03/15/16

ဒီမိုကရေစီစနစ်ဆီ အစပြုရုံရှိသေးတယ်၊ တပ်မတော်အုပ်စုက အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ကျရှုံးနေတယ်။

ဒီနေ့ နှလုံးရည်တိုက်ပွဲ အရည်အချင်းစစ်ပွဲမှာလည်း တဆင့်ပြုတ်ကျသွားပြန်ပြီ..။
ဒေါ်အောင်ဆန်းစုကြည် အစိုးရ အုပ်စုက သမတအရည်အချင်းစီစစ်ရေးကော်မတီကနေ တပ်မတော် အစုအဖွဲ့ကတင်တဲ့ ဒုသမတလောင်းကို (ကန့်ကွက်ချင်စရာ ဥပဒေမဲ့မှု၊ အားနည်းချက်၊ ချို့ယွင်းချက်အမြောက်အများရှိပေမယ့်) စည်းရုံးရေးအမြင်၊ အမျိုးသားရင်ကြားစေ့အမြင်၊ မိတ်ဘက်နိုင်ငံရေးအမြင်၊ အားကြီးသူအင်အားစုရဲ့ ကျင့်ဝတ်သိက္ခာနဲ့အညီ မကန့်ကွက်ပဲ သဘောတူပေးလိုက်တယ်။

တပ်မတော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးကတော့ သူတို့ထုံးစံအတိုင်းဦးထင်ကျော်ရော၊ ဦးဟင်နရီကိုပါ ကန့်ကွက်ဖြစ်အောင်ကို..ကန့်ကွက်လိုက်သေးတယ်။

ဒီမိုကရေစီမှာ သဘောထားပြည့်ဝမှု၊ နှလုံးရည်ပြည့်ဝမှုဟာသိပ်ကို အရေးကြီးတယ်။ တဖက်ယှဉ်ပြိုင်ဘက်ကို ရန်သူလို့မမြင်ပဲ အတူလုပ်ဖော်ကိုင်ဘက်၊ ထူထောင်ရေး မဟာမိတ်အမြင်မျိုးထားရှိသင့်တာပါ။

အန်အယ်လ်ဒီက တသက်လုံး ပေလိုခံခဲ့ပေမယ့် ကိုယ့်အသာစီးရခိုက်မှာ တူလိုပြန်မနှက်ပါဘူး။ အဲဒါ လေးစားစရာ၊ ဂုဏ်ယူစရာ မြင့်မြတ် နှစ်လိုဘွယ်ရာ
ဒီမိုကရေစီကိုယ်ကျင့်တရား၊ စိတ်နှလုံးသားဖြစ်တယ်။
ဒီကနေ့ကာလမှာ ကိုယ်ဘယ်နေရာမှာ ဘယ်ပုံစံနဲ့ ရပ်မလဲဆိုတာ တပ်မတော်က ကိုယ့်ဖာသာ အဖြေရှာရမှာဖြစ်တယ်။

တည်ဆောက်ရေး၊ ထူထောင်ရေးဘက် လိုက်မှာလား
ဖြိုလှဲရေး၊ ပျက်သုန်းရေးပဲ ဆက်ပြီး အာရုံစိုက်မှာလား..ကိုယ့်ဖာသာ အဖြေရှာပါ။
မြန်မာပြည်သူတွေက ဒီမိုကရေစီစိတ်ဓာတ် နှလုံးရည် ပြည့်ဝသလောက်..
တပ်တော်ခေါင်းဆောင်တွေက အဲလိုစံမမှီရင် တိုင်းပြည် အတွက် ရေရှည်မကောင်းပါဘူး..။

(ကိုညို- အော်စလို)

""ကျမတို့က သမ္မတလောင်းတွေကို ပြည်သူ့အကျိုးအတွက် တကယ်စွမ်းဆောင်နိုင်မယ့်သူတွေကို စနစ်တကျနဲ့ သေသေချာချာ ရွေးချယ်ထားတာပါ။

ဒါကို ကန့်ကွက်ကြတာ အားလုံးသိပြီးဖြစ်မှာပါ။

NLDဟာ ပြည်သူအကျိုးအတွက်၂၈နှစ်တာ လုပ်လာတဲ့တလျှောက်လုံးမှာ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့တာ တစ်ခုမှမရှိခဲ့ပါဘူး။ ပြည်သူ့အားနဲ့ ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာချည်းပဲ။

ခုလည်း ဒီလိုအခက်အခဲတွေ့တဲ့ အချိန်မှာ ပိုညီညွတ်ကြပါ။ ပိုစည်းလုံးကြပါ။ပြည်သူအားနဲ့ အောင်မြင်ရမှာပါ။

ကျမကတော့ ဘာပဲလုပ်လုပ် ဘာပဲဆုံးဖြတ်ဖြတ် ပြည်သူအကျိုးကိုပဲ ကြည့်လုပ်ပါတယ်။ ပြည်သူ့မျက်နှာကို ကြည့်ဆုံးဖြတ်တယ်။ အဓိကကတော့ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း ထာဝစဉ်အေးချမ်းစေချင်တာပါပဲ။

ရှေ့လျှောက် အလုပ်တွေအများကြီးလုပ်ရတော့မှာမို့လို့ ကိုယ်စားလှယ်တွေ ကိုယ်စိတ်ကျန်းမာအောင် ဂရုစိုက်ပါ။ ကိုယ်ကျန်းမာတာက ကာယအားစိုက်အလုပ်လုပ်နိုင်ဖို့။ စိတ်ကျန်းမာဖို့ဆိုတာက စိတ်ဓါတ်ကြံ့ခိုင်ထက်မြက်နေဖို့။

နှစ်ပေါင်းများစွာကြာမှ ရလာတဲ့အခွင့်အရေး၊ မျိုးဆက်တိုင်း ရနိုင်တာမဟုတ်တဲ့ အခွင့်အရေးကြီးကို မိမိရရဆုပ်ကိုင်ပြီး ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ရအောင် အစွမ်းကုန်ကြိုးစားစွမ်းဆောင်ပေးကြပါ....""

ဒေါ်အောင်ဆန်းစုကြည်
၁၄ မတ် ၂၀၁၆ (ညနေခင်း)
စည်ပင်ရိပ်သာ၊ နေပြည်တော်

Credit - U Tun Tun Oo
The Ladies News Journal



သမ္မတလောင်းစီစစ်ရေးအဖွဲ့ကို ( ၇ )ယောက်ဖွဲ့စည်းထားပါတယ်။NLDဘက်က အမာခံ ( ၆ )
ယောက်ပါပြီး တပ်မတော်ဘက်က ဗိုလ်ချု ပ်သန်းစိုး( ၁ )ယောက်ပဲ ပါဝင်ပါတယ်။

ဦးထင်ကျော် /ဦးဟင်နရီတို့ကိုတပ်မတော်ဘက်ကကန့်ကွက်ပြီး ဦးမြင့်ဆွေကို NLDကဘာကြောင့်
မကန့်ကွက်သလဲဆိုရင်---သမ္မတရွေး / အစိုးရဖွဲ့ / အာဏာလွှဲပြောင်းခြင်းတို့ကို သတ်မှတ်ထားတဲ့ရက်တွေထက်ပိုပြီးနှောင့်နှေးမှာစိုးလို့ပဲ ဖြစ်ပါတယ်။

ဦးမြင့်ဆွေကို NLDစီစစ်ရေးအဖွဲ့တွေက ကန့်ကွက်လိုက်မယ်ဆိုရင် တပ်မတော်ဝမ်းနည်း
နေမှာမဟုတ်ပါဘူး။ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲကိုဝင်လာလို့ အတိုင်းမသိ ဝမ်းသာနေ
ကြမှာပါ။

ဦးမြင့်ဆွေကို NLDစီစစ်ရေးအဖွဲ့ဝင်တွေ ကန့်ကွက်မိခဲ့ရင် ရှေ့ဖြစ်လာမယ့်အကျိုးဆက်လေး
တွေကတော့...ခြေဥနဲ့ညိလို့ ဦးမြင့်ဆွေကို ပယ်ချ တယ်..တပ်မတော်က ရက်ချိန်းတောင်းပြီး ခြေဥနဲ့ညိနေတဲ့နောက်တစ်ယောက်ထပ်ပြီး
တင်သွင်းမယ်။ထပ်ပြီး ပယ်ချတယ်။ရက်ချိန်းတောင်းပြီး တပ်မတော်နောက်တစ်ယောက်
တင်သွင်းမယ်။ ( ကိုရီယားဇတ်လမ်းတွဲဖြစ်အောင် )

[ ၂၀၀၈ခြေဥမှာလဲ ဘယ်နှစ်ကြိမ်ထက် ပိုမတင်သွင်းရလို့ ဥပဒေကန့်သတ်ချက် မရှိပါဘူး )
တပ်မတော် အချိန်ဆွဲဆန့်နေရိုးသမ္မတရွေး / အစိုးရဖွဲ့ / အာဏာလွှဲပြောင်း
ဘယ်အချိန်မှ လုပ်ရမလဲ မရေရာနိုင်သလိုသတ်မှတ်ချိန်ထက် နှောင့်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် တပ်မတော်ဦးမြင့်ဆွေကို ဒုသမ္မတလောင်းတင်သွင်းရခြင်းဟာ..
သမ္မတရွေး / အစိုးရဖွဲ့ / အာဏာလွှဲပြောင်းကိုဦးတည်တိုက်ခိုက်ဖို့အတွက် ထိုးကျွေးလိုက်တာ
လို့ မြင်ပါတယ်။

           ဗိုလ်ချုပ်သန်းစိုး ကန့်ကွက်ရတဲ့ ရည်ရွက်ချက်ကလဲ သူတို့ကန့်ကွက်ရင် NLDလဲ ကန့်ကွက်လိုက်မယ်လို့ ဘိုင်သေတွက်ထားပုံရပါတယ်။

 NLDကဦးမြင့်ဆွေကို မကန့်ကွက်ပဲ ထောက်ခံပေးလိုက်တဲ့အတွက်
တပ်မတော်ရဲ့ ဦးတည်ချက်တွေ ပျက်ပြယ်သွားခဲ့တယ်လို့ ယူဆပါသောကြောင့် အတိုင်းမသိ
ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း။ ။

‪#‎မင်းဆောင်းခ‬

စစ်တပ်က တင်မြှောက်တဲ့ ဒု-သမ္မတ ဦးမြင့်ဆွေကို မကန့်ကွက်ဘဲ ထောက်ခံတဲ့အပေါ်မှာ နားလည်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ ကိုယ်စားလှယ် တွေရှိရာ လွှတ်တော်စည်ပင်ဧည့်ရိပ်သာအဆောင် ၄ ကို ဒီနေ့ ညနေပိုင်းက လာရောက် တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အတွက် ဒါကို နားလည်ပေးဖို့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့တာလို့လည်း ပြောပါတယ်။

ဒီကနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်တဲ့ ဦးထင်ကျော်၊ ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့က တင်မြှောက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သား ကိုယ်စားလှယ်အစု အစုအဖွဲ့ကတင်မြှောက်တဲ့ ဦးမြင့်ဆွေတို့ကို အတည်ပြုခဲ့ပါတယ်။

အတည်မပြုခင်မှာ စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ စိစစ်ရေးအဖွဲ့ဝင် ဗိုလ်ချုပ်သန်းစိုးက ဦးထင်ကျော်နဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့အတွက် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းလည်း မလုပ်ကြောင်းရပ်တည်ခဲ့ပြီး မဲခွဲရာမှာ ခြောက်မဲတမဲနဲ့ အတည်ဖြစ်ခဲ့ပါ တယ်။

ဒါ့အပြင် ဦးဟင်နရီဗန်ထီးယူနဲ့ပတ်သက်လို့လည်း ဗိုလ်ချုပ်သန်းစိုးက မိသားစုနဲ့အတူ နိုင်ငံခြားမှာ နေထိုင်တာကို ထောက်ပြပြီး ကန့်ကွက်ခဲ့ပြီး ပြန်လည်စိစစ်ပေးဖို့တောင်းဆိုပါတယ်။ ဒါပေမယ့် မဲခွဲရာမှာ ခြောက်မဲ တမဲနဲ့ အတည်ဖြစ်ခဲ့ပါတယ်။

သမ္မတ၊ ဒုတိယသမ္မတများအရည်အချင်းစိစစ်ရေး ၇ ဦးအဖွဲ့မှာ ပြည်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသောအောင်၊ အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ တပ်မတော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး တို့ စုစုပေါင်း ၇ ဦးဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ဆွေဟာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေပြီး မိသားစုဝင်တွေ နိုင်ငံခြားသားမဖြစ်ရဆိုတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) နဲ့ ငြိစွန်း နိုင်တယ်လို့ ထင်ကြေးတွေထွက်နေသလို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို ကိုင်တွယ်မှု၊ ရန်ကုန်မြို့က စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း ဝေဖန်ခံနေရသူဖြစ်ပါတယ်။

ဒ့ါအပြင် မနက်ဖြန် သမ္မတရွေးပွဲမှာ မဲတွေကို သေချာ လုပ်ဆောင်ဖို့နဲ့ ပယ်မဲမဖြစ်အောင် သေချာ လုပ်ဆောင်ဖို့လည်း မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

တိုင်းနှင့် ပြည်နယ်အလိုက် အန်အယ်လ်ဒီကိုယ်စားလှယ်တွေက သမ္မတ ရွေးချယ်ရေးအတွက် ဒီညနေက မဲပေးနည်းတွေ လေ့ကျင့်ခဲ့ကြပါတယ်။

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးချယ်ပွဲပြီးမြောက်တဲ့အခါ ဆယ်စုနှစ်ပေါင်း များစွာ အရပ်သားသမ္မတဦးဖြစ်လာမှာဖြစ်ပြီး တွက်ချက်မှုတွေအရ ဦးထင်ကျော်ကို သမ္မတ တင်မြှောက်မယ်လို့ ရေပန်းစားနေပါတယ်။
By နော်နိုရင်း
DVB TV News

[youtube src="OcGzGeDg5SU"/]
ဒုသမ္မတ ရွေးချယ်တဲ့အခါ ပြောင်းပြန်မဖြစ်သွားအောင် သေချာမဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ မတ်လ (၁၄)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာ စားရိပ်သာ (၄)မှာ ပြုလုပ်ခဲ့ပြီး မိနစ် (၃၀)ပဲ ကြာမြင့်ခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မိုင်းတုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်ကို ပြောဆိုသွားပါတယ်။
DVB TV

SNLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်
ပြည်ထောင်စု လွှတ်တော် သမ္မတ အရည်အချင်း စိစစ်ရွေးချယ်ရေး အဖွဲ့က ဒီကနေ့ ဒုတိယ သမ္မတအဖြစ် အစုအဖွဲ့ ၃ ခုက ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် ၃ ဦးကို စိစစ်ပြီး မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော် အမတ်များ အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ သမ္မတတွေကို သမ္မတ အရည်အချင်းစိစစ်ရေး အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်က ကန့်ကွက်မဲ၊ ကြားနေမဲ ပေးခဲ့တာပါ။ အခြေခံ ဥပဒေ အရ ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာတဲ့ တပ်မတော်သား အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ သမ္မတကတော့ ကန့်ကွက်မဲ မရှိခဲ့ပါဘူး။ ဒီအခြေအနေ အပေါ် လွှတ်တော် အမတ်တွေဘယ်လို တုံ့ပြန်သလဲ ဆိုတာကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးပါမယ်။


တပ်မတော်သား အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ရန်ကုန်မြို့တော်ဝန် ဦးမြင့်ဆွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ နိုင်ငံသား ဟုတ်မဟုတ် မေးခွန်းထုတ်မှုတွေ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပေမယ့် သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့က အရည်အချင်း ပြည့်မီကြောင်း အတည်ပြုထားတာမို့ အခက်အခဲ မရှိဘူးလို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“လူတွေကတော့ အများကြီး ဝေဖန်နေကြတာပဲ ။ ကျမတို့လည်း ဝေဖန်တဲ့ အသံတွေ ကြားနေရပါတယ်။ သို့သော်လည်း ခုနက ကျမတို့ နာယကကြီး ကြေညာသွားပြီးပါပြီ။ ဦးမြင့်ဆွေရဲ့အပေါ်မှာ ဒီ စိစစ်ရေးအဖွဲ့က ထောက်ခံပါတယ်လို့ ဒီလိုပြောသွားတဲ့အတွက်ကြောင့် ကျမတို့ကြားထဲမှာတော့ ဒါဟာ ပြဿနာတခုရယ်လို့ မရှိဘူးလို့ နားလည်ပါတယ်ရှင့်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒုတိယ သမ္မတ ၂ ဦးထဲက ဦးထင်ကျော်ကို သမ္မတ ဖြစ်ရေး အဓိက မဲပေးသွားမှာ ဖြစ်တယ်လို့လည်း NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ကျမတို့အားလုံး မျှော်မှန်းထားပြီးသားပါပဲ။ အဲတော့ ကျမတို့ ဦးထင်ကျော်ကိုပဲ မဲပေးမှာပါ။”

ဒုတိယ သမ္မတတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကအခြေခံ ဥပဒေ ပြဌာန်းချက်နဲ့ တကယ်တန်း ကိုက်ညီမှု ရှိပါသလားဆိုတာကိုတော့ သမ္မတ အရည်အချင်း စိစစ်ရွေးချယ်ရေး အဖွဲ့က တင်ပြသလောက်သာ သိရှိရတာမို့ ဝေဖန်ဖို့ ခက်တယ်လို့လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။

“ဒီ စိစစ်ရေးပေါ့နော် ဒုတိယသမ္မတ အရည်အချင်း စိစစ်တဲ့အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲပေါ့နော် ။ ဒုတိယ သမ္မတတွေရဲ့ သူတို့ရဲ့ Biography အားလုံးလည်း မဖတ်ရတော့လေ ပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတာလည်း ကျနော်တို့က မသိဘူးပေါ့နော်။ ဒီ စိစစ်တဲ့အဖွဲ့ရဲ့ တွေ့ရှိချက်ကို တင်ပြလာတာပဲ ကျနော်တို့ သိရပါတယ်။ ဒီနေ့လွှတ်တော်မှာ လာတင်ပြတဲ့ကိစ္စတွေ ကျနော်တို့ သိရတယ်။ အဲဒီတော့ စိစစ်ရေးအဖွဲ့ရဲ့ အများသဘောတူ ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်တဲ့ အတိုင်းကိုပဲ ကျနော်တို့က လက်ခံပါတယ်။”

ဒီအချက်ကိုတော့ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကလည်း ထောက်ခံပါတယ်။ ဒုတိယ သမ္မတ တင်မြှောက်ခံရသူတွေထဲက ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ တဦးနဲ့ ပတ်သက်ပြီးသာ မြင်တွေ့ သိရှိထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကတော့ ဒီလိုရွေးကောက်ခံ ကိုယ်စားလှယ်တွေဘက်က တင်ပေးတဲ့ ဒုသမ္မတ ၂ ယောက်အပေါ်မှာ ဆွေးနွေးပြီးတော့ သုံးသပ်တာတွေ ရှိတယ်ဆိုတာကတော့ သူတို့အနေနဲ့ ဒီလူတွေကို ကြိုပြီးတော့ မသိထားတာကြောင့်လား။ သူတို့ သံသယဖြစ်လောက်တဲ့ အချက်အလက်တွေ ရထားသလားဆိုတာတော့ အန်ကယ်က တိတိကျကျ မပြောနိုင်ဘူးပေါ့လေ။ အဲလို အချက်တွေ ရှိနိုင်တာပေါ့။ ဒုသမ္မတ အဖြစ် ရွေးထားတဲ့ ပုဂ္ဂိုလ် ၃ ယောက် တပ်ကလာတဲ့ ဗိုလ်ချုပ်ကြီး မြင့်ဆွေကလွဲရင် ကျန်တဲ့လူတွေကို အန်ကယ်မသိဘူး။ ဗိုလ်ချုပ်ကြီး မြင့်ဆွေအနေနဲ့ကတော့ သူတို့က တပ်ဘက်က လာတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက်ကြောင့် ဒီလူနဲ့ ဆက်စပ်ပြီးတော့ ကောင်းတာရော၊ မကောင်းတာရော ဘာညာဆိုတဲ့ သတင်းတွေကတော့ ရှိနေတာပေါ့နော်။ အန်ကယ်တို့ရဲ့ ကြားရတာတွေလည်းရှိတယ်။ မကြားတာတွေလည်းရှိတာပေါ့လေ။”

ရွေးကောက်ခံ လွှတ်တော်အမတ်များ အစုအဖွဲ့ ၂ ခုက တင်သွင်းတဲ့ ဒုတိယ သမ္မတ ၂ ဦးနဲ့ ရွေးကောက်ခံစရာ မလိုဘဲ အခြေခံ ဥပဒေ လုပ်ပိုင်ခွင့် အရ တိုက်ရိုက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက တင်မြှောက်တဲ့ ဒုတိယ သမ္မတ တို့ကို ပြည်ထောင်စု လွှတ်တော် သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့က အရည်အချင်း ပြည့်မီကြောင်း မဲခွဲ အတည်ပြုလိုက်တာကြောင့် အင်္ဂါနေ့မှာတော့ သမ္မတ နဲ့ ဒုတိယ သမ္မတတွေကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မတ်လ ၁၅ ရက်နေ့မှာကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်ရာတွင် ပယ်မဲတွေ မဖြစ်စေဖို့စနစ်တကျမဲပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်တွေကိုမှာကြားခဲ့ပါတယ်။

မတ်လ၁၄ရက်နေ့ညနေပိုင်းက နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စား လှယ်များနဲ့တွေ့ဆုံရာမှာ မနက်ဖြန်ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်မယ့် သမ္မတရွေးချယ်ပွဲမဲပေးရာမှာ စနစ်တကျမဲပေးဖို့နဲ့ ပယ်မဲတွေမဖြစ်အောင်ဂရုစိုက်မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပါတယ်။


သမ္မတ ရွေးချယ်ရာမှာ ပယ်မဲများမဖြစ်စေဖို့ စနစ်တကျမဲပေးရန် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ကို ဒေါ်အောင်ဆန်းစုကြည် မှာကြား(ရုပ်သံ)မတ်လ ၁၅ ရက်နေ့မှာကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်ရာတွင် ပယ်မဲတွေ မဖြစ်စေဖို့စနစ်တကျမဲပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က NLD ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်တွေကိုမှာကြားခဲ့ပါတယ်။ မတ်လ၁၄ရက်နေ့ညနေပိုင်းက နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စား လှယ်များနဲ့တွေ့ဆုံရာမှာ မနက်ဖြန်ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်မယ့် သမ္မတရွေးချယ်ပွဲမဲပေးရာမှာ စနစ်တကျမဲပေးဖို့နဲ့ ပယ်မဲတွေမဖြစ်အောင်ဂရုစိုက်မဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပါတယ်။
Posted by Eleven Web TV on Monday, March 14, 2016
Eleven Web TV

ဓာတ်ပုံ-အီးပီအေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ကာ ပြည်သူ့လွှတ်တော်အမတ်များ၏ ထောက်ခံချက်ဖြင့် ဒုသမ္မတဖြစ်လာသည့် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို NLDက တရားဝင်မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲလားဟု ကြံ့ခိုင်ရေးပါတီက ၎င်းပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။

ဦးထင်ကျော်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ပြည်သူများအား ရင်းနှီးပွင့်လင်းစွာ ချမပြခဲ့ခြင်းမှာ အင်အားကြီးပါတီက အင်အားနည်းပါတီများကို ဖိနှိပ်သည့် အသွင်ဆောင်စေသည်ဟု ပြောဆိုလိုက်သည်။

"ပြောင်းလဲချိန်တန်ပြီဟူသော ခေါင်းစဉ်အောက်တွင် မဲဆန္ဒရှင်များ၏ နိုင်ငံသား မူလလူ့အခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲများ လုပ်လာလေပြီလား" ဟုလည်း မေးခွန်းထုတ်ထားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမည်စာရင်း တင်သွင်းသော ဦးထင်ကျော် နှင့် ဦးဟင်နရီဗန်ထီးယူတို့ နှစ်ဦး နှင့် တပ်မတော်ဘက်က အမည်စာရင်းတင်သွင်းသည့် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေတို့က လွှတ်တော် သုံးရပ်လုံး၏ အတည်ပြုချက်ဖြင့် ဒုသမ္မတအဖြစ် အတည်ပြုခံရပြီးဖြစ်သည်။

မတ်လ ၁၅ရက်တွင် ၎င်းတို့ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မဲပေးရွေးချယ် တင်မြှောက်တော့မည်ဖြစ်သည်။ ကျန်နှစ်ဦးမှာ ဒုသမ္မတ (၁) (၂)အဖြစ် ထပ်မံ အရွေးချယ်ခံရမည်ဖြစ်သည်။

ဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရဆုံးသော သူတစ်ဦးထဲတွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နှစ်ငယ်ကာ ဒဂုံ(၁)ကျောင်း၌ ပညာအတူ ဆည်းပူးခဲ့သူလည်း ဖြစ်သည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD၏ နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလွင်၏ သမီးဖြစ်ပြီး ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံထားရသူလည်းဖြစ်သည်။

Mizzima - News in Burmese

Photo credit - วันนี้ที่ แม่สอด อ.แม่สอด

ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်အတွင်း ခရီးသည်နှစ်ထပ် ဘတ်စ်ကားတစ်စီး၏ ပစ္စည်းထည့်သို့ကာ အကန့်တွင်း စုပြုံဝင်ရောက်ပြီး နိုင်ငံတွင်း ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၁ ဦးအား လုံခြုံရေးအဖွဲ့က ရှာဖွေတွေ့ရှိသည်။

ဘတ်စ်ကားတွင် လေဝင်လေထွက်ပိုကောင်းအောင် ယင်းအကန့်သည် လေပေးစက်စနစ်နှင့် ချိတ်ဆက်ထားသည့် အကန့်ဖြစ်သည်။

ဘန်ကောက်နှင့် အနီးနားပြည်နယ်များတွင် အလုပ်ရမည်ဆို၍ အလုပ်သမားပွဲစားတစ်ဦးအား ထိုင်းဘတ်ငွေ ၈၀၀၀ ပေး၍ ယခုကဲ့သို့ ဝင်လာခြင်းဖြစ်ကြောင်း ခိုးဝင်သည့် မြန်မာနိုင်ငံသားများမှ တစ်ဦးက ပြောသည်။

အဆိုပါ ကားမောင်းသမားကို တရားမဝင်ရွှေ့ပြောင်းသူများ မှောင်ခိုသွင်းယူမှုဖြင့် စစ်ဆေးလျက်ရှိသည်။

ယခုတွေ့ရှိသူ မြန်မာများတွင် ကိုးဦးက အမျိုးသားများဖြစ်ပြီး ကျန်နှစ်ဦးမှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့အား နောက်ထပ်မေးမြန်းစစ်ဆေးမှုများအတွက် မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်ထားသည်။
Mizzima - News in Burmese

(ဓာတ်ပုံ- မဇ္ဈိမ၊ အီးပီအေ)

နေပြည်တော်(မတ်လ ၁၄ရက်)။ ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်အမတ်များက တစ်ဦးစီတင်မြှောက်ထားသော ဒုတိယသမ္မတသုံးဦးအနက်မှ တစ်ဦးအား မတ်လ ၁၅ရက်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

မတ်လ ၁၄ရက်၊ လွှတ်တော်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက ကြေငြာလိုက်ခြင်းဖြစ်ပြီး ဒုတိယသမ္မတသုံးဦးစလုံးသည် သမ္မတအရည်အချင်းများနှင့် ကိုက်ညီမှုရှိသောကြောင့်ထိုသုံးဦးထဲမှ တစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေးကာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဟု ဆိုသည်။

"သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ရွေးချယ် တင်ပြထားတဲ့ ဒုတိယ သမ္မတသုံးဦးဟာ နိုင်ငံတော် သမ္မတအရည်အချင်းများနဲ့ ပြည့်စုံကြောင်း စိစစ်ရေးအဖွဲ့ဝင် အများစုကထောက်ခံတင်ပြထားပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

မနက်ဖြန် မတ်လ ၁၅ရက်တွင် ပြည်သူ့လွှတ်တော်က တင်မြှောက်ထားသော ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်ထားသော ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သားအမတ်များ တင်မြှောက်ထားသော ဦးမြင့်ဆွေတို့သုံးဦးအနက်မှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။

ထိုသုံးဦးအနက် မဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတ(၁)နှင့် တတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတ(၂)တို့ ဖြစ်လာမည်ဖြစ်သည်။

ထိုသုံးဦးကို သမ္မတအရည်အချင်းနှင့် ကိုက်ညီမှုရှိ၊ မရှိ သမ္မတနှင့် ဒုတိယသမ္မတများ စိစစ်ရွေးချယ်ရေးအဖွဲ့က စိစစ်ခဲ့ကြပြီး အမျိုးသားလွှတ်တော်က တင်မြှောက်ထားသော ဦးဟင်နရီဗန်ထီးယူကိုမူ နိုင်ငံခြားတွင် ခြောက်နှစ်ခန့်နေထိုင်သည်ဟုအကြောင်းပြကာ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် တပ်မတော်သားအမတ်က ကန့်ကွက်ခဲ့သည်ဟု မန်းဝင်းခိုင်သန်းက လွှတ်တော်တွင် ရှင်းပြသည်။

သို့သော် စိစစ်ရေးအဖွဲ့ဝင် (၇)ဦးအနက် တပ်မတော်သားအမတ်တစ်ဦးတည်းကသာ ကန့်ကွက်ပြီး ကျန်(၆)ဦးက ထောက်ခံခဲ့သည်ဟုလည်း မန်းဝင်းခိုင်သန်းက ပြောသည်။

သမ္မတနှင့် ဒုတိယသမ္မတများ စိစစ်ရေးအဖွဲ့ဝင်များမှာ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ဒုဥက္ကဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ဒုဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးဘမျိုးသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒေါက်တာမျိုးအောင်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ် သန်းစိုးတို့ (၇)ဦး ပါဝင်သည်။

မတ်လ ၁၅ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစီအစဉ်လျာထားချက်တွင် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ နိုင်ငံတော်သမ္မတအား ရွေးချယ်တင်မြှောက်ခြင်းနှင့် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ၏ အမည်စာရင်းကို ကြေငြာမည်ဟု ဖော်ပြထားသည်။
Mizzima - News in Burmese

"ရွှေတိဂုံဘုရားဆိုလည်း အပတ်တိုင်းတက်ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖို့၊ ပြီးရင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အေးချမ်းသာယာဖို့၊ ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာဖို့အဓိဌာန်နဲ့ သူ(ဦးမြင့်ဆွေ)က အပတ်တိုင်း အဓိဌာန်ပြီးတော့...ဆိုလိုတာကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်" (ဗိုလ်မှူးချုပ် တင်ဆန်းနိုင်)
......................
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ်...

မြန်မာပြည် ငြိမ်းချမ်းဖို့ ရွှေတိဂုံ ဘုရားမှာ အပတ်စဉ် ဆုတောင်းတယ်ဆိုတဲ့ ဦးမြင့်ဆွေ"ရွှေတိဂုံဘုရားဆိုလည်း အပတ်တိုင်းတက်ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဖို့၊ ပြီးရင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အေးချမ်းသာယာဖို့၊ ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာဖို့အဓိဌာန်နဲ့ သူ(ဦးမြင့်ဆွေ)က အပတ်တိုင်း အဓိဌာန်ပြီးတော့...ဆိုလိုတာကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်" (ဗိုလ်မှူးချုပ် တင်ဆန်းနိုင်)......................(တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တင်မြှောက်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်ကို မေးမြန်းထားတာ ဖြစ်ပါတယ်)(ရိုက်ကူး - နေသာ/မဇ္ဈိမ)

Posted by Mizzima - News in Burmese on Monday, March 14, 2016
(တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တင်မြှောက်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်ကို မေးမြန်းထားတာ ဖြစ်ပါတယ်)
(ရိုက်ကူး - နေသာ/မဇ္ဈိမ)

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပြီး အထင်ရှားဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုအပြောင်းအလဲများကို ဦးဆောင်မည် ဖြစ်သည်။ NLD က ဒုတိယသမ္မတလောင်း နှစ်ဦး အမည်စာရင်းအား လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းမှာ ထို ပြောင်းလဲမှုခရီးစဉ်၏ ခြေလှမ်းတစ်ခု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ တည်ငြိမ်မှု ရှိစေရန်နှင့် စစ်တပ်နှင့် ထိပ်တိုက်တွေ့မှုမျိုးမရှိရန် ဦးစားပေးခဲ့ကြောင်း ပေါ်လွင်ခဲ့သည်။

ယခုအချိန်မှာ မြန်မာနိုင်ငံအတွက် ကမ္ဘာ့စင်မြင့်တွင် ဒုတိယအကြိမ် ထွက်ပေါ်ရန် အစပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှတွင် ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်ခဲ့ပြီး အထူးချွန်ဆုံး ဆရာဝန်များနှင့် ကျောင်းဆရာများကို ဒေသတွင်း နိုင်ငံများသို့ စေလွှတ်နိုင်ခဲ့သည်။ ယခုအခါတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ်မျိုး တစ်ပြိုင်တည်း ပြုလုပ်သည်ကို မြင်တွေ့ရတော့မည်ဖြစ်ပြီး ထိုသို့ နှစ်မျိုးလုံး တစ်ပြိုင်တည်း ပြောင်းလဲမှု ပြုလုပ်သည့် နိုင်ငံ အနည်းငယ်သာရှိသည်။

စစ်တပ်က ယခုတစ်ကြိမ်တွင် ဒီမိုကရေစီအင်အားစုများအား ပိုမိုနေရာပေးရန် လက်ခံခွင့်ပြုလိုခြင်းမှာ လူထုထောက်ခံမှု ဆုံးရှုံးနေရခြင်းကို အမှန်တကယ် စိုးရိမ်လာခြင်းကြောင့် လည်း ဖြစ်နိုင်သည်။ မြန်မာစစ်တပ်မှ ထိပ်တန်းခေါင်းဆောင်အချို့သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် အာလင်တန် အမျိုးသားစစ်သချို င်္င်းနှင့် ပုလဲဆိပ်ကမ်းအမှတ်တရကဲ့သို့ နေရာများသို့ သွားရောက်ခဲ့ပြီး အမေရိကန်ပြည်သူများ၏ စစ်တပ်အပေါ် လေးစားမှု၊ အလေးထားမှုတို့ကို အားကျခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များမှာ တာဝန်မှ အနားယူချိန် နီးကပ်လာချိန်တွင် “အနားယူတဲ့အခါ လူတွေက ဘာတွေပြောကြမလဲ” ဆိုသည့် မေးခွန်းများ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိခြင်းမျိုး ဖြစ်နိုင်သည်။ အခြား အကြောင်းရင်းတစ်ခုမှာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှသည် လက်နက်နှင့် အခြေခံ အဆောက်အအုံအထိ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရခြင်းကို စိုးရိမ်လာခြင်းကြောင့် ဖြစ်နိုင်သည်။

အာဏာစွန့်လွှတ်၍ ထွက်သွားရန်မှာ မည်သူ့အတွက်မှ လွယ်ကူခြင်းမရှိပေ။ ထို့ကြောင့် စစ်ဗိုလ်ချုပ်ကြီးများကလည်း အာဏာစွန့်လွှတ်ရသည့်တိုင် အစိုးရသစ်အပေါ် အနီးကပ် စောင့်ကြည့်လိုပြီး မြန်မာနိုင်ငံ၏ လူထု ထောက်ခံမှု အများဆုံး နိုင်ငံရေးသမားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားလိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယဦးစီးချုပ် တို့၏ ပင်စင်ယူမည့် အသက်ကန့်သတ်ချက်အား ၅ နှစ် ထပ်တိုးခဲ့ခြင်းက ထိုရည်ရွယ်ချက်ကို ဖော်ပြလျက်ရှိသည်။ ထိုကိစ္စရပ်နှင့် ပတ်သက်၍ ဆုံးဖြတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်ခွင့် ရရှိလာမည်ကို မလိုလားသဖြင့် အစိုးရသစ် မတက်မီ အလျင်အမြန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရှေ့ခရီးတွင် နိုင်ငံရေး ထောင်ချောက်များ တွေ့ရနိုင်ပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးစားရာတွင် ထိုသို့သော ထောင်ချောက်များထဲ ကျရောက်ခြင်း မရှိရန် အစွမ်းကုန် သတိပြုရမည်ဖြစ်သည်။ စည်းရုံးလှုံ့ဆော်ရာတွင် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့သော်လည်း နိုင်ငံအား လက်တွေ့ ပဲ့ကိုင်မောင်းနှင်သည့်အခါ အလွဲလွဲအမှားမှား ဖြစ်ခဲ့သည့် ခေါင်းဆောင်များ ကမ္ဘာ့သမိုင်းတွင် အများအပြား ရှိခဲ့သည်ကို သတိချပ်ရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ အာရှ ဆင်းရဲဆုံးစာရင်းဝင် ဖြစ်နေသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ သူ့တွင် ရက်တစ်ရာ စီမံကိန်း၊ ၆ လ စီမံကိန်း၊ တစ်နှစ်စီမံကိန်း စသည်တို့ ရှိနိုင်သော်လည်း အလွယ်တကူ ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အဆင့်တိုင်းတွင် အခက်အခဲများ စောင့်ကြိုလျက်ရှိသည်။

မြေယာကဏ္ဍ တစ်ခုတည်းတွင်ပင် ပြသ၁နာများစွာ ကြုံတွေ့ရနိုင်သည်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း စစ်အင်အား တိုးချဲ့ခဲ့ခြင်းနှင့်အတူ တပ်မှူးများက တပ်တွင်း သက်သာချောင်ချိရေးအတွက် မြေယာများ သိမ်းယူကာ မူလပိုင်ရှင်များကို ပြန်လည် အငှားချထားခြင်းများ အများအပြား ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင် ထိုမြေယာများနှင့် ပတ်သက်၍ ခိုင်မာမှန်ကန်သည့် စာရင်းများ မရှိခြင်းက ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသည့် ပြသ၁နာ ဖြစ်စေသည်။

ထို့အပြင် စစ်တပ်နှင့် နီးစပ်မှုရှိပြီး စီးပွားရေး လုပ်ငန်းများအား အကျိုးအမြတ် တစ်ခုတည်းကြည့်ကာ လုပ်ကိုင်နေသည့် ခရိုနီ ကွန်ရက်များလည်း ရှိနေသည်။ အောက်ခြေအဆင့်တွင် အုပ်ချုပ်ရေး ယန္တရားခြစားမှုက ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေတွင် ရှိနေသည်။ ပုံစံကျမဟုတ်သည့် စီးပွားရေး လုပ်ငန်း ခြောက်သိန်းကျော် ရှိနေသည့် နိုင်ငံတွင် စွန့်ဦးတီထွင် အလေ့အထ ချမှတ်ပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နည်းလမ်းရှာဖွေရမည် ဖြစ်သည်။

ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာမည့် နိုင်ငံတကာ ကုမ္ပဏီကြီးများက ပြည်တွင်းရှိ နိုင်ငံခြား ပညာသင် ကျွမ်းကျင်လုပ်သား အနည်းငယ်ကို အပြိုင်အဆိုင် ခေါ်ယူကြမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များက ပြည်တွင်းလုပ်ငန်းများထက် ပြည်ပကုမ္ပဏီကြီးများကို ပိုမို ဆွဲဆောင်နိုင်ဖွယ်ရှိပြီး ဝေဖန်မှုများ ပေါ်ပေါက်လာနိုင်သည်။ ကံကောင်းထောက်မစွာပင် အိမ်နီးချင်း နိုင်ငံများ၏ အခြေအနေက မြန်မာနိုင်ငံ၏ ဆွဲဆောင်နိုင်မှုကို ပိုမိုမြှင့်တင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ထွန်ယက်စိုက်ပျိုးမြေ ဧရိယာမှာ ၂၀ ရာခိုင်နှုန်းသာရှိသဖြင့် အနာဂတ်တွင် အာရှ၏ ရိက္ခာထောက်ပံ့သူ ဖြစ်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။

နိုင်ငံတကာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံအနေဖြင့် ဟန်ချက်ညီရန် လိုအပ်သည်။ အိမ်နီးချင်းများဖြစ်သော အာရှအင်အားကြီး တရုတ်၊ အိန္ဒိယ တို့နှင့် အဆင်ပြေမည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ အာဆီယံသည် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်တွေ့နေ သဖြင့် မြန်မာသည် ပြသ၁နာရပ်တွင် တိုက်ရိုက်ပါဝင်သူ မဟုတ်သော်လည်း အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်သည်။ ထိုပြသ၁နာရပ်များအားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် များပြားလွန်းနေသည့်အပြင် ခြေလှမ်းအမှားကို စောင့်နေသည့် အာဏာကို လက်မလွှတ်ချင်သေးသည့် စစ်ဗိုလ်ချုပ်များလည်း ရှိနေသည်ကို အထူးသတိရန် လိုအပ်ပေသည်။

KHTun
The Ladies News Journal

မနက်ဖြန်မှာ ပယ်မဲ လုံးဝမဖြစ်အောင် ဂရုပြုပါ။

၁၄၊၃၊၂၀၁၆ ရက်နေ့ ညနေ (၅)နာရီမှာ အဖွဲ့ချုပ်ဥက္ကဌ က ကျမတို့အသင့်စောင့်ဆိုင်းနေတဲ့ စားရိပ်သာ(၄)ဆီ ပြုံးရွင်စွာဝင်လာခဲ့တယ်။ ရောက်ရောက်ချင်း "ကျမတို့ ကိုယ်စားလှယ်အားလုံးစုံ ကြပြီလား" လို့မေးတယ် ။ တစ်ယောက်စ နှစ်ယောက်စ စုံပါပြီဆိုတဲ့ အဖြေတိုးတိုးကို မကြားဟန် ပြုလို့ နောက်တစ်ခေါက်ထပ်မေးတယ် ။ သူဘာလိုချင်တာ ချက်ချင်းသဘောပေါက်လိုက်တဲ့ကျမတို့တွေလည်း ကလေးတွေလို စုံပါပြီ လို့အကျယ်ကြီးအော် ကြတော့ အတော်သဘောကျသွားပုံနဲ့  သွားတက်လေး တောင်ပေါ်အောင်ရယ်လိုက်ပြီး " ဟုတ်ပြီ
ကျမတို့ ကိုယ်စားလှယ်တွေ ညီညီညွတ်ညွတ်ရှိရမယ်တဲ့ ဒီလို စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်ဖြစ်နေတာ ကျမလိုချင်တယ်တဲ့ ။သူမ ဆိုလိုချင်တာကို လက်တွေ့ဥပမာချက်ချင်းဆောင်ပြီး ပြောခဲ့တာပါ။ နောက်ပြီးတော့ ဒီ အပါတ် အိမ်ကိုမပြန်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့

နောက်တစ်ချက်ကျေးဇူးတင်ချင်တာက လစာအဖြတ်ခံတဲ့ အတွက်ပါတဲ့ အဲဒီကိစ္စကို အခြားသောအဖွဲ့အစည်းတွေက အင်မတန်မှအံ့သြတယ်လို့  ကျမသိရတဲ့အတွက် ကျမတို့အဖွဲ့ချုပ်အတွက် ကျမသိပ်ပြီးတော့ ဂုဏ်ယူတယ်တဲ့ ကျမတို့ပါတီဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ပါတီဖြစ်လို့ ပျမ်းမျှပြည်သူ့ဝင်ငွေထက် ဆယ်ဆ ဖြစ်နေတဲ့ လစာအတွက်ကျမတို့ အင်မတန်မှ အားနာရပါတယ် ။ ဒါပေမဲ့ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ အဆိုတင်ဆုံးဖြတ်ခဲ့တာကို ကျမတို့ လိုက်နာရပါတယ်။ဒါကြောင့် အဲဒီကတည်းကကိုယ်စားလှယ်တွေလစာကို ဖြတ်ခဲ့တာပါ။ အခုကိုယ်စားလှယ်တွေ လိုတောင် ကားတွေဘာတွေမစီးနိုင်တဲ့ ချို့တဲ့တယ်ပဲဆိုပ်ါတော့ အရင်ကကိုယ်စားလှယ်တွေကလည်းကျေကျေနပ်နပ်ပဲ လစာအဖြတ်ခံခဲ့ပါတယ်တဲ့ ဒါကြောင့်အရင်ကိုယ်စားလှယ် တွေရော

အခုကိုယ်စားလှယ်တွေ ကိုပါ ကျမက ကျေးဇူးတင်ဂုဏ်ယူပါတယ်တဲ့ ။ ပြည်သူတွေနဲ့တသားတည်းရှိနေပါတယ်လို့ပြသရာရောက်တဲ့အတွက်ပါတဲ့။ မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလည်း မှန်မှန်ကန်ကန် ညီညီညွတ်ညွတ်နဲ့ အဖွဲ့ချုပ်ရဲ့ စည်းကမ်းရှိမှူ စည်းလုံးမှူကို ပြသပါ။ ပြည်သူတွေဟာ ဒီလိုနေ့ ကို မြင်တွေ့ ရဖို့  အတွက် အဖွဲ့ချုပ်ကို ယုံကြည်စွာ မဲပေးခဲ့ကြတာမို့  သူတို့ရဲ့ ဆန္ဒကို အလေးထားတဲ့အနေနဲ့ ပယ်မဲလုံးဝမဖြစ်အောင်ဂရပြုပါ။ ပြည်သူတွေဟာ အပြောင်းအလဲကို သိပ်ကိုလိုချင်လို့ အဖွဲ့ချုပ်အတွက်ပုံအောမဲပေးလိုက်တယ်ဆိုတာ စိတ်ထဲအမြဲသတိရနေပါ။ အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို အနိုင်ယူခဲ့တုန်းက အင်အားနည်းတဲ့သူတွေ စိတ်မှာ မသက်မသာဖြစ်ရပါတယ်။ အဲဒါကိုလည်းမမေ့ပါနဲ့ အင်အားကြီးလာလို့ လည်း ဘယ်တော့မှ အနိုင်မယူပါနဲ့  ။ ပြည်သူနဲ့ အမြဲ တသားတည်းရှိပါ။ ကျမ စကားတစ်ခုခဏ ငှားပြီးသုံးရမယ်ဆိုရင် ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည် ပေါ့ ပြည်သူတွေနဲ့ အဖွဲ့ချုပ်ဟာ အဲဒီလိုဖြစ်နေဖို့ကျမလိုချင်ပါတယ်။တဲ့

ကျမတို့ဒီအချိန်ကိုရောက်ဖို့  (၂၈)နှစ်ဆိုတဲ့ အချိန်ကို ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတာပါ။ (၂၈)ဆိုတဲ့အချိန်ဆိုတာ နည်းတာမဟုတ်ပါဘူး။အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ၊ပြည်သူတွေ ရဲ့ ဘဝတွေ အသက်တွေ အများကြီုံးနဲ့ရင်းနှီးခဲ့ရတာပါ။

အချို့ဒီထဲမှာရှိနေတဲ့ကိုယ်စားလှယ်တွေဆို မွေးခါစပဲ ရှိဦးမှာ
သူတို့တောင်ဒီနေရာမှာ ကိုယ်စားလှယ်အဖြစ်နဲ့ထိုင်နေပြီဆိုတော့ ကျမတို့ဖြတ်သန်းခဲ့တဲ့ အချိန်ကို တွက်ကြည့်ပေါ့။ ဒါတွေကိုကျမတို့ကျေးဇူးတင်ခဲံချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ ပြည်သူတွေခံစားခဲ့ရတဲ့ ဒုက္ခတွေကို မြင်သာစေချင်လို့ပါ။ ကျမလိုချင်တာပြည်သူတွေ အေးအေးဆေးဆေး နဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ ပါ။ဘာကိုမှစိုးရိမ်ကြောက်ရွံ့  မနေရဘဲ သိက္ခာရှိစွာ လူပီပီသသ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့ ပါ။ ပြည်သူတွေရဲ့  မျှော်မှန်းချက်ကို ပြည့်စုံအောင်လုပ်ပေးရမှာက ကျမတို့အဖွဲ့ ချုပ်ကိုယ်စားလှယ်တွေရဲ့ 
အဓိကတာဝန်ပါ။ရိုးရိုးလေးပါပဲ။ ပြည်သူ့မျှော်မှန်းချက် ပြည့်ရင် ကျမတို့ရဲ့  သမိုင်းတာဝန်ကျေပါပြီ။

သမိုင်းပေးတာဝန်ဆိုတာ လူတိုင်းရတာ မဟုတ်ပါဘူး။ ဒါကြောင့်ရလာတဲ့ တာဝန်ကိုဂုဏ်ယူစွာ ထမ်းဆောင်ပါ။ ကျန်းမာအောင်နေပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ် ဘာအလုပ်လဲဆိုရင် ပြည်သူ့တာဝန်ထမ်းတဲ့ အလုပ်ပါ။

ဒီတာဝန်ကို စိတ်ဓာတ်မှန်ကန်စွာနဲ့ သယ်ပိုးထမ်းဆောင်ပါ။ မနက်ဖြန်လည်းပင်နီပဲ အားလုံးဝတ်ပြီးလွတ်လပ်ခြင်း၊စိတ်ဓာတ် မာကျောခြင်း လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီရေးတို့ ကို ကိုယ်စားပြုခြင်းရဲ့  သင်္ကေတ တွေနဲ့  ပြည်သူ့ကိုယ်စားပြုခဲ့ ကြပါလို့  မှာလိုက်ချင်ပါတယ်"တဲ့ ........။ ကျမတို့ဥက္ကဌ ရဲ့ မေတ္တာက ကျမတို့ဆီကို ကူးစက်ပြီး လူပေါင်းများစွာ ပူလောင်အိုက်စပ်နေတဲ့ အခန်းထဲ အေးချမ်းနေကြပါပြီ။ ခေါင်းဆောင်ပြောတဲ့ ရိုးရိုးလေးဖြစ်တဲ့ အဲဒီတာဝန်ကို ကျမတို့ကျေပွန်ရင် ပြည်သူတွေလည်း အေးချမ်းစွာနေရမယ် ဆိုတဲ့အသိက မနက်ဖြန်အတွက် အားအင်တွေပါပဲလေ။အသံဖမ်းခွင့်မရှိပါပဲ လည်းတစ်လုံးမကျန်နီးပါး ကို ကျမရဲ့ နှလုံးသားနဲ့  မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီအထဲကမှ မျှဝေလို့ ရတဲ့ စကားတွေကိုပြန်လည်မျှဝေခွင့်ရတဲ့ အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။

Photo credit မဇ္ဈိမ
Thiri Yadanar Fb

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.