04/20/16

အမေရိကန် ပြည်ထောင်စု ရဲ့ အဓိက ပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် နဲ့ ရီပတ်ဘလေကဲန် ပါတီတွေကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်းဖြစ်မလဲ ဆိုတာကို ပြည်နယ် အလိုက် ရွေးကောက်ပွဲ တွေ ပြုလုပ် နေတာမှာ အခုဆိုရင် နယူးယောက် ပြည်နယ် ပရိုင်မာရီ ကျင်းပ နေပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီကိုကြည့်ရင် နယူးယောက်ပြည်နယ် အတွက် အထက်လွှတ်တော် ဆီနိတ်တာ အမတ် တစ်ဦး ဖြစ်ခဲ့ ဟီလာရီ ကလင်တန်က ပြိုင်ဘက် ဘာနီ ဆဲန်ဒါးစ်ကို အနိုင်ယူမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ရီပတ်ဘလေကဲန် ပါတီ မှာလည်း သမ္မတ လောင်းဖြစ်ဖို့ ထိပ်က ပြေးနေတဲ့ ဒေါ်နယ် ထရမ့်က သူနဲ့ အနီးကပ်ဆုံး ပြိုင်ဘက် တက်ဒ်ခရုဇ်ကို အလွယ်တကူ နိုင်နိုင်တဲ့ အနေအထား ရှိတယ်လို့ သုံးသပ် နေကြပါတယ်။

သမ္မတလောင်း တွေ ဖြစ်ဖို့ ထိပ်က ပြေးနေကြတဲ့ မစ္စစ် ကလင်တန် နဲ့ မစ္စတာ ထရမ့်တို့ နှစ်ဦး ဟာ လတ်တလော ပြည်နယ် ရွေးကောက်ပွဲ တွေ မှာ ရလာဒ်ကောင်းတွေ မရ ဖြစ်နေခဲ့ကြ ပေမယ့်၊ အခု နယူးယောက် ပြည်နယ် ရွေးကောက်ပွဲ မှာ ပြိုင်ဘက်တွေ အပေါ် ပြတ်ပြတ် သားသားနဲ့ အကြီးအကျယ် အောင်ပွဲ ခံနိုင် ခဲ့ရင်တော့ သမ္မတလောင်း ဖြစ်ဖို့ သူတို့ ကြိုးစား နေတာတွေ ပြန်လည် အရှိန် ရလာမှာ ဖြစ်ပါတယ်။
BBC Burmese

ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ အကြုံးဝင်မှာ ဖြစ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးကို သုံးစွဲပြီး ပြောဆို ညွှန်ကြား ထားတဲ့ အတိုင်း နိုင်ငံရေး အမှုတွေ အဖြစ် အကြုံးဝင်မယ့် အမှု ကိစ္စ အားလုံးကို ရှေ့ဆက် မသွား တော့ပဲ အမှု ပြန်လည် ရုတ်သိမ်း နိုင်အောင် တတိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ စတင် စိစစ် ဆောင်ရွက် နေပြီ ဖြစ်ပါတယ်။

ပြစ်မှု ဥပဒေ ကျင့်ထုံး ၄၉၄ နဲ့ အညီ အမှုတွေ ကို ပြန်လည် ရုတ်သိမ်း နိုင်အောင် အမှု အများစု မှာ တရားလို ဖြစ်နေတဲ့ ရဲ တပ်ဖွဲ့ အပါအဝင်၊ သက်ဆိုင်ရာ တရားစွဲ အစိုးရ ရှေ့နေ တွေ၊ ဒေသခံ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ တွေ ညှိနှိုင်း ပြီး ဆောင်ရွက် ကြမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီးထွန်းမင်း က ဘီဘီစီကို ပြောပါတယ်။

ခွင့်ပြုချက် မတောင်းခံပဲ ဆန္ဒပြလို့ ဆိုပြီး ငြိမ်းစုစည်း ဥပေဒ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရသူတွေ၊ ရပ်ရွာ အေးချမ်းသာယာ ရေးကို ပျက်စီး စေလို့ ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံထားရသူ တွေ စသဖြင့် နိုင်ငံရေး အမှု လို့ သတ်မှတ်နိုင်တဲ့ အမှု ကိစ္စတွေ အကြုံးဝင်မှာ ဖြစ်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ဆိုပါတယ်။

ရုံးပြန်ဖွင့်မယ့် ကြာသာပတေး နေ့ ဧပြီလ ၂၁ ရက် က စပြီး တရားရုံး ရုံးချိန်း ရှိတဲ့ အမှု ကိစ္စတွေ ကို အမှု ရုတ်သိမ်း တဲ့ လုပ်ငန်းစဉ် တွေ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

လောလောဆယ် အတိတကျ မပြောနိုင် သေးပေမယ့် အမှုပေါင်း ရာကျော် ရုတ်သိမ်း ပေးလာ နိုင်ပြီး၊ ဧပြီလ အကုန် ထဲမှာပဲ အမှု အကုန် ပြီးပြတ် သွား နိုင်တယ်လို့ ရဲမှူးကြီး ထွန်းမင်း က ပြောပါတယ်။

BBC Burmese

[youtube src="8BS0E2hW9jk"/]
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ NLD နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်မှုအားကောင်းနေတယ်လို့ NLD ကိုယ်စားလှယ်တချို့ကပြောပါတယ်။ ဒီသတင်းကိုဇေယျာချမ်းအေးပေးပို့ထားပါတယ်။
DVB TV

၂၀၁၆ အတွက် ပူလစ်ဇာဆုရှင်များ Esther Htusan, Margie Mason, Robin McDowell နဲ့ Martha Mendoza
၂၀၁၆ အတွက် ပူလစ်ဇာဆုရှင်များ Esther Htusan, Margie Mason, Robin McDowell နဲ့ Martha Mendoza

မြန်မာနိုင်ငံက ကချင်တိုင်းရင်းသားသတင်းထောက် Ester Htusan ဟာ အခု နှစ်ပူလစ်ဇာဆုရဲ့ အများပြည်သူအကျိုးဆောင်ဆုအဖြစ် အခြား AP သတင်းထောက် သုံးဦးနဲ့အတူ ပူးတွဲရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ၀ါရှင့်သတင်းထောက်တွေကတော့ မြန်မာနိုင်ငံသားတဦး အခုလို ပူလစ်ဇာဆုရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူကြပြီး၊ အခု အစိုးရသစ်လက်ထက်မှာ နိုင်ငံတွင်း လူငယ်သတင်းသမားတွေအနေနဲ့ အခုလို စုံစမ်းဖော်ထုတ်ရေးသားတဲ့သတင်းမျိုးတွေ ပိုပြီး ရေးလာနိုင်ကြမယ်လို့ မျှော်လင့်နေကြပါတယ်။ ကိုဥာဏ်ဝင်းအောင်က စုံစမ်းမေးမြန်းထားတာပါ။

၂၀၁၆ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပညာထူးချွန်ဆု ချီးမြှင့်ရာမှာ အများပြည်သူ အကျိုးဆောင်တဲ့ကဏ္ဍအတွက် ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan က Pulitzer ပူးတွဲဆုရရှိခဲ့တာဖြစ်ပါတယ်။

သူနဲ့ အခြား အေပီသတင်းထောက်သုံးဦးဟာ မြန်မာအလုပ်သမားတွေ အများစုပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံ တချို့ရဲ့ ငါးဖမ်းလုပ်သားတွေ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွင်း ပင်လယ်စာလုပ်ငန်းတွေမှာ ကျေးကျွန်တွေလိုခိုင်းစေခံရတဲ့ အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ရေးသားခဲ့တာပါ။ ကချင်တိုင်းရင်းသူ Esther Htusan ဟာ AP သတင်းဌာနအတွက် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတဦး အခုလို Pulitzer ဆုရတဲ့အတွက် ဂုဏ်ယူမိကြောင်း ရန်ကုန်အခြေစိုက် AP သတင်းဌာနမှာ လုပ်ခဲ့တဲ့ ၀ါရင့်မြန်မာသတင်းထောက်ဟောင်း ဒေါ်အေးအေး ၀င်းက ပြောပါတယ်။

“အင်မတန်ဝမ်းသာပါတယ်။ ပူလစ်ဇာဆုဆိုတာ သတင်းလောကမှာလည်း အမြင့်ဆုံးဆုလို့ လက်ခံထားတယ်။ အဲဒီအတွက်ကြောင့် အဲဒီလို ခက်ခက်ခဲခဲနဲ့ သတင်းလိုက်ပြီးတော့ ဆုရသွားတာလည်း အင်မတန်ထိုက်ထိုက်တန်တန် ရခဲ့တဲ့ဆုလေ။ အဲဒီအထဲမှာမှ ကိုယ့်မြန်မာအမျိုးသမီးလေးတယောက် သတင်းထောက်လေးတယောက် ရသွားတယ်ဆိုတော့ ပိုပြီးတော့တောင် ဂုဏ်ယူပါတယ်။ ဒါအမျိုးသမီးတွေ မခေဘူးဆိုတာ တခါပြီးတခါ သက်သေပြနေသလိုပဲပေါ့နော်။”

Esther Htusan ဟာ Pulitzer ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်တယ်လို့ Reuters သတင်းထောက်တဦးဖြစ်တဲ့ ဦးအောင်လှထွန်းက ပြောပါတယ်။

“ကျနော်သိပ်ဂုဏ်ယူပါတယ်။ အရမ်းဂုဏ်ယူပါတယ်ခင်ဗျ။ တော်တော်ထိုက်တန်ပါတယ်။ အဲဒီ Story ကိုလည်း ကျနော် ဖတ်လိုက်ရပါတယ်။ အင်မတန်ကို ထိုက်တန်တဲ့ story ပါ။ ကျနော်တို့ နိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေမှာတော့ ရေးစရာလည်းအများကြီးရှိပါတယ်။ အဲဒီအကြောင်းအရာတွေထဲက အင်မတန်ကို အရေးကြီးတဲ့အကြောင်းအရာတခုပါပဲ။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါ။”

သတင်းလောကမှာ မြန်မာနိုင်ငံသားတဦး Pulitzer ဆုရတာ ဒါဟာ ပထမဦးဆုံးပဲဖြစ်ပါတယ်။ Ester Htusan အခု ဆုရခဲ့တဲ့ သတင်းလိုပဲ အခြားမြန်မာနိုင်ငံတွင်း အများပြည်သူအကျိုးစီးပွားနဲ့ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးသားစရာတွေ အများအပြားရှိတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ် ။

“ကျနော်ကတော့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ဟာကိုပဲ ၊ ပြည်သူတွေရဲ့ နစ်နာချက်နဲ့ ပတ်သက်တဲ့ဟာကိုပဲ အဓိက ဖော်ထုတ်ဦးစားပေးစေချင်ပါတယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနစ်နာတာနဲ့ ပတ်သက်ရင်တော့ Project တွေက miss management တွေက အများကြီးပဲ ၊ quality control လုံးဝမရှိဘူး။ တံတားတွေကို reinforced concrete ကို ၀ါးနဲ့ လုပ်တယ်တဲ့ အများကြီး အဲဒါတွေကတော့ ဖော်ထုတ်လို့ကောင်းပါပြီ ကျနော်တို့။ အများပြည်သူလုံခြုံဖို့အတွက်ကိုပေါ့လေ။ ငလျင်သာလှုပ်လိုက်ရင်တော့ အားလုံးသေပြီ ၊ တံတားတွေရှိတယ်၊ dam တွေရှိတယ်။ စံမမှီတဲ့ဟာတွေပေါ့လေ။ အဲဒါတွေကို ဖော်ထုတ်ဖို့အတွက်ကို အများကြီးပါပဲ။”

အခုလို Pulitzer ဆုရခဲ့တဲ့အတွက်ကြောင့် အင်ဒိုနီးရှားမှာ ကျေးကျွန်သဖွယ် ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာရေလုပ်သားတွေ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနဲ့ ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ Esther Htusan အပါအ၀င် ရေးသားခဲ့တဲ့ AP သတင်းဆောင်းပါးဟာ နောက်ဆက်တွဲအကျိုးဆက်ကောင်းတွေရှိတယ်လို့ AP သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“တော်တော်လေးရိုက်ခက်မှုကြီးပါတယ်။ မိသားစုတွေပြည်လည်ပေါင်းစည်းနိုင်တာ သူတို့ ကျွန်ဘ၀ကနေပြီးတော့ လွတ်မြောက်လာတာ။ အဲဒီမိသားစုတွေအပေါ်မှာ တော်တော်လေးရိုက်ခတ်မူရှိတယ်။ နောက်မြန်မာပြည်ဘက်ကဆိုရင်လည်း လူကုန်ကူးမှုအဖွဲ့ကလည်း ဒီအပေါ်မှာ တော်တော်တက်တက်ကြွကြွ နိုးနိုးကြားကြား ပိုဖြစ်သွားတာပေါ့။ သူတို့လည်း ဒီအလုပ်ကို နဂိုကတည်းက လုပ်နေတာပေါ့နော်။ အဲတော့ သူတို့ကလည်း ပူးပေါင်းပြီးတော့ တော်တော်တက်တက်ကြွကြွပါတော့ မြန်မြန်လည်းပြန်ရောက်လာတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်း ထူးထူးခြားခြားလှုပ်ခတ်မှုကတော့ ဒီမတရားလုပ်ပြီးတော့ ရလာတဲ့ ပင်လယ်ငါး၊ အစားအစာတွေ စားသုံးနေတဲ့ စားသုံးသူ အထူးသဖြင့် west က အနောက်နိုင်ငံသား စားသုံးသူတွေကို သူုတို့စားပွဲပေါ်မှာရောက်နေတဲ့အစားအစာတွေက ဒီမြန်မာ အလုပ်သမားတွေတခါထဲ ခက်ခက်ခဲခဲနဲ့ ရှာဖွေပြီးတော့မှ သူတို့ စားပွဲပေါ်ရောက်လာတယ်ဆိုတာ သူတို့အနေနဲ့လည်း တာဝန်သိတဲ့ စားသုံးသူဖြစ်အောင် လမ်းညွန်ပေးနိုင်အောင်ဖြစ်သွားတာပေါ့နော်။

အရင်စစ်အစိုးရလက်ထက်တုန်းက မြန်မာပြည်တွင်းမှာ Investigative Report တွေကို ရေးသားဖို့ဆိုတာ အန္တရာယ်များလွန်းပေမယ့် အရပ်သားအစိုးရ အပြောင်းအလဲဖြစ်လာတဲ့ ဒီနေ့လို ကာလမှာ လူငယ်သတင်းသမားတွေက ပိုပြီး စုံစမ်းဖော်ထုတ်ရေးသားတာတွေ လုပ်လာ နိုင်ကြတယ်လို့ AP သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

နိုင်ငံတကာက သတင်းပညာထူးချွန်ဆု Pulitzer ဆုကို သတင်းစာထုတ်ဝေသူ Joseph Pulitzer က ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး အေပီသတင်းဌာနအနေနဲ့ ၅၂ ကြိမ်မြောက် ပူလစ်ဇာဆုရရှိတာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA

၁၈.၄.၂၀၁၆ ရက်နေ့ ၂၁၄၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု
ကျေးရွာ၊ ထိန်ပင်သုသာန် ၀င်းအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန စွန့်ပစ်အမှိုက်
ပုံတွင် ကျည်ဆံများတွေ့ရှိကြောင်း သတင်းအရလှိုင်သာယာမြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါကျည်ဆံများနှင့်
ပတ်သက်၍ အမျိုးအစားအတည်ပြုစစ်ဆေးနိုင်ရန် နယ်မြေခံအမှတ်(၅၃၂)
ခြေမြန်တပ်ရင်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အတည်ပြုစစ်ဆေးခဲ့ရာ ၇.၆၂ G3 ကျည် ၄၀ တောင့်၊ ၇.၆၂AK 47
ကျည် ၂ တောင့်၊ ၅.၅၆MA Series ကျည် ၁၉ တောင့်၊ ၅.၅၆M16 ကျည်၂၃
တောင့်၊ 9MM ကျည် ၄၈ တောင့်၊ .၃၀ကာဘိုင်ကျည် ၁၁ တောင့်၊ .၃၀၃
မီလီမီတာပို့ကျည် ၂တောင့်၊ ၉၁ လက်ပစ်ဗုံး (Fuse မပါ) ၁ လုံး၊ လက်ပစ်
ဗုံး(Fuse)၃ ခု၊ 9မီလီမီတာ BA 94 စတင်းကျည်ဘောက် ၁ခု၊ ကာဘိုင်ကျည်
ဘောက် ၂ ခု၊ ၅.၅၆(၃၅)တောင့်ဝင်ကျည်ဘောက် ၁ခု၊ ၅.၅၆ (၂၀)တောင့်ဝင်
ကျည်ဘောက် ၁ခုတို့ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းလက်ပစ်ဗုံး၊ ကျည်ဆံများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ပေးပို့အပ်နှံသွား
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police


မျက်မှောက်ကမ္ဘာကြီးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ သူတို့ ရဲ့ ထက်မျက်တဲ့  စွမ်းဆောင်ရည် တွေဟာ နယ်ပယ်အသီးသီးမှာ တရိပ်ရိပ်တိုးမြင့်လာနေတယ်။ အထူးသဖြင့် ဖေါက်ပြန်မှားယွင်းနေတဲ့ လူ့ အဖွဲ့  အစည်းတွေကို တည့်မတ်ထိန်းကြောင်းပေးရာကိစ္စရပ်တွေ၊ အလွန်အန္တရာယ်များပြီး စွန့်လွှတ် စွန့် စားရတဲ့ နိုင်ငံရေး၊ လူမှု့တော်လှန်ရေးလှုပ်ရှားမှု့တွေမှာ ဦးမညွှတ်ဘဲမနေနိုင်လောက်အောင် သတ္တိ ကောင်းကြပြီး ဇွဲလုံ့ လကြီးမားကြတဲ့အပြင် ပြတ်သားတဲ့ရပ်တည်ချက်တွေနဲ့ လှပတဲ့သမိုင်းတွေကို ရေးထိုးလာတဲ့ အမျိုးကောင်းသမီးများစွာပေါ်ထွန်းခဲ့ပါတယ်။

ခေတ်ပြိုင်မြန်မာနိုင်ရေးဇါတ်ခုံပေါ်မှာလည်း ထိုနည်းနှင်နှင်ပါဘဲ အမျိုးသမီးတွေကိုအထင်အမြင်သေး စိတ်နဲ့  နောက်တန်းမှာထား နိမ့် ချပိတ်လှောင်ထားလို့ မရတော့သလို၊ လူလူခြင်းအတူတူ ယောကျာင်္း မိန်းမရယ်လို့  ခွဲခြားဆက်ဆံပြီး သူတို့ အခွင့်အရေးတွေကိုဖြတ်တောက်လို့  မရတော့ပါဘူး။ မြန်မာ နိုင်ငံကို စစ်ဖိနပ်အောက်မှာ နှစ်ငါးဆယ်ကျော် ပိတ်လှောင်နင်းခြေထားခဲ့တဲ့ စစ်အာဏာရှင်တွေကို ဆန့် ကျင်တွန်းလှန်ရာမှာ ဥာဏ်ပညာထက်မျက်တဲ့မြန်မာတိုင်းရင်သူ အမျိုးကောင်းသမီးများစွာရဲ့ ရဲရင့်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေဟာ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ် သမိုင်းကမ္ဗည်းထွင်းရစ်ခဲ့ပါပြီ။

ဒါကြောင့် ဒီဆောင်းပါးမှာ မြန်မာ့ဒီမိုကရေစီခရီးကြမ်းတလျှောက် သူတို့ ရဲ့ကြီးမြတ် ထွန်းပြောင်တဲ့ တာဝန်သိတတ်မှု့၊ လှပတဲ့သမိုင်းတွေနဲ့ ကမ္ဘာကတောင်အသိမှတ်ပြုခဲ့ရတဲ့ လေးစားဦးညွှတ်အပ်သော အာဂမြန်မာတိုင်းရင်းသူ အစ်မနဲ့ နှမငယ်များအကြောင်း တစေ့တစောင်းတင်ပြလိုက်ပါတယ်။

(၁) ဒေါက်တာစင်သီယာမောင် ( ကရင်အမျိုးသမီး လူသားချင်းစာနာထောက်ထားကူညီသူဆရာဝန်)

ဒေါက်တာစင်သီယာမောင်ဟာ (၁၉၈၈) ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့အပြီး စစ်အာဏာရှင်တွေက ပြည်သူထောင်ပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်လို့  နိုင်ငံတော်အာဏာကို ပြည်သူ အလိုမတူဘဲ သိမ်းယူလိုက်တော့ မြန်မာနိုင်ငံအတွင်းနေထိုင်လို့ မရတော့တာမို့  ထိုင်းနိုင်ငံ မဲဆောက်မြို့ လေးမှာ မယ်တော်ဆေးခန်းကလေးကို မိတ်ဆွေများတိုက်တွန်းကူညီမှုနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်။ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးဝါး ရရှိရေး၊ အရေးကြီးလူနာများကို မဲဆောက်ဆေးရုံသို့ လွဲပြောင်းပို့ ဆောင်ကုသရေးနှင့် ကျောင်းသားတပ်များ၌ ဆေးတပ်သားများဖွဲ့ စည်းနိုင်ရေးအတွက် ဆေးသင်တန်းများဖွင့်လှစ်နိုင်ရေး စသည့်လုပ်ငန်းများကို မယ်တော်ဆေးခန်းလေးကို အခြေခံကာဆောင်ရွက်ခဲ့တယ်။ တဖက်ကလည်း ဆေးခန်းသို့ရောက်ရှိလာတဲ့ လူနာတွေကို အခမဲ့ကုသပေးခဲ့ရပါသေးတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ ကျိုးပမ်းဆောင်ရွက်မှုကြောင့် မယ်တော်ဆေးခန်းဟာ ကျန်းမာရေး စောင့်ရှောက် မှုသာမက ရွှေ့ ပြောင်းမြန်မာနိုင်ငံတိုင်းရင်းသားများရဲ့ ပညာသင်ကြားနိုင်ရေးအတွက်ပါ (၁၉၉၄)ခုနှစ်မှာ မူကြို ကျောင်းကလေးကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါက်တာစင်သီယာမောင်ရဲ့ အားထုတ်မှု့နဲ့  အခုအခါမှာ ကျောင်းသားပေါင်း (၁ဝဝဝ) ကျော် သင်ကြားပေးနိုင်တဲ့အထက်တန်းကျောင်းကြီးကို ဖွင့်လှစ် သင်ပေးနိုင်ပြီဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ နှစ်ရှည်ကျိုးပမ်းဆောင်ရွက်မှုကို ကမ္ဘာ့ နိုင်ငံအသီးသီးက ချီးကျူးမှတ်တမ်းတင်ကာ လိုအပ်သမျှကို ကူညီထောက်ပံ့ပေးသည်သာမက (၁၉၉၉) ဇွန်လတွင် ဂျိုနသန်မန်းဆု အပါအဝင် ဆုတံဆိပ် ပေါင်း (၃ဝ) ကျော်ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့တယ်။ နောက်ဆုံးရရှိတဲ့ဆုက (၂ဝ၁၃) မှာ သြစတြေးလျနိုင်ငံက ပေးအပ်ခဲ့တဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆုဖြစပ်ပါတယ်။

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းဟာ မြန်မာဒုက္ခသည်များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ ပြောင်း အလုပ်သမားများ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူများအတွက် အဓိက မှီခိုအားထားရာနေရာ တစ်ခုပင်ဖြစ်နေပါတော့တယ် လို့ ဆရာသန်းဝင်းလှိုင်ရေးသားတဲ့ “ ဒေါက်တာစင်သီယာမောင် (သို့မဟုတ်) နှလုံးလှဆရာဝန်မလေး ” ဆောင်းပါးမှာဖတ်လိုက်ရပါတယ်။

(၂) လဖိုင်ဆိုင်းရော် (ကချင်အမျိုးသမီး လူသားချင်း စာနာထောက်ထားကူညီသူ)

လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ကချင်အမျိုးသမီး မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်သူ လဖိုင်ဆိုင်းရော်ဟာ (၂၀၁၃) ခုနှစ်တွင် အာရှရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆု တခုဖြစ်တဲ့ ရေမွန်မက်ဆေးဆေးဆုကိုလည်း ရရှိခဲ့တယ်။

လက်ရှိမှာ လဖိုင်ဆိုင်းရော်ဟာ Irrawaddy Social Association ဧရာဝတီလူမှု့ရေးအသင်းအဖွဲ့နှင့်အတူ လှုပ်ရှားလုပ်ဆောင်နေပါတယ်။ Irrawaddy Social Association ဆိုတာ မြန်မာနိုင်ငံ ဧရာဝတီမြစ်တလျှောက် ရှိ နေထိုင်ကြသူများရဲ့ အသက်မွေးမှု၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ တို့ကို အကြံပြုဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

(၃) နန်းချန်တောင်း ( ရှမ်းအမျိုးသမီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)

အသက် (၆) နှစ်အရွယ်မှာ နန်းချန်တောင်းရဲ့ မွေးရပ်မြေ ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားရာမှ မိသားစုနှင့်အတူ လွတ်မြောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းခဲ့ရတယ်။ (၁၀) နှစ် ကြာပြီးတဲ့နောက်မှာတော့ နန်းချန်တောင်းဟာ တက်ကြွလှုပ်ရှားသူတယောက်အဖြစ် စတင်ဆောင်ရွက်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူမဟာမျက်ဝါးထင်ထင် ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။

နန်းချန်တောင်းဟာ ရှမ်းအမျိုးသမီးရေးရာဆက်သွယ်ဆောင်ရွက်ရေးအသင်း (SWAN) ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တယောက်ဖြစ်ပြီး တိုင်းရင်းသားဒေသတွင် မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုစနစ်ကို ထုတ်ဖော်သော ၂၀၁၁ ခုနှစ် “License to Rape” အစီရင်ခံစာကို ပါဝင် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နန်းချန်တောင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှမ်းပြည်ကျောင်းသား လူငယ်များကျောင်း Shan State Nationalities Youth မှ တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ လူငယ်များ အတွက် ပညာရေး၊ တရားမျှတမှုတို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်။

( ၄) အက်စ်သာ ထုဆန် (ကချင်အမျိုးသမီးသတင်းထောက်)

ငါးဖမ်းလုပ်ငန်းမှာ အတင်းအကျပ် ကျွန်ပြုခိုင်းစေခံရတဲ့ အလုပ်သမား (၂၀၀၀) ကျော် လွတ်မြောက်ရေး ဖော်ထုတ်ရေးသားခဲ့တဲ့ ကချင်အမျိုးသမီးသတင်းထောက် အက်စ်သာထုဆန်ဟာ အမေရိကန်သတင်းစာ လောက ရဲ့ အမြင့်ဆုံး ပူလစ်ဇာဆုကို ရရှိခဲ့ပါတယ်။

ထိုင်းငါးဖမ်းစက်လှေတွေမှာ ငါးဖမ်းခိုင်းဖို့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတခုမှာ လူကုန်ကူးခံရပြီး ဖမ်းဆီးအကျဉ်းခံ ကျွန်ပြုခံနေရတဲ့ မြန်မာအပါအ၀င်ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ အေပီသတင်းက ပူလစ်ဇာဆုကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနဲ့ ရရှိခဲ့ပါတယ်။

ဒီသတင်းကို အေပီသတင်းထောက်တွေဖြစ်တဲ့ မက်ဂီမန်ဆန်၊ ရော်ဘင်မက်ဒေါဝယ်၊ မာသာမန်ဒိုဇာနဲ့ မြန်မာသတင်းထောက် အက်စ်သာထုဆန် တို့က ပူးပေါင်းရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

(၅) မိကွန်းချမ်းနွန် (မိခင်ကြူ)... မွန်အမျိုးသမီးရေးလှုပ်ရှားသူ

အမျိုးသမီးအရေးကို (၁၉၉၂) ခုနှစ်ကစလို့ နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်လာခဲ့သူ မွန်အမျိုးသမီးအဖွဲ့ ဒု-ဥက္ကဋ္ဌ မွန်ပြည်နယ် မော်လမြိုင်မြို့မှာနေထိုင်တဲ့ ဘီလူးကျွန်း ရွာလွတ်မှ မွန်အမျိုးသမီးရေးလှုပ်ရှားသူ မိကွန်းချမ်းနွန် (မိခင်ကြူ) ဟာ 'Untold Stories - Women Transforming their Communities' နဲ့  2014 Asian-Pacific N-Peace Award အာရှဒေသငြိမ်းချမ်းရေးဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ပါတယ်။

(၆) နော်အုန်းလှ (ကရင်အမျိုးသမီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

ရွှေဝါရောင်တော်လှန်ရေးမတိုင်မှီ (၂၀၀၆) ခုနှစ်လောက်က သံဃာတော်တွေတောင်ရိုက်နှက်သတ်ဖြတ်ရဲပြီး အလွန်ရက်စက်ကြမ်းကျူတ်တဲ့ စစ်အာဏာရျင်အစိုးရကို အပတ်စဉ်လှုပ်ရှားဆန္ဒပြဆန့် ကျင်ရဲသူများထဲမှာ နော်အုန်းလှ၊ မရင်ရင်မြတ်၊ကိုထွန်းထွန်းတို့ ဦးဆောင်သည့် အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့လည်းပါဝင်ပါတယ်။ အဲ့ဒီအချိန်တုံးက စစ်အာဏာရှင်တွေက ဆန္ဒပြပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးဖို့ အသုံးပြုခဲ့တဲ့ စွမ်းအားရှင် ဆိုသူများသည် သက်ဦးဆံပိုင်ခေတ်က အာဏာပါးကွက်သားများထက်ဆိုးပါသေးတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အကြိမ်ကြိမ်အဖမ်းခံခဲ့ရပြီး အခုနောက်ဆုံး လက်ပံတောင်းအဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး အတွက် တရုတ်သံရုံးရှေ့ဆန္ဒပြမှုနဲ့ ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကမှ အရပ်သားအစိုးရသစ်သမ္မတကြီး ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှဟာ Karen Women Union – KWU ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အဖွဲ့ဝင်လည်းဖြစ်သလို ဒီမိုကရေစီနှင့်ငြိမ်းးချမ်းရေးအမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။

(၇) ဒေါ်ဂျာနန်

စစ်ဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီနိုင်ရန်နဲ့ ငြိမ်းချမ်းရေးအတွက်တထောင့်တနေရာကနေ ဆောင်ရွက် လုပ်ကိုင်နေတဲ့ ငြိမ်းဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမဒေါ်ဂျာနန် ဟာ အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လူထု အကျိုးပြုလုပ်ငန်းတွေ အတွက် တစိုက်မတ်မတ် ကြိုးပမ်း လှုပ်ရှားနေတဲ့ အမျိုးသမီး၊ အမျိုးသားတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်က စတင်ပြီး UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် မှ ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုတံဆိပ် N-Peace Award ကို ၂၀၁၅ ခုနှစ်အတွက် လက်ခံရရှိခဲ့ပါတယ်။

အထူးသဖြင့် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်မှာ ရှားရှားပါးပါး ကချင်အမျိုးသမီးတဦး အနေနဲ့ ပါဝင်ခွင့်ရခဲ့ပြီး သူမရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လူသိများလာခဲ့တာပါ။

အထက်မှာရေးပြခဲ့တဲ့ အာဂတိုင်းရင်းသူအစ်မနဲ့ နှမငယ်များအပြင် နိုင်ငံနဲ့ ပြည်ထောင်စုတခုလုံးအရေးအတွက် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ခဲ့ကြပြီး ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆောင်လမ်းပြနေကြတဲ့ အခြားခြားသော တိုင်းရင်းသူအစ်မနဲ့ နှမငယ် အာဇာနည်အထောင်အသောင်းတို့ အားလည်း ဒီဆောင်းပါးနဲ့  ဦးညွှတ်အလေးပြု မှတ်တမ်းတင်အပ်ပါတယ်။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)

water-scarcity-620.jpg
မကွေးတိုင်း ကျေးရွာတစ်ရွာမှာ ရေပေးဝေနေသည်ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA


နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက ကျေးရွာတွေမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အဲဒီအထဲက မကွေးနဲ့ မန္တလေးတိုင်းက ကျေးရွာတွေမှာ ရေရှားပါးမှုအခြေအနေ အဆိုးဆုံးဖြစ်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောပါတယ်။

"အဆိုးဆုံးကတော့ မကွေးနဲ့ မန္တလေးရယ်၊ တခြားတိုင်းတွေလည်း ဒီအောက်ပြည် အောက်ရွာတွေမှာလည်း ဒီလိုပဲ၊ ဧရာဝတီတိုင်းတို့ဘာတို့လည်း အကူ အညီတောင်းတာ ရှိပါတယ်၊ မကွေးတို့ဘာတို့တော့ ပိုပြီးတော့များတာပေါ့"

အယ်နီညိုရာသီဥတုကြောင့် အပူချိန်ပြင်းထန်ပြီး ကျေးရွာတွေမှာရှိတဲ့ သောက်ရေ ကန်တွေ၊ မိုးရေလှောင် ကန်တွေ ရေခမ်းခြောက်တာ၊ ရေငန်စိမ့်ဝင် တာတွေကြောင့် သောက်သုံးရေ ခက်ခဲလာတာဖြစ်ပါတယ်။

သောက်သုံးရေအခက်အခဲနဲ့ကြုံတွေ့နေတဲ့နေရာတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့က အကူအညီ တွေပေးနေသလို လူမှုအဖွဲ့အစည်းတွေကလည်း ရေလှူဒါန်းပေးနေ ပါတယ်။

ကျေးလက်ဒေသဖံွ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒီလအတွင်း တစ်နိုင်ငံလုံးမှာ ကျေးရွာပေါင်း နှစ်ထောင်နီးပါး ရေ ရှားပါးမှုနဲ့ ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA

ဓာတ်ပုံများ - ဦးနေမျိုးဇင်ဖေ့စ်ဘုတ်

ရန်ကုန်၊ ဧပြီ ၁၉ ။ ။ မကြာမီရက်ပိုင်းအတွင်းက အကျဉ်းထောင်ထဲမှ ပြန်လည်လွတ်မြောက်လာသော ကိုနေမျိုးဇင်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့နှင့် ပူးပေါင်းကာ သောက်သုံးရေရှားပါးနေပြီဖြစ်သော ဒလဆိပ်ကမ်းမြို့နယ်အတွင်းရှိ စံပြရပ်ကွက်တွင် ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

သွားရောက်လှူဒါန်းသော စံပြရပ်ကွက်တွင် လူနေအိမ်ခြေ ၃၀၀ ကျော် ၄၀၀နီးပါးရှိပြီး၊ အမှန်တကယ်သောက်သုံးရေများ လိုအပ်နေကြောင်းလည်း သွားရောက်လှူဒါန်းသူ ကိုနေမျိုးဇင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

" အခု ကျွန်တော်တို့သွားလှူတာ ဒလမြို့က စံပြရပ်ကွက်မှာပါ။ ကျွန်တော်တို့ နိုင်ကျဉ်းတွေရယ်၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကျောင်းသားလေးတွေရယ်၊ ပြီးတော့ လှိုင် ကားပွဲစားဝင်းက ကားသမားတွေရယ် အလှူရှင်တွေရယ် စုပေါင်းပြီး ရေဂါလံ ၂၀၀၀ ကျော်နဲ့ ရေသန့်ဗူးကြီး ၃၀၀ ကျော်တို့ကို လှူးဒါန်းခဲ့တာပါ။ ကျွန်တော်တို့ ဟိုကိုရောက်တော့ သူတို့ဆီမှာ သောက်သုံရေကန်က ခန်းနေပြီ။ ပြီးတော့ သူတို့ဆီမှာလည်း ရေမရှိကြတော့ဘူး။ ဒီလို ရေလာလှူတာ ကျွန်တော်တို့အဖွဲ့က ပထမဆုံးလို့ ပြောပါတယ်။ " ဟု ကိုနေမျိုးဇင်က သူ့အတွေ့အကြုံကို ပြန်လည်ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရေလှူးဒါန်းခြင်းအပြင် ရေခန်းခြောက်နေသော သောက်သုံးရေကန်များအား ပြန်လည်တူးဖော်ဖို့ရန်နှင့် နောက်နှစ်များတွင် ရေရှားပါးမှု မဖြစ်ပေါ်စေရန် အုတ်ကန်များဆောက်လုပ်ကာ ရေသိုလှောင်ပေးရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်းသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

"ဒီ ဒလမြို့နယ်အပြင် တက်နိုင်မယ်ဆိုရင် ရေရှားနေတဲ့နေရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ပါတယ်။ အခု ကျွန်တော်တို့ ဒလမှာလုပ်ဖို့တိုင်ပင်တာက နောင်ဆယ်နှစ်လောက်ထိ အဆင်ပြေဖို့၊ ရေမရှားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုင်ပင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ဆီကို ရောက်လာတဲ့အလှူရှင်တွေဆီက ရရှိလာတဲ့ငွေကြေးတွေနဲ့လည်း လိုအပ်တဲ့နေရာတွေမှာ လှူနိုင်အောင် လုပ်ဆောင်ရမှာပါ" ဟု ကိုနေမျိုးဇင်က ပြောသည်။

"ဒလမြို့နယ် သမ္မတ ကမ်းခြေ စံပြရပ်ကွက်မှာ စတင် လှူဒါန်းတာပါ။ဒီတစ်ခေါက်မှာတော့ ဂါလံ ၂၁၅၀ ကို သမ္မတကမ်းခြေ စံပြရပ်ကွက်မှာ လှူတယ်။ ဒီနေ့အတွက်တော့ လုံလောက်တယ်ပေါ့နော်။ ဒီနေ့လှူတဲ့ ပုံစံအရ ဆိုရင်တော့ ရေဂါလံ ၆၇၅၀ သွားမှာပေါ့။ သုံးခေါက်တိုက်မှာလေ။ နောက်လှူမယ့် ရပ်ကွက်ကို ရှေ့က ဆိုင်ကယ်နဲ့ သွားကြည့်နေတယ်။ တကယ်ရှေရှားပါးတဲ့ လှူမယ့်လူမရှိတဲ့ ရပ်ကွက်ကို သွားလှူမှာပါ" ဟု ရေသွား ရောက်လှူဒါန်းသည့်အဖွဲ့တွင် လိုက်ပါ ကူညီလှူဒါန်းပေးနေသည့် မြန်မာ့ လူမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုအေးကျော်က ပြောသည်။

"အခုလာလှူတာကလပထမဆုံးပါ။အလှူရှင်တွေကိုပဲမျှော်နေရတာ။အလှူရှင်မလာရင် လယ်ထဲတွေမှာရှိတဲ့ သဲကန်တွေကရေကို လယ်ပိုင်ရှင်တွေက အချိန်ပိုင်းနဲ့ပေးပါတယ်"ဟု စံပြရပ်ကွက် တံတားချောင်းကျေးရွာနေ ကိုဟန်ဝင်း ကပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် သင်္ကြန်ကာလအတွင်း ချီးမြင့်ဆုကြေးငွေ ကျပ်သိန်းတစ်ရာကျော်ရှိခဲ့ ပြီး အဆိုပါ ဆုကြေးများထဲမှ ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသံချပ်အဖွဲ့မှ သိရသည်။

ယခုအခါ မြန်မာနိုင်ငံနေရာအနှံ့တွေ ရေရှားပါးမှု ပြသာနာကိုရင်ဆိုင်နေရပြီး၊ သောက်သုံးရေများ လိုအပ်နေသောကြောင့် မိမိတို့နှင့်အတူ လိုအပ်သောနေရာများကိ လှူဒါန်းပေးပါရန်အတွက်လည်း ကိုနေမျိုးဇင်က အလှူရှင်များအား တိုက်တွန်းပြောကြားခဲ့သည်။

ယဉ်မွန်၊ မျိုးသူအောင်
Mizzima - News in Burmese

တိုကျို၊ ဧပြီ၊ ၁၉ ။ ။ ဂျပန်ငလျင်ဘေးဒဏ်မှ အသက်ရှင်ကျန်ရစ်ခဲ့သူများသည် ရေ နှင့် အစားအသောက် ပြတ်လပ်မှုများနှင့် ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများမှာ အပျက်အစီးများကြားပိတ်မိနေသူများကိုရှာဖွေလျှက်ရှိသော်လည်း မျှော်လင့်ချက်မှာ မှေးမှိန်လျှက်ရှိနေသည်။

ကူမာမိုတိုကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား ၇.၃ အဆင့်ရှိငလျင်ကြောင့် ယင်းဒေသတ၀ိုက်တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာကျော် ဆိုနီကုမ္ပဏီကြီး၏ ကင်မရာများအတွက် ပုံရိပ်ဖမ်းကိရိယာများထုတ်လုပ်ရာ စက်ရုံကိုလည်း ပိတ်လိုက်ရသည်။

ကူမာမိုတိုရှိ ငလျင်ကြောင့်အထိအခိုက်များခဲ့သည့် လေဆိပ်တွင်လေယာဉ်များပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း ဒေသတွင်းတွင် ငလျင်နောက်ဆက်တွဲဘေးဒဏ်များကို ခံစားနေရဆဲဖြစ်ကာ အသက်ရှင်ကျန်ရစ်ခဲ့သူများမှာ ၎င်းတို့၏ ပျက်စီးသွားသောနေအိမ်များသို့ ပြန်ရန်ထိတ်လန့်နေဆဲဖြစ်ပြီး ၎င်းတို့၏ကားများနှင့် ကယ်ဆယ်ရေးစင်တာများတွင်သာ နေထိုင်နေဆဲဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သား ၃၀၀၀၀ ခန့်သည် ငလျင်လှုပ်ခတ်ပြီးနောက် ပျောက်ဆုံးနေသူများကို ရွှံ့နွံများနှင့် အိမ်ပျက်များအောက်တွင်လိုက်လံရှာဖွေလျှက်ရှိနေပြီး အင်္ဂါနေ့က အပျက်အစီးများအောက်မှ လူတစ်ယောက်ကို ဆွဲထုတ်နိုင်ခဲ့သော်လည်း ထိုသူမှာ အသက်ရှင်လျက်ရှိပုံမရကြောင်း ဂျပန်မီဒီယာများက ကြေညာသွားခဲ့သည်။

စနေနေ့က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၄၄ ဦးထိရှိသွားပြီ ဖြစ်ပြီး ပျောက်ဆုံးနေသူ ၈ ဦးရှိနေသေးကာ ထိခိုက်ဒဏ်ရာရရှိထားသူပေါင်းမှာ ထောင်နှင့်ချီ၍ရှိနေသည်။

ကယ်ဆယ်ရေးစင်တာများတွင်ခိုလှုံနေရသူပေါင်း ၉၄၀၀၀ ခန့်ရှိကာ ငလျင်ကြောင့် လမ်းများပျက်စီးကုန်သဖြင့် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်လျှက်ရှိသည်။

သို့သော်လည်း ယခုအခါတွင် လေကြောင်းမှတဆင့် ရိက္ခာများစတင်ပို့ဆောင်ပေးနိုင်နေပြီဖြစ်ပြီး ရေပေးဝေရေးစနစ်များ လည်း ပြန်လည်အသက်ဝင်စပြုနေပြီဖြစ်သည်။

ကြာသာပတေးနေ့က အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်တွင် ကျူရှုးကျွန်းဒေသ၌ နောက်ဆက်တွဲ ငလျင်များ အကြိမ်ရေ ၆၀၀ ခန့်အထိလှုပ်ခတ်ခဲ့ရာ ယင်းတို့အနက်မှ ၈၇ ကြိမ်ခန့်မှာ အဆောက်အဦများလှုပ်ယမ်း နိုင်လောက်သည်အထိအင်အားရှိခဲ့သည်။
Mizzima - News in Burmese

[youtube src="qbipwqc4-LE"/]
လက်ရှိ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ခရီးစဉ် ဒေသသစ်တွေကို ခရီးသွားတွေ စိတ်ဝင်စားမှုရှိလာရာ ကရင်ပြည်နယ်မှာရှိတဲ့ ကျုံထော်ရေတံခွန် ခရီးစဉ်ဟာလည်း ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်နေပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသမှာ တည်ရှိတဲ့ ကျုံထော်ရေတံခွန်ဟာ သာယာလှပတဲ့ ရှုခင်းနဲ့စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကြောင့် အခုနောက်ပိုင်းမှာ လာရောက် လည်ပတ်သူ များပြားလာခဲ့တဲ့ ရေတံခွန် တစ်ခုပဲဖြစ်ပါတယ်။ ကျုံထော်ရေတံခွန်ဟာ ဘားအံမြို့ကနေ မော်တော်ယာဉ်နဲ့ သွားမယ်ဆိုပါက နှစ်နာရီကျော်ကြာ မောင်းနှင်ရမယ့် ခရီးတစ်ခုဖြစ်ပြီး တောတောင်တွေအကြား သာယာလှပတဲ့ ရေတံခွန်အဖြစ် တည်ရှိတဲ့ ရေတံခွန်တစ်ခု ဖြစ်ပါတယ်

Eleven Web TV

အော်စလို ဧပြီ ၁၈

မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးအတွက် ဦးဆောင်နေသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်အား ဂုဏ်ပြုသောအားဖြင့် (Aung San Suu Kyi Parkere) အောင်ဆန်းစုကြည် ပန်းခြံဟု အမည် ပေးထားသည့် ပန်းခြံကို နော်ဝေးနိုင်ငံ ဖရိုလန်း(န်)မြို့တွင် လာမည့်ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် စတင် ထူထောင်မည်ဟု ဖရိုလန်း(န်)မြို့မှလာသော သတင်း အရ သိရသည်။

''နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မြန်မာပြည်ဒီမိုကရေစီ စနစ်ထူထောင်ရေး အတွက် မဆုတ် မနစ်ဦးဆောင်မှုနဲ့ အားထုတ်မှု ကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နော်ဝေးပြည်သူတွေအကြား သူတို့ တန်ဖိုးထားတဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရေရှည်တည်တံ့နိုင်မယ့် အဓိပ္ပာယ်ဆောင်ချင်လို့ အခုလို ပန်းခြံလေးတစ်ခုဖြစ်လာအောင်စီစဉ် ရတာပါ''ဟု ပန်းခြံဖြစ်မြောက်ရေး အတွက် အဓိက ဦးဆောင်နေသူ International Caffe –Froland အဖွဲ့မှ တာဝန်ခံTorgeir Oveland က ဆိုသည်။

လွန်ခဲ့သော ဧပြီ ၁၆ ရက်က ကျင်းပသည့် ဖရိုလန်း(န်)မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က နော်ဝေးနိုင်ငံ တောင်ဘက်ပိုင်းရှိ ဖရိုလန်း(န်) မြို့နယ် တီယူးဗယ်ဂန်း အရပ်တွင် အဆိုပါပန်းခြံအတွက် နေရာ သတ်မှတ် သဘောတူ ထားပြီးဖြစ် ကြောင်းနှင့် လာမည့်ဇွန် ၁၉ ရက်၌ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ရုပ်တု နှင့်အတူ နှစ်ပေါင်း (၁ဝဝဝ) အထိ သက်တမ်းရှည်သည့် သစ်အယ်ပင် အမျိုးအစား နော်ဝေးအခေါ်Eik Tre ပင်နှင့် တောင်ဇလပ်မျိုးနွယ် ပန်းများ၊ ချယ်ရီပင်များကို စတင်ပျိုး ထောင်သွားမည်ဟုလည်း သိရသည်။

''သက်တမ်းရှည်ပြီး ကြံ့ခိုင်သန်စွမ်း တဲ့ သစ်အယ်ပင်ပေါက်နဲ့ ကျန်တဲ့ သစ်ပင်ငယ်တွေကို ကျွန်တော်တို့ ဒိန်းမတ်နိုင်ငံကနေ မှာယူထားပြီးဖြစ် တယ်။ သက်တမ်းရှည်တဲ့ သစ်အယ် ပင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ထက်မြက် သန်စွမ်းတဲ့ သတ္တိခွန်အားကို ပုံဆောင် တာလည်းဖြစ် တယ်။ နှစ်စဉ် သူ့မွေးနေ့ရောက်တိုင်း တစ်နှစ်ကို တစ်ပင် ပုံမှန်အမြဲစိုက် သွားမှာဖြစ် တယ်''ဟု မြန်မာဒီမိုကရေစီအရေး အတွက် တစ်စိုက်မတ် မတ်ဆောင်ရွက် ပေးနေသူ နော်ဝေးလူမျိုး Arnfinn Landsverk က ဆိုသည်။

ဖရိုလန်း(န်)မြို့လယ်တွင်ရှိသည့် အဆိုပါပန်းခြံအနီးတွင် ဘတ်စ်ကား ဂိတ်တစ်ခု လည်းရှိပြီး နောင်အခါ အဆိုပါမှတ်တိုင်ကို အောင်ဆန်း စုကြည် ဘတ်စ်ကားမှတ် တိုင်ဟု အမည်ပေးသွားဦးမည် ဖြစ်ကြောင်း လည်း သိရသည်။
ဖရိုလန်း(န်)မြို့ တွင် နေထိုင်သောInternational Caffe အဖွဲ့ဝင် မြန်မာနိုင်ငံ သား တိုင်းရင်းသားများက မြို့နယ်အုပ်ချုပ်ရေးဌာနသို့ ဒေါ်အောင် ဆန်းစုကြည်ပန်းခြံ ပေါ်ပေါက်လာ ရေးအတွက် အကြံပေးဆော်သြခဲ့ကြ ပြီးနောက် ယခုကဲ့သို့ အစီအစဉ်များ ဖြစ်လာကြောင်းလည်း သိရသည်။
''ကျွန်တော်တို့မြို့နယ်နဲ့ အနီး တစ်ဝိုက်မြို့နယ်တွေက ချင်း၊ ကရင်၊ ကချင်၊ ဗမာတိုင်းရင်းသားတွေလည်း ဒီပန်းခြံ ဖြစ်မြောက်ရေး အတွက် ကော်မတီ တစ်ခုဖွဲ့ပြီး ဝိုင်းဝန်းပါဝင်ကြ မှာဖြစ်သလို လာမယ့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ (၇၁)နှစ်မြောက် မွေးနေ့ကျရင် တိုင်းရင်းသားရိုးရာ အကတွေ၊ အတီး အမှုတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုနဲ့ ရောင်စုံပန်းပင်တွေပျိုးပြီး ဖွင့်ပွဲကို ကျင်းပ သွားမှာဖြစ်တယ်။ ကျွန်တော် တို့ သားစဉ်မြေးဆက်အထိ ဒီပန်းခြံ လေး တည်တံ့သွားမှာကိုတွေးပြီး ကြည်နူးစိတ်ဖြစ်ပေါ်လာတယ်'' ဟု ပန်းခြံဖြစ်မြောက်ရေးအတွက် တက်ကြွလှုပ်ရှားသူ ဆလိုင်းဂျွန်မန်းက ဆိုသည်။
အဆိုပါဖရိုလန်း(န်)မြို့တွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်း သားများ က လွန်ခဲ့သော ၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ် မြောက်ရေး လှုံ့ဆော်လှုပ်ရှားသည့် အနေနှင့် အောင်ဆန်း စုကြည် အမှတ်တရသစ်ပင်စိုက်ပွဲကိုလည်း ကျင်းပခဲ့ဖူးကြောင်း သိရသည်။

ကိုညို(အော်စလို)
MOI Webportal Myanmar

ဒေသအတွင်းကင်းလှည့်ရန် ပြင်ဆင်နေသော ရှမ်းတပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် ( ဓါတ်ပုံ- Tai Tang Yang )

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လွယ်စေး လွယ်လန်း စသည့် ဒေသများရှိ တောင်တန်းများပေါ်တွင် တပ်စွဲထားသော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ( SSA/SSPP) တပ်များကို ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ SSPP/SSA ထံ အကြောင်းကြားလာကြောင်း SSPP/SSA ပြန်ကြားရေးဌာနမှ သိရသည်။

' တန့်ယန်းနယ် လွယ်စေး လွယ်လန်းတောင်ပေါ်မှာရှိတဲ့ တို့တပ်တွေ ၂၂ရက်နေ့ နောက်ဆုံးထား ဆုတ်ပေးဖို့ တပ်မတွေဝင်ရှင်းမယ် ပြောတယ်။ရမခက အကြောင်းကြားလာတာ' ဟု ရှမ်းတပ်မတော်မြောက်ပိုင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးစိုင်းဘုန်းဟန်က ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် The Ladies News သို့ ပြောသည်။
SSPP/SSA မှာ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲထားသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့အစည်းဖြစ်ပြီး အဆိုပါဒေသမှာ ရှမ်းလက်နက်ကိုင်များ ဆယ်စုနှစ်ပေါင်းများစွာတိုင် အခြေချခဲ့သည့် ဒေသဖြစ်သည့်အတွက် ဆုတ်ခွာပေးရန် ခက်ခဲနိုင်ကြောင်း ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည်။
' ဒီခွင်ထဲမှာSSA နေလာတာ တန့် ယန်းပဲနော် နှစ်ပေါင်း၄၀ ၅၀ရှိပြီ အစဉ်တစိုက်နေလာခဲ့တဲ့နေရာဖြစ်တဲ့အကြောင်း နားလည်ပေးစေချင်ကြောင်း ပြောထားတယ်' ဟု ၄င်းက ပြောသည်။
အဆိုပါ ဒေသအားပေးလိုက်ပါက အောက်ဘက်ရှိ မိုင်းရှူးဒေသကိုပါ အစိုးရ စစ်တပ်များ စီးမိသွားနိုင်ပြီး ရှမ်းတပ်မတော် ဌာနချုပ် ၀မ်ဟိုင်းကိုပါ ပတ်ပတ်လည် ၀ိုင်းထားသကဲ့သို့ ဖြစ်လာမည်လည်း ဖြစ်သည်။

တန့်ယန့်နှင့် မိုင်းရှူး အကြား သံလွင်မြစ် အနောက်ဘက်တကျောဒေသများမှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သည့် နွံစစ်ဟန် တပ်မတော် လက်ထက် ၁၉၅၈ ခုနစ်ခန့်ကပင် ရှမ်းလက်နက်ကိုင် အဖွဲ့များထိန်းချုပ်ရာဒေသဖြစ်ခဲ့သည်ဟု ရှမ်းလက်နက်ကိုင် သမိုင်းနှင့် ပတ်သက်သည့် နာမည်ကျော် စာအုပ်တအုပ်ဖြစ်သော The Shan of Burma စာအုပ်တွင်လည်း ဖော်ပြထားသည်။
အစိုးရတပ်မတော်မှ ဆုတ်ခွာခိုင်းနေသော တပ်စခန်းများ တည်ရှိရာဒေသမှာ မြစ်အရှေ့ဘက်ကမ်း ၀ UWSA ထိန်းချုပ်ရာ ပန်ယန်း ( မိုင်းလင်း ) ဒေသကို လှမ်းမြင်နေရသည့် ဒေသဖြစ်ပြီး တောင်ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပါက ပန်ယန်းမြို့အား ခြိမ်းခြောက်နိုင်မည့် နေရာများလည်း ဖြစ်သည်။

' လွယ်လန်းကြောက ဟိုးကတည်းက ဝ နယ် နဲ့ ရှမ်းနယ် ဆက်သွယ်ရေး လမ်းကြောင်းကိုး မဆုတ်လို့ တကယ်တိုက်ရင် ဝ ကိုပါ ရန်စတာ ဖြစ်သွားလိမ့်မယ် ' ဟု နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးဂါမဏိက သုံးသပ်သည်။

အဆိုပါနယ်မြေများရှိ SSA/SSPP တပ်များကို ဆုတ်ခွာပေးရန် ၂၀၁၄ ခုနစ်ကလည်း အစိုးရတပ်မတော်ဘက်မှ ညွှန်ကြားဖူးကြောင်း သိရသည်။
NLD အစိုးရ အာဏာလွှဲပြောင်းရယူခြင်းမပြုမှီ လပိုင်းအလိုကတည်းက တိုင်းရင်းသားဒေသများတွင် စစ်ရေးအရ အင်အားတိုးချဲ့နေရာချထားမှုများရှိလာခဲ့ပြီး ကေအိုင်အေ ၊ ရခိုင်တပ်ဖွဲ့ AA စသည့် အဖွဲ့များနှင့် အစိုးရတပ်မတော်တို့အကြားပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

' အခုတိုင်းရင်းသားဒေသတွေက လှုပ်ရှားမှုတွေက အစိုးရသစ်ကို ခေါင်းကိုက်ဆေးထိုးပေးနေတာလားတော့ မသိဘူး ' ဟု SSA/SSPP မှ ဗိုလ်မှူးစိုင်းဘုန်းဟန်က မှတ်ချက်ပြုသည်။

SSA/SSPP တပ်ဖွဲ့ အခြေချလှုပ်ရှားနေသည့် နယ်မြေမှာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် တဖွဲ့နှင့်တဖွဲ့အကြား ဆက်သွယ်ရေးအရ အဓိကကျသော နေရာတွင် တည်ရှိနေသည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနစ် အောက်တိုဘာလနှင့် နိုဝင်ဘာလကလည်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းတပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခန့် တစ်သောင်းခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပါသည်။
The Ladies News Journal


Esther Htusan (သတင်းဓါတ်ပုံ-facebook မှ ရယူသည်)
Esther Htusan (သတင်းဓါတ်ပုံ-facebook မှ ရယူသည်)

မြန်မာအလုပ်သမားတွေ အများစုပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတချို့က ငါးဖမ်းလုပ်သားတွေ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက ပင်လယ်စာလုပ်ငန်းတွေမှာ ကျေးကျွန်တွေလို ခိုင်းစေခံရတဲ့အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ရေးသားခဲ့တဲ့ အေပီ သတင်းဌာနဟာ ဒီနှစ် ၂၀၁၆ ခုနှစ်အတွက် နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုကို ရရှိသွားပါတယ်။ ဆုအမျိုးအစားတွေ ခွဲခြားပေးတဲ့ အထဲမှာ အများပြည်သူအကျိုးဆောင်တဲ့ကဏ္ဍအတွက် ရရှိတာဖြစ်ပြီး ဒီသတင်းကိုရေးသားသူတွေအထဲမှာတော့မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan လည်း ပါဝင်ပါတယ်။

“ကျမအတွက် အကြီးမားဆုံး ဆုလဒ်ကတော့ ကျမရဲ့ တိုင်းပြည်ကနေ လူမှောင်ခိုကူးခံရတဲ့ အလုပ်သမားတွေ ပြန်လည် လွတ်မြောက်ပြီး ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ခဲ့ကြတာပါပဲ။ ဒါဟာ ကျမရလိုက်တဲ့ အကြီးမားဆုံး ဆုလဒ်ပါပဲ” - လို့ ကချင်တိုင်းရင်းသူ Esther Htusan က ပြောသွားတာပါ။

အေပီသတင်းထောက်တွေဖြစ်ကြတဲ့ Margie Mason, Robin McDowell, Martha Mendoza နဲ့ Esther Htusan တို့ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိက တင်ပို့တဲ့ အရှေ့တောင်အာရှရဲ့ ပင်လယ်စာလုပ်ငန်းတွေမှာ မြန်မာအများစုပါဝင်တဲ့ ငါးဖမ်းအလုပ်သမားတွေ ဖမ်းဆီး နှိပ်စက် ကျွန်ပြုခံရတဲ့အကြောင်းတွေကို လနဲ့ချီ စုံစမ်းထုတ်ဖော် ရေးသားခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ရေးသားထုတ်ဖော်မှုကြောင့် အင်ဒိုနီးရှားနဲ့ ထိုင်ငါးဖမ်းလုပ်ငန်းတွေမှာ မတရားကျွန်ပြုခံရတဲ့ အလုပ်သမား ၂၀၀၀ လောက် ပြန်လည် လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အေပီသတင်းဌာနအနေနဲ့ (၅၂) ကြိမ်မြောက် ပူလစ်ဇာဆုရရှိတာဖြစ်ပေမဲ့ မြန်မာနိုင်ငံသား သတင်းထောက်တဦး ပါဝင်ရေးသားတဲ့ သတင်းကြောင့် အခုလို Pulitzer ဆု ရရှိတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ။

နိုင်ငံတကာက သတင်းပညာ ထူးချွန်သူတွေကိုပေးတဲ့ Pulitzer ဆုကို သတင်းစာထုတ်ဝေသူ Joseph Pulitzer က ကြီးမှူးပြီး ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ နယူးယောက်မြို့ ကိုလာမ်ဘီယာ တက္ကသိုလ်က နှစ်စဉ်ပေးအပ်တဲ့ ဒီဆုဟာ အမေရိကန်ပြည်ထောင်စုမှာ သတင်းပညာဆိုင်ရာ ထိပ်တန်းဆုတခုလည်း ဖြစ်ပါတယ်။
VOA

ရက္ခိုင့်တပ်မတော် AA မှ စစ်သားတချို့ကို ဧပြီလ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ် လောရမတောင်တန်းတစ်ဝိုက်မှာ တွေ့ရစဉ်။ Photo: ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန/ Facebook
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လောရမတောင်တန်းတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေရာ တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး အပါအ၀င် အရာရှိစစ်သည်တချို့ ကျဆုံးခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

AA တပ်တွေ ရှိနေတဲ့ လောရမတောင်တန်းတ၀ိုက်မှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

"ဒီမြန်မာ့တပ်မတော် ခလရ ၂၃၂ က ဗိုလ်မှူးမျိုးမင်းထွန်း ဦးဆောင်တဲ့ စစ်ကြောင်းက ကျနော်တို့ရခိုင့် တပ်မတော် အမှတ် ၂ စစ်ဒေသရဲ့တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကို ထိုးဖောက်ဝင်တဲ့အတွက်ကြောင့်မို့လို တိုက်ပွဲဖြစ်တာပါ၊ သူတို့ဝင်မလာရင်တော့ တိုက်ပွဲဖြစ်စရာအကြောင်းမရှိပါဘူး၊ အသစ်တက်လာတဲ့အစိုးရ လက်ထက်မှာ ကျနော်တို့က အကောင်းဆုံးကိုမျှော်လင့်ထားတယ်"

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးတစ်ဝိုက်က နတ်သရဲ၊ ဖက်ဝန်း၊ မောင်နှမ၊ ကျောက်ဆည်တောင်၊ သဲဗြုချောင်း၊ နေအိုင်၊ မိချောင်းခေါက် စတဲ့ ကျေးရွာတွေ က ဒေသခံတွေဟာ တောင်ယာတွေနဲ့ လုပ်ငန်းခွင်တွေကို သွားရောက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ဒီနေ့ နေ့လည်ပိုင်းအထိ ကြားနေရဆဲဖြစ်တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီး အနားရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ရွာက လူတွေက အခက်အခဲဖြစ်နေတယ်၊ သေနတ်သံတွေကို ကြောက်တယ်၊ တောထဲ ကိုမဝင်ရဲတော့ဘူး၊ ကျနော်တို့ရွာ ကိုတော့ မြန်မာ့တပ်မတော်ကလူတွေက တစ်နှစ်တစ်ခေါက်၊ နှစ်နှစ် တစ်ခေါက်အသွား အပြန်တော့ ရှိနေတယ်၊ လက်နက်ကြီးအသံတွေတော့ ကြားရတယ်"

ဧပြီလ ၁၆ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့က ရွာသားတွေ အသွင်ဆောင်ပြီး ချုံခိုတိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း တိုက်ပွဲတွေအတွင်း AA ရဲ့ ယာယီ အခြေပြုစခန်းတွေ၊ လူနေတဲတွေ၊ ဒေသန္တရလက်လုပ်မိုင်းတွေ နဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထား ပါတယ်။

အစိုးရတပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထု ရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် AA အဖွဲ့ကို အပြီးတိုင်ချေမှူန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့နှစ်က စပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည် နယ် ကျောက်တော်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ ရခိုင်တပ်မတော် (AA) အကြား ဒီကနေ့ထိ ကြိုးကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွား ရာ ဒေသက တောင်ပေါ်ကျေးရွာနေ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း က ဒေသခံတချို့က ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့သင်္ကြန်ရက်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် အစိုးရတပ်ဖက်က အကျအဆုံးရှိခဲ့ကြောင်းနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် AA လက်နက်ကိုင်အဖွဲ့ကို ဆက်လက်ရှင်းလင်းနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ် အစပ်ဒေသတွေမှာ ဒီလ ၁၆ရက်နေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီကနေ့အထိလည်း ပစ်ခိုက်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို AA တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

“၁၆ ရက်နေ့ ညနေပိုင်းကစပြီးတော့ သူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ အဝေးကနေလှမ်းပြီးတော့ ပစ်နေတယ်။ ၁ရ ရက်နေ့မှာလည်း သူတို့ဘက်ကနေပြီးတော့ ထပ်ပြီးတော့ ပစ်နေတယ်။ ဒီနေ့တော့ သူတို့ဘက်နဲ့ ကြိုကြားကြိုကြားပစ်ခတ်မှုတွေကတော့ အခုအချိန်အထိရှိနေကြတုန်းပဲ။ အရင်တိုက်ပွဲဖြစ်တဲ့နေရာတွေပေါ့ဗျာ အဲဒီ လောရမတောင်တို့၊ ပုဏ္ဏားကျွန်းမြို့နယ် ထဲက ရသေ့ တ၀ိုက်ပေါ့ဗျာ။”

ပြီးခဲ့တဲ့ သင်္ကြန်ရက်အတွင်းက အဓိက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ် လောရမတောင်တန်းဒေသနဲ့ ပုဏ္ဏားကျွန်းမြို့နယ်-ကျောက်တော်မြို့နယ်အစပ် ယိုးချောင်း အထက်နတ်သရွေးကျေးရွာအနီး (၂)နေရာ တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့နယ်က မြို့နယ်ထောက်ထောက်ကူပြုကော်မတီဝင်တဦးကတော့ တိုက်ပွဲဖြစ်ပွားရာဒေသက ရွာသားတွေ တိမ်းရှောင်နေတာကြားရကြောင်းနဲ့ အဖမ်းအဆီးသတင်းတော့ မကြားသိရကြောင်း ပြောပါတယ်

“တိုက်ပွဲကြောင့်လူထုတွေက အပေါ်ကရွာတွေက အောက်ကို ရှောင်ပြီးတော့ နေရတယ် လို့ ကြားပါတယ်။ အစစအရာရာ အခက်အခဲရှိတယ်လို့ကြားပါတယ်။ အဖမ်းအဆီးကတော့ ကျနော်တို့မကြားသေးပါဘူး”

ဒီလ ၁၈ရက်နေ့ နေ့စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာတော့ AA တပ်ဖွဲ့ဝင် ၁၀၀လောက်ဟာ ဒီလဆန်းပိုင်းကစတင်ပြီး ကျောက်တော်မြို့နယ်အတွင်း စိမ့်ဝင်လှုပ်ရှားလာကြောင်းနဲ့ တပ်မတော်စစ်ကြောင်းတွေက သင်္ကြန်ကာလအတွင်း နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး ယာယီတပ်ရင်းမှုးတဦးနဲ့ အရာရှိ စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အစိုးရစ်ကြောင်းက ဆက်သွယ်ရေးမြောင်းနဲ့ ပစ်ကျင်းတွေ တူးဖော်ထားတဲ့ယာယီအခြေပြုစခန်းသိမ်းယူခဲ့သလို လက်လုပ်မိုင်း၊ အခြားအသုံးအဆောင်တွေကို သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

AA ခေါ် ရခိုင်တပ်မတော်ဟာ ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO ဌာနချုပ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေတဆင့် ပလက်ဝနဲ့ ကျောက်တော်မြို့နယ်တွေအတွင်းကို ၀င်ရောက်လာခဲ့တာကြောင့် အစိုးရတပ်က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း အစိုးရထုတ်သတင်းစာတွေမှာဖော်ပြပါတယ်။

လက်ရှိအခြေအနေမှာလည်း အစိုးရစစ်ကြောင်းတွေက နယ်မြေရှင်းလင်းတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကချင်တပ်ရှေ့တန်းစစ်စခန်းတနေရာမြင်ကွင်း။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးစားပေး ဆောင်ရွက်ဖို့ NLD အစိုးရက ထပ်မံကတိပြု ပြောကြားနေချိန်မှာပဲ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပါတယ်။ ဒီကနေ့အထိ ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အတွက်လည်း လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး အစိုးရသစ် အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ မြန်မာ့ရိုးရာ သင်္ကြန်မတိုင်ခင်ကတည်းက စခဲ့တဲ့ တိုက်ပွဲတွေဟာ သင်္ကြန်အပြီး နှစ်သစ်ကူးတဲ့အထိ ဆက်လက် ဖြစ်ပွားနေရာမှာ ကချင်လွတ်မြောက်ရေးတပ် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးက အခုနောက်ဆုံးတိုက်ပွဲတွေမှာတော့ ကချင်လက်နက်ကိုင်တွေရဲ့ တပ်စခန်းတချို့ကို မြန်မာစစ်တပ်က သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဒေသခံ ကချင်သတင်းတွေက ဖော်ပြပါတယ်။ ဒီရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေး တင်းမာမှု အခြေအနေကိုတော့ ကချင်စစ်ရေး စောင့်ကြည့်နေတဲ့ ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက အခုလိုရှင်းပြပါတယ်။

"သင်္ကြန်မတိုင်မှီမှာလည်းပဲ အစိုးရဘက်က လာပြီးမှ သူတို့တိုက်တော့ အခုအချိန် အထိ KIA စခန်းနှစ်ခုကို သင်္ကြန်မရောက်ခင်လေးမှာပဲ KIA စခန်း ၂ခုကို KIA က နောက်ဆုတ်ပေးခဲ့တယ်လေ။ အခုသင်္ကြန်ပြီးပြီးချင်းပဲ ထပ်ပြီးမှ အစိုးရဘက်က တိုက်လာတော့ မနေ့ကဆိုလည်း တနင်္ဂနွေနေ့ပေါ့။ စခန်းနောက်တခုကို သူတို့ KIA ဘက်က ဆုတ်ခွာပေးတယ်လို့ပြောတယ်။ KIA ဘက်ကလည်း သေဆုံးမှုတွေ ရှိနေတယ်။ ထိခိုက်မှုတွေ ရှိနေတယ်လို့ပြောတယ်။"

အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ KIA တာဝန်ရှိသူတွေ ကို မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့သလို၊ မြန်မာစစ်တပ်ဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။ ကချင်သတင်းစဉ်က ကိုနော်ဒင်း ကတော့ မြန်မာစစ်တပ်ဘ က်က နောက်ထပ် ထိုးစစ်ဆင် တိုက်ခိုက်မယ့် လက္ခဏာတွေကို ပါ တွေ့နေရတယ်လို့ ပြောပါတယ်။

"ဟုတ်ကဲ့၊ အဓိက ကတော့ KIO ဗဟိုဌာနချုပ် တည်ရှိတဲ့နေရာ လိုင်ဇာ၊ ကို အဓိက ဦးတည်ပြီးမှ အစိုးရဘက်က စစ်ဆင်နေတဲ့သဘောကို တွေ့ရတာပေါ့။ အဲ့တာကြောင့် သူ့ရဲ့ လမ်းကြောင်းပေါ့။ သူ့ရဲ့လမ်းကြောင်းပေါ်မှာ ရှိတဲ့ ရွာတွေကို အားလုံးကို ရွှေ့ခိုင်းတာတော့ အခုနောက်ဆုံး ရက်ကို ထပ်ပြီးမှ သတ်မှတ်တယ်။ စစ်တပ်က ပေါ့နော်။ ရွှေ့ပြောင်းခိုင်းတာပေါ့။ KIO ဗဟိုဌာနချုပ် တည်ရှိတဲ့နေရာ အဓိက လိုင်ဇာ နဲ့ အဓိက အမာစခန်းတွေဖြစ်တယ်လေ။ အဲ့ဒီ့ဘက်ကို သူတို့က လက်နက်ကြီးတွေ များများ သူတို့သယ်သွားဖို့အတွက် အခုစပြီးမှ သူတို့ သင်္ကြန်ပြီးတာနဲ့ သူတို့ပြန်ပြီးမှ စစ်ဆင်နေတာဖြစ်တယ်ဆိုပြီးတော့မှ ပြောပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဦးစားပေး ဆောင်ရွက်ဖို့ ကတိပြုထား သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဗဟိုကော်မတီဝင် လည်းဖြစ် ကချင်အမျိုးသားအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကတော့ စစ်ရေးတင်းမာမှု အခြေအနေတွေကို NLD အစိုးရက အမြန်ဆုံးကြားဝင်ဖြေရှင်းဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။

" ကျနော်တို့ ဖြစ်စေချင်တာက အခု NLD အစိုးရ တက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လည်း ခေါင်းဆောင်ဖြစ်လာပြီး တက်လာပြီဆိုရင် တပ်ကိုတော့ မိမိရရ ထိန်းသင့်တယ်။ အဲ့လို တပ်ကို ထိန်းလို့မရဘူးဆိုတဲ့ ပုံစံတော့ မဖြစ်သင့်ဘူး။ ဒါပေမဲ့ တခုရှိတာက အစိုးရက အသစ်ဖြစ်နေတဲ့အခါကျတော့ အခုလောလောဆယ်ဆယ် တပ်ကိုလည်း သူတို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်ဆံနေရတဲ့အပိုင်းရှိလို့လား ပေါ့လေ အဲ့လိုတော့ မြင်တယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အစိုးရဖြစ်လာပြီဆိုရင် တပ်ကိုတော့ အစိုးရရဲ့ အထဲမှာဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့ ထိန်းရမယ်။ "

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် နှစ်နဲ့ချီပြီး ဒုက္ခသည်စခန်းတွေမှာနေရတဲ့ သိန်းချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး၊ ကလေးငယ်တွေ ပညာသင်ယူနိုင်ရေး ဒေသခံတွေ အလုပ်အကိုင်ရရှိပြီး ပုံမှန်လူနေမှုဘဝပြန်လည် တည်ဆောက်ရေးတွေအတွက်ကိုလည်း ကချင်ပြည်နယ် အစိုးရသစ်ဘက်ကရော ပြည်ထောင်စုအစိုးရဘက်ကပါ အလေးအနက်ထား ဆောင်ရွက်ပေးသင့်နေပါပြီလို့လည်း ကချင်အမျိုးသားအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ဒူဝါဘောမ်ဝမ်လရော်က ပြောပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဦးသိန်းစိန်အစိုးရအဖွဲ့၏ သက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလို မတ်လနောက်ဆုံးပတ်ထဲတွင် အပန်းဖြေစခန်း၊ ရုံးခန်းအဆောက်အအုံ၊ ဆိပ်ကမ်းအဆောက်အအုံ၊ စက်ရုံအလုပ်ရုံ၊ လမ်းပြုပြင်ရေး အစရှိသည့် စီမံကိန်းများ ပါဝင်သည့် အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေး လိုက်ကြောင်း သိရသည်။ ယင်းသို့ တက်သုတ်ရိုက်ကာ ချထားခွင့်ပြုလိုက်ခြင်းအပေါ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)အား ၀ိုင်းဝန်းဝေဖန်သံများ ပေါ်ထွက်ခဲ့သည်။ ခွင့်ပြုပေးလိုက်သည့် စီမံကိန်းများထဲတွင် အငြင်းပွားဖွယ်ရာ စီးပွားရေးလုပ်ငန်းအချို့ပါဝင်နေပြီး ပြည်တွင်းရှိ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ စီမံကိန်း အများစုကို လက်ဝါးကြီးအုပ်ရရှိသွားခြင်းမျိုးလည်းပေါ်လွင်နေသည်ဟု ပြောဆိုနေကြသည်။ ထို့ပြင် ယခုတက် သုတ်ရိုက်ချပေးခဲ့သည့် စီမံကိန်းများသည် MIC ၏ နောက်ဆုံးပိတ်လုပ်ကိုင်ခွင့်ပေးခြင်းလည်းဖြစ်သည်ဟု သိရ သည်။

MIC သည် အစိုးရအပြောင်းအလဲလုပ်ခါနီးကလေး ရက်ပိုင်းအလိုတွင် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လုပ်ကိုင်ခွင့်ချထားပေးခြင်းသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးသော အရေးကြီးအဆို တရပ်ကို မထီမဲ့မြင်ပြုရာကျနေသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရအဖွဲ့သည် ဒုတိယအကြိမ်လွှတ်တော်များကို ဂရုစိုက်စရာမလိုဟူသောသဘောကိုလည်း ပြသသွားခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းက ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ရွေးကောက်ပွဲအပြီး ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်းရောင်းချမှု၊ စီမံကိန်းများကို အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ သယံဇာတများကို သဘောတူညှိနှိုင်းမှုမရှိဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ အလျင်အမြန်စီမံနေမှုကို စိစစ်ဟန့်တားပေးရန်အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ယင်းအဆိုသည် အရေးတကြီးတင်သွင်းသော အဆိုအမှန်ပင်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရအဖွဲ့ အာဏာပိုင်များသည် ရွေးကောက်ပွဲရှုံးနိမ့်ပြီဆိုကတည်းက လုပ်ပိုင်ခွင့်များ အပြည့် အ၀အသုံးချကာ စီမံကိန်းများ၊ မြေယာသိမ်းဆည်းမှုများ၊ သယံဇာတတူးဖော်ခြင်းများ၊ အရာရှိကြီးများ နေရာ တည်မြဲရေး ရာထူးတိုးနေရာပြောင်းရွှေ့ခန့်ထားခြင်းများကို အလျင်အမြန်လုပ်ဆောင်ခဲ့သည်မှာ မြင်မကောင်း ကြားမကောင်းအောင် ရှိခဲ့သည်။

ဒေါ်ခင်စန်းလှိုင်၏အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်အချို့၊ ကြံ့ခိုင်ရေးကိုယ်စားလှယ်အချို့ ကန့်ကွက်ကြသည်။ သို့သော် ထိုအဆိုကို ထောက်ခံမဲ ၂၇၁ မဲဖြင့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။ သို့သော် ယင်းအတည်ပြုပြီးအဆိုကို မျက်ကွယ်ပြုကာ ဦးသိန်းစိန်အစိုးရကတော့ အစိုးရတာဝန်မလွှဲပြောင်းမီ ရသလောက်လုပ်သွားခဲ့သည်။ ယင်းတို့အထဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ဒေါ်လာ ၆၂ သန်း ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ တညင်းကုန်း သားငါးထုတ်ကုန် ရောင်းဝယ်ရေးစီမံကိန်းကြီးလည်း ပါဝင်သည်။ အင်းစိန်မြို့နယ်တွင်းရှိ မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက ကျယ်ဝန်းသည့်မြေနေရာတွင် တည်ဆောက်မည့် သားငါးဈေးစီမံကိန်းကို GDC ကုမ္ပဏီ (Golden Dragon Construction) သို့ နှစ်လအတွင်း အလျင်အမြန် ချထားပေးခဲ့သည်။ ယင်းမြေနေရာသည် နဂိုမူလက ဒေသခံ တောင်သူများပိုင်ဆိုင်သော လယ်ယာမြေများဖြစ်သည်။ ယင်းလယ်မြေများကို စက်မှု(၁)၀န်ကြီးဌာနက ဦးစွာ သိမ်းသည်။ ထို့နောက် တောင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးသည်။ သို့သော် တောင်သူများ လက်ထဲသို့ မရောက်၊ ကြားက မွေး/ရေနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက လက်လွှဲယူခဲ့သည်။ ထို့နောက် သားငါးဈေး ဆောက်ရန် ဖြစ်လာသည်။ ယခု အရှုပ်အရှင်းဖြစ်ပေါ်နေသည်။

ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုအတည်ပြုပြီး မကြာခင်မှာ ရန်ကုန်မြို့သစ်စီမံကိန်းအား ပုဂ္ဂလိကကုမ္ပဏီ သုံးခု ပူးပေါင်းလုပ်ဆောင်ရန် ထွက်ပေါ်လာသည်။ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တင်ဒါ တင်သွင်းထားသည့် ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် သုံးခုစလုံးကို ပူးပေါင်းလုပ်ကိုင် ခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သစ်တောနှင့်စွမ်းအင် ၀န်ကြီးဦးကျော်စိုးက ပြောခဲ့သည်။ ယင်းရန်ကုန်မြို့သစ်စီမံကိန်းသည် စတင် အကောင်အထည်ဖော်မည်ဆိုကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ဘဲ နောက်ကွယ်တွင် တရုတ်အမျိုးသားပိုင် ကုမ္ပဏီများရှိနေခဲ့သည်ဟု သတင်းကြီးခဲ့သည်။ ထို့နောက် ၂၀၁၄ စက်တင်ဘာ ၂၆ ရက် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်က ယင်းစီမံကိန်းကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် ၂၀၁၅ တွင် တကျော့ပြန်ပေါ်လာသည်။ ယခု ရန်ကုန်တိုင်းအစိုးရအဖွဲ့ သက်တမ်းကုန်လုကုန်ခါနီးတွင် ပြည်တွင်းထိပ်သီး ကုမ္ပဏီ၏သုံးခုကို ပူးပေါင်းလုပ်ဆောင်ရန် ချပေးခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီးသော အရေးကြီးအဆိုကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ဘဲ မျက်နှာ ပြောင်တိုက်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏လုပ်ရပ်ကတော့ ဦးသိန်းစိန်အစိုးရကို ဆင်းခါနီး အကြီးအကျယ် အိုးမည်းသုတ်လိုက်ခြင်းဟု မှတ်ယူနိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လစဉ်ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းခွင့်ပြုရေးဆိုင်ရာ အစည်း အဝေးများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ငါးခုမှ ၂၀ ခုအထိသာ အများဆုံးခွင့်ပြုလေ့ရှိသော်လည်း အစိုးရ သက်တမ်း၏ နောက်ဆုံးပိတ်ခွင့်ပြုခြင်းအဖြစ် စီးပွားရေးလုပ်ငန်းများစွာကို မတ်လ ၂၅ ရက်က ခွင့်ပြုပေးသွား ခဲ့လေသည်။ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလည်း ပါဝင်သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလည်း ပါဝင်သည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သင်္ဘောဆိပ်ဧရိယာ များတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးတည်ဆောက်မှု စီမံကိန်းအတွက် အစိုးရ တင်ဒါ အောင်ထားသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်သည် ကောင်းမြန်မာ အောင်သင်္ဘောလိုင်းကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ ထို့ပြင် ၎င်း၏ကုမ္ပဏီခွဲတခုဖြစ်သည့် New City Development ကုမ္ပဏီကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း အပေါ့စား စက်မှုဇုန်စီမံကိန်းနှင့် အခြား ကုမ္ပဏီခွဲတခု ဖြစ်သည့် ကေတုမတီကုမ္ပဏီက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အတွင်း စီးပွားရေးလုပ်ငန်း ဆိုင်ရာ စက်မှုဇုန်တည်ဆောက်ငှားရမ်းခြင်း စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ရရှိခဲ့သည်။ ယင်းကုမ္ပဏီသည် မြေသိမ်းကိစ္စများဖြင့် ဒေသခံများနှင့် ပြဿနာတက်နေဆဲ ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

ထို့ပြင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများအဖြစ် New Downtown Development Public ကုမ္ပဏီကို ဗိုလ်တထောင် နန်းသီတာဆိပ်ကမ်းနယ်မြေအတွင်း ဈေးဝယ်စင်တာများ၊ လက်လီအရောင်းဆိုင်များနှင့် ရုံးခန်းများပါဝင်မည့်စီမံ ကိန်းကို ခွင့်ပြုခဲ့သည်။ ခိုင်ဦးကုမ္ပဏီလီမိတက်သည်လည်း သန်လျင်-ကျောက်တန်း သီလ၀ါဆိပ်ကမ်းနယ်မြေ မြေကွက် အမှတ် ၂၃ တွင် ကုန်တင်ကုန်ချဆိပ်ကမ်းများနှင့် ဆိပ်ခံတံတားတည် ဆောက်ရေးလုပ်ငန်းနှင့် သီလ၀ါဆိပ်ကမ်းဧရိယာမြေကွက်အမှတ် ၂၇ တွင် ဆိပ်ခံတံတား၊ အခြားအဆောက်အအုံများ တည်ဆောက် ရေးစီမံကိန်းများကို သီလ၀ါအများပိုင်ကုမ္ပဏီ၏ မြန်မာဘက်က ကုမ္ပဏီတခုဖြစ်သည့် မြန်မာနိုင်ငံ စားသုံးဆီ လုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီတို့က ရရှိခဲ့သည်။ ထို့ပြင် ဟံသာဝတီဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက်က ပဲခူးတိုင်းဒေသကြီး အင်းတကော်ဒေသ၊ ရန်ကုန်-ပဲခူး အမှတ်(၂)လမ်းမ အနီးရှိ မြေဧရိယာ ၂၄၅၅ ဒသမ ၇၇ ဧကပေါ်တွင် အဆင့်မြင့်အိမ်ရာ စီမံကိန်းတခုကို လုပ်ကိုင်ခွင့်ရခဲ့သည်။ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများ ဖြစ်သည့် မြကန်အင်ဂျင်နီယာ ရင်းကုမ္ပဏီ၊ ထူးနိုင်လင်းကုမ္ပဏီနှင့် လင်းရွှေစင်ကုမ္ပဏီသုံးခုကိုလည်း လမ်းခင်း ကျောက်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သည် ယခင်က လခစားလုပ်ငန်းများသာ အများဆုံးခွင့်ပြုခဲ့သော်လည်း ယခု စက်မှုဇုန်၊ အိမ်ရာတည်ဆောက် ရေး၊ ဟိုတယ်လုပ်ငန်း၊ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများကို အများဆုံးခွင့်ပြုပေးခဲ့သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုခွင့်ပြုခြင်းများကို ကြည့်ပြန်လျှင်လည်း ဤသို့ တွေ့ရပြန်သည်။

New Stand Development ကုမ္ပဏီသည် အလုံမြို့နယ်ရှိ အမှတ်(၁) အလုံဆိပ်ကမ်းနှင့် ကုန်တင်ကုန်ချ နေရာများတွင် ရုံးခန်းအဆောက်အအုံများ၊ လက်လီအရောင်းဆိုင်များ၊ ဟိုတယ်နှင့် လူနေတိုက်ခန်းများပါဝင် သည့် စီမံကိန်းကို လုပ်ကိုင်ခွင့်ရခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မြင်သာမြို့၊ ထီးခီး ကျေးရွာ၌ ဟိုတယ်လုပ်ငန်းတခု တည်ဆောက်ရန် ထိုင်းကုမ္ပဏီတခုဖြစ်သော Pongpipat Development ကုမ္ပဏီကို ခွင့်ပြုခဲ့သည်။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ မြေဧရိယာ ၁၁ ဒသမ ၇၅၃ ဧကပေါ်တွင် ဟိုတယ်၊ ရုံးခန်း၊ လက်လီဝန်ဆောင်မှု လုပ်ငန်းဌာနများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် စီမံကိန်းတခုကိုလည်း KT Development ကုမ္ပဏီလီမိတက်က လုပ်ကိုင် ခွင့်ရရှိခဲ့သည်။ ထို့ပြင် စင်ကာပူ အခြေစိုက် Sembcorp ကော်ပိုရေးရှင်းသည် ပြည်တွင်းကုမ္ပဏီတခုနှင့်ပူးပေါင်းပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတခုကိုရရှိခဲ့ပြီး၊ မလေးရှားနိုင်ငံအခြေစိုက် OCK ကုမ္ပဏီသည်လည်း ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကို ရရှိခဲ့သည်။ ထို့ပြင်လည်း ပြည်တွင်းရွှေသံလွင်ကုမ္ပဏီသည် ဂျပန်နိုင်ငံ နာမည်ကြီး လေကြောင်းလိုင်းတခုဖြစ်သော ANA လေကြောင်း လိုင်း၏ ကုမ္ပဏီ ANA Holdings နှင့် ပူးပေါင်းကာ Asian Blue ဟူသော လေကြောင်းလိုင်းသစ်ကို တည်ဆောက်လုပ်ကိုင်ခွင့်ရသွားခဲ့ပါကြောင်း လေ့လာသိရှိလိုက်ရသည်။

ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၁၄ ဘီလီယံကျော်တန်ဖိုးရှိသည့် လုပ်ငန်းများကို ခွင့်ပြုပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြေညာခဲ့သည်။ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ငန်းပေါင်း ၁၁၂၉ ခု၊ ကျပ်ဘီလီယံပေါင်း ၇၀၅၀ ဒသမ ၂၂၉ ကျော် တန်ဖိုးရှိ လုပ်ငန်းများကို ခွင့်ပြုပေးနိုင် ခဲ့ကြောင်းလည်း ဆိုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံခြားရော၊ နိုင်ငံသားများပါပေါင်းလျှင် တိုင်းပြည်အတွက် အားရစရာကောင်းနေပါပေါ့ဟု ဆိုရမည်။ သို့သော် အားရစရာကောင်းခြင်းမှာ လုပ်ငန်းရှင်အတွက်လား၊ ပြည်သူ အတွက်လား၊ နိုင်ငံတော်အတွက်လား၊ အစိုးရအဖွဲ့အတွက်လားဟူသည် လားရာကိုလည်း ထည့်စဉ်းစားရပါ မည်။ လုပ်ငန်း ရှင်အတွက်ကသာများနေပြီး အခွန်အခများကို ရှောင်တိမ်းနေမည်ဆိုလျှင် နိုင်ငံတော်အတွက် လည်း မကောင်း၊ ပြည်သူအတွက်လည်း မကောင်းသော ရင်းနှီးမြှုပ်နှံမှုဟု ဆိုရပါမည်။

ယခု ဦးသိန်းစိန်အစိုးရအဖွဲ့ဆင်းခါနီးလေးတွင် အလျှင်အမြန် တက်သုတ်ရိုက်ချထားပေးခဲ့သော နိုင်ငံသားနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ စီမံကိန်းများကိုလည်း နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ၏ အကျိုးစီးပွား မည်မျှပါဝင်နေသနည်း၊ မည်မျှဖြစ်ထွန်းနိုင်မည်နည်းကို ပြန်လည်စိစစ်ရန် လိုပါသည်ဟု မြင်မိသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချထားပေးသည့် လုပ်ငန်းများ၊ စီမံကိန်းများသည် ယခုအခါ ပွင့်လင်းမြင်သာမှု အားနည်းပြီး အဂတိတရားများနှင့် ငြိစွန်းနေသည်ဟု သတင်းများထွက်ပေါ်နေ၍ ဖြစ်သည်။ MIC ကိုယ်တိုင်က ပင်လျှင် အစိုးရအဖွဲ့ အလွှဲအပြောင်း လေးငါးရက်အတောအတွင်းကလေးကို မစောင့်နိုင်ဘဲ လုပ်ကိုင်ခွင့်များ အလျင်အမြန် ချထားပေးခြင်းကပင် အဂတိတရားနှင့် ငြိစွန်းနေပေပြီဟု မှတ်ယူနိုင်သည်။ ထို့ပြင် ချထားပေး သော လုပ်ငန်းများ၊ စီမံကိန်းများ အချို့တည်နေရာများသည် မြေယာသိမ်းဆည်းမှု အရှုပ်အရှင်းမကင်းသေး ကြောင်း ကြားသိရသည်။ လုပ်ကိုင်ခွင့်ရသည့် အချို့သောကုမ္ပဏီ၊ အများပိုင်ပါသည်ဟု ခေါ်နေသော ကုမ္ပဏီ များသည် အခွန်ထိမ်ချန်ခြင်းများ၊ ရှောင်တိမ်းခြင်းများ ရှိနေသည်ဟုလည်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေအရ ခွင့်ပြုချက်များသည် ဘောင်ဝင်၊ မ၀င်ကိုလည်း ပြန်လည်စစ်ဆေးသင့်သည်ဟု ပြောနေကြ သည်။

မြန်မာနိုင်ငံသည် စစ်မှန်သော ဈေးကွက်စီးပွားရေးစနစ် အပီအပြင် ပေါ်ပေါက်ရန်လိုနေသည်။ ထိုသို့ ပေါ်ပေါက် ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတွင်လည်း ယင်းအချက်ကို ထည့်သွင်းရေးဆွဲ ထားသည်။ စစ်မှန်သော ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပေါ်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကမ်းမှန်လမ်း မှန်ရန်လိုပါသည်။ ထို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တာဝန်ရှိသည်။ MIC သည် ခေါင်မိုးမလုံ လျှင်တော့ မြန်မာနိုင်ငံတွင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်သာ ထွန်းကားနေဦးမည်ဟု ဈေးကွက်ဆိုင်ရာ စီးပွား ရေးပညာရှင်များက သုံးသပ်ကြသည်။ ဖြစ်နိုင်လျှင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား လူပြောင်း၊မူပြောင်းဖြင့် ပြန်လည်ဖွဲ့စည်းသင့်နေကြောင်းလည်း ဝေဖန်သံများ ပေါ်ထွက်နေပါသည်။

မောင်လွင်ပြင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အေပီ သတင်းထောက် အက်စ်သာ ထုဆန် အားတွေ့ရစဉ် (ဓာတ်ပုံ- Esther Htusan Facebook)
    ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံသား အများအပြား ပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများအား အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ငါးဖမ်း လုပ် ငန်းများ၌ ကျွန်သဖွယ် ခိုင်းစေ လုပ်ကိုင်နေသော ဖြစ်ရပ်အား စုံစမ်းဖော်ထုတ်ရေးသားခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ သား ကချင်အမျိုးသမီး အက်စ်သာ ထုဆန် (Esther Htusan) သည် ပထမဆုံးအကြိမ် ပူလစ်ဇာဆု ချီးမြှင့်ခံရ ကြောင်း သိရသည်။

အေပီ သတင်းဋ္ဌာန သတင်းထောက် တစ်ဦးဖြစ်သူ အက်စ်သာ ထုဆန်နှင့်အတူ Margie Mason, Robin McDowell နှင့် Martha Mendoza ပါဝင်သည့် အေပီ သတင်းအဖွဲ့က ၂၀၁၆ ခုနှစ် ပူလစ်ဇာဆု (Pulitzer Prize) အတွက် အများပြည်သူ ဝန်ဆောင်မှုဆု (Public Service Prize) ဖြင့် ဧပြီလ ၁၈ ရက်က ရရှိခဲ့သည်။

အမေရိကန် အပါအဝင် နိုင်ငံတကာ ဈေးကွက်သို့ အဓိက တင်ပို့နေသည့် အင်ဒိုနီးရှားနိုင်ငံ မြို့တော်မှ မိုင်ပေါင်း ၁၉၀၀ ခန့် ဝေးကွာသည့် ဘန်ဂျီးနားကျွန်းရှိ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ပင်လယ်စာလုပ်ငန်းများတွင် လုပ်ကိုင် နေရသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံများမှ ရွှေ့ ပြောင်းလုပ်သားများအား ခေါင်းပုံဖြတ် အ မြတ်ထုတ်ကာ လုပ်ကိုင်နေသည့် ဖြစ်ရပ်အား တစ်နှစ်ကျော်ကြာ စုံစမ်းဖော်ထုတ်၍ ယင်း အလုပ်သမားများ နေ ထိုင်ရသည့် လှောင်အိမ်များအား ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့်တကွ သတင်းများ တင်ပြခဲ့သည်။

အဆိုပါ သတင်းသည် နိုင်ငံတကာ ပင်လယ်စာ တင်ပို့မှု ဈေးကွက်အကြား ဂယက်ရိုက်ခတ်ခဲ့ကာ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံကလည်း လုပ်ငန်းရှင်များအား စုံစမ်း အရေးယူမှုများ ပြုလုပ်ခဲ့ရသလို သက်ဆိုင်ရာ နိုင်ငံ အသီးသီးကလည်း မိမိနိုင်ငံသားများအား ပြန်လည် ကယ်တင်နိုင်ရေး လုပ်ဆောင်ခဲ့ရသည်။ အဆိုပါ သတင်း၏ အကျိုးဆက်အဖြစ် ထို လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လုပ်သား ၂၀၀၀ ကျော်လွတ်မြောက်ခဲ့သည်။

အက်စ်သာ ထုဆန်သည် မြန်မာနိုင်ငံသား ကချင်အမျိုးသမီး တစ်ဦး ဖြစ်ပြီး အမေရိကန် သတင်းစာလောက တွင် ချီးမြှင့်သည့် ပူလစ်ဇာဆုအား ပထမဆုံးအကြိမ် ရရှိသည့် မြန်မာနိုင်ငံသားလည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

မဂါယန် စစ်ပြေးဒုက္ခသည်စခန်း လေပြင်းကြောင့် ပျက်စီးနေပုံ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် အနီး မဂါးယန် စစ်ပြေးဒုက္ခသည်စခန်း (Maga Yang IDP camp) တွင် ယနေ့ မွန်းလွဲပိုင်း၂ နာရီခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အများအပြား ပျက်စီး သွားသည်။

တိုက်ခတ်ချိန် နာရီဝက်ခန့် တွင် စခန်းအတွင်းရှိ စာသင်ကျောင်းတစ်ခု၊ ဆေးရုံတစ်ခု၊ ဘုရားကျောင်းတစ်ခု၊ စခန်းအုပ်ချုပ်ရေးရုံး ၂ ခု၊ ကလေး မူကြို ကစားအိမ် ၁ ခု၊ စခန်းဝန်ထမ်းများ နေအိမ် ၂ ခု နှင့် စုစုပေါင်း လူနေအိမ် ၂၆၃ ခု ပျက်စီးသွားကြောင်း ယင်း စခန်းတာဝန်ခံ ဦး လဆန်ဘရန်ဆိုင်း (Slg. Lasang Brang
Seng)မှ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

အဆောက်အဦးများ ပျက်စီးမှုရှိသော်လည်း စခန်းရှိလူများတွင် ကြီးမားသော ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း စခန်းတာဝန်ရှိသူက ပြောပါသည်။

ယင်းစခန်းတွင် နေအိမ် စုစုပေါင်း ၆၀၇ အနက် ၂၆၀ ကျော်သည် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည်။

မဂါးယန် IDPs camp သည် ဝိုင်းမော်မြို့နယ် တရုတ် နယ်စပ် မိုင်တိုင် အမှတ် ၈၊ ကန်ပိုင်တီ တရုတ်-မြန်မာ နယ်စပ် ဂိတ် အောက်ပိုင်း တွင်တည်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် ခိုလှုံနေသော ကချင် စစ်ပြေး ဒုက္ခသည်စခန်း တစ်ခု ဖြစ်ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com


နေပြည်တော်ဆေးရုံ၌ ဆေးရုံတက်နေသော လူနာများအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရူအားပေးနေစဉ် (ဓာတ်ပုံ- National League for Democracy Facebook)
ရန်ကုန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁၉ ရက်တွင် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိတာကတော့ ဒီနေ့ ကုတင် ၁၀၀၀ ဆေးရုံကို သွားတယ်။ဆေးရုံမှာ ဆရာဝန်တွေ နဲ့ တွေ့ တယ်။ လူနာတွေနဲ့ တွေ့ တယ်။အားပေးတယ်။ဘာတွေ ဖြစ်လဲ ။လူနာ အခြေအနေတွေ မေးမြန်းတယ်။ဆေးရုံမှာ ဘာတွေ လိုအပ်ချက်ရှိသလဲ။အဲဒါတွေ မေးမြန်းခဲ့ပါတယ်။”ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောသည်။




ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာနတို့ ၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူ ဆောင်ရွက် သကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

[youtube src="vva2Ng2Rl50"/]
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် တို့ဟာ နှစ်ဦးစတုဒီသာအလှူကို သူတို့နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြထားပါတယ်။

ရိုက်ကူး - အောင်သိင်္ခ၊ ထက်အာကာ/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese


၁၉ ဧပြီ ၂၀၁၆

စစ်တွေမြို့ သဲချောင်းဆိပ်ကမ်း အနီးမှာ စက်လှေတစီး တိမ်းမှောက်လို့ အနည်းဆုံး ၁၈ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တော်မော် ကျေးရွာက လူ ၆၇ ဦး စက်လှေနဲ့ စစ်တွေမြို့ကိုအလာ စစ်တွေမြို့ သဲချောင်း ဆိပ်ကမ်းအနီးမှာ တိမ်းမှောက်တာ ဖြစ်ပါတယ်။

ကလေး ၈ ဦး အပါအဝင် အလောင်း ၁၈ လောင်းကို ရှာဖွေနိုင်ခဲ့ပြီး ၁၇ ဦး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

အသက်ရှင်သူတချို့ကို သက်ကယ်ပြင်ဆေးရုံကို ပို့ထားပါတယ်။

ကျန်သူတွေ ပျောက်ဆုံးနေတုန်းဖြစ်တယ် လို့ ဒေသခံ တဦးက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ဧရာဝတီမြစ်အတွင်း မောင်းနှင်လာသည့်သင်္ဘောကို ဓားပြတိုက်လုယက်သူများအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ ဧပြီ ၁၉

၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာနှင့်ပုဏ္ဏားခြံကျေးရွာကြား၊ ဧရာဝတီမြစ်ကြောင်းအတွင်း "လွိုင်ဆမ်ဆစ်"အမည်ရှိ သင်္ဘောအား စက်လှေတစ်စီးဖြင့် လူ(၁၀)ဦးခန့်မှ ခရီးသည်ဟန်ဆောင်၍ သင်္ဘောကိုတားပြီး ချဉ်းကပ်လိုက်ပါလာကာ ရေတိမ်ပိုင်းသို့အရောက် သင်္ဘောသောင်တင်စဉ် သင်္ဘောမှန်များအားရိုက်ခွဲ၍ ရွှေ၊ ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၃,၁၇၉,၅၀ဝိ/-)အား လုယက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းဘက်သို့ စက်လှေဖြင့် ထွက်ပြေးသွားကြောင်းသတင်းအရ တံတားဦးမြို့နယ်ရဲတပ်ဖွဲ့၊ အမရပူရမြို့နယ်ရဲတပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)တို့မှတပ်ဖွဲ့ဝင်များက ပုဏ္ဏားခြံကျေးရွာနေ ပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့သည်။


 ထိုသို့ဖမ်းဆီးစဉ် ပြစ်မှုကျူးလွန်သူများမှ ဖမ်းဆီးသည့်အဖွဲ့အား ဓားမြှောင်များဖြင့်ပစ်ပေါက်ခြင်း၊ ဓာတ်ဆီပုလင်းများအားမီးရှို့၍ပစ်ပေါက်ခြင်း၊ ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခြင်းများ ပြုလုပ်လာ၍ သေနတ်ဖြင့် (၃)ချက် သတိပေးပစ်ခတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှ ၎င်းတို့၏စက်လှေအား စစ်ကိုင်းမြို့နယ်၊ နောက်ကြည့်ကျွန်းကျေးရွာအနီးရှိ သောင်ပြင်သို့ ထိုးဆိုက်၍ ထွက်ပြေးသွားခဲ့သည်။


 ရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ မသင်္ကာသူ စစ်ကိုင်းမြို့နယ်၊ ရိပ်သာကျွန်းကျေးရွာနေ ဝင်းစိုး(၄၁)နှစ်အား ၁၅၄၅ အချိန်တွင် လွိုင်ဆမ်ဆစ် သင်္ဘောဆိုက်ကပ်ထားသည့် မြစ်လယ်သဲသောင်ပြင်မှလည်းကောင်း၊ နောက်ကြည့်ကျွန်းကျေးရွာနေ ဆန်းညွန့်ဦး(ခ)ငဂျစ်(၃၂)နှစ်ပါ(၆)ဦးအား ၁၆၂၀ အချိန်တွင် ရိပ်သာကျွန်းကျေးရွာအတွင်းမှလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်းညွန့်ဦး(ခ)ငဂျစ်ပါ(၆)ဦးအား အရေးယူပေးရန် လွိုင်ဆမ်ဆစ်ရေယာဉ်အုပ် ဦးတင်ဆန်း(၄၈)နှစ်မှ တရားလိုပြုလုပ်တိုင်တန်း၍ တံတားဦးမြို့မ ရဲစခန်း(ပ)၇၉/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။


 စစ်ဆေးချက်အရ ငဇော်(ခ) ဇော်ဇော်(စိစစ်ဆဲ)ဦးဆောင်ပြီး ဆန်းညွန့်ဦး(ခ)ငဂျစ်၊ ချစ်ချော၊ အောင်စိုးဦး၊ မောင်ဦး၊ စိုးစိုး၊ ငထွန်း(ခ)ဖက်တီး၊ အောင်ဝင်းစိုး၊ မင်းမင်းထွန်း၊ ငမဲ၊ ဇော်သန်းဦး၊ ကျွဲကြီး(ခ)ဇော်မင်းဦးနှင့် သီဟဝင်းတို့ပါ(၁၃)ဦးအဖွဲ့သည် စက်လှေ(၂)စီးဖြင့် ရိပ်သာကျွန်းရေဆိပ်မှ ပုဏ္ဏားခြံရေလယ်ကျွန်း အနီးသို့ သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း၊ ဆန်းညွန့်ဦး(ခ)ငဂျစ် မောင်းနှင်သည့် စက်လှေပေါ်၌ ၎င်းပါ(၅)ဦးနှင့် ဇော်သန်းဦး မောင်းနှင်သည့်စက်လှေပေါ်၌ ငဇော်(ခ)ဇော်ဇော် ပါ(၈)ဦးတို့လိုက်ပါ ခဲ့ကြောင်း၊ ထို့နောက် မြစ်အတွင်း မောင်းနှင်လာသည့် လွိုင်ဆမ်ဆစ်သင်္ဘောကို ငဇော်(ခ)ဇော်ဇော်မှ ပုဏ္ဏားခြံရေလယ်ကျွန်းအနီးရှိ ကမ်းသို့ကပ်ခိုင်းရာ မကပ်သဖြင့် အဖွဲ့လိုက် ဓားရှည်များနှင့်လေးခွများ ကိုင်ဆောင်ကာ သင်္ဘောပေါ်သို့တက်ရောက်ပြီး စက်ခန်းအား လေးခွဖြင့်ထု၍ ကမ်းကပ်ခိုင်းသော်လည်း မကပ်သဖြင့် သင်္ဘောပေါ်ပါ ရွှေ၊ ငွေနှင့် လူသုံးကုန်ပစ္စည်းများအား လုယူထွက်ပြေးခဲ့ကြကြောင်း သိရှိရသဖြင့် ထွက်ပြေးတိမ်းရှောင်သွားသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ များအနက် ရိပ်သာကျွန်းကျေးရွာနေ နှာနီ(ခ)ဇော်သန်းဦး(၃၀)နှစ်အား ၁၈-၄-၂၀၁၆ ရက်နေ့ ၀၉၄၅ အချိန်တွင် ၎င်း၏နေအိမ်မှလည်းကောင်း၊ တစ်ရွာတည်းနေ မင်းမင်းထွန်း(၂၀)နှစ်အား ၎င်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှလည်းကောင်း ဖမ်းဆီးရမိခဲ့၍ အမှုဖြင့်အရေးယူခဲ့ပြီး ကျန်ရှိတရားခံ များအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


အီကွေဒေါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)
    အီကွေဒေါ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

    အီကွေဒေါ နိုင်ငံ ကမ်းရိုးတန်းကို ဗဟိုပြု၍ ဧပြီလ ၁၆ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ဦးရေသည်  ၄၁၃ ဦး အထိ မြင့်တက်လာခဲ့ကြောင်း လုံခြုံရေး ညှိုနှိုင်းဆောင်ရွက်မှု ဝန်ကြီးဌာန က ဧပြီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အီကွေဒေါ နိုင်ငံ ကယ်ဆယ်ရေး အသင်းများသည် ဧပြီလ ၁၈ ရက်နေ့တွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် အကျိုးအပဲ့ ပစ္စည်းများအကြား ပိတ်မိနေသည့် လူများ နှင့် ရုပ်အလောင်းများကို ရှာဖွေရန် ကယ်ဆယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

အီကွေဒေါနိုင်ငံ လုံခြုံရေးဝန်ကြီး Cesar Navas က Manta မြို့တွင် အသက်ရှင်ကျန်ရစ်သူများအား ဆက်လက် ကယ်ဆယ် နေကြောင်း Ecuavisa TV သို့ပြောကြားခဲ့သည်။

ကမ်းရိုးတန်းဒေသရှိ လူရာပေါင်းများစွာသည် နောက်ဆက်တွဲ ငလျင်များကို ကြောက်ရွံ့နေ၍ ရင်ပြင်များနှင့် လမ်းမများပေါ်တွင် အိပ်စက်နေရကြောင်း သိရသည်။

Manabi ပြည်နယ် ရှိမြို့အများစု တွင် လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်လျက်ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ပျက်စီးသွားတဲ့ ဇင်းချိုင်တံတား
ဧရာဝတီတိုင်း ငပုတော မြို့နယ် အတွင်း မော်တင်စွန်း ဒေသက ဇီးချိုင်တံတား ဧပြီလ ၁၈ ရက် သောကြာနေ့ မနက်က ကျိုးကျ ပျက်စီးသွား ခဲ့ပါတယ်။

မော်တင်စွန်းဒေသ မော်တင်နဲ့ မြွေတောင်လမ်းမှာ ရှိတဲ့ ဇင်းချိုင်ရွာ ထိပ်က တံတားဟာ ဆောက်ထားတာ ၂ နှစ်တောင် မပြည့်သေးဘူးလို့ ဇီးချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောပါတယ်။

သောကြာနေ့ မနက်က အုတ်သယ်တဲ့ ကားကြီး တစ်စီး တံတားပေါ်ကနေ ဖြတ်သွားရာမှာ ပျက်စီးသွားတာလို့လည်း ဦးတင်လှိုင်က ပြောပါတယ်။

ဒါကြောင့် ဒေသခံတွေနဲ့ ဒီတံတားကို အသုံးပြုသူတွေမှာ အခက် အခဲတွေ ဖြစ်နေတယ်လို့ လည်းသူက ပြောပါတယ်။

ရေကူးဆိပ် အဖြစ် အသုံးပြုတဲ့ ဇီးချိုင် ရွာကို မော်တင်ဘုရား ပွဲတော်ချိန်မှာ လူလာတာ များတဲ့ အပြင် ငွေဆောင်နဲ့ ချောင်းသာကို လာတဲ့ ဧည့်သည်တွေ ကလည်း အနီးအနား ဟိုတယ်တွေနေ လာရောက် ကြတယ်လို့ ဦးတင်လှိုင်က ပြောပါတယ်။

နိုင်ငံခြားသား ဧည့်သည် တွေလည်း လာလေ့ရှိတယ်လို့ ဆိုပါတယ်။

တံတားပျက်စီးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စည်ပင်သာယာရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန အပြင် ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးကိုပါ အကြောင်းကြား ထားတယ်လို့ ဇီးချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)
မြန်မာအစိုးရနဲ့ NCA အပစ်ရပ် စာချုပ်လက်မှတ် မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာ တပ်မတော်တို့ အကြား သင်္ကြန်အတက်ရက် အတွင်း ရခိုင်ပြည်နယ် ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ လို့ ဒေသခံပြည်သူတွေ ကြောက် လန့်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့ရာမှာ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်ပြီး အဖမ်းဆီးခံရတဲ့သူ(၄)ဦး လွတ်မြောက် ခဲ့တာကို ကြိုဆိုလိုက်ပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး လောလော ဆယ် ကျေနပ်လောက်တဲ့ အစီအစဉ် ချမှတ် လုပ်ဆောင်တာမျိုး မရှိသေးဘူးလို့ ရခိုင့်တပ်မတော်က ပြောဆိုလိုက်ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

သင်္ကြန်ကာလ နှစ်သစ်ကူးပြောင်းချိန်မှာ ရခိုင်ပြည်နယ် အတွင်းမှာတော့ ဒေသတွင်း လှုပ်ရှားနေတဲ့ ရခိုင့်တပ်မတော် AA အမှတ်(၂) စစ်ဒေသ တပ်ဖွဲ့တွေ နဲ့ မြန်မာ့ တပ်မတော်တို့ အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင် နဲ့ ကျောက်တော်မြို့နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ရခိုင့် တပ်မတော် ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

" တိုက်ပွဲဖြစ်တာကတော့ နှစ်ကြိမ် နှစ်နေရာမှာဖြစ်တာ။ တနေရာကတော့ ရသေ့တောင်မြို့နယ် လောရမ တောင်တန်းမှာဖြစ်တာ တကြိမ်ရယ်၊ ညနေပိုင်းမှာ ထပ်ပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျော်တော်မြို့နယ် အစပ် နတ်သရွေး ဆိုတဲ့ ရွာနားမှာ တကြိမ်ဖြစ်တယ်။ နတ်သရွေးရွာနားမှာ ဖြစ်တဲ့ တိုက်ပွဲမှာတော့ မြန်မာ တပ်မတော် ခလရ ၂၃၂ စစ်တွေအခြေစိုက်ပေါ့လေ တပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်း အဲ့မှာ ကျသွားတယ်။ နောက်ပြီး တခြား အရာရှိစစ်သည်တွေပေါ့လေ အဲ့မှာ သူတို့ဘက်က အကျအဆုံးများသွားတယ်။

ကျနော်တို့ဘက်က သွားတိုက်တာမဟုတ်ဘူး။ သူတို့ဘက်ကနေ ကျနော်တို့ရှိတဲ့နေရာကို ထိုးဖောက်ပြီးတော့ အတင်းဝင်ရောက်လာတော့ အဲ့ဒီ့မှာ ထိတွေ့မှုကဖြစ်တာ။ "

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်(လောရမတောင်တန်း) သြရမတောင်တန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်-ကျောက်တော်မြို့နယ်အစပ် ယိုးချောင်း အထက်နတ်သရဲကျေးရွာအနီး (၂)နေရာတိုက်ပွဲဖြစ်ပွါး ခဲ့တာပါ။

ဧပြီလ(၁၆)ရက်နေ့ကဖြစ်ပွါးခဲ့တဲ့နှစ်ဖက်တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က အရာရှိကြီးတွေ အပါအဝင် ထိခိုက်မှု များပြားတယ်လို့ ရခိုင်တပ်မတော်ဘက် က ပြောဆိုခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရရှိခဲ့ပါဘူး။

နှစ်ဆန်းတရက်နေ့အထိတော့ မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

အခုလိုနှစ်ဘက်တပ်ဖွဲ့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အကြားမှာ ကြောက်လန့်မှုတွေ ရှိနေတယ်လို့ ကျောက်တော်မြို့နယ်ဒေသခံ ဦးဇော်ဝင်းက ပြောပါတယ်။

ရခိုင်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ဟာ၂၀၁၄ခုနှစ် မတ်လ နဲ့ဧပြီလ ကတည်းက စတင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဆန်းပိုင်းမှာ ဒေသ အတွင်းဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် သံတံတား ကျေးရွာ နဲ့ ကျောက်တော်မြို့နယ် ဘာအီကျေးရွာသား(၃၀၀)ကျော်ဟာ နေရပ်ကို စွန့်ခွါပြီး မြောက်ဦးမြို့နယ်က ကျီရာပြင်၊ စေတီတောင်၊ ကျောက်တော်မြို့နယ် က ရွာမပြင်ကျေးရွာတွေမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေကြ ရပါတယ်။

ဒီစစ်ပြေးတွေကို ယာယီနေအိမ်တွေဆောက်လုပ်ပေး ထားပြီးကူညီစောင့်ရှောက်ထားရဆဲလို့ ကျောက်တော်မြို့နယ် ဒေသခံ ဦးဇော်ဝင်းကအခုလိုပြောပါတယ်။

" သူတို့ကို ရွာမပြင် ရွာစဉ်ဘေးမှာ တဲအိမ်လေးတွေ ဆောက်ပြီးတော့ ချထားတယ်။ ကျနော်တို့ မကြာ မကြာ သွားပြီးတော့ ကူညီဖြစ်ပါတယ်။ သူတို့က နေရပ်ကို ပြန်လို့ မရတော့ဘူးလေ။ မပြန်ခိုင်းတော့ဘူး။ သူတို့မှာလည်း ဆုံးရှုံးတာလည်း မပြောနဲ့တော့ သူတို့တွေလည်း တော်တော်လေးကို အခြေအနေဆိုးနေပြီ။ "

မြန်မာနိုင်ငံမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်မယ်လို့ တိုင်းရင်းသားအဖွဲ့တွေကမျှော်လင့်နေကြတာပါ။

မနေ့ကလဲ နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးခဲ့ရာမှာ ရခိုင့်တပ်မတော်နဲ့ဆက်စပ်ပြီး အဖမ်းဆီး ခံရတဲ့သူ(၄)ဦးလဲလွတ်မြောက်ခဲ့ပါတယ်။

နိုင်င့တော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်လုပ်ဆောင်ချက်အပေါ် ရခိုင်တပ်မတော် အနေနဲ့ ထောက်ခံကြိုဆိုတယ် လို့ ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခကဆိုပါတယ်။

ရခိုင်တပ်မတော်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ် လိုင်ဇာမှာအခြေပြုပြီး ၂၀၁၄ခုနှစ်လောက်မှာ ရခိုင်ပြည် နယ်ဒေသအတွင်းကို ၀င်ရောက် လှုပ်ရှားလာခဲ့သလို မြန်မာ့တပ်မတော်နဲ့လဲ စစ်ရေးပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းနိုင်ဖို့အတွက် ရခိုင်တပ်မတော်အနေနဲ့ လက်နက် စွန့်လွှတ်ဖို့ပြည်နယ်အစိုးရကနေ ဖေဖော်ဝါရီ(၇)ရက်နေ့မှာ ကမ်းလှမ်းခဲ့ပေမဲ့ ရခိုင်တပ်မတော်ကနေ လက်မခံခဲ့ပါဘူး။

ရခိုင့်တပ်မတော်AAဟာ မြန်မာအစိုးရအဖွဲ့ကနေ NCAခေါ် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ လက်မခံသေးတဲ့အဖွဲ့တခုလဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFCခေါ်ညီညွတ် သော တိုင်းရင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရပြန်ကြားရေးဌာနဘက်က ဧပြီလ ၁၈ရက်နေ့ နေ့စွဲနဲ့ ကျောက်တော်ဝင်ရောက်လာတဲ့ ရခိုင်တပ်တွေကို တပ်မတော်စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းရေး လိုက်လံလုပ်ဆောင်ခဲ့ပြီး ရခိုင်တပ်ဘက်က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဆိုတာကို မြေပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အစိုးရ စစ်တပ် နဲ့ ရခိုင် လက်နက်ကိုင် တပ် အေအေ တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ထဲမှာ အစိုးရ စစ်တပ် နဲ့ ရခိုင် လက်နက်ကိုင် တပ် အေအေ တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန် ခဲ့ပါတယ်။

ဧပြီလ ၁၆ ရက် သင်္ကြန် အတက် နေ့တုန်းက အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ အေအေ တပ်ဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အစိုးရ တပ်ဘက်က ယာယီ တပ်ရင်းမှုး အပါအဝင် အကြပ် တပ်သား တချို့ သေဆုံး ခဲ့တယ် လို့ အစိုးရ စစ်တပ် က ထုတ်ပြန် ပါတယ်။

အဲဒီ့နောက် အေအေတပ်ဖွဲ့ တွေ ရဲ့ ယာယီ စခန်း နေရာ တွေကို လိုက်လံ ရှင်းလင်း ခဲ့ရတယ် လို့ အစိုးရ တပ်က ပြောသလို၊ ဒေသခံ တွေ ရဲ့ အဆိုအရလည်း ဧပြီလ ၁၇ မှာ လက်နက်ကြီးသံ တွေ အပါအဝင် တိုက်ပွဲ ဖြစ်နေတဲ့ အသံတွေကို ရသေ့တောင် မြို့နယ် မြောက်ဖက်ပိုင်း ကျေးရွာတွေကပါ အဆက်မပြတ် ကြားနေခဲ့ရတယ် လို့ ဆိုပါတယ်။

၂၀၁၅ တုန်းကလည်း ပလက်ဝ နဲ့ ကျောက်တော် မြို့နယ် တွေ ထဲမှာ အေအေတပ် တွေ ခြေကုပ်ယူ ဖို့ ကြိုးစား လာ ခဲ့လို့ တိုက်ပွဲ တွေ ဖြစ်ခဲ့ပြီး၊ အဲဒီ့နောက်မှာတော့ အေအေတပ်တွေ ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ကို ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြတယ် လို့လည်း အစိုးရတပ်ဘက် က ပြောပါတယ်။

အခုလို ရခိုင်ပြည်နယ် ထဲ တိုက်ပွဲ တွေ ပြန်လည် ပေါ်ပေါက် လာတဲ့ အတွက် ဒေသခံ ရွာသားတွေ အတွက် သူတို့ မှီခို စားသောက် ရတဲ့ တောင်တောင်တွေကို မသွားဝံ့ပဲ စားဝတ် နေရေး အခက်အခဲတွေ ကြုံတွေ့ နေကြရသလို၊ စိုးရိမ် မှုတွေလည်း မြင့်တက်နေကြတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese