03/28/16

NLD ရဲ့ မူဝါဒ နဲ့အညီ အပြန်အလှန် လေးစားမှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုမယ် လို့ ဦးညီပုက ဘီဘီစီကို ပြောပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခု ရဲ့ အစိုးရ အဖွဲ့တွေ ကို ဦးဆောင်မယ့် ဝန်ကြီးချုပ် နေရာတွေ အတွက် သမ္မတ အဖြစ် တင်မြှောက် ခံထားရတဲ့ ဦးထင်ကျော်က လျာထား အဆိုပြု ထားသူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော် အသီးသီးမှာ ဒီကနေ့ မတ်လ ၂၈ ရက် တနင်္လာနေ့မှာ အတည်ပြုဖို့ ရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရ အဖွဲ့တွေ ကိုလည်း သူတို့ ဦးဆောင် ဖွဲ့မှာ ဖြစ်တယ်လို့ ပြောထားခဲ့တဲ့ အတိုင်း ဝန်ကြီးချုပ် ၁၄ ဦး စလုံးကို NLD ပါတီဝင် တွေထဲက ရွေးချယ် ထားပါတယ်။

ရွေးကောက်ပွဲတုန်းက ရခိုင် ပြည်နယ်လွှတ်တော် အတွက် နေရာအများစု နိုင်ထားတဲ့ ရခိုင် အမျိုးသားပါတီ ANP က ရခိုင် ဝန်ကြီးချုပ် နေရာ ကို အပြင်းအထန် တောင်းဆို နေပေမယ့် NLD ပါတီဝင် ဦးညီပုကို သမ္မတသစ် ဖြစ်လာမယ့် ဦးထင်ကျော်က အဆိုပြု ထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ရင် ပြည်နယ်လွှတ်တော် အနေနဲ့ သမ္မတက အမည်စာရင်း တင်သွင်းတဲ့သူကို ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဆိုထားပါတယ်။

NLD ရဲ့ မူဝါဒ နဲ့အညီ အပြန်အလှန် လေးစားမှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှုမယ် လို့ ဦးညီပုက ဘီဘီစီကို ပြောပါတယ်။

အခုလို ရခိုင်ဝန်ကြီးချုပ် အဖြစ် ဦးညီပုကို လျာထားကြောင်း တရားဝင် ထွက်ပေါ် လာတဲ့ အချိန်မှာပဲ ANP ပါတီက သူတို့သာ ပြည်နယ်ဝန်ကြီးချုပ် နေရာနဲ့ ပြည်နယ် အစိုးရ ဦးဆောင် ဖွဲ့ခွင့်ကို မရရင် အတိုက်အခံ အနေနဲ့ ရပ်တည် သွားမယ် ဆိုတဲ့ မူကို ဆုပ်ကိုင် သွားမှာ ဖြစ်ကြောင်း ANP ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးဖိုးမင်းက ဘီဘီစီကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရွေးကောက်တင်မြှောက်ခံခဲ့သည့် မဲဆန္ဒနယ် - သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)
ပညာအရည်အချင်း - M.B.B.S(RGN)
မွေးသက္ကရာဇ် - ၁၉.၉.၆၅ ( ၅၀ နှစ် )
လူမျိုး/ဘာသာ - မြန်မာ/ခရစ်ယာန်
မွေးရာဇာတိ - ရန်ကုန်
အလုပ်အကိုင် - ကိုယ်ပိုင်ဆေးကုခန်း
ခင်ပွန်းအမည်နှင့် အလုပ်အကိုင် - ဦးထွန်းမင်း၊ ရော်ဘာ/ သယ်ယူပို့ဆောင်ရေးယာဉ်လုပ်ငန်း
အဘအမည်/အလုပ်အကိုင် - ဦးမောင်မောင်၊တပ်မတော်(ရေ) အငြိမ်းစား(ကွယ်လွန်)
အမိအမည်/အလုပ်အကိုင် - ဒေါ်ယဉ်ကြည်၊ အထက်တန်းပြဆရာမ(အငြိမ်းစား)

သား/သမီး/အလုပ်အကိုင်

(၁)မောင်သန့်ခင်မော်(ကိုယ်ပိုင်လုပ်ငန်း)
(၂) Drကြည်မြတ်မော်(လ/ထ ဆရာဝန်)
(နေပြည်တော်ကုတင် ၁၀၀၀)
(၃) မောင်သန့်ထွေးမော်(ဒု-နှစ်ကွန်ပျူတာကျောင်းသား)
(၄) မရွှန်းလဲ့ရွှေရည်မင်း(န၀မတန်း)

အမြဲတမ်းနေရပ်လိပ်စာ

- အမှတ် ၂၂၆ မြို့မရပ်ကွက်၊ ထားဝယ်-မြိတ်လမ်း၊
သရက်ချောင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး။

လက်ရှိပါတီတာဝန် - NLD တိုင်းအလုပ်မှုဆောင်အဖွဲ့ဝင်
ဒေါက်တာလဲ့လဲ့မော် သည် သူငယ်တန်းမှ ၄ တန်းအထိ တောင်ဥက္ကလာပအမက(၉)၊ ၅တန်းမှ ၁၀ တန်းအထိ တာမွေအထက(၃)၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) တို့တွင် ပညာဆည်းပူးခဲ့သည်။

လက်ထောက်ဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံ(ရန်ကုန်)ကျန်းမာရေးဌာနတွင်၁၉၉၂ခုနစ် မှ ၁၉၉၁ ခုနစ် ထိ၊ထားဝယ်ပြည်သူ့ဆေးရုံတွင် ၁၉၉၅ခုနစ် မှ ၁၉၉၇ ခုနစ်အထိ၊သရက်ချောင်းပြည်သူ့ဆေးရုံတွင် ၁၉၉၈ခုနစ် မှ၂၀၀၁ ခုနစ် အထိတာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ပြီးနောက် သရက်ချောင်းမြို့နယ်အတွင်းနှင့် ထားဝယ်ခရိုင်ဒေသအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွဲဖက်ကာ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့သည်။

Dawei Watch
https://www.facebook.com/DaweiWatch

ပုံ- ဆလိုင်းလျန်လွယ်
မတ်လ (၂၈) ရက်နေ့တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ၌ တင်သွင်းမည့် ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်းများတွင် ချင်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဆလိုင်းလျန်လွယ်ရွေးချယ်ခံရကြောင်း
BBCသတင်းဌာနဖော်ပြချက်အရသိရသည်။

Pu Salai Lian Luai (ဦးဆလိုင်းလျန်လွယ်) သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Airibual (အိုင်ရီဘွယ်ရွာ) ဇာတိဖြစ်ပြီး၊ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာနှင့် ဘာသာရေးဘွဲ့ BRE တို့အား ရရှိနိုင်ခဲ့သူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀တွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသားလှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ဗဟိုဥပဒေရုံး (ရန်ကုန်)၊ ကလေးမြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ မန္တလေး၊ အမရပူရနှင့် စဥ့်ကိုင် တို့တွင် ထမ်းဆောင်ခဲူ့းပြီး နောက်ဆုံးတွင် တမူးခရိုင်ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းနောက် ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ၀င်ရောက်အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။ ၂၀၁၆-၂၀၂၁ ချင်းပြည်နယ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့အား ကျမ်းသစ္စာပြုလုပ်ရာတွင်လည်း လွှတ်တော်သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

သမ္မတအဖြစ်ရွေးချယ်တင်မြှော်က်ခြင်းခံထားရသော ဦးထင်ကျော် ခန့် အပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များ။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာခက်အောင်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ( ဖလမ်းမြို့ နယ် ပြည်နယ် အမတ် ( ၂ ) )
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း
ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ။

Ref: BBC

Chin World
https://www.facebook.com/Chin-World

ပါတီရဲ့ မူဝါဒ နဲ့ မဟာဗျူဟာ ကြောင့် ဖြစ်ပြီး အခြေခံ ဥပဒေ နဲ့ အညီ ဖြစ်
သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရတဲ့ ဦးထင်ကျော် က ခန့်အပ်မယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ အမည်စာရင်း ကို မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီက တိုင်း ဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌတွေ က စာအိတ်တွေ ကိုညွန်ကြားချက် အတိုင်း ဖွင့်ဖောက်ခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော် ပို့လိုက်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်လောင်း တွေစာရင်း မှာ တနင်္သာရီ တိုင်းနဲ့ ကရင်ပြည်နယ်မှာ အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တွေမှာ အရင်က ခန့်မှန်း ခဲ့ဖူးခြင်း မရှိတဲ့ သူတွေ ပါဝင်လာတာတွေ့ ရပါတယ်။

မတ်လ ၂၇ ရက်နေ့ ညနေ၃ နာရီ က ဖွင့်ဖောက်ခဲ့တဲ့ တိုင်း နဲပြည်နယ် ၁၄ ခု က ဝန်ကြီးချုပ် စာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်

စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်

ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း

မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို

မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တို့ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုင်းရင်းသား ပါတီ တွေက ဝန်ကြီးချုပ် နေရာ တွေ တောင်းဆိုတာရှိ ပေမယ့် အမျိုးသားဒီ မိုကရေစီအဖွဲချုပ်က တင်မြှောက်တဲ့ အစိုး ရဟာ NLD ပါတီ ဝင်တွေ ကိုပဲ ဝန်ကြီးချုပ်နေရာတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခန့်အပ်တာ ဟာ ပါတီရဲ့ မူဝါဒ နဲ့ မဟာဗျူဟာ ကြောင့် ဖြစ်ပြီး အခြေခံ ဥပဒေ နဲ့ အညီ ဖြစ်တယ်လို့ ရှမ်းပြည်နယ် မှာ ဝန်ကြီးချုပ်အဖြစ် လျာထား ခံရတဲ့ ဒေါက်တာ လင်းထွဋ် က ပြောပါတယ်။

တိုင်းဒေသ ကြီး ၁၄ ခုထဲက ရှမ်းပြည်နယ်နဲ့ ရခိုင် ပြည်နယ် က လွဲ ပြီး ကျန်တဲ့ ပြည်နယ် နဲ့ တိုင်း ၁၂ ခု က လွှက်တော်တွေ ဥက္ကဋ္ဌ တွေကလည်း အမျိုးသား ဒီ မိုကရေစီအဖွဲ့ချုပ် ပါတီကပဲ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ လျာထား ခံရတဲ့ ဝန်ကြီးချုပ်လောင်းတွေအမည် ကို လွှတ်တော် ကိုတင်သွင်းပြီး အတည်ပြု ကြမှာ ဖြစ်ပါတယ်။

လွှတ်တော် တွေကနေ အတည်ပြုပြီးရင် ပြည်နယ်နဲ့ တိုင်း က ဝန်ကြီးချုပ်တွေ မတ်လ ၃၀ ရက်နေမှာ သမ္မတ ဖြစ်သူ ဦးထင်ကျော် နဲ တစ်ချိန်တည်း လွှတ်တော် တွေမှာ ကတိသစ္စာပြု ကျမ်းကျိန် ကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


မတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်ပြည်နယ် အစိုးရဖွဲ့ပြီး ရက်ပေါင်း ၁၀၀ အတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအတွက် အကျိုးပြုစေမည့် ထူးထူးခြားခြား ပြောင်းလဲမှုဖြစ်အောင်လုပ်ဆောင်သွားမည်ဟု ပြည်နယ် NLD ဥက္ကဌ၊ ဖားအံ မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

“အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရက်ပေါင်း ၁၀၀ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေဖြစ် အောင် ပြည်သူတွေ အားရှိနိုင်မယ့်ဟာတွေ ပြီးတော့ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားတွေပိုပြီးတော့ အားရှိစေမယ့်ဟာတွေ စပြီး လှုပ်ရှားတော့မယ်”ဟု နန်းခင်ထွေးမြင့်က မတ်လ ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီး တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းသည့်အခါ NLD ပါတီဝင် မဟုတ်သည့် ပြင်ပ ပညာရှင်များကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု အစိုးရအဖွဲ့သစ်တွင် ပြည် နယ်ဝန်ကြီးချုပ်ဖြစ်ရန် သတင်းထွက်ပေါ်နေသည့် နန်းခင်ထွေးမြင့်က ဆက်လက် ပြောဆိုသည်။

မတ်လ ၂၅ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ ပြည် နယ်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ပြည်နယ် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီနှင့် ပြည်နယ်ဥပ ဒေ လေ့လာသုံးသပ်ရေးကော်မရှင်တို့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ စောချစ်ခင်က ပြောသည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ၂၀၁၆၊ ဖေဖော်ဝါရီ ၈ရက်နေ့က စတင် ကျင်းပခဲ့ပြီး လက်ရှိအချိန်ထိ လွှတ်တော်ရေးရာကော်မတီ ၄ခုနှင့် ကော်မရှင်တစ်ခု ဖွဲ့စည်းထားခဲ့သည်။ ထို့အပြင် လွှတ်တော်ရေးရာကော်မတီ ၃ခု ထပ်မံ ဖွဲ့စည်းရန် ရှိသေးသလို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧပြီလ ၁ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီ ပြည်နယ်ဝန်ကြီးချုပ် စောဝင်းထိန်က “ရေးရာကော်မတီဖွဲ့စည်းတယ်ဆိုတာကလည်း ပြည်နယ်အတွင်းမှာရှိတဲ့ လွှတ် တော်ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့တာဖြစ်တယ်။ မရှိမဖြစ် ဖွဲ့ကိုဖွဲ့ရမယ့် ကော်မတီတွေဖြစ်တဲ့အတွက် ကြောင့် အခု ဖွဲ့စည်းနိုင်တာကိုလည်း ဝမ်းသာတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လာမည့် မတ်လ ၂၈ရက်နေ့တွင် ပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ မည့်သူကို ကြေညာမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်အမတ်များထံမှ သိရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပြင်ပ ပညာရှင်များနှင့် အခြားပါတီဝင်များ ပါဝင်မည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့စာရင်းကို NLD ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီထံ ပြည်နယ် NLD က ပေးပို့ထားပြီး ဖြစ်သည်ဟု ပြည်နယ် NLD က ပြောဆိုသည်။

နန်းဝေဖြိုးဇာ
ကေအိုင်စီ - KIC
http://kicnews.org


ခေါင်းဆောင်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ရန် ချိုးနှိမ်ရန် ရည်ရွယ်၍ အသုံးပြုလိုက်သည့် အချို့စကားလုံးများမှာ ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်ပေါ်စေလေ့ ရှိသည်။

ဥပမာ ပြင်သစ်ဧကရာဇ် နပိုလီယံ၏ အရပ်ပုခြင်းကို ရည်ညွှန်း၍ ဆန့်ကျင်သူများက ယင်းအား “တပ်ကြပ်လေး”ဟု ခေါ်လေ့ရှိသည်။ သို့သော် ထိုအသုံးအနှုန်းက နပိုလီယံအား ကိုယ်ပိုင်စွမ်းရည်ဖြင့် ရာထူးအဆင့်ဆင့်တက်လာသူ စစ်ရေးပါရမီရှင်တစ်ဦးအဖြစ် ပိုမိုပေါ်လွင်စေခဲ့သည်။

သဘောထားပြတ်သားသည့် ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာအား ဆိုဗီယက်ဝါဒဖြန့်သူများက “သံမဏိအမျိုးသမီး”ဟု ခေါ်တွင်ခဲ့ခြင်းကလည်း သူ၏ တည်ကြည်ခိုင်မာမှုကို ရည်ညွှန်းသည့် စကားလုံး ဖြစ်စေခဲ့သည်။

NLD က ဦးထင်ကျော်အား ဒုတိယသမ္မတလောင်းအဖြစ် လွှတ်တော်တွင် အမည်တင်သွင်းပြီး မိနစ်ပိုင်းအတွင်းမှာပင် နိုင်ငံတကာသတင်းဌာနအချို့က ဦးထင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်မောင်းတစ်ဦးဟု ရေးသားဖော်ပြခဲ့ကြသည်။ ဦးထင်ကျော်၏ ကိုယ်ရေး ရာဇ၀င် အသေးစိတ်ကို သိရှိရန် သတင်းဌာနများအနေဖြင့် အပြိုင်အဆိုင် ကြိုးစားခဲ့ကြရသည်။

NLD က အမည်စာရင်း တင်သွင်းပြီး ၆ နာရီကြာမှသာ ဦးထင်ကျော်၏ ကိုယ်ရေးရာဇ၀င်ကို ထုတ်ပြန်ပေးခဲ့ပြီး ထိုအချိန်တွင် မှားယွင်းဖော်ပြမှုများ ပျံ့နှံ့နေပြီဖြစ်သည်။ ချိုးနှိမ်တိုက်ခိုက်မှု တစ်ခုဟု NLD ပါတီကို ထောက်ခံသည့် အွန်လိုင်းအသုံးပြုသူများက မှတ်ယူထားသည့် မှားယွင်းဖော်ပြမှုမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် စစ်အစိုးရခေတ် သတင်းစာတွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးများမှ အစပြုသည်။

၂၀၀၀ ပြည့်လွန်နှင့် အစောပိုင်းတွင် အစိုးရပိုင် သတင်းစာများ၌ စစ်ထောက်လှမ်းရေး က ရေးသား ခဲ့သည့် ဆောင်းပါးများတွင် ဦးထင်ကျော်အား “ဒရိုင်ဘာ” တစ်ဦးဟု ဖော်ပြ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခရီးစဉ်တစ်ခုကို ရထားဖြင့် သွားရောက်ရန် ရန်ကုန်ဘူတာကြီးသို့ ကားမောင်း ပို့ပေးခဲ့ပြီး စောင့်ဆိုင်းနေစဉ် ဦးထင်ကျော်အား စစ်တပ်က ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုအချိန်က ဦးထင်ကျော်အား နိုင်ငံကျော်စာဆိုကြီး၏ သားဖြစ်ကြောင်း သိသော်ငှား ကားမောင်းပေးသူတစ်ဦးအဖြစ် ပုံဖော်ရန် စစ်အစိုးရ၏ အာဘော်ဖြစ်သော ကြေးမုံ သတင်းစာတွင် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာက ဖော်ပြခဲ့သည့် အခြားဆောင်းပါးတစ်ပုဒ်၌ ဦးထင်ကျော်အား NLD ကို ထောက်ခံအားပေးသူများအား နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်သော “ငတိ” ဟုပင် သုံးနှုန်းဖြင့် ဖော်ပြခဲ့သည်။

နောက်ခံအသိုင်းအ၀ိုင်းနှင့် ပညာအရည်အချင်းအရ သမ္မတရာထူးနှင့် ထိုက်တန်သူ ဦးထင်ကျော်အား “ယာဉ်မောင်းဟောင်း”တစ်ဦးဟု ဖော်ပြခြင်းမှာ တိုက်ခိုက် ချိုးနှိမ်မှု တစ်ခုဟု ပြည်တွင်းမီဒီယာများကလည်း ရှုမြင်ကြသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရပါတီသည် နိုင်ငံတကာမီဒီယာများအတွက် လုံးဝနီးပါး အစိမ်းသက်သက် ဖြစ်နေသူ တစ်ဦးကို သမ္မတအဖြစ် အမည်တင်သွင်းခဲ့ပြီးနောက် မီဒီယာရှင်းလင်းပွဲပြုလုပ်ခြင်း၊ အင်တာဗျူးခွင့် ပေးခြင်းတို့ မရှိသည့်အခါ နိုင်ငံတကာမီဒီယာများအနေဖြင့် အချက်အလက် မှားယွင်းခြင်း အလွယ်တကူ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ မှားယွင်းခြင်းမျာ တမင်ရည်ရွယ်ခြင်း မဟုတ်။

မည်သို့ပင်ဖြစ်စေ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားသမ္မတအတွက် ထိုသို့မှားယွင်းဖော်ပြမိမှုမှာ အားကောင်းသော တင်စားမှု တစ်ခု ဖြစ်ပေါ်လာစေသည်။ ဦးထင်ကျော်သည် မြန်မာနိုင်ငံအား ငြိမ်းချမ်းကြွယ်ဝမှုဆီ လမ်းညွှန်ဦးဆောင်နိုင်ပါ က မြန်မာပြည်သူများ ကာလရှည်ကြာ ရှာဖွေနေခဲ့သည့် နိုင်ငံဦးဆောင်မောင်းနှင်သူ ယာဉ်မောင်း တစ်ဦးဖြစ်လာမည် ဖြစ်ပေသည်။

သမ္မတအထက်တွင်ရှိမည်ဟု ကမ္ဘာကို ကြေငှာထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားလမ်းညွှန်မှုအတိုင်း အစိုးရယန္တရားကို မောင်းနှင်မည့်သူ ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

မြန်မာ့အရေး စောင့်ကြည့်သူများအတွက်မူ သမ္မတအသစ်နှင့် ပတ်သက်၍ မေးခွန်းနှစ်ခု ပေါ်ပေါက်စေခဲ့သည်။ ပထမမေးခွန်းမှာ အကယ်၍ မြန်မာနိုင်ငံ အခြေခံဥပဒေတွင် စင်ကာပူ၊ အီတလီ၊ ဗြိတိန် စသည့် နိုင်ငံများကဲ့သို့ သတ်မှတ်ထားမည် ဆိုပါက နိုင်ငံအကြီးအကဲသည် အစိုးရအဖွဲ့အကြီးအကဲနှင့် သီးခြားစီ ဖြစ်နိုင်မည်လားဟု စောင့်ကြည့်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်ကိုင်တွယ်နေချိန်တွင် ဦးထင်ကျော်က နိုင်ငံတော်အခမ်းအနားများ တက်ရောက်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အခြေခံဥပဒေတွင် အုပ်ချုပ်ရေးအာဏာကို သမ္မတရုံးအား ပေးအပ်ထားသည်။

ထို့ကြောင့် အစိုးရအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က သြဇာအာဏာရှိပြီး ဦးထင်ကျော်က တာဝန်ယူရသည့်ပုံစံကို မြင်တွေ့ရဖွယ်ရှိသည်။ ထိုပုံစံ အလုပ်ဖြစ်ရန် အတွက် ဦးထင်ကျော် သည် ဖြောင့်မတ်သော လူကောင်းတစ်ဦးဖြစ်ပြီး ဂုဏ်သတင်းကို ထိန်းသိမ်း ထားပြီး မိမိကိုယ်ကိုယ် ရှေ့တန်းမတင်တတ်သူဖြစ်၍ ဦးထင်ကျော်မှာ မီဒီယာက အသိနည်းခဲ့သူ ဖြစ်သည်။ ဦးထင်ကျော်အနေဖြင့် နေ့စဉ်နေ့တိုင်း လူအများက အရိုအသေပေးနေချိန်တွင်ပင် ရိုးသားပြီး ဂုဏ်မမောက်ပဲ မိမိနေရာနှင့် တာဝန်ကို သိရှိ နားလည်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် လိုအပ်သည်။

ဒုတိယမေးခွန်းမှာ နိုင်ငံအား မည်သူကမောင်းနှင်မည်ဆိုသည့် မေးခွန်းမဟုတ်ဘဲ မည်သည့် လမ်းကြောင်းသို့ မောင်းနှင်မည်ဆိုသည့် မေးခွန်းဖြစ်သည်။ NLD သည် ကွန်ဆာဗေးတစ် ပါတီ မဟုတ်သလို၊ လစ်ဘရယ်ပါတီ၊ ဆိုရှယ်လစ်ပါတီလည်း မဟုတ်ပေ။ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း မူဝါဒများကို အကြမ်းဖျဉ်းမျှသာ ဖော်ပြထားသော်လည်း မည်သို့ဆောင်ရွက်မည်ဆိုသည့် ကတိပေးမှုပုံအစား “ဦးတည်ဆောင်ရွက်သွားမည်”၊ “အားပေးမည်” စသည့် ပိုမိုယေဘုယျဆန်သော အသုံးအနှုန်းဖြင့်သာ ဖော်ပြပြီး ဦးတည်ချက်များကို တိတိကျကျ ဖော်ပြခြင်းမရှိခဲ့ပေ။

ထိုသို့ မူဝါဒပိုင်းဆိုင်ရာ တိတိကျကျ ကတိပေးဖော်ပြမှု မရှိသော်လည်း NLD သည် အမှန်တကယ်အားဖြင့် နိုဝင်ဘာရွေးကောက်ပွဲတွင် အစီအစဉ်စိတ်ကူးများ ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ အနာဂတ်အမြင်များ ပြိုင်ဆိုင်ခြင်းဖြစ်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသည် ပြီးခဲ့သည့် သက်တမ်းအတွင်း အစိုးရက ထိန်းချုပ်ထားသည့် ကုန်စည်နှင့် ၀န်ဆောင်မှုလုပ်ငန်းများကို ဖြေလျှော့ပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းတို့ကြောင့် ရရှိခဲ့သည့် နာမည်ဂုဏ် သတင်းကောင်းပေါ် အခြေခံ၍ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက လူဟောင်းများနှင့် နည်းလမ်းသစ်များ တွဲဖက် ပွဲထုတ်ခဲ့ပြီး NLD ကမူ အတိတ်ကို နောက်ချန်ထား ကာ ရှေ့ဆက်ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပွဲထုတ်ယှဉ်ပြိုင်ခဲ့သည်။

စာရေးဆရာ ဒီလမ်ပီဒူဆာ၏ သမိုင်းနောက်ခံဝတ္ထု 'ကျားသစ်' မှ စာသားတစ်ခုဖြစ်သည် “အရာအားလုံးပြောင်းလဲနေမှ အရာအားလုံး နဂိုအတိုင်း ရှိနေနိုင်မယ်” ဆိုသည့် စကားကို အမှတ်ရစရာဖြစ်သည်။

ယခုအခါ NLD အစိုးရသစ်သည် ယင်းတို့ဖယ်ရှားခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ တစ်ပိုင်းတစ်စ ဖြစ်နေသည့် ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။ စိတ်အားထက်သန်မှုမရှိခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအား ပိုမို တွန်းအားပေးရမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးရမည်ဖြစ်သည်။ NLD အစိုးရ၏ အဓိက တာဝန်မှာ တော်လှန်ရေးမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမှု အပြီးသတ်နိုင်ရေးဖြစ်သည်။

မြေယာပြဿနာ ဖြေရှင်းခြင်းအပါအ၀င် အရေးအပါဆုံး ပြဿနာများဖြေရှင်းရာတွင် ပိုမိုမှန်ကန်သည့် ပြုပြင်ပြောင်းလဲရေး လမ်းညွှန်နိုင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ၏ သဘောအမြင် ကောင်းမွန်မှုကြောင့် အခြားအစိုးရသစ်များထက် NLD အစိုးရသစ်အား ကူညီရန် နိုင်ငံခြားအစိုးရများက ပိုမိုဆန္ဒရှိမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မီးရောင်အောက် ထွက်လာချိန်တွင် ကားတံခါးဖွင့်ပေးလိုသူများ ပိုမို များပြားလာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးတည်ရာသို့ အချိန်မှန်တွင် ကောင်းမွန်စွာရောက်ရှိရန် ယာဉ်မောင်းက ဆောင်ကျဉ်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဦးထင်ကျော်အဖို့ မီဒီယာအချို့၏ အစောပိုင်းမှားယွင်းဖော်ပြမှုမှာ ဆိုးဝါးလွန်းလှသည့် တင်စားမှုမျိုးမဟုတ်ပေ။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်အချရဆုံး ပုဂ္ဂို လ်ဖြစ်သဖြင့် မြန်မာနိုင်ငံကို ၅ နှစ်အတွင်း လိုရာခရီးကို အန္တရယ်နည်းစွာ ညင်သာစွာ မောင်းနှင်ပို့ပေးနိုင်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပေါ်လစီများကို လိုရာရောက်အောင် မောင်းနှင်ပို့ဆောင်မည့် ယာဉ်မောင်းမှာ ဦးထင်ကျော် ဖြစ်သည်ကို ငြင်းဆို၍ ရနိုင်မည် မထင်ပေ။

The Ladies News
https://www.facebook.com/News.TheLadies

ဆီးရီးယား အစိုးရ စစ်တပ် နဲ့ မဟာမိတ် တွေ ဟာ အကြမ်းဖက် ဝါဒ အပေါ် ထိထိရောက်ရောက် တိုက်ခိုက် နှိမ်နှင်းနိုင်တာ ကို ပြသနေတယ် လို့ သမ္မတ အာဆတ် ပြော။
ဆီးရီးယား နိုင်ငံ ထဲက ရှေးဟောင်းမြို့ ပါလ်မိုင်းရားကို ဆီးရီးယား အစိုးရတပ်က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် နိုင်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက ကြိုဆို လိုက်ပါတယ်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရှေးလက်ရာ အကြွင်းအကျန် တွေ ရှိတဲ့ ပါလ်မိုင်းရား ဟာ ပြီးခဲ့တဲ့ နှစ် မေလတုန်းက IS တွေ လက် ကျရောက် သွားခဲ့တာ ဖြစ်ပါတယ်။

သမိုင်းဝင် နေရာတွေ ကို ပြန်လည် မွမ်းမံ ထိန်းသိမ်းဖို့ ဆီးရီးယား အစိုးရက ကတိပြုထားတယ် လို့ လည်း မစ္စတာ ဘဲန်က ဆိုပါတယ်။

အစောပိုင်းတုန်း ကလည်း ဆီးရီယား အစိုးရတပ်ကို သမ္မတ ဘရှား အယ်လ် အာဆတ် က ချီးကျူး ဂုဏ်ပြု စကား ပြောခဲ့ပါတယ်။

ပါလ်မိုင်းရား မြို့သိမ်း တိုက်ပွဲ အောင်မြင်မှုကို ကြည့်ရင် ဆီးရီးယား အစိုးရ စစ်တပ် နဲ့ မဟာမိတ် တွေ ဟာ အကြမ်းဖက် ဝါဒ အပေါ် ထိထိရောက်ရောက် တိုက်ခိုက် နှိမ်နှင်းနိုင်တာ ကို ပြသနေတယ် လို့ သမ္မတ အာဆတ်က ဆိုပါတယ်။

ပါလ်မိုင်းရား မြို့ကို သိမ်းယူနိုင်ဖို့ ထိုးစစ်တွေ သီတင်း ၃ ပတ်ကြာ ဆင်နွှဲ ခဲ့တာမှာ ရှရှား တို့ရဲ့ လေကြောင်းပစ်ကူ ပေးမှု ကလည်း အဓိက နေရာ ကနေ ပါဝင်ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းဘော်၊ မန်နောင်းရွာ အနီးတွင် KIA ပြည်သူ့စစ် (MHH)၊ KIA တပ်ရင်း ၃၇ တို့နှင့် အစိုးရတပ်တို့ကြား ယနေ့ မနက် ၉ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ ထိပ်တန်းအရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို အခုလို ပြောခဲ့ပါသည်။

“အဲဒီ မုန်းဘော် မန်နောင်ရွာ ဘက်မှာ ကျနော်တို့ တပ်ရင်း ၃၇ တွေက သွားနေတာ။ အဲမှာ ရှမ်းတပ် (RCSS) တွေက ကျနော်တို့ ဘယ်သွားသွား နောက်လိုက်ပြီး သေနတ် ပစ်ဖောက်လိုက်နဲ့။ အစိုးရတပ်နဲ့ ရှမ်းတပ် (RCSS) တွေကလည်း အတူတူသွားနေတယ်။ ကျနော်တို့ဘက် သုံးယောက်က ရေခပ်ဖို့သွားလိုက်တော့ ကြားမှာ အစိုးရတပ်ဝင်လာပြီး ကျနော်တို့ လူတွေကို လိုက်ပစ်တယ်။ အဲဒါနှင့် တိုက်ပွဲ ခဏကြာ ဖြစ်သွားခဲ့တယ်။ ကျနော်တို့ လူတွေတော့ ဘာမှမဖြစ်ဘူး ဒီညနေ ကောင်းကောင်းပြန်ရောက်လာကြပြီ။”

KIA က အစိုးရတပ်နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်တို့ အတူတူ စစ်ရေးပူးပေါင်းနေကြောင်း ပြောသော်လည်း (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က မိမိတို့ RCSS နှင့် အစိုးရတပ်တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ EAO ထိပ်သီးညီလာခံမှာ ကချင်သတင်းဌာန KNG ကို ပြောခဲ့ပါသည်။

ယခုချိန် “ဝ” ပြည်နယ် UWSA ပန်ဆိုင်းဌာနချုပ်မှာလည်း KIO အပါအဝင် NCA လက်မှတ်မထိုးသေးသော တရုတ်နယ်စပ်အခြစိုက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ယမန်နေ့ မတ် ၂၆ မှ အစည်းဝေးပြုလုပ်နေပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

အစိုးရသစ်နဲ့ ပူးပေါင်း ဆောင် ရွက်သွားမယ်လို့ ပြောကြား
မတ်လ ၂၇ ရက်နေ့ မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် တပ်မတော် နေ့ ကို နေပြည်တော်မှာ ကျင်းပခဲ့သလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဖက်ဆစ် တော်လှန်ရေး နေ့ အဖြစ် ရန်ကုန် ရုံးချုပ် မှာ ကျင်းပ ခဲ့ပါတယ် ။

နေပြည်တော် က တပ်မတော်နေ့ အခမ်းအနား ကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး တက်ရောက် တာ မတွေ့ရပါဘူး ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ကတည်းက နှစ်စဉ် တပ်မတော်နေ့ အခမ်းအနား ကို တက်ရောက် ခဲ့ပါတယ် ။

တပ်မတော်ဘက် ကလည်း နှစ်စဉ် ဒေါ်အောင်ဆန်း စုကြည်ကို ရေးရာကော်မတီ ဥက္ကဋ္ဌ တဦး အနေနဲ့ ဖိတ်ကြား ခဲ့ပါတယ် ။

ဒီနှစ် မှာတော့ လေးလေးစားစား မဖိတ်ကြားတဲ့ အတွက် တက်ရောက်မှု မရှိတာ ဖြစ်တယ်လို့ NLD ပါတီရေးရာ ကော်မတီ ဥက္ကဋ္ဌ တဦးက ပြောပါတယ် ။

ဒါပေမဲ့ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် က ရေးရာကော်မတီ ဥက္ကဋ္ဌ အချို့ တက်ရောက် ကြပါတယ် ။
ကာချုပ် မိန့်ခွန်း

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ မိန့်ခွန်း ထဲမှာ ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်း ဖို့ အစိုးရသစ် နဲ့ ပူးပေါင်း ဆောင် ရွက်သွားမယ် လို့ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပူးပေါင်းမယ် လို့ ပြောပေမယ့် ပြီးခဲ့တဲ့ လပိုင်းက စလို့ NLD နဲ့ တပ်မတော် ခေါင်းဆောင် တွေကြား ဆက်ဆံရေး ဟာ ကောင်းမွန်မှု ရှိတာကို မတွေ့ရပါဘူး ။

ဒါကြောင့် လက်တွေ့ တကယ် ပူးပေါင်း ဆောင်ရွက်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

တပ်မတော်နေ့ ကို နှစ်စဉ် ကျင်းပနေကျ နေပြည်တော် က စစ်ရေးပြကွင်းမှာ ကျင်း ပခဲ့ပြီး စစ်လက်နက် အင်အားတွေ ထုတ်ပြခဲ့ပါတယ် ။

ဒီနှစ် မှာတော့ လေကြောင်းရန် ကာကွယ်ရေး စစ်လက်နက် ပစ္စည်း အသစ်တွေကို ထုတ်ပြ လာတာ တွေ့ခဲ့ရပါတယ် ။

BBC Burmese
http://www.bbc.com/burmese

ပုသိမ်၊ မတ် ၂၇ ။ ။ ဧရာဝတီတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​အဖြစ်​​ ရွေးချယ်​ခန့်​အပ်​ခံရသူ ဦးမန်း​ဂျော်​နီက ဥပ​ဒေစိုးမိုး​ရေးနှင့်​လာဘ်​​ပေးလာဘ်​ယူပ​ပျောက်​​ရေးအား ကိုင်​တွယ်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း မတ်​လ၂၇ရက်​​နေ့တွင်​ မီဒီယာများအား​ပြောသည်​။

"ပါတီက​ရွေးတာ ငါတို့ရယ်​ ၂၈နှစ်​​ကျော်​ရင်းခဲ့တဲ့ အရင်းအနှီး​ကြောင့်​​ရွေးတယ်​လို့ယူဆတယ်။ ဘာလို့လည်းဆို​တော့ ကိုယ်​စားလှယ်​ သုံးကြိမ်​ဖြစ်​ခဲ့တယ်​။ ပါတီအ​ပေါ်မှာနားလည်​မှု၊ ပါတီအ​ပေါ်သစ္စာရှိမှု၊ ပါတီ တ​လျှောက်​ဖြတ်​သန်းလာတဲ့အ​ပေါ်မှာ လူသား​တွေအ​ပေါ်မှာ သစ္စာရှိမှုကိုမူတည်​ပြီး​တော့​ရွေးတယ်​လိုထင်​တဲ့အတွက်​​ကျေနပ်​တယ်။"ဟု ဝန်​ကြီးချုပ်​အဖြစ်​​ရွေးချယ်​ခံရသူ ဦးမန်း​ဂျော်​နီက ​ပြောသည်​။

ဦးမန်း​ဂျော်​နီသည်​ ၁၉၉၀ခုနှစ်​တွင်​ ကျုံ​ပျော်​မြို့နယ်​ကိုယ်​စားလှယ်​၊ ၂၀၁၂ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ​မြောင်းမြမြို့နယ်​ပြည်​သူလွှတ်​​တော်​ကိုယ်​စားလှယ်​၊ ၂၀၁၅​ရွေး​ကောက်​ပွဲတွင်​ ကျုံ​ပျော်​မြို့နယ်​အမှတ်​၁တိုင်း​ဒေသကြီးကိုယ်​စားလှယ်​​အဖြစ် ရွေးချယ်​ခံရပြီး၊ တိုင်းဝန်​ကြီးချုပ်​​ရွေးချယ်​ခံရခြင်းဖြစ်​သည်​။

"၅နှစ်​အတွက်​ သွားရာမှာက စာရိတ္ထကိုအ​ခြေခံပြီးသွားမယ်​၊ဥပ​ဒေဟာ​ရေးထား​တော့ စာရွက်​​ပေါ်မှာရှိတယ်။ ဖြစ်​သွားတဲ့အစိတ်​အပိုင်း​တွေမှာ ဥပ​ဒေကိုစာရွက်​​ပေါ်မှာထားပြီး​တော့ တကယ်​မလိုက်​​လျောလို့ အားလုံးဖြစ်​သွားတဲ့ ဥပ​ဒေအတိုင်း ပြန်​စစ်​ပြီး အရင်​ဆုံးလုပ်​​ဆောင်​မယ်​"ဟု ဝန်ကြီးချုပ်အသစ် ဦးမန်း​ဂျာ်နီကေ​​​ပြာသည်​။

"ကိုယ်​အုပ်​ချုပ်​တဲ့​နေရာမှာ ​ကျောသားရင်​သားမခွဲခြားပဲ ပွင့်​ပွင့်​လင်းလင်းနဲ့အားလုံးကိုနားလည်​​မှု​ပေးပြီးအုပ်​ချုပ်​မယ်​"ဟုလည်း ၎င်းက ဆိုသည်​။

နိုင်​ငံ​တော်​ သမ္မတ ဦးထင်​​ကျော်​မှ ဧရာဝတီတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​အဖြစ်​ ကျုံ​ပျော်​မြို့နယ်အမှတ်​​၂တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ဦးမန်း​ဂျော်​နီအား​ရွေးချယ်​​ကြောင်းသိရှိရပြီး မတ်​လ၂၈ရက်​​နေ့တွင်​ တိုင်း​ဒေသကြီးလွှတ်​​တော်​တွင်​ အတည်​ပြုမည်​ဖြစ်​သည်​။

၂၀၁၀မှ၂၀၁၅အထိ ဧရာဝတီတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​အဖြစ်​ တာဝန်ယူခဲ့သည့် အင်္ဂပူမြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးသိန်း​အောင်​က ဝန်​ကြီးချုပ်​တာဝန်အား မတ်​လ၃၀ရက်​​နေ့တွင်​ လွဲ​ပြောင်းမည်​ဖြစ်​သည်​။

စည်သူမောင်မောင်
Mizzima - News in Burmese

ဝါရှင်တန်၊ မတ်၊ ၂၇ ။ ။ ကာကွယ်ရေးလုပ်ငန်းများ ကန်ထရိုက်ရယူလုပ်ကိုင်သည့် မလေးရှားစီးပွားရေးသမားတစ်ဦးထံ စစ်ရေးလျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် အမေရိကန်ရေတပ်အရာရှိတစ်ဦး ထောင်ဒဏ် ၄ နှစ်နီးပါးချမှတ်ခံလိုက်ရသည်။

ဒန်နီယယ်လ်ဒူးဆက်ခ်ဟုအမည်ရသော ယင်းအရာရှိသည် စစ်ရေးလျှို့ဝှက်ချက်များကို အဆင့်မြင့်ဟိုတယ်ခန်းများတွင် တည်းခိုခွင့်၊ အပျော်မယ်များဖြင့် ပျော်ပါးခွင့်တို့ဖြင့် အပေးအယူလုပ်လဲလှယ်ခဲ့သဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကပ္ပတိန်ဟောင်းတစ်ဦးဖြစ်သော ဒူးဆက်ခ်သည် ထောင်ဒဏ် ၄၆ လအပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၇၀၀၀၀ နှင့် အမေရိကန်ရေတပ်သို့ လျော်ကြေး အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးရန်လည်းပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အမေရိကန်စစ်တပ်သမိုင်းတစ်လျှောက်လာဘ်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အရာရှိများအနက် ဒူးဆက်ခ်သည် ရာထူးအမြင့်ဆုံးသူလည်း ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒူးဆက်ခ်ပါဝင်နေသည့် ယင်းလာဘ်ပေးလာဘ်ယူမှုတွင် အခြားရေတပ်အရာရှိများလည်း ပါဝင်နေသေးပြီး အမေရိကန်ဒေါ်လာသန်းဆယ်နှင့်ချီသောလာဘ်ပေးမှုလည်း ဖြစ်သည်။

အမေရိကန်ရေတပ်အရာများကို လာဘ်ထိုးခဲ့သည့် စီးပွားရေးသမားမှာ လီယိုနက်ဒ်ဖရန်စစ် ဆိုသူဖြစ်ပြီး စင်္ကာပူအခြေစိုက် ဆိပ်ကမ်းငှားရမ်းသည့်ကုမ္ပဏီတစ်ခုဖြစ်သော Glenn Defence Marine Asia (GDMA) ၏ပိုင်ရှင်ဖြစ်သည်။

လီယိုနက်ဖရန်စစ်သည် ၎င်းကုမ္ပဏီပိုင် ဆိပ်ကမ်းတွင် အမေရိကန်ရေတပ်စစ်သင်္ဘောများဆိုက်ကပ်စေရန်အတွက် ဒူးဆက်ခ်နှင့် အခြားရေတပ်အရာရှိများကို ဟိုတယ်ခန်း၊ အရက် တို့အပြင်အခြားလက်ဆောင်များပေးကာ လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

လီယိုနက်ဖရန်စစ်၏ GDMA ကုမ္ပဏီသည် ယခုလာဘ်ပေးမှုအပြင် အမေရိကန်ရေတပ်ထံမှ ၂၅ နှစ်တာ ကန်ထရိုက်ရယူ လုပ်ကိုင်ခဲ့စဉ်အတွင်းတွင် အခြားသော မသမာမှုများစွာကိုလည်း ကျူးလွန်ခဲ့သေးကြောင်း စစ်ဆေးတွေ့ရှိထား ရသေးသည်။

၎င်း၏ပြစ်မှုများနှင့်ပတ်သတ်ပြီး အမေရိကန်တရားရုံးတင် ၎င်းကိုရုံးတင်စစ်ဆေးလျှက်ရှိကာ ၎င်းအနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်နှင့် များပြားလှသောငွေဒဏ်များ ကျခံရဖွယ်လည်းရှိနေသည်။

လူဝကြီးလီယိုနက်ဟု နာမည်ပြောင်တွင်သော ယင်း မလေးရှားဘီလျံနာသူဌေးကို စစ်ဆေးရာမှာတဆင့် ယခုကဲ့သို့ ဒူးဆက်ခ်ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားသောရေတပ်အရာရှိများကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျှက်ရှိသည်။

Mizzima - News in Burmese

 dr-ayemaung-620.jpg
 ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်းကို နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်နယ်လွှတ်တော်ဆီ မပေးပို့ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသား ပါတီ ANP တို့အကြား တွေ့ဆုံပွဲကို ပြုလုပ်လိုတယ်လို့ ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။

နှစ်ပါတီတွေ့ဆုံမှုကို ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းပြီးမှ ဆောင်ရွက်မယ် ဆိုရင် ရခိုင်အမျိုးသားပါတီရဲ့ တောင်းဆိုချက်နဲ့ ထပ်တူကျမှာမဟုတ်ဘူး လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

"ပြည်ထောင်စုအစိုးရအဖွဲ့အစည်းရဲ့နောက်တိုင်းဒေသကြီးပြည်နယ်အစိုးရမဖွဲ့မီ အဲ့ကာလလေးမှာတွေ့ဖို့ ကျနောတို့ဖက်ကမေတ္တာရပ်ခံတယ်၊ သို့မဟုတ်ရင် ထွက်လာတဲ့အခြေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရဲ့အကြောင်းအရင်းဟာ ရခိုင်ပြည်သူလူထုရဲ့တောင်းဆိုချက်၊ ရခိုင်အမျိုးသားပါတီရဲ့တောင်းဆိုချက်နဲ့ ထပ်တူကြမှာပါ"

ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းတဲ့အခါ ရခိုင်အမျိုးသားပါတီကို ဦးဆောင်ဖွဲ့ခွင့်ပေးဖို့နဲ့ ဦးဆောင်ဖွဲ့ခွင့်မရဘူးဆိုရင် အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံ အဖြစ်ရပ်တည်သွားမယ်လို့ ရခိုင်အမျိုးသားပါတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီကြေညာချက်ကို ဖောက်ဖျက်ပြီး ရခိုင်အမျိုးသားရဲ့ပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာတွေ လက်ခံယူမယ်ဆိုရင် လဲ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူခံရနိုင်တယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးဟာ အခုလ ၂၂ ရက်နေ့ က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာတွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ လာမယ့် သတင်းပတ်အတွင်း နှစ်ဖက်ပါတီခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲကို ရခိုင်အမျိုးသားပါတီဘက်က ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးသာထွန်းလှတို့ တက်ရောက်မှာဖြစ်ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်က တက်ရောက်မယ့် သူ စာရင်းကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒေါက်တာအေးမောင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

 anp-supporters-620.jpg ရခိုင်အမျိုးသားပါတီ ANP ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့ခွင့်ရရှိရေးအတွက် မတ်လ ၂၃ ရက်နေ့က စစ်တွေမြို့ ဒေသခံ ၅ဝဝ ကျော် တောင်းဆိုဆန္ဒပြကြစဉ်
Photo: Min Thein Aung/ RFA

ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရရှိရေးအတွက် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဦးဥတ္တမပန်းခြံမှာ ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ၂၃ နေရာနဲ့ အများဆုံးအနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီကသာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ရသင့်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်ခဲ့တဲ့ မြို့ဦးခေါင်းဆရာတော် အရှင် ဝဏ္ဏသာရ က မိန့်ပါတယ်။

"ရခိုင်ပြည်နယ်အတွင်းမှာ ၂၃ ယောက်လောက်လွှတ်တော်ကိုယ်စားလှယ် တွေအနိုင်ရထားတဲ့အတွက် ဒီရခိုင်ပြည်နယ်ရဲ့အစိုးရဝန်ကြီးနေရာတွေ ကို ပေးစေချင်တဲ့ဆန္ဒနဲ့ ပြည်သူလူထုက တောင်းဆိုတာလေ၊ NLD ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့နိုင်တာမှန်တယ်၊ နောက်ပြီးတော့ရခိုင်ပြည်သူလူထု ကို ပြည်နယ်အစိုးရကပဲ စီမံခန့်ခွဲရမှာဖြစ်တဲ့အတွက် ရခိုင်ပါတီကပဲ ဝန်ကြီးချုပ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဆန္ဒထုတ်ဖော်ပွဲကိုလုပ်တာပါ"

ဆန္ဒပြပွဲမှာ လူပုဂ္ဂိုလ်တွေနဲ့ သံဃာတော်တွေက ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီကသာ ရသင့်တဲ့အကြောင်း စည်းရုံးဟောပြောခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေ အခွင့်အရေးတန်းတူရရှိမယ့် ဖက်ဒရယ်မူကို ကျင့် သုံးမယ်လို့ ကြွေးကြော်ထားပေမယ့် အခုတိုင်းနဲ့ပြည်နယ် အသီးသီးရဲ့ ဝန်ကြီးချုပ်နေရာတွေကို NLD ပါတီကသာ ရယူဖို့ ကြိုးပမ်းနေတာဟာ အပြောနဲ့အလုပ် ညီညွတ်မှုမရှိတဲ့အကြောင်း ဒီဟောပြောပွဲမှာ ထည့်သွင်း မိန့်ကြားခဲ့တယ်လို့ မြို့ဦးခေါင်းဆရာတော် အရှင် ဝဏ္ဏသာရက မိန့်ပါတယ်။

NLD အစိုးရအနေနဲ့ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားဖို့နဲ့ တစ်ပါတီအာဏာရှင်စနစ်ကို ရှောင်ရှားဖို့ စတဲ့အချက်တွေကိုလည်း ဆန္ဒပြသူတွေ က တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ဦးဒေသခံတွေအနေနဲ့ ရခိုင်အမျိုးသားပါတီက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ ကြေငြာချက်နှစ်စောင်ကို ထောက်ခံကြောင်းကိုလည်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။
RFA

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် NLD က ကမ်းလှမ်းခဲ့သည့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာကို ငြင်းပယ်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့တွင်လည်း မည်သည့်ရာထူးမျှ ရယူဖွယ်မရှိဟု SNLD တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ SNLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က “ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေမှာ NLD က ကမ်းလှမ်းတဲ့နေရာအားလုံးကို ကျွန်တော်တို့ ငြင်းပယ်ဖို့ သေချာသလောက် ရှိပါတယ်” ဟု ယမန်နေ့က ပြောကြားခဲ့သည်။

SNLD မှ ပြောခွင့်ရ ပုဂ္ဂိုလ်က တိုင်းရင်းသားရေးရာ ၀န်ကြီးရာထူးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိဟု ပြောကြားခဲ့သည်။ SNLD အနေဖြင့် ၂၀၀၈ အခြေခံဥပဒေနှင့် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြဋ္ဌာန်းခဲ့သည့် ၂၀၁၅ တိုင်းရင်းသား လူမျိုးများ ကာကွယ်ရေးဥပဒေတို့ကို လက်မခံဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့အတွက် ကြိုးပမ်းဖို့ရှိတဲ့အတွက် အုပ်ချုပ်ရေးအပိုင်းမှာပါဝင်ဖို့ NLD ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ SNLD ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။

"အဓိကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကမှ တဆင့် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားရမှာပေါ့နော်၊ အဲ့လိုလုပ်ဖို့ဆိုလို့ရှိရင် ကျနော်တို့မှာ အချိန်တွေအများကြီးလိုအပ်ပါတယ်၊ ဒါကြောင့်မို့လို့ အစိုးရအဖွဲ့မှာ ဝင်ရောက်ပြီးတော့မှ အချိန်ပေးလိုက်မယ် ဆိုလို့ရှိရင် တစ်ဘက်မှာ အားနည်းသွားမှာ စိုးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ငြင်းပယ်ရခြင်းဖြစ်တယ်"ဟု ၄င်းက ဆိုသည်။

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှာ ပါဝင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်းခဲ့ကြောင်းသိရသည်။

SNLD သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့နှင့် ကာလကြာ ရှည် နီးစပ်မှုရှိခဲ့သည့် ပါတီဖြစ်သည်။ NLD က SNLD မှာ မဟာမိတ်အဖြစ် ဆက်လက် တည်ရှိနေပြီး အစိုးရသစ်အား ထောက်ခံမည်ဟု ဆိုသည်။

ဦးစိုင်းလိတ်က “ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပါ။ ဒါကြောင့် ပထမဆုံးအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရပါမယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ပြီး ဘုံ သဘောတူညီချက် နဲ့ အခြေခံဥပဒေကို ပြင်ရပါမယ်” ဟု ပြောကြားသည်။

"အဲဒါမှသာလျှင် တိုင်းရင်းသားအားလုံးမျှော်မှန်းတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို သွားနိုင်မှာပါ၊ အဲတော့ တိုင်းပြည်ပြုပြင်ရေးကို သွားနေတဲ့အချိန်မှာ အားလုံးလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုလည်း ကြိုးပမ်းရမှာဖြစ်တယ်၊ ဒါကြောင့်မို့လို့ အစိုးရကလည်း အစိုးရလုပ်ငန်းတွေ ဆောင်ရွက်နေသလို တိုင်းရင်းသားပြည်သူတွေကလည်း လွှတ်တော်ပြင်ပကနေကြိုးပမ်းနေရမှာပါ။ ဘယ်ဟာမှ ထူးပြီး ပိုကောင်းတယ်၊ ပိုထိရောက်တယ်ဆိုတာ မရှိပါဘူး၊ ၂ ခုစလုံးက အရေးကြီးပါတယ်၊" ၄င်းက ဆက်လက်ရှင်းပြခဲ့သည်။

The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.