05/24/16



ယနေ့ မေ ၂၄ ရက် မနက်ပိုင်းက အောင်မင်္ဂလာအဝေးပြေးဝင်းမှ အောင်လံမြို့သို့ ထွက်ခွာလာသော Asia Express ယာဉ်သည် မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က သာယာဝတီမြို့ ဘိုကြီးကုန်းကျေးရွာအနီးတိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်ရခြင်းသည် လမ်းချော်၍ တိမ်းမှောက်ရခြင်းကြောင့်ဟုသိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးအား ခရိုင်ဆေးရုံသို့တင်ပို့ထားရသည်။

 ကားပေါ်တွင် ခရီးသည် ( ၄၈ )ဦး လိုက်ပါ ခဲ့သည်ဟု သိရသည်

ယခုအခါယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ယာဉ် ( ပ ) ၁၅ / ၂၀၁၆ ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၇ / ၂၀၂ ဖြင့်အမှု့ဖွင့်ကာ ဒု /ရဲအုပ်အောင်ကျော်စိုး မှ အမှု့ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ ကိုဖိုးစံ (သာယာဝတီ)
https://www.facebook.com/tharrawaddy.tharrawaddy



အာဖရိကနိုင်ငံများမှ ကုန်ဆိုင်များသို့ လူအသားများကို အမဲသားတံဆိပ်ကပ်၍ စည်သွပ်တင်သွင်းသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက အပြင်းအထန် ငြင်းဆိုလိုက်သည်။ ထိတ်လန့်ဖွယ်ရာ ဓါတ်ပုံများနှင့်တကွ လူအသားများ ပြုပြင်နေပုံဟုဆိုသော ဖေ့စ်ဘုတ်သတင်းတပုဒ် ယခုလအစောပိုင်းက တက်လာပြီးနောက် ကြိမ်ရေ နှစ်သောင်းခြောက်ထောင်ကျော် ထပ်ဆင့်ဝေငှခဲ့ကြသည်။

ယင်းစွပ်စွဲချက်ကို အာဖရိကန်သတင်းစာများကလည်း ရေးသားဖော်ပြခဲ့ကြသည်။

“အားလုံး သိကြတဲ့အတိုင်း အာရှတိုက်ဆိုတာ ကမ္ဘာပေါ်မှာ လူဦးရေ အထူပြောဆုံးနေရာ ဖြစ်တဲ့အတွက် ဒီသတင်း မမှန်ဘူးလို့ ငြင်းဖို့ခက်ပါတယ်။ တရုတ်နိုင်ငံဆိုတာ လူဦးရေ အလွန်အကျွံ ထူထပ်တဲ့နိုင်ငံဖြစ်တော့ လူသေအလောင်းတွေကို သူတို့ ဘာလုပ်မလဲ။ အဖြေကတော့ ဒီလူအသားတွေကို စည်သွပ်ဘူးသွင်းပြီး အာဖရိကကို တင်ပို့လိုက်တာပေါ့။ ဒီလိုလုပ်လိုက်တော့ အမြတ်အစွန်းလည်း ရတာပေါ့”ဟု The Daily Post ဇန်ဘီယာသတင်းစာက ရေးသားသည်။

အခြားသော အာဖရိက သတင်းဌာနများကလည်း အလားတူ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဇန်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ယူမင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“တရုတ်မှ အာဖရိကသို့ လူအသားများ တင်သွင်းသည်ဆိုတဲ့သတင်းကို ပြည်တွင်းသတင်းစာတစောင်က ဖော်ပြခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေးသိမ်ရုပ်ဆိုးအောင် လုပ်ဆောင်တာပဲဖြစ်တယ်။ ကျွန်တော်တို့ လုံးဝ လက်မခံဘူး”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကမူ“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန်ဒေါသထွက်မိတယ်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။ ဇန်ဘီယာနဲ့ တရုတ် နှစ်နိုင်ငံရင်းနှီးမှုရှိပြီ အခုဖြစ်ရပ်အပေါ် ဇန်ဘီယာအစိုးရက စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအစိုးရများက ဒီဖြစ်ရပ်ကို သေချာစွာစုံစမ်းစစ်ဆေးပြီး သေချာစေ့ငှတဲ့ ထုတ်ပြန်ချက် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဆိုသည်။

ယင်းသတင်းကြောင့် အာဖရိကတိုက်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ကိုလည်း အစိုးရအရာရှိများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Ref;The Straits Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


News Updated: May 24, 2016 18:40 IST

အိန္ဒိယ နိုင်ငံ The King Air C-90 ကင်းလေကြောင်းပိုင် အင်ဂျင် နှစ်လုံး တတ် လူနာအကြိုအပို့  လေယာဉ်ငယ်တစင်းဟာ လူနာတွေကို တင်ဆောင် ပျံသန်းနေစဉ် ရုတ်တရက် အင်ဂျင်စက်ချို့ ယွင်းခဲ့လို့  ဒေလီမြို့ ရဲ့  အနောက်တောင်ဘက်ရှိ Najafgarhနာဂျဂတ် ခရိုင်အတွင်းက လယ်ကွင်းအတွင်း မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ငယ်အတွင်းမှာ ရောဂါ အသဲအသန် ခံစားနေရလို့  ဒေလီဆေးရုံကြီးကို ပို့ မယ့် လူနာတွေအပါဝင် (၇)ဦး လိုက်ပါလာခဲ့ပါတယ်။ ခုလိုအရေးပေါ်ဆင်းသက်ခဲ့ရလို့  လေယာဉ်မှာဆိုးဆိုးရွားရွား ပျက်စီးမသွား ခဲ့တဲ့အပြင် လူနာနှစ်ဦးသာ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး လေယာဉ်ကို မီးလောင်ပေါက်ကွဲမှု မဖြစ်အောင် လေယာဉ်မောင်းသူက ထိမ်းကြောင်း ဆင်းသက်နိုင်ခဲ့ပါတယ်။


အိန္ဒိယ နိုင်ငံရဲ့  လေယာဉ်ပျက်ကျမှုတွေ ဖြစ်ခဲ့တဲ့ သမိုင်းမှာ ဒီတကြိမ်ဟာ လူနာတွေအတွက် အသက်ဘေးက လွတ်ခဲ့လို့  ကံကောင်းသွားခဲ့တယ်လို့  ဆိုရမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတကြိမ် လူနာတွေတင်လာနဲ့  သူနာပြုလေယာဉ် ပျက်ကျခဲ့လို့  လေယာဉ်ပေါ်မှာ လိုက်ပါလာသူ (၁၀)ဦးသေဆုံးခဲ့ရပါတယ်။

Social Action for Women - SAW
hindustantimes.com
https://www.facebook.com/Social-Action-for-Women-SAW

ရုရှ လေတပ် စခန်းကို ဦးတည်ပြီး တိုက်ခိုက် တဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ရဲ့ လက်ချက်
ပြီးခဲ့တဲ့ တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား နိုင်ငံ က ရုရှ လေတပ်စခန်းမှာ ရဟတ် ယာဉ်တွေနဲ့ သယ်ယူ ပို့ဆောင်ရေး ကား အများအပြား မီးလောင်နေတဲ့ ပုံတွေ ထွက်ပေါ် လာပါတယ်။

မီးလောင်နေတဲ့ ဂြိုလ်တု ပုံတွေဟာ ရုရှ လေတပ် စခန်းကို ဦးတည်ပြီး တိုက်ခိုက် တဲ့ အစ္စလာမစ် နိုင်ငံ IS အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်ကြောင်း ပုံတွေကို ထုတ်ပြန်ခဲ့တဲ့ Stratfor အမေရိကန် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ဘက်ကတော့ တိုက်ခိုက်မှု သတင်းကို ပြောကြားခြင်း မရှိပေမယ့် ရဟတ်ယာဉ်တွေနဲ့ ကားတွေ မီးလောင်ကြောင်း သတင်းကိုတော့ ထုတ်ပြန် ခဲ့ပါတယ်။

IS အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လောင်စာဆီ သိုလှောင်တဲ့ နေရာတွေကို ပါ ထိခိုက်မှုတွေ ရှိခဲ့ပြီး မီးလောင်မှုတွေ ပိုမိုများပြား လာတာ ဖြစ်နိုင်ကြောင်း စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မြင်ကွင်းကို တွေ့ရစဉ် (Credit: AFP) 
ဆီးရီးယားနိုင်ငံ ​အနောက်မြောက်ပိုင်းမှာ ​ပေါက်ကွဲမှုတွေ ​တစ်ခုထက်မနည်း ​ဖြစ်ပွားရာက ​လူပေါင်း ​၁၄၀ ​ကျော် ​သေဆုံးခဲ့ရပြီး ​IS ​အစ္စလာမ်မစ် ​အဖွဲ့ကတော့ ​သူတို့ရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ဝန်ခံထားပါတယ်။

ပင်လယ်နဘေးက ​Jableh ​နဲ့ ​Tartus ​ဆိုတဲ့မြို့တွေမှာ ​ပေါက်ကွဲမှု ​၇ ​ခုလောက် ​ဆက်တိုက်နီးပါး ​ဆိုသလို ​ပေါက်ကွဲခဲ့တာ ​ဖြစ်ပါတယ်။

ဘတ်စ်ကားဂိတ်တွေ၊ ​ဆေးရုံးတွေနဲ့ ​တခြား ​ပြည်သူအများသွားလာတဲ့ ​နေရာတွေ ​ပစ်မှတ်ထား ​ဖောက်ခွဲခံရတာ ​ဖြစ်ပါတယ်။

ပထမဆုံး ​ပေါက်ကွဲမှုကြောင့် ​ဆေးရုံရဲ့ ​အရေးပေါ် ​အဆောင်မှာ ​လူတွေ ​ဆေးကုသမှု ​ခံယူနေတုန်း

ဆေးရုံရဲ့ ​အရေးပေါ်အဆောင်အတွင်းကနေ ​ဗုံးဖောက်ခွဲရေးသမား ​တစ်ယောက်က ​ဗုံးထပ်မံ ​ဖောက်ခွဲခဲ့တာ ​ဖြစ်ပါတယ်။ ​Jableh ​မြို့မှာ ​လူပေါင်း ​၁၀၀ ​သေဆုံးခဲ့ရပြီး ​Tartus ​မြို့ ​တိုက်ခိုက်မှုအတွင်း ​လူ ​၄၈ ​ဦးသေဆုံးသလို ​လူပေါင်း ​၂၀၀ ​ကျော်လည်း ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Kauai ကျွန်းအား ကောင်းကင် ဓါတ်ပုံမှ တစ်ဆင့်တွေ့မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    လော့စ်အိန်ဂျယ်လိစ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

    ဟာဝိုင်ယီကျွန်းတွင် မေလ ၂၃ ရက် က လေယာဉ်ငယ် တစ်စီး ပျက်ကျခဲ့၍ ယာဉ်ပေါ်၌ လိုက်ပါလာသူ လူငါးဦးစလုံး သေဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

လေထီးခုန် ခရီးစဉ် ထွက်လာသည့် အဆိုပါ လေယာဉ်သည် Kauai ကျွန်း၏ Hanapepe ဒေသမှ ပျံတက်စဉ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ စီရင်စု တာဝန်ရှိသူများက လူလေးဦးသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အင်ဂျင်တစ်လုံးတပ် Cessna 182H လေယာဉ်ဖြင့် ခရီးသည် လေးဦးနှင့် လေယာဉ်မှူး တစ်ဦး လိုက်ပါလာပြီး Port Allen လေဆိပ်တွင် ဒေသ စံတော်ချိန် နံနက် ၉း၃၀ နာရီ၌ ပျက်ကျခဲ့ကြောင်း ဖယ်ဒရယ် လေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲမှု ဦးစီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ian Gregor ၏ ပြောကြားချက်ကို ကိုးကား၍ Honolulu Star သတင်းစာ၌ ဖော်ပြခဲ့သည်။

Kauai ကျွန်း၏ လေယာဉ် ပျက်ကျမှုသည် မေလ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှု နှစ်ခု အနက် တစ်ခုဖြစ်ပြီး မေလ ၂၃ ရက်နေ့ နှောင်းပိုင်းတွင် လူနှစ်ဦး လိုက်ပါလာသည့် လေယာဉ်ငယ် တစ်စီးလည်း Makaha ဒေသအလွန် ပင်လယ် ရေပြင်ထဲသို့ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ရန်ကုန် မေ ၂၄
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဆာကူရာတာဝါတစ်ဖက်လမ်းပလက်ဖောင်းဘေးရှိ နေရာတွင် ယနေ့ညနေပိုင်းက လူငယ်တစ်ယောက်သေဆုံးလျက်ရှိနေသည်ကို တွေရှိရကြောင်းသိရသည်။


“တွေ့တာမကြာသေးဘူး။လေးနာရီကျော်လောက်ကမှ ။ကားကြားထဲမှာဆိုတော့ ဘယ်လိုဖြစ်သလဲဆိုတာတော့ မသိရဘူး၊ပြောတော့ ပြောနေကြတာပဲ။ဓာတ်လိုက်တာတို့ပြောတာပဲ။ အသက်ကရှိလှ ၁၆ ၊၁၇ ဘဲရှိပါဦးမယ်”ဟု အနီးနားတွင် ရှိသည့် သူတစ်ဦးကဆိုသည်။


စတင်တွေ့ရှိပြီး မကြာခင် သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သို့သေဆုံးရသည်ကို သိရှိရန် သက်ဆိုင်ရာကဆက်လက် က စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

RT
china.com Myanmar
https://www.facebook.com/china.com.mm


မေလ ၂၄ ရက် ၂၀၁၆

သျှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်အတွင်း မီးရှို့ခံထားရသည့် အလောင်း ၈ လောင်းအနက် ခြောက် လောင်းသည် ရွာခံအရပ်သား များဖြစ် သည်ဟု စစ်ဘေးသင့်ရွာများအားသွားရောက်ကြည့်ရှုလေ့လာ ခဲ့သည့် ကျောက်မဲမြို့နယ် SNLD ပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောသည်။


မေလ ၂၁ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအနီးတွင် နောင်ကွမ်ရွာသားအလောင်း ၃ လောင်းနှင့် ၀ိုးလုံရွာတွင် အလောင်း ၅ လောင်းတွေ့ရကြောင်း စိုင်းထွန်းဝင်းက ဤကဲ့သို့ ရှင်းပြသည်။

“ ပန်လော့ရွာနားက နောင်ကွမ်ရွာသားအလောင်း ၃ လောင်းက စိုင်းအိုက်နောင့် အသက် ၂၇ နှစ် နဲ့ အကို ဖြစ်သူ စိုင်းအိုက်မတ် အသက် ၃၀ ၊ စိုင်းအိုက်တင့် ၂၆ နှစ် ။ အလောင်းကိုလည်း ပန်လော့မှာဘဲ မီး သဂြိုဟ် လိုက်တယ်။ ဒီ ၃ ယောက်ကို တပ်မတော်က သတ်တာလို့ရွာသားတွေပြန် လည်ပြောပြ ချက်အရသိရပါတယ်။ ဘာလို့လည်းဆိုတော့ ပန်လော့ရွာ ကိုစစ်ဘေးရှောင်သွားတဲ့ နောင်ကွမ်ရွာသားတွေက ရွာပြန်ပြီး ကျွဲနွားတွေပြန် သွားလွှတ်တော့ အဲဒီရွာထဲမှာ တပ်မတော်ရဲ့ စစ်ကြောင်းနဲ့တိုးေ တာ့ ပေါ် တာ ဖမ်းခံရတာတွေလဲရှိတယ်လို့ ပြောပြတယ်လေ။”

“၀ိုးလုံရွာထဲမှာတွေ့တာက အလောင်း ၃ လောင်း။ အဲဒါအရိုးဘဲကျန်တော့ ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမသိနိုင်သေးဘူး။ အိမ်နဲ့ တွဲချည်ပြီးမီးရှို့ တာ ကတယောက် အိမ်သာနဲ့တွဲပြီးမီးရှို့တာက တယောက်နဲ့ ရွာလယ်မှာ က တယောက်။ နောက် ၀ိုးလုံရွာမြောက်ဘက်မှာကျတော့ SSPP/SSA ရဲ့လူလို့ ယူဆရတဲ့ အလောင်းတလောင်းတွေ့ရတယ်။ စစ်ဝတ်စုံဝတ် ထား လို့။ နောက်ရွာတောင်ဘက်မှာ လဲ အလောင်းတလောင်းတွေ့တယ်။ ဆိုတော့ ၀ိုးလုံမှာချည်းဘဲ စုစုပေါင်း ၅ လောင်းတွေ့တယ်။ သူတို့တွေ ကျတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူး။ ”

ဝိုးလုံရွာသားများ၏ စာရင်းအရ ပျောက်နေသည့်ရွာသား ၂ ဦး (စိုင်းပေါ် ၂၃ နနှစ် စိုင်းကျော်လွန်း ၄၀ နှစ်) သကဲ့သို့ အက်ကြီးရွာမှလည်း ရွာသား ၂ ယောက် (စိုင်းထွန်းရွှေ ၃၃ နှစ်နဲ့ ပန်ကျန်ရွာက စိုင်းကော ၂၂ နှစ် ) ပျောက်ဆုံးနေကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ကျောက် မဲမြို့ ပန်လော့ရွာဘုန်းကြီးကျောင်းနှင့် နောင်ပိန်အုပ်စု ဟိုကစ် ဓမာရုံ တို့တွင် ခိုလှုံနေသော စစ်ဘေးရှောင်များမှာ နမ့်ဖာတ် ၊ အက်ကြီး၊ ပိန်းနင်မ်၊ ၀ိုးလုံ၊ ပန်ကျန် ရွာတို့မှ ရွာသား (ဦးရေ ၁၀၀၀ ခန့်) များဖြစ်ကြကြောင်း ဦးစိုင်းထွန်းဝင်းကပြောသည်။

“အခု ရွာသားတော်တော်များများက ရွာပြန်ကြပြီ။ အပျက်အစီးများတဲ့ ၀ိုးလုံ ရွာသားတွေ ကဘဲ ရွာမပြန်ချင်တာ။ အခု ပန်ကျန်ရွာဘုန်းကြီးကျောင်း မှာ ရှိနေတယ်။ ၀ိုးလုံရွာကအိမ်ခြေ ၃၀ လောက်ရှိတယ်ေ လ။ လောလော ဆယ် တော့ သူတို့အတွက် နေထိုင်စားသောက်သွားဖို့ စိတ်မပူရပေမယ့် ကြာရင်တော့မလွယ်ဘူးလေ။ ဒါကြောင့် သူတို့တွေ အတွက်အကူအညီတွေ လိုတာပေါ့နော်။ ကျနော်တို့ဘက်ကလည်း အစီရင်ခံစာ သစ်တင်ထားမယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အကြံညာဏ်ေ တာင်း ပြီးတော့ လုပ်ဆောင် သွား မှာဖြစ်ပါတယ်။ ” ဟု ဦးစိုင်းထွန်းဝင်းကပြောသည်။


ကျောက်မဲမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် စိုင်းထွန်းဝင်းနှင့်စိုင်းထွန်းဥာဏ် တို့သည် ဒေသတွင်းလူငယ်တချို့၊ သတင်းသမားများနှင့်အတူ ပြီးခဲ့ သည့် မေလ ၂၁ ရက်နေ့က ပန်လော့ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်ရွာသားများအား နေရပ်ရင်းပြန်လည်ပို့ဆောင်ခဲ့ရာ စစ်ဘေးသင့်ရွာသားများအခြေအနေကိုသိရှိရခြင်းဖြစ်သည်။

“ကျနော်တို့ဘက်ကလည်း စရဖ တို့ စကခ တို့ ဌာနဆိုင်ရာအားလုံးကို သတင်းပို့ တောင်းဆိုထားတယ်။ ရွာသား တွေကိုနေရပ်ပြန်ပြီး ကောင်းေ ကာင်း မွန်မွန်ပြန်လည်လုပ်ကိုင်စားသောက်ခွင့်ပေးဖို့နဲ့ အနှောင့်အယှက် မပေး ဖို့ပေါ့နော်။ ”- ဟု စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကျောက်မဲမြို့နယ်အတွင်း မေလဆန်းပိုင်းမှစတင်၍ မြန်မာ့တပ်မတော် နှင့် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တပ်မတော်မှလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေး ဒုက္ခသည်များ ရာချီထွက်ပြေး တိမ်း ရှောင် နေ ရကာ တိုက်ပွဲဖြစ်ပွားရာဒေသအနီးရှိကျေးရွာများတွင် ယင်းကဲ့သို့ မီးရှို့ထားသည့် အလောင်းများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။


သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နှင့် လားရှိုးမြို့နယ် ဘက်သို့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့ကသတ်မှတ် နယ် မြေ ကျော်လွန်သည်ဟုဆိုကာ တပ်မတော်ကအင်အားသုံး တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် မေလ ၅ ရက်မှ ၂၀ ရက်အထိ SSPP/SSA နှင့်ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ SSPP/SSA ၏ အလောင်းများနှင့် လက် နက်များ သိမ်းဆည်းရမိ ခဲ့ကြောင်း မေလ ၂၁ ရက်က တပ်မတော်က ထုတ်ပြန်ကြေငြာထားသည်။

“ဘယ်ဘက်ကပဲဖြစ်ဖြစ် သူတို့စစ်အချင်းချင်းဖြစ်တာကိစ္စ မရှိ ဘူး။ ပြောချင် တာေ တာ့ ပြည်သူတွေကို ဆွဲမထည့် ပါနဲ့။ စစ်ကြောင့်လူထုဒုက္ခရောက်ရ တာများလှပါပြီ။ ပြန်ကြည့်ရင်လည်း ၂ ဖက်လုံးဟာ ပြည်သူလူထုရဲ့ ထောက် ပံ့မှုနဲ့သာ နေထိုင်နေတာပါ။ ဘယ်ဘက်ကမဆို ပြည်သူကိုအားကိုးနေရ တာ ပဲလေ။ ဒါကြောင့် ပြည်သူတွေကို ငဲ့ညှာ သောအားဖြင့် ပြည်သူတွေကို ထပ်ပြီး ဒုက္ခမပေးေ စ ချင်တော့ဘူးဗျာ”ဟု ဦးစိုင်းထွန်းဝင်းက ဆက်လက်ြေ ပာ သည်။

၂၁ ရာစုပင်လုံညီလာခံကို လပိုင်းအတွင်း ပြုလုပ်လိုသည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးနောက် တပ်မတော်က တိုက်ပွဲများ ပြန်လည်ဆင်နွဲလာနေခြင်းမှာ တပ်မတော်သည် ၂၁ ရာစု ပင်လုံညီလာခံကို ဖျက်လိုဖျက်ဆီးလုပ်နေခြင်းလောဟု သံသယ၀င်မိကြောင်း သျှမ်းပြည်တပ်မတော်မြောက်ပိုင်းမှ သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ- ပန်လော့ရွာ၊ ၀ိုးလုံရွာအခြေအနေ(ဓါတ်ပုံ- Naw Kham Naw Kham )
သျှမ်းသံတော်ဆင့်/ ( စိုင်းအောင်ဆိုင်း နှင့် ဟွမ်ဟိန်း)
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

ဓါတ်ပုံ- တင်ထွဋ်ပိုင် ဖေ့ဘုပ်
ကဗျာဆရာမောင်ဆောင်းခအား ရွှေပြည်သာမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချလိုက်သော်လည်း ချုပ်ရက်မှာ ပြည့်နေပြီဖြစ်သောကြောင့် လွတ်မြောက်သွားပြီဖြစ်ကြောင်းသိရသည်။ကဗျာဆရာမောင်ဆောင်းခသည် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


ဖလမ်း၊ မေ ၂၄

ဟားခါး-ဖလမ်း-ကလေး ကားလမ်းမ မိုင်တိုင်အမှတ် ၈၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား ဖလမ်းမှ ဟားခါးသို့ အထွက် ကားလမ်းမပေါ်ရှိ တောင်သည် ယနေ့ နံနက် ၁၁ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြိုကျပြီး ကားလမ်းမ ပိတ်မိရာ ဖလမ်းမြို့နယ် လမ်းဦးစီးဌာနက JCB စက်ကြီးနှစ်စီးဖြင့် ကားလမ်းမပေါ်ရှိ ပြိုကျသည့် မြေစာများကို ရှင်းလင်းဖယ်ရှားပေးကာ ယခုအခါ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဖလမ်းခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

နိုင်ငံခြားသတင်းစာမှာ မြောက်ကိုရီးယားနိုင်ငံက မူကြိုအကြောင်း ဖတ်လိုက်ရပါတယ်။ စာရေးဆရာမ ဂျုလီ မာကီနန်ရေးထား တဲ့ ဆောင်းပါးလေးပါ။

မူကြိုကျောင်းကို ဝင်လိုက်တော့ ကလေးငယ်လေးတွေ ညှိုးငယ်စွာထိုင်နေကြတယ်။ အလုပ်သမားတွေရဲ့ ကလေးတွေ။ ဧည့်သည်ဝင်လာတော့ ဆရာမက မတ်တပ်ရပ်ခိုင်းတယ်။ သီချင်းဆိုလို့ ပြောလိုက်တော့ ကလေးတွေက အော်ကြတယ်။ ဘာသီချင်းသီဆိုနေကြတာလဲလို့ မေးလိုက်တော့ “စစ်တပ်ကြီးဟာ အဓိကပါ” ဆိုတဲ့ သီချင်းလို့ ပြောပါတယ်။

“ဆရာမ သူတို့ အဲဒီ စာသားအဓိပ္ပာယ်တွေကို နားလည်ပါ့မလား” လို့မေးမိတယ်။ ဆရာမလေးက ရယ်လိုက်တယ်။ “ဒါတွေက နားလည်စရာမဟုတ်ပါဘူး။ ဆိုစရာ။ နားထောင်စရာ” တွေပါတဲ့။

ဟုတ်တာပေါ့ သူတို့နိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် သူ့ဖခင်နဲ့ သူ့အဘိုးလက်ထက်က ဝါဒဖြန့်သီချင်းတွေဆိုပြီး ကြီးပြင်းလာခဲ့ရတာပဲ။

မြောက်ကိုရီးယားနိုင်ငံရဲ့ အာဏာရှင်သက်တမ်းက အလွန်ရှည်လှတယ်။ အဘိုးဖြစ်သူ ကင်အီဆွန်း၊ အဖေဖြစ်သူ ကင်ဂျုံအီ ကနေ ခု လက်ရှိ သားဖြစ်သူ ကင်ဂျုံအန်းလက်ထက်အထိ “စစ်တပ်ကြီးသာ အဓိကပါ” ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို နောက်ခံပြုပြီး စိုးမိုးအုပ်ချုပ်ထားတဲ့ အာဏာရှင်စနစ်ကို အကောင်အထည် ဖော်နေကြတုန်းပါ။

မြောက်ကိုရီးယားမှာ လူဖြစ်လိုက်တာနဲ့ ကိုယ့်ကို မိဘတွေကတောင် မပိုင်တော့ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ ဦးနှောက်တွေကို ဖိနှိပ်ထိန်းချုပ်ထားတာကြောင့် ကိုယ်ဖြစ်ချင်တာ ဘာမှဖြစ်လို့မရဘူး။ နိုင်ငံတော်နဲ့ ခေါင်းဆောင်ကြီးက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လိုက်လုပ်ပေးရင်း သေဆိုသေ၊ ရှင်ဆိုရှင်ဘဝ ရောက်နေကြရတာပါ။ အဲဒါကွန်မြူနစ်စနစ်နဲ့ ဝါဒကို ဗဟိုပြုထားကြတာပါ။

ကျောင်းတွေမှာ အဘိုးနဲ့ အဖေဓာတ်ပုံတွေကို မဖြစ်မနေတွဲချိတ်ထားခိုင်းတယ်။ ကျောင်းနံရံတိုင်းမှာ စစ်အသုံးနဲ့ အခေါ်အဝေါ်တွေကို ကပ်ထားတယ်။ ဝါဒဖြန့်ထားတာတွေက အနောက်နိုင်ငံမှန်သမျှ မိစ္ဆာတွေချည်းပဲ။ ဒီမိုကရေစီဆိုတဲ့စကား လည်း ယောင်လို့တောင် မထွက်မိစေနဲ့။

အာဏာရှင်တွေက စစ်တပ်ကို ကျောထောက်နောက်ခံပြုပြီး တိုင်းပြည်ကို အုပ်ချုပ်ရတာဆိုတော့ ကလေးတွေကို ပြဇာတ်တွေ ကခိုင်းရင်တောင် စစ်တပ်ရဲ့ ကြီးမြတ်တဲ့ဂုဏ်ကို ဖော်ဆောင်၊ ခေါင်းဆောင်ကြီးရဲ့ ဂုဏ်ပုဒ်တွေကိုဖော်ထုတ်ထားတဲ့ သီချင်းတွေသာ သီဆိုကြရတယ်။

ကျွန်တော်တို့နိုင်ငံ ကလေးတွေကတော့ ကံကောင်းတယ်လို့ဆိုရမယ်။ ခေါင်းဆောင်ကြီးနဲ့ စစ်တပ်ကြီးကို ချီးမြှောက်ပူဇော်တဲ့ သီချင်းတွေကို မဆိုကြရပေမယ့်၊ ခေါင်းဆောင်ကြီးနဲ့ စစ်တပ်ကြီးကို ကြောက်ခဲ့ကြရတဲ့ စိတ်ဓာတ်တွေနဲ့ အပိုးကျိုးနေတဲ့ အကြောက်တရားတွေကို အများကြီး အစွဲချွတ်ကြရဦးမယ်။ အကြောက်တရား ဆိုတဲ့ ရောဂါပိုးဟာ ကူးစက်မြန်တယ်။ ပျောက်လည်း ပျောက်နိုင်ခဲတယ်။
ဒါကြောင့် အနာဂတ်ကလေးတွေကို သင်မယ့်ဆရာတွေ ဆရာမတွေကို အရင်ဦးဆုံး ကြောက်ရွံ့ခြင်းကကင်းဝေးအောင် ဦးစွာလုပ်ပြီးမှ ကလေးတွေကို စာသင်ခိုင်းရင်ကောင်းမယ်ထင်တယ်။

၂၃.၅.၂၀၁၆
Tin Nyunt

မေလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ နေပြည်တော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဂျွန်ကယ်ရီကို ရှင်းရှင်း ပဲပြောလိုက်ပါတယ်။

“အငြင်းပွားဖွယ် အသုံးအနှုန်းမျိုးတွေကို မသုံးစေလိုပါ” ပေါ့။ ကျွန်တော်တို့ ခေါင်းဆောင်က ဒီအရေးကို မကိုင်တွယ် မဖြေရှင်းဘဲ ဒီအတိုင်း ထားနေတာမဟုတ်ဘူးဆိုတာ ရှင်းလင်းစွာ သိထားကြစေချင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က

“ကျွန်မတို့ ရှာဖွေတွေ့ရှိချင်တာက လက်တွေ့ကျတဲ့ ဖြေရှင်းနည်း တစ်ရပ်ပါ။ ပြဿနာဖြစ်စေလောက်တဲ့ စကားလုံးတွေနဲ့ စကားပြောနည်း လောက်မျိုးကို ကျွန်မတို့ စိတ်မဝင်စားဘူး”

“တစ်ယောက်က တစ်ယောက်ထက် ပိုကောင်းတယ်ဆိုတာမျိုး၊ ဘယ်သူ့ကိုမှ အသားစီးရအောင် ကြိုးစား နေတာမဟုတ်ဘူး”

“ဒီနာမည် အသုံးအနှုန်း ခေါ်ဝေါ်တဲ့ စနစ်ပြဿနာထက် ပိုအရေးကြီးတဲ့ အရာတွေကို ကျွန်မတို့ ကိုင်တွယ်ဖို့ရှိတယ်”

“ကိုယ်ပိုင် Identity တစ်ခု ပြဋ္ဌာန်းလိုတဲ့ လူတွေရဲ့ ဆန္ဒကို ကျွန်မတို့အနေနဲ့ ဘယ်နည်းနဲ့မှ အားနည်းနစ်နာ စေမှာ မဟုတ်ဘူး”

“နှစ်ဘက်စလုံး လက်ခံနိုင်မယ့်၊ ရှေ့ဆက်သွားလို့ရမယ့် နည်းလမ်းတစ်ခုခုကို ကျွန်မတို့ ရှာဖို့ကြိုးစားနေတယ် ဆိုတာကို နားလည်စေချင်ပါတယ်”

ဒါတွေအားလုံးဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျွန်ကယ်ရီကို ပြောသွားတဲ့စကားတွေထဲက အရေးကြီးတဲ့ စကားတွေကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

လူမှန်ရင် စဉ်းစားတတ်ပြီး သဘောပေါက်နိုင်တဲ့စကားတွေကို ခွာသေးသေးတွေက သဘောမပေါက် ချင်ယောင်ဆောင်ပြီး “သပိတ် … သပိတ် … မှောက် … မှောက်” လိုက်လုပ်နေကြတာ စိတ်ပျက်စရာကောင်း တယ်ဗျ။

တိုင်းပြည်ထူထောင်ဖို့ ခုမှစပြီးတော့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံကြိုးပမ်းနေကြရတယ်။ သမ္မတကြီးဆိုလည်း ရုရှားပြေး၊ အာရှနဲ့လည်း ပြေလည်အောင်လုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ့်နိုင်ငံကို စိတ်ဝင်စားစွာနဲ့ လာသမျှ ဧည့်သည်တွေကို ပြေလည်အောင်ဆက်ဆံ၊ ညှိနှိုင်းမှုတွေလုပ်နေကြရပါတယ်။

ပြောရရင် လှပတဲ့ မြန်မာပြည်ပန်းပုလေးကို ပြန်ပြီးထုဆစ်ဖို့ အသည်းအသန် ကြိုးပမ်းနေရချိန်ပါ။ ဒီလို အချိန်မျိုးတွေမှာ ခွာသေးသေးတွေက လမ်းပေါ်ကို ပြေးထွက်ပြီး သပိတ်လက်နှက်နဲ့ အစိုးရသစ်ကို စိန်ခေါ် နေတာဟာ တိုင်းပြည်ဖျက်ဖို့ အရှိန်ယူနေကြတာလို့ပဲ မြင်ပါတယ်ဗျာ။

ကျွန်တော်တို့ရဲ့ ပြည်သူ့အစိုးရကို လက်သန်းလေးတွေနဲ့ ဝိုင်းပြီးတော့ တင်မြှောက်ထားရုံနဲ့ တာဝန်ကျေပြီလို့ မယူဆကြပါနဲ့။ ပန်းပုရုပ်ကို ထုလုပ်ဖို့ပြင်ဆင်နေတုန်းမှာ ဖျက်ဆီးဖို့ လုပ်နေတဲ့ ခွာသေးသေးအုပ်စုကို တိုက်ထုတ်ဖို့ လက်သီးတွေ ထပ်ဆုပ်ထားဖို့ လိုပြီထင်ပါတယ်။

၂၃.၅.၂၀၁၆
Tin Nyunt

မေ ၂၃ ရက်က ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခုအတွင်း ဗီယက်နမ် တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်းရုပ်တုအောက်၌ အိုဘားမားနှင့် ထရန်ဒိုင်ကွမ်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo: AFP)

သမ္မတ ဘာရက်အိုဘားမားသည် ဟနွိုင်းသို့ ရောက်ရှိနေစဉ်အတွင်း မေ ၂၃ ရက်တွင် အမေရိကန်က ဗီယက်နမ်သို့ လက်နက်ရောင်းချမှုအား ပိတ်ပင်ထားမှုကို အပြည့်အ၀ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ တစ်ချိန်က ရန်သူဖြစ်ခဲ့သည့် ဗီယက်နမ်နိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းချီလျက် လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က ချမှတ်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံကို စစ်လက်နက်ရောင်းချမှု ပိတ်ပင်ထားတာကို အမေရိကန်က အပြည့်အ၀ ရုပ်သိမ်းလိုက်ပါပြီ” ဟု အိုဘားမားက ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်းနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံစလုံးသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်က စစ်ရေးတည်ဆောက်မှုများ ပြုလုပ်နေခြင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်လျက်ရှိသည်။

သို့သော် အိုဘားမားသည် အငြင်းပွားနေသော ရေပိုင်နက်များကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားမှုအပေါ် အမေရိကန်နှင့် ဗီယက်နမ်တို့ တူညီစွာ စိုးရိမ်နေမှုနှင့် ယခုကဲ့သို့ ကွန်မြူနစ်ဗီယက်နမ်နိုင်ငံအား လက်နက်ရောင်းချရန် ခွင့်ပြုသော ဆုံးဖြတ်ချက်တို့ကို သီးခြားစီထားရန်သာ လိုလားသည်။

“အခု ပိတ်ပင်မှုကို ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်ကိစ္စအပေါ်မှာ အခြေမခံပါဘူး။ ဗီယက်နမ်နဲ့ ပုံမှန်ဆက်ဆံရေးဆီ ရောက်ရှိဖို့ ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ရပ် ပြီးမြောက်လိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒအပေါ်မှာပဲ အခြေခံပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

“ဒီအဆင့်မှာ နှစ်ဖက်စလုံးဟာ နှစ်နိုင်ငံစစ်တပ်တွေ အပါအ၀င် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်ဆင့်ကို တိုးတက်ရောက်ရှိခဲ့ပါပြီ” ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

ဗီယက်နမ်ခေါင်းဆောင် ကွမ်းက သေစေနိုင်သော လက်နက်များတင်ပို့မှုအား စစ်အေးခေတ်က ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းခြင်းအား ကြိုဆိုခဲ့သည်။

မြောက်ဗီယက်နမ်တပ်မတော်နှင့် ၎င်းတို့၏ ဗီယက်ကောင်း မဟာမိတ်များသည် ဆိုင်ဂုံကို ချီတက်ကာ ကမ္ဘာ့မဟာအင်အားကြီး အမေရိကန်ကို အရှက်ရစေခဲ့ပြီးနောက် ၄၁ နှစ်ခန့်အကြာတွင် အိုဘားမားသည် ဗီယက်နမ်သို့ သုံးရက်ကြာခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကုန်သွယ်မှု ပိတ်ပင်ထားခြင်းအား ပြန်လည်ရုပ်သိမ်းမှုသည် လွန်ခဲ့သည့် မျိုးဆက်တစ်ဆက်ခန့်အကြာကမှ ခါးခါးသီးသီး သွေးထွက်သံယို တိုက်ခိုက်ခဲ့ကြသည့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု အပြောင်းအလဲများလာကာ ဆက်ဆံရေး အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာမှုကို ပြသနေသည့် မြင့်မားသော သင်္ကေတတစ်ရပ် ဖြစ်သည်။
Writer:
Ref:AFP
Eleven Media Group


နောက်ဆုံးသက်သေ

Posted on 23May2016

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စံစိုင်း မြို့ နယ်အတွင်းမှာ ညပိုင်း ဆိုင်ကယ်စီး အလုပ်ပြန်လာတဲ့ အမျိုးသမီး တွေကို မုဒိန်းကျင့်နေသူ တရားခံပြေးတဦးကို ဖယောင်မြို့ နယ်အတွင်းက စားသောက်ဆိုင်မှာ ဖမ်းမိခဲ့ပါတယ်။

တနှစ်အတွင်း အမျိုးသမီး(၈)ဦးကို မုဒိန်းကျင့်ခဲ့သူ ဖွန်ချိုင်း အသက် (၂၉) နှစ်က ညပိုင်းမှာ ဆိုင်ကယ်တစီးနဲ့ ချင်းမိုင် မြို့ ကိုပါတ်ပြီး တဦးထဲပြန်လာတဲ့ အမျိုးသမီးရဲ့ နောက်ကနေ ဆိုင်ကယ်နဲ့  လိုက်၊ လူပြတ်တဲ့နေ
ရာမှာ ဆိုင်ကယ်ချင်း ကပ်မောင်းပြီး လမ်းဘေးထိုးကျအောင်လုပ်ပြီးမှ အမျိုးသမီးတွေကို မြက်တောထဲဆွဲခေါ် ၊ရိုက်နှက်ပြီး လိင်ဆက်ဆံ ပါတယ်။


ချင်းမိုင်းမြို့ နယ်မှာ ဖြစ်ခဲ့တဲ့ တရားခံမပေါ်တဲ့ မုဒိန်းမှု တွေမှာ မင်္သကာရတဲ့ တရားခံတွေကို ဖမ်းမိတဲ့အခါ သက်သေအမျိုးသမီးတွေ ကို တရားခံကိုပြပြီး ဟုတ်မဟုတ်စစ်တဲ့အခါ ဖြစ်တဲ့အချိန်ဟာ ညပိုင်း မို့  အတိအကျ မပြောနိုင်ကြဘဲ ဖြစ်နေခဲ့ပါတယ်။


ခုနောက်ဆုံးတရားခံ ကို စစ်ဆေးတဲ့အခါ မှ မုဒိန်းကျင့် ခံခဲ့ရတဲ့ အမျိုးသမီး တချို့  က တရားခံရဲ့  လိင်တန်ဟာ (၅)နှစ်သားခလေးလို သေးသေးလေးဖြစ် လို့  တရားခံ လိင်တန်ကို စစ်ဆေးဘို့ ရယ် အမျိုးသားကို " ပျော်ရဲလားလို့  " ပြောခိုင်းဘို့  တောင်းဆိုခဲ့ရာက တကယ့်တရားခံ ဟာ ဖွန်ချိုင်း ဆိုတာကို အားလုံးက အတည်ပြုနိုင်ခဲ့ပါတယ်။

တရားခံဖွန်ချိုင်းဟာတကယ်ဘဲ ငါးနှစ်သားခလေးလို လိင်တန်အလွန်သေးနေပြီး မုဒိန်းကျင့်ပြီးတိုင်း " ပျော်ရဲလားလို"့ မေးတဲ့ အသံကို သက်သေအဖြစ် မှတ်မိနေလို့ ဖြစ်ပါတယ်။

Credit Chaingmai news
Social Action for Women - SAW

နေပြည်တော်၊ မေ ၂၃ ။ ။ အစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေတွင် အနှိပ်ခန်းများဖွင့်ပါက ဖမ်းဆီးအရေးယူမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်။

"အခု အနှိပ်ခန်းတွေမရှိတော့ပါဘူး။ ဖွင့်ရင်ဖမ်းမှာလေ။ အနှိပ်ခန်းတွေမရှိတော့တာကြာပြီ" ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုကဲ့သို့ အနှိပ်ခန်းများဖွင့်လှစ်ပါက ဖမ်းဆီးခြင်းသည် အစိုးရ၏ ရက် ၁၀၀ စီမံချက်နှင့်သက်ဆိုင်သလို မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့မရဲစခန်း မှ စခန်းမှူးဖြစ်သူ ဦးတင်ဌေးကပြောသည်။

"ပိတ်ခိုင်းထားတာ တစ်လလောက်ရှိပြီ အစိုးရရဲ့ ရက်တစ်ရာစီမံချက်နဲ့လည်း ဆိုင်သလို မှုခင်းကျဆင်းရေး ဆောင်ရွက်နေတဲ့ စီမံချက်နဲ့ ပက်သက်ပြီးတော့လည်း သတင်းရရင် ရသလို ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်နေပါတယ်" ဟု ပျဉ်းမနားမြို့ မရဲစခန်းမှ စခန်းမှူး ဦးတင်ဌေးကပြောသည်။

နေပြည်တော်တွင် အနှိပ်ခန်းအများစုရှိရာ ပုဗ္ဗသီရီမြို့ နယ်နှင့် ပျဉ်းမနားမြို့ ကြားရှိ ရာဇဌာနီလမ်းမကြီး ၊ လွှတ်တော်အမတ်များ တည်းခိုနေထိုင်သည့် စည်ပင်ရိပ်သာအနီးရှိ ရွှေကြာပင်ရပ်ကွက်တို့တွင် ယခင်က အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်သည့် ဆိုင်အရေအတွက် လေးဆယ်ကျော်ခန့် ရှိကြောင်း သတင်းတပ်ဖွဲ့ မှ တာဝန်ရှိသူများထံမှသိရသည်။

ယခုအခါအဆိုပါရပ်ကွက်များရှိ ဆိုင်အများစုမှာ ပိတ်သိမ်းသွားပြီဖြစ်ပြီး ခိုးဖွင့်ထားသည့် ဆိုင်တစ်ဆိုင် နှစ်ဆိုင်ခန့် ကျန်ရှိနေသေးကြောင်း ယင်းရပ်ကွက်များတွင် ဆိုင်ကယ် ကယ်ရီဆွဲသူများကပြောသည်။

ယခင် အစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များရှိပါက နေပြည်တော် ရပ်ကွက်အချို့ရှိ အနှိပ်ခန်း နှင့် KTV များကို ခေတ္တပိတ်ထားလေ့ရှိသည်။
Mizzima - News in Burmese


၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်က မငြိမ်းချမ်းသော ကချင်ပြည်နယ်ထဲက ပို၍ မငြိမ်းချမ်းသော ဖားကန့်ကေိာက်စိမ်းတွင်းဒေသမှာ ဆန်းဆန်းပြားပြား အ မင်္ဂလာသတင်းတစ်ပုဒ်ကြားလိုက်ရတယ် ။ “ မှော်ရှန်ရာအိမ်မှူး မနန္ဒလှိုင် သူ့အိမ်ထဲမှာ နေရင်း သေနတ်နဲ့ ပစ်သတ်သွားပီတဲ့ ” ။သူငယ်ချင်းက ဖုန်းဆက်အကြောင်းကြားခဲ့တယ် ။ ထူးဆန်းနေပါသည် ။ မနန္ဒာလှိုင်ကို ဖားကန့်က လူတော်တော်များများ သိကြသည် ။ မနန္ဒာလှိုင်ကို လူပိုသိစေသော အချက်အချို့ရှိသည် ။ ဖားကန့်မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေး တစ်ခုလုံးမှ ရှားရှားပါးပါး အမျိုးသမီးရာအိမ်မှူး ဖြစ်နေခြင်းက လူအများ၏ စိတ်ဝင်စားခြင်းခံခဲ့ရပါတယ် ။ အမျိုးသမီးဖြစ်သော်လည်း ရပ်ရေးရွာရေးများကို အမျိုးသားများထက် သွက်သွက်လက်လက် လုပ်နိုင်ကြောင်းကို ဆုထူးပန် ကျောက်မျက်ကုမ္မဏီ၏ တရားမဝင် စွန့်ပစ်မြေစာပုံ ကိစ္စဖြင့် ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ကာ သက်သေပြခဲ့ပါတယ် ။ ( မှော်ရှန်ရွာထိပ်တွင် ဆုထူးပန်ကျောက်မျက်ကုမ္မဏီမှ စွန့်ပစ်မြေစာပုံမှာ အန္တရာယ်ရှိနေသည့်အတွက် ကုမ္မဏီအား မြေစာဝိတ်လျှော့ခြင်း ၊ ကျောက်ရိုးစီခြင်းများကို ရှေ့ဆောင် တောင်းဆိုခဲ့တယ် ။ ကုမ္မဏီမှ အင်တင်တင်ဖြင့် လုပ်ပေးသည်ဟုလည်းသိရတယ် ။ မနန္ဒာလှိုင်သေဆုံးသည်အထိ မပြီးသေးဟု သိရ ) ။ အခြားသော ရပ်ရေး ရွာရေးများကိုလည်း ထိုနည်းတူစွာ ဟုသိရသည် ။အထူးသဖြင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ၏ လူနေကျေးရွာများနှင့် စိမ့်စမ်းရေ ထွက်ရှိသောနေရာများအား တရားမဝင် စွန့်ပစ်မြေစာပစ်လျှင် ရှေ့ဆုံးက ဦးဆောင်ကန့်ကွက်သူ တစ်ဦးဖြစ်လာခဲ့ပါတယ် ။

နောက်ထူးဆန်းနေတာ တစ်ခုက အမျိုးသမီး ရာအိမ်မှူးတစ်ဦးကို အမျိုးသားသုံးယောက်က သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်နေပြန်သည် ။ ဒီဖြစ်စဉ်မျိုးက ၁၉၉၄ ခုနှစ်ကတည်းက ဖားကန့်မှာ နေခဲ့သော ကျနော့်အတွက် ပထမဦးဆုံးကြားဘူးခြင်းဖြစ်သည် ။အခင်းဖြစ်သည့် ညနေက ဘယ်သူမှ မနန္ဒာလှိုင် အိမ်နားကို မကပ်ရဲကြ ။မသွားရဲကြ ။ ဌာနဆိုင်ရာ နှင့် စစ်တပ် ၊ရဲ တို့လောက်သာ လုံခြုံရေးများဖြင့် ရှုပ်ရှက်ခတ်နေကြသည် ။

ဒီနေ့ ၂၃.၅.၂၀၁၆ နေ့ မှာတော့ မနန္ဒလှိုင် ရဲ့ ကျန်ရစ်သူ ခင်ပွန်း ကိုမျိုးထွန်း ကို မေးမြန်းခွင့်ရခဲ့ပါတယ် ။အိမ်ထောင်သက် (၁၀) ကျော် ရှိပြီဖြစ်တဲ့ သူတို့ ဇနီးမောင်နှံမှာ (၈)တန်းကျောင်းသူ သမီးလေး (၁) ယောက် ၊(၇)တန်းတက်မဲ့ သား(၁)ယောက် နဲ့ (၂) တန်း တက်မဲ့ သားလေး (၁) ယောက် နဲ့ စုစုပေါင်း (၃) ယောက် ထွန်းကားခဲ့တယ်လို့ ပြောပါတယ် ။မနန္ဒာလှိုင် သေနတ်နဲ့ ပစ်သတ်ခံရချိန်မှာ သူရှိနေကြောင်း၊နေမကောင်းလို့အပေါ်မှာ အိပ်နေတာဖြစ်ကြောင်း ပြောပြပါတယ် ။“ ညနေ ၅:၀၀လောက်မှာ ဆိုင်ကယ်ပျောက်တိုင်ချင်လို့ဆိုပြီး လူနှစ်ယောက်လာပြောနေတာ ကြားရတယ် ။ မရှေးမနှောင်းမှာ နောက်ထပ် လူတစ်ယောက် ထပ်ယောက်လာသံကြားတယ် ။ ခဏနေတော့ သေနတ်သံလိုလို ကြားလို့ ဆင်းကြည့်လိုက်ချိန်မှာ မိန်းမက မီးခိုးတွေကြားထဲမှာ သားအငယ်ဆုံးလေးက ဒဏ်ရာရတဲ့ သူ့အမေကို တွဲပြီး ဧည့်ခန်းထဲက ထွက်လာတယ် ။ချက်ချင်း ဖားကန့်ဆေးရုံကို ခေါ်သွားတယ် ။ လမ်းမှာ တစ်လမ်းလုံးတော့ ညည်းလာတယ် ။ ဖားကန့်ရဲ စခန်းရှေ့အရောက်မှာ ညည်းသံ တိုးတိုးလေးကြားလိုက်ရပြီး ဖားကန့်ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး ။” သူရဲ့ လက်ပေါ်မှာ အသက်ထွက်ခဲ့ရတဲ့ ဇနီးသည်ရဲ့ အဖြစ်သနစ်ကို ရှိုက်သံများဖြင့် ပြောပြခဲ့ပါတယ် ။ အပြစ်မဲ့တဲ့ သူရဲ့ဇနီးကို ခုလို လုပ်တာဟာ အနှိုင်ကျင့် စော်ကားခံလိုက်ရခြင်း ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ် ။

အမျိုးသမီးရာအိမ်မှူးမနန္ဒာလှိုင်ဟာ သေနတ်ဒဏ်ရာ (၆) ချက်ဖြင့် ( ဘယ်ဘက်ညှပ်ရိုး တစ်ချက် ၊ ညာဘက်ရင်အုံအောက် (၃) ချက် ၊ ညာဘက်နံရိုးအောက် တစ်ချက် ၊ညာလက်ဖျံ ထုတ်ချင်းပေါက် (၁) ချက် ) သေဆုံးခဲ့ရပါတယ် ။ မနန္ဒာလှိုင်သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး ။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမှုပေါင်းဟာ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားသည့် ၂၀၁၀ နောက်ပိုင်း (၄) မှုထက်မနည်းရှိခဲ့ပြီး ၊ အမျိုးသမီးပစ်သတ်ခံရမှုသည် မနန္ဒာလှိုင်သည် ပထမဆုံးဖြစ်ပြီး ၊ယနေ့အချိန်ထိ မည်သည့်အမှုမှ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ ။

ပြည်သူ့အကျိုးသယ်ပိုးနေသည့် ဖားကန့်ဒေသ အသီးသီးက ရပ်ကြေးအုပ်ချုပ်ရေးမှူးတွေ နဲ့ ပရဟိသမားများ ၊ သတင်းသမားများရဲ့ လုံခြုံရေးဟာ အနာဂတ်မှာ မကောင်းလှဘူးဆိုတာ ဆိုင်းတောင်ကျေးရွာ မှာ်ရှန် ရပ်ကွက်က အမျိုးသမီရာအိမ်မှူး မနန္ဒာလှိုင် ကိစ္စက မီးမောငါးထိုးပြလိုက်ခြင်း ဖြစ်ပါတယ် ။ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ၊ ရပ်ကွက်အကျိုးပြုလုပ်ငန်းတွေကို လုပ်ခဲ့တဲ့ မနန္ဒာလှိုင်အတွက် ဆုလဒ်ဟာ သေနတ် ( ၆ ) ချက်နဲ့ အဆုံးသတ်လိုက်ရပါပြီ ။

၂၄. ၅.၂၀၁၆ နေ့ နေ့လည် ၁:၀၀ နာရီတွင် မနန္ဒာလှိုင်၏ ရုပ်အလောင်းအား သင်္ဂြိုလ်မည်ဟုသိရပါသည် ။

ဇော်မိုးထက် ( ၂၃.၅.၂၀၁၆)


ရှမ်းပြည်နယ်မြောက်ပိုင်း ဖာင်းဆိုင်ကျေးရွာ (Hpawng Seng) အနီး မန်ပင်းရွာ (Man Ping) ကို မေ ၂၂၊ ယနေ့ ညနေ ၅ နာရီခွဲခန့် အစိုးရတပ်မှ မီးရှို့ခဲ့ကြောင်း သိရပါသည်။

မုန်းကို (Munggu) ဘက်မှ တက်လာသော ယင်း အစိုးရ စစ်ကြောင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ အောက် တပ်ရင်း (၃၈) ကြား ရွာအနီး မွန်းလွဲပိုင်း ၃ နာရီခွဲခန့်မှစပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ အစိုးရတပ် ဘက် အထိနာသဖြင့် ယခုလို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်မဟာ ၆ အရာရှိတဦး ကချင်သတင်းဌာန KNG ကိုပြောပါသည်။

ညနေ ၅ နာရီခွဲမှ ရှို့ခံရသော မန်ပင်းရွာ (Man Ping) တွင် ည ၉ နာရီခန့် အထိ မီး မငြိမ်းသေးဘဲ လောင်နေသေးကြောင်း သူက ဆက်ဆိုသည်။

မန်ပင်းရွာ (Man Ping) သည် KIA တပ်ရင်း ၃၈ နယ်မြေဖြစ်ပြီး တရုတ်နယ်စပ် အနီး ကချင်လူမျိုးများ သီးသန့် နေထိုင်ပြီး အိမ်ခြေ ၃၀ ကျော်ခန့်ရှိသော ရွာတစ်ရွာဖြစ်ပါသည်။

ရွာအနီး နယ်စပ်ဘက်တွင် တရုတ်တပ်ဖွဲ့များ ရှိနေသောကြောင့် စစ်ပြေးဒုက္ခသည်များမှာ တစ်ဖက်သို့ မကူးနိုင်ဘဲ အဆင်ပြေသည့် အနီးနားနေရာများတွင်သာ တိမ်းရှောင်နေရကြောင်း KIA တပ်မဟာ ၆ အရာရှိက ဆက်ပြောခဲ့ပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစု ပင်လုံညီလာခံကို လာမည့် ဇူလိုင်လ အတွင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းနေချိန် တစ်ဖက်တွင်လည်း အစိုးရတပ်က နိုင်ငံရေးဆွေးနွေးရန် စောင့်ဆိုင်းနေသည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA ကို ပြီးခဲ့သည့် ဧပြီလမှ လေကြောင်း အကူအညီဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေပါသည်။

Kachinnews
http://burmese.kachinnews.com/

လက်နက်ကိုင် တိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ ရှမ်းဒေသခံတွေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ခေါ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း နဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံနိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ကြီးထွားလာရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ လည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။ ရှမ်းပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ SSPP/SSA နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက အရပ်သား (၆) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ဗွီအိုအေကို ပြောပါတယ်။

“ကျောက်မဲရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ SSPP နဲ့တပ်မတော်ပေါ့ တိုက်ပွဲက ၁၂ ရက်၊ ၁၃ ရက်ပေါ့။ ဒီ ၅ လပိုင်းမှာ အပြင်းထန်ဆုံးပေါ့။ အဲမှာ လူ ၈ ဦးသေတယ်။ ကျနော်တို့သေသေချာချာပြောနိုင်တာက အရပ်သား ၆ ဦးလောက်ပါလိမ့်မယ်။ သေတဲ့လူက ကျောက်မဲမြို့ နောင်ကွမ်ကျေးရွာက ၃ ယောက်၊ ဝိုးလုံကျေးရွာသား ၂ ယောက်၊ အက်ကြီးကျေးရွာသား ၁ ယောက် အားလုံး ၆ ယောက်လောက်ရှိတယ်။ နောက်ထပ် ၂ ယောက်ကတော့ ၁ ယောက်ကတော့ စစ်သား ၂ ယောက်ကတော့ မခွဲခြားနိုင်ဘူး။”

ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအနီးက တွေ့ရှိထားတဲ့ အလောင်း(၈)လောင်းဟာ နောင်ကွမ်ကျေးရွာသား (၃)ဦး ၊ ဝိုးလုံကျေးရွာသား ၂ ဦး နဲ့အက်ကြီး ကျေးရွာသား ၁ ဦး စုစုပေါင်း ရွာသား (၆) ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ကျန်အလောင်း၂ လောင်းမှာ တယောက်ကတော့ SSA တပ်ဖွဲ့ဝင်တဦး၊ ကျန်တဲ့အလောင်းတလောင်းကတော့ ဘယ်သူဘယ်ဝါ မသိရဘူးလို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်ကတော့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ မြန်မာစစ်တပ်က ပေါ်တာ အထမ်းသမားအဖြစ် ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တဲ့အကြောင်း မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြောဆိုခဲ့တာပါ။

“သေဆုံးအမှုက တပ်မတော်ပဲ ဖြစ်ဖို့များတယ်။ အဲလောက်လဲသေချာပါတယ်။ ၃ ယောက်က မျက်မြင်သက်သေရှိတယ်။ သက်သေက ပေါ်တာဆွဲခံရတဲ့ အရပ်သား ၁ ယောက်က သူ့ရှေ့မှာပဲ သတ်ပစ်တာရှိတယ်လေ။ အခုသူပြန်လွှတ်လာတဲ့အချိန်ကျတော့ သူပြောပြချက်အရ ကျနော်တို့သွားကြည့်ရင်းနဲ့ တွေ့တာပေါ့လေ။ တောင်ကုန်းတကုန်းပေါ်မှာ လူသတ်ထားတာတွေ့တာပေါ့လေ။”

အရပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဖက် တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးသလို၊ တုံ့ပြန်ချက်ရဖို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း အစည်းဝေးတက်နေတဲ့ အတွက် ပြောဆိုဖို့အခက်ခဲရှိတယ်လို့ ရုံးအဖွဲ့ဝင်တဦးကဆိုပါတယ်။

ကာလအတန်ကြာစစ်ရေးရပ်တန့်နေတဲ့ မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြားမှာ မေလဆန်း ကစလို့ စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းအရင်းနဲ့ပက်သက်လို့ သီပေါမြို့နယ်နဲ့ကျောက်မဲမြို့နယ်အတွင်းမှာ SSPP/SSA ၀မ်ဟိုင်း အဖွဲ့ဘက်က သတ်မှတ်နယ်မြေကျူးကျော်လာလို့ မြန်မာ့တပ်မတော်စစ်ကြောင်းနဲ့ မေလ(၅)ရက်နေ့ကနေ(၂၀)ရက် အတွင်း တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွါးခဲ့ပြီး အလောင်း ၇ လောင်းနဲ့ လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ စစ်သည် တစ်ချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့မေလ ၂၁ ရက် တပ်မတော်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

အခုအခါ ၂ ဖက် တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ ၀ိုးလုံကျေးရွာသားတွေဟာ နေရပ်ကိုပြန်ဖို့ မ၀ံ့ရဲသေး သလို ပန်ကျန်ကျေးရွာဘုန်းကြီးကျောင်းမှာခိုလှုံနေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ(၁၂)ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ သီပေါမြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာမှာလည်း အရပ်သားတွေ သေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မေလ(၁၈)ရက်နေ့က သီပေါမြို့နယ် နမ့်ပေါင်တိုက်နယ် နမ့်မကျေးရွာအုပ်စုဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲကြောင့် အနီးဝန်းကျင်ကျေးရွာကရွာသားထောင်ကျော်ဟာ သီပေါမြို့နယ်ထဲက ဒုက္ခ သည်စခမ်းမှာ လက်ရှိခိုလှုံနေရတယ်လို့ ဝမ်းမောလူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုမျိုးကအခုလိုပြောပါတယ်။

“သီပေါမှာ ၁၀၀၀ ကျော်လောက်ရှိနေပြီ။ မြို့ဟောင်းမှာက ၂၉၀ ၊ နမ့်ပေါင်မှာ ၃၀၀၊ ဘိုးထိုင်ကျောင်းမှာ ၂၉၈ ဦး၊ နောက်ထပ်ကျနော်တို့ စာသင်တိုက်မှာက ကိုရင် ၉၂ ပါးနဲ့ ဦးဇင်း ၂ ပါး ။ အားလုံးအခုလောလောဆယ်မှာ ၁၁၈၁ ဦး လောကှ်ရိတယ် အခုလည်း ကျတော်တို့ အဖွဲ့တွေကတော့ ကျန်သေးတဲ့ နောက်ထပ်စစ်ရှောင်အဖွဲ့တွေကို အဲဒီမှာ ၄-၅၀ လောက်ကျန်သေးတာတွေကို သွားခေါ်နေတယ်

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ကတော့ ယခင် နိုင်ငံတော်အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့စဉ်တုန်းက သဘောတူညီချက်အရ ဝမ်ဟိုင်းတွင် အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာတွေမှာ ယာယီအခြေပြုနေထိုင်ဖို့ သဘောတူတယ်လို့ပါရှိကြောင်း မေလ ၁၉ ရက်က SSPP/SSA ဘက်ကနေ ထုတ်ပြန်ထားပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

[youtube src="nPdokhWwKK4"/]
မြန်မာပြည်အတွက် အရေးပါတဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း သိရှိစေဖို့ ကိုယ်တွေ့ဖြစ်ရပ်တွေ ရေးသားထားတဲ့ စာရေးသူ မောင်မောင်ကျော်ရဲ့ ကံ့ကော်မြေမှသည် ဒေါနတောင်တန်းဆီသို့ စာအုပ်ကို မေလ ၂၂ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။
Kamayut Media

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ အကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်ပေးကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းတင် ကျေးဇူးတင်ရှိခြင်း အစီအစဉ်ကို လစဉ် ရွေးချယ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကနေ ဒီနေ့ရက်စွဲနဲ့ ကြေညာထုတ်ပြန်လိုက်ပါတယ်။
အခု မေလအတွက်ကတော့ "ရှင်သန်ရေးကူညီမှုအသင်း" ကို ရွေးချယ်ဖော်ပြထားပါတယ်။

Ref: Myanmar State Counsellor Office

လာမည့် ၂၀၂၀ တိုကျိုတွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲတွင် ကြယ်မိုးဖန်တီးမည်ဖြစ်ကြောင်း Star - ALE အမည်ရ ဂျပန်စွန့်ဦးတီထွင်ကုမ္ပဏီက ဆိုသည်။

အဆိုပါ စကိုင်းကင်းဗတ်အမည်ရှိ ကြယ်မိုးရွာချနေစဉ် လင်းလက်တောက်ပနေမည်ဖြစ်ရာ ယင်းပွဲကို ပွဲတော်ကျင်းပရာနေရာမှ မိုင် ၁၂၀ ကျော် ကွာဝေးသည့် ဒေသများကပင် မြင်နိုင်မည်ဟု ဆိုသည်။

ယင်းသို့ကြယ်မိုးရွာရန် မြေပြင်ပေါ်တွင် ဖန်တီးခြင်းမဟုတ်ဘဲ အာကာသအတွင်းမှ ရွာစေမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရန် အချန်လိုသေးသော်လည်း ကုမ္ပဏီအနေဖြင့် Pyrotechnics အဆင့်မြင့်နည်းပညာ တပ်ဆင်ထားသည့် ဂြိုဟ်တုအငယ်စားလေးများကို လာမည့်နှစ်တွင် လွှတ်တင်သွားမည်ဟု သိရသည်။ အဆိုပါ ဂြိုဟ်တုငယ်လေးများက “ရင်းမြစ်ပစ္စည်းများ” အမည်ရ အထူးပြုလုပ်ထားသည့် အတုံး ငါးရာမှ တစ်ထောင်ခန့်ကို သယ်ဆောင်သွားပြီး အဆိုပါ အတုံးလေးများ ကမ္ဘာ့လေထုအတွင်း ပြန်ဝင်လာပါက အလိုအလျောက် ပေါက်ကွဲသွားမည်ဖြစ်ရာ ကြယ်မိုးအဖြစ် ရွာချမည်ဖြစ်သည်။

“အတုံးအခဲငယ်လေးတွေဟာ ကမ္ဘာတစ်ပတ်ရဲ့ သုံးပုံတစ်ပုံလောက် လှည့်သွားပြီး ကမ္ဘာ့ လေထုထဲ ပြန်ဝင်မှာပါ။ ပြီးရင် လေထုထဲမှာ ပေါက်ကွဲပြီး ကြယ်မိုးရွာမှာပါ” ဟု Star - ALE က ဆိုသည်။ ကမ္ဘာအထက် ၃၅ မိုင်မှ မိုင် ၅၀ အမြင့်တွင် အဆိုပါ အတုံးလေးများ ပေါက်ကွဲမည်ဖြစ်ရာ မီးရှူးမီးပန်းမိုးအဖြစ် ရွာချမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ကမ္ဘာ့လူသား သန်း သုံးဆယ်ခန့်က တွေ့မြင်ရမည်ဖြစ်သည်။

အဆိုပါ ကြယ်မိုးတစ်ခုရွာရန် ယန်းတစ်သန်း (ကန်ဒေါ်လာ ၈၁၀၀) ကုန်ကျပြီး အဆိုပါစရိတ်တွင် ဂြိုဟ်တုငယ်များ လွှတ်တင်ရသည့် ကုန်ကျစရိတ်၊ မလွှတ်တင်မီ စမ်းသပ်ရသည့် ကုန်ကျစရိတ်တို့ မပါဝင်ကြောင်း သိရသည်။

မိုးအု့နေပါက ပြသ၁နာဖြစ်နိုင်သော်လည်း ကုမ္ပဏီအဆိုအရ ကြယ်မိုးများ မရွာချမီ အနည်းဆုံး မိနစ် ၁၀၀ ခန့်အကွာထိ အစီအစဉ်ကို ဖျက်သိမ်းနိုင်သည်ဟု ဆိုသည်။ ယခုကဲ့သို့ ကြိုတင်ပြင်ဆင်နိုင်ခြင်းကြောင့် ပွဲကျင်းပသူများအနေဖြင့် ပွဲတော်ဖွင့်ချိန် ၊ ပိတ်သိမ်းချိန်တို့ကို ရာသီဥတု သာယာချိန်ကိုရွေး၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရွှန်းတင့်

The Ladies News Journal

ဧ၀ရတ်တောင်တက်စဉ် သုံးရက်အတွင်း တောင်တက်သမားသုံးဦး တိမ်းပါးခဲ့ရာ နှစ်ဦးမှာ အနောက်နိုင်ငံသားများ ဖြစ်ကြပြီး ကျန်တစ်ဦးမှာ လမ်းပြဖြစ်ကြောင်း သိရသည်။ အခြား နှစ်ဦးမှာ ပျောက်ဆုံးနေသည်။

၂၀၁၅ ခုနှစ်အတွင်း နီပေါနိုင်ငံ၌ ငလျင်လှုပ်ခတ်ခဲ့အပြီး ၂ နှစ်အကြာ ယခုနှစ် ဧပြီလတွင်မှ အဆိုပါ ကမ္ဘာ့အမြင့်ဆုံး တောင်တက်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ အတွင်း ၄င်း တောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ယခုကဲ့သို့ သုံးရက်အတွင်း တောင်တက်သမား သုံးဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တို့က ကြေညာခဲ့ရာ အသက် ၂၅ နှစ်ရှိ ပါဘာရှာအမည်ရ တောင်တက်သူမှာ တောင်ထိပ်အနီး မီတာ ၁၅၀ အမြင့်မှ ခြေချော် ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု တောင်ခြေအခြေစိုက် စခန်းရှိ ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သောကြာနေ့က အသက် ၃၆ နှစ်ရှိ နယ်သာလန်နိုင်ငံသားမှာ တောင်ထိပ်ရောက်အပြီး အဆင်းခရီးတွင် ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သေဆုံးသူမှာ သြစတြေးလျနိုင်ငံသူ မာရီယာစထရိုင်ဒန်ဖြစ်ပြီး ၄င်းမှာ ရောက်ရှိနေရာမှ ရှေ့သို့မတိုးနိုင်ဘဲရှိနေရာ ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ရန် ကြိုးပမ်းစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

အခြား အိန္ဒိယနိုင်ငံသား နှစ်ဦးမှာ တောင်ပေါ် မီတာ ၈၀၀၀ ခန့်တွင် ပျောက်ဆုံးနေပြီး ပြီးခဲ့သည့် စနေနေ့မှစ၍ တာဝန်ရှိသူများနှင့် အဆက်အသွယ် ပြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပျောက်ဆုံးနေသူ နှစ်ဦးမှာ အနောက်ဘင်္ဂလားပြည်နယ်မှ ဖြစ်သည်။

ရွှန်းတင့်
The Ladies News Journal


လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်
လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့ က သေဒဏ်ပေးခြင်း ခံရတဲ့ မြန်မာရွေ့ပြောင်းလူငယ်၂ ဦး အတွက် အယူခံကို ၅ ကြိမ်မြောက် အဖြစ် ရက်ထပ်တိုးပြီးတဲ့နောက် မေလ ၂၃ ရက်မှာ အယူခံတရားရုံးကနေ ဆုံးဖြတ်ချက်ချတော့မှာဖြစ်ပါတယ်။ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ တင်ပြထားတဲ့အတွက် ဒီအယူခံကို အယူခံတရားရုံးက လက်ခံလိမ့်မယ်လို့ အခိုင်အမာယူဆကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုလိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ လူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၂ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ သူတို့ အတွက်အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာမှာ ၅လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင်ပြုပေးခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ နောက်ဆုံးထပ်တိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အယူခံတရားရုံးက ပြောဆိုထားတာပါ။ မြန်မာလူငယ်၂ ဦး အတွက် အယူခံတင်ထားတဲ့အကြောင်းအရာတွေဟာ သက်သေခိုင်လုံစွာနဲ့ တင်ပြလျောက်ထားတာ ဖြစ်တဲ့အတွက် အယူခံရုံးကနေ လက်ခံလိမ့်မယ်လို ယူဆကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။

“အန်ကယ့်ဘက်က ရာနှုန်းပြည့်ပြောရဲတာကတော့ ဒီအယူခံကို လက်ကိုလက်ခံမယ့် သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်တို့က မြင်သာထင်သာရှိတဲ့အချက်တွေကို တင်ပြထားတာရှိပါတယ်လေ။ ဥပမာဆိုပါတော့ တရားစွဲတဲ့ ရဲတပ်ဖွဲ့က ဒီ သေတဲ့သူတွေကို သတ်တဲ့ဟာက ပေါက်တူးပါလို့ပြောထားပြီးတော့ သက်သေခံပြင်ထားတယ်။ ဒါပေမယ့် အဲဒီပေါက်တူးမှာရှိတဲ့ DNA ဟာ အခု တရားခံလေး ၀င်း နဲ့ ဇော် တို့နဲ့လုံးဝမတူဘူး။ ပြီးတော့ အသစ် ၂ ခုတွေ့တယ်။ ဒီအသစ် ၂ ခုက တရားခံဖြစ်တယ်ဆိုရင်လည်း ဒါကို တရားခံရှာဖို့တာဝန်က ဒါကို တရားစွဲတဲ့ ရဲတပ်ဖွဲ့ရဲ့တာဝန်ဖြစ်တယ်။ ဒါကိုမြင်ချင်းအားဖြင့် ကလေးတွေက ပေါက်တူးကိုမကိုင်ဘူးဆိုတာ ထင်ရှားနေတာပဲ။ နောက်တချက်က အမှုမှာ သေဒဏ်ထိုက်တဲ့အမှု ၊ မျက်မြင်သက်သေလည်းမရှိဘူး။ ဒါပေမယ့် ဒီအမှုစဖြစ်ကတည်းက website တွေမှာလည်း မြင်နေရပါတယ် အဓိက သက်သေတွေဖြစ်တဲ့ Christopher နဲ့ Sean တို့ကို တရားခွင်မှာ သက်သေအဖြစ်မတင်ဘဲနဲ့ အမှုကနေပြီးတော့ မပါဝင်အောင်ပြုလုပ်ခြင်းဟာလည်း ဥပဒေကြီးက ထိရာတခြား၊ ပြရာတခြားဖြစ်တဲ့ပုံစံ မျိုးဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အန်ကယ်တို့ထည့်ရေးထားတယ်။”

တရားစွဲအဖွဲ့က စွတ်စွဲတင်ပြထားချက်တွေထဲက လူသတ်လက်နက်ပေါ်မှာ DNA မျိုးရိုးဗီဇ ကွဲလွဲတဲ့ အချက်အလက်အထောက်အထားတွေနဲ့ DNA စစ်ဆေးမူဟာ စံချိန်စံညွန်းနဲ့ ကိုက်ညီမူမရှိဘူးဆိုတာကို အဓိကထား တင်ပြထားတယ်လို့ လည်းဆက်ပြောသွားပါတယ်။

“ဒေါက်တာပွန်ထစ် ကိုယ်တိုင် တရားခွင်မှာ အစစ်ခံပြီးသွားပါပြီ။ DNA တခု စစ်တဲ့အခါမှာ အမှန်အကန်ဖြစ်ဖို့ ၊ အမှန်တရားအတိုင်းဖြစ်ဖို့ဆိုရင် အနည်းဆုံး ၁၄ ရက် ဒါမှမဟုတ် ရက် ၂၀ လောက်စောင့်ရပါတယ်။ အရေးကြီးလို့ရှိရင် ၁၀ ရက်လောက်စောင့်မှသာလျှင် အဖြေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အမှုတွဲမှာ ကလေးတွေဆီက DNA ယူတာ ၂ ရက် ၁၀ လ ၂၀၁၄ ဖြစ်ပြီးတော့ DNA ထွက်လာတာက ၅ ရက် ၁၀ လ ၂၀၁၄ ဆိုတော့ ၃ ရက်ထဲနဲ့ DNA အဖြေထွက်လာတာမျိုးကို ကြည့်ချင်းအားဖြင့် လုံးဝလွဲမှားနေတဲ့ DNA ဆိုတာကို အန်ကယ်တို့ ပြောချင်တာပါ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။ သူတို့ လွှတ်မြောက်ရေးနဲ့ တရားမျှတစွာ စီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတ၀ှမ်း ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့တာပါ။မေလ၂၃ ရက်နေ့မှာတော့ သူတို့ အယူခံကို အယူခံတရားရုံးက ဆုံးဖြတ်ချက် ပေးမှာ ဖြစ်ပါတယ်။

မအေးအေးမာ
VOA Burmese News