05/16/16

အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: AFP) 
လူ့အခွင့်အရေး ​အဖွဲ့တွေက ​အမေရိကန်ကနေ ​မြန်မာအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဆက်လက်ထားရှိဖို့ ​လိုလားပေမယ့် ​အမေရိကန်နိုင်ငံက ​စီးပွားရှင်အဖွဲ့ကတော့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ရုတ်သိမ်းပေးသင့်တယ်လို့ ​တိုက်တွန်းထားပါတယ်။

အမေရိကန် ​အနေနဲ့ ​မြန်မာအပေါ် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​ဆက်ထားဖို့ ​သင့်မသင့်ဆိုတာကို ​ဒီတပတ်အတွင်း ​ဆုံးဖြတ်ရမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​အစိုးရသစ် ​တက်လာပြီးနောက် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းလိုတဲ့အတွက် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပေးချင်သလို ​တဖက်မှာလည်း ​ဒဏ်ခတ်မှုတွေကို ​ဖယ်ရှားလိုက်ရင် ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှုတွေ ​ရပ်တန့်သွားမှာကို ​စိုးရိမ်နေရပါတယ်။

အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီက ​မေလ ​၂၂ ​ရက်နေ့ကြရင် ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ဖို့ ​ရှိပြီး ​အဲဒီ ​လည်ပတ်မှု ​မတိုင်ခင်မှာ ​မြန်မာအပေါ် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​ဆက်ထားဖို့ ​သင့်မသင့် ​ဆုံးဖြတ်နိုင်ပါတယ်။

မြန်မာ ​အစိုးရသစ်ကို ​ထောက်ခံကြောင်း ​ပြသတဲ့အနေနဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​မြန်မာနိုင်ငံကို ​လာရောက်မှာ ​ဖြစ်တယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနက ​သောကြာနေ့တုန်းက ​ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ​ကိုလာကိုလာ ​ကုမ္ပဏီ၊ ​Chevron, ​Caterpillar ​လို့ ​ကုမ္ပဏီတွေက ​မြန်မာနိုင်ငံမှာ ​ဒေါ်လာ ​၂၄၈ ​သန်းလောက် ​မြုပ်နှံထားပေမယ့် ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုရဲ့ ​၁% ​သာ ​ရှိသေးတာ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဖယ်ရှားဖို့ ​အမေရိကန် ​စီးပွားရှင် ​တချို့က ​လိုလားပေမယ့် ​အမေရိကန် ​အမေရိကန် ​နိုင်ငံက ​အဓိက ​နိုင်ငံရေး ​ပါတီ ​နှစ်ခုစလုံးက ​မြန်မာအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဆက်လက်ထားရှိဖို့ ​သမ္မတ ​အိုဘားမားကို ​တိုက်တွန်းထားတာ ​ရှိပါတယ်။

သမ္မတ ​အိုဘားမားအနေနဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေ ​ဆက်လက်ထားရှိပြီး ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီးမြုပ်နှံမှု ​ကဏ္ဍမှာ ​အပြောင်းအလဲ ​အနည်းငယ် ​လုပ်နိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

မြန်မာအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုက ​မေလ ​၂၀ ​ရက်နေ့မှာ ​သက်တမ်း ​ကုန်ဆုံးမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

 ဖိလစ်ပိုင် သမ္မတ အရွေးခံရတဲ့ ရိုထရီဂို ဒူတာတေး
ဖိလစ်ပိုင် အစိုးရ အဖွဲ့ထဲမှာ ကွန်မြူ နစ် သူပုန်တွေကိုလည်း ထည့်သွင်း ဖွဲ့စည်း သွားမယ်လို့ သမ္မတ အဖြစ် ရွေးချယ် ခံခဲ့ရတဲ့ ရိုဒရီဂို ဒူတာတေး က ပြောပါတယ်။

လယ်ယာစိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး နဲ့ အလုပ်သမား ဌာန တွေ ဖွဲ့စည်းရာမှာ နိုင်ငံ အတွင်းက သက်တမ်း အရှည်ကြားဆုံး ကွန်မြူ နစ် သူပုန် အဖွဲ့ ဝင်တွေကို ဖိတ်ခေါ် ဖွဲ့စည်းမယ်လို့ မစ္စတာ ဒူတာတေး က ပြောပါတယ်။

ကွန်မြူနစ် တော်လှန်ရေး အဆုံးသတ် ဖို့ အတွက် ပြည်ပရောက် ကွန်မြူ နစ် ခေါင်းဆောင် ဟိုဆေး မာရီယာ ဆစ်ဆွန် ကို တိုင်းပြည်ကို ပြန်လည် လာရောက် ဖို့ ဖိတ်ခေါ်သွားမယ်လို့ မစ္စတာ ဒူတာတေး က ဆက်လက် ပြောကြား ခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ၁၉၆၀ ကတည်းက စတင် ခဲ့တဲ့ ကွန်မြူနစ် တော်လှန်ရေး ကြောင့် လူပေါင်း သုံးသိန်း ကျော် သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese/


Breaking news on 16 May2016

သီရိလင်္ကာနိုင်ငံကိုလံဘို မြို့ မှာ ရေကြီးမှုတွေ မြေပြိုကျတာတွေ ဖြစ်ပွားနေတာကြောင့် လူ(၈)ဦးသေဆုံးပြီးမိသားစုပေါင်း(၅၀၀၀) ကျော် ရေဘေးခံနေရလို့ စစ်တပ်ဖွဲ့ ဝင်တွေက ဦးဆောင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးပေါ် လုပ်ဆောင် ကူညီနေရကြောင်း အစိုးရပိုင်း အာဏာပိုင်တွေက ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။

မိုးအဆက်မပြတ်ရွာနေပြီး ရေကြီးမှုတွေဟာ အဆိုးဝါးဆုံးဖြစ်ပေါ်နေလို့  ယနေ့  မေလ ၁၆ ရက်နေ့ မှာ မြို့ တော် အတွင်းက လမ်းမတွေပိတ် ထားရသလို လွှတ်တော် အဆောက်အဦးအတွင်း မှာတောင် ရေတွေကြီးနေတယ်လို့ သိရပါတယ်။

ရွာတဲ့မိုးရေချိန်ဟာ ၂၆၂ မီလီမီတာ အထိ မြင့်တက်နေပါတယ်၊ မြို့ တော် ကိုလန်ဘိုရဲ့  စည်ပင်သာယာ အဖွဲ့ ကတော့ နောက်ရက်ပိုင်းတွေ အထိ ဆက်တိုက်ရွာမှာဖြစ်တယ်လို့  ထုတ်ပြန်ခဲ့ပါတယ်။

Credit gulfnews.com
Social Action for Women - SAW


ဘဂ္ဂဒက် ၊ ၁၆-၅-၂၀၁၆

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနီးရှိ သဘာဝဓာတ်ငွေ့ စက်ရုံကို ISIS စစ်သွေးကြွ များက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာ လူ ၁၄ ဦးသေဆုံးပြီး အခြား ၂ဝ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။

ISIS စစ်သွေးကြွ များသည် ဘဂ္ဂဒက်မြို့ မြောက်ပိုင်းမှ ၁၂ မိုင်အကွာ တာဂျီမြို့ရှိ သဘာဝဓာတ်ငွေ့ စက်ရုံဂိတ်ပေါက် တွင် ကားဗုံးခွဲ တိုက်ခိုက်မှု သုံးကြိမ် ကနဦး လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသော အသေခံဗုံးခွဲ သမားခြောက်ဦး သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ က ၄င်းစက်ရုံအား ပြန်လည် မထိန်းချုပ်နိုင်မီ စက်ရုံအတွင်းရှိ ဓာတ်ငွေ့ လှောင်ကန်များ အနီးသို့ သွားရောက် ကာ ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု သည် မေ ၁၅ ရက် နံနက် အရုဏ်မတက်မီ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများ ထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စက်ရုံ အလုပ်သမား များနှင့် အသေခံဗုံးခွဲ တိုက်ခိုက်သူ များလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် ဘဂ္ဂဒက်မြို့၌ မေ ၁၁ ရက်က ဖြစ်ပွားခဲ့သော ISIS စစ်သွေးကြွ များ၏ ကားဗုံးခွဲ တိုက်ခိုက်မှု အတွင်းလူ ၉၃ ဦး သေဆုံးခဲ့ ပြီးနောက် လေးရက် အကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

PyiChitThar
http://www.pyichitthar.com

မေလ ၉ ရက်နေ့ တုန်းက သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရသူ Rodrigo Duterte (Credit: Reuters) 
မေလ ​၉ ​ရက်နေ့တုန်းက ​ရွေးချယ်ခံရတဲ့ ​ဖိလစ်ပိုင် ​သမ္မတ ​အသစ် ​Rodrigo ​Duterte ​က ​ရဲတွေရဲ့ ​အမိန့်ကို ​နာမခံတဲ့ ​ရာဇာဝတ် ​သားတွေကို ​ပစ်သတ်မယ်လို့ ​ပြောတာဟာ ​အပြောသက်သက် ​မဟုတ်ပဲ ​တကယ်လုပ်မှာ ​ဖြစ်တယ်လို့ ​ပြောလိုက်ပါတယ်။

ရဲတွေ ​ဖမ်းဆီးဖို့ ​လုပ်တာကို ​ငြင်းဆန်ရင် ​ဒါမှမဟုတ် ​ရဲတွေအပေါ် ​တုန့်ပြန်မှု ​လုပ်တဲ့လူတွေကို ​ပစ်သတ်မှာ ​ဖြစ်တယ်လို့ ​အသက် ​၇၁ ​နှစ်အရွယ် ​ဖိလစ်ပိုင် ​သမ္မတအသစ်က ​ပြောပါတယ်။

အဲဒီအတွက် ​စစ်တပ်က ​သေနတ်ပစ်သမားတွေကို ​နေရာပေးမယ်လို့လည်း ​ပြောပါတယ်။

ဒါ့အပြင် ​၂၀၀၆ ​ခုနှစ် ​သမ္မတဟောင်း ​Gloria ​Arroyo ​လက်ထက်တုန်းက ​ရုပ်သိမ်းလိုက်တဲ့ ​သေဒဏ်ကိုလည်း ​ပြန်လည် ​အသက်ဝင်အောင် ​လုပ်ဆောင်မယ်လို့ ​ပြောပါတယ်။

သေဒဏ်ကျခံရသူတွေကို ​ကြိုးမိန့်ပေးမှာ ​ဖြစ်ပြီး ​မူးယစ်အမှု၊ ​မုဒိမ်းမှု၊ ​လူသတ်မှုနဲ့ ​ခိုးယူမှုတွေ ​ကျူးလွန်သူတွေကို ​ကြိုးမိန့်အထိ ​ပေးနိုင်တယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မနက် ​၂ ​နာရီနောက်ပိုင်း ​အများပိုင် ​နေရာမှာ ​အရက်သေစာ ​သောက်ခွင့်ပေးမှာ ​မဟုတ်တော့သလို ​ကလေးငယ်တွေ ​ညအချိန်မှာ ​လမ်းမလျှောက်ရဘူးလို့ ​ပြောလိုက်ပါတယ်။

ကလေးတွေ ​ညအချိန်မှာ ​လျှောက်သွားနေတာကို ​တွေ့ရင် ​မိဘတွေကို ​ဖမ်းဆီးပြီး ​ကလေးကို ​ပစ်ထားတဲ့ ​အမှုနဲ့ ​တရားစွဲမယ်လို့ ​ဆိုပါတယ်။

သမ္မတ ​ရော်ဒရီကို ​ဒူတာတေးဟာ ​အရင်တုန်းက ​ပုပ်ရဟန်းမင်းကြီး ​ဖရန်စစ်ကို ​ဖာသည်မရဲ့သားလို့ ​ခေါ်ဆိုမှု ​လုပ်ခဲ့ဖူးပါတယ်။

အဲဒီလို ​ပြောဆိုမိတဲ့အပေါ် ​တောင်းပန်ခဲ့ပြီး ​ပုပ်ရဟန်းမင်းကြီးရှိဟာ ​ဗာတီကန် ​နန်းတော်အထိ ​သွားရောက် ​တောင်းပန်မယ်လို့ ​ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ ​မနေ့တုန်းကတော့ ​တောင်းပန်စာကို ​ပို့ထားပြီဖြစ်လို့ ​ဗာတီကန်ကို ​မသွားတော့ဘူးလို့ ​ပြန်ပြောင်းပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ​သူ့လက်ထက်အတွင်း ​တရုတ်နိုင်ငံနဲ့ ​တိုက်ရိုက် ​တွေ့ဆုံဆွေးနွေးမှု ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ​နယ်မြေပိုင်ဆိုင်မှု ​အငြင်းပွားမှုတွေကြောင့် ​တရုတ်နဲ့ ​ဖိလစ်ပိုင်တို့ရဲ့ ​ဆက်ဆံရေး ​တင်းမာလာခဲ့တာ ​ဖြစ်ပြီး ​သမ္မတ ​Benigno ​Aquino ​ကတော့ ​တရုတ်နဲ့ ​တိုက်ရိုက် ​တွေ့ဆုံဆွေးနွေးမှုတွေ ​မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ​သမ္မတသစ် ​ဒူတာတေးကတော့ ​ဒီကနေ့မှာ ​တွေ့ဆုံမယ့် ​နိုင်ငံခြား ​ကိုယ်စားလှယ်ထဲမှာ ​တရုတ်နိုင်ငံ ​သံအမတ် ​ပါဝင်မှာ ​ဖြစ်ပြီး ​တရုတ်နဲ့ ​ဆက်ဆံရေး ​တိုးတက်အောင် ​ဆောင်ရွက်မယ်လို့ ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


|| ဒလဘန်း (နိုင်ငံတော် သမ္မတ ဦးထင်ကျော်) ||

ရွှေတောင်ကုန်းဆရာတော်ဘုရားကြီးကို စတင် တွေ့မြင်ဖူးမြော်ခွင့်ရပြီး ဆရာတော်ကြီး၏ သြ၀ါဒတရား စကားများကို ကြားနာခဲ့ရသည်မှာ ဆယ်စုနှစ် နှစ်ခုပင် ပြည့်လုနီးပါးပြီ။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာသို့ ရောက်ခဲ့ရသည့် အကြောင်းရင်းခံမှာလည်း အမှတ်တရရှိလှပါသည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မမ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ပါသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်များမကြာခင်မှာ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည့် အာဇာနည်နေ့ နှစ်လည်ဖြစ်ပါသည်။ အန်ကယ်ဦးအုန်းမြင့် (သခင်အုန်းမြင့်)နှင့်အတူ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းသို့ သွားရောက်ကာ ၁၉ ဇူလိုင် အာဇာနည်နေ့တွင် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မမ၏နေအိမ်သို့ ဆွမ်းစားကြွရောက်ပါရန် ကြိုတင်သွားရောက် လျှောက်ထားကြသည်။ အလားတူပင် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီးကိုလည်း သွားရောက် လျှောက်ထားကြပါသည်။

ဆွမ်းကပ်သည့်နေ့တွင် စာရေးသူက ရွှေတောင်ကုန်း ဆရာတော်ကြီးကိုပင့်ရန် တာဝန်ကျပါသည်။ ဆရာတော်ကြီး အပါအ၀င် ကျောင်းတိုက် သံဃာတော် စုစုပေါင်း ၅ ပါးကို ပင့်ရမည်မို့၊ မော်တော်ယာဉ်နှစ်စီးဖြင့် သွားကြပါသည်။ ဆရာတော်ကြီးက နံနက် ၁၀း၃၀ နာရီတွင် တရားဟော၊ ရေစက်ချပြီးမှ ဆွမ်းကပ်ရန်၊ ကြိုတင်မိန့်ကြားထား၍ ကျောင်းသို့ ၁၀း၀၀ နာရီ အရောက် သွားကြပါသည်။ ဆရာတော်ကြီးရော၊ ကျန် သံဃာတော်တွေပါ အသင့်ဖြစ်နေကြ၍ နံနက် ၁၀း၃၀ မတိုင်ခင် တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ပြန်ရောက်ကြသည်။ ၀ါစဉ်အရမို့ အခြား သံဃာတော်များက ဆရာတော်ကြီးကို ဦးစားပေး နေရာယူကြပါသည်။

နံနက် ၁၀း၃၀ နာရီတိတိတွင် ဆရာတော်ကြီး တရားစဟောကာ တစ်နာရီလည်း ပြည့် ချိန်ကိုက်ထားသည့်အလား ဆရာတော်ကြီး တရားဟောလည်း အဆုံးသတ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်များကို ရည်စူး၍ လှူဖွယ်များ ဆက်ကပ်လှူဒါန်း အမျှဝေပြီး ဆွမ်းဘုဉ်းပေးကြပါသည်။

ရက်သတ္တတစ်ပတ်ခန့်အကြာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် အမေကြီးကို ရည်စူးကာ ဇူလိုင် ၂၇ ရက်နေ့တွင် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာကျောင်းတိုက်သို့ ဆွမ်းချိုင့်ပို့ပါသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ရောက်သည့် အခါ၌ကား ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်နှင့် ကမ္ဘာအေး ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်တို့မှ ဆရာတော်ကြီးများ အပါအ၀င် သံဃာတော် ၅ ပါး ကျစီ အခြားကျောင်းတချို့မှ သံဃာ ၅ ပါး၊ ပေါင်း သံဃာ ၁၅ ပါးကို ဆွမ်းပင့်ပါသည်။ မွန်းလွဲပိုင်း၌ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဗဟာအီ၊ ဂျူး စသည့် ဘာသာစုံမှ ပုဂ္ဂိုလ်များဖြင့် ဆုတောင်းပွဲတစ်ခု ပြုလုပ်လေ့ရှိပါသည်။ အချိန်မရသည့်အခါများ၌ကား ကျောင်းကြီး နှစ်ကျောင်းသို့ ဆွမ်းပို့ပါသည်။

ဇွန်လ ၁၉ ရက် မမ၏ မွေးနေ့ ကျရောက်သည့်အခါများ၌ ကျောင်းတိုက်နှစ်တိုက်စလုံးသို့ ဆွမ်းပို့ပါသည်။ ဤသို့ လစဉ် ၁၉ ရက်နှင့် ၂၇ ရက်နေ့ ကျရောက်တိုင်း ဆွမ်းပင့်၊ ဆွမ်းပို့အလုပ်များ လုပ်နေချိန်၊ ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် မမ၏ခင်ပွန်း ဒေါက်တာ မိုက်ကယ်အဲရစ်၊ လန်ဒန်မြို့၌ ကွယ်လွန်အနိစ္စရောက်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့သာမက မတ်လ ၂၇ ရက်နေ့တွင်လည်း ဒေါက်တာအဲရစ်ကို ရည်စူးလျက်၊ ကျောင်းနှစ်ကျောင်းစလုံးသို့ ဆွမ်းပို့ပါသည်။

သက္ကရာဇ် ၂၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မမ၏ မန္တလေးခရီးစဉ်အတွက် ရန်ကုန်ဘူတာကြီးသို့ လိုက်လံပို့ဆောင်ပါသည်။ ရထားမထွက်ဖြစ်အောင် အာဏာပိုင်တို့က ဟန့်တားထား၍ ဘူတာတွင် ဆက်လက် စောင့်ဆိုင်းနေကြစဉ်၊ ည ၁၀ နာရီခန့်တွင် ထိုစဉ်က ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး၏ နှုတ်မိန့်ဖြင့် ဘူတာစင်္ကြံ သံပန်းတံခါးအနီး စောင့်ဆိုင်းနေသော မိမိတစ်ဦးတည်းကို လုံထိန်းရဲများက ချုပ်နှောင်ဖမ်းဆီးကာ အင်းစိန်တွဲဖက်ထောင်သို့ ပို့လိုက်ပါသည်။ လေးလကျော်ကြာ ဆွမ်းပို့ရက်များ ရောက်တိုင်း မိမိကုသိုလ်ယူရသည့် တာဝန်ကို သတိရရုံကလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပါ။ ထောင်ကထွက်ပြီး အိမ်ပြန်ရောက်မှ ဇနီး စုစုလွင်က မိမိတာဝန်ကို သူ၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေနှင့်အတူ ၀တ်မပျက် အလံမလှဲ ဆက်လက် လုပ်ကိုင်ခဲ့ကြကြောင်း သိရ၍ အတိုင်းမသိ ၀မ်းသာရပါသည်။ မမ ကိုယ်တိုင်လည်း မိမိနှင့် တစ်ညတည်း နေအိမ်အကျယ်ချုပ် ထပ်မံချထားကြောင်းကို အိမ်ရောက်မှ သိရပါသည်။ ဆွမ်းမပင့်နိုင်သော်လည်း ဆရာတော်များထံ ဆွမ်းပို့သည့်အလုပ်ကို မပျက်မကွက် ဆက်လက် လုပ်ဆောင်ပါသည်။

၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် အကျယ်ချုပ်က မမလွတ်သည့်အခါ ဆွမ်းပင့်သောအလုပ်များ ပြန်လည်လုပ်ပါသည်။ အကျယ်ချုပ်က လွတ်သည်ဟု ဆိုသော်ငြားလည်း၊ ခြံဝ၊ ခြံရှေ့၊ ဘေးခြံတို့မှ မြင်မြင်ထင်ထင် တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုး တစ်ဖုံဖြင့် စောင့်ကြည့်နေသော ရဲထောက်လှမ်းရေးများက မနည်းပါ။ သို့တိုင်အောင်လည်း ဆရာတော်ကြီးမှာ အဆိုပါ ပုဂ္ဂိုလ်တို့ကို ရှိသည်ဟုပင် အသိအမှတ် မပြုသလို အလွန်ပင် တည်ငြိမ်အေးချမ်းစွာ ရှိသည်ကို ဂရုပြုမိပါသည်။ ပုထုဇဉ်တို့သဘာဝအရ အနည်းငယ် စိုးရွံ့ဟန်ရှိသော သံဃာတော်အချို့ကို တွေ့ရသော်လည်း ဆရာတော်ကြီးကား မတုန်မလှုပ် ပင်တိုင်ကြွမြဲတိုင်း ကြွသည်။ ဆွမ်းပင့်လေ့ရှိသည့် နေ့ရက်များ၌ ခရီးထွက်စရာရှိလျှင် ဆွမ်းစားပြီးမှ လေဆိပ်တန်းဆင်းသည် ရှိသလို ခရီးထွက်နေလျှင်လည်း ထိုနေ့များအမီ အရောက်ပြန်ကြွတတ်သည်။

ဆွမ်းစားကြွတိုင်း ၀ိပသ၁နာအကြောင်း စိတ်အင်အားဖြစ်စရာအကြောင်းတို့ကိုသာ ဟောပြောလေ့ရှိသည်။ ဒါနထက် ဘာဝနာကိစ္စများကိုသာ ဦးစားပေး အလေးထား ဟောကြားတော်မူသည်။

ဓမ္မနှင့် အဓ္မ နှစ်မျိုးအဆုံးတွင် ဓမ္မသည်သာ အနိုင်ရ အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ကြောင်း တရား၊ အတွင်းရန်နှင့် အပြန်ရန်တွင် အတွင်းရန်ကို ဦးစွာ နိုင်နင်းအောင် ပြုလုပ်ရေး တရားတို့ကို အမှတ်တရ ဖြစ်မိပါသည်။ အစ ပထမတွင် အတွင်းရန်ဟုဆို၍ လူ့လောကအတွင်း မိမိဝန်းကျင် မိမိအနားရှိသော ရန်သူကို နိုင်အောင်လုပ်ရေးကို ပြောသည်ဟု ထင်ခဲ့မိပြီး နောက်ပိုင်းတွင်မှ မိမိ၏ အတွင်းစိတ်ကို မိမိနိုင်အောင် ကျင့်ကြံရေးကို ဟောပြောဆုံးမခြင်းဖြစ်ပြီး အတွင်းစိတ်ကို တင်စားကာ အတွင်းရန်ဟူ၍ သုံးနှုန်းထားသည်ကို သဘောပေါက်ရပါသည်။

ဗုဒ္ဓဘာသာတရား တဖြည်းဖြည်းခြင်း တိမ်ကောပပျောက်သွားမှာ ဆရာတော်ကြီး အလွန်စိုးရိမ်ကြောင့်ကြ ဖြစ်ရှာသည်။ ဘာသာခြား မိမိဗုဒ္ဓဘာသာကို လွှမ်းမိုးသွားမည့် အရေးကို မျှော်တွေးကာ ယင်း အန္တရာယ်ကို ကာကွယ်နိုင်ရန် မျက်မှောက်ခေတ် လူငယ်များ ငယ်ရွယ်စဉ်ကပင် ဗုဒ္ဓတရားတော်၏ အနှစ်သာရကို သဘောပေါက်ပြီး ယဉ်ကျေးလိမ္မာကြအောင် အစဉ်အားထုတ်တော်မူသည်။ နှစ်စဉ် ကလေးလူငယ်များအတွက် ငွေကုန်ကြေးကျ သိန်းပေါင်းများစွာ အကုန်အကျခံလျက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို မြို့ရောနယ်ပါ ပြုလုပ်သည်။ သင်တန်းတိုင်း လူငယ်ရာပေါင်းများစွာ တက်ရောက်ကြပြီး သင်တန်းများ ပြီးဆုံးသည့်အခါ ဗုဒ္ဓ၏ အမွေအနှစ် အခြေခံတို့ကို သိရှိနားလည်ကာ ယဉ်ကျေးလိမ္မာသော လူငယ် ရာပေါင်းများစွာကို မွေးထုတ်ပေးနိုင်လျက် ရှိပေသည်။ ၀ိပသ၁နာတရားကိုလည်း နားလည်သဘောပေါက် ကျင့်ကြံနေထိုင်တတ်သော လူငယ်များအဖြစ် ရောက်စေခဲ့သည်။

ထူးခြားသော အလှူတစ်ခုကိုသာ ဆရာတော်ကြီး အလေးထား တောင်းခံတတ်သည်ကို သတိပြုမိပါသည်။ ထိုအရာကား ကျောင်းသို့ ရောက်လာကြသော တပည့်သားမြေးများထံက ၀ိပသ၁နာတရား ကျင့်ကြံအားထုတ်ဖို့ ဘာဝနာတရား ပွားများဖို့ အချိန်ပေးရန် အလှူခံခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံကလည်း အဆိုပါအလှူကိုပင် တောင်းခံခဲ့သည်။ စကားတစ်ခွန်းကို အလွယ်မပြော ကတိတစ်လုံးကို လွယ်လွယ်မပေးတတ်သော မမက “အချိန်ရသည့်အခါ လုပ်ပါမည်ဟု ဘုရား” မုသားမပါ ဟန်ဆောင်မှုကင်းစွာဖြင့် ရိုသေစွာ အဖြေပေးသည်။ သရဏဂုံသုံးပါးကို ဦးထိပ်ထားပြီး ၀ိပသ၁နာ ဆရာတစ်ဦးအနေဖြင့် အထူးကြည်ညို လေးစားအပ်သော ဆရာတော်ကြီး၏ အလှူခံစကားကို ပေါ့ပေါ့မထား အစဉ်အလေးထားပြီး တစ်နေ့တွင် ဆရာတော်ကြီးထံ လျှောက်ထား၍ တရားစခန်းဝင်သည်။ မမအတွက် အဖော်လည်းရစေ၊ ပင်ကိုယ်ကလည်း ဆန္ဒရှိသည့်အလျောက် ဇနီးသည်လည်း မမနှင့်အတူ ပဏ္ဍိတာရာမ တောင်ကုန်းသာသနာ့ရိပ်သာတွင် ၂၀၁၁ ခုနှစ် နှစ်ပတ်လည်တွင် ရက်တို တရားစခန်း ၀င်ဖြစ်ကြသည်။

မိမိကိုယ်နှိုက်လည်း တစ်ချိန်တွင် ၀ိပသ၁နာ တရားအားထုတ်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် အရိုးအဆစ် မကောင်း၊ အထိုင်အထ မလွယ်သော ကိုယ့်အကြောင်းနှင့်ကိုယ်မို့ တစ်ရက်နှစ်ရက် ရသလောက်သော တရားစမ်းထိုင်ရန် ကျောင်းသို့ ရောက်ခဲ့သည်။ တစ်ရက်က နှစ်ရက် ၊ နှစ်ရက်က သုံးရက် တိုင်လာတော့ အားတက်လာသည်။ အများလို တရားက မရသော်လည်း ဆက်လက်ကြိုးစားလိုစိတ်ဖြင့် ရက်သတ္တနှစ်ပတ် ၁၄ ရက်ကြာ တရားထိုင်ပြီး တရားစခန်းထွက်ကာနီး ဆရာတော်ကြီးကို သွားလျှောက်သည်။ “ဘုန်းကြီးအတွက် သုံးရက်လောက် ဆက်ထိုင်ပေးပါလား” မမျှော်လင့်သော ဆရာတော်ကြီးထံမှ စကားကြောင့် အလိုအလျောက် “မှန်ပါ့ဘုရား” ဟုသာ လျှောက်ခဲ့ပြီး သုံးရက် ဆက်ထိုင်ဖြစ်သည်။

သုံးရက်အပြီး ဆရာတော်ကြီးထံ သွားရောက်ကန်တော့ရင်း မည်သည့် တရားမျှမရကြောင်း၊ စိတ်ကိုငြိမ်အောင် လုပ်ရသည်မှာ မလွယ်လှကြောင်း လျှောက်တင်ပါသည်။ မိမိစိတ်ကို မိမိမနိုင်၊ စိတ်မည်မျှ ထိန်းရခက်ကြောင်း သိလာခြင်းသည် တရားတစ်မျိုးရခြင်း ဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်ကြားအားပေးရှာသည်။ ပြီးတော့မှ “ဒကာကြီး” ဘုရားမုခ်ဦးကို ကျောပေးထိုင်တဲ့ ခြင်္သေ့တော့ မဟုတ်တော့ဘူးပေါ့ဟု ပြုံးရင်းမိန့်တော်မူသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲကိစ္စများ ပေါ်လာသည်။ ဇနီးဖြစ်သူက သူ့ဖခင် ရွေးကောက်ပွဲဝင်ခဲ့သော သုံးခွမြို့နယ်ကို ၀င်ရောက်အရွေးခံရန် အကြောင်းဖန်လာသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေး ခရီးများ စတင်ရသည့် အချိန်ကစ၍ ဆရာတော်ကြီးထံ ဆွမ်းပို့သည့်တာဝန်များကို မိတ်ဆွေတစ်ဦးထံ မလွှဲမရှောင်သာ လွှဲပြောင်းပေးရပါသည်။ ရွေးကောက်ပွဲတွင် ဇနီးသည် အရွေးချယ်ခံရပြီး လပိုင်းအကြာ ကျန်းမာရေး မကောင်း၍ ဆေးကုသရန် ခရီးထွက်ရသည်။

ဇနီးသည် ဆေးကုခရီးသို့ လိုက်ပါစောင့်ရှောက်ပြီး နေရပ် ပြန်ရောက်သည့်တိုင် ဆေးကုသခံယူမှုက မပြီးသေး၊ လွှတ်တော်ကလည်း မပြီးသေးမို့ ဆေးကုရင်း လွှတ်တော်တက်ရာသို့ ဆက်လက် လိုက်ပါ စောင့်ရှောက်ရာ ဆရာတော်ကြီးနှင့် တစ်နှစ်ကျော် အဆက်ပြတ်ခဲ့ရပါသည်။ နောက်ပိုင်းတွင်မှ လွှတ်တော် ရက်ရှည် နားသည့်ကာလအတွင်း ဆရာတော်ကြီးကို ကန်တော့ရန် မမ သွားသည့်အခါ ကြိုတင် လျှောက်ထားခြင်း၊ ကန်တော့ချိန် လိုက်သွားခြင်း၊ ရံဖန်ရံခါ ပြန်လည်လုပ်ဖြစ်ပါသည်။ ထို့အပြင် ပြည်ပခရီးစဉ်သွားရာမှ ပြန်အလာ ဆရာတော်ကြီးကို လှူဖွယ်သီးနှံများ ဆက်ကပ်ပူဇော်ရန်ရှိသည့် အခါများ၌ မမနှင့်အတူ လိုက်ပါရင်း ရောက်ရသလို တစ်ခါတစ်ရံ ကိုယ်စားသွားရောက် ဆက်ကပ်ပေးရင်းလည်း ရောက်ရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လွှတ်တော် ခေတ္တရပ်နားရက် ဇနီးဖြစ်သူ နေပြည်တော်က အပြန် ဆရာတော်ကြီးထံ မမ၏ လူကြုံပါးစာ ပါလာပါသည်။ စာမှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ၂၅ နှစ်မြောက် ငွေရတုစာစောင်အတွက် စာမူဖြစ်ပါသည်။ မိမိထံကလည်း ကျောင်းတိုက်က စာမူတောင်းထားပြီး စာရေးမပြီးသေး၍ ဆရာတော်ကြီးထံ စာသွားပေးရန် စိတ်မ၀ံ့မရဲ ဖြစ်မိပါသည်။ မသွားမဖြစ်၍ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဆရာတော်ကြီးထံ မရဲတရဲ ရောက်သွားပါသည်။

ဆရာတော်ကြီး စံကျောင်းရောက်သည့်အခါ သမားတော်ကြီးတစ်ဦးက ဆရာတော်ကို ကျန်းမာရေး စစ်ဆေးပေးနေ၍ ခေတ္တစောင့်ရသည်။ သမားတော် ပြန်ပြီးနောက် အခန်းတွင်းက သင်္ကန်းရုံရင်း ထွက်လာသည့် ဆရာတော်ကြီးက “ဒကာကြီး ဦးထင်ကျော်လား” ဟု မိမိကို မြင်မြင်ချင်း လှမ်းမေးပါသည်။ သက်တော် ၉၀ ကျော်ပြီဖြစ်သော်လည်း ၀ိပသ၁နာတန်ခိုးကြောင့် ဆရာတော်ကြီးမှာ ကျန်းမာသတိကောင်းတုန်း ဖြစ်သည်။ အစားကိုလည်း ဆေးအဖြစ်သာ သတိနှင့်မှီဝဲသုံးဆောင်သည်။ အနားရှိသည့် ဆရာလေးတစ်ပါးကို ဓာတ်စာအညွှန်းစာရွက် သွားယူခိုင်းပြီး မိမိကိုတစ်စောင်၊ မမအတွက် တစ်စောင်ပေးသည်။

“သမီးရော နေကောင်းရဲ့လား”

“နေကောင်းပါတယ် ဘုရား”

“အင်း သမီးလေး နေကောင်းဖို့ အဖွဲ့က လူတွေ နေကောင်း ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေရတယ်” ဟု ဆရာတော်ကြီးက မေးမေးပြောပြော ပြောပါသည်။

“သမီး” ဟု ယခင်သုံးနှုန်းလေ့ရှိရာက“ သမီးလေး” ဟု သုံးလိုက်ပုံက ကရုဏာသံသက်လှသည်ဟု ခံယူမိပြီး ရင်ထဲမှ ပီတိဖြစ်ပြီး ၀မ်းသာဝမ်းနည်း ဖြစ်ရပါသည်။

အကျယ်ချုပ်ကျသည့်ကာလများ ဆွမ်းပို့ရောက်တိုင်း
“သမီး နေကောင်းရဲ့လား သတင်းရရဲ့လား” ဟု အစဉ်ပင် စိုးရိမ်စိတ်ကြီးစွာဖြင့် မမ အကြောင်းကို ဆရာတော်ကြီး မေးလေ့ရှိပါသည်။ “တရားကော အားထုတ်ဖြစ်ရဲ့လား မသိဘူး” “ပုံမှန်အထိုင်တော့ ထိုင်ဖြစ်မယ် ထင်ပါတယ်ဘုရား” ဟုသာ မုသားဖြင့် မယုတ်မလွန် ဖြေလိုက်ရသည်။ ၀ိပသ၁နာတရား အစဉ်တွေးနေသည့် ဆရာတော်ကြီးပါပေ။ “ဦးထင်ကျော်အတွက် လက်ပတ်နာရီတစ်လုံး သွားယူခဲ့ပါ” ဟု အနီးရှိ ဆရာလေးတစ်ပါးကို လှမ်းပြောသည်။

“ဦးထင်ကျော် နာရီမပတ်ဘူးလား”

“တပည့်တော် မပတ်တာကြာပါပြီဘုရား၊ ပြီးတော့ ဆရာတော် တစ်ခါက တပည့်တော်ကို ဆွဲတဲ့ နာရီတစ်လုံး ချီးမြှင့်ဖူးပါတယ်ဘုရား” ဟု မုသားစကားမပါ နာရီလည်း မ၀တ်သည်မို့ မပေးပါတော့နှင့်ဟု မလျှောက်ရဲ၍ နာရီရဖူးကြောင်းသာ ပြန်လျှောက်လိုက်သည်။

“နာရီက ကျောင်းနာမည်ပါလို့လား။ ပြီးတော့ ဒကာကြီး ဦးထင်ကျော်အနေနဲ့ ပေးတာ မဟုတ်ဘူး။ ဒကာကြီးက ဘုန်းကြီးရဲ့ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့သူ ကပ္ပိယတစ်ယောက်အနေနဲ့ ပေးတာ” ဟု မိန့်ပြီး ဆရာလေးယူလာသည့် နာရီကို လှမ်းယူကာ ကိုယ်ကိုယ်တိုင် ချီးမြှင့်တော်မူသည်။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာကျောင်းတိုက်က ၀ိပသ၁နာ ဆရတော်ကြီး သာသနာ့အကျိုး ဆက်ထမ်းပိုး ကြိုးပမ်းနိုင်ပါစေဟုသာ ဆုတောင်းမေတ္တာ ပို့သမိပါတော့သည်။

ဒလဘန်း

The Ladies News
https://www.facebook.com/News.TheLadies

ရုရှား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ။
ရုရှားနိုင်ငံ ဆော့ထ်ချီမြို့မှာ ကျင်းပမယ့် ရုရှား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို သွားတက်မှာ ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ မေလ ၁၈ ရက် ရုရှား နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက အတည်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီရက်ပိုင်းတွေ ထဲမှာပဲ ပြည်တွင်းမှာ ဦးစားပေး ဆောင်ရွက်ရမှာ တွေ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အစောပိုင်း မှာ ရှိနေသလို၊ မေလ ၂၂ ရက်နေ့ ကျရင်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ရုရှား ခရီစဉ် အတွင်းမှာတော့ ၂၀၁၅ မှာ ပေါ်ပေါက်လာတဲ့ ASEAN Community လို့ ခေါ်တဲ့ အာဆီယံ အသိုင်းအဝိုင်း အောင်မြင်ရေးမှာ ရုရှားကလည်း ဝိုင်းဝန်း ကူညီဖို့ အပါအဝင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ရုရှားရဲ့ အခန်းကဏ္ဍ ကိုလည်း မြန်မာ နိုင်ငံ အနေနဲ့ အသိအမှတ် ပြုတဲ့ အကြောင်းတွေ ပြောဆို သွားဖို့ ရှိတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

ခရီးစဉ် အတွင်း ရုရှား နိုင်ငံ ခေါင်းဆောင်နဲ့ သမ္မတ ဦးထင်ကျော် သီးခြား တွေ့ဆုံဖို့လည်း ရှိနေပြီး ၂ နိုင်ငံကြား ဆောင်ရွက် နေဆဲ ကိစ္စတွေ ဆက်လက် တိုးမြှင့် နိုင်ဖို့ အရေး ဆွေးနွေး ဖြစ်နိုင်တယ်လို့ ဦးအောင်လင်းက ဆိုပါတယ်။

ရုရှားနဲ့ မြန်မာအကြား သိပ္ပံနဲ့နည်း ပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်လို့ ဦးအောင်လင်းက ပြောပေမယ့် ပြီးခဲ့ သီတင်းပတ်ကပဲ လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ သဘောတူညီချက်နဲ့ စပ်လျှင်းပြီး သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်း လက်မှတ် တစုံတရာ ရေးထိုးနိုင်သလား ဆိုတာကိုတော့ သူ့ အနေနဲ့ အသေးစိတ် မသိဘူးလို့ ဦးအောင်လင်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun
တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်နေကျ အစီရင်ခံစာထဲမှာ တရုတ်စစ်တပ် ဖွံ့ဖြိုး တိုးတက်မှုတွေကို လွဲမှား ဖော်ပြတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်လိုက်ပြီး အမေရိကန် ပြည်ထောင်စုအပေါ် အတော်လေး မကျေမနပ် ဖြစ်နေတယ်ဆိုတာကို ထုတ်ဖော် ပြသလိုက်ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်းမှာ တည်ဆောက်ထားတဲ့ ကျွန်းတွေပေါ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ လက်နက်တပ်ဆင်ရေးအပေါ် တရုတ်တို့က အာရုံစိုက် လုပ်ဆောင်ထား တာကြောင့် အဲဒီရေပြင်နယ်နိမိတ်မှာ မလွှဲမရှောင်သာ လက်နက်အင်အားသုံးပြီး ဖြေရှင်းမနေရတော့ဘဲ ထိန်းချုပ်မှု ပိုရသွားမှာဖြစ်တယ်လို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ပြီးခဲ့တဲ့ သောကြာနေ့က တင်သွင်းတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ပြောဆိုထားတာ ဖြစ်ပါတယ်။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Yang Yujun ကတော့ တရုတ်စစ်ဘက်ရဲ့ ၂၀၁၅ ခုနှစ်အတွင်း လှုပ်ရှားမှုတွေကို အမေရိကန်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာမှာ တရုတ်ရဲ့ အမျိုးသားကာကွယ်ရေး မူဝါဒကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုရာဆွဲထားတာဖြစ်တယ်လို့ စနေနေ့က တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua ကို ပြောဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးမူဝါဒဟာ ခုခံကာကွယ်တဲ့ သဘောသဘာဝသာဖြစ်ပြီး အဲဒီမူဝါဒအတိုင်း လိုက်နာ လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရက ပြောပါတယ်။ စစ်ဘက် ပြုပြင်ပြောင်းလဲရေးနဲ့ စစ်ဘက် တည်ဆောက်မှုတို့ကို ချဲ့ထွင် လုပ်ဆောင်တာဟာ အချုပ်အချာအာဏာ၊ လုံခြုံရေးနဲ့ ပိုင်နက် တည်တံ့ခိုင်မြဲရေး တို့ကို ထိန်းသိမ်းဖို့နဲ့ တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ခိုင်မာဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Yang က ပြောဆိုခဲ့ပါတယ်။

VOA Burmese News

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တွေ့ရစဉ်။ Photo: RFA
 အရင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက် အကောင် အထည် ဖော်သွားမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရင်အစိုးရလက်ထက်က အကောင်အထည်ဖော် ခဲ့တဲ့အတိုင်း အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက်မှ နိုင်ငံရေးဆွေးနွေးမှုအပိုင်းကို သွားမှာဖြစ်ကြောင်း ပြောတာဖြစ်တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

"ဥက္ကဌကြီးနဲ့ သူ့ကိုယ်စားလှယ်အဖွဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တာကတော့ ကျနော်တို့က နဂိုက ဆက်ဆံရေးရှိခဲ့တယ်လေ၊ တပ်မတော်နဲ့ ဆက်ဆံရေးရှိတဲ့အပေါ်မှာ ကျနော်တို့ ဒီဆက်ဆံရေးကို ပြ ရအောင်သွားတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ရဲ့သဘောထားကတော့ NCA ကိုအခြေခံပြီးတော့ ဖြစ်ရမယ်၊ NCA လက်မှတ်ထိုးရမယ်၊ NCA လက်မှတ်ထိုးပြီးမှသာလျှင် ကျနော်တို့ ငြိမ်းချမ်းရေးကို နိုင်ငံရေးစားပွဲဝိုင်းကို တက်လို့ရမယ်၊ ပြီးခဲ့တဲ့အစိုးရ ဆောင်ရွက်ခဲ့တဲ့အတိုင်းပဲ အဲ့ဒီအတိုင်းပဲသွားမယ်"

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပစ်ရပ်လက်မှတ်ရေး ထိုးရေးအတွက် တပ်မတော်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် နှစ်လခန့်အတွင်း ကျင်းပမယ်လို့ ပြောထားပေမယ့် အပစ်ရပ်လက်မှတ်မထိုးရတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ရှိနေသေးတာကြောင့် အဆင့်ကျော်သလိုဖြစ်နေပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ညီလာခံဖြစ်မှာမဟုတ်ဘူးလို့လဲ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

ဒါ့အပြင် TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင့်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့တွေ အပစ်ရပ်လက်မှတ် ထိုးပြီး နိုင်ငံရေးဆွေေးနွးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။

အလားတူပဲ  KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ဟာ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ မနေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ မူတူးစေးဖိုးနဲ့အတူ KNU စစ်ထောက်ချုပ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ပဒိုစောတာဒိုးမူ စတဲ့ ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

နီပေါနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို တက်ရောက်နေတဲ့ မြန်မာတောင်တက်သမား ၃ ဦးကို တွေ့ရစဉ်
နီပေါနိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တက်ရောက်နေတဲ့ မြန်မာတောင်တက်အဖွဲ့က ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ နှစ်ဦးဟာ ဧဝရက်တောင် အခြေစိုက်စခန်းကနေ ဧဝရက်တောင်ထိပ်ကို ဒီနေ့မနက်  စတင်တက်ရောက်နေပြီဖြစ်ပါတယ်။

သူတို့  ၂ ဦးဟာ စခန်း အမှတ် (၂) ကို ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒီစခန်းမှာ ညအိပ်ရပ်နားမှာ ဖြစ်ကြောင်း ဧဝရက်တောင် အခြေစိုက်စခန်းမှာရှိနေတဲ့  တောင်တက်အဖွဲ့ဝင် ကိုညီညီအောင် က ပြောပါတယ်။

မြန်မာတောင်တက်သမားတွေဟာ ရာသီဥတုအပေါ်မူတည်ပြီး ဧဝရတ်တောင်ထိပ်ကို မေလ ၁၈ ရက်နဲ့ ၁၉ ရက် ၂ ရက်ထဲက ရာသီဥတုကောင်းတဲ့နေ့မှာ တောင်ထိပ်ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

ဧဝရက်တောင်ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက တောင်တက်သမား ၃ ဦးဟာ မတ်လကုန်ပိုင်းထဲက နီပေါနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဧဝရတ်တောင်ရဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကို ကျင့်သားရအောင် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်အတွင်း မြန်မာတောင်တက်အဖွဲ့ဝင် ၃ ဦးထဲက ကိုညီညီအောင် (ခေါ်) ကိုဒိုးလုံးဟာ နှလုံးခုန်နှုန်းမြန်တာနဲ့ ခန္တာကိုယ်အတွင်း အောက်ဆီဂျင်ပါဝင်မှုနှုန်း နည်းနေတာတွေကြောင့် တောင်ထိပ်တက်တဲ့ ခရီးစဉ်ကို မလိုက်တော့ပဲ အခြေစိုက်စခန်းမှာပဲ ကျန်ခဲ့ပါတယ်။

ဒီနေ့မနက်ကစပြီး တောင်ထိပ်ကို တက်ရောက်နေတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ရဲ့ ကျန်းမာရေးဟာ ရာနှုန်းပြည့်နီးပါး ကောင်းမွန်ကြောင်းလည်း တောင်တက်အဖွဲ့ဝင် ကိုညီညီအောင် က ပြောပါတယ်။

ဧဝရတ်တောင်ထိပ်ဟာ အမြင့်ပေ ၂၉ဝ၂၉ ပေ ( ၈၈၄၈ မီတာ ) မြင့်ပြီး သမိုင်းတလျှောက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက တောင်တက်သမား ၃၁ဝဝ ကျော်သာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက တောင်တက်အဖွဲ့တစ်ဖွဲ့က လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်မှာ ကြိုးစားခဲ့ပေမယ့် အဲ့ဒီအချိန်က ရာသီဥတု ဆိုးရွားပြီး ရေခဲတောင်ပြိုကျတာတွေဖြစ်တာကြောင့် တောင်တက်ခရီး ပျက်သွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


မုံရွာ၊ မေ ၁၆

ပြည်သူ့ဘ၀လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရက်တစ်ရာ စီမံချက်များချမှတ်ကာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို၊ မုံရွာနယ်မြေရဲစခန်းက ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ညောင်ကိုင်းအင်းနှင့် သံလမ်းအကြားရှိ ဖောက်လုပ်ဆဲ ပြည်ထောင်စု အမှတ်(၂) လမ်းကြီးပေါ်တွင် မသင်္ကာဖွယ်ရာ ရပ်တန့်ထားသည့် တစ်ဆယ့်နှစ်ဘီးကား တစ်စီးအား လှည့်ကင်းအဖွဲ့က တာဝန်အရ စစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးရာတွင် အဆိုပါကား၏ နောက်ခန်း ကုန်တင်နေရာပေါ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ လိင်ဖျော်ဖြေလျက်ရှိနေကြောင်း ကင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် လှည့်ကင်းအဖွဲ့မှ စစ်ဆေးမေးမြန်းကြည့်ရာ လိင်ဖျော်ဖြေလျက်ရှိသော အမျိုးသားတစ်ဦးက ၎င်းနှင့် ပျော်ပါးလျက်ရှိသော အမျိုးသမီးမှာ လိင်ပျော်ပါးရန်အတွက် ငွေကျပ် သုံးသောင်းခွဲပေး၍ စက်မှုဇုန် ကမ်ပတ်လမ်းတစ်နေရာမှ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။


အဆိုပါ လိင်ပျော်ပါးလျက်ရှိသော အမျိုးသားမှာ ၎င်းယာဉ်၏ ယာဉ်မောင်းဖြစ်ပြီး လိင်ပေဖျာ်ပါးရန်အတွက် ငွေကြေးလက်ခံခဲ့သူနှင့် နေအိမ်ရှိရာ အရပ်သို့ လှည့်ကင်းအဖွဲ့အား လိုက်လံပြသခဲ့ရာ ၎င်း၏ ပြဆိုချက်များအရ လှည့်ကင်းအဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့သည်။


ထို့နောက် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က လိင်ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်သူနှင့် လိင်ပျော်ပါးသူ အမျိုးသမီးတို့ကို အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
`` ဆင်းရဲနွမ်းပါးမှု ဖြစ်စေနိုင်တဲ့ ပြသနာရဲ့ အရင်းအမြစ်တွေထဲမှာ လိင်ဖျော်ဖြေရေး ကိစ္စတွေ ပါဝင်နေပါတယ် .. အဲ့ဒါကြောင့် ပြည့်တန်ဆာနှိပ်ကွက်ရေး ဥပဒေများ ပြဌာန်ထားပြီး အဲ့ဒီ ဥပဒေများအရ အရေးယူတာပါ...´´ ဟု သတင်းမီဒီယာများကို မုံရွာ နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။


အဆိုပါ ရက်တစ်ရာ စီမံချက်သည်နိုင်ငံသားများ ဆင်းရဲနွမ်းပါးမှုဘေးဒဏ်မှ ကင်းဝေးစေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် ၂၀၁၅ လူထုအစိုးရမှ ရည်ရွယ်၍ လောင်းကစားများ၊ လိုင်စင်မဲ့ အရက်ဆိုင်များ၊ ပြည့်တန်ဆာများ၊ မူယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော ဥပဒေမဲ့ ကိစ္စရပ်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်မနက်က ကျင်းပပြုလုပ်သည့် ရက်တစ်ရာ စိမံချက်အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ = ရက်တစ်ရာ စီမံချက်များအရ ကုန်တင်ယာဉ်ကြိးများကို ၁၅.၅.၂၀၁၆ ညပိုင်းက စစ်ဆေးဆောင်ရွက်နေပုံနှင့် လိင်ဖျော်ဖြေနေသည့်ကားအား မြင်တွေ့ရပုံ

ကိုတိုးကြိး
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/

အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲ အင်တာနက်စာမျက်နှာ
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတဦးထင်ကျော် ရုရှားနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ အာဆီယံ-ရုရှား ထိပ်သီးစည်းဝေးပွဲကိုတော့ မေလ ၁၉ ရက်နဲ့ ၂၀ ရက် နှစ်ရက်ကြာ ကျင်းပမှ ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာဘဲ မြန်မာ - ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ လွှတ်တော်က အတည်ပြုထားတာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်းတွေအပြင် တခြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ လက်မှတ်ရေးထိုးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ရုရှားနိုင်ငံဟာဆိုရင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို စစ်လက်နက် အများဆုံး ရောင်းချပေးနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားတာ သက်တမ်းတိုးတဲ့အကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Rosoboronexport နဲ့ Irkut တို့က အခုနှစ်ကုန်မှာ မြန်မာနိုင်ငံ ကို Yak – 130 အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ် ရောင်းချသွားဖို့ ရှိတယ်လို့ ရုရှား သတင်းမီဒီယာ တွေမှာ ဖော်ပြခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

မိုးကုတ်မြို့ ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ဇူလိုင်လ ၁၇ ရက်နေ့က ရုံးထုတ်စဉ်။ Photo: Hste Paing Toe/RFA
တရားမဝင်သစ်သိမ်းဆည်းမှု၊ တရားမဝင်ကျောက်မျက်တူးဖော်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော်အမှုကိစ္စတွေကို သာသနာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့မှာရှိတဲ့ ရေပူကျောင်းတိုက်ကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မနေ့က သွားရောက်လေ့လာခဲ့ပြီး ဆရာတော်ရဲ့ ဒကာ၊ ဒကာမတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံ စဉ်ပြောကြားခဲ့တာဖြစ်တယ်လို့ မိုးကုတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုစိုးဌေးက ပြောပါတယ်။

"ဆရာတော်နဲ့ပတ်သက်တဲ့ အချက်အလက်အထောက်အထားတွေပါ့ ပေးလိုက်တော့ သူ့အနေနဲ့လည်း သန်ဘက်ခါ သူရဦးအောင်ကိုဆီကို သူပို့ပေးပါမယ်တဲ့၊ ဆရာတော်နဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးပါ့ မယ် အဲ့လိုတော့ ပြောသွားတယ် နှုတ်ကတိပေါ့လေ၊ ဆရာတော့ ဘုရားတည် ကျောင်းဆောက် ဖို့ ဆောင်ရွက်တဲ့အချိန်မှာပေါ့လေ ပုံစံထုတ်ထားတာရှိလားပေါ့လေ၊ ဥပမာ ကျောင်းပုံစံမျိုးလုပ်ထားတာ ရှိသလားလို့မေးတယ်၊ ကျနော်တို့က ရှိတယ်ဆိုပြီးတော့ ဒီအထောက်အထားတွေ ဝန်ကြီးချုပ်ဆီပေး လိုက်တယ်၊ ဆရာတော်ကို ဖမ်းဆီးတာက ၆ လပိုင်း ၉ ရက်နေ့မှာဖမ်းတယ်၊ ကျောင်းပုံစံနဲ့ ဘုရားပုံစံ ထုတ်ထားတာက ၄ လပိုင်းကတည်းက ထုတ်ထားတာနော်၊ အဲ့ဒီတော့ ဝန်ကြီးချုပ်က ဒါဆိုရင် သြော်ဒါဆိုရင် ပုံစံတောင်ထုတ်ထားတာ ၂ လလောက်စောတာပဲလို့ အဲ့လိုတောင်ပြောသွားတယ်"

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က  ပြီးခဲ့တဲ့ သောကြာနေ့က မိုးကုတ်မြို့ ဒေသခံတွေနဲ့ မဏိရတနာခန်းမ မှာ တွေ့ဆုံခဲ့ပြီး ရေပူကျေးရွာက ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဖိတ်ခေါ်ချက်အရ ရေပူကျောင်းတိုက်ကို သွားရောက်လေ့လာတာဖြစ်ပါတယ်။

ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က သာသနာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရေပူကျောင်းတိုက် ဆရာတော်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး တရားမဝင်ကျောက်မျက်တူးဖော်မှု၊ သာသနာညိုးနွမ်းစေမှု၊ တရားမဝင်သစ်သိမ်းဆည်းမှုတို့နဲ့ တရားစွဲဆိုခဲ့ပြီး သာသနာညိုးနွမ်းစေမှုပုဒ်မနဲ့ စွဲဆိုထားတာကိုတော့ ပလပ်ထားပါတယ်။

လာမယ့် မေလ ၁၈ ရက်နေ့မှာ တရားမဝင်သစ်သိမ်းဆည်းမှုနဲ့ ဆရာတော်ကို အပြီးသတ် အမိန့်ချမှတ်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

တပ်မ ၆၆ စစ်သား နှစ်ဦး၊ ဖားကန့်
မေ ၁၅၊ ယနေ့ မနက် ၇ နာရီခန့်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော် လမ်းကြောင်း ကားမိုင်းမြို့တွင် အစိုးရ စစ်ကြောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကားမိုင်းမြို့၊ ထွယ်ဆန်ယန် (Htoi San Yang) အစိုးရဂိတ် အနီး ကားလမ်းမ တွင်ဖြစ်ပြီး လမ်းလျောက် ချီတက်လာသော အစိုးရစစ်ကြောင်းကို KIA ဘက် မိုင်းထောင် တိုက်ခိုက်ခဲ့ပြီးနောက် လက်နက် ငယ် အသံ ၅ ချက် ၆ ချက်ခန့် ထွက်လာရာမှ တိတ်သွားခဲ့ကြောင်း ကားမိုင်းဒေသခံ တဦး ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ယင်း ဖောက်ခွဲ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက်မှ တဦး သေဆုံးပြီး ဒဏ်ရာ ရသူအချို့လည်း ရှိကြောင်း ၄င်း ဒေသခံက ဆက်ဆိုသည်။

အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့များမှ မေလ ၁၀ ရက်နေ့ ဖားကန့် KIA တပ်ရင်း ၆ ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးသော်လည်း ကားမိုင်း-ဖားကန့် လမ်းတွင် နေ့စဉ် လိုလို တိုက်ပွဲငယ်များ ဖြစ်ပွားနေပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်။ Photo: RFA
တိုင်းပြည်ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကို တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် ပြော ခဲ့တာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြော ပါတယ်။

"မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဘာသာပေါင်းစုံ၊ ညူမျိုးပေါင်းစုံ သဟဇာတညီဖို့အတွက် ဒါအားလုံးဟာ စိတ်သစ်၊ လူသစ်၊ အသွင်သစ်နဲ့ ဒီဥစ္စာတွေအားလုံးကို ဒီမိုကရေစီအစိုးရရဲ့ အင်္ဂါရပ်တွေနဲ့အညီ အားလုံးကပူးပေါင်းဆောင်ရွက်မယ်၊ အခုက စလုပ်တာဆိုတော့ အရှိန်အဟုန်တော့ မရသေးဘူး၊ ဒါတွေအားလုံးကို စုပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေ ဟာ ဘယ်တော့မှရှိနိုင်စရာအေကြာင်းတော့ မရှိတော့ဘူးပေါ့၊ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲ အရေးကြီးတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ဘာသာယုံကြည်ကိုးကွယ်ရာတွေကို များပြားပေမယ့်လို့ အားလုံးကိုတစ်သဘောတည်းအမြင်နဲ့ တိုင်းပြည်ကောင်းစားရေးကို ဝိုင်းဝန်းလုပ်ကြဖို့ ဆိုတဲ့အကြောင်းတွေပြောတယ်ပေါ့"

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စေတီတည်နေတဲ့ကိစ္စတွေ မိတ္ထီလာ၊ ဥက္ကံနဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေနဲ့လည်း ပြီးခဲ့တဲ့ မေလ ၄  ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.