03/05/16

သူသူထက်လွင် ၊ ဌေးဌေး

မြန်မာနှစ်သစ်ကူး ကာလဖြစ်သော သင်္ကြန် ရေကစားပွဲတော် ရောက်ရှိရန် ရက်ပေါင်း ၄ဝ မျှသာ လိုပါတော့သည်။ နှစ်သစ်ကူး ပွဲတော်တွင် ရေကစားကြသော မြန်မာလူမျိုးတို့၏ထုံးတမ်းအစဉ်အလာနှင့်အတူ ယခုနှစ်တွင် မထင် မှတ်သော စိန်ခေါ်မှုတစ်ရပ်က ရှိနေပါသည်။ ယင်းစိန် ခေါ်မှုမှာ သမိုင်းဝင် အပူဆုံးနှစ်၊ ရေရှားပါး ပြတ်လပ် မည့်နှစ်၊ အယ်လ်နီညို အပြင်းထန်ဆုံးနှစ် ဖြစ်မည်ဟု ဆိုသော မိုးလေဝသပညာရှင်များ၏ သတိပေးမှုသာ ဖြစ်သည်။
ရန်ကုန်မြို့တွင် တစ်ရက်လျှင် ပုံမှန် ရေဂါလန် ၂ဝ၅ သန်း အသုံးပြုနေပါသည်။ ၂ဝ၁၅ ခုနှစ် သင်္ကြန် ကာလအတွင်း ရန်ကုန်မြို့၌ အသုံးပြုခဲ့သော ရေပမာ ဏသည် ဂါလန်သန်းပေါင်း ၁၄၅ သန်းအထိ ရှိခဲ့ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီမှ ထုတ်ပြန်သည့် ကိန်းဂဏန်းစာရင်းဇယားအရ သိရသည်။

နှစ်သစ်ကူး သင်္ကြန်ပွဲတော် မတိုင်ခင်ကတည်း က မြန်မာနိုင်ငံတွင် ရာသီဥတု ၏ ရိုက်ခတ်မှုက စတင် ခံစားနေရသည်။ ယင်းမှာ အယ်လ်နီညို၏ သက်ရောက် မှုပင် ဖြစ်သည်။

အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာပေါင်း ၂ဝဝဝ ကျော် ရေရှားပါး ပြတ်လပ်မှုမျိုးနှင့် ကြုံတွေ့နိုင်သလို ယခင်နှစ်များ ထက် သုံးလေးလစော၍ ရေရှားပါးမှုပြဿနာနှင့် ကြုံ တွေ့ကာ ခါတိုင်းနှစ်များထက် သုံးဆ ပိုမိုရေပြတ်လပ် မှုဒဏ်ကို ပိုခံရနိုင်ကြောင်း ကျေးလက်ရေရရှိရေး ဌာန၏ တွက်ချက်ခန့်မှန်းချက်များအရ သိရသည်။ ရာသီဥတု ဖောက်ပြန်မှုနှင့် ရေရှားပါးရခြင်း၏အခြေ ခံအုတ်မြစ်ဖြစ်သော သစ်တောပြုန်းတီးမှုမှာလည်း နှစ်ပေါင်း ၅ဝ ကျော်ကာလတွင် သစ်တောဖုံးလွှမ်း ဧရိယာမှာ ၄၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရပြီး ၂ဝ၁၅ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၃ ရာခိုင် နှုန်းသာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ သစ်တော အသင်းမှ သိရသည်။

''ဒီကနေ့ အခြေအနေကိုပြောရရင် သစ်တောပြုန်း တီးမှု အများဆုံးနိုင်ငံတွေထဲမှာ မြန်မာက စတုတ္ထ အဆင့်ကနေ အခု တတိယအဆင့်ကို ရောက်နေပြီ။ ဒါကြောင့်လည်း အဆိုးရွားဆုံး ရာသီဥတုဒဏ်ကို ခံရ မယ့် ၁ဝ နိုင်ငံထဲမှာ ဒုတိယမြောက် သဘာဝဘေး အန္တရာယ်ကို ခံရမယ့်နိုင်ငံဖြစ်ပြီး သဘာဝဘေးအန္တ ရာယ် အဆိုးရွားဆုံးခံရမယ့်မြို့ ၅ဝ ထဲမှာ မြန်မာနိုင်ငံ က နံပါတ်(၄)အဆင့်ကို ရောက်နေပြီ။ ဒါတွေကို ဥပ ဒေပြုလုပ်မယ့် သူတွေက သိဖို့လိုအပ်တယ်''လို့ မြန် မာနိုင်ငံ သစ်တောအသင်းမှ ဦးသန်းထွန်းက ပြောသည်။

ရေရှားပါးမှု ပြဿနာသည် အယ်လ်နီညို ရာသီ ဥတုကြောင့် သက်ရောက်မှုဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဖြစ်ပွားနေသော အယ်လ်နီညိုသည် နှစ်ပေါင်း ၅ဝဝ အတွင်း အပြင်းထန်ဆုံး၊ အားအကောင်းဆုံးနှင့် ထိ ခိုက်မှု အများဆုံး ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ် ကြ သည်။

''အပြင်းထန်ဆုံးကာလကတော့ မကြာခင်ရောက် တော့မှာမို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ ၂ဝ၁၅- ၂ဝ၁၆ မှာ ဖြစ်နေတဲ့ အယ်လ်နီညိုကို အင်အားတိုင်း ကြည့်တဲ့အခါ အင်အားအကောင်းဆုံး ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်ပြီဆိုရင် အပူအအေး မမျှတတာတွေ ဖြစ်ပေါ်တတ်သလို မိုးမရွာမယ့်နေရာမှာ မိုးရွာမယ်။ ဒါကြောင့် ထိခိုက်မှုများမယ်''လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုသည် ၁၉၉၅ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ နှစ်ပေါင်း ၅ဝ ကျော် မှတ်တမ်းများအရ တစ်နှစ်လျှင် မိုးရွာသွန်းရက်မှာ ၁၄၅ ရက်ရှိခဲ့ရာမှ ၂ဝဝ၈ ခုနှစ်နောက်ပိုင်းတွင် ၁၂၂ ရက်သာ ရွာသွန်းသဖြင့် မိုးရွာသွန်းရက် လျော့နည်း လာခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(နေပြည်တော်)၏ မှတ်တမ်းများအရ သိရ ပါသည်။

အယ်လ်နီညို ဖြစ်ပေါ်လာရခြင်းမှာ တောင်ပစိ ဖိတ်သမုဒ္ဒရာ အရှေ့ဘက်ရှိ တောင်အမေရိကတိုက် ၏ အနောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည့် အီကွေဒေါနိုင်ငံနှင့် ပီရူးနှစ်နိုင်ငံ ကမ်းရိုးတန်းသို့ ငါး နှစ်တစ်ကြိမ် (သို့မဟုတ်) ခုနစ်နှစ်တစ်ကြိမ် ဖြစ်ပေါ် တတ်သည့် ရေနွေးစီးကြောင်းကို စပိန်ဘာသာဖြင့် 'အယ်လ်နီညို'ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

အယ်လ်နီညို ရာသီဥတုသည် ပူပြင်းခြောက် သွေ့သော ရာသီဥတုဖြစ်ခြင်းကြောင့် မီးဘေးအန္တရာယ်၊ စိုက်ပျိုးရေ ရှားပါးခြင်း၊ သောက်သုံးရေ ရှားပါးခြင်း ပြဿနာများအပြင် ကျန်းမာရေးအန္တရာယ်များကိုပါ ဂရုပြုကြရမည်ဖြစ်သည်။

''အယ်လ်နီညိုက ပြင်းထန်တဲ့ ရာသီဥတုဖြစ်တဲ့ အတွက် အပူလွန်ကဲပြီး မီးလောင်တဲ့အန္တရာယ်တွေ၊ သောက်သုံးရေ ရှားပါးတဲ့ပြဿနာတွေ၊ စိုက်ပျိုးရေ မရ ရှိတဲ့အတွက် သီးနှံစိုက်ပျိုးမှုမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်နိုင်အောင်၊ သက်ဆိုင်ရာ ဌာနတွေကလဲ အဖြေရှာနိုင်အောင် တင် ပြခဲ့တာပါ''လို့ အယ်လ်နီညိုနှင့်ပတ်သက်၍ အရေး တကြီးအဆိုတင်သွင်းခဲ့သည့် မိတ္ထီလာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

၂ဝ၁၆ ခုနှစ်အတွင်း အယ်လ်နီညိုကြောင့် ပြည် နယ်နှင့် တိုင်းဒေသကြီးခုနစ်ခုတို့၌ နွေရာသီတွင် ပုံ မှန်အပူချိန်ထက် ပိုနိုင်ပြီး ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ က ယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး(အထက်ပိုင်း)၊ မန္တလေးတိုင်းဒေသ ကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သင်္ာ ရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်နိုင် သည်ဟု ဆိုသည်။

မိုးနည်းမည့် ဒေသများအနေဖြင့်လည်း ချင်းပြည် နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေ သကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင် နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန(နေပြည်တော်)မှ ထုတ်ပြန်ထားကြောင်း သိရ သည်။

''ဒီနှစ်အတွက် အပူချိန်ပြင်းထန်မှုဒဏ်ကို အ များဆုံး ကြုံတွေ့ရမယ့်ဒေသက မြန်မာနိုင်ငံ အလယ် ပိုင်းဒေသပါ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးကတော့ ထိပ် ဆုံးမှာ ပါဝင်တယ်။ ဒုတိယအနေနဲ့က မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ပါတယ်''ဟု မိုးလေဝသပညာရှင်တစ်ဦးက ပြောပါသည်။

ယခုနှစ်နွေရာသီတွင် ရေပြတ်လပ် ရှားပါးမှုဒဏ် ကို မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့လာနိုင်ခြင်းကြောင့် ရေတွင်းရေကန်များ တူးဖော်ခြင်း၊ ရေတွင်းရေကန် ဟောင်းများကို ပြန်လည်ဖော်ယူခြင်း၊ အဝီစိတွင်းတူး ခြင်း၊ ပိုက်သွယ်တန်းခြင်းများအပြင် ဆည်မြောင်းမှ တစ်ဆင့် ရေစုဆောင်းခြင်းများကိုပါ လုပ်ဆောင်သင့် ပြီး ရေကိုအကျိုးရှိစွာ ချွေတာသုံးသင့်ကြောင်းကိုလည်း မိုးလေဝသပညာရှင်များက ပြောပါသည်။

မိုးခေါင် ရေရှားပါးမှုများကို ကမ္ဘာ့နိုင်ငံအသီး သီးတွင် ကြုံတွေ့နေရပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မိုးခေါင်ရေရှားမှုကို နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ တစ်အိမ်ထောင်လျှင် တိုင်ကီ နှစ်လုံးပေးကာ မိုးရေခံခိုင်းခြင်းဖြင့် ဖြေရှင်း ခဲ့သည်ဟု သိရသည်။

ယခုနှစ်သည် ရွှေငွေထက် ရေကိုသာ ပိုလိုအပ် သည့် အညာဒေသအချို့တွင် ရေပြတ်လပ်ရှားပါးမှု ကြောင့် လက်ယက်တွင်းမှ ထွက်ရှိသောရေကိုသာ အသုံးပြုရခြင်း၊ အဝီစိတွင်းရေ မရရှိနိုင်သဖြင့် လယ် ကွင်းထဲမှ ရေကိုသာ ခပ်သောက်နေရခြင်းများ ကြုံ တွေ့နေရပြီး အယ်လ်နီညိုရာသီဥတုကြောင့် ယခင် နှစ်များထက် ရေရှားပါးမှုဒဏ်ကို ပိုမိုခံစားရမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြရသည်။

ထိုသို့ဒေသတွင်း ပြည်နယ်အချို့တွင် ရေရှား ပါးမှုနှင့် ကြုံတွေ့နေရချိန်တွင် မြန်မာတို့၏ နှစ်သစ် ကူးပွဲတော်တစ်ခုဖြစ်သည့် သင်္ကြန်ရေသဘင်ပွဲတော် ကျရောက်ရန် လပိုင်းသာ လိုတော့သည့် အချိန်ဖြစ် သည်။ ထိုရေသဘင်ပွဲတော်အား ဖြတ်သန်းရန်မှာ ယခင်နှစ်များကဲ့သို့ သက်ဆိုင်ရာဌာနများ အနေဖြင့် ရေ သုံးစွဲခွင့်ပြုမည်၊ မပြုမည်ကို သက်ဆိုင်ရာဌာနများ အနေဖြင့် ခေါင်းချင်းဆိုင် ဆွေးနွေးရမည့် ကာလတစ် ခုပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလတွင် ရေ ကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မဏ္ဍပ်အကြီး လေး ဆယ်၊ မဏ္ဍပ်အလတ် လေးခု ခွင့်ပြုထားပြီး ဆောက် လုပ်ခွင့် လျှောက်ထားသူပေါင်း ၂ဝဝ ကျော်ခန့်ရှိသည် ဟု ထုတ်ပြန်ခဲ့သည်။

မဏ္ဍပ်များသို့ ရေသွယ်ယူခွင့်နှင့် ပတ်သက်၍ လည်း ယခင်နှစ်များနည်းတူ ရေသွယ်ယူခွင့်ကို ခွင့် ပြုပေးခဲ့ပြီး ရေပိုက်သွယ်ယူခွင့် နှုန်းထားနှင့် ဒဏ်ကြေး သတ်မှတ်ချက် အနည်းငယ်သာ ပြောင်းလဲခဲ့သည်။ ကော်မတီမှ သတ်မှတ်ထားသော ရေပိုက်အရွယ်အ စားထက် ပိုမိုသွယ်တန်းပါက မူလက ခွင့်ပြုပေးသည့် ရေပိုက်နှုန်းထားထက် သုံးဆအား ဒဏ်ကြေးအဖြစ် ကောက်ခံမည်ဟုလည်း ကြေညာခဲ့သည်။

ရေပိုက်သွယ်တန်းမှု လျှောက်ထားရာတွင် အ ချင်း တစ်လက်မပိုက် ကျပ်တစ်သိန်း၊ အချင်းတစ်လက် မခွဲကို ကျပ်နှစ်သိန်း သတ်မှတ်ထားကာ နှစ်လက်မကို ကျပ်သုံးသိန်း သတ်မှတ်ခဲ့ပြီး အင်းလျားနှင့်ကန်တော် ကြီးရေကန်တို့မှ ရေများအား သွယ်တန်းအသုံးပြုလို ပါက အချင်းသုံးလက်မပိုက်ကို ကျပ်သုံးသိန်း၊ လေး လက်မပိုက်ကို ကျပ်ငါးသိန်းနှင့် ခြောက်လက်မပိုက် ကို ကျပ်ရှစ်သိန်း သတ်မှတ်ခဲ့ကြောင်း ယခင်နှစ် စာ ရင်းများအရ သိရသည်။

၂ဝ၁၅ ခုနှစ် ရန်ကုန်သင်္ကြန်တွင် ရေသုံးစွဲမှု နှင့်ပတ်သက်၍ အင်လျားကန်မှ ရေဂါလန်ပေါင်း ၁၁၉ ဒသမ ၇၉ သန်း၊ ကန်တော်ကြီးကန်မှ ရေဂါလန် ပေါင်း ၁၉ ဒသမ ၉၈ သန်း ပေးဝေခဲ့သလို မြို့နယ် နှင့် ခရိုင်လေးခုတို့တွင် ၄ ဒသမ ၂၈ သန်းနှင့် မြို့တော် ဝန်မဏ္ဍပ်အတွက် အဝီစိတွင်းမှ ရေဂါလန် ၁ ဒသမ ၄၂ သန်း ထုတ်ယူအသုံးပြုခွင့် ပေးခဲ့ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာမှ သိရပါသည်။

ယခုနှစ် သင်္ကြန်ကာလ ရေအသုံးပြုမှုနှင့် ပတ် သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကန်တော် ကြီး၊အင်းလျားကန်တို့မှ ရေစုပ်ယူ အသုံးပြုခွင့်နှင့် ပတ်သက်ကာ ညှိနှိုင်းမှုမျိုး ဆောင်ရွက်ခြင်း မရှိသေး သော်လည်း ခွင့်ပြုပေးမည့် ပမာဏကိုဌာနတွင်း တင် ပြမှုများဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (ရေနှင့် သန့် ရှင်းမှု)ဌာနမှ သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလ ရေသုံးစွဲမှုနှင့်ပတ်သက်၍ ဆွေးနွေးဆဲဖြစ်သော်လည်း ယခုနှစ်သည် အယ်လ်နီညိုရာသီဥတုကြောင့် ပူပြင်း ခြောက်သွေ့ကာ ရေရှားပါးမှုနှင့် ကြုံတွေ့လာနိုင်သဖြင့် ယခုနှစ် သင်္ကြန်ကာလတွင် မန္တလေးအင်္ကြန်အား ယ ခင်နှစ်များနှင့်မတူ ရေကစားချိန်အား ကန့်သတ်ထား သလို ရေသုံးစွဲမှုကိုလည်း မဏ္ဍပ်များကိုသာ ရေပေး ဝေသွားမည်ဖြစ်ပြီး ရေပိုက်ဖြင့် စုပ်ယူအသုံးပြုခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ပေးထားသည်။

''ဒီနှစ်သင်္ကြန်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆွေးနွေးထားတာ မရှိသေးပါဘူး။ မူဝါဒပိုင်း သတ် မှတ်ပေးမယ့် သူတွေရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ရ မှာပါ။ တို့တွေအနေနဲ့က နှစ်စဉ် ကန်ထဲကရေတွေ ကို မသုံးစေချင်ဘူးပေါ့။ ဒါပေမဲ့ အစိုးရပိုင်းကဘယ် လိုညွှန်ကြားမလဲဆိုတဲ့ အဖြေအပေါ်ပဲ မူတည်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဦးစိုးစည်က ပြောသည်။

ရန်ကုန်သင်္ကြန်နှင့်ပတ်သက်၍ အစိုးရဌာနများ အနေဖြင့် မူဝါဒချမှတ်ခြင်းမျိုး လတ်တလောအနေ ဖြင့် ဆွေးနွေးထားခြင်း မရှိသေးသော်လည်း မတ်လ ပထမပတ်အတွင်းတွင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
မိုးလေဝသပညာရှင်နှင့် ရေသယံဇာတ ကျွမ်း ကျင်ပညာရှင်များကလည်း ယခုနှစ်သည် အယ်လ် နီညို ရာသီဥတုဖြစ်ခြင်းကြောင့် သမိုင်းဝင် အပူဆုံး နှစ် တစ်နှစ်ဖြစ်နိုင်သည်ဟု သတိပေးမှုများ ပြုလုပ် ခဲ့သလို သင်္ကြန်ကာလ ရေသုံးစွဲမှုကိုလည်း အလဟ ဿ ဖြုန်းတီးရာ ရောက်နိုင်သည့်အတွက် ချွေတာသုံး သင့်ကြောင့် သုံးသပ်ပြောဆိုကြသည်။

သင်္ကြန်ကာလ ရေပေးဝေရေးနှင့် ပတ်သက်၍ လည်း မြို့နယ်တချို့ကို အချိန်ပိုင်း ရေပေးဝေမှုများ ညွှန်ကြားချက် ထုတ်ပြန်၍ သင်္ကြန်ရေကစားမဏ္ဍပ် များကို ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ အဓိက အသုံးပြုခွင့်ပေးထားကာ မြို့နယ်တချို့ကို အဝီစိတွင်း ရေတို့မှ ထုတ်ယူ အသုံးပြုခွင့်ပေးထားကြောင်း ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင် နီယာ ရေနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

''ဒီနှစ်အတွက် ရန်ကုန်မှာ ရေရရှိမှုကတော့ စိတ် ပူစရာ မလိုဘူးလို့ စည်ပင်ကပြောထားပေမယ့် ဒီနှစ် သင်္ကြန်က ငါးရက်ဆိုတော့ မြို့နယ်တွေကို ရေဘယ် လို ပေးဝေသွားမှာလဲဆိုတာတော့ စိတ်ပူမိတယ်။ အယ်လ်နီညိုကြောင့် ရေရှားမယ်လို့ ကြေညာထား တော့ ရေသုံးစွဲမှုမှာ အဖြုန်းကိုလျှော့ပြီး အသုံးကို ဦးစားပေးဖို့ ပြောချင်ပါတယ်''ဟု မင်္ဂလာတောင်ညွန့် တွင်နေထိုင်သူ ဒေါ်ခင်စန်းဝင်းက ပြောသည်။

ကန်တော်ကြီးအပါအဝင် အင်းလျားကန်တို့မှ ရေ၏ အရည်အသွေးနိမ့်ကျကာ သောက်သုံးရေ ဖြန့် ဝေပေးရန် မသင့်တော့သောကြောင့် ၁၉ဝ၄ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ယနေ့ကာလအထိ နှစ်ပေါင်း ၁၁ဝ ကျော်ရှိသည့် လှော်ကားကန်ကြီးမှ ဖြန့်ဝေပေး လျက်ရှိသည်ဟု သိရပါသည်။

ရန်ကုန်မြို့နယ်များအတွင်းသို့ အဓိက ရေဖြန့် ဖြူးပေးလျက်ရှိသော ပင်မကြီးဖြစ်သည့် လှော်ကား ရေလှောင်ကန်အပါအဝင် ဖူးကြီးရေလှောင်ကန်နှင့် ဂျိုးဖြူတို့မှ အဓိက ဖြန့်ဖြူးပေးလျက်ရှိရာ နှစ်ကာလ ကြာမြင့်၍ တစ်ခါတစ်ရံ စက်ချို့ယွင်းခြင်းများကြောင့် မြို့နယ်အချို့ ရေပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ ကြရသည်။
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန် တစ်မြို့လုံးသို့ ဖြန့်ဖြူးပေးလျက်ရှိသော လှော်ကား ရေလှောင်ကန်ကြီး၏ ရေတွန်းစက် ချွတ်ယွင်းမှုကြောင့် မြို့နယ် ၁၂ မြို့နယ်သို့ တစ်ရက် ရေပြတ်တောက်ခဲ့ ရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီ ရေနှင့်သန့်ရှင်းမှုဌာနမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့အတွင်းသို့ ရေပေးဝေနိုင်မှုနှုန်းမှာ ရာခိုင် နှုန်း ၃ဝ သာရှိပြီး ကျန်ရာခိုင်နှုန်း ၇ဝ မှာ ကိုယ်ပိုင် ရေတွင်းများ၊ ရေပေးစက်များနှင့် အခြားသော ရေ အရင်းအမြစ်များဖြစ်သည့် ကန်၊ မြစ်၊ ချောင်း၊ အင်း အိုင်များမှ ဆက်သွယ်၍ ရေရယူလျက်ရှိသည်ဟု ဂျိုက်ကာအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ရန်ကုန်မြို့ ရေပေးဝေမှုအား ပြန်ဆန်းစစ်ကြည့် ပါက ၂ဝ၁၂ ခုနှစ်တွင် တစ်ရက်ရေဂါလန် သန်း ၁၆ဝ ခန့် ဖြန့်ဝေပေးချိန်တွင် ရေဂါလန်သန်း ၁၈ဝ ခန့် လိုအပ်ချက်ရှိနေပြီး ယခု တစ်ရက် ရေဂါလန် ၂ဝ၅ သန်းခန့် ဖြန့်ဝေပေးလျက်ရှိပြီး ရေပို့ပိုက်များ၏နှစ် ကာလ ကြာမြင့်မှုများကြောင့် လေလွင့်ဆုံးရှုံးမှုများ ရှိသလို မြို့နယ်တချို့တွင် ရေလုံလောက်စွာ မရရှိ သည့် ပြဿနာနှင့်မကြာခဏဆိုသလို ရင်ဆိုင်နေကြ ရသည်။

ပြည်ပနိုင်ငံတချို့ရှိ နှစ်စဉ် ရေဆုံးရှုံးမှုမှာ ငါး ရာခိုင်နှုန်းသာ ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပုံမှန်သုံးစွဲမှု၏ ထက်ဝက်ခန့် ဆုံးရှုံးနေကြောင်း ဒိန်း မတ်နိုင်ငံ၏ လေ့လာတွေ့ရှိချက်များအရ သိရပါသည်။ ထိုသို့ နှစ်စဉ် ဆုံးရှုံးသွားသော ရေပမာဏအား လျှော့ ချနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီမှ ဟောင်းနွမ်းဆွေးမြည့်လျက်ရှိသော ပိုက်လိုင်း အဟောင်းများနေရာတွင် ပိုက်လိုင်းအသစ်များဖြင့် အစားထိုး လဲလှယ်ခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံရှိ တိုယို ကုမ္ပဏီနှင့် ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ် မေလတွင် ကမ္ဘာ အေးဘုရားလမ်းတစ်လျှောက်သို့ ပိုက်လိုင်းဟောင်း များကို အစားထိုးကာ လဲလှယ်ဆောင်ရွက်နေကြောင်း အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု)ဌာနမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နှင့် ဂျပန်နိုင်ငံရှိ တိုယိုကုမ္ပဏီတို့ ပူးပေါင်းကာ အချင်း နှစ်ပေ၊ အရှည်တစ်မိုင်ခန့်ရှိသော ပိုက်လိုင်းအသစ် သွယ်တန်းခြင်းနှင့် ဟောင်းနွမ်းပိုက်လိုင်းများအား အ စားထိုး သွယ်တန်းခြင်းကို ရန်ကင်းမြို့နယ်ရှိ ရပ်ကွက် သုံးခုဖြစ်သည့် အမှတ်(၂၊ ၃၊ ၄) အတွင်း ဏငူသအ ဗမနေ အဖြစ် သတ်မှတ်ကာ ရေပေးဝေရေး ကွန်ရက်အသစ် အနေဖြင့် ၂ဝ၁၅ ခုနှစ် မေလမှ စတင်၍ ၂ဝ၁၆ ခုနှစ် မတ်လအထိ ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့အတွင်း နေထိုင်သောလူဦးရေမှာ နှစ်စဉ် တိုးပွားလာခြင်းကြောင့် နှစ်စဉ်ရေသုံးစွဲမှု ပမာ ဏလည်း မြင့်တက်လာကာ ယခင်က တစ်ရက်လျှင် ရေဂါလန်သန်း ၁၆ဝ ပေးဝေရာမှ ၂ဝ၁၂ ခုနှစ်နောက် ပိုင်း ရန်ကုန်မြို့၏ ရေသုံးစွဲမှုမှာ တစ်ရက်လျှင် ဂါလန် ၂ဝ၅ သန်းအထိ ပေးဝေလျက်ရှိကြောင်း စည်ပင်သာ ယာရေးကော်မတီမှ သိရပါသည်။ ရန်ကုန်မြို့အတွင်း ရေဖူလုံစွာ ရရှိစေရန်နှင့် အနာဂတ်အတွက် ရေလို အပ်ချက် ဖြည့်ဆည်းပေးနိုင်သော လဂွန်းပြင် စီမံကိန်း နှင့် ကုက္ကိုဝ ရေပေးဝေရေး စီမံကိန်းတို့အား ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းကြီး ပြီးစီးပါက ရေဂါလန် သန်း ၂၈ဝ ခန့် ရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ ရန်ကုန်မြို့အတွင်း နေထိုင်သည့် ပြည်သူများအ ဆင်ပြေစေရန် ရေတွန်းစက်ကြီးများ တည်ဆောက် ခြင်း၊ ရေပို့ပိုက်မကြီးများ သွယ်တန်းတည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို မူလ က ရေပေးဝေလျက်ရှိသည့် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး ရေလှောင်ကြီးများအပြင် အခြား ရေအရင်းအမြစ် တစ်ခုဖြစ်သည့် ငမိုးရိပ် ရေလှာင်ကန်မှရေဖြင့်လည်း အားဖြည့်ပေးနိုင်ရန်အတွက် တစ်နေ့လျှင် ရေဂါလန် သန်း ၉ဝ ပေးဝေနိုင်သည့် ရန်ကုန်မြို့တော် ငမိုးရိပ် ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်သည်။

အဆိုပါစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ဆောင် ရွက်ရန် လျာထားခဲ့ရာ ပထမအဆင့်အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဒုတိယအဆင့်ကို ၂ဝ၁၆ ခုနှစ် တွင် စတင်ခဲ့သည်။ ငမိုးရိပ် ဒုတိယအဆင့် စီမံကိန်း ပြီးစီးပါက ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်း ခရိုင်များသို့ ရေဂါလန် ၄၅ သန်း ထပ်မံတိုးချဲ့ပေးနိုင် ရန် ရေပို့ပိုက်မကြီး သွယ်တန်းခြင်းလုပ်ငန်းဖြစ်သော ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှ အမှတ်(၃)လမ်း တစ်လျှောက် ခရေပင်လမ်းဆုံအထိ ၁၁ ဒသမ ၇၅ မိုင်၊ ခရေပင်လမ်းဆုံမှ သုဓမ္မာလမ်းဆုံနှင့် ဝေဘာဂီ လမ်းတစ်လျှောက် မြောက်ဥက္ကလာအဝိုင်းအထိ ၃ ဒသမ ၃၇ မိုင်၊ မြောက်ဥက္ကလာအဝိုင်းမှ သုဓမ္မာလမ်း နှင့် ဝေဇယန္တာလမ်းတစ်လျှောက် ပါရမီလမ်းဆုံအ ထိ ၃ မိုင်၊ ပါရမီလမ်းဆုံမှ ဝေဇယန္တာလမ်းဆုံတစ် လျှောက် လေးထောင့်ကန်လမ်းဆုံအထိ ၂ ဒသမ ၆၅ မိုင်အထိ လေးထောင့်ကန်လမ်းဆုံမှ ဝေဇယန္တာလမ်း တစ်လျှောက် ပါရမီလမ်းဆုံအထိ ၂ ဒသမ ၆၅ မိုင် ဆက်သွယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုးပွားလာမှုများကို အရှိန်မပြတ် ဆက် လက်ပေးဝေနိုင်ရန် လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုး ရိပ် ရေလှောင်ကန်များအပြင် တောင်ဒဂုံမြို့နယ်ရှိ လဂွန်းပြင် ရေလှောင်တမံနှင့် ကုက္ကိုဝမြစ်ရေတင်စီ မံကိန်းမှာလည်း ပြီးစီးလု နီးအခြေအနေတစ်ခုတွင် ရောက်ရှိသလို နောက်ထပ် စီမံကိန်းနှစ်ခု ထပ်မံအ ကောင်အထည်ဖော်ရန်လည်း မြေပြင်သို့ ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်လျက်ရှိသည်။

မိမိတို့အသုံးပြုသည့် ရေအရင်းအမြစ်များမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ဖြစ်ပေါ် လာသော ရာသီဥတုဖောက်ပြန်မှုနှင့် ရေကို မဆင် မခြင် သုံးစွဲခြင်းများကြောင့် ကမ္ဘာ့လူဦးရေ၏ ရာခိုင် နှုန်း ၄ဝ သည် ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေ ရသလို ခရစ်သက္ကရာဇ် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦး ရေ၏ သုံးပုံနှစ်ပုံမှာ သောက်သုံးရေရှားပါးမှုနှင့် ကြုံ တွေ့လာနိုင်ကြောင်း ရေအရင်းအမြစ် ပညာရှင်များ က ပြောသည်။

ထိုသို့ ပြောင်းလဲလာနိုင်သော အယ်လ်နီညို ရာ သီဥတု ဖြစ်စဉ်များကြောင့် ရှားပါးလာနိုင်သည့် ရေ ပြဿနာများအား ဖြေရှင်းရန်မှာ လတ်တလောချက် ချင်း ဆောင်ရွက်၍ ရရှိနိုင်မည့် အရာမဟုတ်သည့် အတွက် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းကာ ရေသုံး စွဲမှုကို လျော့ချ၍သင်္ကြန်ကာလကို ဖြတ်သန်းကြပါ လို့ ပညာရှင်များက တိုက်တွန်းထားပါသည်။

ရွှေကိုမလို၊ ငွေကိုမလို၊ ရေကိုသာလိုသည့် အ ညာဒေသများတွင် သောက်သုံးရေ တစ်ပေါက်အ တွက် ဗျာများနေရချိန်တွင် ရေကောင်းရေသန့်တွေ ကို ပျော်ရွှင်မှုသက်သက်အတွက် မီးသတ်ပိုက်များ၊ ရေပိုက်များဖြင့် ဒလဟော ရေသွန်ချ ပက်ဖျန်းပြီး ရေ သယံဇာတဖြုန်းမည့်အစား ရေရှားပါးသည့် ဒေသများ သို့ ရေကောင်းရေသန့်များကို ပေးပို့လှူဒါန်းခြင်း၊ ရေ သယံဇာတ ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံအကျိုးကို တစ် ဖက်တစ်လမ်းက သယ်ပိုးနိုင်မည်ဖြစ်၍ သင်္ကြန်ကာ လ ရေသုံးစွဲမှုကို ချွေတာဖို့ ရေးသားတိုက်တွန်းလိုက် ခြင်းဖြစ်ပါသည်။ ။

(Yangon Times Journal, 12-9)


ယခင်ကတည်းကအငြင်းပွားဖွယ်ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံရှိကျားကျောင်းသည် ယခုလက်ရှိအချိန်တွင်  လူတိုင်းပါးစပ်ဖျားမှာပြန်လည်ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းဌာနမှသတင်းများအရ သိရပါတယ်။ အဆိုပါကျားကျောင်းမှာ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုများ ၊မှောင်ခိုဈေးကွက်နှင့် ဆက်စပ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့် တစ်ချိန်တည်းမှာပဲ ၂၀၁၃ခုနှစ်ကတည်းက အဆိုပါဘုန်းကြီးကျောင်းမှ တိရိစ္ဆာန်ရုံလိုင်စင်မှာကုန်ဆုံးရက်ရောက်ရှိပြီးနောက် လိုင်စင်ထပ်မံရရှိခြင်းမရှိတော့ပေ။ ဘုန်းကြီးကျောင်း ၀င်းထဲတွင် ကျားကောင်ရေ တစ်ရာကျော်အတွက်ထားရှိရန် နေရာအခက်အခဲမှာလည်း စိန်ခေါ်မှု တစ်ရပ် လည်း ဖြစ်သည်။အဆိုပါ ဘုန်းကြီးကျောင်း၏တောရိုင်းတိရိစ္ဆာန်ကြီးကြပ်ရေးမှူး Supitpong Pakdijarung က အင်တာဗျူး ဖြေကြားရာတွင် ထိန်းချုပ်ခံထားရသကဲ့သို့ဖြစ်နေပြီး၊ ငြင်းဆန်နေခဲ့ကာ ကျားများမွေးခွင့်အတွက် ကို အဆုံးအစွန်ထိကြိုးစားသွားမည်ဖြစ်ကြောင်းကိုသာပြောကြားသွားခဲ့သည်။


ထိုင်းနိုင်ငံကျားကျောင်း၏ မူလအမည်မှာ Parang Tabb Temple ဖြစ်ကာ ထိုင်းနိုင်ငံ ကန်ချာပူရီ၏ အနောက်ဘက်မှာတည်ရှိပြီး ယခုအခါ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိပြီဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် ၁၉၉၉ခုနှစ်မှာ ကျားပေါက်လေးကိုစတင်မွေးဖွားခဲ့ရာမှ ယခုလက်ရှိ အချိန်အထိ ကောင်ရေ တစ်ရာကျော်ရှိနေပြီဖြစ်ကာ ယင်းကြောင့်လည်း နာမည်ကြီးဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်လာခဲ့ရသည်။


ကျားများရှိသောအဆိုပါ ဘုန်းကြီးကျောင်းသို့ ကမ္ဘာလှည့်ခရီးသွားများ အမျာအပြားလာရောက်ကြကာ ၀င်ကြေးမှာလည်းဈေးများလှသည်။ ကျားများမွေးမြူထားသောကြောင့် ဘာသာခြားများ၏ ဝေဖန်ခြင်းခံရပြီး အခြားသောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကလည်း ဘုရားရှင်အဆုံးအမနှင့် ဝေးကွာ နေသည်ဟု ဝေဖန်မှု များလည်းရှိနေသည်။ ယခုလက်ရှိမှာတော့ တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ မှောင်ခိုဈေးကွက်နှင့်ဆက်စပ်နေသည် ဆိုသော သတင်းများကျယ်လောင်စွာထွက်ပေါ်နေသည်။

china.com Myanmar
http://myanmar.china.com

“တောက်... ဒီမြန်မာတွေ တော်တော် လွန်နေပြီကွာ”

လုရီက ကြိတ်မနိုင် ခဲမရ မြည် တွန်တောက် တီးနေသည်။ ညီဖြစ်သူ လုငိုက သူ့အစ်ကို စကားကို ထောက် ခံသည်။

“ဟုတ်တယ် အစ်ကို။ ဒီ ကောင်တွေ အရမ်းများနေပြီ”

သူတို့ လု ညီအစ် ကိုနှစ်ယောက် စလုံး မြန်မာကို မုန်းသည်။ တကယ် တော့ သူတို့ မိသားစု၊ မိတ်ဆွေ၊ အ ပေါင်း အသင်းများ တင်မက သူတို့ တရုတ်နိုင်ငံ သား အများစု ကပါ မြန် မာနိုင်ငံ၊ မြန်မာ လူမျိုးများကို မုန်းကြ သည်။

အတိတ်ကို ပြန်လှန် ကြည့်လျှင် သူတို့ ဘိုးဘေးတွေ လက်ထက် လွန်ခဲ့တဲ့ နှစ်တစ်ရာခန့် ကတော့ မြန်မာ နိုင်ငံ ဆိုသည်မှာ သူတို့ လက်ခုပ်ထဲ က ရေဖြစ်ခဲ့သည်။ မြန်မာတစ်နိုင်ငံ လုံးကို စိတ်ကြိုက် ကုပ်သွေး စုပ်ခြယ် လှယ်ပြီး တရုတ်နိုင်ငံ ၏ ပြည်နယ် တစ်ခုဟု နာမည်မခံ ရုံတမယ် သာ ကျန်တော့သည်။ မြန်မာ အစိုးရက လည်း သူတို့အစိုးရကို လုံးဝမော်မ ကြည့် ၀ံ့အောင် ကြောက် ရသည်။

သို့သော် ရွေးကောက်ပွဲတွင် နို ဘယ်ဆုရှင် ဒေါ်အောင်ဆန်း စု ကြည်၏ ပါတီ အနိုင်ရခဲ့ပြီး အစိုးရ ဖြစ်သွား ခဲ့ရာမှ အဓိက အပြောင်းအ လဲများ စတင် ခဲ့သည်။ အနောက် အုပ် စု၏ ထောက်ခံမှု အားကောင်းပြီး နိုင်ငံ့ဘဏ္ဍာဖြင့် ကိုယ်ကျိုး မရှာ သော အစိုးရသစ်က တရုတ်အစိုးရ အပေါ် ကြောက်ရွံ့မှု တစ်စိုး တစ်စိမျှ မရှိ။ မည်သည့် ကိစ္စမဆို မျက်နှာမ လိုက် ဘဲ ပြတ်ပြတ် သားသား ကိုင် တွယ်သဖြင့် အရင်လို ကုပ်သွေးစုပ် အနိုင်ကျင့်၍ မရတော့။

တစ်ဖက်တွင် လူတော်များ ပြည်တော်ပြန် ၀င်လာပြီး အစိုးရက လည်း နေရာပေး သဖြင့် တိုင်းပြည် စီးပွားရေး တရိပ်ရိပ် တက်လာသည်။ ပထ၀ီ အနေအထား အရ အချက်အ ချာကျပြီး အစိုးရဘက်က ကောင်း စွာ ပံ့ပိုးပေး သဖြင့် ကုန်သွယ်ရေး ဗဟို ချက် တစ်ခုဖြစ် လာသလို နိုင်ငံတကာ မှ စက်ရုံ၊ အလုပ်ရုံကြီး များလည်း တစ်ဟုန်ထိုး တိုးတက် များပြားလာ သည်။ ဆယ်စုနှစ် တစ်ခုကျော် အ ကြာတွင် အရှေ့တောင် အာရှ၏ စီး ပွားရေး အကောင်း ဆုံးနိုင်ငံဖြစ် လာ ပြီး အာရှကျား တစ်ကောင် အဖြစ်ပါ သတ်မှတ် လာရသည်။

နောက်ပိုင်းနှစ် များတွင်တော့ ဓနအင်အားကို အသုံးချကာ တိုင်း ပြည် ၏သြဇာ အာဏာကို ဖြန့်ကြက် ရန် ကြိုးပမ်း လာသည်။ နျူလက်နက် ပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာပြီး ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ကောင်စီ တွင်လည်း အမြဲတမ်း အဖွဲ့ဝင် နိုင်ငံဖြစ်လာ သဖြင့် ဗီတို ပိုင်ဆိုင်လာ သည်။ အာဆီယံ အဖွဲ့ကို စိတ်ကြိုက် ခြယ်လှယ်ရင်း အရှေ့တောင် အာရှ ဒေသကြီး တစ်ခုလုံး မြန်မာ၏ လက် အောက်ခံသဖွယ် ဖြစ်လာသည်။ ၂၂ ရာစု၏ စူပါ ပါဝါနိုင်ငံ တစ်နိုင်ငံအ ဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိ အမှတ် ပြုထား သည်။

တစ်ဖက် တရုတ်နိုင်ငံ တွင် တော့ ဆန့်ကျင်ဘက် အခြေအနေ များ ဖြစ်ပေါ်နေ သည်။ တရိပ်ရိပ် ကျ ဆင်းနေသော တိုင်းပြည်၏ စီးပွား ရေး အပြင် အစိုးရ၏ အာဏာရှင် ဆန်ဆန် ဖိနှိပ် အုပ်ချုပ်မှု များကြောင့် ပြည်သူတို့၏ အုံကြွမှုများ မကြာခဏ ဖြစ်ပေါ် ခဲ့သည်။ နောက်ဆုံးတွင် ဟောင်ကောင်၊ မကာအိုတို့ အပြင် တိဘက်၊ မွန်ဂို လီးယား၊ ရှင်ကျန်းနှင့် ကွမ်ရှီးတို့ ကဲ့သို့သော ပြည်နယ်အ များအပြား ခွဲထွက် သွားသဖြင့် တရုတ်နိုင်ငံ အင်အား ချည့်နဲ့ သွားခဲ့ သည်။ တောင်တရုတ် ပင်လယ် အ ရေးကြောင့် အိမ်နီး ချင်းနိုင်ငံများနှင့် လည်း စစ်မက်ဖြစ် ပွားခဲ့ရာ ရှုံးနိမ့်ခဲ့ ပြီး ပိုင်နက် နယ်မြေ အများအပြားကို ခွဲဝေပေး လိုက်ရသေး သည်။

သို့သော် အစိုးရက သူတို့၏မူ ကိုမပြောင်းဘဲ အာဏာရှင်ပုံစံဖြင့် ဆက် အုပ်ချုပ်နေရာ တိုင်းပြည်က မွဲသထက်မွဲလာသည်။ ဗီတိုအာဏာ လည်း ပြန်သိမ်းခံရသည့်အပြင် အ မေရိကန်နှင့် အနောက်အုပ်စုများ ၏ စီးပွားရေးပိတ်ဆို့မှုကိုခံရသည်။ ယင်းအချိန်တွင် ချမ်းသာသည့် အိမ် နီးချင်း မြန်မာနိုင်ငံအပေါ် တရုတ်တို့ ပြန်အားကိုးလာရသည်။ မြန်မာ အစိုးရက တရုတ်ကို နိုင်ငံတကာဖိ အားများမပေးနိုင်ရန် ဗီတိုအာဏာ ဖြင့်ကာကွယ်ပေးထားသည်။ အပြန် အလှန်အနေဖြင့် တရုတ်ပြည်တွင်း မှ သယံဇာတများကို မြန်မာထံ အောက်ဈေးဖြင့် ထုတ်ရောင်းရ သည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ် သည့် လက်နက်အပေါစားများကို တရုတ် စစ်တပ်ကဈေးကြီးကြီးပေး ၀ယ်ကြရသည်။ မြန်မာစီးပွားရေးသ မားများကလည်း တရုတ်အာဏာ ပိုင်များကိုအပိုင်ပေါင်းကာ တိုင်းပြည် ၏ စီးပွားရေးဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်ကြသည်။ တရုတ် ၏ အသက်သွေးကြောဖြစ်သော မြစ်ဝါမြစ်နှင့် ယန်စီမြစ်ကိုပင် ဆည် ဆောက်၍ ရေအားလျှပ်စစ်ထုတ်ရန် စီစဉ်သဖြင့် တရုတ်ပြည်သူများ အ သည်းအသန် ဆန့်ကျင်ဆန္ဒပြကြ ရသည်။ တရုတ်အမျိုးကောင်း သမီး လေးများကို လူကုန်ကူးပြီး မြန်မာ နိုင်ငံတွင် ရောင်းစားမှုများကလည်း မရေမတွက်နိုင်အောင် များပြားလှ သည်။

ကမ္ဘာကျော် ဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ၏ နာမည်ကျော်ရှီကွမ် ရှမ်း ခနောက်စိမ်းတူးဖော်ရေးလုပ် ငန်းကို မြန်မာကုမ္ပဏီ ၀က်ပုပ်နှင့် တရုတ်စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ရာမှ ဒေသခံများ နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တရုတ်ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ် နင်းရာ ဒေသခံများသေဆုံးဒဏ်ရာ ရမှုများရှိခဲ့ပြီး ပြည်သူများမကျေမ နပ်ဖြစ်ခဲ့ရသည်။ တရုတ်ဝန်ကြီးတစ် ဦးကပင် ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်ဘုန်းကြီးတစ်ပါးကို “တပည့် တော်တို့က မြန်မာကိုကြောက်ရ တယ်ဘုရာ့”ဟု ပြောင်ပြောင်တင်း တင်းဝန်ခံသွားခဲ့သည်။ မြန်မာသံရုံး ရှေ့ဆန္ဒလာပြသည့် တရုတ်နိုင်ငံ သားများကိုလည်း တရုတ်အစိုးရက ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့ သည်။

နောက်ထပ်ကြီးမားသည့် ပြ ဿနာတစ်ခုမှာ တရုတ်နိုင်ငံအတွင်း မှသစ်များကို မြန်မာဘက်မှလာ ရောက် ခိုးထုတ်နေမှုဖြစ်သည်။ နယ် စပ်မှ တရုတ်အာဏာပိုင်များကို မြန် မာကုန်သည်များက လာဘ်ထိုးပြီး စိမ်ပြေနပြေခိုးထုတ်နေကြရာ တော များပင် ပြုန်းကုန်ကြပြီဖြစ်သည်။ တစ်ခါက မြန်မာသစ်ခိုးဂိုဏ်းတစ် ဂိုဏ်းကို တရုတ်စစ်တပ်က ခက်ခက် ခဲခဲဖမ်းဆီးခဲ့ပြီး ဖမ်းမိသူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ ခဲ့သော်လည်း အမိန့်ချပြီး ခုနစ်ရက် အကြာတွင် တရုတ် သမ္မတအမိန့် ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်ရပ်လည်းရှိ ခဲ့သည်။

တရုတ်နိုင်ငံမှထွက်သမျှအသီး အနှံ့၊ အစေ့အဆန်နှင့် အကောင်ပ လောင်အားလုံးကို မြန်မာဘက်က ဈေးကောင်းပေးဝယ်သည်။ မြန်မာ ဘက်မှ အရည်အသွေးနိမ့်ပစ္စည်း များကို ဈေးပေါပေါဖြင့် တရုတ်သို့ ပြန်သွင်းသည်။ တရုတ်တစ်နိုင်ငံလုံး မိတ်အင်မြန်မာပစ္စည်းနှင့် လွတ်ကင်း သည့်အိမ်မရှိ။ တစ်ခါက တရုတ်စာ မေးပွဲမေးခွန်းတစ်ခုတွင်ပင် တရုတ် ပြည်ထောင်စု မြန်မာနိုင်ငံဟူ၍ မှား ယွင်းဖော်ပြမှုရှိခဲ့သည်။ တရုတ်၏ အစိုးရရုံးစိုက်ရာ မြို့သစ်တွင် မြန်မာ သံရုံးလာဖွင့်ထားသည်ကိုပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပင် မသိဆိုသည့်သတင်းလည်း ထွက် လာသေးသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ် အစိုးရအနေဖြင့် မှန်ကန်သည့် အုပ် ချုပ်မှုစနစ်တစ်ခုသို့ ပြုပြင်ပြောင်းလဲ နိုင်ခြင်းမရှိပါက မြန်မာအစိုးရ၏ အ နိုင်ကျင့်မှု လောင်းရိပ်အောက်တွင် ဆက်ပြီး ခေါင်းငုံ့ခံနေရဦးမည်ဖြစ် သည်။ ယင်းအခြေအနေသည် အောက်ခြေပြည်သူများအတွက် ဒုက္ခဆင်းရဲဖြစ်နေသော်လည်း အာ ဏာပိုင် ထိပ်ပိုင်းခေါင်းဆောင်များ အတွက်တော့ ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်နေသည့် အကြောင်းတစ် ခုဖြစ်နေသည်။ ထို့ကြောင့် ပြည်သူ များဘက်မှ မည်သို့တောင်းဆိုနေစေ ကာမူ မြန်မာအစိုးရအပေါ် တရုတ် ၏ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရပ်တန့်မည်မဟုတ်ဆိုသည်ကို လုရီ တို့ညီအစ်ကိုသာမက တစ်နိုင်ငံလုံး က ပြည်သူများကောင်းစွာ နား လည်ထားကြလေသည်။

သရုပ်ဖော်ပုံ - ကာတွန်း စိုးစံဝင်း (ယခု စာစု အတွက် သီးသန့် ရည်ရွယ်ပြီး ရေးဆွဲပေး ခဲ့တာ ဖြစ်ပါတယ်)

Zin Thaw Naing

မြန်မာ့သမိုင်းတွင် အစဉ်အလာ အဖြစ် ပထမ ဆုံး အကြိမ် အာဏာ လွှဲပြောင်းမှု သမိုင်း မှတ်တိုင် စိုက်ထူးပေမည် ဟု ကြွေးကြော်ခဲ့သော သမ္မတ ဦးသိန်းစိန် က NLD အဆိုပြုသည့် တာဝန် လွှဲပြောင်းပွဲ အခမ်းအနားကို လွှတ်တော်တွင် ကျင်းပက မတက်ရောက်နိုင်ဟု ငြင်းပါယ် လိုက်တယ်လို့ ဦးဝင်းထိန်က မနေ့က နေပြည်တော် နှင်းဆီ စံအိမ် တွင် ပြုလုပ်ခဲ့တဲ့ ငါးဦး ကော်မီတီ အစည်းအဝေး အပြီး ပြောကြားခဲ့ပါတယ်။

NLD က သမ္မတ ရွေးချယ်ရာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း တည်ရှိရာ လွှတ်တော်သည်သာ အသင့်လျော်ဆုံး ဖြစ်သည်ဟု ၎င်းတို့ရဲ့ တောင်းဆိုချက်ကို အခိုင်အမာ စွဲကိုင်ထားသော်လည်း ဦးးသိန်းစိန်မှ လွှတ်တော်သို့ မလာရောက်နိုင်၊ သမ္မတ အိမ်တွင်သာ လုပ်မည်ဟု တင်းခံပြီး မိမိရဲ့ သေးသိမ်သော သဘောထားကို အခွင်ရရင် ရသလို နောက်ထပ် တခါ ထုတ်ဖေါ်ပြီး အခမ်းအနားကို သေးသိမ်သွားအောင် ကြံဆောင်လာပြန်ပါတယ်။

NLD က လည်း အခု ကိစ္စသည် အစဉ်အလာ တရပ်သဖွယ် သားစဉ်မြေးဆက် ပြုလုပ်သွားရမည့် အရေး ဖြစ်ရာ အလျော့မပေးပဲ သူမလာရင် နေဆိုကာ အခမ်းအနားကို အကုန် အကျ နည်းစွာနဲ့ လွှတ်တော်မှာပဲ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော်မှာ သမ္မတ နဲ့ဝန်ကြီးများ ကျမ်းသစ္စာ ကြိမ်ဆိုပြီး သမ္မတ အိမ်တော် သို့ သွားရောက်ကာ တာဝန်လွှဲပြောင်းပွဲ အခမ်းအနား ကျင်းပပြီး ဦးသိန်းစိန် နဲ့ အပေါင်းအပါ များ သမ္မတ အိမ်တော်ဝင်း အတွင်းမှ ခေါင်းငိုက်စိုက်ချ ထွက်ခွာ သွားကြတဲ့ အဖြစ်ကို စောင့်ကြည့်ကာ စာနယ်ဇင်းများ အနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ သတင်း ဓါတ်ပုံများ ရိုက်ယူခွင့် ဖေါဖေါသီသီ ရရှိကြပေတော့မည် ဖြစ်ပေ၏၊

ညဘက်မှာ ဦးသိန်းစိန် အပါအ၀င် လူအနည်းငယ် ဖိတ်ကြားပြီး ညစာ စားပဲကို အကျဉ်းရုံး ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် အပါတ်အတွင်း ၀န်ကြီးဌာန အသီးသီးမှ နီးစပ်ရာ လက်သိတ်ထိုးပြီး နိုင်ငံပိုင် ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်ပေးပါရန် လွှတ်တော်တွင် အဆိုတင်ခဲ့မှု အတွက် ဦးသိန်းစိန် အစိုးရတင်သာမက တပြိုင်နက် မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော် ပါ သိက္ခာ အကြီးအကျယ် ကျခဲ့ရမှု ဖြစ်ပွားပြီး အခုလို တင်းမာမှုတွေ ပေါ်ပေါက်လာရတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန် အခုလို အခမ်းအနား မတက်ရောက်တဲ့ အရေး သတင်း မီဒီယာ များတွင် တဟုန်ထိုး ပျံနှံ့ခဲ့ပြီး အမြင် မကြည်လင်မှုများ ဖြစ်ပေါ်လာသဖြင့် ဦးသိန်းစိန် ဖန်တီးထားသည့် သမ္မတရုံး ၀န်ကြီးဌာန (၆) ခု မှ တခု တွင် ၀င်ရောက် လုပ်ကိုင်လျက် ရှိသည့် ဦးဇော်ဌေးမှ ဒီကိစ္စ ဆွေးနွေးဆဲ ရှိပါသေးတယ်လို့ ပြောပြီး damage control လုပ်ဘို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

သို့သော်လည်း အဆိုပါ သတင်းက ဘန်ကောက်၊ မနီလာ၊ နယူးဒေလီ၊ နဲ့ နယူးရောက် အစရှိသည့် မြို့တော် အသီးသီးရှိ သတင်းစာကြီးများတွင် ပျံ့နှံသွားခဲ့ပြီ ဖြစ်ပါတယ် ခံဗျာ၊

တကယ်တမ်း ဆိုက ဦးသိန်းစိန် သည် ဒေါ်စိန်အေး ကျောင်းတော်ဆင်းများအထဲတွင် ထူးခြားစွာ ကိုယ်ကျင့် သိက္ခာ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး မိမိရဲ့ ဆုံးဖြတ်နိုင်စွမ်းဖြင့်သာ တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့သူ ဖြစ်က မည်မျှ ကောင်းလိုက်ပေမည်နည်း။ အခုတော့ လူယုံသတ်၍ သေခဲ့ရသည့် အဖြစ်မျိုး ရောက်သွားခဲ့ရရှာသည်။

ဓါတ်ပုံ ကာတွန်း၊ ၊ Sri Lanka Cartoonist
HSW
BrainWave ဉာဏ်လှိုင်း


ယခုတလော နိုင်ငံတော်သမ္မသစ် ရွေးချယ်ရေး၊ အစိုးရအဖွဲ့သစ် ဖြစ်ပေါ်လာရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတိုင်းလိုလို ထင်မြင်ချက်ပေးကြ၊ ငြင်းကြခုန်ကြ ရှိကြရပါတယ်။ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေမှာပါရှိတဲ့ ပုဒ်မ ၅၉/ စ အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေး ဆွေးနွေးကြတာလည်း ရှိပါတယ်။ ဗဟိုအစိုးရအဖွဲ့ဝင်များ ရွေးချယ်ရေး၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ရွေးချယ်ရေးကိစ္စများကိုလည်း စိတ်ဝင်တစား ဆွေးနွေး ငြင်းခုန်ကြပါတယ်။ ဒါပေ မယ့်လည်း အင်မတန် လျှို့ဝှက်လွန်းလှတဲ့ ရွေးချယ်ရေးကိစ္စများဖြစ်ခဲ့တာမို့ အတိအကျ ယတိပြတ် ဘယ်သူ့ကို ရွေးချယ်ပြီးဖြစ်တယ်ဆိုတဲ့ ခန့်မှန်းမှုကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး။ သတင်း မျိုးစုံ ထွက်ရှိလာနေတာကလွဲပြီး တည်ငြိမ်ပြီး ပြတ်သားတဲ့ ထင်မြင်ချက်ကို ဘယ်သူမှ မပေးနိုင်ခဲ့ကြ ပါဘူး။

အမှန်တကယ်တော့လည်း ရှုပ်ထွေးလှတဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အကျပ်အတည်းတွေနဲ့ လုံးချာလည်လိုက်နေတဲ့ အနေအထားဟာ တိုင်းပြည် အတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး။ ဒါက ဘာကိုပြဆိုသလဲဆိုတော့ ပြည်သူတွေဟာ သူတို့လိုလားတဲ့ သူတွေကို တိုင်းပြည်ခေါင်းဆောင်များအဖြစ် လွတ်လပ်ပွင့်လင်းစွာ ရွေးချယ်ခွင့် မရှိသေးဘူးဆိုတဲ့ အခြေအနေကို ပြဆိုတဲ့သဘောပါပဲ။ ပြည်သူတွေဟာ သူတို့နှစ်သက် ယုံကြည်တဲ့ နိုင်ငံရေးပါတီတစ်ခုကိုတော့ တိုင်းပြည်ကို ဦးဆောင်ဖို့ မဲပေးရွေးချယ်ပေးခဲ့ပြီးပေမယ့် တိုင်းပြည်ကို ဆက်လက် ခေါင်းဆောင်ကြမယ့်သူတွေကြတော့ လွတ်လပ်စွာ ကိုယ့်ဆန္ဒအပေါ်မူတည်ပြီး ရွေးချယ် နိုင်ဖို့အတွက် အကြီးမားဆုံး စိမ်ခေါ်ခံနေရတဲ့ သဘောပါပဲ။

ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ အပေါ်မှာလည်း ပြည်သူတွေ မျှော်လင့်တောင့်တခဲ့ကြရတာ ရှိပါသေးတယ်။ ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုအပေါ် မူတည်ပြီး တိုင်းပြည်ကို ဦးဆောင်ကြမယ့် ပုဂ္ဂိုလ် များ လူထုဆန္ဒနဲ့ တထပ်တည်းကျအောင် ရွေးချယ်နိုင်တော့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့လည်း စောင့်စား ငံ့လင့်နေကြရတာကလည်း အမှန်ပါပဲ။

ဒီနေရာမှာ တချို့သော သမိုင်းပညာရှင်များရဲ့ အဆိုအမိန့် တစ်ခုနဲ့ချိန်ထိုးကြည့်ဖို့ လိုမယ်ထင် ပါတယ်။ ပညာရှင်တချို့ရဲ့ အဆိုအမိန့်အရ ပြောရရင် သမိုင်းဆိုတာ လူတချို့ကြောင့် ဖြစ်ပေါ်တိုး တက်လာရတာ ဖြစ်တယ်၊ သမိုင်းကို လူတစ်စုကသာ ဖန်တီးတာဖြစ်တယ်ဆိုတဲ့ အယူအဆဖြစ်ပါ တယ်။ ဒီအယူအဆအပေါ် မူတည်စဉ်းစားမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လို လူတစ်စုကြောင့် မိမိတို့နိုင်ငံရဲ့သမိုင်းဟာ ဆက်လက် ရွေ့လျားဖြစ်ပေါ်နေတယ်ဆိုပြီး သက်သေထူတဲ့သူလည်း ရှိချင် ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအမြင်ဟာ ရေတိုအမြင်ပဲ ဖြစ်ပါတယ်။ လူတစ်စုရဲ့ကြိုးပမ်းမှု လူတစ်စုရဲ့အရေးပါမှုနဲ့ သမိုင်းဖြစ်ထွန်းရတာ ဖြစ်တယ်ဆိုတာ တကယ်တော့ နည်းပရိယာယ်အရသာ ဖြစ်ပါတယ်။ နည်းဗျူဟာအရသာ ဖြစ်ပါတယ်။ ယာယီ တဖြတ်ထိုး ကိစ္စများအတွက်သာလျင် လူတစ်စု လူတစ်ချို့ရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းမှာ အရေးပါကောင်း ပါနိုင်ပေမယ့် တကယ်တန်း သမိုင်းကို အဆုံးအဖြတ်ပေးတာ၊ သမိုင်းဖန် တီးတဲ့သူဟာ လူထုကြီးပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လူတစ်စုဟာ သမိုင်းရဲ့ တစုံလုံး လွှမ်းခြုံတာမဟုတ်တဲ့ အစိပ်အပိုင်းကိစ္စတွေကို ကိုင်တွယ်ဖန်တီးနိုင်တာ မှန်ပေမယ့် လူထုကြီးဖန်တီးတဲ့ လူထုကြီးချပေးတဲ့ လမ်းကြောင်းပေါ်က သွေဖီသွားလို့ ကြာရှည်မှာ ရစရာအကြောင်း မရှိပါဘူး။ ဥပမာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ဟာ ဘယ်သူ သမ္မတဖြစ်ရမယ်ဆိုတဲ့ ရွေးချယ်နိုင်ခွင့် အခွင့်အရေးကို ရရှိ ကောင်း ရရှိနေကြမှာ ဖြစ်ပေမယ့် အကယ်၍ သူတို့ရွေးချယ်တဲ့ သမ္မတက လူထုစိတ်ကြိုက် လူထု သဘောထားနဲ့ ကိုက်ညီမှုမရှိခဲ့ရင် ဒါဟာ ယာယီအားဖြင့်သာ ရွေးချယ်လို့ရနိုင်မှာဖြစ်ပြီး တနေ့တချိန် မှာတော့ လူထုကြီးနှစ်သက်တဲ့ သမ္မတကိုသာ မှန်ကန်စွာ ရွေးချယ်လာနိုင်မှာကတော့ မြေကြီးလက် ခတ် မလွဲပါဘူး။ ဘာပြုလို့လည်းဆိုတော့ သမိုင်းရဲ့ ဦးစီးပဲ့ကိုင် အစစ်အမှန်ဆိုတာ လူထုကြီးပဲ ဖြစ်လို့ပါပဲ။

ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းပြည်ကို ဦးစီးဦးရွက် ပြုကြရမယ့် ပုဂ္ဂိုလ်များ ရွေးချယ်ရေးကိစ္စများ မည်မျှပင် ရှုပ်ထွေးနေသည်ဖြစ်ပစေ၊ မိမိတို့ရဲ့ဆန္ဒ အပြည့်အဝ မထင်ဟပ်နိုင်တဲ့ သမ္မတရွေးချယ်ရေး ဖြစ်လာကောင်း ဖြစ်လာခဲ့သည် ရှိစေ၊ ဒါဟာ ယာယီ ရှုပ်ထွေးမှုများသာဖြစ်ပြီး နောင်တချိန်မှာတော့ လူထုကြီးလိုလားတဲ့ ခေါင်းဆောင်များကို လူထုကြီးကိုယ်တိုင်က အောင်မြင်စွာ ရွေးချယ် တာဝန်ပေးပိုင်ခွင့် ရှိလာဦးမှာသာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Mizzima - News in Burmese

မဖြိုးဖြိုးအောင်နှင့် ကိုနန္ဒစစ်အောင်တို့အား မတ် ၄ ရက်က ကျောက်တံတား တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)

၂၀၁၅ ခုနှစ်အတွင်း အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုဖြင့် မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲခံထားရသည့် ဗကသကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် မတ် ၄ ရက်က ထပ်မံ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းအား ထောက်ခံကြောင်း ဆန္ဒပြ လမ်းလျှောက်မှုတွင် ပါဝင်ခဲ့ပြီး ပန်းဘဲတန်းမြို့နယ်အတွင်း ဖြတ်သန်းခဲ့သည်ဟုဆိုကာ ယခုကဲ့သို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်စစ်ကြောင်းအား ထောက်ခံကြောင်း ဆန္ဒပြမှုတွင် ၎င်းတို့အနေဖြင့် ဦးဆောင်ခြင်း မဟုတ်သဖြင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းအား လက်မခံဘဲ ရုံးရှေ့၌ တရားရင်ဆိုင်သွားမည် မဟုတ်ဟု ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့က လျှောက်တင်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ ကျွန်တော်နဲ့ ဖြိုးဖြိုးအောင်ကို ပန်းဘဲတန်းမှာ ပုဒ်မ ၁၈ နဲ့ စပြီးတော့ တရားစွဲတင်တယ်။ ၂၀၁၅ ခုနှစ် ၂ လပိုင်း ၈ ရက်က အမှုဖြစ်တယ်။ ကျောက်တံတား တရားရုံးမှာလည်း အဲဒီအမှုဖြစ်စဉ်ကိုပဲ ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီဖြစ်စဉ်အတွက် တရားစွဲဆိုထားမှုကို တရားရင်ဆိုင်တော့မှာ မဟုတ်ဘူးလို့ တရားရုံးနှစ်ရုံးလုံးမှာ သဘောထား တင်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီထောက်ခံသပိတ် ဆန္ဒပြမှုကို ကျွန်တော်တို့က ဦးဆောင်ခဲ့တာလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့မှာ အပြစ်မရှိဘူးလို့ မြင်တယ်။ ဒီလိုမျိုးအမှုတွေကို တရားလိုက်စွဲနေတာက ကျွန်တော်တို့ကို အငြိုးနဲ့ လုပ်နေတာလို့ မြင်ပါတယ်။ ဒါကြောင့် ဒီအမှုတွေကို တရားရင်ဆိုင်မှာ မဟုတ်ဘူး။ တရားရုံးက ကြိုက်တဲ့ ဆုံးဖြတ်ချက်ချ။ ကောင်းတယ် ဆိုးတယ်လည်း ကျွန်တော်တို့ ဘာမှမပြောတော့ဘူး။ ကျွန်တော်တို့က ၈ ရက် ၂ လ ၂၀၁၅ အမှုရယ်၊ ၁၅ ရက် ၂ လ ၂၀၁၅ အမှုရယ်၊ ဒေါ်ခင်ဝင်းကိစ္စ ဆန္ဒပြလို့ တရားစွဲဆိုထားတဲ့ အမှုတွေကို ကျွန်တော်တို့ တရားရင်ဆိုင်တော့မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော်တို့ကို ဒီအမှုနဲ့ တရားစွဲဆို ထားတာတွေက မြို့နယ်တွေ တော်တော်များနေပြီ။ ဘယ်မြို့နယ်မှာမှ ဒီအမှုတွေအတွက် တရားရင်ဆိုင်တော့မှာ မဟုတ်ပါဘူး" ဟု ဗကသ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်က မတ် ၄ ရက်မှာ ပြောကြားသည်။

ထို့ပြင် ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင်နှင့် ကိုကျော်ကိုကို တို့ကိုလည်း ကျောက်တံတား တရားရုံး၌ ပုဒ်မ ၁၈ လေးမှုဖြင့် မတ် ၄ ရက်တွင်ပင် ဆက်လက်ရုံးထုတ်ခဲ့သည်။

ကျောက်တံတားမြို့နယ် တရားရုံးတွင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒစစ်အောင်တို့ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းက အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး လေးရက်သပိတ်တွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်ကို ထောက်ခံကြောင်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့နောက် ကိုကျော်ကိုကို တစ်ဦးတည်းကိုလည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက မြို့တော်ခန်းမရှေ့တွင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ပါဖောမန့် ပြုလုပ်ခဲ့ပြီး ကဗျာရွတ်ခဲ့ခြင်းအား ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည် ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုထားသော အမှုများအနက်မှ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား တရားစွဲဆိုထားသော ပုဒ်မ ၁၈ အမှုအတွက် ၎င်းတို့အနေဖြင့် တရားရင်ဆိုင်တော့မည် မဟုတ်ကြောင်း တရားရုံး၌ လျှောက်ထားခဲ့ကြသည်။

ယင်းသို့ ကျောက်တံတားမြို့နယ် တရားရုံးနှင့် ပန်းပဲတန်းမြို့နယ် တရားရုံးတို့တွင် ရုံးထုတ်သော မတ် ၄ ရက် ရုံးချိန်းတွင် လသာမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲတင်ရန် လာရောက် အကြောင်းကြားခဲ့သည်။

Writer:
မြင့်သူ
Eleven Media Group

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ 9/11 အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားရာ ကမ္ဘာ့ကုန်သွယ်ရေး စင်တာတွင် ကမ္ဘာ့ကုန်ကျစရိတ် အများဆုံးဘူတာရုံကို ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ၊ ၁၁ ရက်က အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံခဲ့ရ သော အမွှာမျှော်စင် ဘေးရှိ ယင်းဘူတာရုံအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်အထိရှိခဲ့ပြီး ဥရောပဗိသုကာ ပညာရှင် တစ်ဦးက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကမ္ဘာ့ကုန်သွယ်ရေးစင်တာဘူတာသည် တစ်ရက်လျှင် ခရီးသည်ပေါင်း ၂ သိန်းအထိ ဝန်ဆောင်မှုပေးသွားနိုင်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။

ယင်းဘူတာရုံကို စပိန်-ဆွစ်ဇာလန်ဗိသုကာပညာရှင် ဆန်တီယေဂိုကာလာထရာဗာက ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဆန်တီယေဂိုကာလာထရာဗာသည် ပျံတက်တော့မည့် ငှက်တောင်ပံတစ်စုံဟန် ရေးဆွဲထား သော ၎င်း၏ဒီဇိုင်းကို လွန်ခဲ့သော ၁၂ နှစ်ခန့်ကတည်းက ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်သည်။

''ဒါဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတံ့ပါပဲ။ ဒါဟာ နယူးယောက်မြို့သားတွေ အားလုံးအတွက် လက်ဆောင်မွန်ပါ '' ဟု ဘူတာရုံဖွင့်ပွဲတွင် ဆန်တီယေဂိုကာလာထရာဗာက ပြောကြား ခဲ့သည်။

ဘူတာရုံတည်ဆောက်ရေးအတွက် မူလက ကနဦးဘတ်ဂျက်အဖြစ် ဒေါ်လာ ၂ ဘီလျံသာ ချထားခဲ့သော်လည်း အပြီးသတ်ချိန်တွင် ကုန်ကျစရိတ်စုစုပေါင်းမှာ ဒေါ်လာ ၃ . ၈၅ ဘီလျံအထိ ရှိခဲ့ကာ ကမ္ဘာ့ကုန်ကျစရိတ်အများဆုံး ဘူတာရုံ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာဘူတာရုံကြီးမှာ ၎င်း၏ အနုပညာမြောက်လှသောလက်ရာ၊ များပြားလွန်းသော ကုန်ကျစရိတ်နှင့် ပြီးစီးရန်သတ်မှတ်ထားသည့် အချိန်ထက်များစွာ နောက်ကျခဲ့ မှုတို့ကြောင့် လက်တလော အငြင်းပွားချင်စရာအကောင်းဆုံး အရေးကိစ္စတစ်ရပ်လည်း ဖြစ်လျှက်ရှိ သည်။

ကမ္ဘာ့ကုန်သွယ်ရေး စင်တာ ဘူတာရုံကြီးကို ကြာသာပတေးနေ့က ဖွင့်လှစ်ခဲ့သည်ဆိုသော် လည်း တစ်စိတ်တစ်ပိုင်းသာ ဖွင့်လှစ်ခဲ့သေးခြင်းဖြစ်ပြီး ဈေးဝယ်စင်တာနှင့် စားသောက်ဆိုင်ပေါင်း စပ်ထားသော ပလာဇာကြီးတစ်ခုမှာ ဆောက်လုပ် နေဆဲဖြစ်ရာ သြဂုတ်လမှ အပြီးသတ် ဖွင့်လှစ်နိုင် မည် ဖြစ်သည်။

Mizzima - News in Burmese


၂၀၁၆ ၊ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ရက်များအတွင်း နာမည်ကြီး အဆိုတော်များ အနေဖြင့် နယ်မြို့များတွင်သာ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုတော်များထဲတွင် မြန်မာလူငယ်များ နှစ်ခြိုက်သည့် Iron Cross အဖွဲ့၊ Emperor အဖွဲ့တို့သည် ယခုနှစ် မဟာသင်္ကြန်ရက်များတွင် ရန်ကုန်မြို့တွင် ရှိမည်မဟုတ်ပေ။

Iron Cross အဖွဲ့၏ အမာခံအဖွဲ့ဝင်များဖြစ်သော လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့သည် မန္တလေးမြို့ရှိ MPT မဏ္ဍပ်တွင် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုတော် ဇော်ဝင်းထွဋ် ၏ အဖွဲ့သည်လည်း ယခုနှစ် သင်္ကြန်ရက်များတွင် မြိတ်မြို့သို့ သွားရောက် ဖျော်ဖြေမည်ဖြစ်သည်။

လူငယ်အဆိုတော် တော်တော်များများသာ ရန်ကုန်မြို့ရှိ မဟာသင်္ကြန်မဏ္ဍပ်များတွင် ရှိမည်ဖြစ်သည်။
ရန်ကုန်မြို့တော်တွင် သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ တည်ဆောက်ခွင့်ကို ယနေ့အထိ မရသေးကြောင်း၊ ထိုသို့ တည်ဆောက်ခွင့် ပြုခြင်း၊ မပြုခြင်းများကို လာမည့် အစိုးရသစ်ကသာ ဆုံးဖြတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ၊ ရန်ကုန်မြို့တွင် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် အကြီး ၃၉ ခု၊ မဏ္ဍပ်အလတ် ၁၃ ခုနှင့် မဏ္ဍပ်အသေး ၇၈ ခုတို့ကို တည်ဆောက်ခွင့်ပြုခဲ့သည်။

သတင်း - တီဇက်အေ
Photo – Saung Phyu
The Ladies News Journal

မြန်​မာ​နိုင်​ငံ​၌ ၁၉၉၀ ​ပြည့်​နှစ်​ပါ​တီ​စုံ​ဒီ​မို​က​ရေ​စီ ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​ကျင်း​ပ​ခဲ့​ပြီး ​အ​နိုင်​ရ​ရှိ​ခဲ့​သော ​အန်အယ်လ်ဒီပါ​တီ​ကို ​စစ်​အ​စိုး​ရ​က ​လွှတ်တော်​ခေါ်​ယူ​ကျင်း​ပ​ခြင်း၊ ​အ​စိုး​ရ​သစ် ​ဖွဲ့​စည်း​စေ ​၍ ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ခြင်း​မ​ပြု​လုပ်​ခဲ့​ပါ။

၂၀၁၀ ​ရွေး​ကောက်​ပွဲ​၌ ​အန်အယ်လ်ဒီ​ပါ​တီ​က ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​၌ ​ဝင်​ရောက်​ယှဉ်​ပြိုင်​ခြင်း ​မ​ပြု​ခဲ့​သ​ဖြင့် ​ကြံ့ခိုင်​ဖွံ့​ဖြိုး​ရေး​ပါ​တီ​က​အ​များ​စု​အ​နိုင်​ရ​ရှိ​ခဲ့​ပြီး ​အ​စိုး​ရ​အ​သစ်​ဖွဲ့​ခဲ့​ပါ​သည်။ ​အ​သွင်​သ​ဏ္ဌာန်​အား​ဖြင့်​သာ ​အ​စိုး​ရ​ဖွဲ့​စည်း​၍ ​အာ​ဏာ​လွှဲသည်​ဟု​ဆို​သော်​လည်း ​အ​နှစ်​သာ​ရ​အား​ဖြင့် ​လက်​ရှိ​စစ်​ဗိုလ်​ချုပ်​ကြီး​များ​နှင့် ​စစ်​ဗိုလ်​ချုပ်​ဟောင်း​များ​က​သာ ​အာ​ဏာ​ချုပ်​ကိုင်​ထား​သော ​အ​စိုး​ရ ​ဖြစ်​ခဲ့​ပါ​သည်။

၂၀၁၅​ ခု​နှစ် ​ပါ​တီ​စုံ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​၌ ​အန်အယ်လ်ဒီပါ​တီ​သည် ​ရာ​ခိုင်​နှုန်း ၈၀ ​အ​နိုင်​ရ​ရှိ​ခဲ့​ပါ​သည်။ အန်အယ်လ်ဒီပါ​တီ​က ​အ​စိုး​ရ​အ​ဖွဲ့​သစ်​နှင့် ​သ​မ္မ​တ​သစ်​ရွေး​ခွင့်​ရှိ​နေ​ပါ​သည်။ ​သ​မ္မ​တ​နှင့်​အုပ်​ချုပ်​ရေး​အာ​ဏာ​ရပ်​များ​ကို ​လွှဲပြောင်း​ပေး​မည်​ဟု​ လက်​ရှိ​အ​စိုး​ရ​က ​တ​ရား​ဝင်​ကြေ​ညာ​ခဲ့​သည်။ ​နှစ်​ဘက် ​အာ​ဏာ​လွှဲ​ပြောင်း​ရေး​လုပ်​ငန်း​အ​ဖွဲ့​များ​လည်း ​ဖွဲ့​စည်း​၍ ​ညှိနှိုင်း​မှု​များ ​စ​တင်​ပြု​လုပ်​နေ ​ပြီ​ဖြစ်​ပါ ​သည်။ ​ပြည်​သူ​အ​များ​ဝမ်း​မြောက်​ကြ​ရ​ပါ​သည်။

ဒီ​မို​က​ရေ​စီ​နိုင်​ငံ​ကြီး​များ​၌ ​ဒီ​မို​က​ရေ​စီ​နည်း​ကျ ​ရွေး​ကောက်​ပွဲ​များ​ကျင်း​ပ​ပြီး ​အ​သစ် အ​ဟောင်း ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​မှု​များ​ကို ​ဥ​ပ​ဒေ​လုပ်​ထုံး​လုပ်​နည်း​များ ​ပြ​ဋ္ဌာန်း​၍ ​ပြု​လုပ်​ကြ​ပါ​သည်။ ​တိ​ကျ​သော ​လွှဲ​ပြောင်း​မှု​လုပ်​ထုံး​လုပ်​နည်း​များ​မ​ရှိ​ပါ​က ​အာ​ဏာ​လွှဲ​ပြောင်း​မှု​သည် ​နိုင်​ငံ​စည်း ​လုံး​ညီ​ညွ​တ်မှု​ပြို​ကွဲ​၍ ​ပြည်​တွင်း​စစ်​မီး​ဟုန်း​ဟုန်း​တောက်​သည်​အ​ထိ​ဖြစ်​စေ​နိုင်​ပါ​သည်။ ​အ​မေ​ရိ​ကန် ​နိုင်​ငံ​၏ ​သ​မိုင်း​၌ ​အာ​ဏာ​လွှဲပြောင်း​ရေး​၌ ​မ​ချော​မွေ့​မှု​များ ​ပြည်​တွင်း​စစ်​မီး​တောက်လော​င် ​သည်​အ​ထိ ​ဖြစ်​ရပ်​များ​ပေါ်​ပေါက်​ခဲ့ ပါ​သည်။

ဒီ​မို​က​ရေ​စီ​နိုင်​ငံ​ကြီး​ဖြစ်​သော ​အ​မေ​ရိ​ကန်​နိုင်​ငံ​တွင် ၁၇၉၆​ခု​နှစ် ​ပ​ထ​မ​ဆုံး​သ​မ္မ​တ​ဖြစ်​သော George Washington ​က ၁၇၉၇ ​ခု​နှစ် ​မတ်​လ​တွင် ​သ​မ္မ​တ​သစ် John Adams ကို ​အာ​ဏာ​လွှဲ ​ပြောင်း​ပေး​ခဲ့​သည်​မှ​အ​စ ​ယ​နေ့​သ​မ္မ​တ Barek Obama ​အ​ထိ ​သ​မ္မ​တ​ပေါင်း (၃၅)​ဦး​သည် ၁၇၉၆​မှ ၂၀၀၉​ခု​နှစ် ​လက်​ရှိ​သ​မ္မ​တ​အ​ထိ ​နှစ်​ပေါင်း (၂၀၀)​ ကျော်​အ​ဆက်​ဆက်​အာ​ဏာ​လွှဲေ​ပြောင်း ​ပေး​ခဲ့​ပါ​သည်။ ​အာ​ဏာ​လွှဲေ​ပြောင်း​ရေး​၌ ၁၈၆၀-၁၈၆၁ James Buchanan ​က​ Abrham Lincon ​သို့​ လွှဲပြောင်း ရေး​ကိ​စ္စ​သည် ​မ​ချော​မွေ့​ခဲ့​ပါ။ ရွေး​ကောက်​ပွဲ ​ပြည်​နယ် (၇) ​ခု​သာ ​လွှဲပြောင်း ​ရ​ယူ​ခဲ့​ပြီး ​ကျန်​ပြည်​နယ်​များ​၌ ​ပ​ဋိ​ပက္ခ​များ​ဖြစ်​ပေါ်​ခဲ့​သည်။ ​အ​မေ​ရိ​ကန်​တောင်​ပိုင်း​မြောက်​ပိုင်း​ ပြည် ​တွင်း​စစ်​ မီး​တောက်​လောင် သည်​အ​ထိ ​ပို့​ဆောင်​ခဲ့​သည်။ ​ထို့​ပြင်၁၉၃၂-၁၉၃၃ ​သ​မ္မ​တ Herbert Hoover က Franklin D.Roosevelt ​အား​အာ​ဏာ​လွှဲပြောင်း​ရေး​တွင်​လည်း ​အ​စဉ်​မ​ချော​မွေ့​ခဲ့​ပါ။ ​သ​မ္မ​တ​အာ​ဏာ​လွှဲပြောင်း​ရေး​တွင် ​သ​မ​ကဲ့​ရဲ့ရှုတ်​ချ​ပြော​ဆို​မှု​များ ​ခံ​ခဲ့​ရ​ပါ​သည်။ ​သို့​ဖြစ်​၍ ​အ​မေ​ရိ​ကန်​၌ ၁၉၆၃​ခု​နှစ်​တွင် ‘‘​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး ​အက်​ဥ​ပ​ဒေ-၁၉၆၃’’​ကို ​ပြ ဋ္ဌာန်း​ကျင့်​သုံး​ခဲ့​သည်။ ​ဥ​ပ​ဒေ​လုပ်​ထုံး​လုပ်​နည်း​များ​နှင့်​အ​ညီ ​ချော​မွေ့​စွာ ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ခဲ့​ကြ ​ပါ​သည်။

သ​မ္မ​တ​အာ​ဏာ​လွှဲ​ပြောင်း​ရေး ​ဥ​ပ​ဒေ​၏ ​ရည်​ရွယ်​ချက်​သည် ​သ​မ္မ​တ​၏ ​အုပ်​ချုပ်​ရေး ​သက်​တမ်း ​တစ်​ခု​ကုန်​ဆုံး​သွား​သော​အ​ခါ ​အ​သစ်​ရွေး​ချယ်​ခံ​ရ​သော ​သ​မ္မ​တ​၏​အုပ်​ချုပ်​ရေး​အ​ဖွဲ့​အား ​လုပ်​ငန်း​တာ​ဝန် ​နှင့်​လုပ်​ငန်း​များ​လွှဲ​ပြောင်း​ပေး​ရာ​၌ ​လွယ်​ကူ​ချော​မွေ့​အ​ဆင်​ပြေ​စေ​ရေး​ဖြစ်​ပါ​သည်။ ​သ​မ္မ​တ​လွှဲပြောင်း​ရေး​ဥ​ပ​ဒေ​သည် ​မ​လို​လား​အပ်​သော ​ပ​ဋိ​ပက္ခများ​မ​ဖြစ်​ပေါ်​ရေး၊ ​အ​ငြင်း​ပွား​မှု​များ ​လျော့​ကြ​စေ​ရေး​နှင့် ​နိုင်​ငံ​လုံ​ခြုံ​ရေး​နှင့် ​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ထိ​ခိုက်​စေ​ရေး​ကို ​ရည်​ရွယ်​ပါ​သည်။ ​ယင်း​ဥ​ပ​ဒေ​၌ ​နှစ်​ပိုင်း​တွေ့ ရ​ပါ​သည်။ ​လွယ်​ကူ​ချော​မွေ့​စွာ ​တာ​ဝန်​ရပ်​များ​လွှဲ​ပြောင်း​ရေး​နှင့် ​လွှဲ​ပြောင်း​မှု​လုပ် ​ငန်း​စဉ်​များ၊ ​ငွေ​ကြေး ​ဆိုင်​ရာ​ခွင့်​ပြု​ချက်​များ​ဖြစ်​ပါ​သည်။ ​ဥ​ပ​ဒေ​သည် ​ရိုး​ရိုး​ရှင်း​ရှင်း​ပင်​ဖြစ်​ပါ​သည်။ ​အ​မေ​ရိ​ကန်​နိုင်​ငံ​၏ ​သ​မ္မ​တ​အာ​ဏာလွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ ၁၉၆၃​၌ ​ပုဒ်​မ (၅)​ခု​သာ​ပါ​ဝင်​ပါ​သည်။ ​ဥ​ပ​ဒေ​၏ ​ရည်​ရွယ်​ချက် ​သ​မ္မ​တ​နှင့် ​ဒု​သ​မ္မ​တ​တို့​၏ ​လုပ်​ငန်း​တာ​ဝန်​များလွှဲ​ပြောင်း​ပေး​ရာ​၌ ​လွယ်​ကူ ​ချော​မွေ့​ရေး၊ လွှဲ​ပြောင်း​မှု​လုပ်​ငန်း ​စဉ်​များ​ကို ​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​မည့် ​အ​ဖွဲ့​အ​စည်း ​လွှဲ​ပြောင်း ​မှု​၏​ကုန်​ကျ​စ​ရိတ်​ခွင့်​ပြု​ငွေ၊ ​သုံး​စွဲ​ပိုင် ​ခွင့်​လွှဲ​ပြောင်း​မှု ​အ​ထောက်​အ​ပံ့​ဖြစ်​သော ​ရွေး​ကောက်​ပွဲ​အ​ကြို ​ကာ​လ ​နှင့် ​လွှဲ​ပြောင်း​မှု ​လွှဲ​ပြောင်း​ပြီး ​နောက် ​အ​ထောက်​အ​ပံ့​များ၊ ​ဝန်​ဆောင်​မှု၊ ​ရုံး​ခန်း​အ​သုံး ​အ​ဆောင်​ပ​စ္စည်း​က​ရိ​ယာ​နှင့် ​ငွေ​ကြေး​များ၊ လွှဲ​ပြောင်း​ပေး​ရာ​၌ ​နိုင်​ငံ​တော်​လျို့​ဝှက်​ချက်​ဆိုင် ​ရာ​များ​ကိ​စ္စ၊ ​အ​စိုး​ရ​အ​ဖွဲ့​၏ ​ဌာ​န​ဆိုင်​ရာ ​လျှို့​ဝှက်​ကိ​စ္စ ​လုပ်​ငန်း​အ​စီ​ရင်​ခံ​စာ​နှင့် ​ထုတ်​ဖော် ​ပြော​ဆို​ရ​မည့်​ကိ​စ္စ​များ ​ပါ​ဝင်​ပါ​သည်။ လွှဲ​ပြောင်း​မှု ​အ​သုံး​စ​ရိတ်​များ​ကို​လည်း ​အ​ချိန်​အ​ခါ​အ​ရ ၁၉၆၃​ခု​နှစ် ​ဥ​ပ​ဒေ​အ​ရ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၉​ သိန်း​ခွင့်​ပြု​ခဲ့​ရာ​မှ ​ယ​ခု​အ​ခါ ​အ​မေ​ရိ​ကန်​ဒေါ်​လာ ၈.၉၅​သန်း​အ​ထိ ​ခွင့်​ပြု​ခဲ့​ပါ​သည်။ ​ဥ​ပ​ဒေ​ကို​လည်း ​လို​အပ်​သ​လို ​အ​ကြိမ်​ကြိမ် ​ပြင်​ဆင်​ဖြည့် ​စွက်​ခဲ့​ပါ​သည်။

မြန်​မာ​နိုင်​ငံ​တွင်​လည်း ​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ ​လုပ်​ထုံး​လုပ်​နည်း​များ ​ယ​ခု​အ​ကြိမ်​တွင် ​မ​ပြ​ဋ္ဌာန်း​နိုင်​သေး​သော်​လည်း ​နောင်​တွင်​တိ​တိ​ကျ​ကျ​ပြ​ဋ္ဌာန်း​ရန် ​လို​အပ်​မည်​ဖြစ်​ပါ​သည်။ ​အန်အယ်လ်ဒီပါ​တီ ​သည် ​ရွေး​ကောက်​ပွဲ​တွင် ​အ​ပြတ်​အ​သတ်​အ​နိုင်​ရ​ရှိ​ခဲ့​ခြင်း၊ ​လက်​ရှိ​ ဦး​သိန်း​စိန်​သ​မ္မ​တ​အ​စိုး​ရ​က​လည်း ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​ရန်​လို​လား​ခြင်း​တို့​ကြောင့် ​ယ​ခု​အ​ကြိမ်​အာ​ဏာ​လွှဲ​ပြောင်း​ရေး​သည် ​ထီး​လို​မင်း ​လို​ဖြစ်​ကာ ​အ​စဉ်​ချော​မွေ့​မည်​ဟု​ အား​လုံး​က​ယုံ​ကြည်​မျှော်​လင့်​ထား​ကြ​ပါ​သည်။ ​မြန်​မာ ​သ​မိုင်း​မှတ်​တိုင် ​တစ်​ခု​ကို ​နှစ်​ဦး​နှစ်​ဘက်​ လို​လို​လား​လား ​စိုက်​ထူ​ကြ​မည့် ​လက်​ခာ​များ ​တွေ့​နေ​ရ ​ပါ​သည်။

သို့​ရာ​တွင် ​နောင်​ပါ​တီ​စုံ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​များ​၌ ​ပါ​တီ​များ ​အ​ကြိတ်​အ​နယ် ​ယှဉ် ​ပြိုင်​ကြ​ရ​သော​အ​ခါ​မျိုး​၌ ​သ​မ္မ​တ​လွှဲ​ပြောင်း​ရေး​ကို ​တိ​ကျ​သော ​ဥ​ပ​ဒေ၊ ​လုပ်​ထုံး​ပြ​ဋ္ဌာန်း​ချက် ​များ​ရှိ​ဖို့ ​အ​မှန်​လို​အပ်​မည်​ဖြစ်​ပါ​သည်။

သို့​ဖြစ်​ပါ​၍ ​လာ​မည့်​ဒု​တိ​ယ​အ​ကြိမ် ​လွှတ်တော်​သက်​တမ်း​ကာ​လ​တွင် ​သ​မ္မ​တ​နှင့် ​နိုင်​ငံ ​တော်​အာ​ဏာ​လွှဲ​ပြောင်း​ရေး​ဥ​ပ​ဒေ၊ ​လုပ်​ထုံး​လုပ်​နည်း​များ​ရေး​ဆွဲ​ပြ​ဋ္ဌာန်း​သင့်​ပါ​ကြောင်း…….။

ရှေ့​နေ-​မောင်​ကံ
By ဒီဗွီဘီ
http://burmese.dvb.no/archives/138190


တရုတ်နိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်ကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ အစိုးရက မတ် ၅ ရက်နေ့က ကြေညာပါတယ်။

ဒါကြောင့် ဒီနှစ် စစ်ရေး အသုံးစရိတ်ဟာ တရုတ်ယွမ်ငွေ ၉၅၄ ဘီလီယံ ကျော် (အမေရိကန် ဒေါ်လာ ၁၄၆ ဘီလီယံ) ကျော် ရှိလာမှာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်ပတ်လည် ကွန်ဂရက် ညီလာခံ စတင်တဲ့နေ့မှာပဲ အစိုးရက အခုလို ကြေညာလိုက်တာပါ။

ညီလာခံကို နိုင်ငံတ၀ှမ်းက ကိုယ်စားလှယ် ၃၀၀၀ ၀န်းကျင် တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီနှစ် ကွန်ဂရက်မှာ အဓိကထား ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ရှေ့လာမယ့် ၅ နှစ်အတွက် စီးပွားရေး စီမံကိန်းကိစ္စက ထိပ်ဆုံးမှာ ပါဝင်ပါတယ်။

ပါတီ ကွန်ဂရက်ကို ၀န်ကြီးချုပ လီကီချမ်းရဲ့ မိန့်ခွန်းနဲ့ ဖွင့်ပြီး ၁၂ ရက်တာ ကျင်းပမှာပါ။

ရှေ့လာမယ့် နှစ်တွေအတွင်းမှာ တိုင်းပြည်စီးပွားရေးကို ၆ ဒသမ ၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း တိုးတက်အောင် စွမ်းဆောင်ဖို့ ရည်မှန်းချက် ချမှတ်ဖွယ် ရှိပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/138206

အိုကီနာဝါကျွန်း။
အိုကီနာဝါကျွန်း။

ဂျပန် ဝန်ကြီးချုပ် Shinzo Abe က အိုကီနာဝါကျွန်းမှာ အမေရိကန် ရေတပ် အခြေစိုက်စခန်း ရွှေ့ပြောင်း ချထားမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ နဲ့ သူ့အစီအစဉ်ကို လက်မခံပဲ ကန့်ကွက်နေတဲ့ ဒေသ အစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ တရားရုံးက ကြားဝင်အဆိုပြု ပေးခဲ့တာကို လက်ခံလိုက်ရင်း အခုလို ဆိုင်းငံ့မယ့်အကြောင်း ကို သောကြာနေ့မှာ ကြေညာ ခဲ့တာပါ။

ဂျပန်ဗဟို အစိုးရနဲ့ အိုကီနာဝါ ဒေသအာဏာပိုင်တွေကြား ဒီကိစ္စနဲ့ ပါတ်သက်ပြီး အငြင်းပွါးမှုတွေ ဖြစ်ပွါးနေတာပါ။Abe အစိုးရက Futenma လေတပ် အခြေစိုက်စခန်း ကို အိုကီနာဝါ ကျွန်းက လူဦးရေ သိပ်မထူထပ်တဲ့ နေရာတနေရာမှာ ပြောင်းရွှေ့ ထားရှိဖို့ လိုလားနေတာပါ။ အဲဒီကျွန်းမှာ တခြား အမေရိကန် စစ်စခန်းတွေလည်း ချထားတာ ဖြစ်ပါတယ်။

ဒေသအာဏာပိုင်တွေကတော့ အခြေစိုက်စခန်းကို ဖယ်ပစ်ချင်နေကြတာပါ။ အိုကီနာဝါ ဒေသခံတွေကလည်း အမေရိကန် မရိန်းတပ်တွေ ရှိနေရင် လူပိုများလာပြီး ရာဇဝတ်မှုခင်းတွေ တိုးလာတယ်လို့ ဆိုပြီး မလိုလားကြောင်း ပြောကြပါတယ်။

VOA
http://burmese.voanews.com/content/japan-suspends-relocation-of-okinawa-marine-base/3220815.html

ဂရိနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိ လာတဲ့ ဒုက္ခသည်များ။  (မတ် ၃၊ ၂၀၁၆)
ဂရိနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိ လာတဲ့ ဒုက္ခသည်များ။ (မတ် ၃၊ ၂၀၁၆)

EUဥရောပ သမဂ္ဂ ခေါင်းဆောင်တွေက ရွှေ့ပြောင်း ဒုက္ခသည်တွေ ဥရောပကို မလာဖို့ ပြောကြားမှုအတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက အပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဆီးရီးယား၊ အာဖဂန်နစ္စတန် နဲ့ အီရတ်နိုင်ငံတွေကနေ ဂရိနိုင်ငံ ကို ရောက်လာကြ တဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၉၁ ရာခိုင်နှုံးဟာ ပဋိပက္ခ ဖြစ်ပွါးနေ တဲ့ ဒေသကနေ လွတ်မြောက်အောင် ထွက်ပြေးလာကြ တာ ဖြစ်ပြီးအလုပ်အကိုင် ရှာဖွေဖို့ ရောက်လာကြ တာ မဟုတ်ဖူးလို့ UNHCR ရဲ့ ဥရောပဗျူရို အကြီးအကဲ Vincent Cochetel က ဘရပ်ဆဲလ်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

အခုလို တုန့်ပြန်ပြောဆိုမှုဟာ EU ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk က နောက်ထပ် ရွှေ့ပြောင်း ဒုက္ခသည်တွေ ဥရောပကို ဝင်ရောက်လာနိုင်ခြေ ရှိတယ်လို့ ကြာသပတေးနေ့ တုန်းက သတိပေး ခဲ့ပြီးတဲ့ နောက်မှာ ပြောခဲ့ တာ ဖြစ်ပါတယ်။

သူက ဥရောပနိုင်ငံတွေဆီ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်ဖို့ မကြိုးစားစေ ချင်ကြောင်း အသက်အိုးအိမ် အဆုံးရှုံးခဲ့ပြီး မှောင်ခိုပွဲစားတွေရဲ့ စကားကို နားမယောင်ဖို့ ပြောကြားခဲ့တာပါ။ နိုင်ငံတကာ ဥပဒေအရ ပဋိပက္ခဖြစ်ပွါးနေ တဲ့ ဒေသတွေကနေ ထွက်ပြေးလာကြသူတွေ အနေနဲ့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနိုင်ပါတယ်။

ဥရောပ သမဂ္ဂရဲ့ Eurostat စာရင်းအင်း ရုံးက သောကြာနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တော့ ၂၀၁၅ ခုနှစ်ထဲမှာ ပထမဆုံး အကြိမ် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံ လျှောက်ထားခဲ့သူပေါင်း ၁. ၂ သန်း ကျော်နဲ့ စံချိန်တင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ကထက် ၂ ဆ ဖြစ်နေတာပါ။

ဆီးရီးယားက ဒုက္ခသည် အများဆုံး လာရောက်တာဖြစ်ပြီး သူ့ လောက်မများတဲ့ ဒုတိယနိုင်ငံက အာဖဂန်နစ်စတန်နဲ့ တတိယက အီရတ်နိုင်ငံလို့ ဆိုပါတယ်။ခိုလှုံခွင့် အများဆုံး တောင်းခံတဲ့ နိုင်ငံက ဂျာမဏီဖြစ်ပြီး နောက် ဟန်ဂေရီက ဒုတိယနဲ့ ဆွီဒင်က တတိယ အများဆုံး ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/unhcr-criticized-eu-for-warning-migrants-against/3220441.html

သေနတ်ပစ်သတ်ခံအမျိုးသမီး(MNA)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မတ်လ ၃ ရက် ည ၉ နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံသေဆုံးပြီး ၄င်းနှင့်အတူ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသူအမျိုးသမီး မနန်းဆိုင်ခမ်း အသက်(၄၀) နှစ်ခန့် လားရှိုးမြို့သူဟုသိရပြီး ဝဲဂျို​စောင်းမှ ယာလည်​ဂုတ်​ ​ဖောက်​ထွက်​ဒဏ်​ရာ ၁ ချက်​ဖြင့်ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် လဲကျ​သေဆုံး​နေသည်ဟု အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူ စောလှမင်း(MNA)
၎င်းနှင့်အတူ သေနတ်ထိမှန် ဒဏ်ရာရရှိသူ စောလှမင်း အသက်(၂၈) နှစ်​ ပုဗ္ဗသီရိ မြို့နယ်​၊ ​နေပြည်​​တော်နေထိုင်သူဟုသိရပြီး ဝဲလက်မောင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည်။

သူက “သေနတ်ပစ်ခံထိတဲ့သူတို့နှစ်ယောက် ဘုရားသုံးဆူရောက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စ စကားများကြတယ်လို့ပဲ ပြောနေကြတယ်၊” ဟု ဆိုသည်။

ဘုရားသုံးဆူမြို့ ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် အခင်းဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သူမှာ ဘုရားသုံးဆူမြို့၊ အမှတ် ၁ ရပ်ကွက်နေ လှအောင် ဆိုသူဖြစ်ကြောင်း သေနတ်ဒဏ်ရာရရှိသူ စောလှမင်း တဆင့်ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားသည့်အနီးတဝိုက်တွင် ၉ မီလီမီတာကျည်ခွံ ၆ ခု ရဲကတွေ့ရှိသိမ်းဆည်းရမိသော်လည်း သေနတ်သမားအား ဖမ်းဆီရမိခဲ့ခြင်း မရှိပေ။

သေနတ်​ဖြင့်ပစ်​ခတ်​သူ လှ​အောင်​ အား ဘုရားသုံးဆူ နယ်မြေရဲစခန်း (ပ ၅/၂၀၁၆) ပုဒ်​မ ၃၀၂ အရ အမှုဖွင့်လှစ်​ထားကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ယခုဖြစ်ပေါ်ခဲ့သောလူသတ်မှုသည် ၂၀၁၆ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သောလူသတ်မှုဖြစ်သည်။

ရေးသားသူ: မွန်သတင်းအေဂျင်စီ
http://burmese.monnews.org


ဘန်ကောက် စန်ဆက်ချောင်းတွင် ပြေးဆွဲနေသော ခရီးသည်တင် စက်လှေတစ်စင်းသည် ဒီနေ့မတ်လ ၅ရက်နေ့ မနက် ၆နာရီခွဲခန့်တွင် ထေ့လီလာဘုန်းကြီးကျောင်းရှေ့မှာ စက်ခေါင်းပေါက်ကွဲမှုကြောင့် ခရီးသည် ၅၀ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအတိအကျမသိရသေးပါဘူး ရေထဲလိုက်လံရှာဖွေနေတုန်းဖြစ်ပါတယ်။


 ၎င်းစန်ဆက်ချောင်းသည် ဖူခေါင်ထောင်ဆိုတဲ့ ရွှေတောင်ကနေ ဘန်ကပိသို့ နေ့စဉ်ပြေးဆွဲသော လိုင်းစက်လှေဖြစ်ပါတယ် ၎င်းလမ်းကြောင်းမှာ ကောင်းကင်ရထားမရှိ မြေအောက်ရထားမရှိ အမြန်ဘတ်စ်ကား BRT မရှိသည့် လမ်းကြောင်းဖြစ်သည့်အတွက် အလုပ်သမားနှင့် ခရီးသည်များ ယာဉ်ကြောပိတ်ဆို့မှုရှောင်ရန် အသုံးပြုသော ရေလမ်းကြောင်းဖြစ်ပါတယ်။ ရွှေတောင် ပတူနမ်း ခလောင်တန် ဘန်ကပိစသည့်သွားသော လမ်းကြောင်းဖြစ်ပါတယ်။


 မြန်မာပြည်သားတွေလည်း ဤလမ်းကြောင်းကို အသုံးပြုကြတာ များပါတယ်။ ဒဏ်ရာရရှိသူအားလုံး နီးစပ်ရာဆေးရုံအသီးသီးသို့ ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ မည်သူမည်ဝါ မြန်မာလူမျိုးပါမပါကိုတော့ မသိရသေးပါဘူးခင်ဗျား။

MTF Channel


 ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာဇော်မြင့်မောင် နဲ့ ဒေါက်တာမျိုးအောင် ပြည်သူ့ လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)

NLD အစိုးရအဖွဲ့ ကို ပြင်ပပုဂ္ဂိုလ် အများစုနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး လက်ရှိ ဝန်ကြီးဌာနတွေ အနက် (၁၀) ခု ကျော်ကိုလည်း ဖျက်သိမ်းမှာဖြစ်တယ်လို့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက မနေ့ကပြောဆိုလိုက်ပါတယ်။ NLD အနေနဲ့ သမ္မတရွေးချယ်မယ့်ကိစ္စ အပါအ၀င် ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်မယ့် ပုဂ္ဂိုလ်စာရင်းတွေကို မတ်လ (၆)ရက်နေ့မှာ အပြီးသတ် ကြေညာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင် ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ နေပြည်တော်က နှင်းဆီစံအိမ်မှာ မနေ့ သောကြာနေ့က ဆွေးနွေးခဲ့ကြတာပါ။

အစိုးရအဖွဲ့မှာ NLD ပါတီဝင် နည်းနည်းပဲရှိမှာဖြစ်ပြီး အများစုက ပညာရှင်တွေနဲ့ အခြား ပါတီဝင်တချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း အပြီးသတ်ကိုတော့ မတ်လ (၆)ရက်နေ့ ပြုလုပ်မယ့် NLD ဗဟို အလုပ် အမှုဆောင်ဆွေးနွေးပွဲမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

" ကျနော်တို့အခု ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံမှာ ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေလည်း ပါမယ်။ ဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀% နဲ့ ၄၀% ကြားလောက်ပဲပါမယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒီ့အရေအတွက်ကိုတော့ ၆ရက်နေ့မှ သတ်မှတ်ပြီးတော့ ကြေညာနိုင် ပါမယ်။"

ဒါ့အပြင် ဝန်ကြီးဌာနတွေကိုလည်း ပြန်လည် ဖွဲ့စည်းမှာဖြစ်တာကြောင့် အရင် ဝန်ကြီး ဌာနပေါင်း (၃၆)ခုထဲကနေ (၁၀) ခုကျော်လောက်ကို ဖြုတ်ဖို့ စီစဉ်ထားကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။

" သမ္မတရုံးမှာ ဝန်ကြီး ခြောက်ခုရှိတယ် အဲ့ခြောက်ခုက ဝန်ကြီးဌာနက တခုတည်းဖြစ် သွားလိမ့်မယ်။ ၃၀ရှိတယ်။ ၃၀က ၂၀လောက်ကျန်မယ်။ တူတာ တူတာ ပေါင်းမယ် ဥပမာဆိုပါတော့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တဖွဲ့တည်း လုပ်လို့ရတယ်။ အဲ့သလိုလုပ်နိုင်အောင်လည်း ကျနော်တို့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးထားပြီးပြီ။ အဲ့ဒီ့တော့ ဝန်ကြီးဌာနက ၂၁၊ ၂၂ အဲ့သလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ခုတော့ ရှိမှာမဟုတ်တော့ဘူး။ သို့သော် အဲ့သလို ဝန်ကြီးဌာနတွေ ပေါင်းလိုက်လို့မို့လို့ ပိုလာတဲ့ဝန်ထမ်းတွေရှိမယ်။ သို့သော် အဲ့ဒီ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့အတွက် ဘယ်နေရာချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာနေရာတွေလည်း ရှိတယ်။ "

တခါ အများစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေအတွက် ၀န်ကြီးချုပ် ဘယ်သူက ခန့်အပ်မလဲဆိုတဲ့အပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ NLD အမတ် ဦးညီပုကို ဝန်ကြီးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ထားတယ် လို့ ဦးဝင်းထိန်ကဆိုပါတယ်။

" ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် ကျနော်တို့က ခန့်မယ်။ NLD က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလို ရခိုင်လို နေရာတွေမှာ ရှမ်းပါတီကလူတွေကိုလည်း ပဲ ဝန်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ ရခိုင်ဝန်ကြီးချုပ်ကို ဦးညီပု ရာ ထားတယ် ဆိုတာ နဂိုကတည်းက ကျနော်တို့ အနိုင်ရပါတီကလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံနဲ့လည်း ညီတယ်။ ဒါကြောင့်မို့လို့ ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ပြီးပြီ။ သို့သော် အဲ့ဒီ့မှာ တခြားပါတီတွေရှိတယ်။ တခြားပါတီက ပုဂ္ဂိုလ်တွေကိုရော အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့မှာ သူတို့ကို ထည့်ပြီး စဉ်းစားထားတာရှိပါတယ်။"

NLD က တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့တော့ အများကခန့်မှန်းထားတဲ့ အမည်စာရင်းတွေထဲမှာ NLD နာယက သူရဦးတင်ဦးက မဖြစ်နိုင်ဘူးလို့ ဦးဝင်းထိန်က သတင်းဌာနတခုကို အခိုင်အမာပြောကြားခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့ လွှတ်တော်မှာ NLD က တင်သွင်းမယ့် ဒုသမ္မတလောင်း အမည်စာရင်းတွေထဲမှာ လက်ရှိ ထိပ်ဆုံးက ခန့်မှန်းခံထားရသူတွေကတော့ ဦးထင်ကျော်နဲ့ ဒေါက်တာ မျိုးအောင်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသူတွေအဖြစ် လူအများက ယူဆထားပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/nld-goverment-nomination-/3220422.html

ရန်ကုန်မြို့ရှိ ငွေလဲလှယ်ရေး ဈေးကွက်တစ်ခုတွင် အမေရိကန်ဒေါ်လာများ လဲလှယ်နေစဉ် (ဆင်ဟွာ)

 ဒေါ်လာဈေးအကျကြမ်းမှု ဗဟိုဘဏ်စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်းဆို

    ရန်ကုန်၊မတ် ၄ ရက် (ဆင်ဟွာ)

    ဒေါ်လာဈေးနှုန်းများ တစ်ဒေါ်လာလျှင် ကျပ်၁၂၄၇ မှ ကျပ် ၁၂၀၀ အောက်အထိ ကျဆင်းသွားပြီး အတက်အကျကြမ်းသည့် အတွက် ဗဟိုဘဏ်ဘက်မှ စောင့်ကြည့် ထိန်းသိမ်းရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးသန်းလွင်က ဆင်ဟွာကိုပြောသည်။

ဦးသန်းလွင်က “ကမ္ဘာမှာလည်းဒေါ်လာဈေးက ကျနေတယ်။ မြန်မာမှာတော့ ကောလဟာလ တွေပါရှိတော့ ဈေးက ပိုကျသွားတယ်။ ဒီလိုအနေအထားမှာ ဗဟိုဘဏ်က ထိန်းကျောင်းပေးဖို့ လိုအပ်တယ်။ ဒေါ်လာဈေးအရမ်းကျရင် ဗဟိုဘဏ်က လိုက်ဝယ်ပေးတာမျိုး ၊ ဒေါ်လာဈေးအရမ်းတက်ရင် ဗဟိုဘဏ်က ထုတ်ရောင်းတာမျိုးလုပ်သင့်တယ်။ ဗဟိုဘဏ်က ဈေးကွက်ထဲဝင်လာရင်တော့ အတက်အကျကြမ်းတာ တွေက ရပ်တန့်သွားမှာ ဖြစ်တယ်’’ ဟုပြောသည်။

၎ရက်အတွင်း ဒေါ်လာဈေးက တစ်ဒေါ်လာလျှင် ၁၂၄၇ ကျပ် မှ ၁၁၈၅ ကျပ် လောက် အထိ အနိမ့်ဆုံးကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့်လေ့လာသူဦးစန်းဝင်းက “ ဒီနေ့ကျတာကတော့ အကြမ်းဆုံးပဲ။ ဗဟိုဘဏ်ကတော့ ပုဂ္ဂလိကဘဏ်တွေကို ခေါ်တွေ့တယ်လို့ကြားတယ်။ တကယ်ကတော့ အခုလို အတက်အကျကြမ်းတဲ့ အချိန် ဗဟိုဘဏ်အနေနဲ့ ပြင်ပပေါက်ဈေးကို မျက်ခြည်ပြတ်မခံပဲ ထိန်းကျောင်း ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။’’ ဟုပြောသည်။

ယနေ့မတ်လ၄ရက်နေ့တွင် ဒေါ်လာဈေးသည် နံနက်ဘက်တွင် ကျပ် ၁၂၁၀ လောက်မှ ၁၁၈၅ ကျပ် အထိ အနိမ့်ဆုံး ကျဆင်းခဲ့ပြီး ညနေ ၅ နာရီ ခန့်တွင် တစ်ဒေါ်လာကို ၁၂၀၅ ကျပ်အထိ ဈေးပြန်မြင့်လာခဲ့သည်။ ဗဟိုဘဏ် မှ ယနေ့တစ်ဒေါ်လာပေါက်ဈေး ကျပ် ၁၂၃၄ ဖြင့် ဈေးဖွင့်ခဲ့သည်။
ဦးစန်းဝင်းက “ဈေးကတော့ ထပ်မကျနိုင်ဘူးထင်တယ်။ ညနေဈေးပြန်တက်ရတာကလည်း အိတ်စပို့သမားတွေ ကလုံးဝမကိုက်တော့ ထုတ်မရောင်းကြတော့ဘူး။ အဲ့ဒီ့မှာ ဈေးက နည်းနည်းပြန်တက်လာတာ’’ ဟုပြောသည်။

(Xinhua)
http://www.xinhuamyanmar.com


Breaking 4 March 2016 07:31

မတ်လ ၃ရက်နေ့ ၂၀၁၆ ရက်နေ့ က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်၊ ပန်ဖလီ နယ်မြေ၊ ဝတ်စီဝါရီနွဲ့လမ်း ၊ နိရန်ဝီ ရပ်ကွက် ၁၂ နှစ်မှာ နေထိုင်နေသည့် မြန်မာ အမျိုးသမီးတဦး သတ်ဖြတ်ခံရကာ အလောင်းကို မီးရို့ ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ထိုင်းရပ် အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။


မီးရှို့ခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး ဟာ မအေးသန်း အသက် (၄၀) ဖြစ်ပါတယ်။ အလောင်းကို မီးလောင်ကျွမ်းလို့ အရိုးမျှသာ ကျန်ပါတော့တယ်။

ထိုင်း ရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကို ခေါ်ယူ စစ်ဆေးမေးမြန်းရာမှ မသင်္ကာ ရသူ အား ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။

မင်းချစ်ဦး အသက် (၃၀)နှစ် ရဲ့  ဘောင်ဘီအိပ်အတွင်း သေဆုံးသူရဲ့  တကျပ်သားရွှေဆွဲ ကြိုးကို ရှာဖွေတွေ့ သွားခဲ့ ပြီး တရားခံက အမျိုးသမီးကို သတ်ခဲ့ကြောင်း ဝန်ခံပါတယ်။

အခင်ဖြစ်တဲ့နေ့ က သေဆုံးသူ နဲ့  စကားများရာက အမျိုးသမီးရဲ့ ဦးခေါင်းကို ထုရိုက်ပြီး သေဆုံးသွားတဲ့နောက် အမှုဖုံးကွယ်ရန် အလောင်းကိုမီးရှို့ ခဲ့ကြောင်း ဝန်ခံပါတယ်။

Thairath
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW



လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်အနီး အနော်ရထာလမ်းမပေါ်တွင် မတ်လ ၄ ရက် ည ၈ နာရီခွဲဝန်းကျင်က ၁၂၄ ခရီးတင်လိုင်းကားနှင့် မစ်စူဘီရှီ လုပ်ငန်းသုံးယာဉ်ငယ်တို့ ယာဉ်လမ်းကြောင်းလုရာမှ ကတောက်ကစဖြစ်ပွားကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။


၁၂၄ ခရီးတင်လိုင်းကားမှ ယာဉ်မောင်း(ပါ )ယာဉ်နောက်လိုက် ၃ ဦးနင့် မစ်စူဘီရှီယာဉ်မောင်းတို့ အပြန်အလှန် ရိုက်ကြရာ မစ်စူဘီရှီမှ ယာဉ်မောင်းမှာ ခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ခရီးသည်တင်ကားမှ ယာဉ်နောက်လိုက်နှစ်ဦးထွက်ပြေးသွားခဲ့ကြောင်း၊ ယာဉ်မောင်းအား
လမ်းမတော်မြို့နယ်ရဲစခန်းသို့်ခေါ်ဆောင်ထားကြောင်း၊ ယင်းအပြင် ဒဏ်ရာရရှိသူကိုလည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းထားကြောင်းသိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေများအား စစ်ဆေးနေပြီး အသေးစိတ် မသိရသေးကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 အေအေ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ။
ဖေဖေါ်ဝါရီ ၄ ရက် သောကြာနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် ထဲမှာ အစိုးရ စစ်တပ် ရဲ့ ကားတန်းကို ရခိုင် လက်နက်ကိုင် အေအေတပ် က ဆီးကြို တိုက်ခိုက် ခဲ့ပြီး တိုက်ပွဲ ၃ နာရီ ဝန်းကျင် ဖြစ်ပေါ် ခဲ့တယ် လို့ အေအေ တပ်ဘက် က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က လူ အယောက် ၃၀ ကျော် သေဆုံး ခဲ့တာမှာ ဒုတပ်ရင်းမှုး အဆင့် တစ်ယောက် လည်း ပါဝင် တယ် ဆိုပြီး အေအေ ဘက်က ပြောပေမယ့် အစိုးရ စစ်တပ် ဘက်က အတည်ပြု ချက် တော့ မရရှိ သေးပါဘူး။

မတ်လ ၁ ရက်နေ့ က စပြီး နှစ်ဘက် ထိတွေ့ ပစ်ခတ်မှု တွေ ဆက်တိုက် ဖြစ်နေခဲ့တယ် လို့လည်း အေအေပြောခွင့်ရ ဦးခိုင်သုခ က ဆိုပါတယ်။

တခါ၊ အေအ လက်နက်ကိုင် တပ်နဲ့ ဆက်စပ်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲမှု နဲ့ အဖမ်းဆီး ခံထားရ သူတွေ ရခိုင် ပြည်နယ် ထဲမှာ အယောက် ၅၀ ကျော် ရှိနေပြီ လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ့ ထဲက တချို့လည်း ထောင်ဒဏ် တွေ ချမှတ် ခံခဲ့ ရတာ မှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဘူသီးတောင် မြို့နယ် တရားရုံး ကနေ လူ ၄ ဦး ကို မတရားသင်း အက်ဥပဒေ နဲ့ ထောင် ၃ နှစ် ချ ခဲ့ ပါတယ်။

စစ်တွေ နဲ့ ကျောက်တော် မြို့ တရားရုံး တွေ မှာလည်း ဒါဇင် နဲ့ ချီ တဲ့ လူတွေ ကို ရုံးထုတ် နေကြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အဂတိလိုက်စားမှု စွပ်စွဲ၊ နုတ်ထွက်ပေးဖို့ တောင်းဆို
မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့ အထဲမှာ ပြိုင်ဘက် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေ ပူးပေါင်း ပါဝင်လာကြပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက် ရဲ့ ဘဏ်စာရင်းထဲမှာ အမေရိကန် ဒေါ်လာ သန်း ၆၈၀ တွေ့ရှိပြီးနောက်မှာ သူ့ကို အကျင့်ပျက် လာဘ် စားတယ်လို့ စွပ်စွဲပြီး အခုလို ရာထူး နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကတော့ ပြည်သူတွေ စိုးရိမ်ပူပန် နေကြတာက တိုင်းပြည်ကို ကြီးကြီးမားမား ဖျက်ဆီးသူ တယောက်က တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ အချက်ကို စိတ်ပူနေကြတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကို ခွင့်လွှတ်လိုက်ရင် နောင်မှာ ဒီ့ထက် ပိုဆိုးလာလိမ့်မယ် လို့လည်း သူက ဆိုပါတယ်။

ဝန်ကြီးချုပ် မစ္စတာရာဇက် ကတော့ အဲဒီငွေတွေဟာ နိုင်ငံရေးရန်ပုံငွေအဖြစ် လှူဒါန်းလို့ ရရှိထားတာလို့ ဆိုပေမယ့် တခြားသူတွေကတော့ ဒါဟာ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုတွေထဲက ကဲ့ယူထားတာလို့ ဆိုနေပါတယ်။

လက်ရှိအာဏာရပါတီ၊ အတိုက်အခံပါတီနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ စုပေါင်းထုတ်ပြန်တဲ့ပူးတွဲ ကြေညာချက်ထဲမှာ တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ နာဂျစ် ရာဇက်ခေါင်းဆောင်တဲ့ အစိုးရလက်ထဲကနေ မလေးရှားကို ကယ်တင်ဖို့ အားလုံး ပူးပေါင်း ပါဝင်ကြပါလို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဘရာဇီး နိုင်ငံမှာ အစိုးရပိုင် ရေနံကုမ္ပဏီ Petrobras ရဲ့ မသမာမှုတွေနဲ့ ဆက်နွယ်ပြီး သမ္မတဟောင်း လူလာ (Luiz Inacio Lula da Silva) ကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေး ခဲ့ပြီး သူ့ရဲ့ နေအိမ်ကိုလည်း စီးနင်း ရှာဖွေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ၃ နာရီကြာ မေးမြန်းခဲ့ပြီးနောက် မစ္စတာ လူလာကို ပြန်လွှတ် ပေးခဲ့ပါတယ်။ မစ္စတာ လူလာကတော့ သူ့အပေါ် စွပ်စွဲမှုတွေကို ငြင်းဆို ပါတယ်။

ဘရာဇီး နိုင်ငံမှာ ပက်ထရို ဘရက်စ် ရေနံကုမ္ပဏီ အတွင်းက အကျင့်ပျက် ခြစားမှုတွေကို ကာလ အတန်ကြာ စုံစမ်း စစ်ဆေး နေတာ ဖြစ်ပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ မစ္စတာ လူလာဟာ တရားမဝင် ခံစားခွင့်တွေ ရယူခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် သူ့အပေါ် စွဲချက် တစုံတရာ စွဲဆိုတာတော့ မရှိသေးပါဘူး။

ရီယို ဒီဂျနေးရိုး၊ ဆော်ပေါ်လိုနဲ့ ဘာဟီယာ ပြည်နယ်တွေထဲမှာ ရှာဖွေဝရမ်း ၃၃ ခု၊ ဖမ်းဆီးဝရမ်း ၁၁ ခုနဲ့ ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဘရာဇီး အာဏာပိုင်တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဘူးသီးတောင် မြို့အဝင်ဆိုင်းပုဒ်ကို တွေ့ရစဉ်။ Photo: Min Thein Aung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရက္ခိုင့်တပ်မတော် AA အဖွဲ့နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၄ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ ဘူးသီးတောင်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။

အမိန့်ချမှတ်ခံရသူတွေဟာ မင်းပြားက ၂ဦး၊ မြောက်ဦးက ၁ ဦးနဲ့ ဘူးသီးတောင်က ၁ဦး တို့ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အမှုကိုကူညီဆောင်ရွက်ပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး သံဃာတော်အဖွဲ့ရဲ့ အတွင်းရေးမှူးဆရာတော် အရှင်သာဂရက မိန့်ပါတယ်။

"မနေ့က မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ ထောင် ၃ နှစ် ချမှတ်လိုက်တယ်၊ အကုန်လုံးစုစုပေါင်းက ၄ ယောက်ခင်ဗျ၊ ဘူးသီးတောင်ထောင်မှာပဲ ချထားတယ်လို့ သိရပါတယ်"

ပြစ်ဒဏ်ချမှတ်ခံရသူ ၄ဦးထဲမှာ ရက္ခိုင့်တပ်မတော်က ဒုတပ်ကြပ်အဆင့်ရှိသူ ၂ဦး နဲ့ တပ်သားအဆင့်ရှိသူ ၂ဦးဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ဘူးသီးတောင်မြို့နယ်ကနေ ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဇူလိုင်လတွေမှာ အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်တရားရုံးမှာ ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ၃ ဦးကို ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် အမှတ်- ၆၃ ၊ ၆၄ တို့မှာ မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီနေ့ ရေးသားထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese

ရှမ်းပြည်ညီညွတ်ရေးကော်မတီကနေ  ဥက္ကဋ္ဌသစ် အဖြစ် ဦးခွန်ထွန်းဦးကို တင်မြှောက်ခဲ့။
ရှမ်းပြည်ညီညွတ်ရေးကော်မတီကနေ ဥက္ကဋ္ဌသစ် အဖြစ် ဦးခွန်ထွန်းဦးကို တင်မြှောက်ခဲ့။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ရဲ့ ညီလာခံကို ရန်ကုန်မြို့မှာ ၃ ရက်တာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ တားမြစ်ချက်ကြောင့် ညီလာခံရပ်နားလိုက်ပြီး ဒီကနေ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLDရုံးမှာ အလွတ်သဘော ဆက်လက်ဆွေးနွေးကြပါတယ်။ ဒီနေ့ ဆွေးနွေးချက်တွေမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူထုအခြေပြုအဖွဲ့အစည်း ၈ခု ပါဝင် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဒီလ ၃ရက်ကနေ ၅ရက်နေ့အထိ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ပထမနေ့ အစည်းအဝေးပြီးဆုံးချိန်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေက တားမြစ်ခဲ့တာကြောင့် အစည်းအဝေးကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်နားခဲ့ရတဲ့အကြောင်းကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

" အစည်းအဝေးကို သုံးရက် လုပ်ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ Micasa မှာ လုပ်နေတုန်းပဲ စရခ ကနေပြီးတော့မှ ကျနော်တို့အစည်းအဝေးထဲကို ဝင်ခွင့်တောင်းတယ်။ ကျနော်တို့ ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်မပေးတဲ့ အတွက်ကြောင့်မို့လို့ သူတို့က ဟိုတယ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို သွားပြီး ဖိအားပေးပါတယ်။ ခွင့်ပြုချက်မရှိပဲ အစည်းအဝေး လုပ်တယ်ဆိုပြီးတော့ ကျေန်ာတို့ကို အစည်းအဝေး ရပ်နားဖို့ တောင်းဆိုတယ်။ အဲ့ဒီ့တော့ ခင်ဗျားတို့ ပိတ်မယ်ဆိုရင် စာရေးပေးပါလို့ ပြောတယ်။ စာရေးမပေးဘူး။ မရေးပေးတဲ့အတွက် ကျနော်တို့လည်း မနားဘူးပေါ့နော်။"

အစည်းအဝေးရပ်နားပြီးချိန်မှာ အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးရုံးမှာ အစည်းအဝေး ဆက်လက်ကျင်းပဖို့ စာတင်ခိုင်းခဲ့ကြောင်း၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးရုံး စာတင်ရာမှာ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာလိုအပ်ကြောင်းနဲ့ ဒီလို တောင်းဆို တာကလည်း ညွှန်ကြားချက်အရ တောင်းဆိုတာဖြစ်ကြောင်း အကြောင်းပြန်ခဲ့ တယ်လို့ ဦးစိုင်းလိတ်ကပြောပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကောင်စီ အစည်းအဝေးကို Summit Parkview ဟိုတယ်မှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ရာမှာတော့ ဟိုတယ်မန်နေဂျာကို ဖိအားပေးတာကြောင့် အစည်းအဝေးကို ရပ်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။

" အဲ့တော့ ခင်ဗျားတို့ ညွှန်ကြားချက်က ကျနော်တို့ နိုင်ငံရေးပါတီနဲ့ မပတ်သက်သလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကျနော်တို့ မိတ်ဆွေ မဟာမိတ်အဖွဲ့အစည်းများနဲ့ ဘာမှ မပတ်သက်ဘူး။ ခင်ဗျားတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲ့တာကို ကျနော်တို့ လိုက်ပြီး တာဝန်ယူဆောင်ရွက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ Summit Parkviewမှာ အစည်းအဝေး ဆက်လုပ်မယ်လို့ ပြောပြီး ထွက်လာတယ်။ ဒါပေမဲ့ Summit Parkview ရောက်တော့ မန်နေဂျာက ကျနော်ကို ဖုန်းလှမ်းဆက်တယ်။ သူ့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖိအားပေးလို့ တကယ်လို့ ခွင့်ပြုချက် မတင်ပဲနဲ့ အစည်းအဝေး လုပ်မယ်ဆိုရင် သူတို့ဟိုတယ်ကို အရေးယူဖို့ရှိတယ်။ အဲ့တာကြောင့်မို့ သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ဆိုတော့ ကျနော်တို့ အစည်းအဝေးကို ဒီကို ရွှေ့လိုက်ရတယ်။"

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)ရဲ့ အစည်းအဝေးဟာ ၅ကြိမ်မြောက်ဖြစ်ပြီး အရင်၎ကြိမ်ကတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအချိန်တွေကတော့ အာဏာပိုင်တွေက တားဆီးကန့်ကွက်တာ မရှိကြောင်းလည်း ပြောပါတယ်။

ဒီကနေ့မှာတော့ ဆွေးနွေးဖို့ ကျန်ရှိနေတဲ့အချက်တွေကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLDရုံးမှာ ဆက်လက်ဆွေးနွေးခဲ့ပြီး အဓိက ဆွေးနွေးတာတွေ ကို ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြုပြင်ပဲနဲ့ ဆက်လုပ်သွားလို့မရဘူး။ အဲ့တော့ ဥပဒေပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်။ အဲ့တာကြောင့်မို့လို့ NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျနော်တို့ CSSU အဖွဲ့နဲ့ တခြားသော အဖွဲ့အစည်းများ အကုန်လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်။ နောက်တချက်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ၊ တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ကိစ္စတွေ အကုန်လုံးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့တွေ့ဆုံ ဆွေးနွေးအဖြေရှာသွားဖို့ကို လုံးဝ အာသီသရှိတယ်။ အဲ့ဒီ့အပေါ်မှာပဲ ယုံကြည်စွာနဲ့ ဆက်လက်ရပ်တည်သွားဖို့ရှိတယ်။"

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ TNLA ခေါ် ပလောင်တပ်နဲ့ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့အကြား ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေကြောင်းလည်း RCSS/SSA တောင်ပိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးကြီး စိုင်းလှက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

" ဒီတိုက်ပွဲတွေကို ရပ်တန့်ဖို့လည်း ကျနော်တို့ရှိပါတယ်။ ရပ်တန့်အောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်။ မကြာခင်ပိုင်းမှာ ကျနော်တို့ တိုက်ရိုက် ပဋိပက္ခဖြစ်နေတဲ့ ကျနော်တို့ နှစ်ဦးနှစ်ဘက် တိုက်ရိုက်တွေ့ဆုံပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။"

ဒီနေ့ပြီးဆုံးသွားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)ရဲ့ ညီလာခံမှာ ရှမ်းပြည်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီကို အဖွဲ့ဝင်သစ်အဖြစ် အတည်ပြုလက်ခံခဲ့သလို နောက်ပိုင်းမှာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မိုးဇော်/VOA
http://burmese.voanews.com/content/shan-nationalities-council-cssu-meeting-hindered-by-security-reasons-/3219600.html

ဓာတ်ပုံ- အီးပီအေ

ချင်းမိုင်၊ မတ် ၄ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းအမျိုးသားလွတ်တပ်မတော်(TNLA)တို့နှင့် အစိုးရ စစ်တပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာသည်ဟု သိရသည်။

နမ်ခမ်းမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေသို့ အစိုးရ စစ်တပ်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသဖြင့် မတ်လ ၃ ရက် နံနက် ၇ နာ၇ီမှ မွန်းလွဲပိုင်း ၂ နာရီချိန်ထိ တိုက်ပွဲ ဖြစ်ပွားလာသည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းကနေ ကျနော်တို့ တပ်ရင်း ၈နဲ့ တိုက်ပွဲဖြစ်တယ်။ ပန်းဆဲပြည်သူ့စစ်တွေ နေတဲ့ နေရာဘက် ကျနော်တို့ ရင်း ၈ နဲ့ ၉ က အဖွဲ့ ၃ ဖွဲ့ ခွဲပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်နေတာ ဒီမနက်တော့ အစိုးရ စစ်တပ်နဲ့ ပေါင်းပြီးတော့ ကျနော်တို့နဲ့ ခုန ၃ နာရီကျော်ထိ တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ၂ နာရီနဲ့ ၃ နာရီကြားမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်”ဟု KIA တပ်မဟာ ၄ မှ ဒုဗိုလ်မှူးကြီး ဇော်ဂမ်က မဇ္ဈိမကို ပြောသည်။

နမ်ခမ်းမြို့ အထက် ဆင်လီတောင်(ဒေသအခေါ် ပန်းဆဲတောင်)တွင် ပန်းဆဲပြည်သူ့စစ်မှ အကာအကွယ်ပေးထားသော ဘိန်းစိုက်ခင်း အများအပြားရှိနေသဖြင့် KIA က အဖွဲ့ ၂ ဖွဲ့ခွဲ၍ ဘိန်းခင်းများ ပျက်ဆီးနေရာ အစိုးရ စစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကျနော်တို့ဘက်က ဘိန်းတိုက်ဖျက်ဖို့ သွားနေတာ။ အစိုးရ စစ်ကြောင်းနဲ့တွေ့တာ။ ဒီဘက်မှာက လူထုအခြေပြု တိုက်ဖျက်ရေးအဖွဲ့တွေ ဝင်လို့မရတဲ့နေရာဖြစ်တယ်။ ပန်းဆဲပြည်သူ့စစ်တွေ သူတို့ လုံခြုံရေးယူပြီးတော့ စိုက်စားတဲ့ ဘိန်းခင်းတွေ ဖြစ်တယ်။ ကျနော်တို့ ဘိန်းသွားဖျက်ပေးတော့ ကျနော်တို့ ရှိတဲ့ဘက် လက်နက်နဲ့ပစ်တယ်။ ဒီနေ့က အစိုးရ စစ်ကြောင်းတွေကို အင်အားဖြည့်လာပြီးတော့ တိုက်ပွဲဖြစ်တာ”ဟု ဒုဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

ဆင်လီတောင်ရှိ ဘိန်းခင်းများတိုက်ဖျက်ရန် အစိုးရ ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ထားသဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များအနေဖြင့် ဝင်ရောက် တိုက်ဖျက်နိုင်ခြင်း မရှိသဖြင့် KIA တပ်များမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းချကာ သွားရောက် ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ ၄ နယ်မြေအတွင်းသို့ အစိုးရ စစ်အင်အား ထောင်ချီ တိုးမြင့်လာသဖြင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလာပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာဖွယ်ရှိနေသည်ဟု ဒု ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

“ဒီဘက်မှာတော့ အစိုးရ စစ်တပ်အင်အားတော့ တော်တော်များများ တိုးမြှင့်ထားတယ်။ တပ်မ ၃၃ နဲ့ ၆၆ တွေ ဝင်လာတယ်။ အင်အားကတော့ ၅၀၀၀ မကဘူး။ ဒီလလယ်လောက်ထိတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ဖို့ များတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် အစိုးရ စစ်တပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အစိုးရဘက်မှ ၅ ဦး ကျဆုံးမှုရှိသလို၊ မတ်လ ၃ ရက် နံနက်ပိုင်းတွင်လည်း မန်တုံမြို့နယ် မန်မောက်ကျေးရွာအနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

“ညက ၉ နာ၇ီလောက် ကျောက်မဲမြို့နယ်မှာ ဖြစ်တဲ့တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ တိုက်ပွဲမှာ အစိုးရဘက်က ၅ ဦးလောက်ကျတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဒီမနက်တော့ မန်တုံမြို့နယ်မှာ တိုက်ပွဲ ထပ် ဖြစ်တယ်။ အစိုးရ စစ်တပ်ကားအစီး ၅၀၀ လောက်ရှိတယ်။ တိုးလာတာ။ လူအင်အားကတော့ ၄၀၀၀ အထက်ရှိတယ်။ မတ်လ ၁ ရက်မှာတော့ ကျနော်တို့နေတဲ့ ဘက်ကို တောတွေမှာ ထိုးစစ်ဆင်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

TNLA ထိန်းချုပ်နယ်မြေအတွင်း အစိုးရ၏ တပ်မ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ လှုပ်ရှားနေရာမှ ယခုရက်ပိုင်းတွင် တပ်မ ၅၅၊ ၁၀၁နှင့် စကခ ၂၊ ၇၊ ၁၀ စသည့် တပ်များ ထပ်မံ တိုးမြင့်လာသဖြင့် စစ်အင်အား ၄၀၀၀ ထက်မနည်း တိုးမြင့်လာသဖြင့် TNLA နှင့် တိုက်ပွဲ နေ့စဉ် ဆိုသလို တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။

ယခုကဲ့သို့ အစိုးရဘက်မှ စစ်အင်အားတိုးမြင့်လာမှုအပေါ် ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် အနေအထား လျော့နည်းနေသည်ဟု သံသယ ရှိလာသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

“အန်ကယ်တို့ သံသယတော့ ရှိမိတယ်။ သဘောက ငြိမ်းချမ်းရေးကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းချင်တဲ့ အနေအထားတွေ နည်းနည်း နည်းနေဆိုတဲ့ ပုံစံမျိုးပေါ့လေ။ အဲဒီလိုသဘောမျိုးတော့ မြင်တယ်။ ကချင်အပေါ်မှာလည်း တပ်မဟာ ၁ တခု ဖွဲ့စည်းတဲ့ အကြောင်းလည်း သူတို့မကြေလည်ဘူးလေ။ တအာင်းတပ်၊ AA တွေအပေါ်မှာ တစ်မျိုးမြင်နေတယ်ပေါ့”ဟု သူက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စသည့် တာအင်းဒေသများအတွင်း မြန်မာတပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ ထိုးစစ်အရှိပိုမိုမြင့်တင်ခြင်းသည် မြန်မာပြည်ငြိမ်းချမ်းရေးကို ဟန့်တား ပျက်ဆီးစေသည့် လုပ်ရပ်ဖြစ်သည်ဟု TNLA က မတ်လ ၁ ရက် သဘောထားထုတ်ပြန်ထားသည်။
Mizzima - News in Burmese

၂၀၁၆ ဖေဖော်ဝါရီနှင့် မတ်လ တလလုံး (ရက် ၆၀ ခန့်)မှာ မြန်မာ့နိုင်ငံရေးဝယ်ထူးခြားသောကာလဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်လသောကာလအတွင်းဝယ် အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရ)တွင် လူဟောင်းများ ဆက်လက်အုပ်ချုပ်နေဆဲဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)သည် အသစ်ဖြစ်ပေါ်လာသောကြောင့် ဖြစ် သည်။ တနည်းပြောရလျှင် လွှတ်တော်အသစ်နှင့် အစိုးရအဟောင်း ရင်ဆိုင်တွေ့ရခြင်း ဖြစ်သည်။ အစိုးရ ဟောင်းတွင်ပါဝင်သူ အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အများစု ဖြစ်ပြီး လွှတ်တော်အသစ်တွင် ပါဝင်သူအများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် အများစုဖြစ်လေသည်။ ယခင်လွှတ်တော်အဟောင်းနှင့် အစိုးရဟောင်းလက်ထက်တုန်းကလည်း လွှတ်တော်နှင့် အစိုးရသည် သိပ်ပြီး အစေးကပ်သည်တော့မဟုတ်၊ ရံဖန်ရံခါ အငြင်းပွားမှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ အာဏာ လွန်ဆွဲပွဲများလည်း ရှိခဲ့ဖူးပါသည်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်သောကိစ္စ၊ ဒေါက်တာဆိတ်ဖွားရှာပုံတော်ကိစ္စ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီဝင်များသည် ပြည် ထောင်စုအဆင့် ဟုတ်မဟုတ် ငြင်းခုံမှု၊ ဆီးသီးဗန်းမှောက်သည့်ကိစ္စစသည်ဖြင့် ဦးရွှေမန်းနှင့် ဦးသိန်းစိန် အစိုးရ ကြား၊ ဦးခင်အောင်မြင့်နှင့် ဦးသိန်းစိန်အစိုးရကြား အငြင်းပွားကြရတာတွေလည်း ရှိပေသည်။ သို့သော် မဏ္ဍိုင် နှစ်ခုလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်၍ ထိုအငြင်းပွားမှုများမှာ ဟန်ဆောင်အငြင်းပွားမှုတွေလားဟု သံသယဖြစ်သူကဖြစ်ကြသည်။ ထိုစဉ်က ဖြစ်နေခဲ့သော နိုင်ငံရေးပုံသဏ္ဌာန်မှာ လွှတ်တော်ကတဖက်၊ အစိုးရ နှင့် တပ်မတော်က တဖက်ဆိုသော ပုံသဏ္ဌာန်ဖြစ်သည်။ လွှတ်တော်တွင် သမ္မတနှင့်လွှတ်တော်အငြင်းပွား တိုင်း တပ်မတော်သည် သမ္မတဘက်မှရပ်တည် ဆန္ဒမဲပေး၊ ထောက်ခံဆွေးနွေးတတ်တာ မကြာခဏတွေ့ရ သည်။ သို့သော် သူတို့ ဘယ်လောက်သဘောထားကွဲကွဲ အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော် ဗိုလ်ချုပ်ဟောင်းများဖြစ်နေသောကြောင့် ပြည်သူလူထုက ထိုနိုင်ငံရေးအခင်းအကျင်းကို အယုံအကြည်မရှိပါ။ ရင်မခုန်ခဲ့ကြပါ။ သို့သော် အခြေအနေကား ခြားနားခဲ့ပြီ။

၂၀၁၆ ဖေဖော်ဝါရီလဆန်းမှစ၍ လွှတ်တော်အသစ်များသည် ဖြစ်တည်လာခဲ့ပြီဖြစ်၏။ အစိုးရမှာကား မပြုတ် သေး။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း ယခင်အတိုင်းရှိနေဆဲ။ ထိုအခါတွင် အသစ်စက် စက်လွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အသစ်စက်စက်လွှတ်တော်နှင့် ဦးသိန်းစိန် အစိုးရအဟောင်းတို့ ပွတ်တိုက်မှုများ ရှိလာခဲ့လေသည်။ လွှတ်တော်သစ်၏စွမ်းဆောင်မှုကို ပြည်သူလူထုက အကဲခတ်နေကြရာ လွှတ်တော်တွင်တင်မည့် ပထမဆုံးအရေးကြီးအဆိုသည် ၅၉(စ)ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေး ဖြစ်လိမ့်မည်ဟု အားလုံးကထင်ခဲ့သော်လည်း အံသြဖွယ်ရာပင် NLD မှတင်သော ပထမဆုံးအရေးကြီးအဆိုမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပေးရေး အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့များ အား တိုက်တွန်းကြောင်း အဆိုဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်က မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက် ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံပေးရန်နှင့် ဟန့်တားနှောင့်ယှက် သူများ၏အန္တရာယ်မှ ကာကွယ်ပေးရန်တို့အပြင် ထိရောက်သော ကူညီဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက် ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုအဆိုနှင့်ပတ်သက်၍ အစိုးရ၀န်ကြီးများလွှတ် တော်တွင် လာရောက်ရှင်းလင်းခြင်းမရှိပါ။ တကယ်တော့ အစိုးရသာ တကယ်တမ်းအလုပ်လုပ်ခဲ့လျှင် ထိုအဆို မှာ တိုက်တွန်းရန်ပင်မလိုသောအဆိုဖြစ်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်သည်ဆိုခြင်းမှာ မူရင်းအားဖြင့် အစိုးရ လုပ်ရမည့်အလုပ်ဖြစ်သည်။ ထိုအလုပ်ကို ပြည်သူလူထုက မိမိအလုပ်ပျက်ခံကာအန္တရာယ်ကြားမှ လိုက်လံလုပ် အားပေးနေသည်ဆိုကတည်းက အစိုးရသည် ဘက်ပေါင်းစုံမှ အကာအကွယ်ပေးစောင့်ရှောက်ကူညီရမည် ဖြစ် သည်။ တပ်မတော်မှ လုံခြုံရေးအပြည့်အ၀တာဝန်ယူပေးရမည် ဖြစ်သည်။ ယခုကဲ့သို့ ကူသလိုလို မကူသလိုလို၊ စောင့်ရှောက်သလိုလို၊ မစောင့်ရှောက်သလိုလို လုပ်ရမည့်ကိစ္စများ မဟုတ်ချေ။ လုပ်ကိုလုပ်ရ မည့်ကိစ္စများဖြစ် သည်။ အစိုးရဘက်မှ မူးယစ်ဆေးဝါးဆန့်ကျင်သော ပြည်သူလူထုကို အကာအကွယ်အပြည့်အ၀ မပေးနိုင်သော ကြောင့်သာ လွှတ်တော်တွင် NLD က အရေးကြီးအဆိုတခုအဖြစ် တက်လာခြင်းဖြစ်သည်။ ထိုအဆိုကို အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် လွှတ်တော်သို့လာ ရောက်ရှင်းလင်းခြင်းမပြုဘဲ ပထမအကြိမ်အဖြစ်လွှတ်တော်ကို ကဏ္ဋကောစပြုခဲ့ပါသည်။

ထို့နောက် ပုလဲမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီး နောက်ပိုင်းဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံတော်စီးပွားရေးလုပ် ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ နိုင်ငံပိုင်စီမံကိန်းများကို နေရာ တကျစီမံခြင်းမပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းခဲ့လေသည်။ ၎င်းအဆိုသည် ဦးသိန်းစိန်အစိုးရကို များစွာအထိနာစေခဲ့ဟန်ရှိ၏။ ဟန်ဆောင် ပန်ဆောင်မျှပင် လွှတ်တော်သို့ လာရောက်ရှင်းလင်းမှုမလုပ်တော့ဘဲ တခါတည်းကိုယ်ပျောက်ဆေးစားလိုက် သည့်သဖွယ် ၀န်ကြီး၊ ဒုဝန်ကြီး၊ အစိုးရအဖွဲ့ဝင်များ ရှိန်းဆာယာ ပိုမောက်၍ ကိုယ်ပျောက်သွားကြတော့သည်။ ၎င်းနောက် လွှတ်တော်တွင် ဒေါ်ခင်စန်းလှိုင်တင်သွင်းသော အရေးကြီးအဆိုကို ၂၆-၂-၂၀၁၆ တွင် ပြည်သူ့ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးကြသည်။ NLD မှ စေတုတ္ထရာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒေါ်ခင်စန်းလှိုင်၏အဆိုကို ထောက်ခံဆွေးနွေးနေစဉ် တပ်မ တော်သားကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်မှူးကြီးမိုးကျော်ဦးဆိုသူက ခဏခဏဟုဆိုကာ မတ်တတ်ထပြီး ကန့်ကွက်ကြောင်း ပြောကြားသည့်အပြင် လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သော စာရင်းဇယားများ ကို ရှည်လျားစွာဖတ်ကြားပြသွားခဲ့၏။ ထိုဗိုလ်မှူးကြီး မိုးကျော်ဦးဆိုသူ မတ်တတ်ထ စကားပြောသည်နှင့် ကျန် သော ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အားလုံး မတ်တတ်ထရပ်ကာ အစုလိုက် အဝေးလိုက် ဆန္ဒပြသလို ကန့်ကွက်သလိုလို လုပ်ကြလေသည်။ ထိုဖြစ်စဉ်များနှင့် မရှေးမနှောင်းမှာပင် ပြည် ထောင်စုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဟုဆိုသော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်အစိုးရ အား ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းက ရွေးချယ်တင်မြှောက်ခဲ့သောကြောင့် ယခုလက်ရှိလွှတ် တော်သက်တမ်းတွင် သူတို့အစိုးရအနေနှင့် တာဝန်ခံဖို့မလိုသောကြောင့် တမင်သက်သက်အစိုးရကို ထိုးနှက် သောကိစ္စမျိုးကို လွှတ်တော်တွင်ဝန်ကြီးများအနေဖြင့် သွားရောက်ဖြေရှင်းဖို့ မလိုသည့်သဘောမျိုးပြောကြား သွားပေသည် ( RFA Burmese 26.2.2016)။ ဤနေရာ၌ ပြောကြားရန်ရှိလာသည်မှာ အချက်နှစ်ချက်ဖြစ် သည်။ နံပါတ်(၁)အချက်မှာ လွှတ်တော်အစည်းအဝေးတခု၌ အစည်းအဝေး ကျင်းပနေစဉ်အတွင်း အခြား ကိုယ်စားလှယ်တဦးက မတ်တတ်ရပ်ကာ စကားလုပြောခွင့်၊ မတ်တပ်ရပ်ခွင့်ရှိမရှိဆိုသောကိစ္စ၊ ထို့အပြင် အစုအဝေးလိုက် မတ်တတ်ရပ် ကန့်ကွက်ဆန္ဒပြမှုမျိုးကို လွှတ်တော်အတွင်း ဆောင်ရွက်ခွင့်ရှိမရှိဟူသော မေးခွန်းဖြစ်သည်။ နောက်ထပ်မေးခွန်းတခုမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် လွှတ်တော်သို့ လာရောက်မဖြေ ကြားတော့ဘူးဟု မိမိဘာသာဆုံးဖြတ်၍ ရသလားဆိုသော မေးခွန်းများဖြစ်သည်။

သာမန်စဉ်းစားဥာဏ်ဖြင့် စဉ်းစားကြည့်သောအခါတွင်ပင် လူတယောက်စကားပြော၍ မပြီးသေးမီ အလုအယက် ကြားဖြတ်၍၀င် ပြောခြင်းသည် လူကြီးလူကောင်းမပီသမှု တမျိုးအဖြစ် လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ကြပေ သည်။ လွှတ်တော်တွင်းသို့ရောက်နေသော ကိုယ်စားလှယ်များမှာလည်း ထို Ethic မျိုးရှိသင့်သည်ဟု ယူဆပေ သည်။ အကယ်၍ ကိုယ်စားလှယ်တယောက်ပြောနေသော ပြောဆိုချက်များကို မိမိသဘောမတူပါက ထိုကိုယ် စားလှယ်စကားဆုံးအောင်စောင့်ဆိုင်းပြီး ထိုသူပြောဆိုပြီးစီးသွားပါမှ လွှတ်တော်ဥက္ကဋ္ဌအား ခွင့်တောင်းကာ မတ်တတ်ရပ် စကားပြောသင့်ပေသည်။ ကန့်ကွက်စရာရှိလျှင်လည်း ထိုအခါမှအကျိုးနှင့်အကြောင်းနှင့်ရှင်းလင်း တင်ပြရပေမည်။ ကလေးများ စကားလုပြောသကဲ့သို့ မလုပ်သင့်ဟုထင်ပါသည်။ ထို့အပြင် မိမိအစုအဖွဲ့မှ လူ တယောက်က မတ်တတ်ထသည်နှင့်အားလုံး ၀ိုင်းအုံမတ်တတ်ရပ်ဆန္ဒပြကြသည်မှာလည်း လွှတ်တော်ကိုလည်း ကောင်း၊ လွှတ်တော်ဥက္ကဋ္ဌကိုလည်းကောင်း မလေးစားသောလုပ်ရပ်များဖြစ်သည်။ ထိုလုပ်ရပ်ကို နမူနာယူ၍ တပ်မတော်သားလွှတ်တော်အမတ်များ လွှတ်တော်တွင်း စကားပြောနေစဉ် ပါတီတခုမှ ကိုယ်စားလှယ်များက အစုလိုက်အပြုံလိုက် ၀ိုင်းဝန်းမတ်တတ်ရပ် ကန့်ကွက်ခဲ့လျှင် တပ်ကိုယ်စားလှယ်များသည် သဘောထားကြီး ကြီးနှင့် သည်းခံနိုင်ကြမည်လားဟု မေးခွန်းထုတ်လိုပါသည်။ အမြင်မတူမှုဆိုသည်မှာ မည်သည့်ကိစ္စတွင်မဆို ရှိတတ်သောသဘောရှိရာ မိမိအဖွဲ့၏အမြင်နှင့်မကိုက်ညီသည်နှင့် ၀ိုင်းဝန်းအားလုံးမတ်တတ်ရပ်ကန့်ကွက်ကြ ခြင်းမှာလည်း မဖြစ်ထိုက်သော အပြုအမူဖြစ်၍ ဂိုဏ်းဂဏ၀ါဒကို ကျင့်သုံးနေသလိုရှိပါသည်။ သူရ ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌဖြစ်နေစဉ်ကလည်း လွှတ်တော်တွင်းဆွေးနွေးမှုတခုတွင် အစုအဖွဲ့အလိုက် ဆန္ဒပြသလို တုံဏိ ဘာဝေလုပ်နေပါက လွှတ်တော်ထဲမှထွက်သွားရန် ဥက္ကဋ္ဌအနေဖြင့် ညွှန်ကြားခွင့်ရှိကြောင်း သတိပေးခဲ့ဖူးပါ သည်။ ထို့ကြောင့် နောင်လာမည့် ငါးနှစ်သက်တမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားရွေး ကောက်ခံကိုယ်စားလှယ်များ ယခုထက် ပိုမိုပြင်းထန်သော ငြင်းခုံမှုမျိုး ကြုံလာရကောင်းကြုံ လာနိုင်သော နိုင်ငံတော်အရေးကိစ္စများရှိ လာနိုင်သည်ဖြစ်ရာ လွှတ်တော်တွင်းဆွေးနွေးမှုများသည် ပါလီမန် ဒီမိုကရေစီလွှတ်တော်အစည်းအဝေးများကဲ့သို့ အသက်ဝင်လှုပ်ရှားကာ စိတ်ဝင် စားစရာများကောင်းလာပြီ ဖြစ်သည်။

ယခင် လွှတ်တော် အဟောင်းတုန်းကတော့ ဒီလူနှင့် ဒီလူ နှစ်သင်းခွဲကန်သော ဘောလုံးပွဲ တပွဲကိုကြည့်ရ သလိုရှိရာ ဂိုးဝင်အောင်မသွင်းကြဘဲ အချိန်ကုန်အောင် လူပေးကစားနေကြသဖြင့် အားလုံးကောင်းပါသည် ဟူသော စကားမှတပါး လွှတ်တော်တွင်မကြားရဖူးပေ။ တပ်မတော်သားလွှတ်တော် အမတ်များသည် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီကိုဝေဖန်လျှင် ဆတ်ဆတ်ခါအောင်နာတတ်သော စိတ်အခံကိုပြု ပြင်ယူရမည်ဖြစ်သလို NLD အမတ်များသည်လည်း အဆိုတရပ်ကိုထောက်ခံဆွေးနွေးရာတွင် မူရင်းအဆိုနှင့် မသက်ဆိုင်သော နိုင်ငံရေးစိတ်ခံစားမှုများကို ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။ နောက်နောင်တွင် လွှတ်တော် အတွင်း၌ ကာကွယ်ရေး ဘတ်ဂျက်အတွက် ဆွေးနွေးမှုများတွင် ယခုထက်အချေအတင် ဆွေးနွေးရသောကိစ္စ များပေါ်ပေါက်လာနိုင်သည်ဖြစ်ရာ စစ်သားစိတ်၊ အရပ်သားစိတ်များကိုဖျောက်ဖျက်၍ လွှတ်တော်ကိုယ်စားလှယ် စိတ်ဖြင့် နိုင်ငံအတွက် အလုပ်လုပ်ကြဖို့လိုမည်ဖြစ်သည်။

နောက်ထပ်ပြောစရာဖြစ်နေသောကိစ္စမှာ အစိုးရသည် ယခင်လွှတ်တော်အဟောင်းကိုသာ တာဝန်ခံရမည်ဖြစ်ပြီး လွှတ်တော်အသစ်ကို တာဝန်ခံစရာမလိုသဖြင့် လွှတ်တော်သို့လာရောက်ဖြေကြားရန်မလိုဟူသော အယူအဆ ဖြစ်သည်။ ထိုအယူအဆမှာ ဆင်ဝှေ့ရန်ရှောင် ၀ါဒ၊ မိုးကြိုးပစ်ထန်းလက်နှင့်ကာ အယူဝါဒသာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၃ တွင် ''နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရ မည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတဆင့် ပြည်ထောင်စု လွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်''ဟု အတိအလင်းရေးသားထား ပေသည်။ ထိုသို့ ရေးသားထား ရာတွင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဟု ရေးသားထားသဖြင့် ပထမအကြိမ်ပြည်ထောင်စုလွှတ် တော်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်စသည်ဖြင့် လက်လီစိပ်ပြောဆိုနေရမည့်အရေးမဟုတ်ပေ။ သမ္မတသည် လက်ရှိတည်မြဲနေသော လွှတ်တော်ကိုတာဝန်ခံရမည်မှာ ရှင်းလင်းနေသောကိစ္စဖြစ်သည်။ ဥပမာ အားဖြင့် စစ်ဘက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်အပြီး အပြတ်ဖြစ် သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃(ခ)ကဆိုရာ၌ ယခင်လွှတ်တော်က ခန့်ခဲ့သော တပ်မတော် ကာကွယ်ရေးဦးချုပ်လား၊ ယခုလွှတ်တော်အသစ်ကခန့်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လားဟု ဆင်ဝှေ့ ရန်ရှောင်၊ ၀ိဝါဒကွဲပြားနေစရာမလိုပေ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသည်မှာ လက်ရှိရာထူးတွင် တည် ရှိနေသော တပ်ချုပ်ကိုဆိုလိုသည်မှာ ထင်ရှားနေသလို၊ သမ္မတက လွှတ်တော်ကိုတာဝန်ခံရမည်ဆိုသည်မှာ လည်း ယခုလောလောဆယ်ရှိနေသော လွှတ်တော်ကိုဆိုလိုခြင်းဖြစ်ကြောင်း သာမန်စဉ်းစားဥာဏ်ရှိလျှင်ပင် သိနိုင်သောကိစ္စဖြစ်သည်။ ဟိုလွှတ်တော်၊ သည်လွှတ်တော်စသည်ဖြင့် ဘော်လီဘောပုတ်နေရမည့်ကိစ္စ မဟုတ်ပေ။ သမ္မတသည် လွှတ်တော်ကိုတာဝန်ခံရမည်ဖြစ်သဖြင့် လွှတ်တော်ကသိချင်တာရှိလျှင် သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုအဆင့်ဝန်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများကိုဖြစ်စေ လွှတ်တော်သို့လာ ရောက် ရှင်းလင်းတင်ပြရန် တာဝန်ရှိပေသည်။ သမ္မတသည် လွှတ်တော်ကို တာဝန်ခံရမည်ဖြစ်သောကြောင့် သမ္မတ၏လက်အောက်မှ ဒုသမ္မတများ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများသည်လည်း လွှတ်တော်ကို တာဝန်ခံရမည်မှာ ပြောစရာပင် မလိုတော့ပေ။

နိုင်ငံတော်သမ္မတ(သို့မဟုတ်) ဒုသမ္မတ(သို့မဟုတ်) ၀န်ကြီး တပါးပါးသည် ထိုသို့ လွှတ်တော်က ဖိတ်ကြားပါလျက် မသိကျိုးကျွန်ပြု၍ လာရောက်ရန် ငြင်းဆန်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ အရ လွှတ်တော် တရပ်ရပ်က စွပ်စွဲပြစ်တင်ကာ ရာထူးမှရပ်စဲကြောင်း ပြည်ထောင်စုလွှတ်တော်အကြီးအမှူးက ကြေညာနိုင်သည်ဟု ပုဒ်မ ၇၁ (ဆ) တွင် အတိ အကျ ဖော်ပြထားပါသည်။ ထို့ကြောင့်မူအားဖြင့် အစိုးရအဖွဲ့သည် လွှတ်တော်က လာရောက်ရှင်းလင်းရန် ဖိတ်ခေါ်ခြင်းကို မသိကျိုးကျွန်ပြု၍မရပါ။ ယခုအခါ ရာထူးမှ တရားဝင်ရပ်စဲရန် တလကျော်ကျော်သာလိုတော့ သဖြင့် (ဆင်းရတော့မည့်အတူတူ) အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုဒ်မ ၇၁ ကို မကြောက်ကြတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ထိုဝန်ကြီး၊ ထိုသမ္မတများ၊ ဒုသမ္မတများသည် ရာထူးလက်ခံစဉ်အခါက ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု လွှတ်တော်ရှေ့တွင် ကတိပြုထားသူများဖြစ်သည်။ မင်းမှာသစ္စာ လူမှာကတိဟုဆိုရိုးရှိသည်နှင့်အညီ မိမိသစ္စာဓိဋ္ဌာန်ပြုထားသော ကတိတခုကို တည်မြဲဖို့ တာဝန် သည် ကတိသစ္စာကိုအလေးထားသူအားလုံး၏ တာဝန်ဖြစ်သည်။ ပြုတ်ကာနီးဖြစ်၍ လွှတ်တော်အသစ်နှင့် လက်တွဲမဆောင်ရွက်နိုင်သော စိတ်ဓာတ်မှာ ကမ္ဘာတွင်မရှိသော အလွန်အမြင်တိမ်သည့်စိတ်ဓာတ် ဖြစ်ပါ သည်။

ယခင်အစိုးရ၊ ယခင်လွှတ်တော်၊ ယခင်တရားစီရင်ရေး လက်ထက်တွင် မဏ္ဍိုင်တခုနှင့်တခု သိပ်ပြီး ထိပ်တိုက် ရင်ဆိုင်ရမှုမရှိသည်မှာ အားလုံးသည် တပ်မတော်ဟူသော နောက်ခံဘက်ဂရောင်းတခုအောက်မှ ပေါက်ဖွားလာ သော အစုအဖွဲ့များဖြစ်သောကြောင့်ပင်တည်း။ ယခုအခါ သည်ပုတ်ထဲမှသည်ပဲဆိုသော ထိုဥခွံကို ဖောက်ထွက် လာသော လွှတ်တော်သစ်နှင့်၊ ဥခွံဟောင်းထဲမှ အစိုးရဟောင်းဖြစ်၍သာ ထိုသို့ ထိပ်တိုက် တိုးမှုများဖြစ်နေခြင်း ဖြစ်ကာ ဧပြီလ ၁ ရက်နေ့တွင် အစိုးရသစ်တက်လာသည်နှင့် လွှတ်တော်နှင့်အစိုးရ အငြင်းပွားမှုများနည်း သွားပြီး ၂၅ ရာခိုင်နှုန်းသောပုဂ္ဂိုလ်များနှင့်သာ အချေအတင် ဆက်လက်စခန်းသွား ရမည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)