02/02/16

mp-management-training-620.jpg
NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းပေးခဲ့ရာမှာ ဒီကနေ့ပြီးဆုံးသွားပါတယ်။
ဒီကနေ့ နေပြည်တော်က သင်တန်းဆင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက သူရဦးတင်ဦး၊ ဦးဝင်းထိန်၊ သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ပါတယ်။
သင်တန်းမှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေကို ပြည်သူ့လွှတ်တော် သင်တန်းခန်းမမှာ တစ်ပတ်ကြာပြုလုပ်ခဲ့ တာဖြစ်ပြီး NLD တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ၃ ဦးကနေ ၅ ဦးအထိ တက်ရောက်ခဲ့ ပါတယ်။
mp-management-training1-620.jpg
သင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိကြီးတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေ၊ ရှေ့နေ ဦးကိုနီအပါအ၀င် ဥပဒေပညာရှင်တွေက သင်ကြားခဲ့တာဖြစ်ပါတယ်။
သင်တန်းမှာ ထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းက ဦးမန်းဂျော်နီ၊ ရန်ကုန်တိုင်းက ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း၊ စစ်ကိုင်းတိုင်း က ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်က ဦးဇိုဘွဲ့၊ ရခိုင်ပြည်နယ်က ဦးညီပုတို့လည်းပါဝင်ကြပါတယ်။
အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေထဲက တချို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူမယ့်သူတွေဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

RFA
http://www.rfa.org/burmese/news/mps-management-training-02022016033413.html

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမည်၊ ဖြစ်အောင် လုပ်နေသည်ဟု NLD နာယက သူရဦးတင်ဦးက ယနေ့ နေ့ လယ်ပိုင်းတွင် မီဒီယာသို့ ပြောခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမှာပေါ့။

သူ သမ္မတဖြစ်ဖို့ အတွက် ကျွန်တော်တို့ လုပ်နေတယ်။
ကျွန်တော်တို့ က သူ့ ကို ထမ်းတသ်နေတယ်" ဟု သူက ယနေ့ နေ့ လယ်ပိုင်း လွှတ်တော်အတွင်း ဇမ္ဗူသီရိအဆောင်မှ အထွက် မီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် အမတ်များအား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများ ပို့ ချပေးသည့် သင်တန်းကို ယနေ့ နေ့ လယ်ပိုင်းတွင် လွှတ်တော် ၀င်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ရာ

ထိုပွဲသို့  ဒေါ်အောင်ဆန်းစုကြည်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသား လွှတ်တော်အမတ် ၅၀ ဦး (ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အလောင်းအလျာများ အပါအ၀င်)နှင့်အတူ သူရဦးရွှေမန်း၊ ဦးဝင်းထိန်၊ သူရဦးတင်ဦး၊ ဒေါက်တာဇော်မြင့်မောင်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် စသည့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ကြသည်။

သင်တန်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံခဲ့ကြသော်လည်း မီဒီယာများ ၀င်ခွင့် မရသဖြင့် ဆွေးနွေးသည့် အကြောင်းအရာများကို မသိခဲ့ရပေ။

ယနေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်၌ မနက်ဖြန် ကျင်းပမည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ပထမနေ့ အတွက် အကြိုလေ့ကျင့်ပွဲ ပြုလုပ်ခဲ့သော်လည်း မီဒီယာများအား ၀င်ခွင့် မပြုသဖြင့် သတင်း ဓာတ်ပုံများ မရရှိခဲ့ဘဲ အမတ်များ အစည်းအဝေးခန်းမမှ ပြန်ထွက်ခြင်းကိုသာ ရုပ်သံ မီဒီယာအချို့ ရိုက်ကူးနိုင်ခဲ့ကြသည်။

ခိုင်ထူးလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အစိုးရသစ်အဖွဲ့ဝင်များ စာရင်းမေးမြန်းမှုကို ဒေါသဖြင့် တုံ့ပြန်သော ဦးဝင်းထိန်ကို ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် ဒီချုပ်ပါတီ၏ ပြောရေးဆိုခွင့် မည်သူဟု တရားဝင်မကြေညာသော်လည်း ဖြေဆိုသူက ဦးဉာာဏ်ဝင်း ဖြစ်လာသည်။ ဇန်န၀ါရီ ၁၉ ရက် နေပြည်တော်ရှိ ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပသော အစည်းအဝေးအပြီး ခြံထဲမှထွက်လာသည့် ဦးဉာာဏ်ဝင်းကို မီဒီယာများက ၀ိုင်းဝန်းမေးမြန်း ကြသည်။ ပြန်ဖြေပုံ သင့်တင့်လျောက်ပတ်ပါသည်။
သို့သော် ရက်ပိုင်းအတွင်း၌ပင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမည့်သူများမှာ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်းတို့ဖြစ်ကြောင်း ဦးဉာဏ် ၀င်းက ထုတ်ဖော်ပြောကြားလိုက်သည်။ နောက်ရက်တွင်ပင် ထိုသတင်းကို အတည်မပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်ဟု သတင်းထွက်လာပါသည်။ ဦးဝင်းထိန်မီဒီယာနှင့် ပြန်စကားပြောလာပြန်၏။
ဦးဝင်းထိန်က ''ရာထူးမှန်သမျှ ဒီလိုသတင်းဌာနတခုကို ပြောလိုက်တယ်ဆိုတာနဲ့တင် အဲဒီလိုပေါ့ပေါ့တန်တန် ဘယ်တော့မှကျွန်တော်တို့မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ဘယ်တော့မှ မလုပ်ဘူး။ ဒီလိုရာထူးတွေကို ကျွန်တော်တို့က စီအီးစီဆုံးဖြတ်ချက်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကိုလည်း အသိပေးပြီးတော့မှ ကျွန်တော် တို့ကကြေညာမှာ။ ဦးဉာဏ်ဝင်းပြောတဲ့ သဘောထားကတော့ စီအီးစီဆုံးဖြတ်ချက်မပါတဲ့အတွက်ကြောင့် ဘယ်လိုကြောင့် အဲဒီလိုဖြစ်တယ်ဆိုတာပြန်မေးထားသေးတယ် . . .'' စသဖြင့် ဖြေဆိုခဲ့ပါသည်။
ဇန်န၀ါရီ ၂၃ ရက်နေ့ထုတ် သတင်းစာများတွင်မူ လက်ရှိ စပ်ကူးမပ်ကူးကာလ အလွန်သိမ်မွေ့သော အခြေအနေအရ ဒီချုပ်၏ ပြောရေးဆိုခွင့်ကို ဒေါ်အောင်ဆန်းစုကြည် တဦးတည်းက တာဝန်ယူ မည်ဟူသော ဒီချုပ်၏ ကြေညာချက်များ ပါလာပေသည်။ သာမန်အားဖြင့် ဤကိစ္စသည် ဖြစ်ရိုးဖြစ်စဉ်ဟုယူဆမည်ဆိုပါက ယူဆနိုင်သော်လည်း သာမန်ကိစ္စတခုမဟုတ်ပါ။

ပြဿနာပေါင်း သောင်းခြောက်ထောင်ကို မကြာမီရင်ဆိုင် ကိုင်တွယ် ဖြေရှင်းရတော့မည့် ဒီချုပ်အစိုးရသစ်နှင့် ဒီချုပ်ပါတီအတွက် ပြလိုက်သည့် သတိပေးအချက်ပြ မီးနီ ဖြစ်ပါသည်။ ဒီချုပ်ပါတီကို လူထုအားထားခဲ့သည်။ ထို့ကြောင့် ပုံအောမဲပေးခဲ့သည်။ ဒီချုပ်ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအမီ ပေါ်လာသည့် ပါတီသစ် ကလေးမဟုတ်ပါ။ ၁၉၈၈ အရေးတော်ပုံနှင့်အတူ မွေးဖွားလာသည့် သက်တမ်း ၂၈ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည့် ပါတီ ဖြစ်ပါသည်။
ပါတီသက်တမ်းတလျှောက် စတင်ဖွဲ့စည်းချိန်မှ ယနေ့ ထိ မီဒီ ယာနှင့် အဆက်မပြတ်တွေ့ထိလာရသည့်ပါတီ ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ သတင်းဌာနအသီးသီး၏ အာရုံစိုက်မှု၊ မေးမြန်းမှုကိုခံခဲ့ရ၊ ခံနေရဆဲပါတီဖြစ်ပါသည်။ ရွေးကောက်ပွဲအပြီး ပူပူနွေးနွေးကာလမှာမှ သတင်းမီဒီယာကို တာဝန်ယူဖြေကြားနိုင်သူ မရှိသောကြောင့် အလွန်အလုပ်များနေသော ပါတီဥက္ကဋ္ဌက တာဝန်ယူဖြေကြားရသည် ဆိုခြင်းက ဒီချုပ်၏ အတွင်းစည်း မခိုင်မာမှုကို ဖော်ပြလိုက်ပါသည်။ ဒီချုပ်အတွင်းစည်း မခိုင်မာလျှင် ပြင်ပမှလာမည့် အဖျက်အမှောင့်အမျိုးမျိုး၏ဒဏ်ကို ကာကွယ်နိုင်စွမ်း၊ တားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ဦးဝင်းထိန် အာအက်ဖ်အေကို မောက်မောက်မာမာပြန်ဖြေခြင်းအပေါ် ဦးဉာာဏ်ဝင်းကို မေးမြန်းသောအခါ ဦးဉာာဏ်ဝင်းပြန်ဖြေပုံနှင့် ယခု ဦးဉာာဏ်ဝင်းနှုတ်ကျွံမှုကို မီဒီယာများက ဦးဝင်းထိန်ကို မေးမြန်းသောအခါ ဦးဝင်းထိန် ပြန်ဖြေပုံများအား ဆက်စပ်လိုက်ပါက ဦးဉာဏ်ဝင်းနှင့် ဦးဝင်းထိန်တို့ကြားတွင် ရဲဘော်ရဲဘက်စိတ် မရှိ။ တနည်းအားဖြင့် မကျေလည်ကြဆိုသော အဖြေထွက်နေပါသည်။ စီအီးစီအချင်းချင်း အတွင်းစည်းတွင် မည်သို့ပွင့်လင်းစွာ ထောက်ပြဝေဖန်စေကာမူ၊ အပြင်စည်းတွင် တဦး၏ခြေကျွံလက်ကျွံမှုကို နောက်တဦးက ထိန်းပေးကာကွယ်ပေးရမည် ဖြစ်ပါသည်။ ဦးဝင်းထိန် ပြန်ဖြေပုံက သူနှင့်ဒေါ်အောင်ဆန်းစုကြည်တို့က မည်သည့်အခါမျှ အလုပ်ကို ပေါ့ပေါ့တန်တန်မလုပ်ဆိုခြင်းက ဦးဉာာဏ်ဝင်း အလုပ်ကိုပေါ့ပေါ့ တန်တန်လုပ်သည်ဟု ပြောခြင်းပင်ဖြစ်ပါသည်။
လူတိုင်း တကွေ့မဟုတ်တကွေ့တော့ ပြောမှားဆိုမှား ရှိကြပါမည်။ သာမန်လူတို့အမှားက ကိစ္စမရှိသော်လည်း နိုင်ငံကိုဦးဆောင်အုပ်ချုပ်မည့် ပါတီကြီးတခုမှ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်များကား တတ်နိုင်သမျှ အမှားကင်းစင်သင့်ပါသည်။ တဦးမှားသည်ကို ပြင်ပလူ များဝေဖန်စေကာမူ၊ အချင်းချင်း လူသိရှင်ကြား ထပ်မံအပြစ်တင်မှုမျိုး မပြုလုပ်သင့်ပါ။
ဒီချုပ်ပါတီကို လူထုက တခဲနက်ထောက်ခံလာချိန်မှစ၍ ယနေ့ထိတိုင် အတိုက်အခံများဘက်က ပြောဆိုလာသည်မှာ ဒီချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကလွဲ၍ မည်သူမျှအရည်အချင်းမရှိဆိုသော စကားဖြစ်ပါသည်။ စင်စစ် ဒီချုပ်တွင် တာဝန်ယူနေသူများ၌ အရည်အချင်းကိုယ်စီ ရှိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမမီလျှင်ပင် ကိုယ့်အထွာနှင့်ကိုယ် အရည်အချင်းရှိကြသူများ ဖြစ်ပါသည်။ သို့သော် အဓိကပန်းတိုင် တိုင်းပြည်ပြန်ထူထောင်ရေးအတွက် လူတို့၏ ဖြစ်လေ့ဖြစ်ထသဘာဝအတွင်း လူအချင်းချင်းခတ်နေပြီဟု အထင်ရောက်စေမှုမျိုး အထူးရှောင်ရှားသင့်ပါသည်။

လူထု၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် မျှော်လင့်အားထားမှုက လွန်စွာကြီးမားပါသည်။ ယခုကတည်းကပင် ဒီချုပ်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်အနိုင်ရရမည်ဟု ယုံကြည်ထားကြသည်။ ဒေါ်အောင်ဆန်းစုကြည် အင်နှင့်အားနှင့်လုပ်နိုင်မည့်အချိန်သည် ဒီချုပ် အစိုးရသက်တမ်း နှစ်ဆက်မျှသာ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှစ် ဆယ်ကျော်ပြီဖြစ်၍ အနားယူရတော့မည်။ ထို့ကြောင့် ဒီချုပ်ပါတီကို ဒေါ်အောင်ဆန်းစုကြည်အနားယူချိန် ခိုင်မာစွာ မတ်တည်ကျန်ရစ်မည့်ပါတီအဖြစ် ယခုကပင် မျှော်လင့်ထားကြသည်။
လူထုက ဤသို့ဤပုံ ကြီးစွာမျှော်လင့်ခြင်းကြောင့် လူထုသည် မိမိဘက်မှ မည်သည့်တာဝန်ကိုမျှမယူဘဲ အစစ ဒီချုပ်ကိုပုံ၍ အားကိုးမည်ဟု မဆိုလိုပါ။
လူထုက ဒီချုပ်နှင့်အတူ ခရီးဆက်ရန် အသင့်ပြင်ထားကြပါသည်။ ဒီချုပ်ထုတ်ပြန်မည့်အစိုးရသစ်စာရင်းကို သိလိုကြခြင်း၌ နှစ်ပိုင်းပါဝင်ပါသည်။
တပိုင်းက မည်သူတွေလည်းဆိုသည့် စပ်စုလိုစိတ်၊ သိလိုစိတ်ဖြစ်ပြီး ကျန်တပိုင်းက မသင့်တော်သူပါလာလျှင် ထောက်ပြခွင့်ရကြမည်လားဟူသည့် မျှော်လင့်ချက်ဖြစ်ပါသည်။ နှစ်ငါးဆယ်ကျော်ကြာတိုင်းပြည်ကို ချုပ်ကိုင်လာသော စစ်ဗိုလ်တပိုင်းအစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းရာတွင် တချက်ကလေးပင် အမှားမခံနိုင်သော၊ ဒီချုပ်ပါတီ၏ ကြီးမားသောသတိကို ပြည်သူက နားလည်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အချိန်တန်လျှင် သိရမည်ဟု ပြောခဲ့ပါပြီ။ လူထုက ချက်ဆိုနားခွက်ကမီးတောက်ပါသည်။ နှစ်ငါးဆယ်ကျော်ကြာ စောင့်ဆိုင်းခဲ့ရသည်မို့ လပိုင်း၊ ရက်ပိုင်းစောင့်ရမည်ကို အပန်းမကြီးပါ။ စောင့်ဆိုင်းနိုင်ကြပါသည်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တချို့ အစိုးရသစ်ထဲပါလာမည်ကိုလည်း နားလည်လက်ခံနိုင်ပါသည်။ သို့သော် ဒီချုပ်ပါတီက ကိုယ်စားလှယ်လောင်းများ ရွေးတုန်းကလို ပြည်သူ၏အမြင်နှင့် များစွာကွာဟမည့် ပြည်ခိုင်ဖြိုးအဖွဲ့ဝင် မဖြစ်စေချင်ကြပေ။

အစိုးရသစ်တာဝန် ဘာတခုမျှ မယူရမီအချိန်၌ပင် သတင်းထုတ် ပြန်ရေး၊ ပြောရေးဆိုခွင့်အတွက် မည်သူမှ မသင့်တော်၍ မည်သူ့ကိုမျှ မယုံကြည်စိတ်မချရ၍ ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူရခြင်းမျိုးတကြိမ်သာ ဖြစ်သင့်ပါသည်။
သို့သော် အလွန်တာဝန်များပြားလာမည့် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်းကောင်း၊ နိုင်ငံကို ဦးဆောင်ပြန်လည်ထူထောင်ရမည့်ပါတီကြီးတခုအတွက်လည်းကောင်း၊ သတင်းမီဒီယာနှင့်ပြောရေးဆိုခွင့်ပေးသင့် ပေးထိုက်သူမရှိသည့်အဖြစ်မျိုးကား နောက်နောင် ဒီချုပ်ပါတီအတွက် မဖြစ်သင့်၊ မဖြစ်အပ်ပါ။ ပါတီဝင်အချင်းချင်း မီဒီယာကိုဗဟိုပြုလျက် ငါသာ ဒေါ်အောင်ဆန်းစုကြည်နားကလူ၊ ငါသာ ပြောတတ်ဆိုတတ်သူ၊ ငါသာ စည်းမျဉ်းစည်းကမ်းအရ အလုပ်လုပ်တတ်သူဟု သွယ်ဝိုက်ပြောဆိုမှုမျိုးလည်း မဖြစ်သင့်ပါ။
ဒီချုပ်ပါတီအတွင်း ကျစ်လျစ်ခိုင်မာသောတည်ဆောက်မှုရှိမှသာ မကြာမီရင်ဆိုင်ရတော့မည့် ပြဿနာအ၀၀ကို ဖြေရှင်းရေးဘက် အားသွန်ခွန်စိုက် လုပ်နိုင်မည်ဖြစ်ပါသည်။ အကြောင်းအရာတခုအတွက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်လာရပြီး နှစ်ဦးစလုံးဟန်မကျသည့်အဖြစ်မျိုး ထပ်တလဲလဲဖြစ်လာပါက တောမီးလောင်တောကြောင်များ လက်ခမောင်းထခတ်ကြမည်သာ ဖြစ်ပါသည်။

ခင်နှင်းဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အဓိကသော့ချက်ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများတွင် တပ်မတော်ကို ပါဝင်ရန် ဖိတ်ခေါ်နေမှု အပေါ် ဝေဖန်ပြစ်တင်သည့် သဘောထားမှတ်ချက်ပေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အမြန်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့သူ . . . . ဗိုလ်မှူးချုပ်တင့်ဆန်း (ကြည်း/၁၈၈၄၁)အား ဒုတိယအကြိမ် လွှတ်တော်အတွက် ရွေးချယ်ထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းတွင် မတွေ့ရတော့ချေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထူးခြားချက်မှာ ပထမအကြိမ်၌ ဗိုလ်မှူးချုပ်အဆင့် ၈ ဦးသာ အဆင့်မြင့်ဆုံး ပါဝင်ခဲ့သော်လည်း ယခု ဒုတိယအကြိမ်တွင် ဗိုလ်ချုပ်အဆင့် ၃ ဦးနှင့် ဗိုလ်မှူးချုပ်အဆင့် ၁၂ ဦးအထိ ပါဝင်လာခဲ့သည်ကို တွေ့ရှိရသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ အဆင့်မြင့်ဆုံး အရာရှိကြီး ၃ ဦးမှာ- (၁) စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၂၃) ကျောင်းဆင်း (ကြည်း/ ၁၆၇၃၅) ဗိုလ်ချုပ်သန်းစိုး၊ (၂) အလုပ်သင် ဗိုလ်လောင်း အမှတ်စဉ် (၁၀) ကျောင်းဆင်း (ကြည်း/၁၇၉၄၃) ဗိုလ်ချုပ်တောက်ထွန်းနှင့် (၃) စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၂၇) ကျောင်းဆင်း (ကြည်း/၁၉၆၄၂) ဗိုလ်ချုပ် သန်းထွတ်သိန်းတို့ ဖြစ်ကြ သည်။ ယင်းတို့ ၃ ဦးတွင် ဗိုလ်ချုပ်သန်းစိုး တစ်ယောက်သာ လွှတ်တော်ကိုယ်စားလှယ် အသစ်ဖြစ်ပြီး ကျန်နှစ်ဦးမှာ လွှတ်တော် ကိုယ်စားလှယ် ဟောင်းများဖြစ်ကြသည်။ ဗိုလ်ချုပ်သန်းစိုးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) တွင် တွဲဖက်စစ်ရေးချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ယင်းမတိုင်မီ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) ညွှန်မှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဒုတိယအကြိမ် အမျိုးသား လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအား ဦးဆောင်မည့် သူဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ဆက်လက် ပါဝင်လာကြသည့် ကိုယ်စားလှယ်ဟောင်း နှစ်ဦးဖြစ်သော ဗိုလ်ချုပ်တောက်ထွန်းနှင့် ဗိုလ်ချုပ်သန်းထွတ်သိန်းတို့သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတင် ကျင်းပစဉ် ကာလက ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး ရာထူးအဆင့်၌သာ ရှိကြသေးသည်။ လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း အဆင့်မြင့်ရာထူးများ တိုးမြှင့်ခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတင်စဉ်က အမှတ် ၄ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ ကျောင်း အုပ်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ် တောက်ထွန်းသည် ယခုအခါ ဗိုလ်ချုပ်အဆင့် ရာထူးကိုလည်းကောင်း၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ)တွင် ဌာနကြီးမှူး (စီမံ/အုပ်ချုပ်) တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်မှူးကြီး သန်းထွတ်သိန်းသည် ယခုအခါ ဗိုလ်ချုပ်အဆင့် ရာထူးကိုလည်းကောင်း အသီးသီး တိုးမြှင့်ခံကြရသည်။

ပထမအကြိမ် လွှတ်တော်စောစောပိုင်း ကာလ၌ ဗိုလ်မှူးချုပ် အဆင့်ဖြင့် ပါဝင်ခဲ့ကြသော ဗိုလ်မှူးချုပ်မင်းနောင် [OTS (၆၆)] သည် နမခတိုင်းမှူး၊ ယခု ကစထ မှူး ဗိုလ်ချုပ်မင်းနောင် အဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ် မင်းသိန်းဇံ (DSA 23rd Intake) သည် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်လျက် ရှိကြသည်။

ယခုဒုတိယအကြိမ် လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဒုတိယ အဆင့်အမြင့်ဆုံးရာထူး ဗိုလ်မှူးချုပ် ၁၂ ဦး၌ (ကြည်း/ ၁၇၉၇၄) ဗိုလ်မှူးချုပ် အောင်စန်းချစ်၊ (ကြည်း/၁၈၈၅၆) ဗိုလ်မှူးချုပ်တင်စန်းနိုင်နှင့် (ကြည်း/၂၀၃၃၁) ဗိုလ်မှူးချုပ် သက်ထွန်းအောင်တို့ ၃ ဦးသည် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများဖြစ်ကြပြီး ကျန် ၉ ဦးမှာ လွှတ်တော် ကိုယ်စားလှယ် အသစ်များဖြစ်ကြသည်။

လွှတ်တော် ကိုယ်စားလှယ်ဟောင်းထဲမှ ဗိုလ်မှူးချုပ်တင့်ဆန်း (ကြည်း/၁၈၈၄၁) အား ဒုတိယအကြိမ် လွှတ်တော်အတွက် ရွေးချယ် ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းတွင် မတွေ့ရတော့ချေ။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြတစ်ဦးဖြစ်သူ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၂၆)ကျောင်းဆင်း ဗိုလ်မှူးချုပ်တင့်ဆန်းသည် ပထမအကြိမ် ပြည်သူ့ လွှတ်တော်၌ NCA နှင့် ပတ်သက်သည့် အရေးကြီးအဆို တင်သွင်းခြင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုမဏ္ဍိုင် အနေဖြင့် ဆောင်ရွက်ရန် လိုအပ်မည့် အချက်များနှင့် စပ်လျဉ်း၍ အကြံပြုသုံးသပ်ခြင်း၊ ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံဆွေးနွေးခြင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ရန် တင်ပြခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အဓိကသော့ချက်ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲများတွင် တပ်မတော်ကို ပါဝင်ရန် ဖိတ်ခေါ်နေမှုအပေါ် ဝေဖန် ပြစ်တင်သည့် သဘောထားမှတ်ချက်ပေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အမြန်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ သူ၏ ဆွေးနွေးချက်၊ အကြံပြုသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်များသည် နိုင်ငံရေးအကဲခတ်သူများနှင့် မီဒီယာများကြားတွင် သတိထား စောင့်ကြည့် စရာများ ဖြစ်စေခဲ့သည်။ ၂၀၁၁ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတင်စဉ်ကာလက ဗိုလ်မှူးချုပ် တင့်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်သာရှိသေးပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် ရာထူးအဆင့်သို့ တိုးမြှင့်ခံရသူဖြစ်သည်။

ဒုတိယအကြိမ် လွှတ်တော်တက်မည့် ဗိုလ်မှူးချုပ် ၁၂ ဦးထဲတွင် စစ်မှုထမ်း သက်ရင့်သော အရာရှိကြီး ၄ ဦး ပါဝင်သည်ကို တွေ့ရသည်။ (က) အလုပ်သင် ဗိုလ်လောင်းအမှတ်စဉ် (၆) ၌ အတူတူ ကျောင်းဆင်းကြသည့် အမြောက်တပ်ဖွဲ့မှ (ကြည်း/ ၁၅၁၀၁) ဗိုလ်မှူးချုပ်ကိုကိုဝင်းနှင့် (ကြည်း/၁၅၁၃၇) ဗိုလ်မှူးချုပ်စိုးမြင့်၊ (ခ) စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၂၁) ၌ အတူတူ ကျောင်းဆင်းကြသည့် တပ်မတော် (လေ)မှ (လေ/၁၇၈၁) ဗိုလ်မှူးချုပ်သန်းလွင် (လကသ ဌာနချုပ်မှူး)နှင့် (လေ/ ၁၇၉၃) ဗိုလ်မှူးချုပ်သိန်းနိုင် (ဒလခ ဌာနချုပ်မှူး) တို့ဖြစ်ကြသည်။ ဗိုလ်မှူးချုပ်သိန်းနိုင်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက်ဖြစ်ပြီး တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသည့် တစ်ဦး တည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

ဒုတိယအကြိမ် လွှတ်တော်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာရင်းတွင် ဗိုလ်မှူးကြီးအဆင့် ၂၅ ဦး ပါဝင်သည်။ ယင်းတို့ထဲတွင် (ကြည်း/ ၁၇၅၁၇) ဗိုလ်မှူးကြီးထိန်လင်း (ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး)၊ ပြည်သူ့လွှတ်တော်မှ (ကြည်း/၁၇၃၁၉) ဗိုလ်မှူးကြီးအောင်သီဟ၊ (ကြည်း/ ၁၈၀၂၉) ဗိုလ်မှူးကြီးအောင်မြင့်၊ (ကြည်း/ ၁၈၇၀၁) ဗိုလ်မှူးကြီးမြင့်ဟန်၊ (ကြည်း/ ၁၉၃၀၇) ဗိုလ်မှူးကြီးခင်မောင်ထွန်း၊ အမျိုးသားလွှတ်တော်မှ (ကြည်း/၁၈၀၂၀) ဗိုလ်မှူးကြီးအောင်ခင်ဇော်၊ (ကြည်း/ ၁၉၇၂၇) ဗိုလ်မှူးကြီး လှဝင်းအောင်တို့သည် ပထမအကြိမ် လွှတ်တော် စတင်ချိန်ကတည်းက ပါလာကြသည့် ကိုယ်စားလှယ် ဟောင်း များ ဖြစ်ကြသည်။

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာချက်များအရ ဒုတိယ အကြိမ် လွှတ်တော် အသီးသီးအတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ဗိုလ်ချုပ် ၃ ဦး၊ ဗိုလ်မှူးချုပ် ၁၂ ဦး၊ ဗိုလ်မှူးကြီး ၂၅ ဦး၊ ဒုတိယ ဗိုလ်မှူးကြီး ၅၈ ဦး၊ ဗိုလ်မှူး ၂၁၄ ဦး၊ ဗိုလ်မှူး/ဗိုလ်ကြီး ၁၅ ဦး၊ ဗိုလ်ကြီး ၅၉ ဦး၊ စုစုပေါင်း ၃၈၆ ဦးဖြစ်သည်။ ပထမအကြိမ် လွှတ်တော်တုန်းက ဗိုလ်မှူးချုပ် ၈ ဦးသာ ဦးဆောင်ခဲ့ရာမှ ယခု ဒုတိယအကြိမ်တွင် တစ်ဆင့်မြင့်ရာထူးဖြစ်သော ဗိုလ်ချုပ် ၃ ဦး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် အဆင့်ကိုလည်း ၁၂ ဦးထိ အားဖြည့်ထားတာကြောင့် လာမည့် လွှတ်တော်တွင် ဥပဒေပြင်ဆင်ချက်များ၊ ဥပဒေကြမ်းများနှင့် အဆိုတင်သွင်းခြင်းများ အပေါ်တွင် အားကောင်းမောင်းသန် ဆွေးနွေး၊ အကြံပြု၊ သုံးသပ် ချက်များကို တွေ့လာရတော့မည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက အတိအကျဆိုရလျှင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ညပိုင်း၌ နိုင်ငံပိုင် ရုပ်သံနှင့် ရေဒီယိုများ တစ်ဆင့် ““အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်တို့အကြား သံသယများကို ဖယ်ရှားကာ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီ အရေးများအတွက် အပြန်အလှန် ယုံကြည်လေးစားမှုရှိစွာဖြင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း”” အတိအလင်း ပြောကြားခဲ့ပါသည်။

ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးသုံးသပ်ချက်များနှင့် ပတ်သက်၍ နိုင်ငံတကာ သတင်းဂျာနယ်များအနက် Foreign Affair ဂျာနယ်တွင် “ဇိုက်တန်ဘာရန်နီ” (The Soldier and The Changing State စာအုပ်ရေးသူ)က အဓိကအချက် ၃ ချက်ပါ ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့ပါ သည်။ ပထမ-အင်အားကောင်းတဲ့ တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာဖွေဖို့လိုကြောင်း ပါရှိပါတယ်။ ဒုတိယ- ကြီးမား ကျယ်ပြန့်ပြီး လူမျိုးကွဲ ပြားမှုများကာ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရဲ့ ဗျူရိုကရေစီ ယန္တရားကို မောင်းနှင်ဖို့ အတွေ့အကြုံ ဖြည့်ဆည်း ရမယ်လို့ဆိုတယ်။ တတိယ-နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှု၊ အဂတိ လိုက်စားမှု တွေကို ကိုင်တွယ်ရာမှာ တပ်နဲ့ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ မြန်မာ-တရုတ် ဆက်ဆံရေးကို ကောင်းစွာ ကိုင်တွယ်သွားရန် လိုတယ်လို့ ရေးပါတယ်။ [The Voice Weekly Vol.11/ No.51]

ဘာပဲပြောပြော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ““မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပူးပေါင်းဖို့ လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ စစ်တပ်က ပူးပေါင်းပါဝင်တာကို လိုလားပါတယ်”” လို့ ကမ်းလင့်ထားသည့်အတိုင်း တပ်မတော်သည် ဒီမိုကရေစီ အင်အားစုများနှင့် လွှတ်တော်တွင်းရော လွှတ်တော် ပြင်ပမှာပါ လက်တွဲကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အနာဂတ် တည်ငြိမ်တောက်ပရေးကို တည်ဆောက် ကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။

ကိုးကား

(၁) The Parliaments of Myanmar- MCM Books Publishing

(၂) ခရီးက ဝေးကွာသေးသည်ဆို သော်လည်း- ဘမောင်ညို (The Voice Weekly)

(၃) ၂၀၁၆၊ ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

(၄) အပတ်စဉ်ထုတ်ဂျာနယ်များ

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

ပြည်သူ့အလိုကျအစိုးရမျိုးကတော့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရဲဝံ့ပြတ်သားစွာ ကာကွယ်စောင့် ရှောက်ရေးဟာ ၎င်းတို့ရဲ့ အဓိက တာဝန်ဖြစ်ပါတယ်။ စစ်တပ်အလိုကျ အစိုးရကတော့ စစ်တပ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် အဘက်ဘက်က လက်ဝါးကြီးအုပ် အုပ်စီးမှုကို ရှိရင်းစွဲအတိုင်း ထားရှိပြီး အကာအကွယ်ပေးရတော့မှာ ဖြစ် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာမီကာလမှာ ကျင်းပတော့မယ့် လွှတ်တော်သစ်မှာ တိုင်းပြည်အရေးကို တာဝန်ယူကြတော့မယ့် အစိုးရ အဖွဲ့အပါအ၀င်အုပ်ချုပ်သူအဖွဲ့စာရင်းများ ထုတ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေထဲမှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာ မေးမြန်းစုံစမ်းကြတဲ့ဂျာနယ်လစ်များတချို့ နင်ပဲငဆအပြောခံရ၊ သဟောက်သဟမ်း လုပ် ခံခဲ့ကြရပါတယ်။ တချို့ဆို ရေငုံနှုတ်ပိတ်နေဖို့ တောင်းဆိုခြင်းခံခဲ့ကြရပါတယ်။ ဒီနေရာမှာ ဂျာနယ်လစ်များ ပြောဆိုမေးမြန်းစုံစမ်းကြရတာ ၎င်းတို့ရဲ့ အလုပ်တာဝန်ဖြစ်ပါတယ်။ ၎င်းတို့ရဲ့အလုပ်တာဝန်ဆိုတာလည်း စာဖတ်ပရိသတ်ကြီးကို သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်များကို ရှာဖွေဖော် ထုတ်ရေးသားတင်ပြဖို့ပဲ ဖြစ်ပါတယ်။ သိသင့်သိထိုက်တယ် ထင်တဲ့ သတင်းအချက် အလက်ကိုရှာဖွေတင်ပြရတာကလည်း ပြည်သူ လူထုအနေနဲ့ ၎င်းတို့ရဲ့အကျိုးစီးပွားအတွက် ဆင်ခြင်သုံးသပ်ကြရာမှာ အချက်အလက်ရစေဖို့ဖြစ်ပါတယ်။ သတင်း၊ ဆောင်းပါးများရေးသား တင်ပြကြရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ပြည်သူလူထု တစ်စုံတစ်ရာ အကျိုးရှိ ရာရှိကြောင်းအတွက်ပဲဖြစ်ပါတယ်။

ဂျာနယ်လစ်များအနေနဲ့ NLD ပါတီရဲ့ အစိုးရ၀န်ကြီးစာရင်း ကို ရေးသားတင်ပြနိုင် လို့ သူ့အကျိုးရလဒ်အတွက် ဘာမှမျှော်လင့် လို့မရတာကို အနည်းငယ်ရှင်းပြလိုပါတယ်။ ဒီသတင်းတစ်ပုဒ် စာမျက်နှာမှာ ဖော်ပြခံရလို့ ပြည်တွင်းမီဒီယာများမှာဆိုရင် စာမူခအနည်းငယ်ရမှာဖြစ်ပါတယ်။ အနည်းငယ်ဆိုတာ အင်အားနည်းတဲ့ တိုက်တွေဆိုရင် သတင်းတစ်ပုဒ်စာမူခ ၁၅၀၀ကျပ် လောက်ပဲပေးနိုင် တာရှိသလို သတင်းကောင်းလို့ အထူး ဆုချီးမြှင့်ခဲ့ရင်တောင်သောင်း ဂဏန်းငွေကြေးပဲရမှာဖြစ်ပါတယ်။ ပုံမှန်ဂျာနယ်တိုက်များကတော့ သတင်း တစ် ပုဒ်ကို ၃၀၀၀ ကျပ်နဲ့ ၆၀၀၀ ကျပ်ကြား ချီးမြှင့်ပါတယ်။ တစ်ခါတစ်ရံ သတင်းတစ်ပုဒ်ကို အားစိုက်ပြီးလိုက်ရတဲ့ အခါ သတင်းအပုဒ်ရေ အနည်းငယ်သာ ရေးနိုင်ပါတော့တယ်။ ဒီအခါမှာ သူ့ရဲ့တစ်ပတ်စာ စာမူခဟာ တစ်သောင်းစွန်းစွန်းသာ ရနိုင်ပါတော့တယ်။ သတင်းလိုက်ရာမှာ တိုက်ကကျခံတဲ့ ခရီးစရိတ်အပြင် လိုအပ်တဲ့ လူမှုရေးအသုံး စရိတ်များကို စာမူခထဲက ဖြည့်စွက်သုံးစွဲရတာဖြစ်ပါတယ်။ သတင်းဌာနများက လူမှုရေး အသုံးစရိတ်ကုန်ကျ မခံချင်ကြပါဘူး။ ပြည်တွင်းမီဒီယာတစ်စောင်မှာ အစိုးရအဖွဲ့ရဲ့ ၀န်ကြီးစာရင်းကို ဖော်ပြနိုင် လို့ သတင်းထောက် ဂျာနယ်လစ်ရတဲ့ စာမူခဟာ ဆောက်လုပ်ရေးပန်းရန် ဆရာတစ်ယောက်ရဲ့ နေ့စား လုပ်ခစာ တောင် မီဖို့မကျိန်းသေပါဘူး။ အယ်ဒီတာအဖွဲ့အပါအ၀င် ရုံးအဖွဲ့များဟာလည်း နိမ့်ပါးတဲ့လစာနဲ့ တစ်လလုံး နီးပါး အလုပ်လုပ်ကြရတာဖြစ်ပါတယ်။ ဒီသတင်း တင်ဆက်နိုင်လို့ ဂျာနယ်ရောင်းကောင်းတယ်ဆိုရင်တောင် အကျိုးအမြတ်ဟာ ထုတ်ဝေသူရဲ့အိတ်ထဲသာ ရောက်သွားတာပါ။ ဂျာနယ်လစ်ကတော့ သူ့ရဲ့ရေးသားဖော် ပြချက်ကို စာဖတ်ပရိသတ် (ပြည်သူလူထု) အားရနှစ်ခြိုက်ရင်ပဲ ပီတိနဲ့ ကျေနပ်နေရ တာဖြစ်ပါတယ်။ ဒီလိုရှင်း လင်းပြနေရတာဟာ ၀န်ကြီးရဲ့လက်မှတ်တစ်ချက်က ဘ၀ပြောင်းသွားနိုင်ပေမယ့် သတင်းထောက်ရဲ့ ရေးသား တင်ပြချက်က သတင်းထောက်ကို သူဌေးမဖြစ်စေနိုင်တဲ့အပြင် ကာရန်မသင့်ရင် အန္တရာယ်ပေါင်းစုံနဲ့တောင် ရင်ဆိုင်ရ နိုင်ပါတယ်။ ဆိုလိုတာကအငြိုငြင်ခံ၊ နင်ပဲ ငဆအပြောအဆိုခံ၊ နှိမ့်ချစော်ကားပြောဆို ခံ၊ခြိမ်းခြောက်ခံ ပြီးသတင်းလိုက်၊ မေးမြန်း၊ ရေးသားနေတာတွေဟာ ဂျာနယ်လစ်တစ်ဦးချင်းစီရဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘူး။ စာဖတ်ပရိသတ်(လူထု) အကျိုးစီးပွားအတွက်ဆိုတာပါပဲ။

ဒီလိုဆိုရင် ဘာဖြစ်လို့ အစိုးရအဖွဲ့စာရင်းကို အသည်းအသန်မေးမြန်းပြီး လူထုထံကို ရေးသားတင်ပြလိုကြ ပါသလဲဆိုတာ မေးခွန်းရှိ လာပါတယ်။ ယေဘုယျဖြေရရင် စာဖတ်ပရိသတ်(ပြည်သူလူထု)ကြီးအတွက် သတင်း ထောက်က သူ့အလုပ်သူလုပ်တာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းထောက်ဟာလည်း မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူ ထဲက ပြည်သူတစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့သိပိုင်ခွင့်လည်းရှိပါတယ်။ ဒါ့ထက် လေးလေး နက်နက်ဖြေရရင် စာဖတ်ပရိသတ်နဲ့မဲဆန္ဒရှင်များအတွက် စိုးရိမ်လို့ပါလို့ ဖြေရမှာဖြစ်ပါတယ်။ ဘာကို စိုးရိမ်တာလဲလို့ဆိုရင် အမှန် တကယ်ပြောင်းလဲဖို့ မိမိတို့ရဲ့ ဆန္ဒမဲများ ပုံအောပေးခဲ့တဲ့အတိုင်း အမှန်တကယ် ပြောင်းလဲတဲ့အစိုးရ မပေါ် ထွက်မှာ စိုးရိမ်လို့၊ လူထုက မျှော်မှန်းထားတဲ့ အစိုးရမျိုး မဖြစ်မှာစိုးရိမ်လို့ ဖြစ်ပါတယ်။ တောင်ပြို ကမ်းပြိုအနိုင်ရ အောင်ပုံအောခဲ့ပေမယ့် မိမိတို့မလိုချင်တဲ့လူတွေ၊ လက္ခဏာတွေ အစိုးရအဖွဲ့သစ်ထဲမှာပါလာမှာကို စိုးရိမ်ကြ တာဖြစ်ပါတယ်။ မိမိတို့ရဲ့ မဲရလဒ်ကြောင့် မိမိတို့ဘယ်လိုအစိုးရမျိုးရမယ်ဆိုတာ ဘာကိုမှ အရိပ်အမြွက် မသိရ တဲ့အတွက် စိုးရိမ်စိတ်နဲ့သိချင်ဇော ပြင်းထန်နေ တာပဲ ဖြစ်ပါတယ်။ ဘာကြောင့်သိချင်နေကြတာလဲလို့ မေးရင် မဲပေးထားတဲ့ပြည်သူလူထုကြီးကို ဘယ်လိုအစိုးရမျိုး ဖြစ်စေရပါမယ်ဆိုတာ မျိုးကိုဘယ်သူကမှ အဖက်လုပ်ပြီး ပြောဆိုရှင်းပြထားတာ၊ ကတိက၀တ်ပြုထားတာ မရှိလို့ပါပဲ။

ဒီနေရာမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ၀န်ကလေးစာရင်းတို့ သမ္မတလောင်းစာရင်းတို့ဆိုတာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးထောင် ချောက်တွေကြောင့် ထုတ်ပြန်ဖို့ အခက်အခဲရှိနိုင်မယ်ဆိုတာ နားလည်ကြပါတယ်။ ဒါ့အပြင် ပြည်တွင်း၊ ပြည်ပမြန်မာ့အရေး ဂုရုများပြောဆိုနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြီးတဲ့နောက် ဒုတိယလူဆိုတာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာအတွက် နောက်တစ်ကြိမ် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကလို အဖြစ်ဆိုးမျိုး မကြုံစေ လိုတဲ့အတွက် မထုတ်ပြန်နိုင်သေးတာကိုလည်း နားလည်ကြပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအကျိုးစီးပွားကို အာမခံတဲ့၊ ပြည်သူလူထုကြီးရဲ့ ဆုံးရှုံးနစ်နာရမှုတွေကို ပြန်လည်ရယူပေးနိုင် မယ့် တိုင်းရင်းသားလူမျိုးစုများ အတွက် အာမခံမယ့်အစိုးရမျိုး ဖြစ်စေရ ပါမယ်ဆိုတာကိုတော့ ထုတ်ပြန်ပေးတာ၊ ကတိပေးတာ အန္တရာယ် မရှိလောက်ဘူးလို့ ယူဆပါတယ်။ လူနည်းစုဟာလည်း ပြည်သူတွေပဲ လို့ဆိုခဲ့ရင်တောင် လူနည်းစု လက်တစ် ဆုပ်စာကြောင့် လူအများစု ပြည်သူလူထုကြီး နစ်နာဆုံးရှုံးနေရတဲ့ကိစ္စကို ဖြေရှင်းပေးနိုင် ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းပေးနိုင်တဲ့ အစိုးရမျိုးအလိုရှိလို့ ဒီလိုအပြတ်အသတ် ထောက်ခံမဲပေးခဲ့တာလည်း ဖြစ်တယ်ဆို တာ သတိမလွတ်ဘူးလို့ ယုံကြည်မိပါတယ်။ ဒါဆိုရင် အစိုးရအဖွဲ့ဝန်ကြီး၊ ၀န်ကလေးစာရင်းက သိဖို့မလိုတော့ဘူး လားလို့ ဆိုစရာရှိပါတယ်။ အချိန်တန်ရင်ပြောပါ့မယ်၊ မစပ်စုချင်ပါနဲ့လို့ တာဝန်အရှိဆုံးလူက ဆိုထားပါတယ်။ အချိန်တန်ရင်ဆိုတာ လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ခေါ်ယူပြီး လွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာ လွှတ်တော်သို့ အစိုးရအဖွဲ့စာရင်းတင်သွင်းတဲ့အချိန်ကိုပြောတာလို့ ယူဆရပါတယ်။ အဲဒီလို လွှတ်တော်မှာ အမည်စာရင်းတင် သွင်းချိန်မှာ ပြည်သူလူထုက မလိုလား၊ မနှစ်သက်တဲ့လူတွေပါလာရင် ပြည်သူလူ ထုက ဘယ်လိုပြောရေးဆိုခွင့် ရှိမလဲ၊ တုံ့ပြန်ရမလဲဆိုတာလည်း နည်းလမ်းမသိရသေးပါဘူး။ အနိုင်ရပါတီက လွှတ် တော် အမတ်အများစုလွှမ်းမိုးထားတဲ့လွှတ်တော်မှာ အနိုင်ရပါတီကတင်သွင်းတဲ့ အစိုးရအဖွဲ့ စာရင်းကိုစိစစ်ငြင်း ခုံဆွေးနွေးခွင့်ရှိမရှိ မသိရသေးပါဘူး။ အစိုးရအဖွဲ့သစ်အတွင်း မှာ ပြည်သူလူထု အများစုကြီး မလိုလား၊ မနှစ် သက်သူတွေပါဝင်နေပါက လွှတ်တော်ပြင်ပနည်းလမ်းဖြင့်သာ ဆန့်ကျင်ကန့်ကွက် ရမယ့်သဘောဖြစ် နေပါ တယ်။ အစိုးရအဖွဲ့သစ်တစ်ရပ်အတွက် တည်ငြိမ်တဲ့နိုင်ငံရေး အခြေအနေလိုအပ်တာမို့ ပြည်သူလူထု မလိုလား၊ မနှစ်သက်သူတွေကို ကနဦး မရွေးချယ်မိဖို့ လိုအပ်ကောင်းလိုအပ်မယ်လို့ ယူဆပါတယ်။

ဒီလိုစိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်နေကြရတာ မိမိတို့ ရွေးချယ်တင်မြှောက် လိုက်သူတွေကိုမယုံကြည်လို့၊ ခေါင်းဆောင် ရဲ့စွမ်းရည်ကိုမယုံကြည်လို့ဆိုပြီး အဓိပ္ပာယ် ကောက်မလွဲစေလိုပါဘူး။ မြန်မာလူထုကြီး အနေနဲ့ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို စစ်အာဏာရှင်များနဲ့ မျိုးဆက်ချီပြီး ကြုံတွေ့ခဲ့ရတဲ့သင်ခန်းစာ၊ လက်တွေ့အတွေ့အကြုံများကြောင့် သာ ဖြစ်ပါတယ်။

လူထုဆန္ဒများ အကြိမ်ကြိမ်နင်းချေခံရတဲ့အတွေ့အကြုံများကြောင့် ယခုနောက်ဆုံးရလဒ်ကိုလည်း နင်းချေခံရ မလားစိုးရိမ်ကြောင့်ကြနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ဘ၀များနဲ့ ရင်းနှီးပေးဆပ်ရကြရတဲ့ အတွေ့ အကြုံများကြောင့် မာယာများ၊ လှည့်စားမှုများ၊ လှည့်ကွက်များ၊ လုပ်ဟန်များအပေါ်မှာလည်း သတိထားနေကြ တာ ဖြစ်ပါတယ်။ ဒါကိုလည်း အတွေ့အကြုံ၊ လက်တွေ့ဘ၀က ပြဋ္ဌာန်းလာတဲ့အသိအမြင်အတွေးအခေါ်လို့ လက်ခံနှလုံးသွင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဘာကိုစိုးရိမ်ကြောင့်ကြနေကြတာလဲလို့မေးရင်တော့ အသစ်ပေါ်ထွန်းလာမယ့် အစိုးရအဖွဲ့ဟာ ပြည်သူအလို ကျတဲ့အစိုးရအဖွဲ့မဖြစ်ဘဲ စစ်တပ်အလိုကျအစိုးရအဖွဲ့ ပေါ်ထွန်း လာမှာ ကြောင့်ကြ ကြတာပဲဖြစ်ပါတယ်။ ပြည်သူ့အလိုကျအစိုးရအဖွဲ့နဲ့ စစ်တပ်အလိုကျအစိုးရအဖွဲ့တို့ ဘာများခြားနားလို့လဲလို့ မေးစရာရှိ လာပါတယ်။ ပြည် သူ့အလိုကျအစိုးရမျိုးကတော့ ပြည်သူလူထု ရဲ့အကျိုးစီးပွားကို ရဲဝံ့ပြတ်သားစွာကာ ကွယ်စောင့်ရှောက် ရေးဟာ ၎င်းတို့ရဲ့အဓိက တာဝန်ဖြစ်ပါတယ်။ စစ်တပ်အလိုကျအစိုးရကတော့ စစ်တပ်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသဖြင့် အဘက်ဘက်က လက်ဝါးကြီးအုပ် အုပ်စီးမှုကို ရှိရင်းစွဲအတိုင်းထားရှိပြီး အကာအကွယ်ပေးရ တော့မှာ ဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးစသဖြင့် အဘက် ဘက်ကနေ အုပ်စီးထားနိုင်ဖို့အတွက် ၂၀၀၈ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းထားပြီး စည်းကမ်းပြည့်ဝသောဒီမိုကရေစီဆိုတဲ့ အရေခြုံဒီမို ကရေစီစနစ်တစ်ရပ်ကို ကြံဆစီမံထားပြီးဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ စမ်းသပ်ကျင့်သုံး ဆောင်ရွက်ပြီးတဲ့နောက် ဦးသိန်းစိန်အစိုးရထက် ပိုမိုလိုက်လျောညီ ထွေကျင့်သုံးနိုင်မယ့်အစိုးရတစ်ရပ်ကို အလို ရှိလာပါတယ်။ အဆိုပါအစိုးရဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ့်အပြင် ဒီမိုကရေစီအစစ်အဖြစ် ပြည်သူ လူထုကိုသိမ်းသွင်းနားချပေးနိုင်ဖို့လည်း ရည်မှန်းချက်ထားပုံရပါတယ်။ ပြည်သူလူထုရဲ့ နိုးကြားတက်ကြွလာတဲ့ နိုင်ငံရေးအရှိန်အဟုန်ကို လျှော့ချရေးအတွက်လည်း လုပ်ကိုင်ဆောင် ရွက်စေလိုပုံရပါတယ်။ ၎င်းတို့အနေနဲ့ ၎င်းတို့ရဲ့ရှိရင်းစွဲအခြေအနေများကို မထိပါးပါဘူးလို့ ယုံကြည်စိတ်ချရပြီး လိုသလိုပုံသွင်းရလွယ်ကူတဲ့ အနေ အထားရှိပြီလို့ ယူဆမှသာ လက်ဝေခံနိုင်ငံတော် အာဏာအမျိုးအစားတစ်မျိုးနဲ့ အရေခွံအသစ်လဲထားတဲ့ ဒီမိုက ရေစီအမျိုးအစားတစ်မျိုးကို ပေးအပ်မှာပဲဖြစ် ပါတယ်။ ပြည်သူ့အလိုကျအစိုးရ အမျိုးအစားဟာအထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာအားလုံးကို ငြင်းပယ်တဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည်သူ့ အာဏာ၊ ပြည်သူ့ ဒီမိုကရေစီ အတွက် နိုးကြားတက်ကြွလာတဲ့ လူထုကြီးရဲ့ ရှေ့တန်းကနေ ဦးဆောင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ပြည်သူ့ အာဏာအစိုးရအဖြစ် မလျှော့တမ်းဖော် ဆောင်တာပဲဖြစ်ပါတယ်။ ပြည်သူလူထု အပေါ်မှာဖိစီးနှိပ်ကွပ် ထားမှုမှန်သမျှကို ရဲဝံ့စွာဖယ်ရှားရှင်းလင်းပေးပြီး ပြည်သူလူထုအကျိုးစီးပွားကိုသာ အကာအကွယ်ပေးတဲ့ အစိုးရမျိုး ဖြစ်ပါတယ်။

မကြာမီ ပြည်သူများရရှိမယ့်အစိုးရဟာ ပြည်သူလူထုအလိုကျအစိုးရလား၊ စစ်တပ် အလိုကျအစိုးရလားဆိုတာ ပြောဆိုဖို့ရာ အချက်အလက်မရှိသေးပါဘူး။ စေ့စပ်အလျှော့ပေးနေရသလား၊ တောင်းပန်တိုးလျှိုး နေရသလား ဆိုတာလည်း ဝေဖန်ဖို့သတင်း အချက်အလက်မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ရှိထားတဲ့အချက်အလက် အရ နိုင်ငံတော်အာဏာရဲ့ပြယုဂ်ဖြစ်နေတဲ့ ကာ/လုံမှာ အသာစီးယူထားခြင်း၊ အုပ်ချုပ်ရေးအာဏာရဲ့အသက် ဖြစ်တဲ့ ၀န်ကြီးဌာန ၃ခုကို တပ်မှယူထားခြင်း စတာတွေ အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ် ရေး၊ ဥပဒေပြုရေးစသဖြင့် ဘက်ပေါင်းစုံ အုပ်စီးအသာစီးယူထားတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို လက်တွေ့နာခံ တိုးလျှိုးဝင်သွားခဲ့ပြီးသား ဖြစ်ပါတယ်။ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်တားဆီးထားတဲ့ ၅၉(စ)လို ဥပဒေ များပြင် ဆင်ရေးကိစ္စဟာလည်းနာခံမလား၊ အာခံမလားအပေါ်မှာ ကြည့်ပြီးမှ ပြင်ဆင်ပေးမယ့်သဘောမျိုး တွေ့နေရ ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့၊ တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများ ရပ်တံ့ရေးတို့၊ လက်ငင်းမှာ ဖြစ်ပေါ်နေတဲ့ မြေသိမ်းယာသိမ်းကိစ္စများတို့၊ အလုပ်သမား၊ လယ်သမားကိစ္စတို့ စ သဖြင့် လူထုပြဿနာများအပေါ်မှာ လက်ရှိဘယ်လိုသဘောထားတယ်ဆိုတာ အနာဂတ်အပြုအမူရဲ့ စံမဖြစ် ပါစေနဲ့လို့ ဆုတောင်းရပါတော့မယ်။ ပြည်သူလူထု ကြုံတွေ့နေရတဲ့ လူမှုဒုက္ခအ၀၀မှာ ဖိစီးနှိပ်ကွပ်ခံနေရ မှုတွေအပေါ်မှာ လက်ရှိမပြောသာလို့ နောင်များမှ ပြောမလား၊ လုပ်ကိုင်ဆောင်ရွက် ပေးမလားဆိုတာကို စိတ်ကူးယဉ်နေကြရပါတယ်။

၂၀၀၈ အခြေခံဥပဒေဆိုတဲ့ ခြင်းထဲမှာ အချိန်မရွေး ဟင်းစားဖော်လို့ရတဲ့ မလူး သာမလွန့်သာအခြေအနေကနေ လွတ် မြောက်အောင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့ လူထုက ကယ်တင်/ဆယ်တင်ပြီးဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှပြု လုပ်တဲ့ရွေးကောက်ပွဲဖြစ်ပေမယ့် လူထုကအခြေခံဥပဒေကြည့်ပြီး မဲပေးခဲ့တာမဟုတ် ဘူးဆိုတာ သေချာပါတယ်။ လက်ရှိအခြေအနေကြီးတစ်ရပ်လုံးကို ပြောင်းလဲ ပစ်လိုတဲ့ ဆန္ဒ၊ အမှန်တကယ် အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ NLD ကို မဲပေးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရဆိုတာ စစ်အာဏာရှင်များရဲ့ဆန္ဒဘက်တစ်ဖက်သာ ဖြစ်ပြီး တစ်ဖက်မှာ စစ်မှန်တဲ့အပြောင်း အလဲကိုလိုလားတဲ့ လူထုဆန္ဒဟာ ဘက်တစ်ဖက်ဖြစ်ပါတယ်။

လူထုဟာ အပြောင်းအလဲဖော်ဆောင်ပေးမယ်လို့ ယုံကြည်တဲ့ဘက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး ပွဲစား အဖြစ်ရွေးချယ်ခဲ့တယ်လို့ ခံယူပုံမရပါဘူး။ လက်ရှိကြိုတင်ခန့်မှန်းတွက်ချက်လို့မရတဲ့ မရေမရာ အခြေ အနေများကြောင့် ၂၀၁၅ရွေးကောက်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကိုက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဦးသိန်းစိန် အစိုးရ ဆက်လက်တည်မြဲရေးအတွက် မဟုတ်ဘဲ လိုက်လျောညီထွေရှိတဲ့ လက် ဝေခံအစိုးရတစ်ရပ်ပေါ်ထွက်စေဖို့ ရန် ရည်ရွယ်သလားလို့ စဉ်းစားစရာရှိလာရပြန်ပါတယ်။ သို့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုကြီးဟာ သူတို့ရဲ့ ဆန္ဒကို ပြတ်ပြတ် သားသားဖော်ပြပြီးဖြစ်နေတဲ့အတွက် မလွှဲသာမရှောင်သာ စေ့စပ် လာရတာလဲ ဖြစ်ပုံ ရပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့ အခြေအနေထိ ရှိနေပါတယ်။ အခြေအနေဆိုတာ နိုးကြားတက်ကြွလာတဲ့ မဲဆန္ဒရှင်လူထုလူတန်းစား ပေါင်းစုံကို မျက်နှာမူပြီး လူထုရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးပြီး လူထုနဲ့အတူ ရင်ပေါင်တန်းချီတက်တိုက်ပွဲ ၀င်မှသာ ရရှိနိုင်မှာဖြစ်ပါတယ်။ လူထုကြီးဟာ သူတို့အလိုကျအစိုးရမရရှိပါက သူတို့ အလုပ်သူတို့ဆက် လုပ်ကြ ရဦးမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ် အမြင့်ဆုံးရောက်လေ ရှုပ်ထွေးမှုအများဆုံးဖြစ်လေ၊ အရည်အချင်း အရပြောင်းလဲဖို့ နီးကပ်လာလေ ဆန့်ကျင်ဘက်လွန်ဆွဲမှုပြင်းထန်လာလေ ဆိုတဲ့သဘောအရ လူထုကြီးဟာ ဘက်တစ်ဖက်က စောင့်ကြည့်နေကြ မှာ ဖြစ်ပါတယ်။ လူထုအလိုကျ အစိုးရဖြစ်စေ ရပါမယ်ဆိုတာလောက် လူထုကို ကတိပေး ပြောဆိုထားရင် လူထုကလည်း နိုးနိုးကြားကြား ကူညီဖို့အသင့်ရှိနေကြမှာပါ။ အခြေခံ ဥပဒေ အကျပ်အတည်းဆိုတာ လူထုဆန္ဒနဲ့ အလဲအလှယ်လုပ်လို့ မရနိုင်ပါဘူး။

စိမ်းမောင်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald



ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး ကိုသတ်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်း (ဝေဖြိုး) နဲ့ ဇော်လင်းတို့ကို ထောင်အာဏာပိုင်တွေက ခြေထောက်မှာခတ်ထားတဲ့ သံခြေကျင်းတွေ ဖြုတ်ပေးလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မအေးမာချိုက ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် ရှေ့နေတဦးနဲ့အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၀င်းနဲ့ ဇော်တို့ကို ထောင်ဝင်စာ သွားတွေ့အပြီး ဒီဗွီဘီကို ခုလိုပြောပြပါတယ်။

“သူတို့ကို ထောင်အာဏာပိုင်တွေက နခွန်းဆီထမရတ်အကျဉ်းထောင်ကနေ ဒီ ဘန်ကောက် နားက နွန်ထဘူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ ရွှေ့ထားလိုက်တယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ရွှေ့လာတာ၊ ဒီထောင်က အပြစ်ကြီးလေးတဲ့ အမှုကလူတွေကို ထားတာပေါ့နော်။ ဒီထောင်က ကမ္ဘာပေါ်မှာ အရက်စက်ဆုံးထောင်တွေထဲမှာ နံပါတ် ၅ လို့ အရင်က ကြားဖူး ထားတော့ တကယ်ဘဲနှိပ်စက်ခံရသလားဆိုပြီး မေးကြည့်တာ၊ မဆိုးပါဘူး၊ အရင်ထောင် တွေထက် ပိုပြီးကျယ်ကျယ်နေရတယ်။ ခြေတောက် သံခြေကျင်းလည်း ဖြုတ်ပေးပြီးပြီ။ ဒီရောက်ကတည်းကတဲ့။ ထောင်ထုံးစံအရ သူတို့ကို တနေရာစီခွဲထားတယ်။ ဇော်လင်းက အဆောင် ၂ မှာ ဝေဖြိုးက အဆောင် ၅ မှာ။ ဒါပေမယ့် သူတို့ အဆင်ပြေတယ်လို့ပြောတယ်။ ထောင်မှူးရော၊ ထောင်သားအချင်းချင်းရော သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။”

သူတို့ ၂ ဦးဟာ ညနေ ၃ နာရီထိ အခန်းထဲမှာ တချိန်လုံးမနေရဘဲ မနက် ၇ နာရီခွဲကနေ အပြင်မှာနေရကြောင်း၊ ဘ၀တူထောင်သားတွေနဲ့အတူ စကားပြောခွင့်ရသလို ဘောလုံးကန်၊ ခြင်းခတ်ကစားတာတွေလည်း လုပ်ခွင့်ရတယ်လို့ ဆိုပါတယ်။

သူတို့ကို နေ့ခင်း တစ်နာရီခွဲကနေ ၂ နာရီထိ တွေ့ဆုံခွင့်ရခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့က ပေးလိုက်တဲ့ မုန့်ဖိုးငွေ ၂ ထောင်စီကိုလည်း ထောင်ဝန်ထမ်း ကနေတဆင့် ပေးအပ်ခဲ့ကြောင်း၊ လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ နောက်ထပ်သွားတွေ့ဖို့ ရှိသေးတယ်လို့ မအေးမာချိုက ပြောသွားပါတယ်။

ဒီအမှု အယူခံဝင်ရေးမှာတော့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ဆူဖန်းဆာမာရိမ်း က လောလောဆယ် အမှုတွဲတွေ ပြန်စစ်ဆေးသုံးသပ်ခြင်း၊ အချက်အလက်စုဆောင်းခြင်းတွေ လုပ်နေပြီး ဖေဖော်ဝါရီ ၂၄ ရက်လောက်မှာ အယူခံဝင်နိုင်ဖွယ်ရှိပါတယ်။

By နန်းမြနဒီ /DVB
http://burmese.dvb.no/archives/133737


တိုင်းရင်းသား အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင်က ပြောပါတယ်။

မနက်ဖြန်ကျင်းပမယ့် အမျိုးသား လွှတ်တော် အတွက် အစမ်းလေ့ကျင့်အပြီးမှာ ဦးအေးသာအောင်က သတင်းထောက်တွေ ကို ပြောကြားလိုက်တာပါ။

အစမ်းလေ့ကျင့်ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် လျာထားခံရသူ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အာဇာနည် မန်းဘခိုင်မြေးဖြစ်သူ ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အနိုင်ရ ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၃၅ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ တစ်သီးပုဂ္ဂလ ၂ ဦးအပါအ၀င် ၁၆၈ ဦးရှိပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးနဲ့ပေါင်းရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိပါတယ်။

မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုတိယရွေးချယ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ချင်းပြည်နယ်အမှတ် ၄ က ဦးဇုန်လှယ်ထန်းက သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်သမားများနဲ့ ပတ်သက်တဲ့ ဥပဒေများ နည်းဥပဒေများထဲက အငြင်းပွားဖွယ်ရာတွေကို ပြင်ဆင်ပေးဖို့ သုံးပွင့်ဆိုင်အစည်းအဝေးမှာ တင်ပြရာမှာ အလုပ်သမားဝန်ကြီးဌာန က ပြင်ဆင်ပေးဖို့ မရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာန သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၃၁-ရက်နေ့က စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာကျင်းပရာမှာ အလုပ်သမားများကိုခန့်ထားတဲ့ အခါမှာ ချုပ်ဆိုရမယ့် စာချုပ်အပါအချက်အလက်များ အပါအဝင် ပြင်ဆင်သင့်တာတွေကို အလုပ်သမား နဲ့ အလုပ်ရှင်ဘက်က တင်ပြကြရာ အလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်ဖို့မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။  အစည်းအဝေးကို တက်ရောက်သူ စက်မှုကုန်သည် ကြီးများ အသင်းချုပ်က တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

"အလုပ်သမားဥပဒေတွေ၊ ခံစားခွင့်ဆိုင်ရာဥပဒေတွေ ၊ နည်းဥပဒေတွေ စတင်ရေးဆွဲထဲက အလုပ်သမားနဲ့ အလုပ်ရှင်များနဲ့ ပါဝင်တဲ့အဖွဲ့တွေနဲ့ နည်းဥပဒေကြမ်း ကို ပြင်ဆင်ဖို့အကြံပေးတယ်၊ ထွက်လာတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေက ကျနော်တို့ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော၊ တင်ပြတောင်းဆိုတဲ့ အချက် အလက်တွေ ပါမလာဘူး၊ နောက်တစ်ခါ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ကိုလည်း ကြိုတင်ပြင်ဆင်ပြီးတော့ မထုတ်ပြန်ခင်မှာ တင်ပြတဲ့အခါမှာလည်း သူရဲ့ နည်းဥပဒေတွေ အားနည်းနေတဲ့အတွက် အငြင်းပွားဖွယ်ရာတွေကိုတင်ပြခဲ့တယ်၊ စာချုပ်ထွက်လာတော့လည်း ပါမလာဘူး၊ အလုပ်သမားဝန်ကြီးဌာနဖက်က သူတို့အနေနဲ့ သူတို့ရဲ့သဘောထားကိုပဲ အဓိကဦးစားပေးရေးတဲ့ စာချုပ်ဖြစ်တယ်၊ အဲ့စာချုပ်က စာမျက်နှာ ၁၇ မျက်နှာရှိတယ်"

ဝန်ကြီးဌာနက ပြင်ဆင်ဖို့ ငြင်းဆိုပေမယ့် အစည်းအဝေးမှာ စာမျက်နှာ ၁၇-မျက်နှာရှိနေတဲ့  အလုပ်သမားများကို ခန့်ထားရာမှာ ချုပ်ဆိုရမဲ့စာချုပ်ထဲက  ဖေါင်းပွနေ တဲ့ စာသားများ တူညီချက်များ စတာတွေကို ပေါင်းစုပြီး စာမျက်နှာ ငါးမျက်နှာရှိစာချုပ်ကို ပြင်ဆင်ဖို့ အလုပ်ရှင်အလုပ်သမား အဖွဲ့တွေက ဆက်လက်တင်ပြခဲ့ ပါတယ်။ ဒါပေမဲ့ အလုပ်သမား ၀န်ကြီးဌာနက ပြင်ဆင်ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒီအစည်းအဝေးကို ရန်ကုန်မြို့UMFCCI စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာ ကျင်းပတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ဒုတိယ၀န်ကြီး အပါအ၀င် ဝန်ကြီး ဌာနက ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူးများ၊ အလုပ်သမားသမဂ္ဂအသီးအသီးက ဥက္ကဌ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ ကိုယ်စလှယ်များ အပြင်ILO ဌာနေ ကိုယ်စားလှယ်နဲ့ UMFCCI ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့ တက်ရောက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပီရူးနိုင်ငံမှာ ကျန်းမာရေး လုပ်သားတွေက ခြင်ဆေးဖျန်းပေးနေစဉ် (Credit: Reuters) 
ခြင်ကနေ ​ပေါက်ဖွားလာတဲ့ ​ဇီကာ ​ဗိုင်းရပ်စ်ဟာ ​တကမ္ဘာလုံးအတွက် ​စိုးရိမ်စရာ ​ဖြစ်တာကြောင့် ​အရေးပေါ် ​အခြေအနေအဖြစ် ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ကြေညာလိုက်ပါတယ်။ ​A

ဂျီနီဗာမှာ ​ဇီကာဗိုင်းရပ်စ်နဲ့ ​ဆက်စပ်ပြီး ​အစည်းအဝေးပြုလုပ်တုန်းမှာပဲ ​WHO ​က ​အရေးပေါ် ​အခြေအနေ ​ကြေညာလိုက်တာပါ။

ရောဂါကူးစက်ခံရမှုကို ​အမြန်ဆုံးသိအောင်လုပ်ဖို့၊ ​ကာကွယ်ဆေးတွေ ​အမြန်ဆုံး ​ဖော်စပ်နိုင်အောင် ​လုပ်ဖို့နဲ့ ​ဇီကာ ​ရောဂါဟုတ်မဟုတ်ဆိုတာကို ​သေခြာ ​သိရှိနိုင်အောင် ​လုပ်ဆောင်ဖို့တွေကို ​အမြန်ဆုံး ​လုပ်ရမယ်လို့ ​အရေးပေါ် ​ကော်မတီက ​သဘောတူခဲ့ကြတယ်လို့ ​WHO ​ရဲ့ ​ဒါရိုက်တာ ​မာဂရက်ချန် ​က ​ပြောပါတယ်။

ဒါပေမဲ့ ​ဇီကာကြောင့် ​ခရီးသွားလာရေး ​ကန့်သတ်တာတွေ၊ ​ကုန်သွယ်ရေး ​ကန့်သတ်တာမျိုးတွေ ​လုပ်ဖို့ ​အလိုဘူးလို့ ​ဆိုပါတယ်။

သီးသန့်လွတ်လပ်တဲ့ ​ကျန်းမာရေး ​ပညာရှင်တချို့ကတော့ ​ဇီကာဗိုင်းရပ်စ်အပေါ် ​ကုလသမဂ္ဂရဲ့ ​တုန့်ပြန်မှုဟာ ​နှေးကွေးလွန်းတယ်ဆိုပြီး ​ဝေဖန်နေကြပါတယ်။

အာဖရိကနိုင်ငံ ​တချို့မှာ ​ဖြစ်ခဲ့တဲ့ ​အီဘိုလာ ​ရောဂါတုန်းကလည်း ​ကုလသမဂ္ဂရဲ့ ​တုန့်ပြန်မှုတွေ ​နှေးကွေးလို့ ​လူတစ်သောင်းတောင် ​သေဆုံးရတယ်လို့ ​ဝေဖန်ကြပေမယ့် ​ဒီတချီမှာတော့ ​အီဘိုလာတုန်းကလောက် ​အချိန်မဆွဲဘူးလို့လည်း ​ပြောဆိုနေကြပါတယ်။

အရင်တပါတ်တုန်းကပဲ ​WHO ​အဖွဲ့က ​အမေရိကတိုက်မှာ ​လူပေါင်း ​၄ ​သန်းလောက်အထိ ​ရောဂါ ​ကူးစက်ခံရနိုင်တယ်လို့ ​ပြောဆိုထားပါတယ်။

အဆိုးဝါးဆုံးကတော့ ​ဘရာဇီးလ်နိုင်ငံမှာ ​ဖြစ်နေပြီး ​ဘရာဇီးလ်နိုင်ငံ ​Rio ​de ​Jeneiro ​မြို့မှာ ​သြဂုတ်လကြရင် ​အိုလံပစ် ​အားကစားပွဲ ​ကျင်းပမှာ ​ဖြစ်လို့ ​ကူးစက်မှုတွေ ​ပိုဖြစ်မှာကို ​စိုးရိမ်နေကြပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ​ဇီကာပိုး ​ကူးစက်ခံရရင် ​Microcephaly ​မိုက်ကရိုကက်ဖလီလို့ခေါ်တဲ့ ​ဦးနှောက်သေးတဲ့ ​ကလေးတွေ ​မွေးလာစေနိုင်ပါတယ်။

အခုလောလောဆယ် ​နိုင်ငံပေါင်း ​၂၄ ​နိုင်ငံလောက်မှာ ​ရောဂါ ​ကူးစက်မှု ​ဖြစ်နေပြီး ​ဘရာဇီးလ်နိုင်ငံမှာ ​လအနည်းငယ်အတွင်း ​လူပေါင်း ​၄ဝဝဝ ​မှာ ​ကူးစက်ခံထားရပါတယ်။

မိုးလေဝသနဲ့ ​ဇလဗေဒပညာရှင် ​ဦးထွန်းလွင်ကတော့ ​အယ်လ်နီညို ​ရာသီဥတု ​ဖြစ်စဉ် ​အားကောင်းတဲ့ ​နှစ်တွေမှာ ​ကျန်းမာရေး ​ဆိုးဝါးမှုတွေ ​ဖြစ်တာကို ​သတိထားမိတယ်လို့ ​ပြောဆိုထားပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ​၃%ကနေ ​၅% ​အထိ ​သေဆုံးစေခဲ့တဲ့ ​H1N1 ​ဖျားနာကူးစက်ရောဂါပိုးဟာ ​၁၉၁၈ ​ကနေ ​၁၉၂၀ ​ပြည့်နှစ်မှာ ​ဖြစ်ပွားခဲ့ပြီး ​အဲဒီအချိန်တုန်းက ​အားကောင်းတဲ့ ​အယ်လ်နီညိုနှစ်ဖြစ်ခဲ့သလို ​၂၀၁၅-၂၀၁၆ ​ခုနှစ်ဟာလည်း ​အားကောင်းတဲ့ ​အယ်လ်နီညိုနှစ် ​ဖြစ်တယ်လို့ ​ဦးထွန်းလွင်ရဲ့ ​ဖေ့စ်ဘွတ်မှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


နေပြည်တော်ကောင်စီနယ်မြေရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ထားသော စက်သုံးဆီဈေးထက် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုများရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့သူ ကားသမားတဦးက ပြောသည်။


`ရန်ကုန်ဆီဆိုင်တွေမှာ တဆိုင်နဲ့တဆိုင် ဈေးကွာတယ်ဆိုရင် ၁ လီတာကို တစ်ဆယ်၊ နှစ်ဆယ်ပဲကွာတယ်။ ရန်ကုန်မှာ Premium ဒီဇယ် ၁ လီတာကို ၅၁၀ ကျပ်နဲ့ ဆီထည့်ပြီး နေပြည်တော်ရောက်တော့ Premium ဒီဇယ် ၉ ဂါလံထပ်ထည့်တာ ၁ လီတာကို ကျပ် ၆၅၀ ဆိုတော့ မှားနေတယ်ထင်ပြီး ပြန်မေးတော့ ဒီဈေးပဲလို့ ပြောတယ်။ ဆီဆိုင်က မြ၀တီစက်သုံးဆီအရောင်း ဆိုင်ပါ`လို့ ပြောသည်။


ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းမကျဆင်းခြင်းအတွက် စွမ်းအင်ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက တရားဝင် ထုတ်ပြန်ထားသော်လည်း တိုင်ကြားမှုများကို အရေးယူခြင်းရှိ၊ မရှိကို သေချာစွာ မသိဟု ကားသမားအများစုက ဆိုကြသည်။

`တိုင်လို့ရပါတယ်။ သေချာရင် စွမ်းအင်ဝန်ကြီးဌာနက တလတကြိမ် စိစစ်ပြီး အရေးယူမယ်လို့ ပြောပါတယ်`ဟု မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


News update on 1th February 2016

ထိုင်းနိုင်ငံ ဆူလ ဌာနီအတွင်း ကော့စမွေ ကျွန်းတွင် ဖွင့်လစ်ထားတဲ့ ဘေးမဲ့ သစ်တောအတွင်း ဆင်စီးပြီး လယ်ပါတ်နေသူ နိုင်ငံခြားသားများ စီးလာတဲ့ ၁၃နှစ်သား ဆင်တကောင် ဟာ ရုတ်တရက် စိတ်ရိုင်းဝင် လာပြီးနောက် ကျောပေါ်စီးနင်း လိုက်ပါလာကြသူ မိသားစုတွေ ကို တိုက်ခိုက်ခဲ့လို့  စကော့တလန် နိုင်ငံသား Moustafa Normanနဲ့  သမီးဖြစ်သူ အသက် ၁၆နှစ် တို့ ဟာ ဒဏ်ရာပြင်းထန်လို့ သေဆုံးခဲ့ပြီး ဆင်ဦးစီးဖြစ်သူ ဒဏ်ရာ အပြင်းအထန် ရသွား ခဲ့ကြောင်း ထိုင်းနိုင်ငံ အွန်လိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။


ဆင်ဦးစီးဖြစ်သူ မြန်မာနိုင်ငံသား ( စောဝင်းသန်း)လည်း စိတ်ရိုင်းဝင်သွား တဲ့ ကျောပေါ်ကနေပြတ်ကျပြီး ဆင်တိုက်ခိုက်တာ ခံရလို့  ဆေးရုံတင် ခဲ့ရပါတယ်။

စောဝင်သန်းက နိုင်ငံခြားသားတွေကို ခြေထောက်နဲ့ နင်း အစွယ်နဲ့ ထိုးနေတာကို ကြိုးစားပြီး ဟန့် တားဘို့  ကြိုးစားတာကို သူ့ ကိုပါ ပြန်အတိုက်ခိုက် ခံခဲ့ရတာပါ။


ယခုဖြစ်ရပ်နဲ့ ပါတ်သက်လို့  စစ်ဆေးနေရာမှာ ယခုရက်ပိုင်းအတွင်း ရာသီဥတုက ပြန်လည် ပူအိုက်လာပြီး အပူချိန်မြင့်လာကြောင့် ဆင်တွေ ဟာ ကိုယ်ပေါ်မှာ ထမ်းထားရတဲ့ အလေးချိန်ကြောင့် စိတ်မသက်မသာ ဖြစ်ရာက ဒေါသထွက်လာ လာတာ ဖြစ်ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

အခြေခံ ဥပဒေပါ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချ နိုင်ခဲ့ပေမယ့် နောက်တက် လာမယ့် NLD အစိုးရသစ် လက်ထက်မှာ အသုံးချခွင့် ရစေချင်
ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အများကြီး လုပ်ပေး နိုင်ခဲ့တယ်လို့ ကရင် ပြည်နယ် က ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ခွန်သန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက် က သိမ်းယူ ခဲ့တဲ့ မြေယာ ကိစ္စတွေကိုလည်း အများကြီး ဖြေရှင်း နိုင်ခဲ့ပြီး စိန်ခေါ်မှု ကြီးကြီးမားမား မရှိဘူးလို့လည်း ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ ပြည်နယ်နဲ့ တိုင်းဒေသ တွေမှာ အခြေခံ ဥပဒေပါ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချ နိုင်ခဲ့ပေမယ့် နောက်တက် လာမယ့် NLD အစိုးရသစ် လက်ထက်မှာ အသုံးချခွင့် ရစေချင်တယ်လို့ ပြောပါတယ်။

ကျေးလက် ဒေသ လိုအပ်ချက်တွေ အများကြီး ရှိပေမယ့် ပြည်နယ် အစိုးရ တွေမှာ ရန်ပုံငွေ မပြည့်စုံလို့ လုပ်ချင်တဲ့ စီမံကိန်းတွေကို အပြည့်အဝ လုပ်ခွင့် မရခဲ့ဘူးလို့ လည်း ဆက်ပြောပါတယ်။

ကရင်ပြည်နယ်လို တိုင်းရင်းသားလူမျိုးစုတွေ အများအပြား နေထိုင်တဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေပြီး တိုင်းရင်းသားတွေ ကြားမှာ စည်းလုံး ညီညွှတ်မှု အတွက် အစိုးရ အသစ် အနေနဲ့ လုပ်ဆောင်ရမှာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး အဆင့်မြှင့်တင်မှု လုပ်ငန်း တွေဟာ စိန်ခေါ်မှုတွေ ရှိပေမယ့် အစိုးရသစ် အနေနဲ့ ဆက်လက် လုပ်ကိုင် စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လုံခြုံရေး အခြေအနေတွေကြောင့် ဘိန်းခင်းဖျက်ဆီးမှု အပိုင်းမှာ နှောင့်နှေး နေရ
ကချင်ပြည်နယ် ပြည်သူ့ အခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ က ဘိန်းခင်းတွေကို ဖျက်ဆီး နေရာမှာ ဘိန်းခင်း စိုက်ပျိုးသူတွေ ဘက်က မိုင်းထောင် တိုက်ခိုက်မှု၊ ချောင်းမြောင်း ပစ်ခတ်မှုတွေကို လုပ်လာကြပါတယ်။

ဇန်နဝါရီ လက စတင်ပြီး ဘိန်းခင်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်နေရာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက တနိုင်းဘက်မှာ လူထု အခြေပြု အဖွဲ့က လူငယ် တစ်ဦး ဒေသလုပ် တူမီး သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ် ခံရလို့ သေဆုံး သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကချင်ပြည်နယ် ဝိုင်းမော် ဘက်မှာလည်း ဘိန်းခင်း ဖျက်တဲ့ လူတွေ လာရာ လမ်းမှာ မိုင်းထောင် တိုက်ခိုက် ခံရလို့ လူ ၃ ဦးထက် မနည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

ဘိန်းခင်းဖျက်တဲ့ လူတစ်ထောင်ကျော် ကို အစိုးရက လုံခြုံရေး ပေးထားတဲ့ ကြားက မိုင်းထောင် တိုက်ခိုက် ခံရတာ ဖြစ်ပြီး လုံခြုံရေး လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ စစ်ဆေး တွေ့ရှိချက် အရ အဝေးထိန်း ခလုတ် နဲ့ မိုင်း ကို ဖောက်ခွဲ ခဲ့တာလို့ မြစ်ကြီးနား လူထု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်း က ဘီဘီစီ ကို ပြောပါတယ်။

အင်အားပြင်းတဲ့ မိုင်းတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ ကိုင်နိုင်တာ ဖြစ်ပြီး ပုဂ္ဂလိက ဘိန်းခင်း ပိုင်ရှင်တွေက အခုလို လက်နက် မျိုးတွေ ကိုင်နိုင်မယ် မထင်ကြောင်း လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က ယူဆ နေပါတယ်။

ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီး နေရာမှာ ခရီးလမ်းပန်း ခက်ခဲ ကြမ်းတမ်း မှု နဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဖျက်ဆီးမှု အပိုင်းမှာ နှောင့်နှေး နေရပေမယ့် ရည်မှန်း ထားတဲ့ ဘိန်းခင်း ဖျက်ဆီး မှုတွေကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝေမိုးကျေးရွာအုပ်စု တရုတ်မဂါကျေးရွာအနီးမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ စုပေါင်းဖျက်ဆီးစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မြစ်ကြီးနား၊ မိုးညှင်းနဲ့ ပူတာအို ခရိုင်အတွင်းက မြို့နယ် ၉မြို့နယ်မှာ ဘိန်းစိုက်ဧက ၁၆၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မြင့်ထူး က ပြောပါတယ်။

ဘိန်းစိုက်ခင်းဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့က ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲမှူးကြီး မြင့်ထူးက ပြောတာဖြစ်ပါတယ်။

"စုစုပေါင်း ၁၆၃၈.၀၃ ဧက၊ မြစ်ကြီးနားခရိုင်မှာဆို ဝိုင်းမော်၊ ချီဖွေ၊  ဆောလော်၊ ပူတာအိုမှာဆိုလည်း ပူတာအို၊ ဆွမ်ပရာဘွမ်၊ အားလုံးဒီဘက်က ၉ မြို့နယ်ပေါ့"

အဲ့ဒီအရေအတွက်ဟာ အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဋ္ဌာနဆိုင်ရာတွေအပါအဝင် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ဖျက်ဆီးခဲ့တဲ့ ဘိန်းစိုက်ဧကတွေ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးနေတဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေဟာ တနိုင်းနဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာ တူးမီးသေနတ်၊ လက်လုပ်မိုင်းစတာတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် တစ်ဦး သေဆုံးပြီး လေးဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဝင်တွေက ဘိန်းပင်မဟုတ်တဲ့ စိုက်ပျိုးသီးနှံပင်တွေကို ဖျက်ဆီးသလို လျှပ်စစ်မီးထွန်းရာမှာသုံးတဲ့ ဆိုလာပြားတွေကိုလည်း ယူဆောင်မှုတွေရှိတာကြောင့် မကျေနပ်တဲ့ ဘိန်းစိုက်တောင်သူတချို့က တူမီးသေနတ်နဲ့ ပစ်တာလို့ တနိုင်းဒေသခံတွေက ပြောပါတယ်။ အဲဒီလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဘိန်းခင်းဖျက်သူနဲ့ ဘိန်းစိုက်ပျိုးသူတွေကြားမှာ ပဋိပက္ခတွေမဖြစ်စေဖို့အတွက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဘိုရှိန်ရဲ့ အမိန့်နဲ့ လုံခြုံရေးအင်အားတွေ တိုးမြှင့်ပြီး ဘိန်းခင်းဖျက်ဆီးရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်နယ်မူးယစ်ရဲတပ်ဖွဲ့ရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်က တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဘိန်းစိုက်ခင်းဧက သုံးထောင်ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဘိန်းခင်းတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖျက်စီးနေတဲ့ ဒေသခံမူးယစ် တိုက်ဖျက်ရေး အဖွဲ့ထဲက လူ ၃ ဦးဟာ မနေ့က မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးဝါး ကုသမှု ခံယူနေရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဖားကန့်မြို့နယ်က စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာနေသူတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ရွာအနီးက စုပေါင်းစွန့်ပစ်မြေစာပုံမှာ ဒီကနေ့ မနက်က မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီမြေစာပုံဟာ နေမင်းကမ္ဘာ၊ ဝေအောင်ကမ္ဘာ၊ ရတနာရောင်ခြည် စတဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ သုံးခု စွန့်ပစ်တဲ့ စုပေါင်းမြေစာပုံဖြစ်တယ်လို့ လုံးခင်းရဲစခန်းမှူး ရဲအုပ် ထင်ကျော်က ပြောပါတယ်။

" နေမင်းကမ္ဘာ၊ ဝေအောင်ကမ္ဘာ၊ ရတနာရောင်ခြည်ရယ် မြေစာပုံက တကြောထဲပေါ့၊ ဖြစ်သွားတာ က နေမင်းကမ္ဘာ ဘက်ခြမ်းက ဖြစ်သွားတာ၊ သေဆုံးတာက တစ်ယောက်ပါခင်ဗျ၊ မြေစာပုံက သိပ်မမြင့်ပါဘူး ခပ်နိမ့်နိမ့်ပါပဲ၊ ပေ ၁ဝဝ လောက်ပဲမြင့်တာ၊ ကုမ္ပဏီတွေကိုလည်း ကျနော်တို့ ညွှန်ကြားထားတာတွရှိ ပါတယ်၊ မြေစာပုံတွေကို သိပ်အမြင့်ကြီးမပစ်ဖို့ နောက်ပြီးတော့ ရေမဆေးဘာတွေလည်း အဲ့မှာအန္တရာယ် ရှိတဲ့နေရာပေါ့၊ ဒါပေမဲ့လည်း မရပါဘူး၊ သွားလာနေကြတာပဲ"

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခမ် စုပေါင်းမြေစာပုံမှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ တဲ့ မြေစာပုံပြိုကျမှုမှာ လူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး မကြာခဏ မြေစာပုံပြိုကျမှုတွေ ဖြစ်ပွားနေပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်ကိုင်သူ နှစ်သိန်းဝန်းကျင်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

၈၈ မျိုးဆက် ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ဦးမင်းကိုနိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဦးဆောင်တဲ့ အစိုးရ ပေါ်ပေါက် လာတော့မယ် ဆိုပေမဲ့ တကယ်တန်း အဲဒီ အစိုးရကို တကယ်တန်း အစိုးရသစ်လို့ မြင်လို့ မရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ထင်ရှားတဲ့ ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

ပြည်တွင်းရေး ပြဿနာတွေကို အဓိက ကိုင်တွယ် ဖြေရှင်းရမယ့် ပြည်ထဲရေး ဝန်ကြီးဌာနကို ရွေးကောက် တင်မြှောက် ခံထားရသူတွေ လာမှာ မဟုတ်ဘဲ စစ်တပ်က လာမယ့် ဗိုလ်ချုပ်ကြီးတွေ ဒုတိယ ဗိုလ်ချုပ်ကြီးတွေက ချုပ်ကိုင် ကြမှာ ဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ထောက်ပြ ပြောဆို ပါတယ်။

အရပ်ဖက် အုပ်ချုပ်ရေး ဆိုတာဘက်ကို ကြည့်မယ် ဆိုရင်လည်း ရပ်ကွက်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အကြီးအကဲဟာ ပြည်ထဲရေး ဝန်ကြီး ဖြစ်နေပြန်တယ်လို့ သူက ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ဖို့ရာ ဆိုရင်လည်းမြို့နယ်၊ ခရိုင်၊ ပြည်နဲ့ တိုင်းအဆင့် တရားသူကြီးတွေဟာ နှစ်ကာလ ကြာရှည်အောင် ပုံစံခွက်ထဲမှာ နေခဲ့ကြသူတွေ ဖြစ်လို့ ဘယ်လောက် စိတ်ချ အာမခံနိုင်မယ် ဆိုတာ ပြောဖို့ ခက်တယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် သူက စစ်တပ် အနေနဲ့ ပြည်သူတွေပေးထားတဲ့ မဲရလဒ်၊ ရွေးကောက်ပွဲ ရလဒ်တွေကို အလေးထား စဉ်းစားစေချင်တယ်လို့လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

အန်အဲလ်ဒီ အစိုးရက သူရဦးရွှေမန်းကို တာဝန် ပေး နိုင်လား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန် လာနေတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဟောင်း သူရ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က တာဝန် ပေးနိုင် တယ် လို့ ပြောဆို မှုတွေ ရှိနေပါတယ်။

အန်အဲလ်ဒီ အစိုးရ အနေနဲ့ သူရ ဦးရွှေမန်းကို တာဝန် ပေးမယ် ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် နဲ့ လူ့ အခွင့် အရေး ကော်မရှင် လိုမျိုးမှာ ပေး နိုင်တယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား တွေ့ဆုံဖို့ ဖြစ်လာအောင် သူရ ဦးသန်းရွှေမန်းက ဆောင်ရွက်ပေး ခဲ့တာလို့ လည်း ပြောဆို မှုတွေ ရှိပါတယ်။

ဒီတော့ သူရ ဦးရွှေမန်းဟာ အမျိုးသား ပြန်လည် သင့်မြတ် ရေးကိုလည်း သူ့ကဏ္ဍနဲ့ သူ ဆောင်ရွက် ပေးနိုင်မယ့် အနေ အထား မျိုး ရှိတယ် လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

NLD ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စတင် (သတင်းဓါတ်ပုံ-NLD chairperson facebook)
NLD ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စတင် (သတင်းဓါတ်ပုံ-NLD chairperson facebook)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်နေရာ တွေကို ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ်သွားမယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေ နဲ့တွေ့ဆုံစဉ်ပြောဆိုသွားပါတယ်။ ပြည်နယ်နဲ့တိုင်း အစိုးရတွေ ဖွဲ့စည်းရာမှာတော့ တိုင်းနဲ့ ပြည်နည်မှာရှိတဲ့ တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေကို ထည့်သွင်းသွားမှာ ဖြစ်တယ်လို့လဲ ပြောပါတယ်။ ပါတီအနေနဲ့ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ဖို့အတွက် ဆက်လက်လုပ်ဆောင် သွားမှာဖြစ်သလို ပါတီဝင်တွေကိုလည်း အဂတိလိုက်စားခြင်း အထူးရှောင်ဖို့လည်း တင်းကျပ်စွာ သတိပေးထားတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ နေပြည်တော်လွှတ်တော်မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရထားတဲ့ NLD ပါတီ အနေနဲ့ လွှတ်တော် ၂ ရပ်စလုံးမှာ ကိုယ်စားလှယ် အများဆုံးရရှိထားပြီး၊ သမ္မတ ကိုပါရွေးချယ်ခွင့် ရရှိထားသလို၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေကိုလည်း ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ၀န်ကြီးချုပ် နေရာတွေကို ပါတီတွင်းက ကိုယ်စားလှယ်တွေကိုသာ ခန့်ထားမှာ ဖြစ်ပေမဲ့၊ တိုင်းနဲ့ပြည်နယ် အစိုးရတွေမှာတော့ တိုင်းရင်းသားတွေကို ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းနဲ့ပြည်နယ် ဥက္ကဋ္ဌတွေက သမ္မတက ခန့်ရမယ်။ ဒါပေမယ့် ကျနော်တို့က မူအရ ဆွေးနွေးဖူးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်ကြိုက်တဲ့လူ ရွေးချယ်တင်မြှောက်ခွင့်ရအောင်ကြိုးစားတယ်။ အဲဒီတုန်းကတော့ မအောင်မြင်လိုက်ဘူး။ အခုတော့ အရင်တိုင်းရှိတယ်ဆိုရင် သမ္မတပဲရွေးမှာ၊ ရွေးတဲ့အခါမှာ သေချာတာကတော့ NLDဖြစ်မယ်။ သို့သော် တိုင်းနဲ့ပြည်နည် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့တွေမှာတော့ ကျန်တဲ့ပါတီတွေတော့ ပါလိမ့်မယ်။”

ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဦးလှစောကတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရတာဟာ အုပ်ချုပ်ရေးအတွက် ပိုမိုထိရောက် စေနိုင်တယ်လို့ မြင်ပါတယ်။

“တိုင်းနဲ့ပြည်နယ်ထဲမှာပေါ့လေ၊ ရခိုင် issue ကတော့ နဲနဲ သီးခြား ထူးခြားဖြစ်မယ်ထင်တယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ထူးခြားဖြစ်စဉ်တွေရှိတယ်။ ဥပမာ ကျနော်တို့ communal violence တွေရှိတယ်။ နောက်ကျနော်တို့ SEZ (အထူးစီးပွားရေးဇုံ) ကိစ္စတွေ ရှိတဲ့အတွက်ကြောင့်နော်၊ အဲဒါတွေက ရှုပ်ထွေးတဲ့အတွက်ကြောင့် သိမ်လည်းသိမ်မွေ့ပါတယ်။အင်မတန်လည်း ပြည်တွင်းစစ်ရဲ့ ဂယက်တွေဆိုလည်း ရခိုင်ကို လာရိုက်တယ်ပေါ့နော်။ ကျနော်တို့ AA issue တွေလည်း ပြဿနာရှိတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒီပြဿနာတွေကို အာဏာရတဲ့ နိုင်ငံရေးပါတီတခုတည်းကနေပြီးတော့ ဦးဆောင်လို့ရမယ်မထင်ဘူး။ အဲတော့ ကျနော်တို့ ရခိုင်မှာဆိုလို့ရှိရင် ကျနော်တို့ ANP က လူထုထောက်ခံမှုလည်း အများကြီးရတယ်။ အမတ်နေရာလည်းအများကြီးရတဲ့အတွက်ကြောင့်မို့လို့ democratic culture ထဲမှာရှိတဲ့ political dialogue ပေါ့၊ ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးဆွေးနွေးသွားမယ်ဆိုရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ယူဆပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်စတင်ပြီး ၂ ပတ်လောက်အကြာမှာ သမ္မတကို ရွေးချယ်ရမှာပါ။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ ဆွေမျိုးတော်စပ်သူ အဖြစ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သမ္မတဖြစ်ခွင့်မရှိပါဘူး။ ဒါပေမဲ့လည်းလွှတ်တော်သစ် စတင်ကျင်းပတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အခြေခံဥပဒေပါ သမ္မတရွေးချယ်ဖို့ သက်မှတ်ချိန်မတိုင်မှီအထိ ကြိုးပမ်းသွားဖို့ရှိကြောင်း၊ ဒီအတွက်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့လည်း NLD အသိုင်းအ၀ိုင်းက ပြောဆိုနေပေမဲ့NLD အလုပ်အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင် ကတော့ အခုလိုပြောပါတယ်။

“၂၀၁၁ ခုနှစ်တုန်းက ဦးသိန်းစိန်တက်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံက အဲဒီတုန်းက အတည်မဖြစ်သေးဘူး။ အဲတော့ ဘာဖြစ်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလွှတ်တော် ပြည်ထောင်စု လွှတ်တော်ခေါ်ယူတဲ့ နေ့တွင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တနိုင်ငံလုံးအတွက် သက်ရောက်သည်ဆိုလိုက်တဲ့အတွက် ၂၀၁၁ တုန်းက ခေါ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ရတဲ့အချိန် အခြေခံဥပဒေက ပေးထားတဲ့ ဘောင်အတွင်းကနေ ကျနော်တို့ လုပ်မှာပါ။”

လက်ရှိမှာ သမ္မတလောင်းအနေနဲ့ ဒီလိုမှမဟုတ်ရင် အစိုးရအဖွဲ့ဝင် အနေနဲ့ဖြစ်နိုင်တယ်လို့ နာမည်ကြီးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ရုံးအဖွဲ့မှူး ဒေါက်တာ တင်မာအောင်၊ ဦးထင်ကျော် စသဖြင့်နာမည်ထွက်ပေါ်နေပေမယ့် တိကျတဲ့သတင်း မဟုတ်သေးသလို အတည်ပြုချက်လဲမရပါဘူး။

မေခ/VOA
http://burmese.voanews.com/content/with-ethnic-parties-state-government-will-form/3171553.html

 lpt-protest-jan-620.jpg ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်ပံတောင်း ဒေသခံတောင်သူတွေ သီးနှံလျော်ကြေးရရှိဖို့ တောင်းဆိုဆန္ဒပြစဉ်
ဓါတ်ပုံ - ဒေသခံတစ်ဦး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံတောင်သူ ၂၀၀ လောက်က ဒီကနေ့ ၀မ်ပေါင် ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ သီးနှံလျော်ကြေးပေးဖို့ ၆ ကြိမ် ဆန္ဒပြခဲ့ပေမယ့် မရရှိသေးတာကြောင့် ဆန္ဒပြကြတာဖြစ်တယ်လို့ တုံရွာသူ ဒေါ်အမာချိုက ပြောပါတယ်။

"အဓိကက အသီးအနှံလျော်ကြေးရရှိရေးပေါ့၊ ညှိနှိုင်းမှုမရှိလို့ ခေါက်တုန့်ခေါက်ပြန်သွားနေရတာ၊ မုံရွာ-ပုသိမ် လမ်းမ လမ်းဆုံမှာ ဝမ်ပေါင် တောင်ထိပ်တစ်ဖွဲ့ မြောက်ထိပ်တစ်ဖွဲ့ပေါ့၊ သူတို့နှစ်ဘက်စလုံးပိတ်ထားတာ"

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ဒေသခံတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး နဲ့ တွေ့ဆုံပြီး လျော်ကြေးကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ယူပေးခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံထားရတဲ့ အလယ်ရွာ၊ တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တည်းရွာနဲ့ ဖောင်းတကာရွာက တောင်သူတွေဟာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့မြေနေရာတွေဟာ သူတို့ လျော်ကြေးမယူထားတဲ့ မြေနေရာတွေ ပါနေတာကြောင့် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က သီးနှံလျော်ကြေးပေးခဲ့ပြီး အခုတောင်သူတွေ တောင်းဆိုနေတာက ၂၀၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က သီးနှံလျော်ကြေး တစ်ဧကကို ကျပ် ၂သိန်းကနေ ၄သိန်းအထိ ရရှိတယ်လို့သိရပါတယ်။

RFA
http://www.rfa.org/burmese/news/lpt-villagers-protest-wanbao-company-02012016101537.html


dr-roland-kobia-620.jpg
ပြည်သူ့လွှတ်တော်ကျင်းပတာကို တက်ရောက်လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ သံအမတ် Dr. Roland Kobia ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ပြည်သူ့လွှတ်တော် ကျင်းပတာကို တက်ရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ သံအမတ် Dr. Roland Kobia က ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kobia က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေ ကို ပြောလိုက်တာဖြစ်ပါတယ်။

"ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါလီမန်လည်း ဖြစ်ပါတယ်၊ ဥရောပသမဂ္ဂအနေ နဲ့ ထောက်ခံတယ် ဆိုတာကို ပြသလိုတဲ့အတွက် ဒီမှာရောက်ရှိလာခြင်း ဖြစ်ပါတယ်၊ အခုကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပသမဂ္ဂ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးပွဲတွေဖြစ်လာဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်၊ ဒီမြန်မာပြည်က လွှတ်တော်ကလည်း တက်ကြွလှုပ်ရှားတဲ့လွှတ်တော် ဖြစ်စေချင် ပါတယ်"လို့ ပြောသွားတာ ဖြစ်ပါတယ်။

အလားတူ တက်ရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Andrew Patrick က ဗြိတိန်နိုင်ငံဟာ အရင်လွှတ်တော်ကတည်းက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိခဲ့ပြီး အခုလွှတ်တော်အသစ်မှာလည်း လွှတ်တော်ဆိုင်ရာ သုတေသနဌာန ၊ လွှတ်တော် စာကြည့်တိုက်အပြင် အစိုးရသစ် ဝန်ကြီးဌာနတွေကိုလည်း ကူညီသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တိုးကာ ဖေါ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဒီကနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ ကျော် အပြင် လေ့လာသူ ၂ဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။

RFA
http://www.rfa.org/burmese/news/ambassadors-help-new-parliament-government-02012016053043.html

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒီကနေ့ စတင်။
လွှတ်တော် အမတ်အသစ်တွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့ လွှတ်တော် မှာတော့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စတွေကို အရင်ကထက် ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေပါတယ်။ လွှတ်တော် ၂ ရပ်စလုံးကို ကြီးစိုးပြီး အစိုးရသစ်လည်း ဖွဲ့စည်းဖို့ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်တွေရော တိုင်းရင်းသား ပါတီ တချို့က လွှတ်တော် ကိုယ်စားလှယ်တွေကပါ သမ္မတသစ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားချက်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ မျှော်လင့်ချက် လိုလားချက်တွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသူတွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့လွှတ်တော်မှာတော့ ပင်နီဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေး ခန်းမကြီးရဲ့ သုံးပုံ ၂ ပုံကို နေရာယူထားပြီး တဖက်မှာတော့ အစိမ်းရောင် တပ်မတော် ယူနီဖောင်း အသစ်တွေ ၀တ်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေကြပါတယ်။ လွှတ်တော် အခင်းအကျင်းသစ်မှာ လွှတ်တော်အမတ်အသစ်တွေရော ဒီကနေ့ သတင်းထောက်တွေကြားမှာပါ သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာက အကြီးကျယ်ဆုံး မေးခွန်း ဖြစ်ခဲ့ပါတယ်။

တပ်မတော်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရ အဖွဲ့ကို ဦးစီးစေချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် ပိုပြီး အကျိုးရှိလာစေမယ်လို့ မျှော်လင့်နေသူကတော့ လီဆူး အမျိုးသား တိုးတက်ရေးပါတီရဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ် ဦးလာမားလေး ဖြစ်ပါတယ်။

“ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားများ ပေါ့နော်၊ ကျနော်တို့ NLD ပါတီ နဲ့လည်းအဆင်ပြေမယ့် သမ္မတ၊ အဓိကတော့ ဒီ စစ်တပ်နဲ့ အဆင်ပြေမယ့် သမ္မတ ၊ ၂ ခုစလုံးနဲ့ အဆင်ပြေတဲ့သမ္မတ ဖြစ်စေချင်တယ်။ ကျနော့်ဆန္ဒအရပြောမယ်ဆိုရင် ။ ကျနော်တို့အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒေါ်စု သမ္မတ ဖြစ်တာ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း ကျနော်ကိုယ်တိုင်ပေါ့နော်၊ ကျနော့် personal ဆိုရင် ဒေါ်စုကို သဘောကျတယ်။”

NLD လွှတ်တော် အမတ်တွေကြားမှာတော့ သမ္မတ ဖြစ်သင့်သူဟာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြည်သူ့လွှတ်တော် အမတ် ဒေါ်သက်သက်ခိုင်က အခုလို ပြောပါတယ်။

“ဒါက ပြည်သူ့ ဆန္ဒပါ။ နောက် သူမသာ နိုင်ငံတော် သမ္မတ အဖြစ် အသင့်လျော်ဆုံး ဖြစ်ပါတယ်။”

အကူးအပြောင်းကာလ အကဲဆတ်မှုကြောင့်ဆိုပြီး အစိုးရဖွဲ့စည်းမယ့် NLD က အစိုးရ အဖွဲ့၊ နောက် သမ္မတ လျာထားချက်ကို အခုချိန်ထိ ထုတ်ဖော်မပြောဆိုနိုင်သေးပါဘူး။ ဒီအချိန်မှာဘဲ သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဧည့်သည်တော် အဖြစ် တက်ရောက်လာတဲ့ ဦးထင်ကျော်ကိုလည်း သတင်းထောက်တွေကအလွတ်မပေးခဲ့ကြပါဘူး။

“အန်ကယ်က မဟုတ်ဘူး။ အန်ကယ်က ဒါပြောလို့မဖြစ်ပါဘူး။”

ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ်မှုတွေကြားက ရပ်တည်လာခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အခုလို လွှတ်တော်ကို ကြီးစိုးလာမယ်ဆိုတာဟာ မယုံကြည်နိုင်စရာ ဖြစ်နေဆဲပါလို့ NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“စိတ်ခံစားချက်ကတော့ ကျတော်တို့ကတော့ အိမ်မက်လိုပဲဗျာ။ ကျနော်တို့ အစိုးရဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထားဘူး။ တိုင်းသူပြည်သားလည်းမထင်ထားဘူး။ အခုကတော့ ကျနော်တို့ တက်လာတဲ့အတွက် မြန်မာပြည်ကြီးမှာ မကဘူး ကမ္ဘာကြီးမှာ သိမ့်သိမ့်တုန်နေပြီလို့ ထင်ပါတယ်။”

ဒါ့အပြင် အရင်က အငြိမ်းစား တပ်မတော်သားတွေ အများစု ကြီးစိုးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထက် အခု ရွေးကောက်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ စတင်မယ့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်က ဥပဒေပြုရေးကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့လည်း NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က မျှော်လင့်နေပါတယ်။

“အခု လွှတ်တော်က အရင်လွှတ်တော်ထက် ပိုပြီး သာလွန်မယ်။ ပိုပြီး အလုပ်လုပ်နိုင်မယ်။ အကောင်းဆုံးတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်”လို့ ဦးနေမျိုးထက် ပြောသွားတာ ဖြစ်ပါတယ်။

အခု လွှတ်တော် အခင်းအကျင်းက ပိုပြီး လုပ်ကိုင်ခွင့် ရမယ်လို့ မျှော်လင့်နေကြသူတွေထဲမှာ NLD ကိုယ်စားလှယ်တွေတင် မဟုတ်ပါဘူး။ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေမှာလည်း ဒီမျှော်လင့်ချက် ရှိနေပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။

“အရမ်းကျေနပ်တယ်။ ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ excited လည်းဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် တကယ်ပဲ ရည်မှန်းချက် ၊ ရည်မှန်းထားတဲ့ အကြောင်းအရာတွေကို တကယ်လုပ်နိုင်ပြီ၊ စတင်လုပ်ဆောင်နိုင်ပြီ ဆိုတဲ့အတွက်ကြောင့်တကယ်ပဲ ကျေနပ်တယ်ပေါ့နော်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ တနလာင်္နေ့မှာ ပဲ ပြည်သူ့လွှတ်တော် ကို စတင်လိုက်ပြီး လွှတ်တော် ဥက္ကဌသစ်တွေကို တင်မြှောက်ခဲ့ကြပါတယ်။ လွှတ်တော်ဟောင်းရဲ့ ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့ လွှတ်တော် ဥက္ကဌ အခန်းနဲ့ လွှတ်တော်ဆိုင်ရာ စာရွက်စာတန်းတွေကို လွှတ်တော်သစ်ရဲ့ ဥက္ကဌ ဦးဝင်းမြင့်ကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားနဲ့ လွှတ်တော် အမတ်တွေ ကျမ်းကျိန်ပွဲကိုတော့ အရင် လွှတ်တော်အမတ်ဟောင်းတွေ၊ NLD ပါတီက ခေါင်းဆောင်မှုပိုင်းနဲ့ ဖိတ်ကြားထားသူတွေ၊ နိုင်ငံခြား သံတမန်တွေ တက်ရောက်ခဲ့ကြပြီး လက်ရှိ အစိုးရဘက်ကတော့ တက်ရောက်လာတာကို မတွေ့ရပါဘူး။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်လာကြတဲ့ နိုင်ငံတကာ အဖွဲအစည်းတာဝန်ရှိသူများ (သတင်းဓါတ်ပုံ-NLD chairperson facebook)
ပြည်သူတွေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီကနေ့မှာ လွှတ်တော် တက်ရောက်နိုင်တဲ့ အပေါ် ဂုဏ်ယူကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို သမိုင်းဝင်နေ့ရက်မျိုးရောက်ရှိအောင် ဆောင်ကြဉ်းနိုင်ခဲ့တဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု နဲ့ ပတ်သက် ပြီးတော့လည်း အမေရိကန်သံရုံး အနေနဲ့ ဂုဏ်ပြုကြောင်းနဲ့ နိုင်ငံတစ်ဝန်း ဒီမိုကရေစနစ်မြှင့်တင်နိုင်ရေး လွှတ်တော် အမတ်သစ်တွေကို ဆက်လက်ထောက်ခံအားပေး ကူညီသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ဒီမိုကရေစီဖေါ်ဆောင်ရေး အမှန်တကယ် အကောင် အထည် ပေါ်လာအောင်ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် ပြည်ထောင်စုကြီး ပေါ်ပေါက် လာအောင် ဆောင်ရွက်မယ့် အစိုးရသစ်နဲ့အတူ လက်တွဲ ကူညီဆောင်ရွက် သွားဖို့ကိုလည်း မျှော်လင့်ထားကြောင်း ကနေဒါသံရုံး ကြေညာချက် မှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစုအနိုင်ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို လွှတ်တော် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး လွှတ်တော် တက်ရောက်ကြပါတယ်။ NLD ပါတီက လွှတ်တော် ၂ ရပ်လုံးမှာ လွှတ်တော်အမတ် ၈၀% ကျော်နဲ့ အများစုနေရာရထားတာပါ။

အရင်က စစ်တပ် ဗိုလ်ချုပ်ကြီးတွေ အဖြစ်ကနေ အရပ်ဝတ်ပြောင်းထားသူ အများစုပါတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ဒီတခါ လွှတ်တော်ထဲမှာ စုစုပေါင်း ၄၁ ယောက်သာပါတော့အတွက် နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ရဲ့ ချုပ်ကိုင်မှုဟာ အဆုံးသပ်သွားပြီလို့ မြင်နိုင်ပါတယ်။ဒါပေမဲ့ ဖွဲ့စည်းပုံအရ လက်ရှိလွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဆက်လက် ပါဝင်နေဆဲဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တရုတ် နိုင်ငံမှာ ရင်းနှီး မြှုပ်နှံသူပေါင်း ၉ သိန်းရဲ့ မြှုပ်နှံငွေ ၇.၆ ဘီလျံကို အွန်လိုင်း ဘဏ္ဍာရေး ကုမ္ပဏီ တစ်ခုက လိမ်လည် ရယူခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး လူ ၂၁ ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။

Ezubao ဆိုတဲ့ အဲဒီ ကုမ္ပဏီဟာ အွန်လိုင်း ကနေ ငွေချေးတဲ့ အယောင်ဆောင် ကုမ္ပဏီ ဖြစ်တယ်လို့ တရုတ်ပိုင် သတင်းဌာနက ပြောပါတယ်။

အဲဒီ ကုမ္ပဏီက ဝက်ဘ်ဆိုက်ကနေ ကမ်းလှမ်း ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ၉၅ ရာခိုင်နှုန်းကျော်ဟာလည်း အတုအယောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အန်ဝှီး ပြည်နယ် အခြေစိုက်တဲ့ အဲဒီ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ၂ ယောက်က ဝန်ခံ ထွက်ဆို ခဲ့တာကို တရုတ် ရုပ်သံကနေ ပြသ သွားပါတယ်။

တရုတ်ပြည်မှာ အွန်လိုင်းကနေ ရင်းနှီးမြှုပ်နှံတဲ့ အဲဒီလို အစီအစဉ်တွေဟာ အလျင်အမြန် ကြွယ်ဝလိုတဲ့ လူလတ်တန်းစား အများစုကို ဆွဲဆောင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


  ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီက နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၀ ရာနှုန်း အနိုင်ရခဲ့။
 မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ် အရပ်သား အစိုးရ စတင် ပေါ်ပေါက် လာမယ့် လွှတ်တော်ကို ဒီကနေ့ စတင် လိုက်ပြီ ဖြစ်ပါတယ်။

အမတ်နေရာ အများစု အတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် တွေက ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြပြီး အမတ် နေရာ အနည်းငယ်ကိုလည်း တချို့ ပါတီငယ်တွေက ကိုယ်စားလှယ်တွေ ကျန်းကျိန် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၈၀ ရာနှုန်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွှတ်တော်ထဲမှာ တပ်မတော်က အမတ်နေရာ လေးပုံ တစ်ပုံကို ရယူထားဆဲ ဖြစ်ပြီး အရေးပါတဲ့ ဝန်ကြီးဌာန တချို့ကိုလည်း ချုပ်ကိုင် ထားပါတယ်။

ဒီကနေ့မှာ ပြည်သူ့လွှတ်တော် တစ်ခုတည်းကိုသာ ကျင်းပခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုအပြီး လွှတ်တော် ဥက္ကဋ္ဌသစ်ရဲ့ မိန့်ခွန်းမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အပြောအဆို ပြုမူနေထိုင်ပုံ တွေဟာ နိုင်ငံသားတွေရဲ့ စံနမူနာ ဖြစ်စေဖို့ လိုတယ်လို့ ဦးဝင်းမြင့် က တိုက်တွန်း သွားပါတယ်။

ဒါ့အပြင် ဥပဒေပြုသူတွေဟာ ဥပဒေကို ချိုးဖောက်တာတွေ မလုပ်ဘဲ လွှတ်တော် စည်းကမ်း ဥပဒေတွေကို လေးစားလိုက်နာပြီး ဂုဏ်ရည် ပြသ ကြဖို့လည်း ပြောသွားပါတယ်။

ဒီကနေ့ လွှတ်တော်ကို လေ့လာသူတွေ အဖြစ် တက်ရောက် လာကြသူတွေထဲက တချို့ဟာ အစိုးရ အဖွဲ့မှာ ပါလာဖို့ ရှိတယ်လို့ NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသား လွှတ်တော်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ သမ္မတသစ် အဆိုပြုမယ့် အစီအစဉ်ကို တော့ အခု ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


၁.၂.၂၀၁၆

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်အမှာ စကားပြောကြား

ယနေ့ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များကို နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ နှုတ်ခွန်းဆက်အမှာစကား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…...

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စား လှယ်များအားလုံး၊ ဧည့်သည်တော်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာသော သုခနဲ့ ပြည်စုံကြ ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးကြီးကို ခေါ်ယူပေးတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး အစစအဆင်ပြေအောင် ကြိုတင်မြော်တွေး ဆောင်ရွက်ပေးတဲ့ နာယကကြီး သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိ ကြောင်းပြောကြားအပ်ပါတယ်ခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား.........

ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တစ်နေ့ ဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ လူထုရဲ့ ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

ပြည်သူများလိုလား မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသူနိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြ
ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိ တို့ရဲ့ အပြောအဆို၊ အပြုအမူ၊ အနေ အထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ် ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ တွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစား လိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အတွက် စံနမူနာကောင်းတွေဖြစ်စေချင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးသဘော ထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကိုသယ်ပိုး ကြစေလိုပါတယ်။ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများမြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စသည်တို့ကိုအတူတကွ လက်တွဲပူးပေါင်းအကောင် အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုး စီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မြင့်မားစေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

နိုင်ငံတော်မှာဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနဲ့အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကိုပြသစေလိုပါတယ်။ ဒါ့အပြင် တည်ဆဲ ဥပဒေ များ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီ/မညီ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနဲ့ ကိုက်/မကိုက်၊ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနဲ့ ဆီလျော်မှုရှိ/မရှိ၊ နိုင်ငံ တကာစာချုပ်စာတမ်းများနဲ့ အကျုံးဝင်/မဝင်၊ ပြည်သူလူထုအတွက် အကျိုးရှိ/မရှိ၊ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ် လုံခြုံရေးကို အကာအကွယ်ပေး/မပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား…

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များက ကျွန်တော့်အား ပေးအပ်လိုက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။

ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနဲ့အညီ အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လန်း လာစေရန်၊ နိုင်ငံသားများရဲ့ အခြေခံလူ့ အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းအားထုတ်မည်ဖြစ်ပါ ကြောင်း လေးနက်တည်ကြည်စွာကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
https://www.facebook.com/pyithuhluttaw.gov.mm


မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နေသူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ၎င်း၏ တဲနီးချင်းနေ အမျိုးသားတစ်ဦးက အတင်းခေါ်ဆောင်ကာ သားမယားပြုကျင့်မှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့က တိုင်တန်းထားကြောင်း သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ မ---- အသက် ၁၆ နှစ်၊ လယ်တီကျင်း တဲတိုက်၊ ပယ်ကျကျေးရွာ အုပ်စု၊ ကံမမြို့နယ် နေထိုင်သူသည် ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန်က အစ်မဖြစ်သူ မဝင်းသီတာနှင့်အတူ ၎င်းတို့ နေထိုင်ရာတဲ၏ အောက်ထပ်၌ ဖျာရက်နေစဉ် ဗိုက်အောင့်၍ အိမ်သာတက်ရန် တဲ၏ တောင်ဘက် ပေသုံးရာခန့် ဝေးသည့်နေရာသို့ အိပ်သာတက်ရန် ရောက်ရှိစဉ် တဲနီးချင်းနေ - - - - - - အသက် ၂၇ နှစ်မှာ ရုတ်တရက် ရောက်ရှိလာပြီး ၎င်းအား ပါးစပ်ပိတ်၍ လက်ကို အတင်းဆွဲကာ ပန်းတောင်းမြို့နယ်၊ သဲကုန်းရွာသို့ ခေါ်ဆောင် သွားခဲ့ပြီး နောက်တစ်နေ့တွင် ကံမမြို့နယ်၊ အလယ် မီးပေါက်ရွာသို့ ကားဖြင့် ထပ်မံခေါ်ဆောင်ကာ ခြောက်ရက်ခန့် သားမယားအဖြစ် ပြုကျင့်အတူနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မ----- ၏ အစ်ကိုဖြစ်သူက အလယ် မီးပေါက်ကျေးရွာမှ ပြန်လည် ခေါ်ဆောင်၍ မိဘများထံသို့ ပေးပို့ခဲ့ရာ မိဘများအား ဖြစ်စဉ်ပြောပြ၍ ၎င်းအား အတင်းခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်သူ ------- အား အရေးယူပေးရန် ဇန်နဝါရီ ၃၁ ရက် နေ့တွင် မ ----- က တိုင်ကြားခဲ့သောကြောင့် ကံမမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၁၅/၂၀၁၆၊ ပုဒ်မ ၃၇၆ / ၃၆၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


ပြည်သူ့လွှတ်တော် ကျင်းပတာကို တက်ရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ သံအမတ် Dr. Roland Kobia က ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kobia က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောလိုက်တာဖြစ်ပါတယ်။

"ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုံးအကြိမ် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါလီမန်လည်း ဖြစ်ပါတယ်၊ ဥရောပသမဂ္ဂအနေနဲ့ ထောက်ခံတယ်ဆိုတာကို ပြသလိုတဲ့အတွက် ဒီမှာရောက်ရှိလာခြင်း ဖြစ်ပါတယ်၊ အခုကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပသမဂ္ဂ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးပွဲတွေဖြစ်လာဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်၊ ဒီမြန်မာပြည်က လွှတ်တော်ကလည်း တက်ကြွလှုပ်ရှားတဲ့ လွှတ်တော် ဖြစ်စေချင်ပါတယ်"လို့ ပြောသွားတာ ဖြစ်ပါတယ်။

အလားတူ တက်ရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Andrew Patrick က ဗြိတိန်နိုင်ငံဟာ အရင်လွှတ်တော်ကတည်းက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိခဲ့ပြီး အခုလွှတ်တော်အသစ်မှာလည်း လွှတ်တော်ဆိုင်ရာ သုတေသနဌာန ၊ လွှတ်တော် စာကြည့်တိုက်အပြင် အစိုးရသစ် ဝန်ကြီးဌာနတွေကိုလည်း ကူညီသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တိုးကာ ဖေါ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဒီကနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ ကျော်အပြင် လေ့လာသူ ၂ဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ယနေ့ အင်တာနက်ပေါ်မှာရေပန်းစားနေတဲ့ ဓါတ်ပုံတွေကတော့ ထိုင်းနိုင်ငံတောင်ပိုင်းဆုန်ခလာခရိုင်မှာ ရဟန်းသမဏေတွေလိုဆွမ်းခံထွက်နေတဲ့ ရဟန်းပျိုမေများပုံပဲဖြစ်ပါတယ်။

 အမျိုးသားဗုဒ္ဓသာသနာပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ ၏ facebook စာမျက်နှာပေါ်တွင် အမျိုးသားကြီးတစ်ဦးမှ အရောင်ရင့်ရင့်သင်္ကန်းကိုဝတ်ဆင်၍ှဆွမ်းခံထွက်နေသော အမျိုးသမီး ၆ ဦး ၇ဦးခန့် လောက်အားဆွမ်းလောင်းနေသောပုံကို ဝေဖန်ထားသော comment များအများအပြားပေးကြပြီး အချို့ သော comment များမှာ ဒါကိုဘယ်လိုခေါ်လဲ ရဟန်းမလဲမဟုတ် ဘုန်းကြီးလည်းမဟုတ် ၀တ်စားဆင်ရင်ပုံကဘိက္ခုနီမနှင့်တူပြီး ဘုန်းတော်ကြီးတွေလိုဆွမ်းခံထွက်တယ်ဆိုပြီးတော့ရေးထားကြပါတယ်။

 အချို့ ကျတော့လည်း သူတို့ကိုသူတို့ ဘိက္ခုနီလို့ မပြောရင် ကိုယ်တွေကသွားပြီးအပြစ်တင်လို့ မရကြောင်း ဘာဖြစ်လို့ လဲဆိုတော့ ကျွန်ုပ်တို့ ထိုင်းနိုင်ငံဟာ သာသနာကိုလွှတ်လပ်စွာကိုးကွယ်ခွင့်ပေးထားလို့ ဖြစ်ပါတယ်။

အမှန်တကယ် ဘိက္ခုနီဖြစ်တယ်ဆိုပါက မသင့်တော်ကြောင်း သာသနာအားညိုးနွမ်းစေတယ်လို့ ထင်မြင်ချက်တွေပေးကြပါတယ်။ အချို့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ထင်မြင်ချက်အရ ဆုံခလာခရိုင်ဂေါ့ယော် เกาะยอ ကျွန်းမှာရှိတဲ့ဘိက္ခုနီအဖွဲ့ ဖြစ်နိုင်ကြောင်းထင်မြင်ချက်အမျိုးမျိုးပေးကြပါတယ်။

MTF Channel
https://www.facebook.com/mtftv/


ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်လူဝင်မှုကြည်းကြပ်ရေးရုံးမှ မြန်မာအလုပ်သမားတွေ ပတ်စပို့ ဗီဇာ အတုပြုလုပ်ပေးသောပွဲစားကို ဖမ်းဆီးရမိခဲ့ပါတယ်။

 ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃၀ရက်နေ့ ၂၀၁၆ခုနှစ် ညနေ ၄း၄၀ လောက်မှာ နန်းခင်မာထွေး ဆိုသူ မြန်မာ အမျိုးသမီးက ယာယီပတ်စပို့ ပတ်စပို့နံပါတ် TCL117808 ကိုဆောင်ထားပြီး ဗီဇာမှာ ဖေဖော်ဝရီလ ၂ရက်နေ့ ၂၀၁၈ခုနှစ်အထိ တံဆိပ်ထုထားပါတယ် လ၀ကရုံး ကွန်ပျူတာ အချက်အလက်ထဲမှာ စစ်ဆေးကြည့်တဲ့အခါမှာ နန်းခင်မာထွေးဗီဇာဟာ ဇန်န၀ါရီလ ၂ရက်နေ့ ၂၀၁၅မှာပဲကုန်သွားခဲ့ပြီဖြစ်ပြီး ဆက်လက်နေထိုင်ခွင့်ဗီဇာ မတိုးရသေးတာကိုတွေ့ရတဲ့အတွက် စစ်ဆေးမေးမြန်းကြည့်ရာမှာ သူမ၏ဗီဇာဟာ ကိုထွန်းနှင့်ကိုဝေဆိုတဲ့ပွဲစားကတိုးပေးတယ် ၁၅၀၀၀ ပေးရတယ်လို့ပြောပါတယ်။ အတုလားအစစ်လားဆိုတာသူမမသိဘူးလို့ဖြေကြားခဲ့ပါတယ်။


ထို့နောက် လ၀ကတာဝန်ရှိတွေက ဆက်စပ်အမှုကိုချဲ့ပြီး ကိုထွန်းနှင့်ကိုဝေ နေထိုင်ရာ အငှါးအိမ် အိမ်အမှတ် ၂၉၆/၇ ရော့ဝိန်ရပ်ကွက် ချင်းရိုင်းမြို့သို့ သွားရောက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါ ကိုထွန်းနှင့်ကိုဝေက နန်းခင်မာထွေးငွေ ၁၅၀၀၀ ကို တကယ် လက်ခံရရှိပါတယ် ဒါပေမယ့် သူတို့ မသင်္ဂီထံသို့ ထပ်ဆင့်ပေးပြီး မသင်္ဂီ ပြုလုပ်ပေးတယ်လို့ ဖြေကြားပါတယ်။


 ဒါပေမယ့် သူ့တို့အခန်းထဲမှာ ကွန်ပျူတာ ရောင်စုံပရင်တာ ရောင်စုံမိတ္တူကူးစက်တွေ ပတ်စပို့ဗီဇာအတုပြုလုပ်ရန်အသုံးပြုသော ပစ္စည်းကိရိယာများနှင့် မြန်မာအလုပ်သမား စာရွက်စာတမ်း အချက်အလက်တွေ အများအပြားတွေ့ရတဲ့အတွက် ပတ်စပို့ဗီဇာအတုပြုလုပ်အမှုနဲ့ ဖမ်းဆီးခေါင်ဆောင်သွားကာ တခြားဆက်စပ်မှုလုပ်ဖော်ကိုင်ဖက်တွေပါ တိုးချဲ့ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ချင်းရိုင်းလ၀ကမှူး မစ်စတာစစ်ထိ သီရိကန်ဝန်ကွန်က ပြောကြားသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv/


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံညှိနှိုင်းခဲ့စဉ်က တပ်ဘက်မှ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များကို ၎င်းတို့ရွေးချယ်သည့် ပုဂ္ဂိုလ်များအား ခန့်အပ်ရန်ညှိနှိုင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းမှု မပြီးသတ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

တပ်မတော်ဘက်မှတောင်းဆိုသည့် ပြည်နယ်၊ တိုင်း ၄ ခုရှိရာ ကချင်၊ ရှမ်း၊ ရခိုင်နှင့် ရန်ကုန်တို့ဖြစ်ပြီး ထိုကိစ္စမှာညှိနှိုင်းနေဆဲဟု ဆိုသည်။

ယခုအခါ NLD မှ ဝန်ကြီချုပ်ခန့်အပ်ရန် အပြီးသတ်သဘောတူပြီးဖြစ်သော ပုဂ္ဂိုလ်များစာရင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီ၊ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ညောင်းလေးပင်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့အား ရွေးချယ်ထားပြီး ယခု ထိုပုဂ္ဂိုလ်များကို နေပြည်တော်တွင် အစိုးရ တာဝန် လွှဲပြောင်းရေးဆိုင်ရာ သင်တန်းများ ပို့ချနေပြီး တိုင်းဒေသကြီးမှ ကက်ဘိနက်အဖွဲ့ဝင်များနှင့် အစိုးရတာဝန်များအတွက်လည်း သင်တန်းများပို့ချနေကြောင်း သတင်းရရှိသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


မှော်ဘီနည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူနှင့် သူ၏ ရည်းစားဖြစ်သူတို့ လက်ထပ်ရန်ကိစ္စနှင့် ပတ်သက်ပြီး အချင်းများ ရန်ဖြစ်ရာမှ လည်ပင်းညှစ် သတ်မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသူသည် ဇန်နဝါရီလ ၂၆ ရက်နေ့က ဖုန်းပြောရင်း နေအိမ်မှ အပြင်သွားရာ ပြန်မလာသဖြင့် ၄င်း၏မိဘများက သက်ဆိုင်ရာ ရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ရာ သေဆုံးသူ ကျောင်းသူ၏ ရုပ်အလောင်းအား အင်းစိန်မြို့နယ်နှင့် မရမ်းကုန်မြို့နယ် ကြားရှိ လေကြောင်း ကာကွယ်ရေးတပ် ခြံစည်းရိုးအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ သူထက်နိုင်က ၄င်းတို့နှစ်ဦးမှာ သမီးရည်းစား ဖြစ်ကြောင်း၊ လက်ထပ်ရန်ကိစ္စမှ စတင်ကာ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ၄င်းက မိန်းကလေးအား လည်ပင်းညှစ်ရာမှ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း စခန်းတွင် ထွက်ဆိုထားသည်ဟု သိရသည်။

"အဲဒီနေ့ (ဇန်နဝါရီ ၂၆) ညနေက စကားများပြီး ရန်ဖြစ်တယ်။ ကောင်မလေးကို လည်ပင်းညှစ် သတ်တယ် ၊ အလောင်းကို လေကြောင်းကာကွယ်ရေး တပ်နားမှာ ညနေ ၆ နာရီလောက် လာပစ်တယ်လို့ ထွက်ဆိုထားပါတယ်" ဟု ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသူမှာ အသက် ၂၂ အရွယ်ရှိကာ နည်းပညာ တက္ကသိုလ်(မှော်ဘီ)တွင် တတိယနှစ် စက်မှုပညာရပ်အား အထူးပြုသင်ကြားနေသူ မမြတ်သင်းကြူဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူ သူထက်နိုင် ( ခ ) သူရအောင် အသက် ၂၁ နှစ်မှာ မော်ဒယ်လ် အနုပညာအဖြစ် ရပ်တည်သွားရန် အစီအစဉ်ရှိသူ တစ်ဦးဖြစ်ပြီး မမြတ်သင်းကြူနှင့် ၂၀၁၅ ခုနှစ်အတွင်း လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးချစ်ကြိုက် ကြခြင်းဖြစ်ကာ မိန်းကလေးက လက်ထပ်ရန် တောင်းဆိုရာမှ စကားများရန်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းထွက်ဆိုချက်များအရ သိရသည်။

ပြစ်မှုကျူးလွန်သူအား အင်းစိန်မြို့မ ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်နှင့် မျှဝေခြင်း စီမံချက်အရ ကျောင်းသုံး ဗလာစာအုပ်၊ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ကျောင်းဝတ်စုံများကို မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများထံ ပြန်လည်ဝေငှ ကူညီမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ပိုလျှံလျက်ရှိသော ကျောင်းသုံး ဗလာစာအုပ် ၊ သင်ရိုးညွှန်းတမ်း စာအုပ်များ ၊ ကျောင်းဝတ်စုံများကို မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ပေးပို့လှူဒါန်းခြင်း ပြုလုပ်နိုင်ကြောင်း သိရသည်။

“အလှူခံရမယ့် စာရင်းကို ဗဟိုကို ပို့ပေးရမယ် ။ ဝေပေးတာက ကိုယ့်မြို့နယ်အတွင်း ကိုယ်ဝေရမှာ ။ ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အတွင်း မြို့နယ်မှာ ရှိတဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် ချို့တဲ့တဲ့ ကျောင်းသားစာရင်း ကောက်ရမယ် ။ ၁၅ ရက်ကနေ ၂၂ ရက်အတွင်းကို မြို့နယ်ကို ပို့ပေးရမယ် ။ မြို့နယ်က တစ်ဆင့် ခရိုင်တိုင်းပေါ့ ။ အဆင့်ဆင့် ပို့ပေးရမယ်။ ချို့တဲ့ ကျောင်းသား၊ ကျောင်းသူ စာရင်းကောက်ပြီးတဲ့ အခါမှာ ဖေဖော်ဝါရီ ၁၅ ကနေ မတ်လ ၃၁ ရက်အထိ တစ်လခွဲအတွင်း ကိုယ့် မြို့နယ်ထဲမှာ အလှူခံရမယ် ။ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ နောက်တစ်ခါ လုပ်ငန်းရှင်တွေဆီကနေ ဗလာစာအုပ်တွေ အလှူခံရမယ်” အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက The Ladies သို့ပြောသည်။

အလှူခံ၍ ရရှိလာသည့် ပစ္စည်းများကို ဧပြီ ၁ ရက်မှ ၃၁ ရက်အတွင်း လိုအပ်နေသည့် ကျောင်းသား ၊ ကျောင်းသူများထံ လိုက်လံဝေငှရမည်ဖြစ်ပြီး ယင်းစာရင်းကို ဗဟိုသို့ ပို့ပေးရမည် ဖြစ်ကြောင်း သိရသည်။

“အရမ်းကိုကောင်းတဲ့ အစီအစဉ်လို့ပဲ ဆိုချင်တာပေါ့ ။ တချို့ပိုက်ဆံရှိ သားသမီးတွေဆိုရင် ပုံနှိပ်စာအုပ်တွေက အပြင်က၀ယ်တာ တစ်မျိုး၊ ကျောင်းက ၀ယ်တာတစ်မျိုးပေါ့ ။ ပိုနေတာတွေ ရှိတက်တယ် ။ ကျောင်းဝတ်စုံတွေ ဆိုလည်း ပိုက်ဆံရှိ သားသမီးတွေ အများကြီးရှိတယ် ။ အဲ့ဒါမှာ တကယ်တမ်း လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဆီ ရောက်သွားမယ်ဆိုရင် တကယ်ကို ကောင်းတဲ့မွန်မြတ်တဲ့ အစီအစဉ်လို့ ကျွန်တော်က ယူဆပါတယ်” ဟု တွံတေးမဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦး က The Ladies သို့ ပြောသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies