04/16/16

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်
ပြောကြားမည့် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားကို ဧပြီ ၁၇ ရက် (မြန်မာနှစ် သစ်ကူးနေ့)နံနက် ၇ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီနှင့် ည ၈ နာရီ သတင်း အပြီးတို့တွင် MRTV News Channel နှင့် မြန်မာ့ အသံ ရေဒီယို အစီအစဉ်တို့မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး (သက်တော် ၉၅၊ သိက္ခာတော် ၇၅ဝါ)သည် ယနေ့မနက်တွင် လွန်တော်မူလေပြီ။

ဆရာတော်ဘုရားကြီးကား စစ်အာဏာရှင်များလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ကပ်လှူသော ဆွမ်းကို မစားရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ ပင့်ဖိတ်မှုကို လက်မခံရန် စစ်အာဏာရှင် ထောက်လှမ်းရေးများမှ အကြိမ်ကြိမ် ဖိအားပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကပ်လှူသောဆွမ်းကို စားမြဲစားခဲ့၏။

စစ်အာဏာရှင်များလက်ထက်တွင် ပြည်ပခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပင့်ဖိတ်မှု တိုက်ဆိုင်ခဲ့သော် ပြည်ပခရီးစဉ်ဖျက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့သာ ကြွခဲ့၏။

စစ်အာဏာရှင်များရဲ့ ဖိအားပေးမှုကြောင့် အခြားနာမည်ကြီးဘုန်းကြီးများ ဒေါ်အောင်ဆန်းစုကြည်အား စွန့်ခွါခဲ့ချိန်တွင် ရွှေတောင်ကုန်းဆရာတော်ကြီးကား ဒေါ်အောင်ဆန်းစုကြည်ကို စွန့်ခွါတော်မမူခဲ့။

ဆရာတော်ကြီးကား ဒေါ်အောင်ဆန်းစုကြည်၏ တရားပြဆရာတော်ကြီးလည်း ဖြစ်၏။

ဆရာတော်ဘုရားကြီး လွန်တော်မူခြင်းကား မြန်မာနိုင်ငံသားတို့အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးသာ ဖြစ်ပါပေတော့၏။

ဆရာတော်ဘုရား ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ကို စိတ်ချပြီဖြစ်လို့ စွန့်ခဲ့တော့ပါလားဘုရား။

ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် တည်မြဲမှုမရှိ၊ အနိစ္စ ဒုက္ခ အနတ္တချည်းသာဖြစ်၏ဟု သိပါသော်လည်း ဖြည်မဆည်နိုင်အောင် ဝမ်းနည်းပူဆွေးရပါသည်ဘုရား။

ရွှေတောင်းကုန်းဆရာတော်ဘုရားကြီးအား ရှိခိုးဦးခိုက်ပါ၏။ (မိုးသု-မန္တလေး)

ကချင်ပြည်နယ် ဖားကန့်မှာ မူးယစ်ဆေး သုံးစွဲနေသူများ။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဘိန်းခင်းတွေဘိန်းခင်းတွေ
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ပိုများလာပြီး HIV ရောဂါစွဲကပ်ကြတဲ့ လူနာ အရေအတွက် ဟာ မြန်မာနိုင်ငံတွင်း အခြားပြည်နယ်နဲ့ တိုင်းတွေထက်စာရင် ကချင်ပြည်နယ်မှာက ပိုများနေသလို အရှေ့တောင်အာရှဒေသ ထဲမှာလည်း ကချင်ဒေသက HIV ဝေဒနာသည်အရေအတွက်က ပိုများနေကြောင်း ၀ါရှင်တန်ဒီစီအခြေစိုက် Transnational Institute (TNI) အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မူးယစ်ဆေးသုံးစွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိန်းမရ နိုင်အောင် တိုးပွားလာကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ဘိန်းစွဲနေသူများ
အရင်စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါးပြသနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိတာ ကြောင့်လဲ အခုလို မူးယစ်ဆေးသုံးသူတွေ ပိုပြီးသေဆုံးနေရတယ်လို့ TNI အစီရင်ခံစာကဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးနေရသူ အရေအတွက် ပိုများနေကြောင်း TNI အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Nick Buxton ကပြောပါတယ်။

"မူးယစ်ဆေး သုံးစွဲမှုကြောင့် သေဆုံးသူ ပိုများနေပြီး ၊ မူးယစ်ဆေးကြောင့်ဖြစ်လာရတဲ့ HIV ဝေဒနာကြောင့် ကချင်ပြည်နယ်တွင်း သေဆုံးရသူဦးရေဟာ ကချင်ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ ဦးရေထက်ပိုများနေတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။"

pat jasan လူထုအခြေပြု ဘိန်းခင်းဖျက်အဖွဲ့ 
ကချင်ပြည်နယ်တွင်း မူးယစ်ဆေးစွဲတဲ့ ပြဿနာကို အရင်အစိုးရတွေက သေချာဖြေရှင်း မပေးတာကြောင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အဖွဲ့ဝင်တွေ ကမကထပြုပြီး “ပတ်ဂျဆန်”ဆိုတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ကိုယ်ထူကိုယ်ထ ထူထောင်ခဲ့ ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ မူးယစ်ဆေးစွဲသူတွေကို ဖမ်းဆီးတာမျိုး ဆေးပြတ်အောင် ကုသပေးတာမျိုး တပိုင်တနိုင်လုပ်နေပေမယ့် ကချင် ပြည်နယ်တွင်းက မူးယစ်ဆေးပြဿနာကိုတော့ အပြီးအပြတ် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဘိန်းဖျက်ဖို့အသွား
အရင်အစိုးရအဆက်ဆက်ဟာ မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်တယ်ဆိုပေမယ့် မူဝါဒနဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်း မှားယွင်းနေတာကြောင့် မူးယစ်ဆေး သုံးစွဲသူတချို့နဲ့ အသေးစား မူးယစ်ဆေးအရောင်းအ၀ယ် သမားတွေကို နှိမ်နင်းနိုင်တာမျိုးလောက်သာ လုပ်နိုင်ခဲ့တယ်လို့ TNI အဖွဲ့ကပြောပါတယ်။ ဒါ့ကြောင့် အခု အသစ်တက်လာတဲ့ NLD အရပ်သားအစိုးရသစ် လက်ထက်မှာ ပိုပြီးထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိဖို့လိုတယ်လို့ TNI အဖွဲ့ကတောင်း ဆိုလိုက်ပါတယ်။

"ဒေသတွင်းက ပြည်သူ့စစ်အဖွဲ့တွေကို အဓိပစ်မှတ်ထားပြီး မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းဖို့လိုပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ အဖွဲ့ ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေးထုတ်လုပ်ရောင်းချမှုတွေမှာ ပါဝင်ပတ်သက်နေတာ တွေ့ရလို့ပဲ ဖြစ်ပါတယ်။ နောက်တပိုင်းကတော့ မူးယစ်ဆေး အန္တရာယ်ကြုံနေရတဲ့ အခြားတိုင်းပြည်တွေမှာ မူးယစ်ဆေးစွဲသူတွေနဲ့ စိုက်ပျိုးသူတွေကို ဖေးမကူညီတဲ့ အစီစဉ်တွေ အလေးပေး ဆောင်ရွက်နေကြသလို၊ အကြီးစား မူးယစ်ရာဇာဂိုဏ်းတွေကို အဓိကပစ်မှတ်ထားပြီး ချေမှုန်းနေကြပါတယ်။ ဒီနည်းတွေက အောင်မြင်မှု ပိုရ နေတာတွေ့ရပါတယ်။"

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်တဲ့ လုပ်ငန်းတွေ ကြား အဆက်အစပ်ရှိနေတာ ကို လေ့လာတွေ့ရတယ်လို့လည်း TNI ရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မူးယစ်ဆေးရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ စိုက်ပျိုး ထုတ်လုပ်သူ အဓိကအရင်းအမြစ်တွေကို နှိမ်နင်းနိုင်မှသာ မြန်မာအစိုးရသစ်အနေနဲ့ အောင်မြင်မှုတွေ ရနိုင်မှာဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှုထိန်းချုပ်ရေး UNODC အဖွဲ့ရဲ့ လွန်ခဲ့တဲ့နှစ်တွေအထိ စာရင်းအရ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ဘိန်းဖြူအထွက်ဆုံး နိုင်ငံလဲဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။
အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကနေ နှစ်စဉ် TIME 100 ဆိုပြီး နယ်ပယ် အသီးသီး က ဩဇာညောင်း လွှမ်းမိုး နိုင်သူ အယောက် ၁၀၀ စာရင်း ကို အယ်ဒီတာ အဖွဲ့က တရားဝင် မထုတ်ပြန်ခင် ပြုလုပ် မြဲ ဖြစ်တဲ့ စာဖတ်သူတွေ အကြိုက် ရွေးချယ် ကြတဲ့ စာရင်း ထဲ ဒေါ်အောင်ဆန်းစုကြည် က နံပါတ် ၃ နေရာ ချိတ် ပါတယ်။

၂၀၁၁ တုန်းကတော့ လူအများရဲ့ ရွေးချယ် မှု မှာ ဒေါ်အောင်ဆန်းစုကြည် က နံပါတ်တစ် နေရာ ရခဲ့ ပေမယ့် အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

နယ်ပယ် အသီးသီး က သူတွေ ကို အများ က စိတ်ကြိုက် ရွေးကြတဲ့ ပွဲ ဖြစ်လို့ ခေတ်ရေစီး အလိုက် သန်ရာ သန်ရာ မဲ ပေး ကြတာ ကနေ အခုလို နံပါတ် ၃ နေရာ ရ နိုင်အောင် သန်း နဲ့ချီ တဲ့ လူတွေ ဆီက မဲ ရခဲ့တာ ဖြစ်တယ်လို့ မဲပေးဖို့ ဆော်ဩ ခဲ့သူ လည်း ဖြစ်တဲ့ ဂျပန် နိုင်ငံ အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အများက မဲ ပေး ရွေးတဲ့ စာရင်း မှာ မစ္စတာ ဆဲန်ဒါးစ် ရဲ့ နောက် ဒီနှစ် အတွက် ဒုတိယ နေရာ မှာ ရှိနေတာ ကတော့ တောင်ကိုရီးယား က ခေတ်ပေါ် ဂီတဝိုင်း ကေပေါ့ပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ Big Bang ပဲ ဖြစ်ပါတယ်။

TIME 100 စာရင်း ကတော့ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ရဲ့ သီးသန့် ရွေးချယ်မှု ဖြစ်ပြီး၊ ဘယ်သူတွေ ပါဝင် သင့် သလဲ ဆိုတာ ကို ယခင် အယောက် ၁၀၀ စာရင်းဝင် တွေ နဲ့ နိုင်ငံတကာက တိုင်းမဂ္ဂဇင်း ကလောင်ရှင် တွေက အကြံ ပြုကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/burma/2016/04/160415_time_100_dassk

ပြိုကျခဲ့တဲ့ နေအိမ်အဆောက်ဦး အပျက်စီးပုံထဲကနေ ကလေးငယ် တယောက်ကို ကယ်ထုတ်လာတာကို ရုပ်သံကပြသနေ။
ဂျပန်နိုင်ငံ တောင်ပိုင်းမှာ စနေနေ့ မနက် အစောပိုင်းက ဒုတိယ အကြိမ် အားပြင်း ငလျင် ထပ်ပြီး လှုပ်ခတ်ခဲ့တာမို့ အာဏာပိုင်တွေက ဆူနာမိ သတိပေးချက် ချက်ချင်း ထုတ်ပြန်လိုက်ပေမယ့် နောက်ပိုင်းမှာ ပြန်ပြီးရုပ်သိမ်းခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် တနာရီ ၂၅ မိနစ်မှာ Kumamoto မြို့နားမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ် ခဲ့တာလို့ USGS အမေရိကန် ဘူမိစူးစမ်းရေးအဖွဲ့က ပြောပါတယ်။

ကြာသပတေးနေ့က တိုကျိုမြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀၀ လောက် အကွာမှာရှိတဲ့ ကျူရှုးကျွန်းပေါ်က မြို့အနီးမှာ ပြင်းအား ၆.၅ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာပါ။ ဂျပန်မိုးလေဝဿ ဌာနက ကျူးရှုး အနောက်ဖက် ကမ်းရိုးတန်းအတွက် ဆူနာမိသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာမှာ ပုံမှန်ပြန်ဖြစ်စေဖို့ ဒေသခံတွေက လုပ်ဆောင် နေသလို ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သားတွေက အပျက်အစီးပုံတွေထဲ မှာ ရှာဖွေကယ်ဆယ်ရေး အတွက် ကြိုးစား နေတုန်းမှာပဲ အခုလို နောက်တချီ ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ မမျှော်လင့်ပဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတော့ ၈၀၀ ကျော်ရှိနေပါတယ်။ ဒီငလျင်ဒဏ်သင့်တဲ့ ဒေသ ပြန်လည် ထူထောင်ရေး အတွက် ရဲ ၂၀၀၀ လောက်နဲ့ မီးသတ်သမား ၁၃၀၀ အပြင် စစ်သား ၁၆၀၀ လည်း ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ အစိုးရ ပြောခွင့်ရ Yoshihide Suga ကပြောပါတယ်။

ပြိုကျခဲ့တဲ့ နေအိမ်အဆောက်ဦး အပျက်စီးပုံထဲကနေ ကလေးငယ် တယောက်ကို ကယ်ထုတ်လာတာကိုတော့ ရုပ်သံတွေမှာ ပြသနေပါတယ်။ ကြာသပတေးနေ့ က ပြင်းအား ၆.၅ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးချိန်က စလို့ နောက်ဆက်တွဲ ငလျင်ပေါင်း တရာကျော် ထပ်ပြီး လှုပ်ခဲ့တာပါ။

နေအိမ်တွေက ထွက်ပြေးလာခဲ့ကြပြီး ယာယီစခန်းတွေမှာ ညဖက် လာရောက်နားခိုတဲ့ ဒေသခံက ၄ သောင်း ၄ ထောင်လောက်ရှိတယ်လို့ Kumamoto မြို့က တာဝန်ရှိသူတဦးက ပြောပါတယ်။ တချို့နေရာတွေ မှာ ရေပေးဝေမှု ပြတ်တောက် ခဲ့တာမို့ ဒေသခံတွေဟာ သူတို့ အိမ်တွေမှာသုံးဖို့ ရေကို အဲဒီမှာရှိတဲ့ ရုံးတွေကနေ ယူကြရတာပါ။

ပထမ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ ဂျပန်မှာ လည်ပါတ်နေတဲ့ တခုတည်းသော နျူကလီယာဓါတ်အားပေးစက်ရုံရဲ့ အရှေ့မြောက်ဖက်က ကီလိုမီတာ ၁၂၀ လောက်အကွာမှာ လှုပ်ခဲ့တာလို့ ပြောခွင့်ရ Suga ကပြောပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၁ ငလျင်နဲ့အတူ ဆူနာမိရေလှိုင်းတွေရဲ့ ဒဏ်ခံရပြီးတဲ့နောက်မှာ နျူကလီယား ဓါတ်ပေါင်းဖို အများစုကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://burmese.voanews.com

ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ်။
ဂျပန်နိုင်ငံ ကူမာမိုတို မြို့အနီးမှာ ပြင်းအား ပမာဏ ၇.၁ ရှိတဲ့ အင်အားပြင်းထန်တဲ့ ငလျင် တစ်ခု ထပ်မံ လှုပ်ခတ် ခဲ့ပြန် ပါတယ်။

ကြာသာပတေး နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပဲ ၂၄ နာရီ ကျော်ကျော်လေး အတွင်းမှာ ဒုတိယ အကြိမ် ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကူမာမိုတို မြို့ပေါ်မှာ အတော်လေး အထိခိုက် အပျက်အစီး များပြားပြီး အဆောက်အဦတွေ ပြိုကျ ခဲ့သလို၊ နေရာ တချို့မှာ မီးလောင် နေပြီး၊ ဆေးရုံ လည်း ထိခိုက် သွားတဲ့ အတွက် လူနာ တွေကို ကယ်ထုတ် ခဲ့ရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ဒီတစ်ခေါက် ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ကြပါတယ်။

နေအိမ်တွေက နေ ကယ်ထုတ် လလာခဲ့ရတဲ့ ထောင်နဲ့ ချီတဲ့ လူတွေဟာ တချို့လည်း စောင်တွေ ခြုံရင်းသား လမ်းမပေါ်တွေ၊ ပန်းခြံတွေ မှာ ထိုင်နေကြတာ ကို ရုပ်မြင်သံကြား မှာ တွေ့နေ ရပါတယ်။

အဆောင်အဦတွေထဲ ပိတ်မိနေကြတဲ့ သူတွေ လည်း ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

အခု ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ် ခဲ့ပါတယ်။

ငလျင်ကြောင့် ဘယ်လောက် အတိုင်းအတာထိ ထိခိုက် ပျက်စီး သွားသလဲ ဆိုတာကို အတိတကျ သိနိုင်ဖို့ အစိုးရက ဆောင်ရွက် နေတယ် ဆိုပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရွှေသံလွင်ကျော်ဝင်းဆိုတာ
စစ်အစိုးရအကြောင်းကို အပါးနပ်ဆုံး
ခရိုနီလို့ပြောလို့ရတယ်..

ဦးတေဇ ဦးဇော်ဇော်တို့ ခေတ်မရောက်ခင်
ဦးဌေးမြင့်၊ ဦးအောင်ကိုဝင်း၊ ဦးခင်ရွှေခေတ်ကတည်းက
စစ်ဗိုလ်ချုပ်တွေကို ကပ်ပြီး လုပ်ပိုင်ခွင့်တွေ
လူမသိသူမသိယူခဲ့တာ..

နောက်ပိုင်း တစ်ခြားခရိုနီတွေက
သယံဇာတတွေကိုစိတ်ဝင်စားပြီး
စားခွက်လုနေချိန်မှာ..
သူက ဘယ်သူမှမဦးသေးတဲ့
မီဒီယာလောကကို မျက်စိကျလာပြီး
ပါးပါးနပ်နပ်နဲ့ Sky Net ကိုထူထောင်ပြီး
မီဒီယာလောကကို ဖမ်းထိမ်းလိုက်တယ်..
ဒါတောင် သူနဲ့ပြိုင်ဖက်ရှိသေးတယ်..

ပြီးတော့..
Digital Satellite Broadcasting တွေ
ခေတ်ကောင်းလာတဲ့အချိန်မှာ..
နိုင်ငံတကာ အဆင့်မီ ဂြိုလ်တုရုပ်သံ
လိုင်းတစ်ခုကို အပြင်း အထန်ဦးပြီး
Studio မျိုးစုံထူထောင်လို့..
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းနဲ့
ပေါင်းပြီး လုပ်စားပါတော့တယ်..

အဲဒီတုန်းက ပြန်ကြားရေးနဲ့ပေါင်းစားလို့
ပြန်ကြားရေးကိုသွင်းရမဲ့ အခွန်ရာခိုင်နှုန်းတွေ
နည်းလွန်းလို့တောင် ပြည်သူ့ပါးစပ်မှာ
ပြောစမှတ်ဖြစ်ရပါသေးတယ်..
ဒါပေမဲ့ သူက အားသာသွားခဲ့တယ်..
ကုန်လဲအကုန်ခံနိုင်တာကိုး..

လွပ်လပ်တဲ့ ဂြိုလ်တုအသံလွင့်ရုပ်သံ
ပိုင်ရှင်နာမည်ခံပေမဲ့ အဲဒီတုန်းက
ဦးသိန်းစိန်အစိုးရဘက်ကနေလိုက်ပြီး
လူထုခေါင်းဆောင်သတင်းတွေကို
ဘာသတင်းမှ ထည့်ခြင်းမရှိတာကိုလဲ
တွေ့ရတယ်..

ဦးသိန်းစိန်လက်ထက်မှာလဲ..
ဦးသိန်းစိန်ဘယ်သွားသွား..
အထူးပြန်ကြားရေးအဖွဲ့ပုံစံမျိုးနဲ့
လိုက်ခွင့်ရတဲ့အထိ ဦးသိန်းစိန်
အစိုးရနဲ့နီးစပ်ခဲ့ပါတယ်..

ပြန်ကြားရေးဝန်ကြီးဦးရဲထွတ်လက်ထက်မှာ..
အားလုံးသိတဲ့ ရေကူးအသံလွှင့်ရုံနေရာကြီးကို..
ရွှေသံလွှင်ထံ လုပ်ပိုင်ခွင့်ပေးခါနီး..
မီဒီယာအချို့အဖွမြန်တဲ့အတွက်..
ဂွင်အကြီးကြီးလက်လွှတ်လိုက်ရတယ်..

တခြားခရိုနီတွေသယံဇာတတွေကို
ခွက်စောင်းခုတ်ရင်းနဲ့ သယံဇာတာတွေ
ကုန်နေချိန်မှာ..
သူကတော့ တခြားခရိုနီတွေနဲ့နှာတစ်ဖျားသာပြီး
ဖျော်ဖြေမှုနဲ့ လှိုင်းနှုန်း( Signal) တွေကို
လစဉ် ပြည်သူကို ရောင်းစားနေတဲ့..
သူဌေးအဖြစ် တိုးတက်သွားခဲ့တယ်..
လစဉ်ပုံမှန်ဝင်ငွေဟာ..
ခန့်မှန်းလို့မရတော့ဘူး..

သူ့ရုပ်သံလွှင့်မှုကနေရတဲ့င်ငွေနဲ့
ပြည်သူတွေဆောင်တဲ့..
လစဉ် charges ငွေတွေရဲ့
အ၀င်အထွက်စာရင်းဟာ..
သူ့ကုမ္မဏီရဲ့ဒေတာဘေစ့်တွေထဲမှာပဲ
ရှိတဲ့အတွက်..
အစိုးရကိုအခွန်ဆောင်ရင်တောင်
ဆောင်ရမဲ့ စာရင်းကိုကစားခွင့်ဟာ
သူ့လက်ထဲမှာပဲ အပြည့်အ၀..
ရှိနေပါတယ်..
တစ်လတစ်လ နည်းမှမနည်းပဲ..

ဒါ့ကြောင့်လဲ အရင်အစိုးရနဲ့ပြန်ကြားရေးကို
အပီအပြင်ဖါးနေလုပ်ပေးနေခဲ့တာဖြစ်ပါတယ်

ဒါပေမဲ့ သူ့ရဲ့ Sky net စနစ်ကိုပြည်သူတွေ
အဆင်ပြေတဲ့ ဈေးနှုန်းကို ရောက်အောင်
လျော့တာတွေကျတော့..
သိသိသာသာ ဘာမှလုပ်မပေးပဲ..
ရူးချင်ယောင်ဆောင်နေတဲ့အတွက်
ပြည်သူအများစုဟာ..
Sky Net ကို အံကြိတ်ပြီးကြည့်နေပါတော့တယ်..

လက်ရှိအနေအထားအရ..
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ယှဉ်ရင်ကို
စက်ပစ္စည်းတွေ ခေတ်မှီပြည့်စုံပြီး..
တိုက်ရိုက်ထုတ်လွှင့်ဖို့ နဲ့ ဆက်တင်နေရာနဲ့
ပစ္စည်းတွေ လုပ်ပိုင်ခွင့်တွေက
အလုံအလောက်ရှိနေတဲ့အတွက်..

အခုအစိုးရဟာလဲ..
သူ့ကိုပဲအားကိုးမယ်ဆိုတာ..
ယုံကြည့်နေပုံပါပဲ..

အဲဒါကြောင့်လဲ..
တစ်ချို့နေရာတွေမှာ..
အထာကိုင်ပြီး အကြောတင်းနေတာကို
သိသိသာသာတွေ့ရပါတယ်..

အစိုးရသစ်ရဲ့ပြန်ကြားရေးဝန်ကြီးသစ်အနေနဲ့
မြန်မာ့ရုပ်သံကို အဆင့်အတန်းမြင့်ပြီး
တိုးတက်တဲ့ နိုင်ငံတကာအသိအမှတ်ပြု
ရုပ်သံဌာနကြီးတစ်ခုအဖြစ် ပြောင်းလည်းသင့်သလို..
Sky Net တင်မဟုတ်ပဲ..
တခြား ရုပ်သံလွှင့်ခွင့်လုပ်ကိုင်ချင်တဲ့သူများကိုလဲ
လုပ်ပိုင်ခွင့်ပေးပြီး အပြိုင်အဆိုင် စနစ်နဲ့
စစ်ထုတ်ပစ်သင့်ပါတယ်..

ပြည်သူ သက်သာစွာနဲ့ ကြည့်ရဖို့က
အဓိကပါ..

( Pa Yit)

[youtube src="bEvmDv7DLeg"/]
၈၈အရေးတော်ပုံမှာ အသက်သွေးကြွေးပေးဆပ်ခဲ့ရတဲ့ သူတွေက လူသေပေမဲ့ သူတို့ရဲ့ ၀ိညဦ်တွေက လွှတ်တော်ထဲမှာရောက်နေပြီးအမတ်များရဲ့ထိုင်ခုံအောက်မှာ ငြိမ်ငြိမ်ကလေးထိုင်နေကြတယ်..၀ိညဦ်တွေက တချက်တချက်ထထလုပ်ကာ အစိတ်သားတွေအားလုံးအားလုံး မတ်တပ်ရပ်ကာ သရဲခြောက်ကာ ..၀ိညဦ်တွေကခြောက်လွှတ်လိုက်တော့ အစိမ်းတွေလည်းထိုင်နေရာက အားလုံးစုပြီး ၀ုံးကနဲထရပ် သရဲခြောက်တာ.
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ သင်္ကြန်သံချပ်ပြိုင်ပွဲမှာ မနေ့ညက သင်္ကြန် ပထမအကြတ်နေမှာ ဦးမေတ္တာဦးစီးတဲ့ သာဓုပါဗျာ သံချပ်အဖွဲ့က လာရောဖျော်ဖြေခဲ့ပါတယ်။ ဒီသံချပ်ဖျော်ဖြေရာမှာ ဦးဗေလုဝလည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

ရိုက်ကူး - ကျော်ထွန်းနိုင်၊ ကျော်လွင်ဦး/RFA


အမှောင်ခွင်းလို့ အာရုံကျင်းပြီဆိုတာနဲ့ ဒေါင်းဖန်ဝါသူရိန်နေမင်းကြီးဟာ အရှေ့အရပ်ကနေထွက်ပြူရင်း သူ့ ခန္ဓာကိုယ်က နေခြည်ငွေပန်း ရောင်စဉ်တန်းတွေစေလွှတ်ပြီး လောကတခွင်ကို အလင်းဆောင်မြဲပါဘဲ။ အဲ့ဒီလိုပါဘဲ မြန်မာ့နိုင်ငံရေးလင်းအာရုဏ်ဦးမှာ ပြည်သူအများစုက ဘ၀ပေးအသိနဲ့  တခဲနက်ပုံအောမဲပေးခဲ့ကြ လို့ အရပ်သား အစိုးရတရပ်ကို နှစ် (၅၀) ကျော်အတွင်းမှာ ပထမဆုံးအနေနဲ့ ဖွဲ့ စည်းထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရဟာ သူတို့ ရဲ့အရင်းခံ အမှန်တရားကိုမြတ်နိုးမှု့ဆိုတဲ့ ဂုဏ်ရှိန်အလင်းရောင် နဲ့ စစ်အာဏာရှင် အမှောင်ခေတ်ထဲပိတ်လှောင်ခံခဲ့ရလို့  အလင်းရောင်ငတ်မွတ်နေရတဲ့ ပြည်သူလူထုထံကို အလင်းဆောင်လို့ နေပါပြီ။

စစ်ဖိနပ်သံခွာအောက်မှာရာစုနှစ်ဝက်ကျော၊် သေလုမျှောပါးရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေအပေါ်မှာ ခေတ်ဆိုးခေတ်ပျက်ကြီးက သက်ရောက်ကူးစက်ခဲ့တဲ့ဆိုးကျိုးတရားမြောက်များစွာ ရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေထဲမှာ တာဝန်မဲ့ပြုမူပြောဆို၊ နေထိုင်ရယူအခွင့်ထူးခံလိုတဲ့ အချောင်သမားစိတ်ဓါတ် ဟာ မြွေဆိုး တကောင်ထက်အဆိပ်ပြင်းပါတယ်။ ကျွန်တော်တို့ ရဲ့အနာဂါတ်တွေကို အဆိပ်သင့်အောင်၊ ဒီမိုကရေစီခရီးကို လမ်းလွဲအောင်ပြုနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးလှပါတယ်။

ပြည်သူတွေအလိုမတူ၊မကြည်ဖြူမှန်းသိလျှက်နဲ့ သေနပ်တွေမောင်းတင်၊ ကောင်းကင်တောင် ထောင်မပစ်ဘဲ နှလုံးသားကိုမှတည့်တည့်ပစ်ပြီး အာဏာယစ်မူးခဲ့တဲ့စစ်ဗိုလ်ချုပ်ကြီးတွေကစလို့ ကိုယ့်တာဝန်ကိုယ်မယူဘဲ အခွင့်ထူးခံ အချောင်နှိုက်ခဲ့ကြတော့၊ အောက်ခြေနင်းပြားဆင်းရဲသားအဆုံး၊ တစ်တိုင်းတစ်ပြည်လုံး အုန်းအုန်း ကြွက်ကြွက် မိုးခါးရေကိုသောက်သုံးပျော်ပါး ရမ်းကားခဲ့ကြတာမဟုတ်လား။

ရုပ်ပိုင်းပျက်ဆီးမှု့ထက် စိတ်ဓါတ်ပျက်ဆီးမှု့က ပိုကြောက်စရာကောင်းတယ်။ စစ်အာဏာရှင်တွေဟာ တာဝန်မဲ့ အချောင်သမားစိတ်ဓါတ်ကိုစနစ်တကျပျိုးထောင်ခဲ့တယ်။ တိုင်းသူပြည်သားတွေကို၊ ကိုယ့်တာဝန်ကိုမယူရဲ အောင်၊ တာဝန်မဲ့နေတတ်အောင် အလွန်ယုတ်မာတဲ့နည်းလမ်းမျိုးစုံသုံးပြီး နိုင်ငံရေးသားကျောဖြတ်ဖို့ ကျိုးစား ခဲ့တာသမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့တယ်။ နိုင်ငံရေးလုပ်ရင်ဖမ်းဆီးထောင်ချညှင်းပမ်း၊ နိုင်ငံရေးနဲ့  မပတ်သက်ရဲအောင်လုပ်ထားပေမဲ့၊ တဖက်မှာတော့၊ အချောင်နှိုက်တဲ့စိတ်ဓါတ်ကို အကြီးအကျယ်ပျိုးထောင် ပေးခဲ့တယ်။

လူသတ်ဓါးမြတိုက်သူလည်းရာထူးတက်၊ တိုင်းပြည်ဘဏ္ဍာခိုးဝှက်သူလည်းကောင်းစားနိုင်တဲ့ဝန်းကျင်ကို နှစ်ရှည်လများဖန်တီးထားမှတော့၊ တို့ နိုင်ငံလည်းစောရပြည်ဖြစ်ခဲ့တာဆန်းသလား။ ဗြဟ္မစိုရ်တရားတွေ၊ လောကပါလတရားတွေတစ်စတစ်စခမ်းခြောက်လါပြီး၊ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်ဓါတ်တွေ၊ ရရင်ရသလောက်အချောင်ယူမဲ့စိတ်ဓါတ်တွေ၊ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်းကိုရှာစားရတာပါ ဆိုတဲ့ ကိုယ့်တာဝန်ကိုယ်မသိဘဲတာဝန်မဲ့နေလိုတဲ့စိတ်ဓါတ်တွေ၊ မလုပ်မရှုပ်၊ မပြုတ်ဆိုတဲ့ အမှန်တရားကို မျက်ကွယ် ပြုတဲ့စိတ်တွေ၊ အမြီးကျက်ရင်အမြီးစား၊ ခေါင်းကျက်ရင်ခေါင်းစားဆိုတဲ့ ချိုတာလေးတွေ ရွေးစားမဲ့စိတ်ဓါတ် တွေ၊ ရောမရောက်ရင်ရောမလိုကျင့်၊ အများမိုးခါးရေသောက်ရင်လိုက်သောက်ရမယ်ဆိုတဲ့ ဝေလေလေ စိတ်ဓါတ်တွေတို့ တိုင်းပြည်မှာထွန်းကားကြီးစိုးလါခဲ့တာနှစ်ပေါင်း(၅၀)ကျော်ခဲ့တာမဟုတ်လား။

တရားဥပဒေမစိုးမိုးရတဲ့အထဲ၊ အဲ့ဒီလိုစာရိတ္တယိမ်းယိုင်မှု့တွေထွားကြိုင်းလါတော့ ဗမာပြည်တစ်နံတစ်လျှားမှာ တစ်နေ့ ထက်တစ်နေ့ အနိဌာရုံတွေပိုလို့ ပိုလို့ ဗွက်ထလါနေတာမြင်ရသူတိုင်းအတွက်စိတ်မချမ်းသာစရာပါ။ ဒီတော့မြန်မာနိုင်ငံသားတိုင်းကအဲ့ဒီမကောင်းမှု့နဲ့ အနိဌာရုံတွေကွယ်ပျောက်သွားစေဖို့ ၊ အကျင့်ဆိုးစရိုက်ဆိုး တွေဖျောက်ဖျက်ပစ်နိုင်ဖို့ ကိုယ်ကိုတိုင်ဘာလုပ်နိုင်သလဲလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။

ဒီနေရာမှာကြားဖြတ်လို့ ” ကြယ်ငါးပစ်သူ”(The Star Thrower) လို့ အမည်ရတဲ့ ကမ္ဘာကျော်အက်ဆေး တစ်ပုဒ်ကိုမျှဝေခွင့်ပြုပါ။ ဒီအက်ဆေးကိုရေးသားသူက Loren Corey Eiseley(၁၉၀၇~၁၉၇၇) ဖြစ်ပြီး၊ (၁၉၆၉)ခုနှစ်မှာထုတ်ဝေခဲ့တာပါ။ လူတော်တော်များဖတ်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့မဖတ်ဖူးသေးသူ တွေအတွက်တစ်ဆယ့်ခြောက်မျက်နှာရှိတဲ့အက်ဆေးလေးရဲ့အနှစ်သာရကိုစာရေးသူခံစားမိသလိုအောက်ပါအတိုင်းအတိုချုပ်ပြန်လည်ခံစားရေးဖွဲ့ ပေးလိုက်ပါတယ်။

“တစ်ခါတုံးကလူတစ်ယောက်ဟာပင်လယ်ကမ်းခြေတစ်လျှောက်လမ်းလျောက်လါတုန်း၊လူငယ်လေးတစ်ဦးက၊ကမ်းခြေပေါ်တင်နေတဲ့ကြယ်ငါးလေးတွေတစ်ကောင်ပြီးတစ်ကောင်ပင်လယ်ကြီးထဲကြင်နာစွာပြန်ပစ်ထည့်ပေးနေတာမြင်တော့၊လူငယ်လေးထံချဉ်းကပ်ပြီး
“ လူကလေးရေ -ဘာတွေလုပ်နေတာလဲကွာ “လို့ မေးလိုက်သတဲ့
“ ကြယ်ငါးလေးတွေကို ပင်လယ်ထဲပြန်ထဲ့ပေးနေတာပါ၊ ဒီရေကျသွားပြီလေ၊ နေမြင့်လါလို့ မှ ပင်လယ်ထဲပြန်ထဲ့မပေးရင်သူတို့ သေကုန်တော့မှာ “ လို့ လူငယ်လေးကပြန်ဖြေသတဲ့။
အဲ့ဒီအခါ လူကြီးက ဟက်ဟက်ပက်ပက်ရီမောလိုက်ပြီး
“မိုင်ပေါင်းများစွာရှည်လျားတဲ့၊ဟော့ဒီကမ်းခြေကြီးတစ်လျှောက်မှာကြယ်ငါးပေါင်းသိန်းသောင်းချီတင်ကျန်ရစ်နေတာ၊ လူကလေးက တစ်ကောင်နှစ်ကောင်ပြန်ထဲ့ယုံနဲ့ ဘာမှထူးခြားမှာမဟုတ်ပါဘူးကလေးရယ်“ လို့ ပြောသတဲ့။
လူကြီးပြောတဲ့စကားကို ယဉ်ကျေးရည်မွန်စွာနားထောင်ပြီးတဲ့နောက် ကြယ်ငါးလေးတစ်ကောင်ကို ကုန်းကောက်လိုက်ပြီးလှိုင်းလုံးတွေကြားညင်ညင်သာသာလေးပစ်ထဲ့လိုက်တယ်၊
ပြီးတော့လူကြီးကိုအေးချမ်းစွာပြုံးကြည့်လိုက်ရင်း ပြန်ပြောလိုက်တဲ့စကားကတော့
“ အဲ့ဒီကြယ်ငါးလေးအတွက်တော့ထူးသွားမှာဦးဦးရယ် “ တဲ့။ ”

အဲ့ဒီအက်ဆေးထဲကကြယ်ငါးလေးတွေလိုဘဲ၊ စစ်အာဏာရှင် ဒီရေမုန်တိုင်းလှိုင်းလုံးကြီးတွေကြောင့် မြန်မာ့ နိုင်ရေးကမ်းခြေ၊ သဲသောင်တစ်လျှောက်မှာ အားကိုးရာမဲ့အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသား ပြည်သူတွေ၊ မိဘမဲ့ကလေးတွေ၊ မြေအသိမ်းခံလယ်သမားတွေ၊ လစာနဲအလုပ်သမားတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ၊ စောင့်ရှောက်သူမဲ့မိအိုဖအိုတွေ၊ ကျုးကျော်သူလို့ အသတ်မှတ်ခံရပြီး မောင်းထုတ်ခံနေရတဲ့ မရှိဆင်းရဲသားတွေ၊ မြစ်ဆုံစီမံကိန်းနဲ့ အသက်ငင်နေတဲ့ဧရာဝတီ၊ ဆည်ခြောက်ခုစီမံကိန်းနဲ့ ကြိုးတိုက်ထဲကသေမိန့် ကျ သံလွင်မြစ်၊ ပျောက်ကွယ်တော့မဲ့လက်ပံတောင်းတောင်၊ တကောင်းတောင်နဲ့ အခြားခြားသောတောင်ပေါင်းများစွာ၊ ပြုန်းနေတဲ့သစ်တောကြီးတွေ၊ ကောလာတဲ့မြစ်ချောင်းတွေ၊ ထိမ်းသိမ်းသူမဲ့ရှေးဟောင်းအမွေအနှစ်တွေ၊ ကလေးအလုပ်သမားတွေ၊ အသက်စွန့် အမှု့ထမ်းရတာနဲ့ မကာမိအောင်နွမ်းပါးချို့ တဲ့နေတဲ့တပ်မတော်သား တွေ၊ ပြည်သူ့ ရဲတွေ၊ ပညာသင်ကြားခွင့်မရတဲ့ကလေးလုပ်သားတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု့မရသူတွေ၊ အနိုင်ကျင့်ခံရွေ့ ပြောင်းလုပ်သားတွေ၊ လူ့ ငရဲကျခံနေရတဲ့ စစ်ပြေးဒုက္ခ သည်သန်းပေါင်းများစွာစတဲ့ ပြဿနာပေါင်းကုဋေကုဋာဟာ ကြယ်ငါးတွေလိုထုနဲ့ထည်နဲ့ သောင်တင်လို့ နေတာပါ။

ကြယ်ငါးပစ်တယ်ဆိုတာအဆန်းတကြယ်တော့မဟုတ်ပါဘူး။ တကယ်တော့ စာဖတ်ပရိတ်သတ်နဲ့ စာရေးသူ တို့ ကိုယ်တိုင် ကြယ်ငါးတစ်ကောင်အကြိမ်ကြိမ်ဖြစ်ခဲ့ဘူးသလို၊ ကိုယ်ကိုတိုင်လည်းကြယ်ငါးပစ်သူတွေအခါခါ ဖြစ်ခဲ့ဘူးကြပါတယ်။ မိမိပါတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေထဲကအမြင်မတော်တဲ့အရာတွေ၊ မတရားမှု့ တွေ၊ ဒုက္ခရောက်နေသူတွေ၊အကူညီလိုနေသူတွေကို လက်လှမ်းမှီသလောက်၊ ကိုယ်နိုင်သလောက်ကူညီ စောင့်ရှောက်မှု့ပေးခြင်း၊ အမှန်တရားဖက်က ရပ်တည်ကာကွယ်ပေးခြင်း စတာတွေပါဘဲ။

လက်ချောင်းလေးတွေ တောင်အတိုအရှည်မညီသလို၊ လူတစ်ဦးနဲ့ တစ်ဦးဟာစွမ်းဆောင်နိုင်တဲ့ ပမာဏ အတိုင်းတာခြင်းမတူနိုင်ပါဘူး။ နာရေးကူညီမှု့အသင်းက၊ အာဂဗမာကြီးဦးကျော်သူရဲ့ ကြယ်ငါး အထောင် အသောင်းပစ်နိုင်တဲ့စွမ်းရည်မျိုး၊ ကိုယ်မှာမရှိလို့ အားငယ်စရာမလိုဘူး။ သူများတွေလို အများကြီးမလုပ်နိုင် မဆောင်ရွက်နိုင်ပေမဲ့ ကိုယ့်မှာရှိတဲ့ခွန်အားနဲ့ အခြေအနေမပေးတဲ့အပေါ် အားလျှော့စရာအကြောင်းမရှိပါဘူး။ ကိုယ်လုပ်နိုင်သလောက်ကိုသာ စေတနာ အပြည့်နဲ့ လုပ်ဆောင်ခြင်းသာပဓာနပါ။

လူဆိုတာကိုယ်ရောက်ရှိရာ နေရာမှာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ လူ့ အဖွဲ့ စည်းကို တစ်နိုင်တစ်ပိုင်အကျိုးပြု ခြင်စိတ်ရှိပြီး လက်တွေ့ အကျိုးပြုနိုင်ဖို့ ဘဲအရေးကြီးတာပါ။ ကြယ်ငါးတစ်ကောင်ပစ်နိုင်သူကတစ်ကောင်ပစ်၊ ဆယ်ကောင်ပစ်နိုင်သူကဆယ်ကောင်ပစ်ခြင်းဟာ မိမိဖြတ်သန်းနေတဲ့ခေတ်ရဲ့ သမိုင်းဝန်ကို ထမ်းဆောင်ခြင်း မည်ပါတယ်။

စစ်အာဏာရှင်မုန်တိုင်းလှိုင်းလုံးကြီးတွေရဲ့ရိုက်ခပ်မှု့နဲ့ မြန်မာ့နိုင်ရေးသောင်ခုံပေါ်မှာတင်ကျန်ရစ်ခဲ့တဲ့အရာများစွာထဲမှာအထက်မှာပြောခဲ့တဲ့ကြယ်ငါးတွေအပြင် (၂၀၀၈)ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ဝေလငါးကြီး တစ်ကောင်လည်းရှိနေပါတယ်။ ဒီငါးကြီးကိုတော့တစ်ဦးတစ်ယောက်အားနဲ့  ပင်လယ်ထဲကိုပြန်ပစ်ဖို့ မဖြစ်နိုင် ပါဘူး။ လေးပွင့်ဆိုင်နဲ့ မှမပစ်နိုင်ရင်၊ အလပ်သမား၊ လယ်သမား ကျောင်းသူကျောင်းသား၊ တိုင်းရင်းသားမိဘ ပြည်သူ့ အားကိုယူလို့  ညီညီညာညာပြိုင်တူတွန်းချကြဖို့ လိုပါလိမ့်မယ်။

ဒီဆောင်းပါးကိုနိဂုံးသတ်ရရင် ရေစက်ကလေးတွေမြောက်များစွာပေါင်းစပ်ပြီး မြစ်ချောင်းအင်းအိုင်ပင်လယ် သမုဒ္ဒရာတွေဖြစ်လါသလို၊ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့တာဝန်သိမှု့၊ တာဝန်ယူမှု့တွေရဲ့စုပေါင်းစွမ်းအားဟာ မြန်မာနိုင်ငံကိုစစ်ညွှံထဲက ရုန်းထွက်လွတ်မြောက်နိုင်စေတဲ့တန်ခိုးရှိပါတယ်။

ဒါကြောင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ၊ လူတိုင်းစေ့နိုင်ငံသားအခွင့်အရေးကို တင်းပြည့်ကျပ်ပြည့်ခံစား နိုင်ဖို့ ၊ တရားဥပဒေစိုးမိုးစေဖို့ ၊ လူမျိုးရေးဘာသာရေးမုန်းတီးမှု့တွေ မြန်မာမြေပေါ်က ကွယ်ပျောက်သွား စေဖို့ ၊ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နိုင်ငံတကာဒီမိုကရေစီစံရေစံညွှန်းမှီအောင်ပြင်ဆင်ရေးဆွဲနိုင်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ၊ အကျင့်ဖျက်ခြစားမှု့ပပျောက် စေဖို့ စတဲ့ သောင်တင်ကြယ်ငါးပေါင်းကုဋေကုဋာကို သမုဒ္ဒရာထဲပြန်ထည့်ဖို့ တိုင်းသူပြည်သားတိုင်းက အသစ်ဖွဲ့ စည်းဖြစ်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ လက်တွဲလို့  နိင်သလောက်တာဝန်ကိုယ်စီယူလို့ ကူညီကြမယ်ဆိုရင် ပြဿနာတွေတဖြေးဖြေးလျော့ပါးလို အနိဌာရုံတွေ ကွယ်ပျောက် သာယာအေးချမ်းမှု့တွေ မကြာခင်ရောက်လာမှာဖြစ်ပါကြောင်း ။ ။


(မှတ်ချက် - ဒီဆောင်းပါးဟာ၂၀၁၄ ခုနှစ်ကရေးသားခဲ့သော “ ကြယ်ငါးလေးတကောင်ပစ်ရအောင်” ဆောင်းပါးကို ထပ်မံဖြည့်စွက် မွမ်းမံရေးသားလိုက်တာပါ။)


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဧပြီလ (၁၃) ရက် ၂၀၁၆ ခုနှစ်[full-post]



yangon-hospital-620.jpg
ရန်ကုန်ဆေးရုံကြီးကို တွေ့ရစဉ်
Photo: Zarni Htun/RFA

ဒီနှစ်သင်္ကြန်အကြိုနေ့ကနေ ပထမအကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာတွေကြောင့် ရောက်ရှိ လာတဲ့ လူနာပေါင်း ၅ဝဝ နီးပါးလောက်ရှိတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရောက်ရှိလာတဲ့ လူနာအများစုဟာ ယာဉ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေက အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။

"ရောက်ရှိလာတဲ့လူနာတွေက ယာဉ်နဲ့တိုက်မှုတွေကြောင့်ရှိမယ်၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွား တာတွေကြောင့်ဖြစ်မယ်၊ တခြား မတော်တဆထိခိုက်ဒဏ်ရာရတာတွေရှိမယ်၊ အဲ့ဒါနဲ့ပတ်သက် ပြီးတော့ ရောက်ရှိလာတာတွေ များပါတယ်ခင်ဗျ၊ အရက်သေစာ သောက်စားမှုတော့ ရှိပါတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲထားခြင်း ရှိ မရှိကတော့ ကျနော်တို့ သေချာစစ်ဆေးပြီးမှ ပြောလို့ ရနိုင်ပါမယ်ဖြစ်ပါတယ်ခင်ဗျ"

သင်္ကြန်အကြိုနေ့မှာ ၁၅၈ ဦး၊ အကျနေ့မှာ ၁၅၄ ဦး၊ ပထမအကြတ်နေ့မှာ ၁၇၄ ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိ လာတာဖြစ်ပြီး အကြိုနေ့မှာ ၁ ဦး ၊ ပထမအကြတ်နေ့မှာ ၃ ဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးပြီးမှ ရောက်ရှိ လာတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလထက်စာရင် ကျန်းမာရေးဝန်ထမ်းတွေကို ၂ ဆတိုးချဲ့ထားပြီး သွေးလိုအပ်ချက်အတွက် အမျိုးသားသွေးဌာနနဲ့လည်း ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် သင်္ကြန်ကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရောက် ရှိလာသူ ၉ဝဝ ကျော် ရှိခဲ့ပါတယ်။
RFA

ရဲတပ်ဖွဲ့ဟာ ကျဆင်းနေတဲ့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ပြန်ဆယ်ဖို့ အရင်အစိုးရလက်ထက်ကတည်းက Image correction plan လုပ်နေခဲ့တာ .. ဒါပေမယ့် အတိုက်အခံနိုင်ငံရေးအားကောင်းနေတော့ နိုင်ငံရေး ရုန်းကန်ပွတ်တိုက်မှုတွေရှိနေတာကြောင့် အတိုက်အခံနိုင်ငံရေးကို တန်ပြန်ခုခံရေးမှာရှေ့ဆုံးက တာဝန်ယူကိုင်တွယ်ရတဲ့ ရဲတပ်ဖွဲ ဟာ သူတို့ ရဲ့ ပုံရိပ်ကောင်း ဖန်တီးရေး ကို ခရီးပေါက်အောင်မလှမ်းနိုင်ရတဲ့ကြားထဲ လက်ပန်တန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲမှုကြောင့် ပိုလို့တောင်ဆိုးရွားသွားခဲ့ရတယ်။

အခု အတိုက်အခံ ပါတီအာဏာရသွားတော့ စောစောက နိုင်ငံရေး ပွတ်တိုက်မှု တွေက ရုတ်တရက် ပျောက်ဆုံးသွားတယ် ။ ဒါကြောင့် ရဲတပ်ဖွဲ့ ကို အမြင်ဆိုးရွားစေတဲ့ နိုင်ငံရေး ပြဿနာတွေ ကို ရှေ့က နေ ဖမ်းရဆီးရ တားရဆီးရ ၊ ရိုက်နှက် ရတာတွေ မရှိတော့ သူတို့ရဲ့ ပုံရိပ်ကောင်း ပြန်လည်တည်ဆောက်ရေးကို ဒီသင်္ကြန်မှာ ပြန်လည်စတင်နိုင်ခဲ့တယ်လို့ထင်ပါတယ် ။

အခုချိန်ထိတော့ အကောင်းဆုံးလုပ်နိုင်နေတယ်လို့ပြောရမှာပါ ။ အဓိက အကျဆုံးကတော့ နိုင်ငံရေးပြဿနာတွေ လျော့ပါးသွားတာဟာ အားလုံးသော နိုင်ငံသူ နိုင်ငံသားတွေ ရဲ့အကြားမှာ ဦးစွာ နီးစပ်မှု ရင်းနှီးမှု ရယူကြပြီး အဲဒီကနေ စည်းလုံးမှုကိုတည်ဆောက်ကြဖို့ပါ။ အခု သင်္ကြန် ကနေ စတင်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ။

ပုံမှာတွေ့နေရတာကတော့ အကျနေ့ ညနေပိုင်းက ပြည်လမ်း အင်းယား ကန်ဘောင်ရှေ့ မဏ္ဍပ်တန်းမှာ ကားတွေရှင်းရင်း ခြေထောက် ကို ကားကြိတ်ခံရတဲ့ ရဲ တပ်ဖွဲ့ဝင် တစ်ယောက်ပဲဖြစ်ပါတယ် ..

Thiha Thwe

ရေပြတ်လပ်မှုကြုံနေတဲ့ ဒေသခံတွေကို ရေပေးဝေနေစဉ်။ သတင်းဓာတ်ပုံ- (ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရေပြတ်လပ်မှုကြုံနေတဲ့ ဒေသခံတွေကို ရေပေးဝေနေစဉ်။ သတင်းဓာတ်ပုံ- (ပြန်ကြားရေးဝန်ကြီးဌာန MOI)

ရာသီဥတု ပိုပြီးပြင်းထန်လာတဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ အလယ်ပိုင်းက အချို့ ဒေသတွေမှာ ရေရှားပါးမှု ပြသနာနဲ့ ကြုံနေကြရပါတယ်။ လမ်းပမ်း အဆက်အသွယ်ကောင်းတဲ့ အချို့ရွာတွေကို ရေပေးဝေရေး အကူအညီတွေ ရောက်ပေမယ့် လည်း အချို့ ရွာတွေမှာတော့ အကူအညီ လုံးဝ မရပဲဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောင်ဝ် ကတင်ပြထားပါတယ်။

ကမ္ဘာ့ရာသီဥတု ပူပြင်းလာတဲ့အပြင် အယ်လ်နီညိုလို့ခေါ်တဲ့ အပူလှိုင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသမှာ မိုးခေါင်ရေရှားမှုတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ လွင်တီးခေါင်ဆန်ပြီး သစ်ပင်ကြီးတွေသိပ်မရှိတဲ့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရေထွက်ကြီးကျေးရွာမှာတော့ လူတွေအတွက်သာမက ကျွဲ၊ နွား၊ တိရိစ္ဆာန် အတွက်ပါ သောက်သုံးရေပြတ် လပ်မှုနဲ့ကြုံနေရတာပါ။

တောင်တွင်းကြီးမြို့အနီး၊ အိမ်ခြေ ၁၅၀ ရှိတဲ့ ရေထွက်ကြီးကျေးရွာမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်း တခုမှ မရှိတာကြောင့် အရေးတကြီး အကူအညီ လိုအပ်နေတဲ့ အခြေအနေကို လှည်းပွဲကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှုး ကိုခင်ဇော်လင်းက VOA ကိုခုလိုပြောပါတယ်။

"ရေထွက်ကြီးက လှည်းပွဲကြီးထက် ပိုဆိုးတယ်ခင်ဗျ။ ကျနော်တို့ အခု ရေထွက်ကြီးကပဲ ပြန်လာတယ်။ ရေထွက်ကြီးမှာ လိုက်စစ်ဆေးနေတယ် ခင်ဗျ။ ရေထွက်ကြီးက အခုသောက်သုံးရေကို မလွယ်တော့ဘူး။ ရေတွေက အကုန်လုံး ခမ်းခြောက် လိုက်နေပြီ။ ရွာနဲ့ဝေးတဲ့ ချောင်းတွေထဲမှာ လက်ယက်တွင်းလေးတွေ ယက်ပြီးတော့ ခပ်နေရတယ်ပေါ့နော်။ အဲ့လိုပုံစံမျိုးနဲ့နေကြရတယ်။ သောက်ရေနဲ့သုံးရေကျတော့ နည်းနည်းမျှ သုံးရတာပေါ့။ ခြွေတာသုံးရတာပေါ့။ ကျွဲနွားတိရိစ္ဆာန်အတွက်ကျတော့လည်း ရွာနဲ့ နှစ်မိုင်လောက် ဝေးတဲ့ ကန်လေးတကန်ရှိတယ် အဲ့ဒီ့ကန်ကို သွားမှီခိုနေရတယ်။ "

ပခုက္ကူနဲ့ မြိုင်ဘက်မှာလည်း ရေရှားပါးမှုနဲ့ကြုံနေရပေမယ့် လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် က တူးပေးခဲ့တဲ့စက်ရေတွင်းအချို့မှာ သုံးလို့ ရနိုင်လောက် တဲ့ ရေပမာဏ အနည်းငယ် ဆက်ရှိနေပေမယ့် လုံလောက်မှုမရှိပါဘူး။

လက်ရှိမှာတော့ ဒေသတွင်းက ရေအလှုရှင်တွေက အဓိက အကူအညီပေးနေတယ် လို့ မန္တလေးမြို့ ဦးမင်းဆွေ၊ ဒေါ်ခင်ဌေး ဖောင်ဒေးရှင်းက ရေရရှိရေး အထူးတာန်ခံ ဦးအောင်ဆွေဟိန်းက ပြောပါတယ်။

"အဓိက ကတော့ ကျနော်တို့ မကွေးတိုင်း ပခုက္ကူမြို့နယ် ၊ မြိုင်မြို့နယ် ဒီဒေသတွေဟာ နှစ်တိုင်းပဲ ရှားတယ်ဗျ။ အပူချိန်က တအားများတဲ့အခါကျတော့ ကျနော်တို့လည်း ကိုယ်တိုင်သွားရောက်ပြီး ရွာစဉ်တွေကို လိုက်ကြည့်တဲ့အခါမှာ သူတို့သောက်သုံးရေကန်တွေ ရေကန်တွေက တော်တော်လေးကို ရေနည်းနေတယ်။ လုံလောက်နေတဲ့သဘောတော့ မရှိဘူးဗျ။ အဲ့ဒီ့မှာ အခြေအနေ တစုံတရာကြောင့် လိုအပ်သွားတယ်ဆိုရင် ကျေးလက်ဒေသရုံးရှိတယ်ဗျ။ ကျနော်တို့ မြိုင်နယ်မှာရော မြိုင်မြို့မှာလည်း တွေ့ခဲ့တယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးတဲ့ဗျ အဲ့ရုံးတွေက သောက်ရေတွေကို ကားတွေနဲ့ပို့ပေးတယ်။"

ပခုက္ကူနဲ့ မြိုင်ဘက်မှာတော့ သစ်ပလွေကုန်း၊ ရွာတန်းရှည်၊ လက်ဆည်ကန် အနောက်ရွာ၊ မင်းကျမြောက်ရွာဆိုတဲ့ ရွာတွေက ကန်တချို့မှာတွေ ရှိနေသေးတာကြောင့် တခြားရွာတွေက လာသယ်ရတယ်လို့ဆိုပါတယ်။မြိုင်မြို့နယ် အနောက်မြောက်ဘက်က မင်းသကျ မြောက်ရွာ၊ အင်ရောင်းကျေးရွာနဲ့ ကန်ကြီးတောကျေးရွာတွေမှာတော့ သောက်သုံးရေတွေ ခန်းခြောက်ပြီး လိုအပ်ချက် အတော်လေးရှိနေတယ်လို့ ဦးအောင်ဆွေဟိန်းကပြောပါတယ်။

ရွာတွေက တောင်းဆိုလာရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးကနေ အလှုရှင်တွေ၊ အစိုးရပေးတဲ့ ဘတ်ဂျက်နဲ့၊ ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတွေ နဲ့ပေါင်းပြီးတော့ သောက်သုံးရေကို ကားတွေနဲ့ ရွာအရောက် သွားလှုပေးတယ် လို့ဆိုပါတယ်။ ဒါပေမယ့်လည်း သွားလာရေး အလွန်ခက်ခဲတဲ့ ဒေသအဖို့တော့ ဒီအကူအညီတွေ ရဖို့ အခက်ကြုံနေရပါတယ်။

တောင်တွင်းကြီးမြို့ပေါ်က အချို့အပိုင်းတွေမှလည်း ရေရှားပါးနေသလို၊အိမ်ခြေ ၂၅၀ ၀န်းကျင်ရှိတဲ့ လှည်းပွဲကြီးကျေးရွာမှာ လည်း သောက်သုံးရေ ရှားပါးမှုကြုံနေရ တာပါ။ တောင်တွင်းကြီးမြို့ပေါ်မှာလည်း ရေရှားနေတဲ့အခြေအနေနဲ့ ကြုံရတယ် လို့ ဒေသခံ မမာမာစိမ်းက ပြောပါတယ်။

" (၃) ရပ်ကွက်လောက်မှာ ရေရှားပါးမှုဖြစ်တယ်။ မြို့ပေါ်ကတော့ ရွာတွေလောက်တော့ မဆိုးဘူးပေါ့ အမရယ်။ အဲ့လိုမျိုး ကျေးရွာတွေက အရမ်းအရေးကြီးသလိုမျိုး ရွာတွေမှာကျတော့ မြို့ပေါ်မှာကျတော့ ဘာပဲဖြစ်ဖြစ် မီးသတ်ကားတွေနဲ့ လိုက်ပြီး ရေဝေတဲ့ဥစ္စာ မြို့ပေါ်မှာ ရှိနေတဲ့ ဌာနဆိုင်ရာတွေ လုပ်တဲ့အချိန်ကျ အဆင်ပြေတယ်။ ကျေးရွာတွေအဆင့်ကျတော့ လက်လှမ်းမမှီဘူးဖြစ်နေတာ အမရဲ့ ။ "

အယ်နီညိုရာသီဥတုကြောင့် ရေပြတ်လပ်မှုတွေ ကြုံတွေ့လာရနိုင်တဲ့အတွက် အခုကျရောက်တဲ့ သင်္ကြန်ကာလအတွင်း ရေချွေတာသုံးကြဖို့ဆိုပြီး အာဏာပိုင်တွေဘက်က တိုက်တွန်းမှုတွေရှိနေပါတယ်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နှစ်စဉ်နွေရာသီ တိုင်း ရေပြတ်လပ်မှုကြုံရလေ့ ရှိပေမယ့်၊ ဒီနှစ်မှာတော့ အရင်ကာလထက် စောပြီး အခုလို ရေရှားမှု ကြုံလာရတာဖြစ်ပါတယ်။ အခုနှစ်မှာဖြစ်တဲ့ ပြင်းထန်တဲ့ အယ်နီညို ရာသီဥတုကြောင့် ပြီးခဲ့တဲ့ လကတည်းက မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ရေပြတ်လပ်မှုတွေ စတင် ဖြစ်ပွားနေပြီလို့ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက ဗွီအိုအေက ပြောခဲ့ပါတယ်။

ပြင်းထန်တဲ့ အယ်နီညိုရာသီကြောင့် ၂၀၁၆ နွေရာသီအတွင်း တနိုင်ငံလုံး ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်နိုင်ခြေရှိတယ် လို့လည်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။

နန်းလောင်ဝ်
VOA

လူသွားများတဲ့ လမ်းပေါ်မှာဆိုင်းဘုတ်ကိုင်
တာလဲ ရှက်စရာ မဟုတ်ဘူး သားတို့သမီးတို့။
လူရှုတ်ကားရှုတ်တဲ့ကားလမ်းပေါ် အမှိုက်ကောက်တာလဲ ရှက်စရာမဟုတ်ပါဘူး သားတို့သမီးတို့။
နာရေးကူညီတာတစ်ခုတည်း ကုသိုလ်ရတာ မဟုတ်ဘူး သားတို့သမီးတို့။
ဆေးကူညီမှုပေးတာတစ်ခုတည်းနဲ့လည်း ကုသိုလ်ရတာမဟုတ်ဘူး သားတို့သမီးတို့။
လူတွေရဲ့လိုက်နာရမယ့်ကျင့်ဝတ်ကိုပညာပေးတာ လူတွေရဲ့လူ့စည်းကမ်းကိုကိုယ်တိုင် အပင်ပန်းခံပြီးရှေ့ဆောင်လမ်းပြလုပ်ပေးတာ ကလည်းအင်မတန်မြင့်မြတ်တဲ့ကုသိုလ်တရားဘဲ
သားတို့သမီးတို့ရေ။
သားတို့သမီးတို့ချစ်တဲ့မင်းသားကြီးဦးကျော်သူ
လည်းသားတို့သမီးတို့လိုနေခြစ်ခြစ်တောက်ပူနေတဲ့အထဲရေစိုကြီးနဲ့လမ်းမကြီးပေါ်မှာ"ကိုယ့်အမှိုက်ကိုယ်ရှင်း"ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုင်လို့ဟိုဖက်လမ်းကူးလိုက်ဒီဖက်လမ်းကူးလိုက်နဲ့ပါကွာ။

ယနေ့ကျွန်တော်နဲ့အတူပါတ်ဝန်းကျင်သန့်ရှင်း ရေးအတွက်အမှိုက်များလိုက်ပါကောက်ပေးကြ သောပရဟိတသားငယ်သမီးငယ်များအားလုံးကိုလေးစားဦးညွှတ်လျက်ပါ။( ကျော်သူ )

မနက်ဖန် နေမပူခင်ဆက်ပြီးကောက်ကြပါစို့။

[youtube src="t2YTs-xL_VU"/]
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဟာသင်္ကြန်ဆုပေးမဏ္ဍပ်မှာ သင်္ကြန်ပထမအကြတ်နေ့ညက ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ရဲ့ ယှဉ်ပြိုင်ခဲ့တာတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။





သင်္ကြန်တွင်း ဥပုတ်စောင့်တဲ့ ဘုန်းကြီးကျောင်းက အိမ်နဲ့ နီးနေတော့ နေ့ခင်းထ္မင်း ပြန်စားပါတယ်။ စားပြီး နေပူတာနဲ့ ခဏနားနေတုန်း အိမ်ရှေ့ ကားနက်တစီး ထိုးရပ်လာပြီး လူ၃ဦး ဆင်းလာပါတယ်။အဲဒီထဲက တယောက်က 'ကျနော် ဦး-------ပါ၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ' လို့ မိတ်ဆက်လာပါတယ်။

တဆက်တည်း ဦးအေးချို facebook ပေါ်မှာ သမင်လေးတွေ ရေလှူတဲ့အကြောင်း ဖတ်ရပါတယ်၊ဒီလ နောက်ဆုံးပါတ်လောက် လွှတ်တော်တက်ရမှာမို့ သမင်လေးတွေ ရေရှည် တည်တံ့ ရှင်သန်ရေးအတွက် ကျနော်တို့အပိုင်းက ဘာများ ကူညီဆောင်ရွက်ပေးဖို့ လိုပါသလဲ၊ဘာအခက်ခဲများ ရှိပါသလဲ ဆိုပြီး မေးမြန်းပါတယ်။အဲဒီနောက် သမင်လေးများ သောက်ရေရရှိရေး ရေကန်တူးခြင်း ကအစ၊ဆောင်ရွက်နိုင်မယိ့ နည်းလမ်းများ၊core zone ထဲရှိ ရေကန်သို့ ရေကားဝင်နိုင်ရေး အတွက် လမ်းဖောက်ခြင်း ဆိုင်ရာများ၊တရားမဝင် သမင်ထောင်ကွင်းများနဲ့ အမဲလိုက်ခြင်းအပေါ် ဟန့်တားနိုင်မယ့် ကိစ္စများ မေးမြန်း ဆွေးနွေးကြပါတယ်။ကျနော်မှလည်း အားတက်သရော ပြန်လည်ဆွေးနွေး ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြန်သွားတော့ အတွေးတချက် ဝင်ရောက် လာပါတယ်။

ယ္ခင်တုံးက သူတို့လိုလူမျိုး အိမ်လာဖို့ မပြောနဲ့ ကိုယ်ကတွေ့ချင်တောင် ခက်ခဲလွန်းလို့၊တွေ့ရင်လည်း 'အဘ'ဘဲခေါ်ရမလို၊ အိုက်တင်ကလည်း ခံကြသေး။
ခုတော့လည်း ပြည်သူဗဟိုပြုတဲ့ အစိုးရပီပီ အိမ်တိုင်ယာရောက် လာခဲ့လို့ တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စကို တကူးတက လာမေးကြတယ်။
ဒီမိုကရေစီ အစိုးရဆိုတာ ဒါပါကလား...လို့ ကျေနပ် ပီတိ ဖြစ်မိပါတော့တယ်။

Aye Cho

ကြက်မွေးမြူရေးခြံတခြံမြင်ကွင်း။
ကြက်မွေးမြူရေးခြံတခြံမြင်ကွင်း။

စစ်ကိုင်းတိုင်း မုံရွာ ကြက်မွေးမြူရေး အထူးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က အတည်ပြုပြောကြား ပါတယ်။ ရောဂါပိုးတွေ့ရှိရတဲ့ကြက်ခြံတွေက ကြက်တွေကို ရှင်းလင်းသုတ်သင် သွားမှာဖြစ်ကြောင်းနဲ့ လူတွေ မကူးစက်အောင် ကာကွယ်မူတွေ ဆက်တိုက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ ပညာရှင်တွေ ကျန်းမာရေးဌာန တာဝန်ရှိသူတွေ စစ်ကိုင်းတိုင်းက မွေးမြူးရေးနဲ့ ကုသရေးဌာနက တာဝန်ရှိသူတွေ ကြက်မွေးမြူ ကြတဲ့လုပ်ငန်းရှင်တွေ ဟာ မုံရွာမြို့မှာ တွေ့ဆုံခဲ့ပြီး ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့မူတွေ အတွက် ကာကွယ် တားဆီးမူတွေ လုပ်ဆောင်ဖို့ ဧပြီလ ၁၅ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရှားပါးတဲ့ ကြက်ဌက်တုတ်ကွေးရောဂါ တမျိုးဖြစ်တဲ့ H9N2 ဗိုင်းရပ်ပိုးကို မုံရွာက ကြက်မွေးမြူရေး အထူးဇုံမှာ စတင်တွေ့ခဲ့ရတယ်လို့  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကVOA ကို ပြောပြပါတယ်။

" အခု ဒီနေ့မနက်တင် ကြက်ဌက်တုပ်ကွေး ကိစ္စ အစည်းအဝေးလုပ်ကြတယ်။ ဌာနဆိုင်ရာတွေ အားလုံးနဲ့ အစည်းအဝေးလုပ်တယ်။ ကြက်အသေအပျောက် ရှိတယ်။ တိုင်းတာတဲ့အခါမှာ သူက H9N2 လို့ပြောတယ်။ အဲ့တာတွေ့တယ်။ ရှားပါးတော့ဖြစ်တယ်။ ဖြစ်တဲ့နေရာကလည်း သူ့တနေရာလေးပဲ ကွက် ဖြစ်တယ်။ အဲ့ဇုံထဲမှာပဲလေ ကြက်မွေးမြူရေးဇုံထဲမှာပဲ ကွက်ဖြစ်တယ်။ အဲ့တော့ အရင်ကလည်း ကျနော်တို့ ဆေးတွေ ဖြန်းထားပြီးသား အခု ပေါ်လာတဲ့အတွက် အဲ့ဒီ့နေရာကို ကျနော်တို့ သေချာ သတ်မှတ်ထားပြီး ကျန်တဲ့နေရာတွေ မကူးစက်ရအောင် သေချာ ကာကွယ်ဖို့ လုပ်နေပါတယ်။ အခု Positive ဖြစ်တဲ့ ကြက်တွေကတော့ အကုန်သတ်ပစ်မှာပေါ့။ "

သုတ်သင်ရှင်းလင်းရမဲ့ကြက်တွေနဲ့ ပတ်သက်လို့ ကြက်ခြံတွေကနေ ခိုးထုတ်တာ၊ အရောင်းအ၀ယ်လုပ်တာတွေ ဖြစ်မှာကို စိုးရိမ်ရတာကြောင့် လုံခြုံရေး စောင့်ကြပ်ကြည့်ရှု့ပြီး စနစ်တကျ ရှင်းလင်းသုတ်သင်မှုတွေ လုပ်သွားမယ်လို့လည်း ၀န်ကြီးချုပ် ကဆက်ပြောပြပါတယ်။

" ခြံပိုင်ရှင်တွေ ကြက်ခြံပိုင်ရှင်တွေကရော စည်းကမ်းအတိုင်း ကြက်တွေကို အပြင်ကို ခိုးမထုတ်ကြဖို့ ရဲတွေ ပတ်ချာလည် ရဲတွေ သေချာ ချထားတယ်။ ကြက်ခြံတွေ တခြံနဲ့ တခြံ မကူးကြဖို့ အထဲက မိသားစုတွေ အကုန်အပြင်ကိုထုတ်ဖို့ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပြီး လူကိုကူးစက်တာရှိတာ မတွေ့ရသေးပါဘူး။

ဒါကြောင့်မို့ ကျနော်တို့က သေသေချာချာကို ကြပ်မတ်စောင့်ကြည့်မယ်။ ရဲရောဘာရော ခြံပတ်ချာလည်မှာ ထားမယ်။ ခြံထဲက ကြက်တွေ ခိုးထုတ်တာတွေ ဘာတွေ ဖြစ်မှာစိုးလို့ အရောင်းအဝယ် မလုပ်ရ ခြံထဲမှာ ရှိတဲ့မိသားစုတွေ အကုန်အပြင်ထွက် ကျနော်တို့သေချာစောင့်ကြည့်မယ်။ စောင့်တဲ့ တယောက်လောက်ပဲ ကျန်တာအကုန်အပြင်ထွက်ခိုင်း သူတို့ကို Mask တွေ တပ်ခိုင်းပြီး စနစ်တကျ သေသေချာချာ စည်းကမ်းတကျ လုပ်ကြဖို့ မှာထားတယ်။ မှာထားပြီးတော့ ကျနော်တို့ သေချာစောင့်ကြည့်နေပါတယ်။

အဲ့တော့ အားလုံး ကျနော်တို့ သေချာတိုင်ပင်ညှိနှိုင်း ပညာရှင်တွေလည်း ညှိနှိုင်းလိုက်တဲ့ အခါမှာ ခဏစောင့်ကြည့်မယ် ဆက်လက်စစ်ဆေးမယ်။ ဗိုင်းရပ်စစ်တွေ့တဲ့ခြံကို အကုန်လုံး သုတ်သင်ရှင်းလင်းမယ်ဆိုပြီး လုပ်တယ်။ သုတ်သင်ရှင်းလင်းတဲ့အခါမှာလည်း Mask တွေ တပ်ပြီး လုပ်ဖို့ အကုန်လိုက်နာကြဖို့ လုပ်ခဲ့ပါတယ်။"

လက်ရှိမှာတော့ ကြက်မွေးမြူရေးခြံမှာ ကြက်အကောင်ရေ သိန်းနဲ့ချှီရှိပြီး ပြီးခဲ့တဲ့ မတ်လ ကုန်ကစပြီး ပုံမှန်မဟုတ်တဲ့ ကြက်သေဆုံးမူတွေ ရှိခဲ့တာလို့လည်း မြို့ခံတွေက ဆိုပါတယ်။ ကြက်ခြံပိုင်ရှင်တဦးက သတင်းပေးတဲ့အခါမှာ စုံစမ်းစစ်ဆေးမူတွေ လုပ်ပြီး ကြက်ခြံတချို့ကိုရှင်းလင်းခဲ့ပြီးတဲ့နောက်မှာ ဓာတ်ခွဲ စမ်းသပ်ရာကနေ အခုလိုမျိုး ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ် ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မပြတ်စောင့်ကြည့်နေပြီး ကြက်ခြံတခြံနဲ့ တခြံ ကူးစက်ပြန့်ပွားမူတွေ ဖြစ်လာမှာကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က စိုးရိမ်ပူပန်မူတွေ ရှိနေပါတယ်။

ကြက်ခြံတွေကို လုံခြုံရေး အင်းအားတွေနဲ့ပါ စောင့်ကြည့်နေပြီး ဗိုင်းရပ်ပိုးတွေတဲ့ ကြက်ခြံမှန်သမျှကို အမြန်ဆုံး ရှင်းလင်းသုတ်သင်သွားမှာဖြစ်တယ်လို့လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

မအေးအေးမာ
VOA


ရန်ကုန်မြို့တော် ရေကစားမဏ္ဍပ်များမြင်ကွင်း။ (ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရန်ကုန်မြို့တော် ရေကစားမဏ္ဍပ်များမြင်ကွင်း။ (ပြန်ကြားရေးဝန်ကြီးဌာန MOI)

ဒီကနေ့ ကျရောက်တဲ့ မဟာသင်္ကြန် ဒုတိယအကြတ်နေ့ကိုတော့ ရန်ကုန်မြို့တ၀ှမ်းမှာ စည်စည်ကားကားနဲ့ ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့မှာ ထူးခြားတာကတော့ တယောက်နဲ့ တယောက် အပြန်အလှန်အကူအညီပေးတာတွေ ပိုတွေ့လာရသလို၊ နာရေးကူညီမှုအသင်းကလည်း စည်းကမ်းရှိကြဖို့ရည်ရွယ်ပြီး သင်္ကြန်တွင်း အမှိုက်ကောက် ပညာပေးအစီအစဉ်ကို ရန်ကုန်မြို့တ၀ှမ်းမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့ သင်္ကြန် ဒုတိယအကြတ်နေ့ အခြေအနေတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ရေကစားမဏ္ဍပ်များ
ရေကစားမဏ္ဍပ်များ

မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို နိုင်ငံတ၀ှမ်း ဆင်နွှဲနေတာဟာ အခုဆိုရင် ဒုတိယ အကြတ်နေ့ကိုရောက်လာပါပြီ။ ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်မှာ ပင်တိုင်တေးသံရှင် အဖြစ်နဲ့ ဖျော်ဖြေနေတဲ့ အဆိုတော် မီမီဝင်းဖေက သင်္ကြန် အကြတ်နေ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလိုပြောပါတယ်။
"ဒီနေ့ကတော့ မမီက ဗဟိုမဏ္ဍပ်ပေါ့နော် အရင်တုန်းကတော့ မြို့တော်ဝန် မဏ္ဍပ်လို့ခေါ်တယ် အခုတော့ ဗဟိုမဏ္ဍပ်ပေါ့။ အဲ့ဒီ့မဏ္ဍပ်မှာ တနေ့လုံးရှိမယ်။ မနက်၊ နေ့လည် ညအထိရှိမယ်။ ဒီနေ့က သံတမန်အဖွဲ့တွေကို ဖိတ်ထားတယ်။ ဝန်ကြီးချုပ်က ဖိတ်ထားတာကို လာတယ်။ ပရိတ်သတ်တွေ အရှေ့မှာ လာကြည့်ပြီး ရေပက်ခံတဲ့သူတွေ ပွဲလာကြည့်တဲ့သူတွေကို ဖျော်ဖြေတယ်။ ဧည့်သည်တွေ ပြတ်နေတဲ့ အချိန်တွေကို မမီ တာဝန်ယူပြီး ဆိုပေးရတယ်။ သုံးယောက် အထိုင် ဆိုတယ်။ မမီရယ် ပြည့်စုံရယ် လင်းနှစ်ရယ် သုံးယောက်က တောက်လျောက်နေပေးရတယ်။ မိသားစုမဏ္ဍပ်တခုတော့ ဖိတ်လို့လေ မမီသွားပြီး ရေပက်တယ်။ တော်တော်လေး ကို ပျော်တယ်။ တော်တော်လေးကို ပျော်တယ်။ နည်းမျိုးစုံနဲ့ကို ပျော်နေတာ။"

ရေကစားမဏ္ဍပ်များ
ရေကစားမဏ္ဍပ်များ အဆိုတော် တင်ဇာမော်ကတော့ အခုနှစ်သင်္ကြန်ကို ရန်ကုန်မြို့မှာ ၃ ရက် ဖျော်ဖြေခဲ့ပြီး၊ ဒီကနေ့ ဒုတိယအကြတ် နဲ့ အတက်နေ့တွေကိုတော့ မန္တလေးမှာ သွားရောက် ဖျော်ဖြေ တင်ဆက်မှာဖြစ်တယ်လို့ ပြောပါတယ်။ အခုနှစ်သင်္ကြန်မှာ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး သူပြောတာကတော့-
" ကျမအတွက် ထူးခြားတာကတော့ ပထမဆုံး အလှပြယာဉ်နဲ့ ဆိုရတာ ပထမဆုံး ထူးခြားမှုပါပဲ။ တခါမှ သက်တမ်း ၂၂ နှစ်အတွင်းမှာ ဒီလို အလှပြယာဉ်နဲ့ ဆိုခဲ့ရတာ ဒီဟာ ပထမဦးဆုံးအကြိမ်ပါပဲ ဘာပဲဖြစ်ဖြစ် ကျမတို့ကားက ဖျော်ဖြေရေး အလှပြစင်ပေါ့နော်။ လှလည်း လှတယ် အဲ့တာ ပထမဆုံး ထူးခြားမှုပါပဲ။ ဒုတိယ ထူးခြားချက်တွေကတော့ နိုင်ငံရေးပြောင်းလဲမှုအရ တချို့ မဏ္ဍပ်တွေ ပျက်တယ်ပေါ့။ ကြားတာကတော့ တချို့ အနုပညာရှင်တွေ  ပွဲတွေကို ရပြီးကာမှ မရတော့ဘူး ဖြစ်သွားတဲ့ ဟာမျိုးတွေလည်း ရှိကြတယ်ဆိုတာ ကြားရပါတယ်။
အဲ့တာကလည်း စိတ်မကောင်းဖြစ်စရာပါ ဒါပေမဲ့လည်း တဖက်ကကျတော့လည်း လိုအပ်တဲ့အချိန်မှာ လိုအပ်လို့ လုပ်တယ်လို့မြင်ပါတယ်။ တချို့တော်တော်များများ ပွဲပြန်ရတယ်လို့ကြားတယ်။ နောက်တခုက ရန်ကုန်မြို့ပေါ်မှာ တချို့  အပျော်လွန်တဲ့ပုံစံနဲ့ပါတဲ့ ဖော်ျဖြေမှုမျိုး လည်း ရှိတယ် ကြားတယ်။ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ အခုနှစ်မှာတော့ တော်တော်ကို စစ်စစ်ဆေးဆေးနဲ့ မဏ္ဍပ်တွေလည်း စစ်တယ် အဲ့တာတွေလည်း မရှိကြဘူးပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ သင်္ကြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီတော့ အတတ်နိုင်ဆုံးတော့ ထိန်းကြသိမ်းကြပေါ့လေ။ ဒါကလည်း မင်္ဂလာတပါးလို့တော့မြင်မိပါတယ်။ "

မင်းသားကျော်သူတို့အဖွဲ့ အမှိုက်ကောက်ထွက်စဉ်။
မင်းသားကျော်သူတို့အဖွဲ့ အမှိုက်ကောက်ထွက်စဉ်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းကတော့ - နှစ်သစ်ကူးမှာ နှစ်ဟောင်းက အမှိုက်တွေနဲ့ အတူ ကိုယ်စိတ်ရဲ့ အမှိုက်တွေ ရုပ်ဝတ္တု အမှိုက်တွေကို ရှင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဒီကနေ့ ရန်ကုန်မြို့ နေရာတချို့မှာ သွားပြီး အမှိုက်ကောက်ခဲ့တယ်လို့ ပြောပါတယ်။
" မနက်က ကိုးနာရီခွဲလောက်စပြီးတော့ ပါရမီမီးပှိုင့်မှာ ဆိုင်းဘုတ်ထောင်ပြီးတော့ ကျနော်တို့ ကလေးတွေ စကောက်တယ်။ ကောက်ပြီးတော့ ပါရမီမီးပှိုင့်ကနေပြီးတော့ ရခိုင်မဏ္ဍပ် ၊ သုဝဏ္ဍရခိုင်မဏ္ဍပ်သွားတယ်။ နောက်ပြီးတော့ တာမွေ၊ ကျောက်မြောင်း၊ အဲ့ဘက်လှည့်တယ် လှည့်ပြီးတော့ ကျနော်တို့ပြန်လာတယ် နေ့လည်ကျ နေအရမ်းပူတော့။

မင်းသားကျော်သူရဲ့ ကိုယ့်အမှိုက်ကိုယ်ရှင်းလှုပ်ရှားမှု
မင်းသားကျော်သူရဲ့ ကိုယ့်အမှိုက်ကိုယ်ရှင်းလှုပ်ရှားမှု အဲ့ ကောက်တဲ့အချိန်ကျတော့ ပထမတော့ ကျနော့်ကိုတွေ့ပြီးတော့ ဦးကျော်သူ ဦးကျော်သူ ဆိုပြီးတော့ ဖြစ်တယ် နောက်ကျတော့ ကျနော်တို့ထောင်ထားတဲ့ ကိုယ့်အမှိုက် ကိုယ်ရှင်း ဆိုတဲ့ စာတမ်းကို တွေ့သွားတော့ ကျနော်တို့လည်း အမှိုက်မပစ်ပါဘူး ဘာညာနဲ့ပြောပြီး ရေပက်ခံကားပေါ်က အမှိုက်တွေပေါ့လေ ရေသန့်ဗူးအဟောင်းတို့ အိတ်တို့ ဘာတွေ ကျနော်တို့ ကောက်တဲ့ အိတ်ထဲကို လာထည့်ကြတယ်။ နောက် ကျနော်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်မယ့်သူတွေကို ကျနော့်အမျိုးသမီးက သူ အိုင်ဒီယာတခုရပြီးတော့ အမှိုက်တခုကောက်လာရင် ရိုက်လို့ရမယ်ဆို ဝိုင်းပြီး အမှိုက်တွေ ကောက်ပြီးတော့ ကျနော့်နဲ့ ဝိုင်းပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။ အဲ့တော့ ပျော်စရာကောင်းတဲ့ ပွဲလေးဖြစ်သွားတာပေါ့။ ဒီအမှိုက်ပစ်တာ အင်မတန်ကို ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အသိတရားလေး ရဖို့ပေါ့လေ။  "

အမှိုက်ကောက်ထွက်ကြစဉ်။
အမှိုက်ကောက်ထွက်ကြစဉ်။ နာရေးကူညီမှုအသင်းအနေနဲ့ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းသာတွေ့ခဲ့ရပြီး၊ ရာသီဥတုကြောင့် နာမကျန်းဖြစ်တဲ့သူတွေကို အကူအညီပေးရတာပိုများတယ်လို့ ဦးကျော်သူကပြောပါတယ်။

အပြန်အလှန်ကူညီ
အပြန်အလှန်ကူညီ ဒါ့အပြင် ဒီနှစ်သင်္ကြန်အတွင်း လူတဦး နဲ့ တဦး အချင်းချင်း အပြန်အလှန် ကူညီတာတွေကို ပိုတွေ့လာခဲ့ရတယ်လို့ လည်း အဆိုတော် မီမီဝင်းဖေက ပြောပါတယ်။
"သင်္ကြန်မှာ ပိုသိသာတာက ပိုပြီးတော့ တယောက်နဲ့တယောက် အကူအညီ လို တယ် တယောက်နဲ့တယောက် စည်းကမ်းပိုရှိဖို့ လိုတာပေါ့နော်။ သင်္ကြန်မှာ သူတို့မှာ အဲ့စိတ်တွေရှိတယ်ဆိုတာ ပိုပေါ်လွင်လာတယ်။ တယောက်နဲ့တယောက်လည်း ထိန်းနေကြတယ် စည်းကမ်းရှိအောင် နေကြတယ် အမှိုက်တွေ ဘာတွေ သိပ်မပစ်ဘူး။ နောက် တာဝန်ရှိတဲ့ ဝန်ထမ်းတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ တယောက်နဲ့တယောက် အပြန်အလှန်ပေါ့နော် လူတွေကလည်း ရဲတွေကို ကူ ရဲတွေကလည်း လူတွေကိုကူ အဲ့လိုသဘောမျိုးလေးတွေနဲ့ ပျော်ကြပါတယ် အားလုံး။"
အခုနှစ်ကတော့ ရန်ကုန်မြို့မှာတော့ အရင်က အမြဲလိုလိုမြင်တွေ့ခဲ့ရတဲ့ သင်္ကြန်အကတွေအပြင်၊ သံချပ်တွေ၊ အလှပြကားပြိုင်ပွဲတွေပါ တိုးလာနေတာကို ထူးထူးခြားခြား တွေ့မြင်လာနေရပါတယ်။

ကိုရန်နိုင်
VOA





 နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF ။
နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF ။

မြန်မာအစိုးရသစ်အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က တိုက်တွန်းပြီး မြန်မာလူထု ကိုလည်း နှစ်သစ်နှုတ်ခွန်းဆက်လိုက်ပါတယ်လို့ ဧပြီလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တစုံလုံးတိုးတက်စေဖို့ ဆက်ပြီး အားပေးကူညီကြဖို့ နိုင်ငံတကာအသိုက်အ၀န်းကို လည်း USCIRF ကတိုက်တွန်းပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သားသမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအ၀င် တရားဥပဒေစိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ်ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး တရားစွဲခံနေရ သူတွေ ပြန်လွတ်မြောက်လာအောင် လုပ်ဆောင်ပေးတဲ့ အပေါ် မြန်မာအစိုးရကို USCIRF က ချီးကျူးပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးလွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီး လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာကို အဆုံးသတ်အောင်လုပ်ဖို့လိုတယ် လို့ ထောက်ပြပါတယ်။

အဲဒီလိုလုပ်ရမယ့် လုပ်ငန်းတွေထဲမှာ တခုကတော့ အထူးသဖြင့် ရိုဟင်ဂျာတွေအပါအ၀င် ရခိုင် ပြည်နယ်က လူမျိုးစုတွေကို ထိခိုက်နစ်နာစေတဲ့ မတရားတဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို အစိုးရအနေနဲ့ လုံးဝပြောင်းလဲ ဖို့ဖြစ်ပါတယ်လို့ USCIRF က အကြံပေးပါတယ်။

USCIRF ဟာ ပြည်ပမှာ ဘာသာရေးလွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြားလွတ်လပ်တဲ့ကော်မရှင်တခုဖြစ်ပါတယ်။
VOA



ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ကျုံးဘေးလမ်းပေါ်တွင် FBI ဝတ်စုံ များဝတ်ဆင်၍ ရေပက်ခံထွက် သူများအား မဟာသင်္ကြန်ကွက်ကဲ လုံခြုံရေးအဖွဲ့ဝင် တို့ လိုက်လံရှာဖွေရာ ၆၆လမ်း၊ ၂၁×၂၂ကြားတွင်တွေ့ရှိ ရ၍ အဆိုပါ FBI ၀တ်စုံဝတ်ထားသူ ၈ဦးနှင့် ဂျစ်ကားတစ်စီးကို ရဲစခန်းသို့ခေါ် ဆောင်ခဲ့ပြီး ထိန်းသိမ်းထားခဲ့သည်။


 အဆိုပါ သရုပ်ပျက်ဝတ်ဆင်သူ (၈)ဦး၏မိဘများအား နှင့် သက်သေများအားခေါ်ယူ၍ ယခုကဲ့သို့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုမျိုးမဝတ် ဆင်ရန်၊ ၄င်းတို့ဝတ်ဆင်ထားသော အဝတ်စားများ အားလဲလည်ပေးရန်၊ မြန်မာရိုးရာသင်္ကြန်နှင့်မလျော် ညီသော ဝတ်စားဆင်ယင်ခြင်းများမပြုလုပ်ရန် ၄င်းတို့၏မိဘအုပ်ထိန်းသူများအား မှာ ကြားပြီး ၄င်း တို့၏အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံလိုက်ကြောင်း အောင်မြေသာစံရဲစခန်းကသိရသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper


မြ၀တီ ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားအောက်၊ နှစ်နိုင်ငံသောင်ရင်း မြစ်ကမ်း စပ်များတွင် နှစ်စဉ်နှစ် တိုင်းရေ ကစားသူများဖြင့် စည်ကားလျက်ရှိရာဧပြီလ ၁၄ ရက်၊ ပထမသင်္ကြန် အကြတ်နေ့ကရေကစားရာမှ လူသုံးဦးရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ မြ၀တီမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁)ချစ်ကြည်ရေး တံတားအောက် သောင်ရင်း မြစ်ထဲ၌ ရေကစား နေကြသော မ၀ိုင်းဝိုင်းထွန်းမှာ သောင်ရင်းမြစ်ရေနက်ပိုင်းတွင် ရေနစ်နေသဖြင့် အစ်မဖြစ်သူ မစိုးစိုး(ခ)မတင်တင်ထွန်းမှ လိုက်လံဆယ်ယူရာ နှစ်ဦး စလုံးရေနစ်နေ၍ အမည်မသိအမျိုးသား မှ လိုက်လံ ၀ိုင်းဝန်း ဆယ်ယူရာ ၎င်းအမျိုးသားပါ ရေနစ်သွားကြောင်းနှင့် သောင်ရင်းမြစ်အတွင်းရေကစားသူများမှ ၀ိုင်းဝန်း ဆယ်ယူ ခဲ့ကြရာရေနစ်သူသုံးဦးစလုံးသေဆုံးနေ သည်ကိုတွေ့ရှိရ၍ မြ၀တီဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သေဆုံးသူ မိန်းကလေးနှစ်ဦးနှင့် အတူပါလာသောအသိဖြစ်သူချောင်းဆုံမြို့နယ်၊ ဘီးလူးကျွန်း ကျေးရွာနေ သူဒေါ်လဲ့လဲ့ က ပြောပြခဲ့သည်။


သေဆုံးသူမ၀ိုင်းဝိုင်းထွန်း နှင့် မစိုးစိုး(ခ)မတင်တင်ထွန်းတို့မှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလူး ကျွန်းကျေး ရွာမှ ဖြစ်ပြီးအဘ ဦးဝင်းခိုင်၏သမီးများဖြစ်ကာမ၀ိုင်းဝိုင်းထွန်းမှာ အသက် ၁၁ နှစ်ရှိပြီး မစိုးစိုး(ခ) မတင်တင် ထွန်းမှာ အသက် ၁၆ နှစ်ရှိပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ ညီအစ်မ နှစ်ဦးအား ကယ်ဆယ်ပေးသူ အမျိုးသားအား အမည်၊ နှင့် နေရပ် လိပ်စာစုံစမ်းဆဲဖြစ်ကြောင်းသိရသည်။


အဆိုပါ ရေနစ်သေဆုံးမှုဖြင့် ပတ်သက်၍ မြ၀တီမြို့မရဲစခန်း ကသေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၆) ဖြင့် ရေးဖွင့် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ထို့အပြင် အဆိုပါ ရေနစ်သေဆုံးသည့်နေရာ အား မြ၀တီမြို့နယ် စေတနာ လူမှုကူညီရေးအသင်းမှ ၀ါးလုံးများဖြင့် ကာရံထားပြီး အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ် ပေးခဲ့သည့်အတွက် ယနေ့ ဧပြီ ၁၅ ရက်၊ သင်္ကြန် ဒုတိယအကြတ်နေ့၌ အန္တရာယ် ကင်းစွာဖြင့်
ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


စစ်တွေ၊ ဧပြီ ၁၄

ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် သင်္ကြန်ကာလအတွင်း အရံ စေတီတော်(၈) ဆူ၏ စိန်ဖူးတော်များအားလုံး အခိုးခံလိုက်ရကြောင်း ဒေသခံများက နိရဉ္စရာ သို့ သတင်းပေးပို့ သည်။

ပလက်ဝမြို့နယ် ဆမီးမြို့(ခေါ်) သမိန်မြို့မှ တစ်မိုင်ခန့် အကွာ ဆုတောင်းပြည့် မြို့ဦး စေတီတော်ရှိ အမြင့် ၇ ပေခွဲခန့်ရှိ အရန်စေတီငယ် ၈ ဆူ၏ စိန်ဖူးတော်များ အခိုးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အခိုးခံရတာကို သိတာက သင်္ကြန်အကျနေ့ မနက် ၁၁ နာရီလောက်က ဥပုသ်စောင့်ဖို့ ဘုရားသွားတဲ့အခါကျမှ သိရတာ။ ဘုရားမှာနေတဲ့ ဆရာတော်တစ်ပါးရှိတယ်လေ။ ဆရာတော်က မြို့ပေါ် ရှင်ပြုပွဲကို ဧပြီလ ၁ဝ ရက်၊ ၁၁ ရက်နေ့က သွားနေတဲ့ အချိန် ပျောက်တာလို့ ယူဆရပါတယ်။ ဒါတောင်မှ စေတီတော်ကြီးရဲ့ စိန်ဖူးကို လက်လှမ်း မမီလို့။ နို့မဟုတ်ရင် စေတီကြီးရဲ့စိန်ဖူးလည်း ပါသွားနိုင်တယ်”ဟု ဘုရားဂေါပကအဖွဲ့မှ ဦးတင်ထွန်းက နိရဉ္စရာသို့ ပြောသည်။

ဆမီးမြို့(ခေါ်) သမိန်မြို့တွင် ဗုဒ္ဓဘာသာအိမ်ခြေ ၃ဝဝ ခန့်နှင့် တစ်ခြား ဘာသာကိုးကွယ်သူ အိမ်ခြေ ၆ဝဝ ခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

“ ဗုဒ္ဓသာသနာထွန်းကားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစေတီကို ၂ဝ၁၄ ခုနှစ်၊ မတ်လက တည်ထား ကိုးကွယ် ခဲ့ကြတာပါ။ တစ်ချို့ကလည်း မကြိုက်တဲ့အတွက် အတိုက်အခံလည်း များပါတယ်။ ဘုရားတည်မယ့် အခါလည်း အတိုက်အခံတွေရှိခဲ့တယ်။ ဒီကြားထဲက မဖြစ်မနေတည်ခဲ့တာ”ဟု ဦးတင်ထွန်းက ဆက်ပြောသည်။

ပျောက်ဆုံးသွားသည့် စိန်ဖူးတော်များမှာ တန်ဖိုးအားဖြင့်နည်းသော်လည်း မသမာသူ လူတစ်စုက ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးလို၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ဆမီးမြို့ဒေသခံ ဦးမောင်သိန်းဝေက “ဒီနေရာမှာ ဘာသာထွန်းကားတာကို မလိုချင်လို့ တမင်သက်သက် ဖျက်ဆီးလိုက်တာလို့ ထင်ပါတယ်။ ဒီလိုဖျက်ဆီးခံလိုက်ရတဲ့အတွက် ကျနော်တို့အားလုံးက ခံစားရတယ်ပဲလေ။ ဘုန်းကြီးက အစပေါ့။ ကျောင်းမှာလည်း ဥပုသ်သည်/မ တွေလည်း ဝမ်းနည်းကြတယ်။ သင်္ကြန်တွင်းလည်း ဖြစ်နေတဲ့ အတွက် အားလုံးလည်း စိတ်မကောင်းကြဘူး”ဟု နိရဉ္စရာသို့ပြောသည်။

ယခုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက်ပိုင်း ဘုရားသို့ ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ လာရောက် စစ်ဆေးသွားပြီး ခိုးယူ ဖျက်ဆီးသွားသူများကို စုံစမ်းဖော်ထုတ် အရေးယူပေးမည်ဟု ဒေသခံများကို ကတိပေး ပြောဆို သွားသည်ဟုဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဒေသအာဏာပိုင်များကို နိရဉ္စရာက ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် ၄ နှစ်ခန့်ကလည်း ယခုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာ အနီး ကျောက်ပျဉ်တောင်ကျေးရွာ ရှိ ဘုရားတွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ပြောကြသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews


ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်း ငလျင်ကြောင့် လမ်းများ ပျက်စီးခဲ့မှုများအား တွေ့ရစဉ်-(ဓါတ်ပုံ-အင်တာနက်)
    တိုကျို၊ ဧပြီ ၁၅ရက် (ဆင်ဟွာ)

    ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဧပြီလ ၁၄ရက်ညပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူကိုးဦးသေဆုံး ပြီး၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဧပြီလ၁၅ရက်တွင် ဖော်ပြခဲ့သည်။

ဧပြီလ ၁၄ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ပြင်းအား ၆.၅ရှိပြီး ဂျပန်နိုင်ငံ၏ ငလျင်တိုင်းတာမှု စကေးအရ ပြင်းအား ၇ ရှိကာ ယင်းပမာဏသည် မြေငလျင်တစ်ခု အတွက် ဖြစ်နိုင်သည့် အမြင့်ဆုံး ဖတ်ကြားနိုင်သည့် ပမာဏ ဖြစ်ကြောင်း သိရသည်။ ယခုလှုပ်ခတ်ခဲ့သည့် မြေငလျင်သည် ၂၀၁၁ခုနှစ် Tohoku တွင် လှုပ်ခတ် ခဲ့သည့် အင်အားပြင်း ငလျင်ပြီးနောက် ပထမဆုံးလှုပ်ခတ်သည့် အင်အား အပြင်းဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။

Kumamoto ခရိုင် Mashiki မြို့တွင် ငလျင် လှုပ်ခတ်ခဲ့မှုဒဏ် အပြင်းထန်ဆုံးဖြစ်ပြီး ပြင်းအား ၇ရှိသော်လည်း ဂျပန်နိုင်ငံ မိုးလေဝသ ဋ္ဌာနက ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ငလျင်ငယ် ၁၀၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပြီး အချို့မှာ ဂျပန်နိုင်ငံ၏ ငလျင် တိုင်းတာမှု စကေးအရ ပြင်းအား ၆ ရှိကြောင်း မိုးလေဝသဋ္ဌာနက ဧပြီလ ၁၅ရက် နံနက်အစောပိုင်းက ထုတ်ပြန် ခဲ့သည်။

ငလျင်ကြောင့် သေဆုံးသူများမှာ Mashiki မြို့နှင့် Kumamotoမြို့ရှိ Higashi ရပ်ကွက်မှ ဖြစ်ကာ ခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့များ နှင့် မီးသတ်သမားများက ငလျင်ကြောင့် အိမ်အလုံး ၂၀ပြိုကျခဲ့ပြီး အဓိကအားဖြင့် Mashiki မြို့နှင့် မြို့အနီးအနားပတ်ဝန်းကျင် မှ အပျက်အစီးများအောက်၌ လူများပိတ်မိနေကြာင်း ပြောကြားခဲ့သည်။
ငလျင်ကြီး နှင့် ၄င်း၏နောက်ဆက်တွဲ ငလျင်များကြောင့် လူ ၇၆၅ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းတို့အနက် ၅၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများက နံနက် ၅နာရီတွင် ပြောကြားခဲ့သည်။

တာဝန်ရှိသူများ က လူပေါင်း ၄၄,၄၀၀ ကို ၄င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး ခရိုင်အတွင်းရှိ ယာယီ နေရာ ၅၀၀တွင် နေရာချထားပေးကြောင်း ပြောကြားခဲ့သည်။

ငလျင်ဒဏ်ခံရသည့် ဧရိယာများအတွင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် မူမမှန်သည့် လက္ခဏာများ မရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ က ပြည်တွင်းရဲဋ္ဌာန ၁၉ခုမှ ရဲတပ်ဖွဲ့ဝင် ၁၀၈၄ဦးအား ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများသို့ ဖြန့်ကျက်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒုက္ခသည်များအတွက် လိုအပ်သည့် အစားအစာ၊ ရေနှင့် ဆေးဝါးများကို ထောက်ပံပေးရန် အစိုးရအနေဖြင့် အစွမ်းကုန်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်။ Photo:shew.org
သြစတေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ရှာဖွေ ထုတ်ယူရေးကုမ္ပဏီဖြစ်တဲ့ Woodside ကုမ္ပဏီဟာ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်တွေကနေတွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ် (ဒါမှမဟုတ်) ထိုင်းနိုင်ငံကို တင်ပို့ဖို့ စဉ်းစားနေကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

Woodside ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ကွက်တွေထဲက လုပ်ကွက်နှစ်ခုမှာ ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော် ဝါရီတွေအတွင်း သဘာဝဓါတ်ငွေ့ပမာဏ အမြောက်အများတွေ့ ရှိခဲ့ပါတယ်။ အဲ့ဒီဓါတ်ငွေ့တွေကို မြန်မာနိုင်ငံဈေး ကွက်ထဲမှာတင် ရောင်းချနိုင်သလို၊ ထိုင်းနိုင်ငံကို ပိုက်လိုင်းကတဆင့် ပို့နိုင်တဲ့အပြင်၊ တရုတ်ပြည်အထိ တင်ပို့နိုင် ပါတယ်။

Woodside ကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်အင်းရှာဖွေထုတ်ယူရေး လုပ်ကွက် ဧရိယာ အကျယ် အဝန်း အကြီးဆုံး လုပ်ခွင့်ရခဲ့တာပါ။ အစဦး လုပ်ကွက်နှစ်ခုမှာ သဘာဝဓါတ်ငွေ့အမြောက်အများ တွေ့ခဲ့ ရသလို၊ နောက်ထပ်လုပ်ကွက်တွေမှာလည်း များများစားစား ထပ်မံတွေ့ရှိနိုင်တယ်လို့ မျှော်လင့်နေပါတယ်။

တွေ့ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကို ၂ဝ၁၇ ခုနှစ်မှာ စတင်ထုတ်ယူမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်း အသားတင်ထုတ်လုပ်မှု GDP ပမာဏ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ထိုင်းနဲ့ တရုတ်ပြည်ကို ပိုက်လိုင်းက တဆင့်တင် ပို့နေတဲ့ သဘာဝဓါတ်ငွေ့က ရရှိတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရေကစားသူများကို စစ်ဆေးနေတဲ့ ရဲလုံခြုံရေးဝန်ထမ်းများ။ ( ဧပြီ ၁၄၊ ၂၀၁၆- သင်္ကြန်အကြတ်နေ့) သတင်းဓာတ်ပုံများ Credit to Yangon Police FB.
ရန်ကုန်မဟာသင်္ကြန်ပွဲတော်ကာလ အရင်နှစ်တွေလိုမဟုတ်ပဲ လုံခြုံရေးကောင်းမွန် လာတဲ့ အပြင် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘော ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်တွေ ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်ကြီးတွေ ပိတ်ပင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမဲ့မြို့နယ်၊ ရပ်ကွက် အလိုက် ရေကစား မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးစင်တွေ အများအပြားရှိ လာတာကြောင့် ပြည်သူ အများပျော်ရွှင်စွာ ရေကစားနိုင်ကြောင်းလဲ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။


NLD ရန်ကုန်တိုင်းအစိုးရသစ်ကနေ ဒီနှစ်သင်္ကြန်ပွဲတော်မှာ အများပြည်သူ စိတ်လက်အေးချမ်းနဲ့ ပျော်ရွှင်မှုရစေဖို့ လုံခြုံရေးကို အရင်နှစ်တွေကထက် အဆပေါင်းများစွာ နဲ့ အထူးစောင့်ကြည့် တာဝန်ယူထားကြောင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှာ ပါဝင်နေသူ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျမတို့ ရဲလုံခြုံရေးအင်အားကို မနှစ်ကထက်လည်း အများကြီး ဖြန့်ပြီးတော့ ချထားတယ်။ နောက်ပြီးတော့ အရပ်ဝတ်သဏ္ဍာန်နဲ့လည်း မဏ္ဍပ်တိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း ရန်ကုန်မြို့တမြို့လုံး ၊ ရန်ကုန်တိုင်း တတိုင်းလုံးပါပဲ တတ်နိုင်သလောက် အင်အားတွေကို မနှစ်ကထက် လုံခြုံရေးအင်အားကို ပိုတိုးမြှင့်ပြီး ချထားပါတယ်။ "

ဒါအပြင် NLD အစိုးရသစ်လက်ထက် ဒီနှစ်သင်္ကြန်ကာလ ထူးခြားချက် အဖြစ် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘောဆောင်ပူးပေါင်းပြီး ပွဲတော်ကာလတလျှောက် စနစ်တကျဖြစ်အောင် ဆောင်ရွက်လာတယ်လို့ ရဲတပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေကပြောပါတယ်။


ဒါနဲ့ပတ်သက်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ် ကလည်း သတင်းထောက်တွေကို ပြောသွားတာက-

"မနေ့ကတုန်းက အကျနေ့ပေါ့။ ၁၃ရက်နေ့မှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ မှုခင်းပေါင်း အားလုံး ၂၀ ဖြစ်ပါတယ်။ သင်္ကြန်နဲ့မပတ်သက်တဲ့အမှု ၁၈မှုဖြစ်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှု ၂၀မှာလည်းပဲ ထိခိုက်ဒဏ်ရာရတာ ငါးယောက်လောက်ပဲ ရှိပါတယ်။ သာမာန်အားဖြင့် ဒဏ်ရာရခြင်းဖြစ်ပါတယ်။ ကားပေါ်ကနေ ပြုတ်ကျတာတို့ သာမာန်အားဖြင့် ထိုးကြိတ်တာတို့ ဒီလောက်ပါပဲ။ ကျန်တာ ကြီးကြီးမားမား လူ့အသက်ကို ထိခိုက်တဲ့  ဒဏ်ရာရတဲ့ အနေအထားမျိုးတွေ သေဆုံးတာတို့ မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လည်း ကျနော်တို့ သင်္ကြန်အကြိုကာလကတည်းက မူးယစ်ဆေးဝါးတွေရော ကာမစိတ်ကြွဆေးတွေရော စသည်ဖြင့် ဒါတွေကိုလည်း အသိပညာပေးတာတွေ ရှာဖွေဖမ်းဆီးတာတွေကို ကျနော်တို့ပိုင်ပိုင်နိုင်နိုင် လုပ်ထားပါတယ်။

အခုချိန်အထိတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ အရေးယူထားတာမရှိပါဘူး။ သူတို့ကလည်း စည်းကမ်းဖောက်ဖျက်တာ ကြီးကြီးမားမား မရှိပါဘူး။ နည်းနည်းပါးပါး သတ်မှတ်ထားချိန် ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေကစားတာ ဒါမျိုးတော့ ရှိပါတယ်။ ကျနော်တို့က များသောအားဖြင့်တော့ ဒီမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ကလည်း ပြည်သူတွေအနေနဲ့ရော နောက်တခုက မဏ္ဍပ်ကို ဦးဆောင်တဲ့သူတွေရော အားလုံးပေါ့ သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ယူထားတဲ့ လုံခြုံရေးအဖွဲ့တွေရော  တကယ်နားလည်မှုရှိစွာနဲ့ စနစ်တကျနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်ခင်ဗျ။   "

အခုတက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအစိုးရက စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီး အတော်များများကို ပိတ်ပင်ခဲ့တာကြောင့် အရင်အစိုးရ လက်ထက်ကလိုမဟုတ်ပဲ လူငယ်တွေရဲ့ ပျော်ပါးမှုကို အာဏာနဲ့ပိတ်ပင်တားဆီးတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။


ဒါပေမဲ့လည်း ရန်ကုန်မြို့ခံ လူငယ်အမျိုးသမီး ပိုပိုကတော့ ဒီနှစ်သင်္ကြန်မှာ လုံခြုံစိတ်ချမှု အပြည့်နဲ့ ပျော်ရွှင်မှုအပြည့်ရှိတယ်လို့ဆိုပါတယ်။

"ဒီနှစ်သင်္ကြန်က ဟိုးအရင်တုန်းက ညီမတို့ငယ်ငယ်တုန်းက သင်္ကြန်လိုပြန်ဖြစ်သွားတယ်ပေါ့။ ပိုစည်သွားတယ်။ လူတွေကလည်း ပိုပြီးတော့ စည်းကမ်းရှိရှိ ပိုမြင်ရတယ်ပေါ့။ အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ပြုံပြီးတော့ လမ်းကျပ်တာမျိုး မဖြစ်ပဲနဲ့ ဒီနှစ်မှာ လမ်းတွေ ဘာတွေလည်း ချောင်တယ် သွားရလာရတာလည်း အဆင်ပြေတယ်။"

မေး။   ။ ညီမတို့လူငယ်တွေရော ရေပက်ကစားရတာ ပျော်ရွှင်မှုအပြည့်ရှိလား။

" ဟုတ် ပျော်ပါတယ် လုံခြုံရေးတွေ ဘာတွေလည်း ကောင်းတော့ ဘာပဲဖြစ်ဖြစ် သွားရတာ ပိုပြီး အဆင်ပြေပြီးတော့ ပိုပြီး လုံလုံခြုံခြုံရှိတယ်လို့မြင်တယ်အမ။

မေး။    ။ ညီမတို့ ဒီနှစ်သင်္ကြန်ပေါ့နော် အခုက အစိုးရသစ်လည်းဖြစ်လာတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာလည်း အစိုးရသစ်ဖြစ်လာပြီဆိုတော့ အရင်နှစ်သင်္ကြန်တွေနဲ့မတူပဲ ညီမတို့ လူငယ်တွေအနေနဲ့ရော ဘယ်လိုခံစားမိလဲ။ ဘယ်လိုတွေ့မြင်ရလဲ။

"ကောင်းပါတယ်။ အစစအရာရာ အဓိကကတော့ လုံခြုံရေးပေါ့ အမရယ်။ အဓိက သွားလာနေတဲ့အချိန် လုံခြုံရေးပေါ့ ရန်မဖြစ်ဖို့ရယ် အဓိက အရေးကြီးတာပေါ့ အဲ့တာတွေ သိပ်မရှိတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။"

ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်အများဆုံးရှိပြီး လူအစည်ကားဆုံးနေရာကတော့ ရန်ကုန်-ပြည်လမ်းမကြီး တလျောက်ဖြစ်ပါတယ်။ အင်းယားကန်ဘောင် တလျောက်မှာလည်း လူပေါင်း (၃၀၀နဲ့ ၄၀၀) နီးပါးဆန့်တဲ့ ရေကစား မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် (၄၅)ချက်နဲ့ သတ်မှတ်ပြီး ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားပါတယ်။

အင်ကြင်းနိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/