06/26/16


၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ကိစ္စ သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း။
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ကိစ္စ သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ဒုဥက္ကဋ္ဌတဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားမ၀င် မူးယစ်ဆေးဝါးတွေနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ မူးယစ်ဆေးဝါး ၁၀ ကီလို၊ ဘိန်းမဲ ၄ ပိဿာကျော်၊ ဘတ်ငွေ ၆ သန်းကျော်နဲ့ အတူ ၀အမျိုးသားအဖွဲ့ WNO ဒုတိယဥက္ကဋ္ဌ တာ့မဟာကို ချင်းမိုင်မြို့မှာ ထိုင်းတာဝန်ရှိသူတွေ က ဖမ်းဆီးခဲ့တာပါ။ ဒီမူးယစ် ဆေးဝါးနဲ့ ပတ်သက်မှုမရှိတဲ့ အကြောင်း WNO ဘက်ကတော့ ငြင်းပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ဝ အမျိုးသား အဖွဲ့ WNO ဒုဥက္ကဋ္ဌ တာ့မဟာ ကို ဒီရက်ပိုင်းမှာပဲ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး ၁၀ ကီလို၊ ဘိန်းမဲ ၄ ပိဿာကျော်၊ ဘတ်ငွေ ၆ သန်းကျော်နဲ့ ထိုင်းအာဏာပိုင်တွေကထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် အတွင်းမှာ ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

ဝအမျိုးသားအဖွဲချုပ်ရဲ့အထွေထွေ အတွင်းရေးမှူး တာအိုက်ညွန့် ကတော့ ဒုဥက္ကဋ္ဌဟာ အဖွဲနဲ့ ကင်းကွာနေတာ ၅လခန့် ရှိပြီဖြစ်သလို ဒီမူးယစ်ဆေးဝါး တွေ နဲ့ ၀အမျိုးသား အဖွဲ့ချုပ်နဲ့ ပတ်သက်မူမရှိဘူးလို့ VOA က ဆက်သွယ်မေးမြန်းစဉ် မှာပြောဆိုသွားပါတယ်၊

“Ice ပြားက ၁၀ ကီလိုလောက် ရှိမယ်ထင်တယ်။ ဖြစ်တာကတော့ ကျနော်တို့ ဂွင်ထဲလည်းမဟုတ်ဘူးလေ၊ တခြားနေရာမှာ သွား ဖြစ်တယ်ဆိုတော့ ကျနော်တို့နဲ့ လုံးဝမဆိုင်ပါဘူး။ လာတဲ့လမ်းကြောင်းကလည်း ကျနော်တို့ဘက်ကနေ လာတာလည်း မဟုတ် ဘူး။ ဘယ်ဘက်ကနေလာတာလည်း ကျနော်တို့လည်း မသိဘူးလေ။ သူက ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌဖြစ်ပေမယ့်လည်း ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေးမှာလည်း နှစ်ခါမတက်ဘူး၊ နားထားတာလည်း မဟုတ်ဘူးပေါ့ နော။ ဒါပေမဲ့ အဆက်အသွယ်လည်း မလုပ်ဘူး။ ခွင့်ယူတာလည်းမဟုတ်ဘူး။ ဆွေမျိုးသွားလည်တယ်၊ ဆွေမျိုးသွားလည်တယ်ဆိုပြီးမှ ခနခန ဆင်းသွားတယ်လေ ချင်းမိုင်ဘက်ကို။ ထုတ်ပယ်ထားတာတော့ မဟုတ်ဘူး။ အဖွဲ့နဲ့ အဆက်အသွယ်မရှိတာကတော့ လေးလငါးလလောက် ရှိပြီ ထင်တယ်။ ဒီလိုဖြစ်သွားတော့ ကျနော်တို့လည်း အံ့သြမိတာပေါ့။ ကျနော်တို့နဲ့ လုံးဝ ပတ်သက်မှုမရှိဘဲ ထိခိုက်မှုတစုံတရာ မရှိ နိုင်ဘူးထင်တာပဲလေ။”

ဇွန်လ ၂၆ရက်နေ့ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ဖြစ် တာကြောင့် မြန်မာပြည်တွင်းမှာ အစိုးရကလည်း မူယစ်ဆေးဝါးဖျက်ဆီးရေး အခမ်းအနားတွေ ကျင်းပနေသလို ရှမ်းပြည်နယ်တွင်းက မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ဆောင်နေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ကလည်း သူတို့နယ်မြေအတွင်း ဖမ်းမိတဲ့ ဘိန်းဖြူ ဘိန်းမဲတွေ နဲ့ စိတ်ကြွဆေး ၂သိန်းကျော်ကို ဖျက်ဆီးမှုတွေလုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းဆောင် ဦးစိုင်းဟန်ကလည်းပြောပါတယ်။

“ဆန့်ကျင်ရေးနေ့မှာ ကျနော်တို့ ခါတိုင်းနှစ်တွေလိုပါပဲ၊ အခမ်းအနားနဲ့လုပ်ပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ဖမ်းမိတဲ့ ဟာတွေကို အများပြည်သူရှေ့မှာ မီးရှို့တာ ခါတိုင်းနှစ်လိုလုပ်ပါတယ်။ ဒီနှစ်အတွင်းတော့ ယာဘဆိုရင် နှစ်သိန်းကျော် သုံးသိန်း နီးပါးပေါ့၊ ဘိန်းမည်းကတော့ အနည်းအကျဉ်းပါ။ ရောင်းဝယ်တဲ့လူကို ဖမ်းပြီးအရေးယူတာလည်း အဲဒီထဲမှာ ထည့်ထားတယ်၊ ၄၄ ဦးလေ။ ဆေးဝါး သုံးစွဲတဲ့လူ ကို ဆေးဖြတ်ပေးတာ ၃၀၀ ကျော်တယ်။ ရှမ်းပြည်နယ် တာချိင်္လိတ်မြို့ မှာတော့ ဒီနှစ်စမှာပဲ စိတ်ကြွဆေး ၆သန်းကျော်ဖမ်းဆီးရမိခဲ့ပါတယ်။"

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ လျော့နည်း ပပျောက်ဖို့နဲ့ လူငယ်တွေ မူးယစ်ဆေး တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ အရေးကို ဖြေရှင်းဆောင်ရွက်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်နဲ့ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မကြာသေးခင်ကပဲပြောကြားထားပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ၂၀၁၅ခုခုနှစ် အတွက် အစီရင်ခံစာမှာတော့ တနိုင်ငံချင်း အလိုက် အခြေအနေတွေ ကို ဖေါ်ပြထားပါတယ်။

အဲ့ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်း ထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူ စာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန က ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ် ပတ်လည် အစီရင်ခံစာမှာရေးသားထားတာပါ။

မြန်မာ အာဏာပိုင်တွေဘက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာနိုင်ငံတကာ နဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တုံ့ပြန်ထားသလို ဒီနှစ်ပိုင်းတွေ အတွင်းမှာ စိတ်ကြွဆေး အများ အပြား ကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့စုတွေနဲ့ အတူ နယ်မြေခံအာဏာပိုင်တွေ ပူးပေါင်းပြီး ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။
VOA Burmese News


ဖမ်းဆီးမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်း။ ဇွန် ၂၆၊ ၂၀၁၆။
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်တာနဲ့ စိတ်ကြွဆေးပြားထုတ်တာတွေ တိုးလာနေတယ်လို့ ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနှစ်အတွင်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ဖျက်ဆီးပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကြီးအကဲ ဒုတိယရဲမှူးကြီးကျော်ကျော်မင်းက သတင်းထောက်တွေကို ပြောပါတယ်။

“ထုတ်လုပ်မှုပေါ့နော်၊ နိုင်ငံမှာ ထုတ်လုပ်မှုမှာ နှစ်ပိုင်းဖြစ်နေတယ်။ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနဲ့ နောက် စိတ်ကြွဆေးပြားထုတ်လုပ် မှု နှစ်ပိုင်းဖြစ် တယ်။ နှစ်ပိုင်းစလုံးကလည်း တိုးမြင့်လာတာတွေ့ရ သလို နိုင်ငံတော်အနေနဲ့ ကလည်း တားဆီးနှိမ်နင်းရေးကို တိုးမြှင့် ဆောင်ရွက်တဲ့အတွက်လည်း ဖမ်းဆီး မှုတွေကလည်း တနှစ်ထက်တနှစ် ပိုပြီးတော့ တိုးမြှင့်ဖမ်းဆီးရမိခဲ့တာ လည်းဖြစ်ပါတယ်။

“နိုင်ငံတကာမှာလည်း ဈေးကွက်ကြီးက ကြီးနေတာ။ အဲဒီကြီးနေတဲ့အပေါ် မှာ စောစောကပြောသလိုပေါ့၊ ကျနော်တို့ တနိုင်ငံလုံးမှာ စနစ်တကျ စစ်ဆေးတဲ့ ဂိတ်တွေ အားနည်းတာတပိုင်း၊ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ရဲ့ လုံခြုံရေးကန့်သတ်ဧရိယာတွေမှာ လွတ်လွတ်လပ်လပ် ထုတ်နိုင်တဲ့ အနေအထားတွေပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ထုတ်သွားလို့ပဲ ဒီလိုမျိုး မြင့်တက်လာတယ်လို့ သုံးသပ်လို့ရတာပေါ့။”

မီးရှို့ဖျက်ဆီးရန် ပြင်ဆင်ထားသည့် ဖမ်းဆီးမိ မူးယစ်ဆေးဝါးများ။ ဇွန် ၂၆၊ ၂၀၁၆။
အမေရိကန်ဒေါ်လာ ၁၉.၇ သန်းတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးလိုက်တာပါ။ အဲဒီလို ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ Ice လို့ခေါ်ကြတဲ့ Methamphetamine မူးယစ်ဆေးပြား ၁၄၃ ကီလိုဂရမ်နဲ့ ဒေါ်လာ ၄ သန်းလောက်တန်ဖိုးရှိတဲ့ တခြား စိတ်ကြွ မူးယစ်ဆေးတွေလည်း ပါတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

၂၆ ကြိမ်မြောက် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို နိုင်ငံခြားသံတမန်တွေ၊ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေး အဖွဲ့ UNODC တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတာကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့လက္ခဏာ ရှိတယ်လို့ သတ်မှတ်တဲ့ လူအရေအတွက်ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးလာတယ်လို့ UNODC ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရားမ၀င် မူးယစ်ဆေး ဈေးကွက်ထဲမှာ Methamphetamine ဆေးပြားက ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါပဲ။

ရွှေတြိဂံဘိန်းစိုက်ဒေသမှာ ဘိန်းခင်းဧကပေါင်း ၁၅၃,၀၀၀ ကျော်ရှိပြီး တကမ္ဘာလုံး မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေရဲ့ ၂၂% ရှိပါတယ်။ မြန်မာ၊ လာအိုနဲ့ ထိုင်း သုံးနိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်မှုက အကြီးဆုံးဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

 cat-620.jpg အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ကျင်းပနေစဉ်
Photo: Kyaw Htoon Naing/ RFA

အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညဉ်းပန်းနှိပ်စက်မှု တားမြစ်ဆန့်ကျင်တဲ့ဥပဒေ Convention Against Torture (CAT) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးဖို့အတွက် လူမှု့အဖွဲ့အစည်း ၄ ခု ပူးပေါင်းပြီး ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ဝိမုတ္တိအဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့၊ ND-Burma အဖွဲ့နဲ့ AJAR အဖွဲ့ ၄ ဖွဲ့ ပူပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားမှာ တောင်းဆိုလိုက်တာဖြစ်ကြောင်း ဝိမုတ္တိအဖွဲ့ဒါရိုက်တာ ဒေါ်ခင်မိမိခိုင်က ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ နည်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေရှိနေကြောင်းနဲ့ အဲ့ဒီလိုကိစ္စတွေ အဆုံးသတ်စေဖို့အတွက် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့လည်း တောင်းဆိုချက်မှာပါဝင်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေဟာ ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်မှု ခံရတာ အများဆုံးဖြစ်ကြောင်းနဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူပေါင်းပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပပျောက်အောင် အသိပညာပေးတာတွေ ဆောင်ရွက်ဖို့လိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဇင်မာအောင်က ပြောပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတွေကလည်း ထောင်တွင်းမှာ နေထိုင်ခဲ့ရပုံတွေကို သရုပ်ပြခဲ့ပါတယ်။

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေးနဲ့ နိုင်ငံရေးဆောင်ရွက်နေသူတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA


26June2016

မြန်မာနိုင်ငံက အစိုးရအတိုင်ပင်ခံပုဂ္ဂိုလ်ထိုင်းနိုင်ငံကို လာရောက် လယ် ပါတ် နေစဉ်ရက်ပိုင်းအတွင်းမှာ ထိုင်းမြန်မာ နယ်ခြား မဲဆောက်မြို့  မှာနေ ထိုင်နေကြ တဲ့ မြန်မာနိုင်ငံသားတွေနေထိုင်နေတဲ့ ရပ်ကွက် တွေကို ထိုင်းရဲနဲ့ စစ်တပ်က ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။

စနေနေ့ မနက်ကဖမ်းဆီးခဲ့တဲ့ မြန်မာ နိုင်ငံသား (၁၂၈) ရောက်မှာ ၄၁ဦးသာ တရာဝင် နေထိုင်ခွင့်လက်မှတ်တွေရှိကြပါတယ်၊သောကြာနက လည်း မဲဆောက်ခရိုင်အတွင်းကဖုတ်ဖ မြို့ နယ်အတွင်းမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၁၁၀ ကို ဖမ်းဆီးခဲ့ပြီးမြန်မာနိုင်ငံဖက်ကို ပြန်ပို့ ခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်း ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို Wat Luang ၀ပ်လုံဝမ် ဘုန်ကြီးကျောင်းဝင်းအတွင်းမှာ မြန်မာနိုင်ငံသား ၃၀၀ ကို တဲတွေထိုး ဖမ်းဆီး ထိမ်းသိမ်းထားပြီး မြန်မာနိုင်ငံဖက်ကိုအမြန်ဆုံးပြန်ပို့ 
ဖို့ လုပ်ဆောင်နေပါတယ်လို့  ထိုင်းတပ်မဟာ (၄)က အကြီးအကဲ ဆိုဖွန်းနာ တ၀မ် Sophon Nanthawuan ကပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၂သန်းကျော်မှာ တစ်သန်းလေးသိန်းသာ တရားဝင်မှတ်ပုံတင်ထားကြတာဖြစ်ပါတယ်။

မြန်မာအစိုးရအတိုင်ပင်ခံ သွားရောက် တရားဟောခဲ့တဲ့ စမွတ်စာခွန် မှာလည်း နောက်တစ်ရက်အတွင်း မှာ ထိုင်းနိုင်ငံ စမွတ်စာခွန် ခရိုင်ရှိ ခရိုင်အုပ်ချုပ်ရေးအထက်အာဏာပိုင်ဝန်ထမ်း ၂၂ဦး ရွှေ့ပြောင့်ခံရ တယ်လို့  ထိုင်းသတင်းတွေ မှာ ဖေါ်ပြနေပါတယ်။

Social Action for Women - SAW


ရေမြောင်းပိတ်ဆို့သည့်ကိစ္စအား ကွင်းဆင်းဆောင်ရွက်သူများနှင့်တွေ့ဆုံနေစဉ် ဓားထိုးခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၂၅

၂၅.၆.၂၀၁၆ ရက်နေ့ ၀၈၄၅ အချိန် စမ်းချောင်းမြို့နယ်နေ ဒေါ်-----သည် ခင်ပွန်းဖြစ်သူ ဦးထွေးမြင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ စစ်ကိုင်းလမ်းထိပ်၌ ရေမြောင်းပိတ်ဆို့သည့် ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ကွင်းဆင်းညှိနှိုင်းမှုအားတွေ့ဆုံနေစဉ် ယခင်က ရေမြောင်းဖော်သည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများခဲ့ဖူးသူ စမ်းချောင်းမြို့နယ်နေ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံးစတီးဓားဖြင့်ထိုးခဲ့ရာ ခင်ပွန်းဖြစ်သူ၌ လည်ဂုတ်ထိုးသွင်း ဒဏ်ရာရရှိပြီး လမ်းမပေါ်သို့မှောက်လျက်လဲကျသွားကာ မေးစေ့၌ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်ညှပ်ရိုးဖူးရောင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် ခင်ပွန်းဖြစ်သူအား ဒဏ်ရာရရှိအောင်ပြုလုပ်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်အား အရေးယူပေးရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၂၁၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ သီဟ(ခ)သန့်ဇင်(ခ)သန့်ဇော်၊ (၂၃)နှစ်အား ဖမ်းဆီးရမိရေးအတွက် စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ၁၇၂၀ အချိန်တွင် ၎င်းအား စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဇလွန်လမ်းနှင့် လင်းလွန်းလမ်းထောင့်မှ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


26June2016

ထိုင်းနိုင်ငံ ချွန်ဘူရီ ရှိ ဖတ္တရား ကမ်းခြေ အနီးက (ဘားဆိုင် တိုင်ပါတ် ကပွဲရုံနဲ့  နိုက်ကလပ်များရှိတဲ့လမ်း) Walking street မှာ လမ်းလျောက်နေသူ ဂျာမန်နိုင်ငံသား Mr Joen Guenter von Hedlen ဂျွန်ဂန်တာ အသက် ၄၉ နှစ်ကို ထိုင်းအမျိုးသမီးတဦးက ဓါးနဲ့ ကပ်ကြေးကို လက်နက်အဖြစ်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


တရားခံအမျိုးသမီးဟာ ဖက်ချပူး ပြည်နယ်က Chayakorn ချရာကွန် ဆိုသူ အသက်၄၃ နှစ်ဖြစ်ပါတယ်၊ ဂျာမန် နိုင်ငံသားကတော့ လက်နဲ့  ကိုယ်မှာဒဏ်ရာတွေရပြီး ဆေးရုံပို့ ခဲ့ရပါတယ်။

အမျိုးသမီးက အမျိုးသားရဲ့  လိင်တန်ကို ဖြတ်ဖို့  ကြိုးခဲ့တာကို ဘေးနားက ကြည့်နေတဲ့သူတွေက ၀ိုင်းဆွဲ ဟန့် တားနိုင်ခဲ့ပါတယ်။ ခုလို ဒေါသနဲ့  ကျူးလွန်မိတာဟာ သူမကို အဆက်ဖြတ်ပြီး အမျိုးသမီး အသစ်တယောက်နဲ့  တွဲနေတာကို ခံပြင်းဒေါသထွက်ပြီး လုပ်ခဲ့တာပါလို့  ရဲစခန်းမှာ ၀န်ခံခဲ့ကြောင်း သိရပါတယ်။

Social Action for Women - SAW
26June2016

ထိုင်းနိုင်ငံ ချွန်ဘူရီ ရှိ ဖတ္တရား ကမ်းခြေ အနီးက (ဘားဆိုင် တိုင်ပါတ် ကပွဲရုံနဲ့  နိုက်ကလပ်များရှိတဲ့လမ်း) Walking street မှာ လမ်းလျောက်နေသူ ဂျာမန်နိုင်ငံသား Mr Joen Guenter von Hedlen ဂျွန်ဂန်တာ အသက် ၄၉ နှစ်ကို ထိုင်းအမျိုးသမီးတဦးက ဓါးနဲ့ ကပ်ကြေးကို လက်နက်အဖြစ်သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


တရားခံအမျိုးသမီးဟာ ဖက်ချပူး ပြည်နယ်က Chayakorn ချရာကွန် ဆိုသူ အသက်၄၃ နှစ်ဖြစ်ပါတယ်၊ ဂျာမန် နိုင်ငံသားကတော့ လက်နဲ့  ကိုယ်မှာဒဏ်ရာတွေရပြီး ဆေးရုံပို့ ခဲ့ရပါတယ်။

အမျိုးသမီးက အမျိုးသားရဲ့  လိင်တန်ကို ဖြတ်ဖို့  ကြိုးခဲ့တာကို ဘေးနားက ကြည့်နေတဲ့သူတွေက ၀ိုင်းဆွဲ ဟန့် တားနိုင်ခဲ့ပါတယ်။ ခုလို ဒေါသနဲ့  ကျူးလွန်မိတာဟာ သူမကို အဆက်ဖြတ်ပြီး အမျိုးသမီး အသစ်တယောက်နဲ့  တွဲနေတာကို ခံပြင်းဒေါသထွက်ပြီး လုပ်ခဲ့တာပါလို့  ရဲစခန်းမှာ ၀န်ခံခဲ့ကြောင်း သိရပါတယ်။

Social Action for Women - SAW

( ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျခန်းမမှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပနေစဉ် )

ဦးနေဝင်းအစိုးရလက်ထက်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးခံခဲ့ရတဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ ကျောင်းသားသမိုင်းရဲ့ဂုဏ်ကိုနောက်ဆုံးအချိန်အထိ မြှင့်တင်ပေးခဲ့တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ညီ ဆလိုင်းဦးမြဒင် က ပြောပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမားနှစ်ပတ်လည် လှုပ်ရှားမှုတို့မှာ ဦးဆောင်ပါဝင်တာကြောင့် မဆလ ဦးနေဝင်းအစိုးရက ရန်ကုန်ကျောင်းသား အရေးအခင်းမှာပါဝင်မှု၊ နိုင်ငံတော်ခေါင်းဆောင်တွေကို လုပ်ကြံရန်ကြံစည်မှုတို့နဲ့ အထူးစစ်ခုံရုံးမှာ စီရင်ချက်ချပြီး ၁၉၇၆ ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒကျောင်းသား ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၀ ပြည့်အခမ်းအနားကို ၇၄ - ၇၅ နိုင်ငံရေးအင်အားစုတွေက ဦးဆောင်ကျင်းပခဲ့ကြတာဖြစ်ပြီး ဆလိုင်းတင်မောင်ဦးနဲ့အတူ သပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူတွေနဲ့ အကျဉ်းထောင်ထဲမှာ အတူနေထိုင်ကြခဲ့သူတွေ တက်ရောက် ခဲ့ကြပါတယ်။

Photo: Kyaw Lwin Oo, Myo Zaw Ko/ RFA
RFA


ဟိုအဘတွေ….
ပြည်သူ့ဘဏ္ဍာဟူသမျှ
ဘယ်လိုခိုးမှ ပြောင်လေမလဲလို့
ဗြောင်ဗြောင်ပဲခိုးလာခဲ့…။

အမေစုက…
ပြည်သူ့ဘဏ္ဍာ တစစတိုးလာအောင်
ကြိုးစားလုပ်ဆောင်နေလေရဲ့…။

ဟိုအဘတွေက…
ပြည်သူတွေကို ဒုက္ခနက်တွင်း
သက်ဆေင်းအောင် ဖန်ဆင်းလို့လာခဲ့…။

အမေစုက…
ပြည်သူတွေ တဖွဖွ ဒုက္ခနက်တွင်းက
လွတ်ကင်းလာအောင် ဆောင်ရွက်နေလေရဲ့…။

ဟိုအဘတွေ
သူ့အမျိုး သူ့အဆွေ
တိုက်တာတွေ ဗလဗွေ
ကုမ္ပဏီတွေ ဗလပွ ရအောင်
သယံဇာတဟူသမျှ တိုင်းတပါးကိုရောင်းစားခဲ့…။

အမေစုက…
ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်
အကြွေးအထွေထွေကျေပြီး
စီးပွားရေးတဝေေ၀ ကောင်းလာအောင်
တိုင်းပြည်အနှံ့ ခြေဆန့်ပြီး အကျိုးဆောင်နေလေရဲ့။

ဟိုအဘတွေ…
ပိုင်ဆိုင်မှုတဝေေ၀ပိုင်ပြီး
ဘေးထိုင်ဘုပြောနေချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်က
နေ့မအား ညမနား ပြည်သူအများအတွက်
အသက်ပေး ဆောင်ရွက်နေလေရဲ့…။

ဟိုအဘတွေ…
တိုင်းပြည်ကို ၅၄-နှစ်တိုင်တိုင်
ယိမ်းယိုင်အောင် လုပ်ဆောင်ခဲ့တာကိုများ
အမေစုအား ရက်၁၀၀နဲ့-ပိုင်ပိုင်နိုင်နိုင်
ခိုင်လာအောင်မြင်ချင်သတဲ့လေ…။

တက္ကသိုလ်ဘုန်းကြွယ်
.


ပုံပါသတင်းကို အခုပဲတွေ့ရလို့ အံ့သြတုန်လှုပ်မိပါတယ်။ သမိုင်းမေဂျာနဲ့အောင်ခဲ့တဲ့ဇနီးကိုပြောတော့ သူ့ဆရာ ဒေါက်တာသန်းထွန်းကို အမှတ်ရမိတယ်တဲ့။ သမိုင်းသင်တာက မ,အအောင်လို့ပြောခဲ့တဲ့ဆရာ။ အခု သမိုင်းကို မသင်ကြတော့တာက အ,ချင်လို့မဟုတ်မှန်းသိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကို စဉ်းစားကြရတာဖြစ်နိုင်ပါတယ်။ ပညာရေးဆိုတာ တိုင်းပြည်ရဲ့လိုအပ်ချက်အရ သင်ပေးနိုင်ရင်ကောင်းတယ်။ ကျွန်တော်ကတော့ (၉) တန်းအထိသာ သမိုင်းသင်ခဲ့ရပါတယ်။ သိနေအောင်တော့ ဆက်လုပ်နေရတုန်းပဲ။

မြန်မာနိုင်ငံသမိုင်း
ပြည်ထောင်စုမြန်မာနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ ဖြစ်ထွန်းမှုတွေ နှစ်ပေါင်းထောင်နဲ့ချီပြီးရှိတယ်။ သမိုင်းမတင်မီကတည်းက မြစ်ကြီးတွေနဲ့ တောင်ကြားလွင်ပြင်တွေမှာ လူတွေနေထိုင်ခဲ့ကြတယ်။ အိမ်နီးချင်း တရုပ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ကူးလူး ဆက်ဆံခဲ့ကြတယ်။ သီရိလင်္ကာကုန်သင်္ဘောတွေရောက်တယ်။ တခြားဒေသတွေကနေ မလေးကျွန်းဆွယ်ကြား ခရီးတထောက်နားရာအရပ်ဖြစ်ခဲ့တယ်။ အိန္ဒိယတိုက်ကနေ ဘာသာရေး၊ နိုင်ငံရေးနဲ့ တရားစီရင်ရေး၊ အနုပညာ၊ လက်မှုပညာတွေ၊ အယူအဆတွေရခဲ့တယ်။ ဒါပေမယ့် အိန္ဒိယယဉ်ကျေးမှုလွှမ်းတာ မသိသာပဲ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းထားနိုင်တာက တခြားအရှေ့တောင်အာရှနိုင်ငံတွေထက် ထူးခြားတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းကျောက်နဲ့ သစ်သားလက်ရာတွေအရ မြန်မာနိုင်ငံအထက်ပိုင်းမှာသာတွေ့ရလို့ (အညာသား) ဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်နေတယ်။ ၁၉၆၉ မှာတွေ့ရှိချက်အရ ရှမ်းပြည်အရှေ့ပိုင်းမှာ အစောဆုံး နှစ် ၁၁ဝဝဝ ရှိတယ်လို့ ယူဆရတယ်။ ကျောက်ခေတ်က ဥရောပ ကျောက်ခေတ်နဲ့ စဉ်ပြိုင်ရှိနေခဲ့တယ်။ ဘီစီ ၁၅ဝဝ လောက်မှာ ကြေးခေတ် ရှိခဲ့တယ်။ စပါးစိုက်ပျိုးလာကြတယ်။ မွေးမြူရေးလုပ်လာတြယ်။ ဘီစီ ၅ဝဝ လောက်မှာ သံခေတ်ရှိလာတယ်။

ပျူနိုင်ငံတော်
ဘီစီ ၁ ကနေ ၉ ရာစုအထိ။ တိဘက်တို-ဘာမင်း ဘာသာစကားပြောကြတယ်။ သရေခေတ္တရာ + ဟန်လင်းကြီး။ ချင်းတွင်းမြစ်ဝှမ်းက မြန်မာပြည်မြောက်ပိုင်းကိုဖြတ်တဲ့ တရုပ်-အိန္ဒိယလမ်း အနောက်ဖက်မှာရှိတယ်။ ပျူနိုင်ငံက ဧရာဝတီမြစ်ဝှမ်း မြောက်ဖက်စွန်းမှာရှိတယ်။ မြို့ပြနိုင်ငံတွေတည်ထောင်တယ်။ ပျူလူမျိုးဟာ မြန်မာ့သမိုင်းမှာ အစောဆုံးလူမျိုးလို့ ဆိုနိုင်တယ်။ တရုပ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ကူးသန်းဆက်ဆံကြတယ်။ ၄ ရာစုမှာ ဗုဒ္ဓဘာသာ စတင်လာခဲ့တယ်။ ကနေ့ ပြည်မြို့တောင်ဖက်မှာ တည်ခဲ့တဲ့ သရေခေတ္တရာ မြို့ပြနိုင်ငံက အကြီးဆုံးဖြစ်တယ်။ တရုပ်သမိုင်းအရ ပျူမြို့ပြနိုင်ငံပေါင်း ၁၈ ခုထိရှိတယ်။

ပျူခေတ်ယဉ်ကျေးမှုမှာ အိန္ဒိယယဉ်ကျေးမှုကနေလွှမ်းမိုးခဲ့တယ်လို့ သမိုင်းကဆိုပါတယ်။ ပင်လယ်ရေလမ်း ကူးသန်း ရောင်းဝယ်ရေးကြောင့်ဖြစ်မယ်။ တောင်ပိုင်းကမြို့နာမည်တွေကပါဠိ (သို့) သင်္သကရိုက် (သက္ကတဘာသာ) (ဆန်းစ်ခရစ်) နဲ့ဆိုတဲ့အချက်ကိုထောက်ပြတယ်။ ဥပမာ သရေခေတ္တရာ (သီရိခေတ္တရာ) ။ တကောင်းကတော့ မြန်မာလိုဖြစ်ပြီး ဘုရားလောင်းလို သကျသာကီဝင်ကနေဆင်းသက်တယ်လို့မှတ်ယူတာလည်းရှိတယ်။ ၄ ရာစုကတည်းကစတယ်လို့လည်း ဆိုပါတယ်။ တရုပ်သမိုင်းမှာလည်း ထေရဝါဒဗုဒ္ဓဘာသာလို့ မှတ်တမ်းတင်ထားတယ်။

၉ ရာစုနောက်ပိုင်းမှာ မြင်းစီမြန်သူလို့တင်စားတဲ့ လူမျိုးတွေ မြောက်ဖက်ကနေဝင်လာတယ်။ ဗမာလို့ခေါ်တယ်။ ၉ ရာစု အစောပိုင်းကတည်းက ယူနန် Nanzhao Kingdom နန်ဇောင် (နန်ချောင်) ဘုရင်တွေနဲ့ ပျူတွေစစ်ခင်းနေကြတယ်။ ၈၃၂ မှာ နန်ဇောင်း ဘုရင်က ဟန်လင်းကြီးကို ဖျက်ဆီးလိုက်တယ်။ ပျူ ၃ဝဝဝ ယောက်ကိုဖမ်းခေါ်သွားတယ်။ ပျူတချို့က ပုဂံဒေသမှာ အခြေချကြတယ်။ ပျူတွေဟာ ပုဂံသားတွေနဲ့သွေးနှောသွားတော့တယ်။ ၁၂ ရာစုအထိ ပျူစာပေ ကျန်နေသေးတယ်။ ပုဂံသားတွေဆိုတာ ဗမာတွေရော၊ ပျူတွေရော၊ မွန်တွေပါရောနှောနေတယ်။

မွန်နိုင်ငံတော်
မွန်စကားကို (အော်စထိုအေရှားတစ်) လို့ခေါ်တယ်။ ကမ္ဘောဒီယားမှာသုံးတဲ့ ခမာနဲ့နီးစပ်တယ်။ သထုံမှာဗဟိုပြုတယ်။ ၄-၆ ရာစု အိန္ဒိယ (ဂုပတား) မင်းဆက်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ ဒိအရင် ၃ ရာစု မောရီယအင်ပါယာ အာသောကဘုရင်ကနေ ဗုဒ္ခဘာသာရဟန်းတော်တွေ စေလွှတ်ခဲ့တယ်။ သထုံကို သုဝဏ္ဏဘုမ္မိလို့ခေါ်တယ်။ မွန်ရွှေခေတ်ဖြစ်တယ်။ အိန္ဒိယနဲ့ ဆက်ဆံပေမယ့် မွန်ယဉ်ကျေးမှုကို ထိန်းထားနိုင်ကြတယ်။

မွန်ဘုရင့်နိုင်ငံတွေက ၆ ရာစုကတည်းကစတယ်။ ထိုင်းမွန်ကနေလာတယ်။ ၉ ရာစုမှာ မွန်နိုင်ငံ ၂ ခု၊ ပဲခူးနဲ့ သထုံမှာ တည်ထောင်တယ်။ ထေရဝါရဗုဒ္ဓဘာသာကို စတင်တဲ့လူမျိုးလည်းဖြစ်တယ်။ ကုန်သွယ်ရေးနဲ့ ကြွယ်ဝကြတယ်။ သထုံကို သုဝဏ္ဏဘုမ္မိ ရွှေနိုင်ငံတော်လို့ ခေါ်တွင်ခဲ့တယ်။

ရခိုင်
ရှေးဟောင်းသုတေသနတွေ့ရှိချက်အရ ရခိုင်ဒေသမှာ ဘီစီ ၃၃၂၅ ကတည်းက လူတွေနေခဲ့ကြတယ်။ တိဘက်တို-ဗာမင်း အမျိုးကများတယ်။ ၁ဝ ရာစုမှာရောက်လာကြတယ်။ ဘုရင့်နိုင်ငံတွေများတယ်။ ဂင်္ဂါမြစ်ဝှမ်းကနေ နေဂရေအငူထိ ကျယ်တယ်။ ဓညဝတီ၊ ဝေသာလီ၊ လေးမြို၊ မြောက်ဦးနဲ့ ၁၇၈၄ ဗမာဘုရင်သိမ်းပိုက်ခြင်းလို့ ၇ ပိုင်းခွဲပြီး လေ့လာတယ်။ ၁၈၂၆ ကစပြီး ၁၉၄၈ လွတ်လပ်ရေးရတဲ့အထိ အင်္ဂလိပ်အုပ်စိုးတယ်။

ရှမ်း
ကနေ့ကာလမှာ ရှမ်းစကားပြောသူတွေ အိန္ဒိယအရှေ့မြောက်ကနေ၊ မြန်မာနိုင်ငံ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုပ်ပြည်ထဲမှာ နေထိုင်ကြတယ်။ ရှမ်း (စိုင်ယမ်) ဟာ မြန်မာ (ဗမာ) ထက် ထိုင်းနဲ့ လာအိုတို့နဲ့ ပိုပြီး ဆက်နွယ်မှုရှိတယ်။ (တိုင်) လို့ခေါ်တယ်။ အစဉ်အဆက် စော်ဘွားတွေကနေ အုပ်ချုပ်လာခဲ့တယ်။ ရှမ်းသမိုင်းဟာ များပြားရှုတ်ထွေးတယ်။

ပုဂံမင်းဆက် (၈၄၉-၁၂၉၇)
• ပုဂံအစောပိုင်းကာလ (၁ဝ၄၄ မတိုင်မီ)
• ပုဂံအင်ပါယာ (၁ဝ၄၄-၁၂၈၇)

ပုဂံကို ၈၄၉ မှာထူထောင်တယ်။ ဗမာလူမျိုးတွေ ခေါင်းထောင်လာနိုင်ခြင်းလို့ ရာဇဝင်မှာ အခန်းတခုအနေနဲ့ရေးတယ်။ တိဘက်တို-ဘာမင်းနွယ်တွေ ဖြစ်တယ်။ ဗမာစကားပြောတယ်။ ဧရာဝတီဘေးက ပုဂံကိုဗဟိုပြုတယ်။ ၉ ရာစု အလယ်ကစပြီး အင်အားကြီးနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်။ ၈ ကနေ ၉ ရာစု တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက်စိုးစံနေတယ်။ အရှေ့တောင်အာရှကိုချဲ့ထွင်တယ်။ ၈၆၁ မှာ ဟနွိုင်းကိုသိမ်းတယ်။ မွန်နဲ့ ခမာကိုလည်း သိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီးသိမ်းတယ်။

တချိန်တည်းမှာ မြန်မာပြည်အောက်ပိုင်းမှာ မွန်ကသာကြီးစိုးထားတယ်။ ပုသိမ်နဲ့ ပဲခူးကိုပါကြီးစိုးရေးလုံးပမ်းနေတယ်။
ထေရဝါဒဗုဒ္ခဘာသာ အိန္ဒိယကနေကွယ်ပြီ။ ဟင်ဒူတွေပြန်ပြီးလွှမ်းမိုးလာတယ် ကနေ့အထိဖြစ်တယ်။ ၁ဝ၄၄ ကစပြီး အနော်ရထာမင်းက ပုဂံကိုစုစည်းနိုင်လာတယ်။ ၁၈၈၆ အင်္ဂလိပ်သိမ်းတဲ့အထိ မြန်မာပြည်ဟာ တက်လိုက်ကျလိုက်ရှိတယ်။ အနော်ရထာက ရှမ်းတွေနဲ့မိတ်ဆွေလိုဆက်ဆံတယ်။ စီးပွါးရေးတောင့်တင်းအောင် ရေသွင်းစိုက်ပျိုးရေးလုပ်ပေးတယ်။ ထေရဝါဒဗုဒ္ခဘာသာ ယူသွင်းလိုက်တယ်။ ကနေ့အထိ ရှင်သန်ထွန်းကားတယ်။ ၁ဝ၅၇ မှာ သထုံကိုပါသိမ်းတယ်။ ကျန်စစ်သား (၁ဝ၈၄-၁၁၁၂) နဲ့ အလောင်းစည်သူမင်း (၁၁၁၂-၁၁၆၇) တွေဟာ ဘုန်းတန်ခိုးကြီးကြတယ်။ မွန်ပညာသည်တွေကြောင့် အနုလက်မှုပညာတွေရတယ်။ စေတီပုထိုးတွေ ၄ဝဝဝ လောက်တည်ထားကိုးကွယ်တယ်။ ရဟန်းတော်တွေများပြားလို့ တိုင်းပြည်ရဲ့အင်အားစုတခုဖြစ်လာတယ်။ တချိန်တည်းမှာ အင်အားဆုတ်ယုတ်မှုလည်း ဖြစ်တယ်။ ၁၃ ရာစုအကုန်မှာ ပုဂံအင်အားကျဆင်းလာတော့တယ်။ မွန်ဂိုတွေ ခြိမ်းခြောက်လာတယ်။ ၁၂၅ဝ မှာ ကူဗလခန်ရဲ့ မွန်ဂိုတပ်က ဖျက်ဆီးတာခံလိုက်ရတယ်။

ဘုရင့်နိုင်ငံငယ်များ
• အင်းဝ (၁၃၆၄-၁၅၅၅)
• ဟံသာဝတီ ပဲခူး (၁၂၈၇-၁၅၃၉၊ ၁၅၅ဝ-၁၅၅၂)
• ရှမ်းပြည်များ (၁၂၈၇-၁၅၆၃)
• ရခိုင် (၁၂၈၇-၁၇၈၅) လောင်းကြက်မင်းဆက် (ပုဂံမှကင်းလွတ်) ၊ ၁၄၂၉ မှာ မြောက်ဦး (၁၇ ရာစုအထိ) တည်ထောင်ခြင်း၊ အရှေ့ဘင်္ဂလားသည် ၁၄၅၉-၁၆၆၆ အထိ မြောက်ဦးအောက်မှာရှိခဲ့သည်။
• မွန်-မြန်မာ နှစ် ၄ဝ စစ် (၁၃၈၅-၁၄၂၄) (ဒီအသုံးကို ချစ်ကြည်ရေးပျက်စေတယ်လို့ ထောက်ပြတာလည်းရှိတယ်။)

အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပုဂံပျက်ပြီးနောက် ဧရာဝတီဘေးမှာ ဆန်ထွက်ရာကျောက်ဆည်အနားက အင်းဝကို သတိုးမင်းဖျားက ၁၃၆၄ မှာ ထူထောင်တယ်။ ပထမအင်းဝ (၁၃၆၄-၁၅၂၇) နန်းဆက်သစ် ပေါ်လာတယ်။ မွန်တွေကလည်း ပဲခူး (ပဂိုး) မှာ ပြန်ပြီး နန်းတည်တယ်။ ဓမ္မစေတီမင်း (၁၄၇၂-၉၂) မွန်ရွှေခေတ်ကို ထူထောင်ခဲ့တယ်။

အင်းဝဘုရင်ဟာ ပုဂံလိုဖြစ်အောင်လုပ်ဖို့စိတ်စောနေတယ်။ တောင်ဖက်က ဟံသာဝတီမွန်နိုင်ငံနဲ့ စစ်ခင်းတယ်။ အရှေ့ဖက်မှာလည်း ရှမ်းတွေနဲ့စစ်တိုက်ရတယ်။ အနောက်ဖက်မှာ ရခိုင်နဲ့တိုက်တယ်။ တောင်ငူနဲ့ ရှမ်းကိုနိုင်ခဲ့တယ်။ မွန်-မြန်မာ အနှစ် (၄ဝ) စစ် (၁၃၈၅-၁၄၂၄) ကို မအောင်မြင်ဘူး။ အင်းဝ အားအင်ကုန်ခမ်းလာတာသာ အဖတ်တင်တယ်။ မင်းပြောင်းတိုင်း လက်အောက်ခံတွေက ပုန်ကန်တယ်။ ပြည်၊ ရှမ်းနဲ့ တောင်ငူ (၁၅၁ဝ) လွတ်ထွက်သွားတယ်။ ရှမ်းတွေက အကြိမ်ကြိမ်ခြားနားတယ်။ ၁၅၂၇ မှာ မိုးညှင်းစော်ဘွားက ပြည်နဲ့ပေါင်းပြီး အင်းဝကိုဖျက်ဆီးလိုက်တယ်။ ဒုက္ခသည်တွေ တောင်ငူဖက်ပြေးရတယ်။ ၁၅၅၅ မှာ ဘုရင့်နောင်က အင်းဝကို သိမ်းလိုက်တယ်။

တောင်ငူအင်ပါယာ (၁၅၃၁-၁၇၅၂)
တောင်ငူမင်းဆက် (၁၅၁ဝ-၁၇၅၂)
• ပထမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉)
• ညောင်ရမ်းပြန်လည်စုစည်းခြင်း (၁၅၉၉-၁၇၅၂)
• မြန်မာပြည်တွင်းစစ် (၁၇၄ဝ-၁၇၇၅)

ပထမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉) နဲ့ ဒုတိယတောင်ငူအင်ပါယာ (ညောင်ရမ်း) ၁၅၉၉-၁၇၅၂) အထိ ရှည်တယ်။ တောင်ငူမင်းဆက်မှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က နာမည်ကြီးတယ်။ ၁၂၈၇ ကတည်းက ပျက်သုဉ်းသွားတဲ့ ပုဂံ အင်ပါယာကို ပြန်ပြီးစုစည်းနိုင်ခဲ့တာဖြစ်တယ်။ ညောင်ရမ်းနဲ့ အနောက်ဖက်လွန်မင်းတွေက ပြန်လည် စုစည်းခဲ့တာယ်။ တောင်ငူအင်ပါယာရဲ့ အထွတ်အထိပ်ကာလမှာ မဏိပူ၊ တရုပ်လွှမ်းမိုးထားတဲ့ ရှမ်းဒေသ၊ (ဆိုင်ယမ်) ခေါ် ထိုင်းနဲ့ (လန်ဇန်း) ခေါ် လာအိုတို့လည်းပါတယ်။

တောင်ငူ-ဟံသာဝတီစစ် (၁၅၃၄-၁၅၄၁) ဖြစ်တယ်။ ၁၅၃၉ မှာ တပင်ရွှေထီးက ပဲခူး (ပဂိုး) မှာ ထီးနန်းပြောင်းစံတယ်။ ပုဂံကို ၁၅၄၄၊ ရခိုင်ကို ၁၅၄၅-၄၇၊ ထိုင်းကို ၁၅၄၇-၄၉ မှာ သိမ်းတယ်။ သူ့နောက်ဆက်ခံတဲ့ ဘုရင့်နောင်က အင်းဝကို ၁၅၅၅ မှာ၊ ရှမ်းကို ၁၅၆၂-၆၃ မှာ၊ ထိုင်းကို ၁၅၆၄-၆၉ မှာ၊ လာအိုကို ၁၅၆၅-၇၄ မှာသိမ်းတယ်။ ဘုရင့်နောင်နတ်ရွာစံတဲ့ ၁၅၈၁ နောက်၊ ၁၅၈၄ မှာ ဆိုင်ယမ် (ထိုင်း) ကပုန်ကန်ပြီး၊ ၁၆ဝ၅ ကတည်းက မြန်မာ့မြေပုံမှာမပါတော့ဘူး။ ၁၅၉၉ မှာ ပေါ်တူဂီတွေအကူအညီနဲ့ ရခိုင်က ပဲခူးကိုဖျက်ဆီးနိုင်ခဲ့တယ်။ ပေါ်တူဂီလူမျိုး ဖိလစ် ဒီဘရစ်တိုက သူ့သခင်ရခိုင်တွေကို ပုန်ကန်ပြီး၊ ဂိုအာမှာရှိတဲ့ ပေါ်တူဂီထောက်ခံမှုနဲ့ ၁၆ဝ၃ မှာ သန်လျင်ကို ထူထောင်လိုက်တယ်။ ၁၆၁၃ ဧပြီလမှာ အနောက်ဖက်လွန်မင်းက သန်လျင်ကိုသိမ်းပြီး၊ ဒီဘရစ်တိုကို ကားစင်တင်သုတ်သင်တယ်။ သူ့မဟာမိတ် တောင်ငူဘုရင်၊ နတ်ရှင်နောင်ကို ကွပ်မျက်လိုက်တယ်။

ဘုရင့်နောင်နတ်ရွာစံပြီး ၁၈ နှစ်အကြာ၊ ၂၆၆ နှစ်တာရှည်ခဲ့တဲ့၊ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ တောင်ငူ အင်ပါယာကြီး ပျက်စီးသွားတော့တယ်။

ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅)
• ပြန်လည်စုစည်းခြင်း၊
• ထိုင်းနဲ့စစ်ဖြစ်ပွါးခြင်း (၁၇၈၅-၁၇၈၆၊ ၁၇၈၇၊ ၁၇၉၂၊ ၁၈ဝ၃-၁၈ဝ၈၊ ၁၈ဝ၉-၁၈၁၂၊ ၁၈၄၉-၁၈၅၅)
• တရုပ်နဲ့စစ်ဖြစ်ပွါးခြင်း၊
• အနောက်နိုင်ငံများက ကျူးကျော်ခံရခြင်း၊

အလောင်းဘုရား (၁၇၅၂-၁၇၆ဝ) ကနေ ပဲခူးကို တိုက်ထုတ်လိုက်တယ်။ ရှမ်းပြည်ကိုလည်းပြန်ယူနိုင်တယ်။ ၁၇၅၉ မှာ မဏိပူကိုပြန်ယူတယ်။ တနင်္သာရီကိုတိုက်ယူတယ်။ ထိုင်းကိုတိုက်တာအ့ပန်မှာ သူကိုယ်တိုင်နတ်ရွာစံတယ်။ သားတော် ဆင်ဖြူရှင် (၁၇၆၃-၇၆) နန်းတက်တယ်။ အယုဒယကို ၁၇၆၆ မှာနိုင်တယ်။ တရုပ်ကလည်း ၁၇၆၆ ကနေ ၁၇၆၉ အထိ ကျူးကျော်ပေမယ့် မအောင်မြင်ပါ။ ရခိုင်ကိုရော မဏိပူရနဲ့ အာသန်ကိုပါပြန်ယူနိုင်တယ်။ အိန္ဒိယမှာအုပ်စိုးနေတဲ့ အင်္ဂလိပ်နဲ့ နယ်ချင်းထိစပ်လာပြီး ၁၈၂၄-၂၆ မှာ ပထမ အင်္ဂလိပ်-မြန်မာစစ်ဖြစ်တယ်။ အာသန်၊ မဏိပူ၊ ရခိုင်နဲ့ တနင်္သာရီကို လက်လွှတ်ရတယ်။

ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၁၈၅၂) ကတော့ ပဲခူးရိုးမသသစ်တွေလိုချင်တဲ့ အင်္ဂလိပ်ကရန်စလို့ဖြစ်ရတယ်။ မြန်မာပြည် အောက်ပိုင်းတခုလုံး သိမ်းယူတယ်။ ၁၈၈၅ မှာ တတိယစစ်ဖြစ်ပြီး မြန်မာ့နောက်ဆုံးမင်း သီပေါ (၁၈၇၈-၈၅) ကို ဖမ်းခေါ်သွားတယ်။ တတိယအင်္ဂလိပ်-မြန်မာစစ်က ၂ ပတ်သာကြာလိုက်ပါတယ်။ ၁၈၈၅ နိုဝင်္ဘာလမှာ ဗြိတိသျှတွေက မန္တလေးနန်မြို့တော်ကို သိမ်းယူလိုက်တယ်။

ဗြိတိသျှကိုလိုနီခေတ်
• ပထမအင်္ဂလိပ်-မြန်မာစစ် (၁၈၂၄-၁၈၂၆)
• ဒုတိယအင်္ဂလိပ်-မြန်မာစစ် (၅-၄-၁၈၅၂ မှ ၂ဝ-၁၂-၁၈၅၂)
• တတိယအင်္ဂလိပ်-မြန်မာစစ် (၇ မှ ၂၉ နိုဝင်္ဘာ ၁၈၈၅)
• ဂျပန်ခေတ် (၁၉၄၂-၁၉၄၅)

ဗြိတိသျှလက်အောက်ကမြန်မာပြည် (၁၈၈၅-၁၉၄၈)
၁၈၆၉ မှာ ဆူးအက်တူးမြောင်းဖွင့်လာတော့ မြန်မာပြည်ကဆန်စပါးကို ပိုပြီးစိုက်ပျိုးချင်လာတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အဓိကထားတယ်။ စိုက်ဧက ၆ သောင်းကနေ ၁ဝ သန်းအထိရှိလာတယ်။ ဗြိတိသျှတွေက အိန္ဒိယ နိုင်ငံသားတွေကို ခေါ်သွင်းတယ်။ တောင်ပိုင်း ချစ်တီးယားတွေက ငွေချေးစားသူတွေဖြစ်လာတယ်။ ဆန်စပါးဈေးကွက်ကို တရုပ်နဲ့ အိန္ဒိယသားတွေက အုပ်စီးထားတယ်။ မြန်မာတောင်သူတွေ ဆင်းရဲတွင်း နက်သထက်နက်လာကြတယ်။

အမျိုးသားရေးစိတ်ဓါတ် တက်ကြွလာတယ်။ ၁၉ဝ၆ မှာ YMBA ဗုဒ္ခဘာသာ ကလျာဏယူဝအသင်းတွေ ပေါ်လာတယ်။ အစိုးရဆန့်ကျင်ရေး မဟုတ်သေးပါ။ ၁၉၂ဝ ရန်ကုန်ကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်ဖို့ တက္ကသိုလ်အက်ဥပဒေ လုပ်လာတယ်။ မြန်မာစစ်စစ်တွေကို ဘေးဖယ်ထာတဲ့ဥပဒေဖြစ်တယ်။ ကျောင်းသားတွေဆန္ဒပြကြတယ်။ ပြင်ပေးရတယ်။ YMBA ကနေကျောင်းတွေထူထောင်တယ်။ အမျိုးသားကျောင်းတွေလို့ တွင်လာတယ်။

၁၉၃ဝ ကျော်လာလတွေမှာ လယ်သမားတွေကို ဆရာစံခေါင်းဆောင်ပြီး သူပုန်ထတယ်။ ဗြိတိသျှတွေက အိန္ဒိယစစ်သားနဲ့ ရဲသားတွေနဲ့ ၂ နှစ်ကြာနှိမ်နင်းတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ကျောင်းသားတွေထပ်ပြီးဆန္ဒပြကြတယ်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းနဲ့ ကိုနုတို့ပေါ်ထွက်လာတယ်။ သခင်လှုပ်ရှားမှုထဲပါလာကြတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယကနေ ခွဲထုတ်လိုက်တယ်။

၁၉၃၉ မှာ ဒုတိယကမ္ဘာစစ်ဖြစ်လာတယ်။ အောင်ဆန်းက အကူအညီရှာဖို့ တရုပ်ပြည်ထွက်သွားတယ်။ ဂျပန်နဲ့တွေ့ပြီး ရဲဘော်သုံးကျိတ် စစ်ပညာသွားသင်ကြတယ်။ ၁၉၄၁ ဒီဇင်္ဘာမှာ ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့လိုက်တယ်။ အင်္ဂလိပ်ဆုတ်ခွါပြီး ဂျပန်မြန်မာပြည်ကိုအူပ်စိုးတယ်။ ၁၉၃၇ အခြေခံ ဥပဒေအရ ဒေါက်တာဘမော်အစိုးရ ခေါင်းဆောင်ဖြစ်လာတယ်။ သခင်နုရော သခင်အောင်ဆန်းပါအစိုးရထဲမှာပါတယ်။ ၁၉၄၃ မှာ ဂျပန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးတယ်လို့ကြေညာတယ်။ အောင်ဆန်းဟာ မဟာမိတ်တပ် အရှေ့တောင်အာရှ စစ်ဦးစီးချုပ် မောင့်ဘက်တန်နဲ့ လျို့ဝှက်ဆက်သွယ်တယ်။ ၁၉၄၅ မတ်လမှာ အင်္ဂလိပ်နဲ့ပြန်ပေါင်းပြီး ဂျပန်ကိုတော်လှန်တယ်။ သူ့တပ်ကို ဗမာကာကွယ်ရေးတပ်လို့ နာမည်ပြောင်းရတယ်။ စစ်တွင်းမှာပဲ ဖဆပလကို ဖွဲ့ထားတယ်။ ၁၉၄၅ မေလမှာ ဂျပန်တွေဆုတ်ခွါပြီး၊ အင်္ဂလိပ်တွေပြန်ဝင်လာတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၈-၁၉၆၂
ကွန်မြူနစ်တွေ တောခိုပြီး လက်နက်ကိုင်ပုန်ကန်တယ်။ ကရင်ကစပြီး တိုင်းရင်းသားတွေအားလုံးလက်နက်ကိုင်တယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ကနေ့အထိ မပြီးသေးပါ။ ၁၉၄၉ မှ တရုပ်ဖက်ကနေပြေးဝင်လာတဲ့ တရုပ်ဖြူတွေကို တိုက်ထုတ်ရတယ်။ ၁၉၅၈ မှာ ဖဆပလ ၂ ခြမ်းကွဲတယ်။ ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲတယ်။ ၁၉၆ဝ မှာ ဦးနုအစိုးရ ပြန်တက်လာတယ်။

၁၉၆၂ မှ ယနေ့အထိ
၂-၃-၁၉၆၂ မှာ ဗခကနေဝင်းကစစ်အာဏာသိမ်းတယ်။ ၁၉၇၂ ဧပြီမှာ ဗခကနေဝင်းနဲ့ စစ်အရာရှိတွေ စစ်ယူနီဖေါင်းချွတ်ပြီး မဆလပါတီနာမည်နဲ့ဆက်အုပ်ချုပ်တယ်။ ၁၉၇၄ ကစပြီး တပါတီစနစ်ဖွဲ့စည်းပုံအရ မဆလ ပါတီအစိုးရတွေက အုပ်ချုပ်တယ်။ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ LDC အဆင့် နိုင်ငံ ဖြစ်လာတယ်။ ၁၉၈၈ မတ်လကစပြီး ကျောင်းသားတွေ စတင်တဲ့ ဆန္ဒပြပွဲတွေဖြစ်တယ်။ မဆလပါတီ သမတ ၃ ဆက် ပြောင်းပြီး နောက်ဆုံး ၁၈-၉-၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြန်တယ်။

၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပပေမယ့် NLD ကိုအာဏာလွှဲမပေးပဲ စစ်တပ်ကဆက်အုပ်ချုပ်တယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲနဲ့အတူ လူဟောင်းတွေကပဲ အရပ်ဝတ်နဲ့ဆက်အုပ်ချုပ်တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါလာတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်အနိုင်ရလိုက်တယ်။

နိဂုံး
ပုဂံအင်ပါယာကို မွန်ဂိုတွေက ဖျက်ဆီးခဲ့တယ်။ ရှမ်းတွေကြီးစိုးခဲ့တဲ့ အင်းဝမှာ မြန်မာစာပေထွန်းကားခဲ့တယ်။ အနှစ် (၄ဝ) စစ်ကြောင့် အားအင်ကုန်ခမ်းပြီး ပျက်စီးရတယ်။ တောင်ငူအင်ပါယာဟာ ဘုန်းတန်ခိုးကြီးတဲ့မင်းနတ်ရွာစံပြီး ပျက်စီးသွားတယ်။ ကုန်ဘောင်မင်းဆက်ဟာ နန်တွင်းရေးနဲ့ ညံ့ဖျင်းတဲ့မင်းနဲ့ အပေါင်းပါတွေ အုပ်စိုးချိန်မှာ ကျွန်ဘဝ ရောက်ခဲ့ရတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပေမယ့် ပြည်တွင်းစစ်နဲ့ နိုင်ငံရေးစနစ်ညံ့ဖျင်းကြောင့် အစစဆုတ်ယုတ်ကျဆင်းခဲ့ရတယ်။

ဒီမှတ်တမ်းမှာ မပါတဲ့ တခြားဒေသဆိုင်ရာသမိုင်းတွေနဲ့ လူမျိုးအလိုက်သမိုင်းတွေလည်း အများကြီးရှိသေးတယ်။ ဘယ်သမိုင်းစာအုပ်မဆို အပြောမလွတ်ပါ။ ဒီစာမှာ အများအားဖြင့် ကျောင်းသင်သမိုင်းမာတိကာနဲ့ အင်္ဂလိပ်လို ကိုးကားစရာတွေကနေ ယူထားတာသာဖြစ်ပါတယ်။

- Political history of Burma မြန်မာ့နိုင်ငံရေးသမိုင်း http://doctortintswe.blogspot.com/…/political-history-of-bu…
- Glimpses of History of Burma ဆရာဝန်ထံ ပေးစာတစောင် http://doctortintswe.blogspot.com/…/glimpses-of-history-of-…
- Burma–Thailand relations မြန်မာ-ထိုင်းဆက်ဆံရေးသမိုင်း http://doctortintswe.blogspot.com/…/burmesesiamese-wars.html
- Burmese–Siamese wars သမိုင်းထဲက မြန်မာ-ထိုင်းစစ်ပွဲများ http://doctortintswe.blogspot.com/…/burmathailand-relations…
- Sino-Burma border agreement တရုပ်-မြန်မာနယ်နိမိတ် http://doctortintswe.blogspot.com/…/sino-burma-border-agree…
- Stilwell Road စတီးဝဲလ်လမ်းမကြီး http://doctortintswe.blogspot.com/2015/03/stilwell-road.html
- Kokang background ကိုကန့်နယ်မြေသမိုင်း http://doctortintswe.blogspot.com/…/…/kokang-background.html
- Mongol and Myghal Emperors မွန်ဂို အင်ပါယာနဲ့ မူဂေါလ် အင်ပါယာ http://doctortintswe.blogspot.com/…/mongol-and-myghal-emper…
- Mongoloid မွန်ဂိုလွိုက် http://doctortintswe.blogspot.com/2014/10/mongoloid.html
- Sino-Burmese wars တရုပ်-မြန်မာစစ်ပွဲများ http://doctortintswe.blogspot.com/…/…/sino-burmese-wars.html
- Our Dynasties ကျွန်ုပ်တို့၏မင်းဆက်များ http://doctortintswe.blogspot.com/2016/06/our-dynasties.html
Credit ... ဒေါက်တာတင့်ဆွေ Dr Tint Swe

ပေကျင်း၊ ဇွန် ၂၆ ။ ။ ထိုင်ဝမ်ကျွန်းအစိုးရသစ်က တရုတ်တစ်နိုင်ငံတည်း One China ပေါ်လစီကို အသိအမှတ်ပြုခြင်း မရှိ၍ ထိုင်ဝမ်နှင့် အဆက်အသွယ်အား ရပ်ဆိုင်းပစ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဇွန် ၂၅ ရက်က ကြေညာသည်။

ထိုင်ဝမ်ခေါင်းဆောင်အဖြစ် ဇန်နဝါရီရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရပြီး မေလကစကာ တာဝန်ယူသည့် သမ္မတ ထိုင်အန်းဝန် တက်လာပြီးနောက် တရုတ်နှင့် ဆက်ဆံရေးက အေးခဲသထက်အေးခဲလာပြီး ရှစ်နှစ်ကြာ သင့်မြတ်မှု ရထားခြင်း တစ်ခန်းရပ်သွားခဲ့သည်။

၂၀၁၄ ခုနှစ်က စကာ တရုတ်နှင့် ထိုင်ဝမ်ကြား ပုံမှန်အဆက်အသွယ်များ ရှိခဲ့ခြင်းဖြစ်သော်လည်း ယခု ယင်းအဆက်အဆံက ပြီးဆုံးပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံးက ထုတ်ပြန်သည်။

"အပြန်အလှန်ဆက်ဆံမှု လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေ ရပ်တန့်ပစ်လိုက်ပြီဖြစ်ပါတယ်။"ဟု ယင်းရုံးက ပြောရေးဆိုခွင့်ရှိသူ အန်းဖန်ရှန်းက ရုံးဝက်ဘ်ဆိုက်တွင် ပြောဆိုထားသည်။

ထိုင်ဝမ်သည် ပြည်တွင်းစစ်ကြောင့် ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်မမှ ခွဲထွက်ခဲ့ကာ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် ရပ်တည်နေခဲ့ခြင်းဖြစ်သော်လည်း တရားဝင်လွတ်လပ်ရေးကြေညာထားခြင်း မရှိဘဲ တရုတ်ကလည်း ထိုင်ဝမ်အား နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတစ်ရပ်အဖြစ်သာ ရှုမြင်ထားပြီး ပြန်လည်ပေါင်းစည်းရန် စောင့်နေလျက်ရှိခြင်းဖြစ်သည်။

တရုတ်နှင့် ပနံသင့်သည့် ကူမင်တန်ပါတီအစိုးရနေရာအား DPP ပါတီက အနိုင်ရကာ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံသော ထိုင်အန်းဝန် သမ္မတဖြစ်လာပြီးနောက် တရုတ်နိုင်ငံအတွက် သံသယများ မြင့်တက်လာခဲ့ကာ ခွဲထွက်ရေး မည်သည့်ကြိုပမ်းမှုမဆို မလုပ်ဆောင်လာရန် ထိုင်ဝမ်သမ္မတအား သတိပေးလျက်ရှိခြင်းဖြစ်သည်။
Mizzima - News in Burmese

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ကိုရင် နှစ်ပါးကို တိုက်ပြီးထွက်ပြေးသွားတဲ့ ကားကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကျောက်တံခါးမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းရဲ့မြောက်ဘက် ၁ ဖာလုံလောက်အကွာ ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၂/၀ နဲ့ ၁၃၂/၁ အကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့နယ် ပိတ်ဖြူတောရ ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေ ဆွမ်းခံကြွလာစဉ် မန္တလေးဘက်ကနေ မောင်းနှင်လာတဲ့ ကားက ဝင်တိုက်သွားကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ကိုရင်ဒီပ အသက် ၁၂ နှစ်နဲ့ ကိုရင် စန္ဒာသီရိ ၁၃ နှစ်တို့ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားတယ်လို့ ကညွတ်ကွင်း ရဲစခန်းက ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းမှ ယာဉ်(ပ) ၅ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄ .က အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း )
DVB TV News

ရန်ကုန်တက္ကသိုလ်၌ ဒေးကျောင်းသားပြန်လည်လက်ခံခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် သမိုင်းဘာသာအဓိကဖြင့် တက်ရောက်သူကျောင်း သူ/ကျောင်းသား ၁၇ ဦး၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက်ရောက် သူ ၁၅ ဦး ရှိခဲ့ပြီး၊ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် တက်ရောက်သူ တဦးတယောက်မျှမရှိကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနမှ သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသူ၊ ကျောင်းသားများရွေးချယ်၍ အထူးလေ့ကျင့်ပြုစုပျိုးထောင်ရေးအစီအစဉ်ဖြင့် ၂၀ ၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်မှစပြီး ဘာသာရပ်တခုစီတွင် ကျောင်းသား/သူ ၅၀ ဦးစီရွေးချယ်ကာ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဘာသာရပ်စုစုပေါင်း ၂၀ သင်ကြားပေးလျက်ရှိရာ သမိုင်းဘာသာနှင့်အရှေ့တိုင်းဘာသာနှစ်ခုကို တက်ရောက်သူ နည်းပါးလျက် ရှိသည်။

''၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ သမိုင်းဘာသာကို တက်ရောက်သူမရှိတာကတော့ ကျောင်းသားများ စိတ်မ၀င်စားတာလား၊ အသုံးဝင်ပုံမသိတာလား။ ဆရာ၊ ဆရာမများနှင့် အဆက်ပြတ်နေတာလား မသိဘူး၊ သမိုင်းဆိုတာကတော့ တကယ်အသုံးဝင်တဲ့ဘာသာပါ။ ဥပမာ နိုင်ငံခေါင်းဆောင်တဦးဖြစ်ရင်တောင် သမိုင်း အကြောင်းသိမှသာလျှင် ဦးဆောင်ပြီးလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်ရှိ ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးတောင်ရှိခဲ့ဖူးတယ်''ဟု သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဝေးလံခေါင်းသီသည့် ပြည်နည်နှင့်တိုင်းဒေသများတွင် နေထိုင်ကြသည့် ထူးချွန်ကျောင်းသား များသည် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းနှင့်လူမှုရေးဆိုင်ရာဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်ရန် နော်ဝေးနိုင်ငံမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် လစဉ်တလလျှင် ၁၃၅,၀၀၀ ကျပ်ဖြင့် စာတသင်နှစ်တနှစ် စာအတွက် ၁၀ လစာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လူတွေဟာ အရွယ်ရောက်စမှာ ဦးနှောက်ရဲ့ ဆောင်ရွက်နိုင်စွမ်းက အလွန်ကောင်းတာမို့ အရာရာကို မှတ်မိလွယ်ပါတယ်။ မှတ်ဥာဏ် သိပ်ကောင်းတတ်ပါတယ်။ ဒါပေမဲ့  အဲဒီနောက်မှာတော့ အသက်ကြီးလာလေ မှတ်ဥာဏ်က ပိုကျလာလေပါပဲ။ ဒါတွင်မက ယနေ့ ကာလ လူနေမှုဘ၀ ပုံစံကလည်း မှတ်ဥာဏ်ကို ကျဆင်းစေပါတယ်။ နေ့ တိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ မှုနည်းလာပြီး လေထုညစ်ညမ်းမှုတွေနဲ့ ကြုံတွေ့ နေရတာ။ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့ နေရတာ။ အစာကောင်းကောင်း မစားတာ။ ကောင်းကောင်း မအိပ်တာ။ စိတ်ဖိစီးမှု များတာတွေကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆငိးစေပါတယ်။

ဒါပေမဲ့ မှတ်ဥာဏ်ကို ပြန်ကောင်းလာစေဖို့ ကိုယ်ရဲ့ဦးနှောက်စွမ်းရည်ကို မြင့်မားလာစေဖို့၊ ဆေးတွေသောက်ဖို့ မလိုပါဘူး။ ကိုယ်ရဲ့ လူနေမှုပုံစံကို ကျန်းမာရေးနဲ့ အညီ ပြောင်းလဲလိုက်ရုံပါပဲလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့နည်းတွေကို လိုက်လုပ်ရုံပါပဲ။ တကယ် သေချာလုပ်မယ်ဆိုရင် တကယ်ကို မှတ်ဥာဏ်ကောင်းလာမှာပါလို့ ဆေးပညာရှင်တွေက ထောက်ခံထားပါတယ်။

*** သင့်တော်သော အစားအစာကိုစားပါ ***

မှတ်ဥာဏ်ကောင်းလာဖို့ ကိုယ်ဘာစားတယ်။ မစားဘူးဆိုတာက သိပ်ကိုအရေးကြီးပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားဖို့ က အရေးကြီးပါတယ်။ သကြားနဲ့  ကာဗိုဟိုက်ဒရိတ်ဓာတ်များတာတွေကို ရှောင်ရပါမယ်။ နောက်ပြီးတော့ ငါးကြီးဆီသောက်ပါ။ ပြီးတော့ ငါးများများစားပါ။ အုန်းဆီကလည်း ဥာဏ်ကောင်းစေတဲ့ အထဲမှာ ပါ,ပါတယ်။ အုန်းဆီဆိုတာ အုန်းသီးကနေ အဆီထုတ်ထားတဲ့ အဆီပါ။ အခုဆိုရင် အုန်းဆီကို ဦးနှောက်ရောဂါတွေ အတွက် ဆေးတွေမှာပါ သုံးနေကြပါပြီ။

*** လေ့ကျင်ခန်း ***

ကိုယ်လက်လေ့ကျင့်ခန်းတွေက ဦးနှောက်ထဲက အာရုံကြောတွေကို နှိုးဆွပေးပါတယ်။ ဒါကြောင့် သူတို့ အချင်းချင်းကြား အပြန်အလှန် ဆက်သွယ်မှု အားကောင်းပြီး ဦးနှောက်စွမ်းရည်ကို ထက်မြက်စေပါတယ်။ ၂၀၁၀ ဆေးပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုအရ လေ့ကျင်ခန်း ပုံမှန်လုပ်သွားမယ် ဆိုရင် မှတ်ဥာဏ်ကောင်းစေရုံသာမက ဦးနှောက်ထဲက သွေးလည်ပတ်မှုကိုပါ အားကောင်းစေတဲ့အတွက် အရာရာကို သင်ယူလေ့လာရ လွယ်ကူတယ်လို့ ဆိုပါတယ်။

*** တစ်ချိန်တည်းမှာ ဦးနှောက်ကို အသုံးချတာမျိုးတွေရှောင်ပါ ***

အလုပ်မျိုးစုံကို တစ်ချိန်တည်းလုပ်ပြီး ဦးနှောက်ကို တရကြမ်း အလုပ်ပေးခြင်းက မှတ်ဥာဏ်ကို ထိခိုက်စေပါတယ်။ မေ့လည်း မေ့လွယ်စေပါတယ်။ ကိုယ့်ခေါင်းမှာ အကြောင်းအရာ တစ်ခုကိုမှတ်ဖို့ အချိန်ရှစ်စက္ကန့်လောက် လိုပါတယ်။ ဒါကြောင့် ဈေးဝယ်ရင်းဖုန်းပြောတဲ့ လူတွေဟာ မကြာခဏ ပိုက်ဆံအိတ် ဘယ်နားချမိမှန်း၊ အိမ်သော့ ဘယ်နားချမိမှန်း မသိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်တွေတစ်မြုံတမကြီး လုပ်တာမျိုးကို လုပ်နိုင်တယ်လို့ မထင်ပါနဲ့ ။ မကြာခင် ကိုယ့် မှတ်ဥာဏ် ချို့ယွင်းလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ကြိမ်မှာ အလုပ်တစ်ခု၊ အရာတစ်ခုမှာပဲ စူးစိုက်လုပ်ကိုင်ပါ။ ဒါက ပိုထိရောက်သလို အလုပ်လည်း ပိုဖြစ်ပါတယ်။

*** ကောင်းကောင်းအိပ်ပါ ***

အိပ်ပျော်တာက မှတ်ဥာဏ်ကို အားကောင်းစေတဲ့အပြင် ကိုယ့်ရဲ့စွမ်းဆောင်ရည် တွေးခေါ်သုံးသပ်ချက်တွေကိုလည်း တိုးတက်စေပါတယ်။ တစ်ညလောက် ကောင်းကောင်းအိပ်ချလိုက်ရင် နောက်တစ်နေ့မှာ ခေါင်းကြည်ပြီး အေးဆေးစွာတွေးခေါ်လို့ ရစေပါတယ်။ စာရအောင်လို့ ညလုံးပေါက် စာကျက်မယ်၊ တစ်ခုခုကို ညလုံးပေါက် ဇောက်ချလုပ်မယ်ဆိုတာတွေဟာ ဦးနှောက်ကို ပင်ပန်းစေရုံသက်သက်ပါ။ ပင်ပန်းနေတဲ့ ဦးနှောက်က စာလည်း ပိုမရသလို ဖန်တီးဥာဏ်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် တွေးခေါ်မှု၊ ဖန်တီးမှု အားကောင်းစေချင်တယ်ဆိုရင် အိပ်ရေးဝဝအိပ်ပါ။

*** လူမှုဆက်ဆံရေး ပုံမှန်ရှိပါစေ ***

စိတ်ပင်ပန်းမှုနဲ့ စိတ်ဓာတ်ကျဆင်းတာက မှတ်ဥာဏ်ကို ထိခိုက်စေပါတယ်။ ကိုယ့်မှာ သူငယ်ချင်းမိတ်ဆွေတွေ။ မိသားစုတွေနဲ့ လူမှုဆက်ဆံရေး ကောင်းခြင်းက စိတ်ဓာတ်ကျတာ ၊ စိတ်ဖိစီးတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် မိတ်ဆွေတွေနဲ့အတူ သွားလာလည်ပတ်တာ၊ စားသောက်တာ၊ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်အောင် ကြိုးစားပါ။

*** စိတ်သွက်လက်တက်ကြွမှု ရှိပါစေ ***

ပဟေဠိတွေ ကစားခြင်း၊ သတင်းစာတွေမှာ ကိုယ်မဖတ်ဘဲ ချန်ထားတဲ့အကြောင်းတွေကို လိုက်ဖတ်ခြင်းမျိုးတွေ လုပ်ပါ။ အိမ်ပြန်လမ်းကိုလည်း တသမတ်တည်း မပြန်ဘဲ တခြားလမ်းကနေ မောင်းကြည့်ပါ။ ဂစ်တာ၊ တယော၊ စန္ဒယားတို့လို ဂီတတူရိယာတွေကို လေ့လာသင်ကြားပါ။ အားတဲ့အခါ လူမှုရေးအဖွဲ့ အစည်း တစ်ခုခုမှာ လုပ်အားပေးပါ။ ဒါတွေကို စိတ်ကိုအလုပ်ပေးပြီး မှတ်ဥာဏ် ပိုကောင်းလာစေပါတယ်။

*** စနစ်ကျမှုရှိပါ ***

ကိုယ့်ရဲ့အိမ်၊ အလုပ်စားပွဲ ရှုပ်ပွနေရင်၊ မှတ်စုစာအုပ်တွေ ဖွာလန်ကြဲနေရင် ပိုပြီးမေ့လွယ်တတ်ပါတယ်။ ဒါကြောင့် အစည်းအဝေးရက်စွဲတွေ၊ လုပ်ဆောင်စရာရှိတာတွေကို ပြက္ခဒိန်ပါတဲ့ မှတ်စုနဲ့ သေချာမှတ်ပါ။ အိမ်သော့၊ ပိုက်ဆံအိတ်၊ တခြားမရှိမဖြစ် ပစ္စည်းတွေကိုလည်း သေချာတဲ့  နေရာတစ်ခုမှာ ပုံမှန်ထားပါ။ ဒီလိုတစ်နေရာတည်း ထားခြင်း၊ စနစ်ကျခြင်းက အရာရာကို အလွယ်တကူ မှတ်မိစေပါတယ်။

လင်းလင်း
( ကိုးကား Mayo Clinic)
The Ladies News Journal

ဂျာမန် ဝန်ကြီးချုပ် အင်ဂလာမာကဲလ်

ဗြိတိန် က အီးယူ ဥရောပ သမဂ္ဂ ထဲ က ထွက်ဖို့ ပြည်သူ့ဆန္ဒမဲ ရလဒ် နဲ့ ဆုံးဖြတ် လိုက်တဲ့ နောက်ပိုင်း မှာ အီးယူ အဖွဲ့ ကို မူလ ထူထောင်ခဲ့တဲ့ နိုင်ငံတွေ က နိုင်ငံခြားရေး ဝန်ကြီး ခြောက်ဦး ဘက်ကနေ တရားဝင် နှုတ်ထွက်တဲ့ ကြေညာချက်၊ ဆောင်ရွက်ဖွယ်ရာ အစီအစဉ် တွေ ကို အချိန်မဆွဲ ပဲ အကောင်အထည်ဖေါ် ဖို့ ဇွန်လ ၂၅ရက်နေ့ က ကျင်းပတဲ့ အစည်းအဝေး မှာ တောင်းဆို လိုက်ကြပါတယ်။ ဒီနိုင်ငံတွေ ကတော့ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘဂ် နဲ့ နယ်သာလန် နိုင်ငံတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာမာကဲလ် ကတော့ ဗြိတိန် အနေနဲ့ နှုတ်ထွက်မဲ့ လုပ်ငန်းစဉ် ကို အစောတလျင် လုပ်စရာ မလိုသလို အချိန် အကြာကြီး ဆွဲပြီး မလုပ်သင့်တဲ့ အကြောင်း ပြောပါတယ်။ သူ့အနေနဲ့ အမှန် အတိုင်းပြောရရင် နှစ်နဲ့ချီပြီး အချိန် မဆွဲ ဖို့ကတော့ အရေးကြီးပေ မဲ့ အချိန်တို ဘောင် အတွင်းမှာ လည်း တက်သုတ်ရိုက်ပြီး လုပ်စရာ မလိုတဲ့ အကြောင်း၊ ဗြိတိန်ဟာ သူ့ဘက်က နှုတ်ထွက်ရေး အဆိုပြုချက်တွေ ကို မတင်သေးသလို တဖက်က သဘောတူ လက်ခံမဲ့ အနေအထားလည်း မပြီးသေးလို့ ဒီကိစ္စရပ် တွေ မပြီးမချင်း ဗြိတိန်ဟာ အီးယူ ရဲ့ အဖွဲ့ဝင် အဖြစ် ဆက်လက်ရှိနေပြီး သူ့ရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူရမဲ့ အပိုင်း တွေ ကျန်နေပါသေးတယ် လို့ ပြောပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်း ကလည်း UK ရဲ့ မဲရလဒ်အဖြေ ပေါ်မှာ စိတ်မကောင်း ဖြစ်ရပေမဲ့ သူ့ဘက် က လေးစားမှုတော့ ရှိတဲ့ အကြောင်းရင်း က ဒီမိုကရေစီ အရေးကိစ္စ ဖြစ် တယ်လို့ ဆိုပါတယ်။ တချိန်ထဲ မှာပဲ ဥရောပ နိုင်ငံ တွေ ဘက်က စဉ်းစား ရမှာက ဒီကိစ္စ နဲ့ ပတ်သက်လို့ တန်ပြန် သက်ရောက်မှုတွေ၊ နိဂုံးသတ် အခြေအနေတွေ ကို တွက်ဆရမှာပါ။ ဥရောပ သမဂ္ဂ ရဲ့ လုပ်ငန်းဘောင် အတွင်းကနေ ယူကေ နှုတ်ထွက်တာ ကို စနစ်တကျ နဲ့ မူလ သဘောတူညီချက် ဥပဒေ တွေ အရ ချမှတ်ဆောင်ရွက် ရမှာပါ လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်း က ပြောပါတယ်။

အခုလို အီးယူ ထဲက ဗြိတိန်နှုတ်ထွက်မှု ဟာ ကမ္ဘာ့ နိုင်ငံ အများအပြား မှာ အံ့သြ တုန်လှုပ်မှု တွေ ရှိလာခဲ့တဲ့ အတွက် နောင်မှာ အီးယူ အဖွဲ့ အနေနဲ့ ဆန့်ကျင်ဘက် ဝေဖန် ပြောဆိုမှုတွေ ကို နားထောင်ဖို့ လိုအပ်နေပြီ ဖြစ်သလို အဖွဲ့ကြီး အတွင်းရှိ နိုင်ငံသားတွေ အနေနဲ့ လည်း ဖိအားများတဲ့ ပြဿနာ တွေ ဖြစ်တဲ့ ပြည်ပ လူဦးရေ စိမ့်ဝင်လာမှု နဲ့ လူငယ်တွေ အလုပ်လက်မဲ့ပြဿနာ တွေ ကို ဘယ်လို ဝိုင်းဝန်း ဖြေရှင်း ကြမယ် ဆိုတာ ပြသဖို့ လိုတဲ့ အကြောင်း ကို ဇွန်လ ၂၅ရက်နေ့ ဘာလင် မှာ ကျင်းပတဲ့ အီးယူ ခြောက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး မှာ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရင့်ခ်ဗိုက်တာ ရှတိုင်းမိုင်ယာ က သတိပေး စကား ပြောလိုက်ပါတယ်။
BBC Burmese

"ခရိုအေးရှား ၀-၁ ပေါ်တူဂီ"
* ကွာရက်ဇ်မာ - ၁၁၇မိနစ်
* Man of the Match - ရီနာတိုဆန်းချက်ဇ် ( ပေါ်တူဂီ)

အုပ်စုတွင်းမှာ ၃ပွဲသရေကျပြီး ဒီအဆင့်ကိုတက်လာတဲ့ ပေါ်တူဂီအသင်းဟာ ရှုံး ထွက်အဆင့်မှာ ခရိုအေးရှားနဲ့ အကြိတ်အနယ်ကစားခဲ့ပြီး ပင်နယ်တီအဆုံး အဖြတ်ကန်ခါနီးကျမှ ကွာရက်ဇ်မာရဲ့ နောက်ကျဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ် ကိုတက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး မိနစ်၉၀အတွင်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိသလို ကွင်းလယ်မှာသာအချိန်ကုန်နေခဲ့ပါတယ်။ အချိန် ပို ၁၅မိနစ်ပြီးတဲ့အထိ နှစ်သင်းစလုံးဂိုးပေါက်ကန်သွင်းတည့်မှုမရှိဘဲပြီးဆုံးခဲ့ ပါတယ်။ အချိန်ပို ဒုတိယပိုင်းမှာ ခရိုအေးရှားက ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ဂိုးရမလို ထိဖြစ်ခဲ့ပါတယ်။ ၁၁၆မိနစ်မှာ ပရာဆစ်ရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်သွား ခဲ့လို့ ပေါ်တူဂီကံကောင်းခဲ့ပါတယ်။ အဲ့ဒီဘောလုံးကပဲ ပေါ်တူဂီတန်ပြန်တိုက် စစ်ကနေ ရီနာတိုဆန်းချက်ဇ်တစ်ကိုယ်တော်ဆွဲသွားပြီး တိုက်စစ်ဆင်ရာက ရော်နယ်လ်ဒိုရဲ့ ကန်သွင်းချက်ကို ခရိုအေးရှားဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်ပါလာတဲ့ ကွာရက်ဇ်မာက ခေါင်းတိုက်သွင်းပြီး အနိုင်ဂိုးရယူခဲ့ပါတယ်။ ချက်ချင်းပဲ ခရိုအေးရှားက ချေပဂိုးရဖိုပ အခွင့်အရေးရခဲ့ပေမယ့် ဂိုးပေါက် လွဲခဲ့လို့ ပေါ်တူဂီက နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။


ရန်ကုန် ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်) ရပ်ကွက်၌ ဇွန် ၂၅ ရက် နံနက် ၈ နာရီက ရေမြောင်းပိတ်ဆို့နေမှု ကို မြို့နယ်မှတာဝန်ရှိသူများက လာရောက်ဖြေရှင်းညှိနှိုင်းပေး စဉ် အိမ်နီးချင်းနေသူနှစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့သည်။

စမ်းချောင်းမြို့နယ် လင်းလွန်း(မြောက်)ရပ်ကွက် စစ်ကိုင်း လမ်းထိပ်ရှိ ရေမြောင်းပိတ်ဆို့နေမှုကို ပြီးခဲ့သောလအတွင်းက မြို့နယ်မှတာဝန်ရှိသူများက ပြန်လည်ဖွင့်ပေးထားခဲ့သော်လည်း ယခုအခါ ယင်းမြောင်းကို ပြန်လည်ပိတ်ထားမှုဖြစ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ရေမြောင်းဖွင့်ခြင်း၊ ပိတ်ခြင်းအပေါ် တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ မဲဆန္ဒနယ်(၂)မှ ဦးသော်တာအောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးနှင့် လင်းလွန်းမြောက်/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က ယင်းမြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အနီးဝန်းကျင်နေသူများနှင့် နှစ်ဖက်ညှိနှိုင်းပေးနေစဉ် ဦးထွေးမြင့် (ခ) ဦးကျော်ထွန်း (၄၉ နှစ်)၏ အိမ်နီးချင်းဖြစ်သူ သီဟ(ခ)သန့်ဇင်(၂၃ နှစ်)က ဓားဖြင့်ဝင်ရောက်ထိုးခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ''အားလုံးရှေ့မှာဝင်ထိုးပြီး ထွက်ပြေးသွားတာ၊ အစက လက်သီး နဲ့ ထိုးတယ်လို့ထင်တာ၊ နောက်မှ ဓားနဲ့ထိုးမှန်း သိရတာ၊ ဓားက အိမ်သုံးစတီးဓား ဖြစ်မယ်ထင်တယ်၊ ထိုးတဲ့သူလက်ထဲမှာ အရိုးက ပြန်ပါသွားတယ်၊ ဓားသွားကတော့ စိုက်ကျန်ခဲ့တယ်''ဟု ဖုန်းဖြင့်ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ''နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေတော့မှ အခုလိုဖြစ်ရတာ၊ မွန်းလွဲ ပိုင်းကလည်း ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု သွားခဲ့ပါတယ်၊ မနက်ဖြန်ဆို လုပ်ငန်းပြန်စမှာပါ''ဟု ပြောသည်။

ဓားထိုးခံရသူ ဦးကျော်ထွန်း(ခ)ဦးမြင့်ထွေးအား မိသားစု နှင့်တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူ သီဟ(ခ)သန့်ဇင်အား စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးရာ ညနေ ၅ နာရီခန့်တွင် စမ်းချောင်းမြို့နယ်အတွင်း ဖမ်းဆီးနိုင် ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
https://www.facebook.com/MYANMAALINNNEWS/

"ဆွစ်ဇာလန် ၁ဂိုး-၁ဂိုး ပိုလန် "

*ရှက်ကီးလ်ရီ - ၈၂မိနစ် *ဘလာဇေကောစကီးလ် - ၃၉မိနစ်
*(ပင်နယ်တီအဆုံးအဖြတ်မှာ ပိုလန်က ၅-၄ဂိုးနဲ့နိုင်)
*Man of the Match - ရှက်ကီးလ်ရီ ( ဆွစ်ဇာလန်)

ရှုံးထွက်အဆင့်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲမှာ ဆွစ်ဇာလန်နဲ့ ပိုလန်တို့ တစ်ဖက်တစ်ဂိုး စီသရေကျခဲ့ပြီး အချိန်ပို၊ ပင်နယ်တီအပြီးမှာ ပိုလန်က အနိုင်ရခဲ့ပါတယ်။ ပိုလန်ဟာ ဒီပွဲမှာ ပထမပိုင်းကစားပုံကောင်းခဲ့ပြီး ဦးဆောင်ဂိုးလည်းသွင်းခဲ့ ပါတယ်။ ၃၉ မိနစ်မှာကွင်းလယ်ကစားသမား ဘလာဇေကောစကီးလ်က ပိုလန်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ပိုလန်ဟာ ခံစစ်ကိုအနည်းငယ်အသားပေးခဲ့ပြီး ဆွစ်ဇာလန်က ဖိကစားလာခဲ့ပါတယ်။ ဆွစ်ဇာလန်ဟာ ပထမပိုင်းထက်ပိုကောင်းခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပါတယ်။ ၈၂မိနစ်မှာ ကွင်းလယ်မှာခြေစွမ်းပြနေတဲ့ စတုတ်စီးတီးကွင်းလယ်လူ ရှကီးလ်ရီက အရည်အသွေးမြင့်တဲ့ ချေပဂိုးကို လှလှပပကန်သွင်းခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်နောက်ပိုင်း ဂိုးမသွင်းနိုင်ခဲ့ လို့ အချိန်ပို်ဆက်ကစားခဲ့ပါတယ်။ အချိန်ပိုမှာလည်းဆွစ်ဇာလန်ဟာအခွင့်အရေးရ ခဲ့ပေမယ့် အသုံးမချနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။ ပင်နယ်တီ မှာ ပိုလန်က ၅လုံးစလုံးဝင်အောင်ကန်သွင်းနိုင်ပြီး ဆွစ်ဇာလန်က ဒုတိယမြောက်ကန်တဲ့ ဂရားနစ်ဂျက်ကာရဲ့ ကန်သွင်းချက် တိုင်ထိလို့ ပိုလန်က ၅ဂိုး-၄ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကိုတက်နိုင်ခဲ့ပါတယ်။

"ဆွစ်ဇာလန် - ပိုလန် ပင်နယ်တီကန်သွင်းမှု"

Lichtsteiner ( ၀င်) 1 - 1 Lewandowski (၀င်)
Xhaka (တိုင်ထိ) 1 -2 Milik ( ၀င်)
Shaqiri (၀င်) 2 - 3 Kamil Glik (၀င်)
Schaer (၀င်) 3 - 4 Blaszczykowski (၀င်)
Rodriguez (၀င်) 4 - 5Krychowiak (၀င်)
(ပိုလန်က ၅-၄ဂိုးနဲ့အနိုင်ရခဲ့)

[youtube src="fVAfa6_oZSU"/]
ထိုင်းနိုင်ငံ နခွန်ပထုတ်ခရိုင်ကို ဒီနေ့သွားရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လမ်းဘေးက မြန်မာနိုင်ငံတော်အလံတွေ ကိုင်ဆောင်ပြီး အမေစုကျန်းမာပါစေဆိုပြီး ဆုတောင်းနှုတ်ဆက်နေတဲ့ မြန်မာတွေကို တွေ့လို့ စီးလားတဲ့ လုံခြုံရေးယာဉ်တန်း ရပ်ခိုင်းပြီး ဆင်းနှုတ်ဆက်ခဲ့ပါတယ်။

ဇွန် ၂၅ ရက် စန်ဖလန်မြို့ ပန်ချန်း ဘုန်ကြီးကျောင်းကို သွားရောက်ခဲ့ရာမှာ သတင်းရထားတဲ့ မြန်မာတွေက လမ်းဘေးကနေ ဒေါ်အောင်ဆန်းစုကြည် ကားတန်း ဖြတ်သွားစဉ် အမေစုလို့ အော်ဟစ်ပြီး ဆင်းတွေ့ဖို့ တောင်းဆိုခဲ့လို့ ဆင်းပြီး နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းမြန်မာ အများစုကပေးတဲ့ ပန်းစည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သလို မြန်မာတွေ အသက်ရာကျော်ရှည်ဖို့ ဆုတောင်းပေးတာကို ဒေါ်အောင်ဆန်းစုကြည်က အားလုံးလည်း အသက်ရာကျော်ရှည်ဖို့ ပြန်ဆုတောင်းပေးခဲ့ပါတယ်။ ဒါအပြင် အားလုံးကို လိမ်လိမ်မာမာ နေကြဖို့ ပြောဆိုခဲ့ပါတယ်။

“အမျိုးတို့ရေ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာတကယ်တွေ့လိုက်ရလို့ သေလို့ပျော်ပြီ”လို့ ရုပ်သံဖိုင်ကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့သူက ရေးသားထားပါတယ်။

ရုပ်သံ – မြိုင်ရာဇာ တွတ်ပီ
DVB TV News


kohtao-dassk-thai-620.jpg
ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင်ခရိုင်ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသား ၂ ဦးအမှု အကူအညီတောင်းခံနေစဉ်
Photo: Kyaw Zaw Win/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အကျဉ်း ကျနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး အမှုကို ဥပဒေကြောင်းအရ ကူညီသင့်တာကူညီပေးမယ် လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ပြောလိုက်ပါတယ်။

ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ်တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

"လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ရှေ့နေကတင်ပြတယ်၊ တင်ပြတော့ ဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တာတွေ၊ ကူညီသင့်တာတွေ ကူညီပေးမယ်လို့ အဲ့လောက်ပဲပြောသွားတယ်"

တွေ့ဆုံပွဲမှာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ ပညာသင်ကြားရေးကိစ္စတွေကို တင်ပြခဲ့ ကြပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ပညာရေးဖောင်ဒေးရှင်း၊ ဘန်ကောက် အလုပ် သမားများကွန်ရက် အပါအဝင် အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ် သမားအဖွဲ့အစည်း စုစုပေါင်း ၁၃ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

 yangheelee-lashio-trip-620.jpg လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee လားရှိုးမြို့ကို ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာစဉ်
Photo: Kan Thar/RFA

လားရှိုးမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Yanghee Lee ဟာ ကွတ်ခိုင်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် လုံခြုံရေးအခြေအနေ အရ ခရီးစဉ်ကိုဖျက်သိမ်း လိုက်ပါတယ်။

နယ်မြေလုံခြုံရေး အခြေအနေအရ မသွားသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြား ထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ် က ပြောပါတယ်။

Yanghee Lee ဟာ လားရှိုးမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒုတိယပြည်နယ်ရုံးမှာ တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ ပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA နဲ့ RCSS/SSA တို့အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေကိစ္စ၊ စစ်ဘေးဒုက္ခသည်အရေးကိစ္စနဲ့ ကောင်းခါးဒေသက ကျောင်းဆရာမနှစ်ဦး အသတ်ခံ ရမှုကိစ္စတွေကို မေးမြန်းခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ်က လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့တဲ့ အစ္စလာမ်မီးယား မိဘမဲ့ စာသင်ကျောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လားရှိုးမြို့ကို မရောက်ခင် မနက်အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလို တွေ့ဆုံရာမှာ ရှမ်းတိုင်းရင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို တင်ပြခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးစတဲ့ ကိစ္စရပ်တိုင်းမှာ ရှမ်းနဲ့ ကချင် မျိုးနွယ်စုတွေ အပါအဝင် ပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားတွေ အားလုံးတန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိစေရေးအတွက် အစိုးရထံတိုက်တွန်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့လည်း ဦးစိုင်းထွန်းရင်က ပြောပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မနေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို အရပ်ဘက်လူမှုအဖွဲ့အစည်း တချို့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
RFA


ဇွန်လ ၂၃ ရက်နေ့ကတည်းက ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဒီကနေ့ အဆုံးသတ် သွားပါပြီ။

ခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်အပါအ၀င် ထိုင်းအစိုးရ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တာတွေထဲမှာ အဓိက အကျဆုံး ကိစ္စကတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ဥပဒေနဲ့ အညီ အကာအကွယ် ရနိုင်ရေး ကိစ္စတွေပဲ ဖြစ်ပါတယ်။

သောကြာနေ့က ထိုင်းဝန်ကြီးချုပ် နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း၊ ဒီကိစ္စအပေါ် ထိုင်း ၀န်ကြီးချုပ်က ကတိပေးပြောဆိုတာတွေ ရှိခဲ့သလို၊ ထိုင်းနိုင်ငံတွင်း ဒုက္ခသည်စခန်းတွေ က မြန်မာနိုင်ငံ သားတွေ နေရပ် ပြန်နိုင်ရေး ကိစ္စလည်း ပြောဆိုတာတွေရှိပါတယ်။

ထိုင်းနိုင်ငံ မထွက်ခွာခွင် ဒီကနေ့ မှာတော့ - ထိုင်း စံပြကျေးရွာ တခု ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီကို အသွား လမ်းမှာ သူ့ကို စောင့်ဆိုင်း ကြိုဆိုနေကြ တဲ့ မြန်မာနိုင်ငံသား တွေကို တွေ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ယာဉ်တန်းကို ရပ်ခိုင်းပြီး၊ ကားပေါ်က ဆင်းပြီးတော့ မိနစ်အနည်းငယ်ကြာ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ အခြေစိုက် ပြီးတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက လူတွေနဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှာတွေ့ဆုံပြီး၊ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားထောင်ခဲ့သလို၊ သံရုံးအနေနဲ့ ကိစ္စ အတော်များများကို တာဝန်ယူ ဖြေရှင်း ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ ထိုင်းနိုင်ငံ တက္ကသိုလ်အသီးသီးမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ၊ ပညာသင်ယူနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ လည်းတွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲ အတွင်း မြန်မာနိုင်ငံ ပညာရေးအတွက် အကြံပေး ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည်ဟာ စနေနေ့ ညနေပိုင်း မှာတော့ မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

VOA Burmese News



ထားဝယ်လေဆိပ်၌ ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်အား တွေ့ ရစဉ် (ဓာတ်ပုံ-MNA)
    ရန်ကုန် ၊ ဇွန် ၂၅ ရက်

  တနင်္သာရီတိုင်း ဒေသကြီး  ထားဝယ် လေဆိပ်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၏ လေယာဉ်နှင့် မန်းရတနာပုံ လေကြောင်းလိုင်း၏ လေယာဉ်တို့သည် တောင်ပံချင်း ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း (MNA) လေကြောင်းလိုင်းမှ ယနေ့ ဇွန်လ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။


မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်-ထားဝယ် ခရီးစဉ်သို့ XY-AGQ (Embraer) လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲခဲ့ရာ ထားဝယ်လေဆိပ် Parking သို့ ဝင်ရာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်၏ ညာဘက် တောင်ပံ အောက်ခြေ (Right Hand Wing Leg) နှင့် လေဆိပ်၌ ရပ်နားထားသည့် မန်းရတနာပုံ လေကြောင်းလိုင်းမှ ATR 72-600 XY-AJP လေယာဉ်၏ ညာဘက် တောင်ပံ လေကြောင်းထိန်း ပဲ့ငယ် (Right Hand Wing Leading Edge) တို့ ထိခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန် ဖော်ပြထားသည်။

ထိုသို့ ထိခိုက်မှု ဖြစ်ပွားမှုကြောင့် ခရီးသည်များနှင့် လေယာဉ် အမှုထမ်း ဝန်ထမ်းများ ထိခိုက်မှုမရှိဘဲ ခရီးသွား ပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရန် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ နောက်ထပ် လေယာဉ်တစ်စင်းအား ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ စေလွှတ်ထားပြီး ပုံမှန် ပျံသန်း ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Myanmar National Airlines
https://www.facebook.com/MyanmarNationalAirlines


ထိုင်းနိုင်ငံ “တက်ခ်” နယ်စပ်ဒေသရှိ စခန်းတခုမှ အိုးပစ်အိမ်ပစ်ထွက်ပြေးလာကြရသော ဒုက္ခသည်များကို မူရင်းဒေသသို့ ပြန်ပို့ရေးကိစ္စအတွက် ပူးပေါင်းအလုပ်သဘောအုပ်စုတဖွဲ့ ထူထောင်ရန် ထိုင်ဝန်ကြီးချုပ် ပရာယွက်ချန်အိုရာက အဆိုပြုတင်ပြခဲ့သည်။


ထိုင်းနိုင်ငံအတွင်းရှိ သန်းနှင့်ချီရှိသော မြန်မာအလုပ်သမားများကို ကောင်းမွန်စွာစောင့်ရှောက်၍ အကာအကွယ်ပေးရန် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံအနေနှင့် ယင်းဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် အဆင့်သင့်မဖြစ်သေးပါကလည်း အတင်းအကြပ် ပြန်ပို့မည်မဟုတ်ကြောင်း ပူးတွဲသတင်းစာရှင်းပွဲတွင် ပရာယွက်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင်းသို့ တိမ်းရှောင်လာသူပေါင်း ၁၀၀၀၀၀ ကျော်ရှိပြီး ထိုင်းမြန်မာနယ်စပ် ပြည်နယ်လေးခုအတွင်းရှိ ဒုက္ခစခန်းကိုးခုတွင် ခိုလှုံနေကြရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ရာသီဥတုဆိုးဝါးမှုကြောင့် ရက်ချာဘူရီရှိ ဘန်ထန်ဟင်းဒုက္ခသည်စခန်းသို့ သွားရောက်မည့်အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။

“မြန်မာအလုပ်သမားတွေကို ဂရုတစိုက် ကူညီပြီး အကာအကွယ်ပေးနေတဲ့အတွက် ကျွန်မအနေနဲ့ထိုင်းနိုင်ငံကို ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ပြည်သူတွေအတွက် ထိုင်းနိုင်ငံက အလုပ်အကိုင်တွေ ဖန်တီးပေးနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

TWT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



(ဇွန်လ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင်ခရိုင်မှာ တွေ့ရစဉ်) Photo: Kyaw Zaw Win/RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တွေ့ဆုံပွဲကို စီစဉ်ခဲ့သူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မဟာချိုင်ခရိုင်က ခရိုင်မှူးအပါအဝင် အရာရှိ ၂၃ ယောက်ကို ထိုင်းဝန်ကြီးချုပ်အမိန့်နဲ့ ရာထူးကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ဘာကြောင့်ရာထူးကနေ ယာယီရပ်ဆိုင်းတယ်ဆိုတာကို မသိရှိရပေမယ့် မဟာချိုင်တွေ့ဆုံပွဲနဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ကော်မတီဝင် ဦးမင်းဦးက ပြောပါတယ်။

မနေ့က အမိန့်ထုတ်ပြန်ပြီး တာဝန်တွေကနေ ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ရာထူးကနေ ယာယီဖယ်ရှားခံထားရသူတွေထဲမှာ မဟာချိုင်ခရိုင်မှူးအပြင် ခရိုင်ဒုတိယ ဥပဒေ အရာရှိချုပ်၊ ခရိုင်အလုပ်သမား ဦးစီးမှူးနဲ့ ရဲမှူးတို့လည်း ပါဝင်ပါတယ်။ အဲ့ဒီအရာရှိ ၂၃ ယောက်ကို တစ်လအတွင်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးသွားမှာဖြစ်ပြီး တာဝန်လစ်ဟင်းတာ၊ အဂတိလိုက်စားတာတွေရှိကြောင်း စစ်ဆေးပေါ်ပေါက်ရင် အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်ကြေငြာစာမှာ ပါဝင်ပါတယ်။

ဇွန်လ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာချိုင်က မြန်မာနိုင်ငံသားအလုပ်သမားတွေ တွေ့ဆုံနိုင်ဖို့ ထိုင်းအစိုးရက စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှ တွေ့ခွင့်ရသူ အလုပ်သမား ၅ဝဝ လောက်ကိုသာ ခန်းမအပေါ်ထပ်ကို ဝင်ခွင့်ပြုခဲ့ပြီး သောင်းဂဏန်းရှိမယ့် ကျန်တဲ့အလုပ်သမားတွေဟာ မိုးရေထဲမှာ စောင့်ခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီအလုပ်သမားတွေကို စကားပြောမယ်လို့ ကြေညာခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး။

ဝင်ခွင့်မရတဲ့ အလုပ်သမားအများစုက အဲဒီနေ့ မနက်ကတည်းက မဟာချိုင်အပြင် တခြားမြို့တွေက လာကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ယဉ်တန်းလာချိန်မှာ လမ်းဘေးမှာ တန်းစီပြီး စောင့်ဆိုင်းခဲ့ကြတာပါ။ နေ့ခင်းပိုင်းမှာ စက်ရုံတွေက စီစဉ်တဲ့ အလုပ်သမားကားတွေကိုလည်း ဝင်ခွင့်မပေးပဲ ဝင်ရင်အားလုံးဝင်မယ် မဝင်ရဘူးဆိုရင် ဘယ်သူမှမ၀င်ရဘူးဆိုပြီး တားမြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်ပြီးမကြာမီ အလုပ်သမားတွေက လုံခြုံရေးအတားအဆီးတွေကို ဖယ်ရှားပြီး ခန်းမရှေ့မှာ စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နဲ့ ပန်းတနော်မြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနနဲ့ ယုဇနကုမ္ပဏီတို့က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်ကို ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ဧရာဝတီတိုင်းဝန်ကြီး ဦးမန်းဂျော်နီတို့က မူလတောင်သူ ၄ဝဝ နီးပါးထံ ဒီနေ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

စွန့်လွှတ်မြေတွေ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တိုးရွှေဝါခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ယုဇနကုမ္ပဏီက မြေဧက ၃ ထောင်ကျော်နဲ့ စက်မှုဝန်ကြီးဌာနက မြေဧက ၃ ထောင်ကျော်တို့ကို ပြန်လည်စွန့်လွှတ်ပေးတဲ့အတွက် တောင်သူတွေဆီ ပြန်အပ်တာဖြစ်တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက စီမံကိန်းတွေအတွက် သိမ်းယူထားပြီး အကောင်အထည် မဖော်သေးတဲ့ လယ်ယာမြေတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပြန်လည်စိစစ်ပြီး တောင်သူတွေဆီ ပေးအပ်သွားမယ်လို့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဖျာပုံမြို့နယ်နဲ့ ပန်းတနော်မြို့နယ်ထဲက မြေဧက ၆ ထောင်ကျော်ကို ယုဇနကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာတို့က လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမြေတွေကို ပြီးခဲ့တဲ့ဧပြီလအတွင်းက ပြန်လည်စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်း အစိုးရဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်သန်းနီးပါး ကျန်ရှိနေသေးတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ကိုယ့်မိခင်ကို ပြန်သတ်သည့် IS အစွန်းရောက် အဖွဲ့ဝင် အမွှာ နှစ်ဦး အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    ရီယာ့ဒ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

    IS အစွန်းရောက် အဖွဲ့ဝင် ဖြစ်သည့် ဆော်ဒီနိုင်ငံသား အမွှာညီအကို နှစ်ဦးသည် ၄င်းတို့၏ မိသားစုဝင် များအား တိုက်ခိုက်ခဲ့ပြီး မိခင်ကို ပြန်လည် သတ်ဖြတ်ခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇွန်လ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု နိုင်ငံပိုင် သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

ကာလစ်ဒ် နှင့် ဆလတ်ဒ် အမည်ရှိ အမွှာညီအကို နှစ်ဦးသည် ရီယာ့ဒ်မြို့ရှိ ၄င်းတို့၏ နေအိမ်၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ၄င်းတို့၏ ဖခင်နှင့် ညီအကို တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အမွှာညီအကို နှစ်ဦးသည် ၄င်းတို့၏ မိခင်အား စတိုခန်းထဲ၌ ပိတ်လှောင်ထားကာ သေဆုံးသည်အထိ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်သမား နှစ်ဦးအား အရုဏ်တက်ချိန်တွင် ဖမ်းမိခဲ့သော်လည်း  ထိုသို့ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ မသိရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် အနည်းငယ်အတွင်း အဆိုပါ ဖြစ်ရပ်မျိုးကဲ့သို့ IS တပ်ဖွဲ့ဝင်များက ၄င်းတို့၏ မိသားစုဝင်များကို ပြန်လည် သတ်ဖြတ်ခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


တောင်ကိုရီးယားနိုင်ငံ၊ ဂင်ဟဲမြို့ရှိ Nonghyup Bank တွင် မြန်မာ အလုပ်သမားတစ်ယောက် ငွေထုတ်နေစဉ် လုယက်ခံရမှုကို ကိုရီးယား ရဲတပ်ဖွဲ့က ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ထားသောကြောင့် မြန်မာအဖွဲ့များနှင့် ပူးပေါင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံမှ မြန်မာ
အလုပ်သမားသံအရာရှိ ဦးတင်ဝင်းထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၂ ရက်၊ ည ၁၀း၀၀ နာရီခန့်က ဂင်ဟဲမြို့ Nonghyup Bank တွင် မြန်မာအလုပ်သမားတစ်ဦး ငွေထုတ်နေစဉ် အရက်သောက်သုံး ထားသော ကိုရီးယားနိုင်ငံသားသုံးဦးက အနောက်မှဝင်၍ လည်ပင်းညှစ်ခဲ့ပြီး လက်သီးဖြင့်ထိုးကာ ၎င်း၏ဖုန်းနှင့် ပိုက်ဆံအိတ်ကိုလုယူခဲ့ကြောင်း သိရသည်။

“လုယက်ခံရတဲ့ မြန်မာအလုပ်သမားက ရဲစခန်းမှာအမှုဖွင့်ထားတယ်။ ကျွန်တော်တို့လည်း လိုအပ်တာကူညီပေး ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအမှုပေါ်မှာ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ရမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။ လိုအပ်ရင်လိုအပ်သလို ပါဝင်ရမှာပေါ့ဗျာ”ဟု ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးတင်ဝင်း က ပြောသည်။

၎င်းတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ် ကိုရီးယားရဲရောက်ရှိလာပြီး ကိုရီးယားနိုင်ငံသားသုံးဦးက မြန်မာအလုပ်သမားကို လည်ပင်းညှစ် ပြီးဖမ်းဆီးထားကာ မြန်မာအလုပ်သမားက ဘဏ်ဖောက်ထွင်းရန်
ပြုလုပ်နေစဉ် ဖမ်းဆီး ပေးထားခြင်းဖြစ်သည်ဟု ကိုရီးယားလူမျိုးများက ဦးစွာတိုင်ကြားထားသည်။

ယင်းအဖြစ်အပျက်ကိုသိရှိသူမြန်မာတစ်ဦးက အနီးရှိဓမ္မယာန ဘုန်းကြီးကျောင်းသို့ ထပ်မံဖုန်းဆက်ရာ ဘူဆန်မြို့ ဘူဂယောင်း တက္ကသိုလ်တွင်တက်ရောက်သော ကိုရာဇာရှိန်းနှင့် မြန်မာအလုပ်သမား
များမှာ အခင်းဖြစ်ပွား ရာနေရာသို့ လိုက်သွားခဲ့ကြောင်း သိရသည်။

“မြန်မာအလုပ်သမားကောင်လေးက ကျွန်တော်တို့ဓမ္မယာနဘုန်းကြီးကျောင်း မှာ အလုပ်ရှာရင်းတည်းခိုနေတဲ့သူ ပါ။ ကျွန်တော်ရောက်သွားတော့ ရဲအရာရှိကိုကျောင်းသားကတ်ပြပြီး ကျွန်တော် မြန်မာတွေကိုအမှုကိစ္စတိုင်း ဘာသာပြန်ကူညီပေးနေကျ ကျောင်းသားတစ်ယောက်ပါ။ ဒီကောင်လေး အဲ့လိုလူမျိုးမဟုတ်ပါဘူး။ သူ့ကိုဖမ်းရင် ကျွန်တော်ပါလိုက်မယ်ဆိုပြီး ၀င်ပြောပါတယ်။ ရဲစစ်နေတုန်းမှာကို မူးနေတဲ့ ကိုရီးယားသုံးယောက်က ကျွန်တော့်ကိုစိန်ခေါ်ပြီး ထိုးမယ်၊ ကြိတ်မယ်လုပ်ပါတယ်”ဟု ကိုရာဇာရှိန်းကပြောသည်။

ဂင်ဟဲမြို့ရဲစခန်းတွင် မြန်မာအလုပ်သမား၏ လွယ်အိတ်အတွင်း ပါရှိသော ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဘဏ်ဖောက်ထွင်းရန် မည်သည့် လက်နက် ကိရိယာမှမပါရှိဘဲ ဖုန်းနှင့် စာအုပ်တစ်အုပ်သာ ပါရှိပြီး အခြားလိုအပ်သည့် ကွန်ပျူတာ၊ မန်မိုရီစတစ်၊ ဘဏ်ကတ်နှင့် ဆော့ဖ်ဝဲလ်များ မပါရှိကြောင်း သိရသည်။

“နိုင်ငံခြားသားအမူမှန်သမျှ ရှုံးတာများပါတယ်။ အလုပ်သမားဘက် က နောက်ခံကောင်းကောင်း မားမားရပ်တည် ပေးဖို့ လိုပါတယ်။ သံရုံးကအစပေါ့။ နောက်ဆုံး မသင်္ကာမှုနဲ့ မြန်မာပြည်ပြန်ပို့နိုင်တယ်။ ကိုရီးယားမှာလည်း စား သောက်နေထိုင်ဖို့ခက်ခဲလာလို့ လူသတ် လုယက်မူတွေ အရင်ကထက်များနေပါတယ်”ဟု ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော ကိုမိုးဇော်အောင်ကပြောသည်။

ဘူဆန်နိုင်ငံခြားအလုပ်သမားကူညီပေးရေးစင်တာက လက်ရှိတွင် ကာယကံရှင်များနှင့် အမှုအတွက် တိုင်ပင် လုပ်ဆောင်နေကာ ဂင်ဟဲမြို့ရဲစခန်းမှ ခိုက်ရန်ဖြစ်ပွားမှုဖြင့် အမှုဖွင့်ထားပြီး အမှု အတွက် နှစ်ဖက်စစ်ချက်များ ရယူ၍ အမှုကိုဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies