02/24/16

ခုရက်ပိုင်း ဟောပြောပွဲ ခရီးစဉ်တွေမှာ အဓိကအကြောင်းအရာ ကတော့ လူငယ်ထုအရေး ပါပဲ။ရခိုင်ပြည်နယ်၊ တောင်ကုတ်မှ ကရင်ပြည်နယ်မြ၀တီမြို့။ ထိုမှသည် ဧရာဝတီရဲ့ ပုသိမ်၊ ငသိုင်း
ချောင်း၊ အသုတ် စသဖြင့် ဟောပြောပွဲတိုင်းမှာလူငယ်တွေရဲ့ကဏ္ဍကို သတိထားမိပါတယ်။
ယခင်ထက်ပို နားမျက်စိပွင့်အောင် ပြီးတော့ပြောနိုင် ဆိုနိုင်အောင် အားထုတ်နေကြချိန်မို့လူငယ်တွေရဲ့ ခွန်အားပြည့် စိုက်ထုတ်မှုတွေကို
မြင်ရတာ အားတက်စရာပါပဲ။

ပုသိမ်မြို့ဆိုရင် ကျောင်းသား သမဂ္ဂများ အားကောင်းပါတယ်။ မြို့လူထုကလည်း နောက်ခံ ရပ်တည်ထားတော့ ဘယ်သူမဆို လေးစား ခံ့ညားရအောင် အင်အား ရှိနေတာပါ။ ယနေ့လူငယ်တွေဟာ သူတို့ရှေ့က မျိုးဆက်ဟောင်းတွေနဲ့ ဟန်ချက်ညီအောင်စဉ်းစားတတ်ကြပါပြီ။ မျိုးဆက်ဟောင်းဆိုတာ
အတွေ့အကြုံ ပိုရှိစမြဲမို့ အားကောင်း မောင်းသန်မျိုးဆက်သစ်နဲ့ အချိုးကျ ပေါင်းစပ်ရစမြဲပါ။ ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်ပွဲတွေ ကျင်းပ ပုံကို ကြည့်ပါဦး။ ပျော်ပွဲရွှင်ပွဲပုံ မဖြစ်စေရပဲ အနှစ်အသားပါတဲ့ အထိမ်းအမှတ်ပွဲ ဖြစ်အောင် ဂရုဓမ္မပြုကြပါတယ်။
.
ပုသိမ်မှာ ဟောပြောပွဲကို င၀န်မြစ်ကမ်းမှာပဲ လုပ်ပါတယ်။ “ မြို့တော်ခန်းမ”ရှိပေမယ့် မြစ်ကမ်းဘေးဟာ မြို့လူထုအတွက် လွတ်လပ် ကျယ်ပြောပြီး သက်တောင့်သက်သာ ရှိနေမှုမှာ အားသန်တယ်လို့ ဆိုပါတယ်။ ပွဲညမှာတော့ “ ကာတွန်းမီးပုံး” တွေပါ တထိန်ထိန် ထွန်းညှိပြီး ကြိုနေတာ၊ ကဗျာရွတ်သံတွေနဲ့ တင့်တယ်လှပါတယ်။ ယခင်က မီးပုံးထွန်းချိန်ဆို ဗျောက်အိုးသံနဲ့ပဲ တွဲသိခဲ့တာ၊ ခုတော့ဗျောက်သံထက် ကဗျာရွတ်သံက ကျက်သရေ ပိုရှိတယ်လို့ ကျနော့်စိတ်ထဲ ရေရွတ်မိပါတော့တယ်။
.
မြို့တိုင်းနယ်တိုင်းမှာ အခါအားလျော်စွာ ကျင်းပကြရတဲ့ ပွဲတွေအတွက် လူကြီးလူငယ်တွေ စဉ်းစားပုံ ပြောင်းလာကြပါပြီ။ ခုလို အရေးကြီးတဲ့ အကူးအပြောင်း ကာလအတွက် တကယ့် လိုအပ်ချက်က ဘာလဲ။ ကြည့်ချင်ပွဲတွေ လောက်နဲ့ အရပ်မခံတော့ပါဘူး။ ပွဲပြီး အိပ်ရေးပျက်၊ အမှိုက်ပွ ကျန်တာမျိုးက ရှောင်ချင်ကြပါပြီတဲ့။ လူငယ်တွေရဲ့ အားသာချက်က
အချိန်ရယ်၊ ခွန်အားရယ် ပိုရှိကြတာပါပဲ။ ဒီနှစ်ချက်ကို အဖိုးတန်အောင် သုံးနိုင်ဖို့က အတွေးအခေါ်နဲ့ ဥာဏ်ပညာလို့ မှတ်ယူကြပါတယ်။
.
ဒါ့ကြောင့် ဘာပဲလုပ်လုပ်၊ ဘယ်ပွဲပဲ စီစဉ်စဉ် ဖျော်ဖြေရေးဆိုတာထက် ပိုပြီး မြော်မြင်ရေးကို လိုလားလာ ကြပါတယ်။ ဖျော်ဖြေရေးမှာတောင် သမိုင်းထဲက တန်ဖိုးရှိရာများကို အနုပညာနဲ့ ပေါင်းစပ် တင်ဆက်မှုမျိုး ပိုပြီး ခံတွင်းတွေ့လာ ကြတာပါ။
.
ခုလည်း ဟောပြောပွဲတွေမှာ ဓာတ်ပုံပြပွဲတွေ၊ ကဗျာ ပန်းချီပြိုင်ပွဲ လက်ရာတွေနဲ့ တွဲကြပါတယ်။ မြို့ခံတွေဟာ ဟောပြောပွဲတခုကို နားထောင်ယုံ သက်သက် မကတော့ပါဘူး။ ဒေသခံတွေ (အထူးသဖြင့် လူငယ်တွေ)ရဲ့ တွေးခေါ် မြော်မြင်မှု အနုပညာတွေကို (ဧည့်သည်၊ ဟောပြောသူ အပါအ၀င်) ပွဲလာသူအားလုံးရှေ့ မှတ်ကျောက် တင်ခံနိုင်ဖို့ စမ်းသပ်လာကြပါပြီ။
.
ဟောပြောသူ၊ ဧည့်သည်တွေက နယ်ခံတွေရဲ့ခေတ်သမိုင်းအပေါ် ၊ လူမှုပတ်ဝန်းကျင်အပေါ်သဘောထားအာဘော်တွေပါတဲ့ စာပန်းချီ၊ ကဗျာ၊
ဓာတ်ပုံ အနုပညာတွေကို အကဲဖြတ်ပြီး အသိအမှတ်ပြုပေးရတာ နှစ်ဖက်အကျိုးရှိပါတယ်။နယ်မြေတခုအကြောင်း သိခွင့်ရယုံမက ဒေသခံတွေရဲ့ အတွေးအမြင်လက်ရာစုံကို အကဲခတ်
ခွင့်ရတာ အဖိုးတန်လှပါတယ်။
.
ယခင်ကဆို စာရေးဆရာ/ဟောပြောသူတွေဟာဒေသတခုအကြောင်းသိချင်ရင် ဟောပြောပွဲ စီစဉ်
သူ၊ နီးစပ်သူ အချို့ကိုသာ မေးမှ သိရတာပါ။ (အဲဒါလဲ သူတို့ ပြောသလောက်ပဲ ရမှာပေါ့။ ) ခုတော့ အလွှာပေါင်းစုံက သိစရာပေါင်းစုံကို ခင်းကျင်းပြထားတာ အားပါးတရ ယူရုံပါပဲ။ ဒါထူးခြား လာတဲ့ ပြောင်းလဲချက်ပါ။ ကြိုဆိုပါရစေ။
.
လွန်ခဲ့တဲ့စစ်အစိုးရခေတ်က လူငယ်တွေဟာလောကကောင်းကျိုးကို လိုလားစိတ်ရှိသော်လည်း လုပ်နည်း ကိုင်နည်း မသိခဲ့ကြတော့ စမ်းတ၀ါးဝါး
နိုင်ခဲ့ပါတယ်။ အခု ပြန်ပြောပြမယ့် ကာလဟာလူငယ်တွေစုပြီး အမှိုက်ကောက်တာတောင် ဘာရည်ရွယ်ချက်နဲ့ ကောက်သလဲ ၊ ဘယ်အဖွဲ့အစည်းကလဲ စသဖြင့် စစ်ဆေး မေးမြန်း ခံရတဲ့ ခေတ်ပါ။ လောကအကျိုး လုပ်ကြတယ်ဆိုရာမှာ စဉ်းစားကြတာက ရံပုံငွေ၊ ရုံးခန်းနေရာ စတာတွေ အခြေခံ စဉ်းစားကြတော့ နဂိုကမှ ဖိအားများနေတဲ့ လူငယ်တွေအတွက် အစ အင်မတန် ခက်ပါတယ်။
.
မန္တလေးမြို့၊ သံလျက်မှော် အနောက်ရပ်ကွက် ကလူငယ်တွေရဲ့ နမူနာကို ကြည့်ကြရအောင်။ အဲဒီ
ရပ်ကွက်ဟာ ရေမြောင်းတွေ ပိတ်ဆို့နေလို့ နှစ်တိုင်း ရေမြုပ်ပါတယ်။ စည်ပင်ကလည်း မြောင်း မဖော်နိုင်၊ အမှိုက်သိမ်းတဲ့ အမှိုက်ကား ရှိတယ်ဆိုတာတောင် မေ့နေကြတယ်။ လူတွေကလည်း လွယ်လွယ်နဲ့ မြောင်းထဲ အမှိုက်စွန့်။ အဆိုးသံသရာ လည်နေချိန်အဲဒီလို အခြေအနေမျိုးမှာ ရပ်ကွက် လူငယ်တွေဟာ ခါးတောင်းမြှောင်အောင် ကျိုက်သူ ကျိုက်၊ ဘောင်းဘီတို လဲသူလဲပြီး မြောင်းထဲဆင်းပြီး အမှိုက်တွေ ရှင်းကြပါတယ်။
.
ဒါကို အပတ်စဉ် ဥပုသ်နေ့တိုင်း ၀တ္တရားအနေနဲ့
ခံယူပြီး အစဉ်အလာကောင်း တခုကို စခဲ့ကြတာပါ။ ဒါပေမယ့် အမှိုက်ရှင်းတာက တရက်၊ အမှိုက်ပစ်တာက ခုနှစ်ရက်ဆိုတော့ အပြုနဲ့ အဖျက် အားမမျှခဲ့ပါဘူး။ ဒါနဲ့ စည်ပင်ကို သွားပြောကြတဲ့အခါ စာရွက်ထဲမှာတော့ အမှိုက်ကားက နေ့စဉ် အဲဒီရပ်ကွက်ကို ရောက်ပါတယ်တဲ့။ လက်တွေ့မှာ
မရောက်ခဲ့တော့ လူငယ်တွေက အခုလို တောင်းဆိုပါတယ်။ အမှိုက်ကားသာ နေ့စဉ် ရောက်အောင် လွှတ်ပေးစမ်းပါ၊ အမှိုက်တွေကိုလည်း ကားထဲအထိ
ထည့်ပေးမယ်။ အမှိုက်ကားလာရမယ့် လမ်းကြောင်းကိုလည်း ကူဆွဲပေးပါမယ် တဲ့။ ရပ်ကွက် သန့်ရှင်းရေးအတွက် စည်ပင်က ယူရမယ့် တာဝန်ကို လူငယ်တွေ
အဲဒီလို ဦးဆောင် တာဝန်ခံ လုပ်ပြကြတဲ့အခါရပ်ကွက်လူထုကလည်း လူငယ်တွေရဲ့ စိတ်စေတနဲ့ တာဝန်ယူတတ်မှု အပေါ် စာနာ အသိအမှတ်ပြုပြီး အမှိုက်တွေကို စနစ်တကျ စွန့်ခြင်းဖြင့် ကူညီကြပါတယ်။
.
စည်ပင်အမှိုက်သိမ်းကား ရောက်ခဲ့တယ် ဆိုတာ အဲဒီရပ်ကွက် လူငယ်တွေက သက်သေခံ လက်မှတ် ထိုးပေးမှ ဌာနကလည်း အမှိုက်ကား တကယ်ရောက်ခဲ့တယ် ဆိုတာ အတည်ပြုပါသတဲ့။ ဆယ်စုနှစ်နှင့် ချီပြီး ရေမြောင်း ပိတ်ဆို့ ရေမြုပ်ခဲ့ရတဲ့ ရပ်ကွက်ဟာ အဲဒီနှစ်ကစပြီး သန့်ရှင်းသော ရပ်ကွက်၊ ကျန်းမာရေးနဲ့
ညီညွတ်သော ၀န်းကျင်အဖြစ် ပြောင်းခဲ့ပါပြီ။
.
ဒီလူငယ်တွေ တကယ်အကျိုးရှိ အလုပ်တွေ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ရပ်ကွက် လူထုရဲ့ ယုံကြည်မှုကို ရခဲ့ပြီမို့ နောက်ထပ်တိုးချဲ့ ဘာပဲလုပ်ချင်သည် ဖြစ်စေ ရပ်ကွက်က အားပေးဖို့ အဆင်သင့် ဖြစ်လာခဲ့ ပါတယ်။ စာကြည့်တိုက် ဖွင့်ချင်သလား နေရာပေးမယ်။ စာအုပ် စုပေးကြမယ်။ ရံပုံငွေ ထည့်ပေးမယ် စသဖြင့် ကတိစကား အားပေး ကူညီမှုတွေနဲ့ ရပ်ကွက် စာကြည့်တိုက်လည်း ဘွားခနဲ ပေါ်လာသလို စာကြည့်တိုက် ဖွင့်ပွဲ အမှတ်တရ စာပေဟောပြောပွဲ လုပ်ချင်သလား ဖြစ်ရစေမယ် “ မင်းတို့သာ ဦးဆောင် .. လိုအပ်ချက် ဖြည့်ဆည်းဖို့ ငါတို့တာဝန်ထား” ဆိုတာက ရပ်မိရပ်ဖတွေရဲ့ လက်သုံးစကားတောင် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က စလို့ နည်းမှန် လမ်းမှန် ရွေးချယ် တင်မြှောက်ရတဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင် ရွေးပွဲတွေမှန်သမျှ ရပ်ရွာလူထု စိတ်တိုင်းကျ အားကိုး ယုံကြည်ရသူတွေသာ အောင်ပွဲခံခဲ့ရတာ နောက်ဆက်တွဲ ရလဒ်ကောင်းတွေပါ။
.
စာကြည့်တိုက် အပါအ၀င် လူငယ်နှင့် ရပ်ရွာလူထုရဲ့ အောင်ပွဲတွေ အတွက် ကျင်းပတဲ့ အခမ်းအနား ဟောပြောပွဲတွေမှာ စကားပြောခွင့် ရတဲ့အခါ ရံပုံငွေ မရှိလို့၊ ရုံးခန်းနဲ့ အဖွဲ့အစည်း မရှိလို့၊ ၊ ခေတ်က အခြေအနေ မပေးလို့၊ စသဖြင့် ဆင်ခြေတွေကြား ခေါင်းပြားအောင် အိပ်မနေပဲ ၊ ပိတ်ဆို့နေတဲ့ ကြားက ခေါင်းထောင်ပြီး ခေါင်းဆောင်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းကို အသိအမှတ် ပြုခဲ့သလို အခြားသူတွေ သိအောင်လည်း မျှဝေပေးမယ် ဆိုတဲ့ ကတိအတိုင်း ယခု ဆောင်းပါးကို ရေးဖြစ်ပါတယ်။
ကျဉ်းမြောင်းတဲ့ အခန်းထဲ လှောင်ပိတ်ခံရစဉ်၊ အမှန်တရားကလည်း အိမ်နိမ့်စံဘ၀ ဖြစ်နေစဉ်က အပြင်လောကကို အမှာစကားတခု ပါးဖူးပါတယ်။ “ လူဆိုတာ ရောက်နေတဲ့ နေရာထက်၊ ကျင့်နေတဲ့ တရားပဲ အရေးကြီးတယ်။ ” လို့။
.
အခုဖြစ်ရပ်မှာလည်း လူငယ်တွေဟာ မြောင်းထဲရောက်သွားတာလို့ ပြောချင်လည်း ပြောကြ လိမ့်မယ်။
သူတို့ ကိုယ်တိုင် အသိစိတ်နဲ့ ဆင်းသွားတာကိုး။မြောင်းထဲမှာ ဘာလုပ်သလဲပဲ မေးရမှာပါ။ အမှိုက်
ရှင်းတယ်လေ။ သူတို့ကျင့်စဉ်နဲ့ စိတ်စေတနာ မှန်တော့ ရလဒ်အနေနဲ့ သန့်ရှင်းသော ရပ်ကွက်၊ ကျန်းမာသော လူထုအဖြစ် ရခဲ့ပါတယ်။။ ဒါတင်မကပါဘူး ရပ်ရွာရဲ့ ယုံကြည်မှု ဆိုတဲ့ အဖိုးမဖြတ်နိုင်သော ဆုလာဘ်ကိုလည်း ရခဲ့တယ်မဟုတ်ပါလား။
.
လူတယောက် စင်ပေါ်ရောက်သွားပြီ ဆိုရင် ဟုတ်လှပြီလို့ ဆိုကြ။
မြောင်းထဲ ရောက်သွားပြီ ဆိုရင် ဆိုးလှပြီလို့ မှတ်ယူကြပေမယ့် စင်ပေါ်ကနေ မဖွယ်မရာ ပြုတာထက်၊ မြောင်းထဲကနေ အမှိုက်ရှင်းနေသူက တန်ဖိုးပိုရှိကြောင်း သူတို့ပြခဲ့တယ်လို့ ခံစားရပါတယ်။
.
- ‪#‎မင်းကိုနိုင်‬
.
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၄ မှ ]


မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်လက်အောက်ခံ အစိုးရရဲ့နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဋ္ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ ဌာနချုပ်တည်ရှိတဲ့ ချီဖွေမြို့နယ် ပန်ဝါမြို့မှာ ဒီကနေ့ ယမ်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံပြီး နှစ်ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။

သတ္တုတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပေါက်ကွဲတာဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူး ဇော်နီချစ်က ပြောပါတယ်။

"ဖြစ်ပွားတာကတော့ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိတဲ့အခန်းပေါ့နော်၊ အဲ့ခန်းက ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုတ်မိုးတဲ့အခန်းပေါ့၊ ပိုင်ရှင်ကတော့ နေထိုင်ခြင်းမရှိဘူး၊ ဒါပေမယ့် သတ္တုလုပ်ကွက်တွေမှာ အသုံးပြုဖို့ ယမ်းတွေသိုလှောင်ထားတယ် လို့သိရတယ်၊ နောက်ဆုံးအခြေအနေကတော့ လူကိုအန္တရာယ်ဖြစ်စေလောက်တဲ့ ယမ်းတွေသိုလှောင်ထားတဲ့အတွက် လူသေဆုံးတဲ့အတွက် အိမ်ပိုင်ရှင်ကို ပန်ဝါနယ်မြေရဲစခန်းက ၁/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၆/ ၃၀၄ ကနဲ့ အမှုဖွင့်အရေး ယူထားပါတယ်"

ထိခိုက်ဒဏ်ရာရရှိသူ ကလေး နှစ်ဦးဟာ ပန်ဝါပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ပန်ဝါမြို့ ရပ်ကွက် ၂ မှာဖြစ်ပြီး အနီးနားက နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့သလို အိမ်ပိုင်ရှင်ဟာ အရင်က ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင်ကို ပေါက်ကွဲစေသောအရာနဲ့ ပေါ့လျော့စွာဆောင်ရွက်မှု ပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/panwah-explode-kachin-02232016122636.html

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတော်သမ္မတ အမည်စာရင်းကြေညာတဲ့အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးကို စီမံချက်ကာလအနေနဲ့ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

စီမံချက်ကာလမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၆ ထောင်ကျော်နဲ့ လုံခြုံရေးတာဝန်ယူ ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

"သမ္မတစာရင်းကြေညာပြီးတဲ့ထိ ရွေးကောက်ပွဲကာလလွန် လုံခြုံရေးဆိုပြီးတော့ စီမံချက်ထဲမှာ ပါတဲ့တိုင်းဆောင်ရွက်နေပါတယ်၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အင်အား ၆ ထောင်ကျော်ရယ်၊ လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ကို နေ့ရော၊ ညရော၊ ကျနော်တို့ လှည့်နေတာရှိတယ်၊ ၂၀၁၅ ခုမှာတော့ လူသတ်မှုဆိုရင် ၁၉၁ မှုရှိပါတယ်၊ ၁၉၁ မှုမှာ ၉၀ ရာခိုင်နှုန်းဖော်ထုတ်ဖမ်းဆီးပြီး ဖြစ်ပါတယ်၊ ကျန်တာတွေကတော့ ဖော်ထုတ်ဆဲဖြစ်ပါတယ်၊ တချို့အမှုတွေကလည်း အချိန်တိုလေးနဲ့ မိတဲ့အမှုရှိသလို၊ တရားခံတွေက သပ်သပ်ရပ်ရပ်နဲ့ သက်သေမရှိအောင်လုပ်သွားနိုင်တာတွေကျတော့ နည်းနည်းလေးအချိန်ယူပြီးတော့ ဖော်ထုတ်ဖမ်းဆီးရတဲ့ အမှုမျိုးတွေ လည်းရှိပါတယ်"

လာမယ့် မတ်လကုန် အစိုးရသစ်တက်လာမယ့်အချိန်မှာဆိုရင် အစိုးရသစ်ရဲ့ လုံခြုံရေး ဆိုင်ရာ မူဝါဒအသစ်တွေချမှတ်လာရင် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ် လို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာတွေ ကိုလည်း မူးယစ်အထူးတပ်ဖွဲ့နဲ့ အသေးစိတ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း လူသတ်မှုပေါင်း ၁၉၁ မှုရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော် ဖော်ထုတ် ဖမ်းဆီးရမိခဲ့သလို ကျန်နေသေးတဲ့ တရားခံတွေ ကို ဖော်ထုတ်နေဆဲဖြစ် တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကာဒစ်ရှ် တပ်ဖွဲ့တွေက အီရတ် မြောက်ပိုင်းမှာ IS တပ်တွေကို တိုက်ခိုက်နေ။
အီရတ် နိုင်ငံ၊ မိုဆူးလ်မြို့ အနီးမှာ ကာဒစ်ရှ် တပ်တွေက ၁၆ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ မိန်းကလေး တစ်ဦးကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ လက်ထဲကနေ ကယ်ဆယ် ခဲ့တယ်လို့ ကာဒစ်ရှ် အရာရှိတွေက ပြောပါတယ်။

ကာ့ဒ် နယ်မြေ လုံခြုံရေး ကောင်စီ KRSC က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အဲဒီ မိန်းကလေးဟာ ဆွီဒင်နိုင်ငံ ဘိုးရက်စ် မြို့က ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

အဲဒီ မိန်းကလေးကို IS အဖွဲ့ဝင် တစ်ယောက်က ဆွီဒင် ကနေ ဆီးရီးယားကို ဖျားယောင်း ခေါ်သွားပြီးနောက် မိုဆူးလ် မြို့ကို ရောက်သွားတာလို့ အဲဒီ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆွီဒင် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ဘူးလို့ ဆွီဒင် သတင်းစာ တစ်စောင်ကို ပြောပါတယ်။

KRSC က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အဲဒီ မိန်းကလေးရဲ့ အမည်နဲ့ ဓာတ်ပုံပါ ဖော်ပြထားသလို၊ သူဘယ်မှာရှိတယ် ဆိုတာကို ဆွီဒင် အာဏာပိုင်တွေနဲ့ သူ့မိသားစုက ကာဒစ်ရှ် တပ်တွေကို ပြောခဲ့ပြီး သူ့ကို ကယ်ရာမှာ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်က မေလမှာ ၁၅ နှစ်အရွယ်နဲ့ ကိုယ်ဝန်ရှိခဲ့တဲ့ အဲဒီ မိန်းကလေးဟာ ဘိုးရက်စ်မြို့ကနေ သူ့ကောင်လေးနဲ့ အတူ ထွက်ပြေးခဲ့တာ ဖြစ်ပြီး ဆီးရီးယားကို သွားခဲ့တာလို့ ဆွီဒင် မီဒီယာက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပစ်ဖို့ ကိစ္စဟာ အိုဘားမားရဲ့ အစောပိုင်း ရည်မှန်းချက် တစ်ခုဖြစ်
အငြင်းပွားဖွယ် ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်မယ့် အစီအစဉ်တွေကို အမေရိကန် သမ္မတ အိုဘားမားက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဂွာတာနာမို အကျဉ်းစခန်း ရှိနေတာဟာ အမေရိကန်ရဲ့ စံနှုန်း တန်ဖိုးတွေနဲ့ ဆန့်ကျင်နေပြီး၊ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလို အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း ထိခိုက်စေတယ်လို့ သမ္မတ အိုဘားမားက ရုပ်သံ ကြေညာချက်မှာ ပြောသွားပါတယ်။

လက်ကျန် အကျဉ်းသား ၉၁ ယောက်ကို မိခင် နိုင်ငံတွေဆီ၊ ဒါမှမဟုတ် အမေရိကန် စစ်တပ်၊ ဒါမှမဟုတ် အရပ်ဖက် အကျဉ်းထောင်တွေဆီ ပြန်လွှဲပေးမယ့် အစီအစဉ်ကိုလည်း ပင်တဂွန် စစ်ဌာနချုပ်က အဆိုပြုခဲ့ပါတယ်။

အခုလို အကျဉ်းစခန်း ပိတ်ပစ်မယ့် အစီအစဉ်ကို ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုချက် ရယူသွားမယ်လို့ အိုဘားမားက ပြောပေမယ့် ရီပတ်ဘလီကန်တွေ ကြီးစိုးတဲ့ ကွန်ဂရက် လွှတ်တော်ကတော့ ထောက်ခံမယ့်ပုံ မရှိပါဘူး။

ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပစ်ဖို့ သူ့ရဲ့ အရင်က ကြိုးပမ်းမှုတွေ ဟာလည်း ရီပတ်ဘလီကန် အမတ်တွေရဲ့ တားဆီးမှုကို ခံခဲ့ရတယ်လို့ အိုဘားမားက ပြောပါတယ်။

မစ္စတာ အိုဘားမားက သူ့အရင်က ရီပတ်ဘလီကန် သမ္မတ ဂျော့ဘုရှ် ဟာလည်း ဒီအကျဉ်းစခန်းကို ပိတ်ပစ်ဖို့ ဆန္ဒရှိခဲ့တာပဲလို့ ပြောပါတယ်။

ဂွာတာနာမို အကျဉ်းစခန်းကို ထားရှိ လည်ပတ်ဖို့အတွက် နှစ်စဉ် ဒေါ်လာ ၄၄၅ သန်း ကုန်ကျတယ်လို့ ဆိုပြီး ဒီအကျဉ်းစခန်းကို ပိတ်ပစ်ဖို့ ကိစ္စဟာ အိုဘားမားရဲ့ အစောပိုင်း ရည်မှန်းချက် တစ်ခုလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အပစ်ရပ်ရေး အစီအစဉ် ဆီးရီယားပြည်သူတွေ အောင်ပွဲခံနေ
Syria နိုင်ငံမှာ စနေနေ့မှစတင်ပြီး အပစ်အခတ်ရပ်စဲရေး အမေရိကန်ပြည်ထောင်စု နဲ့ Russia နိုင်ငံတို့က အဆိုပြုတဲ့ သဘောတူညီချက်ကိုလက်ခံလိုက်ပြီလို့ Syria အစိုးရကဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အစိုးရစစ်တပ်က IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ al-Qaida ကွန်ယက်နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကိုတော့ ဆက်ပြီး စစ်ဆင်ရေး လုပ်နေမယ်လို့ အစိုးရဲ့ ကြေညာချက်မှာ ပြောသွားပါတယ်။

အမေရိကန် Russia အစီအစဉ်မှာလည်း အဲဒီ စစ်သွေးကြွအဖွဲ့တွေ မပါဝင်ပဲ၊ ဒီ အစီအစဉ်မှာ ပါဝင်မယ့် အဖွဲ့တွေအားလုံး သောကြာနေ့မှာ အဖြေပေး အတည်ပြုရမှာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ ပိတ်မိနေတဲ့နယ်မြေတွေ ဖွင့်ပေးဖို့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့နဲ့ အရပ်သားတွေကို ဗုံးကျဲ တိုက်ခိုက်နေတာတွေ ရပ်ဖို့ တောင်းဆိုတာဆိုရင် ဒီအစီအစဉ်ကို သဘောတူ တယ်လို့ Syria ရဲ့ အဓိက အတိုက်အခံ High Negotiations Committee က တနင်္လာနေ့ညပိုင်းက ပြောသွားပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်သွားတဲ့ ပူးတွဲ ကြေညာချက်မှာတော့၊ Syria ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာကအစ အင်အား အသုံးပြုမှုကို ထိန်းချုပ်ထားရမယ်လို့ အမေရိကန်နဲ့ Russia က ပြောထားပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေအနေနဲ့ အကူအညီတွေပေးတာဖို့ ပိတ်မိထားတဲ့ နယ်မြေတွေကို အကန့်အသတ်မရှိ ဝင်ထွက်ခွင့်ပေးဖို့လည်း သဘောတူရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီအပစ်ရပ် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဒီကနေ့ အင်္ဂါနေ့မှာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရှေ့မှောက်မှာ မေးခွန်းတွေကို ဖြေကြားရမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကျွန်း (Courtesy of Stratfor)
တရုတ်ဟာဒေသကို ထိန်းချုပ်နိုင်စွမ်း ပိုမြင့်စေမယ့် လုပ်ရပ်အဖြစ် တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွား ကျွန်းတွေပေါ်မှာ ရေဒါစနစ်တခု ကို တပ်ဆင်နေတယ် သီးခြားလွတ်လပ်တဲ့ အမေရိကန် သုတေသနအဖွဲ့ တဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အမေရိကန်နိုင်ငံကို မလာခင်လေးမှာပဲ ၀ါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS က ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

CSIS ရဲ့ အာရှဒေသ ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာရေးဌာနက ဂြိုလ်တုကနေရိုက်ယူထားတဲ့ ပုံတွေကို ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာတော့Spratly ကျွန်းစုထဲမှာ ရှိတဲ့ Cuarteron ကျောက်တန်းပေါ်မှာ အဆင်မြင့် ရေဒါစနစ်တခု၊ မီးပြတိုက်တခု၊ ရဟတ်ယာဉ်ဆင်းသက်နိုင်မယ့်နေရာတခု၊ မြေအောက် ကတုတ်ကျင်းနဲ့ တခြား ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေပါတဲ့ ပုံတွေကို တွေ့ရပါတယ်။

ဒီ ရေဒါစနစ်ဟာ တောင်တရုတ် ပင်လယ်ပြင်ရဲ့ မြောက်ဘက်မှာ မြေပြင်နဲ့ ဝေဟင် အသွားအလာတွေအပေါ် စောင့်ကြည့်နိုင်စွမ်း အများကြီးပိုကောင်းသွားမယ့် စနစ်ဖြစ်တယ်လို့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်၊ Spratly ကျွန်းစုတွေထဲက တခြားကျွန်းငယ်တွေပေါ်မှာလဲ ရေဒါစနစ်တွေ တည်ဆောက်နေပုံရတယ်လို့ CSIS ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Hset Paing Toe/RFA
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးက ဒီကနေ့ ထပ်မံပယ်ချလိုက်ပါတယ်။

ဒီနေ့ တရားရုံးစစ်ဆေးမှုမှာ ဒုရဲမှူးတစ်ဦးအပါအ၀င် တရားလိုပြသက်သေ ၃ဦးကို စစ်ဆေးပြီး ဦးညီညီလွင် ရဲ့ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"ကျနော်တို့က ရဖို့ ရာခိုင်နှုန်းနည်းပါတယ်၊ ဘာလို့လဲဆိုတော့ စွပ်စွဲခံရသူရဲ့နိုင်ငံရေး အရှိန်အဝါကလည်းရှိနေတယ်၊ သြဇာကလည်းကျယ်ပြန့်တယ်၊ သူ့မှာအာဏာ မရှိပေမယ်လို့ သြဇာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ သူလည်းပါတယ်၊ အဲ့ဒါကြောင့် အာမခံကတော့ သိပ်ပြီးတော့ မျှော်မှန်းချက်မထားဘူး"

ဦးညီညီလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အာမခံပေးဖို့ ထပ်မံလျှောက်ထား ခဲ့တယ်လို့လည်း သိရပါတယ်။ ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က တရားမ၀င် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ဖမ်းဆီးခံရပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရပါတယ်။

အရှင်ဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြန်လည်လွတ်မြောက် လာပြီးနောက် လူဝတ်လဲကာ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.rfa.org/burmese

 ပန်ဝါမှာ ပေါက်ကွဲမှု ဖြစ်လို့ ပျက်စီးမှု များပြား
တနင်္လာည သန်းခေါင်ကျော် အင်္ဂါနေ့ မနက် အစောပိုင်းမှာ ကချင်ပြည်နယ် ပန်ဝါမြို့က နေအိမ် တစ်လုံးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် နေအိမ် တချို့ ပျက်စီးပြီး ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။

ဒဏ်ရာရသွားကြသူ တွေက ဘေးအိမ်က ဆယ်ကျော်သက်အရွယ် မောင်နှမ သုံးယောက်ဖြစ်ပြီး ၁၄ နှစ် အရွယ် မလုလုအောင်က ပန်ဝါဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ ပါတယ်။

ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်က နေအိမ်တွေကို အပိုင်းအစတွေ လွင့်စင် သွားခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုရားကျောင်း အပါအဝင် နေအိမ်တချို့ ထိခိုက် ခဲ့တယ်လို့ ပေါက်မှုဖြစ်ရာ နေရာကို သွားကြည့်ခဲ့တဲ့ ခရစ်ယာန် ဆရာတော် ဦးရင်ခေါ က ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေအိမ်မှာ ဘယ်သူမှ ရှိမနေဘဲ ဘေးအိမ်က လူတွေကို ထိခိုက်ခဲ့တာ လို့လည်း သူက ပြောပါတယ်။

ပန်ဝါမြို့ ၂ ရပ်ကွက်က ပန်ဝါနဲ့ ချီဖွေ ကားလမ်းမ ဘေးက နေအိမ်မှာ သိုလှောင်ထားတဲ့ မိုင်းလုပ်ရာမှာသုံးတဲ့ ယမ်းတွေပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအရာရှိက ပြောပါတယ်။

အဲဒီဒေသမှာ သတ္တုတူးဖေါ်ရေးအတွက် မိုင်းယမ်းတွေကို အသုံးပြုကြတာ ရှိပေမဲ့ အခုပေါက်ကွဲခဲ့တဲ့ မိုင်းယမ်းတွေဟာ ဘာအတွက် အသုံးပြုဖို့လဲ ဆိုတာနဲ့ ပိုင်ရှင် အစစ်အမှန်က ဘယ်သူလဲဆိုတာ စုံစမ်းနေတုန်းပဲလို့ ရဲအရာရှိကြီးက ပြောပါတယ်။

ပေါက်ကွဲတဲ့ အိမ်ရဲ့ပိုင်ရှင်က ဦးထွန်းရှန်ဇုံးတင့် ဖြစ်ပြီး ဦးကြည်စိုး ဆိုသူငှားရမ်းထား တာဖြစ်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာ ကျန်းမာရေးမကောင်းတဲ့ ၀န်းရံသူ ၂ ဦးကို ဆေးကုသခွင့်အာမခံ လျှောက်ထားတာကို မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ အာမခံ လျှောက်ထားခဲ့တာဖြစ်ပြီး ထောင်ဆေးရုံရဲ့ ဆေးစာမပါတာကြောင့် အာမခံကို ပယ်ချလိုက်တာဖြစ်တယ်လို့ ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော် က ပြောပါတယ်။

"အာမခံ ၂ ယောက်လျှောက်တာကို ပယ်လိုက်ပါတယ်၊ ဒေါ်ခင်မာဝင်းနဲ့ ကိုစန်းလွင်ဦး၊ ဝန်းရံပြည်သူ ၂ ယောက်ဆေးစာနဲ့ လျှောက်တာကို ပယ်လိုက် တယ်ပေါ့နော်၊ ပြီးခဲ့တဲ့ ရုံးချိန်းက ကျမလျှောက်ထားတာ ပါ၊ ဆေးစာရဲ့ရက်စွဲက နောက်ဆုံးရက်စွဲမဟုတ် လို့ဆိုပြီး ပယ်ချလိုက်တာပါ၊ ပြင်ပ သာယာဝတီဆေးရုံ က ဆေးစာတွေလည်းပါတယ်၊ ထောင်တွင်းဆေးစာက ကျမတို့ဒီနေ့မှရတာလေ၊ "

အဲဒီဝန်းရံသူ ၂ ဦးဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိ၊ နား နဲ့ ခါးရိုးကိုက်ခဲတာတွေကြောင့် လက်ရှိ အကျဉ်းထောင်ထဲမှာလည်း ဆေးကုသနေရတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသား/ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားရာကနေ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ဦး ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသားကျောင်းသူနဲ့ ၀န်းရံသူ ၄၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရ ဆဲဖြစ်ပြီး ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုကိုတော့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကမ္ဘာ့ဘဏ်ရဲ့ ကျေးလက် စီမံကိန်းများ
မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှု ဖေါ်ဆောင်နိုင်မည့် မူဝါဒ အကြံပြုချက်များ ဆိုတဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ တင်ပြချက်မှာ မြန်မာ့ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှု သမိုင်းမှတ်တိုင်ကို ရောက်နေပြီး လက်ရှိခိုင်မာ အားကောင်းတဲ့ စီးပွားရေး ကနေတဆင့် မြန်မာ ပြည်သူတွေရဲ့ဘဝ တိုးတက်အောင် လုပ်ဖို့ အခွင့်အလမ်းတရပ် ရှိတယ်လို့ဆိုပါတယ်။

အကြံပြုထားတဲ့ အဓိကမူဝါဒ သုံးရပ်မှာ စီးပွားရေး ဈေးကွက်ပိုဖွင့်ပေးပြီး ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ မျှတစွာ ယှဉ်ပြိုင်နိုင်အောင် အပြောင်းအလဲတွေလုပ်ဖို့ အခြေခံ ပညာရေး ကျန်းမာရေး လျှပ်စစ်ဓါတ်အား စတာတွေကို တိုးမြှင့် ဆောင်ရွက်ပေးဖို့ အုပ်ချုပ်ရေး ပိုင်းမှာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု ပိုရှိဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

တနှစ်ကို စီးပွားရေး ၈ရာနှုန်း ဝန်းကျင်တိုးတက်ဖို့ ဘယ်အချက်ကိုမူတည်ပြီး ခန့်မှန်းသလဲဆိုတာ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ပေါ်လစီ၊ ပွင့်လင်းလာမှု၊ စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်တွေ ပိုထွက်လာမယ့် အလားအလာနဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပိုအားကောင်း လာတာကို အခြေခံပြောတာလို့ ကမ္ဘာ့ဘဏ်ရဲ့ ဌာနေမန်နေဂျာ Abdoulaye Seckက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ အဂတိ လိုက်စားမှုတွေများသလို တရားဥပဒေ စိုးမိုးမှု အားနည်း နေပြီး ဆင်းရဲချမ်းသာ ကွာဟမှုလည်း ကြီးထွားနေပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှု အတွက်အဟန့်အတား ဖြစ်နေတဲ့ အဂတိ လိုက်စားမှုကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ ဒါနဲ့ပတ်သက်လို့ ပြည်လူထုကို သူတို့အကျိုးရှိမယ့် စီမံကိန်းတွေမှာ လုပ်ပိုင်ခွင့် အာဏာ ပိုပေးရင် ပွင့်လင်း မြင်သာလာပြီး မကြေနပ်မှု တိုင်တန်းမှုတွေအပေါ် အခြေခံကာ စုံစမ်းဖေါ်ထုတ် အရေးယူနိုင်တယ်လို့ ဌာနေ မန်နေဂျာက ရှင်းပြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အရှေ့အာရှနဲ့ ပစဖိတ်ဆိုင်ရာ ဒုတိယဥက္ကဌ Axel van Trotsenburg ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒရေးရာ အကြံပြုချက်များကို ဆွေးနွေး ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ခရီးဆက်လက် ထွက်ခွာနေစဉ် -၂၃ ဖေဖ၀ါရီ ၂၀၁၆  (Photo-Ying kyang)
Pat Jasan ကချင်လူထုအခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ခရီးဆက်လက် ထွက်ခွာနေစဉ် -၂၃ ဖေဖ၀ါရီ ၂၀၁၆ (Photo-Ying kyang)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့နယ်အတွင်းက ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီးမယ့်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကို ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေလမ်းခွဲမှာ တပတ်ကျော်ကြာ တားဆီးခဲ့ရာက ဒီကနေ့ နေ့ခင်း ၂ နာရီမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

ကန်ပိုက်တီး နယ်က ဘိန်းခင်းရှင်တွေက လက်နက်တွေကိုင်ဆောင်ပြီး လမ်းခုလပ်ကနေ ဟန့်တားဖို့ ပြင်ဆင် နေတယ် လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်တွေ လုံခြုံရေးအတွက် အာဏာပိုင်တွေ ဘက်က ပြင်ဆင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

Pat Jasan (ခေါ်) ကချင်လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေကို ၀ိုင်းမော်မြို့နယ် ဆဒုံး၊ ချီဖွေ လမ်းခွဲမှာ ဒီလ ၁၆ ရက်နေ့ကတည်းက ရဲနဲ့ စစ်တပ်က တားဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတားဆီးတာ တပတ်လောက်ရှိလာချိန်မှာတော့ Pat Jasan အဖွဲ့ဝင်တွေက အင်္ဂါနေ့ နေ့ခင်း၂ နာရီမှာ မဖြစ်မနေ ဆက်လက် ထွက်ခွာဖို့ တနင်္လာနေ့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့နေ့ခင်းမှာတော့ အာဏာပိုင်တွေဘက်က ကန်ပိုက်တီးဒေသဖက်ကို ဆက်လက်ထွက်ခွာဖို့ ခွင့်ပေးလိုက် တယ်လို့ ဒီခရီးကို လိုက်ပါသွားတဲ့ တနိုင်းဒေသ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာနော်တောင်က ပြောပါတယ်။

“အဲဒါအခု ဒီည ကျနော်တို့က ဘွမ်တောင်ဆိုတဲ့နေရာမှာ ရွှေ့ပြီးစခန်းပြောင်းမှာ။ အဲဒီမှာလည်း ထပ်ပြီးမှ တဖွဲ့ပြီး တဖွဲ့သွားဖို့ အစီအစဉ်ရှိတယ်။ ကျနော်တို့ အခုက ၃၀၀၀ လောက်ရှိတယ်။ ၂ နာရီခွဲ လောက်ကနေ စထွက်တာ။”

ဘိန်းခင်းရှင်တွေဖက်က ဓါး၊ လှံ၊ သေနတ်တွေ ကိုင်ဆောင်ပြီး လမ်းခရီးကနေ ကတုတ်ကျင်းတူးစောင့်ဆိုင်း နေတယ်လို့ သတင်းရထားကြောင်း နဲ့ စစ်တပ်၊ ရဲ၊ မီးသတ်နဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေက လုံခြုံရေး လိုက်ပါဖို့ ကမ်းလှမ်းထားပြီး မနက်ဖြန်မှ လုံခြုံရေးကိစ္စ ဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။

“အန္တရာယ် ကတော့ ရှိမှာပဲလေ။ ဘာပဲဖြစ်ဖြစ် လုံခြုံရေးကိစ္စကတော့ မနက်ဖြန် စခန်းချမယ့် နေရာ မှာ ရောက်မှပဲ ပြန်လည် ဆွေးနွေးမှာဖြစ်တယ်။”

မူးယစ်တိုက်ဖျက်ရေး အဖွဲ့နဲ့ ဘိန်းခင်းရှင်တွေအကြား အခင်းဖြစ်ပွားနိုင်တာကြောင့် ပြည်နယ်အစိုးရဖက်က လုံခြုံရေးအတွက် တပ်မတော်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းလိုက်ပါဖို့ ပြင်ဆင်ထားကြောင်း ၀ိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းနိုင်က ပြောပါတယ်။

“သူတို့အဖွဲ့နဲ့ ကချင်ပြည်နယ်စုက အဖွဲ့နဲ့ ညှိနှိုင်းသဘောတူညီကတည်းက အဖွဲ့ ၆ ဖွဲ့ပေါ့ ။ သူတို့ဆီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့လို့ပြောနေတဲ့လူတွေဆီက အဖွဲ့ ၆ ဖွဲ့ပေါ့။ အဲဒီ အဖွဲ့ ၆ ဖွဲ့က ကျနော်တို့က ဒါ တပ်မတော်ရယ် ၊ ရဲတပ်ဖွဲ့ရယ်၊ ဌာနဆိုင်ရာတွေရယ် အဲဒီ ၆ ဖွဲ့ ပူးပေါင်းပြီးတော့မှ သူတို့ ဘိန်း ရှိပါတယ် ဆိုတဲ့နေရာတွေကို မနက်ဖြန်က စထွက်မှာပါ။ မနက်ဖြန်မှာ ၂ ဖွဲ့ထွက်မှာပေါ့နော်။ ၂၅ ရက်နေ့မှာ နောက် ၂ ဖွဲ့ထွက်မယ်။ ၂၆ ရက်နေ့မှာ နောက် ၂ ဖွဲ့ ထွက်မယ်။ ကျနော်တို့ဆီကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပါမယ်။ မြေစာရင်း ပါမယ်။ လ၀က ပါမယ်။ စိုက်ပျိုးရေး ပါမယ်။ သစ်တော ပါမယ်။ ကျန်းမာရေးပါမယ်။ ကျနော်တို့ ဒါ နယ်ဘက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ၀န်ထမ်းကတော့ ။ ကျန်တာရဲတပ်ဖွဲ့ကတော့ သူတို့အဖွဲ့အစည်း သူတို့ အင်အားပေါ့နော် အဲဒါလေးတွေနဲ့ သွားမယ်ပေါ့နော်။ အဓိကကတော့ security အပိုင်းမှာ စိုးရိမ်တဲ့အတွက် ဒါ ညှိနှိုင်းပြီးမှ တကယ့်အဆင်ပြေအောင် စုဖွဲ့ပြီးတော့မှ ထွက်ကြမှာပေါ့နော်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တနိုင်းမြို့နယ်ဖက်မှာ ဘိန်းခင်းဖျက်ဆီးစဉ်မှာ တူမီးသေနတ်နဲ့၂ကြိမ် ချောင်းမြောင်း ပစ်ခတ်ခံရတာကြောင့် Pat Jasan အဖွဲ့ဝင် လူငယ်တယောက်သေဆုံးခဲ့သလို တယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ ၀ိုင်းမော်မြို့နယ် ချီဖွေနဲ့ ရှငေါ်ဒေသဖက်တွေကို သွားရောက် ဖျက်ဆီးစဉ်မှာတော့ မိုင်းခွဲတိုက်ခိုက် တာကြောင့် ၃ ယောက်ထိခိုက်ခဲ့သလို တိုက်ခိုက်မှု စုစုပေါင်း ၃ ကြိမ် ရှိခဲ့ပါတယ်။

ကန်ပိုက်တီး နယ်ဖက်မှာ ဘိန်းခင်းဧက ၅ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ်က မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေဟာ ဒီနှစ် ဘိန်းစိုက်ရာသီမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဟူးကောင်းတောင်ကြားဒေသက ဘိန်းခင်းဧက ၈ ထောင် လောက်ကို ဖျက်ဆီးခဲ့ပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/kachin-anti-poppy-campign-pat-jasan-/3203153.html


rcss-leaders-620.jpg
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၂၂ နေ့က UPWC ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ RCSS အဖွဲ့ခေါင်းဆောင်တွေကို မြင်ရစဉ်
Photo: Aung Moe Myint/ RFA

ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာရှိနေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ UPWC အဖွဲ့ဝင် အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS/SSA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က UPWC နဲ့ RCSS/SSA တို့ နှစ်ဖက်ဆွေးနွေးမှုတွေကို အခုလိုပြောပါတယ်။

"တပ်မတော်ကတော့ ဒီနေ့ဦးခင်ဇော်ဦးရယ်၊ RCSSရယ်၊ သူတို့ပြန်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့နေရာတွေကနေခွာပေးဖို့ ဆိုတဲ့ဟာတွေကို သူတို့အဓိကပြော ပါတယ်၊ သူတို့အချိန်တစ်ချိန်မှာ သူတို့ထွက်ပေးရမှာပါ၊ ထွက်ပေးမယ်လို့လဲသူတို့ဖက် ကပြောပါတယ်၊ တပ်မတော်အနေနဲ့ လုံခြုံရေးယူပေးဖို့အတွက်ကို စီစဉ်နေတာတွေ ရှိတဲ့အတွက်ကြောင့် NCA အပေါ်မှာလိုက်နာပေးဖို့ကိုတော့ တပ်မတော်ဖက်က တိုက်တွန်းထားပါတယ်"

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဖက်က ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ တပ်မတော်ဖက်က အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်တွေ၊ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းမိဏ်းတို့ဟာ မနေ့ညက ဆွေးနွေးဖို့ ကျန်တာတွေကို ဒီနေ့ မနက် ဆက်လက်ဆွေးနွေးကြ တာဖြစ်ပါတယ်။

တပ်မတော်ဖက်က ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လုံခြုံရေးယူဖို့ စီစဉ်တာတွေ ရှိနေပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးရေးအတွက် ညှိနှိုင်းလိုတဲ့ သဘောရှိကြောင်းချပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစိုးရနဲ့ တပ်မတော်ဖက်က အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ RCSS နဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ TNLA တပ်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လိုပြီး တိုင်းရင်းသားတွေကြား တန်းတူညီမျှ ဆက်ဆံသွားဖို့ရှိတဲ့အကြောင်း ဆွေးနွေးကြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်မတူမြို့တွေမှာ TNLA နဲ့ RCSS/SSA တို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲအတွင်း RCSS/SSA ဖက်က တပ်မတော်သား ၂၀ ခန့် ကျဆုံးခဲ့သလို TNLAဖက်က ၁၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/upwc-urges-withdraw-rcss-ssa-02232016103325.html

 parliament-discusses-elnino-620.jpg အယ်လ်နီညို ရာသီဥတုဘေးကာကွယ်ရေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးနေစဉ်
Photo: Win Ko Ko Latt/ RFA

အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ်နိုင် ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေကို တာဝန်ကျေသဘော နဲ့သာ ဆောင်ရွက်နေမယ်ဆိုရင် ဆုံးရှုံးမှုများမှာဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဒီနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင် ကာကွယ်ရေးအတွက် အစိုးရဌာန ဆိုင်ရာအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ မောင်သင်းရဲ့အရေးကြီးအဆိုကို ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက အခုလိုဆွေးနွေးခဲ့ပါတယ်။

"ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတု နောက်ဆက်တွဲဆိုးကျိုးကိုခံစားရနိုင်တဲ့ ကျနော်တို့အရှေ့တောင်အာ ရှနိုင်ငံတွေ၊ အာရှနိုင်ငံနဲ့ နိုင်ငံအသီးသီးဟာ ဖြစ်ပေါ် လာနိုင်တဲ့အရာတွေကို ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ NGO၊ INGOတွေနဲ့ ပေါင်းစပ်ပြီးမှ နိုဝင်ဘာ၊ ဒီဇင်ဘာတည်းက သူတို့နိုင်ငံ အသီးသီးမှာ ကော်မတီတွေအသီးသီး၊ ဗဟိုကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်နေပြီဆိုတာကို သူတို့နိုင်ငံရဲ့သတင်းဌာနတွေမှာ ဖော်ပြပြီးဖြစ်ပါတယ်၊ ကျနော် တို့ မြန်မာနိုင်ငံမှာလည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ အစီအမံတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကလည်း စီမံချက်တွေရေးဆွဲပြီးပါပြီ၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ အဲ့ဒီစီမံချက်တွေကဖိုင်တွဲမှာပဲ ရှိနေတယ်၊ တစ်ကယ်လက်တွေ့သုံးစွဲနိုင်ခြင်း မရှိပါဘူး၊ အယ်လ်နီညိုရာသီဥတု နောက်ဆက် တွဲဆိုးကျိုးတွေက ၆ လလောက်ကြိုတင်ပြီးတော့ ကြေညာထားပြီးသားပါ၊ ဒီလိုကြိုတင်သတိပေးထားပါ လျက်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက စာရွက်ပေါ်က စီမံချက်လောက်နဲ့ တာဝန်ကျေလုပ်နေမယ် ဆိုရင် အဖွဲ့စည်းအသီးသီး ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်ဆောင်ရွက်မှုတွေ မလုပ်လောက်ခဲ့ဘူးဆိုရင် ကျနော် တို့တွေရဲ့ဆုံးရှုံးမှု ပမာဏာဟာဒီထက်ပိုပြီး ကြီးမားလာနိုင်ပါတယ်"

ကိုယ်စားလှယ်တွေဟာ အယ်လ်နီညိုကြောင့် ရေရှားပါးမှု၊ မီးလောင်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ လျှပ်စစ် မီးလျှော့နည်းရရှိမှု၊ လူ နဲ့ ကျွဲ၊ နွား သေဆုံး မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ သစ်ခုတ်ယူမှုတွေများပြားနေတာကြောင့် ပိုမိုပြင်းထန် လာတာ ဖြစ်ကြောင်းလည်း ဆွေးနွေးကြပါတယ်။

အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ အနေနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းဖို့လည်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအရေးကြီးအဆိုကို ကိုယ်စားလှယ် ၂၂ ဦးက ပါဝင်ဆွေးနွေးဖို့ အမည်စာရင်း ပေးထားတာဖြစ်ပြီး ကျန်တဲ့ ကိုယ်စားလှယ် ၈ ဦးနဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေက မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/parliament-discusses-elnino-defence-02232016100422.html

Myanmar International Terminals Thilawa (MITT) deep sea port in Yangon
Myanmar International Terminals Thilawa (MITT) deep sea port in Yangon

မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်းမှာ တနှစ်မှာ ပုံမှန်ဈေးနှုန်းတွေအရ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ် လိုက်ပါတယ်။

ဒီလိုတိုးတက်ဖို့အတွက် လက်ရှိမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောက်တက်လာမယ့် အစိုးရသစ် လက်ထပ်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာဖြစ်တာကြောင့် ကဏ္ဍ တခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်ပြောဆိုလိုက်ပါ တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသေးကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

လက်ရှိအစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် ကဏ္ဍအလိုက် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဒီကနေ့မှာ ကမ္ဘာ့ဘဏ်က ကဏ္ဍအလိုက် ပညာရှင်တွေ ကထောက်ပြ ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာပေမယ့် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံပမာဏနည်းနေသေးကြောင်း၊ အရှေ့ တောင်အာရှနိုင်ငံတိုင်းလိုနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထိရောက်မယ့် ကာကွယ်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒများမရှိ သေးကြောင်း ကမ္ဘာ့ဘဏ်က စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ ချားစ်စနိုက်ဒါက ပြောပါတယ်။ နောင်လာမယ့် အစိုးရလက်ထပ် ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို သူက ခုလိုပြောပါတယ်။

“ကုန်သွယ်မှုပိုင်းမှာ မျှတတဲ့ပတ်ဝန်းကျင်ကောင်းတွေရှိဖို့လိုအပ်နေတယ်။ ဒီအစိုးရလက်ထပ်မှာ ပြုပြင်ဖို့လို အပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကိုလာမယ့် အစိုးရလက်ထပ် မှာ ပြင်ဆင်လာ နိုင်မယ်ထင်တယ်။ ရေရှည်ရင်း နှီးမှုမှာ ယုံကြည်စိတ်ချနိုင်ဖို့ မူဝါဒရေးရာပိုင်း တွေပြင်ဆင်ဖို့ လိုအပ်နေတယ်။ အစိုးရဝန်ဆောင်မှုပိုင်းတွေလည်း အဆင့်မြင့်ဖို့လိုအပ်တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မနေ့ကဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေက ဒီဆွေးနွေးမှုဟာ အထူးအရေးပါတဲ့ဆွေးနွေးမှုတခုဖြစ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ တိုင်း ပြည်ကို အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကခုလိုပြောပါတယ်။

“မနေ့ကတွေ့ဆုံမှုမှာ ကမ္ဘာဘဏ်ရဲ့မူဝါဒပိုင်းတွေကို ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်အမတ်တွေနဲ့ပါ ဆွေးနွေးခဲ့တယ်။ အစိုးရသစ်လက်ထပ်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးနိုင်ဖို့ ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်။ တိုးတက်လုပ်ဆောင်မယ့် ကမ္ဘာဘဏ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။”

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းနိုင်ဖို့ လုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေကြောင်း၊ လူမှုရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အရင်ကထက် ဘဏ္ဍာငွေသုံးစွဲမှု အရင်ကထပ်တိုးတက်သုံးစွဲမှုတွေရှိလာပေမယ့် အခြားနိုင်ငံတွေနဲ့ယှဉ်ပါက နည်းပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က လှုမှုရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နှင်းနှင်းပိုင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံတွင်း ငွေကြေးဆိုင်ရာ လည်ပတ်စီးဆင်းနိုင်မှုအပိုင်းမှာ လွန်စွာအားနည်းနေကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့လိုအပ်နေပေမယ့်တောင့်တင်းခိုင်မာတဲ့ ဥပဒေတွေရှိဖို့လိုအပ်နေကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နန်းဌေးဌေးက လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ခုလိုထောက်ပြခဲ့ပါတယ်။

“ဖွံ့ဖြိုးရေးကဏ္ဍမှာ ခိုင်မာတောင့်တင်းသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်အုပ်ချုပ်မှု မှုဘောင်များကို ရေးဆွဲရန် လိုအပ်ပါတယ်။ ခေတ်မှီတဲ့ ငွေရေးကြေးရေး ကဏ္ဍ အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလိုအပ်တာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံပိုင် ဘဏ်များကို ပြုပြင်ပြောင်းလဲခြင်းကနေတဆင့် ငွေကြေးကဏ္ဍဖွဲ့စည်းပုံပြောင်းလဲမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တောင့်တင်းခိုင်မာသော ဥပဒေနဲ့ ကြီးကြပ် စစ်ဆေးမှု မူဘောင်တရပ်ကနေတဆင့် ကျမတို့ရဲ့ micro finance insurance အဲဒါတွေကို ကြီးကြပ်အုပ်ချုပ်ဖို့အတွက် government financial institution တွေဖြစ်တဲ့ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုံ့ဆော်ပေးရန် ကြိုးပမ်းဆောင်ရွက် ပေးရန်လိုအပ်တာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မျှတပြီးလူတိုင်းပေးဆောင်နိုင်မယ့် အခွန်စနစ်ကိုထူထောင်ဖို့ လိုအပ်နေတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခွန်ငွေကောက်ခံ မှုမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ် နေသေးကြောင်း၊ အစိုးရမူဝါဒရေးရာပိုင်းမှာ ပွင့်လင်းမှုလိုအပ်ချက်တွေရှိနေသလို တိကျခိုင်မာတဲ့ အစိုးရ ကပေးနိုင်မယ့် ပြည်သူ့ဝန်ဆောင်မှုတန်ဖိုးတခုကို တိကျစွာသတ် မှတ်ပြီး ပေးဆောင်ဖို့ လိုအပ်နေသေးကြောင်း၊ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်လည်ပေးဆောင် ရမယ့် ဝန်ဆောင်မှုအပိုင်း အားနည်းနေတာကြောင့် နောင်လာမယ့် အစိုးရလက် ထပ်မှာ ဒါတွေကို မဖြစ်မနေပြုပြင်ပြောင်းလဲ မှသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲရေးပူးပေါင်းပါဝင်မှု အဖွဲ့ခေါင်းဆောင် ရှာဘိမိုဟိက ပြောဆိုလိုက်ပါ တယ်။

ကမ္ဘာ့ဘဏ်ကနေ ပညာရေး၊ ကျန်းမာရေးစတဲ့လူမှု ၀န်ဆောင်မှုများ ရရှိနိုင်ရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်စေရေးနဲ့ယှဉ်ပြိုင်မှုရှိရေး၊ လူတိုင်း လက်လှမ်းမီတဲ့ ဘဏ္ဍာရေး စနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ စွမ်းရည် မြှင့်တင်ရေး စတဲ့ ကဏ္ဍ ၆ ခုအတွက် ပြုပြင်ပြောင်းလဲရမယ့် အချက် တွေကို ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ဒါတွေကို နောက်တက်လာမယ့် အစိုးရကိုလည်းချပြသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မေခ/VOA
http://burmese.voanews.com/content/myanmar-economic-improvement-world-bank-assume/3202928.html

ဒီမိုကရေစီ သက်တမ်းမှာ ၅ နှစ်ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည့် အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ ဆိုင်းငံ့ရန်အတွက် ငြင်းခုံဆွေးနွေးမှုများ များပြားနေချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ကလောမြို့ စစ်ဦးစီးတက္ကသိုလ် သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) တွင် ပုဒ်မ ၄၃၆ (က) နှင့် ပတ်သက်သော ပုဒ်မများအတွက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း1ကျော်က ပြင်ဆင်ရန် လိုအပ်ကြောင်း ထောက်ခံရန် လိုအပ်ပြီး ယင်းနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဖြစ်သည်။ ပုဒ်မ ၄၃၆ (ခ) နှင့် သက်ဆိုင်သော ပုဒ်မများအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ခွင့်ရ ရှိမည်ဖြစ်သည်။

အရပ်သားလွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၁၀၀ ရာနှုန်းအပြည့်မရှိဘဲ ၇၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တစ်ခုချင်းစီအလိုက် ပြင်ဆင်မှုတိုင်းတွင် တပ်မတော်၏ သဘောထားမှာ အရေးပါနေဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အတားအဆီး ဖြစ်နေသော ပုဒ်မ ၅၉ (စ)မှာ ပုဒ်မ ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်ဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ပြင်ဆင်ရန် ခက်ခဲမည်ဖြစ်ကာ တပ်ချုပ်ကိုယ်တိုင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်းသာ ဥပဒေများကို ပြင်ရမည်ဟု ပြောလိုက်ခြင်းအားဖြင့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးဆိုသည့် ကိစ္စမှာ အလားလာ မကောင်းတော့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

Photo - Snr Gen Min Aung Hlaing

The Ladies News Journal

[youtube src="2H9OPmtc8Vw"/]
ရခိုင်တေးသီချင်းတစ်ပုဒ်ဖြစ်သည့်ဗုဒ္ဓပူဇနိယတေးသီချင်းကိစ္စနှင့် ပတ်သတ်ပြီး တေးရေးဆရာ မြင့်မိုးအောင်ကဖေဖော်ဝါရီလ၂၆ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ရှင်းလင်း ရန်အတွက် အကြောင်းကြားလာခဲ့ကြောင်း ရခိုင်ဂီတအစည်းအရုံး (စစ်တွေ ) ဥက္ကဋ္ဌ ဦးစံမော်သိန်းက ပြောသည်။

ဦးစံမော်သိန်းက “ ကို မြင့်မိုးအောင်ကိုယ်တိုင် တေးသီချင်း ကိစ္စ
ချိပ်ဆက်လာပြီပါပြီ ဆက်သွယ်လာတာပါ။ သူကိုယ်တိုင် ၂၆ ရက်စစ်တွေကိုလာပြီးတေးရေး ဦးဘသာရဲ့ မိသာစုဝင်တွေနဲ့လည်းတွေ့မယ်လို့ ပြောတယ်။
သူ့ဘက်ကလုပ်ပေးစရာ ရှိတာတွေ အားလုံးကို လုပ်ပေးမယ် လို့ ပြောပါတယ်။ ”ဟုပြောသည်။

ယင်းသို့ ဗုဒ္ဓပူဇနိယ တေးသီချင်းကိစ္စ တွင် ထုတ်လွင့် တင်ဆက်ခဲ့သည့်
ရည်ရွယ်ချက်များနှင့် တေးရေး အမည် မှားယွင်းမှု ဖြစ်ခဲ့သည့် အသေးစိတ်
အကြောင်းများကို ဦးမြင့်မိုးအောင် စစ်တွေမြို့သို့ လာရောက်
ရှင်းလင်းပြီးမှ သိရမည်ဟု ရခိုင်ဂီတအစည်း အရုံး ( စစ်တွေ ) က ဆိုသည်။

အဆိုပါ ဗုဒ္ဓပူဇနိယ တေးသီချင်းသည် ရခိုင်တေးရေး ဆရာ ရက္ကန်း ဦးဘသာမှကိုယ်ပိုင်သံစဉ် အဖြစ် ကိုယ်တိုင်ရေးသား သီကုန်းခဲ့ပြီးနောက် ၁၉၆၆ခုနှစ်တွင် ကျင်းပခဲ့သော ( ၁၉ ) ကြိမ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားတွင် အရံယိမ်း အဖြစ် တင်ဆက်ခဲ့သည့် သီချင်း တစ်ပုဒ် ဖြစ်ကြောင်း

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကချင်ပြည်နယ်တ၀ိုက် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည်မြစ်ကြီးနား ဆိပ်ကမ်း၌ ၁၆-နာရီအတွင်း ၃၆၀ စင်တီမီတာ (၁၂ ပေ) ခန့် မြင့်တက်ခဲ့ကြောင်းနှင့် နောက် ၅ ရက်အကြာတွင် မန္တလေးဆိပ်ကမ်း၌ လက်ရှိရေ အမှတ်ထက် ၆ ပေ (၁၈၀ စင်တီမီတာ)ခန့် တိုးလာနိုင်ကြောင်းမိုး/ဇလ (မန္တလေး) မှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးသန်းဇော်ကပြောသည်။

မန္တလေးဆိပ်ကမ်းတွင် ၂၃ ရက်နေ့က မြစ်ရေအမှတ် ၃၅၀ စင်တီမီတာရှိရာ နောက် ၅ ရက်အတွင်း ၅၀၀ စင်တီမီတာကျော်အထိ ရောက်ရှိလာမည် ဖြစ်သည်။

"အနောက်တောင်လေကြောင့် အထက်ပိုင်းမှာ မိုးရွာတယ်။ ပုံမှန်က မတ်လနဲ့ ဧပြီလမှာ ဖြစ်တတ်ပြီး ဖေဖေါ်ဝါရီမှာ မြစ်ရေတိုးတာက ဖြစ်တောင့်ဖြစ်ခဲပါ။ အယ်လ်နီညိုလို့ ပြောရမယ်။ ရေတက်တာမြန်ရင် ရေကျတာလည်း မြန်တယ်။ မြစ်ရေနည်းချိန်မှာ မြစ်ကြောင်း(Channel) ကလည်း ကျဉ်းတော့ မြစ်ရေတက်တာက သိသာတယ်"ဟု ၄င်းက ပြောသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားတွင် ဖေဖေါ်ဝါရီ ၂၂ ရက်နံနက် ၆ နာရီက ရေအမှတ် ၁၄၂ စင်တီမီတာမှ ထိုနေ့ ည ၁၀ နာရီခွဲ၌ ၅၀၃ စင်တီမီတာသို့ ရောက်ရှိပြီး ၃၆၁ စင်တီမီတာ (၁၂-ပေ) ခန့် မြင့်တက်ခဲ့ကြောင်း၊ ၂၃ ရက် နံနက် ၆ နာရီတိုင်းတာချက်အရ ရေအမှတ် ၄၇၃ စင်တီမီတာရှိနေကြောင်း၊ ဖေဖေါ်ဝါရီ၂၁-ရက်က ပူတာအိုနှင့် မချမ်းဘောဒေသတွင် မိုးရွာသွန်းခဲ့ပြီး မိုးရေချိန်များမှာ (၀.၂၄) လက်မ၊ ၂၂ ရက်တွင် (၀.၃၂) လက်မ၊ ၂၃ ရက်နေ့ နံနက်ပိုင်းထိ (၀.၂၃) လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

"မြစ်ရေ အောက်ဘက် ဆင်းလာတာကို ရေစီးနှုန်းနဲ့တွက်ရင် နောက် လေး-ငါးရက်အကြာ မန္တလေးရောက် လာမှာဖြစ်လို့ မြစ်ရေတိုးမယ်။ ဒီအချိန်မှာ မြစ်ကြောင်းတလျောက် သဲသောင်တွေ မြစ်ရေဖုံးသွားတော့ ရေပြင်ကျယ်လာတယ်ဆိုပြီး ရေယာဉ်တွေက လမ်းကြောင်းပြောင်းလို့ မဖြစ်ဘူး။ မူလ(ရေနည်းစဉ်)ရေ လမ်းကြောင်းအတိုင်းမောင်းသင့်တယ်"ဟု ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (မန္တလေး) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောသည်။

ထို့ပြင် မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြောင်းသွားရေယာဉ်များအနေဖြင့် ဂရုပြု မောင်းနှင်ရန်လိုပြီး သဲသောင်များတွင် စိုက်ပျိုးသူများနှင့် နေထိုင်သူများလည်း မြစ်ရေရုတ်တရက်မြင့်တက်လာနိုင်ခြင်းကို ဂရုပြုသင့်ကြောင်း မိုး/ဇလ မှ အကြံပြုထားသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

တောင်အာဖရိက အမျိုးသားခေါင်းဆောင် နယ်ဆင်လ်မင်ဒဲလားသည် နှစ် ၂၀ ခန့်ကြာ အကျဉ်းကျနေရာမှ ပြန်လည် လွတ်မြောက်လာသည့်အခါ ယင်းကို ဖမ်းဆီး အကျဉ်းချခဲ့သည့် အပါ့သိုက်အစိုးရကို ခွင့်လွှတ်ခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့်ကြာ ထိန်းသိမ်းခံထားရခြင်းမှ ၂၀၁၀ တွင် ပြန်လွတ်လာခဲ့ပြီးနောက် ယင်းအား ထိန်းသိမ်းခဲ့သည့် စစ်အစိုးရကို ခွင့်လွှတ်ခဲ့ပြီး တိုင်းပြည်အနေဖြင့် “ပြန်လည်သင့်မြတ်ရေး လိုအပ်ပြီး လက်တုံ့ပြန်မှုများ မလိုအပ်” ဟု ပြောကြားခဲ့သည်။

ထိုသို့ ကြီးကျယ်သော ခေါင်းဆောင်များသည် အတိတ်နှင့် ပုဂ္ဂိုလ်ရေး လက်တုံ့ပြန်မှုများတွင် ညှိတွယ်နေခြင်းမရှိဘဲ ပိုမိုကောင်းမွန်သော အကျိုးတရားများအတွက် ရှေ့ဆက်နိုင်စွမ်း ရှိကြောင်း ပြသခဲ့ကြသည်။ ယင်းတို့၏ ဘ၀ အစိတ်အပိုင်းအများစုကို ဖမ်းဆီး ထိန်းသိမ်းခံရခြင်းဖြင့် ကုန်ဆုံးခဲ့ပြီး ခက်ခဲကြမ်းတမ်းမှုများ ရင်ဆိုင်ခဲ့ရသော်လည်း ထူးခြားသည့် ခွင့်လွှတ်နိုင်စွမ်းက စံနမူနာယူစရာ ဖြစ်စေခဲ့သည်။ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်ပေါ်စေသည်ဖြစ်စေ ခွင့်လွှတ်နိုင်ခြင်းကို ကမ္ဘာအနှံ့ ဘာသာတရားနှင့် ယဉ်ကျေးမှုမျိုးစုံက ချီးကျူးကြသည်။

ခွင့်မလွှတ်နိုင်သည့် စိတ်သဘောထားရှိနေခြင်းက လူတစ်ဦးအတွက် ကြီးမားသည့် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည်။ ထိုဝန်ထုပ်ဝန်ပိုးက အရောင်းစွန်းသည့် ဆုံးဖြတ်ချက်များ ချမှတ်မိစေပြီး လူတစ်ဦး၏ စွမ်းရည်ပြည့်ရရှိရန် အတားအဆီး ဖြစ်စေသည်။ ခွင့်လွှတ်ခြင်းက လူတစ်ဦး၏ ဘ၀အခြေအနေနှင့် အမြင်များကို ကောင်းမွန်စေပြီး စွမ်းအင်တိုးပွားစေသည်။ အာဃာတ တရားက စိတ်ဓာတ်ကျစေနိုင်သည်။

ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးများက စိတ်ကျန်းမာရေးကောင်းကျိုး တစ်ခုတည်း မဟုတ်ပေ။ ခွင့်လွှတ်ခြင်း ပြုလုပ်နိုင်သူ၏ ဘ၀အမြင်နှင့် ဆောင်ရွက်မှုများအပေါ် သက်ရောက်မှုများရှိသည်။ ယင်းတို့က ကြုံတွေ့လာရသည့် ဘ၀စိန်ခေါ်မှုများကို စိုးရိမ်မှု နည်းပါးပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေသည်။ မိမိကိုယ်ကိုယ် ထိခိုက်စေခဲ့သူများနှင့် ပြန်လည်သင့်မြတ်နိုင်ခြင်း မရှိသူများမှာ စွမ်းအားမဲ့သကဲ့သို့ ခံစားမိစေနိုင်ပြီး ခွင့်လွှတ်နိုင်သူများမှာ မိမိကိုယ် မိမိ စွမ်းအား ပိုမိုရှိသည်ဟု ခံစားမိစေနိုင်သည်။ မိမိစွမ်းအားကို ယုံကြည်မှုရှိသူက စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည် ဆိုသည့်အတိုင်း ခွင့်လွှတ်နိုင်သူများက စွမ်းဆောင်ရည် ပိုမိုကောင်းမွန်နေခြင်းသာ ဖြစ်သည်။

နယ်ဆင်လ်မင်ဒဲလားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အာဃာတ တရားများကို ကိုင်ဆွဲထားခြင်းမရှိဘဲ သက်ဆိုင်ရာ နိုင်ငံအသီးသီး ရှေ့ဆက်နိုင်ရန် ခေါင်းဆောင်နိုင်ခဲ့ကြသည်။ နိုင်ငံအတွက် အရေးပါသည့် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် ယင်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သူများနှင့် လက်တွဲ ဆောင်ရွက်ရန် သဘောတူခဲ့သည်။ မဖြေရှင်းနိုင်သော ပြသ၁နာများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွင့်လွှတ်ခြင်းက လမ်းဖွင့်ပေးနိုင်ကြောင်း ထိုခေါင်းဆောင်နှစ်ဦး၏ အတွေ့အကြုံက ပြသလျက်ရှိလေတော့သည်။

The Ladies News Journal

[youtube src="WUVZyTb_ueo"/]

တရားပွဲ နဲ. လုံခြုံရေး ဘယ်လိုဆက်စပ်သလဲ နားမလည်နိုင်အောင်ဖြစ်ရပါတယ်
==================================================
ဒယ်အိုးဆရာတော် ဦးသုမင်္ဂလရဲ့ နပြည်တော်နယ်မြေမှာ ကျင်းပမယ့် တရားပွဲ၂ပွဲ လုံခြုံရေးအကြောင်းပြချက်နဲ့ အပိတ်ခံလိုက်ရပါတယ်။

အိမ်သာကို သီတင်း နှစ်ပတ်လောက် အချိန်ယူ ဆောက်ခဲ့တယ်လို့ ဆို။
ကမ္ဘောဒီးယား နိုင်ငံကို အလည်လာတဲ့ ထိုင်းမင်းသမီး သီရိဒုံ အတွက် ရည်ရွယ် ဆောက်လုပ်ခဲ့တဲ့ ဒေါ်လာ လေးသောင်းလောက် ကုန်ကျခဲ့တဲ့ အိမ်သာကို မင်းသမီးက အသုံးမပြုဘဲ ထားသွားတယ်လို့ ကမ္ဘာဒီယား အရာရှိတွေက ပြောပါတယ်။

ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းက ယိခ်လုမ် ကန်ကို အလည်လာတဲ့ ထိုင်းမင်းသမီး သီရိဒုံက အဲဒီ အိမ်သာကို မသုံးခဲ့ပေမယ့် အိမ်သာ အဆောက်အအုံကိုတော့ ဓာတ်ပုံတွေ ရိုက်သွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

အခုတော့ အထဲက အိမ်သာကို ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး အဆောက်အအုံ ကိုတော့ ခရီးသွား ဧည့်သည်တွေ အတွက် ရုံးခန်းအဖြစ် သုံးဖို့ ထားခဲ့တယ်လို့ ဆိုပါတယ်။

ကျေးလက် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း အောက်သာ အိမ်သာရှိတဲ့ ကမ္ဘောဒီးယားမှာ ဒီသတင်းက ခေါင်းကြီးသတင်း ဖြစ်နေပါတယ်။

လေအေးစက် တပ်ထားတဲ့ အဲဒီ အိမ်သာကို သီရိဒုံ မင်းသမီးက ယိခ်လုမ် ကန်ကို နှစ်နာရီကြာ လည်ပတ်စဉ်အတွင်း လိုရမယ်ရ ဆောက်လုပ်ထားဖို့ တောင်းဆိုခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

အဲဒီအတွက် ကုန်ကျငွေကို ထိုင်းဘက်က ပေးခဲ့တယ်လို့ ကမ္ဘောဒီးယား အရာရှိတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmeset

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့နဲ့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့ မရနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မနေ့က ကလောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်မှာ သင်တန်းသားတွေ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာကို ဒီနေ့ထုတ် မြ၀တီသတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ပြဌာန်းချက်တွေ အတိုင်း ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို သင့်တော်တဲ့ အချိန်မှာ ပြုပြင်ရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ စည်းလုံးညီညွတ်မှုမရှိ ရင် နိုင်ငံဖံွ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

ငါးနှစ် နီးပါး ကြာလာတဲ့ ဆီးရီးယား စစ်ပွဲတွေအတွင်း လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့။
ဆီးရီးယားမှာ လာမယ့် စနေနေ့က စပြီး ပစ်ခတ်မှုတွေ ရပ်မယ့် အစီအစဉ်ကို လက်ခံတယ်လို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ သူပုန်အဖွဲ့ နှစ်ဘက်စလုံးက ပြောပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ ကြေညာခဲ့တဲ့ အပစ်ရပ်ရေး အစီအစဉ်နဲ့ အညီ တိုက်ပွဲတွေ ရပ်ဆိုင်းမယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံတွေ ကတော့ အပစ်ရပ် အစီအစဉ်ကို လက်ခံဖို့ အစိုးရ ထိုးစစ်တွေနဲ့ အရပ်သားတွေအပေါ် ဗုံးကြဲတာတွေ ရပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အဲဒီ အပစ်ရပ် အစီအစဉ်မှာ ဆီးရီးယားထဲက ဂျီဟတ် အစွန်းရောက် အဖွဲ့ နှစ်ခု ဖြစ်တဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့နဲ့ အယ်ခိုင်ဒါ အဖွဲ့ခွဲ al-Nusra Front တို့ အပေါ် တိုက်ခိုက်မှုတွေကိုတော့ သက်ရောက်မှာ မဟုတ်ပါဘူး။

ငါးနှစ် နီးပါး ကြာခဲ့တဲ့ ဆီးရီးယား တိုက်ပွဲတွေကြောင့် လူ နှစ်သိန်းခွဲကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ လူ ၁၁ သန်းလောက် နေရပ် စွန့်ခွာ ခဲ့ကြပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ဆီးရီးယား ကော်မရှင် ဥက္ကဌ Pinheiro
ဆီးရီးယား နိုင်ငံ က ပြည်တွင်းစစ် အပြင် အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံ တပ်ဖွဲ့ ရဲ့ အရပ်သား ပြည်သူတွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ဟာ ဆိုးဝါး ထိတ်လန့် စဘွယ် ကောင်းပြီး ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် သေကျေ ဒဏ်ရာ ရသူတွေ များပြားတဲ့ အကြောင်း ကုလသမဂ္ဂ မှ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် က အစီရင် ခံစာ ထုတ်ပြန် လိုက်ပါတယ်။

အဆိုပါ အစီရင်ခံစာ အတွက် မျက်မြင်သက်သေ တွေ ကို ရော ရင်ဆိုင် ခံစားရသူ ပေါင်း ၄၀၀ ကျော် နဲ့ တွေ့ဆုံ မေးမြန်းခန်း ပြုပြီး ထုတ်ပြန်တဲ့ အကြောင်း ဆီးရီးယား ဆိုင်ရာ စုံစမ်းရေး ကော်မရှင် ဥက္ကဌ Paulo Sergio Pinheiro က ပြောပါတယ်။

ဆီးရီးယား ပြည်သူ အပေါင်းဟာ စကားလုံးနဲ့ ဖေါ်ပြလို့ ပင် မပီပြင် နိုင်အောင် အင်မတန် ဆိုးရွားတဲ့ နာကျင်ခံစားမှု တွေ ကို ကြုံနေရတဲ့ အကြောင်း၊ ဒီ အငြင်းပွားမှုကြီး မှာ ပါဝင် ပတ်သက် တာနဲ့ အမျှ တိုးပွား နေကြတဲ့ လူတွေ ဟာလည်း ပြည်သူတွေ ကို သတ်ဖြတ်ရာမှာ တမင်သက်သက် ကျူးလွန် နေတဲ့ အသွင်ဆောင်နေပြီး လူမှု ဘဝ ရဲ့ အရေးပါတဲ့ အခြေခံ အဆောက် အအုံ တွေ ကိုပါ ဖျက်ဆီး ပစ် နေကြတယ် လို့ ပြောပါတယ်။ အထူးသဖြင့် နေအိမ်တွေ ဆေးရုံတွေ ကျောင်းတွေ ဈေးတွေ နဲ့ အစားအသောက် လုပ်ငန်းတွေ ကိုပါ ပျက်စီးစေတဲ့ အတွက် ထိတ်လန့် ချောက်ချားမှု တွေ နဲ့ ဘဝ မလုံခြုံအောင် တွန်းပို့ နေကြတယ် လို့ ပြောလိုက် ပါတယ်။

ဒါကြောင့်မို့ ကုလ လုံခြုရေး ကောင်စီ အနေနဲ့လည်း လူသားချင်းဆိုင်ရာ ကျူးလွန် ဖေါက်ဖျက်မှု တွေ အပေါ်မှာ ထိရောက်တဲ့ အရေးယူ မှု ပြုဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဆီးရီးယား အရေးကို ငြိမ်းချမ်းတဲ့ နည်း နဲ့ ဖြေရှင်းပေး ပါတယ် ဆိုတဲ့ နိုင်ငံ တွေ ပင် စစ်ဆင်ရေး တွေ ကို ထပ်ခါ တလဲလဲ ဖြစ်နေ စေတဲ့ အကြောင်း အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

တခါ အခု လာမယ့် သောကြာနေ့ ညသန်းခေါင်အချိန် က စပြီး ဆီးရီးယားမှာ အပစ်အခတ်တွေ ရပ်စဲတော့မယ်လို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဖုန်းဆက် စကား ပြောခဲ့အပြီးမှာ ဒီသဘောတူချက်ကို ထုတ်ဖော် ကြေညာလိုက်တာပါ။

ဒါပေမဲ့ အဓိက ဂျီဟာ့ဒစ်စ် လက်နက်ကိုင် အုပ်စုနှစ်ခုဖြစ်တဲ့ IS အစ္စလာမစ် နိုင်ငံ အဖွဲ့နဲ့ Al-Nusra တပ်ဉီးအဖွဲ့တို့ကတော့ ဒီသဘောတူချက် မှာ မပါဝင်ပါဘူး။ ဆီးရီးယား အဓိက အတိုက်အခံ ညွန့်ပေါင်း အုပ်စုဖြစ်တဲ့ High Negotiations Committee ကတော့ ဒီသဘောတူချက် မှာ သူတို့ ဘယ်လို ပါဝင် ဆောင်ရွက်မလဲဆိုတာ ဟာ ဆီးရီးယား အစိုးရနဲ့ မဟာမိတ် တွေ က မြို့တွေကို သိမ်းပိုက်ထားတာတွေ ကို ပြန်ရုတ်သိမ်းပေးတာ၊ အကျဉ်းသားတွေကို ပြန်လွတ်ပေးတာ၊ ဗုံးကြဲ တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းတာ စတဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အပစ်ရပ်ရေး သဘောတူချက် ထုတ်ဖော် ကြေညာခဲ့ ပြီးပြီးချင်း မှာပဲ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ် က ပါလီမန် ရွေးကောက်ပွဲ ကို လာမယ့် ဧပြီလ မှာ ကျင်းပမယ် လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ကို လွန်ခဲ့တဲ့ ၄နှစ် က ကျင်းပခဲ့တာပါ။

ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ပြဌာန်းချက်ထဲ မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး ပြည်တွင်းစစ် ပြီးဆုံးမယ့် အသွင် ကူးပြောင်းတဲ့ တနှစ်ခွဲ တာ ကာလ အတွင်း ရွေးကောက်ပွဲ တွေ ကျင်းပပေး ဖို့ တောင်းဆို ထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဟိမ၀န္တာကရေခဲတောင် အရည်ပျော်မှုနဲ့အတူ ဧရာဝတီမြစ်ရေလည်း အချိန်အခါမဟုတ် မြင့်တက်လာလို့မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ထား ပါတယ်။ အပူလွန်ကဲတဲ့ အယ်နီညို ရာသီဥတုကြောင့် ဟိမ၀န်္တာကရေခဲတွေ အရည်ပျော်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှာ မြစ်ရေကြီးမှုတွေ ကြုံနေရပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာလည်း မြစ်ရေမြင့်တက်လာပြီး နောက် (၃) ရက်ကနေ (၅) ရက်အထိ ဆက်လက်မြင့်တက်နေအုံးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ မှာ (၅၀၃) စင်တင်မီတာကိုရောက်ရှိနေပြီး (၁၆)နာရီအတွင်း (၁၂)ပေခန့် မြင့်တက်ခဲ့တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြိး ဒီမြစ်ရေဟာ နောက်တစ်ရက်မှ (၃) ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့မှာ (၇) ပေမှ (၈) ပေခန့်နဲ့ မန်္တလေး၊ မြင်းမူ၊ စစ်ကိုင်း၊ စစ်ကိုင်း၊ ပခုက်္ကူနဲ့ ညောင်ဦးတို့မှာလည်း နောက် (၃) ရက်မှ (၅) ရက်အတွင်း (၅) ပေမှ (၆) ပေထိ ဆက်လက် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောက်၊ မင်းဘူး၊ မကွေး အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာလည်း နောက်(၆)ရက်မှ (၁၁)ရက်အတွင်း ၄ပေမှ၅ပေထိ မြင့်တက်နိုင်သေးတယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုလိုမြစ်ရေမြင့်တက်နေမှုတွေကြောင့် မြစ်ကြောင်းတွေအတွင်း သွားလာနေတဲ့ ရေယာဉ်၊ သင်္ဘောများအနေနဲ့ သတိထားသင့်တဲ့အပြင် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်တာကြောင့် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ မိုးဇလက တာဝန်ရှိသူက ပြောပါတယ်။လက်ရှိအချိန်မှာ မလိခမြစ်ဖျားရှိ ရေခဲတောင်များ ပြိုကျမှုနဲ့ မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့မှာ ဈေးဆိုင်တစ်ချို့ရေနစ်မြုပ်နေပါတယ်။

For Info News
https://www.facebook.com/forinfo


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်သိဒ္ဓိရပ်ကွက်တွင် ယောက္ခအိမ်ကို မီးရှို့သူက လာရောက် ဖမ်းဆီး သည့် နယ်ထိန်းအား လက်ကျိုးသည်အထိ ရိုက်နှက်မှု ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆း၀၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှ သိရှိရသည်။

အောင်သိဒ္ဓိရပ်ကွက်ရှိ ရထားသံလမ်းဘေးနေ အောင်မင်းခိုင်(၃၅) နှစ်သည် မိန်းမဖြစ်သူနှင့် စကားများပြီး ၎င်းနေထိုင်သည့် ယောက္ခမပိုင် နေအိမ်နှင့် ပတ်ဝန်းကျင် ရှိ နေအိမ်တစ်လုံးကို ဓာတ်ဆီ၊ ဝက်ဆီတို့ဖြင့် ပက်ကာ မီးရှို့ခဲ့ပြီး လာရောက် မီးငြှိမ်းသည့် ရပ်ကွက်သူ ရပ်ကွက်သားများကို ဓားဖြင့် လိုက်ခုတ်နေသဖြင့် နယ်ထိန်းက ၀င်ရောက် ဖမ်းဆီးရာ ပြန်လည်ခုခံခဲ့ကြောင်း သက်ဆိုင်ရာ အသည်ကြီး ရဲစခန်းမှ သိရသည်။

“၀င်ဖမ်းချိန်မှာ လက်ထဲမှာရှိတဲ့ တုတ်နဲ့ခေါင်းကို လှမ်းရိုက်တာကို လက်နဲ့ ကာလိုက်တာပါ၊ နောက်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ သူ့ကို ဆွဲလှဲ လိုက်တော့မှ နောက်ကလူ ဆယ်ယောက်လောက်နဲ့ ၀ိုင်းပြီး ဖမ်းခဲ့ရတာပါ” ဟု ၀င်ရောက် ဖမ်းဆီးခဲ့သူပုသိမ်မြို့၊ အမှတ် ၇ နယ်မြေမှ နယ်ထိန်း ဒုတပ်ကြပ် ခင်မောင်မြတ်က ပြောသည်။

အောင်မင်းခိုင်မှာ ယခင်ကလည်း လင်မယားချင်း စကားများကာ ရပ်ကွက်ရုံးသို့ နှစ်ကြိမ်ခေါ်ယူ သတိပေး ခံခဲ့ရဖူးသူ ဖြစ်ကြောင်း အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

“ သူတို့မိသားစု တစ်ညလုံး တ၀ုန်းဝုန်းနဲ့ ရန်ဖြစ်နေတာ၊ မနက်မိုးလင်းတော့ ငါ့အိမ်ငါမီးနဲ့ ရှို့တာ ဘာဖြစ်လဲဆိုပြီး မီးတုတ်တစ်ဖက် ဓားတစ်ဖက်နဲ့ ရမ်းနေပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျွန်တော့် အိမ်ဘက်ကိုပါ မီးစနဲ့ လှမ်းပစ်တာ” ဟု နေအိမ် မီးလောင်ပျက်စီးခဲ့သူ ကိုကျော်ဇင်က ပြောသည်။

နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ရဲဝန်ထမ်းကို လက်ကျိုးအောင်ရိုက်ခဲ့သူ အောင်မင်းခိုင်(၃၅) နှစ်အား ပုသိမ်မြို့ အသည်ကြီးရဲစခန်းက (ပ) ၇၁/၂၀၁၆ ပြစ်မှုပုဒ်မ ၄၃၆ ၊ ၃၃၃ တို့ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/