04/01/16

အိန္ဒိယ ဆောက်လုပ်ဆဲ တံတားပြိုကျ (မတ် ၃၁၊ ၂၀၁၆)
အိန္ဒိယ ဆောက်လုပ်ဆဲ တံတားပြိုကျ (မတ် ၃၁၊ ၂၀၁၆)

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ဆောက်လုပ်ဆဲတံတားတစင်း ပြိုကျတာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။ Kolkata မြို့က အဲဒီတံတားပြိုကျတဲ့ဖြစ်ရပ်မှာ ကွန်ကရစ်တုံးတွေအောက် ပိတ်မိနေမယ်လို့ ယူဆရသူတွေကို ကယ်တင်ဖို့ ရှာဖွေ ရေးလုပ်နေပါတယ်။ တခြားလူ ဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရပါတယ်။

“အသံအကျယ်ကြီး ထွက်လာတာကြောင့် ကျနော်တို့ ထိတ်လန့်သွားကြပါတယ်။ ဒီတံတားအပိုင်းမှာ ညကမှာ ကွန်ကရစ် လောင်းထားတာပါ။ ကျနော်က အောက်ကိုဆင်းပြီး ဖျော်ရည်သွားယူမယ်လို့ စဉ်းစားနေတုန်းမှာပဲ တံတားပြိုကျတာကို တွေ့လိုက် ရတာကြောင့် ကံကောင်းသွားပါတယ်။ လူအတော်များများ သေကုန်ကြပါတယ်။” လို့ အဲဒီမှာရှိနေတဲ့ ဒေသခံတဦးကပြောပါ တယ်။

တံတားပြိုကျချိန်မှာ လူစီးများတဲ့ ဆိုက်ကားတွေအပါအ၀င် လူတွေနဲ့ကားတွေ အတော်များများ တံတားအောက်မှာ ရှိနေတယ်လို့ မျက်မြင်တဦးကပြောပါတယ်။

VOA
http://burmese.voanews.com/content/bridge-collapse-in-india/3262858.html

အဘခေတ် ကုန်ပြီ
[soundcloud src="256495913"/]
ယခင်အစိုးရအဆက်ဆက် ရာထူးကြီးကြီးပုဂ္ဂိုလ်တွေကို "အဘ" လို့ခေါ်ဆိုတဲ့ အခေါ်အဝေါ်ကို ယခုကအချိန်ကစပြီး မသုံးစွဲဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြောက်ခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် မတ်လ ၃၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအပြီးမှာ သတိပေးပြောကြားခဲ့ပါတယ်။
အစည်းအဝေးပြီးလို့ ကိုယ်စားလှယ်တွေ ခန်းမပြင်ဘက်ကို ထွက်တဲ့အချိန်မှာတစ်စုံတစ်ဦးက ဒေါက်တာဇော်မြင့်မောင်ကို "အဘ"လို့ လှမ်းခေါ်လိုက်တဲ့အပေါ်မှာ သူကအခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်က သူရုံးသွားရုံးပြန် လုပ်တဲ့အချိန်တွေမှာ ၀န်ထမ်းတွေမတ်တပ်ထရပ်ပြီး ခရီးဦးကြိုတာ၊ နှုတ်ဆက်တာမလုပ်ကြဖို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

Photos & News by စောထွေး (ပေါ်ပျူလာ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA တို့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မနေ့မနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"မနေ့ကတော့ တိုက်ပွဲ ၂ နေရာ ပြန်ဖြစ်တယ်လေ၊ မနက် ၄ နာရီလောက်ကတော့ မန်တုံမြို့နယ် ခိုတပ်ကျေးရွာထဲမှာဖြစ်တယ်၊ အဲ့ဒီမှာက နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်၊ ကျနော်တို့ အသေးစိပ်တော့ မသိရသေးဘူး၊ ရွာသား ၂ ယောက်ထိခိုက် ဒဏ်ရာရတာရှိတယ်၊ ၆ နာရီ ၅ဝ လောက်ကတော့ ကျောက်မဲ မြို့နယ် နမ့်ပါကျေးရွာအနီးမှာ တစ်ကြိမ်ပြန်ဖြစ်တယ်၊ အဲ့ဒီမှာတော့ ထိခိုက်ကျဆုံးမှုမရှိဘူး၊ အစိုးရ တပ်ကတော့ ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရတယ်"

TNLA တပ်တွေဟာ မနေ့က မန်တုံမြို့နယ် ဟိုတပ်ကျေးရွာမှာ ရှိနေစဉ် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒေသခံရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

TNLA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.rfa.org/burmese

ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ်ချမှတ်လိုက်တဲ့ ၁၁ ဦးကို တွေ့ရစဉ်။ Photo: Kyaw Hlamyint (facebook)
ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်လိုက်ပါတယ်။

ဒီနေ့အမိန့်ချမှတ်ခံရသူတွေဟာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ အမိန့်ချမှတ်ခံရသူတွေကို ကူညီပေးနေတဲ့ ကျောက်တော်မြို့ခံ ဦးမောင်အေးစောက ပြောပါတယ်။

"AA ကတပ်ဖွဲ့ဝင်တွေလို့ သံသယနဲ့ဖမ်းဆီးထားတဲ့ လူတွေထဲက ကျနော်တို့ ဒီနေ့ ၁၁ ယောက်ကို ထောင် အသီးသီးချလိုက်လိုက်တာ တွေ့ရပါတယ်၊ ၅ နှစ်ချတဲ့လူက ၆ ယောက်ပါ၊ ၃ နှစ်က ၆ ယောက်ဆိုတော့ ၁၁ ယောက်ပါ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ အဲ့ဒီကလူတွေပါပါတယ်"

ဒီနေ့ အမိန့်ချမှတ်ခံရသူတွေထဲမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးပါဝင်သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၇ ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA အဖွဲ့နဲ့ဆက်နွယ်ကြောင်း သံသယနဲ့ ဒေသခံအတော်များများ အဖမ်းခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်ပိုင်းက ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂ဝဝ ကျော်ဟာ နီးစပ်ရာကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး ဒီနေ့အထိ မူလနေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ကျောက်တော်မြို့နယ်တရားရုံးမှာ တရားစွဲခံထားရသူ နောက်ထပ် ၁၃ ဦးလည်း မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ထက်မြက်(မြစ်မခ)

မန္တလေးတိုင်းတွင် ယခင်အစိုးရလက်ထက် စာချုပ်ချုပ်ဆိုထားသော စီမံကိန်းများအား ပညာရှင်အဖွဲ့ဖြင့် စိစစ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဇော်မြင့်မောင်က ပြောဆိုလိုက်သည်။ မတ်လ (၃၁)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေအတွက်အကျိုးမရှိဘူးဆိုပြင်နိုင်ရမယ်။ ဒါပေမယ့် သုတေသနရှိရမယ်။ ပညာရှင်တွေနဲ့ စိစစ်ပြီးတော့ တကယ်အကျိုးမရှိဘူးဆိုရင် ကျွန်တော်တို့ ခိုင်ခိုင်မာမာပြောနိုင်မယ်။ အဲဒီအတွက်ကျွန်တော်တို့ စဉ်းစားနေတဲ့ နည်းလမ်းတစ်ခုရှိတယ်၊ ဒါကတော့ ပညာရှင်တွေကိုရှာရမယ်။”ဟု မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးဇော်မြင့်မောင်က ပြောသည်။မတ်လ(၃၁)ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး(အဌမ)နေ့တွင် အမရပူရ မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ ၅၅၊ နည်းဥပဒေ ၆၀ အရ လွှတ်တော်ဥက္ကဌ ရှေ့မှောက်တွင် ၀န်ကြီးချုပ်အဖြစ် ကတိသစ္စာကျိန်ဆိုခြင်းပြုလုပ်ခဲ့သည်။

တက်ရောက်သည့်ကိုယ်စားလှယ်များအဖြစ် လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ ဒုတိယ ဥက္ကဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၄ ဦး၊ ရှမ်းတိုင်းရင်းသား
ကိုယ်စားလှယ် ၁ ဦး၊ တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကာ ၁ ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။

http://myitmakhamediagroup.com/news/political-news/7336/

[youtube src="eaBKOZkKKNs"/]
ဒီကနေ့ အမျိုးသားလွှတ်တော်မှာ "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ" ကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး မနက်ဖြန်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြမှာပါ။

ဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တာဝန်ပေးအပ်ဖို့ ပါရှိပါတယ်။
RFA Burmese TV Channel

ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်)
ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်)

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့လုပ်ငန်းတွေ စတင် လည်ပတ်နေသလို မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီးမှာတော့ ဒေသအစိုးရ ဝန်ကြီးချုပ်တွေ စတင် တာဝန်ယူ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပြည်နယ်အချို့မှာတော့ အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ အခုချိန်အထိ ပြင်ဆင်နေရဆဲ ရှိပါတယ်။ ရှမ်းပြည်နယ် မှာတော့ ဒေသ အစိုးရ ဖွဲ့စည်းရေးအတွက် ဆိုရင်တော့ ပြင်ဆင်ဆောင်ရွက်နေရ ဆဲ ရှိတယ်လို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဗွီအိုအေကို ပြောပါတယ်။ ကိုရန်နိုင်က ဒေါက်တာ လင်းထွဋ်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရန်နိုင်။ ။ ဒေါက်တာလင်းထွဋ် တချို့ပြည်နယ်နဲ့တိုင်း လုပ်ငန်းစဉ်တွေတော့ စနေပြီ။ အစိုးရအဖွဲ့တွေလေ အဲ့ဒီ့တော့ ရှမ်းပြည်နယ်ရဲ့ အစိုးရဖွဲ့စည်းမှု အခြေအနေလေးကို သိချင်ပါတယ်ခင်ဗျ။

ဒေါက်တာလင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် အတိုချုပ်လေးပဲ ပြောပြမယ်နော်။ ဒီညက ကျနော်တို့ brainstorming session လေးရှိလို့ပါ။ မနက်ဖြန် ကျနော်တို့ လေးယောက်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ ပြည်နယ် ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်နဲ့ နယ်လုံဝန်ကြီး လေးပါးပေါ့ ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ ပြည်နယ်အစိုးရဖွဲ့ဖို့ တရက်၊ နှစ်ရက်လောက် အချိန် လိုပါသေးတယ်။ အဲ့ဒီ့ Setup တွေ ပြီးတော့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတွေ ကျမ်းသစ္စာကျိမ်ဆိုပါမယ်။ ပြီးတော့မှ ကျနော်တို့ အစိုးရအဖွဲ့ ရက်တစ်ရာကိစ္စ ဆက်ပြီးတော့ လုပ်စရာရှိတဲ့ အရေးကြီးကိစ္စ တွေ ဦးစားပေးအစီအစဉ်အတိုင်း လုပ်သွားပါ့မယ်ခင်ဗျ။

ရန်နိုင်။ ။ ပြည်နယ်အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါဦးမလဲခင်ဗျ။

ဒေါက်တာလင်းထွဋ်။ ။ ကျနော်တို့ကတော့ အားလုံး မျှမျှတတနဲ့ တိုင်းရင်းသားတွေလည်း ပါရအောင်။ တခြား NLD မဟုတ်တဲ့ပါတီတွေလည်း ပါရအောင် စီစဉ်ထားပါတယ်။ အတိအကျပြောဖို့တော့ တရက်၊ နှစ်ရက်တော့ သီးခံပေးကြပါဦးခင်ဗျ။ ဒါတွေက ကျနော်တို့ အပြီးသတ်ကလေး ဖြစ်နေလို့ပါ။ တာဝန်ခွဲဝေတာလေးတွေ အပြီးမသတ်နိုင်သေးလို့ပါ။ သီးခံပေးစေချင်ပါတယ်။

ရန်နိုင်။ ။ ရက်တစ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးပါလား။ ဘာတွေကို အဓိကထား လုပ်ဆောင်ပေးမှာပါလဲ။

ဒေါက်တာလင်းထွဋ်။ ။ ရှိပါတယ်။ ရှမ်းပြည်နယ်မှာ အဓိက အရေးကြီးနေတဲ့ငြိမ်းချမ်းရေး အပြင် ငြိမ်းချမ်းရေးကတော့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးအပြင် အင်းလေးကန်ကြီး မတိမ်ကော မပပျောက်ရလေအောင် အင်မတန်မှကို သဘာဝအရင်းအမြစ် တန်ဖိုးကြီးတဲ့ အင်းလေးကန်ကြီး အဲ့တာကို အချိန်မှီ ထိန်းသိမ်းဖို့အတွက်လည်း အရေးကြီးပါတယ်။ နောက်တခုက ရှမ်းပြည်နယ် မြောက်ပိုင်းက လမ်းတွေမှာ ကားတွေ ပိတ်ဆို့တဲ့ပြဿနာပေါ့နော် အဲ့တာတွေက တော်တော်ကို တချို့ဆိုရင် ရက်နဲ့ချီပြီးတော့ မူဆယ်ကိုရောက်ဖို့ နှစ်ရက်၊ သုံးရက် ကြာသွားလောက်တဲ့အထိဖြစ်ပါတယ်နော်။ အဲ့တာတွေလည်း ကျနော်တို့ အရေးတကြီး အပူတပြင်းဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ကျနော် ဒီလောက်ပဲ ပြောပါရစေခင်ဗျာ။ သီးခံပေးစေချင်ပါတယ်။

ရန်နိုင်။ ။ ဆရာပြောတော့ ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း တော်တော်များတယ်ခင်ဗျ။ အဲ့တော့ NCA မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာတို့ပြည်နယ်အစိုးရအနေနဲ့ ဘယ်လို ဆက်ပြီးတော့ ချဉ်းကပ်ဆောင်ရွက် သွားမယ်လို့ စိတ်ကူးထားပါသလဲခင်ဗျ။ ပြောနိုင်သလောက် ပြောပေးပါ။

ဒေါက်တာလင်းထွဋ်။ ။ စကားပြောရမှာပေါ့။ စကားပြောရမှာပေါ့ခင်ဗျာ။ စကားပြောရမှာပေါ့။ စကားပြောရင်းနဲ့ ကျနော်တို့ စကားပြောတယ်ဆိုတာ စကားတွေနဲ့ပစ်ပေါက်ကြတာဟာ လက်နက်တွေ ကျည်ဆန်တွေနဲ့ ပစ်ပေါက်ကြတာထက် အများကြီး သက်တောင့်သက်သာရှိပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာဖို့ အတွက်လည်း အလားအလာကောင်းပါတယ်။ အဲ့တော့ အဲ့တာလေးတွေကို ကျနော်တို့ အခုအချိန်မှာ ပြောလို့မဖြစ်နိုင်သေးပါဘူး။ အဲ့ဒီ့အတွက် ခွင့်လွှတ်ပေးပါ ခနလေးနော် ကျနော် နောက်ကျရင် ပိုပြီးတော့ ပိုပြီးတော့ ဗွီအိုအေကို ပြောပြပါ့မယ်။ သီးခံပါနော်။

ရန်နိုင်။ ။ ဟုတ်ကဲ့ပါ။

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

VOA
http://burmese.voanews.com/content/shan-state-cheif-minister-dr-lynn-htut/3262949.html

စီးပွါးဖြစ် ဆောင်ရွက်နေတဲ့ မဏ္ဍပ်တွေ ရန်ကုန် မြို့  က ကန်တော်ကြီးပတ်လမ်းမှာ ဆောက်မဲ့ကိစ္စတွေ ကို ခွင့်မပြုတော့ဘူး လို ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက သူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာ မှာရေးသားထားပါတယ်။

ဒီနေ့  ရန်ကုန်တိုင်းဝန်ကြီးချုပ် နဲ့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဌာနမှူးတွေ တွ့ဆုံ ပီး သင်္ကြန်ကိစ္စနှင့် တခြား ကိစ္စ တွေ ဆွေးနွေးခဲကြ စဉ်မှာ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ စီးပွါးဖြစ်မပာုတ် တဲ့ ကုမ္ပဏီတွေ ကတော့ မိမိရုံးရှေ့ မှာဝန်ထမ်း တွေ နဲ့ ရေကစားနိုင်ဖို့  မဏ္ဍပ် ဆောက်ခွင့်ရမှာဖြစ်ပါတယ်။ မိမိတို့ခြံရှေ့မှာ မိသားစု ရေကစား မဏ္ဍပ် ဆောက်ခွင့်ရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်ကိုလည်းသီးခြားမလုပ်တော့ သလို မြို့တော်ဝန်မဏ္ဍပ် ဆိုပြီိးလည်း အမည်မတပ်ပဲ ရန်ကုန်မြို့တော်ဗပိာု မဏ္ဍပ် လို့  အမည်ပေး ပြီး မြို့တော်ခမ်းမရှေ့မှာ ပြုလုပ် မယ်ဆိုတဲ့အကြောင်းလည်းရေးသားထားပါတယ်။

DVB TV News

[youtube src="G-5cU1F9Khw"/]
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်နဲ့အတူ အရပ်သားစစ်စစ် သမ္မတကြီး ဦးထင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မတ်လ ၃၁ရက်နေ့က စတုဒီသာကျွေးမွေးခဲ့ပါတယ်။
Kamayut Media

[youtube src="ewx3IVlVdUk"/]
NLD ပါတီ အစိုးရဖြစ်လာပေမယ့် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅-ခ ... စတာတွေနဲ့ တရားစွဲခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား အကျဉ်း ထောင်တွေထဲမှာ ရှိနေပါသေးတယ်။ NLD အစိုးရတာဝန် လွှဲပြောင်းယူလိုက်ပြီး မကြာခင်မှာ သူတို့တတွေ လွတ်မြောက်လာနိုင်မလား ဆိုပြီး အတော်များများ က မျှော်လင့်နေကြပါတယ်။
RFA Burmese TV Channel

[youtube src="Arqo8F7e3Qs"/]

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရတာဝန် လွှဲပြောင်းယူလိုက်ပြီးနောက် မတ်လ ၃၁ရင်နေ့ ထုတ်ဝေတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ အရင်လို မဟုတ်တော့ဘဲ၊ တာဝန်လွှဲပြောင်းယူတဲ့ သတင်းတွေ ဆောင်းပါးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်တွေကိုပါ ဝေဝေဆာဆာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ အစိုးရထုတ် သတင်းစာတွေ အခုလို ပြောင်းလဲလာတာဟာ ပုဂ္ဂလိက သတင်းစာတွေရဲ့ ရပ်တည်မှုကို ထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ ရန်ကုန်မြို့က သတင်းစာရောင်းသူတွေနဲ့ စာဖတ်သူတွေက ပြောကြပါတယ်

RFA Burmese TV Channel

၂၀၁၆ ခုနှစ် မတ် ၃၀ ရက်နေ့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် သစ်က ရွေးချယ်တင်မြှောက်ပေးလိုက်သည့် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က တိုင်းပြည်တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သူများက ရွေးချယ်ပေးသော အစိုးရအဖွဲ့သစ်မှ တိုင်းပြည်ကို စီမံခန့်ခွဲတော့မည်ဖြစ်သည်။

သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရပြီး ဖွဲ့စည်းပုံနှင့်အညီ ဖြစ်ပေါ်လာသော အစိုးရအဖွဲ့ဖြစ်သည်။ ယင်းအတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ၀မ်းမြောက်ဝမ်းသာရှိကြသည်။ အာဏာလက်လွှတ်ဆုံးရှုံးသွားသည့် စစ်ဗိုလ်ချုပ်ဟောင်းအချို့အနေဖြင့် လက်သင့်မခံနိုင်စရာဖြစ်ပေမည်။ သို့သော် တပ်မတော်ဆိုသည်မှာလည်း ပြည်သူလူထုထဲမှ ပေါက်ဖွားလာသည့်အတွက် တပ်မတော်မိသားစု အသိုင်းအ၀န်းအကြား၌လည်း ၀မ်းမြောက်ဝမ်းသာဖြစ်ကြမည်ဟု ယူဆနိုင်သည်။ နိုင်ငံတကာမိသားစုကြီးကလည်း အစိုးရသစ်ကို နေ့စဉ်နှင့်အမျှ ကြိုဆိုနေမည်။

ဤအခြေအနေတွင် တပ်မတော်သည် အစိုးရသစ်ကို ကြိုဆိုလက်ခံရုံမျှမက အစိုးသစ်တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် စီမံခန့်ခွဲနိုင်အောင် အပြည့်အ၀အကူအညီပေးရမည်ဖြစ်သည်။ အကြောင်းမှာ တပ်မတော် ခေါင်းဆောင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိပြုထားရာ ဖွဲ့စည်းပုံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသွား သောကြောင့် ဖြစ်သည်။

နောက်ထပ်အရေးကြီးသည့်အချက်မှာ တိုင်းပြည်စစ်အာဏာရှင်စနစ်အောက် နောက်တကြိမ်ပြန်မရောက်ရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ ယင်းအတွက် တပ်မတော်သည် ယခင်က ထိပ်ဆုံးမှ အာဏာရှင်ကြီးတယောက်၏ စကားကို မြေ၀ယ်မကျနားထောင်သည့် တပ်မတော်အဖြစ်မှ ဖွဲ့စည်းပုံဥပဒေကို နာခံသည့် တပ်မတော်၊ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသည့် နိုင်ငံအထွတ်အထိပ်နိုင်ငံတော်သမ္မတကို လေးစားသည့် တပ်မတော်အဖြစ် ပြောင်းလဲရမည် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ တပ်မတော်သည် မူလတာဝန်ဖြစ်သည့် အချုပ်အခြာ ထိန်းသိမ်းစောင့်ရှောက်ရေးလို ပြဿနာမျိုးကို ပြန်လည်အာရုံစိုက်ဖို့ လိုပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် နိုင်ငံအချုပ်အခြာအာဏာပိုင်စိုးမှုမရှိသည့် အခြေအနေ၊ ဒီရေဒီမြေသည် မြန်မာ့ပိုင်နက်နယ်မြေပါဟု ပြော၍မဖြစ်နိုင်သော နယ်မြေများ အထင်အရှားပေါ်ပေါက်နေပါသည်။ မည်သို့ဖြစ်စေ ခေတ်သစ် စနစ်သစ် စတင်ချိန်တွင် တပ်မတော်သည် ယခုလို အချုပ်အခြာပိုင်စိုးရေးကိစ္စမျိုးကို အာရုံစိုက်သင့်သည်။

တပ်မတော်သည် သမ္မတဦးသိန်းစိန် အစိုးရကဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့သည် ငြိမ်းချမ်းရေး ကိစ္စများဆောင်ရွက်ပါတော့မည်။ ဤအတွက် တပ်မတော်ခေါင်းဆောင်များအနေဖြင့် သမ္မတဦးသိန်းစိန် အစိုးရတုန်းကလိုပင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အပြည့်အ၀ အားပေးထောက်ခံသင့်သည်။

ဒေါ်အောင်ဆန်းစုကြည်တွင် ပြည်သူလူထုက အပ်နှင်းသည့် လုပ်ပိုင်ခွင့်အာဏာ (Mandate) ရှိသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ အထူးအာဏာအချို့ရှိသည်။ အစိုးရ သစ်တည်တည်ငြိမ်ငြိမ်နှင့် အလုပ်လုပ်နိုင်ရေးသည် ၎င်းတို့နှစ်ဦး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်သည်။

တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါမှ တပ်မတော်ကိုလည်း ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်။ နိဂုံးချုပ်ပြောရလျှင် မြန်မာနိုင်ငံကြီးခေတ်သစ်တခုသို့ ချဉ်းနင်းဝင် ရောက်ချိန်တွင် တပ်မတော်သည် ဖွဲ့စည်းပုံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရသစ်ကို တိုင်းပြည် ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် အပြည့်အ၀ အားပေးထောက်ခံကူညီသင့်ကြောင်းပါ။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မန္တလေးတိုင်းအတွင်း၌ အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ သမ္မတကြီးအား ကြိုဆိုသောအားဖြင့် မြို့နယ်/ ရပ်ကွက်များတွင် စုဒီသာများကျွေးမွေးသည့်အပြင် အချို့သောယာဉ်လိုင်းများက ဧပြီ ၁ ရက်နေ့အတွက် အခမဲ့ ပြေးဆွဲနေကြကြောင်း သိရသည်။

“ကျွန်တော်တို့ သမ္မတသစ်ကိုကြိုဆိုတယ်။ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာလို့ ၀မ်းသာကြတာဆိုတော့ အချင်းချင်းငွေစုပြီး ကျွေးတာ။ လာစားတဲ့သူတွေကလည်း များတော့ ကုသိုလ်လည်း ရတယ်”ဟု စတုဒီသာကျွေးနေသည့် အမရပူရမြို့နယ်မှ ကိုငွေက ပြောသည်။

မန္တလေးမြို့အတွင်း လက်ဖက်ရည်ဆိုင်များကလည်း မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်နေ့တွင် ကျွေးမွေးကြမည်ဖြစ်၍ ယာဉ်လိုင်းများကလည်း ဧပြီ ၁ ရက်နေ့တွင် အခမဲ့ ပြေးဆွဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ပြေးဆွဲပေးသော ယာဉ်လိုင်းများမှာ မန္တလေး မှ ပုဂံ၊ သပိတ်ကျင်း၊ စကျင်၊ ကျောက်မဲ၊ မတ္တရာသို့ သယ်ယူပို့ဆောင်သည့် ယာဉ်လိုင်းအချို့နှင့် ပုဂံမှ ရန်ကုန်သို့ ပြေးဆွဲသည့် ယာဉ်လိုင်းအချို့ ဖြစ်သည်။ အချို့ယာဉ်လိုင်များမှာ ဧပြီ ၅ ရက်နေ့ထိ အခမဲ့ပေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ၊ စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်တွေ စတင်ထမ်းဆောင်တဲ့ နေ့မှာ ဝမ်းသာအားရ ဖြစ်ကြသူတွေ အများအပြားကို တွေ့ရပါတယ်။ အချို့က နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ရှိတဲ့နေရာအထိ အရောက်သွား အားပေးကြချိန်မှာ အများအပြားကတော့ ရုပ်မြင်သံကြားရှေ့ သွားထိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ဖို့ ပြင်ဆင်ထားခဲ့ကြတာပါ။

ရန်ကုန်မြို့က ဆိုက်ကားမောင်းသူ တချို့ကတော့ သူတို့ဆိုက်ကားမှာ ကြယ်နဲ့ခွပ်ဒေါင်းပုံပါ အနီရောင် NLD အလံတွေ တပ်ဆင်လိုက်ကြပြီး ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့သား ဦးထင်ကျော် သမ္မတအဖြစ် တာဝန်ယူလာခြင်းကို ဂုဏ်ပြုကြပါတယ်။ ဒီမိုကရေစီ အင်အားစုထဲက တစ်ယောက် သမ္မတ ဖြစ်လာတာကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဘယ်မြို့၊ ဘယ်နေရာ၊ ဘယ်အချိန်မှာ စတုဒီသာကျွေး အလှူလုပ်မယ် ဆိုတဲ့ ကြော်ငြာတချို့လည်း အင်တာနက် လူမှုကွန်ရက်ထဲ ရောက်လာတာ တွေ့ရမှာပါ။ Reuters သတင်းတစ်ပုဒ်ကတော့ စောင့်မျှော်နေကြတဲ့ အပြောင်းအလဲနေ့ကို ရောက်လာချိန်မှာ ဝမ်းသာလွန်းလို့ မျက်ရည်လည်တဲ့ သူတွေတောင် ရှိတဲ့အကြောင်း ရေးထားပါတယ်။

အစိုးရအဖွဲ့သစ်မှာ တာဝန်ယူမယ့်သူတွေထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခြင်းကြောင့်လည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံသူတွေက ပိုပြီး ဝမ်းသာအားရ ဖြစ်နေကြပုံ ရပါတယ်။ အစိုးရတာဝန် လွှဲပြောင်းယူမယ့်သူတွေ ကတိသစ္စာပြုရာ ပြည်ထောင်စု လွှတ်တော်ထဲမှာတော့ လက်ခုပ်သံတွေက ခါတိုင်း အစည်းအဝေးတွေထက် ပိုပြီး ညံနေသလိုပါပဲ။ လွှတ်တော် အစည်းအဝေးတက်နေတဲ့ NLD ပါတီကိုယ်စားပြု ဒေါ်နော်လှလှစိုးကတော့ ဒီဖြစ်ထွန်းမှုကို ဝမ်းသာအားရ စောင့်ဆိုင်းခဲ့ရတာ ကြာပြီလို့ ပြောပါတယ်။

"ကျွန်မတို့အားလုံး မတ်တတ်ရပ်ပြီးတော့ လက်ခုပ်တီးတဲ့ အချိန်မှာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်" လို့ အမျိုးသား လွှတ်တော်ရဲ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁ဝ ကနေ ရွေးကောက်ခံရသူ ကရင်တိုင်းရင်းသူ ဒေါ်နော်လှလှစိုးက Myanmar Now ကို ပြောပါတယ်။

အမျိုးသမီးတွေကို နေရာပေးမယ်လို့ မူဝါဒချထားတဲ့ NLD က ရွေးကောက်ပွဲဝင်ရာမှာ အမျိုးသမီးအများအပြားကို စင်တင်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့လိုက်ချိန်မှာတော့ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့် ကော်မရှင် အဖွဲ့အစည်းတို့မှာ အမျိုးသမီးအင်အားက မများပါဘူး။ ဒေါ်နော်လှလှစိုးကတော့ အချိန်ကာလ အနည်းငယ် စောင့်ဆိုင်းရဦးမယ်လို့ မြင်ပါတယ် တဲ့။

"ဒီတစ်ခေါက်က အရမ်း ထိခိုက်ရှလွယ်တဲ့ အချိန်ဖြစ်တယ်။ အဓိက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး၊ မျှတတဲ့ အခြေခံဥပဒေ ပြန်လည်ဖော်ထွန်းရေး ဖြစ်တယ်ဆိုတော့ အဲဒီထဲမှာလည်း အမျိုးသမီး အခွင့်အရေးတွေ ပါလာမယ်။ သိပ်မကြာပါဘူး။ ဖြစ်လာမှာပါ" လို့ အသက် ငါးဆယ်အရွယ် ကျောင်းဆရာမဟောင်း၊ အရပ်ဘက် အဖွဲ့အစည်း လှုပ်ရှားသူများထဲမှာ ထင်ရှားသူ ဒေါ်နော်လှလှစိုးက ဆိုပါတယ်။

သမ္မတသစ်ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း ထည့်သွင်း ပြောသွားတာကိုလည်း သူက ကျေနပ်နေပါတယ်။ ပြည်သူတွေအတွက်၊ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့အတွက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေး ဆိုတာ အခြေခံ ဥပဒေပေါ်မှာ အများကြီး မူတည်နေပါတယ်လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။

ပင်နီရောင်လွှမ်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အမတ်များထဲက တစ်ယောက်ကတော့ ဦးမျိုးဇော်အောင်ပါပဲ။ လူငယ် နိုင်ငံရေးသမား ဦးမျိုးဇော်အောင်ဟာ စစ်အစိုးရ အုပ်ချုပ်မှုအောက် ကာလများအတွင်း NLD ပါတီ အခက်အခဲ ကြုံတွေ့ခဲ့ရပုံများကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူပါ။

၂ဝဝ၃ ခုနှစ် စစ်ကိုင်းဒေသ၊ ဒီပဲယင်းမြို့ပြင်ဘက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံရစဉ်မှာ သူက ယာဉ်တန်းမှာ ပါဝင်သူတစ်ယောက် ဖြစ်ပါတယ်။ အဓိက ပစ်မှတ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့သော်လည်း ယာဉ်တန်းမှာ လိုက်ပါသူတွေထဲက လေးဦး အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရကြ၊ ဖမ်းဆီး ချုပ်နှောင်ခံကြရပါတယ်။ ညဘက်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက် ပိုများနိုင်ခြေရှိတယ်လို့ ယူဆသူ မနည်းလှပေမယ့် သေဆုံးသူတွေဟာ ဒေသခံတွေလား၊ အနယ်နယ် အရပ်ရပ်ကနေ ရောက်ရှိလာတဲ့ အကြမ်းဖက်သမားတွေလား ဆိုတာကတော့ ဒီကနေ့အထိ လူသိရှင်ကြား ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

အဲဒီအဖြစ်အပျက်ကို ကြုံတွေ့ခဲ့တဲ့ ဦးမျိုးဇော်အောင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မဲဆန္ဒနယ်မှာ နေထိုင်ကြသူတွေ ရွေးကောက် တင်မြှောက်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေပါပြီ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီပဲယင်းအကြမ်းဖက်မှုလိုမျိုး အတိတ်က ဖြစ်ရပ်တွေကို ပြည်ဖုံးကားချထားတဲ့ ပါတီက အစိုးရအဖွဲ့ ဖွဲ့နိုင်ပြီ ဆိုပေမယ့် ဒါဟာ ပါတီရဲ့ အောင်ပွဲမဟုတ်ပါဘူးလို့ ဦးမျိုးဇော်အောင်က ဆိုပါတယ်။

"ပြည်သူတွေရဲ့ အောင်ပွဲပါ။ NLD အစိုးရဟာလည်း ပြည်သူတွေရဲ့ အစိုးရပါပဲ။ ပြည်သူတစ်ဦးအနေနဲ့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ အာဏာဟာ ပြည်သူတွေဆီက တိုက်ရိုက်လာတဲ့စနစ်ကို ကျွန်တော်တို့ ပြည်သူတွေ မခံစားရတာ ကြာပါပြီ။ ကျွန်တော့် တစ်သက်မှာတော့ မကြုံဖူးသေးပါဘူး။ ဒါ့ကြောင့် စိတ်လှုပ်ရှားသလို အရမ်းလည်း မျှော်လင့်မိပါတယ်" လို့ ၃၅ နှစ်အရွယ် ဦးမျိုးဇော်အောင်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့တာဝန် ကျေပြွန်အောင် ထမ်းဆောင်သွားမယ် လို့ ဆိုပါတယ်။

၁၉၈၈ မှာ အရှိန်အဟုန် ကြီးမားလာတဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ဦးမျိုးဇော်အောင်၊ ဒေါ်နော်လှလှစိုး တို့ရဲ့ NLD နဲ့ တခြား အင်အားစုတွေရဲ့ ဆုံးရှုံးမှု၊ ပေးဆပ်ရမှုတွေကတော့ အများကြီးပါပဲ။ NLD အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုကြပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းကတော့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေထဲက အဆင့်တစ်ဆင့်လို့ ဆိုရပါမယ်။ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြုပြင်ရေး အစရှိတဲ့ ခက်ခဲတဲ့အရေးတွေကို ကျော်ဖြတ်နိုင်ဖို့ ဒီအဆင့်ဟာ အရေးကြီးတဲ့ အဆင့်ဖြစ်တာကြောင့် ဒီအချိန်ဟာ အောင်ပွဲခံရမယ့် အချိန်မဟုတ်ဘဲ အလုပ်ပိုကြိုးစားရမယ့် အချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ရေးသားသူ - Myanmar Now
The Ladies News Journal[full-post]

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ပညာရှင်များနှင့် ပါတီများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးညီပုက ပြောဆိုလိုက်သည်။

" ANP ဘက်က ပြောနေတဲ့ ဆွေးနွေးဖို့ကိစ္စ ဒါက ကျွန်တော်
လုပ်လို့မရဘူး။ အပေါ်ကလုပ်မယ့်ကိစ္စ၊ အခု ကျွန်တော် ဝန်ကြီးချုပ် ဖြစ်လာပြီဆိုတော့ ကျွန်တော့်မှာတာဝန်ရှိသွားပြီ၊ ဒီမှာရှိတဲ့လူတွေနဲ့ပဲ ရှေ့ဆက်ကောင်း အောင် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်အတွက် အမှန်တကယ်လုပ်နိုင်တဲ့ ပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေပါဝင်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ''ဟု ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပုက ပြောသည်။

ဦးညီပုသည် ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရရုံးသို့ စတက်ပြီး ဧပြီ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

"နိုင်ငံရေး အခြေအနေအရ ပူးပေါင်းလုပ်ဆောင်ရမယ့်အနေအထားပါ။ ပူးပေါင်း ဆောင်ရွက်သွားမှာပါ"ဟု ဦးညီပုက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့် ပြည်နယ်ဝန်ကြီးနေရာများ
အနက် ဝန်ကြီးဌာနအချို့ လျှော့ချနိုင်ဖွယ် ရှိသည် သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် စည်ပင်သာယာရေးဝန်ကြီး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ စီးပွားစီမံဝန်ကြီး၊ သစ်တောနှင့်သတ္တုဝန်ကြီး၊စိုက်ပျိုးရေးနှင့်မွေးမြူးရေးဝန်ကြီးတို့ဖြစ်သည်။


သတင်း - MMK
The Ladies News Journal

ဦးထင်ကျော် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားမှာ “အလွန်ထူးခြားသည့် သမိုင်းမှတ်တိုင် ဖြစ်သည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဗုဒ္ဓဟူးနေ့တွင် ချီးကျူးဂုဏ်ပြုလိုက်သည်။

သမ္မတအိုဘားမားက သမ္မတဦးထင်ကျော်နှင့် ဆက်လက် လက်တွဲ လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတိုင်း၏ လွတ်လပ်ခြင်းကို အာမခံနိုင်ရေး စသည့် အရေးပါသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရမည်ဖြစ်သည်ဟု ဆိုသည်။

“ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းရာမှာ သမ္မတဦးထင်ကျော်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲက အရေးပါတဲ့ သမိုင်းဝင် မိုင်တိုင်တစ်ခု ဖြစ်ပါတယ်။ မြန်မာ အစိုးရသစ်နဲ့ ပြည်သူတွေက အားလုံးပါဝင်ခွင့်ရှိပြီး ငြိမ်းချမ်းတဲ့၊ ကြွယ်ဝတဲ့ အနာဂတ်တစ်ခု တည်ဆောက်ရာမှာ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဆွေတစ်ဦးအဖြစ် ဆက်လက် ရှိနေမှာပါ” ဟု သမ္မတအိုဘားမား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KHTun
The Ladies News Journal

 nyantun-saimaukkham-620.jpg ဒုတိယသမ္မတဟောင်း ဦးဥာဏ်ထွန်း၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့် တို့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် မတ်လ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ကတိသစ္စာပြုကြစဉ်

ဒုတိယသမ္မတဟောင်း ဦးဥာဏ်ထွန်း၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့် တို့ဟာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကတိသစ္စာပြုကြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကတိသစ္စာပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ကြေညာခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော လားရှိုးမဲဆန္ဒနယ် မှ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးဥာဏ်ထွန်းနဲ့ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တို့ သုံးဦးသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ပြီး ၁ ရက် ၂ လ ၂ဝ၁၆ ရက် မှ ၃ဝ ရက် ၃ လ ၂ဝ၁၆ ရက်အထိ ခွင့်ယူထားပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာမပြုရသေးတဲ့အတွက် ၂ဝ၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၈) ပုဒ်မခွဲ (ခ) အရ ဥက္ကဌရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ရေးထိုးရမှာဖြစ်ပါတယ်"

အရင် လွှတ်တော်အစည်းအဝေးတွေ ကျင်းပတဲ့ရက်တွေတုန်းက သူတို့သုံးဦးဟာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတဲ့အတွက် ဖေဖော်ဝါရီလဆန်းပိုင်းကနေ မတ်လကုန်ပိုင်းအထိ လွှတ်တော်ကနေ ခွင့်ယူထားကြတာဖြစ်ပါတယ်။

မနေ့က အစိုးရတာဝန်တွေလွှဲပြောင်းပြီးနောက် အရင်အစိုးရတာဝန်တွေပြီးဆုံးပြီဖြစ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် အခုလို ကတိသစ္စာပြုကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဦးဥာဏ်ထွန်းဟာ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမဲဆန္ဒနယ်၊ ဒေါက်တာ စိုင်းမောက်ခမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမဲဆန္ဒနယ်နဲ့ ဦးမောင်မြင့်ဟာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမဲဆန္ဒနယ်တွေကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
RFA

htinkyaw-susulwin-620.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် တို့ကို မတ်လ ၃ဝ ရက်နေ့က နေပြည်တော်မှာတွေ့ရစဉ်
Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် တာဝန်ယူခဲ့တဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ တာဝန်ကို ၀ါးခယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်းနဲ့ အစားထိုး တာဝန်ပေးအပ်လိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တာဝန်ပြောင်းလဲဖွဲ့စည်းတာကို အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်တွင် ၁၇၊ ၂၊ ၂ဝ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးကော် မတီဥက္ကဌ ဒေါ်စုစုလွင် သုံးခွမဲဆန္ဒနယ်အစား အဖွဲ့ဝင် ဦးဇော်သိန်း ဝါးခယ်မ မဲဆန္ဒနယ်အား ဥက္ကဌ အဖြစ် ပြောင်းလဲဖွဲ့စည်းမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌ ပြောင်းလဲ ဖွဲ့စည်းခြင်းကို အတည်ပြုရန် လွှတ်တော်က သဘောတူပါသလား ခင်ဗျား၊ သဘောတူပါသလား ခင်ဗျား၊ သဘောတူပါသလား ခင်ဗျား၊ လွှတ်တော်က သဘောတူတဲ့အတွက် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ပြောင်းလဲဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်"

ဒေါ်စုစုလွင်ဟာ သမ္မတကတော်ဖြစ်တဲ့အတွက် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက် မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် သူ့အနေနဲ့ အတည်မပြုနိုင်ကြောင်း ကော်မတီဥက္ကဌအဖြစ် တာဝန်ပေးခံရတဲ့ ဦးဇော်သိန်းက ပြောပါတယ်။

"အားလုံးပဲသိတဲ့အတိုင်း သမ္မတကြီးကတော်အနေနဲ့ အလုပ်တွေများမှာပေါ့၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဌ ဆက်ပြီးတော့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး၊ ဒီတာဝန်ကလည်း အမြဲတမ်း နိုင်ငံတကာဧည့်သည်တွေနဲ့ တွေ့နေတာဆိုတော့ ဆက်မလုပ်နိုင်တော့ ကျနော့်ကို လွှဲပေးလိုက်တဲ့သဘောပါ"

ဒေါ်စုစုလွင်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

အခုကော်မတီ ဥက္ကဌတာဝန်ယူမယ့် ဦးဇော်သိန်းဟာ ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပါတယ်။
RFA

dassk-henry-van-thieu-620.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ တို့ကို မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

 ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်မယ့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ"ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မနက်ဖြန်ဆွေးနွေးပြီး အတည်ပြုနိုင်မယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

"အမျိုးသားမှာ မနက်ဖြန်ပြီးနိုင်တယ်ဗျ၊ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာလည်း မနက်ဖြန်ကို တပြိုင်နက်တည်းတင်မယ်၊ အမျိုးသားက အတည်ပြုပေးလိုက်တဲ့ဟာကို ပြည်သူ့ကိုပို့ရမယ်၊ ပြည်သူ ကပြင်ဆင်ချက်မရှိဘဲ အတည်ပြုမယ်ဆိုရင် ပြည်ထောင်စုကို တက်စရာမလိုဘဲနဲ့ ပြီးသွားမယ်ဗျ"

အဲဒီဥပဒေကြမ်းအရ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဆန့်ကျင်ဘဲ အကြံပေးရမှာဖြစ်တယ်လို့ ပါရှိပါတယ်။ သက်တမ်းအားဖြင့် နိုင်ငံတော်သမ္မတ သက်တမ်းနဲ့ အညီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးရင် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး လာမယ့်ဧပြီလအတွင်း အတည်ပြုပြဌာန်းနိုင်မှာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး ၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
RFA