03/27/16


ရွေးကောက်ခံသမ္မတ၊ လွှတ်တော် ၂ ရပ်တို့က အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင်အဖြစ် အဆိုပြုသူများ၏ အမည်စာရင်းကို ယမန်နေ့က လွှတ်တော်သို့ တင်သွင်း ခဲ့သည်။ ယခု အမည်စာရင်းတွင် ပါဝင်သူများကို ပါတီက သေချာစွာ စီစဉ်ထားသည်ဟု သိရှိရသည်။ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး အရေးပါသည့် အခြေခံဥပဒေခုံရုံး သည် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများအားလုံးကို စိစစ်ခြင်း၊ အနက်ဖွင့်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။

ခုံရုံးဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးဟောင်း ဦးမျိုးညွန့်အား အမည်တင်သွင်းခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့က ခုံရုံးအတွက် အဖွဲ့ဝင် သုံးဦးစီ အမည်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် အမည်စာရင်း တင်သွင်းခံရသူများတွင် လက်ရှိ အဖွဲ့ဝင်ဟောင်း ၂ ဦး၊ NLD ပါတီဝင် တစ်ဦးနှင့် ပြင်ပ ဥပဒေပညာရှင်များ အကြံပေးများ ပါဝင်သည်။ အခြေခံဥပဒေခုံရုံးအား မည်သည့် ပါတီအဖွဲ့အစည်း၏ လွှမ်းမိုးမှုမျှ မရှိစေရန် အဖွဲ့ဝင် ရွေးချယ်ရာတွင် NLD ပါတီဝင်တစ်ဦးကိုသာ ထည့်သွင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

NLD သည် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌရာထူးများနှင့် သမ္မတရာထူးကို ရယူထားနိုင်သဖြင့် အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ၉ဦးလုံးကို စိတ်ကြိုက် ရွေးချယ်ခွင့်ရခဲ့သော်လည်း တစ်ဖက်သတ် ရွေးချယ်ခံရသည့် အဖွဲ့အစည်းအဖြစ် အပြန်အလှန် ထိန်းကျောင်းမှု မပြုနိုင်မည်ကို သတိမူ၍ လုပ်ဆောင်ခဲ့သည်။ NLD သည် အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင် အားလုံးအား အသစ်လဲလှယ်ခြင်း မပြုလုပ်လိုသဖြင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်ဝင်းနှင့် ဒေါ်လှမျိုးသွယ် တို့ ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

၇၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo: Senior General Min Aung Hlaing Facebook)
၇၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo: Senior General Min Aung Hlaing Facebook)

နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်း အောင်မြင်ဖို့ အတွက် တပ်မတော် ဟာ နိုင်ငံတော်နဲ့ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ဖို့အတွက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြု ပြောဆိုပါတယ်။ အရင်အစိုးရ အဆက်ဆက်က တပ်မတော်နေ့ လို့ခေါ်ဆိုလာပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေ က တော်လှန်ရေးနေ့ လို့ခေါ်ဆိုတဲ့ မတ်လ ၂၇ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပ တဲ့ စစ်ရေးပြအခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီလိုပြောသွားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒီကနေ့ကြေညာချက် ထဲမှာတော့ တပ်မတော်အနေနဲ့ ဒီမိုကရေစီရေးမှာ အတူတကွပါဝင်ပြီး အမျိုးသား ရင်ကြားစေ့ရေးမှာ ပါဝင် အောင်ပွဲခံနိုင်ပါစေလို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို စစ်ရေးပြအခမ်းအနားကျင်းပရာ နေပြည်တော်မှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား
(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား​၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးတော့ အောင်မြင်အောင် တပ်မတော်က အစိုးရ၊ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောဆိုသွားပါတယ်။ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ရှိနေတဲ့ အဟန့်အတားတွေကို ထောက်ပြပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ အခိုင်အမာ ပြောသွားတာပါ။

“တို့နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အဓိက နှောင့်ယှက်ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းပဲ ဖြစ်တယ်။ ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည် သွားစေနိုင်တယ်။ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာစေချင်ရင် ထိုက်တန်တဲ့ စည်းကမ်းရှိမှု၊ ဥပဒေ လေးစားလိုက်နာမှုရှိရမယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ဖြစ် ထွန်းအောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်သွား မှာ ဖြစ် ကြောင်း အလေးအနက် ပြောကြားလိုတယ်။’’

အခု စစ်ရေးပြပွဲဟာ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ စစ်ရေးပြအခမ်းအနားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ် ဒီလိုစစ်ရေးပြအခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပေမဲ့ ဒီနှစ်စစ်ရေးပြအခမ်းအနားကိုတော့ မတက်ရောက်ပါဘူး။ လွှတ်တော်ပိုင်းက ခေါင်းဆောင်တချို့တော့ တက်ရောက်ကြပါတယ်။

၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ဆိုပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ တော့ ဖက်ဆစ်တော်လှန်ရေးနေ့ရဲ့ သမိုင်းကြောင်း၊ စစ်တပ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ် ချက်၊ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ မိန့်ခွန်းတွေထဲကတချို့ကို ကောက်နှုတ်ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အဆုံးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့က မြန်မာနိုင်ငံရဲ့ အမျိုးသားအင်အားစုဖြစ်တဲ့ တပ်မတော်အနေနဲ့ ပြည်သူလူထုအားလုံး တစိုက်မတ်မတ်ကြိုးပမ်းနေတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ မှာ အတူတကွ အမျိုးသားရင်ကြားစေ့ရေးမှာပါဝင် ဆင်နွှဲ အောင်ပွဲခံ နိုင်ပါစေကြောင်း ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်လို့ ဖော်ပြထားပါ တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာ တပ်မတော်သားတွေ ဆင်းရဲဒုက္ခခံပြီး ပေးဆပ်လုပ်ဆောင်ကြရတာ ကို ထည့်ပြောသလို လက်ရှိအခြေအနေ ကနေ ယိမ်းယိုင်သွားတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍဆိုတာကို ထည့်ပြောသွားပါတယ်။

“ခက်ခဲကြမ်းတမ်း စွာနဲ့ ဘ၀ကို ဖြတ်သန်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တည်ငြိမ်အောင်၊ ပြည်သူရဲ့ဆန္ဒအတိုင်း တိုင်းပြည်ကို လက်ရှိ အခြေအနေ အခြေခံကောင်းများ ရရှိအောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်တဲ့အတွက် ဒီလို အခြေအနေမျိုးကနေ ယိမ်းယိုင်သွားစေမယ့် ကိစ္စရပ်တွေ၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုကို ထိပါးစေမယ့် ကိစ္စရပ်တွေ၊ ပြည်ထောင်စု ပြိုကွဲမှုကို ဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော် အနေနဲ့ ရောက်ရှိခံမှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ သမိုင်းကြောင်းအရ၊ တိုင်းပြည်ရဲ့ အနေအထားအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေရတာ ဖြစ်ကြောင်း ရဲဘော်တို့ အနေနဲ့ သိရှိနားလည်ထားဖို့ လိုမှာဖြစ်တယ်။

အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး တာဝန်တွေကို လေ့လာကြည့်ရင် တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ဖို့အတွက် သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မှာ ဖြစ်တယ်။”

တပ်မတော်အနေနဲ့ လွှတ်တော်၊ အစိုးရ၊ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်သွား ပါမယ်လို့ ကြေညာထားတဲ့အတိုင်း ပြတ်ပြတ် သားသားရှိဖို့လိုတယ် လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သမ္မတဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲလေ။ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ဆိုတဲ့အခါကျတော့ သမ္မတဦးသိန်းစိန်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေးစားသမှုပြုသလိုပဲ အခု သမ္မတ ဦးထင်ကျော်ကိုလည်း လေးစားသမှုပြုဖို့လိုတယ်။ ပြီးတော့မှ ဒီကနေ တဆင့်ပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါတင်မကဘူး တိုင်းပြည်မှာ ပိုပြီးတော့ အရေးကြီးတာက ဒီအစိုးရ တည်ငြိမ်ရေးပေါ့၊ အသွင်ကူးပြောင်းရေး တည်ငြိမ်ရေးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး တည်ငြိမ်ရေးကို တပ်မတော်က အပြည့်အ၀ အကာအကွယ်ပေးဖို့လည်း လိုတယ်။ ဒါကအရေးကြီးဆုံးပဲ။”

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေး စတာတွေနဲ့ပတ်သက်ပြီးတော့ လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာဖြစ်လာတဲ့ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခတွေကို ရည်ညွှန်းပြောဆိုတာမှာတော့ ပြည်တွင်း ဆူပူ သောင်းကျန်းမှု၊ ဆူပူသောင်းကျန်းသူ စသည်အား ဖြင့် သုံးနှုန်း ပြောဆိုသွားပါတယ်။

မေခ/VOA
http://burmese.voanews.com/content/min-aung-hlaing-speech-in-myanmar-armed-forces-day-/3256684.html

NLD, UNA, EAO တို့၏ ငြိမ်းချမ်းရေးစီစဉ်များဆိုင်ရာ ဆွေးနွေးပွဲကို NLD ဌာနချုပ်ရုံး၌ ပြုလုပ်။
NLD, UNA, EAO တို့၏ ငြိမ်းချမ်းရေးစီစဉ်များဆိုင်ရာ ဆွေးနွေးပွဲကို NLD ဌာနချုပ်ရုံး၌ ပြုလုပ်။

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့ကနေ တပြည်လုံး အတိုင်းအတာ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အစိုးရသစ်ရဲ့ သဘောထားကို ကြိုဆိုသလို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီး အစည်းအဝေးကနေ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားမယ်လို့လည်း အစည်းဝေး တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို မတ်လ(၂၄) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ရာမှာ ဒီကနေ့မှာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

တိုင်းရင်းသား ထိပ်သီး ညီလာခံရဲ့ဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ PNLO ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“ကျနော်တို့အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးဆောင်ဖွဲ့စည်းပေးတဲ့ သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရသစ်ကို ကျနော်တို့ လှိုက်လှဲစွာ ကြိုဆိုတယ်။ နောက်အစိုးရသစ်အနေနဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပထမ ဦးစားပေးအနေနဲ့ ဖော်ဆောင်သွားမယ်လို့ သဘောထား ချမှတ်ထားတာကိုလည်း ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အကြောင်းပေါ့လေ ဒါတွေကို ကျနော်တို့ထည့်သွင်းပြီးတော့ ထုတ်ပြန်ထားပါတယ်။ အခု လက်မှတ်ရေးထိုးထားတဲ့ ကျနော်တို့ ၈ ဖွဲ့နဲ့တင် မဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကို ကိုယ်စားပြုပြီးတော့ ပါဝင်နိုင်ဖို့လိုတဲ့အတွက် ဒီလက်မှတ်မရေးထိုးသေးတဲ့ ကျနော်တို့ရဲ့ ညီနောင် အဖွဲ့အစည်းတွေလည်းပဲ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်နိုင်ရေးအတွက်ကို အရေးကြီးတဲ့အကြောင်း၊ ဒီသဘောထားကို ကျနော်တို့ ချမှတ်ခဲ့ပါတယ်။”

ဒီဆွေးနွေးပွဲကနေ လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဦးဆောင် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“အခုကျနော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ကော်မတီတရပ်ကိုကျနော်တို့ဖွဲ့စည်းခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပါဝင်ပြီးတော့ ဒုအဖွဲ့ခေါင်းဆောင်အနေနဲ့ ကျနော်တို့ ဗိုလ်ချုပ်ကြီးယွတ်ဆစ်တို့ပါဝင်တယ်။ ကျနော်တို့ တဖွဲ့စီက တစ်ဦးစီနဲ့ ကျနော်တို့ ဦးဆောင်အဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။”

ငြိမ်းချမ်းရေးဦးဆောင် ကော်မတီအဖွဲ့ကို KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ မူးတူးဆေးဖိုး ကနေ အဖွဲ့ခေါင်းဆောင် တောင်ပိုင်းရှမ်းပြည်တပ်မတော်ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ်ကိုတော့ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး ကျန်တဲ့အဖွဲ့က အဖွဲ့ဝင်တဦးကျ ကော်မတီဝင်အဖြစ် ပါဝင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းလုပ်ဆောင်ရာမှာ MPC ခေါ် မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အခန်းကဏ္ဍဟာလည်း အဓိက ပါဝင်နေပါတယ်။ လက်ရှိ အနေအထားအရ အစိုးရသစ် အပြောင်းအလဲကာလမှာ ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ MPC အဖွဲ့ဟာ သီးခြားအဖွဲ့အနေနဲ့ ဖွဲ့စည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

နောင်လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းအတွင်း MPC ပါဝင်လာနိုင်ရေးဟာ အစိုးရအသစ်ရဲ့ ပေါ်လစီမှာ မူတည်တယ်လို့ ခွန်မြင့်ထွန်း က အခုလို ပြောပါတယ်။

“MPC ကတော့ အခုအစိုးရရဲ့ အောက်ကဖွဲ့စည်းရတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုအစိုးရသစ်တဲ့လာတဲ့အခါမှာ MPC မှာ ဒါ ဦးအောင်မင်းတို့ကတော့ တာဝန်မယူတော့တာပဲလို့ ကျနော်အဲ့လိုထင်ပါတယ်။ ဒါကတော့ အစိုးရသစ်ရဲ့ ဆက်ဆံရေး MPC ကို စီမံကွပ်ကဲဖို့ကတော့ အစိုးရသစ်နဲ့ပဲဆိုင်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒါကြောင့်မို့ ဦးအောင်မင်းတို့ကတော့ သူတို့ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်လက် ဖော်ဆောင်နိုင်ဖို့အတွက် ခုနလို သီးသန့်လွှတ်လပ်တဲ့အဖွဲ့အစည်းကို ထူထောင်နိုင်ဖို့ ဆောင်ရွက်တာပေါ့လေ။ ဒါကတော့ ကျနော့်အမြင်မှာတော့ စိန်ခေါ်မှုမဟုတ်ပဲနဲ့ ငြိမ်းချမ်းရေးကိစ္စကို ပူးပေါင်းဖြေရှင်းဒါလို့ပဲ ကျနော်တို့ အဲဒီလိုပဲ မှတ်ယူချင်ပါတယ်။”

လက်ရှိမှာ NCA လက်မှတ် မရေးထိုးနိုင်သေးတဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မနက်ဖြန်မှာ ဆက်လက် တွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း ခွန်မြင့်ထွန်း က အခုလို ဆက်ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ကတော့ UNFC ကဖွဲ့စည်းထားပေးတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာအဖွဲ့နဲ့ ကျနော်တို့ ဒီက - ဒီကဖွဲ့စည်းပေးတဲ့ ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ တွေ့ပြီးတော့မှ လက်မှတ်မရေးထိုးသေးတဲ့ညီနောင်တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ ကျနော်တို့အဖွဲ့တွေကြားပေါ့လေ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေရှိထားပြီးသားအပေါ်မှာ ကျနော်တို့အပြန်အလှန် ဆွေးနွေးသုံးသပ်ကြတာတွေ အဲဒါ ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ KNU ကရင်အမျိုးသားအစည်းအရုံး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLO မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့အဖွဲ့ (၈)ဖွဲ့တို့ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ကတော့ အားလုံးစုံ မပါဝင်တဲ့အတွက် NCA လက်မှတ်မရေးထိုးနိုင်ခဲ့ပါဘူး။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အတွင်းမှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့နဲ့ လက်မှတ်မရေးထိုး နိုင်သေးတဲ့ အဖွဲ့တွေကြားမှာ သဘောထား ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ ဒီလို အမြင်မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ဆက်စပ်မှုရှိရှိ နားလည်မှုရယူပြီး တိုင်းရင်းသားအရေးကိစ္စတွေကို လုပ်ဆောင်သွားဖို့ UNFC အနေနဲ့ အမြင်ရှိတယ်လို့ ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောဆိုခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ဟန့်တားစိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ PNLO ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးအရ ဦးဆောင်ပေးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သလို နိုင်ငံရေးရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်တဲ့အထိ NCA ကတိက၀တ်ကို စောင့်ထိန်းပြီး အစိုးရ၊ တပ်မတော်နဲ့ ညှိနှိုင်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်သွားမယ်လို့လည်း ဒီကနေ့ အစည်းဝေးအပြီးမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိန်/VOA
http://burmese.voanews.com/content/nca-agreement/3256590.html

ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ
ပြည်နယ်သုံးခု ပဏာမရွေးချယ်ပွဲ Sanders အနိုင်ရ

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ ၀ါရှင်တန်၊ အလက်စကားနဲ့ ဟာဝိုင်အီ ပြည်နယ်တွေမှာ မနေ့ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာတော့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော် အမတ် Bernie Sanders က ပြည်နယ် သုံးခု စလုံးမှာ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ဦးဆောင်နေတဲ့ ဟီလာရီ ကလင်တန်ကို မီဖို့ ပိုပြီး နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဗားမောင့် အထက်လွှတ်တော် အမတ် Bernie Sanders က အလက်စကားပြည်နယ်မှာ မဲရလဒ် ၈၂ ရာခိုင်နှုန်း ရရှိခဲ့သလို ၀ါရှင်တန်နဲ့ ဟာဝိုင်အီ ပြည်နယ်တွေမှာလည်း မဲရလဒ် ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီတွင်း စည်းမျဉ်းတွေ အရ ပါတီညီလာခံ ကိုယ်စားလှယ်တွေကို အချိုးကျ ခွဲဝေ ရရှိတာကြောင့် မနေ့ စနေနေ့က ရွေးချယ်ပွဲတွေမှာ မစ္စတာ Sandders ကို ရှုံးနိမ့်ခဲ့တဲ့ မစ္စစ် ကလင်တန် အနေနဲ့လည်း ပါတီညီလာခံ ကိုယ်စားလှယ် အတော်များများ ရရှိဆဲ ဖြစ်ပါတယ်။

အနောက်ဘက် ပြည်နယ်တွေကို ခြေဦးလှည့်နေချိန်မှာဘဲ အခြေအနေ တိုးတက်လာမယ်ဆိုတာကို သိရှိထားပါတယ်လို့ မစ္စတာ Sanders က မနေ့ စနေနေ့က မြောက်ပိုင်းပြည်နယ် Wisconsin ပြည်နယ် မဲဆွယ်စည်းရုံးရေးပွဲမှာ ပြောဆိုပါတယ်။

ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲ အစောပိုင်း ကာလတွေအတွင်း တောင်ပိုင်း ပြည်နယ်တွေမှာ မစ္စစ် ကလင်တန်က အများစု အနိုင်ရခဲ့ပေမယ့်လည်း အခု နောက်ဆုံး ကျင်းပတဲ့ ပြည်နယ် ၆ ခု ထဲမှာ မစ္စတာ ဆန်းဒါး အနိုင်ရခဲ့တဲ့ ပြည်နယ် ၅ ခုစလုံးက အနောက်ပိုင်း ပြည်နယ်တွေဖြစ်ပါတယ်။ စနေနေ့ ရွေးချယ်ပွဲတွေမှာ မစ္စတာ ဆန်းဒါး အနိုင်ရပေမဲ့လို့ ပြိုင်ဘက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်ထက် ပါတီ ညီလာခံ ကိုယ်စားလှယ် အရေအတွက် ၃၀၀ အလျော့နဲ့ ဟီလာရီ ကလင်တန်ရဲ့ နောက်က လိုက်နေရဆဲ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/sanders-win-over-primary-of-3-states-/3256736.html


Brussels လေဆိပ်နဲ့ ဘူတာရုံကို အင်္ဂါနေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ နောက်ထပ် တယောက်အတွက် ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

အစိုးရရှေ့နေရုံးက စနေနေ့မှာ ကျေညာချက်ထုတ်ပြန်ပြီး လူတယောက်အတွက် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ကြောင်း Faycal C လို့ ခေါ်တဲ့သူ လို့ပဲ ပြောဆိုပြီး သူဟာ အကြမ်းဖက် သတ်ဖြတ်မှုနဲ့ အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေသူလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ Faycal C ဟာ Brussels လေဆိပ် အသေခံဗုံးခွဲတဲ့ တတိယမြောက်လူ ဟုတ် မဟုတ် ကြေညာချက်က အတည်ပြုပြောတာမျိုး မရှိပါဘူး။ လေဆိပ် လုံခြုံရေး ကင်မရာက ရိုက်ယူတဲ့ ဗွီဒီယိုထဲမှာ အသေခံဗုံး ဖောက်ခွဲပြီး သေဆုံးခဲ့သူ ၂ ဦးရဲ့ ဘေးမှာ တတိယမြောက်လူတဦး ရှိနေတာ ဖြစ်ပါတယ်။

Faycal Cheffou လို့ခေါ်တဲ့ အမျိုးသားတဦးဟာ Brussels လေဆိပ်ကနေ ထွက်ပြေးမှုအတွက် သံသယရှိခံနေရသူလို့ ဘယ်လ်ဂျီယံ သတင်းတွေမှာ ဖော်ပြကြပါတယ်။

သောကြာနေ့တုန်းက ဘယ်လ်ဂျီယံ အစိုးရရှေ့နေတွေက Brussels စီးနင်းမှုတခုမှုာ လူ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နောက်ထပ်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပြင်သစ်နိုင်ငံသား တဦးကို ပြင်သစ်ရဲတွေ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဒီစီးနင်းမှုကို လုပ်ဆောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့မှာ Brussels မြို့တော်က နေရာ ၃ နေရာဖြစ်တဲ့ Schaerbeek, Forest နဲ့ Saint-Gilles အရပ်တွေမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာဖြစ်ကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ သံသယဖြစ်ခံသူ ၃ ဦးထဲက ၂ ဦးဟာ ခြေထောက်မှာ ဒဏ်ရာတွေ ရထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်္ဂါနေ့က Brussels လေဆိပ်မှာ သူ့ကိုယ်သူ အသေခံဗုံးခွဲ ခဲ့သူတဦးဖြစ်တဲ့ Naijm Laachraoui ကို စုံစမ်းစစ်ဆေးသူတွေက DNA နဲ့ တိုက်ပြီး စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Laachraoui ဟာ နိုဝင်ဘာလ ၁၃ ရက်က လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ပါရီမြို့တိုက်ခိုက်မှုနဲ့လည်း ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ DNA ကို အသေခံဗုံးခွဲအင်္ကျီမှာ တွေ့ရသလို သူ့အဝတ် အပိုင်းအစတခုကိုလည်း လူပေါင်း ၉၀ သေဆုံးခဲ့ရတဲ့ Bataclan ပြဇာတ်ခန်းမ မှာတွေ့ ခဲ့ရတယ်လို့ ပြောပါတယ်။

VOA
http://burmese.voanews.com/content/brussels-wanted/3256582.html

Palmyra ရှေးဟောင်းမြို့ ဆီးရီးယားတပ် ပြန်သိမ်းခဲ့
Palmyra ရှေးဟောင်းမြို့ ဆီးရီးယားတပ် ပြန်သိမ်းခဲ့

ဆီးရီးယား အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေက Palmyra မြို့ကို အစ္စလာမ်အစွန်းရောက် IS အဖွဲ့ လက်ကနေ ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ ဆီးရီးယား တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဆီးရီးယား ရှေးဟောင်းမြို့ Palmyra ကို အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က လွန်ခဲ့တဲ့ ၁၀ လက သိမ်းယူခဲ့ပြီး နှစ်ပေါင်း ၂ ထောင်နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်း ရုပ်တုတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ကူနဲ့ ဆီးရီးယား တပ်ဖွဲ့တွေရဲ့ Palmyra မြို့ကို ပြန်လည် သိမ်းယူနိုင်ရေး သတင်း သုံးပတ်နီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ဒီရက်ပိုင်းမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ မြို့တွင်းက ကျန်ရှိနေသေးတဲ့ IS အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်ရေး တပ်သားတွေက Deir Ezzor မြို့ကို ဦးတည်ပြီး အရှေ့ဘက်ကို ဆုတ်ခွာခဲ့တယ်လို့ ဆီးရီးယား ပဋိပက္ခကို စောင့်ကြည့်နေတဲ့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ စစ်သွေးကြွတွေက မြောက်ဘက်မှာ Deir Ezzor မြို့ကနေ သူတို့ရဲ့ အုပ်ချုပ်ရေး အချက်အချာ Raqqa မြို့ကို ဖြတ်ပြီး တူရကီ နယ်စပ် အထိ၊ တောင်ဘက်ပိုင်းမှာ ဆိုရင် အီရတ် နိုင်ငံထဲ အထိ နယ်မြေတွေချဲ့ထွင်ပြီး အခိုင်အမာ ထိန်းချုပ်ထားတာပါ။

Palmyra မြို့ကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ဆီးရီးယား အစိုးရ အတွက် Palmyra မြို့နဲ့ Deir Ezzor မြို့ကြားက ကီလိုမီတာ ၁၀၀ ကျော် သဲကန္တာရကို လမ်းပွင့်သွားစေတာ ဖြစ်ပါတယ်။ Deir Ezzor နဲ့ Raqqa မြို့တွေ အပါအ၀င် အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို ချေမှုန်းရေး စစ်ဆင်ရေးတွေမှာ ဗဟို အခြေစိုက် စခန်းအဖြစ် အသုံးပြုတော့မှာ ဖြစ်တယ်လို့ ဆီးရီးယား စစ်တပ်က ပြောဆိုပါတယ်။

ပါလ်မိုင်းရာ မြို့သိမ်းတိုက်ပွဲအတွင်း IS အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်ရေး တပ်သား ၄၀၀ ၊ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်သား ၁၈၀ တို့ ကျဆုံးခဲ့ကြတယ်လို့ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အထိ ပါလ်မိုင်းရာ မြို့တွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတယ်လို့လည်း ထပ်လောင်း ပြောပါတယ်။ Palmyra မြို့ကို ကန္တာရ သူတို့သမီးလို့ တင်စားခေါ်ဝေါ်ကြပြီး နှစ်စဉ် သောင်းနဲ့ချီတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က Palmyra မြို့ကို ၂၀၁၅ ခုနှစ် မေလမှာ အစိုးရ တပ်ဖွဲ့တွေထံကနေ သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ရောမ ခေတ် ရုပ်တုတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/palmyra-syrian-forces-recapture-/3256725.html

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာမည့် ဦးဖြိုးမင်းသိန်း။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာမည့် ဒေါက်တာဇော်မြင့်မောင်။
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် စာရင်းမှာ ပါဝင်နေတဲ့ ဦးဝင်းသိန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာမည့် ဦးမန်းဂျော်နီ။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာမည့် ဒေါက်တာ မြင့်နိုင်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာမယ့် ဒေါက်တာလဲ့လဲ့မော်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာမယ့် ဦးမင်းမင်းဦး
ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာမည့် ဒေါ်နန်းခင်ထွေးမြင့်။
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာမည့် ဒေါက်တာခက်အောင်။
ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာမည့် ဒေါက်တာ လင်းထွဋ်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာမည့် ဦးညီပု။

army-day-620.JPG
နေပြည်တော် တပ်မတော်စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ၂ဝ၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက်ဟန့်တားမှု ၂ ခုက စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေခြင်းတွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် တပ်မတော်စစ်ရေးပြကွင်းမှာကျင်းပတဲ့ ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်း ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြား လိုက်တာဖြစ်ပါတယ်။

"ဒို့ နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်နဲ့ လက်နက်ကိုင်သောင်းကျန်းမှု ရှိနေခြင်းပဲဖြစ်တယ်၊ ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်၊ ဒါကြောင့် ဒီအချက် ၂ ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မှာပဲဖြစ်တယ်၊ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွားကိုဖြစ်ထွန်းအောင် ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ပြောကြားလိုတယ်"

ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေချင်ရင် ထိုက်တန်တဲ့ စည်းကမ်းရှိမှု၊ ဥပဒေလေးစားလိုက်နာ မှုတွေရှိရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်တည်ငြိမ်ငြိမ်သွားနိုင်ဖို့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတက်နိုင်ဆုံး လိုက်လျောလုပ်ဆောင် ပေးနေတယ် လို့လည်း ပြောပါတယ်။

ဒီနေ့ အခမ်းအနားကို တပ်မတော်က အငြိမ်းစားယူထားကြတဲ့ ပြည်ထောင်စုဝန်ကြီးတချို့ဟာ တပ်မတော်ယူနီဖောင်းတွေဝတ်ပြီး အခမ်းအနား တက်ရောက်ခဲ့ကြတာ တွေ့ရသလို နိုင်ငံတကာက သံတမန်အရာရှိတွေနဲ့ လွှတ်တော်ရေးရာကော်မတီက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA






ပြည်သူတွေချစ်တဲ့ဗိုလ်ချုပ် ကျဆုံးတဲ့ ၄၇ မှာ
လူ့လောကထဲရောက်ခဲ့တဲ့.....သူ။
ပြည့်သူ့အာဏာကို ဦးနေ၀င်းသိမ်းလိုက်တဲ့ ၆၂
အစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂကို ဖြိုခွင်းလိုက်တဲ့ ၆၂ မှာ...
အားနည်းတဲ့ ကျောင်းသားပြည်သူတွေဘက်ကရပ်တည်ဖို့
ပြည့်သူ့ဘက်တော်သားအဖြစ် ၁၅ နှစ်သားနဲ့
ဂီတအနုပညာလောကထဲခြေစုံပစ်ဝင်လာတဲ့...သူ။
စိန်ဂေါ်လီခေတ်မှာ
သူ့ သူငယ်ချင်းစိန်ဂေါ်လီဖိုးကျော်နဲ့
ကြည့်မြင်တိုင်ရထားသံလမ်းမှာ
အဆုတ်လေ့ကျင့်ခန်းဆင်းခဲ့ဖူးတဲ့....သူ။
ဖိုးကျော်က...ကျော်ဟိန်းရယ်လို့ဖြစ်လာတော့
နိုင်ငံတကာကနာမည်ကြီးသီချင်းတွေ ကော်ပီရေးပေးဖို့ပြောတာကို
ငှက်ပျောသီးတစ်လုံး..ရေတစ်မုတ်နဲ့ငြင်းခဲ့တဲ့...သူ
ပြဿနာကောင်များကစလို့...
လိစ္ဆဝီ ၊ မဇ္ဇျိမလှိုင်း....အထိ
ယုံကြည်သူငယ်ချင်းတွေနဲ့
အားနည်းတဲ့သူတွေဘက်က ရပ်တည်တဲ့
သံစဉ်တွေဖန်တီးရင်း...လမ်းဖောက်လျှောက်ခဲ့တဲ့...သူ။
အင်းစိန်က စံပယ်ရုံလမ်းကို
ဖြတ်မလျှောက်ဝံ့တော့ဘူးလို့ ဆိုခဲ့တဲ့...သူ။
တေးမြုံဌက်နဲ့ နောက်ဆုံးအိပ်မက်ကို..
တသသဖြစ်အောင် သံစဉ်ဖွေရှာခဲ့တဲ့..သူ။
အိမ ကျောက်ကျောက
အချိုရည်တစ်လုံးကို ၄ ယောက်ခွဲလိုက်တော့
တစိတ်ထဲလားဆိုပြီး
တစိတ်ထဲထားကြဖို့ ရေးဖွဲ့ခဲ့တဲ့....သူ။
“အပြေးမသွက်ရင် ဘေးထွက်နေဖို့...
အကောင်းကြိုက်သူ အဟောင်းနှိုက်မရှာဘူး” လို့
ခပ်မာမာ သံစဉ်စာသားတွေရေးဖွဲ့ခဲ့တဲ့...သူ။
အင်းလျားနဲ့ ဗေဒါ
ဗေဒါနဲ့ အင်းလျားကိုချစ်လို့
ပန်းခရမ်းပြာကို ဖန်တီးရေးဖွဲ့ခဲ့တဲ့...သူ။
တစ်ဖက်ကမ်းက တရားသံကို
“နဒီမင်္ဂလာ”အဖြစ် တင်စားရေးဖွဲ့ခဲ့တဲ့..သူ။
ရှစ်လေးလုံးအပြီး တော်လှန်ရေးအတွက်
နယ်စပ်ဒေသတွေထွက်သွားကြတဲ့
မြန်မာပြည်တနံတလျားက
နရသိန်ဂေဟာတွေရောက်သွားကြရတဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့
ဖျက်ဆီးဖြိုဖျက်ခံလိုက်ရတဲ့ ခရမ်းပြာ
အင်းလျားကန်ဘေးက ကုက္ကိုပင်ကြီးတွေကို
လွမ်းတမ်းတစေတဲ့
“ဝေးခဲ့ပြီ ပန်းခရမ်းပြာ” ကို
သံစဉ်ဖွေရှာတင်ဆက်ခဲ့တဲ့....သူ။
လမ်းမတွေပေါ်
ရွှေဝါရောင်တွေလွှမ်းတဲ့အချိန်
ဆွမ်းဟင်းတစ်ထုတ် ရေတစ်မုတ်နဲ့
မေတ္တာရေချမ်း ကမ်းလှမ်းခဲ့ပြီး
တရားမှတ်ရင်း အချုပ်ကားပေါ်
ငုတ်တုတ်ကြီးပါသွားတဲ့...သူ။
ဘေ့(စ်)ဂီတာပေါ် လက်ကွက်တွေရွှေ့ပြီး
တီးခတ်ခဲ့တဲ့လက်က
လူထုကိုဖေးမတဲ့ နာ/ကူ(ရန်ကုန်)မှာ
မသာချတဲ့ လက်အစုံအဖြစ်ပြောင်းလဲခဲ့တဲ့...သူ။
အနာဂတ်ဂီတမျိုးဆက်သစ်တွေမွေးဖွားဖို့
“ပန်းရဲ့လမ်း” ကို စ, ခင်းခဲ့တဲ့.....သူ။
အနာဂတ်မြန်မာပြည်မှာ လူထုတင်မြှောက်တဲ့
အရပ်သားအစိုးရပေါ်ပေါက်လာဖို့
ပန်းရဲ့လမ်းဂီတနဲ့ ခရီးကြမ်းလမ်းနှင်ခဲ့တဲ့....သူ။
လူထုခေါင်းဆောင်
အမေ ဒေါ်အောင်ဆန်းစုကြည် ထက်
အသက်(၂) နှစ်ပဲငယ်ပေမယ့်
“အမေစု” လို့လေးလေးစားစားခေါ်တဲ့.........သူ။
အမေစုကလည်း သူ့ထက် (၂)နှစ်ပဲငယ်ပေမယ့်လို့
တလေးတစား “ဆရာကြီး” လို့ပြန်အခေါ်ခံရတဲ့...သူ။
အဲဒီ....“သူ” ဆိုတာက ခု(၆၈) နှစ်ပြည့်ပြီးပြီဖြစ်တဲ့...
ရဲကြီး ၊ ရဲသွင် ၊ ရဲလွန်း ၊ ကိုရဲ ၊ ဦးရဲ ၊ ဘဘရဲ ၊ ဖိုဖိုးရဲ...
ဆရာကြီး...လို့ခေါ်ကြတဲ့
ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား
ဂီတသမားကြီး ကိုရဲလွင် (မဇ္ဇျိမလှိုင်း) (ပန်းရဲ့လမ်း) ပါပဲ။
သူတို့က ကျည်ဆံတွေနဲ့
ကြံစည်နေကြတာကွာလို့...ပြောတဲ့ ကိုရဲ။
လွဲချင်တဲ့သူတွေ
ရဲလွင်နဲ့တွေ့သွားမယ်ဆိုတဲ့...ကိုရဲ။
မြန်မာပြည်အသစ်ဖြစ်စေချင်လို့...အသစ်အမြဲသဘော
အသည်းအမြစ်ပဲမှာစားတတ်တဲ့...ကိုရဲ။
အာဏာရှင်တွေ ခုထိသူတို့ အာနေကြတုန်း
နာပဲမနာနိုင်ကြတော့ဘူးလို့ဆိုတဲ့...ကိုရဲ။
မြန်မာပြည်ပြန်ပြောင်းလည်းစေချင်လို့
ပြောင်းပြန်တွေအမြဲပြောတဲ့.....ကိုရဲ။
မြန်မာပြည်ကြီး ငြိမ်းချမ်းစေဖို့
မရှက်မကြောက် အတ္တတွေကိုဖြုတ်ပြီး
လမ်းဘေးနေရာမျိုးစုံမှာ
ဘယ်အရာတို့နဲ့မှ မလဲနိုင်တဲ့
သူချစ်မြတ်နိုးတဲ့ ဂီတကို
စတေးခံပြီး
ငြိမ်းချမ်းမှုအတွက်
ပေးဆပ်နေတဲ့...ကိုရဲ။
မိတ်စုတ်တွေနဲ့ မတွေ့ချင်လို့
မုတ်ဆိတ်ထားတဲ့....ကိုရဲ။
ခေါင်းပြောင်ကို ဖုန်းကွယ်ထားချင်တာမဟုတ်ဘဲ
အများအတွက် သိန္ဓိမျိုးစုံပေးတဲ့
ကောင်းဘွိုင်ဦးထုပ်ကို စွဲစွဲမြဲမြဲ
လိုတရဦးထုပ်အဖြစ်
အမြဲဆောင်းထားတတ်တဲ့...ကိုရဲ။
ကဲ.......
ဦးရဲကြီး
ခင်ဗျာကြီးကို ခင်ဗျားနဲ့ထပ်တူ
“မိတ်ဆွေ အစုတ်ပလုတ်”တွေမတွေ့ချင်လို့
မုတ်ဆိတ်ထား ထားတဲ့ကျွန်တော်
လိုတရ ဦးထုပ်ကြီးကိုဆောင်းတတ်တဲ့
ခင်ဗျားလိုပဲ လိုတရလွယ်အိတ်ကြီးကို
လွယ်တတ်တဲ့ ကျွန်တော်မောင်ကျော်သူက
ခင်ဗျားရဲ့ အဝေးရောက် ရဲဘော်ရဲဘက်
မိုင်ကျော်ခင်း (မင်းကျော်ခိုင်)ပေးလိုက်တဲ့
ခင်ဗျားအတွက် ကောင်းဘွိုင်းဦးထုပ်ကို ခင်ဗျားကိုယ်တိုင်
စင်ပေါ်တတ်ပြီး သိန္ဓိသာတင်လိုက်ပါတော့ဗျာ............။ ။
မင်းကျော်ခိုင်
Credit Photo: Kyaw Thu

ပရက်ဂ်၊ မတ်၊ ၂၇ ။ ။ ချက်နိုင်ငံ၊ ပရက်ဂ်မြို့တွင် တရုတ်သမ္မတရှီကျင့်ဖျင် အလည်အပတ်ခရီးစဉ်လာရောက်ရန် ရှိနေသဖြင့် လွှင့်ထူထားသည့် တရုတ်နိုင်ငံအလံများ မှုတ်ဆေးဖြင့်ဖျန်းပတ်ဖျက်ဆီးခံခဲ့ရသည်။

ချက်နိုင်ငံ၏မြို့တော်ပရက်ဂ်တွင် ချိတ်ဆွဲထားသော တရုတ်နိုင်ငံအလံများအနက်မှ ဒါဇင်နှင့်ချီသောအလံများမှာ အနက်ရောင်မှုတ်ဆေးများဖြင့် ဖျန်းပတ်ခံခဲ့ရကြောင်း ချက်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂ ရက်ကြာအလည်အပတ်ခရီးစဉ်အဖြစ်နှင့် တနင်္လာနေ့တွင် ချက်နိုင်ငံသို့ရောက်ရှိမည် ဖြစ်ပြီး ထို့နောက်တွင် နျူကလီးယားအရေးဆွေးနွေးရန် အမေရိကန်ပြည်ထောင်စုသို့ဆက်လက်ထွက်ခွာမည် ဖြစ်သည်။

တိဗက်ဒေသနှင့်ပတ်သတ်သော တရုတ်နိုင်ငံ၏ မူဝါဒများကိုဆန့်ကျင်ကန့်ကွက်လျှက်ရှိသည့် ချက်တက်ကြွလှုပ်ရှားသူများ သည် သမ္မတရှီကျင့်ဖျင်၏ အလည်အပတ်ခရီးစဉ်အတွင် ဆန္ဒပြပွဲများဆင်နွှဲသွားဖွယ် ရှိနေသည်။

ထို့ပြင် ပြည်နှင်ဒဏ် ပေးခံထားရသော တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ ပုံကို ချက်သမ္မတဟောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဗက်လက်ဗ်ဟာဗယ်လ်နှင့်အတူ ယှဉ်တွဲ၍ တရုတ်သမ္မတရှီကျင့်ဖျင်လာမည့်နေ့တွင် လေဆိပ်အနီး၌ ချိတ်ဆွဲသွားရန်လည်း ချက်တက်ကြွလှုပ်ရှားသူများက စီစဉ်ထားသည်။

တရုတ်သည် တိဗက်တွင် ယဉ်ကျေးမှုထုံးတမ်းများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ဖိနှိပ်နေသည်ဟု ချက်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။

တရုတ်အစိုးရကမူ ၎င်းတို့၏ ထိန်းချုပ်လမ်းညွှန်မှုအောက်တွင် တိဗက်ဒေသ၏ စီးပွားရေးမှာ သိသိသာသာဖွံ့ဖြိုး တိုးတက်လာခဲ့သည်ဟု ပြောကြားထားသည်။
Mizzima - News in Burmesef

[youtube src="XZIFyes2SYE"/]
အနုပညာလောကသား အချင်းချင်းတွေသာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအပေါ်မှာပါ စေတနာထားပြီး လိုအပ်တဲ့နေရာမှာ ကူညီတတ်တဲ့ မဇ္ဈိမလှိုင်း.. ပန်းရဲ့လမ်းအဖွဲ့ဝင် ဦးရဲလွင်ရဲ့ ဂီတသက်တမ်း နှစ်၅ဝ ပြည့် ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်မှာ ဝင်ကြေးအခမဲ့ ကျင်းပခဲ့ပါတယ်။

Kamayut Media

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းအတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ကြီးမားတဲ့ရင်ဆိုင်မှုတွေနဲ့ ကြုံရဦးမှာဖြစ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားမှာ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

"တကယ်အလေးအနက်ထားပြီးတော့ ဆောင်ရွက်စရာကိစ္စတွေက သက်ဆိုင်ရာဖွဲ့စည်းထားသော အဖွဲ့အစည်းများနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ရော၊ ကျန်တဲ့ တိုင်းရင်းသားထဲက ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်တွေနဲ့ရော (သူက) မအားမလပ် တစိုက်မတ်မတ်ပြုရင်းနဲ့ အပြောင်းအလဲ အလုပ်လုပ်တာဖြစ်ပါတယ်၊ ဆောင်ရွက်လာတဲ့ကိစ္စတွေ အားလုံးရဲ့အပေါ်မှာ ပြည်သူလူထုတွေအပိုင်းမှာလည်း သုံးတက်တဲ့အပိုင်းတွေ အများကြီးပါရဦးမှာ ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စသည် ကြီးမားသောရင်ဆိုင်မှုကို ဆောင်ရွက်ရမှာဖြစ်တယ်"

ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့ အတူတကွ ပူးပေါင်းပါဝင်ဖို့ ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်တဲ့ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

NLD ပါတီ ရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA

ယနေ့ဆို ၇၁ နှစ်ပြည့် ဂျပန် ဖက်ဆစ်တို့ ကို မြန်မာ ပြည်သူတရပ်လုံး က စတင် ပုန်ကန်တော်လှန်ခဲ့သော တော်လှန်ရေး နေ့ ရောက်ပေတော့မည်။ သို့ သော် ထို့ နေ့ က တော်လှန်ရေးနေ့ မှ တပ်မတော်နေ့ အဖြစ် ကူး ပြောင်း ရောက်ရှိ သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ဒါကထားတော့။ ဘယ်လိုပဲ ခေါ်ခေါ် အနှစ်သာရ ကို အားလုံး က သိကြသည်ချည်းသာပင်။

မကြာမီက တပ်မတော်မှ ၅၉ (စ) ပြင်ဆင်ရန် ငြင်းပါယ်ခဲ့မှု၊ နာမည်ပျက် နဲ့ ကျော်ကြားနေသော ပြည်သူ့ ချဉ်ဖတ်ကြီးအား တကူးတက ပွဲထုတ်ကာ ဒုသမ္မတ တင်မြှောက်ခဲ့မှု၊ ပြည်သူ့ ကိုယ်စားပြု အစိုးရအား ပါးစပ်ကသာ ထောက်ခံသည်ဟု ဆိုသော်ငြား လက်က ကားယား လုပ်နေမှုတို့ အပေါ် တနိုင်ငံလုံး ရှိ ပြည်သူ များက အံ့အားသင့်စွာဖြင့် တပ်မတော်ကြီး ဘာဖြစ်နေပြီလဲဟု ဆူညံစွာ မေးခွန်း ထုတ်လာလျက် ရှိနေကြသည်။

အဘယ်သို့များ အလွဲလွဲ အချော်ချော် မှားပြီးယင်း မှားနေကြသနည်း။ ဖွဲ့ စည်းပုံ အခြေခံ အရ လွှတ်တော်တွင် ပါနေရသည် ဆိုငြားအံ့ နိုင်ငံရေး တွင် ကြားနေသင့်ပါလျက် နဲ့ အဘယ့်ကြောင့် အတိုက်အခံ နိုင်ငံရေး သမားများ အသွင် ပြု မူ လာနေကြသလဲ။

တကယ်တမ်း ဆိုမူ ၂၀၀၈ ဖွဲ့ စည်းပုံကြောင့် သိကြားမင်းကြီး ဆင်းလာ အုပ်ချူ ပ်ပါစေ ၎င်းတို့ရဲ့ အကျိုးစီးပွား နဲ့ အာဏာ ဆုပ်ကိုင်ထားမှု မထိခိုက်နိုင်ဟု ယုံကြည်မှုကြောင့်သာ အရပ်သား လက်ဝယ်သို့ အာဏာ လွှဲအပ်ပြီး စောင့်ကြည့် နေခြင်းသက်သက် သာ ဖြစ်သည်။

ဦးသိန်းစိန် အစိုးရ ဖြစ်ပေါ်လာခြင်းကပင် တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ပေးလို၍ မဟုတ်။ ယင်းနောက်ကွယ်တွင် အဓိက အချက် (၂) ချက် အပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု က္ဈမ်းကျင်သူများက သုံးသပ်ခဲ့ကြပါတယ်။

ပထမ အချက်က တရုတ် အရေး ဖြစ်သည်။ မလွှဲရှောင်၍ မိမိ သယံဇာတ ပစ္စညိးများကို ဆက်သ၍ ပေါင်းသင်းနေခဲ့ရသော်လည်း နောက်ပိုင်းတွင် ရလေ လိုလေ အိုတစ္တေဖြစ်လာသော တရုတ်ကြောင့် မိမိတို့ ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် မရသည့် အခြေသို့ ဆိုက်ရောက်လာခဲ့သဖြင့် အထိတ်တလန့် ဖြစ်လာကာ အနောက်အုပ်စု ထံ ပြန်လည် ချည်းကပ်လိုလာကြ၍ ဖြစ်သည်။ အနောက်အုပ်စုကို ပြန်လည် ချည်းကပ်ဘို့ က ဒေါ်အောင်ဆန်းစုကြည့် ပြန်လွှတ်ပေးရေး နဲ့ နိုင်ငံရေး ပြု ပြင် ပြောင်းလဲမှုများ အထိုက်အလျောက် ပြု လုပ်ပေးရတော့မည် ဖြစ်သည်။

ဒုတိယ အချက်က စီးပွားရေး ဖြစ်သည်။ ဒေသအတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျင် အဘက်ဘက် က ခေတ်နောက်ကျ လာနေပြီး ရှက်ဖွယ်လိလိ ဖြစ်လာနေရခြင်းကြောင့် နောက်ပိုင်း လူမလေး ခွေးမခန့် ဖြစ်လာကာ အချူ ပ်အခြာ အာဏာ ကို ထိပါး လာမည့် အရေးကို ကောင်းစွာ ရှုမြင်လာကြသည်။ ယခင်ကကဲ့သို့ လူထုကို မသေယုံတမယ် ထားရှိပြီး တိုင်းပြည်ဘဏ္ကာငွေများကို စစ်အင်အား တိုးမြှင့်ရေး သုံးစွဲရေး အတွက်သာ သုံးစွဲမည်ဆိုက ရေရှည်တွင် ၈၈ လို အရေးအခင်းကြီး ပြန် ဖြစ်လာနိုင်မည်ကိုလည်း စိုးရွံ့လာကြသည်။ သို့ အတွက် စီးပွားရေး ကို တိုးတက်အောင် အစ က နေ ပြန်စရန် လိုလာသည်။ သို့မှသာ ၎င်းတို့ အတွက် စစ်ရေး အသုံးစရိတ်များ တိုးတက်ရရှိလာကြမည်ဖြစ်သည်ဟု ယုံကြည်လာကြသည်။ ထိုသို့ ဖြစ်ပေါ်ရန်သည်လည်း အနောက်နိုင်ငံများရဲ့ က္ဈမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှု တို့ မရှိပဲ ဘယ်လိုမှ မဖြစ်နိုင်တော့သည့် အခြေ စိုက်လာခဲ့ရ သောကြောင့် ဖြစ်သည်။

သို့ အတွက် ဗိုလ်ချူ ပ်မှုးကြီး သန်းရွှေမှ လမ်းပြ မြေပုံ စတင် ဖန်တီးလာခဲ့ပြီး ဖွဲ့ စည်းပုံ ကို အသေအချာ ရေးဆွဲကာ စစ်တပ်မှ အာဏာ အချို့  တ၀ှက် စွန့် လွှတ်စေပြီး အရပ်သား တပိုင်း အစိုးရ အသွင် ဖန်တီးစေကာ ထွက်ရပ် လမ်း အဖြစ် အဖြစ် ကျင့်သုံးလာခဲ့သည်။

အဆိုပါ ထွက်ရပ်လမ်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး ရမှာ ဖြစ်မည်ကို တပြိုင်တည်း သဘောပေါက်လာခဲ့ကြပြီး ၎င်းတို့ ဖြစ်စေချင်သည့် ဘောင်အတွင်းမှ ရရှိအောင် တွန်းအားပေးလာကြသည်။

အခြား သော စိတ်ဓါတ်ရေး ပိုင်းဆိုင်ရာများကိုလည်းအလေးအနက် သုံးသပ်ကြည်မည် ဆိုက..

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က စတင် ရိုက်သွင်း လာခဲ့သည့် အတွေးအခေါ်များကို ပါယ်ဖျက်နိုင်စွမ်းမရှိ၊ လှေနံဓါးထစ် ကျင့်သုံးနေခြင်း ၊ Siege mentality က အရိုးစွဲလျက် ရှိနေခြင်း တို့ ကို တွေ့ ရပသည်။

တပ်မတော် အကြီးအကဲ များရဲ့ သဘောထားကတော့ ၎င်းတို့ အား လူထုက နိုင်ငံတော်ကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်သူများ ဆိုကာ လေးစား အားပေးနေကြသည်ဟု ၎င်းတိုရဲ့ ဖေ့စ်ဘုတ် များမှ တဆင့် သုံးသပ်လျက် ရှိနေကြဆဲ ဖြစ်သည်။

မကျေမနပ် ဖြစ်နေသူများက NLD ကို မျက်စိမှိတ် ထောက်ခံနေကြသူများသာ ဖြစ်ပြီး လူဦးရေရဲ့ ၁၀% မျ ပင် မရှိ။ ရွေးကောက်ပွဲ မဲနိုင်သည်မှာလည်း ၎င်းတို့က နိုင်ငံခြားသား ဟု ယူဆနေဆဲ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ဘာရယ်မဟုတ် လူကိုကြည့်ပြီး မဲ ထည့်ခဲ့ကြခြင်းမျ သာ ဟု ယူဆထားပေသည်။

သို့ အတွက် တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဖြစ်သော တပ်မတော်သည် မလိမ်မိုး မလိမ္မာ သားသမီး များ ဆော့ကစားထား၍ ဖြစ်လာသော အမှိုက်များကို ရှင်းလင်းရပေအံ့ ဟု ခံယူလာကြပြန်သည်။ သို့ အတွက် ယခု အချိန် အထိ ပြည်သူ လူထုက ရွေးချယ် တင်မြှောက်ထားသော အစိုးရ အပေါ် လိုလိုလားလား ပူးပေါင်း ဆောင်ရွက် မှုမျိုး မတွေ့ ရသေးသည်မှာလည်း အဆန်းတော့မဟုတ်။

ထို အစွဲက မည်သူမျ ခ္ဈတ်၍ မရ။ မနှစ်က ကာချူ ပ် မှ လွှတ်တော်ထဲတွင် တပ်မတော်သားများ ရှိနေသည့် အဖြစ်ကို ပြည်သူတရပ်လုံး က ထောက်ခံလျက် ရှိသည်ဟူ၍ ပင် ရေရွတ်ခဲ့ပေသေးသည်။

၎င်းတို့နှင့် ဆန့် ကျင်ဘက်များကို ပြည်သူဟု မသတ်မှတ်နိုင်ကြသေး။ ပြည်သူများ အဖို့ အတော်ကို အခက်တွေ့ နေကြရသည်။

တပ်မတော်သည် မိုးကျရွှေကိုယ်များ မဟုတ် နတ်သကြားများ ဖန်ဆင်ပေးထားခဲ့ခြင်း မဟုတ်ပဲ ပြည်သူကြားမှ ပေါက်ဖွားလာရသော တပ်မတော် ဖြစ်၍ ပြည်သူ့ ဆန္ဒ နဲ့ တသားတည်း ကျမှသာ ပြည်သူများ ယုံကြည်ကိုးစားမှု ကို ခံယူနိုင်မည် ဖြစ်သည်ကို တပ်မတော်သားတိုင်း အလေးအနက် ယုံကြည်ရန် လိုသည်။

ဤနေရာတွင် ပြည်သူ များ ဆိုတာ ဘယ်သူတွေလဲ ဆိုတာ ဖေ့ဘုတ်စ်ကို ကျော်၍ ကြည့်တတ်မှသာ မြင်နိုင်ပေလိမ့်မည် ဖြစ်ကြောင်း နှင့် နိုင်ငံအတွက် အမှန်တကယ် မြင့်မြတ်သော စွန့် လွှတ်ခြင်းများနဲ့ စွန့်လွှတ်လိုသော နိုင်ငံ့သားကောင်း စစ်သည်များ အဖို့ လည်း မိုက်ရူးရဲ မဟုတ်သော နိုင်ငံရေး အသိ အမြင် ကြွယ်ဝသည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ မှသာ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်ပြီး မြင့် မြတ်တဲ့ စွန့်လွှတ်ခြင်း တွေ ဖြစ်ပေါ်အောင် ဖန်တီး ပေးနိုင်မှာ ဖြစ်ပေသည်။

ယခု အချိန် အခါ တွင် အစိုးရသစ် ၏ စီမံခန့် ခွဲမှု များနှင့် အတူ ဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ရှေ့ တွင် ပေါ်ထွန်းလာသည်နှင့် အမျ ပြောင်းလဲနေသော ခေတ်နှင့် လျော်ညီစွာ လိုက်လျော ညီထွေ မကျင်သုံး နိုင်က တပ်မတော်သည်လည်း ဘာမှ မလုပ်ရပဲနှင့် အလိုလို ဘေးရောက်ကာ မကြာလှသော ကာလအတွင်း ၎င်းတို့ ရဲ မူလ အစစ်အမှန် တာဝန်ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး ဘက်ကို စိတ် ပြန်လည် သွားကြမည်သာ ဖြစ်သည်။

ထို့ အတွက် မိမိတို့ ပြည်သူ များ အနေဖြင့် ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်ပြီး စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေး စိတ်သစ် လူသစ် ဖြင် တပ်စွမ်းသမျ ပူးပေါင်း ပါဝင် သင့်လှကြောင်း တော်လှန်ရေးနေ့ အကြို သတိပေး တင်ပြ လိုက်ရပါသည်။

HSW
BrainWave ဉာဏ်လှိုင်း

ဝန်ကြီးချုပ်များ အားလုံးသည် NLD ပါတီမှ ဒေသအလိုက် အနိုင်ရရှိသည့် ကိုယ်စားလှယ်များ ဖြစ်သည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာခက်အောင်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ
The Ladies News Journal

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးသစ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးသစ်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- NLD Chairperson)
မနေ့က အစိုးရအဖွဲ့သစ် ဝန်ကြီး (၁၄) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ပါတယ်။ အစိုးရအဖွဲ့ဟောင်း (ဘဲကျိုး) တွေနဲ့ အစိုးရအဖွဲ့သစ်ရဲ့ စံပြုလောက်တဲ့ စိတ်ဓာတ်တွေကို အပီပြင်ဆုံး ဖော်ပြရာ ရောက်တဲ့ တွေ့ဆုံမှုဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်။ ဒီတွေ့ဆုံပွဲမှာ ပြည်သူတွေ ရွေးကောက်ထားခြင်း မရှိတဲ့ ဝန်ကြီးသုံးဦး တက်ရောက်တာ မတွေ့ရသလို နိုင်ငံပိုင် သတင်းစာတွေမှာလည်း သမ္မတဆုပေး တာကလွဲပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ လုပ်ဆောင်မှုအတွက် ဂုဏ်ပြုဖော်ပြခြင်း မရှိခဲ့ပါဘူး။ နိုင်ငံပိုင် သတင်းစာဆိုတဲ့ အစိုးရသစ်အပေါ် မနာလိုမုန်းတီးမှုအပြည့် တုံ့ပြန်နေမှုတွေကို ပြန်ပြီးတော့ သုံးသပ် သင့်ပြီလို့ထင်ပါတယ်။ ဖော်ပြစေချင်လို့ မဟုတ်ပါဘူး။ စိတ်ဓာတ်တွေကို သိစေချင်လို့ နှိုင်းယှဉ်ပြနေ ရတာ။

မနေ့က ဝန်ကြီး (၁၄) ဦးနဲ့ တွေ့ဆုံပွဲမှာ ရှေ့က ဘဲကျိုးတွေ အခွံအတိုင်း ထားခဲ့တဲ့ ဝန်ကြီးတွေ နေထိုင်ရမယ့် အိမ်တွေမှာ နောက်တက်မယ့် ဝန်ကြီးတွေက ကိုယ့်ဝင်ငွေထဲကနေ အစကပြန်ပြီး ပြင်ဆင်၊ တပ်ဆင်၊ ထိန်းသိမ်းကြရမယ်။ သက်တမ်းကုန်ဆုံးလို့ ထွက်သွားရမယ်ဆိုရင်လည်း အားလုံး ဒီအတိုင်းထားခဲ့ရမယ်။ ဝန်ကြီးတွေ နေဖို့အိမ်ပြင်ဆင်တာကို အစိုးရငွေထဲက မတောင်းဖို့ ဆုံးဖြတ်ကြ တယ်ဆိုတဲ့ သတင်းဟာ ကိုယ့်နိုင်ငံမှာသာမဟုတ် ကမ္ဘာကို ချပြလိုက်ရင်ပါ အလွန်လေးစားစရာ ကောင်းတဲ့ အရပ်သားအစိုးရရဲ့ နမူနာပြလုပ်ဆောင်မှုဖြစ်ပါတယ်။ ဒါကို ခုထိ နိုင်ငံပိုင်လို့ ကိုင်ထားတဲ့ သတင်းစာနဲ့ သတင်းဝန်ကြီးက အသိအမှတ်မပြုခဲ့တာဟာ အလွန် အမုန်းတရားကြီးပြီး စိတ်ဓာတ်က အောက်တန်းကျတယ်ဆိုတာထက် ပိုပြီးတော့ ထားစရာနေရာမရှိလောက်အောင် ဖြစ်နေတာကို ပြသ လိုက်တာလို့ ယူဆပါတယ်။

အဲ … သူတို့ အဘ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုတာကတော့ ပြူးပြူးကြီးဗျ။ ဘယ်သူတွေနဲ့မှ မတူအောင် သမ္မတကြီးက ဖင်မြင့်စံခုံကြီးမှာ ထိုင်ပြီး၊ ဘေးနားမှာ တိုင်းပြည်ကိုကောင်းအောင် လုပ်ခဲ့ သူတွေဆိုတာကို ဂုဏ်ပြု ဆုတံဆိပ်တွေနဲ့တွေ့ရတာ ရယ်ချင်မိပါတယ်။

လူတစ်စု၊ လူတစ်ယောက်က အသိအမှတ်ပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် တီထွင်ပေးအပ်သောဆု ဆိုတာနဲ့ ပြည်သူက သူ့အလိုလို အသိအမှတ်ပြုတဲ့ဆုဆိုတာ ကွာသဗျ။ နှလုံးသားထဲကပေးတဲ့ဆုကို မနေ့က ဝန်ကြီး (၁၄) ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ရသွားပြီလေ။ သန်း (၅၀ ကျော်) ပြည်သူ တွေက ပေးလိုက်တဲ့ မေတ္တာဆု၊ ကရုဏာဆုတွေကို အစိုးရသစ်ဝန်ကြီးတွေက တာဝန်မထမ်းဆောင်မီ ကတည်းက ရသွားအောင် လုပ်ဆောင်နိုင်ခဲ့ချိန်မှာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အစိုးရဆိုပြီး ကိုယ်ပေးတဲ့ဆု ကိုယ်ပြန်ပြီးယူရဲတဲ့ သူတွေကိုတော့ ကမ္ဘာ့အရှက်အနည်းဆုံးဆုဆို တာကိုပါ ပြည်သူတွေက ထပ်လောင်းပြီး ပေးအပ်ချီးမြှင့်သင့်ကြောင်းပါခင်ဗျား။

၂၆.၃.၂၀၁၆
Tin Nyunt

ဒမက်စ်ကတ်စ်၊ မတ်၊ ၂၇ ။ ။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်မြို့ကြီးတစ်မြို့ဖြစ်သည့် ပယ်လ်မိုင်ရာမြို့ကို အစွန်းရောက်အကြမ်းဖက်အဖွဲ့ IS တို့ထံမှ ဆီးရီးယား အစိုးရတပ်များက ပြန်လည်သိမ်းပိုက်နိုင်လိုက်ပြီဖြစ်သည်။

ဆီးရီးယားတပ်များသည် ရုရှားလေကြောင်းထိုးစစ်များ၏ အကူအညီဖြင့် ယင်းစစ်မြေပြင်တွင် ရက်အတန်ကြာအသာစီးမှ တိုက်ခိုက်ခဲ့ပြီးနောက်ယခုအခါတွင် ပယ်လ်မိုင်ရာမြို့ကို အပြည့်အ၀ထိန်းချုပ်နိုင်ပြီဟု ဆီးရီးယားနိုင်ငံပိုင်မီဒီယာများနှင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များက အတည်ပြုကြေညာခဲ့သည်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခုအဖြစ် ယူနက်စ်ကိုကသတ်မှတ်ထားသော ရှေးဟောင်းပယ်လ်မိုင်ရာအင်ပါယာ နယ်မြေ နှင့် ယနေ့ခေတ်မြို့တို့ကို IS အကြမ်းဖက်အဖွဲ့က ၂၀၁၅ ခုနှစ်၊မေလကတည်းက သိမ်းပိုက်ထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပယ်လ်မိုင်ရာမြို့အရှေ့ပိုင်းတွင်ပစ်ခတ်မှုများ ရှိနေသေးသော်လည်း IS အဖွဲ့ဝင်အများစုမှာ မြို့တွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် မြို့အရှေ့ဘက်ပို၍ဝေးလံသောနေရာထိ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ကြေညာခဲ့သည်။

ပယ်လ်မိုင်ရာမြို့သည် ရှေးခေတ်ကမ္ဘာ၏ အရေးအပါဆုံးယဉ်ကျေးမှုနယ်မြေများအနက်မှတစ်ခုဖြစ်ပြီး ရှေးဟောင်း အထိန်းအမှတ်အဆောက်အအုံများ အများအပြားတည်ရှိနေသော ဒေသလည်း ဖြစ်သည်။

ထို့ပြင် ၁ ရာစု နှင့် ၂ ရာစုအတွင်းက ဂရိ-ရောမ နည်းစနစ်လက်ရာများနှင့် ဒေသတွင်းအစဉ်အလာလက်ရာများ ပေါင်းစပ်ထားသော အနုပညာနှင့် ဗိသုကာလက်ရာများ၊ ပါရှန်းယဉ်ကျေးမှု လွှမ်းမိုးသောလက်ရာများလည်း တည်ရှိလျှက်ရှိသည်။

ဆီးရီးယားတွင် ပြည်တွင်းစစ်မဖြစ်ပွားမီက ပယ်လ်မိုင်ရာရှေးဟောင်းဒေသသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၅၀၀၀၀ ခန့် လာရောက်လည်ပတ်လေ့ရှိသည်။
Mizzima - News in Burmese

[youtube src="15M3_cho6Ao"/]

စစ်အစိုးရအဆက်ဆက်ရဲ့ ဝါဒဖြန့်ချိရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဝါဒဖြန့်ဖို့အတွက် အသွင်ပြောင်းပြီး မီဒီယာကိုမီဒီယာနဲ့တိုက်ဖို့ သေသေချာချာ လုပ်ကိုင်ခဲ့ပါတယ်။ အခုတော့ အရပ်သားအစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးက ဘာတွေအပြောင်းအလဲလုပ်မလဲဆိုတာ ဒေါက်တာဖေမြင့်နဲ့ ကမာရွတ်မီဒီယာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Kamayut Media

ယခင်နှစ် သင်္ကြန်ကာလက ရေကစားသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်သင်္ကြန် ရေကစားချိန်ကို မူလက ကန့်သတ်ခဲ့ရာမှ နံနက် ၆ နာရီမှ ည ၆ နာရီအထိ ရေကစားခွင့်ပြုမည်ဟု ပြန်လည်သတ်မှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်သင်္ကြန်အတွက် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် စည်းကမ်းချက် ၄၄ ချက်ထုတ်ပြန်ခဲ့ရာ ယင်းအထဲတွင် ရေကစားချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ပိုင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိတစ်ပိုင်း ခွင့်ပြုကြောင်း ပါရှိသည်။

ယခင်နှစ်များက သင်္ကြန်ရေကစားချိန်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ သတ်မှတ်ခဲ့သော်လည်း အယ်လ်နီညိုရာသီဥတုကြောင့် ပူပြင်းမှုနှင့်အတူ ရေချွေတာနိုင်ရန် ရည်ရွယ်၍ ယခုနှစ်သင်္ကြန် ရေကစားချိန်ကို ယခင်နှစ်များထက် လျှော့ချခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းသို့ ရေကစားချိန် သတ်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှတစ်ဆင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုရေကစားချိန်ကို နံနက် ၆ နာရီမှည ၆ နာရီအထိ ပြန်လည်ဖြည့်စွက်ကာ အချိန်တိုးမြှင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သင်္ကြန်ရေကစားချိန်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ကျွန်တော်တို့ ခွင့်ပြုပါတယ်။ အရင်ကတော့ ကန့်သတ်ချက် ထုတ်ထားတယ်။ ဒါပေမဲ့ အစည်းအဝေးကနေ ပြန်လည်သတ်မှတ်လိုက်တာ။ ကန့်သတ်ချိန် ရေကစားရင် သွားဖမ်းမှာလားဆိုပြီးတော့။ အဲဒါကြောင့် ကျွန်တော်တို့ နံနက် ၆ ညနေ ၆ နာရီ ပြန်သတ်မှတ်ပါတယ်။ ဖြည့်စွက်ပြီး အချိန်တိုးမြှင့် ခွင့်ပြုလိုက်တာပေါ့။ ဒါပေမဲ့ အကြံပြုချက်ကတော့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ၂ နာရီအထိက အရမ်းပူပြင်းတဲ့အချိန် ဖြစ်တဲ့အတွက် နေရိပ်မှာသာ နေထိုင်ကြပါလို့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးကိုးခုစီ၊ ပါရမီလမ်းတွင် မဏ္ဍပ်အလတ်သုံးခု၊ စက်မှု (၁) လမ်းတွင် မဏ္ဍပ်အလတ်တစ်ခုနှင့် ဆရာစံလမ်းတွင် မဏ္ဍပ်အလတ်တစ်ခု စုစုပေါင်း မဏ္ဍပ်အကြီးနှင့် အလတ် ၃ ခုဆောက်လုပ်ခွင့်ပြုရန် အတည်ပြုထားကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်များအား သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနေကြပြီဖြစ်သည်။
Writer:
ကျော်ထင်
Eleven Media Group

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် အမျိုးသမီးတစ်ဦးက အမှတ်တရ ရေးသားနေစဉ် (ဓာတ်ပုံ-သက်မင်း)

မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားနေရာ ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမများအား ထိတ်လန့်စိုးရွံ့စေခဲ့သည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးပေးရန် လာမည့်အစိုးရသစ် လက်ထက်တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ၏ပညာဒါန လုပ်အားပေး ဆရာမနှစ်ဦးဖြစ်သည့် မရန်လုရာနှင့် ခေါန်နန်စင်တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်း ကျေးရွာအုပ်စု ကောင်းခါးကျေးရွာ၌ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်ညပိုင်းက ဘုရားကျောင်းဝင်းအတွင်းရှိ ၎င်းတို့နေထိုင်ရာ အိမ်အတွင်း၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်။

ထိုအမှုမှာ တစ်နှစ်နှင့် နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကျူးလွန်သူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် လာမည့်အစိုးရသစ် လက်ထက်တွင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ထံ စာရေးပြီး အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း KBC ၏အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “ကျွန်တော်တို့လည်း ဆက်လုပ်မယ့် လုပ်ငန်းတွေရှိတယ်။ ဒါပေမဲ့ ဒီအစိုးရ အပြောင်းအလဲကို နည်းနည်းစောင့်နေတယ်။ အစိုးရသစ်တက်လာရင် ဒီအမှုကို မှန်မှန်ကန်ကန်ဖြစ်အောင် စုံစမ်းဖော်ထုတ်ဖို့အတွက် တောင်းဆိုသွားမယ်။ အခုအစိုးရ အပြောင်းအလဲဖြစ်တာနဲ့ ကျွန်တော်တို့ စာရေးမယ်။ အဓိကက နိုင်ငံတော် သမ္မတဆီရေးမယ်။ ကာကွယ်ရေး ဦးစီးချုပ်ဆီရေးမယ်။ နောက်ပြီး လူ့အခွင့်အရေး ကော်မရှင်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကို စာရေးပြီး တောင်းဆိုသွားမှာပါ” ဟု မတ် ၂၆ ရက်က ပြောကြားသည်။

ခရစ်ယာန် လုပ်အားပေး ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အပါအ၀င် KBC မှဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေး ကြန့်ကြာစေသည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က မှတ်ချက်ပြုသည်။

၎င်းက “ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့တွေ အနေနဲ့ကလည်း သူတို့တောင်းဆိုထားတဲ့ စစ်ကြောင်းမှူးနဲ့ ကားဆရာတို့ကို မေးမြန်းစစ်ဆေးဖို့ တောင်းဆိုထားတာလည်း သူတို့ဘက်က ဘာမှအကြောင်း မပြန်သေးဘူး။ နောက်ပြီး ဒီအမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ တိုးတက်မှုမရှိဘူး။ စုံစမ်းစစ်ဆေးရတဲ့ အဖွဲ့တွေအနေနဲ့လည်း အကန့်အသတ်နဲ့ ရှိနေတဲ့အတွက် ကြန့်ကြာနေတယ်။ ဒါကြောင့် လာမယ့်အစိုးရ လက်ထက်ကျရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားဖို့ နည်းလမ်းပဲရှိတယ်” ဟုဆိုသည်။

ဆရာမနှစ်ဦး အသတ်ခံရမှုမှ တရားခံကို ဖော်ထုတ်နိုင်ရန်အတွက် မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးအဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ရွာနှင့် အနီးပတ်ဝန်းကျင်ရွာများမှ ရွာသားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း သံသယဖြစ်ဖွယ် အချက်များ မတွေ့ရပေ။ ထို့ပြင် အခင်းဖြစ်ပွားစဉ်ကာလက ထိုကျေးရွာ၌ ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းမှ တပ်မတော်သား ၂၈ ဦးကိုလည်း အခင်းဖြစ်ပွားပြီးသည့် ရက်ပိုင်းအတွင်းက စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း သံသယရှိဖွယ် အချက်များ တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
Writer:
ဥာဏ်ဝင်းရှိန်
Eleven Media Group

■ အာဏာရှင် မောင်ပိုင်စီးခြင်းခံရတဲ့ ပုံပျက်သမိုင်း

စစ်အာဏာရှင် အစိုးရအဆက်ဆက် ‘တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်’၊ ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ စတဲ့ ‘စစ်တပ် ဂုဏော အနန္တော၊ စစ်တပ် သရဏံ ဂစ္ဆာမိ’ စဉ်းစားပုံလမ်းကြောင်းကို လူထုကြား ကိန်းအောင်း ဦးနှောက်ဆေးချင်တော့ သမိုင်းအထင်ကရ အဖြစ်အပျက်တွေကို စစ်တပ်တခုတည်းက လက်ဝါးကြီးအုပ် သိမ်းပိုက်ရင်း သမိုင်းကို ပုံဖျက်ခဲ့ပါတယ်။ အမှန်တစ်ဝက်၊ အမှားတစ်ဝက်၊ မုသား အလိမ်အလည်တွေ ပါးပါးလေးထည့်တဲ့အခါ ထည့်၊ ဗြောင်တိုက်တဲ့ အခါတိုက်နဲ့ အမျိုးမျိုး မှိုင်းတိုက် ထိမ်ဝှက်၊ လိမ်လည်သမိုင်းကို ဖျက်ခဲ့ကြပါတယ်။ မဆီမဆိုင် သမိုင်းရက်စွဲတွေ ဖန်တီးခဲ့ကြတယ်။

ဥပမာ - နောင်မှာ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းကာ လယ်သမား၊ ယာသမား လူထုကို အင်္ဂလိပ်အရင်းရှင် အစိုးရခေတ်ထက်ပို မွဲပြာကျစေခဲ့သူ တရားခံ ‘စစ်တပ်’ က တရားဝင် အာဏာသိမ်းယူခဲ့တဲ့နေ့ မတ်လ ၂ ရက်နေ့ကို ‘တောင်သူလယ်သမားနေ့’ လို့ ဇွတ်ကင်ပွန်းတပ်ခဲ့ကြသလိုမျိုးပေါ့။ မတ်လရဲ့ ပြောင်မြောက်လှတဲ့ တော်လှန်သမိုင်းကို နောင်ထပ် ရိုင်းစေတာကတော့ ‘ဖက်ဆစ်တော်လှန်ရေးနေ့’ မတ်လ ၂၇ ရက်ကို ‘တပ်မတော်နေ့’ လို့ သတ်မှတ်ခဲ့ခြင်းပါပဲ။

■ လူမျိုးစုစုံရဲ့ လူထုတော်လှန်ရေး

‘၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်က ဦးဆောင်ပြီး ဂျပန်ဖက်ဆစ်တော်လှန်ရေး စခဲ့သည်’ဆိုပြီး စစ်အစိုးရ အဆက်ဆက် ပုံဖော်ခဲ့ကြတာမှာ အချက်ကြီး နှစ်ချက် မှားနေပါတယ်။ ပထမအချက်ကတော့ အားလုံးလည်း သတိပြုမိတဲ့ ဖက်ဆစ်တော်လှန်ရေးဟာ လူထုကဦးဆောင်တဲ့ ‘ပြည်သူ့တော်လှန်ရေး’ သာ ဖြစ်တယ်ဆိုတာကို ထိမ်ချန်ထားခြင်းပါ။ ဒုတိယ အချက်ကတော့ စစ်တပ်အသားပေး သမိုင်းပုံဖော်မှုဖြစ်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲတွေဟာ ၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ စခဲ့တယ် ဆိုတာကလည်း မမှန်ပါဘူး။ တကယ်တော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဖက်ဆစ်တော်လှန်ရေးက အများကြီး စောခဲ့ပါတယ်။ ဂျပန်စစ်တပ် စဝင်လာကတည်းက အင်္ဂလိပ် အကူအညီနဲ့ ချင်း၊ နာဂ၊ ကရင်၊ ကချင် အစရှိတဲ့ လူမျိုးစုစုံဟာ ပြောက်ကျား တော်လှန်ရေးအနေနဲ့ ဖက်ဆစ်ကျူးကျော်မှုကို အစဉ်မပြတ် ဆန့်ကျင်ခဲ့ကြတာပါ။ စစ်တစ်ပိုင်း အစိုးရနဲ့စစ်တပ်က နိုင်ငံရေး အကျပ်အတည်း ထွက်ပေါက် အနေနဲ့ အသုံးချချင်လို့ ဇွတ် ပြည်ပရန်အဖြစ် နောက်ပိုင်းမှာ ပြန်ပုံဖော်နေတဲ့ ‘ကိုးကန့်’ တွေဆိုလည်း ဖက်ဆစ်တော်လှန်ရာမှာ ရှေးဦးပါခဲ့တဲ့ သူတွေပါပဲ။

■ လူမျိုး/ဘာသာစုံ တပ်မတော်

စစ်တပိုင်းအစိုးရခေတ်မှာ အရာကျခဲ့လို့ ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်းတဦးရဲ့ မေးမြန်းခန်း အဖြေတခုမှာ စစ်တပ်ရာထူး အဆင့်ဆင့် တက်လမ်းအတွက် အနှောင့်အယှက် မဖြစ်ရအောင် သူရဲ့ တိုင်းရင်းသားနာမည် ထိပ်စီးကို ဖျောက်ခဲ့ရပါတယ်လို့ ဝန်ခံဖူးတာ သတိပြုမိခဲ့ကြမလား မသိပါ။ တကယ်တော့ ဒါမျိုး ဖြစ်စဉ်ဟာ လူအများစု ထောက်ခံမှု ရလိုတာကြောင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်လေဟန် ပုံဖော်၊ အမျိုးသားရေးကို တလွဲအသုံးချကာ တမျိုး တဘာသာ ဗဟိုပြု အသားပေးကျင့်သုံးလေ့ရှိတဲ့ ရာစုဝက်ကျော်ကြာ စစ်အာဏာရှင် စနစ်ဆိုးအောက် နေရာ ကဏ္ဍ ဌာနတိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ နိုင်ငံလက်ရွေးစင် ဘောလုံးသမား ခရစ်ယာန်နာမည် မခံရ၊ အခြားဘာသာရေး နာမည်မသုံးရ၊ လက်ဝါးကတ်တိုင်ပုံပြု ဂိုးသွင်းအောင်ပွဲ မခံရတာမျိုးက အစ စစ်ဘက်၊ အရပ်ဘက် အစိုးရ ရာထူးကြီးကြီးနေရာအထိ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေကို စနစ်တကျ စနစ်ထဲမှာ ထည့်သွင်း ပုံဖော်ခဲ့ကြတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်တပ် ဒုကြိမ် အာဏာသိမ်းရာမှာ ပါဝင်ခဲ့တဲ့ နဝတ အာဏာသိမ်း အစိုးရအဖွဲ့ဝင် ‘ဗိုလ်မှူးချုပ် ဒေးဗစ်အိုဝင်အေဘယ်လ်’ လို ကပြားပေမယ့် ပညာလည်းတတ်၊ နိုင်ငံတကာနဲ့ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောနိုင်ဆိုနိုင်သူမျိုး တွေဆို နေရာ အထိုက်အလျောက်ပေးခံရတာ ရှိခဲ့ပေမယ့် သူ့ရဲ့ စစ်ရာထူးကတော့ ဗိုလ်မှူးချုပ်ပါပဲ၊ ဗိုလ်ချုပ်တောင် မဖြစ်ခဲ့ရှာပါ။

ဒီလို သဘော နောက်ပိုင်းမှာ ဖြစ်ခဲ့ရပေမယ့် ခေတ်သစ် ဗမာ့တပ်မတော်ဟာ သန္ဓေတည်ခဲ့ရာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ခေတ်ကတည်းက လူမျိုးစုစုံ၊ ဘာသာစုံ ပါဝင် ကျရာတာဝန် ထမ်းခဲ့ကြတဲ့ သမိုင်းနဲ့ လာခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အပြီး ကန္ဒီစာချုပ် (၁၉၄၅-စက်တင်ဘာ-၇) အရ တပ်မတော် ပြန်လည်ဖွဲ့စည်းရာမှာလည်း အင်္ဂလိပ်သင်တန်းဆင်း ဗြိတိသျှဘားမားတပ်က လာသူတွေဘက်မှာရော၊ ဂျပန်သင်တန်းဆင်း မျိုးချစ်တပ်မတော်ဘက်က လာသူတွေမှာပါ လူမျိုး/ဘာသာစုံ ပါခဲ့တာပါပဲ။

ဗြိတိသျှဘားမား ခေတ်ကတည်းက ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းမှု အလို့ငှာ‘Professional Soldiers’ အဖြစ် ဆောင်ရွက်ခဲ့ကြသူတွေ အများစုကလည်း လူနည်းစု လူမျိုး၊ ဘာသာ အုပ်စုဝင်တွေပါ။ ဒါကြောင့် ပြည်တွင်းစစ်မီး မလောင်ခင် ကနဦးခေတ်သစ်တပ်မတော် ခေါင်းဆောင်မှုနေရာတွေကို စစ်အတွေ့အကြုံ၊ စစ်ပညာ ပြည့် တိုင်းရင်းသား စစ်သားကြီးတွေ လွှမ်းမိုးခဲ့တာပါ။ အခုခေတ်လို တပ်မတော်က ‘ပြည်ထောင်စုတပ်မတော်ပါ’ ဆိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ငါ့စကားနွားရ စကားနိုင်လု ကာကွယ်ပြောဆိုနေပြီး တပ်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေကို သူတို့နဲ့ ညီအစ်ကို လူမျိုးစုတော်လှန်ရေးတပ်တွေနဲ့ အိမ်ကြက်ချင်းအိုးမဲသုတ် အသေခံ တိုက်ခိုင်းရာမှာ အသုံးချ၊ ရာထူးကြီးကြီးကျ မပေးတဲ့ အာဏာရှင်အလိုကျ စစ်တပ် အနေအထားမျိုးနဲ့ စခဲ့တာမဟုတ်ပါ။

လွပ်လပ်ရေးခေတ်ဦး တပ်မတော်မှာ ဗိုလ်ချုပ် စမစ်ဒွန်း (အိန္ဒိယ ဒယ်ရဒွန်း စစ်တက္ကသိုလ် ပထမပတ် ကျောင်းဆင်း) က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ် (Chief of Staff) စဖြစ်ခဲ့တယ်။ ဗိုလ်မှူးချုပ် စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ်စ် စစ်တက္ကသိုလ်ဆင်း) က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (Chief of Army Staff) / စစ်ဆင်ရေးမှူး (Chief of Operations) ဖြစ်ခဲ့တယ်။ ဒုဗိုလ်မှူးကြီး စောရှိရှို က ကာကွယ်ရေးဦးစီးချုပ် (လေ) (Chief of Air Staff) ဖြစ်ခဲ့တယ်။ ဒုဗိုလ်မှူးကြီး စောဒိုနီက စစ်ထောက်ချုပ် (Quartermaster General) အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်မတော် ဖွဲ့စည်းပုံကလည်း တပ်ရင်းအနေနဲ့ မျိုးချစ်ဘက်ကလာသူ အများစု ပါတဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်း ခြောက်ခု (တခု က တိုင်းရင်းသား လူမျိုးစု စုံပါ)၊ ကရင် တပ် သုံးခု၊ ချင်းတပ် သုံးခု၊ ကချင်တပ် နှစ်ခု၊ ဂေါရခါးတပ် တခု အစရှိသလို လူမျိုးစုစုံတပ် ဖြစ်ခဲ့ပါတယ်။ ဒီလို ကရင်၊ ကချင်၊ ချင်း၊ အင်္ဂလိပ်ကပြား အင်ဂလိုဘားမီးစ်၊ အင်ဂလိုအင်ဒီးယန်း၊ အိန္ဒိယအနွယ်၊ ဂေါရခါး၊ တရုတ်အနွယ် အစရှိသဖြင့် အရောင်အသွေးစုံခဲ့တဲ့ တပ်မတော်အနေနဲ့ စတင်ခဲ့တာပါ။

■ တပ်မတော်နေ့ နောက်ကြောင်း

တပ်မတော်နေ့အဖြစ် ဂျပန်ခေတ်နှောင်းပိုင်း ၁၉၄၅ ဇန်နဝါရီလ ၂ ရက်နေ့မှာ ပထမဆုံး ကျင်းပဖူးကြောင်း မှတ်တမ်း တချို့ ရှိခဲ့ပါတယ်။ မတ်လ ၂၇ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲ သတ်မှတ်မှုကိုလည်း သမိုင်းမှာ အချက်အလက် အမျိုးမျိုးနဲ့ လက်ရှိတိုင် ပြောဆိုနေကြပါတယ်။ တကယ်တော့ ၁၉၅၄ / ၅၅ / ၅၆ ဝန်းကျင် ဖဆပလ ဦးနု ခေတ်ကတည်းက အာဏာရပါတီတွင်း စစ်တပ်လိုလားတဲ့ ဆိုရှယ်လစ်အုပ်စု စနက်နဲ့ ပြည်တွင်းစစ်အတွက် တပ်မတော်ကို မျက်နှာသာပေး ‘ဖား’ လိုမှုကြောင့် ‘တော်လှန်ရေးနေ့’ကို ‘တပ်မတော်နေ့’ အဖြစ် ပုံဖော်လိုတဲ့ သဘောတွေ စခဲ့ပါတယ်။ နောက် စစ်တပ်က ၁၉၆၂ မှာ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီခေတ်နဲ့ နောက်ပိုင်း မဆလ တပါတီ အာဏာရှင် အစိုးရ ဖွဲ့စည်းချိန် ၁၉၇၄ နောက်ပိုင်းတွေမှာတော့ မတ်လ ၂၇ ရက်နေ့ဟာ ‘လူထုရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့’ ဆိုတဲ့ သဘော လုံးလုံးပျောက်ခဲ့ရတယ်၊ ‘တပ်မတော်နေ့’ အဖြစ်သာ လုံးလုံး အထိမ်းအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။

■ သမိုင်းလိမ်တွေ၊ သမိုင်းဆိုးတွေ ရပ်သင့်ပါပြီ

တပ်မတော်သမိုင်းဟာ နောက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆိုးနဲ့ အတူ ကျောင်းသား၊ ရဟန်း၊ ပြည်သူ အပေါ် သွေးစွန်းစေခဲ့တဲ့ နေ့ရက်များကို ဖြတ်သန်း လူထုအကြား အမြင်မကြည်လင် အော့နှလုံး နာစရာတွေ သမိုင်းမလှ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ကောင်းခဲ့တဲ့ သမိုင်းကြောင်း စာမျက်နှာတချို့ကို အသိအမှတ်ပြုသလို အနာဂတ် တိုင်းပြည် ကာကွယ်ရေး အတွက် အရေးပါမှုကိုလည်း နားလည်တဲ့အတွက် တပ်မတော်နေ့ကို အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြည်သူမှာ ရှိနေပါတယ်။

ဒီနေရာမှာ ကြိုတင် လိုအပ်တဲ့ အချက်တွေတော့ ရှိပါတယ်။ ပထမ တချက်ကတော့ တကယ့် တပ်မတော်နေ့ စစ်စစ်ဖြစ်ဖို့ လိုပါတယ်။ ဒုတိယလက်ရှိ စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ မင်းမူ ဗိုလ်ကျ ကြီးစိုးနေတာကို လျှော့ချဖို့လိုပါတယ်။

ကောင်းတဲ့ သမိုင်းကို ထိုက်ထိုက်တန်တန်ပြုစေချင်ရင်၊ မူလတာဝန် တိုင်းပြည်ကာကွယ်ခြင်းကို အသိအမှတ် ပြုစေချင်ရင် မကောင်းတဲ့ သမိုင်းဆိုးတွေကို ဝန်ခံ၊ မူဆိုး၊ အလုပ်ဆိုးတွေ ချက်ချင်းရပ်၊ စစ်တန်းလျာကို လုံးလုံးလျားလျား သိက္ခာရှိရှိ ပြန်ပြဖို့ အရင်လိုပါတယ်။

■ မပြောင်းလဲသေးတဲ့ မျက်မှောက် ပကတိအခြေအနေ

လက်ရှိတိုင်တော့ တပ်မတော်ခေါင်းဆောင် အဟောင်းအသစ်တွေဟာ သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကိုလည်း ဝန်မခံ၊ ဖုံးကွယ်၊ သမိုင်းကို ပုံဖျက်ချင်နေကြတုန်းပဲ ရှိသလို၊ သဘောထား စိတ်ရင်းတွေလည်း မပြောင်းလဲသေးပါ။ တပါတည်း စစ်ဝါဒီများ ကြီးစိုးရာ ဖက်စစ်စနစ်ကို တော်လှန်ခဲ့ခြင်း အကျိုးကျေးဇူး၊ တော်လှန်ရေးနေ့သမိုင်း အခန်းကဏ္ဍ၊ စစ်ဝါဒ အမြစ်ပြတ်ရေး သဘောတွေလည်း တိုင်းပြည်မှာ မှေးမှိန်နေဦးမှာပါပဲ။ ဒီပုံနဲ့ စစ်ဝါဒသာ ဆက်လက် လွှမ်းမိုး ပြည်တွင်းစစ်မီးတွေရှည်၊ စစ်အသုံးစရိတ်တွေ ထောင်းရင်း တိုင်းပြည်လည်း နိုင်ငံတကာမှာ လူတမ်းမစေ့နိုင် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ အောက်တန်း၊ နောက်တန်းကျ ‘ဓားမနောက်ပိတ်ခွေး’ ဖြစ်မြဲ ဖြစ်နေဦးမယ့် သဘောပါပဲ။

■ ၂၀၁၆ NLD ဦးဆောင်မယ့် အစိုးရသစ်နဲ့ လွှတ်တော်ရဲ့တာဝန်

တပ်မတော်ဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု အကျိုးစီးပွား၊ အာဏာဖြစ်တည်မှုကို ဘာကြောင့် မယိုင်မလဲ ကိုင်ဆွဲရပ်တည် နေကြသလဲဆိုရင် အာဏာ၊ အကျိုးစီးပွားဆိုတဲ့ ‘လောဘ’၊ ‘ဒေါသ’ မက်လုံးအပြင် သမိုင်းကို ရှုမြင်ပုံ အမြင်မတူညီ၊ သူတို့မှိုင်းတိုက် ပုံဖော်တဲ့ ကိုယ်ပိုင်သမိုင်းကို တကယ်ယုံကြည်နေတဲ့ အမိုက်ဖုံး ‘မောဟ’ ကြောင့်လည်း အဓိက ပါပါတယ်။ သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ချောက်ထဲမကျအောင် ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်များအဖြစ် မြင်နေတဲ့ ဒီမှားယွင်းတဲ့ သမိုင်းအမြင်ကို ဖျောက်နိုင်ဖို့ရာဟာ အနာဂတ် ဒီမိုကရေစီ ခရီးလမ်းအတွက် အင်မတန် အရေးကြီးပါတယ်။

ဒါကြောင့် တပ်မတော်ကို တပ်မတော်နေရာမှန်၊ အလုပ်မှန်၊ သမိုင်းမှန် ပြန်ပို့၊ ပြန်ဖြစ်၊ ပြန်မြင် သမိုင်းအမှားပြင်ဆင်စေရန် နားချကြိုးစားဖို့ ၂၀၁၆ ခုနှစ် ဒီမိုကရေစီပြည်သူ့အစိုးရမှာ တာဝန်ရှိပါတယ်။ စစ်ဗိုလ်ချုပ်များ စိတ်တိုင်းကြိုက် ရေးဆွဲထားတဲ့ လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အောက်မှာတော့ ဒီအလုပ်ဟာ အင်မတန် ခက်ခဲနိုင်ပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သင့်ဆုံး အလုပ်တစ်ခုကတော့ ရှေ့နှစ် ၂၀၁၇ ခုနှစ်မှာ တပ်မတော်နေ့ လိမ်ဆင်သမိုင်းကို ပြင်ဖို့ပါပဲ။ တပ်မတော်ဘက်ကလည်း သမိုင်းအမှား ပြင်ဆင်ခွင့် အခွင့်အရေးကောင်း လက်လွတ်မခံ အနာဂတ်တိုင်းပြည်အတွက် အကောင်းမြင်စိတ်နဲ့ အမှန်ပြင်ဆင်လိုရပါမယ်။

■ အနှစ်ချုပ်

နိဂုံးချုပ်ရရင် သမိုင်းကို ပြင်ခြင်း၊ လိမ်ခြင်း၊ ဖုံးခြင်း၊ တလွဲပြုခြင်းဟာ မျိုးဆက်သစ်ကို သစ္စာ ဖောက်ရာ ရောက်ပါတယ်။ သမိုင်းဆိုး၊ လုပ်ရပ်ဆိုးတွေကို မမြင်နိုင်၊ ဝန်မခံနိုင်၊ မပြင်နိုင် ဆက်လက် ပုံဖော်လိုခြင်းကလည်း အနာဂတ်တိုင်းပြည်ကို ပိုလို့ နစ်နာစေပါတယ်။ လူမျိုးစုစုံပါဝင်ပြီး လူထုဦးဆောင်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီး သမိုင်းဖျောက်ခံနေရခြင်းကနေ စစ်ဝါဒကြီးစိုးမှုအထိ ဖြစ်တည်လာရင်း စစ်အာဏာရှင်စနစ် အသွင်အမျိုးမျိုးပြောင်း သက်ဆိုးရှည်ကာ တိုင်းရင်းသား ပြသ၁နာတွေလည်း မပြေလည်နိုင်၊ ပြည်တွင်းစစ်လည်း မရပ်နိုင်၊ နိုင်ငံဖွံ့ဖြိုး ချမ်းသာမှုဆီလည်း မရှေးရှုနိုင် ဖြစ်နေရပါတယ်။ ဒါကြောင့် ‘တပ်မတော်နေ့ အမှန် ဖြစ်ရေး ဘယ်လောက် အရေးကြီးကြောင်း’ ကို အခြေခံကျကျ သိမြင် နားလည် ပြင်ဆင် တောင်းဆိုနိုင်ဖို့ရာ သမိုင်းနောက်ခံပြု ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျား။

(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန်- nyeinchanaye81@gmail.com)

ငြိမ်းချမ်းအေး
The Ladies News Journal

(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၆)။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် အဓိက ဟန့်တား၊ နှောက်ယှက်မှု နှစ်ခု
ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ်လ ၂၇ရက်တွင်
ကျရောက်သော (၇၁)နှစ်မြောက် တပ်မတော်နေ့(တော်လှန်ရေးနေ့)အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆို
လိုက်သည်။

"တို့နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောက်ယှက်ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်
ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းပဲ ဖြစ်တယ်" ဟုဆိုကာ
"ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်" ဟု နေပြည်တော်တွင် ယနေ့နံနက်ပိုင်းကပြုလုပ်သော
အခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအဖြစ် ခံယူထားသော တိုင်းရင်းသားလက်နက်ကိုင်များအား
ရည်ညွှန်းကာ "လက်နက်ကိုင် သောင်းကျန်းမှု" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သုံးနှုန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ချက်ကို ကျော်လွှားနိုင်မှ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးမည်ဟုလည်း သူက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များအား "လက်နက်ကိုင် သောင်းကျန်းမှု" ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုမှုအပေါ်
မွန်းအမျိုးသားပါတီဥက္ကဌ နိုင်ငွေသိမ်းက "သူတို့သဘောထားကတော့ ဘာမှမပြောင်းဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံကို
အသက်ပေးပြီး ကာကွယ်မယ်ဆိုတာကိုး။ ငြိမ်းချမ်းရေးကိစ္စမှာပြောသွားတာလည်း အရင်အတိုင်းပဲလေ" ဟု မဇ္ဈိမကို
ပြောသည်။

ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မိန့်ခွန်းတွင် "ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့
နေရာမှာ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် ရယူလိုတဲ့ ဆန္ဒရှိဖို့ လိုအပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပါတီစုံဒီမိုကရေစီ
လမ်းကြောင်းကို ငြိမ်းချမ်းတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ လျှောက်လှမ်းသွားလိုတဲ့စိတ်ရှိရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး
လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမှာပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို မရသေးဘဲ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ကသာ
အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသေးသည်။

ယခုလကုန်တွင် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမဦးစားပေး
ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLDအစိုးရက စတင်တာဝန်ယူတော့မည်
ဖြစ်သည်။

ယနေ့ပြုလုပ်သော တပ်မတော်နေ့(တော်လှန်ရေးနေ့)အခမ်းအနားသို့ တပ်မတော်အရာရှိများ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်
စစ်မှုထမ်းဟောင်းများ တက်ရောက်ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများလည်း တက်ရောက်ကြပြီး အချို့သော
တပ်မတော်အငြိမ်းစားဝန်ကြီးများမှာ တပ်မတော်ယူနီဖောင်းဝတ်ဆင်ကာ တက်ရောက်လာကြသည်ကို တွေ့ရသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖက်ဆစ်တော်လှန်ရေး တပ်သားများ ရန်ကုန်မြို့
တော်လှန်ရေးပန်းခြံတွင် စစ်ချီအခမ်းအနား စတင်ခဲ့ရာ၊ ဖက်ဆစ်စနစ်ဆိုးကို စတင်တော်လှန်ခဲ့ရာ မတ်လ ၂၇ရက်ကို
"တော်လှန်ရေးနေ့" အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပလာခဲ့ရာက လူတစ်စုက တပ်မတော်နေ့ဟု
အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
- Mizzima - News in Burmese

Cartoonist Soe Thaw Dar
ဂျာနယ်တစ်ခုထဲမှကာတွန်းတစ်ကွက်ကိုသဘောကျမိသည် ။ ခရိုနီကြီးများက ယခင်က အဘအဘ ဟုတစာစာအော်ဟစ်နေကြရာမှ အစ်မအစ်မဟုပြောင်းအော်ပုံကိုသရော်လှောင်ပြောင်ရေးဆွဲထားခြင်းဖြစ်သည် ။အဘဟု ပါးစပ်ကမချခဲ.သူများသည် ယခုအခါ အစ်မရောဂါထကြလေပြီ ။ အဆန်းတော.မဟုတ် ကိုယ်ပိုင်ခံယူချက်ခိုင်ခိုင်မာမာမရှိသူများ ၊ နိုင်ငံရေးသူငယ်နာမစင်သူများ ၊မိမိကိုယ်ကိုမလေးစားသူများ ၊ ကိုယ်ကျင်.သိက္ခာထက် အကျိုးစီးပွားကိုဦးထိပ်ပန်ဆင်သူများဖြစ်လေ.ဖြစ်ထရှိသော ရောဂါဖြစ်သည် ။ ထိုရောဂါသည် ယခုမှသာမဟုတ် နိုင်ငံ၏သမိုင်းတစ်လျှောက် ကပ်ပါလာခဲ.သောရောဂါဖြစ်သည် ။ မြန်မာဘုရင်များခေတ်က ဘုရင်ကို မီခိုပြီးရာထူးစည်းစိမ်များရခဲ.သောမင်းခစားအရာရှိကြီးအချို.သည် သီပေါမင်းနှင်.စုဖုရားလတ်ကိုဖမ်းဆီးခေါ်ဆောင်သွားသော သဘောင်္ကြီးပင်ဧရာဝတ်ီမြစ်လယ်သို.မရောက်သေးမီ အင်္ဂလိပ်အားရှိခိုးဦးတင်ကာ ရာထူးဂုဏ်ထူးများပေးဖို. အရှက်မရှိတောင်းဆိုနေခဲ.ကြဖူးပြီဖြစ်သည် ။ထိုအဖြစ်များကို မြင်ရတွေ.ရသည်မှာ အသည်းနာလွန်းသော ကဗျာစာဆိုကြီး အချုပ်တန်းဆရာဖေက
“ မိပစ်လို.ဖရှောင်သွေ ၊ခွကောင်တွေခွေးဖြစ်ပါပေါ.လေး “ ဟုမချိတင်ကဲရေးခဲ.ဖူးသည် ။ ထို.အပြင် အင်္ဂလိပ်ဘုရင်ခံ မြန်မာပြည်လာစဉ်က အချို.မြန်မာများနည်းပေးလမ်းပြလုပ်ကာလိုတာထက်ပိုမိုသော ဖားလျားချက်များကြောင်. အင်္ဂလိပ်ဘုရင်ခံကိုမြန်မာဘုရင်များ ဆောင်းသောထီးဖြူများမိုး၍ကြိုဆိုခဲ.ကြသည်ကို မအပ်မရာလုပ်သည်ဟုဆရာကြီးအချုပ်တန်းဆရာဖေအလွန် မခံချိမခံသာဖြစ်ခဲ.သည် ။ထိုအင်္ဂလိပ် ဘုရင်ခံသည် ကပ္ဖလီကျွန်းသို.အရောက်တွင် ဓားထိုးခံရပြီးကွယ်လွန်သည်.သတင်းကြားရသောအခါ “ မင်းတုတု ခွေးသေသေ ၊သွေးတွေတွေယိုဘိ “ ဟူသောတေးထပ်ကို ၀မ်းသာအားရရေးစပ်ခဲ.သည် ။ ထို.အပြင် မြန်မာအချို.အင်္ဂလိပ်ကို သခင်အဖြစ်ကူးပြောင်းလက်ခံနေပုံကိုကြည်.ကာ “တွေးမိတိုင်း အရိုးနာသည် ၊ အမျိုးပါ ဆဲချင်ပေါ.လေး “ ဟုစပ်ဆိုခဲ.ပါသည် ။ ထိုသို.သာကူးများသည် မြန်မာ.မြေ၀ယ်တွင်ကျယ်ကာ မြန်မာဘုရင်အစား အင်္ဂလိပ်ကိုဘုရားထူးခဲ.ကြပေသည် ။ အင်္ဂလိပ်ခေတ်တလျှောက်လုံး အင်္ဂလိပ်ကို ကျွန်ခံခဲ.ကြသူများသည် အင်္ဂလိပ်အခြေအနေမကောင်းပဲ ပြေး ရချိန်တွင် အခြေအနေယိမ်းယိုင်မသွားပဲ အင်္ဂလိပ်အလိုတော်ရိ ဘ၀မှ

ဂျပန်အလိုတော်ရိအဖြစ်သို. လျှင်မြန်စွာ ကူးပြောင်းရပ်တည်နိုင်ခဲ.ပါသည် ။ အင်မတန်လာဘ်မြင်သော သာကူးများပေတည်း ။ ယခင်ကအင်္ဂလိပ်ဆိုလျှင် ထိုင်ရှိခိုးတော.မတတ် ရိုကျိုးခဲ.ရာမှ ထိုအခါ အင်္ဂလိပ်ကိုလေသံမှမကြားချင် ဂျပန်များသည်သာ နိပွန်မာစတာများဖြစ်ကြသည် ဟုဆိုကြပြန်သည် ။ ယခင်ကလူလူချင်းအဖက်တန်သည်ဟုပင်မယူဆခဲ.ပဲဆေးဖော်ကြောဖက်မှမလုပ်ခဲ.သည် .သခင်လူငယ်များကိုလည်းယခုအခါ အများဆုံး ထောက်ပံ.ကူညီကာ B.I.A စစ်တပ်ကို အလှူရှင်အဖြစ် မျိုးချစ်ပုဂ္ဂိုလ်ကြီးချက်ခြင်းဖြစ်သွားသူများမှာလည်းထိုပုဂ္ဂိုလ်များပင်ဖြစ်သည် ။ ဂျပန်များအခြေမလှ၍မြန်မာမြေမှဆုတ်ခွာသွားသောအခါ ဂျပန်ခေတ်တုန်းက ဂျပန်အလိုရိလုပ်ခဲ.သူအချို.ပင် အင်္ဂလိပ်သခင်ကြီးများကိုကြိုဆိုကြပြန်သည် ။ သခင်လူငယ်များကို မေးထူးခေါ် ပြောပင်မလုပ်တော.ပဲအင်္ဂလိပ်နှင်.အတူပြန်ပါလာသည်. အာဏာရနိုင်သည်ဟုယူဆရသည်. မြန်မာနိုင်ငံရေးသမားစားဖားဟောင်းကြီးများကိုပြေးကပ်ကြပြန်သည် ။ ထိုသို. ကျွန်တော်တို.နိုင်ငံသည် သာကူးပေါသော နိုင်ငံတနိုင်ငံဖြစ်ပါသည် ။ဆိတ်ဝှေးစေ.၀ါဒထွန်းကာသောတိုင်းပြည်ဖြစ်သည် ။ ထိုအစဉ်အလာသည် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာလဲခိုင်မြဲခဲ.သည် ။ ဦးနုပြုတ်ကျပြီး ဗိုလ်ချုပ်နေ၀င်းခေတ်ရောက်လာသောအခါတွင်လည်းအစဉ်အလာမပျက်စေရ ။ ဆိုရှယ်လစ်ခွေးကတက်မှာပင်နေရနေရဆိုသော နိုင်ငံရေးမျက်နှာပြောင်တိုက်သူများပေါ်ထွန်းလာသည် ။ မ.ဆ.လ ပါတီကို ၁၉၈၈ တွင် လူထုတော်လှန်ရေးဖြစ်ပွားသောအခါ ယခင်က မဆလ ပါတီကိုထောက်ခံခဲ.ဖူးသူတွေပင် သပိတ်စခန်းတွေဘာတွေတွင်လက်သီးလက်မောင်းတန်းကြပြန်သည် ။ စစ်တပ်ကအာဏာသိမ်းလိုက်တော. စစ်ဗိုလ်ချုပ်များဆီပြေးကပ်ကြသည် ။ အဘမှ အဘ နှစ်ပေါင်းများစွာ ဘ ခဲ.ကြသည် ။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင်လေသံမျှမကြားချင် ၊ ပင်နီဝတ်ထားသူကို လမ်းတွေ.လျှင်တောင်ရပ်၍စကားမပြောရဲ ။ အိမ်သို.အလာခံဖို.ကားဝေလာဝေး ။ တက္ကသိုလ်ရိပ်သာလမ်းသည် ယောင်၍မှဖြတ်မလျှောက်ရမည်.ပစ္စ န္တရစ်အရပ်ဒေသဖြစ်သည် ။အနယ်နယ်အရပ်ရပ်တွင်ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း စင်မြင်.ကြီးများထိုး၍ လူထုစုဝေးပွဲကြီးများလုပ်ရာတွင် လူအားငွေအားများ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ခဲ.ကြသည် ။ ရွေးကောက်ပွဲကာလအထိ အချို.က အစိမ်းမှအစိမ်းဖြစ်တုန်းပင် ။ ဖရဲသီးကိုခွဲကြည်.လျှင်ပင် အနီရောင်သည် ပုတ်နေသောအပိုင်းဖြစ်သည် ဟုကြွေးကြော်ခဲ.ကြသည် ။

ယခုအခါ အရာရာကားပြောင်းလဲခဲ.ပြီ ။ ရွေးကောက်ပွဲတွင်အခြေမလှတော.မည်ကိုကြိုမြင်သောခပ်လည်လည် ခရိုနီများသည် ကိုယ်တိုင်ကစိမ်းနေသည်ကို အရူးကွက်နင်း၍ အနီကိုမဲပေးမည်တို.ဘာတို.လုပ်ကုန်ကြသည် ။ ယခင်ကဘယ်တော.မှခြေဦးမလှည်.ခဲ.သော ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို. ခရိုနီသူဌေးကြီးများခြေရာချင်းထပ်အောင်တရုန်းရုန်းဝင်ထွက်ကြသည် ။ NLD ရွေးကောက်ပွဲနိုင်သောအခါ အစိမ်းအချင်းချင်းပြိုင်ဆိုင်မှုကပိုမိုပြင်းထန်လာသည် ။ မိမိပိုင်ဟိုတယ်ကြီးကိုအသုံးပြုခွင်.ပေးကာ အနီရောင်ဘက်သန်းသလိုလို လုပ်သူကလုပ်ပြသည် ။ ရွေးကောက်ပွဲတွင် အရွေးမခံရတော.သော နန်းကျ ဘုရင်များကလည်း မစု မစု ဟုဖြစ်ကုန်ကြသည် ။ ယခင်က ဒီပဲယင်းတွင်အသေသတ်ရန် ဒါရိုက်တာဘ၀ဖြင်.အကွက်ချခဲ.သော အစိမ်းရောင် ဥသျှောင်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင် အိမ်တော်သို.ဖိတ်ခေါ်ကာ ဂုဏ်ပြုသလိုလို ဖိတ်ခေါ်သလိုလို ၊ပူးပေါင်းသလိုလို အကွက်တွေချိုးပြသည် ။ ဥသျှောင်ကြီး၏ မြေးနာမည်ကျော် တယောက်ကလည်း အန်တီနဲ.တွေ.ရတာ စိတ်လှုပ်ရှားလွန်းလို.ဘာမှမပြောနိုင်ဘူး တို. ၊ ထူးခြားတဲ.ညတို. ဖြစ်ကုန်သည် ။ ယခင်က ၀ါးရင်းတုတ်တပြင်ပြင်နှင်. NLD ကိုထုရန်ထောင်းရန် အသင်.ပြင်ခဲ.ရသော လက်ပါးစေ လူမိုက်အချို. မှာဝါးရင်တုတ်ကိုဆက်ကိုင်ရမှာလား ၊ လွှတ်ချလိုက်ရမှာလား ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည် ။ ရှူးတိုက်တုန်းကဟောင်ခဲ. ကိုက်ခဲ.သော်လည်း ထိုဧည်.သည်ပင်ဧည်.ကောင်းစောင်ကောင်းဖြစ်သွားသောအခါ ဟောင်ရမှာလား ၊ အမြီးနန်.ရမှာလားမသဲကွဲတော.သော အိမ်စောင်.ခွေးတွေလို ဇဝေဇ၀ါဖြစ်ကုန်သည် ။

ယခုအခါ မြန်မာတနိုင်ငံလုံး၌ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်သူများ ၊ အနီရောင်ကိုထောက်ခံသူများ သဲသဲလှုပ်ပေါ်ပေါက်နေကြသည် ။ထိုအထဲတွင် ဘိုးစဉ်ဘောင်ဆက် ဒေါ်အောင်ဆန်းစုကြည်နှင်. NLD ကိုထောက်ခံခဲ.သူများပါသလို ၊ စိမ်းရာမှနီလာသူခါတော်မီ ပုဂ္ဂိုလ်များထိပ်ဆုံးမှပါသည် ။ ထိုသူများက facebook ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင်. NLD ကို ပိုချစ်ပြသည် ။ သာကူးများကလည်း သခင်ပြောင်းဖို.ချောင်းနေသည် ။ ယခင်က friend ၆၀၀ ပင်မရှိသော ဖေ.စ်ဘွတ်အကောင်.ပိုင်ရှင် တဦးသည် NLD မှဖွဲ.စည်းမည်. အစိုး၇အဖွဲ.တွင် ၀န်ကြီးတနေရာလျာထားခြင်းခံရသည်ဟု သတင်းသိုးသိုးသန်.သန်.ထွက်လာသည်နှင်.ချက်ခြင်းပင် friend ထောင်နှင်.ချီသွားပြီး နေရာလွတ်ပင်မကျန်အောင်ဖြစ်သွားသည် (တကယ်ပင်ဝန်ကြီ်းမဖြစ်သေး ) ။ ခရိုနီများကားလျှင်လှသည် ။ ဖားသည်.နေရာတွင် နှစ်ပေါင်းများစွာ ၊ခေတ်ပေါင်းများစွာ လိုင်းဝင်လာကြသူများဖြစ်၍ ခြေမြန်လက်မြန်ရှိသည် ။ လောလောဆယ်တွင် လူတိုင်းနီနေကြသည်ဖြစ်ရာ အနီ အစစ်လား ၊ အစိမ်းက နီလာသလားဆိုတာ ခွဲခြားဖို.လိုမည်ဖြစ်သည် ။ နီသလိုလိုစိမ်း ၊ စိမ်းသလိုလို နဲ.နီနေသောသူများ ၀ိုင်းဝိုင်းလည်နေသည်ဖြစ်ရာ NLD ၀ါရင်.ပုဂ္ဂိုလ်များသည် အစိမ်းကိုအနီထင် အနီကို အနက်ထင် မမှားရအောင် သတိတမံဥာဏ်မြေကတုတ် လုပ်၍ အပေါ်ယံကိုမသာယာပဲ ချဉ်းကပ်လာသူများ၏နှလုံးသားကိုမြင်အောင်ကြည်.ဖို.လိုအပ်မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

Politics ဂျာနယ်
၂၅.၃.၂၀၁၆


ထိုင်းရှေနေများကောင်စီရဲ့ နိုင်ငံသားနဲ့ လူနည်းစုရေးရာ ကော်မတီဥက္ကဌ နိုင် စူရဖုန်း ကောင်းကျန်ထွတ်ခ် SAW မိဘမဲ့ကလေးများဆီကို လာရောက်ခဲ့ပါတယ်

မကြာခင်မှာ ထိုင်းနိုင်ငံက ၀(သုည)နဲ့စတဲ့ ဆယ်နှစ်ခံလို့ လူသိများတဲ့ ကဒ်ပြားသက်တမ်း ဆယ်နှစ်ရှိတဲ့ကလေးတွေကို နံပါတ် (၇)နဲ့စတဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင်တွေကို စတင်ရိုက်ပေးတော့မှာ ဖြစ်ပါတယ် ။


သူတို့ တွေဟာသက်ဆိုင်ရာ တက်ရောက်နေတဲ့ ကျောင်းတွေကနေ တဆင့် သက်ဆိုင်ရာ မြိုနယ် အုပ်ချုပ်ရေးမူးရုံးတွေဆီကိုသွားရောက်ပြီး မှတ်ပုံတင်စတင် ရိုက်ရတော့မှာဖြစ်ပါတယ် ။

ဒီလို့ မှတ်ပုံတင်တွေကိုရရှိနိုင်ဖို့အတွက် ထိုင်းရှေနေများကောင်စီရဲ့ နိုင်ငံသားနဲ့ လူနည်းစုရေးရာ ကော်မတီဥက္ကဌ နိုင်စူရဖုန်း ဟာ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ ကို လာရောက်ပြီး ဒီအစီစဉ်ကို စတင်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ် ။

ထိုင်းနိုင်ငံတွင်းမွေးဖွားတဲ့ ဆေးရုံဆေးခန်းကအထောက်အထားရှိတဲ့ကလေးတွေကိုလည်း ၆လအတွင်းမှာ နိုင်ငံသားပေးဖို့ထိုင်းနိုင်ငံခရိုင်အသီးသီးမှာ စတင်လုပ်ဆောင်ဖို့အတွက်လည်း ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားပြီးဖြစ်ပါတယ် ။

Social Action For Women
https://www.facebook.com/Social-Action-for-Women-SAW

[youtube src="AhCyODKzaDY"/]
ကိုရဲလွင် ဂီတနှစ်ငါးဆယ်ရွှေရတုးခရီး တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ကိုမင်းကိုနိုင် ကဗျာ၊ ကိုရဲလွင် ၊ ကိုနေ၀င် တို့ ရဲ့သံစဉ်

DVB TV News


ဒီကနေ့ဟာ (၇၁) နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ တပ်မတော်နေ့နဲ့ ဖက်ဆစ်တော်လှန်ရေးဆိုပြီး အခေါ်အဝေါ် ကွဲပြားမှုတွေ ဖြစ်ပေါ်နေပေမဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ လက်ရှိ ကျင်းပနေတဲ့ တပ်မတော်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့အဖြစ် ပြောင်းလဲ သတ်မှတ်သွားမယ်လို့ NLD ပါတီ နယကလည်းဖြစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ကျူးကျော် ၀င်ရောက်လာတဲ့ ဖက်ဆစ် ဂျပန်တွေကို စတင် တော်လှန်တဲ့ မတ်လ (၂၇) ရက်ကို မူလက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ခေါ်ဆိုခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်မှာ တပ်မတော်နေ့အဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့၊ တပ်မတော်နေ့အကြောင်း ဗွီအိုအေ ၀ိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့အခါ နယကကြီး ဦးတင်ဦးက အခုလို စပြောပါတယ်။

ဦးတင်ဦး။       “မတ်လ (၂၇) နေ့က ဂျပန် ဖက်ဆစ်ကိုတော်လှန်တဲ့နေ့ သတ်မှတ်လိုက်တဲ့နေ့ ဖြစ်တာကြောင့်မို့လို့ အဲဒါကြောင့် (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီးတော့ သတ်မှတ်လိုက်တာပါ။ အရင်တုန်းက တောက်လျှောက်က ဖက်ဆစ်တော်လှန်ရေးပဲဗျ။ ဖက်ဆစ်တော်လှန်ရေး ဆိုတာကနေပြီးတော့ အိမ်စောင့်အစိုးရလက်ထက်မှာ ဦးနေ၀င်းကို တပ်မတော်ရဲ့ အကြီးအကဲအဖြစ် ပေးလိုက်ပြီးတဲ့နောက်ပိုင်း တပ်မတော်သားတွေနဲ့ ပတ်သက်ပြီးတော့ နိုးကြားတက်ကြွအောင်ဆိုပြီးတော့မှ လှုံ့ဆော်တဲ့အနေနဲ့ မတ်လ (၂၇) နေ့ကို တပ်မတော်နေ့ဆိုပြီး လုပ်လိုက်တာပဲ။”

မေး။    “အဲဒီတော့ ဒီ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလိုက်ရတာက ဂျပန်အစိုးရနဲ့ ဆက်ဆံရေးမှာ ထိခိုက်မှာ စိုးလို့လားခင်ဗျ။”

ဦးတင်ဦး။       “အဲဒီတုန်းကလဲပဲ၊ အဲဒီလိုပဲ သိုးသိုးသန့်သန့် ပြောသံ၊ ဆိုသံလေးတွေ ကြားလိုက်တယ်။ ဂျပန်နဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့ဟာ အပိုင်းမှာ၊ ဆက်ဆံတဲ့နေရာမှာ စီးပွားရေးတို့၊ ဘာတို့ ညာတို့ စသဖြင့်ပေါ့ဗျာ၊ ပိုကောင်းအောင် ပြောင်းလိုက်တယ်ဆိုတဲ့ သဘော သက်ရောက်သွားတယ်လို့ ကျနော်ထင်တယ်ဗျ။”

မေး။    “အဲဒီတော့ အန်ကယ်တို့ရဲ့ NLD ပါတီ အစိုးရလက်ထက်မှာရော ဒီ မတ်လ (၂၇) ရက်နေ့ကို တပ်မတော်နေ့ လို့ပဲ ဆက်ပြီးတော့ သုံးနှုန်းမလား၊ ဒါမှမဟုတ်ရင် ဆက်စစ်တော်လှန်ရေးနေ့ အဖြစ် ပြန်ပြီးတော့ ပြင်ဆင် သတ်မှတ်ဖို့ ဘယ်လိုရှိပါသလဲ။”

ဦးတင်ဦး။        “အမှန်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့လို့ပဲ ပြန်လည်ပြီးတော့ ပြင်ဆင် သတ်မှတ်ဖို့ပဲ ဆုံးဖြတ်တာ ဖြစ်တော့ကာ တောက်လျှောက် ဖက်ဆစ်တော်လှန်ရေးနေ့ပဲ ကျနော်တို့ လုပ်ပါတယ်။ အဲဒါကို တပ်မတော်နေ့လို့ မလုပ်ပါဘူး။ အဲဒီတော့ တပ်မတော်နေ့ ဆိုတာကတော့ အမှန်ကတော့ တပ်မတော် စတင်တည်ထောင်တဲ့နေ့ဟာ တပ်မတော်နေ့ ဖြစ်သင့်တယ်ဆိုပြီးတော့ ကျနော် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ထင်တယ်၊ အဲဒီနေ့ကိုတော့ တပ်မတော်နေ့အဖြစ် ပြန်လည် သတ်မှတ်ဖို့ကောင်းတယ်ဆိုတာကို ဟိုတုန်းက အဖွဲ့ချုပ်က လုပ်ခဲ့တာ။ အဲဒီလိုပဲ သဘောထား ပြောပြီးတော့ကာ ဒါကို တပ်မတော်နေ့အစား ကျနော်တို့ ဒီ မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ လို့ပဲ ပြောင်းပြီး ခေါ်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ B.I.A. စပြီးတော့ တည်ထောင်တဲ့ နေ့ဟာ ကျနော်တို့ တပ်မတော်နေ့၊ တပ်မတော်ကို စတင် တည်ထောင်တဲ့နေ့မို့လို့ စတင် ပေါက်ဖွားတဲ့နေ့ကို အဲဒီနေ့ကို တပ်မတော်နေ့လို့ ခေါ်သင့်တယ်၊ ခေါ်ကြရမယ်ဆိုပြီးတော့ C.E.C. မှာ ဆုံးဖြတ်ကြတာပဲလေ။ စပြီး အဖွဲ့ချုပ်ထောင်ကတည်းက စပြီးလုပ်လာတာ တောက်လျှောက်။ အခုလည်းပဲ ဖက်ဆစ်တော်လှန်ရေးနေ့ပါပဲ။ တပ်မတော်နေ့ မဟုတ်ဘူး။”

ဒီကနေ့ ကျင်းပမယ့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပါဝင်ကြမယ့် စစ်ကြောင်းတွေဟာ အခု အသံမလွှင့် မိနစ်ပိုင်းအလိုက စပြီး နေပြည်တော် တပ်သစ်ကွင်းမှာ စုဝေး ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ဖြစ်ပေါ်နေသော ဈေးကွက် ဈေးနှုန်း အပြောင်းအလဲများအား လေ့လာစစ်တမ်းကောက်ယူခဲ့ပါသည်။

သို့သော် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၆)ရှိ ''ယုံကြည်စရာမဲ့ ဈေးကွက်'' ဒေါ်လာဈေးအကျ ဆောင်းပါးနှင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စာမျက်နှာ(၁၁)တွင် ပါရှိ သော ''ဒလမြေဈေးအရောင်းအဝယ် အေး'' ဆောင်းပါးကို ဖတ်ရှုရသည်။ အိမ်၊ ခြံ၊ မြေများမှာ အရောင်းအဝယ် မဖြစ်ဘဲ အေးနေကြောင်း၊ ယခင်က စီမံကိန်းတစ်ခုခုလုပ်မည်ဟု သတင်း ထွက်လာပါက ယင်းစီမံကိန်းပြုလုပ်မည့်နေရာနှင့် နီးစပ်သောနေရာ များမှ အိမ်၊ ခြံ၊ မြေများမှာ အဆမတန် ဈေးတက်သွားပြီး အရောင်းအဝယ်ဖြစ် ကြသည်။ ယခုအခါ မျှော်မှန်းသလို ဈေးများ အဆမတန်မတက်သည့် အပြင် ဝယ်ယူမည့်သူများလည်း မရှိ ဖြစ်နေသည်ကို ကြေးမုံသတင်းစာ၌ ဆောင်းပါးများအဖြစ် ရေးသားဖော်ပြ လာသည်ကို ဖတ်ရှုခဲ့ရပါသည်။

ယင်းဆောင်းပါးများအား ဖတ်ရှု ရပြီး ကျွန်တော်လေ့လာတွေ့ရှိရသော အချက်များအရ ယခုသတင်းဆောင်းပါး ကိုရေးရန် ဖြစ်ပေါ်လာခဲ့ရပါသည်။ ဈေးနှုန်းအတက်အကျဖြစ်လာရခြင်းများမှာ သဘာဝနိယာမတရားအရ သဘာဝဘေးအန္တရာယ်ကျရောက် ခြင်းအရလည်းကောင်း၊ စီးပွားရေး ကျပ်တည်းမှုအရ လည်းကောင်း၊ စီးပွား ရေးဘောဂဗေဒအရ လည်းကောင်း၊ ရူပဗေဒနိယာမအရ လည်းကောင်း၊ မိမိနိုင်ငံနှင့် ဆက်စပ်နေသော နိုင်ငံတကာ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအရ လည်းကောင်း၊ နိုင်ငံရေးအပြောင်း အလဲများအရလည်းကောင်း၊ ငွေကြေး ကြွယ်ဝချမ်းသာသူ များ၏ မတော်လောဘဖြင့် ဆောင်ရွက်မှုများအရလည်း ကောင်း၊ လူ့ပယောဂကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လည်းကောင်း ဈေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

၁၉၈၈ ခုနှစ်အထိ တိုက်ခန်း၊ မြေနှင့် မော်တော်ကား များ၏ ဈေးနှုန်းများမှာ သောင်းဂဏန်းနှင့်သိန်းဂဏန်း တန်ဖိုးများသာရှိကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ် မတ်-ဧပြီလခန့်အထိ ဈေးနှုန်း များမှာ ဖော်ပြပါဈေးနှုန်းများသာ ရှိနေကြပြီး ဝင်ဒါမီယာ ကဲ့သို့နေရာတွင်ပင် နှစ်သိန်း၊ သုံးသိန်းကျပ်ဖြင့် ဝယ်ယူ၍ ရသော အခြေအနေမှ တဖြည်းဖြည်းဈေးများမြင့်တက်လာ သည်။ ယခင်က အခန်းတစ်ခန်းကို သုံး-လေးသောင်း ဈေးရှိရာမှ တစ်သိန်း -နှစ်သိန်းအထိ တက်လာပြီး ငါးသိန်း၊ ၁ဝ သိန်း စသည်ဖြင့် မြင့်တက်လာခဲ့သည်။ ယခုအခါ အခန်းတစ်ခန်း၏ဈေးနှုန်းမှာ သိန်း ၁ဝဝ ကျော်၊ သိန်း ၁ဝဝဝ၊ သိန်းသောင်းချီ၍ ဖြစ်လာကာ မြေဈေး၊ ကားဈေးများမှာလည်း အဆမတန်တက်လာသည်ကို တွေ့ရှိ ရသည်။ မြို့သစ်တည်မည်၊ တံတားဆောက်မည်ဟု သတင်း ရရှိသော နေရာအနီးတစ်ဝိုက်ရှိ မြေ၊ တိုက်ခန်းများမှာ ပါးစပ်ဈေးဖြစ်နေပြီး အဆမတန်ဈေးများ တက်လျက်ရှိ နေသည်ကိုတွေ့ရသည်။ ကန်ထရိုက်တိုက်ဆောက်သည့် သူကလည်းများ၊ ဈေးနှုန်းများကလည်းမြင့်၊ သာမန် ပြည်သူနှင့် ဝန်ထမ်းများကလည်း ဝယ်နိုင်ရန်အခက်ဆို သလို တိုက်ခန်းနှင့် မြေကွက်၏တန်ဖိုးများမှာ မတန်တဆ ဈေးခေါ်ချင်သလိုခေါ်၊ ပြောချင်သလိုပြောနေ၍ အမှန် တကယ်နေထိုင်ရန် ဝယ်ယူလိုသော သာမန်ပြည်သူများနှင့် အစိုးရဝန်ထမ်းများအတွက် ဝယ်ယူနေထိုင်ရန် အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိနေရသည်။

ကန်ထရိုက်များကလည်း လူတိုင်းဝယ်ယူနေထိုင်၍ ရအောင်ဟုဆိုပြီး တန်ဖိုးမျှတ၊ တန်ဖိုးသင့်ဆိုကာ အမည်နာမ များနှင့်ဆောက်ပြီး ရောင်းချသော တိုက်ခန်းဈေးနှုန်းများ မှာလည်း အနည်းဆုံး သိန်း ၃ဝဝ ကျော်ဖြစ်နေပြီး တန်ဖိုး နည်းအိမ်ရာဆိုသည်မှာလည်း ကျပ်သိန်း ၁ဝဝ ကျော်ရှိရာ သာမန်ပြည်သူများမှ ဝယ်ယူရရှိရန် အလှမ်းကွာလှသည်။ ထို့ပြင် တန်ဖိုးနည်းအိမ်ရာဆိုပြီး ရွှေလင်ပန်းတွင် ဆောက် သည်မှာ ကျပ်သိန်း ၁ဝဝ ကျော်သည့်အပြင် အခန်းမှာ အလွန်ကျဉ်း၍ ငှက်လှောင်အိမ်ကဲ့သို့ဖြစ်နေသည်ကို တွေ့ရှိရသည်။ ကန်ထရိုက်များကလည်း ဈေးနှုန်းများချပေး လိုသော်လည်း ကုန်ကြမ်းပစ္စည်းများမှာ ဈေးမြင့်နေ၍ဖြစ် ကြောင်း ရှင်းလင်းပြောကြားမှုများအား ကြားသိခဲ့ရ သည်။

မိုးပေါ်သို့ ခဲတစ်လုံး သို့မဟုတ် ပစ္စည်းတစ်ခုအား အားစိုက် ပြီးပစ်တင်လိုက်ပါက အမြင့်ဆုံးသို့ရောက်ပြီးလျှင် နဂိုမူလ အောက်ခြေသို့ ပြန်ကျလာရသည်မှာ ရူပဗေဒသဘောအရ၊ သဘာဝနိယာမတရားအရဖြစ်သည်။

ထုတ်လုပ်မှုကနည်းပြီး သုံးစွဲမှု (စားသုံးမှု)က များနေလျှင် ဈေးနှုန်းများတက်လာမည်ဖြစ်သည်။ ထုတ်လုပ်မှုက များနေပြီး သုံးစွဲနိုင်မှု(စားသုံးမှု)ကနည်းနေလျှင် ဈေးနှုန်းများကျဆင်းလာမည်ဖြစ်ခြင်းသည် စီးပွားရေးဥပဒေအရ ဖြစ်သည်။

မိမိနိုင်ငံနှင့် နီးစပ်နေသောနိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုများရှိနေပါက မိမိနိုင်ငံ၏ဈေးနှုန်း များလည်း ကျဆင်းလာမည်ဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်းများအတက်အကျ ဖြစ်ပေါ်စေသည်။

လက်ရှိတာဝန်ယူဆောင်ရွက်နေရသည့် အစိုးရအဖွဲ့ ပေါ်တွင်လည်း မူတည်၍ ဈေးနှုန်းများ အတက်အကျရှိ နေ သည်။ နိုင်ငံတကာ၏ အကူအညီအထောက်အပံ့များ ကလည်း ပြည်တွင်းဈေးနှုန်းအတက်အကျ ဖြစ်ပေါ်မှုကို ဖြစ်ပေါ်စေသည်။ လက်ရှိအခြေအနေတွင် တိုက်ခန်းပေါင်း များစွာရှိနေပြီး မော်တော်ယာဉ်များ တင်သွင်းမှုများမှာ အလွန်များပြားသော်လည်း အသုံးပြုရန်ဝယ်ယူနိုင်သူမရှိသလောက် ဖြစ်နေခြင်း၊ ရွေးကောက်ပွဲပြီးဆုံး၍ ပြည်သူ အများက မဲပေးပြီး အဖြေသိရသည်နှင့် ဒေါ်လာများ ဈေးကျဆင်းသွားခြင်း၊ လက်ရှိအစိုးရအဖွဲ့ကလည်း တန်ဖိုးနည်း အိမ်ရာများနှင့် အငှားအိမ်ရာများ ဆောက်လုပ်မှု ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပြုလုပ်တည်ဆောက်ငှားရမ်း ပေးနေခြင်း၊ နောက်အစိုးရအဖွဲ့အစည်းပေါ်ပေါက်လာ တော့မည်ဟု သတင်းထွက်ပေါ်လာသည်နှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ထားသော အမေရိကန်နိုင်ငံ မှ သက်တမ်းတိုးခြင်းမပြုတော့ကြောင်း အမိန့်ချမှတ်လာ ခြင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ဆက်စပ်နေသော တရုတ် နိုင်ငံတွင် စီးပွားရေးများကျဆင်းနေခြင်း၊ ဒုတိယသမ္မတ လောင်းအမည်စာရင်းတင်သွင်းလိုက်ပြီဆိုသော သတင်း ထွက်လာသည်နှင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အထောက် အပံ့များစွာပေးမည်ဟု ထုတ်ဖော်ပြောကြားလာခြင်း၊ တိုင်းဒေသကြီး မြို့တော်များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Urban Development Planning for Regional Cities) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD) နှင့် ဂျပန်နိုင်ငှဲုံဃဗ တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိခြင်း၊ ၂ဝ၁၆ ခုနှစ် မတ် ၁၁ရက်က ရန်ကုန်မြို့Park Royal Hotel ၌ ကျင်းပခဲ့သည့် အနာဂတ် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ယူကေ-ဂျပန် (UK-Japan) ဆွေးနွေးပွဲတွင် ဗြိတိန်နိုင်ငံက မြန်မာ နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသံအမတ်က ပြောကြား ခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတနှင့် ဒုတိယ သမ္မတအဖြစ် ရွေးချယ်မှုရရှိထားခြင်း၊ လွန်ခဲ့သောနှစ် ၂ဝ ခန့်မှ ယနေ့အထိ ကန်ထရိုက်တိုက်များ ဆောက်လုပ်လာ သည်မှာ ကွန်ဒိုနှင့် ရိုးရိုးတိုက်ခန်းများမှာ နေရာပေါင်းစုံ၌ မိုလိုပေါက်အောင် များပြားလွန်းလှသော်လည်း ဝယ်ယူ နိုင်သူအလွန်နည်းပါးလှသည့်အပြင် အိမ်၊ ခြံမြေဈေး ကစားရန် ဝယ်ယူထားသူများ၌ တိုက်ခန်းများစွာဝယ်ယူ ထားကြပြီး ပြန်လည်ရောင်းချ၍ မရသဖြင့် ¤င်းတို့ကလည်း ထပ်မံဝယ်ယူရန် အင်အားလုံးဝမရှိသော အခြေအနေ များဖြစ်နေကြသည်။

ယင်းကဲ့သို့ဖြစ်နေသည်မှာ နှစ်ပေါင်းကြာလာသည်နှင့် အမျှ နေမြင့်လေ အရူးရင့်လေဆိုသကဲ့သို့ ကန်ထရိုက်များ နှင့် ဈေးကစားရန် ဝယ်ယူထားသူများမှ စိုးရိမ်ပူပန်မှုများ ဖြစ်နေရသော အချိန်ကာလလည်း ဖြစ်သည်။ ထိုသို့ ဖြစ်နေသည့် အချိန်ကာလကြာလာသည်နှင့်အမျှ နာမည် ကြီး ကန်ထရိုက်တချို့နှင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော် မည်ဟု ရည်ရွယ်၍ လုပ်ကိုင်နေကြသော ကန်ထရိုက်များ၊ ငွေကြေးချေးငှား၍ လုပ်ကိုင်နေကြသော ကန်ထရိုက်များမှာ မနိုင်မနင်းဖြစ်နေကြပြီး လိမ်လည်မှုများရှိလာ၍ တရားစွဲ ဆိုခံနေကြရသောအချိန်လည်း ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကလည်း ဝယ်ယူရင်းနှီးမြှုပ်နှံမှုမျိုးကို မလုပ်ကြဘဲ ငှားရမ်းမှုများဖြင့်သာ လုပ်ကိုင်လျက်ရှိကြ သည်။

ထိုသို့သော အကြောင်းတရားများစွာကြောင့် မော်တော် ကားကုမ္ပဏီပိုင်ရှင်နှင့် ပွဲစားတချို့၊ တိုက်ခန်းမြေဝယ်ရောင်း လုပ်သူနှင့် အိမ်ပွဲစားအများစုက ယခုလို အခြေအနေမျိုးဖြင့် သွားနေမည်ဆိုလျှင် ဈေးနှုန်းများ အဆမတန်ကျဆင်းလာ နိုင်သည်ဟု ညည်းတွားပြောဆိုနေကြသည်ကို ကြားသိခဲ့ရ သည်။ ထို့ပြင် သတင်းစာ၊ ဂျာနယ်ပေါင်းစုံ၌ တိုက်ခန်း၊ မြေ၊ မော်တော်ကားများ ရောင်းလိုကြောင်း ကြော်ငြာများ မှာ အလွန်ပင်များလှပြီး တချို့မှာ ဈေးနှုန်းများအား အရောင်းအဝယ်ဖြစ်အောင် ညှိနှိုင်းပေးပါမည်ဟု ဖော်ညွှန်း၍ ကြော်ငြာလာသည်ကို တွေ့ရှိနေရသည်။ သို့ပါ၍ ဖော်ပြပါ အကြောင်းတရားများကြောင့် တိုက်ခန်း၊ မြေနှင့်၊ မော်တော်ကားများ အဆမတန်ဈေးနှုန်းများ ကျဆင်းလာဖွယ်ရာရှိနေပါကြောင်း တင်ပြလိုက်ရပါ သည်။

သတင်း ဆောင်းပါး >> ပျံလွှား

ဓာတ်ပုံ-စိုးဝင်း(MLA)
The Mirror Daily
https://www.facebook.com/TheMirrorDaily