05/15/16

ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ် (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ် (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးမှာ အခြေစိုက်ထားတဲ့ SSPP/SSA မြောက်ပိုင်းတပ်စခန်းတွေကို အစိုးရတပ်ဘက်က လေကြောင်းနဲ့ပါ တိုက်စစ်ဆင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၆၀၀ ကျော်နေပြီလို့ အကူအညီပေးနေသူတွေကပြောပါတယ်။ အဲဒီ ဒုက္ခသည် တွေအတွက် လတ်တလောမှာ နေထိုင်စားသောက်ရေး အတော်လေး အခက်တွေ့နေကြတယ်လို့လည်း ပြောပါတယ်။ စစ်တပ်ဘက်က စစ်အင်အား ပိုတိုး ချလာတဲ့အတွက် တိုက်ပွဲပိုပြင်းလာမယ့် အနေအထားရှိနေပြီး ဒေသတွင်းတည်ငြိမ်ရေး စိုးရိမ်နေကြပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဘက်က ငါးနှစ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောပြီးနောက်မှာမှ အခုလို တိုင်းရင်းဒေသတွေမှာ စစ်ရှိန်မြှင့်လာတာကြောင့် အစိုးရသစ်နဲ့ တပ်မတော်သဘောထားကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့လည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေး မှူးက သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြထားတာ အသေးစိတ် နားဆင်ပါ။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးထားတဲ့ SSPP/SSA ရှမ်းမြောက်ပိုင်းတပ်ကို အစိုးရတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပုံဝိုး-ဟိုင်းကွေ ကျေးရွာအုပ်စုတွေဘက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပိုပြီးတော့မှ ဒီရက်ပိုင်းအတွင်း ပိုပြင်းထန် လာနေပါတယ်။ တပ်မတော်ဘက်က လေကြောင်းနဲ့ပါ ထိုးစစ်ဆင်ခဲ့တယ်ဆိုတဲ့ ရှမ်းမြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား နောက်ဆုံး စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး SSPP/SSA ရှမ်းမြောက်ပိုင်းတပ်က ဗိုလ်မှူးကြီး ဖိုင်းဖက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၁၁ ရက်၊ ၁၂ ရက်နေ့တွေကစပြီး ရှမ်းမြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တယ်။ ၁၃ ရက်နေ့မှာတော့ စစ်သုံး ရဟတ်ယာဉ်တွေနဲ့ လာပစ်တယ် ၁၄ ရက်နေ့အထိပါပဲ။ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ SSPP အနေနဲ့က အစိုးရသစ်တက်လာတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ် လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခုလို တပ်မတော်ဘက်က တပ်ကိုသွားတိုက်တဲ့အတွက် ပြန်ခုခံရာကနေ အခုလိုတိုက်ပွဲတွေဖြစ်လာရတာ အစိုးရသစ် အနေနဲ့ ငြိမ်းချမ်းရေးအမှန်တကယ်လိုလားတယ်ဆိုရင် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို ဖိဖိစီးစီးဖြစ်အောင် ဖြစ်အောင် လုပ်မယ်ဆိုရင် တကယ်ငြိမ်းချမ်းရေး ဖြစ်နိုင် ပါတယ်”လို့ ဗိုလ်မှူးကြီးဖိုင်းဖကပြောခဲ့တာပါ။

အခုလိုမျိုး ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ အစိုးတပ်ဘက်က စစ်အင်အားတွေ ထပ်တိုးချလာတဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်လာမယ့် အနေအထားရှိတဲ့အပေါ် စိုးရိမ်ပြီး ဒေသခံတွေ နေရပ်စွန့် ထွက်ပြေးကြတာပါ။ နောင်ပိန်ဘက်ကို ပြေးသွားတဲ့ ဒုက္ခသည်တွေ နေထိုင်စားသောက်ရေး အတော်လေး အခက်တွေ့ နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရှမ်းလူငယ်တွေနဲ့ ရှမ်းလူထုအဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းလူငယ်ကွန်ရက်အဖွဲ့က စိုင်းနော်စိုင်း ကပြောပါတယ်။

“ပုံဝိုး အဲဒီဘက်မှာ SSPP နဲ့ အစိုးရတိုက်ပွဲဖြစ်တယ်။ ဒုက္ခသည်တွေကတော့ နောင်ပိန်ကျေးရွာမှာ ၆၀၀ ကျော်လောက်ရှိတယ်လို့ပြောတယ်။ အခုလက်ရှိကတော့ ပုံဝိုးဘက်ကနေ ပြေးလာတဲ့လူကတော့ နောင်ပိန်ကျေးရွာ ဓမ္မာရုံမှာရယ်၊ဘုန်းကြီးကျောင်း ၂ ကျောင်းရယ် ကျနော်တို့ သိရသလောက် နောင်ပိန်ဘက်မှာဆိုရင် စားသောက်ဖို့တော်တော်အခက်အခဲဖြစ်နေတယ်။ အစိုးရအဖွဲ့အစည်းအနေနဲ့ ဒီ ဒုက္ခသည်တွေကို မျက်ကွယ်မပြုပါနဲ့ လို့ ကျနော်တို့ တိုက်တွန်းချင်တယ်ခင်ဗျ။ လအတန်ကြာ ငြိမ်သွားတဲ့စစ်ပွဲအခုပြန်ပြီးတော့ SSPP ကို အစိုးရ တပ်မတော်ကနေပြန်ပြီးတော့ ထိုးစစ်ဆင်တာကိုတော့ ကျနော်တို့လည်း ပြည်သူတယောက်အနေနဲ့တော့ အရမ်းစိုးရိမ်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုက မိုးဦးလည်းနီးလာပြီ၊ တောင်ပေါ်မျာ စိုက်ပျိုးရာသီရောက်တော့မှာလေ နိုင်ငံရးကို နိုင်ငံရေးနည်းလမ်းနဲ့တော့ တွေ့ဆုံဖြေရှင်းစေချင်တယ်လို့ ကျနော်မေတ္တာရပ်ခံချင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ကြားပါ စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ် ဘက်က မငြိမ်းချမ်းနိုင်သေးတဲ့အခြေအနေအပေါ် ရှမ်းပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနဲ့ အစိုးရစစ်တပ်ဘက်က ဒေသခံပြည်သူတွေရဲ့ ဘဝ တည်ငြိမ်ရေးနဲ့ အသက်ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ပေးရေး ဒေသတွင်းတည်ငြိမ်ရေးကို အလေးထား အရေးတကြီးဆောင်ရွက်ပေးဖို့ ရှမ်းပြည်သူလူထုက လိုလားတယ်လို့ ရှမ်းလူငယ်တဦးဖြစ်တဲ့ စိုင်းဖုန်းခေါင်ကလည်းပြောပါတယ်။

“အခုဟာက အဓိကဖြစ်နေတာက ကျနော်တို့ တိုင်းရင်းသားနဲ့ ပြဿနာပေါ့နော် ။ လူမျိုးစု ရင်ကြားစေ့ရေးနဲ့ ပိုပြီးအရေးကြီးတဲ့အချိန်ကျတော့ ဒီလိုစစ်ပွဲမျိုးတွေကို ရှောင်ရှားသင့်တယ်လို့ပဲ ကျနော်တို့ပြောချင်တယ်ပေါ့နော်။ အဲဒါအပြင်ကိုပဲ ဒီ အစိုးရသစ် အနေနဲ့လည်း ထိန်းသိမ်းနိုင်တဲ့ Mechanism တမျိုးရှိသင့်တယ်ပေါ့နော်။ အခုဟာက လုံခြုံရေး အကြောင်းပြပြီးတော့ အခုဖြစ်နေတဲ့ တိုက်ပွဲမျိုးကလည်း သတ်သတ်မှတ်မှတ် တိုက်ပွဲဆင်သလို သယောင်ယောင် ဖြစ်နေတယ်ပေါ့နော်။ ကျနော်မြင်တာကတော့ အစိုးရကော၊ စစ်တပ်အနေနဲ့ရော ဒီငြိမ်းချမ်းရေးပေါ်မှာ စစ်မှန်တဲ့သဘောထားမျိုးတွေ ပြသင့်တယ်ပေါ့နော်။ နိုင်ငံရေးစကားဆွေးနွေးပွဲဝိုင်း မျိုးတွေဘက်ကို ပိုပြီးဦးတည်သင့်တယ်ပေါ့နော်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ငါးနှစ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောပြီးနောက် ရက်ပိုင်းလေးအတွင်းမှာကိုပဲ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖော်လာတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွဲဖက်အတွင်းရေးမှုး ဦးထွန်းဇော်က အခုလိုသုံးသပ်ပါတယ်။

“ဒီနေ့လိုမျိုးအခြေအနေအောက်မှာတော့ဗျာ မြန်မာတပ်မတော်က တောက်လျှောက် ပြောလာတာရှိပါတယ်။ သဘောထားကြီးဖို့လိုတယ်ဆိုတဲ့ ကိစ္စမျိုးတွေပေါ့နော်။ အခုက မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးလို့ တဘက်က ပြောပြီးတော့ ၊ တဘက်က လုပ်နေတဲ့ကိစ္စကတော့ အပြောနဲ့ အလုပ်က လက်တွေ့မကျဘူးလို့ ကျနော်တို့မြင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေပေါ့နော် စားပွဲဝိုင်းမှာ ဖြေရှင်းပြီးမှ အဖြေရှာတဲ့ ညှိနှိုင်းဆွေးနွေးမှုမျိုးတွေနဲ့ သွားစေချင်တယ်ပေါ့နော်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ တက်လာတဲ့ အစိုးရကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဲဒီလိုဖော်ဆောင်မယ်လို့ ပြင်ဆင်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ အဲဒီလိုအစိုးရက တခုပြင်ဆင်နေတယ်၊ နောက်မြေပြင်မှာကျတော့ တပ်မတော်က တခုလုပ်နေတယ်။ တပ်မတော်က ဒါ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာမရှိပဲနဲ့ သီးခြားဆိုတဲ့ လက္ခဏာမျိုးတွေ့နေရတယ်။ဒီအခြေအနေဆိုရင်တော့ အလားအလာမကောင်းဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက လူထုရည်မှန်းချက်နဲ့ တော်တော်လေးကို ဝေးနေတဲ့အနေအထားမှာ ရောက်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။”

လတ်တလောမှာတော့ SSPP/SSA North ရှမ်းပြည်မြောက်ပိုင်းတပ်၊ ရခိုင်တပ် AA၊ ကချင်လွတ်မြောက်ရေးတပ် KIA ၊ တအာင်းတပ် TNLA တို့နဲ့ မြန်မာအစိုးရတပ်တို့ ကြား တိုက်ပွဲဖြစ်တာတွေကြောင့် စစ်ရေးတင်းမာတဲ့အခြေအနေ ရှိနေတဲ့ဒေသတွေမှာ ဒေသခံရာပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အတော်လေးဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။
VOA Burmese News

ဓါတ်ငွေ့ စက်ရုံ အဝင်အဝ နားမှာ ကားဗုံး ကို ဖောက်ခွဲ ခဲ့တာ ဖြစ်
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် မြောက်ပိုင်းမှာ ရှိတဲ့ သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်တဲ့ စက်ရုံ တစ်ခု မှာ ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့လို့ လူ အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ပြီး အများ အပြား ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

တာဂျီဒေသမှာ ရှိတဲ့ ဓါတ်ငွေ့ စက်ရုံ အဝင်အဝ နားမှာ ကားဗုံး ကို ဖောက်ခွဲ ခဲ့တာ ဖြစ်ကြောင်း အီရတ် စစ်တပ် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဗုံးတွေ တပ်ဆင်ထားတဲ့ ကိုယ်ကျပ် အင်္ကျီ ဝတ်ဆင်ထားတဲ့ တိုက်ခိုက်ရေး သမား ခြောက် ယောက် နဲ့ စစ်တပ်တာဝန်ရှိသူ တို့ အကြားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ လည်း ဖြစ်ပွား ခဲ့ပါတယ်။

တိုက်ပွဲ တွေကြောင့် သဘာဝ ဓါတ်ငွေ့ တင်ဆောင်တဲ့ ကားသုံးစီး လည်း မီးလောင် ပျက်စီး ခဲ့ရကြောင်း မျက်မြင်တွေ့ ရှိသူတွေက ပြောကြား နေပါတယ်။

ဘဂ္ဂဒတ် မြို့ကို IS အဖွဲ့တွေက မကြာခဏ လာရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

သေဆုံးခဲ့သူတွေဟာ စက်ရုံ အလုပ်သမားတွေ နဲ့ လုံခြုံရေး အစောင့်အရှောက်တွေ ဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

ထိုင်းဘုရင်ဘူမိဘောကို ၂၀၁၄ ခုနှစ် မေ ၅ ရက်က ၆၄ နှစ်မြောက် နန်းတက်ပွဲ အခမ်းအနား၌ တွေ့ရစဉ် (Photo: AFP)
ဆေးရုံမှာပင် အချိန်များစွာ ကုန်ဆုံးနေရသော ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်သည် ဒူးရောင်ကိုင်းနေမှုကြောင့် ပဋိဇီဝဆေးများဖြင့် ဆေးကုသမှုခံယူနေရကြောင်း နန်းတော်က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းဘုရင် ဘူမိဘောကို ထိုင်းပြည်သူ အများအပြားက ပုဂ္ဂိုလ်ရေးအရ ထက်ထက်သန်သန် ကိုးကွယ်နေကြသဖြင့် ၎င်း၏ ချူချာသော ကျန်းမာရေးမှာလည်း လူအများ၏ အထူးစိတ်ဝင်စားစရာ အကြောင်းအရာဖြစ်နေသည်။ ဘူမိဘောသည် ၎င်း၏ နာမကျန်းဖြစ်မှုများကြောင့် ပြီးခဲ့သည့် နှစ်နှစ်နီးပါးလုံးလုံး ဆေးရုံမှာပင် နေထိုင်ခဲ့ရသည်။ ထိုအတောအတွင်း လူရှေ့သို့ ထွက်လာမှုနှင့် မိန့် ခွန်းပြောကြားမှုမှာလည်း အလွန်တရာ နည်းပါးခဲ့သည်။

မေ ၁၄ ရက် ညပိုင်းက နန်းတော်၏ ထုတ်ပြန်ချက်ထဲတွင် ယခုသီတင်းပတ် အစောပိုင်းက ဘုရင်သည် အဖျားတက်နေခဲ့ပြီး သွေးပေါင်ချိန်ကျနေကာ ညာဘက်အဆုတ်နှင့် ဒူးခေါင်းမှာ ရောင်ရမ်းနေခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘုရင်၏ ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန်မှာ ပုံမှန်ပြန်လည် ဖြစ်သွားပြီဖြစ်သော်လည်း ဒူးခေါင်းမှာ ရောင်ရမ်းနေဆဲ ဖြစ်သည့်အတွက် ဆရာဝန်များက ပဋိဇီဝဆေးများဖြင့် အရောင်ကျအောင် လုပ်ဆောင်ပေးနေရကြောင်း သိရသည်။ ထို့အပြင် ဘုရင်သည် လေ့ကျင့်ခန်းယူသည့် ကုထုံးကိုလည်း ခံယူနေရသည်ဟု တော်ဝင်မိသားစုနှင့် ပတ်သက်သော သတင်းများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသော နန်းတော်၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။

ဘူမိဘောသည် ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံး ဖြစ်ပြီး ထိုင်းပြည်သူအများစုမှာ ဘူမိဘော၏ အုပ်ချုပ်မှုလက်အောက်တွင်သာ နေထိုင်ခဲ့ကြဖူးသူများ ဖြစ်သည်။ ဆယ်စုနှစ်များစွာ မငြိမ်မသက်ဖြစ်နေသော ထိုင်းနိုင်ငံရေးသည် ဘူမိဘော၏ နန်းသက် အဆုံးသတ်သွားချိန်တွင် ပိုမိုဆိုးရွားလာမည်ကို အများက စိုးရိမ်နေကြသည်။ ဘူမိဘောကို အစိုးရ၏ တရားဝင်ဓာတ်ပုံများတွင် နောက်ဆုံးမြင်ရသည်မှာ ယခင်နှစ် ဒီဇင်ဘာလက ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး တော်ဝင်ကို စော်ကားမှုအား ကာကွယ်သောဥပဒေများ ရှိသည့် နိုင်ငံဖြစ်သည်။ ထိုင်းတော်ဝင်မိသားစုကို စော်ကားဝေဖန်မိပါက ထောင်ဒဏ် ၁၅ နှစ်နှင့်အထက် ကျခံရနိုင်သည်။ ထိုဥပဒေသည် ၂၀၁၄ ခုနှစ် မေလ က စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပိုမို တင်းကျပ်လာခဲ့သည်။

Writer: Ref: AFP
Eleven Media Group

ရုရှ အားကစား ဝန်ကြီး ဗီတာလီ မက်ကို ရဲ့ စာထဲမှာ ရုရှ အနေနဲ့ အကြီးမားဆုံး အမှားအယွင်း ကို ကျူးလွန် ခဲ့

ရုရှ နိုင်ငံရဲ့ တားမြစ်ဆေး အရှုပ်တော်ပုံကြောင့် အားကစားသမားတွေ ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင် ခံရတဲ့ အပေါ်မှာ မိမိ အနေနဲ့ တောင်းပန်ပါကြောင်း အားကစား ဝန်ကြီး က သတင်းစာ တစ်စောင်မှာ ရေးသား ဖော် ပြ လိုက်ပါတယ်။

ဗြိတိန် နိုင်ငံထုတ် ဆန်းဒေး တိုင်းစ် သတင်းစာမှာ ဖော်ပြ ခဲ့တဲ့ ရုရှ အားကစား ဝန်ကြီး ဗီတာလီ မက်ကို ရဲ့ စာထဲမှာ ရုရှ အနေနဲ့ အကြီးမားဆုံး အမှားအယွင်း ကို ကျူးလွန် ခဲ့ပြီး အဲဒီ အတွက် ရုရှ နိုင်ငံမှာ အရှက်တကွဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရုရှ အားကစား ဝန်ကြီးက အားကစား သမားတွေ တားမြစ်ဆေး သုံးစွဲရာမှာ နိုင်ငံ အနေနဲ့ ပါဝင် ပတ်သက်မှု မရှိဘူးလို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် က ကျင်းပ ခဲ့တဲ့ ဆိုချီ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ရုရှ အားကစား သမားတွေကို တားမြစ်ဆေး သုံးစွဲဖို့ တာဝန်ရှိသူ တွေက ဆောင်ရွက် ခဲ့ကြောင်း တားမြစ်ဆေး ဆန့်ကျင်ရေး ဌာန အကြီးအကဲ ဟောင်း ဂရေဂိုရီ ရော့ခ်ချန်ကော့ က ပြောကြားနေပါတယ်။
BBC Burmese

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မေ ၁၄ ရက်နေ့ ညနေပိုင်းက မူးယစ် တရားခံပြေးတဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးစဉ် တရားခံပြေးက သေနတ်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ရဲတပ်သားတဦး သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက မူးယစ်ဆေးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး သီဟနိုင်ဟာ ထားဝယ်မြို့ ပိန္နတောရပ်ကွက် သုခလမ်းရှိ အိမ်မှာ ရောက်ရှိကြောင်း သတင်းရလို့ ရဲအုပ်စိုးနိုင်ဦးစီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ သီဟနိုင်က သေနတ်ကိုင်ဆောင်ပြီး အိမ်နောက်ဘက်က ထွက်ပြေးသွားခဲ့ပါတယ်။

ထွက်ပြေးတရားခံပြေးဟာ ဆေးရုံလမ်းအရောက်မှာ နောက်ကနေ လိုက်လာတဲ့ ရဲတပ်သား ထွန်းယိန်း နဲ့ အောင်မြင့်မြတ်တို့ကို သေနတ်နဲ့ ၃ ချက် ပြန်လည်ပစ်ခတ်လို့ ရဲတပ်သား ထွန်းယိန်း သေနတ်ထိမှန်ခဲ့ပါတယ်။

ဒီနောက်မှာတော့ တခြားတဖက်က လိုက်လာတဲ့ ရဲအုပ်ထွန်းလင်းက တရားခံပြေးကို အုန်းတောလမ်းဆုံအရောက်မှာ ဆိုင်ကယ်နဲ့ တိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။

တရားခံပြေး သီဟနိုင်နဲ့အတူ ကျည်နှစ်တောင့်ပါ M 35ပစ္စတိုသေနတ် ၁ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိန္နတောရပ်ကွက် သုခလမ်းရှိ အိမ်မှာပဲ သီဟနိုင်ရဲ့ အပေါင်းပါတွေဖြစ်တဲ့ ဝေယံအောင်၊ မဆုရည်ကျော်၊ မဇာခြည် ၂၀ နဲ့ မမေသူဇာထွန်းတို့ကိုလည်း WY ပန်းရောင်စိတ်ကြွဆေးပြားတို့နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဆေးရုံပို့ဆောင်ခဲ့တဲ့ ရဲတပ်သားဟာ သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြောင်း၊ ဖမ်းဆီးမိတဲ့ တရားခံတွေကို ဥပဒေ အတိုင်းဆက်လက်ပြီး ရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်းဓာတ်ပုံ – ထွန်းကျော်မောင်
DVB TV News

ဆီးရီးယားစစ်တပ်က ပြန်လည်သိမ်းယူခဲ့သည့် ဆေးရုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဒမတ်စကက်၊ မေ ၁၅ ရက် (ဆင်ဟွာ)

    မေလ ၁၄ ရက် အစောပိုင်းက အိုင်အက်စ် လက်သို့ ကျရောက်သွားသည့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ ဆေးရုံအား ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အိုင်အက်စ်တို့က အက်ဆတ် (Assad) ဆေးရုံအတွင်း ဓားစာခံများအဖြစ် ဖမ်းဆီးထားသည့် ဆရာဝန်များနှင့် သူနာပြုများအား စစ်တပ်က လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က အခြေအနေအား ပြောပြခဲ့သည်။

ဒီးယာ အယ်လ်-ဇောပြည်နယ် အစွန်အဖျားရှိ ထိုဆေးရုံသို့ အစိုးရ စစ်တပ်က အပြင်းအထန် ပြန်လည် တိုက် ခိုက်ခဲ့ရာ အိုင်အက်စ် စစ်သွေးကြွအားလုံး သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။

မေလ ၁၄ ရက် နံနက်ပိုင်းက ဆီးရီးယားစစ်တပ်နှင့် အိုင်အက်စ်တို့အကြား ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ထံမှ သိရသည်။
ယူကေ အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ အိုင်အက်စ်အဖွဲ့က ဒီယာ အယ်ဇောရှိ ဆေးရုံကို သိမ်း ပိုက်ပြီး ပြည်နယ် အနောက်တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့စဉ် ဆီးရီးယား စစ်သား ၂၆ ဦးခန့် သေဆုံးခဲ့ သည် ဟုဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်( ဓါတ်ပုံခရက်ဒစ် -MAT)
ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်( ဓါတ်ပုံခရက်ဒစ် -MAT)

ထိုင်းနိုင်ငံတောင်ပိုင်း က ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦးကို ဒီကနေ့ နေ့လည်ပိုင်းက ကယ်ထုတ်လိုက်နိုင်ပါတယ်။ ဘန်ကောက်မြို့နဲ့ကီလိုမီတာ ၇၀၀ ကျော်ကွာဝေးတဲ့ စူရာတ်ဌာနရီခရိုင်ထဲက ငါးဖမ်း လှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ သူတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေး ရဲ တွေရဲ့ အကူညီနဲ့တနင်္ဂနွေနေ့ နေလည် ၂ နာရီကျော်မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

အနည်းဆုံး တနှစ်ကျော်ကနေ ၃ နှစ်ကျော်ထိ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦး ထဲမှာ အသက်အငယ်ဆုံး ၂၁ ကနေ အသက်အကြီးဆုံး ၆၄ နှစ်ပါဝင်တာပါ။ သူတို့တွေဟာ အလုပ်အကိုင်ရှာဖွေဖို့လာရင်းနဲ့ လူပွဲစားတွေက ငါးဖမ်းလှေပေါ်မှာ ရောင်းစားသွားတဲ့ အတွက် ထွက်ပြေးလို့မရပဲ လှေပေါ်မှာ ငွေကြေးအနည်းငယ်နဲ့ ကျွန်တွေသဖွယ် အလုပ်ခိုင်းစေခံရကြောင်း ဒီကနေ့လွတ်မြောက်လာတဲ့ လှေလုပ်သားတဦးက ပြောပြပါတယ်။

“ကျနော်ဒီလှေကိုရောက်တာ၊ လေပေါ်မှာလုပ်တာ ၃ နှစ် နဲ့ ၃ လ ရှိပြီ။ ကျနော့်ကိုခေါ်လာတော့ ဒီမှာ လုပ်ရမယ်ဆိုပြီးခေါ်လာတာ။ ကျနော်တို့ ငြင်းလို့မရဘူး၊ ကျနော်တို့မှာ ပိုက်ဆံ အကြွေးရှိတယ်တဲ့။ တကယ်လို့ ကျနော်တို့ မလုပ်ဘူးဆိုရင် သူတို့က ရိုက်မယ်နက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကြောက်လို့ လုပ်နေရတာ။ အဲဒီတော့ ကျနော်လုပ်တာ ၂ နှစ် ၃ လ ၁၉ ရက်ကျတော့ ထွက်ပြေးတယ် တခေါက် ၊ ကျနော်မလုပ်နိုင်လို့ ထွက်ပြေးတယ် တခေါက်။ ထွက်ပြေးတော့ ကျနော်အပြင်မှာ ၈ လကျော်ကြာတယ်။ နောက်ကျနော့မှာ ဘတ် (နေထိုင်ခွင့်ကဒ် ) မရှိလို့ ဘတ်သွားရိုက်တော့ ဒီသူဌေးနဲ့ပြန်တွေ့တော့ ကျနော့်ကိုခေါ်လာတယ်။ မင်းပိုက်ဆံတွေပြန်ပေးမယ်၊ မင်းပြန်ဆင်းရင်ပြန်ပေးမယ်ဆိုပြီးတော့ သူပြန်လုပ်ခိုင်းတာ ၁၁ လကျော်သွားပြီ။ အရင်ပိုက်ဆံလည်းမရသေးဘူး၊ အခုပိုက်ဆုံလည်းမရသေးဘူး။”

သူတို့ဟာ ကူညီကယ်ဆယ်တဲ့အဖွဲအစည်းရဲ ဖုန်းနံပါတ်တွေကို ရရှိခဲ့တာကြောင့် သူတိုကိုအကူညီပေးဖို့ တောင်းဆိုခဲ့ရာကနေ အခုလိုမျိုးလွတ်မြောက်လာခဲ့တာလို့ဆိုပါတယ် ဒီအတွက် လှေပေါ်မှာနေထိုင်ရတဲ့အခြေအနေကိုလည်းရှင်းပြပါတယ်။

“ညဘက်ကျတော့လည်း ထမင်းတောင်ငတ်တယ်။ လာကယ်တဲ့ သူတွေကိုတွေ့တော့ ကျနော်တအားစိတ်ထဲမှာပျော်တယ်။ မြန်မာတွေအများကြီးနဲ့လည်း တွေ့ချင်တယ်။”

ထူးခြားတာက အလုပ်သမားတွေမှာ လက်မှတ်တွေရှိနေပြီး အလုပ်ပိုင်ရှင်က သိမ်းဆည်းထားသလိုလုပ်အားခတွေကိုလည်း မပေးပဲလုပ်ဆောင်ထားတယ် လို့ဆိုပါတယ်။ သူတို့လွတ်မြောက်ရေးကိုလုပ်ဆောင်ခဲ့တဲ့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအဖွဲရဲ့ အမူဆောင်ဒါရိုက်တာဦးကျော်သောင်းကတော့ သူတို့ကို ကယ်ဆယ်ပြီးအမြန်ဆုံးနေရပ်ရင်းပြန်အောင် နှစ်နိုင်ငံအစိုးရတွေက စီစဉ်ဆောင်ရွက်ဖိုလိုတယ်လို့ပြောဆိုလိုက်ပါတယ်။

“အလုပ်သမားတွေက ကမ်းကိုတခါကပ်လာလို့ရှိရင် ၂၀၀၊ ၃၀၀ မုန့်စားဖို့ အရက်သောက်ဖို့ လောက်ပဲရတယ်။ မြန်မာပြည်ပြန်ချင်ရင်လည်း မပြန်ရဘူး။ ဒီအထဲမှာ အလုပ်သမား ၂ ယောက်က ပက်စပို့လည်းပါတယ်။ ကျန်တဲ့ အလုပ်သမား၁၁ ယောက်က ဘတ် လုပ်ထားတယ်။ ဒီအလုပ်သမားတွေရဲ့ဘတ် တို့ ပက်စပို့တို့ကို သိမ်းထားတယ်။ ကမ်းကိုတောင် ကပ်ခွင့်မရှိဘူး။ ကမ်းကို ခိုးကပ်ပြီးနေမယ်ဆိုရင်လည်း ချက်ချင်းပြန်ထွက်ရတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေ လုပ်အားခတွေဘာတွေရလို့ရှိရင်တော့ မြန်မာပြည်ပြန်ရင်ကောင်းပြီလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့၁၁ လပိုင်းက ကတန် မှာဖမ်းခဲ့တဲ့ အလုပ်သမားတွေ လည်းအခုထိ အိမ်မပြန်ရသေးဘူး။ဇန်န၀ါရီ ၂၈ ရက်နေ့က ဖူးခတ်မှာ ဖမ်းမိခဲ့တဲ့ အလုပ်သမား ၃၂ ယောက်လည်း အခုထိ မပြန်ရသေးဘူး။ ကျနော်တို့ဘ၀ဟာ ရေနွေးပူအိုးထဲကနေ ဆီပူအိုးထဲပြောင်းသလိုပဲ လူကုန်ကူးမှုဥပဒေတွေက ထိုင်းနိုင်ငံမှာဖြစ်နေတယ်။”

မကြာသေးခင်တုန်းကပဲ ထိုင်းနိုင်ငံမဟာချိုင်မှာရှိတဲ့ ရေလုပ်သား ၅သောင်းလောက်ဟာ ရေလုပ်ငန်းခွင်ကိုပြန်ရောက်လာခြင်းမရှိတဲ့အတွက် ရေလုပ်ငန်းရှင်တွေကလုပ်သားရှားပါးမူကိုကြုံနေရကြောင်း ပြောဆိုကြပါတယ်

မြန်မာနိုင်ငံက ရေလုပ်သားတွေဟာ လူကုန်ကူးခံရပြီးတော့ ဒေသတွင်းငါးဖမ်းလှေတွေမှာ ရောင်းစားတာခံကြရတဲ့ သတင်းတွေကလည်း မကြာခဏဆိုသလို ထွက်ထားဖူးပါတယ်။ ဒီအခြေအနေအပေါ် လူအခွင့်ရေးအဖွဲအစည်းတွေက ဝေဖန် ပြစ်တင်ကြသလို ထိုင်းနိုင်ငံရဲပင်လယ်စာတွေကို နိုင်ငံတကာမှာဝယ်ယူသုံးစွဲတာတွေ ပိတ်ပင်ဖို့အထိ ပြောဆိုနေကြတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ အလုပ်သမားတင်သွင်းဖို့က နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်းဘန်ကောက်မြိုမြန်မာအလုပ်သမားသံအရာရှိဦးအောင်ကိုသန့်ကလည်း VOA က ဆက်သွယ်မေးမြန်းစဉ်မှာပြောဆိုပါတယ်။

ဒါပေမဲ့လူကုန်ကူးခံရတဲ့မြန်မာတွေကတော့ ရေလုပ်ငန်းတွေမှာမြန်မာတွေကို တင်သွင်းတာ မလုပ်စေချင်ဘူးလို့ အခုလိုပြောပါတယ်။

“ကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ်၊ မကောင်းတဲ့ သူဌေးပဲဖြစ်ဖြစ် ပင်လယ်အလုပ်ကတော့ ကျနော်တို့မြန်မာပြည်သားတွေကိုမလုပ်စေချင်ဘူး။ ပင်လယ်အလုပ်က အသက်နဲ့ ရင်းပြီးလုပ်နေရတာ၊ ရေပေါ်မှာပဲ နေနေရတာ။ တချို့ဒီအထဲမှာ ရေကူးတက်တဲ့လူရှိတယ်၊ မကူးတက်တဲ့လူရှိတယ်။ ရေမကူးတက်တဲ့လူ ပြုတ်ကျသွားရင် သေပြီပေါ့။ တချို့ကျတော့ အသက်တွေကြီးနေပြီ အိမ်လည်းမပြန်နိုင်ဘူး။ တချို့ကျတော့ ပိုက်ဆံရတဲ့ သူဌေးရှိသလို၊ မရတဲ့သူဌေးတွေလည်းရှိတယ်။အသက်တွေဆုံးရူံးသွားတာ ဒီနိုင်ငံမှာ မြန်မာတွေအများကြီးပဲ။ အိမ်ကလည်းမသိရဘူး။ တချို့ဆို မိသားစုက သေလား၊ ရှင်လားဆိုတာ မသိရဘူး။မလုပ်စေချင်ဘူးပေါ့ ကျနော်ကတော့ မသွင်းစေချင်ဘူးပေါ့နော် မြန်မာတွေကို လှေလုပ်သားအဖြစ်နဲ့ ။ ကျနော်တို့လိုပဲ ထွက်ပြေးကြတဲ့လူတွေအများကြီးပဲ ။ တချို့တွေကျတော့ အပြင်မှာပဲ လုပ်စားနေကြရတယ်။ ထွက်ပြေးတဲ့လူက ရေတွက်လို့တောင်မနိုင်ဘူး။ တော်ကြာ ခုန်ချသွားပြန်ပြီ ၃၊ ၄ ယောက် အဲလိုမျိုးတွေ။”

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ဟာ လူကုန်ကူးခံရပြီး များသောအားဖြင့် ငါးဖမ်းလှေတွေနဲ့ ရေထွက်ပစ္စည်းတွေထုတ်လုပ်တဲ့ အလုပ်ရုံတွေမှာ ရောင်းစားခံရမူတွေ ရှိနေတယ်လို့ လူအခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။
VOA Burmese News

သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏ (အ.ထ.က) ကျောင်းရှေ့တွင် ကိုယ်ပိုင်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ပြီး နောက်မှဝင်တိုက်ခဲ့သည့် SSC နှင့် ပင်လုံဆေးရုံပိုင်ရှင် ဒေါက်တာဇော်ထွန်းမှာ သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲမှူးသက်ထွန်းကပြောသည်။

အဆိုပါယာဉ်နှစ်စီးမှာ ယမန်နေ့( မေလ ၁၄ ရက် ) ညနေ ၄ နာရီကျော်အချိန်တွင် သံသုမာလမ်းအတိုင်း လားရာတူ မောင်းနှင်လာရာမှ သုဝဏ္ဏ (အထက) ကျောင်းရှေ့အရောက်တွင် ရှေ့မှမောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်မှာ ရုတ်တရက်ဘယ်ဘက် သို့ကွေ့ရာမှ ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ရဲမှူးသက်ထွန်းကပြောသည်။

"ကားနှစ်စီးလုံးအရှိန်နဲ့မောင်းပြီးလာကြတယ်။ ရှေ့ကားက ရုတ်တရက် ဘယ်ဘက်ကို အကွေ့မှာ နောက်ကပါလာတဲ့ကားက ၀င်တိုက်မိတယ်။ နောက်က၀င်တိုက်တဲ့ ကားမှာမောင်းတဲ့သူက SSC ဆေးရုံပိုင်ရှင် ဒေါက်တာဇော်ထွန်းမောင်းတယ်။ ပင်လုံဆေးရုံမှာတင်ခဲ့ပေမယ့် အဲဒီည ၁၂ နာရီလောက်မှာ သေဆုံးခဲ့ပါတယ်"ဟု အဆိုပါရဲအရာရှိ ကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒေါက်တာဇော်ထွန်းမှာ နာကျင်ဒဏ်ရာများရခဲ့ပြီး ပင်လုံဆေးရုံသို့ တင်ပို့နိုင်ခဲ့သော်လည်း မေလ ၁၄ ရက် ည ၁၂ နာရီအချိန်ခန့်တွင် ဒေါက်တာဇော်ထွန်းမှာ ရရှိခဲ့သည့် ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း သုဝဏ္ဏ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

"သူ့ကားနဲ့ဝင်တိုက်တဲ့ယာဉ်ပိုင်ရှင်ကတော့ ယာဉ်တိုက်မှုဖြစ်ပြီးတော့ ထွက်ပြေးနေတယ်။ အသက်ကတော့ ၅၀ ကျော်လောက်ရှိမယ်။ ကျွန်တော်တို့လည်းလိုက်ပြီး ရှာဖွေနေပါတယ်။ ကျောင်းရှေ့က MAX ဆီဆိုင်ရှေ့မှာ ၀င်တိုက်မိတာပါ"ဟု အဆိုပါရဲအရာရှိကပြောသည်။

ဒေါက်တာဇော်ထွန်းယာဉ်နှင့် ဝင်တိုက်မိသည့် WISH ကိုယ်ပိုင်ယာဉ်မှ အသက် ၅၀ကျော် အရွယ်ရှိ ယာဉ်မောင်းအမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

7Day News Journal

Photo: ( တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ် )
တနင်္သာရီတိုင်းဒေသကြီးမှာ လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း လျှပ်စစ်တယူနစ်ကို ကျပ် ၁၀၀ အောက်ရောက်အောင် ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

မေလ ၁၄ ရက်နေ့ညက RFA က တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာလဲ့လဲ့မော်က တိုင်းအတွင်းက ထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ခွဲတမ်းအပြင် ဝယ်ယူအသုံးပြုပြီး အမေရိကန်က ကုမ္ပဏီတွေရဲ့ နည်းပညာ အကူအညီနဲ့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

"အကျဉ်းချုပ်လိုက်ရမယ်ဆိုရင်တော့ သူတို့ဂက်စ်ရဲ့ဘယ်လောက်ရမလဲ၊ ကျမတို့ကဘယ်လောက်ရမလဲ၊ တနင်္သာရီတိုင်းဒေသဖွံ့ဖြိုးမှုအတွက် နောက်ပြီးဂက်စ်ရဲ့ဘယ်လောက်သန့်စင်မှုရှိမလဲဆိုတာလည်း မူတည်ပါတယ်"

အမေရိကန်ခရီးစဉ်အတွင်းမှာ ကုမ္ပဏီတွေနဲ့ တနင်္သာရီတိုင်း မီးလင်းရေးနဲ့ ဈေးနှုန်း သက်သာရေးအတွက် ဆွေးနွေးခဲ့တဲ့အကြောင်းကို ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပြပါတယ်။ ဒါပေမယ့် သူ့အစီအစဉ်အရ ထားဝယ် ၄ မြို့နယ်မှာ အရင်အကောင် အထည်ဖေါ်မှာ ဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ ၅ နှစ်အတွင်း တဖြည်းဖြည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

လက်ရှိ ထားဝယ် ၊ မြိတ် ၊ ကော့သောင်းစတဲ့ မြို့ကြီးတွေနဲ့ မြို့နယ်တွေအားလုံးဟာ အစိုးရပေးတဲ့ လျှပ်စစ်မရပါဘူး။ မြို့အားလုံးဟာာ ပုဂ္ဂလိက ကုမ္ပဏီတွေက ပေးတဲ့ လျှပ်စစ်မီးကို တယူနစ်ကို ကျပ် ၃၀၀ နှုန်းနဲ့ သုံးစွဲရတာဖြစ်ပါတယ်။

ဒါ့အပြင် ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က သူ့သက်တမ်းအတွင်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေး ဓါတ်အားထုတ်လုပ်တဲ့စက်ရုံတွေ မရှိစေရဘူးလို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျာထားတာ စီမံကိန်း ၇ ခုရှိနေပါတယ်။

အဲဒီအထဲက လောင်းလုံးမြို့နယ် သကျက်တောကျေးရွာအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံဟာ အရင်အစိုးရလက်ထက်က နားလည်မှုစာချွှန်လွှာ ထိုးထားပြီး ဒေသခံတွေက ကျောက်မီးသွေးစက်ရုံကို မလိုကြောင်း ၂ ကြိမ် ကန့်ကွက်ဆန္ဒပြထားပါတယ်။

Photo: ( တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ် )

RFA Burmese
https://www.facebook.com/rfaburmese


15 May 2016

ထိုင်းနိုင်ငံ ချွန်ဘူရီ ဘန် လမုံ မြို့ နယ် ဖတ္တရား အပန်းဖြေနေရာမှ တည်းခိုးခန်းအတွင်း အသက် (၄၀)ခန့်  ရှိ နိုင်ငံခြားသား တဦး ဟာ မိန်းမလျာကို တည ထိုင်းဘတ်ငွေ ၃၀၀၀ (ကျပ်ငွေ တသိန်း) နဲ့  ဌားရမ်းခဲ့ပြီး တည အတူအိပ်နေကြစဉ်မှာ ယနေ့ မနက်(၅)နာရီမှာသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။


ဘူရီလန် ပြည်နယ် ကနေ ဖတ္တရားမှာ ပြည့်တံဆာ လာရောက် လုပ်ကိုင် နေသူ နိုင်စူဖွတ် (မိန်းမလျာ) အသက်၂၁ နှစ်ရဲ့  ရဲစခန်းမှာ အစစ်ခံချက်ကတော့ သူ့ နဲ့  ပျော်ပါးခဲ့တဲ့ အဆိုပါ နိုင်ငံခြားသားက အရက်အလွန်မူးနေခဲ့ကြောင်း၊ အတူအိပ်နေစဉ် ခတ်ကြမ်းကြမ်းဆက်ဆံ ခဲ့ရာမှ တကြိမ်မှာ ကုတင်အောက် ကိုပြုတ်ကျသွားခဲ့ပါတယ်လို့  ထွက်ဆိုခဲ့ပါတယ်။


လာရောက်စစ်ဆေးကြတဲ့ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေကတော့ သေဆုံးသူဟာ ကုတင်အောက်ကို ပြုတ်ကျခဲ့စဉ်မှာ ဦးခေါင်းနောက်ပိုင်းနဲ့  ကုတင်ဘောင် ရိုက်မိခဲ့ဖွယ်ရှိပြီး ကိစ္စပြီးလို့  အနားယူတဲ့အချိန်မှ ဦးနှောက်အ တွင်းသွေးကြောတွေ ပေါက်ရာက သတိလစ်သေ ဆုံးသွားတာဖြစ်နိုင်ကြောင်း ထင်ကြေးပေးခဲ့ပါတယ်၊

သေဆုံးသူ နိုင်ငံခြားသားရဲ့  အလောင်းကို ဖတ္တရားဆေးရုံကြီး ကို ပို့ ဆောင်ပြီး အသေးစိတ် ဆက်လက် စစ်ဆေးနေကြောင်း သိရပါတယ်။

Social Action for Women - SAW
Credit ဖတ္တရား သတင်းစုံ
https://www.facebook.com/Social-Action-for-Women-SAW


မင်းဘူး မေ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် နဂါးနီပုဂ္ဂလိ က ဆေးရုံဝင်းအတွင်း၌ သက်ကြီးရွယ်အို များအပေါ် အယ်နီညိုရာသီဥ တုဒဏ် သက်ရောက်မှု လျော့ပါးစေရေးနှင့် အပူ ဒဏ်ကြောင့် ကျန်းမာရေး ချို့ယွင်းမှုများကို ကာကွယ်နိုင်ရေးအတွက် အပူရှောင် စခန်းတစ်ခု ဖွင့်လှစ် ထားရှိပြီး သက်ကြီး ဘိုးဘွား ၂ဝဝ ခန့် နားနေနိုင်ရန် စီစဉ် ထားရှိသော် လည်း လတ်တလောတွင် လာရောက်နားနေသူ ဘိုးဘွား ၄ဝ ကျော်သာ ရှိသေးကြောင်း ကုသိုလ် ဖြစ် အပူရှောင်စခန်းဖွင့်လှစ်သူ ဒေါက်တာ သန်းထိုက်ရှိန်ထံမှ သိရသည်။

''အယ်နီညိုက တစ်လလောက် ကျန်နေသေးတယ်။ အပူရှိန်ကလည်း အလွန်ပြင်းနေတော့ ကျွန်တော့်ဆေးရုံ ဝင်းထဲမှာပဲ အဆောက်အ အုံဆောက်ပြီး မြို့ပေါ်က ဘိုးဘွားတွေအတွက် အပူ ရှောင်နေရာတစ်ခု စီစဉ်ဖြစ်တာပါ။ မြို့နယ် နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ အစည်း တွေ အကူ အညီနဲ့ ရပ်ကွက်တွေထဲက ဓမ္မာရုံလိုနေရာမျိုးမှာ စုရပ်တွေလုပ်ပြီး ဘိုးဘွားတွေကို မနက် ၉ နာရီမှာ ကားနဲ့ သွားကြိုတယ်။ နေ့ခင်းစာနဲ့ အအေးဖျော် ရည် ဒါနပြုတယ်။ တရားနာဖို့အတွက် တီဗွီတွေ စီစဉ်ပေး ထားပါတယ်။ ညနေ ၆ နာရီထိုးမှ စုရပ်တွေကို ပြန်ပို့ပေးပါ တယ်'' ဟု ဒေါက်တာ သန်းထိုက်ရှိန်က ပြောသည်။

မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ် ခဲ့သော အပူရှောင်စခန်းပထမရက်တွင် ဘိုးဘွား ၃ဝ ခန့် လာရောက်နားနေခဲ့ ကြပြီး လူသိများလာ၍ ဘိုးဘွား ၄ဝ ကျော်ထိ လာရောက်နားနေမှုများရှိ ကာ အနားယူနိုင်သည့် ဦးရေမှာ ၂ဝဝ ခန့်ဖြစ်သည့်အတွက် အသက် ၆ဝ နှစ် အထက်ဘိုးဘွားများ အယုတ်၊ အလတ်၊ အမြတ်မရွေး လာရောက်နားခိုစေချင်ပါ ကြောင်း၊ စာရင်းပေး မထားလည်း လာရောက်နားနေနိုင်ပြီး လာရောက် သည့် ဘိုးဘွားတိုင်းကို ကုသိုလ်ပြုခွင့် ပေးသည်ဟုသာ ယူဆပါကြောင်း ၎င်းက ဆက်လက် ပြော သည်။

''အိမ်မှာနေတာနဲ့တော့ အလွန် ကွာတာပေါ့သားရယ်၊ အိမ်ကပူတာပေါ့။ ဒီမှာက အမိုးကလည်းအမြင့်ကြီး၊ ကွပ်ပျစ် ပေါ်မှာ ဖျာကြမ်းလေးတွေခင်းလို့၊ မိုးထား တဲ့ ထန်းလက်အနံ့လေးကသင်းပြီး ရေတွေ ဖျန်းထားတာ လည်း အေးစိမ့် နေတာပဲ။ တရားနာချင်လည်း နာလို့ ရတယ်။ အစား အသောက်လည်း ကျွေး တယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့ သူနာ ပြုတွေ လည်း ခေါ်ထားပေးတယ်။ အမေ့ အနေနဲ့ကတော့ ကျေးဇူးလည်း တင်တယ်၊ သာဓုလည်းခေါ်ပါတယ်''ဟု အပူရှောင်လာသည့် အသက် ၈၆ နှစ် အရွယ် အဘွား ဒေါ်ပုစိန်က ပြောသည်။

အပူရှောင် နားနေစခန်းကို အဆောက်အအုံကုန်ကျစရိတ်မပါ သိန်း ၅ဝ မတည်၍ ဒါနပြုပေးလျက်ရှိပြီး ထမင်း တစ်နပ်စာငါးသောင်း ဒါနပြုလိုသူ များက ကမ်းလှမ်းလာ၍ လက်ခံစီစဉ်ပေးမှုများ ရှိကြောင်း၊ လတ်တလော မင်းဘူးမြို့ နေ့အပူချိန်သည် ၄၆ ဒီဂရီထိ မြင့်တက် နေပြီး သက်ကြီးဘိုး ဘွားများ လာရောက် နားနေရန် တစ်လခန့်လျာထားသော် လည်း လိုအပ် ချက်ရှိပါက ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အခြား အလှူရှင်များ ရှိလာ၍ မတည်ငွေပိုနေပါ က သက်ကြီးဘိုးဘွားများအတွက် မျက်စိ အခမဲ့ စမ်းသပ်ကုသခြင်း၊ မျက်မှန် လှူဒါန်းခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နဂါးနီဆေးရုံ အလှူရှင် မိသားစုထံမှ သိရသည်။

ဇေယျတု(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

“ Youth and experience never exist together “ဟူသော
အင်္ဂလိပ်စကားပုံတစ်ခုရှိသည် ။ အဓိပါယ်ကတော.
ငယ်ရွယ်နူပျိုမှုနှင်.ဘ၀အတွေ.အကြုံသည်
ဘယ်တော.မှအတူတကွမတည်ရှိနိုင်ဆိုသည်.သဘောဖြစ်သည် ။ လူငယ်တစ်ယောက်တွင်
လုံလောက်သောဘ၀အတွေ.အကြုံကြီးတွေမရှိနိုင် ၊ လုံလောက်သော
ဘ၀အတွေ.အကြုံစုံလင်ခဲ.သူတစ်ဦးမှာလည်း
အသက်အရွယ်အိုမင်းပြီဟူသည်.အဓိပါယ်ဖြစ်သည်။ ထို.ကြောင်.
နိုင်ငံတော်သမ္မတ၏အသက်ကန်.သတ်ချက်၌ ၄၅
နှစ်ပြည်.ပြီးသူဖြစ်ရမည်ဟုပြဌာန်းထားသည် (ထိုပြဌန်းချက်မှာလည်း အသက် ၄၀
အထက်ဟုပြင်ဆင်သင်.ပါသည် ) ။လွှတ်တော်ကိုယ်စားလှယ်အသက်ကန်.သတ်ချက်၌ အသက်
(၂၅)နှစ်ပြည်.ပြီးသူဖြစ်ရမည်ဟုသတ်မှတ်ထားလေသည် ။ ဆိုလိုသည်မှာ
ဘ၀အတွေ.အကြုံနှင်.ပျိုရွယ်မှုဆိုသည်မှာ ဆန်.ကျင်ဘက်အရာများဖြစ်သည်
ဟူသည်.သဘောဖြစ်သည် ။

 သို.သော် မဟော်သဓာပညာရှိလို ၊
ဗိုလ်ချုပ်အောင်ဆန်းလို ၊ဘုရင်.နောင်လို ၊ ငယ်ငယ်ရွယ်ရွယ်နှင်.
တော်သောခေါင်းဆောင်များလည်း ရှိတတ်ပါသည် ။ ငယ်ရွယ်သော်လည်း
စာဖတ်နာသူဖြစ်လျှင် ဘ၀အတွေ.အကြုံရင်.ကျက်နိုင်ပါသည် ။
လေ.လာအားကောင်းလျှင် ငယ်ရွယ်သော်လည်း မိမိထက်အသက်ကြီးသူများကို
ဦးဆောင်နိုင်သူဖြစ်နိုင်ပါသည် ။ အသင်းအဖွဲ.တစ်ခု ၊ ပါတီတစ်ခု ၊
အစိုးရအဖွဲ.တစ်ခုတွင် အတွေ.အကြုံနုနယ်သဖြင်.
လူငယ်များခေါင်းဆောင်နေရာကပါဝင်ခြင်းမပြုသင်.ဆိုသည်မှာလည်းမဖြစ်သင်.ပါ ။

ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ( ၂၇) နှစ်မှာပင်
မြန်မာ.လွတ်လပ်ရေးတပ်မတော်၏အကြီးအကဲဖြစ်နေပါပြီ ။ အသက် ( ၃၁ ) နှစ်တွင်
မြန်မာနိုင်ငံတွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ဒုဥက္ကဌ နှင်. နန်းရင်းဝန်
(၀န်ကြီးချုပ် ) ရာထူးကိုရနေပေပြီ ။ အသက် (၃၁ )နှစ် မှာပင်
မြန်မာလွတ်လပ်ရေးအတွက်အောင်ဆန်းအက်တလီစာချုပ်လက်မှတ်ထိုးနိုင်ခဲ.ပြီး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြရုပ်ဖြစ်သော
ပင်လုံစာချုပ်ကိုလက်မှတ်ထိုးနိုင်ခဲ.လေသည် ။ လူငယ်တစ်ယောက်ဖြစ်သော်လည်း
ဗိုလ်ချုပ်အောင်ဆန်း၏အရည်အချင်းမှာထိုခေတ်က
သူ.ထက်အသက်ကြီးရင်.သောနိုင်ငံရေးသမားများထက်
ခေါင်းတစ်လုံးမြင်.အောင်တွေးနိုင်ခေါ်နိုင် အလုပ်လုပ်နိုင်ခဲ.လေသည် ။
လူသာငယ်သော်လည်း ဘ၀အတွေ.အကြုံ မငယ်ရှာသော သဘောဖြစ်သည် ။

၂၀၁၆ တွင် NLD ကသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်
အစိုးရဖွဲ.နိုင်သောအခါ အစိုးရအဖွဲ.တွင်
လူငယ်များပါလာတော.မည်လားဟုမျှော်လင်.ခဲ.ပါသည် ။စင်္ကာပူနိုင်ငံတွင်
လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ရှိပြီး ထိုလူငယ်ရေးရာဝန်ကြီးသည် အသက် ၂၅
နှစ်ခန်.သာရှိသေးသောလူငယ်တစ်ယောက်ဖြစ်သည် ။ ထို.ကြောင်. NLD
အစိုးရဖွဲ.သောအခါ လူငယ်များကိုနေရာပေးမည်လားဟုမျှော်လင်.ခဲ.မိပါသည် ။
အစိုးရအဖွဲ.၀န်ကြီးစာရင်းကိုကြေငြာသောအခါ ၀န်ကြီး ၁၈
ယောက်၏အမည်စာရင်းနှင်.အသက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် ။

၁။ ဒေါ်အောင်ဆန်းစုကြည် ၊ (၇၀ )နှစ်
၂။ ဒေါက်တာဖေမြင်. ၊ (၆၇)နှစ်
၃။ သူရဦးအောင်ကို ၊ (၆၈)နှစ်
၎။ နိုင်သက်လွင် ၊ (၇၅)နှစ်
၅။ ဒေါက်တာအောင်သူ ၊ ( ၆၀)နှစ်
၆။ ဦးခင်မောင်ချို ၊(၆၆)နှစ်
၇။ ဦးကျော်ဝင်း၊ ( ၆၈)နှစ်
၈။ ဦးဝင်းခိုင်၊ (၆၅) နှစ်
၉။ ဦးအုန်းဝင်း ၊(၆၅)နှစ်
၁၀။ ဒေါက်တာသန်းမြင်.၊ (၇၃)နှစ်
၁၁။ ဒေါက်တာမြင်.ထွေး ၊ (၆၈)နှစ်
၁၂။ ပါမောက္ခဒေါက်တာဝင်းမြတ်အေး ၊ (၆၁) နှစ်
၁၃။ဦးသန်.စင်မောင်၊ ( ၆၃)နှစ်
၁၄။ ဦးသိန်းဆွေ ၊(၆၇)နှစ်
၁၅။ ဦးအုန်းမောင် ၊ ( ၆၉)နှစ်
၁၆။ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ၊ (၅၆)နှစ်
၁၇။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ (၅၉)နှစ်
၁၈။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ (၅၅)နှစ် တို.ဖြစ်ကြသည် ။

ဝန်ကြီးအဖွဲ.တွင် တပ်မတော်သား ၀န်ကြီး သုံးယောက်မှာအသက်အငယ်ဆုံးဖြစ်ပြီး
၊ ၀န်ကြီးတစ်ဖွဲ.လုံးတွင်ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ၅၅ နှစ်မှာ
အသက်အငယ်ဆုံးဖြစ်သည် ။ ၀န်ကြီးများ၏ ပျမ်းမျှအသက်မှာ ၆၅နှစ်နှင်.၂
လဖြစ်သည် ။ ပြည်ထောင်စုအစိုးရအဖွဲ.သည် ပျမ်းမျှအသက် ၆၅
နှစ်ကျော်စပြုနေသူများဖြင်. စုဖွဲ.ထားသည်.သဘောဖြစ်သည် ။
အလုပ်သမားဥပဒေအသက်သတ်မှတ်ချက်အရဆိုလျှင် ပင်စင်စားအရွယ်များဖြင်.
ဖွဲ.စည်းထားသည်. အစိုးရအဖွဲ.ဖြစ်သည် ။ အသက် ၃၀ အောက်တစ်ယောက်မှမပါသလို ၊
အသက်လေးဆယ်အောက်လည်းတစ်ယောက်မှမပါပါ။ ထို.ထက်အလွန်ဆိုရလျှင် အသက် ၅၀
အောက် ၀န်ကြီးတစ်ယောက်မှမပါတာတော. ဆိုးရွားလွန်းလှသည် ။ ခြုံ၍ဆိုရလျှင်
ဤအစိုးရသည် သက်ကြီးများနှင်.ဖွဲ.ထားသောလူအို အစိုးရဖြစ်သည် ။ ဖ.ဆ.ပ.လ
အစိုးရအဖွဲ.တွင် ဦးနု ၊ဦးကျော်ငြိမ်း ၊ဗိုလ်လင်္ကျာ ၊ စသူတို.မှာ အသက်
၄၀ပါတ်ဝန်းကျင်လူလတ်ပိုင်းများဖြစ်သည် ။ စောစံဖိုးသင် ၊
ဦးတင်ထွဋ်တို.လို အသက်၄၀နှင်.၅၀ ကြား ၀န်ကြီ်းများလည်းပါသည် ။ ယခု NLD
အစိုးရလို ၆၅ ကျော်သူတွေချည်းမဟုတ်ချေ ။

NLD ၏၀န်ကြီးစာရင်းကိုကြည်.သောအခါ အံ.သြရသည်မှာ
အရပ်သားဘက်ကတက်လာသောဝန်ကြီးအားလုံး အငယ်ဆုံး ၆၁ နှစ်ကျော်များဖြစ်ကြပြီး
၊ တပ်မတော်မှခန်.အပ်တာဝန်ပေးခြင်းခံရသူများကအသက်ငယ်နေခြင်းဖြစ်သည် ။
ကိန်းဂဏန်းများကိုကြည်.၍ကောက်ချက်ဆွဲရလျှင်
လူငယ်များကိုဦးစားပေးသည်.အဖွဲ.သည် တပ်မတော်ဖြစ်နေခြင်းပင်ဖြစ်သည် ။
ထိုအချက်မှာအံ.သြစရာကောင်းနေပါသည် ။ဥပမာ ကိုကိုကြီး ၊ မင်းကိုနိုင် ၊
စသောထူးချွန်သည်.ပုဂ္ဂိုလ်များမှာ NLD ပါဝင်များမဟုတ်စေကာမူ အသက် ၅၀
စွန်းကာစ လူလတ်ပိုင်းပုဂ္ဂိုလ်များဖြစ်သည် ။
အရည်အချင်းလည်းရှိသူများပါဝင်သဖြင်. လူငယ်ကိုဦးစားပေးမည်ဟူသော NLD
၏ကြွေးကြော်သံအရ ထိုလူများကိုအစိုးရအဖွဲ.တွင် ထည်.သွင်းနေရာပေးသင်.ပါသည်
။ အကြောင်းကြောင်းကြောင်.ထိုပုဂ္ဂိုလ်များကို မခန်.ထားနိုင်
၊မခန်.ထားချင်ဘူးဆိုလျှင်လည်း NLD ပါတီထဲတွင် အရည်အချင်းရှိသော
လူငယ်များစွာရှိနိုင်ပါသည် ။ ပါတီဝင်မဟုတ်သူများထဲတွင်လည်း လူငယ်များစွာ
၊ လူလတ်ပိုင်းများစွာ ရှိနိုင်ပါသည် ။သတ္တိရှိရှိနှင်.ရှာဖွေခန်.အပ်ရဲဖို.ပဲလိုမည်ဖြစ်သည် ။

ဤနေရာ၍အချို.သော လူကြီးများကပြောပါလိမ်.မည် ။ လူငယ်တွေထဲမှာ
အစိုးရအဖွဲ.ထဲပါဝင်ရလောက်အောင်တော်သူတတ်သူမရှိသဖြင်. လူကြီးများက
မပါချင်ပဲမလွှဲသာသဖြင်.၀င်ပါနေရသလိုမျိုး ပြောကောင်းပြောပါလိမ်.မည် ။
ပညာရေးစနစ်ကြောင်. ပညာတတ်မျိုးဆက်နည်းသွားခြင်းသာရှိမည် ၊
မြန်မာပြည်မှလူငယ်များအားလုံးသုံးစားမရအောင်ညံ.ဖျင်းသွားခြင်းမျိုးကားမဟုတ်ပါ
။ အရည်အချင်းရှိသူ လူငယ် ၊ လူလတ်များ ပြည်တွင်း ပြည်ပမှာ
များစွာရှိပါသည် ။ ရှာတတ်ဖို.ပဲလိုပါသည် ။ ကျွန်တော်တို.သည်
လူငယ်နှင်.အနာဂါတ် ၊ အနာဂါတ်မှာခေါင်းဆောင်မယ်.လူငယ်တွေစသည်ဖြင်.
လူငယ်များကို မရောက်လာသေးသောအနာဂါတ်ဆီသို.ပဲ တွန်းပို.နေကြပါသည် ။
လက်ရှိအချိန်ဖြစ်သော ပစ္စုပ္ဖန်တွင်တော.မည်သူကမျှနေရာမပေးကြ၊လက်တွဲမခေါ
်ကြပါ ။ လူငယ် ၊လူလတ်များသည် လူကြီးများလောက် Experience မရှိကြပါ ။
သို.သော် သူတို.တွင် Youth ဟူသော ငယ်ရွယ်မှုရှိကြပါသည် ။ လူသည်
အသက်ကြီးလာလျှင် တွေဝေတတ်ပါသည် ။ အစဉ်အလာအဟောင်းထဲမှာသာနေတတ်ပါသည် ။
တီထွင်ကြံဆမှုအားနည်းပါသည် ။စွန်.ဦးတီထွင်စိတ်လျော.ပါးတတ်ပါသည် ။
လူငယ်များသည် အတွေ.အကြုံအားနည်းသော်လည်း ပြတ်ပြတ်သားသားလုပ်တတ်သည် ၊
ဥခွံဟောင်းထဲမှဖောက်ထွက်တတ်သည် ၊ တီထွင်ကြံဆမှုရှိသည် ၊ ကိုယ်ကျိုးမဖက်ပဲ
စွန်.စားချင်စိတ်ရှိပါသည် ။ထိုစိတ်များကြောင်.ပဲ မြန်မာ.လွတ်လပ်ရေးကို
အရယူပေးခဲ.သူမှာ အသက် ၃၂ နှစ်အောက် သခင်လူငယ်လေးများဖြစ်ပါသည် ။

NLD သည် ပထမသက်တမ်း ငါးနှစ်တာကာလတွင်
မလုပ်တတ်မကိုင်တတ်သေးသဖြင်. လူကြီးများကိုခေါ်ရသည်ဟု
အကြောင်းပြချက်ပေးကောင်းပေးနိုင်ပါသည် ။ သို.သော်
ပထမသက်တမ်းအတွင်းလူလိုသောအခါဖြစ်စေ ၊
ဒုတိယသက်တမ်းငါးနှစ်ကိုဆက်လက်တာဝန်ယူရလျှင်ဖြစ်စေ
ပထမသက်တမ်းကထက်ငယ်ရွယ်သူများဖြင်.အစိုးရအဖွဲ.ကိုဖွဲ.စည်းစေလိုပါသည် ။
အချို.ကိစ္စများတွင်တစ်သက်လုံးခေါက်ရိုးကျိုးလာသူများ၏စရိုက်ကိုပြင်ဆင်ဖို.ခက်ခဲပါသည်
။အသက်ကြီးသူများသည် ဆင်ခြင်ဥာဏ်ရင်.သန်သည်ဆိုသော်ငြား
မိမိအကျိုးအတွက်သူရဲဘောကြောင်သော မလုပ်ရဲမကိုင်ရဲသည်.စိတ်များလည်း
အသက်ကြီးလာသူတို.တွင်ဖြစ်တတ်ပါသည် ။ထို.ကြောင်. တော်တာချင်းတူလျှင်
လူငယ်ကိုဦးစားပေးပါ ။ ငယ်တာချင်းတူလျှင်တော်သူကိုဦးစားပေးပါ ။
ငယ်လည်းငယ် တော်လည်းတော်သူများရှိလျှင်အချိန်မဆိုင်းပဲ
တိုင်းပြည်အတွက်လက်တွဲခေါ်ကြပါဟုပြောလိုပါသည် ။

သရ၀ဏ်(ပြည်)

Politics ဂျာနယ်
၁၃.၅.၂၀၁၆

Photo By Kevin Lamarque/Reuters

မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းချိန်တန်နေပြီဟု စီးပွားရေးလုပ်ငန်းလုပ်ကွက်များ ရရှိရေးကြိုးပမ်းသူ အမေရိကန် စီးပွားရေးလော်ဘီများက ပြောဆိုလျက်ရှိသော်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အမေရိကန်လွှတ်တော်အမတ်များက ယခုလောက် မြန်မြန်ဆန်ဆန် မရုပ်သိမ်းသင့်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရတက်လာပြီဖြစ်သော်လည်း တပ်မတော်၏ အာဏာက ပိုင်စိုးနေဆဲဖြစ်သည်။

ဖြစ်ပေါ်နေသည့် အနေအထားက ရင်းနှီးမြုပ်နှံမှုများကို အားပေးမြှင့်တင်လိုသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက်၍ မြန်မာနိုင်ငံကို နောက်ထပ်ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ဖြစ်အောင် တွန်းအားပေးနိုင်သည့် အရှိန်အဝါ ပျောက်ဆုံးသွားမည်ကိုလည်း မလိုလားသည့် သမ္မတအိုဘားမားအတွက် အကျပ်ရိုက်စရာဖြစ်နေသည်။ ထို့အတွက် လာမည့်သီတင်းပတ်တွင် အိုဘားမားအနေဖြင့် မြန်မာနိုင်ငံအပေါ် နောက်ထပ်တစ်နှစ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားလိမ့်ဖွယ်ရှိသည်။ အိုဘားမားအစိုးရအနေဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် နာမည်ပျက်စာရင်းသွင်းထားသည့် မြန်မာနိုင်ငံမှ နိုင်ငံပိုင်ကုမ္ပဏီတစ်ချို့ကို စာရင်းမှ ပယ်ဖျက်ပေးဖွယ်လည်း ရှိသည်။

ပြီးခဲ့သည့်လက အစိုးရအာဏာရယူခဲ့သည့် မြန်မာနိုင်ငံအရပ်သားအစိုးရအား နောက်ထပ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် ထောက်ခံမှု ပြသသည့်အနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၃ ရက်က ထုတ်ပြန်ထားသည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် တင်းကြပ်သည့် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းမှုများ ဖော်ဆောင်လာခဲ့၍ ၂၀၁၂ ခုနှစ်အတွင်းက ရေရှည်ဒဏ်ခတ်ထားသည့် ရင်းနှီးမြုပ်နှံရေးနှင့် ကုန်သွယ်ရေးတို့တွင် ဖြေလျှော့မှုများ လုပ်ဆောင်ပေးခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု အာမခံထိန်းချုပ်ရေးရုံးတွင် နာမည်ပျက်စာရင်း သတ်မှတ်ထားသည့် စစ်တပ်ပိုင် အဓိကကုမ္ပဏီကြီးများနှင့် ကုမ္ပဏီဒါဇင်များစွာနှင့် လူပုဂ္ဂိုလ်အချို့ကိုမူ စီးပွားရေးလုပ်ကိုင်ခွင့်များ ပိတ်ပ်ထားဆဲဖြစ်သည်။ ထိုပြင် မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်းကုန်သွယ်ခွင့်နှင့် နိုင်ငံ၏ မက်မောစရာဈေးကွက်ဖြစ်သော ပတ္တမြားနှင့် ကျောက်မျက်ရတနာကျောက်စိမ်း တင်ပို့ခွင့်များကိုလည်း ဒဏ်ခတ်ပိတ်ဆို့ထားဆဲဖြစ်သည်။

အမေရိကန်နိုင်ငံအတွက် ခြိမ်းခြောက်စရာ ဖြစ်မည့်နိုင်ငံအပေါ် စီးပွားရေးစည်းကြပ်မှုအခွင့်အာဏာ သမ္မတဖြစ်သူအား ပေးထားသည့် နိုင်ငံတကာအရေးပေါ် စီးပွားရေးအာဏာအက်ဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြဌာန်းခြင်းဖြစ်သည်။

"မြန်မာနိုင်ငံအပေါ် ငါးနှစ် ဆယ်နှစ်လောက်ကတည်းက ချမှတ်ပြီးတာကြောင့် အရေးပေါ်အခြေအနေမျိုးဆိုတာ ရှိနေနိုင်ဦးမှာလား။"ဟု အမေရိကန်ကုန်သည်ကြီးများအသင်း အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်ညွန်ကြားရေးမှူး John Goyer က ပြောသည်။ ရင်းနှီးမြုပ်နှံသူများအတွက် မသေချာမရေရာမှုများကို ဖန်တီးနေသည့် မြန်မာနိုင်ငံအပေါ် အထူးဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို အမေရိကန်ကုန်သည်ကြီးများအသင်းက တွန်းအားပေးလျက်ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် Coca-Cola၊ General Electric၊ Chevron နှင့် Caterpillar ကဲ့သို့ အမေရိကန်ကုမ္ပဏီကြီးအချို့ ဈေးကွက်ဝင်ရောက်နေပြီဖြစ်သော်လည်း ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၄၈ သန်းသာရှိ၍ မြန်မာနိုင်ငံက စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏ၏ တစ်ရာခိုင်နှုန်းပင် ပြည့်မီခြင်း မရှိကြောင်း John Goyer က ပြောခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဆန့်ကျင်ဖက်အစွန်းအဖြစ် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံမဲ့ မွတ်စလင် ၁၄၀၀၀၀ ကို နုံချာသည့် ဒုက္ခသည်စခန်းများတွင် အထိန်းသိမ်းခံအဖြစ် ထားရှိခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ချေမှုန်းစစ်ဆင်မှုများတွင် စစ်တပ်၏ အလွဲသုံးစားလုပ်မှုများကို ထောက်ပြကာ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးကို ကန့်ကွက်လျက်ရှိသည်။

"လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေက လူ့အခွင့်အရေးကို အလွဲသုံးစားလုပ်သူတွေကိုယ်တိုင် သူတို့အပြုအမူတွေကို ဆေးကြောဖို့အတွက် တွန်းအားတွေပဲဖြစ်တယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့ထားတာက သင့်တော်လျောက်ပတ်တဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပြီး ဆက်ထားသင့်တယ်။ တိုးတက်ခိုင်မာလာတဲ့ နှစ်နိုင်ငံဆက်ဆံရေးကနေပြီး လူ့အခွင့်အရေး အလွဲသုံးစားလုပ်နေသူတွေအတွက် အကျိုးအမြတ်မရှိစေရဘူး။"ဟု Fortify Rights အဖွဲ့၏ အလုပ်အမှုဆောင်ဒါရိုက်တာ Matthew Smith က ပြောခဲ့သည်။

အမေရိကန်ရှိ ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်များကလည်း မေ ၂၀ တွင် သက်တမ်းကုန်မည့် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား ဆက်လက်ထားရှိရန် သမ္မတအိုဘားမားအား တိုက်တွန်းထားသည်။
Mizzima - News in Burmese

 SSPP/SSA ရဲ့ တပ်စခန်း တွေ ဖယ်ရှား ပေးဖို့ အစိုးရ စစ်တပ် ဘက်က တောင်းဆို ထားတာ မှာ နှစ်ဘက် ပြေလည်မှု မရ။
ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်ထဲမှာ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန် ခဲ့ပြီး အစိုးရ စစ်တပ် ဘက်က လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ မေလ ၁၂ ရက်နေ့ တိုက်ပွဲ မှာ အစိုးရတပ် ဘက်က အထိခိုက် အကျဆုံး များခဲ့တဲ့ အတွက်၊ နောက်တစ်ရက်မှာ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက် လာခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက် အကျအဆုံး စာရင်း အတိအကျကိုတော့ မသိရပါဘူး။

တိုက်ပွဲတွေကြောင့် ကျောက်မဲ မြို့နယ် နောင်ဗိန် ကျေးရွာကို တိုက်ပွဲဖြစ်ရာ ပတ်ဝန်းကျင် ကျေးရွာ တွေက ထွက်ပြေး လာကြသူတွေ ရာနဲ့ချီပြီး ရောက်ရှိ နေတယ်လို့ ဒုက္ခသည်တွေ အရေး ကူညီ ဆောင်ရွက် နေသူ တစ်ဦးက ဆိုပါတယ်။

SSPP/SSA ရဲ့ တပ်စခန်း တွေ ဖယ်ရှား ပေးဖို့ အစိုးရ စစ်တပ် ဘက်က တောင်းဆို ထားတာ မှာ နှစ်ဘက် ပြေလည်မှု မရပဲ အခုလို တိုက်ပွဲတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

ဆောင်းပါး-ခင်ရတနာ
ဓာတ်ပုံ-ဗြိတိသျှကောင်စီ၊ ရန်ကုန်ဗိသုကာ

ဂန္တဝင်ဆန်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုမှ တံခါးတစ်ချပ်သည် တစ်နေ့တာလုံးကို လူငယ်တို့ ဝင်ထွက်စေဖို့အတွက် သတ်မှတ်ပေးထားသကဲ့သို့ လူငယ်အများစု နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ လူငယ်များ ဝင်ရောက်လာသော်လည်း ဆူညံခြင်း အလျဉ်းမရှိသည့် တိတ်ဆိတ်အေးချမ်းသည့် အဆောက်အအုံသည် သီးခြားကမ္ဘာတစ်ခုသဖွယ် တည်ရှိနေသည်မှာ ရန်ကုန်မြို့လယ်ကောင် ကမ်းနားလမ်း အမှတ် ၈ဝ တွင်ဖြစ်သည်။

ယင်းအဆောက်အအုံသည် နှစ်ပေါင်း ၁၁၈နှစ် သက်တမ်းရှိမည်ဟု မည်သို့မျှ ပင် မထင်မှတ်ရသည့်အသွင်ဖြင့် သပ်ရပ်စွာ၊ ခမ်းနားစွာ၊ ကျက်သရေရှိစွာနှင့် ခိုင်ခံ့ စွာ ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိနေသည်။ လေးထပ်မျှပါဝင်သည့် ယင်း အဆောက်အအုံသည် အဖြူရောင်ရိုးစင်းလှသော်လည်း အတွင်းအပြင်များသည် အလွန်ပင် ပြုပြင်ထိန်းသိမ်းမှုအားကောင်းသဖြင့် ၂၁ ရာစုအဆောက်အအုံများ ကဲ့သို့ပင် ထင်မှတ်ရသည်။

ထိုအဆောက်အအုံသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံရုံးဖြစ်ပြီး သံရုံး နှင့်အတူ ဗြိတိသျှကောင်စီ စာကြည့်တိုက်နှင့် အခြားသော လူငယ်များအတွက် အခွင့်အလမ်းများကို ပေးအပ်နေသည့် ဌာနငယ်ကလေးများစွာကို ဖွဲ့စည်းထား သည့် နေရာတစ်ခုလည်းဖြစ်သည်။

သို့သော် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က ယင်းအဆောက်အအုံ ပေါ်တွင် ဗြိတိန်သံရုံးအနေဖြင့် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ သာမန် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတစ်ခု၏ အဆောက်အအုံအဖြစ်သာ ရည် ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

ကုန်သွယ်မှုပြုလုပ်ရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့သည့် ယင်းအဆောက် အအုံသည် ၁၈၉၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ မူလပိုင်ရှင်မှာ စကော့ တလန်နိုင်ငံသားပိုင် J & F.Graham ဖြစ်ပြီး ရုံးခွဲများသည် ဘုံဘေမြို့နှင့် ကာလကတ္တားစသည့် မြို့များတွင်လည်း တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများ တွင် ဖော်ပြထားသည်။

အဆောက်အအုံ၏ ဗိသုကာနှင့် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်ခဲ့သည့် အဖွဲ့မှာ Robinson & Mundy ဖြစ်ပြီး အဆောက်အအုံ သည် အလွန်ရိုးရှင်းလှပသည့် အနောက်တိုင်း အဆောက်အအုံတစ်ခုအဖြစ် ယနေ့တိုင် ဆန်းသစ်ဆဲအသွင်အပြင်ကို မြင်တွေ့ရသည်။

ယင်းအဆောက်အုံတွင် J & F.Graham ကုမ္ပဏီမှ တင်သွင်းသော နာမည်ကျော်အမှတ်တံဆိပ် Rowntree ချောကလက်ကို ဖြန့်ဖြူးရောင်းချပေး ခဲ့သည်။ ထို့အပြင် အာမခံလုပ်ငန်းများဖြစ်သည့် မီးအာမခံ၊ ရေကြောင်းအာမခံ နှင့် မတော်တဆထိခိုက်မှုအာမခံစသည့် ရန်သူမျိုးငါးပါးတို့၏ အာမခံအသီးသီး ကို လက်ခံပေးသည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။

လွတ်လပ်ရေးရရှိပြီးချိန်တွင်မူ အဆိုပါအဆောက်အအုံကို ဗြိတိသျှတို့၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဗြိတိသျှကောင်စီနှင့် စာကြည့် တိုက်တို့ကိုလည်း နောက်ပိုင်းတွင် ယင်းနေရာနှင့်ကပ်လျက် အမှတ် ၇၈ တွင် ပြန်လည်ပြုပြင်မွမ်းမံကာ ၂ဝဝ၁ခုနှစ်က ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့အခါ များပြားလှသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်တန်းများ ကို ဗြိတိသျှကောင်စီမှ ကြီးမှူးကာ လူငယ်များအတွက် ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဗြိတိန်နိုင်ငံသို့ ပညာသွားရောက် သင်ကြားလိုသူများအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် အခြားသော အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာ၊ ပန်းချီ၊ စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံမှု အစရှိသည့် ပညာရပ်ပေါင်းများစွာကို မျှဝေ ဖလှယ်ရာ လူငယ်များ၏ကမ္ဘာတစ်ခုလည်း ဖြစ်သည်။
javascript:;
ထို့ပြင် ပန်းချီ၊ ဂီတ၊ ရုပ်ရှင် အစရှိသည့် အနုပညာပြပွဲများ၊ ပြိုင်ပွဲများ၊ နိုင်ငံ တကာပညာရှင်များ၏ တင်ဆက်မှုများနှင့် အတွေ့အကြုံများမျှဝေရာနှင့် ဖော် ထုတ်ပြသရာ နေရာတစ်ခုလည်း ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ရွက်ပုန်းသီး အရည်အချင်းရှိ လူငယ်များကိုလည်း ဖော်ထုတ်ပေးရာ နေရာတစ်ခုဖြစ်သည်။

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် စာအုပ်ပေါင်း သုံးသောင်းကျော်၊ ဒီဗွီဒီပေါင်း ၃ဝဝဝ ကျော်နှင့် လူကြိုက်များသော ဗြိတိန်သတင်းစာများ၊ မဂ္ဂဇင်း များ၊ ဂျာနယ်များနှင့် ဘီဘီစီအသံလွှင့်ဌာနမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံသတင်းများနှင့်အတူ အင်တာနက်ဝန်ဆောင်မှုကိုလည်း အခမဲ့ရရှိမည် ဖြစ်ပြီး ကလေးငယ်များအတွက် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေး ထားသည်။

ဗြိတိသျှကောင်စီသည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှု ကူးလူး ဆက်ဆံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် တည်ထောင်ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ခုနှစ်တွင် စတင်တည်ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှကောင်စီသည် ၄င်း၏ပရိုဂရမ်လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကြက်၍ လုပ်ဆောင် ပို့ချပေးခဲ့ပြီး လူပေါင်းနှစ်သန်းကျော်ခန့်ဆီသို့ မျက်နှာ ချင်းဆိုင် ပို့ချပေးမှုများ၊ တီဗွီ၊ ရေဒီယိုနှင့် အွန်လိုင်းသတင်းဆက်သွယ်ရေးနည်း များနှင့် ပို့ချပေးမှုများမှတစ်ဆင့် သတင်းအချက်အလက်နှင့် သင်ကြားရေးအစီ အစဉ်များကို ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar


လက်ရှိဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၂ ဒသမ ၃ ဘီလျံ အကုန်အကျခံ၍ ပန်းခြံ ၃ ခုနှင့် ဘောလုံးကွင်း ၉ ခုကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေးဌာန တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ယခင်က ကြာရှည်စွာ ထိန်းသိမ်းမွမ်းမံပြင်ဆင်မှုမရှိခဲ့သည့် ပန်းခြံများနှင့် အားကစားကွင်းများကို အကြီးစားနှင့် အလတ်စား ပြန်လည် ပြုပြင်မွမ်းမံခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

"ဒီနှစ်မှာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မြနန္ဒာပန်းခြံကို မွမ်းမံပြင်ဆင်မယ်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုပန်းခြံကို အဆင့်မြှင့်တင်မယ်။ ဆိပ်ကမ်းသာပန်းခြံ(၂)ကို အသစ်တည်ဆောက်သွားပါမယ်။ ပြီးတော့ မြို့နယ်အသီးသီးမှာ ဘောလုံးကွင်း အသစ်တွေကို ဖော်ထုတ်သွားပါမယ်"ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေးဌာနမှူး ဦးကိုကိုလင်းက ပြောသည်။ အသစ်တည်ဆောက်သွားမည့် ဘောလုံးကွင်းများသည် မြောက်ဥက္ကလာပမြို့နယ်တွင် ၂ ခု၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁ ခု၊ တောင်ဒဂုံမြို့နယ်တွင် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁ ခု၊ သာကေတမြို့နယ်တွင် ၁ ခု၊ လှိုင်သာယာမြို့နယ်တွင် ၁ ခုနှင့် ရွှေပြည်သာမြို့နယ်တွင် ၂ ခု ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပန်းခြံပေါင်း ၆၃ ခု ရှိပြီး အဆင့်မြှင့်တင်ပြုပြင်ခဲ့သည့် ပန်းခြံများမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁၀ ခု၊ ၂၀၁၄-၁၅
ဘဏ္ဍာနှစ်တွင် ၆ ခု၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၇ ခုဖြစ်ပြီး၊ ၎င်းတို့အနက် ပန်းခြံ ၁၁ ခုကို အကြီးစားပြင်ဆင်မွမ်းမံခဲ့ခြင်း ဖြစ်သည်။ အထက်ပါဘဏ္ဍာနှစ်များအတွင်း ပန်းခြံ ၂၂ ခုကို သာမန်အဆင့်ပြင်ဆင်ခဲ့ပြီး ပုံမှန်ထိန်းသိမ်းထားသည့် ပန်းခြံများမှာ ၁၃ ခုနှင့် ဆက်လက်မွမ်းမံပြင်ဆင်ရန် လိုအပ်သေးသည့် ပန်းခြံမှာ ၅ ခုရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အားကစားကွင်း ၁၀၀ ရှိရာ ဧရိယာ အကျယ် ၁၂၉ ဒသမ ၄၇၄ ဧရိယာရှိသည်ဟု အဆိုပါဌာန တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပန်းခြံများနှင့် အားကစားကွင်းများ ပြင်ဆင်မွမ်းမံမှုများအတွက် အသုံးစရိတ်မှာ ကျပ် ၃ ဒသမ ၅ မှ ၃ ဒသမ ၇ ဘီလျံအတွင်း ရှိခဲ့ပြီး၊ လက်ရှိဘဏ္ဍာနှစ်တွင် ဘတ်ဂျက်သုံးစွဲနိုင်မှု နည်းပါးကြောင်း ဦးကိုကိုလင်းက ပြောသည်။

"ဘတ်ဂျက်ကတော့ ဒီနှစ် နည်းသွားတယ်။ နည်းသွားတယ်ဆိုတာကလည်း ရန်ကုန်မြို့အတွက် တခြားအရေးကြီးတဲ့ လုပ်ငန်းတွေအတွက်လည်း သုံးရတယ်။ ကျွန်တော်တို့ဌာနကလည်း ကော်မတီက ခွဲဝေပေးတဲ့ ငွေပဲသုံးရတာဟု ၎င်းက ပြောသည်။

Credit⏩ Myanmar Times

>
ခေါ်ချမော Khao Cha Maoရေတံခွန်ဟာ ရရောင်မြို့ နယ်က အမျိုးသားသစ်
တောကြိုးဝိုင်းရဲ့  စောင့်ရှောက်မှု အတွင်းမှာ တချိန်လုံး ရေစီးပြီး မခန်းခြောက်တဲ့ နေရာဖြစ်ပါတယ်။

ခုလိုအပူးပြင်းတဲ့အချိန်မျိုးမှာ ထိုင်းလူမျိုးတွေဟာ နယ်မြေ အနှံ့ က လာရောက်
အပန်းဖြေကြသလို နိုင်ငံတကာက ခ၇ီးသွားတွေလည်း လာရောက်လည်ပါတ်
နေကြတဲ့ နေရာဖြစ်ပါတယ်။

ယခုရက်ပိုင်းက စတင်ပြီး စမ်းချောင်းတွင်း မှာ ရေတွေရှိနေရက်နဲ့  ငါးမျိုးစုံ သေဆုံးကုန်ကြတာမို့  စမ်းချောင်းတလျှောက် အပုတ်နံ့ တွေ
ထွက်နေတာ ကြောင့် သစ်တောဝန်ထမ်းတွေ က သေဆုံးနေတဲ့ ငါးတွေကိုရေ
ထဲကနေ ဆယ်ယူရှင်းနေကြရပါတယ်။

ငါးခူ လို ရာသီဥတု အကြမ်းခံနိုင်တဲ့ ငါးကြီးတွေတောင် ရေစပ်မှာ စုပြုံတိုးပြီး
ပြင်ပလေကို ရူနေကြရတာကြောင့် ရေတွင်းမှာ အောက်စီဂျင်ပြတ်လပ်မှု ဖြစ်
နေတာလို့ တော့ သစ်တောထိမ်းသိမ်းရေး တာဝန်ခံတွေက ခန့်မှန်းေ နကြ ပါတယ်။

SAW
Social Action for Women - SAW
Credit CH3

ဗြိတိန်အခြေစိုက် YouGov သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့က အလေးစားဆုံး လူပုဂ္ဂိုလ်များစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။

ကမ္ဘာ့ဒေသအသီးသီးမှာ လူထု စစ်တမ်းတွေကို ပြုလုပ်နေတဲ့ သုတေသနအဖွဲ့ရဲ့ စာရင်းမှာ လေးစားဖွယ် အမျိုးသားနဲ့ အမျိုးသမီး ဆိုပြီး ခွဲခြား ဖော်ပြပါတယ်။

အမျိုးသားစာရင်းမှာ ပရဟိတ သူဌေးကြီး ဘေးဂိတ်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့က ထိပ်ဆုံးက ပါဝင်ပြီး၊ အမျိုးသမီး စာရင်းမှာတော့ ဟောလီဝုဒ် ရုပ်ရှင် မင်းသမီးနဲ့ ကုလသမဂ္ဂ အထူးသံတမန် အိန်ဂျလိုနာဂျိုလီ၊ အင်္ဂလန် ဘုရင်မကြီး အဲလိစဘက်တို့က ထိပ်ဆုံးက ပါဝင်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အန်ဂဲလာ မာကဲနဲ့ မြန်မာပြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က အမှတ်စဉ် ၈ နဲ့ ၉ နေရာကနေ ပါဝင်ပါတယ်။
DVB TV News

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းခရိုင်၊ တန်ချန်းမြို့မှာ မေလ ၁၁ ရက်နေ့က ၁၉၄၀ ပြည့်နှစ် လက်ကျန်ဗုံးတလုံးကို အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဗုံးဟာ အရှည် ၁ ဒဿမ ၅ မီတာရှိတဲ့ အင်အားပြင်းဗုံးတလုံးဖြစ်ကာ အ ကောင်းပကတိအတိုင်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက ဒီဗုံးဟာ ၁၉၄၅ ခုနှစ်ကနေ ၁၉၄၉ ခု နှစ်အတွင်း တရုတ်နိုင်ငံလွတ်မြောက်ရေးစစ်ပွဲကာလတွင်း အသုံးပြုခဲ့တဲ့ အေဘီ-၂၅၀-၅၄ အမျိုးအစားဗုံးတလုံးဖြစ်ပြီး ကျန်နေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဖောက်ခွဲလိုက်ချိန်မှာတော့ အချင်း ၁၀ မီတာလောက်ရှိတဲ့ တွင်းကြီးတတွင်းဖြစ် လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပေါက်ကွဲစေတတ်တဲ့ ဗုံးလက်ကျန်တွေဟာ တရုတ်နိုင်ငံအနှံ့အပြားရှိနေနိုင် သေးတဲ့အတွက် ဒါဟာ ဒေသတွင်းနိုင်ငံသားတွေကို ခြိမ်းခြောက်လာတယ်လို့ သတင်း မှာ ဖော်ပြပါတယ်။
DVB TV News

လစ်ဗျား မှာ တိုက်ခိုက် ဖို့ အတွက် ဘိုကိုဟာရမ် က တပ်ဖွဲ့ဝင်တွေ စေလွှတ် ခဲ့
နိုင်ဂျီးရီးယား နိုင်ငံက ဘိုကိုဟာရမ် အစွန်းရောက် အဖွဲ့ နဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ တို့ အကြားမှာ ပတ်သက် ဆက်နွယ်မှု တွေ တိုးမြှင့် လာတဲ့ အတွက် စိုးရိမ် မိကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံမှာ ကျင်းပ နေတဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ညီလာခံ ကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး လက်ထောက် ဝန်ကြီး အန်သိုနီ ဘလင်ကန် က ဘိုကိုဟာရမ် အဖွဲ့ဟာ ဝါဒဖြန့်ချီမှုတွေ ကို ဆက်တိုက် လုပ်နေပါတယ်။ အဲဒါ တွေက IS အဖွဲ့ရဲ့ လုပ်ဆောင် ချက်တွေ အတိုင်းပဲ လို့ပြောပါတယ်။

ပြီးတော့ လစ်ဗျား မှာ တိုက်ခိုက် ဖို့ အတွက် ဘိုကိုဟာရမ် က တပ်ဖွဲ့ဝင်တွေ စေလွှတ် ခဲ့တာကိုလည်း တွေ့ ရတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ဟာ အနောက်အာဖရိက နဲ့ အာဖရိက အလယ်ပိုင်း ဒေသတွေ ရဲ့ တည်ငြိမ်အေးချမ်း ရေးကို နှောင့်ယှက်မှုတွေ လုပ်နေကြောင်း ကိုလည်း လုံခြုံရေး ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ ရှိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

အစိုးရက ထိန်းချုပ် ထားနိုင်ဆဲ နယ်မြေ တွေကိုလည်း IS တွေ ဝိုင်းဝန်း ပိတ်ဆို့ ထားတာ ၂ နှစ် ရှိနေပြီ။
ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေအရ အရှေ့ဘက်မြို့ ဒဲရ်အဇော မှာရှိတဲ့ ဆေးရုံဝင်းကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တိုက်ခိုက် ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ဆီးရီးယား အစိုးရ အပေါ် လိုလားတဲ့ လက်နက်ကိုင်တွေ အယောက် ၂၀ ဝန်းကျင် သေဆုံး ခဲ့ရသလို၊ ဆေးဝန်ထမ်း တချို့ကိုလည်း IS တွေက ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ဆီးရီးယား အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ဒဲရ်အဇောမြို့ အယ်လ်-အာဆတ် ဆေးရုံ အပါအဝင် ဆေးရုံ ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး၊ မြို့ရဲ့ ထက်ဝက်ကျော် အစိတ်အပိုင်းတွေဟာ IS တွေ ထိန်းချုပ်မှုအောက် ကျရောက် နေတယ်လို့ ယုံကြည်ရပါတယ်။

အစိုးရက ထိန်းချုပ် ထားနိုင်ဆဲ နယ်မြေ တွေကိုလည်း IS တွေ ဝိုင်းဝန်း ပိတ်ဆို့ ထားတာ ၂ နှစ် ရှိနေပြီ ဖြစ်ပြီး အရပ်သား နှစ်သိန်း ဝန်းကျင် ပိတ်မိ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဥရောပတိုက်က နာမည်ကြီး Pop ယဉ်ကျေးမှု အစီအစဉ်တခုဖြစ်တဲ့ Eurovision သီချင်းပြိုင်ပွဲမှာ ယူကရိန်းနိုင်ငံက အဆိုတော် Jamala အနိုင်ရရှိသွားပါပြီ။ အစဉ်အလာအားဖြင့် နိုင်ငံရေးသဘောပါဝင်တဲ့ တင်ဆက်မှုတွေ မရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ၁၉၄၄ ခုနှစ်က တာတာလူမျိုးတွေကို Crimea ကျွန်းဆွယ်ဒေသကနေ ဆိုဗီယက်အစိုးရက မောင်းထုတ်လိုက်တဲ့အကြောင်း သီချင်း ဖွဲ့ဆိုခဲ့တဲ့ Jamala အနိုင်ရလိုက်တာဟာ နိုင်ငံရေးသဘော ပါဝင်နေတယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် အဆိုတော် Jamala ဟာ ၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းပိုက်ခြင်းခံခဲ့ရတဲ့ Crimea ကျွန်းဆွယ်သူ ဖြစ်ပါတယ်။ အဲဒီ သိမ်းပိုက်မှုကြောင့် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၄၄ လို့ နာမည်ပေးထားတဲ့ သူမရဲ့ သူချင်းဟာ သူ့ဆွေမျိုး တာတာတွေကို ရည်ညွန်းထားတာ ဖြစ်ပေမယ့် အခုလက်ရှိ ပဋိပက္ခကို ထင်ဟပ်ထားတဲ့ သဘောတွေ့ရပါတယ်။

ဒီပြိုင်ပွဲမှာ ဥရောပက ၁၄ နိုင်ငံအပါအ၀င် သြစတေးလျနဲ့ အစ္စရေးနိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆွီဒင်နိုင်ငံ၊ Stockholm မြို့မှာ ကျင်းပခဲ့တဲ့ ၄ နာရီကြာ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပွဲကို စနေနေ့က ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြီ၊ ဥရောပ၊ တရုတ်၊ သြစတေးလျ၊ နယူးဇီလန်တို့မှာ ထုတ်လွှင့် ပြသပြီး အမေရိကန်ပြည်ထောင်စုမှာလည်း ပထမဆုံးအကြိမ် တိုက်ရိုက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။

Eurovision ပွဲတော်ရဲ့ နာမည်ကျော် ဆုရှင်တွေထဲမှာတော့ ၁၉၇၄ ခုနှစ်မှာ ဆွီဒင်နိုင်ငံက ABBA အဖွဲ့၊ ၁၉၈၈ ခုနှစ်မှာ ကနေဒါနိုင်ငံသူ အဆိုကျော် Celine Dion ၊ ၂၀၀၃ ခုနှစ်မှာ ရုရှားနိုင်ငံက အမျိုးသမီး အဆိုတော်စုံတွဲ TATU တို့ ပါဝင်ခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ပြီးခဲ့သည့် မေ ၆ ရက်နေ့က သမ္မတဦးထင်ကျော် လာအိုနိုင်ငံ ထွက်ခွာစဉ်က (ဓာတ်ပုံ - ကျော်ဇေယျာဝင်း) ပြီးခဲ့သည့် မေ ၆ ရက်နေ့က သမ္မတဦးထင်ကျော် လာအိုနိုင်ငံ ထွက်ခွာစဉ်က (ဓာတ်ပုံ - ကျော်ဇေယျာဝင်း)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ မကြာမီ ရုရှားနိုင်ငံကို သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

ဦးထင်ကျော်ဟာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့မှာ ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမယ့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သွားရောက်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဦးထင်ကျေ် သမ္မတဖြစ်ပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး အဲ့ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ပါတယ်။
DVB TV News


နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့အစည်းဟာ အစိုးရလောင်းရိပ်အောက်ကလွတ်ကင်းတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း တခုဖြစ်သင့် ကြောင်း အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးအကျဉ်းသားဟောင်း မြန်မာသံဃာတော်တွေက ပြောဆိုလိုက်ကြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသာနာရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေကို မေလ(၁၄)ရက်နေ့မှာ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်(၄၇)ပါးကို သွားရောက်ဖူးမျှော်လျှောက်ထားအပြီး အခုလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံရာမှာ NLD အစိုးရအနေနဲ့ "ရဟန်းရှင်လူ ပြည်သူလူထုနဲ့ မဆန့်ကျင်တဲ့" အစိုးရအဖွဲ့ အဖြစ် တတ်စွမ်းနိုင်သမျှဆောင်ရွက်သွားမှာဖြစ်တယ်လို့ လျှောက်ထားခဲ့သလို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ် မြို့နယ်၊ ရပ်ကွက်/ကျေးရွာတွေအထိ ဦးဆောင်မှုပေးပြီး “သံဃာ့ကိစ္စ သံဃာ တော်တွေ ဆောင်ရွက်ရေးမူ” ဆိုတဲ့ မူနဲ့အညီ ဆောင်ရွက်မှုပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့တည်ငြိမ် အေးချမ်း တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့လည်း လျှောက်ထားခဲ့ပါတယ်။

တကယ်တော့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်ဟာ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိမှသာ သာသနာအတွက်ရော နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးအတွက် ကောင်းမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ သတင်းသုံးနေတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

“သာသနာရေးကိစ္စကို သံဃာတွေဟာ လွတ်လွတ်လပ်လပ် လုပ်ဆိုတဲ့ဟာလေး တကယ်တမ်း အဲ့ဒီလို လုပ်ပိုင်ခွင့်တွေ ရှိဖို့တော့ လိုတယ်ပေါ့။ အရင်တုန်းက ရှိခဲ့တာတွေ အတော်များများက သံဃာတော်တွေဟာ သံဃာ့ရေးရာကိစ္စ၊ သာသနာ့ရေးရာကိစ္စတွေမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိတာတွေ အများကြီး ကြုံတွေ့ရပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ သာသနာအရေးတွေနဲ့ ပတ်သက်လာရင် သာသနာရေးဝန်ကြီးဌာနဟာ သံဃာ့မဟာနာယကအဖွဲ့အစည်း ဆရာတော်ကြီးများရဲ့ သြ၀ါဒတွေကို အမှန်အတိုင်းပဲ ခံယူပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် သာသနာအတွက် ပိုပြီးတော့ ကောင်းတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူး။ အရင်ကအတိုင်းပဲ ဖြစ်ဦးမယ်ဆိုရင်တော့ သာသနာအတွက်က ဒီထက်မက ပိုပြီးတော့ ရှုတ်ထွေးလာနိုင်တယ်။”

ဒီအချက်ကို Wisconsin ပြည်နယ်မှာ သတင်းသုံးတဲ့ သာသနာ့ဥသျှောင်အဖွဲ့ တာဝန်ခံဆရာတော်တပါးဖြစ်တဲ့ ဦးဇ၀နကလဲ သဘောတူ ပါတယ်။

“နိုင်ငံတော် သံဃာ့နာယကက တကယ်လို့သာ သူဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းမှန်လို့ရှိရင် ဘယ်ဆရာတော်ကမှ ပဋိပက္ခတွေကို လိုလားမှာ မဟုတ်တာ သေချာတယ်။ မြိုင်ကြီးငူဆရာတော်လို ဟာမျိုးဆိုရင်လည်း နိုင်ငံတော်သံဃာ့မဟာနာယက က တကယ်သာ သြဇာအာဏာ ထိထိရောက်ရောက် ဆိုလို့ရှိရင် ဒါဟာ ၀ိနည်းဓမ္မတာအရ လုံးဝ မသင့်တော်တဲ့ကိစ္စ ဖြစ်နေတယ်။ သူများမြေကို သွားပြီးတော့ ကျူးကျော်တဲ့ဥစ္စာ ရဟန်းတပါးရဲ့ မလုပ်သင့်တော့တဲ့ကိစ္စပါ။ ပြစ်မှုကျူးလွန်နိုင်တဲ့ ပုစ္ဆာကြီးဖြစ်နေတဲ့ဥစ္စာက သံဃာ့နာယကနဲ့ လူသိရှင်ကြား ပြောသင့်တဲ့ကိစ္စမှာ ဘာမှမပြောဘဲ ငြိမ်နေတာတွေကလည်း ဗုဒ္ဓဘာသာရဲ့ ရုပ်ဆိုးတဲ့ အကျည်းတန်တဲ့ မြင်ကွင်းကြီးက ထင်ထင်ရှားရှားကြီးကို ဖြစ်သွားရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မဘသလို့ခေါ်တဲ့ သံဃာ့အဖွဲ့အစည်းတရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီး ဒီအဖွဲ့ကြောင့် ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို ထိခိုက် တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါကို သံဃာ့ မဟာနာယကအဖွဲ့က ထိန်းသိမ်းသင့်တယ်လို့ အရှင်ဦးဇ၀နကမိန့်ပါတယ်။

“မဘသရဲ့ ရပ်တည်မှုကို သံဃာ့နာယကက ဘာမှကို အရေးမယူတဲ့အပြင် တချို့ မဘသပွဲတွေကို သံဃာနာယကဆရာတော်တွေ ကိုယ်တိုင် သွားတက်ရောက်နေတာကို တွေ့ရတယ်။ ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဒီ သူ့ဥပဒေရှိတယ်။ သူ့ဥပဒေတွေထဲမှာ ဂိုဏ်း ၉ ဂိုဏ်းမှအပ ဘယ် မည်သည့် သံဃာ့အဖွဲ့အစည်းမှ ခွင့်မပြုဘူးဆိုတဲ့ ဥစ္စာက လိုလို့ရှိလို့ရှိရင် ခွင့်ပြုတယ်၊ မလိုလို့ရှိရင် ခွင့်မပြုဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားတယ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်ထားချက်ထဲမှာ နိုင်ငံကို ဗြဟ္မစိုရ်တရားလေးပါး ပေါ်အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ လျှောက်ထားခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေးကို အခြေခံတဲ့ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ပေါ်ဖို့ဆိုရင် ဘာသာရေးခေါင်းဆောင်တွေ သဘောထားကြီးဖို့ ဦးပညာဇောတက မိန့်ပါတယ်။

“ဦးဇင်းတို့နိုင်ငံက တလျှောက်လုံး ဘာသာမတူတဲ့လူတွေ အတူတူ ပူးပေါင်းပြီးတော့ နေတာပါ။ ဦးဇင်းတို့နိုင်ငံမှာ အရင်တုန်းကအတိုင်း ရှိခဲ့လျက်သားနဲ့ ညီညွတ်မှုကို ဘာကြောင့် ပြိုကွဲအောင် အချင်းချင်း ပဋိပက္ခတွေဖြစ်အောင် ဦးဇင်းတို့ မနေနိုင်ဘဲ ရှိရမှာလဲပေါ့။ နေကို နေနိုင်ရမယ်လို့ ဦးဇင်းတို့က မြင်တယ်။ အဲဒီအပေါ်မှာ ဘာသာရေး ခေါင်းဆောင်တွေဟာလည်းပဲ သဘောထားကြီးဖို့ လိုပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာလည်းပဲ အရေးကြီးတယ်ဆိုတာ ဦးဇင်းအနေနဲ့ အဓိက ပြောချင်ပါတယ်။ သဘောထား ကြီးကြီးနဲ့ ကိုယ့်ဘာသာဝင်တွေကို ဖျောင်းဖျထိန်းသိမ်းပြီးတော့ သွားမယ်။ ညွှန်ကြားပြီးတော့ သွားမယ်ဆိုလို့ရှိရင် ညီညွတ်မှုတွေ ရလာနိုင်ပါတယ်။ ဘာမှ ပြဿနာ မရှိနိုင်ပါဘူးလို့။”

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ ခေတ်အဆက်ဆက် အစိုးရအဖွဲ့တွေရဲ့အသုံးချတာကို ခံခဲ့ရတယ်ဆိုတဲ့ ဝေဖန်မှုတွေလဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

VOA Burmese News


နော်ဝေနိုင်ငံ တောင်ပိုင်း Froland မြို့မှာ - မေလ ၁၄ ရက် စနေနေ့က ပြည်သူ့ဥယျာဉ်ပန်းခြံရဲ့ နေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ Froland မြို့ရဲ့ မြို့တော်ဝန်ကိုယ်တိုင် အခမ်းအနားကို တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် တရားဝင် သတ်မှတ် အပ်နှင်းတာ ဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အလုပ်အားလပ်ရက်တိုင်း မြို့ခံတွေ အပန်းဖြေအနားယူတဲ့ နေရာလည်းဖြစ်၊ ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက် လည်ပတ်လေ့ရှိတဲ့ ပြည်သူ့ဥယျာဉ်ပန်းခြံထဲက နေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် စနေနေ့က တရားဝင် ကင်ပွန်းတပ် သတ်မှတ်တဲ့ အခမ်းအနားကိုတော့ Froland မြို့တော်ဝန်ကိုယ်တိုင် တက်ရောက် အပ်နှင်းခဲ့တာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရယ်လို့ ဖြစ်လာဖို့အတွက် Froland မြို့ရောက် မြန်မာတွေကနေ နေရာတခုပေးဖို့ မြို့တော်ဝန်ဆီမှာ တောင်းဆိုခဲ့ရာက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ပုဒ်နဲ့ အထင်ကရဖြစ်တဲ့ ပြည်သူ့ဥယျာဉ်နဲ့သာ ထိုက်တန်တယ်ဆိုပြီး ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မတီဝင်တဦးဖြစ်တဲ့ ဦးဂျွန်မန်းက ဗွီအိုအေကို ပြောပါတယ်။

“နဂိုကတည်းက ရှိပြီးသားပန်းခြံ အခု ကျနော်တို့ လျှောက်ထားတာက ကိုယ်ထူကိုယ်ထနဲ့ လုပ်မယ်ပေါ့နော် နေရာတခု မွေးနေ့တိုင်းမှာ သစ်ပင်စိုက်ပေးမယ်လို့ ရည်ရွယ်ထားခဲ့တာ။ အခုက ရည်ရွယ်ထားတာတွေနဲ့ တခြားစီပဲ ပြောရမလား။ အင်မတန်မှ ကြီးမားတဲ့ သူတို့ အမြတ်တနိုး ထားတဲ့ သူတို့ရဲ့ ပြည်သူ့ပန်းခြံကို အောင်ဆန်းစုကြည်ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ပေးပြီးတော့မှ အဲဒါကို သူတို့ အပ်နှင်းတာ ဖြစ်ပါတယ်။ ဒီနေ့ မြို့တော်ဝန်ပြောတဲ့ မိန့်ခွန်းထဲမှာ ကောက်နှုတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ မြန်မာပြည်သားတွေအတွက်ချည်း မဟုတ်ဘဲနဲ့ ကမ္ဘာက လေးစားကြည်ညိုတဲ့ Icon ဖြစ်တယ်ဆိုတဲ့ဟာကို သူတို့ ကောင်းကောင်းလက်ခံထားလို့ ဒီနေ့ ဒီနေရာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုက်တန်တယ်ဆိုပြီးတော့မှ ပြီးရင် ကမ္ဘာလှည့်ခရီးသည်တွေလည်း လာရောက်မှာ သေချာတယ်။ ပြီးရင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီနေရာကို ရောက်လာတဲ့အချိန်မှာ အဲ့လို စဉ်းစားပြီး အကောင်းဆုံးနေရာကို ပေးတာဖြစ်တယ်လို့ ဒီနေ့ ပြောပါတယ်ခင်ဗျ။”

ပန်းခြံဖွင့်ပွဲအခမ်းအနားကိုတော့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ဦးဂျွန်မန်း က ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် သတ်မှတ်ခေါ်ထွင်စေတဲ့ ပြည်သူ့ဥယျာဉ်မှာ Froland မြို့နေ ကမ္ဘာကျော်သင်္ချာပညာရှင် ဟင်နရီ အက်ပဲလ် နေထိုင်ခဲ့ပြီး၊ သူ့ကို အမှတ်ရစေဖို့ ဒီဥယျာဉ်ပန်းခြံထဲမှာ - ဟင်နရီအက်ပဲလ်ရဲ့ ရုပ်ထုကို ထားရှိခဲ့တာပါ။ မကြာခင်မှာတော့ ဒီပန်းခြံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ထုလည်း ရှိလာတော့မယ်လို့ ဦးဂျွန်မန်း က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး Froland မြို့ခံတွေရဲ့ သဘောထားနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာတော့ -

“ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုဆိုတာ သူတို့က ထုတ်မပြောပေမဲ့လည်း သတင်းစာမှာ ထွက်လာတဲ့အချိန် နောက် လုပ်ဖော်ကိုင်ဘက်တွေလည်း ဒီသတင်းကို ကြားတဲ့အချိန်မှာ အရမ်းကို အား သိပ်ကောင်းတယ် သိပ်ကောင်းတယ်လို့ ပြောတဲ့သူတွေ ရှိသလို၊ ဘယ်နေရာလဲလို့ မေးရင်းနဲ့ ဒီနေရာ ဖြစ်တယ်ဆိုပြီး၊ သိလိုက်တဲ့အခါမှာ စကား အ သွားတာတွေလည်း ကျနော်တို့ ကြုံရပါတယ်။ ဆိုတော့ နှမြောတသတဲ့သူတွေ ရှိတယ်ဆိုတာတော့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။”

နော်ဝေနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ် အားပေးကူညီလာခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီထွန်းကားဖို့ အကြမ်းမဖက် တိုက်ပွဲဝင် တောင်းဆိုလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
VOA Burmese News