04/10/16

(ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး၊ မြဇေယျာရပ်ကွက်အတွင်းရှိ Asia World Company ပိုင် ဓါတ်ဆီ၊ ဒီဇယ် စက်သုံးဆီသိုလှောင်ကန် ဆောက်လုပ်နေမှုကို တွေ့ရစဉ်) ဓါတ်ပုံ - ဟိုပင် ဘိုးဘိုးကြီး (facebook)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ Asia World ကုမ္ပဏီက စက်သုံးဆီသိုလှောင်ကန် ၄ ခု ဆောက်လုပ်နေတာကို ဟိုပင်မြို့ခံတွေက လက်မှတ်ရေးထိုးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။

ဟိုပင်မြို့လယ်မှာ စက်သုံးဆီလှောင်ကန် ၄ ခု တည်ဆောက်နေတာဟာ အခုလို ပူပြင်းတဲ့ကာလမှာ မီးဘေးအန္တရယ် စိုးရိမ်ရတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဟိုပင်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက ဟိုပင်မြို့ခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် သင်္ကြန်ကာလအပြီးမှာ ထပ်မံကန့်ကွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စက်သုံးဆီသိုလှောင်ကန် ၄ ခု တည်ဆောက်နေတဲ့နေရာဟာ မြို့မတောင်၊ မြို့မမြောက်၊ မြသီတာ၊ မြဇေယျာစတဲ့ ဟိုပင်မြို့ရဲ့ ရပ်ကွက်ကြီး လေးခု ဆုံတဲ့နေရာမှာဖြစ်ပါတယ်။

အဲ့ဒီဆီလှောင်ကန်တွေဟာ မီးရထားဘူတာရုံနဲ့ ကားဂိတ်တွေအနီးမှာဖြစ်သလို မြို့လယ်ခေါင် လူနေအိမ်တွေနဲ့လည်း နီးကပ်တဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

သိုလှောင်ကန်တစ်ခုကို ဂါလံ လေးထောင်ကျော်ဆန့်ပြီး စုစုပေါင်း ဆီလှောင်ကန် လေးခုမှာ စက်သုံးဆီဂါလံ နှစ်သောင်းဝန်းကျင် ထည့်လှောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ၂ ရက်ကြာ ညီလာခံ ကျင်းပ။
G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ၂ ရက်ကြာ ညီလာခံ ကျင်းပ။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ G-7 လို့ ခေါ်တဲ့ စက်မှု ထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ စတင်လိုက်ပြီ ဖြစ်တဲ့ ၂ ရက်ကြာ ညီလာခံ အတွင်း အဓိက ဆွေးနွေးမယ့်အထဲမှာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုတွေလည်း ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက အာဖဂနစ္စတန် နိုင်ငံခရီးစဉ် အပြီး တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ရောက်ရှိသွားတာ ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ပြီးဆုံးခါနီး အချိန် အမေရိကန်တို့ နျူးကလီးယားဗုံးကျဲချခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ပထမဆုံး သွားရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

ဟီရိုရှီးမား သတင်းစာ တစောင် ဖြစ်တဲ့ Chugoku Shimbun နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိပါးစေတဲ့ ကမ္ဘာတလွှား ခြိမ်းခြောက်မှု အများစုကို စုပေါင်းအားနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောဆိုခဲ့ပါတယ်။

အခု ဆွေးနွေးပွဲလိုမျိုး တွေ့ဆုံဆွေးနွေးမှုတွေဟာဆိုရင် နိုင်ငံတကာ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ဖို့နဲ့ လိုအပ်တဲ့ အခိုင်အမာ လုပ်ဆောင်မှုတွေ အပေါ်မှာ ရှင်းရှင်းလင်းလင်း တသံတည်း ပြောနိုင်ရေး အထောက်အကူ ဖြစ်စေတဲ့ အရေးကြီးတဲ့ အခွင့်အလမ်းတွေဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက ပြောဆိုခဲ့ပါတယ်။

စက်မှုထိပ်သီးနိုင်ငံတွေထဲမှာတော့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် နိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဘရပ်ဆဲလ်နဲ့ ပါရီ မြို့တော်တွေမှာ လတ်တလော အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဥရောပ အဖွဲ့ဝင်နိုင်ငံ တချို့ကတော့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အကြမ်းဖက် အရေးကိစ္စတွေ အပြင် တောင်တရုတ်ပင်လယ်ပြင် အရေး၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပတိုက် နိုင်ငံတွေမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခသည် ပြဿနာတွေကိုလည်း အခု ညီလာခံမှာ ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

VOA

ပြည်
သူကရွေးကောက်တင်မြှောက်လိုက်လို့ အသစ်ဖွဲ့ စည်းနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဦးဆောင်ဖွဲ့ စည်းခဲ့တဲ့ သုံးမတ်သားဒီမိုကရေစီအစိုးရသစ်ဟာ အခုဆို သူတို့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ဘောင်အကန့် အသတ်အတွင်းကနေပြည်သူအများစုလိုလားနေတဲ့ ပြုပြင်ပြောင်းလဲရေးဆန္ဒတွေကို မြန်နိုင်သမျှမြန်မြန်ဖြည့်ဆီးပေးဖို့ ကျိုးပမ်းဆောင်ရွက်နေတာ ထင်ထင်ရှားရှားမြင်တွေ့ နေရပါတယ်။

ဒါပေမဲ့လည်း စနစ်ဟောင်းကိုဖက်တွယ်ထားလိုသူတွေအပါအ၀င်၊ လူနည်းစုစစ်အာဏာရှင်တွေ နဲ့ သူတို့ အသိုင်းအ၀ိုင်းရယူထားတဲ့ အာဏာ၊ အခွင့်ထူး၊ ဓနဥစ္စာမြေယာတွေထိပါးခံရမှာစိုးရွံ့ နေတဲ့ ဘယာဂတိကြောင့် အပြောင်းအလဲကို ကန့် လန့် တိုက် ဒရွတ်ဆွဲလိုက်နေတာကိုလည်း လူတိုင်းမြင်တွေ့  နေကြရတာပါ။

ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့ မှာတော့ အယင်အစိုးရဟောင်းလက်ထက်ကထဲက အဖမ်းခံခဲ့ရတဲ့ ဒီမိုကရေစီ ပညာရေးသပိတ်မှောက်ကျောင်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ကို လွှတ်ပေးနိုင်ခဲ့လို့ ပထမပိုင်းမှာ အားလုံးပျော်ရွှင်နေကြရာက ကျောင်းသား လူငယ်တချို့ရဲ့ပြောစကား နဲ့ အပြုအမူတွေအပေါ်လက်မခံနိုင်ဘဲ ဝေဘန်သံ၊ တုံပြန်သံတွေပွက်ပွက်ညံခဲ့ပါတယ်။

ဒီမိုကရေစီစနစ်မှာ လူတိုင်းဟာ မိမိယုံကြည်ရာကို တာဝန်ယူတာဝန်ခံမှု့တွေနဲ့  အများပြည်သူကို မထိခိုက် မနစ်နာစေဘဲ ငြိမ်းချပ်းစွာ လွတ်လွတ်လပ်လပ်ထုတ်ဖေါ်ခွင့်ရှိသလို အများစုဆန္ဒကိုလိုက်နာရမှာဖြစ်သလို တချိန်ထဲမှာဘဲ လူနည်းစုသဘောထားကို အသိအမှတ်ပြုလေးစားရမှာက ဒီမိုကရေစီရဲ့စံတန်ဘိုး အလေ့အထ ဆိုတာ လူတိုင်းအလွယ်တကူပြောဆိုနေကြပေမဲ့ လက်တွေ့ ကျင့်သုံးနိုင်မှု့ဆိုတာ မြန်မာနိုင်ငံလိုစစ်အာဏာရှင် လက်အောက် ရာစုနှစ်ဝက်ကျော် နိုင်ငံရေးသားကျောအဖြတ်ခံခဲ့ရတဲ့ တိုင်းပြည်တပြည်အတွက်တော့ အချိန် ကာလတခုယူရ၊ မွေးမြူပျိုးထောင်ရအုံးမှာ။

ဒီလိုပြောတော့ စာဖတ်သူတချို့ကမေးခြင်ကြမှာပါ။ မင်းကရော ဘယ်လောက်များ ဒီမိုကရေစီရဲ့စံတန်ဘိုး အလေ့အထတွေကို လိုက်နာကျင့်သုံးနေပြီလည်းဆိုတာဘဲမဟုတ်လား။ အမှန်အတိုင်းဝန်ခံရရင်တော့ ဒီစာရေးသူကိုယ်တိုင်လည်း အဲ့ဒီအလေ့အထတွေကို ပြည့်ပြည့်၀၀ မကျင့်ကြံနိုင်သေးတာမို့ မိမိကိုယ်ကိုကိုယ် လည်း ပျိုးထောင်နေရတုံးလို့ ဝန်ခံပါတယ်။

ဒါကြောင့်အထက်မှာရေးပြခဲ့တာတွေကလည်း စစ်အာဏာရှင်ခေတ်ဆိုးခေတ်ပျက်ထဲမှာ လူလားမြောက်ရတဲ့ ကံဆိုးသူတွေထဲက လူတယောက်သာမို့ ဂျွတ်တက်နေတဲ့ အတွေးခေါ်ဟောင်းတွေကိုခွာချဖို့ ကျိုးပမ်းရင်း ဖတ်သား၊ မှတ်သား၊ တွေးတောမိတာလေးတွေနဲ့ ဖြစ်တည်လာတဲ့ သုတမယဥာဏ်က ပေးလာတဲ့အမြင် အသိတရားသာဖြစ်လို့ လူတတ်လုပ်ရေးပြတာလို့ မယူဆဘဲ အတွေးမျှဝေမှု့တရပ်လို့ မှတ်ယူစေခြင်ပါတယ်။

ဒီဆောင်းပါးရေးခြင်းရည်ရွယ်ချက်က ကျောင်းသားနဲ့ ပြည်သူကြားမှာဖြစ်ဖြစ်၊ ပြည်သူနဲ့ ပြည်သူကြားမှာဖြစ်ဖြစ်၊ တိုင်းရင်းသားအခြင်းခြင်း၊ ဘာသာခြားတွေကြားမှာဖြစ်ဖြစ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အမြင်ကွဲပြားမှု့တွေကို ဖြေရှင်း ကြရာမှာ အပြန်အလှန်နားလည်မှု့၊ အပြန်အလှန်လေးစားမှု့၊ အပြန်အလှန်အသိအမှတ်ပြုခြင်းတွေနဲ့  ချည်းကပ် အဖြေရှာစေလိုတာကြောင့်ပါ။

အခုအခါကျယ်လောင်ဆူညံနေတဲ့ ကျောင်းသားတချို့နဲ့ ပြည်သူအချို့ကြားက ပွတ်တိုက်မှု့အပေါ် နှစ်ဖက်လုံးရဲ့ ခံစားချက်တွေကို သွေးကူးခံစားကြည့်လိုက်ရင် နှစ်ဖက်စလုံးကို စာနာနားလည်နိုင်ပါတယ်။ တကယ်တော့ လူတွေကြားမှာ အမြင်မတူမှု့၊ ရပ်တည်ချက်မတူမှု့တွေအပေါ်မူတည်ပြီး ပွတ်တိုက်မှု့ ထိတ်တိုက်ရင်ဆိုင်ရမှု့ တွေဆိုတာ ဘယ်ခေတ်၊ ဘယ်စနစ်မှာမဆိုကြုံကြရတာပါ။

ဘာကြောင့်လို့ လည်းတော့ လူဆိုတာဟာ မိမိအတ္တကိုသာ အမြဲဗဟိုပြုပြီး အခြေခံအားဖြင့် ခံစားတွေးတော တတ်တဲ့သဘောရှိပါတယ်။ မိမိအယူအဆ၊ မိမိအဖွဲ့ အစည်း၊ မိမိအကျိုးစီးပွားကိုအခြေခံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိယုံကြည်ရာဝါဒတွေကသာ မှန်တယ်လို့ ကိန်းသေထားတတ်ကြပါတယ်။ သူတပါးအကျိုးစီးပွား၊ သူတပါး အယူအဆ၊ သူတပါးကိစ္စဆိုတာတွေကို နောက်တန်းကိုပို့ လေ့ရှိတတ်တာ ပုထုဇဉ်လူသားတွေရဲ့သဘာဝ ဘဲမဟုတ်လား။

ကျောင်းသားတွေခံစားချက်ကလည်း သူတို့ ကို ရာဇ၀ါတ်သားတွေလို လူမဆန်အောင်ရိုက်နှက်ညှင်းပမ်းခံခဲ့ရပြီး တနှစ်ကျော် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ရပေမဲ့ ပညာရေးဥပဒေပြင်ဆင်ဘို့ တောင်းဆိုချက်တွေ မပြည့်ဝသေး ဘူး၊ ပြည်သူကရွေးချယ်ခဲ့လို့ ဒီမိုကရေစီအင်အားစုတွေက ဦးဆောင်လို့ အစိုးရဖွဲ့ နိုင်ခဲ့ပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီအစိုးရမဖြစ်သေးဘူး၊ ဒါကြောင့် တောင်းဆိုချက်တွေရတဲ့အထိ ဆက်လက်သပိတ်မှောက်ဖို့ လိုတယ် လို့ သဘောထားရှိကြတယ်။
သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်ဆိုတာာ မှန်မှန်ကန်ကန် အသုံးချတတ်ရင် ဒီမိုကရေစီစနစ်ကို အားကောင်း မောင်းသန်ပိုဖြစ်လာစေဖို့ ရှိရမဲ့အစိတ်အပိုင်းတွေပါ။ အတိုက်အခံရှိမှ ပိုတိုးတက်တဲ့သဘောပါဘဲ။ တခုသတိပြု ရမှာက ထိရောက်တဲ့ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်ဖို့ ဆိုတာ မိဘပြည်သူတွေရဲ့ထောက်ခံပါဝင်မှု့ရယူနိုင် ဖို့ လိုပါတယ်။ အခုခေတ်မှာ ပြည်သူတွေယုံကြည်လာဖို့ ဆိုတာ တိုက်ရဲတာသတ္တိ၊ ခံရဲတာသတ္တိဆိုတဲ့ သဘောတရားနဲ့ ထောင်ကျခံရဲယုံ အနစ်နာခံပေးဆပ်ယုံနဲ့  မလုံလောက်တော့ပါဘူး။ အဆုတ်အတက်၊ အဖိအဖေါ့ အပေးအယူ အတိုးအလျှော့လုပ်ပြီး ညှိနိုင်းအဖြေရှာတတ်အောင် လေ့ကျင့်သင်ကြားဖို့  အချိန်ရောက်လာပါပြီ။ နောက်အရေးကြီးတဲ့အချက်က နိုင်ငံရေးအခြေအနေအရပ်ရပ်ကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ဖို့ လိုပါတယ်။ ဖြစ်တည်နေတဲ့ နိုင်ငံရေးအရွေ့ နဲ့ နိုင်ငံရေးရာသီဥတုအခြေအနေထဲက အရေးပါတဲ့မိတ်ဖက်လူပုဂ္ဂိုလ် အဖွဲ့ အစည်းတွေ ( Main Stakeholders) နဲ့ ချိတ်ဆက်လက်တွဲ အားယူတတ်ဖို့ လိုပါတယ်။

ကျောင်းသားတွေအပေါ် အမြင်မရှင်းတဲ့ ပြည်သူတွေရဲ့ခံစားချက်ကလည်း လက်ရှိအခြေအနေဟာ စိတ်ချလို့  မရသေးဘူး၊ စစ်အာဏာရှင်တွေလက်ကရှင်းရှင်းလင်းလင်းမလွတ်သေးဘူး။ အမှားအယွင်းမခံလိုဘူး။ အလွန် သတိကြီးစွာထားရအုံးးမယ်။ ဆူဆူပူပူဖြစ်ရင် စစ်အာဏာပြန်သိမ်းမှာစိုးရွံ့ မှု့ရှိနေကြတာ နားလည်ခံစားနိုင်ပါ တယ်။ နှစ်ပေါင်း(၅၀)ကျော် ဆင်းရဲဒုက္ခငရဲကျခံခဲ့ရတဲ့ ဘ၀တွေဆီပြန်မရောက်ခြင်တော့တာမို့  အစိုးရိမ်ကြီးနေ တာလည်း ကိုယ်ချင်းစာမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရသစ်ရဲ့ရက်(၁၀၀)အတွင်းသိသာ တဲ့ အပြောင်းအလဲလုပ်မဲ့အရေးကို အနှောက်အရှက်ပြုရာရောက်မှာလည်းပူပန်နေကြတာမဟုတ်လား။ အားလုံး ညီညီညွတ်ညွတ်နဲ့  အမေစုရဲ့ဦးဆောင်မှု့အောက် လက်တွဲလုပ်ဆောင်ရင် ပိုထိရောက်နိုင်တယ်လို့ ယုံကြည်ကြ လို့ ပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးတွေဟာ ခေတ်တခုစနစ်တခုကနေ နောက်ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲတိုင်းတွေ့ ရတတ် ကြုံရတတ်တဲ့ ပွတ်တိုက်မှု့သဘောတွေပါဘဲ။ အရေးကြီးတာက မျက်မှောက် အခြေအနေတွေကလိုအပ်နေတဲ့ ဦးစားပေးဖြေရှင်းရမဲ့ကိစ္စရပ်တွေကို ပြည်ထောင်စုနိုင်ငံတခုလုံးအကျိုးကို အခြေခံလို့ ဆန္ဒစွဲကင်းကင်းနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို မိသားစုထမင်းဝိုင်းဖွဲ့နိုင်ဖို့ ပြင်ဆင်ချက်ပြုတ်နေ တဲ့အခြေအနေနဲ့နိုင်းယှဉ်ပြချင်ပါတယ်။ မိခင်တဦးရဲ့ခေါင်းဆောင်စီမံခန့်ခွဲမှု့အောက်မှာ ရေခပ်သူကခပ်၊ ထင်းခွဲသူခွဲ၊ အိုးဆေးသူကဆေး၊ မီးမွှေးသူကမွှေးလို့ တအိမ်လုံးတက်ညီလက်ညီစုပေါင်းချက်ပြုတ်ဖို့ ပြင်ဆင် အလုပ်ရှုပ်နေတဲ့အချိန်မျိုးမဟုတ်လား။

ထမင်းဝိုင်းဖြစ်ဖို့ အရေးအကြီးဆုံးအရာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားဆိုတဲ့ အဓိကအမယ်တွေလက်ထဲ ပြည့်ပြည့်စုံစုံ ရောက်လာအောင် ကျိုးပမ်းနေရသလို .. တိုင်းပြည်ကိုပြု ပြင်ပြောင်းလဲရေးလုပ်နိုင်အောင် မရှိမဖြစ်လိုအပ်တဲ့အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာတွေ ပြည်သူတွေ လက်ထဲရောက်လာဖို့ ဆောင်ရွက်နေဆဲကာလဖြစ်ပါတယ်။

မိခင်လက်ထဲကို အဲ့ဒီအမယ်တွေ ပြည့်ပြည့်ဝဝမရောက်သေးခင် ဟိုဟင်းမကြိုက်ဖူး၊ ဒီဟင်းမစားချင်ဖူးဆိုတဲ့ မိမိဆန္ဒကိုထုတ်ဖေါ်တာ အသိပေးတာလုပ်လို့ရပါတယ်။ ဒါပေမဲ့ မိခင်ကိုကူညီရင်း အားဖြည့်ရင်းနဲ့ ဆောင်ရွက်ကြတာ ပိုလို့ထိရောက်မယ်ဆိုတာ ကျောင်းသားတွေကို သတိပေးတိုက်တွန်းခြင်တယ်။

တချိန်ထဲမှာဘဲ ဒီကျောင်းသားလေးတွေရဲ့ ဆန္ဒစောမှု့ကို အကြောင်းပြုလို့ လွန်လွန်ကဲကဲ နစ်နစ်နာနာပြောဆို အပြစ်တင်နေတဲ့ မိသားစုဝင်တွေကိုလည်း တဆက်ထဲမှာ မေတ္တာရပ်ခံခြင်တာက ဒီကလေးတွေဟာ အယင်တုံး က အများလက်မခံတဲ့အိမ်ထောင်ဦးစီးဟောင်းလက်ထက် တခြားသူတွေ ကိုယ့်ဘဝကို အနေခြောင်သလို နေထိုင်ရှာဖွေစားသောက်နေချိန်မှာ အငြိုအငြင်၊ အရိုက်အပုတ်၊ အထုအထောင်းခံပြီး မိခင်ကို အကာကွယ်ပေး ဝိုင်းရံပေးခဲ့ကြတဲ့ကလေးတွေပါ။

ဒီကလေးတွေက သူတို့မိခင်ကို သွေးပူနေတုံးမို့ ကျေးဇူတင်ကြောင်းမပြောတာလည်း နားလည်ခွင့်လွှတ်ပေး ဖို့ လည်းမေတ္တာရပ်ခံပါတယ်။ ကိုယ့်မိသားစုဝင်အခြင်းခြင်းတွေပါ။ နားလည်တတ်တဲ့တချို့ကျောင်းသားတွေက ကျေးဇူးတင်ကြောင်းတခုတ်တရပြောပါတယ်။ တချို့ ကလေးတွေက စိတ်ခုမှာပေါ့။ အယင်ဦးသိန်းစိန်အစိုးရက ကတိတွေဖျက် ရိုက်နှက်ညှင်းပမ်းနေတုံးက မိခင်ကိုယ်ဋ္ဌ်က အခက်အခဲအကျပ်အတည်းတွေနဲ့ ဆိုတော့ အကာအကွယ်မပေးနိုင်ခဲ့ဘူးလေ။

နောက်တခုပြောခြင်တာက ဆန္ဒထုတ်ဖေါ်တယ်၊ သပိတ်မှောက်မယ်ဆိုတာကို သိပ်မစိုးရိမ်ကြဖို့ လိုပါတယ်။ ဒါတွေဟာ ဒီမိုကရေစီရဲ့အစိတ်အပိုင်းတွေဘဲမဟုတ်လား။ နှောင်လည်းအမြဲရှိနေမှာပါ။ အရေးကြီးတာက ဒီအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့ ဝိုင်းဝန်းတည့်မတ်ထိမ်းကြောင်းပေးဖို့ ပါဘဲ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် မြန်မာန်ုင်ငံသားတိုင်းမြိန်ရေယှက်ရေ၀ိုင်းဖွဲ့ စားသောက်နိုင်ဖို့  ပြည်ထောင်စု ထမင်းဝိုင်းကြီးကိုပြင်ဆင်ချက်ပြုတ်ရာမှာ မိသားစုဝင်အခြင်းခြင်း အပြန်အလှန်နားလည်ခွင့်လွှတ်မှု့ အပြန်အလှန်လေးစားမှု့၊ အပြန်အလှန်အသိအမှတ်ပြုခြင်းတွေနဲ့  ညီညီညွတ်ညွတ် ၀ိုင်းဝန်းကူညီကြဖို့  တိုက်တွန်းခြင်ပါတယ်။

နိုင်ငံရေးဆိုတဲ့ အလွန်မွန်ုမြတ်သန့်စင်တဲ့ ကိစ္စရပ်ကြီးမှာ ပါဝင်ဆောင်ရွက်သူတိုင်းဟာ အပြောသက်သက်၊ ကြွေးကြော်သံသက်သက်မဟုတ်ဘဲ မိမိအရေး၊ မိမိအဖွဲ့ အစည်းအရေး၊ မိမိလူမျိုးအရေး၊ မိမိဘာသာအရေး၊ မိမိပါတီအရေး၊ မိမိအယူဝါဒအရေးတွေရဲ့ရှေ့မှာ ပြည်ထောင်စုအရေး၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်ကြဖို့  လည်း အလွန်အရေးကြီးပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ကွဲပြားခြားနားတဲ့အမြင်များကိုလည်း လေးစားအသိအမှတ်ပြုတတ်တဲ့ ဒီမိုကရေစီအလေ့အထတွေရင့်ကျက်လာအောင် မိမိကိုယ်တိုင်ရော၊ မိမိဝန်းကျင်မှာပါ ပျိုးထောင်လို့  မိသားစုဝင်အခြင်းခြင်း၊ တိုင်းရင်းသားညီအကိုမောင်နှမအခြင်းခြင်း သဟဇာတဖြစ်စွာ အတူယှဉ်တွဲလို့ နိုင်ငံတော်သစ်တည်ရာမှာ အထောက်အကူပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဧပြီလ (၁၀) ရက်နေ့  ၂၀၁၆ ခုနှစ်[full-post]

ဖိလစ်ပိုင်နိုင်ငံသား နာမည်ကျော်လက်ဝှေ့အကျော်အမော် မန်နီပတ်ကယောင်နဲ့ အမေရိ ကန်နိုင်ငံသား တီမိုသီဘရက်ဒလေတို့ဒီနေ့နံနက်ပိုင်းက အမေရိကန်နိုင်ငံ Las Vegas မှာရှိတဲ့ MGM Grand Garden မှာထိုးသတ်ခဲ့ကြပါတယ်။ ဒီပွဲမတိုင်မီကတည်းက လက်ဝှေ့လောကကနေ အနားယူတော့မယ်လို့ဆိုထားတဲ့မန်နီပတ်ကယောင်ဟာဘရက်ဒလေကို ပွဲအစ ပထမအချီက တည်းကနေ အသာစီးနဲ့ထိုးနိုင်ခဲ့ပါတယ်။

အချီတိုင်း၊ အချီတိုင်းမှာ ပတ်ကယောင်က အလဲထိုး နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘရက်ဒလေကတော့ အရှောင်အတိန်း၊ အကာအကွယ်တွေများစွာနဲ့ ပတ်ကယောင်ရဲ့အမှားကနေ ချက်ကောင်းရဖို့ကြိုးစားထိုးခဲ့ပါတယ်။ နောက်တော့ ပတ်ကယောင် က ဘရက်ဒလေလိုပဲ တန်ပြန် Counter Punch စတိုင်နဲ့ထိုးလာခဲ့လို့ ဘရက်ဒလေပိုပြီးအခက် တွေခဲ့ပါတယ်။ ၇ချီနဲ့ ၉ချီတွေမှာ ပတ်ကယောင်က ဘရက်ဒလေကိုလဲကျအောင်နှစ်ကြိမ်ထိုး သတ်နိုင်ခဲ့ပေမယ့် အရှုံးအနိုင်မပေါ်လို့ ဒိုင်လူကြီး၃ဦးရဲ့ အဆုံးအဖြတ်ကိုခံယူခဲ့ရပါတယ်။ ဒိုင်လူကြီး ၃ဦးစ လုံးက မန်နီပတ်ကယောင်ကို (၁၁၆-၁၁၀)၊ ( ၁၁၆-၁၁၀)၊ ( ၁၁၆-၁၁၀) နဲ့ တူညီစွာအမှတ်ပေး ခဲ့လို့ ပတ်ကယောင်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ပတ်ကယောင်နဲ့ ဘရက်ဒလေတို့ဟာ ဒီမတိုင် မီ ၂ကြိမ်ထိုးသတ်ခဲ့ဖူးပြီး တစ်ကြိမ်စီအရနိုင်ရခဲ့ဖူးကြပါတယ်။ ဒီပွဲကို လက်ဝှေ့ပရိသတ်ပေါင်း ၁၄၆၆၅ယောက်လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ပတ်ကယောင်က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၇သန်းရရှိခဲ့ပြီးရဘရက်ဒလေက ၄သန်းရရှိခဲ့ကြပါတယ်။ ( ပတ်ကယောင်ဟာ ထိုးသတ်ကြေး ၇သန်းအပါအ၀င် အခြားဆုကြေးငွေစုစုပေါင်း သန်း ၂၀ခန့်ရရှိမှာဖြစ်ပါတယ်။)

အသက်၃၇နှစ်အရွယ်ရှိတဲ့ ပတ်ကယောင်ဟာ လက်ဝှေ့သမားဘ၀မှာ(၂၁)နှစ်တာကျင် လည်ခဲ့ပြီး ပွဲပေါင်း (၆၆)ပွဲထိုးခဲ့ပါတယ်။ သူ့ရဲ့ စံချိန်ကတော့ ၅၈ပွဲနိုင်၊ ၂ပွဲသရေ၊ ၆ပွဲရှုံးခဲ့ပြီး ၃၈ပွဲ အလဲထိုးနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ ပတ်ကယောင်ဟာ “ကျွန်တော့်အခြေအနေက လက်ဝှေ့ ဆက်ထိုးနိုင်သေးတဲ့အခြေအနေပါ။ ဒါပေမယ့် မိသားစုနဲ့ အလုပ်တွေကိုအချိန်ပိုပေးချင်လို့ပါလို့” ဆိုပြီး ပွဲအပြီးလက်ဝှေ့ကြိုးဝိုင်းထဲမှာ အနားယူတော့မယ်လို့ကြေငြာလိုက်ပါတယ်။
BBC Burmese

တောင်းဆိုချက် ၁၁ ချက်နှင့် အညီ ပညာရေးဥပဒေပြင်ဆင်ရေး စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးရန် အတာသင်္ကြန်ကာလပြီးပါက အစိုးရကို တင်ပြတောင်းဆိုသွားမည် ဖြစ်ကာ တွေ့ဆုံညှိနှိုင်းမှု ပြေလည်သည်နှင့် တစ်ပြိုင်နက် သပိတ်ပြန်လှန်မည် ဖြစ်ကြောင်း ဗကသခေါင်းဆောင် ကိုမင်းသွေးသစ်က ပြည်မြန်မာသို့ ပြောကြားသည်။

“ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ရှိလာပြီ ဆိုရင်တော့ သပိတ်လှန်ဖို့ အတွက်ကို တချို့အချက်လေးတွေ ညှိနှိုင်းမှာပါ၊ ပြေလည်ပြီ ဆိုတာနဲ့ သပိတ်ပြန်လှန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ပညာရေးဥပဒေအတွက် သပိတ်မှောက် ဆန္ဒြ့ပခဲ့ကြသည့် မိမိတို့ ဖမ်းဆီးခံကျောင်းသားများ အပါအ၀င် အခြားနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သည့် အတွက် ပြည်သူလူထုနှင့် ပြည်သူအား မျက်နှာမူသော အစိုးရသစ်တို့ကို ကျေးဇူးတင်ရှိကြောင်း ကိုမင်းသွေးသစ် RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ဦးဆောင်သော လက်ရှိအစိုးရသည် ၎င်းတို့ကိုယ်တိုင်လည်း အတိုက်အခံဖြစ်ခဲ့ဖူးကာ တွေ့ဆုံဆွေးနွေးရေးတန်ဖိုးကို နားလည်သည့် အစိုးရဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဖမ်းဆီးခံ ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာသည့် ဧပြီ ၈ ရက်နောက်ပိုင်းမှ စ၍ လွတ်မြောက် ကျောင်းသားများ၏ ခံယူချက်ဖြစ်သော သပိတ်ဆက်မှောက်ထားရေး အပေါ် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တင်လာခဲ့သည်။

“သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း တွေ့ဆုံဆွေးနွေးရေးကိုပဲ အရင်ဆုံး တောင်းဆိုခဲ့တာပါ၊ ဒါကို လက်မခံလို့ သပိတ်မှောက် ဆန္ဒပြရတာ။ အခုချိန်ထိ ကျွန်တော်တို့ တောင်းဆိုချက်တွေ မပြည့်ဝသေးလို့ သပိတ်ဆက်မှောက်ထားပေမယ့် အရင်လို လမ်းပေါ်ထွက်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဗကသများအဖွဲ့ချုပ်အနေဖြင့် ၁၉၆၀ ပြည့်နှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ကျင်းပနိုင်ခြင်း မရှိခဲ့သည့် ပြည်လုံးကျွတ် ကျောင်းသားများ ညီလာခံ ကျင်းပနိုင်ရေးကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း အစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

“စည်းရုံးရေးဆင်းရအုံးမှာဆိုတော့ နောက်တစ်နှစ်လောက် ကြာအုံးမှာပါ၊ ၂၀၁၇ လောက်မှ ကျင်းပဖြစ်ပါလိမ့်မယ်၊ ဒီညီလာခံက ပေါ်လာတဲ့ လက်ရှိကျောင်းတက်နေတဲ့ မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ဗဟိုကော်မတီကို ကျွန်တော်တို့ တာဝန်တွေ လွှဲပေးခဲ့မှာပါ” ဟု ဗကသခေါင်းဆောင် ကိုမင်းသွေးသစ်က ပြည်မြန်မာသို့ ပြောကြားသည်။

Photo; Min Thawe Thit's Fb

(ပြည်မြန်မာ)

သီဟတင်စိုး လန့်သွားသည်။
ကျောင်းသားတွေက “တော်လှန်ရေးမပြီး သေး။ သပိတ်ဆက်မှောက်ဦးမတဲ့”။
ဒီလို သတင်းကို သီဟတင်စိုးမှ မလန့် ဘယ်သူလန့်မတုန်း။ အဲ... နေထက်လင်းတို့၊ နေမျိုးအောင်တို့လည်း လန့်ချင်လန့်မှာပေါ့။
အဲ့တော့ သီဟတင်စိုးလည်း ၀မ်းတွင်းပုဆိုးကို ခပ်တင်းတင်းဝတ်။ လွယ်အိတ်ထဲကို ခြောက်လုံးပြူလေး ထည့်ကာ နေထက်လင်းတို့ဆီသို့ ထွက်ခဲ့တော့သည်။

တမြန်နှစ်က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ကျောင်းသားခေါင်းဆောင်များနှင့် အစိုးရတို့ ညှိုနှိုင်းခဲ့ကြသည်။
သို့သော်လည်း မပြေလည်။ နောက်ဆုံး ဒိုင်စားသွားသည်။
ဆန္ဒပြကျောင်းသားတွေနဲ့ ၀န်းရံသူတွေ လက်ပတန်းမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက်သွားကြ၏။
အခု အစိုးရသစ် လက်ထက်တွင်တော့ ဖမ်းဆီးထားသော ကျောင်းသားများကို လွှတ်ပေးလိုက်ပါသည်။

ကျောင်းသားတွေကို လွှတ်ပေးတော့ လူအများလည်းပျော်ကြ၏။
အစိုးရသစ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတွေ တင်ကြသည်။
ဒါပေမဲ့ အပျော်တွေ ကြာရှည်မခံ။ တစ်ရက်အတွင်းပင် ပြောင်းလဲသွားသည်။
ကျောင်းသားတွေက သပိတ်မလှန်သေးတဲ့။ သပိတ်မလှန်သော်ငြား အရင်လို လမ်းပေါ်ထွက် ဆန္ဒပြခြင်းကိုတော့ မလုပ်ဟု ဆိုပြန်သည်။

ပြီးတော့ သပိတ်တစ်လုံးကို မှောက်လျှက်သားဖြင့် ချီတက်ကြပြန်သည်။ ထို့ပြင် ကျောင်းသားများ လွတ်မြောက်ရေးအတွက်လုပ်ပေးသည့် ဒေါ်စုကိုလည်း ကျေးဇူးတင်စရာမလိုဟု ပြောလိုက်သေးသည်။
အဲ့လို ကျေးဇူးတင်ကြေးဆို ဒေါ်စုကို လွှတ်ပေးတဲ့ ဦးသိန်းစိန်ကိုလည်း ကျေးဇူးပြန်တင်ရမယ်ဆိုပဲ။
အဲ့တော့ အစတုန်းက အရင်အစိုးရကို တော်လှန် ဆန္ဒပြသဖြင့် အားပေးခဲ့ကြသော ပြည်သူများလည်း စိတ်ပျက်သွားသလားတော့ မပြောတတ်။
ထောင်က လွတ်လာသော ကျောင်းသားတွေကို ဆဲကြလေတော့သည်။
အစတုန်းက ထောက်ခံခဲ့ကြသူတွေက
“ဒီကောင်တွေကို တသက်လုံး ထောင်ထဲ ထည့်ထားရမှာ”
“ကျေးဇူးနားမလည်တဲ့ကောင်းတွေ အရင်အစိုးရနဲ့ပဲ တန်တယ်”
“သပိတ်မလှန်ရင် ဖင်လှန်ကွာ”
ဘာညာဖြင့် ပြောကြလေတော့သည်။

အဲ့လို ဒေါင်းအချင်းချင်း ခွပ်ကြတော့ အရင်အစိုးရ ဘက်တော်သားတွေ ပျော်ကြလေသည်။ သူတို့ကလည်း ဒီအကွက်ကို ချောင်းနေတာကိုး။
“ငါတို့ ပြောသားပဲ။ ကျောင်းသားတွေက တကယ့်မီးပဲလို့”
“ကဲ... အခုတော့ ဘာတက်နိုင်သေးတုန်း။ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ချောက်ပြီမဟုတ်လား” စသည်ဖြင့် ဆိုကြသည်။

ပြည်တွင်း၌ အဲ့လိုမျိုး အခြေအတင် အငြင်းပွားနေချိန်တွင်တော့ သီဟတင်စိုးတစ်ယောက် ပဲခူးရိုးမတွင်းသို့ ကုန်းတတန် ရေတတန်ဖြင့် ခရီးပြင်းနှင့်နေသည်။
ဒီလိုနှင့် ပဲခူးရိုးမ တောင်ဂတုံးတစ်ခုပေါ်တွင် နေထက်လင်းကို တွေ့လေတော့၏။

“ဟေ့... ညေး....မင်းကို ရှာလိုက်ရတာကွာ....” ဟု သီဟတင်စိုးက ရောက်ရောက်ခြင်း ဆိုလိုက်သည်။
“ဟင်... ဘာကိစ္စတုန်းဗျ။ တော်လှန်ရေးကား ရိုက်ဖို့လား...”
“ဟုတ်ဘူးကွ....။ ကျောင်းသားတွေက သပိတ်ဆက်မှောက်ဦးမယ်တဲ့။ သဘောကတော့ တော်လှန်ရေးမပြီးသေးဘူးဆိုတဲ့ သဘောပေါ့ကွာ”
“ဘယ်က ကျောင်းသားတွေတုန်းဗျ”
“ဟာ...။ အရင်နှစ်က အဖမ်းခံလိုက်ရတဲ့ ကျောင်းသားတွေလေကွာ...။ အခုထောင်က လွတ်လာပြီ”
“အော်....။ သူတို့လား။ သိတယ်။ သိတယ်။ ဆက်ပြော”
“အေးကွာ....။ သူတို့က တော်လှန်ရေးမပြီးသေးဘူးဆိုတော့ လန့်သွားတာပဲ.....။ ငါတို့ နေရာကိုများ ယူတော့မလား မသိဘူး။ အဲ့ဒါ မင်းကို လာပြောပြတာ”
“ဟာ...။ ကွီးကလည်း...။ အဲ့ဒါ လန့်စရာ မဟုတ်ပါဘူးဗျ...”
“လန့်စရာပေါ့ကွာ....။ သူတို့သာ ဆက်တော်လှန်နေရင်လူတွေက ငါတို့ကို ကြည့်တော့မှာ မဟုတ်ဘူး။ သူတို့ကိုပဲ ကြည့်တော့မှာပေါ့”
“အဲ့ဒါလည်း မပူပါနဲ့ဗျာ...။ သူတို့ တော်လှန်တာ ကျုပ်တို့လို သေနတ်ပစ်ခန်းတွေ ပါတာမှ မဟုတ်တာ”

ထိုအချိန်တွင် နေမျိုးအောင်က ထင်းခြောက်များ ကောက်ပြီး စခန်းသို့ ပြန်ရောက်လာသည်။
“ငိုးမ ခရိုနီတွေ...။ သူတို့ သစ်တွေ ခုတ်တာနဲ့ ငါတို့မှာ ထမင်းချက်စရာ ထင်းတောင် မရှိတော့ဘူး” ဟု ရေရွတ်ရင်း သီဟတင်စိုးကို မြင်သွားသည်။
“ဟာ...ကြီး....။ အဲ... ကိုကြီးလဲရောက်နေသကိုး”
“အေးကွ...။ ကျောင်းသားတွေရဲ့ တော်လှန်ရေးကြီး မရပ်သေးဘူးဆိုတဲ့ အကြောင်းလာပြောတာ”
“ဟာ... ဟုတ်လား...။ ပျော်စရာကြီးပေါ့ဗျာ”
“မင်းတို့သာ ပျော်နေ... ငါတော့ လန့်နေတာ။ ငါတို့ နေရာများ လုတော့မလားလို့”

အဲ့တော့ နေထက်လင်းလည်း ၀င်ပြောသည်။
“မဟုတ်သေးဘူး ကိုကြီးရ....။ သူတို့ တော်လှန်ရေးဆက်လုပ်တာလဲ ကောင်းတယ်ဗျ”
“ဘာဖြစ်လို့တုန်း”
“ဒီလိုလေဗျာ....။ ကျုပ်တို့ တော်လှန်ရေးကားတွေက ဂျပန်ကို တော်လှန်တာ”
“ဂျပန်တွေကိုချည်းပဲ မဟုတ်ပါဘူးကွာ...။ အင်္ဂလိပ်ကိုလည်း တော်လှန်ပါတယ်..........ထားပါ ဆက်ပြော...”

“အဲ့လို ဂျပန်တွေကို တော်လှန်တာက ကျနော်ဗီဒီယိုစရိုက်ကတည်းကပဲ....။ အဲ့တော့ လူတွေလည်း ရိုးလာပြီလေ။
နောက်ပြီး အခုက ဂျပန်တွေနဲ့ မြန်မာပြည်က အလွမ်းပြန်သင့်နေတာဗျ။ သူတို့ကို တော်လှန်တဲ့ ကားရိုက်တာကို သိပ်မကြိုက်ကြဘူးတဲ့။ အစိုးရပိုင်းကလည်း သိပ်အားမပေးတော့ဘူး။
နောက်ပြီး ကျနော်တို့ကို ဂျပန်ပြည်က ဗီဇာတွေ ဘာတွေပိတ်မယ်လို့တောင် သတင်းထွက်နေတယ်”
“မင်းပြောလည်း ဟုတ်တော့ ဟုတ်သား...။ အဲ့တော့ ဘာဖြစ်တုန်း”

“ဘာဖြစ်ရမတုန်းဗျ။ အဲ့တော့ ကျနော်တို့တွေ ဂျပန်ကို တော်လှန်တဲ့ ကားတွေကို ရပ်မယ်။ ပြီးရင် စစ်အစိုးရကို တော်လှန်တဲ့ ကားတွေ ရိုက်မယ်လေ”
“မင်းကလဲ ဖြစ်ပါ့မလားကွာ... အားနာစရာကြီး.... ငါ့ကို အကယ်ဒမီတွေပေးထားတာဟ...။ မင်းက အကယ်ဒမီမရဖူးတော့ ကိစ္စမရှိဘူး”
“ဖြစ်ပါတယ်ဗျာ...။ အခု ခေတ်ပြောင်းသွားပြီပဲ....။ လက်ရှိ အစိုးရကို မတော်လှန်ရင် ပြီးရောပေါ့”
“အေးကွ...။ ဟုတ်တော့ဟုတ်တယ်။ လက်ရှိအစိုးရကို တော်လှန်ရင်တော့ ၀ိုင်းဆဲကြမှာ....။ ဒါနဲ့...ဘယ်လိုလုပ်မတုန်း”

“လွယ်လွယ်လေးပါဗျာ။ ကျောင်းသားတွေ ဆီကိုသွား။ ပြီးရင် သူတို့ တော်လှန်တဲ့အကြောင်းကို ရုပ်ရှင်ရိုက်ချင်ပါတယ်ဆိုပြီး သူတို့ ဇာတ်လမ်းကို ၀ယ်လိုက်ပေါ့”
“ဟာ....။ မင်းကလည်း ငါတို့ အရွယ်ကြီးတွေကဖြင့်၊ ကျောင်းသား တော်လှန်ရေးကား ရိုက်လို့ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ကိုကြီးရာ....။ အခု ကျောင်းသားဆိုသူတွေကလည်း ကျုပ်တို့နဲ့ နင်လားငါလားပါပဲ”

စိုပြေ
The Ladies News Journal

(၁၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းက မြောက်စလုံးကျေးရွာမှာ ၂ဝ၁၅ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က ကျင်းပစဉ်)
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှာ ပထမဆုံးအကြိမ် ကယန်းအမျိုးသားနေ့ကို ဒီကနေ့ ကျင်းပခွင့်ရခဲ့ပါတယ်။

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်က ကယန်းတိုင်းရင်းသားတွေဟာ အဖက်ဖက်မှာ နိမ့်ကျနေသေးတဲ့ လူမျိုးဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ကယန်းအမျိုးသားနေ့နဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ ပြောပါတယ်။

လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာမှာ ၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကျင်းပတာဖြစ်ပြီး ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်အေးမောင်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်တို့ တက်ရောက်ခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက လယ်ဝေးမြို့နယ် အောင်နန်းချို ကျေးရွာနဲ့ တဝိုက်မှာ ကယန်းတိုင်းရင်းသားတွေ နေထိုင်ကြကြောင်းနဲ့ အရင်နှစ်တွေက နေပြည်တော်ကောင်စီနယ်မြေမှာ ကျင်းပခွင့် တောင်းခံခဲ့ရာမှာ ခွင့်ပြုချက် မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကယန်းတိုင်းရင်းသားလူဦးရေဟာ သုံးသိန်းနီးပါးရှိကြောင်းလည်း ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။

ကယန်းတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီမောဆိုမြို့၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသတွေဖက်မှာ နေထိုင်တာများပါတယ်။

ဒီနေ့ ကျင်းပတဲ့ ကယန်းအမျိုးသားနေ့ကို လူဦးရေ ၃ဝဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

Photo:Nay Thwae/RFA
RFA Burmese
https://www.facebook.com/RFA-Burmese

(ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မီးရထားလမ်းနှင့် ကားလမ်းဆုံအနီး၊ မြဇေယျာရပ်ကွက်အတွင်းရှိ Asia World Company ပိုင် ဓါတ်ဆီ၊ ဒီဇယ် စက်သုံးဆီသိုလှောင်ကန် ဆောက်လုပ်နေမှုကို တွေ့ရစဉ်) ဓါတ်ပုံ - ဟိုပင် ဘိုးဘိုးကြီး (facebook)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ Asia World ကုမ္ပဏီက စက်သုံးဆီသိုလှောင်ကန် ၄ ခု ဆောက်လုပ်နေတာကို ဟိုပင်မြို့ခံတွေက လက်မှတ်ရေးထိုးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။

ဟိုပင်မြို့လယ်မှာ စက်သုံးဆီလှောင်ကန် ၄ ခု တည်ဆောက်နေတာဟာ အခုလို ပူပြင်းတဲ့ကာလမှာ မီးဘေးအန္တရယ် စိုးရိမ်ရတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ ဟိုပင်မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက ဟိုပင်မြို့ခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် သင်္ကြန်ကာလအပြီးမှာ ထပ်မံကန့်ကွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

စက်သုံးဆီသိုလှောင်ကန် ၄ ခု တည်ဆောက်နေတဲ့နေရာဟာ မြို့မတောင်၊ မြို့မမြောက်၊ မြသီတာ၊ မြဇေယျာစတဲ့ ဟိုပင်မြို့ရဲ့ ရပ်ကွက်ကြီး လေးခု ဆုံတဲ့နေရာမှာဖြစ်ပါတယ်။

အဲ့ဒီဆီလှောင်ကန်တွေဟာ မီးရထားဘူတာရုံနဲ့ ကားဂိတ်တွေအနီးမှာဖြစ်သလို မြို့လယ်ခေါင် လူနေအိမ်တွေနဲ့လည်း နီးကပ်တဲ့အတွက် မြို့ခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

သိုလှောင်ကန်တစ်ခုကို ဂါလံ လေးထောင်ကျော်ဆန့်ပြီး စုစုပေါင်း ဆီလှောင်ကန် လေးခုမှာ စက်သုံးဆီဂါလံ နှစ်သောင်းဝန်းကျင် ထည့်လှောင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ကျောင်းသား၊ ကျောင်းသူ၊ တက်ကြွလှုပ်ရှား၊ ၀န်းရံပြည်သူ နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲကို ယခင်က ဧပြီ ၁၂ ရက်တွင် ကျရောက်မည့် သင်္ကြန်အကြိုနေ့၌ ကျင်းပရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်ကို ဖျက်သိမ်းကြောင်း ရွှေည၀ါဆရာတော်က ကြေငြာလိုက်သည်။

မည့်သည့်အကြောင်းရင်းကြောင့် ဖျက်သိမ်းရသည်ကို မသိရသော်လည်း မှော်ဘီ ရွှေည၀ါတောရကျောင်း၌ သင်္ကြန်အကြိုနေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ အထိ ယင်းကြိုဆိုပွဲအား ကျင်းပရန် စီစဉ်၍ ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း ဧပြီ ၁၀ ရက်တွင် ဆရာတော်က ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော်၏ တပည့်သံဃာတစ်ပါးက အတည်ပြုပြောကြားလိုက်သည်။

Photo:Shwenyawar Sayadaw
KLT, News
https://www.facebook.com/pyimyanmarnews

ရွှေတြိဂံနယ်မြေမှ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အံ့သြစရာအချက်အလက်တွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ဘယ်လောက်ပြောင်းလဲသွားခဲ့ပြီလဲ။ ဒါဟာ လုံးဝကို ခက်ခဲ နေပါသေးတယ်။

အကြီးမားဆုံး သက်သေတခုကတော့ ဝေရှုခန်အမည်ခံ မူးယစ်ရာဇာရဲ့ အမည် ဟာ ပရာဆစ်ချီဝင်နီတိပန်ညာဖြစ်ပြီး ညီဖြစ်သူ ချန်ချိုင် ချီဝင်နီတိပန်ညာနဲ့ နောက်ဆုံး နာမည်တလုံးသာကွဲပြားတာမို့ သူ့ကိုရှာဖွေဖော်ထုတ်ဖို့ စိန်ခေါ်မှုတွေဖြစ်နေခဲ့တာပါ။

သူဟာ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(ယူဒဗလျူအက်စ်အေ) တပ်မှူးတဦး ဖြစ်သလို အစိုးရရဲ့ ကျောက် စိမ်းဈေးကွက်ကို တဦးတည်း ချုပ်ကိုင်ထားတဲ့ မူးယစ်ဆေးဝါးခေါင်းဆောင်တဦး ဖြစ်ပါ တယ်။

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ရာစုနှစ်တွေတည်းက ဒီယူဒဗလျူအက်စ်အေခေါင်း ဆောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးနိုင်သူကို ဆုငွေအမေရိကန်ဒေါ်လာ ၂ သန်းပေးမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရာရှိတွေကမှ သူ့ကို ထိခိုက်နစ်နာစေမယ့် သတင်းအချက်အလက် တစုံတရာ ပေးအပ်ခဲ့ခြင်းမရှိပါဘူး။

၁၉၈၆ ခုနှစ်မှာတော့ ဝေကို ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့ကာ ပြစ်မှုဆိုင်ရာ တရားရုံးက သေဒဏ်အပြစ်ပေးခဲ့ပေမယ့် အာမခံငွေတင်ကာ လွတ်ပေးခဲ့ပြီးနောက် တရားရုံးကို ဘယ်တော့မှ ရောက်လာခဲ့ခြင်းမရှိပါဘူး။

ဘယ်သူတွေက ဒါကို ခန့်မှန်းနိုင်ခဲ့ကြသလဲ။

၁၉၈၉ ခုနှစ်မှာ အမေရိကန်ကသူကို အသေပဲဖမ်းဖမ်း အရှင်ပဲ ဖမ်းဖမ်း ဆုချီးမြင့်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ အမေရိကန်က စွဲချက်တင်ထားပါတယ်။

သူဟာ ၂၀၀၇ ခုနှစ်မှာ သေဆုံးသွားခဲ့သူ ဘိန်းဘုရင် ခွန်ဆာရဲ့နောက် ဘိန်း အခြေပြုမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်း ဆက်ခံသူတဦးဖြစ်လာခဲ့ကာ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း ယာဘ(မက်သဖက်တမင်း) မူးယစ်ဆေးပြားအကြီးအကျယ် တင်သွင်းသူတဦး ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ရွှေတြိဂံနယ်မြေ မူးယစ်ဆေးဝါးတရားမ၀င်ရောင်းဝယ်ဖောက် ကားမှုအစီရင်ခံစာတွေအရ ဝေဟာ ဘိန်းအခြေပြုမူးယစ်ဆေးဝါးအဓိက မှောင်ခိုတဦး ဖြစ်ကာ ဟောင်ကောင်အခြေစိုက် 14k မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ကြားခံတဦးဖြစ်မယ့်ပုံ ပေါ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံက ၀ဒေသဟာ အရှေ့တောင်အာရှမှာ ဘိန်းကုန်ကူးမှုအင်အား ကြီးအုပ်စုတခုဖြစ်တယ်လို့ ဖော်ပြလိုက်ပြီး ဒါပေမယ့် ဒီဝလက်နက်ကိုင်အဖွဲ့ရဲ့အပေါ်မှာ အုပ်စုတခုရှိနေပြီး ကြိုးကိုင်လှုပ်ရှားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ ပြောင်းလဲလာပြီဖြစ်တဲ့ ဒေသတွင်းမှာ ထိန်းကျောင်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရက လုပ်ဆောင်လာမှာဖြစ်တဲ့အတွက် လာ မယ့်နှစ်ကာလတွေမှာ သူ့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အခြေအနေကိုဖန်တီးနိုင်ပါ့မလား ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

DVB TV News

ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေက Limelight Avenue ဈေးဝယ်စင်တာမှာ အရက် သေစာသောက်စားမှုမပါဝင်တဲ့ ရေသဘင်ပွဲတော်ကို လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ ကျင်းပမယ်လို့ ဖူးခက်ဂေဇက်သတင်းမှာ ဖော်ပြပါတယ်။

ဒီပွဲတော်ကို “အရက်သေစာမပါဝင်တဲ့ ထိုင်းလူမျိုးတို့ရဲ့ သင်္ကြန်ပွဲတော်”ဆောင်ပုဒ် နဲ့ ကျင်းပသွားမှာဖြစ်ကာ ဒါဟာ ပွဲတော်ကာလတွင်း အရက်သေစာမူးယစ်သောက်စားမှုကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတွေကို တားဆီးနိုင်ဖို့ လှုံ့ဆော်ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညနေ ၄.၄၅ နာရီကနေ ည ၉ နာရီထိကျင်းပမယ့် ဒီပွဲတော်ဇုန်အတွင်း အရက်သေစာ၊ မူးယစ်ဆေးဝါး၊ စီးကရက်၊ လက်နက်၊ ပေါင်ဒါမှုန့်၊ ရေမြုပ်၊ ဆံပင်ဆိုးဆေး၊ ဖိ အားပြင်း သေနတ်တွေ ယူဆောင်လာခွင့်မပြုသလို ခိုက်ရန်ဖြစ်ပွားတာတွေ၊ မလုံမခြုံဝတ် စားဆင်ယင်တာတွေနဲ့ အရက်သေစာသောက်စားလာသူတွေကိုလည်း ၀င်ရောက်ခွင့်မ ပြုဘူးလို့ ပြောပါတယ်။

ပွဲတော်ကာလတွင်းမှာ Absolution, Black Sheep နဲ့ Zeal အဖွဲ့တွေရဲ့ ဂီတသ ရုပ်ဖော်တင်ဆက်မှုတွေလည်း ပါဝင်မှာပါ။
songkaranfest2“ဒီပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်္ကြန်ပွဲတော်ကာလတွင်းမှာ အရက်သေစာမသောက်စားကြဖို့နဲ့ ထိုင်းအမျိုးသားတွေရဲ့ သင်္ကြန်ပွဲတော်ဂုဏ်ပုဒ်ကို ထောက်ပံ့ပေးနိုင်ဖို့ပါ။ ကျနော်တို့ လာရောက်ဆင်နွှဲကြသူတွေကို သင်္ကြန်ရိုးရာ ၀တ်စုံတွေကို ၀တ်ဆင်လာကြဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ဒုတိယမြို့တော်ဝန် ချော့ခ်ဒီးအမွန်းဝပ်က ပြောပါတယ်။

ဒီပွဲတော်ကို တက်ရောက်ဖို့စာရင်းပေးသွင်းတဲ့သူ ၁၀၀ ဦးကို လက်ဆောင်တွေ ချီးမြှင့်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဖူးခက်ခရိုင်ရဲအရာရှိ တီးရာပေါ်လ်သစ်ဂျာရွန်က “ဒီလို အရက်သေစာကင်းမဲ့ဇုံ လုပ်မယ့် အကြံဟာ တကယ့်ကို ကောင်းပါတယ်။ အထူးသဖြင့် ကျနော်တို့လို မူးယစ် သောက်စားပြီး လှည့်လည်နေတဲ့ ယာဉ်မောင်းတွေကို တားဆီးနေရတဲ့သူတွေအတွက် ပေါ့”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ဆောင်ကရန်ပွဲတော်ကာ လကို အန္တရာယ်ရက်သတ္တပါတ်အဖြစ်သတ်မှတ်ထားတာပါ။

ပွဲတော်ကာလတွင်း အရက် သေစာမူးယစ်သောက်စားထားတဲ့ ယာဉ်မောင်းတွေ ကို တွေ့ရှိပါက ယာဉ်ကို တရားဝင်သိမ်းယူထားမှာဖြစ်ပြီး ပွဲတော်ပြီးဆုံးမှသာ ပြန်လည် ပေးအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တီးရာပေါ်လ်က “အရက်သေစာမပါဝင်တဲ့ ဆောင်ကရန်ပွဲတော်မှာ ပျော်ရွှင်ကြပါ စို့။ ဒီကာလတွင်းမှာ အသေအပျောက်မရှိရအောင် ကျနော်တို့နဲ့ ပူးပေါင်းကူညီကြပါ”လို့ ပြောပါတယ်။
DVB TV News

ရန်ကုန်သင်္ကြန်ကာလအတွင်း လှည့်လည်ဖျော်ဖြေမည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ပေးဆပ်သူများ သံချပ်အဖွဲ့တွင် ဦးကျော်သူတို့ ဇနီးမောင်နှံ ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

ဦးကျော်သူနှင့် ပေးဆပ်သူများသံချပ်အဖွဲ့အနေဖြင့် သင်္ကြန်အကြတ်နေ့တွင်
ရန်ကုန်မြို့တော် မဟာင်္ကြန် ရေသဘင်ဗဟိုမဏ္ဍပ်၌
နံနက် ၁၁ နာရီတွင် ဖြေဖျော်မည်ဖြစ်ကြောင်း သိရသည်။

(Photo: Robert Aung)
Eleven Media Group

[youtube src="5uCf4DZf4Xg"/]
အကျဉ်းထောင်တွေက လွတ်မြောက်လာပြီး သပိတ်မလှန်သေးဘူးလို့ ပြောဆိုတဲ့ ကိစ္စဟာလည်း အစိုးရကို ဆန္ဒပြမယ် သပိတ်မှောက်မယ်လို့ ပြောဆိုတာ မဟုတ်ကြောင်း၊ အရင်အစိုးရလက်ထက် ကတည်းက သူတို့ တောင်းဆိုထားတဲ့ ဒီမိုကရေစီပညာရေးအတွက် ရည်မှန်းချက်တွေ မပြည့်သေးဘူးဆိုတာကိုသာ ရည်ညွှန်းတာဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ ပထမအကြိမ် ကြေညာချက် ထုတ်ပြန်လိုက်စဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေအရေးကို ဦးစားပေးစဉ်းစားတဲ့အတွက် အဲ့ဒီအချိန်ကတည်းက ဝမ်းသာပြီး ကျေးဇူးတင်ခဲ့ကြောင်း ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။

RFA က ဒီကနေ့ မဖြိုးဖြိုးအောင်နဲ့ ကိုဇေယျာလွင်တို့ကို တွေ့ဆုံမေးမြန်းရာမှာ သူတို့အပေါ် ဝေဖန်မှုတွေ ပြင်းထန်လာတာနဲ့ ပတ်သက်ပြီး မဖြိုးဖြိုးအောင် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အကျဉ်းထောင်တွေက လွတ်မြောက်လာပြီး သပိတ်မလှန်သေးဘူးလို့ ပြောဆိုတဲ့ ကိစ္စဟာလည်း အစိုးရကို ဆန္ဒပြမယ် သပိတ်မှောက်မယ်လို့ ပြောဆိုတာ မဟုတ်ကြောင်း၊ အရင်အစိုးရလက်ထက် ကတည်းက သူတို့ တောင်းဆိုထားတဲ့ ဒီမိုကရေစီပညာရေးအတွက် ရည်မှန်းချက်တွေ မပြည့်သေးဘူးဆိုတာကိုသာ ရည်ညွှန်းတာဖြစ်ကြောင်းလည်း ပြောပါတယ်။

မနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ အမျိုးသားပညာရေး ဥပဒေထွက်ပေါ်လာဖို့ အစိုးရသစ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
RFA

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘုရားကျောင်း မီးလောင်ပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ)
    နယူးဒေလီ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ်၊ ကိုလ်လမ်ခရိုင်၊ ပါရာဗာမြို့ရှိ နာမည်ကျော် Puttingal Devi ဘုရားကျောင်း၌ ဧပြီလ ၉ ရက်နံနက်အစောပိုင်းက မီးရှူးမီးပန်းပွဲတော် ပြုလုပ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ၃၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီအချိန်၌ ဝတ်ပြုသူများက မီးရှူးမီးပန်းများဖြင့် ပွဲတော်ကျင်းပနေစဉ် မီး လောင်ပေါက်ကွဲခဲ့ပြီး ဝတ်ပြုသူများဖြင့် ပြည့်ကျပ်နေသည့် ဘုရားကျောင်းရှေ့ ဥပစာပိုင်းအား လောင်ကျွမ်း ခဲ့သည်။

မီးသတ်သမားများက မီးအား ထိန်းချုပ်နိုင်ခဲ့ကာ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။

စတိုခန်း၌ ဗြောက်အိုးများနှင့် မီးရှူးမီးပန်းလုပ်ငန်းသုံး ပစ္စည်းများ အပြည့်သိုလှောင်ထားရာမှ ယခုကဲ့သို့ ပေါက် ကွဲရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားရာသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ သွားရောက်ခဲ့ကြောင်း ၎င်း၏ တွစ် တာ အကောင့်၌ ရေးသားထားပြီး သေဆုံးခဲ့သူများနှင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအတွက်လည်း ပြောမပြ နိုင်လောက်အောင် ဝမ်းနည်းကြေကွဲပြီး တုန်လှုပ်မိကြောင်း ဖော်ပြခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

သာယာဝတီ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗကသကျောင်းသားတချို့ကို ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၀ နီးပါးရဲ့ အမှုတွေကို ပယ်ဖျက်ရုတ်သိမ်းပေး လိုက်တယ်လို့ အမည်မဖော်လို့တဲ့ ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေညာချက် ပေါ်ထွက်လာပြီး တစ်ရက်အကြာ၊ သောကြာနေ့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၉၉ ဦးရဲ့အမှုတွေကို ရုတ်သိမ်းပေးလိုက်တာလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိကြီးတစ်ဦးရဲ့ ပြောကြားချက်ကို AFP သတင်းတစ်ရပ်မှာ ဖော်ပြထားတာပါ။

နောက်ထပ်အမှုအများအပြားကို သင်္ကြန်တွင်းမှာ ပြန်လှန်သုံးသပ်ပြီးနောက် သင်္ကြန်ပိတ်ရက်အပြီး တရားရုံးတွေ ပြန်ဖွင့်တဲ့အခါ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်လို့လည်း အဲဒီရဲအရာရှိကြီးက ပြောဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese


တာချီလိတ်၊ ဧပြီ(၁၀)

အမွေတောင်းခံရာ မရသဖြင့် နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့ရာမှ တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ ရှမ်းစုရွာရှိ အိမ်ခြေ(၂၉)လုံး ဧပြီလ(၉)ရက်နေ့ ညပိုင်းတွင် မီးလောင်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းနေထိုင်သူ စိုင်းအောင်သန်းဆိုသူမှာ သေဆုံးသွားသည့် မိန်းမ၏ အမွေအား အစ်မဖြစ်သူထံတောင်းဆိုရာ မရသဖြင့် နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့ရာမှ ကျေးရွာ အတွင်းရှိ နေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။

"မီးကတော်တော်ကြီးတာ အချိန်ခဏလေးမှာ တစ်အိမ်ပြီးတစ်အိမ်ကူးစက်သွားတာ တာချီလိတ်က မီးသတ်ယာဉ်တွေနဲ့ မလုံလောက်လို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က မီးသတ်ကားတွေလဲ လာကူညီပေးရတယ်၊"ဟု မီးလောင်ကျွမ်းမှုအား သွားရောက်ကြည့်ရှုသူ ကိုမြတ်မောင်က ပြောသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ်ပေါင်း(၁၉)စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး တာချီလိတ်ခရိုင်အတွင်းမှ မီးသတ်ယာဉ်ပေါင်း(၁၀)စီး၊ ထိုင်းနိုင်ငံမှ (၉)စီးတို့ပါဝင်ကြောင်း၊ မီးလောင်ကျွမ်းမှုအား တပ်နယ်မှ တပ်မတော်သားများ ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့သဖြင့် မီးလောင်ကျွမ်းမှု(၂)နာရီခန့်ကြာမြင့်ပြီးနောက် မီးညွန့်ကျိုးသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့် ဒေါ်နန်းလတ်၏နေအိမ် သွပ်မိုး၊ ထရံကာပျဉ်ခင်းအိမ်မှ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ရှမ်းစုရွာအတွင်းရှိ ၀ါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ တာလေနှင့်မိုင်းဖြတ်မှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ စည်ပင်သာယာရေး ရေယာဉ်(၁)စီးတို့ အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး ကွပ်ကဲမှုယာဉ်(၁)စီး၊ မီးသတ်ရေယာဉ်(၅)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး တို့ဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့ရပြီး တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ ဒေါ်နန်းလတ်နေအိမ်အား ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့၍ ထွက်ပြေးတိမ်းရှောင်သွားသူ အောင်အောင်သန်း(ခ)စိုင်းအောင်သန်း(ခ)အိုက်တွန်အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၈၄/၂၀၁၆ ပုဒ်မ(၄၃၆)ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေလျှက်ရှိကြောင်း သိရသည်။

သတင်း ။ ။ ‪‎ကိုဇက်‬
Tachileik News Agency
http://www.tachileik.net/2016/04/fireapr.html




News update 10April2016

အိန္ဒိယ နိုင်ငံ ကီရာလာပြည်နယ် ခိုလန် ခရိုင်အတွင်းက ဟိန္ဒူဘာသာ ၀င်များကိုးကွယ်ကြသည့် ပူတင်ဂယ် ဘုရားကျောင်းအတွင်း ယနေ့ မနက်ပိုင်း ပွဲတော်ပြုလုပ်နေစဉ် အချိန်မှာ မီးပန်းများဖေါက်ရာ မှ ကျောင်းအတွင်းအဆောက်အဦးများ မီးကူးဆက်လောင်ကျွမ်းခဲ့ရာမှ ယခုနောက်ဆုံးဖေါ်ပြနေတဲ့ သတင်းတွေမှာ ပွဲတော်ကိုလာရောက်ကြည့် နေကြသူ ပရိတ်သတ် ၈၄ ဦးသေဆုံးကာ ၃၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်းဖေါ်ပြနေပါတယ်။

မီးပန်းတွေပစ်ဖေါက်ရာမှနေ အဆောက်အဦးတွေကူးဆက် လောင်းကျွမ်းချိန်မှာ ပရိတ်သတ် ဦးရေ ၁၅၀၀၀
လောက် ရှိနေခဲ့ကြတယ်လို့  သိရပါတယ်။

India Timw
Social Action for Women - SAW (fb)

ဘရပ်ဆဲလ်စ် မြို့တော် အတိုက်အခိုက် ခံရမှုမှာ ပါဝင် ပတ်သက် နေသူ ဆိုတဲ့ သံသယ နဲ့ ဖမ်းဆီး ထားတဲ့ မိုဟာမက်ဒ် အဘရီနီ ဟာ ဘရပ်စ်ဆဲလ်စ် လေဆိပ် ကို အသေခံ ဗုံးခွဲခဲ့သူ နှစ်ဦး နဲ့ အတူ တွဲပြီး လုံခြုံရေး ဗီဒီယို မှတ်တမ်းတွေ ထဲ တွေ့ နေရတဲ့ ဦးထုပ်နဲ့သူ ဖြစ်တယ် ဆိုတာ ကို ဝန်ခံ ခဲ့ပြီ ဖြစ်တယ် လို့ ဘယ်လ်ဂျီယံ ဗဟို အစိုးရ ရှေ့နေ တွေက ပြောပါတယ်။

မိုဟာမက်ဒ် အဘရီနီ ဟာ ပဲရစ်မြို့တော် ကို တိုက်ခိုက် ခဲ့မှု တွေ ထဲမှာလည်း အဓိက လက်သည် တစ်ဦး အဖြစ် ယူဆ ခံထားရသူ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက် စနေနေ့ ကပဲ မိုဟာမက်ဒ် အဘရီနီ အပါအဝင် လူ ၄ ဦးကို ဘရပ်ဆဲလ်မြို့တော် လေဆိပ် နဲ့ မြေအောက် ဘူတာရုံမှာ ဗုံးခွဲခဲ့မှု နဲ့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ က ပုဒ်မတပ် တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

ဘရပ်ဆဲလ်စ် လေဆိပ် တိုက်ခိုက်မှု အတွင်း သူ့မှာ ပါလာတဲ့ ဗုံးကို လွှင့်ပစ် ခဲ့ပြီး လွတ်အောင် ပြေးခဲ့တာ ဖြစ်ကြောင်း နဲ့ သူ ရုပ်ဖျက်ဖို့ရာ ဆောင်းခဲ့တဲ့ ဦးထုပ်ကိုလည်း ရောင်းချ ခဲ့ကြောင်း အဘရီနီ က ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေ တွေ ထံမှာ ထွက်ဆို ခဲ့ပါတယ်။

အဘရီနီ နဲ့ အတူ ပုဒ်မ တပ်ခံရသူတွေ ထဲက တစ်ဦး ကတော့ ဆွီဒင် နိုင်ငံသား အိုစမာ ခရေယမ် ဆိုသူ ဖြစ်ပြီး၊ ဘရပ်ဆဲလ်စ် မြို့ မြေအောက်ဘူတာရုံ မဲလ်ဘိတ်ခ် ကို ဗုံးခွဲ တိုက်ခိုက်သူ နဲ့ အတူ ရှိနေ ခဲ့တဲ့ တစ်ယောက် အဖြစ် ဖော်ထုတ် ထား နိုင်ပါတယ်။
BBC Burmese

 မစ္စတာ ဆဲန်ဒါစ် အနေနဲ့ နောက်ဆုံး ပြုလုပ် ခဲ့တဲ့ ပြည်နယ် ၈ ပြည်နယ် ထဲက ပြည်နယ် ၇ ခုမှာ အနိုင်ရ လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်း ဖြစ်လာ မလဲ ဆိုတာကို ပြည်နယ် အလိုက် ရွေးကောက်ပွဲတွေ ပြုလုပ် နေတာမှာ အခု လတ်တလော ပြုလုပ် ခဲ့တဲ့ အနောက်ဘက် ပြည်နယ် တစ်ခု ဖြစ်တဲ့ ဝိုင်အိုမင်း ကော့ကပ်စ် မှာတော့ ဘာနီဆဲန်ဒါစ်က ပြိုင်ဘက် ဟီလာရီ ကလင်တန်ကို အနိုင်ယူ လိုက်ပါတယ်။

ဒါဟာ မစ္စတာ ဆဲန်ဒါစ် အနေနဲ့ နောက်ဆုံး ပြုလုပ် ခဲ့တဲ့ ပြည်နယ် ၈ ပြည်နယ် ထဲက ပြည်နယ် ၇ ခုမှာ အနိုင်ရ လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် စုစုပေါင်း ရလာဒ်တွေ မှာတော့ ဟီလာရီ ကလင်တန်က ရှေ့က ဦးဆောင် နေဆဲ ဖြစ်ပါတယ်။

အခုတော့ ပြိုင်ဘက် နှစ်ဦးဟာ လာမယ့် ၁၀ ရက် အတွင်း တွေ့ရတော့ မယ့် အရေးပါလှတဲ့ နယူးယောက် ပရိုင်မာရီ ရွေးကောက်ပွဲ အတွက် အာရုံစိုက် ရတော့မှာ ဖြစ်ပါတယ်။

ရီပတ်ဘလေကဲန် ပါတီဘက် ကြည့်ရင်တော့ ဒေါ်နယ်ထရမ့်က ရှေ့ ကပြေးနေ ပေမယ့် တက်ဒ်ခရုဇ် က ကော်လိုရာဒို ပြည်နယ် အတွင်း အောင်မြင်မှု တွေ ရခဲ့ပြီး ဆက်တိုက် ဖိအား ပေး နိုင်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

သာယာဝတီ ထောင်ထဲ တစ်နှစ် ကျော် အကျဉ်းကျ ခံ ခဲ့ရင်းသား အမှု ရင်ဆိုင် ခဲ့ ကြရတဲ့ အမျိုးသား ပညာရေး သပိတ်မှောက် ကျောင်းသား တွေ ဟာ သောကြာ နေ့ က ပြန်လည် လွတ် မြောက် ခဲ့ အပြီး မှာတော့ ဒီမို ကရေစီ စံနှုန်း တွေ နဲ့ ကိုက်ညီ တဲ့ ပညာရေး စနစ် တစ်ရပ် ပေါ် ပေါက် လာဖို့ လက်ရှိ အာဏာပိုင် တွေ နဲ့ ကြား ဆက်လက် ညှိနှိုင်း သွားမယ် လို့ ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင် ပြောင်းလဲဖို့ ကျောင်းသားတွေ ဘက်က တောင်းဆို ထားချက် တွေ မရမချင်း သပိတ်လှန် လို့ မဖြစ် နိုင် ကြောင်း ကျောင်းသား သပိတ် ကို ဦးဆောင် ခဲ့တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟို လုပ်ငန်း ကော်မတီ ရဲ့ အထွေထွေ အတွင်းရေးမှုး မဖြိုးဖြိုး အောင် က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အဲဒီ့ အဓိပ္ပာယ် ဟာ လမ်းပေါ်ထွက် ဆန္ဒပြ တာမျိုး၊ သပိတ် စစ်ကြောင်း ခရီးရှည် ချီတက် တာ မျိုး ပြုလုပ် မယ် လို့ ဆိုလိုတာ မဟုတ်ဘူး လို့ လည်း မဖြိုးဖြိုးအောင် က ဆိုပါတယ်။

ဗကသများ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ညီလာခံ ခေါ်ယူပြီး ဗဟို အလုပ်အမှု ဆောင် ကော်မတီ တစ်ခု ရွေးကောက် တင်မြှောက် နိုင်ဖို့ အရေးတကြီး ထား ဆောင် ရွက် သွားမှာ ဖြစ်တယ် လို့လည်း မဖြိုးဖြိုး အောင် က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေ အပါအဝင် ကျောင်းသူ ကျောင်းသား တွေ လွတ်မြောက်ရေး ကို ကြေညာ တဲ့ အတိုင်း အမြန် ဆုံး ဆောင်ရွက် ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည် နဲ့ အတူ သမ္မတ ဦးထင်ကျော် အစိုးရ အဖွဲ့ ကို လေးစားစွာ မှတ်တမ်း တင် တယ် ဆိုပြီး ဗကသများ အဖွဲ့ချုပ် ၊ ဗဟို လုပ်ငန်း ကော်မတီ က ကြေညာ ချက် ထုတ် ပြန် ခဲ့ပြီး၊ အကျဉ်းထောင် တွေ ထဲမှာ ဆက်လက် ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက် ရေး ကိုလည်း ဆက်လက် လုပ်ဆောင် ပါ လို့ တိုက်တွန်း ထားပါတယ်။

BBC Burmese


မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး NLD အစိုးရနဲ့ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ အဆင်ပြေချောမွေ့စေဖို့ တဘက်နဲ့တဘက် အလျှော့အတင်းတွေ လုပ်ကြရမယ်လို့ ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ တချိန်တည်း မှာပဲ - ဒီလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ပညာရေးဆိုင်ရာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း ထည့်သွင်းပါဝင်စေဖို့ တိုက်တွန်းခဲ့ကြတဲ့အကြောင်း - အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

အရင်အစိုးရလက်ထက်တုန်းက ပြုပြင်ပေးဖို့ ပညာရေး တောင်းဆိုချက် ၁၁ ချက်ကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တာဝန်ရှိသူ တွေနဲ့ ဆက်လက် ညှိနှိုင်း ဖော်ဆောင်သွားမယ်လို့ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဧပြီလ ၉ ရက် စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ - NLD အစိုးရနဲ့ ကျောင်းသား တွေအကြား ညှိနှိုင်းဆွေးနွေးမှုတွေဟာ အဆင်ပြေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။ နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်တဲ့ ကိုမြင့်အေး ကတော့ - တဘက်နဲ့ တဘက် အခက်အခဲမရှိ ပြေပြေလည်လည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် အပေးအယူတွေ အတိုးအလျှော့ တွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုမြင့်အေး - “ပထမဆုံး ကျနော်ပြောချင်တာက ကျောင်းသားတွေက သူတို့လိုလားတဲ့ ပညာရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အရည်အချင်းရှိတယ်လို့ မြင်ပါတယ်။ အခုတက်တဲ့အစိုးရက ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဆိုတော့ကာ ဒီအစိုးရနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ ပြေလည်မှုရမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ တခုတော့ ပြောစရာရှိတာပေါ့ ဒီမိုကရေစီသဘောကိုကတော့ တယောက်နဲ့တယောက် တယောက်ရဲ့ တောင်းဆိုချက် တယောက်ရဲ့ လိုလားချက်ကို ညှိနှိုင်းရတာကိုးဗျ။ တကယ် ဒီမိုကရေစီစစ်စစ်မှန်မှန် အစိုးရဆိုရင်တော့ ညှိနှိုင်းမှုတွေ လုပ်ရတော့မှာဖြစ်တဲ့အတွက် ပြေလည်မှာပဲ။ ဒါပေမဲ့ ကိုယ်ပြောတဲ့အတိုင်းတော့ ရချင်မှ ရမှာပေါ့။ ဥပမာအားဖြင့်ပေါ့ - ကျောင်းသားတွေက ပညာရေး အသုံးစရိတ်ကို ၂၀% ဖြစ်ရမယ်လို့ ပြောထားတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ်အရ ၂၀% ကတော့ ငါတို့ကတော့ မသုံးနိုင်ဘူးဆိုတဲ့ အပေးအယူမျိုးတော့ ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ပေါ့။ အဲအခါမျိုးမှာတော့ တယောက်နဲ့တယောက် ညှိနှိုင်းရမှာပေါ့။ တခုတော့ ပြောစရာရှိတာပေါ့ စေ့စပ်ညှိနှိုင်းတယ်ဆိုတဲ့အခါကျတော့ ကိုယ်လိုလားတာတွေ အကုန်လုံးတော့ ရချင်မှရမယ်။ ဒါကတော့ ညှိနှိုင်းတယ်ဆိုတာ ခုနကပြောသလို သူ့ဘက်က အလျှော့အတင်း၊ ကိုယ့်ဘက်က အလျှော့အတင်း ရှိမှာပေါ့လေ။ အဲတော့ ကျနော်မြင်တာတော့ အောင်မြင်နိုင်တယ်လို့ ယုံကြည်ပါတယ်။”

တခါ ကျောင်းဆရာမဟောင်းတဦးလည်းဖြစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရောက် မခင်အေးမြင့်ကတော့ - ကျောင်းသားတွေအနေနဲ့ စိတ်ဆန္ဒမစောဘဲ ဖြေးဖြေးချင်း ညှိနှိုင်းဖို့ကို တိုက်တွန်းခဲ့ပါတယ်။

မခင်အေးမြင့် - “အခုဟာက NLD အစိုးရဖြစ်ပေမဲ့ အာဏာရှင်အစိုးရလက်ထက်က လုပ်ထားတဲ့ ဟာတွေကိုလည်း တဖြေးဖြေးနဲ့ လုပ်ယူနေရတဲ့ အပေါ်မှာ ဖြစ်ပေါ်လာမယ့် အဖုအထစ်တွေ ပြေလည်အောင်ဆိုရင် အချိန်ကိုပေးပြီး စောင့်စေချင်ပါတယ်။ ကျောင်းသားပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပေါ့နော် လုပ်ချင်နေတဲ့ဆန္ဒတွေ၊ အရာတွေ မှန်သမျှတွေကို အချိန်လေးကို သည်းခံပြီး စောင့်ကြပါပေါ့နော်။ အားလုံး အဆင်ပြေချောမွေ့အောင် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အခုချက်ခြင်း ရေတွင်းတူး၊ အခု ရေကြည်သောက်ချင်လို့တော့ မရဘူးပေါ့။ အားလုံးကို အချိန်တွေ စောင့်လိုက်လို့ရှိရင် အကုန်လုံး အဆင်ပြေ ချောမွေ့တဲ့ နည်းလမ်းတွေကို ရမှာပါ”

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ညှိနှိုင်းဆွေးနွေးကြတဲ့အခါ တတ်သိနားလည်တဲ့ ပညာရှင်တွေ ပါဝင်ဖို့ လိုအပ်တယ်လို့လည်း သူတို့က ထောက်ပြခဲ့ကြတာပါ။ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုမြင့်အေး ကတော့ -

ကိုမြင့်အေး - “အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ NNER ပါတာကတော့ ကောင်းတယ်။ NNER ပါထားတာကတော့ အကောင်းဆုံးပဲလို့ ကျနော်မြင်တယ်။ သူတို့က ပညာရှင်အုပ်စုလည်းဖြစ်တယ်။ ပညာရေးနဲ့ ပတ်သက်လို့လည်း တစိုက်မတ်မတ် လုပ်နေတဲ့သူတွေ ဖြစ်တဲ့အတွက် NNER ပါရင်ကတော့ ကျနော်မြင်တာ တော့ အင်မတန် သင့်တော်ပါတယ်။ NNER ရယ်၊ ကျောင်းသားရယ်၊ အစိုးရရယ်ပေါ့။ အဲ့လိုမျိုး ၃ ဦး၊ ၃ ဖလှယ် ပြောနိုင်ရင်တော့ အင်မတန်ကောင်း တယ်လို့ ကျနော်ကတော့ ထင်တယ်။”

ဒါ့အပြင် ဗကသအဖွဲ့ချုပ်ခေါင်းဆောင် ကိုကျော်ကိုကိုက - အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးမှာ တက္ကသိုလ်ကျောင်းထဲ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေးဟာ အဓိကကျတယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း - အမေရိကန်ရောက် နိုင်ငံရေးအကျဉ်းဟောင်းတဦးဖြစ်တဲ့ ကိုအောင်မြတ်သူ က ထောက်ခံပါတယ်။

ကိုအောင်မြတ်သူ - “ကျောင်းသားရှိရင်တော့ ကျောင်းသားသမဂ္ဂရှိမှာပဲလေ။ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေကိုယ်စားပြုတဲ့ အသံကတော့ ကျောင်းသားသမဂ္ဂ က ထွက်မှာပဲလေ။ သမဂ္ဂမရှိရင်တော့ ပရမ်းပတာ ထွက်နေမှာပေါ့။ အရင်က ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ကျောင်းသားသမဂ္ဂ ဖြုတ်ဖို့တောင်မှ NLD က လူနည်းစုက သူတို့ ရင်ကြားစေ့ရေးပဲ ဦးစားပေးတဲ့ သဘောရှိတယ်လေ။ သိပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် မသွားချင်တဲ့သဘောမျိုး ရှိတာကိုး။ မူကြမ်းထဲမှာပါတဲ့ ကျောင်းသားသမဂ္ဂ ဆိုတဲ့ စာသားတောင်မှ ဖြုတ်ခဲ့ရတယ်နဲ့ တူပါတယ်။ ဒီနှစ်မှာကျတော့ ကျနော်ထင်တာ အားလုံး ပြောင်းလဲသွားနိုင်ပါတယ်။”

ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက် ၁၁ ချက်ထဲမှာတော့ - ပညာရေးအသုံးစရိတ်ကို ၂၀% သတ်မှတ်နိုင်ဖို့၊ အခမဲ့ပညာရေးစနစ်ကို အလယ်တန်းအဆင့်ထိ တိုးမြှင့်ကျင့်သုံးဖို့၊ ကျောင်းသားအရေးအခင်းတွေကြောင့် ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်နိုင်ခွင့်ရဖို့၊ စာမေးပွဲစနစ်နဲ့ ပညာသင်ကြားနည်းစနစ်တွေ ပြောင်းလဲဖို့ …… စတဲ့ အချက်တွေ ပါဝင်ပါတယ်။

မနန္ဒာချမ်း
VOA


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ စနေနေ့က နေပြည်တော်ဆေးရုံကြီးမှာ မျက်စိခွဲစိပ် ကုသမှု ခံယူခဲ့တာ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာဘက်မျက်လုံးမှာ တည်နေတဲ့ အတွင်းတိမ်ကို နေပြည်တော်ဆေးရုံကြီး ပါမောက္ခ ဒေါက်တာဆွေဦးလွင် ဦးဆောင်တဲ့ အဖွဲ့က တာဝန်ယူ ခွဲစိပ် ကုသပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် နေပြည်တော် ဆေးရုံကြီးမှာ ရှိနေဆဲဖြစ်ပြီး ၃ - ၄ ရက်ကြာရင် ပတ်တီးဖြေရမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်၊ မတ်လတုန်းက မြိတ်မြို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း သွားလာရေး အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကျန်းမာရေး ချို့ယွင်းခဲ့မှု ဖြစ်ခဲ့တဲ့အတွက် ဆရာဝန်ရဲ့ အကြံပေး တိုက်တွန်းချက်အရ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေအားလုံးကို ဖျက်လိုက်ပြီး ရန်ကုန်မြို့ နေအိမ်မှာ ရက်အနဲငယ် အနားယူခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာအတွင်း ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုအပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရစဉ်မှာ အမျိုးသမီးရောဂါနဲ့ ခွဲစိပ် ကုသမှုခံရခဲ့ပါသေးတယ်။

အသက် (၇၁) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးနဲ့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးရာထူးတွေကို ပူးတွဲ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နာဇီဂျာမန်ခေါင်းဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာ (Adolf Hitler) မွေးဖွားရာနေရာကို ခေတ်သစ်နာရီတွေရဲ့ သူရဲကောင်းဗိမာန် နေရာတခု ဖြစ်မလာစေဖို့ ရည်ရွယ်ပြီး မူရင်း ပုဂ္ဂလိကပိုင်ရှင် လက်ထဲကနေ သိမ်းဆည်းနိုင်မယ့် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ သြစတြီးယားနိုင်ငံက စဉ်းစားနေပါတယ်။

ဥပဒေတရပ် ပြဌာန်းနိုင်မယ်ဆိုရင် - Braunau am Inn မြို့မှာရှိတဲ့ အိမ်ကို ပိုင်ရှင်လက်ကနေ လျော်ကြေးပေး သိမ်းယူနိုင်မှာ ဖြစ်တယ်လို့လည်း သြစတြီးယား ပြည်ထဲရေးဝန်ကြီးက စနေနေ့မှာ ပြောဆိုခဲ့တာပါ။

ဒီအဆောက်အဦးကို ရာစုနှစ်တခုကျော်ကြာ ဒေသခံမိသားစုတစုက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး၊ အစိုးရကို ပြန်ရောက်ဖို့ ငြင်းဆန်နေသလို၊ အဆောက်အဦးကို ပြုပြင်မွမ်းမံဖို့ကိုလည်း လက်မခံဘဲ ငြင်းဆန်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ - ဒီအဆောက်အဦးမှာ ဘယ်သူမှ မနေကြပါဘူး။

မြို့ရဲ့ သမိုင်းဝင်နေရာတခုအဖြစ်နဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့အတွက်လည်း အိမ်ကို ဖျက်ပစ်လို့ မရဘဲဖြစ်နေရတာ ဖြစ်ပါတယ်။ ဒေသခံတွေကြား မှာတော့ ဒီနေရာကို ဘာလုပ်သင့်သလဲဆိုတဲ့အပေါ် အမြင်အမျိုးမျိုး ကွဲနေကြတာလည်းဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့ပြတိုက် ဆောက်သင့်တယ်လို့ ယူဆသူတွေရှိသလို၊ ဒုက္ခိတတွေအတွက် စင်တာတခု ဖွင့်သင့်တယ်လို့ မြင်သူတွေလည်း ရှိကြပါတယ်။

ဒါ့အပြင် ဒီနေရာဟာ - ဟစ်တလာရဲ့ ဧပြီလ ၂၀ ရက်နေ့ မွေးနေ့ရောက်တိုင်း ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နေရာတခု လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျူးလူမျိုးတွေ၊ ပိုလန်နိုင်ငံသားတွေ၊ ခြေသလုံးအိမ်တိုင် လျှောက်သွားသူတွေနဲ့ လိင်တူချင်း ဆုံမက်သူတွေကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဂျာမန်စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် ဟစ်တလာက နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာတော့ ဂျာမန်တွေ စစ်ရှုံးလာချိန်မှာ မြေအောက်ခံကတုတ်တခုမှာ သူ့ကိုယ်သူ သတ်သေခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မစ္စတာ ကယ်ရီ ရဲ့ လေယာဉ် အာဖဂန် မြေ ပေါ်က ပြန်လည် ထွက်ခွာ ပြီး မကြာခင် မှာပဲ၊ ကာဘူးလ် မြို့တော် ရဲ့ သံတမန် ရပ်ကွက် ထဲ အနည်းဆုံး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ် လာ။
အာဖဂန် နစ္စတန် မှာ ပြိုင်ဘက် ခေါင်းဆောင် တွေ ဖြစ်တဲ့ အာရှရက်ဖ် ဂါနီ နဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ တို့ အကြား အာဏာ ခွဲဝေပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ ထား နိုင်တဲ့ သဘောတူ ညီမှု အတွက် အဆုံးသတ်ရက် ဆိုတာမျိုး သတ်မှတ်ထားတာ မရှိဘူး ဆိုပြီး အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောပါတယ်။

အာဖဂန် ညွန့်ပေါင်း အစိုးရ သက်တမ်းဟာ လာမယ့် စက်တာဘာလ ဆိုရင် ပြီးဆုံး မှာ ဖြစ်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆို မှု တွေ အပေါ် ဝန်ကြီး ကယ်ရီ က တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

ကာဘူးလ် မြို့တော် မှာ ရောက်ရှိနေတုန်း မစ္စတာ ကယ်ရီ က အခုလို ပြောခဲ့တာပါ။

မစ္စတာ ကယ်ရီ ရဲ့ လေယာဉ် အာဖဂန် မြေ ပေါ်က ပြန်လည် ထွက်ခွာ ပြီး မကြာခင် မှာပဲ၊ ကာဘူးလ် မြို့တော် ရဲ့ သံတမန် ရပ်ကွက် ထဲ အနည်းဆုံး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ် လာပြီး သေနတ်သံတွေလည်း ထွက်ပေါ်လာ တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

ထိခိုက်သေဆုံးစာရင်း ကို အတိတကျ မသိရသေးသလို၊ ဘယ်အဖွဲ့ ရဲ့ လက်ချက် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိ သေးပါဘူး။

BBC Burmese
http://www.bbc.com/burmese

ပြင်သစ်နိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူလို့ မသင်္ကာရသူ။ Mohamed Abrini
က Brussels မြို့ Zaventem လေဆိပ်မှာ မတ်လ ၂၂ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သူ ၂ ဦးနဲ့ အတူပါလာတဲ့ ဦးထုပ်နဲ့လူဟာ သူဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့တယ်လို့ Belgium အစိုးရ ရှေ့နေက ပြောပါတယ်။

Belgium ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ၀င်ရောက် ဖမ်းဆီးမှုတွေအတွင်း ပြင်သစ်နဲ့ Brussels တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်နေသူလို့ မသင်္ကာရသူ မော်ရိုကိုနွယ်ဖွား Belgium နိုင်ငံသား အသက် ၃၁ နှစ်အရွယ် Abrini အပါအ၀င် လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လူပေါင်း ၃၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့တဲ့ ပြီးခဲ့တဲ့လအတွင်းက ဖြစ်သွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်နေသူ ၄ ဦးကိုလည်း Belgium အစိုးရရှေ့နေ့က စနေနေ့မှာ စွဲဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ Abrini၊ Osama K၊ Herve B. M. နဲ့ Bilal E. M. တို့ကို မတ်လ ၂၂ ရက်နေ့က Brussels လေဆိပ်နဲ့ မြေအောက် ရထားဘူတာရုံတွေမှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် အကြမ်းဖက် သတ်ဖြတ်မှု၊ အကြမ်းဖက် အဖွဲ့အတွင်း ပါဝင် လုပ်ဆောင်မှုတွေနဲ့ စွဲချက်တင်လိုက်ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Brussels တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ ၆ ဦးမြောက်ကို ဖမ်းဆီးလိုက်ကြောင်း Belgium အာဏာပိုင်တွေက စနေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီမိုကရေစီပညာရေးကျောင်းသားသပိတ်မှ ဖမ်းဆီးခံထားရသော ကျောင်းသားပြည်သူများ ပြန်လည်လွတ်မြောက်လာပြီးနောက် အချက် ၅ချက်ပါဝင်သော သဘောထားကြေညာချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကဧပြီလ (၉)ရက် တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင်(၁) ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးနောက် သာယာဝတီအကျဉ်းထောင်အတွင်း (၁)နှစ်နှင့်(၂၉)ရက်ကြာ နေထိုင်ခဲ့ရသောကျောင်းသားကျောင်းသူများ၊ဒီမိုကရေစီပညာရေး ကြိုးပမ်းခဲ့သူများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အကျဉ်းထောင် အသီးသီးတွင် အမှုရင်ဆိုင်နေရသော ကျောင်းသားကျောင်းသူများနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများသည်၈. ၄. ၂၀၁၆နေ့ညနေတွင် ပြန်လည်လွတ်မြောက်လာကြပါသည်။

(၂) ထိုသို့ ပြန်လည်လွတ်မြောက်လာစေရန် အစဉ်တစိုက် တောင်းဆို အားထုတ်ကြိုးပမ်းပေးကြသော ပြည်တွင်းပြည်ပပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများနှင့်ရဟန်းရှင်လူမိဘပြည်သူလူထုကြီးအားလည်းကောင်း၊၂၀၁၆ခုဧပြီလ(၁)ရက်နေ့တွင်အာဏာလွှဲပြောင်းရယူခဲ့သည့်သမ္မတကြီးဦးထင်ကျော်နှင့်အစိုးရအဖွဲ့အားလည်းကောင်း အထူးသဖြင့် အာဏာရပြီး ရက်သတ္တပတ်အတွင်း နည်းလမ်းအချက်(၃)ချက်ပါကြေညာချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများကျောင်းသားကျောင်းသူများအား ပြန်လည် လွတ်မြောက် ရန်ကြိုးပမ်းမည် ဟုကြေညာလျက် နောက်တရက်တွင် လျှင်မြန်စွာ လွတ်ပေးနိုင်အောင် ကြိုးပမ်းအားထုတ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ဗကသများအဖွဲ့ချုပ်အနေဖြင့်လေးစားစွာမှတ်တမ်းတင်အပ်ပါသည်။

(၃) ဒီမိုကရေစီနိုင်ငံဖော်ဆောင်နိုင်ရေးကို အစဉ်တစိုက် တိုက်ပွဲဝင်ကြိုးစားခဲ့သူများ ပါဝင်သည့် အစိုးရသစ်တရပ် ပေါ်ထွန်းလာချိန် တွင် ထိုပုဂ္ဂိုလ်များနည်းတူ တိုက်ပွဲဝင်ကြိုးစား အားထုတ်ရင်း အကျဉ်းထောင် အသီးသီးတွင် ထောင်ဒါဏ်များ ကျခံနေရသည့် ဘဝတူနိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်ရန် ဆက်လက်ကြိုးစား ဖော်ဆောင်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။

(၄) ဗကသများအဖွဲ့ချုပ်အနေဖြင့်အဖွဲ့အစည်းအင်္ဂါရပ်များ၊အင်အားများကို ပြည်လည်စနစ်ကျစေရန်တည်ဆောက်လျက်၊ဗကသ၏မူ(၅)ချက်နှင့် အညီလုပ်ငန်းစဉ်များချမှတ်ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ပြည်သူလူထု အကျိုးစီးပွားလိုအပ်ချက်များပြုပြင် ပြောင်းလဲမှုများတွင် ပြည်သူနှင့် တသားတည်းအတူလက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။

(၅) ထို့အတူအရင်အစိုးရလက်ထက်တွင် ပြုပြင်ပေးရန် တောင်းဆိုမှုအား မျက်ကွယ်ပြုခဲ့သဖြင့် သပိတ်မှောက် ဆန့်ကျင် ခဲ့ရသော အမျိုးသားပညာရေး ဥပဒေကို အနာဂတ်တိုင်းပြည်နှင့်ကျောင်းသား မျိုးဆက်သစ်တို့၏ အကျိုးကိုရှေးရှုလျက် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသောပညာရေးစနစ် တရပ်ပေါ်ထွန်းလာစေရန် ပညာရေးတောင်းဆိုချက် (၁၁)ချက်အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပြည်သူကိုမျက်ကွယ် မပြုသောလွှတ်တော်အသစ်၊အစိုးရအသစ်လက်ထက်တွင် ဆက်လက်ညှိနှိုင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

The Street View


ဧပြီလ ၉ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သော ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ။ ဓါတ်ပုံ (Facebook/Tun Kyi)
ဧပြီလ ၉ရက်နေ့က ကျောက်ဖြူမြို့တွင် ပြုလုပ်သော ရခိုင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲ။ ဓါတ်ပုံ (Facebook/Tun Kyi)

ရခိုင်ပြည်နယ် အတွင်းမှာ ဖမ်းဆီခံထားရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲနဲ့ ပတ်သက်သူတွေ သံသယနဲ့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးရေး အပါအ၀င် အချက်၅ချက်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ နယ်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၇ရက်နေ့ နေစွဲနဲ့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ပထမဆုံး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁/၂၀၁၆ မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး၊ အမှု ရင်ဆိုင် နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လွတ်မြောက်ရေးဟာ လက်ရှိ အစိုးရရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ် လို့ ပြောလိုက်ပြီးတဲ့ နောက်မှာတော့ ဧပြီလ ၈ရက်နေ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူ တချို့ ပြန်လည် လွတ်မြောက် လာတာဖြစ်ပါတယ်။

ဧပြီလ ၉ရက်နေ့မှာတော့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြိုနယ်အတွင်းမှာ ထိမ်းသိမ်းခံထားရတဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ကျောက်ဖြူမြို့ခံ လည်းဖြစ် အမ်းမြိုနယ် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌလည်းဖြစ်တဲ့ ဦးဇော်ဝင်းမြင့်က အခုလိုပြောပါတယ်။

“’ဒီနေရာမှာ ဒီနေ့ ကျောက်ဖြူမြို့ ဘုရားကြီးတောင်ဝင်း ဆိုတာရှိတယ်။ အဲဒီမှာ စုရပ်ထားပြီးတော့ ဆန္ဒပြကြတာ။ ဘုရားကြီးတောင်ဝင်း မြတန်ဆောင် ဆရာတော်က ဦးဆောင်ပြီးတော့လုပ်တယ်။ ကြွေးကြော်သံတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရေး။ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့် ပေးရေး။ သံသယဖြင့် ဖမ်းဆီးခံရသူများ လွှတ်ပေးရေး၊ ရခိုင်ပြည်နယ်အနှံ့ သံသယဖြင့် ဖမ်းဆီးခံရသူများကို တရားဥပဒေနှင့်အညီ ဖော်ဆောင်ပေးရေး၊ နောက် ငါးကတော့ သံသယဖြင့် ဖမ်းဆီးခြင်းကို ရပ်တန့်ရေး အဲဒီ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ လူဦးရေက နှစ်ရာ ၀န်းကျင်ပါ။ ”

ကျောက်ဖြူမြိုနယ် ဆန္ဒပြပွဲမှာတော့ အမျိုးသားရေး လက္ခဏာဆောင်တဲ့ သဘောတွေ မတွေ့ ရကြောင်း ဆက်ပြောပြပါတယ်။

“အမျိုးသားရေးနဲ့ မဆိုင်တော့ဘူးပေါ့။ AA နဲ့ ပက်သက်ပြီး ငြိမ်းချမ်းရေးကိုပဲ သူတို့ လိုချင်တာပါ။ ဒီနေရာမှာ AA လို့ မသုံးထားဘူး။ AA လို့ တိုက်ရိုက် မသုံးထားဘူး။ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ပါဝင်မှုရယ်၊ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်မှု ကို ရပ်တန့်ဖို့ရယ်၊ သံသယနဲ့ ဖမ်းဆီးတာတွေကို ရပ်တန့်ဖို့ရယ်။ အဲလိုပဲ သံသယနဲ့ နောက်ထပ် မဖမ်းဆီးဖို့ရယ် ဆိုတာလေးတွေပါပါတယ်။ ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၁/၂၀၁၆ ထွက်ပြီးတဲ့ နောက်တရက်ဖြစ်တဲ့ ဧပြီလ ၈ရက်နေ့ မှာ လက်ပံတန်းမှာ ထိမ်းသိမ်းခံရတဲ့ ကျောင်းသားတွေကို ပြန်လည်လွတ်မြောက်လာခဲ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး မလွတ်မြောက်သေးပေမဲ့ အမူရုပ်သိမ်းဖို့ ကျန်သေးတာတွေ ရှိနေတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီး ရုံဖွင့်ချိန်မှာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နောက်ထပ်ထွက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားတာပါ။

သက်ဆိုင်ရာ အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လွတ်ငြိမ်းသက်သာခွင့် ရရှိပြီး အမြန်ဆုံး လွတ်မြောက်ရေးအတွက် လိုအပ်တဲ့စီစစ်မူများဆောင်ရွက်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက် အမှတ် ၂/၂၀၁၆မှာ ရေးသားထားပါတယ်ရှင်။

မအေးအေးမာ
VOA

သံချပ်တိုက်နေသည့် ဒေါင်းတို့မျိုးဆက်အဖွဲ့ (ဓာတ်ပုံ- ဒေါင်းတို့မျိုးဆက် facebook)

ရန်ကုန်၊ ဧပြီ ၉ ။ ။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းနှင့် ပဲခူးမြို့တွင် ဖျော်ဖြေမည် ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအပါအဝင် ကျောင်းသားငယ်လေးတွေ ကနေ ကျောင်းသားကြီးတွေ အထိပါဝင်တယ်။ ဒေါင်းတို့မျိုးဆက် စတင်ဖွဲ့စည်းတဲ့ အချိန်ကနေစပြီး အမြီးအမှောင့်မတည့်တာတွေကို ပြည်သူကို ထုတ်ပြောဖို့ စီစဉ်ခဲ့တာပါ။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိစ္စတွေ ဖွဲ့စည်းပုံ ကိစ္စတွေပါပါမယ် " ဟု ဖြေကြားသည်။

ကိုပိုင်ရဲသူသည် ယမန်နေ့ညပိုင်းကမှ ပြန်လည်လွတ်မြောက်လာသော တကသ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

" ဧပြီ ၁၁ရက်နေ့ကနေ စတင်ဖျော်ဖြေပါမယ်။ ကျောင်းသားတွေအပါအဝင် ဝန်းရံပြည်သူ စုစုပေါင်း ၆၀လောက်ပါပါတယ်။ သံချပ်ထိုးရာမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး မြစ်ဆုံကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အကြောင်းအရာတွေ ပါမှာပါ " ဟု တကသ အဖွဲ့ဝင် ကိုအောင်လေးက မဇ္ဈိမကို ပြောသည်။

ယနေ့ `` ဒေါင်းတို့မျိုးဆက် ´´ သံချပ် အဖွဲ့သည် သီရိမွန်ပလာဇာ ဘုရင်နောင်တွင် စတင်ဖျော်ဖြေနေပါပြီ. . . ။ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အား သင်္ကြန်ကာလအတွင်း ဖျော်ဖြေရန် ကိုရဲဇာနည်ထွန်း--09421149863မရှားယမုံ---09796257008 သို့ ဆက်သွယ်၍ ဖိတ်ကြားနိုင်ပါသည်။(9-4-2016)်

Posted by Nai Ko Thu on Saturday, April 9, 2016
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရအစိုးရသစ်အနေဖြင့် ဧပြီ ၈ရက်က သာယာဝတီထောင်နှင့် အင်းစိန်အကျဉ်းထောင်မှ ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး သင်္ကြန်ကာလ သံချပ်ထိုးခြင်းနှင့်ပတ်သက်၍လည်း လွတ်လပ်စွာ သံချပ်ထိုးနိုင်ကြောင်း ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။
Mizzima - News in Burmese

[youtube src="AFgQuL4nVI8"/]
ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နှောင့်နှေးနေရတာလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တာမွေမြို့နယ်နေ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

“၂၀၄ (ခ) ကျတော့ အဲ့လိုမဟုတ်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်၊ အထွေအထွေ လွတ်ငြိမ်းချမ်းသာခွင့် ခေါ်တာပေါ့နော်။ အဲ့ဒီ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကျတော့ ကျနော်အပါအ၀င်၊ တပ်မတော် ကာကွယ် ရေးဦးစီးတွေလည်းပါမယ်၊ သမ္မတလည်းပါမယ်၊ ဒုသမ္မတတွေလည်းပါမယ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းပါမယ်၊ ပြည်ထဲရေးဝန်ကြီးလည်းပါမယ်၊ ကာကွယ်ရေး ၀န်ကြီးလည်းပါမယ်၊ နောက်တခါ နယ်စပ်ရေးရာဝန်ကြီးပါမယ်၊ စသဖြင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ကျမှ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်က ပေးလို့ရမယ်။ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတာ။ ဒီတိုင်း ပေးလို့မရဘူး။ ဒီတိုင်းပေးလို့ မရတဲ့အခါကျတော့ ကျနော်တို့က လောလောဆယ်မှာလည်း ပေးချင်နေတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ ဥပဒေပါအခွင့်အရေးကို ခံစားလို့ရအောင် ပေးချင်တယ်။ လောလောဆယ်လည်း အမျိုးသားလုံခြုံရေးနဲ့၊ ကာကွယ်ရေးကောင်စီက ခေါ်နိုင်တဲ့ အနေအထားက မရှိသေးဘူး။ ဒါကြောင့်မို့ အခြေအနေအရ ကျနော်တို့ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။”

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပြစ်မှုအသေးသမားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်ဖို့ ပြည်သူ့လွှတ်တော်ကရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော အခြားနည်းလမ်းတွေကို အသုံးပြုပြီး ကြိုးစားခဲ့တယ်လို့ ဦးဝင်းမြင့်က ဆက်ပြောပါတယ်။

“ရှေ့နေချုပ်ရုံးကနေပြီးတော့ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ဥပဒေအရာရှိတွေထံကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ ကို ကျင့်သုံးပြီးတော့၊ အမှုတွေကို ပိတ်သိမ်းနိုင်တာရှိတယ်။ မြို့နယ်တရားသူကြီးက သဘောတူမယ်၊ သက်ဆိုင်ရာ ဥပဒေ၀န်ထမ်းကလည်း ဥပဒေအရာရှိကလည်း ပိတ်သိမ်းချင်တယ်ဆိုရင် ရတယ်။ ဒါမျိုးတွေနဲ့ ကျနော်တို့ နည်းလမ်းရှာပြီးတော့၊ ကျနော်တို့ ဆောင်ရွက်လာတာ လည်း ဒီနေ့ဆိုရင် သတင်းစာမှာပါပါတယ်။ ကျနော်တို့ မဲဆန္ဒရှင် မိဘပြည်သူတွေ သိမှာဖြစ်ပါတယ်။”
DVB TV News

ကျောင်းသားတွေမနေ.က အကျဉ်းထောင်ကနေလွတ်လာတာကြားရမြင်ရတော. အရမ်းဝမ်းသာမိတယ် ။ ဒါပေမယ်.ဒီနေ.ကြားရဖတ်ရတဲ.သတင်းတွေကြောင်.စိတ်မကောင်းဘူး ။ သူတို.လွတ်လာတာဒေါ်အောင်ဆန်းစုကြည်ကိုကျေးဇူးတင်စရာမလိုဘူးဆိုတဲ.အပြောမျိုးကိုပြောသံကြားရလို.ပါ ။ သူတို.ကိုဝေဖန်ရှုတ်ချတဲ. post တွေ comment တွေလဲဖေ.စ်ဘွတ်မှာပလူပျံအောင်ဖတ်ရတဲ.အခါ ရင်ထဲမှာမကောင်းဘူး ။ နှစ်ဘက်စလုံးကိုတောင်းပန်ချင်တယ် ။

အမေစုကိုကျေးဇူးတင်စရာမလိုဘူးလို.ပြောခဲ.တဲ.ကျောင်းသားက ကျောင်းသားသမဂ္ဂရဲခေါင်းဆောင်မဟုတ်သလို ၊ တကသ ၊ ဗကသ အဖွဲ.တွေကိုယ်စား တရားဝင်ကြေငြာချက်ထုတ်တာမဟုတ်ပါဘူး ။ သူရူးလို. မိုက်လို. နိုင်ငံရေးဦးနှောက်မရှိလို. ၊မရင်.ကျက်နိုင်သေးလို. လူတယောက်ကမိုက်ရူးရဲပြောတဲ.စကားလို.ပဲယူဆပါတယ် ။ အသုံးမကျတဲ.လူတယောက်ကပြောတဲ.စကားကြောင်.တဖွဲ.လုံးအဆဲခံရတယ် တနိုင်ငံလုံးကအထင်လွဲကြတယ် ရှုတ်ချကြတယ်ဆိုတာလဲမကောင်းပါဘူး ။ ကျောင်းသားတယောက်မကောင်းတာနဲ.ကျောင်းသားတွေအားလုံးကိုသိမ်းကျုံးပြီးပြစ်တင်ဝေဖန်နေတာလဲစိတ်မကောင်းစရာပါပဲ ။

တကယ်ဆိုရင်ဒီအယူအဆဟာ ကျောင်းသားတွေအားလုံးနဲ.မဆိုင်လောက်ပါဘူး ။ဖြိုးဖြိုးအောင်တို. ပြောတဲ.အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုကျေးဇူးတင်တယ်ဆိုတာပါထားပြီးသားပါ ။ တကယ်ထင်ရာလျှောက်ပြောနေတာက Ye Wint Aung ဆိုတဲ. တယောက်ထဲပါ (အချို.ကလဲကျော်ကိုကိုပါပါတယ်လို.ပြောကြပါတယ် ၊ ကျော်ကိုကိုကခေါင်းဆောင်မို.ဒီလိုတော.မပြောသင်.တာအမှန်ပါ) ။ ။သူကလဲကျောင်းသားအားလုံးကိုကိုယ်စားမပြုပါဘူး ။ ဒါ.ကြောင်. မကြေနပ်ရင်သူ.ကိုပဲဝေဖန်၇ှတ်ချကြပြီး ကျောင်းသားထုအပေါ်အပြစ်မမြင်သင်.ပါဘူး ။ ထောင်ကလွတ်လာတဲ.ခေါင်းမာကျောင်းသား အချို.ကိုပြောချင်တာလည်းရှိပါတယ် ။

အဲဒါက လောကကြီးမှာကျေးဇူးတရားဆိုတာရှိတယ် ။ ခင်ပွန်းကြီးဆယ်ပါးဆိုတာမပြစ်မှားရဘူး ။ကိုယ်.ကိုကျေးဇူးပြုဘူးသူဟာ ကိုယ်.ရဲ.အဆွေခင်ပွန်းဖြစ်တယ် ။ ပြစ်မှားရင် မုချဒုက္ခရောက်လိမ်.မယ်ဆိုတာပါ ။ ကျွန်တော်ဟာဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်အမြဲမှန်တယ်လို.မျက်စေ.မှိတ်ထောက်ခံတတ်တဲ.လူတယောက်မဟုတ်ပါဘူး ။ဒါပေမယ်. ကျောင်းသားတွေနဲ.နိုင်ကျဉ်းတွေလွတ်မြောက်လာဖို. ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်စေတနာသန်.သန်.နဲ.ဆောင်ရွက်ခဲ.တယ် ၊ဆောင်ရွက်နေတယ်ဆိုတာတော. ကျွန်တော်အကြွင်းမဲ.ယုံတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကြိုးစားလုပ်ကိုင်နေတာတွေဟာသူ.အကျိုးဘာမှမပါဘူးဆိုတာ အသိသာကြီးပဲ ။ကပ်ဖဲ.လုပ်နေတဲ.ကျောင်းသားအချို.လဲ ခေါင်းအေးအေးထားပြီးစဉ်းစားရင်မြင်လာပါလိမ်.မယ် ။ အမေစုကိုရော ၊ ကျောင်းသားတွေကိုရောကျွန်တော်ချစ်တယ် ။ ဘုံရန်သူဟာဘယ်သူလဲဆိုတာ အားလုံးသတိရသင်.ပါတယ် ။

မေတ္တာဖြင်.

သရ၀ဏ်(ပြည်)
၉.၄.၂၀၁၆


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်ချက်နဲ့ အင်းစိန်နဲ့ သာယာဝတီထောင်က နိုင်ငံရေး ပုဒ်မတွေနဲ့ စွဲဆိုခံထားရသူ တစ်ရာကျော် လွတ်မြောက်လာတာကို ဝမ်းသာ ကြိုဆိုပေမဲ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း ကွာဟမှုတွေ ရှိတဲ့အတွက် အစိုးရ ဘက်က အတိအကျ နာမည်နဲ့တကွ အများပြည်သူ သိအောင် ကြေညာပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်နိုင်ဖို့ အရေး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေတဲ့အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းေ ဆာင်ရွက်ဖို့ အသင့်ရှိသလို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုလည်း အတိအကျဖွင့်ဆိုနိုင်အောင် အစိုးရဘက်က ကြိုးပမ်းပေးဖို့ တိုက်တွန်းကြပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ပြည်သူ့အစိုးရ လက်ထက် နိုင်ငံရေးကြောင့် ဖမ်းဆီးချုပ်နှောင်အကျဉ်းချ ခံနေရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြောဆို အပြီးမှာပဲ နိုင်ငံရေးပုဒ်မတွေနဲ့ စွဲဆိုခံထားရသူ တရာကျော် လွတ်မြောက် ခဲ့ပေမဲ့လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့တွေ စုဆောင်းထားတဲ့ လွတ်စာရင်းနဲ့ အစိုးရသစ်ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နိုင်ငံပိုင်သတင်းစာပါ လွတ်မြောက် အကျဉ်းသား အရေအတွက်က ကွာဟမှုတွေ ရှိနေပါတယ်။

နိုင်ငံပိုင် သတင်းစာတွေမှာတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ ရုပ်သိမ်းသော အမှုမှ လွှတ်ပေးခဲ့သူပေါင်းက ( ၁၃၈ ) ဦးဖြစ်တယ်လို့ ထုတ်ပြန်ထား တာပါ။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် သမ္မတ ရုံးဘက်ကရော အကျဉ်းဦးစီးဌာနဘက်ကရော အစိုးရပြန်ကြားရေး ဘက်ကရော အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကပါ ဘယ် တရားရုံးကနေ ဘယ်ထောင်က ဘယ်သူတွေကို ဘယ်ပုဒ်မနဲ့ လွှတ်လိုက်ပါသလဲ ဆိုတာကို စာရင်းအတိအကျ အများပြည်သူ သိအောင် ထုတ်ပြန်သင့်တယ် လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေ က တောင်းဆိုလိုက်ပါတယ်။ ဒီလိုမျိုး တရားဝင်ထုတ်ပြန်ပေးမှသာ ဘယ်သူတွေ ကျန်သလဲ၊ ဘယ်သူတွေ လွတ်ခဲ့သလဲ ဆိုတာ အတိအကျ သိနိုင်မယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းေ(အအေပီပီဘီ) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

”နောက်ဆုံးရထားတဲ့ စာရင်းအရ ၁၀၃ယောက်ပဲ အပြင်ကို ရောက်တယ်လို့ ကျွန်တော်တို့ သိရတယ်။ ကျန်တဲ့သူတွေကတော့ အမှုကို ပလပ်လိုက်တာ ရှိတယ်။ ထောင်ထဲကို ပြန်ရောက်သွားတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့ ဒီစာရင်းအရ အမှုရင်ဆိုင်နေရတဲ့သူက ၃၂၀ ရှိသေးတယ်။ နောက်ပြီးတော့ ပြစ်ဒဏ် ကျပြီးသားက ၁၂၁ယောက်ရှိပါတယ်။ ကောင်းတာကတော့ အစိုးရဘက်က အနေနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်ပေါ့။ နာမည်တွေနဲ့ တိတိကျကျ ထုတ်ပြန်ကြေငြာသင့်တယ်။ ခုဟာက အရင်အစိုးရတုန်းကလဲ ဒီလိုပဲ ရှင်းရှင်းလင်းလင်း မထုတ်ဘူး။ ဒီအစိုးရလဲ အရင်လိုပဲ ရှင်းရှင်းလင်းလင်း မထုတ်ဘူး ဆိုရင်တော့ မကောင်းဘူးဗျ။ ဒီဟာက ဘာမှ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်လည်း မဟုတ်တဲ့အတွက် ဒီအကျဉ်းဦးစီးရဲ့ ၀က်ဆိုဒ်မှာပဲ ဖြစ်ဖြစ်၊ သမ္မတရုံးရဲ့ ၀က်ဘ်ဆိုဒ်မှာပဲ ဖြစ်ဖြစ် နာမည်တွေနဲ့ တိတိကျကျ ထုတ်ပြန်ကြေငြာသင့်ပါတယ်။ ”

အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အဖွဲ့တွေ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ ပြောဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်နိုင်ရေးမှာ နိုင်ငံတွင်း လွှတ်တော်မှာပါ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို တရားဝင် တိကျတဲ့ အဓိပါယ်ဖွင့်ဆိုချက်နဲ့ဖွင့်ဆိုနိုင်အောင် ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေဦးမယ်ဆိုရင်လည်း သူတို့အတွက် အခွင့်အရေး တရားဝင်ရပိုင်ခွင့်တွေကို လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ ရရှိနိုင် အောင် ဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးညိုထွန်းက တိုက်တွန်းပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပက်သက်လို့က အဖွဲ့တွေ သုံးလေးဖွဲ့ရှိတယ်လေ။ ဒီ သုံးလေးဖွဲ့တွေကို ခေါ်ပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီနိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် အတည်ပြုသင့်တယ် ခင်ဗျ။ အဓိပ္ပါယ်ဖွင့်ဆိုချက် အတည်ပြုပြီးပြီ၊ အဖွဲ့ လေးငါးခြောက်ဖွဲ့က အတည်ပြုပြီးပြီဆိုရင် ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို လွှတ်တော်ကို တင်လိုက်မယ်ပေါ့ဗျာ။ လွှတ်တော်က အသိအမှတ်ပြု ပြီးပြီဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာကတော့ ဘယ်အစိုးရ လက်ထက် မှာပဲ ဖြစ်ဖြစ်၊ မရှိလေ ကောင်းလေပဲ။ သို့သော် ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့် အကြောင်း တစ်ခုခုကြောင့် ရှိကောင်းရှိလာနိုင်တယ်လေ။ အဲဒီလိုမျိုး ရှိလာတဲ့အခါကျတော့ ရှိလာခဲ့ရင်လည်း နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက် ရှိနေတာ ဖြစ်တဲ့အတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ဘယ်လို ထားမလဲ။ ဘယ်လို နေရထိုင်ရမလဲ။ ဘယ်လို သူတို့ကို အခွင့်အရေးတွေ ပေးမလဲ ဆိုတဲ့ ထောင်စည်းမျဉ်းစည်းကမ်းတွေလဲ ပေါ်ထွက်လာနိုင်တာပေါ့။ အခုန ကျွန်တော်ပြောတဲ့ နိုင်ကျဉ်း အဖွဲ့ရှိမယ်။ နောက်ပြီးတော့ ကိုဘိုကြည်တို့ရှိမယ်။ ငြိမ်းပွင့်ရှိမယ်။ အဲဒီလိုမျိုး ပြင်ပ အဖွဲ့အစည်းတွေပါ ဖိတ်ခေါ်ပြီးတော့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် ၀ိုင်းဝန်းပြီးတော့ ပူးပေါင်းပြီးတော့ရေးသင့်တာပေါ့။ အဓိပ္ပါယ်ဖွင့်ဆိုသင့်တာပေါ့။ အမှန်မှန်ကတော့ ဦးဇော်ဌေးတို့ အနေနဲ့ တကယ်တန်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ပြည်ထဲရေးနဲ့ ညှိရမှာပေါ့။ ပြည်ထဲရေးရဲ့ အောက်မှာ အကျဉ်းဦးစီးဌာနရှိတာကိုး။ နောက်ပြီးတော့ ဒီရဲတပ်ဖွဲ့ရှိမယ်ဗျာ။ နောက်ပြီးတော့ ခုနက ပြောတဲ့ ကိုဘိုကြည်တို့၊ နိုင်ကျဉ်းအဖွဲ့တို့၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းတို့ အဲဒါတွေနဲ့လည်း ခေါ်ပြီးတော့ ဆွေးနွေးတိုင်ပင်သင့်တာပေါ့။”

အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးကြောင့် ထောင်ချခံရတဲ့ အကျဉ်းကျသူပေါင်း တစ်ရာကျော် ကျန်သေးပြီး အလုပ်သမား၊ လယ်သမားရေးနဲ့ ပြည်တွင်းစစ်ရေးတွေနဲ့ပတ်သက်လို့ နိုင်ငံရေးကြောင့် အချုပ်အနှောင်ခံရသူအပါအဝင် လက်ရှိတရားရင်ဆိုင်နေရသူတွေက သုံးရာကျော် ကျန်သေးတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီကပြောပါတယ်။

အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားမရှိစေရဆိုပြီး ကြွေးကြော်ပြီးနောက်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ပြည်ထဲရေး၊ နိုင်ငံတော်အစိုးရ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးတွေပါ ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက်အပေါ် သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အစိုးရဘက်က အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့ကို ပါဝင်ခွင့်မပြုတော့ပဲ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှု မရှိတော့သလောက်ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

မဆုမွန်
VOA


သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့  ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)
သာယာဝတီ တရားရုံးရောက်ရှိ လာတဲ့ ကျောင်းသားခေါင်းဆောင်များ ။ (ဧပြီ ၈၊ ၂၀၁၆)

ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် လွတ်မြောက်လာ တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဘက်က တင်ပြတောင်းဆိုထားတဲ့အချက်တွေကို NLD အစိုးရက လိုက်လျောနိုင်ဖွယ်ရှိတယ်လို့ ပညာရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ ပညာရေး ဥပဒေပြင်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲမှု တချို့ရှိခဲ့တဲ့အပေါ် အနာဂတ် နှစ်ဘက်ဆွေးနွေးညှိနှိုင်းမှု အလားအလာ ဘယ်လိုရှိနိုင်မလဲ။ မအင်ကြင်းနိုင်ကပြောပြမှာပါ။

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရှိခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှု တချို့ ရှိခဲ့တဲ့အပေါ် အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက်မှာ ဘယ်လို အလားအလာရှိနိုင်မလဲ ဆိုတာ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် NNER က ကိုသွင်လင်းအောင် ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

" လွှတ်လိုက်တဲ့ အခြေအနေကို ကြည့်ရင်တော့ အခက်အခဲတွေ ရှိပါ့မလားပေါ့နော်။ ပိုပြီးတော့များ လွယ်ကူသွားမလားလို့ ထင်ရတဲ့ အခြေအနေမျိုးလေးတွေ တွေ့ လာရတယ်။ ဒီနေ့ လွှတ်လိုက်တဲ့အထဲ ၄၉၄ နဲ့ လွှတ်လိုက်တယ် ဆိုတာက ကျနော်တို့အမြင်ကတော့ တော်တော်ကောင်းတယ်။ စွပ်စွဲထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးတယ် ဆိုတဲ့အတွက် အဲ့ဒီ့ကျောင်းသားတွေ လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အပြစ်မရှိပါဘူးဆိုတဲ့ အဓိပါယ်မျိုး သက်ရောက်ပြီးတော့ အဲ့လိုမျိုးနဲ့ လွှတ်လိုက်တာပေါ့နော်။ NLD အစိုးရက ကျောင်းသားတွေအပေါ်မှာ အဲ့လိုသဘောထားခဲ့တဲ့အတွက် ပထမတုန်းက ကွဲလွဲခဲ့တာကနေ နောက်ပိုင်း မှာတော့ နည်းနည်းလေး လျော့နည်းပြီးတော့ ပိုလွယ်ကူလာနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်မျိုးလေးတွေတော့ အဲ့တာမျိုးလေးတွေတော့ တွေ့ရတယ်။"

အရင်ကဖြစ်ခဲ့တဲ့ အခြေအနေတွေကိုကြည့်ရင် ဦးသိန်းစိန်အစိုးရရဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြဿနာတွေဖြစ်ခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

" ကျနော့်အမြင်ကတော့ လိုက်လျောပေးနိုင်လိမ့်မယ်ဗျ။ ကျနော်တို့အားလုံး အာရုံစိုက် သွားရမှာက NLD ဘက်က မပေးတာလည်း မဟုတ်ဘူး။ ကျောင်းသားတွေဘက်က အတင်းလိုချင်တာလည်း မဟုတ်ဘူး။ အဓိက ကျနော်တို့ နိုင်ငံရဲ့ ပညာရေးကိုပဲ အာရုံစိုက်ပြီး စဉ်းစားမယ်ဆိုရင် ပေးနိုင်တာတွေ မပေးနိုင်တာတွေ ဆိုတဲ့ ပြသနာက ပေါ်လာမယ်လို့ မထင်ဘူး။ NLD က မပေးဘူးလို့ တင်းခံနေတယ်လို့ ကျနော်ကတော့ မထင်ဘူးခင်ဗျ။ NLD နဲ့လည်း မဆိုင်ခဲ့ဘူးလေ ဦးသိန်းစိန်အစိုးရနဲ့ပဲ ဒီပြသနာတွေ တက်ခဲ့တာ။ "

အခုလွတ်မြောက်လာတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကတော့ သူတို့တောင်းဆိုချက်တွေ အတိုင်း ပညာရေးဥပဒေပြင်ဆင်ရေးကို ဆက်လက် လှုပ်ရှားသွားမှာဖြစ်တယ်လို့ မနေ့က အကျဉ်းထောင်တွေကနေလွတ်မြောက်လာပြီး သတင်းမီဒီယာတွေကိုပြောကြားခဲ့တာပါ။

ဒါကြောင့် သူတို့တောင်းဆိုတဲ့ အဓိက (၄)ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ချင်း ကွဲလွဲမှုတချို့ ပါဝင်နေတဲ့ အတွက် နှစ်ဘက်ဆွေးနွေးမှုတွေမှာ အခက်အခဲ အနည်းအကျဉ်းတော့ရှိနိုင်တယ်လို့ ကိုသွင်လင်းအောင်ကဆိုပါတယ်။

"ကျောင်းသားတွေကတော့ သပိတ် ဆက်ပြီးတော့ မှောက်မယ်။ သူတို့ရဲ့တောင်းဆိုချက် (၁၁) ချက်ကို ဆက်တောင်းမယ် ဆိုတဲ့ သဘောထား မျိုးတော့ ပြောတာကို တွေ့ရတယ်။ NLD အနေနဲ့ကတော့ ပထမပိုင်း NLD နဲ့ ထိစပ်ခဲ့တဲ့ အတိုင်းအတာတွေကို အကြမ်းဖျင်းအားဖြင့်ဆို ကွဲလွဲချက်က ၃၊ ၄ ခုလောက် ကျနော်တို့ တွေ့ရတယ်။ တခုကတော့ အခမဲ့ ပညာရေးစနစ် မှာလည်း ကျောင်းသားတွေက အလယ်တန်းအထိ ပေးစေချင်တယ်။ NLD က မူလတန်းအထိပဲ ဖြစ်နိုင်မယ်လို့ ယုံကြည်တယ် နောက်တခုက ဘတ်ဂျက် ကို တောင်းတဲ့ကိစ္စမှာ NLD က လက်တွေ့မကျဘူးလို့ ဖြေတယ်။ တိုင်းရင်းသား ဘာသာ စကားသင်ကြား တာကလည်း ကျောင်းသားတွေ တောင်း တာက သိပ်ပြီးတော့ လက်တွေ့မကျဘူးဆိုပြီး မြင်တာလေးတွေ ရှိတယ်။ နောက်ပြီးတော့ အဓိက ကတော့ သမဂ္ဂနဲ့ပတ်သက်တဲ့ သမဂ္ဂဆိုတဲ့ စကားလုံး အသုံးအနှုံးပေါ့။ အဲ့ဒီ့လေးခု ကွဲလွဲခဲ့တာ ရှိတဲ့အခါကျတော့ ဆက်ပြီးတော့ တောင်းဆိုတဲ့ အခါ ကျလို့ ရှိရင် နည်းနည်းလေးတော့ အဖုအထစ်လေးတော့ ရှိနိုင်တယ်။"

အင်ကြင်းနိုင်။ ။ ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးကို ခန့်အပ်တဲ့ကိစ္စမှာ ဒီပညာရေး ဌာနထဲမှာလည်း မကြေလည်ကြဘူး နောက် အခုဆိုရင် ကျောင်းသားတွေဘက် ကလည်း မကြိုက်ဘူးဆိုတဲ့အခါကျတော့ ဒီအပိုင်းမှာရော အခက်အခဲတွေ ရှိလာနိုင်မလားရှင့်။

"ဦးမျိုးသိမ်းကြီးနဲ့ပတ်သက်လို့ ၂၀၁၅ရဲ့ ဟိုးဘက်ကို ပြန်ကြည့်ရင် တော်တော်လေး ကို အဖုအထစ်ဖြစ်ခဲ့တယ်။ သူက နေပြည်တော်ကို ဖိတ်ပါတယ်လို့ သူကိုယ်တိုင် ပြောတဲ့အတွက် ဒီကကျောင်းသားတွေရော အဲ့ဒီ့အချိန်က ပညာရေးနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံက လုပ်နေတဲ့ NNER ရဲ့ အဖွဲ့ဝင်တွေ နေပြည်တော်ကို သွားကြတယ်။ တချို့ဆိုရင် လမ်းမှာပဲရှိသေးတယ်။ တချို့ဆိုရင် နေပြည်တော် ကို ရောက်ပြီးသွားတော့ သူ မဖိတ်ပါဘူးဆိုတဲ့ ပုံစံမျိုးကြီး ပြန်လုပ်လိုက်တော့ အဲ့ကိစ္စက ကျောင်းသားတွေထဲမှာရော ဆရာတွေထဲမှာရော တော်တော်လေးကို အခဲမကျေစရာ တခုဖြစ်သွားတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ၂၀၁၅ ဒီဘက်မှာတော့ NLD အစိုးရအောက်မှာ သူ ဝန်ကြီးဖြစ်သွားတယ်။ သူ့ကို ထိန်းချုပ်မယ့် အစိုးရကတော့ ပြောင်းသွားတယ်။ အဲ့အစိုးရကလည်း ခုနကပြောတဲ့ ကျောင်းသားတွေကို ဒီနေ့ လွှတ်ပေးတဲ့ပုံကတော့ သဘောထားလေး ကတော့ နည်းနည်းလေး ကောင်းလာတာကို တွေ့ရတာမျိုးတွေ ရှိတယ်ဆိုတော့ အဲ့လိုဟာလေးတွေဆိုရင်တော့ ပိုပြီးများ ပြောလို့ဆိုလို့ အဆင်ပြေသွားမလား ဆိုပြီး ကျနော်တို့က မျှော်လင့်လို့ရတယ်။ "

သာယာဝတီထောင်နဲ့ အင်းစိန်ထောင် တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပညာရေး ဥပဒေ ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတဲ့ ကျောင်းသားတွေကို မနေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ထုတ်ပြန်ကြေညာချက်ကြောင့် လွတ်မြောက် လာတာကို ပညာရေးအသိုင်းအဝိုင်း တခုလုံးကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

အင်ကြင်းနိုင်
VOA


သာယာဝတီတရားရုံးရှေ့ ကျောင်းသားများ။ ( ဧပြီ ၈၊ ၂၀၁၆)
သာယာဝတီတရားရုံးရှေ့ ကျောင်းသားများ။ ( ဧပြီ ၈၊ ၂၀၁၆)

NLD အစိုးရသစ်လက်ထက်မှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စ အခက်အခဲတွေ ဆက်ရှိနိုင်တယ်လို့ မနေ့က ပြန်လွတ်လာတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တွေက ပြောလိုက်ပြီး၊ အစိုးရသစ်နဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီ တိုင်းပြည် တခုမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိသင့် တာကြောင့်လဲ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း ကျောင်းသားခါင်းဆောင်တွေကတောင်းဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြခဲ့လို့ အဖမ်းခံရသူ အများစု အခုတော့ NLD အစိုးရသစ် လက်ထက်မှာ ပြန်လွတ်လာပြီဖြစ်ပါတယ်။ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင် ကိုမင်းသွေးသစ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ သာယာဝတီ အကျဉ်းထောင် ကနေ သောကြာနေ့ည ၁၀ နာရီခွဲကျော်မှာ ပြန်လွှတ်ပေးလိုက်ပြီး၊ အခြား ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကို ကိုလင်းထက်နိုင် တကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း စတဲ့ ၈ဦးကတော့ အင်းစိန်ထောင် ကနေ ည ၁၁ နာရီမှာ ပြန်လွတ်လာကြတာပါ။

NLD အရပ်သားအစိုးရသစ်ထဲမှာ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိမ်းကြီးကို တာဝန်ပေးထားတာကြောင့် ပညာရေးဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ အခက်အခဲတွေ ဆက်ရှိနိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က ပညာရှင်တဦးလည်းဖြစ်ပြီးတော့ ကမ္ဘာက လေးစားကြည်ညိုရတဲ့ လူတဦးဖြစ်တယ်။ သူအနေနဲ့ liberal ကျတဲ့ အတွေးအခေါ်တွေ လက်ကိုင်ထားကောင်း ထားနိုင်တယ်။ ဒေါက်တာမျိုးသိမ်းကြီး ကတော့ liberal အယူအဆ ရှိတဲ့သူ မဟုတ်ပဲနဲ့ ယခင်အစိုးရရဲ့ ပေါ်လစီတွေကို ဖက်တွယ်ထားတဲ့သူတဦးဖြစ်တယ်လို့ ကျနော်တို့က ယူဆတဲ့ အတွက်ကြောင့် မို့လို့ ရှေ့ဆက် သွားရမယ့် ပညာရေးပြုပြင်ပြောင်းလဲမှု ထဲမှာ အနှောင့်အယှက် အဟန့်အတားတွေ ရှိလာနိုင်တယ်လို့ ယူဆထားပါတယ်။ အဓိက ကတော့ မူ အပေါ်မှာလည်း ကျေန်ာတို့က စဉ်းစားရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ချလိုက်တဲ့ guideline ဟာ ကျနော်တို့ လိုလားတဲ့ တောင်းဆိုချက်တွေနဲ့ ထင်ဟပ်စေတဲ့ ပေါ်လစီ တခု ပေါ်ပေါက်လာနိုင်တယ်ဆိုလို့ရှိရင်တော့ ဒေါက်တာမျိုးသိမ်းကြီး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက် အတိုင်း ဆောင်ရွက် ရမှာဖြစ်ပါတယ်။"

ကျောင်းသားတွေက ပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ဆွေးနွေး တင်ပြခဲ့တာတွေ ရှိပေမဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စိတ်ပျက်ဖွယ် ရလဒ်တွေကိုသာ ရခဲ့တယ်လို့ ကိုကျော်ကိုကိုက ထောက်ပြပါတယ်။

" ဦးသိန်းစိန်အစိုးရရဲ့ ပေါ်လစီက ကျနော်တို့ တောင်းဆိုတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့ ပေါ်လစီတခုမဟုတ်ခဲ့ပါဘူး။ သူ့လက်ထက်မှာ ပညာရေး ကိစ္စကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ခြင်း မရှိပဲနဲ့ ဖြစ်ကတက်ဆန်း ပြီးစလွယ် အမျိုးသားပညာရေးဥပဒေတခုကိုပဲ လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ကို တက်သုတ်ရိုက်ပြီး ဆောင်ရွက် သွားတာ ကို တွေ့ရပါတယ်။ လေးပွင့်ဆိုင် ကတိကဝတ်တွေကိုလည်း အပြင်းအထန် ချိုးဖောက်ခဲ့တာကို တွေ့ရတယ်။ အဲ့ဒီ့တော့ ဦးသိန်းစိန်လက်ထက်မှာ ကျနော်တို့ ရရှိခဲ့တာက စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေပဲ တွေ့ခဲ့ရတာပါ။

ဒါကြောင့်လဲ အမျိုးသားပညာရေးဥပဒေအတွက် မကြာခင်မှာ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ သူတို့အနေနဲ့ ပြင်ဆင်ကြလိမ့်မယ်လို့ ဗကသ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်ကပြောပါတယ်။

" အမျိုးသားပညာရေးဥပဒေ ပညာရေးစနစ်ကောင်းမွန်ဖို့ ကျနော်တို့အနေနဲ့ ဆက်ပြီး လုပ်စရာရှိတာတွေကတော့ လုပ်သွားရမှာ။ ဒါပေမဲ့ ဘယ်လိုပုံစံလုပ်မယ်။ ဘယ်လိုပုံစံနဲ့ အပြောင်းအလဲကို ဖြစ်အောင် ချဉ်းကပ်မလဲဆိုတာတော့ အခုလွတ်လာတဲ့ ကျောင်းသားတွေ စည်းဝေးတိုင်ပင်ပြီးမှ တိတိကျကျ ပြောနိုင်မယ်လို့ ကျနော်ထင်ပါတယ်။"

ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာ တက္ကသိုလ်ကျောင်းထဲ ကျောင်းသား သမဂ္ဂတွေ ပေါ်ပေါက်လာရေးဟာ အဓိကကျကြောင်း ကိုကျော်ကိုကိုက သုံးသပ်ပါတယ်။

" ကျနော်တို့ တောင်းဆိုတဲ့ ၁၁ချက်မှာလည်း အရေးကြီးတဲ့အချက်တွေ ၃၊ ၄ ချက်ရှိပါတယ်။ ကျောင်းသားသမဂ္ဂ တက္ကသိုလ်တိုင်းမှာ တရားဝင် ရပ်တည်ခွင့် ရရှိရေးဆိုတဲ့ အချက်က ကျနော်တို့အတွက်က အသက်တမျှ အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီတောင်းဆိုချက်ကို ရရှိဖို့ ၁၉၆၂ခုနှစ် ကျောင်းသား သမဂ္ဂတွေကို မတရား ဖျက်သိမ်းခံရတယ် သွေးချောင်း စီးအောင် သတ်ဖြတ်ခံရတဲ့ ကြားထဲကနေပြီး နှစ်ပေါင်း ၆၀ ကျော် ကျောင်းသားသမဂ္ဂကို တောင်းဆိုခဲ့တာပါ ။ ဒီအချက်က အရေးကြီးဆုံးပါ။

ဒုတိယအချက်ကတော့ ပညာရေးစနစ်ကြီး တခုလုံးကို အောက်ခြေ အမြစ်ကနေပြီးတော့ စတင်ပြောင်းလဲနိုင်ဖို့အတွက်ကို ပညာရေး ဘတ်ဂျက်တွေကို ကျနော်တို့ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျန်တာကတော့ အခမဲ့ပညာရေးစနစ် ရရှိလာဖို့ ဆိုတာကို ထပ်ပြီးတော့ တတိယနေရာမှာ ထားပြီး တောင်းဆိုပါတယ်။ တဖြေးဖြေးချင်း ဆက်လက်ပြီးတော့ အဆင့်တိုးမြှင့်ပြီးတော့ တောင်းဆိုသွားမယ်လို့ ကျနော်တို့ ယူဆပါတယ်။"

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဖမ်းခံရသူတွေထဲ ပညာရေး ဥပဒေပြင်ဆင်ဖို့ တောင်းဆိုဆန္ဒပြခဲ့သူ အများစု ပြန်လွတ်လာပြီ ဆိုပေမယ့် တရုတ် သံရုံးရှေ့ဆန္ဒပြမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင် တို့လို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကတော့ ပြန်မလွတ်သေး တာကြောင့် သူတို့လို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကိုလင်းထက်နိုင်က တောင်းဆိုလိုက်ပါတယ်။

" နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေပါသေးတယ်။ အဲ့တော့ အစိုးရသစ်အနေနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ဒါကို ဆက်ပြီးတော့ တိုက်တွန်း တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသား မရှိခြင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အများကြီးတက်စေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပေတံအရ လည်း နိုင်ငံရေး အကျဉ်းသား ရှိခြင်း၊ မရှိခြင်းနဲ့ တိုင်းတာမှုတွေ လုပ်လို့ရတဲ့အခါကျတော့ အမြန်ဆုံးလွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုချင်ပါတယ်။ "

NLD အစိုးရ လက်ထက် ပထမဆုံးလွတ်ငြိမ်းချမ်းသာခွင့်အရ ဧပြီလ(၈)ရက်နေ့ မှာ နိုင်ငံရေးအကျဉ်းသား ၉၀ ပြန်လွှတ်ပေး လိုက်ပြီဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၁၂၁ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ တက်ကြွ လှုပ်ရှားသူ ၄၁၄ ဦးရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA

 farmers-press-shan-state-620.jpg ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ကယားပြည်နယ် လွိုင်ကော်မြို့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ဧပြီလ ၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Nay Thwae/ RFA

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ထဲက ဧက ၁၀၀ ကိုသာ ပြန်ပေးမယ်လို့ တပ်မတော်က ပြောထားတဲ့အတွက် အားလုံးပြန်လည်ပေးအပ်ဖို့ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူ ကိုအောင်မျိုးခန့် က အခုလို ပြောပါတယ်။

"အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ညွှန်ကြားချက်နဲ့ မညီပဲနဲ့ ဧကတချို့တစ်ဝက်ကိုပဲ စွန့်လွှတ်မယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ အနေနဲ့ တပ်ပိုင်းဆိုင်ရာ အထက်ပုဂ္ဂိုလ်တွေပေါ့၊ ကာကွယ်ရေးဦးစီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပြန်လည်သိရှိအောင်၊ အရေးတယူပြန်လည်ဆောင် ရွက်အောင် အောက်ခြေတပ်ရင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးစေအောင် ကျနော်တို့ တင်ပြထုတ်ဖော်သွားဖို့ ရှိပါတယ်၊ အောက်ခြေတပ်အနေနဲ့ အထက်ကညွှန်ကြား ထားတာကို လိုက်နာခြင်းမရှိပဲ ဧကတချို့တစ်ဝက်ကိုပဲ စွန့်လွှတ်မယ်ဆိုရင် ကျနော်တို့က ကန့်ကွက်ဆန္ဒပြတောင်းဆိုတာတွေရှိမှာပါ"

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က မိုးဗြဲ - ဖယ်ခုံပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ မိုးဗြဲမြို့ခံတွေရဲ့ လယ်ယာမြေဧက ၁၃၀၀ ကျော်ကို တပ်စခန်း တည်ဆောက်ရေး အတွက်ဆိုပြီး အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူခဲ့တာလို့ ပြောပါတယ်။

တပ်စခန်းဆောက်လုပ်ပြီးနောက် ပိုနေတဲ့ မြေဧက ၂၀၀ ကျော်မှာ တောင်သူတွေကို ၂၀၁၁ ခုနှစ်အထိ သီးစားငှားရမ်းလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့မှာတော့ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အဲဒီမြေဧက ၂၀၀ ကျော်ကို တောင်သူတွေဆီ ပြန်ပေးဖို့ ညွှန်ကြားခဲ့တာဖြစ်တယ် လို့ တောင်သူတွေက ပြောပါတယ်။
RFA