03/25/16

ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံ့ခေါင်းဆောင်များ  ငြိမ်သက်နေကြစဉ်။
ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ် နိုင်ငံ့ခေါင်းဆောင်များ ငြိမ်သက်နေကြစဉ်
ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ရေး နည်းလမ်း ရှာဖွေဖို့ ဥရောပသမဂ္ဂ EU တရားရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီးတွေ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့တော်မှာ ဆွေးနွေးကြပါတယ်။

ဘရပ်ဆဲလ်စ်မြို့တော် တိုက်ခိုက်မှုမှာ သံသယရှိသူ နောက်တဦးကိုဖမ်းမိဖို့လည်း ရဲတပ်ဖွဲ့က ဆက်ရှာနေကြပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၁ ယောက်ထက်မနည်းသေဆုံးပြီး ၃၀၀ လောက် ဒဏ်ရာရခဲ့တာပါ။

အင်္ဂါနေ့မနက်ပိုင်းက Maelbeek ရထားဘူတာရုံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ပုံရတဲ့ ဒုတိယလူကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်ရှာနေတယ်လို့ ဘယ်လ်ဂျီယံသတင်းဌာနတွေက ပြောပါတယ်။ လူ ၂၀ သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရတဲ့ ဘူတာရုံတိုက်ခိုက်မှုမှာ ပါဝင်သူတဦးအဖြစ် Khalid El Bakraoui ကို အာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြပါတယ်။

ဒါပေမဲ့ ဒုတိယလူတယောက်ဟာ အိတ်ကြီးတလုံးကိုသယ်ပြီး El Bakraoui နဲ့အတူ လမ်းလျှောက်သွားတာကို Maelbeek ဘူတာ ရုံမှာရှိတဲ့ လုံခြုံရေးကင်မရာတွေကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုမှာတွေ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့အတည်ပြုချက်ကို ကိုးကားပြီး ဘယ်လ် ဂျီယံထုတ် Le Soir သတင်းစာကရေးပါတယ်။

Elbakraoui ရဲ့ညီအကို Ibrahim ဟာ အဲဒီနေ့ တမနက်ထဲမှာပဲ လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲသူ နှစ်ဦးထဲက တဦးဖြစ် တယ်ဆိုတာ တရားဝင် ဖော်ထုတ်ထားပြီးပါပြီ။ ဒုတိယအသေခံဗုံးခွဲသူကိုတော့ Najim Laachraoui ဖြစ်တယ်လို့ သတင်းဌာန တွေကဖော်ပြပါတယ်။ သူဟာ IS အဖွဲ့က ဗုံးလုပ်သူတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ပါရီမြို့တော်တိုက်ခိုက်မှုမှာ အဓိက လက်သည်တဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

VOA
http://burmese.voanews.com/content/eu-ministers-to-dicuss-security-following-brussels-attacks/3252787.html



IS အဖွဲ့ကို ချေမှုန်းဖို့ဟာ သူ့ရဲ့ ထိပ်တန်း ဦးစားပေး တာဝန်ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ လူပေါင်း ၃၁ ဦး သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်ခဲ့တာလို့ ကြေညာအပြီး နောက်တရက်မှာ သမ္မတက အခုလို ပြောလိုက်တာပါ။

ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့အတွက် ဘယ်လို အကူအညီမျိုးကိုမဆို ဘယ်လ်ဂျီယမ်နိုင်ငံက ကျနော်တို့ရဲ့ မိတ်ဆွေနဲ့ မဟာမိတ်တွေကို ပေးအပ်သွားဖို့ သန္ဓိဌာန်ချထားတယ်လို့ အာဂျင်တီးနားနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ အိုဘားမား က ပြောလိုက်ပါတယ်။

ဒါဟာ လူမျိုး၊ ဘာသာယုံကြည်မှုနဲ့ နိုင်ငံသားဖြစ်မှုတွေ ဘယ်လိုပင် ကွဲပြားစေပါစေ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့အတွက် တကမ္ဘာလုံး စုစည်းညီညွတ်ပြီး ကျနော်တို့အားလုံး အတူတကွ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ သတိပေးသံ တခုပဲ ဖြစ်ပါတယ်။ ကျနော့်ရဲ့ ထိပ်တန်း ဦးစားပေးတာဝန်ကတော့ IS အဖွဲ့ကို ချေမှုန်းပြီး၊ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားနေတဲ့ အရိုင်းအစိုင်း ဆန်ဆန် အကြမ်းဖက် တိုက်ခိုက်မှုတွေကို အမြစ်ပြတ်ရှင်းလင်းသွားဖို့ပဲ ဖြစ်ပါတယ်လို့ မစ္စတာ အိုဘားမားက ပြောသွားပါတယ်။

IS အဖွဲ့ကို တိုက်ခိုက်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ပါဝင်ခဲ့တဲ့အတွက် လက်စားချေတဲ့အနေနဲ့ အင်္ဂါနေ့က ဘရတ်ဆဲလ်မြို့လေဆိပ်နဲ့ မြေအောက်ရထားဘူတာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို သူတို့ ပြုလုပ်ခဲ့တာလို့ အကြမ်းဖက်အဖွဲ့က ကြေညာထားပါတယ်။

VOA
http://burmese.voanews.com/content/is-obama/3252275.html

Hacking
Hacking

အမေရိကန်နိုင်ငံက ကာကွယ်ရေးဌာနအတွက် အဓိက ကန်ထရိုက်လုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီရဲ့ ကွန်ပြူတာအတွင်း ဖောက်ထွင်းနိုင်ရေးအတွက် Hacker တွေကို ကူညီပေးခဲ့တယ်လို့ တရုတ်နိုင်ငံသားတဦးက ၀န်ခံ လိုက်ပါတယ်။

အသက် ၅၀ အရွယ် Su Bin ဆိုသူဟာ တခြား Hacker ၂ ဦးနဲ့အတူ ပူးပေါင်းပြီး F – 22 ၊ F – 34 စတဲ့ တိုက်လေယာဉ် ၂ စင်းနဲ့ C – 17 သယ်ယူပို့ဆောင်ရေး လေယာဉ်ရဲ့ ပုံစံတွေကို ခိုးယူခဲ့မှုနဲ့ စွဲချက်တင်ခံထားရတဲ့အတွက် သူ့အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်ရတယ်လို့ အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Su Bin အနေနဲ့ အဲဒီ လေယာဉ် ပုံစံတွေကို ဘယ်ကို ပို့တယ်ဆိုတာကိုတော့ ကာလီဖိုးနီးယားပြည်နယ်အတွင်းက ဗဟိုအစိုးရ တရားရုံးမှာ တင်သွင်းခဲ့တဲ့ အထောက်အထားတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Su Bin အနေနဲ့ အမေရိကန်ကုမ္ပဏီတွေကို ၂၀၀၈ ခုနှစ်ကစလို့ ပစ်မှတ်ထား လုပ်ဆောင်နေခဲ့တာလို့ အမေရိကန် အစိုးရက ပြောပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံအတွင်းက အမည်မသိ လူပုဂ္ဂိုလ်တဦးထံက Boeing ကုမ္ပဏီရဲ့ C – 17 စစ်ဖက် သယ်ယူပို့ဆောင်ရေး လေယာဉ်ပုံစံကို အီးမေးလ်နဲ့ ပို့လိုက်တယ်လို့ ဆိုပါတယ်။

သူဟာ ဘယ်ကုမ္ပဏီတွေကို ပစ်မှတ်ထား သင့်တယ်ဆိုတာကိုလည်း သူရဲ့ ကြံရာပါတွေ ဆုံးဖြတ်နိုင်အောင် ကူညီခဲ့ပြီး အင်္ဂလိပ်လို ရေးထားတဲ့ အထောက်အထားတွေကို တရုတ်ဘာသာနဲ့လည်း ပြန်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံက ထုတ်ထားတဲ့ ဖမ်းဝရမ်းကြောင့် Su Bin ကို ကနေဒါနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းက ဖမ်းဆီးမိခဲ့တာပါ။ သူ့ကို အမေရိကန်နိုင်ငံကို ပို့မယ့်အစီအစဉ်ကို ကန့်ကွက်ခြင်း မရှိခဲ့တဲ့အတွက် အမေရိကန်ကို ပြီးခဲ့တဲ့လအတွင်း ပို့လိုက်တာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/chinese-national-plead-guilty-to-hacking-us-defense-firms/3252271.html

[youtube src="0sSEQPRulNQ"/]
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဟာ ဧရာဝတီတိုင်းအတွက်တော့ ဘုရားပဲ လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောလိုက်ပါတယ်။

“ဟိုဟာဒီဟာတွေ ခင်ဗျားတို့ ပြောဆိုနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဧရာဝတီတိုင်းအတွက်တော့ ဘုရားပဲ။ ဧရာဝတီတိုင်းအတွက်တော့ ကျွန်တော်တို့ ကိုးကွယ်ထားရမယ့် ဘုရားပဲ၊ ဘာကြောင့်လဲဆိုရင် သူဒီမှာ တိုင်းမှူးဘ၀နဲ့နေသွားကတည်းက ဒီဧရာဝတီတိုင်းဆို ငါ့ရဲ့ မွေးရာဇာတိကဲ့သို့ သူကိုယ်တိုင်လည်း ပြောဖူးတယ်”

ဒီသတင်းကို ဦးကိုကိုကြည်က ပေးပို့ထားပါတယ်။
DVB TV – 24.03.2016

(တရုတ်အစိုးရ အာဘော် Global Times သတင်းစာတွင် ယူနန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ တရုတ်ပါမောက္ခတစ်ဦး ရေးသာထားခြင်းကို ပြန်လည် တင်ပြသည်)

ဂျပန်ဝန်ကြီးချုပ် ရှင်တာရို အာဘေး ဒုတိအကြိမ် အာဏာ ပြန်ရလာပြီးနောက် မြန်မာကို ဂျပန်ရဲ့ သံတမန်ရေးရာ မူဝါဒမှာ တန်ဘိုးရှိတဲ့ နိုင်ငံတစ်ခုအဖြစ် လက်ခံပြီး အချိန်မဆွဲဘဲ နေပြည်တော်နဲ့ သံတမန် ဆက်ဆံရေးတွေ ပြန်လည် အကောင်အထည် ဖော်လာခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို လည်းကောင်း၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကိုပါ အသိအမှတ်ပြုလာခဲ့ပါတယ်။

မြန်မာနဲ့ သံတမန် ဆက်ဆံရေး နက်ရှိုင်းလာဖို့ ကြိုးပမ်းနေစဉ် ကာလတလျောက်လုံး လူထုနဲ့ ထိတွေ့လို့ရမယ့် သံတမန် ဆက်ဆံရေးမျိုးကို အထူး အာရုံထား လုပ်ဆောင်လာပါတယ်။ ဒီလိုနည်းနဲ့ မြန်မာလူထုက ဂျပန်ကို ပိုမိုနားလည် လာစေနိုင်ပြီး ဂျပန်ရဲ့ အရှိန်အဝါ အနေအထား လူထုအကြား ပိုမို ပျံ့နှံ့ကြီးထွား လာခဲ့ကာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပွင့်လာစေခဲ့ရပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပေးနေတာကို အဓိက ထားတာနဲ့အမျှ တစ်ဘက်ကလည်း ကောင်းမွန်တဲ့ စနစ်တစ်ရပ် ဖော်ဆောင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ လူသား အရင်းအမြစ်များ လေ့ကျင့် ပျိုးထောင်ပေးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက်ပါ ပြုလုပ်ပေးခဲ့တာ တွေ့ရပါတယ်။

အခုအခါ တိုကျိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် အစိုးရအား အကူအညီများ ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လူ့ဘောင် တည်ထောင်ရေးနဲ့ ဈေးကွက်ဖွံ့ဖြိုးရေးမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်လာနေပါတယ်။

စီးပွားရေးမှာ မြန်မာရဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံ ကောက်ကြောင်းများ ဆွဲပေးခြင်း အပါအဝင် အထူးစီးပွားရေးဇုန်များ တည်ထောင်ရာမှာလည်း နဂိုကတည်းက ကြိုတင် လက်ဦးမှု ရယူတဲ့အနေနဲ့ တစိုက်မတ်မတ် အကူအညီ ပေးလာခဲ့တာ တွေ့ရပါတယ်။ ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ ပြုလုပ်လာတဲ့အတွက် NLD အုပ်ချုပ်ရေး ခိုင်မာတောင့်တင်းသည်ထက် တောင့်တင်းလာရေးကို အထောက်အကူ ပေးလာခဲ့ပါတယ်။

ဥပမာအားဖြင့် ဂျပန်ရဲ့ အဓိက အကူအညီပေးရေး စီမံကိန်းများထဲက တစ်ခုဖြစ်တဲ့ သီလဝါ စက်မှုဇုန် တည်ဆောက်ရေးမှာ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်လာတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ကာ ထင်ရှားတဲ့ NGO အဖွဲ့များ၊ မီဒီယာများ၊ တတ်သိပညာရှင်များ ဖိတ်ခေါ်ကာ အကြံဉာဏ်များနဲ့ အသိအမြင်များ ဖလှယ်ခဲ့ကြပါတယ်။

ဂျပန်က မြန်မာပြည်တွင်း လူမှုဘဝ လုံခြုံရေးကို အာရုံထား ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။ အခြေခံ လူတန်းစားကို တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေသော စီမံကိန်းများဖြစ်တဲ့ မူလတန်းကျောင်းများ ဆောက်လုပ်ရေး၊ ဆေးဝါးကိရိယာ ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ရေ အရင်းအမြစ်များ တိုးတက်ဖြစ်ပေါ်စေရေးတို့မှာ လည်း အကူအညီ ပေးခဲ့တာ တွေ့ရပါတယ်။ ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ NGO တွေက အဓိက ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပြီး ဂျပန်အစိုးရက ရံပုံငွေ မတည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အကျိုးကတော့ မြန်မာ လူထုလူတန်းစား အလွှာအသီးသီးအကြားမှာ ဂျပန်ရဲ့ ပုံရိပ် ပိုမို တောက်ပြောင်လာခဲ့စေပါတယ်။

မြန်မာရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များမှာ ဂျပန်ရဲ့ အကူအညီ ပေးမှုက အထူးပင် မှတ်သားဖွယ် ကောင်းလှပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလမှာ ဂျပန်အစိုးရက နီပွန်ဖေါင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီ ဆာဆာကာဝါကို မြန်မာအမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အထူးသံတမန်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ ဒီအတွက် ယိုရှီအနေနဲ့ မြန်မာအစိုးရ အဖွဲ့ဝင်များ၊ တိုင်းရင်းသား လူမျိုးစုများနဲ့ရော၊ အခြားနိုင်ငံ အစိုးရများနဲ့ပါ ဂျပန်အစိုးရ ကိုယ်စား တိုက်ရိုက် ဆက်သွယ် ပြောဆိုခွင့် ရရှိသွားခဲ့ပါတယ်။

၂၀၁၄ ဇန်နဝါရီလမှာ ဂျပန်အစိုးရက နောက် (၅) နှစ်အတွင်း တိုင်းရင်းသား လူနည်းစုဘဝ မြင့်မားရေးအတွက် အမေရိကန် ဒေါ်လာ ၈၉ သန်း ပေးသွားဖို့ အစီအမံတွေ ပြုလုပ်လာခဲ့ပါတယ်။

ဒီနေရာမှာ ဘာသွားတွေ့ရလဲဆိုတော့ မြန်မာနိုင်ငံ ရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှ ဂျပန်က ဘာအကျိုးအမြတ်မှ ထွက်လာမှာ မဟုတ်ပေမယ့် အခုလို ၀င်ပါလာတဲ့အတွက် မြန်မာ အစိုးရ နဲ့ ဒေသတွင်း လက်နက်ကိုင်အင်အားစုအကြားမှာ ကြားခံ အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အတူ ညှိနှိုင်း ဆောင်ရွက်ခွင့် ရလာစေပြီး မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ တိုးပွားလာရကာ ဂျပန်ရဲ့ သြဇာသက်ရောက်မှု နိုင်ငံအတွင်း တိုးတက်လာတာ တွေ့ရပါတယ်။

ဒါတွေအားလုံးသည် ဂျပန်ရဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုဖြစ်ပြီး တရုတ်အစိုးရအဖို့ သင်ခန်းစာ ကောင်းစွာ ရရှိနိုင်ပါတယ်။ NLD အစိုးရ အာဏာ ရရှိနေစဉ် ကာလမှာ တရုတ်-မြန်မာ ဆက်ဆံရေး ထပ်မံ ဖွံ့ဖြိုးတိုးတက်လာစေနိုင်တဲ့ အခွင့်အရေးပေါင်းများစွာ စောင့်ဆိုင်းလျက် ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်း ကွဲပြားစွာ ဖြစ်ပေါ်နေတဲ့ အယူအဆများအပေါ် တရုတ်အနေနဲ့ ကျိုးကြောင်းဆီလျော်မှု ရှိတဲ့ သဘောထား အမြင်တစ်ရပ် ချမှတ်သင့်လှပါတယ်။

ဒီအတွက် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အင်အားစု အသီးသီးက ထွက်ပေါ်လာတဲ့ အသံတွေကို သေချာ ဂရုပြု နားစိုက်ထောင်သင့်ပြီး သူတို့နဲ့ ဆက်သွယ်ရေး လမ်းပွင့်အောင် အဆင်သင့် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုအခါ အတိုက်အခံ ပါတီဘဝ ကျရောက်သွားရှာပြီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပစ်ပယ်မထားဖို့လည်း အရေးကြီးပါတယ်။

နှစ်နိုင်ငံ အစိုးရအကြား ဆက်ဆံရေး တိုးမြှင့်အောင် ပြုလုပ်နေစဉ်အတွင်း တစ်ဘက်မှာလည်း ပြည်သူချင်း ဆက်ဆံရေး တိုးတက်လာစေရေးကို အထူး အာရုံထား ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်း လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီများအနေနဲ့ ကုမ္ပဏီ လူမှုဝတ္တရားများ (CSR လို့ ခေတ်စားနေတဲ့ Corporate Social Responsibility) တွေကို အထူး အလေးပေးသင့်ပါတယ်။

ပြည်တွင်း မီဒီယာတွေနဲ့ နိုင်ငံတကာရဲ့ သဘောထားကို ထိထိရောက်ရောက် အသုံးချပြီး တရုတ်အပေါ် မြန်မာပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့် နားလည် လာအောင် လူထုဆက်ဆံရေး ပုံစံတစ်ရပ် ဖော်ဆောင်သင့်ပါတယ်။ ဒါ့အပြင် လူထုဆက်ဆံရေး သံတမန် မူဝါဒ တစ်ရပ် ချမှတ်ပြီး ပညာရပ်များ နှီးနှောဖလှယ်ရေးနဲ့ နှစ်နိုင်ငံအကြား တိုက်ရိုက် ပတ်သက်တဲ့ ကိစ္စမျိုးတွေမှာ တိုက်ရိုက် ဆွေးနွေး အဖြေရှာရေးတို့ကို အင်တိုက်အားတိုက် ပြုလုပ်သင့်ပါတယ်။

ဒီလိုနည်းနဲ့ မြန်မာလူထုနဲ့ အုပ်ချုပ်သူတွေရဲ့ လှမ်းလာမယ့် ခြေလှမ်းတွေကို စောင့်ကြည့်လေ့လာ နိုင်ခွင့် ရရှိကာ ပြသာနာဖြစ်လာမယ့် အရေးကို ကြိုတင် ပြင်ဆင်နိုင်တယ်လို့ ရေးသားထားတာကို တင်ပြလိုက်ပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း

Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်။ သတင်းဓာတ်ပုံ- MOI
Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်။ သတင်းဓာတ်ပုံ- MO
မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေအတွက် ချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ ကမ်းလှမ်းဖို့ စီစဉ်ထားတဲ့ အကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာလုပ်တဲ့ Boao ဆွေးနွေးပွဲ အတွင်း အဲဒီငါးနိုင်ငံကခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီးတဲ့ နောက် တရုတ်ဝန်ကြီးချုပ်က ကြေညာတာပါ။

တရုတ်ဝန်ကြီးချုပ် မြန်မာဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ်၊ Thongsing Thammavong, ဗီယက်နမ်ဒုတိယ၀န်ကြီးချုပ် Pham Binh Minh တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အရှေ့တောင်အာရှငါးနိုင်ငံအတွက် ဒီချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် ဒေါ်လာ ၁၁.၅ ဘီလီယံကို အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ တခြားစီမံကိန်းတွေမှာ အသုံးပြုမယ်လို့ ၀န်ကြီးချုပ်လီ ကပြောတာကို ကိုးကားပြီး တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာန က ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲ အတွင်းမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေအတွက် ချေးငွေ ဒေါ်လာ ဘီလီယံ ၂၀ ကို ၀န်ကြီးချုပ်လီက ကမ်းလှမ်းခဲ့ပါသေး တယ်။

မိတ်ဆွေဆက်ဆံရေးနဲ့ ငွေကြေးဆိုင်ရာ ကမ်းလှမ်းတာတွေ ရှိနေတဲ့ကြား မှာပဲ မြန်မာနဲ့ဗီယက်နမ်နိုင်ငံတွေနဲ့ တရုတ် အကြားဆက်ဆံရေးဟာ သိပ်ကြီး အဆင်ပြေ လှတာမဟုတ်ပါဘူး။ ဗီယက်နမ်နဲ့ တရုတ်အကြား ဆက်ဆံရေး က တောင်တရုတ် ပင်လယ် နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေကြောင့် အဆင်မပြေဖြစ်တာပါ။

မြန်မာနိုင်ငံနဲ့ကတော့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တဲ့ကိစ္စက အဓိကဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံမှာ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

VOA
http://burmese.voanews.com/content/boao-forum-in-southern-china/3252799.html

အမည်စာရင်းတင်ကာနီးမှ ကမ်းလှမ်းထား သူတွေက လက်မခံကြောင်း ပြောတယ်လို့ဆို
ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်က တင်ပြထားတဲ့ အစိုးရ ဝန်ကြီးအဖွဲ့ နာမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၂၄ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အပါအဝင် ဝန်ကြီးဋ္ဌာန လေးခုကို တာဝန်ယူမယ် လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက ပြောပါတယ်။

မူလကပါတီဥက္ကဋ္ဌ တာဝန်သာ ဆက်ယူဖို့ ရှိခဲ့ပေမဲ့ အမည်စာရင်း ကြေညာဖို့ရက် နီးကာမှ ဝန်ကြီးအဖြစ် လျာထားသူတွေက လက်မခံကြလို့ ဒေါ်အောင်ဆန်း စုကြည်က ဝန်ကြီးဌာန လေးခုကို တာဝန်ယူဖို့ ဖြစ်သွားတာလို့ NLD ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

အနီးကပ်မှ လက်မခံသူ သုံးယောက် သို့မဟုတ် လေးယောက်လောက်ရှိပြီး နိုင်ငံခြားရေး ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီး အဖြစ် လျာထားသူတို့ ပါဝင်တယ်လို့ သိရပါတယ်။

သူတို့ လက်မခံနိုင်တဲ့ အကြောင်းကတော့ ဒုတိယ ဝန်ကြီးတွေ မထားတဲ့ အတွက် တာဝန်ပိုကြီးမှာက တစ်ကြောင်း၊ အသင်း အဖွဲ့တွေကနေ ထွက်ရမယ် ဆိုတာက တစ်ကြောင်းကြောင့် ဖြစ်တယ်လို့ NLD ဘက်က ပြောတဲ့ သတင်းတွေ အရ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရုတ်နိုင်ငံ ဟိုင်နန်တွင် အကောက်ခွန်ဝန်ထမ်းများက ဒေါ်လာ ၄၇ ဒသမ ၈ သန်း တန်ကြေးရှိ စပါးကြီးမြွေအရေခွံ ၂ သောင်းခွဲခန့်ကို မှောင်ခိုသမား ၁၆ ဦးထံမှ ဖမ်းဆီးရမိခဲ့ပြီး ယင်းမှာ သမိုင်းတွင် အကြီးမားဆုံး စပါးကြီးရေခွံ ဖမ်းဆီးရမိမှုဟု ဆိုသည်။


အကောက်ခွန်ဝန်ထမ်းများက သတင်းပေးတိုင်ကြားမှုများအရ တရုတ်ပြည် တနံတလျားရှိ မှောင်ခိုဂိုဏ်းကြီးများကို ခြေရာခံ စုံစမ်းခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မှောင်ခိုဂိုဏ်းများသည် ဗီယက်နမ်နိုင်ငံရှိ ကုမ္ဗဏီတခုမှတဆင့် မြွေရေခွံများကို တရုတ်ပြည်သို့ တင်သွင်းခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိသူများက ၀န်ခံပြောကြားသည်။


စပါးကြီးမြွေသည် တရုတ်ပြည်တွင် ထိပ်တန်း ဦးစားပေးအဖြစ် ကာကွယ်ထိန်းသိမ်းသည့် မြွေအမျိုးအစားဖြစ်ပြီး မြွေရေခွံနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို ပြင်းထန်စွာ တားမြစ်ထားသည်။

ရည်ညွှန်း-Shanghai News
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

[youtube src="B8TdJBOzHWw"/]
စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဖြစ်မယ့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်သူကို မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး အဖြစ် အတည်ပြုလိုက်ပြီး လယ်သိမ်း၊ မြေသိမ်းကိစ္စတွေနဲ့ ပတ်သတ်လို့ မျှမျှတတဖြစ်အောင်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Kamayut Media

ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့်။ (သတင်းဓာတ်ပုံ-ဗွီအိုအေနဲ့ တိုင်းရင်းသားညီလာခံတွင် တွေ့ဆုံမေးမြန်းစဉ်)
ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့်။ (သတင်းဓာတ်ပုံ-ဗွီအိုအေနဲ့ တိုင်းရင်းသားညီလာခံတွင် တွေ့ဆုံမေးမြန်းစဉ်)

ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကရှိခဲ့တဲ့ ၀ါဒဖြန့်ချိရေးပုံစံမျိုးမဟုတ်ဘဲ အများပြည်သူရဲ့ အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေကို ဖော်ပြနိုင်တဲ့၊ လူထုနဲ့ အပြန်အလှန် ပေါင်းကူးဖလှယ်တဲ့ လူထုအကျိုးပြု ဌာန တခုဖြစ်အောင် ပြင်ဆင် ပြောင်းလဲသွားမယ်လို့ ပြန်ကြားရေးဝန်ကြီး အဖြစ် ဒီကနေ့ လွှတ်တော် ကနေ အတည်ပြုလိုက်တဲ့ ဦးဖေမြင့်က ပြောပါတယ်။ အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေးဌာနကို ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲတွေ လုပ်သွားဖို့ရှိနေပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မခင်ဖြူထွေး။ ။ မြန်မာနိုင်ငံမှာ အရင်ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ဝေဖန်တာတွေ အများကြီး ရှိပါတယ်။ နိုင်ငံတော်အစိုးရ ၀ါဒဖြန့်ဌာနတခုလို သုံးခဲ့တာဆိုတော့။ အခု ဒီ လာမယ့်အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေကို သိသိသာသာ လျှော့ချတာ ရှိပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဆက်ပြီး ရှိနေပါတယ်။ ဒီအပေါ် အန်ကယ်ဦးဖေမြင့်ရဲ့သဘောထားကို အရင်ဆုံး သိပါရစေရှင့်။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့ခင်ဗျ။ ကျနော်ကတော့ ဒီနေ့မှ အတည်ပြုခံရတာပေါ့နော်။ ကျနော် အရင်အစိုးရအဖွဲ့နဲ့ မူဝါဒတွေကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဆွေးနွေးရတာ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော် နားလည်တာကတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိတာကတော့ လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ထားတယ်လို့ပဲ ကျနော် နားလည်ပါတယ်။ ပြီးတဲ့နောက် အစိုးရသစ်မှာ သူ့ရဲ့မူဝါဒတွေ ရှိပါလိမ့်မယ်။ ဒီမူဝါဒတွေကို အများသိအောင် တင်ပြဖို့တော့ ဒီလို ယန္တရားတခုကတော့ လိုမှာပေါ့နော်။ အဲဒါသည် တမင်တကာ အရင်တုန်းကသုံးခဲ့တဲ့ ၀ါဒဖြန့်ချိရေးဆိုတာမျိုးထက် ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူကို အစီရင်ခံတဲ့သဘောပဲ အဓိကဖြစ်လိမ့်မယ်လို့ ကျနော်က မြင်ပါတယ်ခင်ဗျ။”

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ စောစောက အန်ကယ်ပြောသလိုပဲ အစိုးရသစ်ရဲ့ မူဝါဒတွေကို ပြည်သူတွေသိအောင် ပြောပြနိုင်ဖို့ ဆိုတာ ပါ ပါတယ်။ အစိုးရရဲ့ မူဝါဒတွေကို ဖော်ပြတယ်၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြတယ်ဆိုတော့၊ အရင်ကရှိခဲ့သလို အစိုးရ၀ါဒဖြန့်ချိတာမျိုးနဲ့ မတူအောင် ပြုပြင်ပြောင်းလဲမှုတွေ၊ ဘာတွေကို ထူးထူးခြားခြား ပြောင်းလဲ လုပ်ဆောင်နိုင်ပါမလဲရှင့်။ ဒီအစိုးရသစ်လက်ထက်မှာ။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့။ အဲဒီမှာ ကျနော် မြင်တာကတော့ ဘယ်ဌာန၊ ဘယ်ကုမ္ပဏီတွေဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းဌာနတွေဖြစ်ဖြစ် အများပြည်သူတွေနဲ့ ဆက်ဆံတဲ့ ဆက်သွယ်တဲ့ အဆက်အသွယ်။ medium ပေါ့။ ကြားခံပစ္စည်းကတော့ လိုအပ်ပါတယ်။ အစိုးရတရပ်အနေနဲ့တော့ ပိုပြီးတော့လည်း လိုပါတယ်။ အရင်တုန်းကတော့ ဒီ ပြန်ကြားရေးဆိုတာကို နိုင်ငံတကာမှာ ဒီနံမည်ကို သိပ်ပြီးတော့ မသုံးကြဘူးဆိုတာကတော့၊ စောစောကပြောတဲ့ သမိုင်းမှာ ၀ါဒဖြန့်ချိရေး ဆိုတာမျိုးနဲ့ ဆက်စပ်နေတဲ့အကြောင်းတွေကြောင့် အဲဒီနာမည်ကို ရှောင်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့တိုင်းပြည်တွေလည်း သုံးနေတာတွေ ရှိပါတယ်။

ဥပမာ ဒီမိုကရေစီနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လို နိုင်ငံမျိုးတောင်မှ အရင်တုန်းကတော့ Information Agency၊ Information Service စသဖြင့်တော့ သုံးပါတယ်။ သုံးပြီးနောက်ပိုင်းကျမှ Public Affairs Department ဆိုတာမျိုး ပြောင်းလဲသုံးစွဲတာ တွေ့တယ်ပေါ့နော်။ ဆိုချင်တာကတော့ ဒီလို အများပြည်သူနဲ့ ဆက်သွယ်တဲ့ ဆက်ဆံတဲ့ အလုပ်ကတော့ လုပ်နေရမှာပေါ့နော်။ အများပြည်သူကို အစိုးရက ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ပြောပြတာ အသိပေးတာသည် တာဝန်လည်း ဖြစ်ပါတယ်။ အများပြည်သူက ရွေးကောက် တင်မြှောက်လိုက်တယ်။ တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကနေ ဆက်လက်ပြီးတော့ ခန့်အပ်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူအပေါ် ဒီတာဝန်ရှိပါတယ်။

အဲဒီအခါမှာ တဘက်က ၀ါဒဖြန့်ချိတာမျိုး မဖြစ်အောင်ဆိုရင် သူတို့က မီဒီယာလို့ ခေါ်တဲ့နေရာတွေ ကနေ ဒီအစိုးရပိုင်းက ပြောတဲ့ သတင်းတွေ၊ ဖော်ပြတဲ့ အစိုးရ အာဘော်တွေ ဖော်ပြတယ်ဆိုတဲ့ သဘောမျိုးသက်သက် မဟုတ်ဘဲနဲ့ အများပြည်သူရဲ့အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေ၊ အများပြည်သူက ဒီအစိုးရပိုင်း လွှတ်တော်ပိုင်းစသဖြင့်ပေါ့နော် အဲဒါတွေကို သူတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ မကျေနပ်တာတွေ၊ လက်မခံနိုင်တာတွေ၊ ဝေဖန်ထောက်ပြ ချင်တာတွေ ဖြည့်စွက်ပြောဆို ချင်တာတွေ၊ သူတို့လိုလားတဲ့ သူတို့လိုအင်ဆန္ဒတွေက ဘာတွေဖြစ်ပါတယ်ဆိုတာ တွေ ကို ဖော်ပြနိုင်အောင် ကျနော်တို့ စီမံပေးမယ်ဆိုလို့ရှိရင် ဒါသည် တဘက်က ၀ါဒဖြန့်တယ်ဆိုတဲ့ အနေအထား၊ အစိုးရရဲ့ ကိစ္စတွေကိုပဲ ပြောတယ်ဆိုတဲ့ အနေအထား မဖြစ်ဘဲနဲ့ အစိုးရနဲ့ အများပြည်သူကြား အပြန်အလှန် ပေါင်းကူးဖလှယ်တဲ့ ဌာနဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ နောက်တခုက လက်ရှိ ရှိနေတဲ့ အစိုးရသတင်းဌာနတွေ၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေနဲ့ပတ်သက်လို့ အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီး ထားရှိသွားမှာပါလဲ။ အပြောင်းအလဲ ဘာတွေ ဖြစ်လာနိုင်ပါသလဲရှင့်။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့။ ကျနော်တို့ အခုစဉ်းစားတာ။ ကျနော် တိတိကျကျတော့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ရတဲ့အနေအထား မရှိသေးပါဘူး။ ကျနော့်တဦးတည်း အနေနဲ့ စိတ်ကူးအနေနဲ့ ပြောရမယ်ဆိုရင် ဒီ မီဒီယာတွေကို ကျနော်တို့ အသွင်သဏ္ဍန်အရရော၊ တင်ဆက်နေတဲ့ ပုံသဏ္ဍန်တွေ အရရော၊ အကြောင်းအရာပိုင်းမှာပါ စောစောက ကျနော်ပြောခဲ့သလို အပြန်အလှန် အသွားအလာရှိတဲ့ အနေအထားဖြစ်အောင် ပြုပြင် ပြောင်းလဲနိုင်ဖို့ ကျနော် စဉ်းစားပါတယ်။”

ပြန်ကြားရေးဝန်ကြီး အဖြစ် ဒီကနေ့ လွှတ်တော် ကနေ အတည်ပြုလိုက်တဲ့ ဦးဖေမြင့်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။
ခင်ဖြူထွေး/VOA http://burmese.voanews.com/content/interview-with-new-minister-of-information-u-pe-myint/3252672.html

ဆန္ဒပြကျောင်းသားများအား အချုပ်ကားတွင်း ထည့်ပြီး အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်စဉ်။
ဆန္ဒပြကျောင်းသားများအား အချုပ်ကားတွင်း ထည့်ပြီး အကျဉ်းထောင်သို့ ဖမ်းဆီးခေါ်ဆောင်စဉ်။

လာမယ့်အစိုးရသစ် လက်ထက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေး ဆောင်ရွက်လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု ကျူးလွန်နေသူတွေကို ထိန်းချုပ်နိုင်မယ့် အခြေအနေတရပ် မဖေါ်ဆောင်နိုင်သရွေ့ ဒီလူ့အခွင့်အရေးချိုးဖေါက်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ နီးပါးလောက်ရှိနေပြီး မကြာခင်မှာ အာဏာလွှဲပြောင်းရယူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလက်ထက်မှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးမှာ ဖြစ်တယ် လို့ သုံးသပ်မှုတွေရှိနေတာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒီကိစ္စကို ဖြေရှင်းရမှာ အခက်အခဲတွေ တွေ့နိုင်တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလိုပြောပါတယ်။

" မြန်မာနိုင်ငံမှာ အစိုးရသစ်ရယ် ပါလီမန်ရယ်က လူထုရွေးချယ် ထားတဲ့လူတွေဖြစ်မယ်။ ဒါပေမဲ့ အစိုးရသစ်နဲ့ ပါလီမန်မှာက တိုင်းပြည်ရဲ့ အရေးရာကိစ္စတွေကို စီမံခန့်ခွဲမှု အပြည့်အဝ ရှိမှာမဟုတ်ဘူး။ ဆိုတော့ တိုင်းပြည်ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကာလုံက အဓိက ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်။ အဲ့ဒီ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ မလွတ်မြောက်ဖို့ဆိုတာက အစိုးရသစ်ရဲ့ သဘောထားဆိုတာထက် စာလို့ရှိရင် ကာလုံရဲ့ သဘောထားအပေါ် ပိုပြီးတော့ မှ မူတည်နေမယ် ဆိုတာမျိုးကို ကျနော်တို့ ထောက်ပြတယ်။

နောက်တခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု တော်တော်များများကို ကျူးလွန်နေတာက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တယ်။ ဆိုတဲ့အခါကျတော့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်ပြီးတော့ အရေးယူနိုင်တဲ့ ယန္တယားတခု မရှိဘူးဆိုလို့ရှိရင် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ ဆိုတာကလည်း နည်းနည်းလေး ခက်ခဲတဲ့ကိစ္စမျိုးတွေရှိတယ်။ "

"ထုတ်ဖေါ်မှုအသစ်နဲ့ ဖိနှိပ်မှုအဟောင်းများ" အစီရင်ခံစာကို AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့မှာ ထုတ်ပြန်လိုက်တာ မှာ နိုင်ငံရေး အကျဉ်းသားအရေးနဲ့ ပါတ်သတ်ပြီး ကိုဘိုကြည်က ၀င်ရောက်ဆွေးနွေးခဲ့ တာပါ။

"ထုတ်ဖေါ်မှုအသစ်များနဲ့ ဖိနှိပ်မှု အဟောင်း"ဆိုတဲ့ အစီရင်ခံစာကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ခဲ့တာပါ။ ဒီအစီရင်ခံစာနဲ့ ပါတ်သတ်လို့ AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Heigh က အခုလို ရှင်းပြပါတယ်။

"အခုထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာ လက်ရှိဖမ်းဆီးမှုတွေနဲ့ အကျဉ်းချထား ခံရသူတွေ အကြောင်း အဓိက မီးမောင်းထိုးပြထားပါတယ်။ လာမယ့် NLD အစိုးရ အနေနဲ့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာကြောင့် သူတို့အပေါ် စွဲဆိုခံထားရတဲ့ အမှုတွေကို ပလပ်ပေးဖို့ကိုလည်း အကြံပြုထားပါတယ်။ ဒါ့အပြင် ဒီလိုလူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်တဲ့ ဥပဒေတွေကို ပြန်ပြင် သုံးစွဲတဲ့ အခြေအနေတွေကို ရှောင်ရှားဖို့ စတာတွေလည်း ပါဝင်ပါတယ်။"

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ဒဏ်အကျဉ်းချခံထားရသူ ၁၀၀ နီးပါးရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ လောက် ရှိနေတာပါ။ မကြာသေးခင်ရက်ပိုင်းတွေအတွင်း ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက UPR လို့ခေါ်တဲ့ နိုင်ငံချင်း အလိုက် လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြတဲ့ ညီလာခံ မှာတော့ မြန်မာ အစိုးရ က နိုင်ငံတကာအကြံပေးချက်တော်တော်များများကို လက်ခံခဲ့ပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ဆက်ရှိနေဆဲပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း NLD အစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အခုလို ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနိုင်တဲ့ နည်းလမ်းတချို့ ရှိနေဆဲဖြစ်တဲ့အကြောင်း ၈၈ မျိုးဆက်နဲ့ ပွင့်လင့်လူ့အဖွဲ့အစည်းက ကိုမြအေးက အခုလိုပြောပါတယ်။

" သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ဘာပါလဲဆိုတော့ လွတ်ငြိမ်းခွင့် ပေးခွင့်ရှိတယ်လေ။ ဆိုလိုတာက ၄၀၁ ​လိုမျိုးပေါ့ဗျာ။ ထောင်ကျပြီးတဲ့သူတွေကို လွတ်ငြိမ်း သက်သာခွင့် ပေးလို့ရတယ်ဗျ။ အပြီးအပိုင်လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကတော့ ကာလုံနဲ့ ညှိပြီးပေးရမယ်ဆိုပြီးတော့ ဖွဲ့စည်းပုံမှာ အဲ့သလို နှစ်ပိုင်းခွဲပြီး ပြဋ္ဌာန်းထား ပါတယ်။ အဲ့တော့ ကျနော်မြင်တာကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲ ကနေပြီးတော့ ထောင်ကျပြီးသား သူတွေကို လွှတ်ပေးရမှာဖြစ်သလို တရားရင်ဆိုင်ဆဲ ကိစ္စတွေကို ညှိနှိုင်းပြီးတော့မှ Withdraw ပြန်လုပ်ပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကောင်းတယ်။ အဲ့လောက်အခြေအနေကိုရောက်ဖို့ ခက်ဦးမယ်လို့ ထင်ပါတယ်။ "

မနေ့က ဗုဒ္ဓဟူးနေ့တုန်းကတော့နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြတဲ့ပွဲ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာတော့ ကျဆုံးသွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေကို ဂုဏ်ပြုခဲ့ပြီး ဒီအခမ်းအနားကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သံတမန်တွေ တက်ရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အခုလို အခမ်းအနားကျင်းပတာလို့လည်း ပြောဆိုပါတယ်။

အောင်အောင်/VOA
http://burmese.voanews.com/content/new-goverment-and-political-prisoners-/3252712.html


dassk-anp-meet-620.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo:Myo Thant Khaing/RFA
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးညီပုကိုသာ ခန့်အပ်မှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ANP ပါတီဝင်တွေနဲ့ ပညာရှင်တွေလည်း ပါဝင်မယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။

ANP ပါတီ ကိုယ်စားလှယ် ၂၂ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန်က ပြောတာဖြစ် ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ ရခိုင်ပြည်နယ် တိုးတက်ရေးကို ဘယ်လိုနည်း နဲ့ အနာဂတ်မှာ လုပ်မလဲဆိုတာကို သဘောတူလိုက်တာပေါ့၊ သူတို့နဲ့ ကျနော်တို့ ဆွေးနွေးကြမယ် ၊ ပြဿနာပေါ်လာရင် ဆွေးနွေးပြီးတော့မှ ပြဿနာကိုအဖြေရှာမယ်၊ အထူးသဖြင့် ရခိုင်မှာ အခု ပြဿနာဖြစ်နေတဲ့ ဘာသာရေးပြဿနာတွေ၊ စီပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေအားလုံးကို နှစ်ဖက်ညှိပြီးတော့မှ အဖြေရှာဖို့ သဘောတူလိုက်တာပဲ၊ ပြည်နယ်အစိုးရနဲ့ဖွဲ့စည်းဖို့ကတော့ ကျနော်တို့လည်း ဖွဲ့စည်းပုံအရလုပ်တဲ့အခါမှာ ဦးညီပုက ဝန်ကြီးချုပ်ဖြစ်မယ်ဆိုတာလည်း ပြောထားပြီးပြီ၊ နောက်လာမယ့် အစိုးရအဖွဲ့မှာ ANP ကလည်းပါမယ်၊ ရှမ်းပညာရှင်တွေလည်းပါမယ်၊ NLD ပဲ မဟုတ်ဘူးဆိုတဲ့အကြောင်းတော့ ရှင်းရှင်း လင်းလင်းပြောခဲ့ပြီးပါပြီ"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးကိစ္စအတွက် ဆွေးနွေးတာ ပြေလည်မှုမရသေးပေမယ့် ထပ်မံတွေ့ဆုံဆွေးနွေး သွားဖို့ရှိကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"အဓိကတော့ ပြည်နယ်အစိုးရပြဿနာပဲ၊ ဆန္ဒတွေလည်း ဖော်ထုတ်တယ်၊ ANP ကလည်း ကြေညာချက် ထုတ်တယ်၊ အဲ့ဒီကြေညာချက်ကြောင့် အကွဲအပြဲတွေဖြစ်ကုန်တယ်၊ ကျနော်တို့ ပါတီအတွက်ရော NLD ရော၊ လာမယ့် အစိုးရအတွက်ရော ဒီကိစ္စဟာ တကယ်အရေးအကြောင်းပါ၊ အဓိက ပြည်နယ် အစိုးရဖွဲ့စည်းရေး၊ ပြဿနာဖြစ်နေတာက အဲ့ဒီကိစ္စပဲ၊ ပြည်နယ်အစိုးရဖွဲ့စည်းရေးကို ကျနော်တို့ဘက်က ညှိနှိုင်းဖို့တောင်းဆိုတယ်၊ အခုက သူကလက်ခံတယ်၊ ဘယ်နေ့တွေ့မယ်ဆိုတာပြောတယ်၊ နောက်အပတ် မှာ တွေ့မယ်ဆိုတာပြောတယ်၊ အဲ့ဒီမှာ အဖြေတစ်ခုရတယ်"

လာမယ့် သတင်းပတ်ထဲမှာ ထပ်မံတွေ့ဆုံဆွေးနွေးကြမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ANP ပါတီဟာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁ဝ ဦး၊ ပြည်နယ်လွှတ်တော် မှာ ၂၂ ဦး စုစုပေါင်း ၄၄ ဦး အနိုင်ရရှိထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်ရှိဖို့ တောင်းဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

RFA
http://www.rfa.org/burmese/news/nld-say-nyipu-rakhine-prime-minister-03242016102916.html

(Credit: Arakan National Party Facebook)
(Credit: Arakan National Party Facebook)
ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရထာတဲ့ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ပေးဖို့အတွက် ထောင်ဂဏန်းလောက်ရှိတဲ့ လူအင်အားက ထောက်ခံဆန္ဒပြပွဲကို စစ်တွေမြို့မှာ လုပ်ဆောင်ခဲ့ကြပါတယ်။ ANP ပါတီကတော့ ဒါဟာ သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲသာဖြစ်ပြီး၊ သူတို့ရဲ့ညွှန်ကြားမှု မပါဝင်ဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီးတဲ့နောက် အရပ်သားအစိုးရ ဖြစ်လာစေဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာတပြည်လုံးက မဲပေးခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရရှိထားတာပါ။ အင်အားကြီး ရခိုင်ပါတီ ၂ ခု ပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီဟာလည်း ရခိုင်ပြည်နယ်တွင်းမှာ ကိုယ်စားလှယ်အတော်များများ ရရှိထားပါတယ်။ ဒါပေမဲ့ NLD အစိုးရဖွဲ့စည်းတဲ့အခါမှာ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်ကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေးဖို့အတွက် ရခိုင်အမျိုးသားပါတီက လိုလားနေတာပါ။ ဒီအတွက် သူတို့ကို ထောက်ခံဆန္ဒပြတဲ့အနေနဲ့ စစ်တွေမြို့မှာ အင်အား ၃၀၀ ခန့်ကနေ စတင် စုဝေးပြီး စတင် ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ စစ်တွေမြို့ခံဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်မြကျော် က ဆိုပါတယ်။

“အဓိကကတော့ ၀န်ကြီးချုပ်ကို ရခိုင်ပါတီက ဖြစ်စေချင်တယ်။ သူတို့ကတော့ အဲ့လို ဆိုင်းဘုတ်တွေ ကိုင်ပြီးရင်တော့ ဆန္ဒပြကြတာပဲ။ အဓိက အချက်ကတော့ အဲ့ဒါလို့ပဲ ထင်ပါတယ်။ အနိုင်ရ မဲအများစုဖြစ်တဲ့ ANP ပါတီ - ၀န်ကြီးချုပ်ကို ANP ပါတီထဲက ဖြစ်စေချင်တယ်ဆိုတဲ့ အဲဒီသဘောထားက အဓိကလို့ ကျနော်ထင်ပါတယ်။ အဓိကတော့ ကျနော်တို့ပါတီက ထုတ်ထားတဲ့ ၁/၂၀၁၆ နဲ့ ပတ်သက်ပြီးရင် အဲ့လိုမျိုး ထောက်ခံဆန္ဒ ထုတ်ဖော်ကြတဲ့သဘောလို့ ကျနော် ထင်တာပေါ့။ ကျနော်တို့ကို ANP ဗဟိုက ညွှန်ကြားထားတဲ့အပိုင်း မဟုတ်ဘူးဆိုတော့ ဘာမှတော့ ကျနော်တို့ အသေးစိတ် တိတိကျကျတော့ မသိပါဘူးခင်ဗျ။”

ဆန္ဒပြတဲ့သူတွေနဲ့အတူ ပူးပေါင်းလိုက်ပါသူတွေကြောင့် အင်အားထောင်ဂဏန်းလောက် ဖြစ်သွားတယ်လို့ မြို့ခံတချို့ကတော့ ဆိုပါတယ်။ ဒါဟာ ရခိုင်ပြည်သူတရပ်လုံးက ဖြစ်စေချင်တဲ့ ဆန္ဒသဘောထားတွေ ဖြစ်ပါသလားလို့ မေးတဲ့အခါမှာတော့ ဦးအောင်မြကျော် က အခုလို ဖြေကြားပါတယ်။

“အဲဒီအပိုင်းတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရခိုင်တပြည်နယ်လုံးနဲ့ သိပ်သက်ဆိုင်တယ်လို့တော့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီစစ်တွေမြို့ တခုတည်းအနေနဲ့ လူတစုက ပြတဲ့ သဘောမျိုးပါပဲ။”

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ဖွဲ့ ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီအနေနဲ့ သူတို့ရဲ့ သဘောထားတွေကို ထုတ်ပြန်ရာမှာ တဖွဲ့နဲ့ တဖွဲ့က ခေါင်းဆောင်တဲ့သူတွေကို အသိပေးတာတွေ မလုပ်ခဲ့ဘူးဆိုပြီး ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ကန့်ကွက်ခဲ့သလို ဒီလို သတင်းစာ ရှင်းလင်းခဲ့တဲ့အတွက်လည်း ANP ပါတီက ခေါင်ဆောင် ၆ ဦးကိုလည်း ထုတ်ပယ်ခဲ့တဲ့အထိ ပါတီတွင်း တင်းမာမှုတွေလည်း ရှိခဲ့တာပါ။

ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီကသာ ဦးဆောင်သင့်တယ်လို့ ယူဆမှုတွေမှာလည်း ပါတီတွင်း သဘောထားကွဲလွဲမူတွေ ရှိနေတာပါ။ ရခိုင်လူထုကတော့ ညီညွတ်ရေးအတွက် ရွေးကောက်ပွဲမတိုင်ခင်မှာ ရခိုင်ပါတီ ၂ ခု ပေါင်းစည်းနိုင်ဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ မဲအပြတ်အသတ်နဲ့ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ်တွေမှာ ၀န်ကြီးချုပ်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကိုသာ ထားရှိသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားသလို ရခိုင်အမျိုးသားပါတီကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟာ ရခိုင်အမျိုးသားပါတီကသာ ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပြီး ဒီလိုမှမဟုတ်ရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။

VOA
http://burmese.voanews.com/content/rakhine-people-protest/3252262.html

ဦးကျော်ဝင်း
ဦးကျော်ဝင်း

မကြာခင်ရက်ပိုင်းအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းတော့မယ့် အစိုးရသစ်မှာတဲ့ ၀န်ကြီး ၁၈ ဦးအနက် ၀န်ကြီး ၂ ဦးရဲ့ နိုင်ငံခြားက ရရှိထားတဲ့ ဘွဲ့လွန်လက်မှတ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုက သူတို့ရရှိတဲ့ဘွဲ့တွေဟာ Diploma Mills လို့ခေါ်တဲ့ ဘွဲ့လက်မှတ်တွေကို ပုံနှိပ်ရောင်းစားနေတဲ့ ဟန်ပြတက္ကသိုလ်တွေထံက ဖြစ်နေတာတွေ့ရပါတယ်။ အခုလို ၀န်ကြီးအသစ်တွေကို ရွေးချယ်ရာ NLD အနေနဲ့ တိကျမှန်ကန်မှုရှိဖို့ ပိုပြီး စိစစ်သင့်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်အကိုင်ကောင်းတွေ ရရှိဖို့အတွက် ကြိုးပမ်းရာမှာ Ph.D. စတဲ့ ပါရဂူ ဘွဲ့လွန်လက်မှတ်ရှိထားသူတွေဟာ ပိုမိုအောင်မြင်ဖို့ အလားအလာရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ Diploma Mills လို့ခေါ်တဲ့ ဘွဲ့လက်မှတ်အတုတွေ ရိုက်နှိပ် ရောင်းချတဲ့ ဟန်ပြကျောင်းတွေဟာ အင်တာနက်တွေ ခေတ်စားလားပြီးတဲနေက်ပိုင်း ဒေါ်လာသန်းနဲ့ချီပြီး ၀င်ငွေတွေ ရရှိနေကြတာပါ။

Dr. John Bear ဟာ ဘွဲ့လက်မှတ်အတု ရိုက်နှိပ်ရောင်းနေတဲ့ စီးပွားဖြစ်လုပ်ငန်းအကြောင်းကို အထူးပြု လေ့လာထားသူ ဖြစ်ပါတယ်။

“ကျောင်းတက်ပြီး ပညာဆည်းပူးခဲ့ကြသူတွေ သိကြတဲ့အတိုင်း ပညာသင်တာ နှစ်နဲ့ချီပြီး သိပ်ကို ကြိုးစားရတာပါ။ အဲဒါတွေအပြီးမှာ နံရံမှာချိတ်ဖို့ ဘွဲ့လက်မှတ် ရကြတာပေါ့။ ဒါက ဘဝမှာ နှစ်ပေါင်းများစွာ ကျောင်းတက်၊ ဒေါ်လာ ထောင် သောင်းချီအကုန်ခံပြီး အပင်ပန်းခံ ယူခဲ့ကြရတာပါ။ Diploma mills ဆိုတဲ့ ဘွဲ့လက်မှတ်တွေကို ပုံနှိပ်ရောင်းစားတဲ့ ဟန်ပြ ကျောင်းတွေကတော့ အလားတူ ဘွဲ့လက်မှတ်တွေ ထုတ်ပေးပါတယ်။ ဒါပေမဲ့ တကယ် နှစ်နဲ့ချီ မကြိုးစားရဘူး။ တနည်းဆိုတော့ ကိုယ်လိုချင်တဲ့ ဘွဲ့ကို ဘာမှ မမေးမမြန်းပဲ ထုတ်ပေးလိုက်တာပါ။ တချို့ကျတော့ အပြကောင်းအောင် စာမျက်နှာ ဆယ်ရွက်လောက်ရှိတဲ့ စာတမ်းကို တင်ရင် တင်ခိုင်းမယ်။ အများအားဖြင့်ကတော့ ဘွဲ့လက်မှတ်ကို လွယ်လွယ်နဲ့ ထုတ်ပေးလိုက်တာပဲ။ ငွေပေးနိုင်ဖို့ကပဲ အရေးကြီးတာပါ။”

ဘွဲ့လက်မှတ်အတု ရောင်းစားတဲ့လုပ်ငန်းကို အမေရိကန်ပြည်ထောင်စုအတွင်းက တချို့ပြည်နယ်တွေမှာ ဥပဒေအရ တားမြစ်ထားတာ ရှိပေမဲ့ ဗဟိုအစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဥပဒေထုတ် တားမြစ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ အဲဒီလို ဘွဲ့လက်မှတ်အတုတွေ ထုတ်ရောင်းနေတဲ့ ကုမ္ပဏီတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံ့ရဲ့ ပညာအရည်အသွေး ကျဆင်းစေမယ့် စိုးရိမ်မကင်း ဖြစ်မှုကြောင့် အမေရိကန်လွှတ်တော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၄ ခုနှစ်က ကြားနာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခု ဘွဲ့လက်မှတ်အတု ကိစ္စနဲ့ သတင်းမီဒီယာတွေထဲမှာ အကျယ်တ၀င့် ဖော်ပြခံနေရသူ ၀န်ကြီးလောင်း ၂ ဦးထဲက တဦးဖြစ်တဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက အမေရိကန်နိုင်ငံ အခြေစိုက် Brooklyn Park တက္ကသိုလ်ကနေ Ph.D. ဘွဲ့ကို ဘယ်လို ယူဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဆရာက လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက အဲဒီမှာပေါ့ အွန်လိုင်း ဒီဂရီတခုကို လိုချင်တာပေါ့။ အဲဒီတော့ ဆရာလိုက်ရှာတော့ Brooklyn Park University တွေ့တယ်။ တွေ့တော့ အဲဒီမှာလည်း ရေးထားတာက US Economic Ensuring Department က လိုင်စင်ထုတ်ပေးတယ်ဆိုတော့ အန်ကယ်လည်း စိတ်ချတာပေါ့နော်။ စိတ်ချပြီး ကြိုးစားတော့လည်း အချိန်ကုန်၊ ငွေကုန်ပေါ့၊ လူလည်းပင်ပန်းပေါ့။ ဒါပေမဲ့ လိုချင်တာလေးတော့ ရတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အဲဒီကြီးက လက်မှတ်အတုကြီးဖြစ်သွားတော့ စိတ်ထဲမှာလည်း တော်တော်လည်း မကောင်းဘူးပေါ့။ တနုတ်နုတ်နဲ့ ခံစားရတယ်။”
အဲဒီတက္ကသိုလ်ဟာ အမေရိကန်နိုင်ငံအတွင်း ဘွဲ့လက်မှတ်အတုတွေ ထုတ်ရောင်းနေတဲ့ တက္ကသိုလ်တခုဖြစ်ကြောင်း New York Times သတင်းစာကြီးမှာ ဝေဖန် ရေးသားခံခဲ့ရတဲ့ တက္ကသိုလ်တခု ဖြစ်ပါတယ်။ ဘွဲ့လက်မှတ်အတုကိစ္စနဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခံနေရသူ နောက်တဦးဖြစ်တဲ့ NLD ပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းမြင့်ကလည်း ဗွီအိုအေကို ရှင်းပြပါတယ်။

“ဒီ ၈၈ နိုဝင်ဘာမှာ ကုလသမဂ္ဂနဲ့ UNDP Specialist နဲ့ Solomon Island ရောက်တော့ ကျနော်က Further study လုပ်ဖို့ နဂိုတည်းက ရည်ရွယ်ထားတယ်ပေါ့နော်။ ဒီတော့ ဒီကြော်ငြာကို Economic စာစောင်မှာ တွေ့တာလေ။ ဟိုရောက်တော့ ကျနော် ချက်ချင်းဆက်သွယ်လိုက်တော့ သူက brochure ပေးတယ်လေ။ အဲတော့ California က ပညာရေးကောင်စီက ထုတ်ပေးထားတာပေါ့လေ။ ကျနော်လည်း MSC ကနေပြီးတော့ ကျနော်တို့ ၂ နှစ်တိတိပေါ့ဗျာ။ သူပေးတဲ့ Course guide ၊ ၁၀ ခရက်ဒစ်လား မသိဘူး လုပ်ရတယ်။ ပြီးတဲ့အခါကျတော့ ကျနော် PHD ကို ထပ်လုပ်တယ်။ Doctorate ပြီးတာက ၁၉၉၉ ကတည်းက ပြီးသွားတယ်ပေါ့ဗျာ။ dissertation paper လည်းတင်ရတယ်။ ခုနက သတ်မှတ်တဲ့ ဒီ ခရက်ဒစ်တွေ အဆင့်ဆင့်လည်း ၁၂ ခုပေါ့ဗျာ ။ အဆင့်ဆင့်လည်း သွားရတာပေါ့နော်။အဲတော့ ကျနော် PHD လုပ်တာ ၆ နှစ်ခွဲလောက်ကြာတယ်ခင်ဗျာ။ ပညာနဲ့ပတ်သက်လို့ အထောက်အထား မှားတယ်ဆို၇င်လည်း ပါတီက ဒါကတော့ ကျနော်တို့ ပညာရေးအထောက်အထားကို သက်ဆိုင်ရာ အမေရိကန် သံရုံးကတဆင့် မေးမယ်ခင်ဗျာ။ မေးလို့ကျနော်တို့က ဒါလုပ်ရတော့မှာပေါ့လေ။ သူက ကန့်ကွက်ရင် defense လုပ်ရတော့မှာပေါ့ဗျာ။”

ဒေါက်တာ သန်းမြင့် Ph. D. ဘွဲ့ရရှိခဲ့တဲ့ Pacific Western တက္ကသိုလ်ဟာ Hawaii ပြည်နယ် အစိုးရက ၂၀၀၆ ခုနှစ်မှာ လုပ်ငန်း လုပ်ပိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရသလို ၂၀၀၄ ခုနှစ် ကြားနာစစ်ဆေးပွဲမှာ ထည့်သွင်း စုံစမ်းစမ်းခံရတဲ့ တက္ကသိုလ်တွေထဲမှာလည်း ပါဝင်ပါတယ်။

မြန်မာ့ရေးရာ ကျွမ်းကျင်သူ Prof. David Steinburg ကတော့ NLD - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၀န်ကြီးအဖြစ် ယာထားသူတွေရဲ့ ကိုယ်ရေးရာဇ၀င်ကို အသေအချာ စိစစ်ဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြ ပြောဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာတော့ လူပုဂ္ဂိုလ်တဦးကို အလုပ်ခန့်မယ်ဆိုရင် သင့်တော်တယ် မသင့်တော်ဘူးဆိုတာကို နောက်ခံသမိုင်းကြောင်းကို သေသေချာချာ စိစစ်ကြပါ။ ဒီပုဂ္ဂိုလ် ၂ ဦးအကြောင်းကို ကျနော်မသိတော့ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဘယ်လိုဆိုတာ ကျနော်မပြောနိုင်ပေမဲ့ အခုလို ရွေးချယ်မှုနဲ့ ပတ်သက်လို့တော့ ကျနော်ပြောလိုတာက နောက်ခံသမိုင်းကြောင်းကို သေသေချာချာ မစိစစ်ဘဲ အဲဒီလို ရွေးချယ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ် ဆိုတာပါပဲ။ အခုလို အချိန်က မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးနေပြီး၊ အားလုံးက နိုင်ငံ တိုးတက်အောင်မြင်တာကို မြင်လိုကြပါတယ်။ အဟန့်အတားဖြစ်စေမယ့် ကိစ္စမှန်သမျှက ပြဿနာ ဖြစ်ပါတယ်။”

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တဦးလည်းဖြစ်၊ လက်ရှိ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်နေသူလည်း ဖြစ်တဲ့ ဒေါက်တာတင့်ဆွေကတော့ NLD ပါတီအနေနဲ့ နောက်တကြိမ် ၀န်ကြီးတွေကို ရွေးချယ်တဲ့အခါမှာ ဒီထက် ပိုပြီး တိကျသေချာအောင် လုပ်ဆောင်ဖို့ လိုအပ်မယ်လို့ ပြောပါတယ်။

“ဒီအချိန်က အပြစ်အနာအဆာကို ဇကာစိပ်ကလေးနဲ့ စစ်သလို စစ်နေကြတဲ့အချိန်မှာ ဖြစ်လာတဲ့ကိစ္စပါ။ နောက် ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်၌က သိသလောက်ပေါ့နော် ရေဒီယိုနဲ့ မီဒီယာမှာ သူတို့ ရိုးသားစွာ ၀န်ခံထားတာတွေလည်း ရှိတဲ့အတွက် ဒီလိုဖြစ်တာတွေကတော့ စိတ်မကောင်းစရာဖြစ်တယ်၊ နောင်ဆိုရင်တော့ ဒီထက်ထိ စနစ်ကျတဲ့ စိစစ်မှုမျိုး ဖြစ်သင့်တယ်လို့ ကျနော် ယူဆပါတယ်။”

ဆလိုင်းရဲမန်ဟာ အမေရိကန်နိုင်ငံ Tennessee Temple တက္ကသိုလ်ကနေ Ph. D. ဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ သူက အစိုးရ ရာထူးတာဝန် ကြီးကြီးတွေကို ထမ်းဆောင်ကြတော့မယ့် သူတွေအနေနဲ့ မစစ်မှန်တဲ့ လက်မှတ်တွေကို အသုံးမပြုသင့်ဘူးလို့ အကြံပြု ပြောဆိုပါတယ်။

“ဗမာပြည်မှာက ၀န်ကြီးပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် သူတို့ဝန်ကြီးလုပ်ဖို့အတွက် ဖြည့်စရာ မလိုပါဘူးလို့ ထင်တယ်။ သူတို့ မှားပြီးတော့ မသိဘဲနဲ့ဖြစ်စေ ဒီဂရီယူမိလို့ရှိရင် ကျနော့်အနေနဲ့တော့ လွှင့်ပစ်ယုံပဲ ရှိတယ်လေ။ ဒါ သူတို့ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Academic Degree ဆိုတာကတော့ ကိုယ်ကြိုးစားမှပဲရတဲ့ဟာမျိုးဆိုတော့ လူကြီးပုဂ္ဂိုလ်တွေကတော့ မထည့်သင့်ပါဘူး ထင်ပါတယ်။”

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က လွှတ်တော်ကို တင်သွင်းထားတဲ့ ၀န်ကြီးလောင်းတွေရဲ့ အမည်စာရင်းကို လွှတ်တော် စိစစ်ရေးကော်မတီက အရည်အချင်းပြည့်မှီခြင်း ရှိမရှိ စစ်ဆေးပြီးတဲ့နောက် ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ အတည်ပြုသွားဖို့ ရှိပါတယ်ခင်ဗျား။

ကိုဇော်ဝင်းလှိုင်/VOA
http://burmese.voanews.com/content/burma-politics/3252260.html


ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် တိုင်းနဲ့ပြည်နယ် ၉ ခုက ကျေးရွာပေါင်း ၁၆၀ ကျော်မှာ ရေပြတ်လပ်မှုတွေ စတင်ဖြစ်ပွားနေပြီလို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ ရေပြတ်လပ် တဲ့ ကျေးရွာတွေကို ဝန်ကြီးဌာနနဲ့အတူ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပရဟိတ လူမှုရေးအဖွဲ့တွေကလည်း ရေပေးဝေရာမှာ ကူညီပေးနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက တင်ပြထားပါတယ်။

ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် မြန်မာနိုင်ငံအနှံ့ ရေပြတ်လပ်မှုတွေ စတင်ဖြစ်ပွားနေပြီး တိုင်းနဲ့ပြည်နယ် ၉ ခုက ကျေးရွာပေါင်း ၁၆၇ ရွာမှာ ရေပြတ်လပ်နေပြီလို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အခုလို ပြောဆိုလိုက်ပါတယ်။

“မနေ့ကအထိဆိုရင် ကယားပြည်နယ်မှာ ၇ ရွာ၊ ကရင်မှာ ၂ ရွာ၊ စစ်ကိုင်းမှာ ၁၂ ရွာ၊ ပဲခူးမှာ ၁၈ ရွာ၊ နောက် မကွေးမှာ ၂၅ ရွာ၊ မန္တလေးက ရွာ ၆၀၊ မွန်က ၂၀၊ ရန်ကုန်က ၇ ရွာ၊ ဧရာဝတီ ၄ ရွာ၊ နေပြည်တော် ၆ ရွာ၊ စုစုပေါင်း ၁၆၇ ရွာမှာ စပြီးတော့ ရေပြတ်နေတယ်။”

လာမယ့် ဧပြီလနဲ့ မေလတွေမှာ ရေပြတ်လပ်မယ့် ကျေးရွာအရေအတွက် ပို တိုးလာမှာကို ခန့်မှန်းထားပြီး ရေဖြန့်ဝေပေးဖို့ ပြင်ဆင်ထားတယ်လို့လည်း ဦးခန့်ဇော်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရေကို ချွေတာသုံးဖို့၊ ရေအရင်းမြစ်တွေကို ထိန်းသိမ်းဖို့အပြင် ရေဖြန့်ဝေပေးတဲ့ ဦးစီးဌာနနဲ့လည်း အမြဲ ဆက်သွယ်နေကြဖို့ ဦးခန့်ဇော်က တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူတွေကတော့ ခုနကပြောသလို ချွေတာဖို့ပါပဲ။ ဒါ သိနေတဲ့အတွက်ကြောင့် ဒီနှစ်မှာ ကျနော်တို့က ချွေတာရမယ်။ နောက်ပြီးတော့ ရေအရင်းအမြစ်တွေကို ကျနော်တို့က ၀ိုင်းဝန်း ထိန်းသိမ်း ကာကွယ်ပေးရမယ်ဆိုတာ ကျနော်တို့ကလည်း ဒီဌာနဆိုင်ရာ ၀န်ထမ်းတွေဆိုတာ ကန့်သတ်ချက် အခက်အခဲတွေ ရှိတယ်လေ။ အကုန်လုံး ကျနော်တို့ချည်းပဲ လိုက်လုပ်ပေးလို့မရဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ့်ရဲ့ ရေအရင်းအမြစ်တွေကို ကာကွယ်ပေးရမယ်။ ကိုယ့်မှာရှိတဲ့ ရေတွင်းတွေ၊ ရေကန်တွေကို တိရစ္ဆာန်တွေ မ၀င်အောင်လို့ တားဆီးပေးရမယ်။ ချွေတာသုံးရမယ်ဗျာ။ နောက်ပြီး ကျနော်တို့က ဌာနဆိုင်ရာတွေနဲ့ အမြဲ ပူးပေါင်းနေရမယ်ဗျာ။ လိုအပ်လို့ရှိရင် ကျနော်တို့က ကျနော်တို့ လာတာကိုပဲ အမြဲ စောင့်နေလို့မရပါဘူး။ ကျနော်တို့အတွက်ကလည်း ကန့်သတ်ချက်ရှိပါတယ်။ မြို့နယ် တမြို့နယ်မှာဆိုရင် တချို့နေရာတွေမှာက ရွာ ၁၀၀ ကျော်၊ တချို့က ရွာ ၃၀၀၊ တချို့ ရွာ ၄၀၀ ရှိတာပေါ့လေ။ ကျနော်တို့ မြို့နယ် တမြို့နယ်မှာရှိတဲ့ ၀န်ထမ်း ၁၅ ယောက်လောက် ရှိတာဗျ။ ဒါကြောင့်မို့လို့ ကျနော်တို့တွေကို ဒါ communication ဆိုတာ ကျနော်တို့က နှစ်ဘက်သွားမှဆိုတော့ ကျနော်တို့ကို စောင့်နေရင်တော့ ကြန့်ကြာပါလိမ့်မယ်။ ကျနော်တို့ကို ဆက်သွယ်နေဖို့ လိုပါတယ်ခင်ဗျ။”

လက်ရှိ ရေပြတ်လပ်မှု ကြုံတွေ့နေရတဲ့ ကျေးရွာတွေအတွက် ရေပေးဝေတဲ့အခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့အတူ ကျေးရွာ ထွေအုပ်တွေအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဝေဠုကျော် ဖောင်ဒေးရှင်း စတဲ့ ပရဟိတအဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီနေကြတာပါ။

မန္တလေးမြို့အခြေစိုက် ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ကိုညီညီနိုင်ကလည်း သူတို့အဖွဲ့အနေနဲ့ ရေပြတ်လပ်မှုကြုံရတဲ့ ကျေးရွာတွေကို ကူညီဖို့ အသင့်ပြင်ထားတယ်လို့ အခုလို ပြောပါတယ်။

“ဂါလံ ၁၂၀ ဆံ့တဲ့ ရေတိုင်ကီ ကျနော်တို့ စီမံထားပါတယ်။ အဲဒီ ရေတိုင်ကီတွေထဲကို သောက်သုံးရေတွေပေါ့နော် ဂါလံ ၁၂၀ ဆံ့ သောက်သုံးရေတွေ ထည့်မယ်။ ထည့်ပြီးရင် အဲဒါတွေကို ရေပြတ်တဲ့နေရာတွေကို ပို့မယ်ပေါ့။ အဲဒါတွေကို စဉ်းစားထားပါတယ်။ နောက်ပြီးတော့ ၁၂ ပေ၊ ၁၈ ပေ မိုးကာတွေနဲ့ အဲဒါတွေကိုလည်း သုံးရေတွေ ဖြန့်ဝေမယ်လို့လည်း စဉ်းစားထားပါတယ်။ ဂါလံ ၉၀၀ ဆံ့တဲ့ ရေလှောင်ကန်လေးလည်း ကျနော်တို့ စီမံထားပါတယ်။ အဲဒီအတွက် ကြိုတင် ပြင်ဆင်ထားပါတယ်ခင်ဗျ။”

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် ၂၀၁၆ ခုနှစ် နွေရာသီမှာ တနိုင်ငံလုံးက ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတော် ထောက်ပံ့ငွေ သန်း ၁၀၀ ကျော်ကို အသုံးပြုပြီး ရေဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

သိင်္ဂီလင်း/VOA
http://burmese.voanews.com/content/water-shortage/3252254.html

[youtube src="G7t9V-rKjog"/]
ထိုင်းက တရားမဝင် မြန်မာအိမ်အကူတွေဟာ အလုပ်ရှင်တွေ အနိုင်ကျင့်နှိပ်စက်တာကို နေ့တိုင်းကြုံနေရပေမယ့် အခုဆို မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နေပြီဆိုတော့ ကိုယ့်တိုင်းပြည်ပြန် ပိုက်ဆံရှာနိုင်ဖို့အခြေအနေရှိပါပြီလား။ ချင်းမိုင်က ဗွီအိုအေသတင်းထောက် Steve Sandford ရဲ့ သတင်းကို ကိုရဲခေါင်က ပြောပြပါမယ်။

VOA Burmese
http://burmese.voanews.com


မတ် ၂၄ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအနေဖြင့် လူထုဆန့်ကျင်ရေး မလုပ်မိကြရန် ယနေ့ မတ်လ ၂၄ရက်နေ့တွင် KNLA စစ်ဌာနချုပ်၌ ပြုလုပ်သည့် KNLA ၏ အပတ်စဉ်(၅) အရာရှိငယ် သင်တန်းဆင်းပွဲ၌ သင်တန်းဆင်းအရာ ရှိများအား ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက သတိပေးပြောကြားလိုက်သည်။

၎င်းက “အခု အပစ်ရပ်ကာလမှာ ငါတို့တွေ ပြစ်တင်ပြုမှု နေထိုင်မှုကနေ လွတ်အောင် နေထိုင်ရမယ်။ ရန်သူတွေက ငါတို့တွေကို သေနတ်နဲ့ မတိုက်ဘူး။ ငါတို့တစ်တွေ ဘယ်လိုအမှားမျိုး လုပ်မလဲ။ ဘယ်လိုစဉ်းစားချက် အမှားမျိုးတွေ၊ ခံယူချက်အမှားမျိုးတွေ ရှိမလဲဆိုတာနဲ့ အမြင်မှားမှုမျိုးတွေနဲ့ ငါတို့တွေကို တိုက်ခိုက်နေတယ်။ ဒါကြောင့် ပြည်သူတွေ၊ ခေါင်းဆောင်တွေနဲ့ အစိုးရစစ် တပ်ရဲ့ အပြစ်မြင်မှုမျိုးကနေလွတ်အောင် နည်းမှန်လမ်းမှန်နဲ့ ပြုမူနေထိုင်သွားကြပါ”ဟု အမှာစကား ပြောကြားခဲ့သည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ရန် လုံခြုံရေးအရ ပြန်လည် ပေါင်းစည်းရေးနှင့် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေး ပြောဆိုထားမှုအပေါ်ကိုလည်း သတိထားသွားရန် ဒုဗိုလ်ချုပ်ကြီးစော ဘောကျော်ဟဲက ထပ်မံ ထည့်သွင်း သတိပေး ပြောကြားခဲ့သည်။


၎င်းအရာရှိငယ်သင်တန်းကို နိုဝင်ဘာလမှစ၍ KNLA သင်တန်းဋ္ဌာနမှ အလျင်းသင့်သလို ရက် (၉၀)ကြာ ဦးစီး သင်ကြားပေးခဲ့ ခြင်းဖြစ်ပြီး အခြေခံစစ်သင်တန်း၊ KNU ၏ မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သက်ဆိုင်သည့် နိုင်ငံရေးပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့အပြင် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုပိုင်းဆိုင် ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးကာ KNU တပ်မဟာ(၁)မှလွဲ၍ ကျန်တပ်မဟာ(၆)ခုမှ သင်တန်းသား ၉၃ဦးတို့ တက် ရောက်ခဲ့ကြသည်။

တောင်ငူခရိုင် တပ်မဟာ(၂)မှ သင်တန်းသား စောအဲ့မူးထီးက“ဒီနေ့ စစ်ဦးစီးချုပ် ပြောသွားသလိုပဲ။ ဒီအပစ်အခတ်ရပ်စဲတာကိုပဲ တစ်ခုထဲကြည့်လို့ မရဘူး။ အစိုးရက နိုင်ငံရေးပိုင်းကို ထိုးစစ်ဆင်လာတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲရေးကိုပဲ ဆက်သွားဖို့ အတွက် ကျနော်တို့ အများကြီး ဆက်ကြိုးစားသွားဦးမယ်။ ပြင်ဆင်ထားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အပတ်စဉ်(၅)အရာရှိငယ်သင်တန်းဆင်းပွဲတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစော ဘောကျော်ဟဲအပြင် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ အရပ်ဖက် အုပ်ချုပ်ရေးခေါင်းဆောင် အချို့၊ သင်တန်းဆင်းရဲဘော်များ၊ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ အပါအဝင် စုစုပေါင်း ၃၀၀ဦးခန့် တက်ရောက်ခဲ့ကြသည်။

 စအိုင်ဆူး
ကေအိုင်စီ - KIC
http://kicnews.org

[youtube src="FHgvbegUnkI"/]
 အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ မူစလင်တွေကို ဝေဖန်တာတွေရှိပြီး အစ္စလာမ်မုန်းတီးစိတ်တွေ တိုးလာတာကြောင့် အမေရိကန်မူဆလင်တွေအပေါ် လူတွေ ပို အာရုံစိုက် လာကြ ပါတယ်။ မူစလင်အများဆုံးနေထိုင်တဲ့ Illionis ပြည်နယ်က အခြေအနေနဲ့ ပတ်သတ်ပြီး VOA သတင်းထောက် Kane Farabough ရဲ့ ဆောင်းပါးကို ဦးကျော်ဇံသာ တင်ပြထားပါတယ်။

VOA Burmese
http://burmese.voanews.com


ဒေါ်အောင်ဆန်းစုကြည် နဲ့ ရခိုင်အမျိုးသားပါတီ က လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြသနာတွေ ဖြေရှင်းနိုင်ရေးအတွက် အန်အယ်လ်ဒီ နဲ့ အေအန်ပီ နှစ်ဖက် တွေ့ဆုံဆွေးနွေးအဖြေရှာသွားကြမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။


ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီက ဦးညီပုကို ခန့်အပ်မှာ ဖြစ်ပေမယ့် အစိုးရအဖွဲ့မှာ အေအန်ပီက ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ ပါဝင်မယ်လို့ လည်း ပြောပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

(ဓါတ်ပုံ မျိုးသန့်ခိုင် အာအက်ဖ်အေ)
RFA Burmese
https://www.facebook.com/RFA-Burmese

IS အဖွဲ့ရဲ့ ဗျူဟာသစ် အရ အနောက်နိုင်ငံ တွေ ထဲ တိုက်ခိုက်မှု တွေ ကျူးလွန်
ဆီးရီးယား နိုင်ငံ က ပြန်ရောက် လာကြတဲ့ အစ္စလာမ်မစ် တိုက်ခိုက်ရေး သမားတွေ ကြောင့် ဥရောပ နိုင်ငံတွေဟာ မကြုံစဖူး အန္တရာယ်နဲ့ ရင်ဆိုင် နေကြတယ် လို့ ဥရောပ ရဲတပ်ဖွဲ့ ယူရိုပိုလ် ရဲ့ ညွှန်ကြားရေးမှုး Rob Wainright က သတိပေး လိုက်ပါတယ်။

ဥရောပ နိုင်ငံတွေ က လူပေါင်း ၅ ထောင်လောက် အစွန်းရောက် ဝါဒထဲ အသိမ်းသွင်း ခံခဲ့ရပြီး အခုဆိုရင် အဲဒီ့သူတွေ ဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ဗျူဟာသစ် အရ အနောက်နိုင်ငံ တွေ ထဲ တိုက်ခိုက်မှု တွေ ကျူးလွန် ကြတာတွေ ထဲ ပါဝင် ပတ်သက် နေတယ် လို့ မစ္စတာ ဝိန်းရိုက်ထ် က ဘီဘီစီ ကို ပြောပါတယ်။

အင်္ဂါ နေ့တုန်းက ဖြစ်ပေါ် ခဲ့တဲ့ ဘရပ်ဆဲလ်မြို့ အတိုက်အခိုက် ခံခဲ့ရမှု အတွင်း ထိခိုက် ဒဏ်ရာ ရခဲ့ ကြရ သူတွေ အများအပြား ကို အထူး ကြတ်မတ် ကုသ ပေးနေရဆဲ ဖြစ်ပါတယ်။

သေဆုံး စာရင်း ထပ်တိုး လာနိုင်တယ် လို့ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေက သတိပေး ထားပါတယ်။

အင်္ဂါ နေ့ က ဘရပ်ဆဲလ် ရဲ့ လေဆိပ်နဲ့ မြေအောက် ဘူတာရုံ မှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှု တွေ ကြောင့် ၃၁ ယောက် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ ကြရပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ဝင် နိုင်ငံတွေရဲ့ ပြည်ထဲရေး နဲ့ တရားရေး ဌာန ဝန်ကြီး တွေဟာ မတ်လ ၂၄ ရက် ကြာသာပတေးနေ့ မှာ ဘရပ်ဆဲလ် မြို့မှာ တွေ့ဆုံပြီး အကြမ်းဖက် ပြဿနာ ကိုင်တွယ်ရေး ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒီ အချိန်မှာပဲ၊ ဘယ်လ်ဂျီယံ ရဲတွေ ကတော့ ဗုံး မပေါက် ပဲ အသက်ရှင်လျက် လွတ်မြောက် နေဆဲ လေးယောက်မြောက် အသေခံ ဗုံးခွဲသမား ကို လိုက်လံ ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ဒါ့အပြင့် မြေအောက်ဘူတာရုံ တိုက်ခိုက်မှု မှာ အားပေး ကူညီသူ နောက်တစ်ဦး လည်း ရှိနေသေးတယ် လို့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဂျမေကာ အလှမယ် ဟောင်း Marsha Gay Reynoldsနှင့် ၄င်းသယ်ဆောင်လာသည့် ကိုကင်းထုတ်များအား တွေ့ရစဉ်-အင်တာနက်
    လော့စ်အန်ဂျလိစ်၊ မတ်၂၄ရက် (ဆင်ဟွာ)

    လော့စ်အန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လ ၁၈ရက်က အလေးချိန် ပေါင်၇၀ရှိ ကိုကင်းများအား လေယာဉ်ဖြင့်မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းခဲ့သူ လေယာဉ်မယ်တစ်ဦးသည် မတ်လ ၂၃ရက်နေ့က အာဏာပိုင်များ ထံ၌ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

Jet Blue လေကြောင်းလိုင်း လေယာဉ်မယ် နှင့် ဂျမေကာ အလှမယ် ဟောင်း ဖြစ်သူ Marsha Gay Reynolds သည် နယူးယောက်မြို့ရှိ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေးဂျင့်များထံ မတ်လ ၂၃ရက်နေ့က ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး မတ်လ ၂၄ရက်နေ့တွင် စတင်ကာ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ ၄င်းသည် ကိုကင်းဖြန့်ဖြူးရန် ရည်ရွယ်ချက်ရှိရှိလက်ဝယ်ကိုင်ဆောင်သည့် အမှုဖြင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Reynolds အား မတ်လ ၁၈ရက်နေ့တွင် လော့စ်အန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်လုံခြုံရေး အရာရှိတစ်ဦး က ၄င်း၏ ခရီးဆောင်အိတ်အား စစ်ဆေးရန်ရပ်တန့်စေခဲ့ပြီးနောက် ၄င်းသည် ၄င်းစီးထားသော ဒေါက်ဖိနပ်ကို ချွတ်ပစ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

Reynolds ကျန်ခဲ့သည့် ခရီးဆောင်အိတ်အား စစ်ဆေးရာ၌ သီးခြားစီ ထုတ်ထားသည့် ကိုကင်းထုတ် ၁၁ထုတ်ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ဖခင်အရင်းကိုယ်တိုင် အဓမ္မပြုကျင့်မှုကို လေးနှစ်ကြာခံစားခဲ့ရသော အိန္ဒိယနိုင်ငံမှ (၁၈) နှစ်အရွယ် အမျိုးသမီးတဦးသည် နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ကာ ဖခင်ဖြစ်သူ၏ ကာမကျူးလွန်မှုကို ကိုယ်တိုင် ဖုန်းဖြင့် ဗီဒီယိုရိုက်ကူး၍ ရဲထံတိုင်ကြားခဲ့ရသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဿာပရာဒတ်ခ်ျပြည်နယ် ဂျလောင်းခရိုင်အတွင်းနေထိုင်သော ဆာရီတာဒေ၀ီဆိုသည့် အမျိုးသမီးသည် ယင်းကဲ့သို့ ဖခင်ဖြစ်သူက အဓမ္မကျူးလွန်နေမှုကို မိခင်နှင့် အစ်မဖြစ်သူတို့အား ပြောပြခဲ့သော်လည်း မယုံကြည်ခဲ့ကြဟုဆိုသည်။ နောက်ဆုံးတွင် ဆာရီတာဒေ၀ီသည် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့၍ ဖခင်ဖြစ်သူက အဓမ္မပြုကျင့်နေပုံကို ဗီဒီယို ရိုက်ကူးထားပြီး မိခင်နှင့် အစ်မဖြစ်သူတို့ကို သက်သေပြကာ ရဲထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။


''ကျွန်မ သက်သေပြစရာမရှိခဲ့ဘူး၊ ဒီတကြိမ်မှာတော့ ကျွန်မက သက်သေပြနိုင်အောင် တယ်လီဖုန်းဗီဒီယိုကင်မရာနဲ့ မှတ်တမ်းလုပ်ထားတယ်။ ဒီလိုအဖေမျိုးရတာ ကျွန်မ ရှက်မိပါတယ်။ ကျွန်မကို နှစ်အတော်ကြာအောင် မတရားပြုကျင့်ခဲ့တဲ့ ဖခင်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။ သူ့ကို ကြိုးပေးစီရင်တာမျိုး မလိုချင်ဘူး။ အများပြည်သူရှေ့မှာ ၀ိုင်းပြီး ရိုက်နှက်ပစ်တာမျိုး လုပ်စေချင်တယ်။ လူ အများရှေ့မှာ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုး ခံစားစေချင်တယ်'' ဟု ဆာရီတာဒေ၀ီက တောင်းဆိုခဲ့သည်။


လေးနှစ်တာကာလအတွင်း ဆာရီတာ၏ ဖခင် အသက်(၅၃)နှစ် က အိမ်တွင် လူမရှိသောအချိန်၌ သူမကို အဓမ္မပြုကျင့်ခဲ့သည်။ နောက်ဆုံးတွင် ဆာရီတာဒေ၀ီက သူမ၏ ဖုန်းကင်မရာကို ပြတင်းပေါက်တွင် ထောင်ထားကာ အခင်းဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့ရသည်။ ယင်းနောက် ရဲတပ်ဖွဲ့စခန်းတွင်တိုင်ကြားခဲ့ရာ ရဲက ဖခင်ဖြစ်သူကို ဖမ်းဆီးခဲ့သည်။ အဓမ္မပြုကျင့်သူ ဖခင်က ယင်းသို့ဖြစ်ရခြင်းမှာ အရက်ကြောင့်ဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၅၀၆ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

ထွဋ်ဝင်းထွဋ်
Ref:Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


တပ်မှသိမ်းယူထားသော လယ်မြေများအနက်မှ အသုံးမပြုသည့် စွန့်လွှတ်မြေများကို နိုင်ငံတော် အစိုးရသို့ ပြန်လည်အပ်နှံခဲ့သဖြင့် မူလလက်ငုတ် တောင်သူလယ်သမားများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြေများကို တောင်သူလယ်သမားများထံ လွှဲပြောင်းပေးသည့် အခမ်းအနားကို မတ်လ ၂၂ ရက်တွင် ပြုလုပ်ခဲ့ပြီး အင်းတကော်မြို့၊ သာယာကုန်းကျေးရွာမှ တောင်သူလယ်သမား ၆၄ ဦးကို မြေ ၃၂၅.၉၂ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်လွှာ မှတ်ပုံတင်(ပုံစံ-၃)ကို လယ်သမား တစ်ဦးချင်းထံ လွှဲပြောင်းပေးခဲ့ ကြောင်း သိရသည်။

စစ်တပ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတည်းက စွှန့်လွှတ်ခဲ့သည့် မြေများဖြစ်သော်လည်း ပြန်လည် လွှဲပြောင်းပေးရန် စိစစ်နေသည့်အတွက် ၂၀၁၆ ခုနှစ် မတ်လမှသာ မူလလယ်ပိုင်ရှင်များထံ လွှဲပြောင်းပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု လယ်ပြန်လည်ရရှိမယ့် လယ်သမားတွေကို (ပုံစံ-၃)ထုတ်ပေးထားပြီးပြီ။ လယ်သမားတွေက လယ်ယာမြေ လုပ်ပိုင်ခွင့်(ပုံစံ-၇)ကို ပြန်လျှောက်ရပါမယ်” ဟု ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောသည်။

အင်းတကော်မြို့ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်က ၁၉၉၇ ခုနှစ်တွင် တပ်၏ လိုအပ်ချက်အရ သာယာကုန်း ကျေးရွာ တစ်ဝိုက် ပလပ်မြေများနှင့် တောင်သူလယ်သမားများ၏ မြေများကို သိမ်းယူ၍ တပ်မြေအဖြစ် အုတ်တံတိုင်းခတ်ကာ အုတ်တံတိုင်းပြင်ပမှ လယ်ယာမြေများကို အသုံးမပြုတော့သဖြင့် စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်လယ် အသိမ်းခံရတာ ၁၆ ဧကပါ။ တပ်က လယ်မသိမ်းခင် လွန်ခဲ့တဲ့ ၁၅ နှစ် လောက်တည်းက လယ်လုပ်နေတာပါ၊ အခုပြေစာရှိလို့ပြန်ရတာ ၄ ဧကပါ။ ကျန်ဧကတွေကို နောက်ခွဲတမ်းတွေမှာ ရ၊ မရတော့မသိဘူး” ဟု သာယာကုန်းကျေးရွာ၊ အမှတ် ၆ ရပ်ကွက်မှ လယ်သမား ဦးထွန်းဝင်းက ပြောသည်။

အင်းတကော်မြို့၊ အမှတ် ၁ ခဲယမ်းမီးကျောက်တပ်သည် တောင်သူလယ်သမား ၁၇၆ ဦးထံမှ သိမ်းယူထားသော လယ်မြေစုစုပေါင်း ၉၉၀.၀၁ ဧကကို နိုင်ငံတော်အစိုးရထံ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးအနေဖြင့် တောင်သူလယ်သမားများထံ ကျန်မြေများကို ထပ်မံလွှဲပြောင်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/


ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆု လျှောက်ထားလိုသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် ဧပြီလကုန် နောက်ဆုံးထားပြီး ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လျှောက်ထားနိုင်ပါတယ်။

အခြေခံပညာအဆင့်ကစပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူတွေကို ပညာသင် ထောက်ပံ့ကြေးတွေ ပေးမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေး က ပြောပါတယ်။

ပညာသင်ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာကျောင်းရဲ့ ထောက်ခံချက်နဲ့ နေထိုင်တဲ့မြို့နယ်က အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်တစ်ဦးဦးရဲ့ ထောက်ခံချက်တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ပညာသင်ဆုတွေကို ပေးအပ်လာတာဖြစ်ပြီး လျှောက်ထားသူများတာကြောင့် ပညာသင်ဖို့ အခက်အခဲဆုံးဖြစ်နေသူတွေကို ရွေးချယ်ပေးအပ်နေတယ်လို့ ဦးကျော်ထွေး က ပြောပါတယ်။

ပညာရေးကွန်ရက်က တိုင်းနဲ့ပြည်နယ်တစ်ခုစီအတွက် လေးဦးနှုန်းနဲ့ ပညာသင်ဆုတွေ ပေးအပ်နေတာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ အရေအတွက်တိုးမြှင့် ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

မူလတန်းနဲ့ အလယ်တန်းကျောင်းသူ ကျောင်းသားတွေအတွက် လစဉ်ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်း၊ အထက်တန်းအတွက် တစ်လ ငွေကျပ် သုံးသောင်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေအတွက် တစ်လ ကျပ် ငါးသောင်းစီကို လစဉ်ပေးအပ်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မတ်လ ၂၄ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ သတင်းစာရှင်းလင်းစဉ်။ Photo: Zarni Htun/RFA
နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ AI ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပတဲ့ AI အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ရဲ့ အရှေ့တောင် အာရှ ဒါရိုက်တာ Ms. Champa Patel က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

"ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုပါတယ်၊ ဒါ့အပြင် လွတ်လပ်စွာပြောဆိုခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ချိုးဖေါက်တဲ့ တည်ဆဲဥပဒေတွေကို ရုပ်သိမ်းပေးဖို့ ဒါမှမဟုတ် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင်  ပြင်ဆင်ပေးဖို့ကိုလည်း အကြံပြုလိုပါတယ်လို့" Ms. Champa Patel က ပြောတာဖြစ်ပါတယ်။

သူရည်ညွှန်းတဲ့ ဥပဒေတွေက ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေ၊ တရားမဝင်အဖွဲ့အစည်းများ ဥပဒေ၊ ၂ဝ၁၃ ဆက်သွယ်ရေးဥပဒေ ၊ ၁၉၂၃ နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေတွေဖြစ်ပြီး အဲ့ဒီဥပဒေတွေကို ပြင်ဆင်တာ ဒါမှမဟုတ် ပယ်ဖျက်တာတွေလုပ်ဖို့ အကြံပြုတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို လည်း ဖေါ်ပြထားပါတယ်။ သို့သော်လည်း ဖမ်းဆီးတာ လွှတ်ပေးတာတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကျိုးအမြတ်ရှိမယ့်အချိန်မှာ ပြုလုပ်လေ့ရှိတယ်လို့လည်း ဝေဖန်ထားပါတယ်။

AI အဖွဲ့က "ထုတ်ဖော်မှုအသစ်များနှင့် ဖိနှိပ်မှုအဟောင်းများ" အစီရင်ခံစာကိုလည်း ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ အမိန့်ချပြီးသား ၉ဝ ကျော်နဲ့ အမှုရင်ဆိုင်နေရသူ ၄ဝဝ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


အမျိုးသမီးများအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သတ်မှတ်ထားသည့် မြန်မာနိုင်ငံ၏ အသုံးစရိတ်မှာ အာရှဒေသရှိ အခြားနိုင်ငံများထက် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ၏ ကျား၊ မရေးရာ အလေးပေးသော ဘတ်ဂျက် (ရသုံးမှန်းခြေ) လေ့လာခြင်း သုတေသနစစ်တမ်းများအရ သိရှိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုတွင် ကောက်ယူထားသည့် စစ်တမ်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးအများစု သည် ကျန်းမာရေး၊ ပညာရေးနှင့် လျှပ်စစ်မီး ရရှိရေး စသည်တို့ကို ဦးစားပေးအနေဖြင့် လိုလားသည်ဟု သုတေသန စစ်တမ်းတွင် ဖြေဆိုကြကြောင်း သိရသည်။

သုတေသန လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသုံးပြုသည့် အစိုးရ၏ အသုံးစရိတ်မှာ အာရှဒေသရှိ အခြားနိုင်ငံများထက် လျော့နည်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေဟာ အမျိုးသမီးတွေရဲ့ဘဝကို လုံးဝပြောင်းလဲအောင် လုပ်ပေးနိုင်မယ့် ဝန်ဆောင်မှုတွေပါ။ ကမ္ဘာပေါ်မှာ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ ဒီကိစ္စရပ်တွေပေါ်မှာ ငွေကြေးအသုံးပြု လိုက်တဲ့အတွက် မွေးဖွားမိခင် သေဆုံးနှုန်းကို လျှော့ချပေးနိုင်တယ်။ အမျိုးသမီးငယ်လေးတွေကို ကျောင်းတက် စေနိုင်ပြီးတော့ အမျိုးသမီးတွေကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ တက်ကြွစွာ ပါဝင်လာနိုင်စေဖို့ အထောက်အကူ ပေးပါတယ်” ဟု ကျား၊ မရေးရာတန်းတူညီမျှရေး ကွန်ရက်မှ ကော်မတီအဖွဲ့ဝင် ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။

ထို့အပြင် အမျိုးသမီးများသည် လူမှုရေးကဏ္ဍတွင် ကိုယ်စားပြုခွင့် မရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ စီစဉ်ခြင်းလုပ်ငန်းများတွင် တရားဝင် ဆုံးဖြတ်ပိုင်ခွင့် အလွန်နည်းပါးကြောင်း သိရသည်။

“ဘတ်ဂျက်ဆိုတာ အစိုးရတစ်ရပ်အတွက် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တုံ့ပြန်ဖို့ အင်အား။ တကယ်လို့ အမျိုးသမီးတွေကို ဒီဘတ်ဂျတ်ရေးဆွဲတဲ့ အစီအစဉ်မှာ ပါဝင်ခွင့် မပေးဘူးဆိုရင် လူဦးရေထက်ဝက်ကို လျစ်လျှူရှုတာနဲ့ အတူတူပါပဲ” ဟု အမျိုးသမီးအဖွဲ့များ ကွန်ရက်၏ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်နော်ထက်ထက်အောင်က ပြောသည်။

စစ်တမ်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ပွင့်လင်းမှု၊ မျှတမှုနည်းပါးသော ဘတ်ဂျက်(ရသုံးမှန်းခြေ) ရေးဆွဲမှု လုပ်ငန်းစဉ်တွင် ဖယ်ရှားခြင်းခံထားရပြီး ထိုပြဿနာကို ဖြေရှင်းရန် ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု မြန်မာနိုင်ငံရှိ အမျိုးသမီးများ အခွင့်အရေးနှင့် နိုင်ငံရေးရာ တာဝန်ခံယူမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေသည့် NGO အဖွဲ့အစည်းများထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ကျား၊ မရေးရာ အလေးပေးသော ဘတ်ဂျက်(ရသုံးမှန်ခြေ) လေ့လာခြင်း သုတေသနစာတမ်းအရ အာဏာပိုင်များ အနေဖြင့် ဘတ်ဂျက်ရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် မည်သည့်အဆင့်တွင်မှ အမျိုးသမီးများနှင့် ညှိနှိုင်းဆွေးနွေးခြင်း မပြုခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ အစီရင်ခံစာ စစ်တမ်းကို အမျိုးသမီးများအဖွဲ့ ကွန်ရက်၊ Oxfam၊ Action Aid၊ Care နှင့် ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက် အစရှိသည့် အဖွဲ့ ၄ ခုက ဧရာဝတီ၊ ကချင်၊ ကယား၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းတို့တွင် ၂၀၁၅ မေလမှ စတင်ကောက်ယူခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်တွင် အစီရင်ခံစာကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများထံ ထုတ်ပြန်ခဲ့သည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


မကြာခင် အနားယူတော့မည့် သမ္မတ ဦးသိန်းစိန်အစိုးရ ၀န်ကြီးများမှာ ၄င်းတို့နေထိုင်ရာ အစိုးရအိမ်ရှိ ပစ္စည်းများကို အိမ်ပြောင်းရွှေ့ရာတွင် အကုန်ယူသွားသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် သတင်းများ ထွက်ပေါ်နေခြင်းမှာ လုံးဝမဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ရှင်းလင်းပြောဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တာဝန်လွှဲပြောင်းသည့် အစည်းအဝေးတွင် ဦးဝင်းထိန်က ၀န်ကြီးအိမ်များကို သွားကြည့်သည့်အခါ ပရိဘောဂများ မရှိကြောင်း၊ လေအေးပေးစက် တစ်လုံးသာတွေ့သည် ၊ ယူသွားကြသည်၊ လမ်းစဉ်ပါတီခေတ်က ၀န်ကြီးများအိမ်တွင် ပရိဘောဂ အပြည့်အစုံ ထည့်ပေးထားသည်ဟု ဆွေးနွေးခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားသည်။

“သူက လမ်းစဉ် ပါတီခေတ်ပဲမီခဲ့တာကိုး။ အဲဒါဟာ လုပ်ထုံးလုပ်နည်းကို မသိဘဲ။ ကိုယ့်ဘာသာကိုယ် ကောက်ချက်ဆွဲတာဖြစ် တယ်လို့ ပြန်ရှင်းပြခဲ့ရတယ်။ နေပြည်တော်မှာ ၀န်ကြီး၊ ဒုဝန်ကြီး အိမ်တွေကို ၀န်ကြီး၊ ဒုဝန်ကြီးခန့်အပ်ခံရသူတွေကို ပေးတဲ့အခါ အိမ်အခွံပဲ ပေးတာပါ။ အသင့်ပါတာဆိုလို့ အဲကွန်းတစ်လုံးနဲ့ ရေမီးစနစ်ပဲပါ ပါတယ်။ ပြီးရင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီး၊ ဒုဝန်ကြီး ခန့်အပ်ခံရသူကို ပရိဘောဂ စရိတ် သိန်းသုံးဆယ် ထုတ်ပေးပါတယ်။ အဲဒိငွေနဲ့ ကိုယ့်ဘာသာ ဖြည့်ရပါတယ်။ မိမိမှာမူလထဲက ပရိဘောဂ ရှိပြီးဖြစ်ရင် ကျန်တာဝယ်ပေါ့” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ဝန်ကြီး၊ ဒုဝန်ကြီးများ တာဝန်ပြီးဆုံးသည့်အခါ မိမိကိုခွင့်ပြုသည့် ငွေဖြင့် ၀ယ်ထားသည့် ပရိဘောဂများကို ယူဆောင်သွားပြီး အိမ်ကိုမူလအတိုင်း ပြန်လွှဲပေးရကြောင်း၊ ၀န်ကြီး၊ ဒုဝန်ကြီးများ အတွက် အိမ်ပေးသည့်အခါ တွင် ပရိဘောဂစရိတ် သိန်းသုံးဆယ် ထပ်မံထုတ်ပေးရကြောင်း ၊ အစိုးရသစ် ၀န်ကြီး၊ ဒုဝန်ကြီးများအတွက်လည်း ယင်းသို့ ပေးနိုင်ရန် ဘတ်ဂျက်လျာထားပြီး ဖြစ်သည်ဟုလည်း ဦးရဲထွဋ်က ဆိုထားသည်။

“အဲဒီ စနစ်ကို ဦးဝင်းထိန်က မလေ့လာဘဲ ပြောလို့အသေးစိတ်ရှင်းပြပြီး ၀န်ကြီး၊ ဒုဝန်ကြီး အိမ်တွေလွှဲတဲ့အခါ ပါတဲ့ ပစ္စည်းစာရင်း ( မီးလုံး၊ ရေပိုက်ခေါင်း ) စတာတွေနဲ့ အလွှဲအပြောင်း စစ်ဆေးချက် ပုံစံတစ်စုံကို နမူနာပေးလိုက်ပါတယ်။ ဦးဝင်းထိန်က အခန်းအားလုံး အဲကွန်းတပ်ရင် သိန်းသုံးဆယ်နဲ့ မလောက်ဘူး၊ ၀န်ကြီးသစ်တွေက ကိုယ့်အိပ်ယာလိပ်နဲ့ကိုယ်လာရမှာလား ပြောလို့ အန်ကယ်တို့ အစိုးရဖြစ်ပြီပဲ၊ မလောက်ဘူးထင်ရင် သိန်းတစ်ထောင်ပေးလည်း ရပါတယ်လို့တောင် ပြန်ပြောခဲ့ရပါတယ်။ အဲဒီနေ့ကလည်း ဦးဝင်းထိန်ကို အန်ကယ်တို့ မသိဘဲ ပြောတာ အရေးမကြီးဘူး၊ အန်ကယ်တို့လူတွေက လေဖမ်းဒါန်းစီးပြီး ရေးနေဦးမယ်၊ အဲဒီအခါကျရင် ကျွန်တော် မီဒီယာပေါ်က တက်ရှင်းရလိမ့်မယ်လို့ သတိပေးခဲ့သေးတယ်။ ထင်တဲ့အတိုင်း အခုလို လျှောက်ဖွ ရေးတော့တာပါပဲ” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ထို့အတူ တာဝန်လွှဲပြောင်းရေးကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေသည်။ ရှေ့လူများ လုပ်သွားသည် နှင့် ပတ်သက်၍ မရှင်လင်းပါက ရှင်းအောင်မေးရန်၊ အချက်အလက်အားလုံးကို သိရပြီဆိုပါက ကောင်းသည်၊ မကောင်းသည် ဝေဖန်ရန် နှင့် ယင်းသို့မဟုတ်ဘဲ မိမိအထင်ဖြင့် ကောက်ချက်ချပြီး အနားရှိလူများကို ပြောဆိုသည်မျိုး မလုပ်သင့်ဟု မြင်ကြောင်းလည်း ဦးရဲထွဋ်က ရေးသားထားသည်။

The Ladies News
https://www.facebook.com/News.TheLadies

ဒီဇင်ဘာလတုန်းက တွေ့ရတဲ့ ရှန်ဟိုင်းမြို့ လေထု ညစ်ညမ်းမှု (Credit: Reuters) 
တရုတ်နိုင်ငံမှာ ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းရှိပြီး ​အရင်နှစ်တုန်းက ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူ ​၃ ​သန်းရှိခဲ့တယ်လို့ ​သိရပါတယ်။

တချို့ ​ကင်ဆာ ​ရောဂါ ​ပျံနှံ့မှုက ​၄၀၀% ​လောက်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံက ​ကင်ဆာဂျာနယ် ​တစ်ခုက ​ပြောပါတယ်။

၂၀၁၅ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းကျော်ရှိပြီး ​အများဆုံး ​ဖြစ်ပွားတဲ့ ​ကင်ဆာရောဂါက ​အဆုတ်ကင်ဆာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဆုတ်ကင်ဆာ ​ဖြစ်ပွားမှုနှုန်းက ​၄ ​ဆ ​ပိုများလာနေတယ်လို့ ​ဆိုပါတယ်။

ကင်ဆာ ​ရောဂါ ​ဖြစ်ပွားမှုနှုန်း ​အဆမတန် ​များနေတဲ့ ​ပြဿနာ ​ကို ​အာဏာပိုင်တွေက ​လက်မခံတဲ့အတွက် ​ပြဿနာကို ​ဖြေရှင်းမယ့် ​အနေအထား ​မရှိသေးတာ ​ဖြစ်ပါတယ်။

ဘေကျင်းမြို့က ​ကင်ဆာဌာနကတော့ ​လူနာတွေ ​များလွန်းလို့ ​မနိုင်မနင်း ​ဖြစ်နေရပြီး ​တရုတ်နိုင်ငံ ​တနံတလျှားက ​လူတွေက ​လာရောက် ​ကုသမှု ​ခံယူနေကြတာ ​ဖြစ်ပါတယ်။

ဆရာဝန်ရဲ့ ​စမ်းသပ်မှုကို ​ခံယူဖို့ ​လနဲ့ချီကြာ ​စောင့်ဆိုင်းရပြီး ​တွေ့ခွင့်ရတဲ့အခါမှာ ​နောက်ကျတဲ့ ​အဆင့်ရောက်ရှိသွားတာမျိုး ​အဖြစ်များတယ်လို့ ​သိရပါတယ်။

နာမည် ​မဖော်လိုတဲ့ ​အမျိုးသား ​တစ်ယောက်ကတော့ ​သူ့ဇနီးသည်မှာ ​အဆုတ်ရောဂါ ​ဖြစ်နေပြီး ​အလုပ်လုပ်ခဲ့ရတဲ့ ​လုပ်ငန်းခွင် ​အခြေအနေနဲ့ ​လေထု ​ညစ်ညမ်းမှုတွေကြောင့် ​ဖြစ်ရတာလို့ ​ပြောသွားခဲ့ပါတယ်။

အဲဒီ ​ဇနီးမောင်နှံဟာ ​ကျောက်မီးသွေး ​ထုတ်လုပ်တဲ့ ​ပြည်နယ်က ​လာရောက်တာ ​ဖြစ်ပြီး ​ရထားလုပ်ငန်းမှာ ​အလုပ်လုပ်တဲ့ ​သူ့ဇနီးသည်က ​လေထုညစ်ညမ်းမှုကို ​တောက်လျှောက် ​ရှုရှိုက်ခဲ့ရတာလို့ ​ပြောပါတယ်။

ညအချိန်မှာ ​ဓာတ်မီးနဲ့ ​ထွန်းကြည့်ရင် ​ဖုန်တွေကို ​အတိုင်းသား ​မြင်နေရတယ်လို့ ​ပြောပါတယ်။

တရုတ်နိုင်ငံမှာ ​လေထု ​ညစ်ညမ်းမှုတွေ ​များလွန်းတဲ့အတွက် ​ဗြိတိန်နိုင်ငံက ​လူတချို့ဟာ ​သန့်ရှင်းတဲ့ ​လေတွေကို ​ဖမ်းယူပြီး ​လေဗူးတွေကို ​တရုတ်နိုင်ငံဆီ ​ရောင်းချနေကြပါတယ်။

တရုတ်နိုင်ငံက ​အမျိုးသားထု ​တစ်ဝက်လောက်ဟာ ​ဆေးလိပ်သောက်သူတွေ ​ဖြစ်ကြပြီး ​ကမ္ဘာ့ဆေးလိပ် ​သောက်သုံးမှုရဲ့ ​သုံးပုံ ​တစ်ပုံက ​တရုတ်နိုင်ငံမှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


    ရန်ကုန် ၊ မတ် ၂၄ ရက် (ဆင်ဟွာ)

    ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသော ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းများအား ယနေ့ မတ် ၂၄ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကန့် ကွက်ချက် တစ်စုံတစ်ရာ မရှိသဖြင့် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော် တင်ပြသော ပြည်ထောင်စု ဝန်ကြီး အမည်စာရင်းနှင့် စပ်လျဉ်း၍ ကန့် ကွက်သည့် လွှတ်တော် ကိုယ်စားလှယ် မရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ခြင်းသည်။

ပြည်ထောင်စု ဝန်ကြီးများအမည် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာ အောင်သူ ၊ ဦးသန့် စင်မောင် ၊ သူရဦးအောင်ကို ၊ ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ ၊ ဦးကျော်ဝင်း ၊  ဦးခင်မောင်ချို ၊ ဒေါက်တာ မြင့်ထွေး ၊ ဦးဝင်းခိုင် ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ ဦးအုန်းမောင် ၊ ဒေါက်တာ သန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာ ဖေမြင့် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ ဖြစ်ကြသည်။

(Xinhua)
http://www.xinhuamyanmar.com