05/03/16


မြန်မာဂျာနယ်လစ်များ ဆန္ဒပြစဉ် (ဇန်န၀ါရီလ ၇ ရက်နေ့ ၂၀၁၄)
မြန်မာဂျာနယ်လစ်များ ဆန္ဒပြစဉ် (ဇန်န၀ါရီလ ၇ ရက်နေ့ ၂၀၁၄)

မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ တိုးတက်မှု တွေရှိလာကြောင်း မြန်မာစာနယ်ဇင်းသမားတွေက ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုကြပြီး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေ ထွန်းကားဖို့ဆိုရင် နိုင်ငံပိုင်မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချဖို့နဲ့ မလိုလားအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လိုအပ်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ အရင်အစိုးရလက်ထက်က စာပေစိစစ်ရေးနဲ့ မူပိုင်ခွင့်ကို ဖျက်သိမ်းခဲ့တာ၊ ပုဂ္ဂလိကသတင်းစာတွေထုတ်ဝေခွင့်ပြုတာ၊ လွတ်လပ်စွာရေးသားခွင့်ပြုခဲ့တာတွေနဲ့ လက်ရှိအစိုးရသစ်လက်ထက်မှာ ဖမ်းဆီးခံ စာနယ်ဇင်းသမားတွေကို လွှတ်ပေးခဲ့တာတွေကြောင့် တိုးတက်လာတယ်လို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာစာနယ်ဇင်းသမားတွေက သုံးသပ်ကြပါတယ်။

ပုဂ္ဂလိက မီဒီယာတွေ ပိုမိုး တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် နိုင်ငံပိုင်မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချဖို့ လိုအပ်မယ်လို့လည်း မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးက သုံးသပ်ပါတယ်။

“State own မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချသွားဖို့လိုအပ်ပါမယ်။ ဒါမှသာလွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေထွန်းကားမှသာ ဒီမိုကရေစီနိုင်ငံနဲ့ လိုက်ဖက်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ဒီ State own မီဒီယာတွေရဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားဌာနတွေ ဒါတွေအားလုံးကို ကျနော်တို့က ပုဂ္ဂလိက လုပ်တာလုပ်၊ အဲလိုမလုပ်နိုင်ရင်လည်း သတင်းတင်ပြဖို့တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ public service မီဒီယာလို့ပြောင်းပြီးတော့ လုပ်လည်းရပါတယ်။”

တဆက်တည်းမှာပဲ အရင်အစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ စာနယ်ဇင်းဆိုင်ရာဥပဒေတွေကို သုံးသပ်ဖို့ လိုအပ်မယ်လို့လည်း ဝေဖန်ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းမှာအတည်ပြုခဲ့တဲ့ ပုံနှိပ်နဲ့ထုတ်ဝေ ဥပဒေတွေ၊ broadcast ဥပဒေတွေမှာ ကျနော်တို့ မီဒီယာသမားတွေအတွက် မေးခွန်းတွေ complain တွေအများကြီးရှိနေပါသေးတယ်။ ဒါတွေအားလုံးကို လက်ရှိ လွှတ်တော်အသစ်ကနေပြီးတော့ review ပြန်လုပ်ရပါမယ်။ ဒီမိုကရေစီမဆန်တဲ့ဥပဒေတွေကို ဖျက်သိမ်းတာ ဖျက်သိမ်း ၊ ပြုပြင်သင့်တာပြုပြင် ၊ ဖြည့်စွက်သင့်တာ ဖြည့် လုပ်ရပါလိမ့်မယ်။ ဒါမှသာ ကျနော်တို့ သတင်းမီဒီယာ တိုးတက်ဖို့လမ်းစကို တွေ့ရမှာပါ။”

သတင်းစာဆရာ၊ စာရေးဆရာဖြစ်တဲ့ ဦးကျော်ရင်မြင့်ကတော့ မီဒီယာနဲ့သက်ဆိုင်တဲ့ဥပဒေအပြင် အခြားအတားအဆီးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ထိန်းချုပ်နေတဲ့ဥပဒေတွေမှာ ဥပမာ electronic ဥပဒေလိုမျိုးဟာတွေ ၊ ဖြစ်ခဲ့ လို့ရှိရင် ကျနော်တို့ အရေးယူခံနိုင်တဲ့ ကျနော်တို့ကို ဒုက္ခပေနိုင်တဲ့ ဥပဒေကတော့ အခုထိမပယ်ဖျက်ရသေးပဲနဲ့ အများကြီှးရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကိုယ်တိုင် အလုပ်လုပ်ဖို့ကြောက်နေပြီးတော့ ဆင်ခြင်နေရတာတွေရှိပါတယ်။ အခု unity က ဆရာများခံသွားရသလို တပ်နဲ့ပတ်သက်ရင် မှားမှားမှန်မှန်သိပ်ပြီးတော့ ရေးတဲ့လူလည်းမရှိဘူး။ နောက်တခါ ဘာသာရေးနဲ့ ပတ်သက်ရင်လည်း ဆင်ခြင်ရတာတွေ အဲဒီလို အပိုင်းမှာတော့ ကျနော်တို့မှာ လွတ်လပ်ခွင့်နည်းနေတုန်းပဲ ရှိပါတယ်ခင်ဗျ။”

စာနယ်ဇင်းသမားတွေကို ကာကွယ်ပေးမဲ့ သတင်းသမဂ္ဂ၊ မီဒီယာကောင်စီတို့လို အဖွဲ့အစည်းတွေကို အားပေးဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသားသတင်းဌာနတွေ စုပေါင်းဖွဲ့စည်းထားတဲ့ BNI ခေါ် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့အစည်းရဲ့ ဒါရိုက်တာ နိုင်ကဆော့မွန်ကတော့ တိုင်းရင်းသားဘာသာစကားနဲ့ဖြန့်ချီနေတဲ့မီဒီယာတွေဟာ အကန့်အသတ်တွေရှိနေတာကြောင့် သူတို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် အစိုးရက အားပေးကူညီသင့်တယ်လို့ ပြောဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ ဘာသာစကား မီဒီယာကိုအားပေးခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ စာပေယာဉ်ကျေးမှု နဲ့ တိုင်းရင်းသားတွေရဲ့ လူမှုရေးကိစ္စအဖြာဖြာကို ကျနော်တို့ ၀ိုင်းဝန်းပြီးတော့ အားပေးသလိုပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီကိစ္စတွေကို အစိုးရက အားပေးသင့်တယ်လို့ ကျနော်ယုံကြည်တယ်။”

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို ရန်ကုန်မြို့ Chatrium hotel မှာကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေမြင့်လည်း တက်ရောက်အမှာစကားပြောကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးက မြန်မာစာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးအကြံပြုတာတွေကို အလေးအနက်ထားအကောင်အထည်ဖော်မှာဖြစ်ကြောင်းနဲ့ ဒီလို တိုးတက်ဖို့အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်မဏ္ဍိုင်တွေဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အရေးကြီးသလိုစာနယ်ဇင်းသမားတွေရဲ့ အားထုတ်မှုကလည်း တန်းတူအရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာစာနယ်ဇင်းသမားများကာကွယ်ရေးအဖွဲ့ CPJ မြန်မာနိုင်ငံဟာ သတင်း လွတ်လပ်ခွင့် ထိန်းချုပ်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံအနက်က အဆင့် ၉ မှာ ရှိကြောင်း ထုတ်ပြန်ခဲ့သလို Freedom House အဖွဲရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို သတင်း လွတ်လပ်ခွင့် မရှိသေးတဲ့ နိုင်ငံ စာရင်းမှာ ထည့်သွင်း ထားပြီး စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းဟာ အရင်နှစ်ကထက် ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။

ကိုမိုးဇော်
VOA

ဂျပန် နိုင်ငံခြားရေးဝန်ကြီး နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲသတင်းစာရှင်းပွဲ
ဂျပန် နိုင်ငံခြားရေးဝန်ကြီး နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲသတင်းစာရှင်းပွဲ

ဂျပန်နိုင်ငံအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ဒီမိုကရေစီရေးနဲ့ဖွံဖြိုးရေး လုပ်ငန်းစဉ်တွေကို အပြည့်အ၀ အကူအညီပေးသွားမယ် လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆို ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းက စိန်ခေါ်ချက်တွေကိုလည်း မြန်မာနိုင်ငံနဲ့အတူ လက်တွဲဖြေရှင်းသွားလိုတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွား ပါတယ်။ မြန်မာနဲ့ ဂျပန် နိုငငံခြားရေးဝန်ကြီးနှစ်ဦး နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့တော့ မသိင်္ဂီထိုက် က တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးနိုင်ခဲ့တဲ့ အပေါ် ဂျပန်ဘက်က ကြိုဆိုတဲ့ အကြောင်း နေပြည်တော်မှာ ၂ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ဖုမိအို ခိရှိဒ က အခုလို ပြောဆိုပါတယ်။

“ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကအကြား ပူးပေါင်းညှိုနှိုင်းပြီး မြန်မာအစိုးရ အကောင် အထည်ဖော်နေတဲ့ ဒီမိုကရေစီနဲ့ဖွံဖြိုးရေးလုပ်ငန်းစဉ်တွေမှာ မတူညီတဲ့ဒေါင့်ကနေ အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ အစည်းအဝေး မှာ ဆွေးနွေးခဲ့ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရှိတဲ့ စိန်ခေါ်ချက်တွေကိုလည်း အတူအကွ ပူးပေါင်းဖြေရှင်းသွားလိုတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။”

ဂျပန်နိုင်ငံ အနေနဲ့ အရင် မြန်မာ စစ်အစိုးရ လက်ထက် ကတည်းက စလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆိုတဲ့ ဦးတည်ချက်နဲ့ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လမ်းစဉ် ကို ပြန်လည် ပြင်ဆင်ပြီး ဖွံ့ဖြိုးရေး အထောက်အကူတွေ တိုးပြီး ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ဂျပန် ပြည်သူတွေရဲ့ အားပေး ထောက်ခံမှု အပေါ်မှာ ကျေးဇူးတင်ရှိတဲ့ အကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့သလို အနောက်နိုင်ငံတွေနဲ့ မတူတဲ့ ဂျပန် အစိုးရနဲ့ ဆက်ဆံရေးကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

“ဂျပန်အစိုးရရဲ့ဆက်ဆံမှုက တခြားအနောက်နိုင်ငံတွေနဲ့ မတူဘူးဆိုတာလည်း သဘာဝကျပါတယ်။ ဒီ မတူခြင်းကိုလည်း ကျမတို့ လက်ခံပါတယ်။ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် မတူကွဲပြားမှုတွေကို လက်ခံရပါမယ်။ ဒီမတူကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီးတော့ ကျမတို့က တယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်ပြေလည်အောင်လို့ လုပ်ခဲ့တာကြာပါပြီ။ အထူးသဖြင့် ကျမတို့က ဘယ်လိုပဲပြောပြော ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများ အများဟာ ကျမနဲ့ ကျမရဲ့ လှုပ်ရှားမှုအပေါ်မှာ အင်မတန်မှ စေတနာ ၊မေတ္တာတွေထားခဲ့တာကြောင့်မို့လို့ အမြဲပဲ ကျမတို့ဟာ ဒါကိုတန်ဖိုးထားပြီးတော့ ကျေးဇူးတင်နေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာတော့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဟာ သမ္မတ ဦးထင်ကျော် နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် အပေါ် ဂျပန်ရဲ့ မျှော်လင့်ချက်ကိုလည်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သီလ၀ါ အထူးစီးပွားရေးဇုံမှာ ဂျပန်ဘက်က ဆက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အာရှ ၅ နိုင်ငံ ခရီးစဉ်ကို သွားရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံ အပါအ၀င် မဲခေါင်မြစ်ကြောင်း တလျှောက် နိုင်ငံများ ဖွံ့ဖြိုးရေး အတွက် သုံးနှစ် အတွင်း ဒေါ်လာ ၇ ဘီလီယံ ပေးအပ်မယ်လို့လည်း ထိုင်းနိုင်ငံ ခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ဒီကနေ့ ထွက်ခွာမယ့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့ကို ခရီးဆက်ဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက်
VOA


မြန်မာ.ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင်. ကျခံနေရဆဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကမ္ဘာ.ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်များက တစိုက်မတ်မတ် မြန်မာစစ်အစိုးရကို လူသိရှင်ကြားတောင်းဆိုခဲ.သည် ။ ထိုအထဲတွင်အတက်ကြွဆုံး တောင်းဆိုခဲ.သူမှာ ခရစ်ယာန်ဘုန်းတော်ကြီးဒက်စမွန်တူးတူးနှင်. ဗုဒ္စဘာသာဘုန်းတော်ကြီး ဒလိုင်းလားမားတို.ဖြစ်ကြသည် ။ ထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်ချထားခြင်းကို အာဆီယံအပါအ၀င် အချို.နိုင်ငံရေးခေါင်းဆောင်များကမပြောဝံ.မဆိုဝံ.ပဲနှာစေးနေသော ကာလတွင် ဘုန်းတော်ကြီးဒလိုင်းလားမားသည်အမှန်တရားအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပြတ်ပြတ်သားသားရဲရဲဝံ.၀ံ.ထောက်ခံခဲ.သူဖြစ်သည် ။ ထိုဘုန်းတော်ကြီးဒလိုင်းလားမားသည် ဗုဒ္စဘာသာ ရဟန်းတော်တစ်ပါးဖြစ်သည်နှင်.အညီ မြန်မာနိုင်ငံမှ ကမ္ဘာကျော် ရွှေတိဂုံစေတီကြီးကိုဖူးလိုသည် ဟု တရားဝင်ဖွင်.ပြောဖူးသူဖြစ်သည် ။

ဒလိုင်းလားမားက မြန်မာနိုင်ငံမှသီတဂူဆရာတော်ကြီးနှင်.တွေ.ဆုံစဉ် ထိုသို.ဖွင်.ပြောခြင်းဖြစ်သည် ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာ
သာ ညီလာခံ၌ ရွှေတိဂုံဘုရားအား ဖူးမြော် လိုသည် ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့်တွေ့ဆုံစဉ် ဘုန်းတော်ကြီး ဒလိုင်းလားမား က လျှောက်ထားခဲ့ သည်။
ဒေါက်တာ အသျှင် ဥာဏိဿသရကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၊မြန်မာ့ဒီမိုကရေစီ ရေး တို့  တွင် ကူညီခဲ့ သည့် ဒလိုင်းလားမား အား ရွှေတိဂုံ စေတီ တော် ကို ဖူး
မြော် ကြည်ညို နိုင်ရန် မျှော်လင့် သည် ဟု ဆိုသည်။

ဒလိုင်းလာမားသည်သီတဂူဆရာတော်ကြီးနှင်.သာမက မြန်မာ.ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင်.ပါတွေ.ဆုံဆွေးနွေးဖူးသည်. ပုဂ္ဂိုလ်ဖြစ်သည် ။ ရှေ့ နှစ်ဆန်း တွင် ဒလိုင်းလားမား သည် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် နိုင်ရန် အတွက်အစိုးရက ခွင့် ပြု ပေးရန် ရန် မျှော်လင့် ကြောင်း နှင့် ဖြစ်မြောက်ရန် အတွက် လည်း သူစီစဉ်
မှု များ ပြုလုပ် ထား ပြီး တစ်ဆင့် ပြီး တစ်ဆင့် ကြိုးစား နေသည် ဟု သဲကုန်း ဆရာ တော်ဒေါက်တာ အသျှင် ဥာဏိဿရ က Wall Street သတင်းစာ သို့  မိန့် တော်မူဖူးသည်။

ကမ္ဘာ.ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်လည်းဖြစ် ကမ္ဘကျော်ပုဂ္ဂိုလ်နှစ်ဦးဖြစ်သော တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင်. မြန်မာ.ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို.သည် တိုက်တိုက်ဆိုင်ဆိုင် ဗြိတိန်နိုင်ငံ လန်ဒန်မြို.သို.သီးခြားစီ ရောက်ရှိခဲ.ကြပြီး ၂၀၁၂ ဇွန်လ (၁၉)ရက်နေ.တွင် သူတို.နှစ်ယောက်တွေ.ဆုံခွင်.ရခဲ.ကြပါသည် ။

အလွတ်သဘောတွ.ဆုံခဲ.ကြသည်ဟု ဒလိုင်းလားမားက တွစ်တာ ၀က်ဆိုဒ် မှကြေငြာခဲ.ပြီး နှစ်ဖက်စလုံးက တွေ.ဆုံပွဲကျင်းပသည်.နေရာကိုကြေငြာခဲ.ခြင်းမပြုပေ ။ ဒေါ်အောင်ဆန်းစုကြည်နှင်.တွေ.ဆုံရာ၌ ဆရာတော်နှင်.ဒေါ်အောင်ဆန်းစုကြည်တို.သည် ဗုဒ္စဘာသာပီပီ အပြန်အလှန်ဆုတောင်းမေတ္တာပို.သခဲ.ကြသည် ။ ဒလိုင်းလားမားဆရာတော်က ဒေါ်အောင်ဆန်းစုကြည်အား

“ဒကာမကြီးရဲ. သတ္တိပြောင်မြောက်မှုအတွက် ကျွန်ုပ်အလွန် အားကျ လေးစားမိပါသည် “ဟုပြောကြားခဲ.သည် ။ ဒလိုင်းလားမားဆရာတော်သည် ယခင်ကပင် ဒေါ်အောင်ဆန်းစုကြည် ကိုနေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရန် မြန်မာအာဏာပိုင်များကိုတောင်းဆိုခဲ.သူဖြစ်သည်။ သူတို.နှစ်ဦးသည် နှစ်နိုင်ငံစလုံး၌ ရုန်းကန်နေခဲ.ကြရသော နိုင်ငံရေးလွတ်လပ်ခွင်.များအတွက် တစ်ဦးကိုတစ်ဦးအောင်မြင်အောင်ဆုတောင်းပေးကြခြင်းဖြစ်ဟန်တူပေသည် ။ မြန်မာ နှင်.တိဘက် နှစ်နိုင်ငံစလုံး၏ တူညီသောအချက်မှာ ၎င်းတို.နှစ်နိုင်ငံစလုံး တရုတ်ပြည်နှင်.အိမ်နီးနားချင်းဖြစ်နေကြခြင်းဖြစ်သည် ။

ဤသို.တွေ.ဆုံမှုမျိုးကိုတရုတ်ခေါင်းဆောင်များကနှစ်မြို.မည်မဟုတ်ချေ ။ယူကေ သို. ဒလိုင်းလားမား ၁၀ ရက်ခရီးလာလည်တာ ကိုပင် တရုတ်တို.ကအမျိုးမျိုးဝေဖန်ရှုတ်ချနေခဲ.သည် ။ အင်္ဂလန်တွင်ရောက်ရှိလေ.ကျင်.ပေးနေသောတရုတ် ပြေးခုန်ပစ်အားကစားသမားများကိုပင် ပြန်ခေါ်တော.မည်ဟုပင် တရုတ်အိုလံပစ်ကောင်စီက ဗြိတိန်အစိုးရအား ဖိအားပေးခြိမ်းချောက်ပြောကြား နေပေသည် ။ ဒလိုင်းလားမားကတော. ထိုကိစ္စမျိုးကြုံရဖန်များလှဟန်ဖြင်. လုပ်ရိုးလုပ်စဉ်တွေပါဟု ပြောကြားခဲ.သည် ။ ဒလိုင်းလားမားမှာ ကမ္ဘာပေါ်ရှိလူအတော်တော်များများ၏ မျှော်လင်.ချက်များကွန်းခိုရာပုဂ္ဂိုလ်ဖြစ်ပါသည်။

ဒလိုင်းလားမားနှင်.ဒေါ်အောင်ဆန်းစုကြည် ကို တစ်ပြိုင်နက်တွေ.ခွင်.ရသောပရိသတ်မှာ ထူးခြားမှုများစွာကိုခံစားမိကြ၏ ။ တစ်ယောက်ကား သူမ၏ တိုင်းပြည် မှ လွတ်လပ်စွာ ထွက်ခွာခွင်.ရဖို. အချိန်ကာလရှည်လျားစွာစောင်.ခဲ.ရသူ ၊ တစ်ယောက်သောသူမှာကား သူနေထိုင်ရာမြို.တော်လာဆာမှ အတင်းဖိအားပေးသဖြင်.ထွက်ပြေးလာရသူ ။သူမကား သူမ၏တိုင်းပြည်ကို ဦးတည်ရာအရပ်အသစ်ဆီသို. ဦးတည်ခုတ်မောင်းသွားမည်.သူ ၊ တစ်ယောက်သောသူမှာကား တိဘက်ပြည်၏ အနာဂါတ်နှင်.ပါတ်သက်၍ အနည်းငယ်သာပါဝင်ထမ်းရွက်ခွင်.ရှိသူ ။ဒေါ်အောင်ဆန်းစုကြည်ကား ဒလိုင်းလားမားနှင်.တွေ.ဆုံအပြီးတွင် နိုင်ငံရေးရာထူးအဆင.အတန်းများ တဆင်.ပြီးတဆင်.မြင်.ကာ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီး နှင်. သမ္မတရုံးဝန်ကြီးရာထူးများကိုရရှိနေပြီဖြစ်သည် ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင်. ဒလိုင်းလားမားဆရာတော်ကိုမြန်မာပြည်သို.ကြွရောက်ပြီးရွှေတိဂုံဘုရားကိုလာရောက်ဖူးမျှော်ရန် သာသနာရေးဝန်ကြီးဌာနမှတဆင်.ဖိတ်ကြားလျှင်ရနိုင်ပြီဖြစ်သည် ။ ထိုသို.ပြုလုပ်သော် တရုတ်ကြီး ကိုပေါက်ဖော်ကဆွေ.ဆွေ.ခုန်ဒေါသဖြစ်မှာတော.ဧကန်ဖြစ်သည် ။ သို.သော် နိုင်ငံရေးနှင်.မသက်ဆိုင်ပဲ ဗုဒ္စဘာသာ တူချင်းဆိုသော ဘာသာရေးရှုထောင်.မှချဉ်းကပ်ဆောင်ရွက်လျှင် တရုတ်တို.လည်းပြင်းထန်စွာ ကန်.ကွက်ရှုတ်ချနိုင်မည်မဟုတ်ပေ ။

တရုတ်နှင်.ဆက်ဆံရာတွင် မြန်မာတို.သည် ယခင်အစိုးရလက်ထက်က အမြဲတမ်းအလျှောပေးလိုက်လျှောခဲ.ရသောရာဇ၀င်ရှိ၏ ။ သမ္မတရုံးဝန်ကြီးတစ်ပါးဆိုလျှင် တပည်.တော်တို.ကတရုတ်ကိုကြောက်ရပါသည်ဆိုသည်.စကားကို အရှက်မရှိ လူသိထင်ကြားထုတ်ဖော်ပြောဖူး၏ ။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ရာ UK နိုင်ငံကဲ.သို.ပင် ဒလိုင်းလားမားကို ဖိတ်ခေါ်ချင်ကဖိတ်ခေါ်နိုင်ခွင်.ရှိပေသည် ။ ။၎င်းအပြင်ဤကိစ္စသည် မြန်မာ.ပြည်တွင်းရေးသာဖြစ်သဖြင်. မြန်မာ.ပြည်တွင်းရေးကိုဝင်မစွက်ပါဟု အတိတ်ကအကြိမ်ကြိမ်ပြောကာ ဒေါ်အောင်စုကြည်လွတ်မြောက်ရေးနှင်.မြန်မာ.ဒီမိုကရေစီရေးကို ဥပေက္ခာပြုခဲ.သော တရုတ်တို.ကို ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ကြောင်းပြန်လည်တုန်.ပြန်ပြောကြားနိုင်ပါသည် ။

ထိုသို.ပြုခြင်းဖြင်. မုန်လာဥတစ်ဖက် တုတ်တစ်ဖက် ၀ါဒဖြင်.တရုတ်နဂါးကြီးကိုလည်း တန်ပြန်တိုက်စစ်ဆင်နိုင်သလို ၊ ကမ္ဘာကျော်ဗုဒ္စဘာသာ ဘုန်းတော်ကြီးတစ်ပါး၏ ရွှေတိဂုံဘုရားဖူးလိုသောဆန္ဒကိုလဲ ဖြည်.ဆည်းရာရောက်ကာ ၊ မြန်မာ.မိခင်ဒေါ်အောင်ဆန်းစုကြည်ကို တစိုက်မတ်မတ်အားပေးထောက်ခံလာသော ကျေးဇူးကိုတုန်.ပြန်ရာလည်းရောက်သဖြင်. သီတဂူဆရာတော် ဒေါက်တာ အသျှင်ဥာဏိဿရမှတဆင်. ဒလိုင်းလားမားဆရာတော်အား မြန်မာပြည်သို. ဘုရားဖူးခရီး ဖိတ်ကြားသင်.ပါကြောင်း ။

သရ၀ဏ်(ပြည်)

ကိုးကား
- Lady and the lama Jun 21st 2012, 7:36 by A.A. | OXFORD
- FNG on December 14, 2011
Ko Nyi's photo.

ရန်ကုန်တိုင်းဒေသကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်မှုအရ ကျူးကျော်နေထိုင်သူ မိသားစုပေါင်း ၈၀,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ ကျူးကျော်များသည် စက်မှုဇုန်မြို့တော်ဖြစ်သော လှိုင်သာယာမြို့နယ်တွင် အများဆုံးနေထိုင်သည်ဟုလည်း သိရသည်။ သူတို့သည် လှိုင်သာယာမြို့နယ်တွင် စုပြုံကပ်ရပ်နေထိုင်ရခြင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရနိုင်မှု လွယ်ကူခြင်းကြောင့်ဟုဆိုသည်။ ကျူးကျော်နေထိုင်မှု ဒုတိယအများဆုံးမြို့နယ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့ဖြစ်သည်ဟု ခန့်မှန်းနေကြသည်။

ရန်ကုန်တိုင်းဒေသကြီး ယခင်အစိုးရအဖွဲ့နှင့် ယခင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ကောက်ယူထားသည့် စာရင်းအရ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လှိုင်သာယာမြို့နယ်၌ ကျူးကျော် တဲပေါင်း ၁၄,၁၆၄ လုံး ရှိသည်ဟု သိရသည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်တွင် ကျူးကျော်တဲ မည်မျှရှိနေသလဲဟူသည်ကိုတော့ ထုတ်ပြန်ကြေညာထားခြင်း မရှိပါ။ ပြောနေကြသည်မှာ ၂၀၁၅ ခုနှစ်ကစပြီး ကျူးကျော်တဲထိုးလျှင် ဖျက်သိမ်းပစ် သည့်စနစ် ကျင့်သုံးခဲ့သဖြင့် ကျူးကျော်တဲများတိုးပွားမလာဘဲနည်းပါးသွားရခြင်းဖြစ်သည်ဟု ဆိုသည်။ လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတို့ကဆိုနေကြသည်မှာ သူတို့သည် ရပ်ကွက် နေပြည်သူများက ချက်ချင်းအကြောင်းကြားလာသည့် ကျူးကျော်တဲများကို တတဲထိုး တတဲဖျက်စနစ်ကို ကျင့်သုံးနေကြောင်း၊ နေစရာ အမှန်တကယ် မရှိ၍ ကျူးအဖြစ်ရောက်ရှိလာသူများကို အပြစ်မပြောချင်သော် လည်း ကျူးကျော် အယောင်ဆောင်ကာ တဲထိုးပြီး ပြန်ငှားစားသူများ၊ ရောင်းချသူများ၊ ကျူးကျော်တဲထိုးဖို့ မြှောက်ပေးနေသူများရှိနေ၍ လက်ပိုက်ကြည့်နေ၍ မရကြောင်း၊ ကျူးကျော် ပြဿနာများတွင် လုပ်ကျူး၊ စီးပွားရေးကျူးများ အများကြီးရောနှော ပါဝင်နေသဖြင့် ဖြေရှင်းရန်ခက်ခဲကြောင်း ပြောဆိုမှုရှိသည်ကို ကြားသိ ခဲ့ရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်လည်း လုပ်စားကျူးအဖြစ် ၀င်ရောက်နေထိုင်နေသည့် တဲအလုံးပေါင်း ၉၀၀ နီးပါးရှိနေသည်ဟုသိရသည်။ လုပ်စားရိုက်စားကျူးများသည် စီမံကိန်းဖော်ဆောင်မည်ဆိုသည့် မြေဧရိယာ ပေါ်တွင် အင်အားအလုံးအရင်းဖြင့် ၀င်ရောက်နေထိုင်ကြပြီး ခွင်ဖန်တီးကြသည်။ သူတို့၏နောက်ကွယ်တွင် အင်တိုက်အားတိုက် ငွေထုတ်ပေးနေသည့် စီးပွားရေးသမားများလည်း ရှိနေသည်ဟုဆို၏။ ငွေထုတ်ပေးသည် မှာ တဲဆောက်နေထိုင်စားသောက်ရန် အရင်းအနှီးဖြစ်သည်။ ထို့နောက် စီမံကိန်းရှင်၏ လျော်ကြေး၊ နစ်နာ ကြေးပေးမှုကို စောင့်စားကြသည်။ လုပ်ကျူး၊ စီးပွားရေးကျူးများသည် အမှန်တော့ တောကြောင်များပင် ဖြစ်သည်။ ၎င်းတောကြောင်များကြောင့်လည်း အမှန်တကယ် နေစရာမရှိသည့် မြေမဲ့ယာမဲ့များခမျာ နာမည် ပျက်ခဲ့ရသည်။ ယခင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ယခင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် စွမ်းအားရှင်ဟုခေါ်သည့် လူမိုက်လူရမ်းကားတို့အား နေ့စားငှားကာ စက်ယန္တရားကြီးများအသုံးပြုပြီး ကျူးကျော်များကို ဖြိုခွင်းနှိမ်နင်းခဲ့သည်။ ထိုအခါ အမှန်တကယ် နေစရာမရှိ သူတို့အဖို့ နစ်နာဆုံးရှုံးခဲ့ရသည်။

ကျူးကျော်ဟူသည် အစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေကို ကျူးချင် လွန်းကျော်ချင်လွန်း၍ ပေါ်ပေါက်လာ ရသည်မဟုတ်။ မြေသိမ်းယာသိမ်း ကိစ္စများကြောင့် ပေါ်ပေါက်ရသည်ကို နားလည်သဘောပေါက်ရပေမည်။ ယခု ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဦးမောင်မောင်စိုးတာဝန်ယူထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့တို့ကလည်း နားလည်ပြီး ဖြစ်သည်။ သမ္မတဦးထင်ကျော်ဦးဆောင် သော ပြည်သူ့အစိုးရအဖွဲ့ကလည်း ကျူးကျော်ပြဿနာ၏ဇာစ်မြစ်ကို သိရှိနားလည်ထားသည်။ ထို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တဦးဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်က ''ကျွန်တော်တို့အစိုးရသစ်မှာ ကျူးကျော်တွေကို အင်အားသုံးနှင်ထုတ်တဲ့ ပေါ်လစီ မရှိပါဘူး။ ကျူးကျော်နေပြည်သူတွေကို အကောင်းဆုံးအကြံပေးချင်တာကတော့ ရန်ကုန်တိုင်း အစိုးရ အသစ်ဖွဲ့စည်းပြီးဖြစ်ပါတယ်။ မိမိတို့ ကျူးကျော်နေထိုင်ရတဲ့ အခြေအနေ အခက်အခဲတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် တိုင်းအစိုးရကို တင်ပြကြပါလို့ အကြံပေးချင်တယ်''ဟု ပြောကြား ထားခဲ့သည်။ လှိုင်သာယာမြို့နယ် ဘီအိုစီမှတ်တိုင်အနီး ရွှေသံလွင်စက်မှု ဇုန်ဝင်းအနီးအနားရှိ ကျူးကျော်နေပြည်သူများက အင်အားသုံး အတင်းအကျပ်နှင်မထုတ်ရေးနှင့် ဆင်းရဲသားများကို ကာကွယ်ပေး သည့် ဥပဒေတရပ်ပြဋ္ဌာန်းပေးရန် အစိုးရသစ်ကို တောင်းဆိုသည့်သတင်းစာရှင်းလင်းပွဲ တရပ်ကို ဧပြီ ၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ရာ ယင်းပွဲတွင် ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာသန်းမြင့်သည် လှိုင်သာယာမြို့နယ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် သည်။

ထို့ပြင် ၀န်ကြီးဒေါက်တာသန်းမြင့် ပြောကြားထားမှုထဲတွင် ၎င်းတို့၏ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း ကျူးကျော်များအရေး ဆွေးနွေးခြင်းနှင့် ၎င်းတို့နေထိုင်ရန် အခြားနေရာများတွင် စီစဉ်ပေးခြင်း မရှိဘဲ အတင်းအကျပ်နှင်ထုတ်ခြင်းမပြုလုပ်သင့်ကြောင်း ပြောကြားထားမှုများရှိသည်ဟုဆိုသည်။ သို့ဖြစ်၍ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ကတော့ နေစရာမရှိ၍ ကျူးကျော်နေထိုင်ရသူများကို အင်အားသုံးကာ အတင်း အဓမ္မဖယ်ရှားပစ်တော့မည်မဟုတ်ကြောင်းကို စိတ်ချရလောက်ပြီဟု ယူဆသည်။ ဦးဖြိုးမင်းသိန်းတို့ ရန်ကုန် တိုင်းအစိုးရအဖွဲ့ကလည်း အမှန်အကန်ကျူးများကို စာရင်းကောက်ယူတော့မည်ဟု သိရသည်။ ရန်ကုန် တိုင်းအတွင်းရှိ ကျူးကျော်အရေး ပြဿနာများသည် အဓိကဖြေရှင်းရမည့်ကိစ္စရပ်တခုဖြစ်ပြီး ကျူးကျော်နေ ပြည်သူများကို စနစ်တကျ စာရင်းပြုစုခြင်း၊ အမှန်တကယ် နေထိုင်စရာမရှိ၍ နေထိုင်သူဖြစ်ကြောင်း စစ်ဆေးအတည်ပြု မှတ်တမ်းတင်ခြင်းများပြုလုပ်ပြီး ၎င်းတို့နေထိုင်ရန် နေရာစီစဉ်ပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကြေးမုံ သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။ ယင်း အင်တာဗျူးကို မတ် ၁၇ ရက်ထုတ် ကြေးမုံတွင် ဖော်ပြထားသည်။

ရန်ကုန်တတိုင်းလုံးတွင် ကျူးကျော်ပြဿနာကို ကြီးကြီးမားမား ထမ်းပိုးထားရသော လှိုင်သာယာ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ တွက်ချက်ထားမှုအရ ကျူးကျော်နေထိုင်သူပေါင်း ၃၀၀,၀၀၀ ကျော်ရှိသည်ဟု သိရ၏။ ရန်ကုန်တတိုင်းလုံးအတွက်မူ ကျူးကျော်နေထိုင်သူပေါင်း ၆၀၀,၀၀၀ ကျော်ရှိသည်ဟု တွက်ချက်ထားကြသည်။ ယင်းအရေအတွက်သည် ခန့်မှန်းတွက်ချက်ထားမှုဖြစ်သည်။ အခြားမြို့ကြီးများတွင် ကျူးကျော်နေထိုင်သူများအပါအ၀င် အသေအချာစာရင်းကောက်ယူ ပြုစုမည်ဆိုလျှင် ထို့ထက်မက တသန်း နီးပါးမျှ ရှိလိမ့်မည်ထင်သည်။ ၎င်းတို့အထဲတွင် တနိုင်ငံလုံး မြေသိမ်းယာသိမ်းကိစ္စများကြောင့် နေစရာမဲ့၊ အိုးအိမ်မဲ့သူများလည်း ပါဝင်သည်။ နိုင်ငံတော်စီမံကိန်းကြီးများကြောင့် မိဘဘိုးဘွားပိုင် မြေယာလေးကို စွန့်ခွာပေးခဲ့ရသူများကလည်း ပါဝင်သည်။ နယ်မြေမအေးချမ်းမှုကြောင့် အိုးအိမ်ပစ်ခွာကာ စစ်ဘေးရှောင်ခဲ့ ရသူများလည်း ပါဝင်မည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း မိမိတို့လယ်မြေများ ဆားငန်ရေဖုံးလွှမ်းပြီး လယ်ယာအလုပ်အကိုင်ဆုံးရှုံး၍ နေရပ်စွန့်ခွာခဲ့ရသူများလည်း ပါဝင်သည်။ ထို့ပြင် လှိုင်သာယာမြို့နယ်တွင် နာဂစ်မုန်တိုင်းနောက်ပိုင်း နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့လာကာ နီးစပ်ရာ အဆောင်/ လိုင်းခန်းများတွင် ငှားရမ်း နေထိုင်ပြီးနောက် ကြုံရာကျပန်း အလုပ်၊ ပျံကျဈေးသည်အလုပ်၊ နေ့စားအလုပ်အကြမ်းအလုပ်များဖြင့် ၀မ်းကျောင်းခဲ့ကြသည်။ ထို့နောက် အဆောင်၊ လိုင်းခန်း၊ နေအိမ်များ၊ ငှားရမ်းခကြီးမြင့်လာသောအခါ ဆက်လက်ငှားရမ်းမနေထိုင်နိုင်တော့ဘဲ စည်ပင်ပိုင်မြေ၊ အစိုးရပိုင်မြေနှင့် ပုဂ္ဂလိက ပိုင်မြေတို့၏ မြေလွတ်နေရာ များတွင် တဲထိုးနေထိုင်ပြီး ကျူးကျော်ဘ၀ ရောက်ရသူများလည်း ရှိနေသည်။ ထို့ကြောင့် ကျူးကျော်ဟူသည် အစိုးရ၏ ပယောဂကြောင့် ပေါ်ပေါက်ရခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ် ပယောဂကြောင့်လည်း ပေါ်ပေါက်နေရကြောင်း လှိုင်သာယာကျူးကျော်များက သက်သေပြနေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အများစုထဲတွင် လုပ်ကျူး၊ စီးပွားရေးကျူးများ ရောနှောပါဝင်နေခြင်းနှင့် ကျူးကျော်ဦးရေ တနေ့တခြား တိုးပွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီး ယခင် ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် ယခင် ရန်ကုန်မြို့တော်ဝန်လည်းဖြစ်၊ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်သည့် ဦးလှမြင့်တို့ ကျူးကျော်ပြဿနာကို စနစ်တကျလေ့လာစိစစ်သုံးသပ်မှုမရှိခဲ့သောကြောင့် ဖြစ်သည်။ ကျူးကျော် အားလုံးကို လုပ်ကျူးများ၊ အကြံအဖန်ကျူးများဟုမြင်ကာ အင်အားသုံး အတင်းအဓမ္မဖိအားပေး နှိမ်နင်းဖယ်ရှားပစ်ခြင်း ကိစ္စများတွင်လည်း ၎င်းတို့နှစ်ဦးတွင် တာဝန်ရှိသည်။ ၎င်းတို့နှစ်ဦးအပြင် ရန်ကုန်တိုင်းဒေသကြီး ယခင်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတွင်လည်း တာဝန်ရှိသည်။ ဆက်ပြောရလျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ထို့ထက်တဆင့်တက်လျှင် ပြည်ထဲရေးဝန်ကြီးဌာနတို့သည်လည်း အသီးသီး တာဝန်ရှိ ကြပါသည်။ အကြောင်းမှာ အမှန်တကယ်နေစရာမရှိသော မြေမဲ့ယာမဲ့ အလုပ်အကိုင် အခွင့်အလမ်းမဲ့နေသည့် ကျူးကျော်များသည် ဥပဒေချိုးဖောက်သူများ မဟုတ်ပါ။ ရာဇ၀တ်သားများ မဟုတ်ပါ။ ကလေက၀ ခြေဦးတည့်ရာသွားနေသူများမဟုတ်ပါ။ သူခိုးကြမ်းပိုးများ မဟုတ်ပါ။ သူတို့သည် ပြည်သူထဲက ပြည်သူများ ပင်ဖြစ်သည်။ သူတို့သည် နဂိုကတည်းက မြေပိုင်ယာပိုင် အိုးပိုင်အိမ်ပိုင်ရှိသည်။ မွေးရာဇာတိရှိသည်။ သူတို့အား မူလဇာစ်မြစ်ကို သေသေချာချာမလေ့လာ မစိစစ်၊ နေစရာနေရာ ပြန်လည် ချထားမပေးဘဲ အတင်းအဓမ္မဖိအားပေး ဖြိုခွင်းနှင်ထုတ်ခြင်းသည် သူတို့၏ မွေးရာပါသိက္ခာကို စော်ကားခြင်းဖြစ်သည်။ ထိုသို့ ပြုမူခဲ့သည့်အတွက် ယခင်ဝန်ကြီးချုပ်နှင့် ယခင်မြို့တော်ဝန်တို့ ယခုတာဝန်ခံပေးရပါတော့မည်။

ယခုအခါ အစိုးရအဖွဲ့သစ်သည် ကျူးကျော်ပြဿနာများကို အတင်းအကျပ်ဖိအားပေးနှင်ထုတ်မည့် မူဝါဒမကျင့်သုံးဘဲ သိက္ခာရှိရှိဖြင့် နေစရာနေရာများ ပြန်လည်ချထားပေးရန် စီစဉ်ဆောင်ရွက်နေပေပြီ။ ယင်းသည် ပြည်သူကို မျက်နှာမူသောအစိုးရတို့၏လုပ်ရပ်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အစိုးရမည်ပါပေမည်ဟုလည်း အသိအမှတ်ပြုရမည်။ သို့သော် ကျူးကျော်ပြဿနာသည် ယခင်အစိုးရလက်ထက်ကတည်းက ပစ်ထားခဲ့၍ သပွတ်အူပမာ ရှုပ်ထွေးလိမ်ကောက်နေသည်မို့ ဦးထင်ကျော်အစိုးရ၊ ဦးဖြိုးမင်းသိန်းတို့ ဒေသန္တရအစိုးရတို့တွင် အခက်အခဲပေါင်းများစွာကြုံတွေ့နိုင်လိမ့်မည်ဟု မြင်သည်။ သူတို့မည်သို့ကျော်လွှားနိုင်မလဲ စောင့်ကြည့်ရမည်။ သူတို့ကတော့ အမှန်တကယ် ကျူးကျော်ပြည်သူများအပေါ် စေတနာကောင်းကောင်းဖြင့် ၀န်ဆောင်မှုပေးမည်ဖြစ်သော်လည်း သူတို့ သူတို့တတွေ၏အဖွဲ့ထဲတွင် ယခင်အစိုးရအဖွဲ့၏ အကျင့်ပျက်ခြစား တတ်သော ၀န်ထမ်းဆိုးများလည်း ရှိနိုင်သေးသမို့ ၎င်းတို့၏ ကဖျက်ယဖျက်လုပ်ရပ်များကိုလည်း စောင့်ကြည့်ရပါဦးမည်။

နိဂုံးချုပ်ဆိုချင်သည်မှာ ယခုအစိုးရသစ်ကလုပ်ဆောင်မည့် အမှန် အကန်ကျူးကျော်များ နေစရာချထားပေးရေးအစီအစဉ်များတွင် ယခင် အစိုးရလက်ထက်က ကျူးကျော်အရေးကို လက်သံပြောင် ပြောင်ဖြင့် ဖြေရှင်းခဲ့ကြသော သက်ဆိုင်သူအာဏာပိုင်များ အပြစ်ကြွေးကို ပေးဆပ်ဆေးကြောသောအားဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြပါ။ လယ်မြေ၊ ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားပြီး လက်ဝယ်ပိုင်ပိုင်ရှိနေသူ ခရိုနီလုပ်ငန်းရှင်ကြီးများကလည်း ကျူးကျော်များအတွက် နေစရာ ပြန်လည်ချထားပေးနိုင်ရေး မြေလွတ်မြေလပ်များကို ပြန်လည်စွန့်လှူပေးကြခြင်းဖြင့် ကုသိုလ်ယူကြပါ။ ယနေ့အချိန်အခါသည် နိုင်ငံအသစ် တခုကို စတည်နေသည့်အချိန်အခါဖြစ်သဖြင့် အများပြည်သူကောင်းကျိုး ချမ်းသာကို အတတ်နိုင်ဆုံး ဖော်ဆောင်ပေးနိုင်သူသာ ရှေ့ဆက်ရပ်တည်နိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားရင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။

မောင်လွင်ပြင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

[youtube src="IMtZyrHOH_k"/]
အစိုးရသစ်ဟာ ပြည်သူ့လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ ဖွဲ့စည်းထားတာကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ကထက်ပိုပြီး ကူညီပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ အောင်ကိုကိုလတ်ပေးပို့ထားတာပါ။

DVB TV News

ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ပြဌာန်းခဲ့သည့် နိုင်ငံတော်ကောင်စီဥပဒေအား ရုပ်သိမ်းသည့်ဥပဒေ ကြမ်းတစ်ရပ်အား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းခဲ့သည်။

“နိုင်ငံတော်ကောင်စီကို ဥပဒေပြဌာန်းမှုရှိနေတဲ့အတွက်ကြောင့် အချိန်မရွေး ပြန်လည်ဖွဲ့စည်းနိုင်တဲ့ အနေအ ထားမျိုးဖြစ်နေပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း လက်တွေ့ကျင့်သုံးခြင်းမရှိပါဘူး၊ တည်ဆဲဥပဒေ အဖြစ်ကနေ ရုပ်သိမ်းဖို့လို အပ်လာပါတယ်” ဟု ၄င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသည့်အပြင် အုပ်ချုပ်ရေးစနစ်ပုံစံတွေများ ပြောင်းလဲခဲ့ သော်လည်း၊ တည်ဆဲဥပဒေတစ်ရပ်အနေနဲ့ ကျန်ရှိနေသေးသည့်အတွက် နိုင်ငံတော်ကောင်စီကို အချိန်မရွေး ပြန်လည်ဖွဲ့စည်းနိုင်သည့် အနေအထားဖြစ်နေကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

“အဲ့ဒီတုန်းကအုပ်ချုပ်ရေးပုံစံစနစ်အရ နိုင်ငံတော်ကောင်စီဆိုတာ နိုင်ငံတော်ရဲ့ ဥသျှောင်အဖွဲ့အစည်းဖြစ်ပါတယ်၊ သူ့မှာ တာဝန်တွေအပ်နှင်းထားတဲ့အခါမှာ ဥပဒေပြုရေး တာဝန်တွေရော၊ အုပ်ချုပ်ရေးတာဝန်တွေရော အမြင့် ဆုံး အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ တာဝန်ထမ်းဆောင်ရ တာဖြစ်ပါတယ်” အဆိုတင်သွင်းသူ ဒေါက်တာမြတ်ဥာဏစိုးက အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် The Ladies ကိုဖြေကြားသည်။

နိုင်ငံတော်ကောင်စီ၏ လုပ်ပိုင်ခွင့်များသည် လွှတ်တော်ရေးရာကော်မတီဖွဲ့စည်းခြင်း၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်း၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးတော်ဆောင်အဖွဲ့၊ နိုင်ငံ တော်အဆင့် ဘွဲ့ထူးဂုဏ်ထူးပေးအပ်ခြင်းများကို နိုင်ငံတော်သမ္မတရာထူးရယူထားသည့် နိုင်ငံတော်ကောင်စီ ဥက္ကဌက ကိုင်တွယ်ဆောင်ရွက်သည်။

ကိုပေါက်
The Ladies News Journal

 soehtay-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ကို မေလ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

'၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေနဲ့ ၀ ဒေသ ပန်ဆန်းမှာ သွားရောက်တွေ့ ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် ဦးစိုးဌေးကို ကော်မတီဝင်အဖြစ်ကနေ ဒီနေ့ ထုတ်ပယ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပြောင်းလဲဖွဲ့စည်းကြောင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာရာမှာ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် မှုကော်မတီ အဖွဲ့ဝင် ဦးစိုးဌေးနေရာမှာ အစားထိုးတာဝန်ပေးအပ်ကြောင်း အခုလိုကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၀ ဒေသကို ကြိုတင်ခွင့်ပြုချက်မတောင်းဘဲ သွားရောက်ခဲ့ တဲ့အတွက် ကော်မတီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသလို NLD ကလည်း ပါတီရဲ့ အရေးကြီးလုပ်ငန်း တာဝန်တွေမှာ ထမ်းဆောင်ခွင့် တစ်နှစ်ပိတ်ပင်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး က ပြောပါတယ်။

ဦးစိုးဌေးဟာ အမေရိကန်ပြည်ထောင်စု၊ ရုရှားသမ္မတနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ စစ်သံမှူးကြီးအဖြစ် တာဝန် ယူထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်ကနေ NLD ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။
RFA


နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ့အကြီးအကဲတွေကို ဖေ့ဘွတ်စ်မှာ ပုတ်ခတ်ရေးသားခဲ့တဲ့အတွက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် က ဦးဝေယံအောင်က ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။

ဦးနေမျိုးဝေဟာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဂုဏ်သိက္ခာကျဆင်းအောင် နဲ့ ပြည်ထောင်စုပြိုကွဲအောင် သွေးထိုးရေးသားမှုတွေ လုပ်နေတာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ ဦးဝေယံအောင်က ပြောပါတယ်။

ဦးနေမျိုးဝေ ကို ဖမ်းဆီးဖို့ပြင်ဆင်နေကြောင်း ကန်ကြီးထောင့်ရဲစခန်းက အမှုစစ်ရဲအုပ် သိန်းလွင် က ပြောပါတယ်။

ဦးနေမျိုးဝေ ဟာ သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၃၀ရက်နေ့အထိ နိုင်ငံအကြီးအကဲတွေကို အသရေဖျက်တဲ့ စာသားတွေနဲ့ အန်အယ်လ်ဒီပါတီကို ပုတ်ခတ်တဲ့ စာသားတွေကို ၁၅ကြိမ်လောက် ရေးပြီးတင်ခဲ့တာဖြစ်တယ်လို့ ဦးဝေယံအောင်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


မြန်မာနိုင်ငံတွင် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် အနည်းဆုံးငါးပါးသီလကို ထိန်းသိမ်းပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၃ ရက်တွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဗုဒ္ဓ၏အဆုံးအမတွင် ငါးပါးသီလ တရားရှိကြောင်း၊ တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ရှိကြကြောင်း ထို့အတူ လူတိုင်းတွင် သစ္စာထားကြသကဲ့သို့ မိမိတို့သည် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ ''သစ္စာ'' ရှိကြရမည်ဖြစ်ပြီး၊ နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်လုံးကို စောင့်ထိန်းနိုင်ပါက ပိုမိုခိုင်မာ ကောင်းမွန်ကြောင်း၊ စစ်မှုထမ်းများ သာမက ကောင်းမွန်စွာ စစ်မှုထမ်းဆောင်ပြီး အငြိမ်းစားယူသွားသည့် စစ်မှုထမ်းဟောင်းများကိုပါ စောင့်ထိန်း လိုက်နာစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော်လည်း ၄င်းအနေဖြင့် အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိမှတ်ပြုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟု ယနေ့ မေလ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ထို့အတူ လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတချို့သည် တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည်ဟုလည်း ထည့်သွင်းပြောဆိုကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
    ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

    တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရား ရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမတွင် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် နှင့် အားပျော့အောင် လုပ်ဆောင်လာနိုင်သဖြင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေး စနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ပူးပေါင်း ဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ အပေါ် အထင်အမြင်လွဲမှား သုံးသပ်သူ တစ်ချို့သည် တပ်မတော် ပြိုကွဲအောင် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော် အနေဖြင့်လည်း ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို အနှောင့်အယှက် မရှိစေရန် တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်း ဖြတ်သန်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် မိမိတို့၏ အခြေခံ သဘောထား ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား၍ လွတ်လပ်ပြီး တရားမျှတမှုကို ဖော်ဆောင် ပြသနိုင်ခြင်းမှာ တပ်မတော်၏ ဂုဏ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန် များစွာ ရှိနေကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက၊ ခိုင်မြဲစေလိုပါက လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေ လေးစား လိုက်နာရေး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ရေးများ အလေးထားရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုအပေါ် မူတည် ဖြစ်ပေါ်လာသော်လည်း တစ်ချို့ အဖွဲ့အစည်းများမှာ ဥပဒေတွင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည့် အချက်အလက်များအား မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများလည်း ရှိကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ယင်းအပေါ်တွင် တစ်ချို့သော အဖွဲ့အစည်းများက သွေးထိုးရန် တိုက်၍ အမုန်းတရား ကြီးမားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်၍ များစွာ အန္တရာယ် ကြီးမားကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေမည့် ပြုမူ ပြောဆို ရေးသား လုပ်ဆောင်မှုများ မဖြစ်စေရေး ကြပ်မတ် ထိန်းသိမ်းရန် လိုကြောင်း၊ မိမိတို့ တပ်မတော်သား စစ်မှုထမ်းများ အနေဖြင့်လည်း တစ်ဦးချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များ အပါအဝင် ပြောဆို နေထိုင်လုပ်ကိုင်မှု အားလုံးကို စဉ်းစားဆင်ခြင် ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ပြည်သူနှင့် စည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရန် တိုက်တွန်း ပြောကြားသည်။

 အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

(Xinhua)
http://www.xinhuamyanmar.com

လေပြင်းတိုက်ခတ်မှုကြောင့် လဲပြိုသွားသော သစ်ပင်များအား ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းစဉ် (ဓာတ်ပုံ-MOI)
    ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတွင် ဧပြီလလယ်မှ စတင် ဖြစ်ပေါ်နေသော လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးသီး ကြွေမှုကြောင့် လူပေါင်း ၂၁ ဦး သေဆုံးကာ ၅၉,၀၀၀ ကျော် ဘေးဒုက္ခ ခံစားနေရကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားသည်။

အဆိုပါ ရာသီဥတု ဆိုးဝါးပြီး လေပြင်းတိုက်၊ မိုးသီး ကြွေမှုများကြောင့်  အိမ်ခြေ ၁,၉၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဒေသအချို့တွင် အဆိုပါ လေပြင်းကြောင့် အကူအညီများ လိုအပ်လျက် ရှိသည်။

 မြန်မာနိုင်ငံဒေသအချို့တွင် ဧပြီလလယ်မှစကာ လေပြင်းမုန်တိုင်းများကြောင့် ရှေးဟောင်း ဘုရားစေတီပုထိုးပေါင်း ၁,၇၀၀ ဝန်းကျင် ပြိုကျ ပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ ပျက်စီးကာ တိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

မြစ်ကြီးနား - ပူတာအို ကားလမ်း
အချိန်အခါမဟုတ် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ပူတာအို-မြစ်ကြီးနားကားလမ်း၊ မြေသားလမ်း များပျက်စီးကာ သွားလာရေး အခက်အခဲများ ကြုံနေရကြောင်း ယာဉ်မောင်းကိုခွန်နော်က ပြောသည်။
"ဒီလမ်းကြောက မနှစ်ကဒီအချိန်မှာ ဒီလိုမခက်ဘူး။ ဒီနှစ်မှာ အရင်နှစ်ကထက်အဆမတန်ခက်ခဲ တယ်။ မနှစ်ကဆိုရင် တစ်ရာသီကို ဆယ်ခေါက်ကျော်လောက်ရတယ်။ ဒါပေမဲ့ဒီနှစ်ဆိုရင် ၅ ခေါက် လောက်ပဲရတယ်။ လမ်းခက်ခဲလို့ လမ်းမှာရိက္ခာပျက်လိုက်၊ ရေမရှိတဲ့နေရာမျိုးမှာဆိုရင် ပိုဒုက္ခရောက်တယ်။ ဆောက်လုပ်ရေးကလည်း လမ်းချဲ့တဲ့အခါ မြေမာလမ်းကိုချဲ့တာ။ လမ်းအမာပေါ်ကို မြေကြီးဖို့ထားတယ်။ ပိုဆိုးတာက ကျောက်ခဲကိုထုတ်ပြီး မြေကြီးဖို့တာမျိုးပေါ့။ ကျွန်တော်တို့ ကားသမားတွေက အခုအသစ်တက် လာသည့် အစိုးရအသစ်ကို ဒီလမ်းကိုအမြန်ဆုံး ကောင်းအောင်လုပ်ပေးစေချင်ပါတယ်"ဟု ကိုခွန်နော်က ပြောသည်။

အဆိုးဆုံးနေရာမှာ အင်ကောမရွာနှင့် ခင်ဒူယန်ရွာကြားလမ်းဖြစ်ကြောင်းသိရပြီး ဆိုင်ကယ်သမား များဆိုလျှင် ဆိုင်ကယ်ကို ၀ါးလုံးရှိုထမ်းကာ ဖြတ်သွားရကြောင်း သိရသည်။

ကားလမ်းဆိုးရွားသည့်အပြင် ခရီးသွားပြည်သူများလုံခြုံရေးအတွက် တာဝန်ချထားသော လမ်းဂိတ် အချို့ကမည်သည့်အတွက်မှန်းမသိသည့် ငွေကြေးအဆမတန် တောင်းခံမှုများလည်းရှိသည်ဟု ယာဉ် မောင်းကိုထိုက်က ပြောသည်။
"ဒီလမ်းကြောင်းက ဂိတ်တွေမှာ တစ်ချို့ဂိတ်တွေကောင်းပါတယ်။ တချို့ဂိတ်က ပိုက်ဆံမတရား တောင်းတာတွေရှိတယ်။ တစ်သောင်းမပေးရင် မကျော်ခိုင်းဘူးဆိုတာမျိုးပေါ့။ ဒီမှာအိပ်ဆိုတာမျိုးတွေရှိ တယ်။ အရက်မူးပြီး မတရားရစ်တာတွေရှိတယ်။ ကျွန်တော်တို့ကားသမားတွေက ကားပိုင်ရှင်မပါတဲ့အခါ လမ်းမှာကြာသွားပြီဆိုရင် ပိုက်ဆံလည်းတစ်ကျပ်မှ မပါဘဲပူတာအိုရောက်သွားတာတွေလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ အဲဒီလိုမျိုးအချိန်မှာ စိတ်ဆင်းရဲတာကတစ်မျိုး၊ ဂိတ်မှာရစ်တာက တစ်မျိုးနဲ့တော်တော် ခက်တယ်လို့။ မနှစ်ကဆိုရင် စစ်ယာဉ်တန်းတွေ တက်ပြီဆိုရင် အရပ်ကားတွေကို ရှေ့ကိုမကျော်ခိုင်းဘူး။ လမ်းပိတ်တယ်။ ရိက္ခာကကုန်၊ လမ်းကသွားမရပေါ့"ဟု ၎င်းတို့လောက၏ အခက်အခဲများကို ကိုထိုက်က ဆက်လက်ပြောပြသည်။

ပူတာအိုမှ ပြန်ဆင်းလာသည့်အခါတွင်လည်း တစ်ခါတရံ ကားချောဆွဲခံရမှုများလည်း ကြုံတွေ့ခဲ့ရ သည်ဟု အမည်မဖေါ်လိုသူ ကားသမားတစ်ဦးက ပြောသည်။

မိုင်ထောင်ရွာတွင်စခန်းချနေထိုင်သော လမ်းအထူးအဖွဲ့ (၂) မှ ဒုတာဝန်ခံဦးအောင်နိုင်ဌေးကပြော ရာတွင် လမ်းကြောအတွက်ချထားပေးသည့်ဘက်ဂျက်မှာ ဆွမ်ပရာဘွမ်အောက်ဖက် ကျောက်ချောလမ်း ၆ မိုင်စာနှင့် ဆွမ်ပရာဘွမ် အထက်ဖက်လမ်းပိုင်းအချို့အတွက်သာ ချထားပေးခြင်းဖြစ်သဖြင့် အနည်းနှင့်အ များ ခက်ခဲမှုတော့ရှိနေဦးမည်ဟုဆိုသည်။

 ယင်းအပြင် ယာဉ်များပေါ်တွင် တင်ဆောင်လာသည့်ကုန်ချိန်က လည်းများပြားလွန်း၍ လမ်းမြေသားက ခံနိုင်မှုမရှိခြင်းလည်း ဖြစ်နိုင်သည်ဟုလည်း ၄င်းကဆက်လက်ပြော ဆိုသည်။

ပူတာအိုဒေသသည် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ကားလမ်းတစ်မျိုးတည်းကို အားထားအ သုံးပြုနေရခြင်းကြောင့် ယခုလတ်တလောအခြေအနေတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး အခြေခံစား ကုန်များမှာ ၁ ဆ ၂ ဆ ခန့် မြင့်တက်လျက် ရှိပါသည်။

ဂျိုး(ပူတာအို)

Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm


အိန္ဒိယပြည်နယ်မြောက်ပိုင်း ပန်ဂျက်ပြည်နယ်မှာ အသက်(၁၆)နှစ် အရွယ်လူငယ်တစ်ဦးဟာ ခြောက်လုံးပြူးသေနတ်နှင့် ဆက်ဖှီပုံရိုက် ရင်း သေနတ်ထိမှန်ကာ မတော်တဆသေဆုံးခဲ့တယ်လို့ စပွန်းနစ်သတင်း
မှာဖော်ပြထားပါတယ်။

 ပန်ဂျက်ပြည်နယ် ပသန်ကော့မြို့က ရမန်ဒိ(ပ်)ဆိုင်း ဆိုတဲ့ကောင်လေးနဲ့ သူရဲ့ ညီမတို့ဟာ သူတို့ဖခင်ရဲ့ ခြောက်လုံးပြူးသေနတ်နဲ့ ဆက်ဖှီ ဓာတ်ပုံရိုက်ခဲ့တယ်လို့ ဆိုပါတယ်။


 ရမန်ဒိ(ပ်)ဟာ အံ့အားသင့်စရာ ဓာတ်ပုံမျိုးရရှိနိုင်ဖို့ သူရဲ့ ဦးခေါင်းကို သေနတ်နဲ့ သူ့ကိုယ်သူချိန်ထားတဲ့ ကိုယ်နေဟန်မျိုးနဲ့ ဆက်ဖှီရိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကင်မရာခလုပ် ကိုနှိပ်ရမယ့် အစား သေနတ်မောင်းကို ဖြုတ်ချခဲ့မိတာကြောင့် ခုလို အဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

 သူ့ကိုနီးစပ်ရာဆေးရုံက တစ်ဆင့် အထူးကုဆေးရုံတစ်ခုကို ထပ်မံပိုဆောင်ပေးခဲ့ပေမယ့် အသက်မမီခဲ့ဘူးလို့သိရပါတယ်။

 အိန္ဒိယနိုင်ငံအတွင်းမှာ ဆယ်လ်ဖီရိုက်ရင်း အသက်သေဆုံးမှုတွေ များလာတာကြောင့် တချို့နေရာတွေမှာ ဆယ်လ်ဖီဓာတ်ပုံမရိုက်ဖို့တောင်တားမြစ်ထားရပါတယ်။

 ဒေသခံရဲအရာရှိတွေ ကတော့လူငယ် သေဆုံးမှုမှာ အပြစ်မကင်းတဲ့သူက သေနတ်ကို လုံလုံခြုံခြုံ မသိမ်းထားတဲ့ သူ့ရဲ့ဖခင်သာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News

အိန္ဒိယနိုင်ငံမှ ပထမဆုံး တီထွင် ထုတ်လုပ်ခဲ့သည့် ကိုယ်ပျောက် ရေငုပ်သင်္ဘောအား ရေချနေစဉ် (ဆင်ဟွာ)
    နယူးဒေလီ ၊ မေ ၃ ရက် (ဆင်ဟွာ)

    အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေပြီး အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် အိန္ဒိယနိုင်ငံသည် ၄င်းတို့ လျှို့ ဝှက်ထားသော နိုင်ငံ၏ ပထမဆုံး ကိုယ်ပျောက် ရေငုပ်သင်္ဘောကို ရေချလိုက်ပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ်က မေလ ၂ ရက်တွင် ပြောကြားလိုက်သည်။

“ Kalvari (ကျားငမန်း) လို့ အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံ ရေတပ်အတွက် ပြင်သစ် အခြေစိုက် Mazagon Dock သင်္ဘောကုမ္ပဏီက တည်ဆောက် ပေးခဲ့ပါတယ်။ ဒါဟာ ပြင်သစ် Scorpene-class ခြောက်စင်းထဲက ပထမဆုံး တည်ဆောက်ပြီးသွားတဲ့ ရေငုပ်သင်္ဘော တစ်စင်းပါ။ ကျားငမန်းကို မွန်ဘိုင်းကမ်းခြေမှာ မေလ ၁ ရက်က ပထမဆုံး ရေချခဲ့ပါတယ်” ဟု အဆိုပါ သတင်း အရင်းအမြစ်က ဆိုသည်။

အမှန်စင်စစ် ရေငုပ်သင်္ဘောကို ထိုနေ့ နံနက်ပိုင်းတွင် ရေချ ခဲ့ခြင်း ဖြစ်ပြီး ၄င်းဆိုက်ကပ်ရာ ဆိပ်ကမ်းသို့  ပြန်မရောက်မီ တွန်းအားပေး စနစ် ၊ အရံအသုံးအဆောင်နှင့် နည်းစနစ်များ ၊ ဆက်သွယ်ရေး စနစ်များနှင့် မောင်းနှင် ထိန်းချုပ်သည့် ဂီယာ များနှင့် သက်ဆိုင်သော စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့ကြောင်း သတင်းအရင်း အမြစ်က ပြောသည်။

ပင်လယ် ရေအောက်ရှိ အတားအဆီးများကို ဖြတ်ကျော် မောင်းနှင်ခြင်း ၊ ရေပြင်ပေါ် မောင်းနှင်ခြင်း ၊ ရေငုပ်ခြင်း ၊ စစ်လက်နက်များ အသုံးပြုခြင်း ၊ အသံလှိုင်း စစ်ဆေးခြင်း စသည့် လုပ်ဆောင်ချက် အမျိုးမျိုးကို အိန္ဒိယ ရေတပ်က ပြုလုပ်ခဲ့ပြီးနောက်တွင် အိန္ဒိယနိုင်ငံ၏ စွန့် ဦး တီထွင်မှု အပိုင်း၌ ရည်မှန်းချက် ကြီးမားသည့် ဝန်ကြီးချုပ် မိုဒီအတွက် အဓိက တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။

နိုင်ငံ ၏ အနုသုခုမဟု တင်စားထားသည့် ရေငုပ် သင်္ဘောကြီးသည် တော်ပီဒိုများ ၊ ရေငုပ်သင်္ဘော တန်ပြန်ပစ် ဒုံးကျည်များ အပါအဝင် သေချာသော လမ်းညွှန်ချက် ပေးနိုင်သည့် စစ်လက်နက်များ ဖြင့်တွဲစပ်၍ ရန်သူကို တိတိကျကျ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ ပြင် ၄င်း၏ အသုံးအဆောင်များသည် ဧရိယာ အားလုံးတွင် အသုံးပြုနိုင်စွမ်းရှိပြီး မြေပြင်တန်ပြန် စစ်ဆင်ရေး နှင့် ရေငုပ်သင်္ဘော တန်ပြန် စစ်ဆင်ရေးများ အတွက်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ပြိုကျခဲ့သည့် လူနေ အဆောက်အအုံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    နိုင်ရိုဘီ၊ မေ ၃ ရက် (ဆင်ဟွာ)

    ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ဧပြီလ ၂၉ ရက် က လူနေ အဆောက်အအုံ တစ်ခု ပြိုကျခဲ့မှုကြောင့် လူသေဆုံးမှုများ ရှိခဲ့ပြီး မေလ ၂ ရက်၌ ရုပ်အလောင်း နှစ်လောင်းအား ရှာဖွေ တွေ့ရှိခဲ့သည့် နောက်ပိုင်းတွင် သေဆုံးသူ ဦးရေသည် ၂၂ ဦး ရှိလာကြောင်း သိရသည်။

ကင်ညာနိုင်ငံ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ဆောင်ရွက်မှု စင်တာ ညွှန်ကြားရေးမှူး Colonel Nathan Kigotho က ဧပြီလ ၂၉ ရက် ညနေ့ပိုင်းတွင် နိုင်ရိုဘီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် ခြောက်ထပ်တိုက် အဆောက်အအုံမှ လူ ၁၃၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေး ဝန်ထမ်းများ သည် မေလ ၂ ရက်တွင် အဆောက်အအုံ အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၂ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၂ ဦး ရှိလာကာ ယခုအချိန်အထိ ကယ်ဆယ် နိုင်ခဲ့သူ ၁၃၅ ဦး ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com


နေပြည်တော် မေ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ခီရှိဒ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ အစိုးရသစ် စတင် တာဝန်ယူချိန်တွင် ဂျပန်အစိုးရက ကြိုဆိုမှု၊ ဂုဏ်ပြုမှုတို့အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကူမာတိုမို ငလျင်ကိစ္စဖြစ်ပွားမှုအတွက် ဝမ်းနည်းပါကြောင်း၊ သံတမန်သက်တမ်း နှစ် (၆၀) ကျော် ကာလအတွင်း အကူအညီများစွာ ပေးအပ်ခဲ့ခြင်းအတွက် များစွာ ကျေးဇူး တင်ရှိသကဲ့သို့ ဆက်လက်ကူညီပေးသွားနိုင်ရန်လည်း မျှော်လင့်ပါကြောင်း၊ တစ်လ သက်တမ်းသာရှိသေးသည့် အစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအား ဆက်လက်စောင့်မျှော်လျက် ရှိပါကြောင်း၊ ဂျပန် နိုင်ငံအနေဖြင့် အာဆီယံနှင့်တကွ အာဆီယံနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကူမာမိုတို ငလျင်ဒဏ်သင့်ခဲ့မှုအပေါ် မြန်မာအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဝန်ကြီးတို့သည် -

■ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊

■ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊

■ မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်း လာစေရေး၊

■ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊

■ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊

■ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊

■ နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂုချိလည်း တက်ရောက်သည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/

အရပ်သားအစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခိရှိဒါသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၃ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး၊ အလုပ်အကိုင်ရရှိရေး၊ စိုက်ပျိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ကူညီသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)
Mizzima - News in Burmese

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီရိုကီရှီဒါဟာ ဒီကနေ့ မေ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ကျနော်တို့ဟာ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်မှုတွေ ဆက်လက်ကူညီ ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ အထူးစီးပွားရေးကိစ္စရပ်တွေမှာ မိတ်ဆွေကောင်းအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အဲ့အတွက်ကြောင့် သမ္မတကြီးအနေနဲ့ ကျနော်နဲ့ ပူးပေါင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်လို့” ပြောဆိုခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်ကတော့ “ဝန်ကြီးပြောကြားသလို ကျနော်တို့ နိုင်ငံကိုကူညီတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ကမ်းကြိုဆိုပြီး အစစအရာရာ အဆင်ပြေအောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုပါတယ်” လို့ ဂျပန်ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ကီရှီဒါဟာ ဒီနေ့ မနက်ပိုင်းကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှု ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲအပြီးမှာ ဂျပန်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲသတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဟာ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ မဲခေါင်ဒေသတွင်း နိုင်ငံတွေကို ခရီးလှည့်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို မနေ့ညက ရောက်လာက ဒီကနေ့ ပြန်လည်ထွက်ခွာဖို့ ရှိပါတယ်။

By အောင်ကိုကိုလတ်
DVB TV News

မေလ ၁ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် တခြမ်းပြိုကျသွားသည့် ပင်လောင်းစော်ဘွားဟော်နန်းမှာ မေလ ၂ ရက်နေ့ က ထပ်မံပြိုကျခဲ့သောကြောင့် ဘုရားခန်းဆောင်သာ ကျန်ရှိနေတော့ကြောင်း ဒေသခံများမှ The Ladies news သို့ ပြောဆိုလာပါသည်။

နှစ်သက်တမ်း ၁၀၀ ကျော်ရှိ စော်ဘွားဟော်နန်းပြိုကျပျက်စီးရခြင်းမှာ ခေတ်အဆက်ဆက်အစိုးရများ၏ ပြင်ဆင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တွင် ကျိုင်းတုံ စော်ဘွား ဟော်နန်းအား စက်ယန္တယားများဖြင့် ဖျက်ဆီးမှုများပင်ပြုလုပ်ခဲ့ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ မိုင်းပွန်မြို့မှ ဟော်နန်းမှာလည်း အမိုးအကာများ အခင်းများ ပေါက်ပြဲနေကာ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်နေပါသည်။

credit- Nangkham Hormseng

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရွှေပြည်သာမြို့နယ်တွင် နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ၄င်း၏ မြန်မာဗီဇာကို လူဝင်မှု ကြီးကြပ်ရေးနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား ပြသ အစစ်ဆေးခံနေစဉ်။ ဓါတ်ပုံ - (Zinlaut Aung/VOA News)
ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ လုပ်ထုံး လုပ်နည်းတွေ ကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ ဆောင်ရွက်နေတဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုပါတယ်။ ဒါ့အပြင် အမည်မည်း စာရင်းသွင်းခံထားရသူ တချို့ကို ဖြေလျော့သက်သာခွင့်ပေးဖို့ အစိုးရကို တင်ပြသွားမှာ ဖြစ်သလို အသက် ၁၀ နှစ်ပြည့်တဲ့ ကလေးငယ် တိုင်း နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးနိုင်ရေး အတွက်လည်း စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြ ထားပါတယ်။

ဟုတ်ကဲ့ပါ။

မြန်မာနိုင်ငံတွင်း ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ လုပ်ထုံးလုပ်နည်းတွေကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ ၀န်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဗီဇာနဲ့ ပက်သက်ပြီး ဖြေလျော့မယ် ဆိုတာက တချို့ ဗီဇာ တွေမှာ၊ ပြည်ဝင်ဗီဇာတွေမှာ မြန်မာနိုင်ငံရဲ့ သံရုံးတွေမှာ သွားလျောက်တဲ့ အခါမှာ အထောက်အထားအနေနဲ့ အရင်တုန်းက တောင်းတာတွေ ရှိတာပေါ့။ ဥပမာ business visa ဆိုရင် သူ့ကုမ္ပဏီက အခွန်ဆောင်ပြီးကြောင်း ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ ဒါပေမယ့် အချို့ ကုမဏီတွေက အသစ်ဖြစ်တဲ့ အတွက် အခွန်ဆောင်ရတာ ဘာညာတွေ မလုပ်ရသေးဘူး။ အဲတော့ သူတို့မှာ အဲဒါတွေ ပြဖို့ အခက်အခဲ ဖြစ်နေတယ်။  အဲဒါကြောင့် ကုမ္ပဏီ အသစ်တွေဆိုရင် အခွန်ဆောင်ရတဲ့ အခြေအနေ မရောက်သေးဘူးဆိုရင် အခွန်ဆောင်ရတဲ့ ပြေစာကို မတောင်းတော့ဘူးပေါ့။ တချို့ မြန်မာနိုင်ငံကို လာမယ် ဆိုလို့ရှိရင် ဘယ်နေရာမှာ တည်းမယ်။ တည်းမယ့် နေရာကို ဟိုတယ် ငှားရမ်းခတွေ ဘွတ်ကင် လုပ်ထားတဲ့ ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ အဲဒါကို မတောင်းတော့ဘူး။ ဘယ်ဟိုတယ်မှာ တည်းမယ် ဆိုတာကို ဖြည့်ပေးလိုက်ရင် ရပြီ။ ပြောချင်တာကတော့ အထောက်အထား စာရွက် စာတမ်းတွေ တောင်းတာ မှန်သမျှကို သိပ် မလိုအပ်ဘူးလို့ ယူဆရင် မတောင်းတော့ပဲနဲ့ ဖြေလျော့ပေးမယ့် အနေအထားပေါ့။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးရဲ့ ရက် ၁၀၀ စီမံကိန်း ဦးစားပေး လုပ်ငန်းတွေ အဖြစ် အလုပ်ရှင် အလုပ်သမား အရေး၊ နောက် ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ လုပ်ဆောင်ပေးဖို့လည်း စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“နိုင်ငံသား မှတ်ပုံတင် လုပ်ပေးတဲ့ လုပ်ငန်းတွေပေါ့။ ဒါဆိုလို့ ရှိရင် ကလေးတွေကို ကျောင်းတွေမှာ လိုက်ပြီးတော့ အသက် ၁၀နှစ်ပြည့်ရင် ၁၀နှစ်ပြည့် နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးနိုင်အောင် ကျောင်းတွေ အရောက် နယ်မြေဆင်းပြီးတော့ စီမံချက်တွေနဲ့ လုပ်နေပါတယ်။ ရွေ့ပြောင်းတဲ့ သူတွေကိုလဲ ဒီလိုပဲ၊ ရွေ့ပြောင်းလူဦးရေတွေကို သက်ဆိုင်ရာ နယ်မြေတွေမှာ နေထိုင်တ ၆လနဲ့ အထက် ကြာသွားပြီ။ သက်ဆိုင်ရာ လက်ရှိနေတဲ့ နေရာက ရပ်ကွက် အုပ်ချုပ်ရေးမှုးတို့ ဘာတို့ ဒီလို သက်ဆိုင်ရာ အဆင့်ဆင့်ကလဲ ထောက်ခံတယ်။ ပတ်ဝန်းကျင်ကလည်း သူဟာ ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်နေတယ် ဒီလို အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် သူတို့ကိုလည်း အိမ်ထောင်စု စာရင်းတို့ မှတ်ပုံတင်တွေ ထုတ်သွားပေးဖို့ ဒါတွေ ဆောင်ရွက်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က သတ်မှတ်ထားတဲ့ အန္တရာယ် ရှိသူ စာရင်းမှာ မပါဝင်ဘဲ မြန်မာ အစိုးရ ၀န်ကြီးဌာနတွေက အမည်မည်း စာရင်း သွင်းထားသူတွေကိုလည်း အစိုးရအဖွဲ့ကို တင်ပြပြီး ဖြေလျှော့ ပေးသွားနိုင်အောင် လုပ်ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိ အမည်မည်း စာရင်း Black List သွင်းထားတဲ့ အရေအတွက် ၈၀၀၀ နီးပါး ရှိပြီး ၄၀၀၀ လောက်ကတော့ လူတွေ မဟုတ်ဘဲ ခိုးယူခံရတဲ့ ဒါမှမဟုတ် လည်း ပျောက်ဆုံးသွားတဲ့ နိုင်ငံကူး လက်မှတ်တွေရဲ့ အချက်အလက်တွေ ဖြစ်ပြီး ကျန်တဲ့ ၄၀၀၀ လောက်ကတော့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရ ၀န်ကြီးဌာနတွေက ပြစ်မှုကျူးလွန်သူတွေ အဖြစ် အမည်မည်း စာရင်းသွင်း ထားသူကတော့ ရာဂဏန်းလောက်ဘဲ ရှိတယ်လို့လည်း ၀န်ကြီးဌာနက ပြောဆိုပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မိုးရွာသွန်းပြီး ရုတ်တစ်ရက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးမှုများဖြစ်

ဟင်္သာတ မေ ၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မေ ၂ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က မိုးအနည်းငယ် ရွာသွန်းပြီး ရုတ်တစ်ရက်လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ခွဲပေါင်း ၄၀ ရွာတို့တွင် နေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။


ရုတ်တစ်ရက် လေပြင်းတိုက်ခတ်မှုကြောင့် မြို့ကွင်းကျေးရွာ အုပ်စုတွင် နေအိမ် ၅ လုံးပြို၊ ၂၅ လုံး အမိုးလန်ခြင်း၊ သမ္ဘရာတိုင်းကျေးရွာအုပ်စုတွင် နေအိမ် ၃ လုံးပြို၊ ၁၉ လုံးအမိုးလန်၍ လှေ ၃ စီးပျက်စီးခြင်း၊ ကရင်အင်းကျေးရွာအုပ်စု တွင် နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခြင်း၊ လိပ်ချောင်းကျေးရွာအုပ်စုတွင် နေအိမ် ၈ လုံးပြို၊ ၆၁ လုံး အမိုးလန်ခြင်း၊ အင်္ဂရန်းကျေးရွာအုပ်စုတွင် နေအိမ် ၃၃ လုံးပြို၊ ၁၀၁ လုံး အမိုးလန်ခြင်း၊ သဲဖြူ(ဓမ္ဘီ)ကျေးရွာအုပ်စုတွင် အလက(ခွဲ) ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁ လုံး အမိုးလန်ခြင်း၊ ငါးဖားကျေးရွာအုပ်စုတွင်နေအိမ် ၂ လုံး အမိုးလန်ခြင်း၊ ဒူးယား (ထန်းတစ်ပင်)ကျေးရွာအုပ်စုတွင် နေအိမ် ၂ လုံးအမိုးလန်ခြင်း၊ ကညင်ကောက်ကျေးရွာအုပ်စုတွင် နေအိမ် ၁၃ လုံး အမိုးလန်ခြင်း၊ ကော်ဇံ(ဆောက်သေ)ကျေးရွာအုပ်စုတွင် နေအိမ် ၁ လုံးပြို၊ ၈ လုံးအမိုးလန်ခြင်း၊ အိပ်ပျက်ကျေးရွာအုပ် စုတွင် နေအိမ် ၂ လုံး အမိုးလန်ခြင်း၊ ပဲကြီးကျွန်းကျေးရွာအုပ်စုတွင် နေအိမ် ၁ လုံး အမိုးလန်ခြင်းနှင့် ရွာသာကျေးရွာ အုပ်စုတွင် နေအိမ် ၁၂ လုံး အမိုးလန်ခြင်းများဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် အလုံး (၅၀)ပြို၊ (၂၅၀)အမိုးများလန်၍ လှေ(၃)စီး ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါဖြစ်ပွားရာနေရာဒေသများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိဝန် ထမ်းများက ကွင်းဆင်းကောက်ယူ၍ အသေးစိတ်အခြေအနေများကို စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

NLD ပါတီတံဆိပ်ကပ်ရင်အနိုင်ရတယ်ဆိုတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် “သစ်တောသစ်ပင်ဒို့ချစ်ခင်”ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ တရားမဝင်ရတနာကျွန်းသစ်တွေကို တလအတွင်း တန် ၈၀ နီးပါး ကိုယ်တိုင်ဖမ်းပြီး တန် ၂၀ ကျော် ဖမ်းမိနိုင်ရန် ဖိအားပေးခဲ့သူ အတန်းပညာအားဖြင့် ၄ တန်းအထိသာ ကျောင်းနေဖူးခဲ့သူ ဦးတင်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့သမျှ တင်ပြပေးလိုက်ပါသည်။

မေး-အန်ကယ်နိုင်ငံရေးလောကထဲမရောက်ခင်နဲ့ ရောက်လာခဲ့ရပုံ အန်ကယ့်ဘဝကောက်ကြောင်းလေး နဲနဲလောက်ပြောပြပေးပါ။

ဖြေ-ကျနော်က ရမည်းသင်းသား ၁၉၇၃မှာ တပ်ကထွက်ခဲ့တယ်။ အဲဒီကတည်းက မင်းတုန်းမှာအိမ်ထောင်ကျပြီး ခုထိနေခဲ့တာပေါ့ဗျာ။ သမဝါယမမှာအလုပ်သမားကြီးပေါ့။ အဲဒီကနေ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်တော့ မင်းတုန်းမှာသပိတ်ခေါင်းဆောင်လုပ်ခဲ့ရတယ်။ မင်းတုန်းကအောင်မြင်တဲ့ဆိုရှယ်လစ်မြို့တော်လို့သမုတ်ထားတာလေ။ ဘယ်လောက်တောင်အာဏာပြကြသလဲဆိုရင် ကိုယ့်နှမ်း ကိုယ့်စပါး ကိုယ့်ပဲနဲ့ ထောင်ကျခဲ့ရတဲ့တောင်သူတွေအများကြီး။ လယ်စိုက်တဲ့လယ်သမားက ဝမ်းစာစပါးဖယ်ပြီး ဧည့်သည်စာနဲ့ဘုရားဆွမ်းတင်ဖို့တောင် ချန်မထားရဘူး။ အကုန်အပ်ရသလို ဝန်ထမ်းကိုတနှစ်စာ စပါးပေးရသေးဆိုပါတော့ဗျာ။ အာဏာရှင်ကိုမုန်းတာ။ အဲဒီကစတာ။ ဒါပေမဲ့ ခေါင်းဆောင်မရှိခဲ့ဘူး။ ထားတော့။ NLD ပါတီဖွဲ့တော့ ကျွန်တော့်ဆရာ ဦးထွန်းဝင်း - ခုတော့သေပါပြီ - သူ့ရဲ့သင်ကြားခေါင်းဆောင်မှုနဲ့ ဒုဥက္ကဌလုပ်ခဲ့ရတယ်။ နောက် ထောက်လှမ်းရေးခေတ်မှာ ဖိအားဆွယ်အားအမျိုးမျိုးနဲ့ ဘာမှလုပ်မရခဲ့ဘူး။ ကလေးက (၈) ယောက်နဲ့ ကြံ့ ကြံ့ခံခဲ့တယ်။ ၂၀၁၂ ပါတီပြန်ဖွဲ့တော့ အရင်လူဟောင်းတွေပြန်ရှာ၊ တိုင်ပင်ပြီး လူငယ်ပညာတတ် အင်အားများများနဲ့ပြန်ဖွဲ့တာပါ။ အနေအထားတခုအရ မြို့နယ်ဥက္ကဌ လုပ်ခဲ့ရတယ်။

မေး-အန်ကယ့်ပညာရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ အံ့သြမှုတွေအပေါ်
နဲနဲပြောပြပေးပါ အန်ကယ်။

ဖြေ-ပညာရေးနဲ့ပတ်သက်ပြီးဝေဖန်တဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါအမှန်တရား။ ကျနော်ကယုံကြည်ချက်နဲ့နိုင်ငံရေးလုပ်တာ။ ဖတ်အားမှတ်အားလေ့လာအားကောင်းဖို့ပဲလိုတယ်။ နိုင်ငံရေးသင်တန်းတွေလည်း တက်ဘူးပါတယ်။ ဘဘဦးဝင်းတင်တို့၊ ဘဘဦးတင်ဦးတို့ပြောစကားဆို မှတ်သားထားပြီး သူတို့က လေ့လာသင့်တယ်လို့ဆိုတဲ့စာတွေဖတ်မှတ်ပေါ့ဗျာ။

မေး-ကိုယ်စားလှယ်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွေးနဲ့ရည်ရွယ်ချက်ကရော အန်ကယ်။

ဖြေ-အစက ကိုယ်စားလှယ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ လူငယ်တွေများများရှာပြီး မြေတောင်မြှောက်တယ်။ လူငယ်ပညာတတ်တွေကို ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အမှုဆောင် အကုန်လုံးလူငယ်ဘွဲ့ရတွေပါ။ ခုနကစကားပြန်ဆက်ရရင် ကိုယ်စားလှယ်မလုပ်ဘူးလို့ ကြေငြာထားပြီးသား။ မှတ်မှတ်ရရ ၂၀၁၅ အာဇာနည်နေ့အထိမ်းအမှတ်၊ အခမ်းအနားမှာ ရပ်ကျေးအားလုံးဆုံတော့ ဝိုင်းပြီးတောင်းဆိုလို့ လုပ်ဖြစ်ရတာပါ။ မြို့ကလည်းသေးတော့ NLD ဆိုရင် ကျနော့သိကြတာများတာလည်း တပိုင်းပေါ့။

မေး-NLD ဦးဆောင်အစိုးရရဲ့ ရက် ၁၀၀အတွင်းမှာ ကိုယ်စားလှယ်တယောက်အနေနဲ့ ဘာတွေလုပ်ခဲ့ပြီး ဘာတွေဆက်လုပ်မလဲ အန်ကယ်။

ဖြေ-ကျနော်တို့အဓိကအလုပ်ကတော့ လူထုကြားဆင်း၊ အတွေ့ကြုံရှင်း၊ ပြည်သူ့အသံနားထောင်၊ ပြည်သူ့လွှတ်တော်နဲ့သက်ဆိုင်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မခင်သန်းနုဆီ တင်ပြပေးပေါ့။ ဒီကြားထဲ တရားမဝင်ကျွန်းသစ်တွေ တိုင်လို့ဆင်းဖမ်းရပေါ့ဗျာ။

မေး-ခုဖမ်းမိတဲ့သစ်တွေက မဲဆန္ဒနယ်အမှတ် ၂ နယ်မြေပေါ့နော်။ မဲဆန္ဒနယ် ၁ က ၂ နယ်မြေထဲကျော်တယ်တို့ ကိုယ်စားလှယ်အလုပ်မဟုတ်ဘူးတို့ ပါတီပုံရိပ်ထိခိုက်တယ်တို့ဆိုတာမျိုးတွေ ဝေဖန်သံတွေကြားနေရတယ် အန်ကယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။

ဖြေ-မိမိမျက်စိရှေ့မှာ ဥပဒေမဲ့နေတာတွေ့ရင် ကိုယ်စားလှယ်မှမဟုတ်ဘူး နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ၁ နဲ့ ၂ ကွဲနေစရာအကြောင်းမရှိဘူး။ ကိုယ်စားလှယ်တိုင်းက ပြည်သူနဲ့နိုင်ငံအကြိုး ဆောင်ရွက်ရတာ။ ကိုယ်တိုင်မလုပ်ချင်လို့ သူတို့ကိုဖမ်းခိုင်းတယ်။ သူတို့မဖမ်းနိုင်လို့ ကျနော်ဆင်းဖမ်းရတာ။ တိုင်တဲ့လူက တိတိကျကျ တိုင်နေတာပါ။ ခုဆိုရင် ကျနော်ဖမ်းတာ ဧပြီ ၂၃ အထိ တန် ၁၀၀ နီးပါရှိသွားပြီ။

မေး-နောက်ဆိုရင် သစ်ထွက်တဲ့ရွာတွေက ၂၀၂၀ ကျရင် မဲရနိုင်ပါဦးမလား အန်ကယ်။

ဖြေ-တရားမဝင်သစ်လုပ်စားတာ တရွာလုံးမှ ၃/၄ ယောက်ရှိတာ။ ကျန်တာက အိမ်သုံး ဒေသသုံး အသေးစားပါ။ ဒါတွေကို မထိပါဘူး။ ထိခိုက်နစ်နာတာက တရွာလုံး တနယ်လုံး တတိုင်းလုံး တနိုင်ငံလုံးပါ။ ဒေသသုံးဖို့ကျန်လို့ ဝမ်းတောင်သာနေကြတယ်။

မေး-သစ်တောကိုကာကွယ်ဖို့ ဘယ်လိုအကြံမျိုးပြုချင်ပါသလဲ အန်ကယ်။

ဖြေ-သစ်လုပ်တဲ့ရွာတွေမှာ သစ်ဖြတ်စက် အလုံး ၈၀ ကနေ ၁၀၀ အထိ ရှိကြတယ်။ တချို့ရွာတွေမှာ အလုံး ၂၀ လောက်ရှိတယ်။ အဲဒါတွေကို မှတ်ပုံတင်လုပ်တာတို့ စနစ်တခုနဲ့ထိန်းချုပ်တာတို့ လုပ်ရမယ်ဗျ။

မေး-အန်ကယ်ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။

ဖြေ-သစ်တောသယံဇာတပေါတဲ့ မင်းတုန်း၊ ကံမ၊ ဥသျှစ်ပင်သစ်တောတွေကုန်ပြီ။ အုပ်စု ၁ ဝင် ပျဉ်းကတိုးတောင် မီးသွေးဖုတ်ပစ်ကြတယ်။ ဘာမှမတတ်နိုင်လို့ လက်ပိုက်ကြည့်နေရတယ်။ ခုလုပ်လို့ရတယ် လုပ်တယ်။ မီးသွေး၊ သစ်၊ လုပ်ငန်းတွေရပ်တံ့မှ ကမ္ဘာမြေအေးချမ်းမှာ၊ အသက်ဝဝရူလို့ရမှာလို့ပြောချင်ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ်။

ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ မီဒီယာသမားများများ မင်းတုန်းကိုလာစေချင်ပါတယ်။ လူတွေမျက်စိပွင့်စေချင်လို့ပါ။

[ထန်ထန်(မဲဇလီ) မေးမြန်းသည်]

တရုတ်အစိုးရပိုင် ရေနံ ကုမ္ပဏီ CNPC ရဲ့ ဓာတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်းတွေ ကြောင့် ရခိုင် ပြည်နယ် ထဲ ပျက်စီး သွားတဲ့ လယ်မြေ တွေ နဲ့ ပတ်သက်ပြီး ဒေသခံ တွေ နဲ့ ကုမ္ပဏီကြား လျော်ကြေး ကိစ္စ အငြင်းပွား နေတာ ကနေ မေလ ၂ ရက် နေ့ ကတော့ ကျောက်ဖြူ မြို့ပေါ်မှာ လှည့်လည် ချီတက်မှု တစ်ရပ် ဖြစ်လာပြီး CNPC ရုံး အရှေ့ထိ သွားကာ ဆန္ဒပြ လာ ကြ ပါတယ်။

နှစ်စဉ် သီးနှံ လျော်ကြေး မပေးတော့ပဲ တစ်ဧက ကို ၃ သိန်းခွဲ နှုန်းနဲ့ ၅ နှစ်စာ အပြတ် ပေးလျော် မယ့် ကုမ္ပီဏီ ဘက်က အစီအစဉ် ကို ဒေသခံ လယ်သမားတွေ မကျေမနပ် ဖြစ်နေကြ တာပါ။

ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် စိုက်ပျိုးမြေ တွေ ပြန်လည် ဖော်ထုတ် ပေးဖို့နဲ့၊ လက်ရှိ စိုက်ပျိုးမြေ တွေ ထပ်မံ မပျက်စီးရ အောင် ကုမ္ပဏီဘက်က တာဝန်ယူ ပေးဖို့ ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ ဂုံးချိန်၊ အုန်းတော စတဲ့ ကျေးရွာတွေက လယ်သမားတွေက တောင်းဆို ခဲ့ကြ ပါတယ်။

ဓာတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း သွယ်တန် ဖောက်လုပ်ရာက ထွက်လာတဲ့ ရွံ့နွံတွေကြောင့် လယ်သမား ၃၈ ဦးပိုင် လယ်ယာမြေ တွေ ပျက်စီး ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese

နှစ်ပေါင်း ၅၀ကျော် အတွင်း ပထမဆုံး အကြိမ် အနေနဲ့ ကျူးဘား နိုင်ငံကို ခုတ်မောင်း လာခဲ့တဲ့ အမေရိကန် ခရီးသည်တင် ပင်လယ်ကူး သင်္ဘောဟာ အခုဆိုရင် ဟာဗားနား မြို့တော် ဆိပ်ကမ်းကို ဆိုက်ရောက် လာပြီ ဖြစ်ပါတယ်။

ခရီးသည် ၇၀၀ အတွက် အိပ်ဆောင် တွေ ပါတဲ့ အမေရိကန် သင်္ဘော Adonia ဆိုက်ကပ် လာတာကို ကျူးဘား ပြည်သူ ရာပေါင်းများစွာ ကမ်းကနေ စောင့်ကြို ကြည့်ရှု ခဲ့ကြပါတယ်။

အဒိုးနီးယား ဟာ မိုင်အာမီ မြို့ ဆိပ်ကမ်းကနေ ထွက်ခွာ လာခဲ့တာပါ။
ကျူးဘား နိုင်ငံမှာ မွေးဖွားခဲ့သူတွေ အနေနဲ့ ကျူးဘားကို ရေလမ်းကနေ အဝင် အထွက် ပြုလုပ်ခွင့် ပိတ်ပင် ထားခဲ့တာကို ကျူးဘား အစိုးရ က ရုတ်သိမ်း ပေးလိုက်တဲ့ နောက် Adonia ရဲ့ ခရီးစဉ် အခုလို အထမြောက် လာတာ ဖြစ်ပါတယ်။

ကျူးဘား နဲ့ အမေရိကန် အကြား ပြီးခဲ့တဲ့နှစ်က စလို့ သံတမန် ဆက်ဆံရေး ပြန်လာ ထားရှိ ခဲ့တဲ့နောက် နှစ်ဘက် အစိုးရက ကိုယ်စီ ချမှတ် ထားခဲ့ကြတဲ့ ကုန်သွယ်ရေး နဲ့ ခရီးသွားလာခွင့် ကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ ပေး လာနေကြပါတယ်


BBC Burmese

[youtube src="BggocbWly8U"/]

Face Book စာမျက်နှာပေါ်တွင် Nay Myo Wai အမည်ရှိ အကောင့်ကိုသုံးကာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား အသေပျက်စေရန် လုပ်ဆောင်သူကို အရေးယူပေးပါရန် ကန်ကြီးထောင့်မြို့၊ မြို့မရဲစခန်းတွင် မေလ၃ရက်ညက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်မှ ဆရာဦးဝေယံအောင်မှ တရားလိုပြုတိုင်တန်းခဲ့သည်။

Mizzima

ပန်ဆန်းကိုရောက်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးနဲ့ အဖွဲ့ဝင်နှစ်ဦး UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ( Wa State TV)
UWSA ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့နဲ့ NDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့တို့ကို NLD ပါတီ အဖွဲ့ဝင် တချို့ မကြာသေးခင်က တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ ခွင့်ပြုချက် မယူဘဲ ကိုယ့်သဘောနဲ့ ကိုယ် သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်တဲ့အတွက် မှားယွင်းတယ်လို့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လဲဖြစ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီဝင် တဦးလည်းဖြစ်တဲ့ စစ်သံမှုးဟောင်း ဦးစိုးဌေး နဲ့အတူ NLD ရဲ့လွှတ်တော်ရေးရာ ဆက်ဆံရေးမှုး ဦးသန်းလွင်နဲ့ NLD ပါတီဝင် လည်းဖြစ် တရုတ်မြန်မာချစ်ကြည်ရေး အသင်းဝင်လည်းဖြစ်တဲ့ ဦးမြင့်ကြည် တို့ သုံးဦးဟာ ဧပြီလ (၂၅)ရက်ကနေ (၂၉)ရက်နေ့ထိ ၀ ဒေသ ပန်ဆန်းကို သွားရောက်ခဲ့တာပါ။ အဲဒီမှာ UWSA တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး အလားအလာတွေ အပေါ် အချက်အလက် စုဆောင်းမှုတွေ လုပ်ခဲ့တယ်လို့ ဦးစိုးဌေးက ပြောဆိုခဲ့ပါတယ်။

ဒီလို သွားရောက်တွေ့ဆုံမှုနဲ့ ပတ်သက်လို့ NLD ထိပ်ပိုင်း ခေါင်းဆောင်တဦး လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကို ဗွီအိုအေက မေးမြန်းရာမှာ သူကအခုလိုစပြောပါတယ်။

“အခုအချိန်က ကျွန်တော်တို့ ငြိမ်းချမ်းရေးက အရေးကြီးနေတဲ့ အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အရေးကြီးနေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို သတိလေးတော့ ထားရပါတယ်။ ဆောင်ရွက်မယ်လို့ ပြောထားတာ ရှိလို့ ရှိရင်လည်း မူဝါဒ မှားသွားမှာလည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။ အထိခိုက်မခံတဲ့ ကိစ္စပေါ့လေ။ အထိခိုက်မခံတဲ့ ကိစ္စ၊ အရှအနာ ဖြစ်နိုင်တဲ့ ကိစ္စမျိုးကို မိမိ သဘောနဲ့ မိမိဆောင်ရွက်တဲ့အနေရာမှာ သတိလေးထားဖို့ လိုပါတယ် ခင်ဗျ။ ”

မအင်ကြင်းနိုင်။     ။အန်ကယ်တို့ဘက်ကကော အခုသွားခဲ့တဲ့ ဦးစိုးဌေးတို နဲ့ ကျန်တဲ့ နှစ်ဦပေါ့နော်။ ဒီ သုံးဦးနဲ့ တွေ့ပြီးပါပြီလားရှင့်။

ဦးထွန်းထွန်းဟိန်။    ။ကျွန်တော်တို့ ခေါ်ပြီးတော့ မေးမြန်းပြီးပြီလို့ သိရပါတယ်။ ဦးစိုးဌေးတို့ ကိစ္စမှာ ဒီ ငြိမ်းချမ်းရေး ကိစ္စ ဖြစ်တဲ့အခါမှာ ထိလွယ်ရှလွယ် အနေအထားရှိတယ်။ NLD အနေနဲ့ နာမည်သုံးပြီးတော့ ဆောင်ရွက်တဲ့ အခါမှာ စေတနာ အရ ဆောင်ရွက်တာပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်တို့ NLD ရဲ့ မူပေါ့နော်။ ငြိမ်းချမ်းရေး မူတွေနဲ့ လွှဲချော်သွားမှာ စိုးတယ်။ ဒါတွေက ဗဟိုက မသိပဲနဲ့၊ ဗဟိုက တာဝန်မပေးပဲနဲ့ လုပ်ဆောင်ဖို့ မသင့်ဘူးလို့ ဒီလို ဒီလိုပါ။ ကျွန်တော် ပြောတာက။

မအင်ကြင်းနိုင်။     ။ အဲဒါနဲ့ ပက်သက်ပြီး ဦးစိုးဌေးတို့ သုံးယောက်ကိုကော အန်ကယ်တို့ ဘက်က အရေးယူဖို့ ရှိမရှိ။ အဲဒါရော အန်ကယ် ပြောလို့ ရမလားရှင့်။

ဦးထွန်းထွန်းဟိန်။    ။ဒီဥစ္စာက ခုနက ကျွန်တော် ပြောနေသလိုပဲ။ ဒီကိစ္စမှာ ဒါ ဦးစိုးဌေးတို့ ဆောင်ရွက်လိုက်တဲ့ ကိစ္စဟာ ကျွန်တော်တို့အနေနဲ့ မှားယွင်းတယ်လို့ ယူဆထားတာပါ။

မအင်ကြင်းနိုင်။     ။ မှားယွင်းတယ်လို့ ယူဆထားတဲ့ အတွက် နောက်ပိုင်း ဆက်ဖြစ်မှာတော့ အန်ကယ် ပြောလို့ မရသေးဘူးပေါ့။

ဦးထွန်းထွန်းဟိန်။    ။ဟုတ်ပါတယ်။ နောက်ပိုင်းက ပြောလို့ မရသေးပါဘူး။

မအင်ကြင်းနိုင်။     ။တစ်ဖက်က UWSAတို့ NDAA တို့ ဦးစိုးဌေးတို့ တွေ့ခဲ့တဲ့ အဖွဲ့တွေ့တော့ ဒီလို လာတွေ့တဲ့အတွက် ရလဒ်ကောင်းတွေ ရှိတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆောင်ရွက်ချက်တွေမှာလည်း ပူးပေါင်း ပါဝင်ချင်တယ် ဆိုတဲ့ စကားတွေ ပြန်ပြီး ပြောလိုက်တာလည်း ရှိတဲ့ အခါကျတော့ ဒီအပေါ်ကော အန်ကယ်တို့ ဘယ်လို မြင်သလဲ ရှင့်။

ဦးထွန်းထွန်းဟိန်။    ။ငြိမ်းချမ်းရေး ကိစ္စမှာ သူတို့ ဘက်က အပြုသဘော ဆောင်ရွက်လာတယ်ပေါ့။ ၀မ်းသာတယ်ပေါ့။ NLD က လာတွေ့တဲ့အတွက် ၀မ်းသာတယ်ပေါ့။ ဒါကတော့ ပြောစရာ မရှိပါဘူး။  ကျွန်တော်တို့ ပြောနေတဲ့ ဥစ္စာက ဒီလို သိမ်မွေ့တဲ့ ကိစ္စမှာ NLD က တာဝန်ပေးလိုက်တာ မဟုတ်ပဲနဲ့ NLD အနေနဲ့ ဆောင်ရွက်တယ်ဆိုတဲ့  ကိစ္စဟာ အန္တရာယ် ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။  ဒီလို အန္တရာယ် ကြီးတဲ့ ကိစ္စမျိုးကို ဒီလို မဆောင်ရွက်သင့်ပါဘူး။ ဒါကို ပါတီဘက်ကနေ ဒီလို ကိုင်ထားတာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။     ။ လွှတ်တော်ဘက်ကကော ဘယ်လို ဆောင်ရွက်ဖို့ ရှိပါသလဲရှင့်။ သူတို့ဟာ လွှတ်တော် အမတ်တွေလည်း ဖြစ်တယ်။ နောက် သုံးယောက်စလုံးက နယ်စပ်ရေးရာ ကိစ္စ၊ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာလည်း လွှတ်တော်ရဲ့ ကော်မတီတွေမှာ ပါဝင်နေတော့လေ။

ဦးထွန်းထွန်းဟိန်။    ။ ကျွန်တော်ပြောနေတာက အခု ပါတီဘက်က ဟာကို မေးနေတာလေ။ လွှတ်တော် ကိစ္စ ဆိုရင်တော့ လွှတ်တော် ဥက္ကဌ ကြီးကို မေးမှ ရမှာပေါ့။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ဟာလာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်တို့ရဲ့ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးက ကြေညာပါတယ်။

လာအိုနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

လာမယ့် မေလ ၅ ရက်ကနေ ၉ ရက်နေ့အထိ လာအိုနိုင်ငံ ၊ Luang Prabang မြို့မှာ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၊ အာဆီယံ အဆင့်မြင့် အရာရှိစည်းဝေးပွဲနဲ့ အာဆီယံ ဒေသတွင်း ညီလာခံတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

သမ္မတ ဦးထင်ကျော်အနေနဲ့ အာဆီယံ စည်းဝေးပွဲကို တက်ဖို့အတွက် သွားခြင်း ဟုတ်မဟုတ်နဲ့ ခရီးစဉ် ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ သမ္မတရုံးက ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပုဂံမြို့မှာ ဧပြီ (၃၀)ရက်နေ့က အထင်ကရ ဘုရားတွေရှိတဲ့ ဈေးဆိုင်တန်းတွေမှာ အမျိုးသမီးတစ်ဦး ငွေ အတုလို့ ယူဆရတဲ့ ကျပ်တစ်သောင်းတန် သုံးစွဲဝယ် ယူနေတာကို ဈေးသည်တွေရဲ့ သတင်းပေးချက်အရ စစ်ဆေးရာ ငွေအတုတွေ ဖမ်းဆီးရမိခဲ့တာကြောင့် ပုဂံနယ်မြေ ရဲစခန်းက ဆိုပါတယ် ။
 '' ဈေးသည်တွေက အကြောင်းကြားလာလို့ လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် အမျိုးသမီးကို စစ်ဆေးခဲ့တာပါ။ သူကို ဖမ်းဆီးစဉ်က လက်ထဲမှ ကျပ် တစ်သောင်းတန် ငွေအတု နှစ်ရွက် သိမ်းဆည်းရမိခဲ့ပါတယ်။ တိုင်းမှုခင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ တရားခံ ငွေအတု ပြုလုပ်ခဲ့တဲ့ စက်နဲ့ ပစ္စည်းတွေကို မေ(၁)ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီလေ ''လို့ ပုဂံနယ်မြေရဲစခန်းရဲ့ ဒုရဲအုပ် သန်းဇော်ဦးက 5 PLUS ကိုပြောပါတယ် ။


 ဖြစ်စဉ်မှာ ဧပြီ(၃၀)ရက် နေ့လည် (၁) နာရီခွဲက ဒုရဲအုပ် သန်းဇော်ဦး။ ရဲတပ်သား ထွန်းနိုင်ဦး။ ရဲတပ်သား ထွန်းနိုင်အောင်။ ရဲတပ်သား တင်ထွန်းအောင်။ ရဲတပ်သား ထက်ဝေယံဇော် လှည့်ကင်း ဆောင်ရွက်နေစဉ် သတင်းအရ မင်္သကာဖွယ် အမျိုးသမီး မညိုညိုမာကို ဈေးဆိုင်တစ်ခုမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
 '' ပုံမှန် ဈေးဝယ်တစ်ဦးအတိုင်း ဝယ်နေတာပါပဲ။ တီဗီ သတင်းစာတွေက ဖတ်ထားတော့ ငွေအတုဆိုတာ သိတာပါ။ သူ ငွေပေးတဲ့အချိန် သိလို့ ပြန်လဲခိုင်းတော့ သူက ပြန်လည်ပေးပြီး အခြားဆိုင်တွေကို လိုက်ဝေနေတာ တွေ့လို့ မသင်္ကာလို့ ရဲကို အကြောင်းကြားခဲ့တာပါ '' လို့ ပုဂံမြို့ခံ ဈေးသည်တစ်ဦးကပြောပါတယ်။

ပုဂံမြို့ လုံခြုံရေးအတွက် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ အင်အား(၂၀) ကျော်နဲ့ နေ့/ည လှည့်ကင်းဆောင်ရွက်နေပြီး Police box တွေ ချထားကာ ပြည်သူတွေ နဲ့ ခရီးသွားတွေအတွက် ကူညီဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။

ဧပြီ(၃၀)ရက် ညနေပိုင်းက ပုဂံနယ်မြေရဲစခန်းမှာ ဒုရဲအုပ် သန်းဇော်ဦးက တရားလို ပြုလုပ်ပြီး ((ပ)၁၇/၂၀၁၆) မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ (၁၀၅/၁၀၆) နဲ့ အမှုဖွင့်ထားပြီး မန္တလေးတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းပြီး အမှုဆက်လက် စစ်ဆေးကာ ဖော်ထုတ်သွာမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းစာသား/ဓာတ်ပုံ ............ ရဲရင့်မာန် (5 PLUS NEWS)

5 Plus News
https://www.facebook.com/5-Plus-News

လက်စတာ ချန်ပီယံ ဖြစ်မယ် လို့ လောင်းရင် အဆ ၅ ထောင် ပေးမယ် ဆိုပြီး ကြေးဖွင့် ခံခဲ့ရ။
ချယ်ဆီး ကွင်းမှာ တော့တင်ဟမ် အသင်း ၂ ဂိုးစီ သရေကျ သွားတဲ့ တနင်္လာနေ့ ပရီမီယာလိဂ် ပွဲ ရဲ့ အဓိပ္ပာယ်ဟာ လက်စတာ ချန်ပီယံ ဖြစ်သွားပြီ ဆိုတဲ့ ပရီမီယာလိဂ် သမိုင်းမှာ အင်မတန် အံ့ဩထူးခြား လှတဲ့ ဖြစ်ရပ် တကယ့်ကို ဖြစ်လာစေ တာပါ။

ပြီးခဲ့တဲ့ ရာသီ တုန်းက လက်စတာဟာ အတန်းဆင်းရ လုနီးပါး ဖြစ်ခဲ့တဲ့ အတွက် ဘောလုံး လောင်းကစားဒိုင် တွေက လက်စတာ ချန်ပီယံ ဖြစ်မယ် လို့ လောင်းရင် အဆ ၅ ထောင် ပေးမယ် ဆိုပြီး ကြေးဖွင့် ခဲ့တာပါ။

အခုတော့ လက်စတာ တကယ်ပဲ ပရီမီယာလိဂ် ချန်ပီယံ ဖြစ်လာတာဟာ ဘောလုံး လောကမှာ ပြောစမှတ် တွင်မယ့် ကြီးကျယ်တဲ့ ဖြစ်ရပ်လို့ ဘီဘီစီ အတွက် ဘောလုံး ဝေဖန်ရေးသမား လုပ်ပေး နေတဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်ဒ အလန် ရှီးယား က ပြောပါတယ်။

အခုနှစ် ပရီမီယာလိဂ်မှာ ၃ ပွဲ ပဲ ရှုံးသေးတဲ့ လက်စတာရဲ့ အောင်မြင်မှုဟာ ဘောလုံးလောက အတွက် အံ့မခန်း ပုံပြင်သဖွယ် တသသ ပြောနေရတော့ မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်မှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ်အတွက် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ။
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဟာ အကြီးအကျယ် လျော့ကျသွားခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်က တနလာင်္နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပသေးခင် အခြေအနေကို အစီရင်ခံစာက အဓိကထား ရေသားတာ ဖြစ်ပေမယ့် အစိုးရသစ်အနေနဲ့ ဘာသရေးလွတ်လပ်ခွင့် တိုးတက်အောင် ဘာတွေ ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။

ကမ္ဘာတ၀ှမ်း အာဏာရှင်ဆန်တဲ့ အစိုးရတွေလက်အောက်မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် လူတွေ ဖမ်းဆီးထောင်ချ ခံနေရတဲ့အကြောင်း၊ အဲဒီအထဲမှာ မကြခဏဆိုသလို ဖမ်းဆီးခံရသူ အများစုဟာ ခရစ်ယာန်နဲ့ မူဆလင်တွေ ဖြစ်ကြတဲ့အကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာက ဖေါ်ပြပါတယ်။ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်စတဲ့ နိုင်ငံတွေက ဘာသာရေးဖိနှိပ်မှုတွေကို ထုတ်ဖေါ်ပြောဆိုတဲ့ တချိန်တည်းမှာ အမေရိကန် အစိုးရနဲ့ မဟာမိတ်အဖြစ် လက်တွဲနေတဲ့ ဗီယက်နမ်နဲ့ အီဂျစ်နိုင်ငံတွေက ဘာသာရေး ဖိနှိပ်မှုတွေကိုလည်း USCIRF အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

နိုင်ငံပေါင်း ၃၀ ကျော်က ဘာသာရေး ဖိနှိပ်မှုတွေကို အစီရင်ခံ တင်ပြထားတဲ့ တချိန်တည်းမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ စတဲ့ အာရှ သုံးနိုင်ငံ အပါအ၀င် ၁၀ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ဆက်ပြီး ထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဆီ အဆိုပြုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဘင်္ဂလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပေါ်မှာ ဘာသာရေး လူမျိုးရေး အကြောင်းပြ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို အစီရင်ခံစာက ဖေါ်ပြပါတယ်။ အစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် အဖွဲ့ကြီးရဲ့ အရှေ့အာရှရေးရာ သုတေသနမှူးTina Mufford က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အမုန်းတရား ပျံ့ပွားအောင် ထုတ်ဖေါ်ပြောဆိုတာတွေ၊ အထူးသဖြင့် မူဆလင်တွေအပေါ်၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေအပေါ် အကြမ်းဖက်မှုတွေ ရှိနေတာကို ကျမတို့ တွေ့ခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးအရ ခွဲခြားတဲ့ ဥပဒေလေးခုကို အတည်ပြုခဲ့တာလည်း ရှိပါတယ်။ မူဆလင်တွေ အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တာတွေ ရှိသလို၊ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိခဲ့တာတွေလည်း တွေ့ခဲ့ရပါတယ်။”

အစီရင်ခံစာမှာ တိုင်းရင်းသား လူမျိုးစုဒေသတွေက ခရစ်ယာန် ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ ခွဲခြား ဆက်ဆံမှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်မှာ အနည်းဆုံး လူတစ်သိန်း လောက် ပြည်တွင်း အိုးမဲ့အိမ်မဲ့အဖြစ် ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲက အများစုဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပိုပြီး ပါဝင်လာအောင် တွန်းအားပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာ ဘာသာရေးဆိုင်ရာ လူနည်းစု၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံနိုင်မယ့် ဥပဒေတွေ ပြဌာန်းပြီး ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်အောင် တိုက်တွန်းဖို့လည်း အမေရိကန်ပြည်ထောင်စုကို အဆိုပြုထားပါတယ်။ အရှေ့အာရှရေးရာ သုတေသနမှူး Tina Mufford က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ ဘက်က အဆိုပြုချက်တွေဟာ ယေဘူယျအားဖြင့် အမေရိကန် အစိုးရကို အဓိက တင်ပြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောင် အာနာဂတ် မှာ ရှေ့ဖြစ်လာဖို့ မျှော်လင့်တဲ့ အလားအလာတွေကို အဆိုပြုတာ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေ အတွင်း မြန်မာအစိုးရက တိုးတက်အောင် ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်နေတယ်လို့ ပြောရမှာပါ။ ဧပြီလ ၁၄ ရက်နေ့ကလည်း ဒီကိစ္စကို ကျမတို့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။”

ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ ကြေညာချက် က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ကို အဓိက ဦးတည် ထုတ်ပြန်ခဲ့တာပါ။ မြန်မာ အစိုးရသစ် အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ ကော်မရှင်က တိုက်တွန်းခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ရွေးချယ်ခံ ပထမဆုံး အရပ်သား သမ္မတ ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် အပါအ၀င် တရားဥပဒေ စိုးမိုးရေးတွေအပေါ် ခိုင်မာတဲ့သန္နိဋ္ဌာန် ရှိတယ် ဆိုတာကို သက်သေပြ ရမယ်လို့လည်း USCIRF ကပြောဆိုထားပါတယ်။
ဒီကော်မရှင်ဟာ ကမ္ဘာတ၀ှမ်း ဘာသာရေး လွတ်လပ်ခွင့် ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို စောင့်ကြည့် လေ့လာတဲ့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်တခု ဖြစ်ပါတယ် ခင်ဗျား။

ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မေ (၂) မူဆယ်၊ သမန်းကျား

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ဒုတိယရဲတပ်ဖွဲ့ မှူးနယ်မြေအတွင်း လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ်ကင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ် မေလ (၂) ရက်၊ မွန်းလွဲပိုင်း (၁)နာရီအချိန်ခန့် က မူဆယ်မြို့ ၊ ကောင်းမှုတုံရပ်ကွက်၊ ငွေဆင်အိမ်ယာ၊ တရုတ်-မြန်မာနယ်စပ်၊ မိုင်တိုင်အမှတ် (၈၃) နှင့် (၈၄-၂) ကြားတွင် မသင်္ကာဖွယ်ရာလူတစ်စုရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်တစ်ခုဖြစ်သော ဆင်ဖြူဂိတ်အနီး၌ နယ်မြေသတင်းရယူရေးဆောင်ရွက်နေသော ရဲဒုတပ်ကြပ် အောင်ကိုဝင်း၏ သတင်းပေးပို့ ချက် အရ မူဆယ်မြို့ နယ်ရဲတပ်ဖွဲ့ မှူးဦးစီးသော ရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့ စစ်အဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့  က သွားရောက်ကြည့်ရှုရှင်းလင်းခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့  တရားမ၀င် ၀င်ရောက်လာသော တရုတ်နိုင်ငံသား (၄) ဦး ကို လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက အတည်ပြုပြောကြားသည်။

ဝမ်ဆို့ ချန် (၄၄) နှစ်၊ နန်ချင်းမြို့ ၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူလွယ်ထားသော အနက်ရောင်သားရေလွယ် အိတ်အတွင်းမှ ချက်နိုင်ငံလိုပ် CZ 75 Compact အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁)လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည် (၇) တောင့်၊ ဟန်ဂေရီနိုင်ငံလုပ် Col 380 အမျိုးအစား ခဲရောင် ၃၈ ပစ္စတို (၁) လက်၊ ကျည်ကဒ် (၁) ခု၊ ၃၈ ကျည် (၈)တောင့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ကျန်းကျင် (၃၀) နှစ်၊ ကုန်ချင့်မြို့ နယ်၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူထံမှ XUANSHENG တံဆိပ်ပါ မိုးကာ လွယ်အိတ်အတွင်းထည့်လျှက် ဂျာမဏီနိုင်ငံလုပ် Sigsauer P 239 အမျိုးအစား ၉ မမ ပစ္စတို (၁) လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည် (၁၁) တောင့် ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊

လျှိုခွှမ် (၂၅) နှစ်၊ ချိန်တူးမြို့ ၊ စီချွမ်းပြည်နယ်၊ တရုတ်နိုင်ငံနေသူထံမှ Baillr တံဆိပ်ပါ အနက်ရောင်သားရေအိတ် အတွင်းထည့်လျက် အီတလီနိုင်ငံလုပ် Beretta အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁)လက်၊ ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည်တောင့် (၁၂) တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ချိန်ကျားတုံး၊ (၂၅) နှစ်၊ အမ်ချွင့်မြို့ ၊ ကွေကျုံးပြည်နယ်၊ တရုတ်နိုင်ငံနေထိုင်သူထံမှ အနီရောင်သားရေသေနတ် ထည့်အိတ်အတွင်းထည့်လျှက် အမေရိကန်နိုင်ငံလုပ် Ruger အမျိုးအစား အနက်ရောင် ၉ မမ ပစ္စတို (၁) လက် ကျည်ကဒ် (၁) ခု၊ ၉ မမ ကျည်တောင့် (၁၀) တောင့် ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သူတို့ ကို စစ်ဆေးကြည့်တဲ့အခါ ကျယ်ဂေါင်မြို့ က လောင်းကစားရုံတွေကို ဦးတည်ပြီးလာတယ်လို့ သိရပါတယ်။ ကျယ်ဂေါင်မှာ လောင်းကစားရုံတွေ မရှိတဲ့အတွက် တရုတ်နိုင်ငံထဲကိုပြန်ဝင်ဖို့  တရားမ၀င်ခိုးပေါင်အနီးကို ရောက်ရှိ နေချိန်မှာ ရဲတပ်ဖွဲ့ က သတင်းဦးရရှိခဲ့ပြီး အခုလို အချိန်မှီ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်ဟု ပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအောင်မြတ်မိုး က ပြောပြသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ဖော်ပြပါ တရုတ်နိုင်ငံသား (၄) ဦးအား မူဆယ်မြို့ မရဲစခန်းတွင့်  (ပ) ၁၈၇/၁၆၊ ရှမ်းလက် နက် (၁၂) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/LNDLashio


တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ လေပြင်းတိုက်ခြင်း ၊ မိုးသီးကြွေခြင်း ၊ လျှပ်စီးလက်ခြင်း နဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ်ဦးမယ်လို့ မိုး၊ဇလ ထပ်မံ ထုတ်ပြန်

ထူးခြားမိုးလေ၀သအခြေအနေခန့်မှန်းချက်အရ မေလ (၃)ရက်ကနေ (၅)ရက်အထိ ညနေပိုင်းအချိန်တွေမှာ အနောက်ဘက်က ရွေ့လျား လာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ နေ့အပူချိန်တွေမြင့်တက်ပြီး လေထု မငြိမ်သက်မှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ် နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထပ်မံသတင်း ထုတ်ပြန်ထား ပါတယ်။

 စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာနေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီး နဲ့ပြည်နယ်တွေ မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့သိရပါတယ်။

 ဒါ့အပြင် မေလ (၆)ရက်ကနေ (၇)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 မိုးရွာသွန်းစဉ် မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေဖြစ်ပေါ်နိုင်ပြီး လေပြင်း တိုက်ခတ်စဉ်မှာ မြေပြင်လေဟာ တစ်နာရီ(၃၅)မိုင်နဲ့ မိုင်(၄၀) အထိတိုက်ခတ်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News

အရင်က မသိရ သေးတဲ့ ရင်သားကင်ဆာ နဲ့ ဆက်စပ်နေတဲ့ ဗီဇဆဲလ် ၅ မျိုးကို ထပ်မံ တွေ့ ရှိ။
ရင်သားကင်ဆာ ရောဂါ နဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇ ဆိုင်ရာ လေ့လာမှု တွေကို ပြုလုပ်ဖူး သမျှ တွေ ထဲ အကျယ်ပြန့်ဆုံး အနေနဲ့ နိုင်ငံတကာက ပညာရှင် တွေ စုပေါင်းပြီး ပြုလုပ် ခဲ့ကြတာ မှာ အခုဆိုရင် ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းကို အလုံးစုံ နီးပါး သိရှိ ခဲ့ရပြီ လို့ ပြောလာပါတယ်။

ရောဂါ ဖြစ်စေတဲ့ ဗီဇ ဆဲလ် အမျိုးအစား တွေ အားလုံး ကို သိရှိ နိုင်ဖို့ အတွက် ရင်သားကင်ဆာ ခံစား နေရတဲ့ ရောဂါရှင် ၅၀၀ ကျော် ကို လေ့လာ ခဲ့တာ မှာ အရင်က မသိရ သေးတဲ့ ရင်သားကင်ဆာ နဲ့ ဆက်စပ်နေတဲ့ ဗီဇဆဲလ် ၅ မျိုးကို ထပ်မံ တွေ့ ရှိ လာပါတယ်။

ဒါ့ကြောင့် ဆဲလ်တွေ ပျက်စီး ပြောင်းလဲရင် ရင်သား ကင်ဆာ အကြိတ် တွေ ဖြစ်စေနိုင်တဲ့ သိထား ရသမျှ ဗီဇဆဲလ် အမျိုးအစားပေါင်း ၉၃ မျိုး ရှိလာပြီ ဖြစ်ပါတယ်။

အခုလို ဘယ် ဆဲလ် အမျိုးအစား ကြောင့် ဖြစ်တာလဲ ဆိုတာ ပို ခွဲခြားပြီး သိနိုင်လေလေ၊ ဝေဒနာ ရှင် တစ်ဦးချင်းစီ အလိုက် ပိုပြီး သက်ဆိုင် ဆီလျော်တဲ့ ကုသမှုမျိုး ပေးနိုင် လေလေပဲ လို့ သုတေသီတွေက ပြောပါတယ်။

အခု လေ့လာမှုကို ကိန်းဘရစ်ခ်ျ အခြေစိုက် ဆဲန်ဂါ အင်စတီကျူ့ အဖွဲ့ကနေ ဦးဆောင် ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် ၀ ဒေသ ပန်ဆန်းမြို့တွင် သွားရောက်တွေ့ဆုံခဲ့သူ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ဦးဆောင်သည့်အဖွဲ့မှာ အစိုးရ ၊ပါတီနှင့် လွှတ်တော် သုံးရပ်စလုံးကို ကိုယ်စားမပြုကြောင်း အန်အယ်လ်ဒီအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းမှ The Ladies News သို့ ပြောသည်။.

‘ အဲဒီ ပန်ဆန်းမှာ ၀ တပ်ဖွဲ့နဲ့ သွားတွေ့တဲ့သူက ပါတီကော ၊ အစိုးရ ၊လွှတ်တော်တို့ကိုပါ ကိုယ်စားမပြုပါဘူး။’ ဟု ဦးဥာဏ်ဝင်းက မေလ ၂ ရက်နေ့ ညနေပိုင်းတွင် The Ladies News သို့ ပြောဆိုသည်။

လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သည့် ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးဦးအပါဝင် ပုဂ္ဂိုလအချို့မှာ ဧပြီလ နောက်ဆုံးအပတ်အတွင်းက ၀ ဒေသ ပန်ဆန်းမြို့သို့သွားရောက်ပြီး ၀ တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ဦးရှောက်မီလျှံအပါဝင် ၀ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ၀ ပြည်နယ် သတ်မှတ်ပေးရေးအပါဝင် ၀ အနေဖြင့် ပြည်ထောင်စုမှ မခွဲထွက်လိုကြောင်း၊ နှင့် အခြားသော ငြိမ်းချမ်းရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြထားကာ ဦးစိုးဌေးကလည်း ၄င်းမှာ လွှတ်တော်ကိုယ်စားပြုပြီး ၀ ဒေသကို သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဗွီအိုအေ နှင့် တွေ့ဆုံမေးမြန်းမှု တွင် ဖြေဆိုထားသည်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ တပ်ဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်တွင်လည်း သြဇာရှိသည့်အဖွဲ့ဖြစ်ကာ ကျယ်ပြန့်သော နယ်မြေကိုလည်း ပိုင်ဆိုင်ထားပါသည်။

တရုတ်မြန်မာနယ်စပ်ရှိ မူရင်းဝ တိုင်းရင်းသားများနေထိုင်ရာ ၀ ဒေသအပြင် ၊ ၀တောင်ပိုင်းဟု ခေါ်တွင်သော ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နယ်မြေများ ကိုလည်း ယခင် တပ်မတော်အစိုးရ၏ တပ်များနှင့် ပူးပေါင်း၍ ရှမ်းလက်နက်ကိုင်များကို တိုက်ခိုက်ကာ သိမ်းယူထားသော ဒေသများလည်း ရှိနေပါသည်။

ဝ ပြည်နယ်အဖြစ် တောင်းဆိုရာတွင် အခြေခံ ဥပဒေအရ သတ်မှတ်ထားသော ၀ မြောက်ပိုင်း ဒေသအား သီးသန့်တောင်းဆိုခြင်းလား ၊ ရှမ်းလက်နက်ကိုင်များနှင့် အလွန်နီးကပ်နေသည့် ထိုင်းမြန်မာနယ်စပ်ဒေသများကိုပါ ထည့်သွင်းတောင်းဆိုခြင်း ရှိမရှိ ဆိုသည်ကိုမူ အတိအကျ မသိခဲ့ရပေ။

ဝ တပ်ဖွဲ့နှင့် အန်အယ်လ်ဒီတို့အကြားတွေ့ဆုံသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြိးနောက် ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် အခြေချသည့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ဖြစ်သော RCSS/SSA အဖွဲ့မှလည်း အန်အယ်လ်ဒီ အစိုးရနှင့် တွေ့ဆုံ လိုကြောင်း အကြောင်းကြားစာပေးပို့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် RCSS/SSA ရှမ်းလက်နက်ကိုင် တပ်များနှင့် ၀ တပ်ဖွဲ့တို့မှာ တောင်ကြားတစ်နေရာ တစ်ဖွဲ့စီ နေရာယူထား သည့် ဒေသများလည်း ရှိနေကာ အဆိုပါ နှစ်ဖွဲ့မှာ ယခင်စစ်အစိုးရ လက်ထက် တလျှောက်တိုက်ခိုက်ခဲ့သည့် အဖွဲ့များဖြစ်ပြီး တရားဝင် နယ်မြေသတ်မှတ်မှုလည်း ယနေ့အထိတိုင် မလုပ်နိုင်သေးပေ။

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ထားသည့်အဖွဲ့များနှင့် အပစ်မရပ်ထားသည့် အဖွဲ့များဟု၍ ရှိနေချိန်တွင် အန်အယ်လ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒမှာ အားလုံးအား တပြေးညီဆက်ဆံမည့် မူဝါဒအတိုင်း ရှိနေမည်ဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ဆိုပါသည်။

‘ အန်အယ်လ်ဒီရဲ့ ငြိမ်းချမ်းရေးမူဝါဒက ပြောင်းမှာမဟုတ်ဘူး။ အရင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့အတိုင်းပဲ ရှိနေမှာပါ။’ ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

နောက်ဆုံးရရှိသောသတင်းများအရ ၀ ဒေသသို့သွားရောက်ခဲ့သည့် အငြိမ်းစား စစ်သံမှူး စစ်သံမှုးဟောင်းတစ်ဦးဖြစ်သူ ဦးစိုးဌေး (အန်အယ်လ်ဒီ ပါတီ၏ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အား အန်အယ်လ်ဒီပါတီမှ အရေးယူမည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောဆိုကြောင်းနှင့် ဗဟိုမှ စာထုတ်ပြန်ရင် ရှိနေကြောင်း ဦးဝင်းထိန်နှင့် နီးစပ်သူတဦးကလည်း The Ladies News သို့ ပြောဆိုသည်။

The Ladies News
https://www.facebook.com/News.TheLadies