05/12/16


မေ ၁၂ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့် တအာင်းပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော်တို့အကြား မေလ ၁၁ ရက်နေ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ဝမ်လုံေ ကျး ရွာတွင် နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့သည်ဟုသိရသည်။

၂၀၁၆ မေ ၁၁ ရက် နံနက် ၈ နာရီကျော်မှ ၁၁ ကျော် အထိ အစိုးရ တပ် မတော် နှင့် တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့အကြားတိုက်ပွဲဖြစ်ပွားပြီး နံနက် ၁၁ နာရီ ခွဲကျော် ချိန် ကျေးရွာမီး ရှို့ခံရခြင်းဖြစ်သည်ဟု ဒေသခံ ဦးမိုင်ခမ်း က ပြောသည်။

“ရွာထဲမှာ ပလောင်နဲ့ သူတို့ မဟာမိတ်တပ်တွေ ဝင်လာတယ်။ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ် တယ်။ ရွာကနေ သူတို့ ထွက်သွားတာနဲ့ မီးက စလောင်တော့ တာဘဲ။ အစိုးရတပ် ဝင်လာတာ ၁၂ နာရီ ထိုးခါနီးအချိန်။ ရွာသူရွာသားေ တွကို မကြောက်ကြဖို့၊ ထွက်လာပြီး မီးဝိုင်းငြိမ်းဖို့ တိုက်တွန်းပြော ဆိုကြပြီးေ တာ့ မီးဝိုင်းငြိမ်းနိုင်ခဲ့တယ်” - ရွာခံ ဦးမိုင်ခမ်းက ပြောသည်။

နှစ်ဘက်တိုက်ပွဲကြောင့် ဒေါ်နန်းအေးထိုက် (အိမ်နှင့်ကုန်ဆုံဆိုင် တွဲလျက်)၊ ဦးစိုင်းအောင်ကျော် နှင့် ဒေါ်နန်းအေးစံ (အလှပြင်ဆိုင် နှင့်အိမ် တွဲလျက်) - တို့ မီးလောင်ကျွမ်း သွားခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြန်ကြားရေးဌာန ၏ သတင်းထုတ်ပြန် ချက်တွင်မြန်မာ့တပ်မတော်၏ လက်နက်ကြီး ထိမှန်ပေါက် ကွဲမှုကြောင့် ကျေးရွာအတွင်း လူနေ အိမ်မီးလောင်မှုဖြစ်ပွား ခဲ့သည် ဟု ဖေါ်ပြထားသည်။

ဒေသအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ထောင်ေ ကျာ်နေရပ်မှ စွန့်ခွါရကာ ကျောက်မဲမြို့ ဘုန်းတော်ကြီးကျောင်းများ၌ ခိုလုံနေရဲသည်။ ကျောက်မဲရောက် စစ်ဘေးရှောင်များသည် စားဝတ်နေရေး အတွက် အခက်ခဲဆုံး ရင်ဆိုင်နေရသည်ဟု ကျောက်မဲမြို့နယ် လူမှုကူ ညီ ရေးအဖွဲ့ ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျော်ဖြေရေးဆိုင်များ၊ ဘားများ ည ၁၁ နာရီ ပိတ်ရမည် ဟု အမိန့်ထုတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အမိန့်/ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျော်လွန် ဆောင်ရွက်ခြင်း မပြုကြရန် ညွှန်ကြားခဲ့ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် နယ်လုံ ဝန်ကြီး ဗိုလ်မှုးကြီးတင်အောင်ထွန်းတို့က ယနေ့ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

[Source- ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ]
The Street View


မေလ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေဆက်လက် ဖြစ်ပေါ်နေဆဲ

မေလ(၁၂) ရက်၊ နံနက် ဝ၆း၃ဝ တွင် ရရှိသည့် အချက်အလက်များအရ မေလ(၁၄)ရက် မွန်းလွဲပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အားကောင်းလာသည့် လေထုမငြိမ်မသက်ခြင်းများမှ အစပြုပြီး သီရိလင်္ကာကျွန်းအနောက်တောင်ဘက် 6.21° N, 85.55° E ၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ဗဟိုဖိအား 1004hPa ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဝင်ရောက်လာနိုင်ဘွယ်ရှိကြောင်း တွေ့ရပါသည်။



အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနှင့် အပြိုင် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ဘွယ်ရှိကြောင်း၊ မေလ(၂၁)ရက် ညပိုင်းတွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်(ဗဟိုဖိအား 992hPa သို့ ကျဆင်းပြီး၊ ဗဟိုလေတိုက်နှုန်း 90 to 100 knots)သို့ ရောက်လာနိုင်ကြောင်း တွေ့ရပါသည်။


***** ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး ဤခန့်မှန်းချက်အတိုင်း အမှန်တကယ် ဖြစ်ပေါ်လာခြင်း ရှိ/မရှိကို ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။

***** မုန်တိုင်းဖြစ်ပေါ်နိုင်မည့် ကာလ မတိုင်မီ မိုးလေဝသပညာရှင်ကြီးများနှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေငြာချက်များကိုလည်း ဤရက်ပိုင်းအတွင်း အထူး(အထူး)ဂရုစိုက်စောင့်ကြည့်ကြပါရန် ကြိုတင်အသိပေးတင်ပြအပ်ပါသည်။

MMweather Page
https://www.facebook.com/mmweather

ကလေးသူငယ် လက်ထပ် ထိမ်းမြားခံရမှု ၉၀၀ ကျော် အား တားဆီး ပေးနိုင်ခဲ့သည့် ကယ်တင်ရှင် အမျိုးသမီး Kriti Bharti အားတွေ့ရစဉ်- (ဓာတ်ပုံ-အင်တာနက်)
    နယူးဒေလီ၊ မေ ၁၂ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ သည် အရွယ် မရောက်သေးသည့် ကလေးသူငယ် လက်ထပ် ထိမ်းမြားမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံ ဖြစ်ပြီး စာရင်းဇယားများအရ တစ်ကမ္ဘာလုံး၏ ကလေးသူငယ် လက်ထပ် ထိမ်းမြားခံရမှု ၄၀ ရာခိုင်နှုန်း သည် အိန္ဒိယ၌ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အရွယ်မရောက်သေးသော မိန်းကလေး များစွာသည် အိမ်တွင်း အကြမ်းဖက်မှုနှင့် အခြား အနိုင်ကျင့်မှုများဖြင့် လက်ထပ် ထိမ်းမြားရန် အတင်းအဓမ္မ စေခိုင်း ခံနေရကြောင်း သိရသည်။

အသက် ၂၉ နှစ် အရွယ် Kriti Bharti အမည်ရှိ အိန္ဒိယ အမျိုးသမီး စိတ်ပညာရှင် တစ်ဦးသည် လွန်ခဲ့သည့် လေးနှစ် အတွင်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း Rajasthan ပြည်နယ်တွင် ကလေးသူငယ် လက်ထပ် ထိမ်းမြားမှု ၉၀၀ ကျော်နှင့် အရွယ် မရောက်သေးသည့် ယောက်ျားလေးများ နှင့် မိန်းကလေးများ ပါဝင်သည့် အဖွဲ့ ၂၉ ဖွဲ့ကို ပယ်ဖျက် ပေးနိုင်ခဲ့သည်။

Kriti သည် ၄င်း ပရဟိတ အဖွဲ့အစည်း ဖြစ်သည့် Saarthi Trust မှတစ်ဆင့် ထိုသို့လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းအား အမျိုးသမီးများ အတွက် လူမှုနယ်ပယ်တွင် တရားမျှတမှုများ ပိုမို ဆောင်ကျဉ်းပေးနိုင် ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှု တစ်ခုတွင် ဆိုလျှင် Kriti သည် အတင်းအကျပ် လက်ထပ် ထိမ်းမြားခံရမည့် မိန်းကလေးအား ကယ်ဆယ်ပြီးနောက် ၄င်း မိသားစုထံ ပြန်လည် မပို့ဆောင်ခင် နှင့် တရားရုံး၌ လက်ထပ်မှုအား ပယ်ဖျက်ရန် မလျှောက်ထားခင် ၄င်း၏ လုံခြုံရေး အတွက် နေရာတစ်ခုတွင် ပထဆုံး ခိုလှုံစေခဲ့ကြောင်း သိရသည်။
ပရဟိတ အဖွဲ့အစည်းမှ တစ်ဆင့် ကလေးသူငယ်များနှင့် ၄င်းတို့၏ မိသားစုဝင်များအား ဆွေးနွေး အကြံပေး မှုများ ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ၆,၀၀၀ ကျော်နှင့် အမျိုးသမီး ၅,၅၀၀ အား ပုံမှန် ဘဝ အခြေအနေသို့ ရောက်ရှိရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ရန် အတွက် Kriti အနေဖြင့် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပြီး လွန်ခဲ့သည့် နှစ်များတွင် အသက်အန္တရာယ် ခြိမ်းခြောက်သည့် ပေးစာပေါင်း ရာချီရရှိခဲ့သော်လည်း ကလေးတစ်ယောက် ဘေးကင်း လုံခြုံရေး အတွက် မည်သည့် အရာကိုမှ စိုးရိမ် ကြောက်လန့်နေမည် မဟုတ်ကြောင်း Kriti က yourstory.com သို့ ဖြေကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com


ယနေ့ (မေ ၁၂) ပြုလုပ်သော အစိုးရသစ်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ရှင်းလင်းပွဲတွင် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က ရဲတပ်ဖွဲ့အနေနှင့် မကောင်းမှုဒုစရိုက်သမားများကို ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ အရေးယူရမည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာမျိုးအောင်က“အလျဉ်းသင့်လို့ ရဲတပ်ဖွဲ့ဝင်များကို မှာကြားလိုတာကတော့ မကောင်းမှုဒုစရိုက်သမားများကို ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဖမ်းဆီးအရေးယူရမှာဖြစ်သလို ရိုးသားဖြောင့်မတ်သူ ပြည်သူလူထုအများစုကိုတော့ ကိုယ့်မိဘဆွေမျိုးလိုသဘောထားပြီး အကာအကွယ်ပေးစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲရေးချုပ်၊ ရဲမှူးချုပ် ၀င်းထွန်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ လ.၀.က ဒုညွှန်မှူး၊ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး၊ နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနအလိုက် စီမံချက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းခဲ့ကြသည်။

ဆက်လက်ပြီး ဒေါက်တာမျိုးအောင်က“မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မငခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်း ဆောင်ရွက်သွားမှာမဟုတ်ဘဲ ပိုမို ထိရောက်အောင်မြင်စေဖို့ ကဏ္ဍအလိုက် ဌာနဆိုင်ရာအသီးသီးကလည်း ဟန်ချက်ညီညီ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်”ဟု ပြောကြားသည်။

“ဒါကြောင့် ရဲတပ်ဖွဲ့အနေနဲ့ ရဲလုပ်ငန်းစနစ်ဖော်ဆောင်တဲ့အခါ ပြည်သူလူထုကို ၀န်ဆောင်မှုပေးနေခြင်းဖြစ်တယ်ဆိုတဲ့ mindset ထားရှိရမှာဖြစ်ပြီး ယခင်ထားရှိခဲ့တဲ့ Law Enforcement mindset ကို စွန့်လွှတ်ပြီး ပြည်သူလူထုကို မိဘလို မိတ်ဆွေသူငယ်ချင်းလို သဘောထားပြီး ဆက်ဆံအကူအညီပေးသွားရမှာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ယခင်က ရုံးနိမ့်သူအဖြစ်မှ ယခုအနိုင်ရ ပြည်နယ်ကိုယ်စားလှယ်လောင်းအဖြစ် ဦးခိုင်ညီညီကျော် (NLD)အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတည်ပြုခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၊ ပြည်နယ် ၁ မဲဆန္ဒနယ်မြေမှ မဲမသမာမှုများကို ကျေနပ်ခြင်းမရှိသဖြင့် အယူခံထားသော အမှုကို ၂၀၁၆၊ မေ ၁၂ ရက် (ယနေ့)တွင် အပြီးသတ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ရပ်စောက်မြို့နယ်၊ ပြည်နယ် ၁ မဲဆန္ဒနယ်မြေအတွက် မဲမသမာမှုများကို မကျေနပ်သဖြင့် အနိုင်ရသူဟု မူလကြေညာခံရသော USDP ပါတီကိုယ်စားလယ်လောင်း ဦးအောင်ကျော်ညွန့်အား ရှုံးနိမ့်သူအဖြစ် ကြေညာခံရသူ ဦးခိုင်ညီညီကျော် NLD ပါတီက ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲမသမာမှုနှင့် ပတ်သက်၍ အပြီးသတ် အမိန့် ချမှတ်ရာတွင် ဦးခိုင်ညီညီအောင် NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် ဗထူးတပ်တွင်း မဲရုံများတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု၊ မဲစာရင်း လိမ်လည်မှုများကို သက်သေခိုင်လံစွာ တင်ပြ ကန့်ကွက်နိုင်ခဲ့သောကြာင့် ၄င်းအား ရပ်စောက်မြို့နယ်၊ ပြည်နယ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကာ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

The Ladies News

အစွန်းရောက် ဝါဒီတွေကို ဟောပြောတယ်လို့ စွပ်စွဲခံရသူ ဘာသာရေးဆရာ Musa Cerantonio (Credit: ABC) 
သြစတြေးလျ ​နိုင်ငံကနေ ​အင်ဒိုနီးရှားနိုင်ငံကို ​လှေတွေနဲ့ ​ခိုးထွက်ပြီး ​ဆီးရီးယားနိုင်ငံက ​IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​ပူးပေါင်းဖို့ ​ကြိုးစားတဲ့ ​လူ ​၅ ​ယောက်ကို ​ဖမ်းဆီး ​စစ်ဆေးနေပါတယ်။

အင်္ဂါနေ့တုန်းကပဲ ​အင်ဒိုနီးရှားနိုင်ငံကို ​လှေတွေနဲ့ ​ထွက်ခွာဖို့ ​ကြိုးစားနေတဲ့ ​လူ ​၅ ​ယောက်ကို ​သြစတြေးလျ ​အာဏာပိုင်တွေက ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။

ဖမ်းဆီး ​ခံရသူ ​၅ ​ယောက်ထဲက ​တစ်ယောက်ကတော့ ​အစွန်းရောက် ​အကြောင်းတွေကို ​ဟောပြောတဲ့ ​အစ္စလာမ် ​ဘာသာရေးဆရာ ​Musa ​Carentonio ​လည်း ​ပါဝင်ပါတယ်။

အဲဒီလူတွေဟာ ​သြစတြေးလျ ​နိုင်ငံ ​အရှေ့တောင်ပိုင်း ​မဲလ်ဘုန်းမြို့ကနေ ​မြောက်ပိုင်း ​ကွင်းစလန်း ​ပြည်နယ်ကို ​သွားပြီး ​အဲဒီကနေ ​အင်ဒိုနီးရှားနဲ့ ​ဖိလစ်ပိုင် ​နိုင်ငံကနေတဆင့် ​ဆီးရီးယားကို ​သွားဖို့ ​စီစဉ်နေတယ်လို့ ​သိရပါတယ်။

အဲဒီလူတွေကို ​၇ ​ရက်ကြာ ​ထိန်းသိမ်းခွင့်ရဖို့ ​ရဲတွေက ​လျှောက်လွှာတင်နေဆဲ ​ဖြစ်ပြီး ​ဘာစွဲချက်မှ ​စွဲဆိုခြင်း ​မရှိသေးဘူးလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အီကွေဒေါနိုင်ငံ ကွီတိုမြို့ တွင် H1N1 ရောဂါ ကူးစက် မခံရအောင် ပြည်သူများ မျက်နှာဖုံးများ ဝတ်ဆင်၍ သွားလာနေစဉ် (ဆင်ဟွာ)

    ကွီတို၊ မေ ၁၂ ရက် (ဆင်ဟွာ)

    အီကွေဒေါ နိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင်ကာ H1N1 တုပ်ကွေး ရောဂါဖြင့် လူပေါင်း ၃၉ ဦး အထိ သေဆုံးသွားပြီး ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး Margarita Guevara က မေလ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

Guevara က ၄င်းကာလအတွင်း H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၃၉ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားသည်။ ထို့ ပြင် နိုင်ငံအတွင်း ရောဂါပိုး ပျံ့ နှံ့သွားရခြင်းမှာ ဆိုးဝါးသည့် ဆောင်းရာသီ လေကြမ်းများကြောင့် ဖြစ်ကြောင်းနှင့် ဒေသတွင်း ကိုလံဘီယာနိုင်ငံတွင်လည်း ရောဂါပိုး ကူးစက်ခံနေသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံ၌ တုပ်ကွေးရောဂါ မျိုးရိုးဗီဇ သုံးမျိုး ကူးစက်မှု ဖြစ်ပွားနေသည်။ ၄င်းတို့ မှာ A (H3N2 ) ၊ တုပ်ကွေးရောဂါပိုး B နှင့် A (H1N1 ) စသည့် မျိုးရိုးဗီဇများ ဖြစ်သည်။ နောက်ဆုံး တစ်ခုဖြစ်သည့် A (H1N1) သည် လူသေဆုံးမှုကို တိုးပွားသည့် မျိုးရိုးဗီဇ ဖြစ်ကြောင်း သိရသည်။

H1N1 ဝက်တုပ်ကွေးဟု လူသိများသည့် အသက်ရှု လမ်းကြောင်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကို တားဆီးပေးမည့် ကာကွယ်ဆေးကို နိုင်ငံတွင်းရှိ လူပေါင်း ၃ သန်းကျော်ကို ထိုးထားပေးသည်ဟု Guevara ကဆိုသည်။ ၄င်းရောဂါ ကူးစက်ခံရပါက အဖျားတက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အရိုးနှင့် ကြွက်သားများ နာကျင်ခြင်း ၊ အအေးမိခြင်း ၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း စသည့် ဝေဒနာများ ခံစားရသည်။

၂ဝဝ၉ ခုနှစ် မေလ ၁၅ ရက်တွင် အီကွေဒေါနိုင်ငံ၌ H1N1 တုပ်ကွေးရောဂါ ပထမဆုံး ကူးစက် ခံရပြီး တောင်အမေရိက တိုက်တွင် တတိယမြောက် ရောဂါ ကူးစက်ခံရသော နိုင်ငံအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း သတင်းများက ဆိုသည်။  ၄င်းကာလမှ စတင်ကာ အီကွေဒေါ နိုင်ငံတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၂,၂၅၁ ဦး ရှိခဲ့ပြီး လူပေါင်း ၁၂၉ ဦးထိ သေဆုံးခဲ့ရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့ သားငယ် အာမန်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)
    အမ်ရစ်ဆာ၊ မေ ၁၂ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် အမ်ရစ်ဆာမြို့တွင် နေထိုင်သည့် အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်နှင့် အသက် ၇၀ နှစ်ကျော်အရွယ်ရှိ ဒယ်လ်ဂျင်ဒါခိုရ်တို့သည် ၎င်းတို့ တောင့်တခဲ့သည့် ကိုယ်ပိုင်ရင်သွေးအား ပြီးခဲ့ သည့်လကမှ ရရှိခဲ့သလို တစ်လသားအရွယ် သားဦးလေးအား ချီပိုးထားသည့် မိသားစုဓာတ်ပုံမှာလည်း သတင်း မီဒီယာ စာမျက်နှာများပေါ်၌ ရေပန်းစားလာခဲ့သည်။

ထိုဇနီးမောင်နှံမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖန်ပြွန် သန္ဓေနည်း (IVF) ဖြင့် ကလေးရယူရန် ကြိုးစားခဲ့ပြီးနောက် လွန်ခဲ့သည့်လကမှ အာမန် (Arman) အမည်ပေးထားသော ပထမဆုံးသားဦးအား နိုင်ငံမြောက်ပိုင်းရှိ Haryana ပြည်နယ်ရှိ Fertility ဆေးခန်းတစ်ခု၌ မွေးဖွားခဲ့သည်။

ကိုယ်ဝန်ရလာချိန်တွင် ဆေးခန်းရှိ ဆရာဝန်မှ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ခိုရ်သည် ကိုယ်ဝန် ဆောင်ကာ ကလေးမွေးဖွားရန် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ထောက်ခံပေးခဲ့သည်။
ခိုရ်က ၎င်း၏ အသက်အား ၇၀ နှစ်ခန့်ဟု ပြောကြားထားသော်လည်း ဆေးခန်း၏ ထုတ်ပြန်ချက်တွင်မူ ၇၂ နှစ်ဟု ဖော်ပြထားသည်။ အိန္ဒိယ ကျေးလက် ဒေသများတွင် လူအများအပြားမှာ မွေးစာရင်းများ မရှိကြပေ။
“ကျွန်တော်တို့ သေဆုံးသွားခဲ့ရင် ကလေးက ဘယ်လိုဖြစ်သွားမလဲလို့ လူအများက ပြောကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားကို ယုံကြည်ပါတယ်၊ ဘုရားက အရာရာတတ်စွမ်းနိုင်တဲ့ အနန္တ တန်ခိုးရှင်တစ်ပါးဆို တော့ အရာရာကို စောင့်ရှောက်ပေးပါလိမ့်မယ်” ဟု ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် မိုဟင်ဒါဆင်း ဂီးလ်က ပြောသည်။

အိန္ဒိယနိုင်ငံ၌ ထိုကဲ့သို့ အသက်အရွယ်ကြီးရင့်မှ ကလေးရခြင်းမှာ ယခုအကြိမ်က ပထမဆုံး မဟုတ်ချေ။ ၂၀၀၈ ခုနှစ်တွင် အက်တာ ပရာဒက်ရှ်ပြည်နယ်မှ အသက် ၇၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကလည်း ဖန်ပြွန် သန္ဓေနည်းဖြင့် ကလေး အမွှာပူး မွေးဖွားခဲ့ဖူးကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


လိုင်စင်ရ ဧည့်လမ်းညွှန်များထက် ဈေးလျှော့ယူကာ ဈေးကွက် လုယူလျက်ရှိသည့် တရားမ၀င် ဧည့်လမ်းညွှန်များကို အရေးယူသွားရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက စီစဉ်လျက်ရှိကြောင်း သိရသည်။ တရားမ၀င် ဧည့်လမ်းညွှန်များနှင့် ပတ်သက်၍ ခရီးသွားလာ ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန် အဖွဲ့အစည်းများ၏ တိုင်ကြားမှုများ ရရှိထားသည်ဟု ၀န်ကြီးဌာနမှ ညွှန်မှူး ဦးမျိုးဝင်းညွန့်က ပြောကြားသည်။ တရားမ၀င် ဧည့်လမ်းညွှန်များနှင့် ပတ်သက်သည့် ကန့်ကွက်မှုများကို လူမှုကန့်ရက်များတွင်လည်း တွေ့ရသည်။ ဦးမျိုးဝင်းညွန့်က “ခရီးသွားလုပ်ငန်း ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သုံးနှစ်အထိ ထောင်ဒဏ် (သို့) ဒဏ်ငွေ ငါးသောင်းကျပ်အထိ ချမှတ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် အလားတူပြစ်မှုမျိုးအတွက် ခရီးသွား လုပ်ငန်းနှင့် ဧည့်လမ်းညွှန် မှတ်ပုံတင်ခြင်း ဥပဒေ ၂၀၀၈ အရ ဒဏ်ငွေဘတ် တစ်သိန်း (ဒေါ်လာ ၂၈၀၀ ကျော်) နှင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန်များသည် နှစ်လကြာ သင်တန်းတက်ရောက်ပြီး စာမေးပွဲ ဖြေဆို အောင်မြင်မှသာ ၀န်ကြီးဌာနက ထုတ်ပေးသည့် လိုင်စင်ရရှိမည် ဖြစ်သည်။

လက်ရှိတွင် လိုင်စင်ရ ဧည့်လမ်းညွှန် ခြောက်ထောင်ကျော် သာရှိပြီး မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု မြင့်တက်လာတဲ့အတွက် တရားမ၀င် ဧည့်လမ်းညွှန်တွေကို ခရီးသွား လုပ်ငန်း ကုမ္ပဏီတွေက ငှားရမ်းအသုံးပြုနေရကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် ယင်းတို့၏ ဧည့်လမ်းညွှန်မှာ လိုင်စင်ရှိ၊မရှိ သိရှိရန် မလွယ်ကူပေ။

KHTun
The Ladies News
https://www.facebook.com/News.TheLadies


ရာဇ၀တ်မှုလျှော့ချရန် အတွက်ဟုဆိုကာ အရက်ဘား ၊ နိုက်ကလပ် ၊ ကေတီဗီ ၊ အနှိပ်ခန်းများကို ည ၁၁ နာရီ အထိသာ ဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှ ညွှန်ကြားထားပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဆိုသည့်အပေါ် လူထုအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

“မကောင်းဘူးလို့လည်း မပြောချင်ပါဘူး ကောင်းတယ်လို့ လည်း ပြောလို့ မရဘူး။ ကလပ် ဘားပိတ်လိုက်ရုံ နဲ့တော့ ရာဇဝတ်မှု လျော့ချလို့ ရတယ်လို့ ထင်တာ မှားတယ်လို့ ယူဆတာပဲ။ စည်းကမ်းပိုင်းထိန်းသိမ်း ချင်တယ်ဆိုလည်း ဥပမာ အသက်ပြည့်မှ ပေးဝင်တာတို့ မှတ်ပုံတင် ပြရတာတို့ လုပ်သင့်တယ် ထင်တယ်။ ဘား ကို ၁၁ ပိတ်တာတော့ မဖြစ်သင့်ဘူး။ ညဘက် သူငယ်ချင်း အပေါင်းအသင်းတွေ စကားအေးဆေး ပြောတာမျိုး တို့ အလုပ်တွေ ပြီးလို့ ညဘက် dinner ကျွေးတာမျိုး တို့ က ဘားတွေမှာ ပို အဆင်ပြေတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကောင်းထက်က ပြောသည်။

ရန်ကုန်တိုင်းအတွင်း အရက်ဘားဆိုင်များ၊ နိုက်ကလပ်၊ ကေတီဗီနှင့် အနှိပ်ခန်းများ ကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ရန် ဆိုင်ရှင်များအား ခေါ်ယူသတိပေး ပြောကြားထားခြင်းကြောင့် မေလ ၁၁ ရက်မှစတင်ကာ ညဘက် ဖွင့်လှစ်သည့် အရက်ဘားဆိုင်များနှင့် ကေတီဗီ ဆိုင်အချို့ ည ၁၁ နာရီတွင် ပိတ်သိမ်းခဲ့ကြသည်။

“လူငယ်တွေကို မကောင်းတဲ့ ဘက်ပိုပြီး ပို့လိုက်တာပဲ။ ကလပ်တွေ ဘားတွေ ပိတ်ရင်မာဆတ်တို့ မာဆွတ်တို့ အတန်းတွေ ပိုရောက်ကုန်မယ်။ ကလပ်နဲ့ ဘားဆိုတာ ပိုတောင် တင်းကျပ်ပါသေးတယ်။ မကောင်းတဲ့ နေရာထက် စာရင်လေ။ အဲဒီတော့ ကျန်တဲ့ ကေတီဗီ မာဆတ် ပိတ်ချင်ပိတ်ခိုင်းပါ။ ကလပ်နဲ့ ဘားကတော့ ဖွင့်သင့်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုဇော်ရဲက ၎င်း၏ အမြင်ကိုပြောပြသည်။

ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်နေသည့် ရာဇဝတ်ဂိုဏ်းများကို ဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ဆွေးနွေးပွဲ၌ ပြောကြားပြီးနောက် အဆိုပါညတွင် ဆိုင်ရှင်အချို့အား ခေါ်ယူပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုဟာက ရက် ၁၀၀ စီမံချက်ဆိုတော့ သုံးလလောက် ပိတ်ရမယ်ဖြစ်နေပြီ။ ဘီယာဘား၊ ကေတီဗီ၊ အနှိပ်ခန်း၊ ကလပ်ဆိုတာတွေက မိုးချုပ်မှ လာကြတာ။ အခုလိုပုံစံနဲ့ ဆိုရင်တော့ ကျွန်တော်တို့လည်း အဆင်မပြေဘူး။ တစ်လကို ဝန်ထမ်းစရိတ်အပြင် ဂါရဝကြေးတွေလည်း ပေးထားရတာတွေ ရှိတယ်။ အရင်စီမံချက်တွေတုန်းက ဆိုင်ခဏပိတ်ရတယ်” ဟု ဘားပိုင်ရှင် အမျိုးသားတစ်ဦးကပြောသည်။

အိမ်းနီးချင်း ထိုင်းနိုင်ငံတွင် မနက်ငါးနီရီအထိ ဖွင့်ခွင့်ရထားပြီး အခြားသော နိုင်ငံများတွင်လည်း ဘားနှင့် ကလပ်ကို ဖွင့်ခွင့်ပြုထားကြောင်း မြောက်ကိုရီးယား နိုင်ငံတွင်သာ အပြင်းအထန် ကန့်ကွက်ထားသည်ဟု စီးပွားရေးလုပ်ငန်းရှင် ကိုဇော်ရဲက ဆိုသည်။

“ပင်ပန်းမှုတွေကို လွတ်လပ်တဲ့အချိန်လေးမှာပဲ ဖျော်ဖြေရတာလေ။ fri day night ကိုတော့ သီသန့်ထားသင့်တယ်။ ၁၁ ဆိုတာ မကောင်းဘူး။ အလုပ်ပြန်ရင် ၇:၃၀ ရေချိုး။ ပြန်ထွက် ၉ နာရီပါ။ ၂ နာရီနဲ့ ဘယ်လိုလုပ်ရမှာလဲ။ ၁ နာရီ ဒါမှမဟုတ် ၂ နာရီလောက်ဆို အဆင်ပြေလောက်ပါတယ်”ဟု နိုင်ငံခြားကုမ္ပဏီတစ်ခုမှ ၀န်ထမ်း ကိုရန်နိုင်က ၎င်း၏အမြင်ကိုပြောသည်။ လေ့လာသူအချို့ကမူ ရာဇ၀တ်မှုနှင့် နိုက်ကလပ် ၊ ဘား ၊ ကေတီဗီ ၊ အနှိပ်ခန်းဆိုသည့် ကိစ္စမှာ တိုက်ရိုက် သက်ဆိုင်မှုရှိမရှိ စဉ်းစားသင့်ကြောင့် တိုင်းအစိုးရအပေါ် မေးခွန်းထုတ်သည်။

“ပထမဆုံးပြောချင်တာက ည ၁၁ နာရီ မီးမှိတ် တံခါးပိတ်စနစ် နဲ့ ရန်ကုန်မြို့ကြီးကို အာရှရဲ့ ခေတ်မီမြို့ကြီးတစ်မြို့ ဖြစ်လာဖို့ မမျှော်မှန်းလေနဲ့ ဆိုတာပဲ။ နောက်တစ်ချက် ထပ်ပြောချင်တာက ဒုစရိုက်သမား နဲ့ ဒုစရိုက်လုပ်ငန်းက ၂၄ နာရီ အလုပ်လုပ်သလို ကောင်းရောင်းကောင်းဝယ် သမာအာဇီဝနဲ့ လုပ်ကိုင် စားသောက်နေသူတွေလည်း ၂၄ နာရီ အလုပ်လုပ်တယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။ ရန်ကုန်မြို့ ကို ထိန်းကျောင်း အုပ်ချုပ်မယ်ဆိုရင် ရန်ကုန်မြို့ ရဲ့ ၂၄ နာရီကို သိဖို့လိုပါတယ်။ ည ၁၁ နာရီနောက်ပိုင်းဟာ ဒုစရိုက်သမားတွေနဲ့ချည်း ဆိုင်တာမဟုတ်ဘူး။ အချိန်တိုင်း နာရီတိုင်းဟာ သူ့တန်ဖိုးနဲ့သူ သူ့ဘဝ နဲ့သူ ရှိပါတယ်။ ည ၁၁ နာရီ နောက်ပိုင်းဟာ ဒုစရိုက် လုပ်ငန်း လုပ်ချိန်လို့ တွေးရင် အုပ်ချုပ်ရေးဟာ ခင်ဗျားတို့နဲ့ဝေးလွန်းတယ်လို့ ပြောပါရစေ။ ဒုစရိုက်လောကကို နှိမ်နင်းသုတ်သင် ချင်တာကို ကျေးဇူးတင်တယ်၊ အားပေးတယ်။ ကျွန်တော်တို့မှာ ဒုစရိုက် သမားတွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ အင်အားတွေရှိတယ်။ ဒုစရိုက် သမားတွေကို တရားစွဲဆို အပြစ်ပေးဖို့ ဥပဒေတွေရှိတယ်။ ဥပဒေစိုးမိုးရေးအတွက် အဓိက ဒီနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ရင် မရပေဘူးလား။ ဒီနေရာမှာ ည ၁၁ နာရီ တံခါးပိတ် မီးခိုးတိတ်စနစ်က ဒုစရိုက်လောက နှိမ်နင်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ဘယ်လို အထောက်အကူပြုလည်း စဉ်းစားမရဘူး” ဟု သတင်းစာဆရာ ကိုသီဟသွေးက မေးခွန်းထုတ်သည်။

အိမ်နီးချင်း ကွန်မြူနစ်နိုင်ငံများ ဖြစ်သည့် တရုတ် ၊ လာအိုနှင့် ဗီယက်နမ်တို့တွင်ပင် ညပိုင်းအပန်းဖြေစရာ ကိစ္စများနှင့် ပတ်သက်၍ ညလုံးပေါက် ဈေးဝယ်နိုင်သည့် ညဈေးတန်း ၊ ဈေးဆိုင် ၊ အရက်ဘား ၊ အနှိပ်ခန်းများ ရှိနေပြီး ၄င်းလုပ်ငန်းများမှာ ဟိုတယ် ခရီးသွားလုပ်ငန်းကို အထောက်ကူပြုရုံမက နိုင်ငံသားများ၏ ငွေကြေးမှာလည်း ပြန်လည် လည်ပတ် စီးဆင်းနိုင်သည့်နေရာ အလုပ်ကိုင် အခွင့်လမ်းများအတွက် ဖော်ဆောင်ပေးနိုင်သည့် နေရာများလည်း ဖြစ်နေသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် ၄၄ မြို့နယ်တွင် ၂၀၁၅ ခုနှစ် သြဂုတ် ၁၃ ရက်ကလည်း ရာဇဝတ်မှု လျော့ကျစေရေးအတွက် စားသောက်ဆိုင်၊ ကာရာအိုကေနှင့် နိုက်ကလပ်များ ည ၁၁ နာရီနောက်ဆုံးထား ပိတ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန် ခဲ့သေးသည်။ ထိုစဉ်က ၂၄ နာရီ ဖွင့်လှစ်သည့် စတိုးဆိုင်များအနေဖြင့် ပိတ်သိမ်းရန် မလိုအပ်သော်လည်း ည ၁၁ နာရီနောက်ပိုင်းမှ စတင်ကာ အရက်၊ ဘီယာ ရောင်းချမှုကို လုံးဝခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဒီမှာက ဒေါ်အောင်ဆန်းစုကြည်ကလွှဲလို့ ကျန်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ တာဝန်ရှိသူတွေ အားလုံးက မဆလခေတ် ၊ န၀တ ၊ နအဖအစိုးရခေတ်တွေက ထုတ်ကုန်တွေ မွေးထုတ်လိုက်သူတွေ ဖြစ်နေတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလက်ျာထွန်းကလည်း ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies


ရာသီဥတုပူပြင်းလာသောကြောင့် လမ်းမတော် ၆ လမ်းအပါအ၀င် ကျောက်မြောင်းရှိလမ်းအချို့တွင် အများပြည်သူများ နေရိပ်ရရှိဖို့နှင့် အပူဒဏ်ခံနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ နိုင်လွန်ပိုက်ကွန်များ မိုးထားကြောင်းသိရသည်။
လမ်းမတော်မြို့နယ် ၆ လမ်းရှိ လူငယ်များနှင့် လမ်းသူလမ်းသားများ ထည့်ဝင်သောငွေကြေးဖြင့် အများပြည်သူ အပူဒဏ်သက်သာဖို့အတွက် နိုင်လွန်ပိုက်ကွန်များ မိုးထားသည်။

လမ်းမတော် ၆ လမ်းတွင် နေထိုင်သူ ကိုအာလူးက ''ကျွန်တော်တို့ သင်္ကြန်ပြီးတော့ နိုင်လွန်၊ ပိုက်ကွန်တွေ ပိုတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ပိုနေတဲ့ နိုင်လွန် ပိုက်ကွန်တွေကို လမ်းတလျှောက်မိုးမယ်လို့ စိတ်ကူးရတယ်။ အဲဒီလိုနဲ့ မိုးဖြစ်တာပါ။ ပိုနေတဲ့ပိုက်တွေကနည်းတော့ ထပ်ဝယ်ရတယ်။ ခြောက်လိပ် ခုနစ်လိပ်လောက် ထပ်ဝယ်ရတယ်။ လမ်းထဲက လူကြီးတွေကလည်း ငွေလာလှူပါတယ်။ ငါးသိန်းကျော် ခြောက်သိန်းနီးပါးကုန်ကျတယ်'' ဟု ပြောသည်။

''တခြားလမ်းတွေနဲ့စာရင် အပူဒဏ်သက်သာပါတယ်။ ကျွန်မက အညာ ကလာရောင်းချ လုပ်ကိုင်စားသောက်သူပါ။ အခု နေအရမ်းပူတော့ ရွာပြန်တော့မယ်။ ဒီလမ်းက ကျွန်မဖောက်သည်လမ်း ဖြစ်တယ်။ ဒီလမ်းက အရင်ဆုံးမိုးတာဖြစ်တယ်။ ကျောက်မြောင်းရှိ လမ်းတချို့မှာ လည်း မိုးထားကြတယ်။ မိုးထားတာတော့ ၁၀ ရက်လောက်ရှိပြီ''ဟု မုန့်လက်ဆောင်းရောင်းချသူ မဇင်မာအေးက ကပြောသည်။
ရာသီဥတုအပူဒဏ်ပြင်းလာသည့်အတွက် အပူဒဏ်ခံနိုင်သော ဦးခေါင်း၊ လည်ပင်း၊ မျက်နှာများကို ကာကွယ်ထားသော ဦးထုပ်များ ရောင်းကောင်းနေကြောင်းနှင့် တလုံးကို ၂၅၀၀ိ/နှုန်းနှင့် ရောင်းချနေကြောင်း သိရသည်။
မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ မေ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ နေ့အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ရှိ ကြောင်း သိရပြီး မြန်မာပြည်တပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလွန် ကဲအဆင့်အထိ မြင့်တက်နေကြောင်း သိရသည်။

သဒ္ဓါထက်အိုင် (လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရန်ကုန်တိုင်းဒေသကြီးတွင် အပူရှိန်မြင့်မားလာမှုကြောင့် နေ့စဉ်အဲယားကွန်းအလုံးရေ ထောင်နှင့်ချီ၍ ရောင်းချနေရကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
''အရင်က အဲယားကွန်းတွေမှာ R22 ဂက်စ်ကို သုံးကြတယ်။ လက်ရှိ ဈေးကွက်ထဲကို ၀င်လာတာက R410 ဂက်စ်က တော်တော်ကောင်းတယ်။ သူက နိုင်ငံတကာမှာ အသုံးပြုနေတာ မြန်မာနိုင်ငံမှာ အခုမှသုံးတာ အဲဒီ R410 ဂက်စ်က Ozone Friendly ဆိုတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်တယ်''ဟု Smile electronic ပိုင်ရှင် ဦးမောင်မောင်စိန်က ပြောသည်။

အဲယားကွန်းတွင် ပါရှိသော R134 Gas သည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးသော ဓာတ်ငွေ့များပါသောကြောင့် နိုင်ငံတကာတွင် အသုံးမပြုသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် သုံးနေကြပြီး R410 gas သုံးနိုင်သော အဆင့်မီကားများမရှိ သလောက်ရှားပါးနေကြောင်းနှင့် ယခု လက်ရှိတွင် R22 ဂက်စ်များပါရှိသော အဲယားကွန်းများသာ အရောင်းသွက်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။

အဲယားကွန်းများတွင် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးကွဲပြားကြောင်း၊ အခြေခံအားဖြင့် ရိုးရိုးပုံမှန် အဲယားကွန်းနှင့် မီးအား အသုံးသက်သာသော အဲယားကွန်းဖြစ်ကြပြီး မီးအားအသုံးနည်းပစ္စည်းမှာ inverter type ဖြစ်ပြီး R410 gas သုံးထားကြောင်းနှင့် မီတာခထက်ဝက်ထိ သက်သာသော်လည်း ပစ္စည်း
အဲယားကွန်း မြင်းကောင်ရေ တကောင်အားလျှင် ကျပ် ၂၁၀,၀၀၀ မှ ကျပ် ၃၇၀,၀၀၀၊ မြင်းကောင်ရေ တကောင်ခွဲအားမှာ ကျပ် ၂၄၆,၀၀၀ မှ ကျပ် ၄၆၅,၀၀၀ အထိ အမျိုးမျိုးရှိကြပြီး မီးအားအသုံးပြုနည်းသည့် အဲယားကွန်းများမှာ လေးသိန်းမှစ၍ အမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။

အယ်လ်နီညိုရာသီဥတုကြောင့် ပြင်းထန်သော အပူဒဏ်ကို နည်းမျိုးစုံဖြင့် ကာကွယ်လျက်ရှိကြပြီး ယခုကဲ့သို့ အဲယားကွန်း၊ အဲယားကူလာ၊ ပန်ကာပစ္စည်းများ အရောင်းသွက်နေသော်လည်း လျက်စစ်မီးမလုံလောက်သဖြင့် မကြာခဏ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ မီးအားမပြည့်ခြင်းပြဿနာများဖြင့် ရင်ဆိုင်နေရသေးသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


စည်းကမ်းနဲ့ မညီညွတ်တဲ့  ပြည်တွင်းကုမ္ပဏီ ၂၇၀၀ နီးပါးနဲ့ ပြည်ပကုမ္ပဏီ ၁၅ ခုတို့ကို အစိုးရ ကုမ္ပဏီမှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အမိန့်စာအမှတ် ၉၃/၂ဝ၁၆၊ မေလ ၉ ရက်နေ့နေ့စွဲနဲ့ အခုလို  ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စာမျက်နှာ ၁၆ဝ ကျော်ရှိတဲ့ ပယ်ဖျက်တဲ့ ကုမ္ပဏီတွေရဲ့ အမည်စာရင်းကို ရင်းနှီးမြုပ်နှံမှု ဦးစီးဌာန အင်တာနက် စာမျက်နှာမှာ လွှင့်တင်ထားရာပါတယ်။

ဒီအထဲမှာ ဟုန်ပန်းသတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဟုန်ခန်းသတ္တုတူးဖော်ရေးကုမ္ပဏီ စတဲ့သတ္တု တူးဖော်ရေးကုမ္ပဏီ ၉ဝ ခန့်ပါဝင်ပြီး၊ သစ်ထုတ်လုပ်ရေးကုမ္ပဏီ အနည်းဆုံး ၁ဝ ကုမ္ပဏီခန့်ပါဝင်ပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေထဲမှာ တရုတ်အခြေစိုက် သတ္တုတူးဖော်ရေး Non-Ferrous Metal Mining & Construction ကုမ္ပဏီခွဲ၊ အင်ဒိုနီးရှားအခြေစိုက် ဆေးကုမ္ပဏီဖြစ်တဲ့ Kalbe Farma ကုမ္ပဏီခွဲတွေ ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဥာဏ်ဝင်း ကို သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်။ Photo: RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုတိုင်ကြားရေးဌာနကို တိုင်ကြားစာပို့ အတိုင်ခံထားရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာတင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က အခုလို အတည်ပြုပြောကြားပါတယ်။

"ကျနော်တို့ စစ်ဆေးတာတွေရှိတယ်၊ ခေါ်ယူစစ်ဆေးတာထက် မေးမြန်းတာလုပ်နေတယ်လို့ပြောရင် ပိုကောင်းတယ်၊ တစ်ဦးချင်းစစ်ဆေးနေတယ်၊ သူတို့ကိုခေါ်ချင်မှခေါ်မယ်၊ အပြစ်တွေ့ရင်တော့ အရေးယူရမှာပေါ့"

မတ်လမှ မေလဆန်းအထိ တိုင်ကြားခံတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦးလောက်ရှိပြီး   ပါတီဗဟို တိုင်ကြားရေးဌာနကို အတိုင်ခံထားရတယ်လို့ သိရပါတယ်။

ဒီလိုတိုင်ကြားခံရပြီး အပြစ်ရှိကြောင်းတွေ့ရှိရင် ဗဟိုကော်မတီက အရေးယူသွားမယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

၂၀၁၆ မေ လ ၁၀ ရက် နေ့ လည် ၁၂း၃၀ အ ချိန် တွင် ပန် စံ အုပ် စု တွန် ခံ ကျေး ရွာ အ နီး တွင် တပ် မ တော် စစ် ကြောင်း နှင့် TNLA တို့ တိုက် ပွဲဖြစ် ပွား ရာ တွန် ခံ ကျေး ရွာ နေ ဦး မောင် အ သက် (၅၀) (ဘ)ဦး ဟန် သာ၊ ၈/ပဖန (နိုင်) ၁၁၀၉၉၇ ဗ မာ/ဗုဒ္ဓ ၊ တောင် သူ ၏ ဝဲ ဖက် တင် ပါး ဆုံ တွင် လက် နက် ကြီး စ ၃ ချက် ထောက် ဝင် ဒဏ် ရာ(မ စိုး ရိမ် ရ) ရ ခဲ့ ၍ ကျောက် မဲ ဆေး ရုံ တွင် လာ ရောက် ကုသ နေ ကြောင်း သိ ရ သည်။ ဓါတ်ပုံ -  Tin Maung Thein (facebook)
ကျောက်မဲ မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် တုန်ခန်ကျေးရွာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက လက်နက်ကြီးကျည်ဆန် ပေါက်ကွဲမှုဖြစ်ပွားပြီး တုန်ခန်ကျေးရွာမှ ဦးမောင်မှာ ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်မှာ ဦးမောင်(တောင်သူ)သည် ကျေးရွာအရှေ့ဘက်ရှိ မိမိပိုင် ယာခင်းမှပြန်လာစဉ် တုန်ခန်ရွာအနီးတိုက်ပွဲမှ လက်နက်ကြီးကျည်ဆန်သည် ဦးမောင်အနီးတွင် ကျရောက်ပေါက်ကွဲပြီး ကျည်စသည် ဦးမောင်အား ဝဲဘက်ခါးမှ ဖောက်ဝင်၍ ဝဲဘက်တင်ပါးမှ ဖောက်ထွက်ဒဏ်ရာရရှိခဲ့သည်။

 ယင်းလူနာအား ယမန်နေ့ နံနက် ၇ နာရီတွင် တုန်ခန်ကျေးရွာမှ ကားဖြင့် တင်ဆောင်လာပြီး ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar


အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေ သက်တမ်းကုန်တော့မယ့်အချိန်မှာ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ပြီး သက်တမ်းတိုးဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နှစ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရသစ်တက်လာပေမဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒီအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

ဝါရှင်တန်အခြေစိုက် United to End Genocide အဖွဲ့နဲ့ ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပြီး၊ ကိုယ်တွေ့ ကြုံခဲ့ရသူတွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းချက်တွေကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို အိုဘားမားအစိုးရဆီ ပေးပို့ထားပြီး၊ သမ္မတအနေနဲ့ အခုလကုန်မှာ မြန်မာနိုင်ငံအပေါ် လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ Fortify Rights အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။

“ရှင်းအောင် ပြောရမယ်ဆိုရင် ဒါဟာ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ထပ်လုပ်ဖို့အတွက် တွန်းအားပေးတာ မဟုတ်ပါဘူး။ ချထားပြီးသား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုးဖို့ တိုက်တွန်းထားတာပါ။ ဒီအထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်လို့ သိထားသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ SDN စာရင်းပြုစုထားပြီး၊ ဒီလူတွေကို အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုခွင့် နဲ့ အမေရိကန် လုပ်ငန်းတွေနဲ့အတူ စီးပွားရေး လုပ်ခွင့်တွေ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် အမေရိကန်လုပ်ငန်းတွေကို မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်စိမ်းကို ရောင်းဝယ်ခွင့်မပြုဖို့နဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံး သတင်းပို့ဖို့ လိုအပ်ချက်လည်း ထားရှိပါတယ်။ ဒါ့အပြင် အမေရိကန် လုပ်ငန်းတွေကို  မြန်မာ စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ကိုလည်း ကန့်သတ်ထားပါတယ်။ အခုအချိန်မှာ ဒီကန့်သတ်ချက်တွေကို ဆက်ပြီးထားဖို့ တိုက်တွန်းတာ ဖြစ်သင့်တယ်လို့ ကျနော်တို့ထင်ပါတယ်။”

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ဖိနှိပ်ထားတဲ့ ဥပဒေနဲ့ မူဝါဒ အားလုံးကို ရပ်တန့်ဖို့ တောင်းဆိုထားပြီး၊ ဒီအထဲမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေလည်း ပါဝင်တဲ့အကြောင်း အတိအလင်း ဖော်ပြထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ အပါအ၀င် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အခု ဆက်ထားဖို့ တိုက်တွန်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဘယ်လို ဆက်စပ်မှုရှိသလဲဆိုတဲ့ မေးခွန်းကိုလည်း သူက အခုလို ဖြေကြားခဲ့ပါတယ်။

“ကချင်၊ ရှမ်းနဲ့ အခြား တိုင်းရင်းသားတွေဟာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံနေရတဲ့အတွက် မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်ထားဖို့ လိုတာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်းထွက်တဲ့ ဒေသတွေကို ထိန်းချုပ်ခွင့်ရဖို့အတွက် ရည်ရွယ်ပြီး၊ ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် ကျောက်စိမ်းရောင်းဝယ်မှု မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေး မလုပ်ဖို့ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွက် ပြောရမယ်ဆိုရင်တော့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတာ လုံခြုံရေး တပ်ဖွဲ့တွေပါ။”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတွေ ဆက်ထားတာဟာ ထိရောက်မှုမရှိတဲ့အပြင်၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်တယ်လို့ ဝေဖန်တာနဲ့ပတ်သက်ပြီးတော့လည်း Matthew Smith က အခုလို ပြောပါတယ်။

“အခု ကျနော်တို့ တိုက်တွန်းနေတာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့နဲ့ ကုန်သွယ်ရေး မလုပ်ဖို့ အတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေမယ့် ဘယ်လို အရေးယူ ပိတ်ဆို့မှုမျိုးကိုမှ အမေရိကန် အစိုးရကို လုပ်ဖို့ တိုက်တွန်းထားတာ မပါပါဘူး။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေဟာ ဘယ်လောက် ထိရောက်သလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိခိုက်ခဲ့တယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ အခု လက်ရှိ ဆက်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ သူဌေးတွေ၊ စစ်ဘုရင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်သူတွေကို ပစ်မှတ်ထား တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ရှေ့ဆက်လို့ မရအောင် တားဆီးနှောင့်ယှက်နေတာ ဘယ်သူတွေလဲဆိုတာ တိတိကျကျ သိခွင့်ရမယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မှာပါ။”

အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၇ခုနှစ်ကစပြီး၊ စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သား တစ်ပိုင်း အစိုးရ တက်လာပြီးနောက်ပိုင်း ပိတ်ဆို့အရေးယူမှု အများစုကို လျော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပစ်မှတ်ထား ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

ရဲခေါင်/ ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

မေ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် တပ်မတော်၏သတင်းစာရှင်းလင်းပွဲ
သို့ တက်ရောက်သတင်းယူမည့် မီဒီယာများကို ဖိတ်ကြားရာတွင် ခွဲခြားဆက်ဆံသော သဘောထားများပါဝင်နေသည်ဟု ဆိုနိုင်စရာအနေအထားကို တွေ့ရသည်။

မည်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီးရှင်းလင်းမည်ဆိုသည်ကိုလည်း
ဖော်ပြထားခြင်းမရှိသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ၂၀၁၆ ခုနှစ်
မေ ၁၁ ရက်စွဲဖြင့် ညွှန်ကြားရေးမှူးလက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပိုဒ်၂(က)၊(ခ)နှင့်(ဂ)တို့တွင်တက်ရောက်သတင်းယူခွင့်
ရှိသည့် မီဒီယာများကို ဖော်ပြထားသည်။

(က)တွင် ပြည်ထောင်စုနေ့စဉ်၊ Democracy Today, စံတော်ချိန်၊ 7 Day Daily,Eleven,TheVoice,မန္တလေးနေ့စဉ်စသည့် နေ့စဉ်ထုတ်သတင်းစာများကို
ဖော်ပြထားသည်။

(ခ)တွင် Tomorrow, Myanmar Review, လူထုပုံရိပ်၊ လျှပ်တစ်ပြက်၊ Messenger, ပြည်မြန်မာ၊ Hot News, ဧရာဝတီ စသည့် အပတ်စဉ်ဂျာနယ်များကို ဖော်ပြထာသည်။ (ဂ)တွင် SkyNet, ကမာရွတ်၊ မဇ္ဈိမ စသည့် ရုပ်သံ မီဒီယာများကို ဖော်ပြထားသည်။

နေ့စဉ်ထုတ် သတင်းစာများကိုဖိတ်ကြားရာတွင် ပြည်တွင်းထုတ် သတင်းစာများအားလုံးကို ဖိတ်ကြားထားသည်ကို တွေ့ရသည်။

အပတ် စဉ်ထုတ်ဂျာနယ်များကိုဖိတ်ကြားရာတွင်စာဖတ်ပရိသတ်အခိုင်
အမာ ရရှိထားသည့် ဂျာနယ်များ ကျန်နေခဲ့ သို့မဟုတ် ချန်ထားခဲ့သည်ကို တွေ့ရသည်။ Myanmar Review ကဲ့သို့ ပရိသတ်အသိအမှတ်ပြုမှု သိပ်မရှိလှသည့် ဂျာနယ်တချို့ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သော်လည်း ပရိသတ်အခိုင်အမာရရှိထားသည့်
News Watch ၊ မြန်မာသံတော်ဆင့်၊ မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ်၊ ကုမုဒြာ၊ မော်ဒန်စသည့်ဂျာနယ်များကိုထည့်သွင်းဖိတ်ကြားမှုမရှိခဲ့သည်ကို
တွေ့ရသည်။

ရုပ်သံမီဒီယာများကိုဖိတ်ကြားရာတွင်လည်းတပ်မတော်၏သဘောထားရပ်တည်ချက်များကိုအစဉ်အဆက် ထောက်ပြဝေဖန်လာခဲ့သည့် ပြည့်အခြေစိုက်ရုပ်သံမီဒီယာများမှာ ချန်လှပ်ထားခြင်းခံခဲ့ရသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတဆင့် ဖိတ်ကြားခဲ့သည့် ယခုပြုမှုမှာ မီဒီယာလောကအတွက် စိတ်ဝမ်းကွဲစရာ အနေအထားလည်းဖြစ်သည်။ တပ်မတော်၏ ထိုသို့ဖိတ်ကြားမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ)က ''ဖိတ်ရင် အားလုံးဖိတ်သင့်တယ်။ ရွေးပြီးဖိတ်တာကို လက်မခံဘူး''ဟု
မေ ၁၁ ရက် ည ၆ နာရီခွဲဝန်းကျင်က News Watch သို့ ပြောကြားခဲ့သည်။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်က ဟီရိုရှီးမားရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် ပန်းခြံကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ယခုလအတွင်း ဟီရိုရှီးမားသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ယင်းနေရာသို့ သွားရောက်သည့် ပထမဆုံးသော လက်ရှိ အမေရိကန်သမ္မတ ဖြစ်လာမည် ဖြစ်သည်။ မေ ၂၇ ရက်တွင် အိုဘားမားသည် ဟီရိုရှီးမားသို့ သွားရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် နျူကလီးယား ဗုံးကြဲခံရမှုကြောင့် ပျက်စီးခဲ့သောမြို့သို့ သမိုင်းဝင်ခရီးစဉ်တွင် သမ္မတ အိုဘားမားနှင့်အတူ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အတူလိုက်ပါမည် ဖြစ်သည်။

ဂျပန်တွင် ကျင်းပမည့် ဂျီ-၇ ထိပ်သီး တက်ရောက်မည့် အိုဘားမား၏ ဟီရိုရှီးမား ခရီးစဉ်က နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အမေရိကန်က လိုလားမှုအား ထင်ဟပ်ပြသရန် ကြိုးပမ်းမှုဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

၁၉၄၅ သြဂုတ် ၆ တွင် အမေရိကန်သည် ဟီရိုရှီးမားမြို့ကို ကမ္ဘာ့ပထမဆုံးသော နျူကလီးယား ဗုံးကြဲချခဲ့ပြီး လူ ၁၄၀၀၀၀ ခန့် သေဆုံးစေခဲ့သည်။ နောက်သုံးရက်အကြာတွင် အမေရိကန်က နာဂါဆာကီမြို့ကို ပလူတိုနီယံဗုံး ကြဲချခဲ့ပြီး လူ ၇၄၀၀၀ သေဆုံးခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိထားသော သမ္မတ အိုဘားမားသည် ဟီရိုရှီးမားသို့ လာရောက်လည်ပတ်မည်ဟု အမေရိကန်နှင့် ဂျပန်တွင် ခန့်မှန်းနေကြသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဟီရိုရှီးမားကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် အငြင်းပွားနေကြဆဲ ဖြစ်သည်။ သမ္မတ ဟယ်ရီထရူးမင်း၏ ဆုံးဖြတ်ချက်က ဒုတိယကမ္ဘာစစ်ကို ရက်ရက်စက်စက် အဆုံးသတ်ခဲ့ပြီး ဂျပန်ကို အမေရိကန်၏ ကျူးကျော်မှုအား ရှောင်ရှားနိုင်ခဲ့ခြင်းမဟုတ် သဘောထား သိသိသာသာ ကွဲလွဲနေကြသည်။

ထို့ပြင် အရပ်သားများ နေထိုင်သောနေရာကို နျူကလီးယားလက်နက် ကြဲချခဲ့ခြင်းသည် စစ်ရာဇ၀တ်မှု မြောက် မမြောက်ကို ငြင်းခုံနေကြဆဲ ဖြစ်သည်။ ယမန်နှစ်က ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် အမေရိကန် ၅၆ ရာခိုင်နှုန်းက ဟီရိုရှီးမား ဗုံးကြဲမှုကို မှန်ကန်သည်ဟု ယူဆခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။ ယင်းစစ်တမ်းတွင် ဂျပန် ၁၄ ရာခိုင်နှုန်းကသာ နျူကလီးယားဗုံးကြဲမှုကို ထောက်ခံခဲ့ကြသည်။ တစ်ချိန်က ပျက်စီးခဲ့သော ဟီရိုရှီးမားမြို့၌ တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးအထိမ်းအမှတ် ပန်းခြံကို အိုဘားမားက သွားရောက်လည်ပတ်မည် ဖြစ်ပြီး ယင်းနေရာ၏ အရေးပါမှုနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို မျှဝေမည်ဖြစ်ကြောင်း အိုဘားမား၏ နိုင်ငံခြားရေးမူဝါဒအကြံပေး ဘင်ရို့ဒ်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ပြီးခဲ့သည့်လက ဟီရိုရှီးမားသို့ သွားရောက်ခဲ့သည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး နိုင်ငံရေးခေါင်းဆောင် ဖြစ်ခဲ့သည်။ ကယ်ရီက ဟီရိုရှီးမားသို့ လူတိုင်းသွားရောက်သင့်ကြောင်း ပြောကြားခဲ့ပြီးနောက် သမ္မတ အိုဘားမားက ယင်းနေရာသို့ လာရောက်မည်ဟူသော ခန့်မှန်းချက်များ မြင့်တက်စေခဲ့သည်။
Writer:
Ref: AFP
Eleven Media Group

ဒလမြို့နယ်တွင် အပူချိန်မြင့်တက်ပြီး၊ သောက်သုံးရေ ရှားပါးပြတ်လပ်နေခြင်း
ဒလမြို့နယ်တွင် အပူချိန်မြင့်တက်ပြီး၊ သောက်သုံးရေ ရှားပါးပြတ်လပ်နေခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်တက်ပြီး၊ သောက်သုံးရေ ရှားပါးပြတ်လပ်တဲ့အခြေအနေတွေ အလွန်အမင်း ဖြစ်ပေါ်နေပါတယ်။ အခုလို သောက်သုံးရေးရှားပါးတဲ့ ပြဿနာတွေကို အစိုးရအပါအ၀င် ပရဟိတအဖွဲ့အစည်းတွေက အကူအညီတွေပေးနေပေမယ့်လည်း၊ လိုအပ်ချက်တွေရှိနေတဲ့အတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းဒေသက နေရာအတော် များများမှာတော့ အခုနှစ်နွေရာသီအတွင်း သောက်သုံးရေ ရှားပါး ပြတ်လပ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုနှစ်အတွင်း အပူချိန်က အရင်နှစ်တွေထက် ပိုမြင့်တက်ပြီး ၊ မြေအောက်ရေရှားပါးမှုတွေကြောင့် မကွေးတိုင်းဒေသကြီး အတွင်း သောက်သုံးရေး ပြတ်လတ်တာတွေ နေရာအတော်များများမှာ ဖြစ်နေတယ်လို့ က ဦးနေမျိုးကျော်က ပြောပါတယ်။

“ရေရှားပါးမှုကတော့ မကွေးတိုင်းအတွင်းမှာ များပါတယ်ခင်ဗျ ၊ ဥပမာအားဖြင့် မြိုင်တို့ ပခုက္ကူ တို့ဘက်မှာ ကျေးရွာတော်တော်များများဟာ ရေရှားပါးမှုနဲ့ ကြုံနေရသလို မကွေးခရိုင်အတွင်းမှာဆိုရင်လည်း မကွေးတို့ ၊နက်မောက်တို့ ၊ ချောက်တို့၊ မြို့သစ်တို့ ဒီနေရာတွေမှာလည်း အများစု အဓိက ကြုံရပါတယ်ခင်ဗျ။”

မကွေးတိုင်းအတွင်း ရေရှားပါးမှု ပြဿနာကို သက်ဆိုင်ရာကျေးလက်ဦးစီးဌာနက ၊ လွှတ်တော် နဲ့ ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ကျေးရွာတွေ အပါအ၀င်၊ တကယ်ရေအခက်အခဲဖြစ်နေတဲ့ ရွာတွေမှာ ရေတွင်းအသစ်တူးတာတွေ အပြင် ၊ တွင်းအဟောင်းတွေကိုပါ ပြန်လည်တူးဖော်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကတော့ ရေရှားပါးပြတ်လပ်တဲ့နေရာဒေသတွေကို ကွင်းဆင်းကြည့်ရှုပြီး၊ သောက်သုံးရေရရှိဖို့ အကူအညီပေးနေတယ်လို့ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောပါတယ်။

“ရေတောင်းတဲ့အဖွဲ့တွေကို ကျနော်တို့ တိုင်းဒေသကြီးဦးစီးမှူးတွေကို လှမ်းပြောလိုက်ပြီးတော့ သူတို့ကိုရေပေး တာတွေ၊ နောက်တခါ ရေတွင်းရေကန် တူးဖို့ကို ကွင်းဆင်းကြည့်ခိုင်းတာတွေ အဲဒီမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တဲ့ အရာတွေကို ဆောင်ရွက်ဖို့တွေတင်ပြခိုင်းတာတွေ လောလောဆယ်တော့ အဲဒီဟာတွေ လုပ်ခိုင်းထားတယ် ဆရာရေ။ ပြည်နယ်တိုင်း အားလုံးနီးပါးလောက် ကတော့ ကျနော်တို့ကိုတောင်းတယ်။ ကျနော်တို့ကို မတောင်းသော်လည်း ကျနော်တို့ရဲ့ တိုင်းဦးစီးမှူးတွေက သူ့အစီအစဉ် နဲ့သူ ဆောင်ရွက်ပေးနေ တဲ့နေရာတွေရှိပါတယ်။ အထူးသဖြင့်တော့ ဒီမကွေးတို့၊ မန္တလေးတို့ ၊ စစ်ကိုင်းတို့ နောက်ပြီး ဧရာဝတီတိုင်းလည်း တောင်းခံချက်တွေရှိပါတယ်။ ကျန်တဲ့ပြည်နယ်တိုင်းတွေလည်းတောင်းတယ်။ ကျနော်က များတဲ့ဟာတွေကိုပြောလိုက်တာပါ။”

အခုလောလောဆယ်မှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူထားတာမရှိဘူးလို့ သူကပြောပါတယ်။

မိုးလေ၀သ နဲ့ ဇလဗေဒဦးစီးဌာနကတော့ လာမယ့်ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေရာကွက်ကြားမိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း မုတ်သုန်မိုးရွာသွန်းနိုင်ဖို့ အတွက် ကတော့ မေလကုန်လောက်မှ ဖြစ်လာ ဖို့ရှိတယ်လို့ မိုးဇလဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“နောက်ထပ် ၁၂ ရက်ကနေ ၁၅-၁၆ ရက်နေ့အထိက မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေရယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာတော့ မိုးအနည်းငယ်ရနိုင်မယ်ပေါ့နော်။ လောလောဆယ်တော့ မုတ်သုံအားက သိပ်မပြသေးပါဘူး။ မပြသေးတဲ့အနေအထားတွေရှိတယ်။ အဓိကတော့ ဒီအလယ်ပိုင်းတွေမှာ ကျနော်တို့ဒီ ရေပြတ်လပ်မှုကို ဇွန်လလောက်ဆိုရင်တော့ လျှော့နည်းသွားမယ့်အနေအထားတွေရှိပါတယ်။ မုတ်သုံကလည်း မြန်မာနိုင်ငံတောင်ပိုင်းမှာ ကျနော်တို့ခန့်မှန်းထားတာကတော့ ဒီ ၁၃ ရက်နေ့ကနေပြီးတော့ ၁၉ ရက်အတွင်းပေါ့နော် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်တွေ မှာတော့ ၂၀ ကနေ ၂၅ လောက်အထိ ခန့်မှန်းထားပြီးမှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုတော့ ဒီလကုန်လောက် ၀င်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။”

လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကို အစိုးရအပါအ၀င် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပြီး ကူညီဆောင်ရွက်နေပေးမယ့်လည်း ၊ လိုအပ်ချက်တွေကို ပြည့်မှီနိုင်ခြင်းမရှိသေးဘူးလို့ ဦးနေမျိုးကျော်က ပြောပါတယ်။

“တကယ်တန်းတော့ ဖြစ်ပွားတဲ့နှုန်း၊ ထိခိုက်မယ့်နှုန်း ဆိုတော့ ရေရှားပါးမှုကြုံတွေ့ရတဲ့ ဒေသနဲ့ ကုစားချက်ကတော့ မပြည့်မှီသေး ဘူးပေါ့ဗျာ။ ဒါတွေက နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ၀င်ရောက်ကူညီဖို့ လိုအပ်တယ်လို့ ကျနော်တို့ပြောချင်တယ်ဗျ။”

နှစ်စဉ်နှစ်တိုင်းလိုလို အခုလိုနွေရာသီအတွင်း ရေရှားပါးမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာနိုင်တာကြောင့် ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအပါအ၀င် လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ဦးနေမျိုးကျော်ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်းတလျှောက် နိုင်ငံတ၀ှမ်းမှာ ဆည်တွေအတော်များများ တည်ဆောက်ခဲ့ပေမယ့်လည်း ၊ ဆည်ရဲ့ တည်နေရာအနေအထားတွေကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သောက်သုံးရေးရှားပါးတဲ့ ပြဿနာကိုဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

ကိုရန်နိုင်
VOA Burmese News


pyidu-hluttaw-620.jpg
ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပစဉ်
.
 အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ် ရွေးကောက် ပွဲတွေကို လွှတ်တော်သက်တမ်း ပထမနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာကျင်းပခြင်း မလုပ်ဖို့ ပြင်ဆင်ထားတဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကြမ်းတွေ ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ရွေးကောက်ပွဲဥပဒေတွေကို ပြင်ဆင် ဖို့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့တာဖြစ်ပါတယ်။

"ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ် အပိုဒ်ခွဲအတိုင်း အတည်ပြုရန် သဘောမတူသူ မရှိတဲ့အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ် အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနဲ့ ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအပြီး ပထမနှစ်နဲ့ လွှတ်တော်သက်တမ်း နောက်ဆုံးနှစ် တို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ အခက်အခဲရှိတာကြောင့် ကြားနှစ်တွေမှာသာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်တင်သွင်းရတာဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ပြင်ဆင် ချက်ဥပဒေကြမ်းတွေ တင်သွင်းရာမှာ တင်ပြခဲ့ပါတယ်။

အရင်က လစ်လပ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာ မကျင်းပတာဟာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းကုန်ခါနီးတုန်းက ပြန်လည်ပြင်ဆင်ရာမှာ လစ်လပ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ လွှတ်တော်ဥက္ကဌတွေက ကော်မရှင်ထံ အကြောင်းကြားပြီးတဲ့ နောက် ၆ လအတွင်း ကျင်းပပေးရမယ်လို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေကို ဒီတစ်ကြိမ်ပြင်ဆင်တာဟာ ၄ ကြိမ်မြောက် ဖြစ်ပါတယ်။
RFA

cyclon-620.jpg မေလ ၁၉ - ၂၂ ရက်အတွင်းဖြစ်ပေါ်မယ့် ဆိုင်ကလုန်းမုန်တိုင်း ရွေ့လျားမယ့်မယ့်လမ်းကြောင်း ခန့်မှန်းချက်ပုံ
Photo: U Tun Lwin Facebook

လာမယ့် မေလ ၂၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲသွားနိုင်တဲ့အတွက် အချိန်နဲ့တပြေးညီ ဂရုစိုက်ကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပြီး ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို ဦးတည်လာပြီး နောက်ပိုင်းမှာ နောက်ပြန်လှည့်သွားနိုင်တဲ့ အနေအထားရှိတယ်လို့ ဒေါက်တာထွန်းလွင် က သူရဲ့ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းသဘောအရ ပြောင်းလဲတတ်တာကြောင့် စဉ်ဆက်မပြတ် သတိထားဖို့ လိုအပ်ကြောင်းလည်း ရေးသားထား ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မေလ ၁၉ ရက်နေ့မှာ စတင်ဖြစ်ပေါ် မှာ ဖြစ်ပါတယ်။

ဆရာဦးထွန်းလွင်ဟာ ဒုလ္လဘသင်္ကန်းဝတ်နေပေမယ့် မိုးလေ၀သ သတင်းတွေကို အဆက်မပြတ် ဖေ့စ်ဘွတ်ကနေ အသိပေးနေတာဖြစ်ပါတယ်။
RFA

[youtube src="kaygoOr1imw"/]
မြေထဲပင်လယ်ဒေသဟာ နေရောင်ခြည်အမြဲရတဲ့ ဒေသလို့ လူသိများပေမဲ့ နေရောင်ခြည်စွမ်းအင်သုံး ပြီး လျှပ်စစ်ထုတ်တဲ့ လုပ်ငန်းတွေ ကတော့ အသေးလေးတွေပဲ ရှိပါတယ်။ အခုအခါမှာတော့ နည်းပညာသစ်တွေ ရဲ့ ကျေးဇူးကြောင့် မြေထဲပင်လယ်ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ မော်ရိုကို နဲ့ အစ္စရေး နိုင်ငံတွေမှာ နေရောင်ခြည်စွမ်းအင်သုံး ပြီး လျှပ်စစ်အကြီးအကျယ် ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဗီအိုအေသတင်းထောက် George Putic ရဲ့ သတင်းကို မခွာညိုက ပြောပြပေးမှာပါ။

VOA Burmese
http://burmese.voanews.com

ဖားကန့် ကျောက်စိမ်းတွင်း တွေမှာ ယန္တရား စက်ကြီးတွေနဲ့ အဆမတန်တူးနေတာ ကို တားနိုင်ဖို့ ဥပဒေ လုပ်ရဦးမှာ ဖြစ်တဲ့အကြောင်း နဲ့ ဒီနှစ်အတွင်း ပြီးအောင်လုပ်မယ်လို့ မြန်မာအစိုးရ ဝန်ကြီး တယောက် က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က လွှတ်တော်အမတ် ဦးခင်မောင်မြင့် က ဖားကန့်ဒေသ က ကျောက်စိမ်းတွင်းတွေ အဆမတန် တူးဖော်နေတာတွေ၊ မြေစာတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပုံနေတာတွေကို နိုင်ငံတော်အစိုးရ အနေနဲ့ တားမြစ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ပါတယ်။

အဆိုပါ မေးမြန်းချက် နဲ့ပတ်သက်လို့ ဘယ်လို ဖြေရှင်းခဲ့သလဲဆိုတာ ကို လွှတ်တော်မှာ အဖြေပေးခဲ့တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ကို ဘီဘီစီ က မေးတဲ့အခါ သူ က ဒီ ကိစ္စတွေ ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဥပဒေတွေ နည်းဥပဒေတွေ ရေးဆွဲပြဌာန်း ရမှာ ဖြစ်ကြောင်းနဲ့ အဲဒါတွေ ကို ဒီနှစ် မကုန်ခင် ပြီးအောင်လုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် သူက စက်ယန္တရားကြီး တွေ ကို ထပ်တိုးမလုပ်ဖို့ ပြောထားတဲ့အကြောင်းနဲ့ အခုလောလောဆယ် မှာတော့ စက်ယန္တရား အစီး ၆၉၀၁ စီး သုံးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ က ကျောက်စိမ်း တူးဖော် နေကြကြောင်း ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း တွေမှာ တူးဖော်နေကြတာတွေ ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးကာ ဒေသခံ တို့ ထိခိုက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်လာသလို၊ မြေစာပုံတွေ ပြိုကျ ပိမိလို့ လူတွေ လည်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

BBC
http://www.bbc.com/burmese/burma/2016/05/160511_phakant_official

ဗြိတိန်ဘုရင်မကြီးအတွက် နှုတ်ကျွံသွားသည့် ဖြစ်ရပ်မှာ တရုတ်အရာရှိများက အလွန်ရိုင်းသည်ဟု ပြောဆိုနေကြသည့် စကားဝိုင်းကို ကင်မရာရိုက်ကူးခံလိုက်ရခြင်းပင်ဖြစ်သည်။

ပြီးခဲ့သည့် မေ ၁၀ ရက်က ဘာကင်ဟမ်နန်းတော်ဥယျာဉ်ပါတီတစ်ခုတွင် ဘုရင်မကြီးအယ်လိဇဘက်က ယခုကဲ့သို့ရှားရှားပါးပါး လက်လွတ်စပယ်ဟောဟောဒိုင်းဒိုင်း ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိ အသက် ၉၀ ရှိနေသည့် ဘုရင်မကြီးသည် ပြီးခဲ့သည့်နှစ် တရုတ်သမ္မတရှီကျင့်ဖျင် ဗြိတိန်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်ချိန်က တရုတ်အရာရှိများ၏ အမူအကျင့်များနှင့် ပတ်သက်ပြီး ရည်ညွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်ပါတီတွင် ဗြိတိန်ဘုရင်မကြီးက သမ္မတရှီကျင့်ဖျင် နိုင်ငံတော်ခရီးစဉ်ရောက်ရှိချိန်က လုံခြုံရေးမှူးအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသမီးရဲအရာရှိကြီးနှင့် တွေ့ဆုံမိကာ တရုတ်၏ ဆက်ဆံပုံများကို ပြောဆိုမိကြခြင်းဖြစ်ပြီး ယင်းစကားဝိုင်းကို ရုပ်သံမှတ်တမ်းတင်ခံလိုက်ရခြင်းဖြစ်သည်။

ရဲအရာရှိ အမျိုးသမီး D'Orsi က သူ့၏ တရုတ်အရာရှိများနှင့် ဆက်ဆံခဲ့ရပုံကို ပြောဆိုသည့်အခါ ဘုရင်မကြီးက တကယ် ဆိုးလိုက်တဲ့ ကံပဲ ဟူ၍ တုံ့ပြန်ပြောဆိုသည်။

တရုတ်အရာရှိများ ရိုင်းရိုင်းပျပျဆက်ဆံသလားဟု ဘုရင်မကြီးက မေးရာတွင် D'Orsi က ဟုတ်ကြောင်း ဖြေဆိုသည်။

ထိုပြင် အလွန်ရိုင်းပြီး အလွန်ကိုလည်း သံတမန်မဆန်ကြောင်း ယင်းရဲအရာရှိအမျိုးသမီးက ပြောသည်။

ထိုအခါ ဘုရင်မကြီးက တရုတ်အရာရှိများ၏ အပြုအမူများက အလွန်အကျွံဖြစ်လွန်းသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် သမ္မတရှီကျင့်ဖျင်၏ နိုင်ငံတော် ခရီးစဉ်သည် အလွန်အောင်မြင်သည့် ခရီးစဉ်အဖြစ် ယင်းအချိန်က ဘာမင်ဂမ်နန်းတော်က ပြောဆိုထားခဲ့ရာ ဘုရင်မကြီး၏ ယခုအပြောအဆိုက ဆန့်ကျင်ဖက်ရလဒ်အဖြစ် ပြသနေသည်။
- Mizzima - News in Burmese

ဖားကန့်မြို့နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီက သိမ်းယူ ထားသည့် မြေများအတွင်း ဒေသခံတောင်သူများက ၀င်ရောက်ထွန်ယက် စိုက်ပျိုးခြင်းကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း ယင်းမြေများအတွင်း ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဟူးကောင်းဒေသခံများ က ပြောဆိုနေကြပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တင်ပြထားကြောင်းလည်း သိရသည်။

“တောင်သူတွေကတော့ ပုံမှန်လုပ်ကိုင်နေမှာပဲ ဌာနဆိုင်ရာ အကြီးအကဲတွေ ရှေ့မှာလည်း ပြောထားပါတယ်။ ကျွန်တော်တို့က ပုံမှန် ဆက်လုပ်နေမှာပဲ မနားဘူး မရပ်ထားဘူးလို့ ၊ အခု လူဦးရေလည်း များလာပြီ မြေယာဖော်ဖို့ နေရာတွေ အများကြီးလိုလာပြီ။ အရင်က သူတို့ သိမ်းထားတဲ့ နေရာတွေ အခုပြဿနာဖြစ်နေတဲ့ နေရာမကဘူး။ ကျန်တဲ့ နေရာမှာကော ယုဇနသိမ်းထားတဲ့ နေရာ အကုန်လုံးကို ပြန်ပြီးတော့ ဆက်လက် လုပ်သွားမှာပါ” ဟု ဟူးကောင်းဒေသခံ တောင်သူ တစ်ဦးဖြစ်သည့် ဦးဆိုင်းအောင်က The Ladies သို့ပြောသည်။

ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက ၀ါရာဇွပ်၊ နောင်းမီ၊ အောင်ရာ၊ ရှဒူးဇွပ် စတဲ့ ကျေးရွာတွေမှာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၂ သိန်းကျော်အတွက် လျော်ကြေးငွေ ပြန်လည်ရရှိရန်နှင့် စီမံကိန်း အကောင်အထည် မဖော်ထားသည့် မြေများကို ပြန်လည် ရရှိရန် အတွက် ဒေသခံတစ်သောင်းနီးပါးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံပေးပို့ တောင်းဆိုထားပြီး ယုဇနကုမ္ပဏီအနေဖြင့်လည်း စီမံကိန်း လုပ်ဆောင်နေသည်များကို အမြန်ဆုံးရပ်ဆိုင်းပေးရန် တောင်းဆို ထားကြောင်း မေလ ၁၀ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဟူးကောင်းတောင်သူများက ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် မေလ ၄ ရက်က ဖားကန့်မြို့နယ် ဟူးကောင်း၊ တနိုင်းဘက်ကို သွားသော လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာ အုပ်စု တွင် နေထိုင်သော တောင်သူများမှ လုပ်ကိုင်စားသောက်နေသော လယ်ယာနှင့် အခြားယာခင်းများ ဖြစ်သော တိန်ဂေါဘွမ်(Tinggaw bum)၊ နွမ်ဘရော့ယာန်(. Numbraw yang)၊ လမုန်ဒွမ်(Lamung dum ) ၊ ဒဂရောမ် ယာန်(Dagrawm yang,)၊ နှင့် ခကျန်ယာန် (Hka chyang yang) စုစုပေါင်းနေရာ ၅ ခုကို ယုဇနကုမ္ပဏီမှ လုပ်ငန်းခေါင်းဆောင်များနှင့် အလုပ်သမား အပါအ၀င် စုစုပေါင်း လူဦးရေ ၈၀ ယောက်၊ ကား ၉ စင်း၊ ဘက်ဖိုး ၁ စီးဖြင့် ရောက်လာ၍ ယင်းနေရာသည် ယုဇနကုမ္ပဏီပိုင် ဧရိယာဖြစ်ကြောင်း၊ ပိုင်နက်နေမြေ မကျူးကျော်ရ ဟုဆိုကာ ခြိမ်းခြောက် တားဆီးခဲ့သည့်အပြင် တောင်သူများ၏ ယာခင်းများကို ဘက်ဖိုး၊ ဘူတိုဇာတို့ဖြင့် ထိုးပစ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် မေလ ၄ ရက်က ဖားကန့်မြို့နယ် ဟူးကောင်း၊ တနိုင်းဘက်ကို သွားသော လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာ အုပ်စု တွင် နေထိုင်သော တောင်သူများမှ လုပ်ကိုင်စားသောက်နေသော လယ်ယာနှင့် အခြားယာခင်းများ ဖြစ်သော တိန်ဂေါဘွမ်(Tinggaw bum)၊ နွမ်ဘရော့ယာန်(. Numbraw yang)၊ လမုန်ဒွမ်(Lamung dum ) ၊ ဒဂရောမ် ယာန်(Dagrawm yang,)၊ နှင့် ခကျန်ယာန် (Hka chyang yang) စုစုပေါင်းနေရာ ၅ ခုကို ယုဇနကုမ္ပဏီမှ လုပ်ငန်းခေါင်းဆောင်များနှင့် အလုပ်သမား အပါအ၀င် စုစုပေါင်း လူဦးရေ ၈၀ ယောက်၊ ကား ၉ စင်း၊ ဘက်ဖိုး ၁ စီးဖြင့် ရောက်လာ၍ ယင်းနေရာသည် ယုဇနကုမ္ပဏီပိုင် ဧရိယာဖြစ်ကြောင်း၊ ပိုင်နက်နေမြေ မကျူးကျော်ရ ဟုဆိုကာ ခြိမ်းခြောက် တားဆီးခဲ့သည့်အပြင် တောင်သူများ၏ ယာခင်းများကို ဘက်ဖိုး၊ ဘူတိုဇာတို့ဖြင့် ထိုးပစ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယုဇနကုမ္ပဏီက မြေလွတ်မြေရိုင်းအဖြစ် သိမ်းယူထားသည့် မြေများသည် ဟူးကောင်းတောင်သူများ၏ ဘိုးဘွားပိုင်မြေများ ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် လယ်ယာမြေများ ရှားပါးလာခြင်းကြောင့် ဒေသခံတောင်သူများ အနေဖြင့် ကာလအတန်ကြာ လျော်ကြေး၊ နစ်နာကြေးများ ကို မျှော်လင့်ကြောင်း၊ ယုဇနကုမ္ပဏီအနေဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများ အရ လျော်ကြေးပေးခြင်း နစ်နာကြေးပေးခြင်း မရှိသည့် အတွက် တောင်သူများ က ၎င်းတို့၏ လယ်ယာမြေများကို ပြန်လည် လုပ်ကိုင်လာကြခြင်းဖြစ်သည် ဟု ဦးအောင်လတ်က ဆက်လက် ပြောကြား ခဲ့သည်။

TZH
The Ladies News Journal

မြန် မာနိုင်ငံမှာ အစိုးရပ် နှစ်ရပ် တည်ရှိနေတယ်လို့ စာရေးသူအနေနဲ့ မြင်ပါတယ်။ အစိုးတစ်ရပ်က ပြည်သူရဲ့ ထောက်ခံမဲနဲ့ တက်ပြီး အာဏာယူထားတဲ့ အစိုးရဖြစ်ပြီး နောက်အစိုးရတစ်ရပ်ကတော့ လက်နက်ကိုင်တပ်ကြီးကိုကိုင်ပြီး အာဏာယူထားတဲ့ အစိုးရဖြစ်ပါတယ်။ ဒီနေ့မြန်မာပြည်ရဲ့ ပကတိအခြေအနေဟာ ဒီအတိုင်းပဲ ဖြစ်နေပါတယ်။

စစ်အစိုးရလက်ထက်တုန်းက အစိုးရတစ်ရပ်ပဲရှိပြီး ပြည်သူရွေးချယ်တဲ့အစိုးရ တက်လာမှ ဘာဖြစ်လို့ နှစ်ရပ် ဖြစ်လာရတာတုံးလို့ မေးစရာရှိပါတယ်။ အဖြေက ရှင်းပါတယ်။ စစ်အာဏာရှင်တွေက သူတို့ထောက်ခံထားတဲ့ ပါတီရှုံးရင် အစိုးရနှစ်ရပ်ဖြစ်အောင် အစီအစဉ်တကျ လုပ်ခဲ့လို့ပါလို့ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေအလိုအရ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေကိုသာ ပြည်သူက ပိုင်ဆိုင်ပြီး ၂၅ ရာခိုင်နှုန်းကတော့ ပြည်သူနဲ့ မသက်ဆိုင်ဘဲ တပ်မတော်ကိုသာ ကိုယ်စားပြုနေခဲ့ပါတယ်။ တစ်နည်းအားဖြင့် တပ်မတော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေကို ကိုယ်စားမပြုပါဘူး။ ပြည်သူ့အသံကိုလည်း နားထောင်စရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ်ကိုသာ နာခံရတဲ့ ကိုယ်စားပြုသူတွေ ဖြစ်နေလို့ပါပဲ။

စစ်အာဏာရှင် ဦးသန်းရွှေဦးစီးရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအရ အာဏာလွှဲပြောင်းယူပြီး တက်လာတဲ့ စစ်ဝတ်ချွတ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဘာလို့ အစိုးရနှစ်ရပ် မဖြစ်ပေါ်သလဲလို့ မေးလာနိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရဆိုတာ ဦးသန်းရွှေက ဗိုလ်သိန်းစိန်က သမ္မတလုပ်၊ ဗိုလ်ရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလုပ်၊ ဗိုလ်ခင်အောင်မြင့်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌလုပ်၊ ဗိုလ်မင်းအောင်လှိုင်က တပ်ကိုကိုင်လို့ ချပေးပြီး ဖွဲ့ပေးလိုက်တဲ့ အစိုးရဖြစ်လို့ စစ်အာဏာရှင် အသွင်ပြောင်းအုပ်စုသာဖြစ်ပြီး တစ်ဂိုဏ်းတည်းသားတွေ ဖြစ်ကြတဲ့အတွက် အစိုးရ နှစ်ရပ် မပေါ်ပေါက်ခဲ့ပါဘူး။

ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူတို့စီစဉ်ထားသလို မဖြစ်ဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်နဲ့ စပြီးဂိုဏ်းကွဲစ ပြုလာခဲ့ပါတယ်။ ဘာကြောင့် ဂိုဏ်းကွဲရသလဲဆိုရင် အာဏာကိုခွဲဝေယူပြီး ပြည်သူ့အကြိုက်လိုက်မယ်ဆိုတဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရန် လိုလားတဲ့ အလယ်အလတ်သမားတွေ ဦးစီးတဲ့အုပ်စုနဲ့ တပ်ကိုနောက်ခံထားပြီး အာဏာကို ဆက်ထိန်းထားမယ်ဆိုတဲ့ အုပ်စုတို့ ပြည်ခိုင်ဖြိုးပါတီတွင်းမှာ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေထဲမှာ စီနီယာကျပြီး သမ္မတဖြစ်ဖို့ ရည်မှန်းချက်ကြီးတဲ့ ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌနေရာပေးပြီး သူ့ထက် အတန်းငယ်တဲ့ ဦးသိန်းစိန်ကို သမ္မတလုပ်ခွင့်ပေးခဲ့သလို ဗိုလ်ချုပ်တွေထဲမှာ ဂျူနီယာဖြစ်တဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို သူ့စီနီယာတွေကို ဖြတ်တက်စေပြီး ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ပေးခဲ့တာ ဦးသန်းရွှေရဲ့ အကွက်တွေဆိုရင် မမှားပါဘူး၊ ဒီလိုကျေးဇူးတွေကြောင့် သမ္မတဖြစ်ခွင့်ရလိုက်တဲ့ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့မှာ ဦးသန်းရွှေကို ကျေးဇူးရှင်ကြီးအနေနဲ့ သစ္စာရှိနေကြပြီး သူချမှတ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို မပြောင်းလဲနိုင်အောင် ကြံ့ကြံ့ခံရပ်တည်ပေးကြမယ့် သစ္စာရှိလူယုံကြီးတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။

တစ်ဖက်မှာတော့ ဦးရွှေမန်းဟာ ဗိုလ်ချုပ်ဘဝကရထားတဲ့ စည်းစိမ်ဥစ္စာတွေ၊ သူ့သားတွေအတွက် စီးပွားရေးလုပ်ကွက်တွေ ချပေးပြီး သန်းကြွယ်သူဌေးကြီးတစ်ဦး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူဟာ ငွေရေးကြေးရေးကို မပူပင်ရတဲ့သူဖြစ်ပြီး သူလိုနေတာက အာဏာပဲဖြစ်လာခဲ့ပါတယ်။ ဦးသိန်းစိန် သမ္မတဖြစ်သွားတဲ့အခါ ပါတီဥက္ကဋ္ဌရာထူးကို ဆက်ယူထားလို့ မရတော့တဲ့အတွက် အဲဒီနေရာကို ဦးရွှေမန်းကိုလွှဲပေးခဲ့ရပါတယ်။ ဒီအခါ ဦးရွှေမန်းဟာ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာတဲ့အခါ သမ္မတအဖြစ် အရွေးခံနိုင်ဖို့ ပါတီဥက္ကဋ္ဌအနေနဲ့ ကြိုးစားပြီး သူသမ္မတဝင်ရွေးမယ်၊ သူမနိုင်လို့ ဒေါ်စုပါတီနိုင်ရင်လည်း ဒေါ်စုကိုလည်း ပြိုင်ဘက်တစ်ယောက်ထက် လုပ်ဖော်ကိုင်ဖက်တစ်ယောက် အဖြစ် တွဲလုပ်နိုင်ပါတယ်ဆိုတဲ့ စကားပြောလာခဲ့တဲ့အခါ လက်ရှိအာဏာယူထားတဲ့ ဦးသိန်းစိန်နဲ့ တပ်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးနဲ့ သောင်မတင်ရေမကျ စကားပြောပြောနေခဲ့ပြီး လွှတ်တော်က တင်လာတဲ့ဥပဒေတွေကို ချောင်ထိုးထားတာတွေ နည်းဥပဒေတွေကို မပြဋ္ဌာန်းဘဲ လျစ်လျူရှုတာတွေ လုပ်ခဲ့ပြီး အစိုးရနဲ့ လွှတ်တော်ကြားမှာ အကြိတ်အခဲတွေ စပြီးဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ဦးရွှေမန်းနဲ့ သူရဦးအောင်ကိုတို့က အစိုးရလုပ်တာမှန်ရင် မှန်တယ် မှားရင်မှားတယ်လို့ မျက်နှာမလိုက်ဘဲ ဝေဖန်မှုတွေကို ပြည်သူတွေက ထောက်ခံအားပေးလာတဲ့အခါ သူတို့ကို သစ္စာဖောက်ပြီလို့ စစ်အုပ်စုက တွက်ဆလာပါတော့တယ်။

ဒါကြောင့် ညကြီးမင်းကြီး ပြည်ခိုင်ဖြိုးပါတီ အာဏာသိမ်းပွဲကြီး အရုပ်ဆိုးစွာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒီအာဏာသိမ်းပွဲမှာ ထူးခြားချက်နှစ်ခု ရှိခဲ့ပါတယ်။ ပထမထူးခြားချက်ကတော့ တပ်က ဗိုလ်ချုပ်တွေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီကို စုပြုံဝင်လာတာဖြစ်ပြီး နေ့ချင်းညချင်း ဗဟိုကော်မတီဝင်များ ဖြစ်သွားခြင်းပဲဖြစ်ပါတယ်။ ဒီအချက်က ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်လိုပဲပြောပြော တပ်ပိုင်ပါတီပဲဖြစ်တယ်။ တပ်ကိုကိုယ်စားပြုထားတဲ့ ပါတီဆိုတာပါပဲ။ ပါတီမှာ ဘယ်လောက်ကြာကြာ အရည်အချင်း ဘယ်လောက်ရှိရှိ ဗဟိုကော်မတီဖြစ်လာဖို့ မလွယ်ပါဘူး။ တပ်လက်ရှိ ဗိုလ်ချုပ်တွေမှာသာ တကယ့်အာဏာရှိတယ်၊ မိုးကျရွှေကိုယ်တွေဖြစ်လို့ နေရာပေးရမယ်ဆိုတာ ဒီအချက်က သက်သေပြချက်တစ်ခု ဖြစ်ပါတယ်။ အငြိမ်းစားယူလိုက်တဲ့ ဗိုလ်ချုပ်တွေဟာ ဘာဖြစ်လို့ ပြည်ခိုင်ဖြိုးပါတီကိုပဲ စုပြုံဝင်ကြတာလဲ၊ အခြားအရပ်သားပါတီတွေ တိုင်းရင်းသားပါတီတွေကို ဘာလို့မဝင်တာလဲဆိုတာ မေးစရာပါ။ သူတို့ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကိုသာ ဝင်လာတာ သူတို့ရဲ့ အထက်အမိန့်ကြောင့်ဆိုတာ ထင်ရှားပါတယ်။ တပ်ထဲမှာ စည်းကမ်းထုတ်ပြီး နိုင်ငံရေးပါတီတွေနဲ့ မဆက်နွှယ်ရဘူး၊ မပတ်သက်ရဘူး၊ မထောက်ခံရဘူးဆိုတဲ့ အမိန့်ရှိပါတယ်။ အဲဒီအမိန့်ကြောင့် ၄၃၆ ဥပဒေကိုပြင်ဆင်ဖို့ကို လက်မှတ်ရေးထိုးပေးခဲ့တဲ့ စစ်ဗိုလ်လေးကို ဖမ်းချုပ်တာတွေ၊ နိုင်ငံရေးပါတီတစ်ခုကို ဆက်နွှယ်မှုနဲ့ အရေးယူတာတွေ လုပ်ခဲ့တဲ့ တပ်ကဗိုလ်ချုပ်တွေက သူတို့တပ်ကလည်းထွက်ရော ပြည်ခိုင်ဖြိုးကို တန်းဝင်တန်းပြီး ဗဟိုကော်မတီဖြစ်ဆိုတာ သူတို့နဲ့ အဲဒီ့နိုင်ငံရေးပါတီ ဆက်သွယ်မှုရှိခဲ့တယ် သူတို့က ထောက်ခံထားခဲ့တယ်ဆိုတဲ့ သက်သေပြချက်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် အောက်ခြေအကြပ်တပ်သားတွေ၊ ဗိုလ်လေး၊ ဗိုလ်ကြီးတွေကိုတော့ သူတို့ပြိုင်ဘက် နိုင်ငံရေးပါတီတွေကို အားပေးမှာစိုးလို့ အဲဒီပါတီတွေကို ထောက်ခံလို့မရအောင် မတရားဥပဒေတွေ ထုတ် ကန့်သတ်ထားပြီး သူတို့ကတော့ သူတို့ပိုင်ပါတီကို ထဲထဲဝင်ဝင် အားပေးထောက်ခံထားတာ အလွန်ရွံရှာဖို့ကောင်းတဲ့ နိုင့်ထက်စီးနင်း အပြုအမူဆိုရင် မမှားပါဘူး။ တရားမျှတမှုလည်း မရှိပါဘူး။ ဒီမိုကရေစီနိုင်ငံမှာ ဘယ်အစိုးရ အမှုထမ်း အရာထမ်းကိုမှ နိုင်ငံရေးနဲ့ဆက်နွှယ်မှု မရှိရဘူးဆိုပြီး ကန့်သတ်လို့မရပါဘူး။

ဒုတိယထူးခြားချက်က ဦးရွှေမန်းဟာ ယာယီပါတီဥက္ကဋ္ဌသာ ဖြစ်တယ်ဆိုတဲ့ ဗြောင်လိမ်ညာမှု ဖြစ်ပါတယ်။ လက်ရှိသမ္မတဦးသိန်းစိန်သာ ပါတီဥက္ကဋ္ဌဖြစ်ပြီး ဒီပါတီဥက္ကဋ္ဌအာဏာနဲ့ ဦးရွှေမန်းဆီက ဥက္ကဋ္ဌရာထူးကို ပြန်ယူလိုက်ပြီး ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။ အရင်ကတော့ ပါတီယာယီဥက္ကဋ္ဌလို့ မသုံးနှုန်ူးခဲ့ဘဲ အာဏာသိမ်းတဲ့နေ့ကမှစပြီး ယာယီဥက္ကဋ္ဌတွေ၊ ယာယီဒုဥက္ကဋ္ဌဆိုတဲ့ အသုံးအနှုန်းတွေကိုကြည့်ရင် ပုဆိုးခြုံပြီး ဖင်ပေါ်နေသလို ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်က ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ ပါတီဥက္ကဋ္ဌလုပ်သူဟာ သမ္မတရာထူးကို ယူတာနဲ့ ပါတီလုပ်ငန်းဆောင်တာတွေကို ဝင်ရောက်စွက်ဖက်ခွင့် လုပ်ဆောင်ခွင့် မရှိရပါဘူး။ ဒါပေမဲ့ ဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ချိုးဖောက်တဲ့အပြင် ပြည်ခိုင်ဖြိုးပါတီ လက်ရှိဥက္ကဋ္ဌတာဝန် ယူနေတဲ့ ဦးရွှေမန်းနဲ့ ဗဟိုကော်မတီဝင် ၁၆ ဥင်္ီးတို့ကို ရာထူးကဖယ်ရှားပြီး သာမန်အဖွဲ့ဝင်နေရာမှာ ပြောင်းလဲသတ်မှတ် လိုက်တာဟာလည်း ပါတီစည်းကမ်းနဲ့မညီပါဘူး။ အဲဒီလိုဆိုရင် ဘာလို့ ဦးသိန်းစိန်က ဒီလိုလုပ်နိုင်တာလဲ မေးစရာရှိပါတယ်။ သူဟာ လက်ရှိအာဏာယူထားတဲ့ သမ္မတဖြစ်နေပြီး သူ့နောက်မှာ အသစ်ဝင်လာတဲ့ ဗိုလ်ချုပ်တွေရယ်၊ သူတို့ကိုယ်စားပြုထားတဲ့ လက်နက်ကိုင်တပ်ရယ် ရှိနေလို့ပါပဲ။ ဒီအချက်ဟာ အာဏာရှင် စရိုက်လက္ခဏာတွေ မကုန်သေးဘူး၊ ပြည်ခိုင်ဖြိုးပါတီဟာ ဒီမိုကရေစီကို ဆောင်ကြဉ်းမပေးနိုင်ဘူး၊ စစ်အာဏာရှင်ရဲ့ စက်ဝိုင်းတွင်းရှိနေတဲ့ ဟန်ပြပါတီသာ ဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြနေခဲ့ပါတယ်။

မိုးကျရွှေကိုယ်ဆိုတဲ့ စကားဟာ စစ်အာဏာရှင်တွေရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုကို တင်စားသုံးနှုန်းတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းလက်ထက်က စတင်ခဲ့တဲ့ တပ်ကလူတွေ တိုင်းပြည်အုပ်ချုပ်ရေး နေရာတိုင်းမှာ ဝင်ရောက်နေရာယူ အုပ်စီးထားရေး၊ ပြည်သူလူထုကြီးကို စစ်ဖိနပ်အောက်မှာ ကျွန်ပြုထားရေးကနေ မိုးကျရွှေကိုယ်စနစ်ကြီး ရှင်သန်လာပြီး ပြည်သူတွေခေါင်းပေါ် တက်ခွထိုင်ပြီး ကုပ်သွေးစုပ်နေခဲ့တာ ဒီနေ့အထိတိုင်လို့ ဆိုရမှာပါ။

တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဆေးရုံတွေမှာ သူ့ရဲ့စစ်ဘက် ဆရာဝန်တွေကို အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကို ပိုခဲ့လို့ ဆရာဝန်တွေ ဖဲကြိုးအနက်တွေဝတ်ပြီး ဆန္ဒပြကြတာဟာ မြန်မာပြည်ကြီးက မိုးကျရွှေကိုယ်တွေကို လက်သင့်မခံတော့ဘူးဆိုတဲ့ အချက်ပြနိမိတ် လက္ခဏာတွေ ဖြစ်ပါတယ်။ မိုးကျရွှေကိုယ်စရိုက်ရဲ့ အဆိုးဆုံးလုပ်ရပ်က ၂၀၀၈ အခြေခံဥပဒေမှာ ရေးဆွဲထားတဲ့ စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ အသားလွတ် တက်နေရာယူခွင့်နဲ့ ဒီရွေးကောက်ခံမဟုတ်တဲ့ မိုးကျရွှေကိုယ် ၂၅ ရာခိုင်နှုန်းက သဘောမတူရင် ဘယ်လောက်ပဲ တိုင်းပြည်အကျိုးရှိတဲ့ ဥပဒေဖြစ်ဖြစ်၊ ပြည်သူတွေမှာ အကျိုးများမယ့် ဥပဒေဖြစ်ဖြစ် ပြင်လို့မရဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေထဲမှာ ၂၅ ရာခိုင်နှုန်းသာရှိတဲ့ တပ်ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေကြီးကို မပြင်ဘဲ ထားနိုင်တဲ့ အာဏာကို အပိုင်ဆုပ်ကိုင်နိုင်ခွင့် ရရှိနေတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ အများပြည်သူတွေအတွက် ရေးဆွဲထားတာမဟုတ်ဘဲ စစ်အာဏာရှင်တွေ နောက်ပွားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မပြင်နိုင်အောင် တမင်ညစ်ပြီး ရေးဆွဲထားတာဖြစ်တဲ့အတွက် တစ်ချိန်မှာ ပြသ၁နာအကြီးအကျယ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ တပ်ရေးတပ်ရာကို တပ်ချုပ်က ကိုင်ထားတယ်ဆိုပေမယ့် အရပ်သားအုပ်ချုပ်ရေးကိုလည်း တပ်ချုပ်ကသာ ခန့်ခွင့်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးက ကိုင်ထားတဲ့အတွက် ဦးထင်ကျော်ရဲ့ အရပ်သားအစိုးရမှာ အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာ ရှိနေခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဆိုတာလည်း မိုးကျရွှေကိုယ်တစ်ပါးပဲဖြစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးအပြင် ပြည်သူ့ရဲတွေပါ သူ့လက်အောက်မှာရှိနေတဲ့အတွက် အရပ်ဘက်စစ်ဘက် နှစ်ရပ်လုံးကို တပ်ချုပ်ကြီးက လွှမ်းမိုးထားတဲ့အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရာမှာ ပြင်ဆင်သင့်တာတွေ ပြင်ဆင်မှာကို မကန့်ကွက်သော်လည်း ၂၀၀၈ အခြေခံဥပဒေအတိုင်း ပြင်ဆင်ပါလို့ပြောတဲ့အတွက် အစိုးရဟာ လွှတ်တော်တွင်း ရွေးကောက်ခံအားလုံးအပြင် တပ်ကိုယ်စားလှယ်တစ်ယောက် ထောက်ခံရင်ပြင်ပါလို့ ပြောတာနဲ့ အတူတူပါပဲ။ တစ်နည်း မပြင်နဲ့မရဘူးလို့ ပြောတာပါပဲ။

တပ်ရေးတပ်ရာမှာလည်း သမ္မတလုပ်သူက ဝင်ရောက်စွက်ဖက်လို့မရဘဲ တပ်ချုပ်ကသာ စီမံခန့်ခွဲခွင့်ရှိနေပါတယ်။ တပ်ကကျူးလွန်တဲ့ ပြစ်မှုများကိုလည်း အရပ်ဘက်က စွက်ဖက်လို့မရသလို တပ်ချုပ်ရဲ့ဆုံးဖြတ်ချက်ကသာ အပြီးအပြတ်ဖြစ်တယ်ဆိုပြီး အာဏာကုန်ပေးထားတဲ့ ၂၀၀၈ ဖွဲစည်းပုံကို ဒီတပ်ချုပ်ကမှ မကာကွယ်မစောင့်ရှောက်ရင် ဘယ်သူက စောင့်ရှောက်မှာလဲ။ မိမိကို ရွေးကောက်ခံသမ္မတနဲ့အပြိုင် အာဏာပေးထားပြီး တချို့နေရာမှာ သမ္မတထက်ကို ပိုအာဏာရှိနေတဲ့သူအနေနဲ့ ၂၀၀၈ ခြေဥကို နှစ်သက်တာမဆန်းပါဘူး။

၂၀၀၈ ခြေဥရဲ့ တပ်မတော်နဲ့ဆိုင်တဲ့ အခန်း ၇ ပုဒ်မ ၃၄၂ မှာ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်ရမည်” လို့ ဆိုထားပါတယ်။ ဟုတ်သလိုလိုရှိပေမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ဘယ်သူတွေ ပါဝင်သလဲလို့ကြည့်ရင် သမ္မတ၊ ဒုတိယသမ္မတ (၁)၊ ဒုတိယသမ္မတ(၂)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အားလုံး ၁၁ ယောက်တိတိ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပြီး အဲဒီထဲက ဒုသမ္မတ (၁) ဦးမြင့်ဆွေက တပ်ကတင်ထားတဲ့သူ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုသမ္မတ (၁) အားလုံးဟာ ကာချုပ်ရဲ့လူရင်းတွေ ဖြစ်တဲ့အတွက် စုစုပေါင်းမဲ ခြောက်မဲရှိပါတယ်။ နိုင်ငံတော်သမ္မတမှာ သူအပါအဝင် ဒုသမ္မတ (၂)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ နို်င်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ငါးယောက်သာရှိတဲ့အတွက် ကာလုံမှာ ကာချုပ်က ၆း၅ ချိုးနဲ့ တစ်မဲအသာရနေလို့ ကာချုပ်ကို ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ရွေးရင် ပြည်သူရွေးတဲ့ သမ္မတက သူကြိုက်တဲ့သူကို ကာကွယ်ရေးဦးစီးချုပ်အဖြစ် မတင်မြှောက်နိုင်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ကသာ သူ့ကိုယ်သူ ပြန်ရွေးနိုင်တဲ့ အခွင့်အာဏာ ရှိနေတဲ့အတွက် သမ္မတလုပ်သူကို အရေးထားစရာ မလိုတဲ့ အခြေအနေကို ဖန်တီးထားခဲ့ပါတယ်။ ကာလုံကနေ ဆုံးဖြတ်ပေးရမယ့် ကိစ္စတွေမှာ မဲခွဲရင်လည်း သမ္မတက ကာချုပ်ကိုမနိုင်နိုင်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ဆိုရရင် ၂၀၀၈ အခြေခံဥပဒေဟာ မြန်မာပြည်မှာ စစ်တပ်ထောက်ခံထားတဲ့ ပါတီက ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ရင် စစ်တပ်ရဲ့ အာဏာစက် မကျဆင်းအောင် အရပ်သားအစိုးရတစ်ရပ်ကို အပြိုင်ဖွဲ့စည်းခွင့်ပေးပြီး အမှန်တကယ် အာဏာချုပ်ကိုင်ထားရမယ့် နေရာတွေမှာ စစ်တပ်ကိုကြီးစိုးခွင့် ပေးထားတဲ့ အရပ်ဘက်၊ စစ်ဘက် အစိုးရနှစ်ရပ်အသွင် ပုံဖော်ထားတဲ့နိုင်ငံအဖြစ် တမင်ဖန်တီးထားခဲ့ပါတယ်။ စစ်အာဏာ အရပ်ဘက်မှာ လွှမ်းမိုးမှုမရှိမှ ဒီမိုကရေစီနိုင်ငံအဖြစ် ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရအနေနဲ့ လွတ်လပ်စွာ အချုပ်အချာအာဏာကို ကိုင်စွဲပြီး အပိတ်အပင် အတားအဆီးမရှိဘဲ ပြည်သူပြည်သားအကျိုးအတွက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ အဓိကကျတဲ့ ပြည်သူ့ရဲတွေဟာလည်း အရပ်သားအုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ စစ်တပ်ကနေ ပြောင်းလဲလာပြီး ရဲတပ်ဖွဲ့မှာ မိုးကျရွှေကိုယ်တွေအဖြစ်နဲ့ ထိပ်ပိုင်းအုပ်ချုပ်ရေးမှာ နေရာယူထားတဲ့ စစ်ဝတ်ချွတ် အရာရှိတွေအစား ပြည်သူ့ရဲသင်တန်းကျောင်းဆင်း အောက်ခြေကတက်လာတဲ့ ရဲအရာရှိတွေက ရဲချုပ်တို့၊ ရဲမှူးကြီးတို့နေရာတွေမှာ တာဝန်ယူစေတဲ့ စနစ်ကို ပြန်လည် အစားထိုးပြီး လူမှန်နေရာမှန်ဖြစ်အောင် လုပ်မှသာ အရပ်သား အုပ်ချုပ်ရေးကို အပေါ်ကနေ လာရောက်တက်ထိုင်ပြီး ဗိုလ်ကျစိုးမိုးနေမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် ပုံသွင်းမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခက်အခဲတွေ ညစ်ပတ်မှုများစွာတွေကို ဆက်လက်ကျော်လွှားနေရမှာ ဖြစ်ပြီး ပြည်သူတွေကလည်း တော်လှန်ရေးသတိရှိရှိနဲ့ စစ်အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်ခွင့် မပေးနိုင်အောင် သက်တမ်းနုနယ်နေသေးတဲ့ အရပ်သားအစိုးရကို ကျားကန်ပေးကြဖို့လိုကြောင်း ရေးသားလိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄မျိုးဆက်)
The Ladies News Journal[full-post]

နေပြည်တော်၊ မေ ၁၁
------------------------
ကချင်ပြည်နယ်၊ လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်လုပ်ငန်း လုပ်ကွက်သစ်များအား ထပ်မံလုပ်ကိုင်ခွင့်မပြုတော့ဘဲ လက်ရှိတူးဖော်နေသည့် လုပ်ငန်းများကိုလည်း ဥပဒေဖြင့် ကန့်သတ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်တွင် ပြောသည်။

“ဝန်ကြီးဌာနအနေနဲ့ ကျောက်စိမ်းလုပ်ကွက်သစ်တွေကို ထပ်မံချပေးတော့မှာ မဟုတ်တဲ့အပြင် လက်ရှိတူး ဖော်နေတဲ့ ကျောက်စိမ်းရိုင်းတူးဖော်တဲ့ လုပ်ငန်းတွေကိုပါ ဘေးအန္တရာယ်လျော့ပါးအောင်၊ သဘာဝ ပတ်ဝန်း ကျင်မထိခိုက်အောင် ဥပဒေရေးဆွဲပြီး ကန့်သတ်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

ကချင်ပြည်နယ်တွင် အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာပျက်စီးနေပြီး မြေစာပုံပြိုကျ၍ အသက်ဆုံးရှုံးမှုများစွာ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်စိမ်းတူးဖော်ကုမ္မဏီများအား ဥပဒေနှင့်အညီ စနစ်တကျ ထိထိရောက် ရောက်တားမြစ်ပေးရန် လိုအပ်နေကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ထောက်ပြ ပြောဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တွင်ရှိသော ကျောက်စိမ်းသယံဇာတများအား အတိုင်းအ ဆမဲ့တူးဖော်မှု မရှိစေရေး၊ မြေစာပုံပြိုကျမှုဖြစ်စဉ်များ လျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေ ရေး ဥပဒေများရေးဆွဲနေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အတည်ပြု ပြောကြားသည်။

“ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီများ ဥပဒေချိုးဖောက်မှုတွေကို အမြန်ဆုံးထိထိရောက်ရောက် အရေးယူ ဖို့လိုနေပါပြီ၊ မြေပြင်အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေ အမြန်ဆုံး ကွင်း ဆင်းကြည့်ပါလို့ပဲ ပြောချင်တယ်”ဟု ဦးခင်မောင်မြင့်က တိုက်တွန်းပြောကြားသည်။

ကျောက်စိမ်းနယ်မြေ၌ စက်ယန္တရားနှင့် မြေသယ်ယဉ်အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး ကျောက်စိမ်းတူးဖော်မြေ (၁၀) ဧကအောက် ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး(၅)စီးနှင့် မြေစာသယ်ယူနိုင်သည့် မြေသယ်ယဉ် (၂၀) စီး၊ (၁၀) ဧကမှ ဧက(၃၀) အထိ ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး(၁၂)စီးနှင့် မြေစာသယ်နိုင်သည့် မြေသယ်ယဉ် (၃၆) စီး၊ မြေဧက (၃၀)နှင့် အထက် ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး (၂၀) စီးနှင့် မြေစာ သယ်ယူနိုင်သည့် မြေသယ်ယဉ်(၄၈)စီး ဟူ၍၄င်း သတ်မှတ်ထားကြောင်း သိရသည်။

“ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ကျောက်စိမ်းတူးဖော်ရာမှာ စက်ယန္တရားတွေကို အလွန်အကျွံ သုံးစွဲမှုမရှိစေရေး ပုံမှန်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု ၄င်းက ဖြည့်စွက် ပြောသည်။

အစိုးရသစ်လက်ထက် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ခြင်းမှ ထွက်ရှိလာသော မြေစာပုံများကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြေစာပုံရန် မြေနေရာ (၁၂) နေရာကို သတ်မှတ်ပေးခဲ့ပြီး မြေစာပုံများ ပြိုကျမှု အန္တရယ် ဖြစ်ပွားနိုင်ခြင်းရှိ မရှိကို ဖားကန့်မြို့နယ် မြေစာစွန်ပစ်မှုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စိစစ်လျက်ရှိကြောင်း သိရသည်။

“ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီများအနေနဲ့ သတ်မှတ်ထားတဲ့ မြေစာ စွန့်ပစ်စည်းကမ်းများ၊ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်မှု မရှိရင် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးက ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်တွင် အတည်ပြု ပြောကြားသည်။

လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် တို့တွင် ကျောက်စိမ်းတူးဖော် ဧရိယာ ၁၇၄၄၇၅၇ ဧကရှိပြီး နိုင်ငံတော်နှင့် ပူးပေါင်းတူးဖော်သည့် လုပ်ကွက် ၃၀၅ ကွက်နှင့် ပုဂ္ဂလိကလုပ်ကွက် ၇၃၄၄ ကွက်တို့အား လုပ်ပိုင်ခွင့်ပေး ထားလျှက်ရှိသည်။

ကိုပေါက်

Photo - Jan Khone
The Ladies News Journal


မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ အစည်းတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကြီးအကဲတွေကို နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေး ကဏ္ဍ အရေးကြီးတယ်ဆိုတာကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဟန်ချက်ညီ လုပ်ဆောင်ဖို့ တိုက်တွန်းပြီး ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ အခြေစိုက် ကုလ သမဂ္ဂ အဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြီးအကဲတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံတွင်း ပညာရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စ အရေးကြီးတဲ့ အကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“အဓိကတော့ Exchange of View ပေါ့နော်။ ကျနော်တို့ ဆွေးနွေးပွဲမှာတော့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရေတို စီမံချက်တွေ နောက် ရေရှည်ရည်မှန်းချက်တွေ ချမှတ်အကောင်အထည်ဖော်ရေး ကိစ္စတွေ နောက်ပြီးတော့ ကုလသမဂ္ဂရဲ့ SDG ရည်မှန်းချက်တွေ ပြည့်မှီရေး အဲဒီကိစ္စတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂရယ်၊ နောက်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ ပူးပေါင်းဆောင်ရွက်မယ့် Future Corporation aတွပေါ့နော်၊ အဲဒါတွေကို ဆွေးနွေးခဲ့တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အရေးပါမှုကိုလည်းကျနော်တို့ ၀န်ကြီးကနေပြီးတော့ Stress လုပ်ခဲ့ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ရှိနေသေးတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်း စားနပ်ရိက္ခာ အပါအ၀င် အရေးပေါ် အကူအညီတွေ၊ နောက် လတ်တလော တိုက်ပွဲတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေကြောင့် ပုံမှန် အခြေအနေ မရှိသေးဘဲ ဒုက္ခသည် စခန်းတွေ ရှိနေဆဲ ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေကြတာပါ။အရင် အစိုးရ လက်ထက်တုန်းကတော့ ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက်အပံ့ ပေးရေးမှာ ကန့်သတ်ချက် တချို့လည်း ရှိခဲ့ပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးသစ်နဲ့ ကုလ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံတာမှာတော့ သီးခြား အကူအညီပေးရေး လုပ်ငန်းစဉ် တခုချင်းစီ အလိုက် ဆွေးနွေးခဲ့တာမျိုးတော့ မရှိဘဲ ရှေ့လုပ်ငန်းစဉ်တွေကိုသာ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ ဆရာမတို့ သိတဲ့အတိုင်း UN အေဂျင်စီတွအကုန် နောက်ပြီးတော့ ဒီ International Organizations aတွနဲ့ ဆွေးနွေးတာဆိုတော့လေ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ General ပုံစံမျိုးနဲ့ ဆွေးနွေးတာရှိပါတယ်။ ဘာသာရပ်တခုကို အသေးစိတ်ဆွေးနွေးတာတော့ မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့မြန်မာနိုင်ငံနဲ့ ကုလ သမဂ္ဂရယ် အခြား International Organizations တွေနဲ့ အရှေ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ Forward Looking နဲ့ ဆွေးနွေးကြတာပါခင်ဗျ။”

နိုင်ငံတကာ အကူအညီတွေနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုတော့ ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံတကာ အကူအညီတွေက ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့၊ ရေရှည် အကျိုးရှိဖို့၊ နောက် လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မသိင်္ဂီထိုက်
VOA Burmese News

ဘင်္ဂလားဒေ့ရှ် Islamic ခေါင်းဆောင်ကို ကွပ်မျက်
ဘင်္ဂလားဒေ့ရှ် Islamic ခေါင်းဆောင်ကို ကွပ်မျက်

၁၉၇၁ ခုနှစ် ပါကစ္စတန်နိုင်ငံကနေခွဲထွက်မယ့် လွပ်လပ်ရေးတိုက်ပွဲကာလအတွင်း ရာဇ၀တ်မှုကျူးလွန်ခဲ့တဲ့ အစ္စလာမ်မစ် ထိပ်တန်းခေါင်းဆောင်တယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကွပ်မျက်လိုက်ပါတယ်။ အသက် ၇၃ နှစ်အရွယ်၊ Jamaat-e-Islami ပါတီခေါင်းဆောင် Motiur Rahman Nizami ကို ဗုဓ္ဒဟူးနေ့အစောပိုင်းက Dhaka ဗဟိုအကျည်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်တာလို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကပြောပါတယ်။ ပြီးခဲ့တဲ့ ကွပ်မျက်မှုတွေအပြီး ဆန့်ကျင်ကန့်ကွက်မှုတွေဖြစ်ပွါးခဲ့သလိုမျိုး နောက်ထပ် ဆန္ဒပြမှုတွေဖြစ်ပွါးမလာအောင် အာဏာပိုင်တွေက နိုင်ငံတ၀ှမ်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ကိုးလကျော်ကြာဖြစ်ပွါးခဲ့တဲ့ စစ်ပွဲကာလအတွင်း Nizami အပေါ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ မီးရှို့မှုတွေ အပါအ၀င်စွဲချက် ၈ ခုနဲ့ ၂၀၁၄ ခုနှစ်အတွင်း ခုံရုံးဖွဲ့စစ်ဆေးခဲ့တာပါ။ သူကတော့ စွဲချက်အားလုံးကိုကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။

အဲ့ဒီကာလတုန်းက အရှေ့ပါကစ္စတန်လို့ခေါ်ပြီး လွပ်လပ်ရေးရပြီးတဲ့နောက် Bangladesh လို့နာမည်တွင်ခဲ့တဲ့ဒေသမှာဖြစ်ပွါးခဲ့တဲ့ ကိုးလကြာ စစ်ပွဲကာလအတွင်း ပါကစ္စတန်စစ်သားတွေကို ဒေသခံတွေက ပူးပေါင်းကူညီခဲ့တဲ့ပြီး လူပေါင်း၃ သန်းကိုသတ်ဖြတ်ခဲ့ရုံမက၊ အမျိုးသမီးပေါင်း ၂ သိန်းကို အဓ္ဓမပြုကျင့်ခဲ့သလို လူပေါင်း ၁၀ သန်းကိုလည်း နေရပ်စွန့်ခွါထွက်ပြေးစေခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောပါတယ်။
VOA Burmese News

myanmar-uib-workers-620.jpg ဧပြီလအတွက် လစာရရှိရေး Myanmar UIB အထည်ချုပ်စက်ရုံ အလုပ်သမား ၆ဝဝ ကျော် စက်ရုံဝင်းထဲမှာ မေလ ၁၁ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်က Myanmar UIB အထည်ချုပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော်ဟာ ဧပြီလ တစ်လစာ လုပ်ခမရတာကြောင့် စက်ရုံဝင်းထဲမှာ ဆန္ဒပြနေကြတာ ၃ ရက်ရှိနေပါတယ်။

ဒီလ ၁၄ ရက်နေ့မှာ လစာပေးမယ်လို့ ပြောဆိုထားကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ တဲ့ ရွှေပြည်သာ အလုပ်သမား သမဂ္ဂခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုမျိုးမင်းမင်းက ပြောပါတယ်။

စက်ရုံက လုပ်ခလစာပေးဖို့ နောက်ကျတာဟာ ၈ လနီးပါးရှိနေပြီး ဒီတခေါက်ဟာ တစ်လစာ မပေးနိုင်တာဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ရှိပြီး ကုတ်အင်္ကျီချုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
RFA

 (နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံဆွေးနွေးစဉ်) ဓါတ်ပုံ - မျိုးသန့်ခိုင်/RFA
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ဟာ အရင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး အခုအစိုးရဖြစ်လာတဲ့အခါမှာ ILO အနေနဲ့ အလုပ်သမားအခွင့်အရေး အလုပ်အကိုင်စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာပြည်တာဝန်ခံ Ms. Piyamal Pichaiwongse က အခုလို ပြောပါတယ်။

"ILO အဖွဲ့ဟာ အဓမ္မလုပ်အားပေးတွေ ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အဲ့ဒီအလုပ်တွေမှာ အန်အယ်လ်ဒီက နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုအစိုးရဖြစ်လာတဲ့အခါ ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အသစ်ကနေ ပြန်စနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ရေး၊ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာတွေ ရရှိရေး၊ အလုပ်သမားအခွင့်အရေးနဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်လို့" Ms. Piyamal က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ILO အဖွဲ့ရဲ့ ရည်မှန်းချက်တွေဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိခဲ့တာဖြစ်လာသလို အစိုးသစ်လက်ထက်မှာ ပိုပြီးမျှော်လင့်ချက်တွေ ထားရှိနိုင်တာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC စတဲ့ ၂၅ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များ ၂၆၀၀ ကျော်အထိ ရှိလာပြီဖြစ်ရာ ရခိုင်ပြည်နယ်အစိုးရ အနေဖြင့် အမြန်ဆုံး အကူအညီပေးရေး အတွက် မေလ ၁၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တတိယနေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။

ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက် တွင် စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက် နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့် ချိန်တွင် နေရပ်စွန့်ခွာ လာခဲ့ရပြီး နေရပ်သို့ ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန် အရေးကြီးအဆို တစ်ရပ်ကို တင်သွင်းခဲ့ရာ သဘောတူညီခဲ့ပြီး မေလ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လိုအပ်တဲ့ အထောက်ပံ့ ကူညီရေးတွေကို လုပ်ပေးဖို့ လိုအပ်လာပြီ။ ပြီးတော့ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေ;၊ စားဝတ်နေရေးစတဲ့ လူမှုဘဝ အထောက်အကူတွေကို ပေးဖို့ လိုအပ်ပါတယ်” ဟု စစ်တွေမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ထောက်ပံ့ကူညီရေးများ ပြုလုပ်နိုင်ရန်အတွက် စစ်တမ်းများကို စနစ်တကျ ကောက်ယူပြီးမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း မှတ်တမ်းကောက်ယူရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ကိုယ်စားလှယ် ဖြစ်သည့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာ တိမ်းရှောင် လာနေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရများ အနေဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အရေးကြီးအဆို ကို မေလ ၆ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဒေါ်ခင်စောဝေမှ လူမှု့ကွန်ရက်မီဒီယတွင် တင်ခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်အား အထင်မြင်မှားစေသည့် ပြောဆိုရေးသားချက်များကို ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။ ရခိုပြည်နယ်လွှတ်တော်၌ ကျင်းပသည့် ဆွေးနွေးမှုများတွင် အန်အယ်ဒီဘက်မှ ရခိုင်ဝန်ကြီးချုပ် အပါအ၀င် ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies


ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းဖို့ ခွင့်တောင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က အဆိုတင်သွင်းခွင့်မရတာကို ပြည်တွင်း ပြည်ပမီဒီယာတွေကို ထုတ်ဖေါ်ပြောကြားခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က သတိပေးပြောကြားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ ဦးဝင်းမြင့်က ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအရေး အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး သတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးအဆိုမတင်ဖို့ လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်တို့ကို ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အဲဒါအပြီးမှာ ဒေါ်ခင်စောဝေက အဆိုတင်ခွင့်မရတာကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်တင်လိုက်သလို သတင်းမီဒီယာတွေကိုလည်း ထုတ်ဖေါ်ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ဖေါ်ပြောဆိုမှုဟာ ပြည်သူတွေအနေနဲ့ လွှတ်တော်ကို အထင်အမြင်လွဲမှားစေတယ်လို့လည်း ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒေါ်ခင်စောဝေ တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အဆိုထဲမှာ AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို ဖိတ်ခေါ်ဖို့ဖြစ်ကြောင်း၊ အပစ်ခတ်ရပ်စဲရေးအတွက် တိကျမှန်ကန်တဲ့ လုပ်ငန်းစဉ်များ ချမှတ်ပြီး ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားတွေကို လမ်းပြအဖြစ် ပေါ်တာဆွဲခံရတာတွေရှိကြောင်း စတဲ့အချက်တွေ ပါရှိတယ်လို့ ဥက္ကဌ ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတော်က အကူအညီပေးရန် ခေါင်းစဉ်တပ်ပြီး AA လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် ဦးတည်တဲ့ ဆွေးနွေးချက်ကို တွေ့ရှိရတယ်လို့လည်း လွှတ်တော်ဥက္ကဌက ရှင်းလင်းပါတယ်။ အဲ့ဒီလိုအချက်တွေဟာ လွှတ်တော်က ကန့်သတ်ထားတဲ့ အချက်တွေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ငြင်းပယ်ရတာဖြစ်ကြောင်း ရှင်းပြပါတယ်။

လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့ ရှင်းပြချက်အပေါ် အဆိုတင်သွင်းဖို့ ခွင့်တောင်းခဲ့သူ ဒေါ်ခင်စောဝေက အခုလို ပြောပါတယ်။

အဆိုတင်သွင်းခွင့် မရခဲ့တဲ့အတွက် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အစိုးရက အကူအညီပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် ၂၂ ယောက် စုပေါင်းလက်မှတ်ထိုးပြီး ဒီကနေ့ တင်ပြမယ်လို့ ဒေါ်ခင်စောဝေ က ပြောပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


ဟံသာဝတီဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးက ပုဂံရွှေစည်းခုံ ဘုရားတွင် လှူဒါန်းခဲ့သည့် ခေါင်းလောင်းစာကို ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း တင်သွင်းခြင်း

ပုဂံရွှေစည်းခုံဘုရားမှ ဘုရင့်နောင်ခေါင်းလောင်းတွင် ရေးထိုးထားသော ကမ္ပည်းစာသည် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်း တရားကြီး ၏ ဆောင်ရွက်ချက်များကို ဖော်ပြသော ပါဠိ၊ မွန်၊ မြန်မာ၊ သုံးဘာသာဖြင့် ရေးထိုးထားပါသည်။ ခိုင်လုံသော ခေတ်ပြိုင်မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့် တိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်ကြီး၊ မှန်နန်းရာဇဝင်တော်ကြီးများမှ အယွင်းအမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွမ်းနိုင်ခြင်း စသော ဝိသေသလက္ခဏာတို့နှင့် ပြည့်စုံသည့် မော်ကွန်းကမ္ပည်းစာ ဖြစ်ပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းတစ်ခု ဖြစ်သကဲ့သို့ သမိုင်းဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ၊ အနုပညာလက်ရာဆိုင်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါသည်။

ဘာသာစကားနှင့် စာပေဆိုင်ရာ ခိုင်လုံသော မူရင်းအထောက် အထားလည်း ဖြစ်ပါသည်။ ထိုသို့ တန်ဖိုးမြင့်မား လှသည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဘုရင့်နောင်ခေါင်းလောင်းစာကို အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ယခုအခါ ယူနက်စကို-ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အဆိုပြု တင်သွင်းခဲ့ရာ၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာတင်ပြချက်များကို အချော အပြည့်အစုံ အပြီးသတ် ပေးပို့ရမည် ဖြစ်ပါသည်။ သမိုင်းပညာရှင်များ၊ မြန်မာစာပေနှင့် ဘာသာစကား ပညာရှင်များ၊ တက္ကသိုလ်များမှ မြန်မာစာဌာန၊ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနပညာဌာန၊ အရှေ့တိုင်း ပညာဌာနတို့မှ ပညာရှင်များထံ ပေးပို့၍ အကြံဥာဏ်များ တောင်းခံလျက် ပြင်ဆင်ရေးသားခဲ့ကာ ၂၀၁၆ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပေးပို့တင်ပြနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ခရစ်နှစ် ၁၅၅၇ ခုနှစ်(၁၆ ရာစု)တွင် ရေးထိုးထားသော ယင်း ဘုရင့်နောင်ခေါင်းလောင်းစာသည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် လူမှုစီးပွားဆိုင်ရာနည်းပညာများ၊ နိုင်ငံရေးအခြေအနေ၊ ကိုးကွယ် ယုံကြည်မှုနှင့် တိုင်းရင်းသားတို့၏ လူမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်ဖော်ပြနေသော မော်ကွန်းကမ္ပည်း တစ်ရပ် ဖြစ်ပါသည်။

ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည် ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထား သောကြောင့် မြန်မာ့သမိုင်းဆိုင်ရာကွင်းဆက်များကို မှန်ကန်စေရေးအတွက် ဆက်စပ်ညှိနှိုင်းလေ့လာရာတွင် တိကျခိုင်မာသော စာပေဆိုင်ရာ၊ သမိုင်းဆိုင်ရာ မူရင်း အထောက်အထာတစ်ရပ်လည်း ဖြစ်ပါသည်။ ပါဠိ၊ မွန်၊ မြန်မာ ဘာသာစကားနှင့် အက္ခရာ၊ စာပေ ထွန်းကားမှု အဆင့်အတန်းကိုလည်းဖော်ပြသော ရှေးဟောင်းစာပေ အမွေအနှစ် ရတနာတစ်ခုလည်း ဖြစ်ပါသည်။ ပန်းဆယ်မျိုးအနုပညာ၊ ကြေးသွန်းအတတ်ပညာ၊ ဒြပ်မဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာတွင် သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော်(၁၁)ရက် တနင်္ဂနွေနေ့၌ သီရိပရမမဟာရာဇာ ဘွဲ့တော်ခံ ဟံသာဝတီ ဆင်ဖြူရှင်ဘုရင့်နောင်မင်းတရားကြီးသည် ကြေးခွက် ၂၁၀၀ ဖြင့် ခေါင်းလောင်းကြီးတစ်လုံးသွန်းလုပ်ကာ အနုရုဒ္ပ္ဓမင်း(အနော်ရထာမင်း) နှင့် ထိလိုင်မင်း (ကျန်စစ်သား မင်း) တို့၏ ကောင်းမှုတော်ဖြစ်သော ပုဂံ-ရွှေစည်းခုံဘုရားရင်ပြင်တော်တွင် ချိတ်ဆွဲလှူဒါန်းခဲ့ကြောင်း အလှူမှတ်တမ်း ကမ္ပည်းမော်ကွန်း ရေးထိုးထားပါသည်။ ထို့ပြင် နိုင်ငံတော်စည်းရုံးရေးအတွက် ဆောင်ရွက်ချက်များ၊ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကိုလည်း အောက်ပါအတိုင်း
လေ့လာတွေ့ရှိရပါသည်။-
-သက္ကရာဇ် ၉၁၂ ခု၊ တပို့တွဲလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ - ကေတုမတီကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တော်သလင်းလကွယ်နေ့ - သရေခေတ္တရာပြည်ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၃ ခု၊ တန်ခူးလဆုတ် ၃ ရက်၊ စနေနေ့ - ဟံသာဝတီသို့ ချီတော်မူကြောင်း၊
-သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း ၁၀ ရက်၊ သောကြာနေ့ - ကမ္ဘောဇသာဒီနန်းတော်တွင် ဘိသက်ခံကြောင်း၊
-သက္ကရာဇ် ၉၁၆ ခု၊ တပေါင်းလဆန်း ၂ ရက်၊ အင်္ဂါနေ့ - အဝ(အင်းဝ)ကို အောင်တော်မူကြောင်း၊
-သက္ကရာဇ် ၉၁၈ ခု၊-
- နတ်တော်လဆန်း ၈ ရက်၊ တနင်္လာနေ့ - အဝ(အင်းဝ)သို့ ထပ်မံချီတော်မူကြောင်း၊
- ပြာသိုလဆုတ် ၉ ရက်၊ကြာသပတေးနေ့ - အင်းဝရွှေနန်းသို့ ရောက်တော်မူကြောင်း၊
- တပို့တွဲလဆန်း ၉ ရက်၊သောကြာနေ့ - ကြည်းအားရေအားဖြင့်ချီတော်မူကြောင်း၊
- တပို့တွဲလဆုတ် ၁၁ ရက်၊တနင်္လာနေ့ - မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းကို အောင်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၁ ရက်၊တနင်္လာနေ့ - စေတီတည်တော်မူကြောင်း၊
- တပေါင်းလဆန်း ၁၃ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - သရီရဓာတ်တော် ထာပနာတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၅ ရက်၊ ဗုဒ္ပ္ဓဟူးနေ့ - မိုးမိတ်က ချီတော်မူကြောင်း၊
- တပေါင်းလပြည့်ကျော် ၈ ရက်၊ စနေနေ့ - ဓိကျည်(ထီးချိုင့်)သို့ ရောက်တော်မူကြောင်း၊
- တန်ခူးလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့ - ချီတော်မူကြောင်း၊
- တန်ခူးလဆန်း ၇ ရက်၊ စနေနေ့ - မိုးညှင်းကို အောင်တော်မူကြောင်း၊
- တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ကြာသပတေးနေ့ - မိုးကောင်းကို အလိုတော်ပြည့်ကြောင်း၊
-သက္ကရာဇ် ၉၁၉ ခု၊-
- ကဆုန်လဆန်း ၅ ရက်၊သောကြာနေ့- မိုးကောင်းစော်ဘွား၊မိုးညှင်းစောလုံတို့ထပ်လောင်းသစ္စာပြုကြောင်း၊
- ကဆုန်လဆန်း ၁၂ ရက်၊ သောကြာနေ့- မိုးကောင်းက ပြန်တော်မူကြောင်း၊
- နယုန်လပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွေနေ့-ခေါင်းလောင်းတော်သွန်းလုပ်လှူဒါန်းတော်မူကြောင်း။
ဘုရင့်နောင်ခေါင်းလောင်းစာတွင် ဖော်ပြထားချက်များအရ ဟံသာဝတီ
ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး၏ ဘွဲ့တော်မှာ သီရိပရမ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ကြောင်း၊ မိဖုရားကြီး၏ ဘွဲ့တော်မှာ သီရိအဂ္ဂမဟာရာဇာဒေဝီ ဖြစ်ကြောင်း၊ မင်းမိဖုရားနှစ်ပါးတို့သည် ကမ္ဘောဇသာဒီနန်းတော်၌ သက္ကရာဇ် ၉၁၅ ခု၊ တပို့တွဲလဆန်း(၁၀)ရက်တွင် ဘိသိက်မင်္ဂလာခံယူတော်မူခဲ့သည့် သမိုင်း အထောက် အထား တစ်ရပ် ကို တွေ့ရှိရ ပါသည်။

ဘုရင့်နောင်ခေါင်းလောင်းစာသည် သာသနာ့အမွေအနှစ်ဆိုင်ရာ အထောက်အထားတစ်ရပ်လည်း ဖြစ်ပါသည်။ ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးသည် ကေတုမတီ(တောင်ငူ)၊ သရေခေတ္တရာပြည်၊ အဝ(အင်းဝ)၊ မိုးမိတ်၊ သီပေါ၊ မိုးညှင်း၊ မိုးကောင်း၊ ဓိကျည်(ထီးချိုင့်)စသော ဒေသများကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြောင်း၊ ကြွချီရာလမ်းခရီးတစ်လျှောက်၊ ရောက်ရှိရာ နေရာဒေသအသီးသီးတွင် ကုသိုလ်ဟောင်းတို့ကို ပြုပြင်၍ ၊ ကုသိုလ်အသစ်များကို ပြုစုခဲ့ကြောင်း၊ ထို့ကြောင့်မွန်တိုင်းနိုင်ငံ၊ မြန်မာတိုင်းနိုင်ငံအလုံး ရွှေဘုရား၊ ရွှေစေတီ၊ ရွှေဂူ၊ ရွှေဆင်းတု၊ ရွှေကျောင်း၊ ရွှေဇရပ်၊ ရွှေတန်ဆောင်း ပြောင်ပြောင်ထွန်းပလျက် ဗုဒ္ပ္ဓသာသနာတော် ပွင့်လင်းစည်ပင်ရကြောင်း၊ အတိအလင်း ဖော်ပြထားပါသည်။

သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)သို့ သင်္ဘောဖြင့်သွားရောက်၍ ကုသိုလ်ဟောင်းများကို ပြုပြင်စေခဲ့ ကြောင်း၊ သိန်ဃိုဝ်ကျွန်း(သီဟိုဠ်ကျွန်း)မှ သရီရဓာတ်တော်များကို သံဃာတော်တို့က သင်္ဘောဖြင့် ဟံသာဝတီသို့ ပင့်ဆောင်ခဲ့ပြီး၊ နှစ်မပြတ်-လမပြတ်-နေ့မပြတ် လှူဒါန်းဖြည့်တင်းတော်မူခဲ့ကြောင်း၊ ခေါင်းလောင်းစာတွင် ဖော်ပြထားရာ ဗုဒ္ပ္ဓသာသနာတော် ပြုစုခြင်းငှာ သီဟိုဠ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေအတွက်လည်း သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ် ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်း ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် ကြွချီတော်မူရာတွင် ရွှေဖောင်တော် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်ဖြင့် ဆင်ယင်သော၊ အရောင်အဝါနှင့် ပြည့်စုံသော ရွှေဖောင်တော်ထက်တွင် စီးခဲ့ကြောင်း၊ စူလာမနိ အမည်ရှိသော သုံးဆယ့်သုံးလံနှစ်တောင် အလျားရှိသော၊ အတုမရှိသော ရွှေလောင်းမ၊ ငွေဗိမာန်၊ နှစ်ဆယ့်ခုနစ်လံနှစ်တောင်အလျားရှိသည့် ဦးပြာသာဒ်၊ ပဲ့ပြာသာဒ်၊ အလယ်ပြာသာဒ်၊ ရတနာတို့ဖြင့်ပြီသော အရောင်အဝါတင့်တယ်စွာ အတုမရှိသော ရွှေစလာကပင်၊ ရွှေရဲလှေ၊ ရွှေလှော်ကား၊ ရွှေသံလှေတို့ဖြင့် ချီတော်မူကြောင်း ဖော်ပြထားပေရာ ရေတပ်တော်(လှေတပ်တော်)ဖြင့် မင်းခမ်းမင်းနား ခင်းကျင်းဆင်ယင်ပုံနှင့် တောင့်တင်းခိုင်မာ စည်းလုံးညီညာသော အင်အားရှိခဲ့ပုံတို့ ထင်ဟပ်နေသည့် ခေတ်ကြေးမုံကို တွေ့မြင်ရ ပါသည်။
မိုးကောင်း၊ မိုးညှင်း၊ သီပေါ၊ မိုးမိတ် ရှမ်းနှစ်ပြည်ထောင်တွင် သူကောင်းတစ်ယောက် သေဆုံးလျှင် ယောက်ျား၊ မိန်းမကိုသတ်၍ ထည့်သည်ကို၊ မိစ္ဆာဒိဋ္ဌိအကျင့်ကျင့်သည်ကို မကျင့်နှင့်ဟူ၍ သစ္စာရေတိုက်ကာ ထားတော်မူလျက် ကာကွယ်စောင့်ရှောက်ပေးတော် မူခဲ့သော ဆောင်ရွက် ချက်များကိုပါ ဘုရင့်နောင် မင်းတရား၏ ခေါင်းလောင်း စာတွင် ဖော်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးတို့၏ ပြုပြင်သင့်သော အယူအကျင့် များကို ပယ်နုတ်ပေးခဲ့ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ၊ မနုဿဗေဒဆိုင်ရာ အမွေအနှစ် အထောက်အထားများ အဖြစ် တွေ့ရှိနိုင်ပါသည်။

ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် ပုဂံ၊ ရွှေစည်းခုံဘုရားမှ ခေါင်းလောင်းသည်လည်းကောင်း၊ ခေါင်းလောင်းတွင်ရေးထိုးထားသော ကမ္ပည်းမော်ကွန်းစာသည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့ဖြင့် တန်ဆာဆင်အပ်သော အထောက်အထားဖြစ်သောကြောင့် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့ပါသည်။ ထိုထက်ပို၍ ကမ္ဘာ့လူသားအားလုံးက တန်ဖိုးထားထိန်းသိမ်းသင့် ထိန်းသိမ်း အပ်သော၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော၊ ထူးခြားရှားပါးသည့်၊ တန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်သောကြောင့် ယူနက်စကို-ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (UNESCO Memory of the World) တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ မကြာတော့သော ကာလတွင် ပုဂံ၊ ရွှေစည်းခံဘုရားရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာသည်လည်း မန္တလေးမှ ကုသိုလ်တော်ဘုရားကျောက်စာများကဲ့သို့လည်းကောင်း၊ ပုဂံ မြို့ဟောင်းရှိ မြစေတီကျောက်စာ(ခေါ်) ရာဇကုမာရ်ကျောက်စာများကဲ့သို့လည်းကောင်း ယူနက်စကို-ကမ္ဘာ့ မှတ်တမ်းစာရင်းဝင်အမွေအနှစ်တစ်ရပ် ဖြစ်လာတော့မည်ဟု အလေးအနက် ယုံကြည်မျှော်လင့်မိပါသတည်း။

၁၁-၅-၂၀၁၆

ဆောင်းပါးရေးသားတင်ပြသူ - ထူးထူးဝင်း(ရှေးဟောင်းသုတေသန)
ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန။

ကိုးကားချက်
ချစ်သိန်း၊ ဦး(ရှေးဟောင်းသုတေသနဝန်)။ (၁၉၆၅)။ မွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ပြည်ထောင်စု
ယဉ်ကျေးမှုဌာန၊ ရှေးဟောင်းသုတေသနဌာနခွဲ။
တိုးလှ။ ဒေါက်တာ။(၁၉၈၀၊ နိုဝင်ဘာ)။ ဟံသာဝတီဆင်ဖြူရှင်၏ ကုသိုလ်တော်ခေါင်းလောင်းစာ လေ့လာချက်။
တက္ကသိုလ်ပညာပဒေသာစာစောင်၊ အတွဲ ၁၄၊ အပိုင်း ၆၊ စာ(၃၅-၅၃)။ ရန်ကုန်၊ သမိုင်းသုတေသန။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးဌာနခွဲမှ မှတ်တမ်းများနှင့် ၄င်းဌာနခွဲမှ ရရှိသော သတင်းအချက်အလက်များ။

Ministryof Culture
https://www.facebook.com/ministryofculturenews