလင်းမှုနှင့်ပတ်သက်ပြီး ကော့ကရိတ်ရှိ သတင်းစာဆရာကြီး ဦးတင်ဝင်းလှိုင်က ကောလဟလ သတင်းများ ဖြစ်ပေါ်နေ မှုများကို ယခုကဲ့သို့ ရှင်းလင်း ညှိနှိုင်းစုပေါင်းဆောင်ရွက်သည်မှာ ကောင်းမွန်ကြောင်းနှင့် ထွက်ပေါ်နေသည့်သတင်းများမှာ တိုင်းပြည်အပြောင်းအလဲကာလများတွင် ဖြစ်လေ့ရှိသည့် သတင်းများဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက် ဝင်းကြီးရပ် ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးဌာန-ECCD မူကြိုကျောင်းမှ ဆရာမနော်ဘလယ်က “ကျမတို့ မူကြိုကျောင်းမှာ တော့ ဒီသတင်းကြောင့် ကလေးတွေကို အရင်ကထက် ပိုဂရု စိုက်ရတယ်။ ကျောင်းပို့ ကျောင်းကြိုချိန်တွေမှာ ကလေးမိဘတွေပဲ လာကြိုပေးကြဖို့ မှာရတယ်။ ဒီသတင်းတွေ ဖြစ်နေတာ ကြောင့် စိုးရိမ်မိတာတော့ အမှန်ပဲ״ဟု ပြောသည်။

ကလေးခိုးယူခံရမှု ကောလဟလသတင်းများမှာ နိုင်ငံနှင့်အဝှမ်း ဖြစ်ပေါ်နေသည့်အတွက် မိဘများအကြား စိုးရိမ်နေမှုများ ဖြစ် ပေါ်လျှက်ရှိသကဲ့သို့ ထိုသတင်းများကြောင့် ကော့ကရိတ် ဒေသခံလူထုများတွင်လည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

ယခုလို ကလေးခိုးယူမှုသတင်းများ မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းများတွင် ပျံ့နှံ့လျှက်ရှိပြီး နယ်စပ်ဒေသ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ဌာနဆိုင်ရာများက ဖြစ်ပေါ်နေသောသတင်းများအပေါ် ရှင်းလင်းပွဲများ ပြုလုပ်၍ လူထုအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 ကဆောဝါး
KIC - ကေအိုင်စီ
http://kicnews.org


hlaingtharyar-worker-protest-620
လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခလစာအတွက် ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၅ မှာရှိတဲ့ Master Wang Feng Myanmar 1 ဇာထိုးပန်းထိုး စက်ရုံက အလုပ်သမား ၁၈ဝဝ လောက်ဟာ လုပ်ခလစာအပြည့်အဝ ရရှိရေးအတွက် စက်ရုံထဲမှာ ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်ရရေးအတွက် စက်ရုံထဲမှာပဲ အလုပ်မဆင်းပဲ ဆန္ဒပြတောင်းဆိုနေ တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဇင်မျိုးကိုက ပြောပါတယ်။

"ပန်းထိုးကြေးနဲ့ အလုပ်လုပ်တဲ့သူတွေ ပန်းထိုးကြေးပေးရမယ်၊ ပြီးရင် ပန်းထိုးကြေးနဲ့မဟုတ်တဲ့ အလုပ်သမားလေးတွေကို ကျွမ်းကျင်မှုအလုပ်ကြေး နှစ်သောင်း ထက်မနည်း ပေးရမယ်ဆိုတဲ့ သူတို့က မကျေနပ်ဘူးဆိုပြီး ခုံသမာဓိကောင်စီကိုတင်တယ်၊ အခု ကျနော်တို့ကို သူတို့က ၆ လပြည့်တာတောင်မှ ၃၆ဝဝ မပေးပဲနဲ့ ကလေးတွေကို ညာပြီးတော့ခိုင်းနေတာလေ၊ ကျနော်တို့ ၉ လပိုင်းရယ်၊ ၁ဝ လပိုင်းရယ်၊ ၁၁ လပိုင်းရယ် အဲ့ဒီ ၃ လစာကို ကျနော်တို့က ပြန်ရမှာလေ၊ ခုံသမာဓိရဲ့ ဆုံဖြစ်ချက်က ပေးလိုက်ပါ ပေးရ မယ်ဆိုပြီးတော့ပါတယ်၊ ကျန်တဲ့ ၄ ချက်ကိုလည်း အခုချိန်ထိ ကျနော်တို့ ခံစာခွင့်မပေးသေးတဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာမကျေနပ်လို့ ကျနော်တို့က အရင်အတိုင်းပဲပေးပါဆိုပြီးတော့ ထပ်တိုးတောင်း တာပေါ့"

တစ်ရက် အနည်းဆုံး လုပ်ခလစာ ၃၆ဝဝ ကျပ်ကို စက်တင်ဘာ ၁ ရက်နေ့ကနေ စတင်ပေးရမယ်လို့ သတ်မှတ် ထားပေမယ့် စက်ရုံဘက်က ၃ လလောက်အထိ ၃၆ဝဝ ကျပ်နှုန်းနဲ့မပေးပဲ တစ်လကို ၁၈ဝဝ ကျပ်ကနေ ၂၇ဝဝ ကျပ် အထိသာ ပေးတာကြောင့် အလုပ်သမားတွေက အနိမ့်ဆုံးလုပ်ခအတိုင်း လိုချင်ကြတာဖြစ်ပါတယ်။

အဲ့ဒီဇာထိုးပန်းထိုး စက်ရုံမှာ အလုပ်သမား ၂၅ဝဝ လောက်အလုပ်လုပ်နေကြပါတယ်။

RFA
http://www.rfa.org/burmese/news/hlaingtharyar-wangfeng-wokers-protest-01232016114000.html

dpns-press-620.JPG ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ကကျင်းပတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ သတင်းစာရှင်းပွဲကို တွေ့ရစဉ်
Photo:Htet Arkar/RFA

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ရဲ့အလံပုံစံကို ပြောင်းမပေးရင် ပါတီကို မတရားအသင်းအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့တာကြောင့် ပါတီရဲ့အလံ ပုံစံကို ပြောင်းလဲခဲ့ရတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ပါတီ ဆက်ပြီးရှိဖို့လိုတယ်၊ ကျနော်တို့ စုစည်းထားတာလေးတွေကို ဆက်တိုးချဲ့နိုင်ဖို့လိုတယ်၊ အဲ့ဒီအခြေခံအောက်မှာ ဒီဆိုင်းဘုတ်ကိုတော့ ကျနော်တို့ ပြောင်းပေးလိုက်မယ်၊ အနှစ်သာရအရ ကျနော် တို့ ပြောင်းပေးရတာမဟုတ်ဘူး၊ တကယ်တော့ ပြောင်းတော့ပေးချင်တာမဟုတ်ပါဘူး၊ ဘာပဲပြောပြော ကျနော်တို့ တစ်သက်လုံး နိုင်ငံရေးစလုပ်ကတည်းက ကျနော်တို့ တမြတ်တနိုးထိန်းသိမ်းလာတဲ့ ဆိုင်းဘုတ်ဖြစ်တယ်"

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့အလံကို လူ့ဘောင်သစ်ပါတီက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှာ ကန့်ကွက်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က အလံပုံစံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိသလို နိုင်ငံရေးပါတီတစ်ခုအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၈ လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း ကျောင်းသားတွေ ဦးဆောင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း မတရားအသင်းကြေညာခံခဲ့ရပြီး ထိုင်းမြန်မာနယ်စပ်မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁ဝ နေ့မှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနာမည်နဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။

နောက်ပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ပါတီဟာလည်း ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေက ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ပါတီအလံနဲ့ ပတ်သက်ပြီး ပါတီ ၂ ခုကြား အငြင်းပွားခဲ့တာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dnps-press-01232016110519.html

 ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ တဦးတည်းသော ပြောခွင့်ရှိသူလို ဖြစ်လာပါတယ်
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အခုအချိန်ဟာ သိမ်သိမ်မွေ့မွေ့ နဲ့လုပ်ကိုင် ဆောင်ရွက် နေရတဲ့ အချိန် ကာလ ဖြစ်တဲ့ အတွက် မူဝါဒနဲ့ အသွင် ကူးပြောင်းရေး ဆိုင်ရာ ကိစ္စရပ် တွေကို ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပြောရေး ဆိုခွင့်ရှိတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန် ထားလို့ သတင်းမီဒီယာ တွေအဖို့ အန်အယ်ဒီနဲ့ ဆက်သွယ်ရာမှာ အခက်အခဲရှိလာ ပါတယ်။

အဲဒီ အခက်အခဲကို ဖြေရှင်း ဖို့အတွက် အကောင်းဆုံး နည်းတခုက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတင်းမီဒီယာ တွေကို ပုံမှန်တွေဆုံ သင့်တယ်လို့ သူနဲ့ နှစ်ပေါင်း များစွာ အတူလက်တွဲ အလုပ်လုပ် ခဲ့တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ဘီဘီစီ ကိုပြောပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက အန်အယ်ဒီ ဟာ အပြတ်အသတ် နိုင်ခဲ့ပေမယ့် အဲဒီ အချိန်က ပါတီခေါင်းဆောင် တချို့ရဲ့ ပြောဆိုချက်တွေကို ထောက်ရှုပြီး လက်တုံ့ ပြန်မှာကို စိုးရိမ်တဲ့ အတွက် တပ်မတော် ဖက်က အာဏာ လွှဲပြောင်း မပေးခဲ့တာ ဆိုတဲ့ပြော ဆိုမှုတွေ ရှိခဲ့ပါတယ်။

အခုတကြိမ် မှာလည်း အလားတူ ဖြစ်မလာအောင် ကြိုတင်သတိထား ပြီး ဆောင်ရွက်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အန်အယ်ဒီ လွှတ်တော် အမတ်တွေ အများစု ပါဝင်တဲ့ လွှတ်တော်သစ် ကိုခေါ်ယူမှာ ဖြစ်ပြီး အဲဒီလွှတ်တော်ကနေ ဒုတိယသမ္မတ နဲ့ သမ္မတ တို့ကို မဲပေး ရွေးချယ် မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြောင့် အမေရိကန်၏ နာမည်ကျော် A-10 မြေပြင်စစ်ဆင်ရေး ဗုံးကြဲတိုက်လေယာဉ်များကို အနားပေးမည့်ကာလ ရွှေ့ဆိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

အမေရိကန်၏ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂိုးလ်ဖိန်းက တာဝန်ထမ်းမှုသက်တမ်း နှစ်ပေါင်း ၄၀ ကျော်သွားပြီဖြစ်သည့် A-10 များကို အနားပေးသွားရန် အစီအစဉ်ရှိသော်လည်း အိုင်အက်စ်တို့ကို ချေမှုန်းနေသည့် စစ်ဆင်ရေးများတွင် အဆိုပါ လေယာဉ်များက လက်သံပြောင်ပြောင် ပါဝင်နေခြင်းကြောင့် အစီအစဉ်ကို ဆိုင်းငံ့ရဖွယ် ရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ A-10 များသည် အမေရိကန်လေတပ်တွင် ၁၉၇၅ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကာလများ အတောအတွင်း အမေရိကန်၏ အကောင်းဆုံး မြေပြင်ထိုးစစ်ဆင် တိုက်လေယာဉ်များအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အမေရိကန်လေတပ်သည် Thunderbolt၊ Warthog၊ Tankbuster၊ Tank Killer အစရှိသည့် ချစ်စနိုးအမည်များဖြင့် လူသိများသည့် A-10 များ နေရာတွင် F-35 များဖြင့် တဖြည်းဖြည်း အစားထိုးသွားရန် လျာထားသော်လည်း အဆိုပါ မျိုးဆက်သစ် လေယာဉ်များသည် တိုက်ပွဲဝင်အဆင့် စမ်းသပ်မှုများ မလုပ်ဆောင်ရသေးချေ။ A-10 များကမူ အီရတ်၊ အာဖဂန်နစ္စတန်စစ်ပွဲများအပြင် အိုင်အက်စ်တို့ကို ဆီးရီးယားတွင် ချေမှုန်းနေသည့် စစ်ဆင်ရေးများ၌လည်း စွမ်းရည်ကောင်းများ အကြိမ်ကြိမ် မှတ်ကျောက်တင်ခံထားပြီး ဖြစ်သည်။

“A-10 တွေကို အနားပေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်တို့၏ အမည်ဟောင်း) အရေးက ဦးစားပေးစဉ်းစားရမယ့်ကိစ္စ ဖြစ်လာတယ်” ဟု ဂိုးလ်ဖိန်းက ဝန်ခံခဲ့သည်။ အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်သည် အနာဂတ်ကာလ စစ်ရေးအသုံးစရိတ်တွင် A-10 များအတွက် ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျငွေများကို လျှော့ချသွားရန် ဆန္ဒရှိနေပြီး လေယာဉ်များ အနားပေးရန်ကိစ္စကို ဖေဖော်ဝါရီလတွင် လွှတ်တော်၌ တင်ပြသွားရန် ရည်ရွယ်ထားသည်။

“A-10 တွေကို ၂၀၁၇ ဘဏ္ဍာရေးနှစ်မတိုင်ခင် အနားပေးသွားချင်တဲ့ လေတပ်ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ A-10 တိုက်လေယာဉ်အုပ်စုတွေဟာ အခုလောလောဆယ် အိုင်အက်စ်ကို ရင်ဆိုင်တိုက်ခိုက်နေတယ်။ အရှေ့ဥရောပမှာ ရုရှားရဲ့ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ဟန့်တားရာမှာလည်း အရေးပါနေဆဲ ဖြစ်တယ်။ ကမ္ဘာ့ရေးရာအရှုပ်အထွေးတွေ အများကြီး ဖြစ်ပျက်ပြောင်းလဲနေချိန်မှာ အကောင်းတကာ့ အကောင်းဆုံး အနီးကပ်မြေပြင်ပစ်ကူ တိုက်လေယာဉ်အားလုံးကို အနားပေးလိုက်လို့တော့ မရသေးပြန်ဘူး။ အထူးသဖြင့် A-10 တွေ နေရာမှာ အစားထိုးဖို့ အခိုင်အမာ အဖြေမရှိသေးခင်မှာပေါ့” ဟု အရီဇိုးနားလွှတ်တော်အမတ် ဂျွန်မက်ကိန်းက မှတ်ချက်ပေးခဲ့သည်။

F-35 များသည် ဝေဟင်နှင့်မြေပြင်တိုက်ပွဲများအတွက် ဘက်စုံအသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များ ဖြစ်သော်လည်း လက်ရှိကာလတွင် စွမ်းဆောင်ရည်ကောင်းသထက်ကောင်းအောင်
မြှင့်တင်မွမ်းမံနေရဆဲ ဖြစ်သည်။ A-10 ကမူ F-35 ကဲ့သို့ ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ရည်ရွယ်ချက် အလွန်ကွာခြားပြီး လေတပ်က အနီးကပ်မြေပြင်ပစ်ကူပေးမှုများအတွက် အထူးသီးသန့်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

A-10 များသည် ပစ်မှတ်နေရာတစ်ခုတွင် အလွန်အချိန်ကြာမြင့်စွာ ပတ်ချာလှည့်ပျံသန်းနေနိုင်ပြီး အနိမ့်ပိုင်းတွင် အလွန်နှေးကွေးသည့် မြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် စွမ်းရည်လည်း ရှိသည်။ အကယ်၍ မြေပြင်တပ်ဖွဲ့များက ရန်သူနှင့် အလွန်နီးကပ်စွာ ရှိနေပြီး ဗုံးကြဲလေယာဉ်များက လေကြောင်းပစ်ကူပေးရန် အခက်တွေ့နေသည့် အခြေအနေမျိုးတွင် A-10 များက အကောင်းဆုံး ကြားဝင်အဖြေထုတ်ပေးနိုင်မည် ဖြစ်သည်။ A-10 များကို အသုံးပြုခြင်းဖြင့် အနီးကပ်မြေပြင်တိုက်ပွဲများတွင် မိမိဘက်သားချင်း မှားပစ်ပြီး အသေအပျောက် ဖြစ်ပေါ်နိုင်ခြေကို အလွန်ထင်ရှားစွာ လျှော့ချနိုင်ခဲ့သည်။

A-10 များကို ကိုယ်ထည်ကြံ့ခိုင်မှုနှင့် ဟန်ချက်ညီမှုတို့အတွက် အဓိကထားတည်ဆောက်ထားပြီး ရာသီဥတုမရွေး၊ မြေပြင်အနေအထားမရွေး ပျံသန်းနိုင်သည်။ အဆိုပါလေယာဉ်များ၏ ရှေ့တည့်တည့်တွင် အလွန်အားကောင်းသည့် 30mm စက်အမြောက်တစ်လက် တပ်ဆင်ထား တစ်မိနစ်လျှင် ယူရေနီယမ်ကျည်ဆန် ၃၉၀၀ ထိ ပစ်လွှတ်နိုင်စွမ်းရှိသည်။ အဆိုပါကျည်ဆန်များသည် တင့်ကားကိုယ်ထည်များ ပေါက်ပြဲထွက်သွားသည်အထိ ဖျက်ဆီးအားကောင်းသည်။ ထို့အပြင် ပေါင် ၂၅၀ အိုင်းရွန်းဗုံးများကိုပါ ကြဲချနိုင်မည် ဖြစ်သည်။ A-10 များတွင် Zuni ဒုံးကျည်များ၊ AGM-65D Maverick မြေပြင်ပစ် ဒုံးကျည်များလည်း တပ်ဆင်ထားနိုင်သည်။

A-10 များ၏ ကိုယ်ထည်ကို အလွန်မာကျောကြံ့ခိုင်အောင် တည်ဆောက်ထားရာ မြေပြင်မှ အပြင်းအထန် တုံ့ပြန်ပစ်ခတ်နေမှုများကို ကြံ့ကြံ့ခံပြီး ပစ်မှတ်နေရာတွင် ပတ်ချာလှည့်ဝဲပျံကာ ပစ်မှတ်များကို အရှိန်အဟုန်ပြင်းပြင်း ချေမှုန်းနိုင်စွမ်း ရှိသည်။ လေယာဉ်ကိုယ်ထဲကို ပေါင်ချိန် ၁၂၀၀ အလေးချိန်ရှိသည့် တိုက်တေနီယမ် အကာအကွယ်များဖြင့် ဖုံးကွယ်ထားသောကြောင့် အကြီးစားလေယာဉ်ပစ်လက်နက်များမှအပ မည်သို့သော တိုက်ခိုက်မှုကိုမဆို ခံနိုင်စွမ်း ရှိသည်။

A-10 များ၏ ဒီဇိုင်းတည်ဆောက်ပုံသည် မာကျောမှုကို အသားပေးထားရာ အင်ဂျင်တစ်လုံး ပျက်စီးသွားလျှင်၊ သို့မဟုတ် လေယာဉ်နောက်မြီး၊ လေယာဉ်တောင်ပံတစ်ခြမ်း ဆုံးရှုံးသွားလျှင်ပင် အခြေစိုက်စခန်းထိ ပျံသန်းလာနိုင်စွမ်း ရှိသည်။ ကိုယ်ထည်တွင် လေးလံလှသည့် အကာအကွယ်များ တပ်ဆင်ထားသဖြင့် A-10 များသည် မြန်နှုန်းမြင့်မားစွာ ပျံသန်းနိုင်စွမ်းမူ မရှိချေ။ အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီ မိုင် ၄၀၀ မျှသာ ဖြစ်သည်။ A-10 တစ်စီးသည် မြေပြင်အထက် ပေ ၃၀ မျှအကွာထိ နိမ့်ဆင်းပြီး တစ်နာရီ မိုင် ၁၅၀ နှုန်းဖြင့် ထိန်းထားကာ ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်သည်။

နိုဝင်ဘာလက ဆင်နွှဲခဲ့သည့် Tidal Wave II စစ်ဆင်ရေးသည် အိုင်အက်စ်တို့ကို တိုက်ခိုက်သည့် သမိုင်းကြောင်းတွင် A-10 များ၏ အခန်းကဏ္ဍမှာ တောက်ပခဲ့ပြီး AC-130 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်ပူးပေါင်းကာ အိုင်အက်စ်ပိုင် လောင်စာဆီတင် ထရပ်ကား ၁၁၆ စီးကို ဖျက်ဆီးနိုင်ခဲ့သည်။ တစ်ယောက်စီး၊ အင်ဂျင်နှစ်လုံးတပ် အမျိုးအစား လေယာဉ်အစီးရေ ၇၁၆ စီးထိ တည်ဆောက်ခဲ့ပြီး အမေရိကန်လေတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည်မှာ အစီး ၃၀၀ ကျော်မျှ ရှိသည်။

အမေရိကန်၏ ရုပ်အဆိုးဆုံး တိုက်လေယာဉ်များဟု ချစ်စနိုးကျီစားညွှန်းဆိုခံရသည့် A-10 များကို လေတပ်က အဓိကပိုင်ဆိုင်သော်လည်း မရိန်းတပ်ဖွဲ့နှင့်ခြေလျင်တပ်ဖွဲ့များက အထူးချစ်ခင် အားကိုးလေ့ရှိကြောင်းလည်း သိရသည်။

Ref: CNN
7Day News Journal
http://www.7daydaily.com/story/56307



လာမယ့် အစိုးရသစ်လက်ထက်မှာ အားကောင်းတဲ့ တရားရေးမဏ္ဍိုင် ရှိလာဖို့အတွက် ဥပဒေပြုရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်ပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တုင်သတင်းရယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အာဏာခွဲဝေမှု အားနည်းနေတာကြောင့် အားကောင်းတဲ့ တရားရေးမဏ္ဍိုင်တရပ် ရှိလာဖို့အတွက် လွတ်လပ်တဲ့ တရားစီရင်ရေး အပါအဝင် တရားဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဥပဒေပညာရှင်တဦးလည်းဖြစ်၊ မကြာမီကျင်းပတော့မယ့် လွှတ်တော်သစ်မှာ ပဲခူးတိုင်း ကိုယ်စားပြု ကိုယ်စားလှယ်တဦးအဖြစ် ပါဝင်တော့မယ့် ဦးကျော်မင်းစံက အခုလို ပြောဆိုလိုက်ပါတယ်။

“အုပ်ချုပ်ရေးပိုင်းနဲ့ တရားစီရင်ရေးပိုင်းက အာဏာခွဲဝေမှုဟာ သဲသဲကွဲကွဲ မရှိပါဘူး။ ဒါကြောင့် အုပ်ချုပ်ရေးပိုင်းကို လေ့လာစောင့်ကြည့်နိုင်ဖို့ လွတ်လပ်စွာ တရားစီရင်နိုင်ရေးက အရမ်းအရေးကြီးတယ်လို့ ဒီနေရာမှာ ပြောချင်ပါတယ်။ တချိန်တည်းမှာပဲ တရားဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေးတွေလည်း လုပ်ဖို့လည်း ပါတယ်။ အာဏာခွဲဝေမှုအပိုင်းကို စနစ်ကျစေဖို့ဆိုရင် အားကောင်းတဲ့ တရားရေးမဏ္ဍိုင်ရှိပြီး လွတ်လပ်စွာ တရားစီရင်ဖို့ လိုအပ်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးစင်တာဖွင့်ပွဲမှာ ပြောဆိုလိုက်တာပါ။ သိပ်မကြာခင် အစိုးရသစ်တစ်ရပ် တက်လာတဲ့အခါ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတဲ့ ဥပဒေပြုရေးအပိုင်းနဲ့ တရားဥပဒေအပေါ် ပြည်သူလူထုရဲ့ သိနားလည်မှု အပိုင်းတွေကို ပြန်လည် ဆန်းစစ်ဖို့ လိုအပ်တယ်လို့ တရားဥပဒေဆိုင်ရာ အသိပညာပေးသင်တန်းတွေ ပို့ချနေတဲ့ ဒေါ်လှလှရီက အခုလို ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးလို့ ပြောတဲ့အခါမှာ ကျမတို့ တရားမျှတတဲ့ ဥပဒေမျိုး မရှိဘဲနဲ့ ဘယ်လိုမှ သွားလို့မရပါဘူး။ ဘယ်လောက်ပဲ ကျမတို့က ဒီဘက်အပိုင်းမှာ လုပ်ပါစေ ဥပဒေကိုယ်၌က မျှတမှုနဲ့ ကင်းကွာနေတယ်ဆိုရင် ဘယ်လိုမှ တားလို့မရပါဘူး။ အဲဒီတော့ ကျမတို့က ဒီ ၅ နှစ်သက်တမ်းအတွင်းမှာ legal reform ကို ဦးစားပေးပြီး လုပ်ရပါလိမ့်မယ်။ ပြဌာန်းထားတဲ့ဥပဒေတွေသည် ဘယ်လောက်အထိ ကျမတို့က တရားမျှတမှုနဲ့ ကင်းကွာနေသလဲ။ နောက်တချက်က ကျမတို့ ညွှန်ကြားချက်တွေသည် တခါတခါ ဥပဒေထက် ကျော်လွန်ပြီးတော့ ညွှန်ကြားတာတွေရှိတယ်။ အဲဒါတွေ ပြန်ပြီးတော့ review လုပ်ရပါလိမ့်မယ်။ ပြီးမှ ကျမတို့က တရားဥပဒေစိုးမိုးရေးကို သွားရမှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ legal education ဖြစ်ပါတယ်။ ကျမတို့ပြည်သူတွေက ဘယ်လောက်ထိတောင်မှ legal education နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ နိုးကြားသိရှိထားပြီးပြီလဲ ဆိုတာကို ကျမတို့က တိုင်းတာရမှာဖြစ်ပါတယ်။”

မြန်မာပြည်သူတွေအနေနဲ့ ဥပဒေဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအေဂျင်စီ UNDP နဲ့ နိုင်ငံတကာ ဥပဒေရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (International Development Law Organization IDLO) တို့ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်လှစ်ပြီးတော့ ကူညီလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် အစိုးရတက်လာတဲ့အခါ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အားကောင်းလာပြီး မြန်မာပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးရာကို ပိုပြီး နားလည်နိုင်မှာ ဖြစ်တယ်လို့ IDLO အဖွဲ့ ဒါရိုက်တာ Dr. Faustina Pereira က အခုလို ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား တက်ရောက်လာတဲ့ နာယကကြီး ဦးတင်ဦးဆီကနေ သူတို့ရဲ့ အစိုးရသစ်အနေနဲ့ အမျိုးသမီး အခွင့်အရေး အပါအဝင် လူ့အခွင့်အရေးတွေကို အခြေခံတဲ့ ချဉ်းကပ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရတာကြောင့် ဒီရှုထောင့်ကနေကြည့်ရင် မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေ အများရှိလာမှာပါ။ ဒီနေ့ ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေး စင်တာတွေလည်း ပိုမိုအားကောင်းလာပြီး နောက်ပိုင်းမှာ ဒီလို စင်တာတွေ မလိုတော့ဘဲ လူတိုင်းဟာ ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးကို နားလည်လာပြီး အိမ်တိုင်းဟာ ဥပဒေစိုးမိုးရေး စင်တာလို ဖြစ်လာပါလိမ့်မယ်။”

ဒီနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ တရားဥပဒေစိုးမိုးရေးစင်တာဟာ လေးခုမြောက် စင်တာဖြစ်ပြီး မန္တလေး၊ မြစ်ကြီးနားနဲ့ တောင်ကြီးမြို့တို့မှာလည်း ဒီစင်တာတွေ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး စင်တာတွေကနေ ပြည်သူလူထုတွေအတွက် ဥပဒေရေးရာ ပညာပေးသင်တန်းတွေ ပို့ချသွားမှာ ဖြစ်ပါတယ်။

သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/legal-justice-in-burma/3159652.html

(ဓာတ်ပုံ - ကချင်သတင်းစဉ်)
(ဓာတ်ပုံ - ကချင်သတင်းစဉ်)

ကချင်ပြည်နယ်တွင်း လူငယ်တွေနဲ့ ပြည်သူတွေကြား အထူး စိုးရိမ်စရာ အနေအထားကို ရောက်နေတဲ့ မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရေးအတွက် လူထုအင်အား ထောင်ချီ ပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ စနေနေ့မှာ ကချင်ပြည်နယ်တွင်း ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ကန်ပိုင်တီဒေသကို သွားနေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကချင်လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ သွားဖို့ပြင်ဆင်နေချိန် ဘိန်းခင်းပိုင်ရှင်တွေဘက်က တားဆီးမှုတွေရှိတဲ့အတွက် ခေတ္တရပ်ဆိုင်းလိုက်ရပြီးတဲ့နောက် ပြည်နယ်အစိုးရဘက်က လုံခြုံရေးယူပေးတဲ့အတွက် အခုလိုထွက်ခွာနိုင်တာလည်း ဖြစ်ပါတယ်။ အခုလို ကချင်ပြည်နယ်တွင်း မူးယစ်တိုက်ဖျက်ရေး ပြည်သူက လူအင်အားနဲ့ ဆောင်ရွက်ချိန် တာဝန်ရှိသူတွေဘက်ကလည်း ပူးပေါင်းသင့်တယ်လို့ ကချင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်တဲ့သတင်း အပြည့်အစုံ မဆုမွန် တင်ပြထားပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်ရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာက ကချင်ပြည်သူလူထုနဲ့ လူငယ်တွေကြားမှာ အတော်လေးကို အန္တရာယ်ကြီးမားနေတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင် လူမှုစီးပွားတွေအတွက် အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတဲ့အတွက် ကချင်ပြည်နယ်တွင်း မြို့နယ်ပေါင်းစုံ၊ သာသနာရေးက ခရစ်ယာန်အသင်းတော် ဂိုဏ်းပေါင်းစုံနဲ့ လူမှုအဖွဲ့အစည်းတွေ ဒေသခံ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်တဲ့ လူအင်အား ထောင်ချီတဲ့ ကချင်လူထု ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ကြီးက ဦးဆောင်ပြီး ဘိန်းခင်းတွေကို သွားဖျက်ကြမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်တွင်း ဘိန်းခင်းဧက အများဆုံး စိုက်ပျိုးထားတဲ့ ကချင်ပြည်နယ် ကန်ပိုင်တီဒေသကို လူအင်အား ထောင်ချီပါဝင်တဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေး ချီတက်ကြတဲ့အခါ ကချင်ပြည်နယ် အစိုးရဘက်က ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပြီး သွားရောက်နေကြပြီ ဖြစ်တယ်လို့ ကချင်သတင်းအယ်ဒီတာ ကိုနော်ဒင်း က ပြောပါတယ်။

“ကချင်ပြည်နယ်မှာ တကယ်နော် ကပ်ပါးရောဂါတခုပုံစံလိုနော် မိသားစုတိုင်း၊ အိမ်ထောင်တိုင်းမှာလိုလို ပြဿနာဖြစ်နေတယ်။ ဒီပြဿနာကို သူတို့က လျစ်လျူရှုထားတယ်။ ဖြေရှင်းလို့လည်း မရဘူး။ အခုက အဲဒီဟာကို လူမှုအဖွဲ့အစည်းတွေပေါ့။ အဓိကတော့ ကျနော်တို့ ကချင်မှာ သက်ဆိုင်ရာ အသင်းတော်ဂိုဏ်းပေါင်းစုံက သူတို့က ဦးဆောင်ပြီးမှ ဒါ လူမှုရေးပြဿနာသာ မကဘဲနဲ့ ဒါ အမျိုးသားရေးပြဿနာလည်း ဖြစ်နေတယ်။ အဲ့လိုမျိုး ခံယူချက်ကို သူတို့ထားပြီးမှနော် အခုလိုမျိုးပေါ့ ဒီ ကန်ပန်တီဒေသဆိုတာ အစိုးရနယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ဒေသဖြစ်တယ်။ တဘက်မှာလည်းပဲ ဒီမှာနော် ဘိန်းစိုက်ခင်းအများဆုံး စိုက်တဲ့နေရာလည်းဖြစ်တယ်။ လွတ်လွတ်လပ်လပ်ကို စိုက်တဲ့နေရာလည်းဖြစ်တယ်။ သူတို့အခု အဲဒီဒေသကိုနော် လူထု သောင်း ၆ ထောင် ကျော်ကျော်လောက်နဲ့ သူတို့က သွားပြီးမှ လူထုအင်အား အကြီးမားဆုံးပေါ့ အဲဒါနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေကို သူတို့လုပ်နေတာဖြစ်တာကိုး။”

ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြဿနာဟာ အနာဂတ်မျိုးဆက်တခုလုံး လူညွန့်တုံးစေတဲ့အထိ ဆိုးဆိုးရွားရွား ကြုံလာရတဲ့ အနေအထား ဖြစ်နေတဲ့အတွက် အခုလို ကချင်ပြည်သူလူထုတွေ ကချင်ရပ်မိရပ်ဖတွေ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီး လူထုအင်အားနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ လုပ်ဆောင်ကြရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ပါတီက ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

“ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးကတော့ အထူးပဲ စိုးရိမ်စရာ ဖြစ်နေတာပေါ့နော်။ အခုချိန် မူလတန်း အဆင့်တောင်မှ စိုးရိမ်စရာ ဖြစ်နေရတယ်။ မူလတန်းအရွယ် ကလေးတွေတောင်မှ မူးယစ်ဆေးဝါးတွေ သုံးစွဲလာကြပြီ။ အဲဒါကလည်း မူးယစ်ဆေးဝါးကို အခမဲ့လိုက်ပြီး ဖြန့်ဖြူးနေတဲ့ သူတွေလည်း ရှိတယ်ပေါ့နော်။ စမ်းသပ်ကြည့်ပါ။ သုံးကြည့်ပါဆိုပြီးမှ မသုံးဖူးဘူးဆိုရင်လည်း စမ်းကြည့်ပါဆိုတာ အဲဒါမျိုးတွေ လိုက်ပြီးတော့ ဖြန့်ပေးနေတဲ့အခါကျတော့ လူငယ်တွေက စမ်းရင်းနဲ့ ကြာလာတဲ့အခါကျတော့ သုံးစွဲမိသလိုဖြစ်တယ်။ ပြီးတော့လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့သူတွေကလည်း ပြောမကောင်းတဲ့ ဌာနဆိုင်ရာတွေ ဖြစ်နေတဲ့အခါကျတော့ မူးယစ်ဆေးဝါးက ပပျောက်သွားတာ မတွေ့ရဘူးပေါ့လေ။ အဲဒါကြောင့် ပြည်သူလူထုတွေ ကိုယ်တိုင်က ပါဝင်ပြီးတော့ သူ့ရဲ့မိသားစု၊ သူ့ရဲ့ ဖခင်တွေ၊ သူ့ရဲ့ညီအကိုမောင်နှမတွေ မိသားစုထဲကနေ ဒီလို မူးယစ်ဆေးဝါးတွေ အရမ်း သုံးစွဲလာတဲ့အတွက် နောက်ဆုံး မခံမရပ်နိုင်တဲ့အတွက် အခုလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စပြီး လုပ်ဆောင်လာတာ ဖြစ်တယ်။ အသင်းတော်ကနေ ဦးဆောင်ပြီး လုပ်လာတာပေါ့နော်။ အသင်းတော်ကနေ ဦးဆောင်လာတဲ့အခါကျတော့ အားလုံး ပါဝင်လာတာပါ။ အဲ့လို လုပ်လာတဲ့အခါမှာလည်း ဌာနဆိုင်ရာ ရဲတွေနဲ့ စစ်တပ်ပိုင်းကတော့ သိပ်မကျေနပ်ဘူး။ ပြီးတော့လည်း စီးပွားရေးသမားကြီးတွေက လက်ဝါးကြီးသမားတွေက သိပ်မကျေနပ်ကြတော့ အတိုက်ခိုက်လေးတွေ နည်းနည်း ကျမတို့ ပြန်တွေ့ရတယ်။”

အခုလို လူထုအင်အားနဲ့ ဘိန်းဖျက်ရေး လုပ်ကိုင်နေတဲ့ ပြည်သူလူထုရဲ့ လုပ်ဆောင်ချက်ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ပူးပေါင်း ပါဝင် ကူညီ ပံ့ပိုး ပေးသင့်တယ်လို့လည်း ကချင်အရေး ဆောင်ရွက်နေတဲ့ ကိုနော်ဒင်း က ပြောပါတယ်။

ဘိန်းခင်းအများဆုံးစိုက်ပျိုးရာ ကန်ပိုင်တီကို သွားနေကြတဲ့ ကချင်လူထု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ထဲ လူအင်အား ၁၆၀၀ ကျော်ပါဝင်ပြီး အဖွဲ့ငယ်ပေါင်း ၁၂ ဖွဲ့ ခွဲပြီး ကားအစီးပေါင်း ၆၀ ကျော်နဲ့ ချီတက်နေကြတာ ဖြစ်ပါတယ်။ ဒီလူထုကြီးကို ရဲအင်အား (၅၀) ခန့်က လုံခြုံရေး လိုက်ပါယူပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘိန်းခင်းဖျက်ဖို့ သွားနေတဲ့အချိန် ဘိန်းခင်းပိုင်ရှင်တွေဘက် လက်နက်တွေ ကိုင်ဆောင်ပြီး ကားလမ်းမကို ပိတ်ဆို့ခဲ့တဲ့အတွက် ပြည်နယ်အစိုးရက ကြားဝင် ဖြေရှင်းပေးခဲ့လို့ ဇန်နဝါရီ ၂၃ရက်နေ့မှာမှ ဘိန်းခင်းဖျက်ဆီးရေးခရီးစဉ်ကို စတင်နိုင်တာလည်းဖြစ်ပါတယ်။ လူထုအင်အားနဲ့ ဘိန်းခင်းဖျက်ဆီးရေး အစီအစဉ်ကို ကချင့်တော်လှန်ရေးနေ့ အကြို ဇန်နဝါရီ ၁၈ ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ လုပ်ဆောင်သွားကြမယ်လို့လည်း သိရပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/kachin-drug/3159590.html


ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရာထူးသက်တန်း ၅ နှစ်အတွင်း အပြင်းအထန် အဝေဖန်ခံရဆုံး ကိစ္စတစ်ခုကတော့ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ထူထပ်လာတာကြောင့် မြို့သစ်တွေ ဖော်ထုတ်ရမယ့်ကိစ္စကို ဘယ်သူမှ မငြင်းပယ်ကြပါဘူး။ ဒါပေမယ့် အဲဒီ ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ အကောင်အထည် ဖော်မယ့် မြို့သစ် စီမံကိန်း နဲ့ ပတ်သက်လို့ကတော့ ပွင့်လင်းမြင်သာမှုလည်း မရှိ၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏ ကလည်း အလွန်များပြား၊ လုပ်ပုံကိုင်ပုံတွေကလည်း အဂတိလိုက်စားမှု ပုံစံဖြစ်နေလို့ ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတာပါ။ အခု ၀န်ကြီးချုပ် ဦးမြင့်ဆွေဟာ သူ့သက်တန်းကုန်ဖို့ နှစ်လ လောက်တောင် မလိုတော့တဲ့အချိန် အဲဒီ စီမံကိန်းကို အရင်သူ လုပ်ပိုင်ခွင့်ပေးထားတဲ့ လူတွေကိုပဲ ထပ်ပြီး လုပ်ပိုင်ခွင့် ပေးလိုက်ပြန်ပါပြီ။ ဒါဟာ ဖြစ်သင့်ပါရဲ့လား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အများပြည်သူ ၀ိုင်းဝန်းကန့်ကွက်လို့ ရပ်ဆိုင်းလိုက်ရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာကတော့ ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း က လယ်မြေ ဧက ၃ သောင်းကျော် ပေါ်မှာ အကောင်အထည် ဖော်ဖို့ လျာထားတဲ့ စီမံကိန်းပါ။ စီမံကိန်းရဲ့ စီးပွားရေး ပုံသဏ္ဍာန်ဟာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက မြို့ပြအင်္ဂါရပ်နဲ့ ညီတဲ့ အခြေခံ အဆောက်အဦ Infrastructure တွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ ပန်းခြံ၊ ကစားကွင်း အစရှိတာတွေ လုပ်မယ်။ ပြီးရင်တော့ ကျန်တဲ့ မြေကွက်တွေမှာ စီမံကိန်းထဲပါတဲ့ အပိုင်းအလိုက် ပြန်ပြီး လက်ခွဲရောင်းစား ငွေပြန်ရှာ အမြတ်ပြန်ရအောင် လုပ်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။ ဟော်တယ်တွေ၊ စတိုးဆိုင် ကုန်စုံဆိုင်ကြီးတွေ၊ ကားဂိတ်တွေ၊ လူနေ တိုက်ခန်းတွေ၊ တန်ဘိုးနည်း အိမ်ယာတွေ၊ ရုံးခန်းတွေ၊ ဆိပ်ကမ်းတွေ အစရှိသဖြင့်ပါ။ လွယ်လွယ်ပြောရရင် မြေကွက်ဖော် မြေရောင်းစား ဆိုတဲ့ စီမံကိန်းမျိုးပါ။ စီမံကိန်း အကောင်အထည် ဖော်ဖို့ ကုန်ကျစရိတ်ဟာ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအ၀င် ၆ လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဆိုထားပါတယ်။ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးပါ။
ရန်ကုန်မြို့သစ် စီမံကိန်းကို အသည်းအသန် အကောင်အထည်ဖော်ဖို့ လုပ်နေတာ ဘာကြောင့်လဲ

ဒီ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးကို နိုင်ငံတကာ တင်ဒါလိုမျိုး မခေါ်ပဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေ အပါအ၀င် ဘယ်သူမှ မသိတဲ့ “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”ကို အကောင်အထည်ဖော်ခွင့် ပေးလိုက်တယ်လို့ ဆိုတဲ့အခါ ဒီ ကုမ္ပဏီဟာ ဘယ်လို ကုမ္ပဏီဖြစ်မလဲ သတင်းမီဒီယာတွေက စုံစမ်းကြပါတော့တယ်။ စုံစမ်းရသမျှ အချက်အလက်တွေအရ ကုမ္ပဏီ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားတဲ့ ရင်းနှီးမြှုပ်နှံငွေဟာ ကျပ် သိန်း တစ်ထောင်တောင် မပြည့်တဲ့၊ တစ်နည်း တိုက်ခန်းကောင်းကောင်း တစ်ခန်းစာတောင် စာရင်း ပြမထားတဲ့ ကုမ္ပဏီဖြစ်နေပါတယ်။ ကုမ္ပဏီဒါရိုက်တာတွေ ဆိုတာကလည်း ဘယ်သူမှ မသိတဲ့၊ ဘယ်မှာ ရှာရမှန်းမသိတဲ့ လူတွေဖြစ်နေတာပါ။ နောက်ပိုင်း ဒီစီမံကိန်းကို ၀န်ကြီးချုပ်ဦးမြင့်ဆွေရဲ့ မိသားစုဝင်တွေ၊ သူနဲ့ ရင်းနှီးသူတွေက လုပ်ပိုင်ခွင့်ရသွားတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတော့မှ စီမံကိန်းကို ရပ်ဆိုင်းထားမယ် ဆိုပြီး နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ မြေကွက်တွေကို အကြီးအကျယ် ၀ယ်ယူထားပြီး ဖြစ်ပုံရတဲ့ အဲဒီ လူတစ်စုဟာ စီမံကိန်း ကိစ္စကို လက်မလျော့ကြပါဘူး။ ဒီလိုနဲ့ နဂို မြို့သစ် စီမံကိန်းပြသနာ ပေါ်ထွက်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၁၅ ဇွန်လ ၁၀ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ တိုင်းအစိုးရ အဖွဲ့ကိုယ်စား မြို့တော်ဝန်က “မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အစီရင်ခံစာ ” ဆိုတာကို တင်ပြလိုက်ပါတယ်။

အဲဒီ စီမံကိန်းမှာ အဆင့်(၇) ဆင့် ဖော်ပြထားပြီး နဂို ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ စီးပွားရေး သမားတွေ အကောင်အထည် ဖော်လိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကတော့ “ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်း” ဆိုပြီး နာမည်တစ်မျိုးနဲ့ ပြန်ပါလာပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲမှာ စီမံကိန်းကြီး တစ်ခုလုံးကို အတည်ပြုပေးလိုက်တဲ့ အတွက် ၀န်ကြီးချုပ် ဦးမြင့်ဆွေဟာ နဂို စီမံကိန်းကို နာမည် အသစ်နဲ့ ပြန်အကောင်အထည် ဖော်ပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ ဦးမြင့်ဆွေက နည်းနည်းပါးနပ်သွားပါပြီ။ စီမံကိန်းအတွက် စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စားတဲ့ ကုမ္ပဏီပေါင်း ၅၄ ခု လျောက်လွှာတွေ လာယူကြတယ်လို့ ဆိုပါတယ်။ ဒါက တကယ်လည်း ဖြစ်နိုင်သလို အလံရှူးကုမ္ပဏီတွေနဲ့ အရည်အတွက် များအောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအဆင့် ကိုတော့ ကုမ္ပဏီ သုံးခုပဲ လျောက်လွှာတင်တော့တယ်လို့ ဆိုပါတယ်။ အဲဒီ ကုမ္ပဏီတွေကတော့ အရင် “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”ကို နာမည်ပြောင်းထားတဲ့ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၊ Business Capital City Development Co.,ltd နဲ့ ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်တို့ ပါဝင်ပါတယ်။

တကယ်လို့သာ ဒီ ကုမ္ပဏီတွေထဲက ကုမ္ပဏီ တစ်ခုခုကို ရွေးချယ် လုပ်ပိုင်ခွင့်ပေးရမယ် ဆိုရင် ၀န်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ဆက်စပ်ပတ်သက်တဲ့ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ က ရဖို့ လမ်း သိပ်မမြင်ပါဘူး။ အကြောင်းကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းကောင်းတွေ မရှိတာရယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကို မယ်မယ်ရရ တင်ပြနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ၀န်ကြီးချုပ် ဦးမြင့်ဆွေက ကုမ္ပဏီ တာဝန်ရှိသူ သုံးလေးယောက်လောက်ကို ဖိတ်ခေါ် တွေ့ဆုံပြီး စီမံကိန်းကြီးကို ကုမ္ပဏီ သုံးခုစလုံး ပူးပေါင်း ဆောင်ရွက်ကြ ဆိုပြီး လမ်းညွှန်ချက် ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီနေရာမှာလည်း ဦးမြင့်ဆွေဟာ ပါးနပ်ပါတယ်။ သူနဲ့ နီးစပ်တဲ့လူတွေရဲ့ “ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ” ကို ဦးဆောင် ကုမ္ပဏီအဖြစ် ထပ်ဆင့် တာဝန်ပေးလိုက်တာပါ။ အကြောင်းပြချက်ကတော့ အဲဒီ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ထဲမှာ ဒေသခံ တစ်ချို့ပါတယ်၊ အကောင်အထည် ဖော်မယ့် လယ်မြေ အများစု အဲဒီ ကုမ္ပဏီ လက်ထဲမှာ ရှိနေတယ် ဆိုတဲ့ အချက်ကြောင့်လို့ ဆိုပါတယ်။

ပြည်သူတွေက ဘယ်လိုပဲ ကန့်ကွက်ခဲ့၊ ကန့်ကွက်ခဲ့၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေကတော့ အဲဒီ စီမံကိန်းကို သူနဲ့ နီးစပ်တဲ့ ကုမ္ပဏီကို တာဝန်ပြန်ပေးပြီး သူ့လက်ထက်မှာ မရ အရ ဇွတ် အကောင်အထည် ဖော်သွားမယ် ဆိုတဲ့ သဘော မြင်တွေ့နေရပါပြီ။ ပြောရရင် ဒီ စီမံကိန်း ကို ဘာကြောင့် မြန်မြန် အကောင်အထည် ဖော်ဖို့ လိုရသလဲ ဆိုတဲ့ အကြောင်းပြချက်၊ တင်ဒါ ခေါ်နည်း ခေါ်ပုံ၊ စီမံကိန်းပါ လုပ်ငန်း ဆောင်တာ အားလုံးမှာ အားနည်းချက်တွေ၊ မမှန်မကန် လုပ်ကိုင်မှုတွေ ပါဝင်နေတာမို့ နောင် NLD အစိုးရ တက်လာရင် တက်လာလာခြင်း ပြန်လည် စိစစ်၊ သုံးသပ် ပြီးမှ အကောင်ထည် ဖော် သင့်မသင့် ဆုံးဖြတ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com