06/13/16



Breaking news on 12June2016

လူပေါင်း ၅၀ သေဆုံး ခဲ့ပြီး ၅၀ကျော် ဒဏ်ရာရခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Orlando အော်လန်ဒိုမြို့လယ်က လိင်တူချစ် သူများ နိုက် ကလပ်ကို ၀င်ရောက် ပစ်ခဲ့သူ တရား ခံဟာ (သေဆုံး) အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အစ္စလာမ် ဘာသာဝင် Alan Grayson as Omar Mateen အလာမ် ဂရေးစံ (ခ) အိုမာ မတင်း အသက်(၂၉)နှစ်ဖြစ်ကြောင်း သိရပါတယ်။

မိဘတွေက အာဖကန်နစ္စတန် နိုင်ငံကနေ လာရောက် ရွေ့ ပြောင်းအခြေချ နေထိုင်သူတွေ ဖြစ်တယ်လို့  ပြည်နယ်ရဲက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရားခံရဲ့  မိသားစုကတော့ အိုမာ (တရားခံ) ခုလိုလုပ်ခဲ့တာဟာ ဘာသာရေးနဲ့ မဆိုင်ဘဲ လိင်သူချစ်သူတွေကိုမုန်းတီးလို့ ဖြစ်တယ်လို့ သတင်းထောက်တွေ ကိုပြောဆိုခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့  Law enforcement ကအတည်ပြုထုတ်ပြန်ခဲ့တာကို သတင်းဌာနတွေက ကိုးကားဖေါ်ပြရာမှာ တရားခံဟာ မူဆလင် အကြမ်း ဖက်အဖွဲ့ တွေနဲ့  ဆက်နွယ်မှုရှိနေပြီး ကြိုတင်ပြင်ဆင်ပြီးမှခုလိုဝင်ပစ်ခဲ့တာဖြစ်တယ် သေနတ်တွေနဲ့  အတူ ဖေါက်ခွဲရေးပစ္စည်းတွေပါအတူသယ်ဆောင် လာခဲ့တယ်လို့  သိရပါတယ်။

သေဆုံးသွားတဲ့ တရားခံဟာ အမေရိကန် နိုင်ငံတွင်းမှာ သတိထားစောင့်ကြည့်စာရင်း မှာ ပါဝင်နေသူတယောက်မဟုတ်ခဲ့ပေမယ့် FBI က နှစ်ကြိမ် ခေါ်ယူ စစ်ဆေးခဲ့ ဘူးကြောင်း သိရပါတယ်၊ ယခုဖြစ်ရပ်နဲ့ ပါတ် သက်ပြီး နောက်ဆက်တွဲ အထိကရုန်း တွေဖြစ်လာမှာကို ကြိုတင် ကာကွယ်ဘို့  ယခုနာရီပိုင်းအတွင်းမှာ အော်လန်ဒိုမြို့တော်ဝန်က အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး မြို့ တွင်းမှာ ပြည်နယ်တပ်ဖွဲ့ ဝင်တွေ လုံခြုံရေးယူနေပြီဖြစ်ကြောင်း သိရပါတယ်။

USA onlines
Social Action for Women - SAW


ဇင်းကျိုက် ဇွန် ၁၃

ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့ ၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့်ဇွန်လ ၁၃ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ဇင်းကျိုက်မြို့ရန်ကုန်- မော်လမြိုင် အဝေးပြေးကား လမ်းပေါ်ဝယ် ရေများလွှမ်းမိုးနေလျက်ရှိကြောင်း သိရသည် ။


အဆိုပါ ရေများလွှမ်းမိုးရာသို့ ဇင်းကျိုက်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ၊ မြို့ပေါ် ၄ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ ၊အရန်မီးသတ်တပ်ဖွဲ့ဝင် တို့က မော်တော်ယာဉ်များ နှင့် အခြားယာဉ်ငယ်များ ၊ ကျောင်းသား /ကျောင်းသူ များ နှင့် ပြည်သူလူထုများ သွားလာမှုလွယ်ကူစေရေးအတွက်ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယူမင်းစိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

( ယခု ဓာတ်ပုံမှာ အမ်းမြို့နယ် ရူးတွင် ဇွန်လ ၁၀ ရက်နေ့က ရေကြီးနေသည့်ပုံ ဖြစ်ပါသည်။)
စစ်တွေ၊ ဇွန် ၁၂

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ရေစီးနှင့်မျောပါ၍ အမျိုးသမီး ၄ ဦးသေဆုံးသွားကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုသည်။

ယခုသေဆုံးသွားသူများမှာ တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စုရှိ ဝက်ကျိတ်ကျေးရွာမှ ဒေါ်ဖြူဖြူဝင်း (၄၂ နှစ်)၊ မချိုချိုစန်း(ခ) ဇီးကွက်မ (၂ဝ နှစ်)၊ မဖြူဖြူလွင် (ခ) မပေါက်စ (၃၇ နှစ်)နှင့် မဥမ္မာကျော်ဇင် (၁၉ နှစ်)တို့ဖြစ်ကြသည်။

သူတို့သည် ရေကြီးစဉ် တစ်ဦးလက်ကို တစ်ဦးကိုင်ပြီး ရေစီးကို ဖြတ်ရာမှ ရေစီးနှင့် အတူ မျောပါသွားပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

“ကျနော်တို့သိတာက သူတို့က အိမ်ရေမြုပ်လို့ တခြားတစ်နေရာကို သွားကြတဲ့အခါ အခုလို ရေနဲ့မျောပါသေဆုံးသွားတာလို့သိရပါတယ်။ ဒီအမှုကို ကျနော်တို့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်”ဟု တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောဆိုသည်။

ယခုဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့က တောင်ကုတ်မြို့နယ်တွင်း မိုးသည်းထန်ပြီး ရေလျှံနေစဉ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများ၏အလောင်းများကို ဇွန်လ ၁၂ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအနီး၌ ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

     မြန်မာမှာ ကလေးလုပ်သား ၁ သန်းခွဲ ကျော်ရှိ
    မြန်မာနိုင်ငံမှာ ကလေးသူငယ် ၅ ယောက်တိုင်းမှာ တစ်ယောက်လောက်က လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရပါတယ်။

    အသက် ၁၀ နှစ်က ၁၇ နှစ်ကြားရှိတဲ့ ကလေး ၁ သန်းခွဲ ကျော်က အလုပ်လုပ်နေရပြီး ဒါဟာဆိုရင် ကလေးသူငယ် စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းရှိပါတယ်။

    ၂၀၁၄ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ ရံပုံငွေအဖွဲ့ (ယူနီဆက်)ကနေ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမား စေခိုင်းမှုပပျောက်ရေးနေ့မှာ အဲဒီကိန်းဂဏန်းတွေနဲ့အတူ သတိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    အခုလို ကလေးသူငယ်တွေ အလုပ်လုပ်နေရတာဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ အခြေခံပညာ မသင်ကြားနိုင်မှု နဲ့ လုပ်ငန်းရှင်တွေနဲ့ မိဘတွေရဲ့ အသိပညာ အားနည်းမှုအပြင် အစိုးရပိုင်းဘက်က ဥပဒေအတိုင်း မဆောင်ရွက်နိုင်မှုတွေကြောင့် ဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က တာဝန်ခံ ဒေါ်အိရွှေစင်ညွန့်က ပြောပါတယ်။

    တကယ်လို့ ကလေးသူငယ်ဥပဒေ ပြန်လည် ပြင်ဆင်ပြီး အနိမ့်ဆုံး အသက် သတ်မှတ်ချက် ၁၄ နှစ် သတ်မှတ်နိုင်တဲ့အခါ ကလေးသူငယ်တွေကို ပိုမိုကာကွယ်နိုင်မှာ ဖြစ်ပေမယ့် အဲဒီအခါ ကလေးသူငယ်တွေကို အလုပ်ထဲက ထုတ်ပစ်ရုံနဲ့ ပြဿနာ မပြေလည်နိုင်သေးကြောင်း၊ အားလုံးညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ လိုသေးကြောင်းလည်း သူက ပြောပါတယ်။

    BBC Burmese
    http://www.bbc.com/burme
    se

    အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုးမြို့ က ည ကပွဲရုံတခုမှာ လူ ၅၀ သေဆုံးခဲ့ရတဲ့ တနင်္ဂနွေနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့သူဟာ အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသား Omar Saddiqui Mateen ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

    Gay လို့ခေါ်တဲ့ လိင်တူချစ်သူတွေ သွားကြတဲ့ Pulse Nightclub ညကပွဲရုံ ပစ်ခတ်မှုအတွင်း နောက်ထပ် လူ ၅၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခု ပစ်ခတ်တိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံး လူစုလူဝေးလိုက် သေဆုံးစေတဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ ယုံကြည်ရပြီး အကြမ်းဖက်ဝါဒ စွဲကိုင် တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ လည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI အရာရှိတဦးက ပြောပါတယ်။

    FBI ပြောခွင့်ရ Ron Hooper ကတော့ အခုပစ်ခတ်မှုကို အကြမ်းဖက်ဝါဒ စွဲကိုင် တိုက်ခိုက်မှုလား၊ အမုန်းတရား အခြေခံ တိုက်ခိုက်မှုလားဆိုတာကို တိတိကျကျသတ်မှတ်ဖို့ စောသေးတယ်လို့ ပြောပါတယ်။ အချက်အလက် အားလုံးကို စုံစမ်းစစ်ဆေးပြီးချိန်မှာ ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ်လို့လည်း FBI ပြောခွင့်ရက ပြောပါတယ်။

    အခု ပစ်ခတ်တိုက်ခိုက်မှုက အော်လန်းဒိုးမြို့အတွက်သာမကဘဲ တနိုင်ငံလုံး အတွက် ၀မ်းနည်း ကျေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ဖြစ်တယ်လို့လည်း အော်လန်းဒိုး ရဲချုပ်က ပြောပါတယ်။

    သမ္မတ Barack Obama ထံကိုလည်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး နဲ့ ပြည်ထဲရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က အခြေအနေကို တင်ပြထားပြီးဖြစ်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။
    VOA Burmese News

    "ဂျာမနီ ၂-၀ ယူကရိန်း"
    *မွတ်စတာဖီ - ၁၉မိနစ်
    *ရှဝိန်းစတိုင်ဂါ - ၉၀မိနစ်
    *Man of the Match - တိုနီခရုစ်

    ကမ္ဘာ့ချန်ပီယံဂျာမနီအသင်းဟာ ယူကရိန်းအသင်းနဲ့ အကြိတ်အနယ်ကစားခဲ့ပြီး ၂ဂိုးပြတ်နဲ့နိုင်ပါတယ်။ ဒီပွဲမှာ ဂျာမနီအသင်းမှာ အားထားရတဲ့ နောက်ခံလူ ဟွန်းမဲလ်မပါဝင်ခဲ့သလို အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါလည်း ပွဲပြီးခါနီးမှဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂျာမနီဟာ ကစား ကွက်အသာ၊ ခြေအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ယူကရိန်းအသင်းကလည်း လျင်လျင်မြန်မြန်နဲ့တုံ့ပြန်ကစားနိုင်ခဲ့လို့ ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ၁၉မိနစ်မှာ တိုနီခရုစ်ပေးတာကနေ နောက်ခံလူ မွတ်စတာဖီလ်က ခေါင်းတိုက် ပြီးဂျာမနီအတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ပထမပိုင်းမှာလည်း ယူကရိန်းက အခွင့်အရေးတွေရခဲ့ပေမယ့် ဂျာမန်ဂိုးသမား မန်ဝယ်နော်ယာလက်စွမ်းပြခဲ့ ပါတယ်။

    ဒုတိယပိုင်းမှာ ဂျာမနီအသင်းဟာ ဘောလုံးကိုပိုကိုင်ကစားခဲ့ပြီး ကွင်းလယ်ကို အသာစီးနဲ့ထိန်းခဲ့ပါတယ်။ ယူကရိန်းကတော့ ပထမပိုင်းတုန်းကလောက်မကောင်းတော့ပေမယ့် ဂျာမနီကို ခြိမ်းခြောက်နိုင်ခဲ့ ပါသေးတယ်။ ဂျာမနီအတွက် အနိုင်ကိုသေချာစေမယ့်ဂိုးကို မိနစ် ၉၀မှာ လူစားဝင်လာတဲ့ အသင်းခေါင်းဆောင်ရှဝိန်းစတိုင်ဂါက အိုဇေးလ်ပေးတာ ကနေ ပိတ်ပြီးသွင်းခဲ့လို့ ဂျာမနီက ယူကရိန်းကို ၂ဂိုးပြတ်နဲ့နိုင်ခဲ့ပါတယ်။
    BBC Burmese

    ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်တခုအား တွေ့ ရစဉ်။ ဓါတ်ပုံ - ဇော်မိုးထက်
    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ( ဆိုင်းတောင် )ကျေးရွာအုပ်စု နမ့်မှော် ကျေးရွာနှင့် မော်လကင် ကျေးရွာ ကြားရှိ အဲဗားဝင်းနား ၊ရတနာစမ်းရွှင် ၊ဆဲဗင်းစတား လုပ်ကွက်များ အတွင်း မိုးတွင်းကာလ ကုမ္မဏီများမှ တူးဖော်ရေး လုပ်ငန်းများ နားထားစဉ် ဒေသအခေါ် ရေမဆေး ကျောက်ရှာသူများ ညအချိန်တွင် ကျောက်စိမ်းဝင်တူးရာမှ ကျောက်စိမ်းတောင် ကမ်းပါးပြိုကျပြီး လူငယ်(၃) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသည် ။ သေဆုံးသူ လူငယ်တစ်ဦး၏ အလောင်းကို ချက်ချင်း ဆယ်ယူနိုင်ခဲ့သော်လည်း ကျန်(၂) ဦး၏ ရုပ်အလောင်းများကို ၁၂.၆.၂၀၁၆နေ့ ညနေ ၆:၀၀ ခန့်ကမှ ဖော်ယူနိုင်ခဲသည်ဟု အလောင်းများကို သွားရောက်သယ်ယူခဲ့သည့် သင်္ခါ လှုမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါသည် ။

    မိုးတွင်းအချိန်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများမှ တူးဖော်လုပ်ငန်းများ မိုးရာသီခေတ္တရပ်နားထားချိန်တွင် ကုမ္မဏီလုပ်ကွက်များအတွင်း ရေမဆေးကျောက်ရှာဖွေသူများက တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးဖော်မှုများ မှော်တိုင်းလိုလိုတွင် လုပ်ကိုင်နေလျှက်ရှိပြီး ကျောက်စိမ်းကမ်းပါးပြီး လူသေဆုံးမှုများ ၊ကျင်းထဲသို့ ပြုတ်ကျသေဆုံးမှုများ ခပ်စိပ်စိပ်ကြားနေရပါသည် ။ နောင်တွင်လည် အဆိုပါဖြစ်စဉ်မျိုးများ မကြာခဏ ဆက်လက်ဖြစ်ပွားနိုင်င်သည့် အရိပ်လက္ခဏာများလည်းတွေ့ရှိနေရပါသည် ။

    ကျောက်စိမ်းလုပ်ကွက်များရှိ ကမ်းပါးမျာသည် ပေပေါင်းရာချီမြင့်မားပြီး ယမ်းတန်ချိန်ချိန်ပေါင်းများစွာအသုံးပြုပြီး ဖောက်ခွဲထားသောကြောင့် တုန်ခါအားဖြင့် ကမ်းပါးများမှာ မူလအတိုင်း ခိုင်ခန့်မှုမရှိတော့ပဲ ပြိုကျရန် တာဆူနေကြပါသည် ။ ထိုသို့သော အန္တရာယ်ရှိသော ကမ်းပါးယံများပေါ်တွင် ညအချိန်ကျောက်စိမ်းများ တူးဖော်မှုသည် များစွာ အန္တရာယ်ရှိပါသည် ။ ထိုသို့ တူးဖော်သော ရေမဆေးကျောက်ရှာဖွေသူများကို တားဆီးရန် ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများက တားဆီးရန် အခက်များစွာ ရှိနေသည်ဟုကြားသိရပါသည် ။
    ၂၃.၅.၂၀၁၆ နေ့တွင် ဝှေခါကျေးရွာတွင် ကျောက်စိမ်းကမ်းပါးပြိုကျမှုကြောင့် လုပ်ကွက်အတွင်း လူပေါင်းရာချီ နစ်မြှုပ်သေဆုံးခဲ့သော်လည်း (၁၅) လောင်းသာ တူးဖော်နိုင်ခဲ့ပါသည် ။

    ဇော်မိုးထက် (၁၂.၆.၂၀၁၆)


    butheetaung-620.jpg
    ဘူးသီးတောင် မြို့အဝင်ဆိုင်းပုဒ်ကို တွေ့ရစဉ်
    Photo: Min Thein Aung

    ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနီးအနားက ရွာသားတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအထိ ရွာပြင်ကိုမထွက်ကြဖို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

    AA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ အဲဒီရွာထဲမှာရှိနေတယ်ဆိုပြီး ဖော်ထုတ်ပေးဖို့ ရွာသားတွေကို ဖိအားပေးနေ တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

    "သူတို့ကအခု ဘုန်းကြီးကျောင်းမှာနေပါတယ်၊ ဘုန်းကြီးကျောင်းမှာနေတော့ AA အဖွဲ့ကို ရွာသားတွေက ထုတ်ပေး ထုတ်မပေးဘူးဆိုရင် ဒီရွာကိုရှင်းမယ်ဆိုပြီးတော့ ရွာသားတွေကို သူတို့က ခြိမ်းခြောက်တာတွေ ရှိပါတယ်၊ ဒီရွာကို လက်နက်ကြီးတွေနဲ့ပစ်မယ်လို့ ပြောပါတယ်၊ ရွာသားတွေက ဘာမှတော့ပြန်မပြော ရဲဘူးပေါ့၊ အကုန်လုံး ကြောက်နေကြပါတယ်၊ သူတို့ညကျရင် လူမှားပြီးပစ်ရင် ခင်ဗျားတို့နာမယ် အဲ့လိုပြောပြီးတော့ အပြင်ကိုလည်း မထွက်ရလို့ကြားပါတယ်၊ ည ၆ နာရီကနေ မနက် ၆ နာရီအထိပေါ့"

    မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အမှတ်-၅၅၁ တပ်မတော်တပ်ရင်းတို့က နွားရုံတောင်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ရွာခံတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

    နွားရုံတောင်ကျေးရွာက မူလတန်းလွန်ကျောင်းကိုလည်း ပြီးခဲတဲ့ သောကြာနေ့ကစပြီး ပိတ်ထားပါတယ်။

    နွားရုံတောင် ဘုန်းကြီးကျောင်းက ဆရာတော် ဦးအိန္ဒာဝံသကို RFA ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။
    RFA







    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့အကြို ဂုဏ်ပြုပွဲနဲ့  မြန်မာရိုးရာ သင်္ကြန် ပွဲတော်ကို ဂျပန်နိုင်ငံ အအိချီ ခရိုင် နဂိုယာ မြို့  ရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဇွန်လ ၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဧပြီလမှာ ဂျပန်နိုင်ငံအတွင်း ရာသီဥတု အေးချမ်းတဲ့အတွက် နှစ်စဉ် ဇွန်လမှာ ပြုလုပ်ခဲ့တာ အကြိမ် ၂၀ ရှိခဲ့ပြီဖြစ်ပါတယ်။

    မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာ အစားအစာနဲ့ ဝတ်စားဆင်ယင်မှုတွေကို ဂျပန်လူမျိုးတွေ အပါအ၀င် နိုင်ငံခြားသားတွေ သိစေဖို့နဲ့ ဂျပန်ရောက် မြန်မာလူမျိုးအချင်းချင်း မိသားစုဝင်တွေလို ရင်းနှီးချစ်ခင်စေဖို့ ရည်ရွယ်ပြီး ကျင်းပရတာလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ တိုကျို မြို့ တော်ပြီးရင် နာဂိုယာမြို့ မှာ မြန်မာလူမျိုး ဒုတိယအများဆုံး နေထိုင်ကြတာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၁) နှစ်မြောက် မွေးနေ့အကြို ဂုဏ်ပြုပွဲကိုလည်း ပူးတွဲကျင်းပခဲ့ပြီး မွေးနေ့ဆုတောင်းမှုများပြုလုပ်ကာ နဂိုယာမြို့  အနီးတ၀ိုက်ကဂျပန်လူမျိုးများ အပါအ၀င် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး နှစ်ရာကျော်လာရောက် ပူးပေါင်းဆင်နွဲခဲ့ ကြပါတယ်။

    သတင်းဓါတ်ပုံ - ဇော်ဇော်လှိုင်
    DVB TV News

    ၂၀၁၅-၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော်လည်း
    ဆေးကျောင်း၊အင်ဂျင်နီယာကျောင်းနှင့်
    တက္ကသိုလ်များတွင် ပညာဆက်လက် သင်ကြားနိုင်ရန်
    ငွေကြေးခက်ခဲရှိနေသည့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားကျောင်းသူများအား ဧရာဝတီဖောင်ဒေးရှင်းမှ ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

    "ထူးချွန်ပြီး ဆေးကျောင်းတွေ အင်ဂျင်နီယာကျောင်းတွေ ဆက်တက်ဖို့ ငွေရေးကြေးရေး အခက်အခဲရှိသူတွေအနေနဲ့ ဒီ ဧရာဝတီဖောင်ဒေးရှင်းမှာ လျှောက်လို့ရတယ်ပေါ့။တင်ပြီးရင် လိုအပ်တာတွေကို ထောက်ပံ့ပေးသွားမှာပါ " ဟု ယင်းဖောင်ဒေရှင်းမှ ဦးအောင်မျိုးခိုင်က News Watch သို့ ပြောသည်။

    ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံနှင့်အတူ မှတ်ပုံတင်၊ သန်းခေါင်းစာရင်း၊ အောင်လက်မှတ်နှင့် အမှတ်စာရင်း မိတ္တူများ၊ သက်ဆိုင်ရာ စာသင်ကျောင်းနှင့် ရပ်ကွက် ထောက်ခံစာများ၊ တက်ရောက် ပညာသင်ကြားလိုသည့် တက္ကသိုလ် အစရှိသည့် အချက်အလက်၊ စာရွက်စာတမ်း စုံလင်စွာဖြင့် ဧရာဝတီဖောင်ဒေးရှင်း ပညာသင်ဆု၊ အမှတ် (၁၂၃)၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်းသိရသည်။

    လျှောက်ထားသူ အရေအတွက်ကန့်သတ်ထားခြင်းမရှိဘဲ လျှောက်လွှာများကို ဧရာဝတီဖောင်ဒေးရှင်း၏ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့မှ စိစစ်သွားမည်ဖြစ်ကြောင်းဦးအောင်မျိုးခိုင်ကပြောသည်။

    ယင်းအပြင် လျှောက်ထားသူများသည် နှစ်စဉ် အတန်း
    မှန်မှန်အောင်ရမည်။ဧရာဝတီဖောင်ဒေးရှင်းမှ စကောလား ရှစ်အစီအစဉ်ဖြင့် တက်နေသည့် ကျောင်းသားများ တစ်ခြားမည်သည့်အဖွဲ့အသည်းထံမှ ထောက်ပံ့ကြေးမယူရ စသည့် စည်းကမ်းချက်အချို့ ချမှတ်ထားကြောင်း ၄င်းကပြောသည်။

    ထောက်ပံ့ကြေးအဖြစ် ဆေးကျောင်းတက်လိုသူအတွက် တစ်လ ၆သောင်း၊အင်ဂျင်နီယာကျောင်းသားအတွက် ၅သောင်းစသည်ဖြင့် သတ်မှတ်ထားကာ ကျောင်း သား အနည်းအများအပေါ် မူတည်ကာ အပြောင်းအလဲရှိနိုင်ကြောင်း ဦးအောင်မျိုးခိုင်က ပြောသည်။

    လင်းလင်းအောင်
    News Watch(စောင့်ကြည့်သတင်းဂျာနယ်)


    flooding-620.jpg
    ရေကြီးနေတဲ့ မြစ်ကမ်းနားဘေးက အိမ်တစ်အိမ်ကို တွေ့ရစဉ်
    Photo: RFA

    ဧရာဝတီတိုင်း ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စပြီးရေကြီး၊ ရေလျှံ ခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာလောက်ရေနစ်မြုပ်နေတာတွေကို ဧရာဝတီတိုင်းအစိုးရက အမြန်ဆုံး ဖြေရှင်းပေးဖို့ ရှိကြောင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

    လတ်တလော ရေဘေးကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ အစားအသောက်အကူအညီတွေပေးဖို့ တိုင်းအစိုးရ အဖွဲ့အနေနဲ့ ဆောင်ရွက်ပေးနေကြောင်း ရေမြုပ် တဲ့ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း ပြောပါတယ်။

    "လမ်းပမ်းဆက်သွယ်ရေးအရကတော့ ကျနော်တို့ ကျေးရွာအတွင်းကလမ်းတွေကတော့ ရေကျော်ရေလွှမ်းမှု နဲ့ ကျောက်ခင်းလမ်းတွေကတော့ ပျက်စီးသွားတာလေးတော့ ရှိတာပေါ့ခင်ဗျ၊ ကျောင်းတက်ဖို့ကတော့ ရွာကြီး ၁ဝ ရွာလောက်က ကျောင်းတက်နိုင်မယ့်အခြေအနေကတော့ တစ်ပတ်လောက်တော့ စောင့်ဆိုင်း ထားရမယ့် အခြေအနေမျိုးဖြစ်နေပါတယ်ခင်ဗျ"

    ဇွန်လ ၁၂ ရက်နေ့မှာ ရေကျသွားပေမယ့် နှုံးရေတွေကြောင့် ကျေးရွာချင်းဆက်တံတားတွေ ပျက်စီးခဲ့တာကြောင့် သွားလာဖို့ အခက်အခဲ ဖြစ်နေ ပြီး ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေ ပါတယ်။

    ပြီးခဲ့တဲ့ ၄ ရက်အတွင်း ဧရာဝတီ ပဲခူး၊ ရန်ကုန်တိုင်းတွေနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးတာကြောင့် နေရာအတော် များများမှာ ရေကြီးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တာကျိုးတာကြောင့် တလူမော်ကျေးရွာ ရေ နစ်မြုပ်ခဲ့ပြီး မနေ့က ရေပြန်ကျခဲ့ပြီး သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း ရေကြီးခဲ့ပါတယ်။
    RFA


    dr-myotheingyi-620.jpg
    ပြည်ထောင်စုပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီး ဇွန်လ ၁၂ ရက်နေ့က ကယားပြည်နယ် နည်းပညာတက္ကသိုလ်ကို လှည့်လည်ကြည့်ရှုနေစဉ်
    Photo: Nay Thwae/ RFA
     ကယားပြည်နယ်က တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၅ ကျောင်းက ကျောင်းဆောင်တွေ ၊ ဆရာ / ဆရာမတွေနေ ထိုင်တဲ့ အိမ်ယာတွေနဲ့ ကျောင်းသားတွေ အတွက် သင်ထောက်ကူပစ္စည်းတွေကို ပညာရေးဝန်ကြီးဌာန က ထောက်ပံ့ဖြည့်ဆည်းပေးသွားမယ်လို့ ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

    လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပညာ ရေးဝန်ထမ်းတွေ နဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး က ပြောလိုက်တာဖြစ်ပါတယ်။

    "ကျောင်းဆောင်တွေရဲ့ ပျက်တာတွေအပြင် ကျောင်းသား ကျောင်းသူတွေရဲ့ အိပ်ဆောင်တွေ၊ ဝန်ထမ်းတွေ ဆရာ ဆရာမတွေရဲ့ အိပ်ယာတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ စာကြည့်တိုက်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဒါတွေကို ကျနော်တို့ ပညာရေးဝန်ကြီးဌာနအနေနဲ့ အကောင်းဆုံးစဉ်းစားပြီးတော့မှ ပြည်နယ်အစိုးရ အဖွဲ့တွေနဲ့ ကျနော်တို့ဟာ ပူးပေါင်းပြီးတော့ အကောင်းဆုံးစဉ်းစားပြီးတော့ ဆက်လက်ဖြည့်ဆည်း ဆောင် ရွက်ပေးသွားမယ် ဆိုတာလေးကို ကျနော် ဒီနေရာမှာ အလေးအနက်ထားပြီးတော့ တင်ပြအပ်ပါတယ်"

    တွေ့ဆုံပွဲမှာ ပညာရေးဝန်ထမ်းတွေဖက်က သုသေသနဗဟိုပြုတက္ကသိုလ်ကို ကယားပြည်နယ်မှာ ဖွင့် လှစ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဒီကိစ္စအတွက် ညှိုနှိုင်းတိုင် ပင်နေပြီဖြစ်တယ်လို့ အဆင့်မြင့်ပညာရေးဦးစီး ဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ပညာရေးဝန်ကြီးဟာ နည်းပညာတက္ကသိုလ်နဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပြီး ကျောင်းဆောင်တွေပျက်စီးနေ တာတွေကို ပြည်နယ်အစိုးရက ပြန်လည် ပြုပြင်ပေး ဖို့ ပြောခဲ့ပါတယ်။

    ကယားပြည်နယ်မှာ လွိုင်ကော်တက္ကသိုလ်အပြင်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့  ပညာရေးကောလိပ်ကျောင်း စတဲ့ကျောင်းတွေရှိကာ ဆရာ/ဆရာမပေါင်း ၅၀၀ ကျော်ရှိပြီး ကျောင်း သား / ကျောင်းသူ သုံးထောင်ဝန်းကျင်လောက် ပညာသင်ယူနေကြပါတယ်။
    RFA


    hsibaw-refugee-620.jpg
    သီပေါမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မေလ ၁၉ ရက်နေ့က တွေ့ရစဉ်
    Photo: Kan Thar/ RFA

    ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ ပြီးခဲ့တဲ့လကတည်းက လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် အကုန်လုံးကို မနက်ဖြန်မှာ သူတို့ရဲ့ မူရင်းနေရာတွေ ဆီ ပြန်ပို့ပေးတော့မယ်လို့ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေ သူတွေက ပြောပါတယ်။

    တိုက်ပွဲတွေမဖြစ်တော့ဘဲ ငြိမ်နေပြီး ပြန်လည်နေထိုင်လို့ရတဲ့ အခြေအနေတွေရှိတာကြောင့် ပြန်ပို့ပေးတာဖြစ် တယ်လို့ သီပေါမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ပြောပါတယ်။

    "စစ်ကြောင်းတွေ့ခဲ့တယ် ဒါပေမဲ့ တွေ့ခဲ့တယ်ဆိုတာလည်း စစ်ကြောင်းနဲ့ ရွာသားတွေဟာလည်း အတူတူနေထားတယ်ဆိုတော့နော် စစ်ကြောင်းနဲ့ လက်ရှိ ရွာသားလည်းနေထားတယ်ဆိုတော့ အခြေအနေတော့ သိပ်မဆိုးဘူးပေါ့၊ ဒီထက်အကြာကြီးဆွဲထားရင်လည်း ဆန်ရေကုန်မှာစိုးလို့လေ သူတို့ကလည်း ပြန်ချင်တယ်၊ စိုက်ပျိုးရေးလည်း ပြန်လုပ်ရမှာဆိုတော့ ဒါကြောင့် ပြန်ပို့ရမှာဖြစ်ပါတယ်"

    ဒုက္ခသည်တွေဟာ သူတို့နေအိမ်တွေ ပျက်စီးသွားတာမျိုးတွေရှိသလို စိုက်ပျိုးဖို့ ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ရတာ ကြောင့် ပြန်လည်ထူထောင်ရေးအတွက် အိမ်ဆောက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ တော့ လိုအပ်နေသေးတယ်လို့လည်း ပြောပါတယ်။

    ပြီးခဲ့တဲ့ မေလကုန်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး အခု ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ဒုက္ခသည်တချို့ကို ဇွန်လ ၁ ရက်နေ့က နားချိုရွာ၊ သိမ်းဆိုင်ရွာ၊ ဇွန်လ ၆ ရက်မှာ ပန်ငှားရွာတွေဆီ ပြန်ပို့ပေးထားပြီး မနက်ဖြန်မှာ ကျန်ရှိနေသေးတဲ့သူ ၃၀၀ ကျော် ကို ပို့ပေးမှာဖြစ်ပါတယ်။

    သီပေါမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက်ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ကူညီပေးနေတာဖြစ်ပါတယ်။
    RFA


    ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့၊ Inya Lake ဟော်တယ်တွင်ကျင်းပသည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် မိန့်ခွန်းပြောနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဒီဇင်ဘာ ၁၀၊ ၂၀၁၂။
    ၂၀၁၂ ခုနှစ်က ရန်ကုန်မြို့၊ Inya Lake ဟော်တယ်တွင်ကျင်းပသည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် မိန့်ခွန်းပြောနေ သည့် ဒေါ်အောင်ဆန်းစုကြည်။ ဒီဇင်ဘာ ၁၀၊ ၂၀၁၂

    လူ့အခွင့်ရေးဆိုင်ရာ ဘာသာရပ်ကို လာမယ့် စာသင်နှစ်ကနေစပြီး အဆင့်မြင့်ပညာရေးမှာ ဘာသာရပ်တခုအနေနဲ့ သင်ကြားသွားဖို့ စီစဉ်ထားတယ်လို့ ပညာရေး ဝန်ကြီးကပြောလိုက်ပါတယ်။ ဒါ့အပြင် အခြေခံပညာရေးမှာ ထည့်သွင်းသင်ကြားတဲ့အခါမှာလည်း ပိုမိုထိရောက်တဲ့သင်ကြားရေးဖြစ်ဖို့ လုပ်ဆောင်မယ် လို့ ပြောပါ တယ်။ ဒီအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေက ကြိုဆိုကြပေမဲ့ သင်ကြားရေးပိုင်းမှာ အခြေခံကျကျ နည်းစနစ်မှန်မှန် သင်ကြားနိုင်ဖို့နဲ့ အခြေခံလူ့ခွင့်အရေး ဆိုတာကို သေချာတိကျစွာဖော်ပြနိုင်မယ့် သင်ကြားရေးဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

    ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလိုပြောဆိုခဲ့တာပါ။ ကုလသမဂ ကထုတ်ပြန် ထားတဲ့ အပြည်ပြည်ဆိုင်ရာလု့အခွင့်အရေးကြေငြာစတမ်းဆိုတာ လူတဦးချင်းဆီခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူရမယ့် တာဝန်ဝတရား တွေကို ဖော်ပြသတ်မှတ် ထားတဲ့ အခြေခံလူ့အခွင့်အရေးသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒီအချက်တွေကို လာမယ့် စာသင်နှစ်ကစပြီး အဆင့်မြင့်ပညာရေးရဲ့ ဥပဒေပဘာသာရပ်မှာ ဘာသာတခု အနေနဲ့သင်ယူစေတော့မှာပါ။ ဒီပြင်အခြေခံပညာရေးပိုင်းသင်ကြားမှုမှာလည်း ထည့်သွင်းသင်ကြားတာမှာ ပိုမိုထိရောက်စေဖို့ လုပ်ဆောင်မယ့် အပိုင်းကို ဒေါက်တာ မျိုးသိမ်းကြီးက အခုလိုပြောပြပါတယ်။

    “၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်ပြုလုပ်တဲ့ ဥပဒေပညာသင်ကြားရေး အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ Human Rights Law ဘာသာရပ်ကို တတိယနှစ်ကျောင်းသူ၊ ကျောင်းသားများအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ ဘွဲ့အကြို core course အနေဖြင့် ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်။”

    ဒီလို သင်ကြားရေးပိုင်းလုပ်ဆောင်ချက်တွေအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ကြိုဆိုကြပါတယ်။ ဒီ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အချို့အချက်တွေကို စစ်အစိုးရလက်ထက်ကတည်းက လူ့အခွင့်အလမ်းဘာသာရပ်အနေနဲ့ အခြေခံပညာကဏ္ဍမှာ သင်ကြားခဲ့ဖူးတာရှိပါတယ်။ ဒီလိုသင်ကြားတာမှာ ရပိုင်ခွင့် အခွင့်အလမ်းဆိုတာထက် တာဝန်ပိုင်းကို သာဦးစားပေးဖော်ပြတဲ့ ပြည်သူ့နီတိတွေကိုသာ သင်ကြားစေခဲ့ပြီး တကယ့် လူ့အခွင့်အရေးပိုင်းတွေကိုတော့ သင်ကြားပေးခဲ့တာ မရှိခဲ့ပါဘူး။ သမတဟောင်း ဦးသိန်းစိန်လက်ထက်မှာတော့ ကလေးသူငယ် အခွင့်အရေးတွေကို ဖော်ပြထားတဲ့ သင်ခန်းစာတွေကို အခြေခံပညာကဏ္ဍမှာထည့်သွင်းခဲ့ပေမယ့် ထိရောက်တဲ့သင်ကြားမှု၊ စနစ်တကျ သင်ပြနိုင်မှုတွေမရှိခဲ့တာတွေ ရှိခဲ့တာကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုတာကို တိကျစွာသုံးနှုန်းတင်ပြဖို့ ခေတ်အဆက် ဆက် အစိုးရတွေက ခေါင်းရှောင်ခဲ့တာတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြမှုတွေရှိခဲ့ပါတယ်။ အခုတကြိမ် သင်ကြားမှုပိုင်မှာ ထည့်သွင်းသင်ကြားတာမှာ လိုသလို ပုံသွင်း မှုတွေကိုဖော်ပြမယ့် သင်ရိုးညွှန်းတမ်းတွေ ဖြစ်မလာဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက လိုလားနေကြပါတယ်။

    ပညာရေးကဏ္ဍသင်ကြားရေးနည်းစနစ်မှာ သင်ကြားဖို့ တာဝန်ယူတဲ့သူတွေကို အခြေခံကနေအစ စနစ်တကျ သင်ကြားပေးပြီး မှသာ ကလေးတွေကို သင်ကြားဖို့လို အက်တယ်လို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြတာတွေရှိနေပါတယ်။ ထေိရောက်တဲ့ သင်ကြားမှု ဖြစ်စေဖို့ သင်ကြားတာမှာလည်း အလွတ်ကျက်ဆိုတာထက် ကလေးတယောက်ရဲ့စဉ်းစားပုံကနေတဆင့် သင်ယူရတဲ့ပုံစံမျိုးဖြစ်ဖို့လိုတယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူ တန်းတူညီမျှရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

    “သင်ရိုးညွန်းတန်းတွေကို အစိုးရကျောင်းတွေမှာ သင်ကြားဖို့အတွက် လုပ်ဆောင်နေတာကြာပါပြီ။ အကောင်အထည်မဖော်နိုင်သေးပါဘူး။ သင်ကြားမယ်ဆိုရင်တောင်မှ သင်ကြားမယ့်သူရဲ့ အခန်းက ကဏ္ဍအရေးကြီးပါတယ်။ လူ့အခွင့်အရေးတွေကို နှတ်တိုက်ကျက်မှတ်ပြီးတော့ သင်ကြားမယ့်ပုံစံမျိုးလုပ်လို့ရှိရင် ကျနော်တို့က ဘက်စုံဖွံ့ဖြိုးတိုးတက်သောပညာရေး မဖြစ်နိုင်ပါဘူး။ နောက်တခါ နားမလည်ပဲသင်တဲ့အတွက် လူ့အခွင့်အရေးကို အယူအဆလွဲမှားမှာဖြစ်တဲ့အတွက် အန္တရာယ်အများကြီးရှိနိုင်ပါတယ်။ သင်ရိုးညွှန်းတန်းတွေကို ပြင်ဆင်တဲ့အချိန်မှာ ကလေးတွေကိုယ်တိုင်က ပါဝင်စည်းစားမှုကိုဖွင့်ပေးသော participatory နည်းလမ်းဖြစ်ဖို့လိုအပ်တယ်။ သင်ကြားတဲ့သူတွေကိုလည်း လေ့ကျင့်ပြီးမှ မှန်ကန်သော ဗဟုသုတတွေပေးနိုင်သော ကလေးတွေရဲ့ပါဝင်မှုကို လေးစားပြီးတော့ လူ့အခွင့်အရေး မူဝါဒတွေကို ကျင့်သုံးသော သူတွေဖြစ်ဖို့လိုအပ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ စာအရကျက်ပြီးတော့ တကယ်တမ်း ကျင့်သုံးနိုင်တဲ့အရာမျိုးမဖြစ်ရင်တော့ မှားယွင်းသောပညာရေးသင်ကြားမှုပုံစံဖြစ်နေတာကို သတိပြုသင့်ပါတယ်။”

    NLD အစိုးရလက်ထက်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က လူ့အခွင့်အရေးစံနှုန်းတွေပိုတိုးတက်လာဖို့ မျှော်လင့်ထားကြသလို ခုလိုသင်ကြားရေးပိုင်း သင်ရိုးညွှန်းတမ်းမှာ သင်ကြားမယ့်အပိုင်းမှာလည်း ထိရောက်တဲ့ သင်ကြားမှုတွေနဲ့ကလေးတွေကိုသင်ကြားလာနိုင်ဖို့ ပညာရေးဝန်ကြီးကတော့ ဒီလူ့အခွင့်အရေးဆိုင်ရာသင်ကြားမှုတွေအပြင် ပြည်သူတွေပိုမိုသိရှိလာနိုင်ဖို့ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေကပါ အသိပညာပေးဖို့တွေပါ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
    VOA Burmese News

    Author Name

    Contact Form

    Name

    Email *

    Message *

    Powered by Blogger.