06/27/16

"ဘယ်ဂျီယံ ၄ဂိုး-ဂိုးမရှိ ဟန်ဂေရီ"

*အယ်ဒါဗဲးဒါးလ် - ၁၀မိနစ်
*Batshuayi - ၇၈မိနစ်
*ဟာဇက် - ၈၀မိနစ်
*ကာရက်စ်ကို - ၉၁မိနစ်
*Man of the Match - ဟာဇက် ( ဘယ်ဂျီယံ)

ဒီကနေ့ရဲ့ နောက်ဆုံးပွဲမှာတော့ ဘယ်ဂျီယံအသင်းဟာခြေစွမ်းပြပြီး ဟန်ဂေရီ ကို ဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်ကိုတက်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာနှစ်သင်းစလုံး ဖွင့်ကစားခဲ့လို့ အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ဘယ်ဂျီယံ ဂိုးသွင်းခွင့်တွေတော်တော်ရခဲ့ပါတယ်။ အသုံးမချနိုင် သလို ဟေဂေရီဂိုးသမားကလည်း အကောင်းဆုံးလက်စွမ်းခဲ့လို့ ဂိုးမရခဲ့တာပါ။

၁၀မိနစ်မှာတော့ ဘယ်ဂျီယံရဲ့ ပြစ်ဒဏ်ဘောကနေ နောက်ခံလူ တိုဘီအယ်ဒါဗဲဒါးလ်က ခေါင်းတိုက်သွင်းယူခဲ့ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာလည်း ဂိုးသွင်းခွင့်တွေတော်တော်ရခဲ့ပါတယ်။ ဒုတိယပိုင်း မှာ ဘယ်ဂျီယံ ကစားအားအနည်းငယ်ချခဲ့လို့ ဟန်ဂေရီအခွင့်အရေးတစ်ချို့ရခဲ့ ပါတယ်။

ဒါပေမယ့် ၇၈မိနစ်မှာ ဘယ်တောင်ပံကနေ ခြေစွမ်းပြနေတဲ့ ဟာဇက် ပေးတာကနေ လူကာကူအစားလူစားဝင်လာတဲ့ Batshuayi က လူစားဝင်ပြီး ၂မိနစ်အကြာမှာ ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ ဆက်တိုက်ပဲ ဘယ်ဂျီယံဖိထားပြီး ၈၀မိနစ်မှာ ဟာဇက်က တစ်ကိုယ်တော်ဆွဲပြီး ဧရိယာထိပ် ကနေ အပြင်းကန်သွင်းပြီး တတိယဂိုးရယူခဲ့ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ ကာရာဆစ်က နောက်ထပ်တစ်ဂိုးသွင်းခဲ့လို့ ဘယ်ဂျီယံက ၄ဂိုးမြောက်ရခဲ့ပါတယ်။ ဒါကြောင့် ဘယ်ဂျီယံဟာဂိုးပြတ်နိုင်ပြီး ကွာတားဖိုင်နယ်ကိုတက်နိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဘယ်ဂျီယံဟာ ဝေးလ်စ် အသင်းနဲ့ ကွာတားဖိုင်နယ်မှာရင်ဆိုင်ရမှာဖြစ်ပါတယ်။

BBC Burmese


dassk-thai-worker-620.JPG
ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည် ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက်ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ခွင့်မတိုင်ကြားဘဲ တစ်ရက်ပျက်ကွက်တာကို အလုပ်ကနေ ထုတ်ပယ်တာဟာ ထိုင်းဥပဒေတွေအရ အကျုံးမဝင် ဘူးလို့ အဲ့ဒီအလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေး မဟာမိတ်ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်း က ပြောပါတယ်။

"သူတို့ကလည်း ပြုတ်ရင်လည်းပြုတ်ပစေဆိုပြီးတော့ အဲ့ဒီသဘောပါ၊ သူတို့ အမေစုကို တွေ့ချင်တဲ့စိတ်နဲ့ သွားတယ်၊ အလုပ်ရှင်ကလည်း သူကခွင့်မပေးဘူးလေ၊ သူ့တို့ဟာသူတို့ သွားတယ်ဆိုတော့ ၁၆ ယောက် အလုပ်ဖြုတ်လိုက်တယ်၊ အလုပ်တစ်ရက်နားတာကို ဖြုတ်တဲ့အတွက် ကတော့ဘောင်မဝင်ဘူး၊ သုံးရက်ဆက်တိုင်နားတယ်ဆိုရင်တော့ ဒါကတော့ ထိုင်းဥပဒေမှာ သုံးရက်ဆက်တိုက်နားရင်တော့ အလုပ်ရှင်ဘက်ကနေ အလုပ်ဖြုတ်ခွင့်ရှိတယ်၊ တစ်ရက်လောက်နားတာကို ဖြုတ်တယ်ဆိုတာတော့ လက်မခံဘူးလေ၊ အဲ့အတွက် ထိုင်းဥပဒေအတိုင်း ကျနော်တို့က သူတို့အတွက် အမှုရင်ဆိုင်ပေးသွားမှာပါ"

အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမား ၄၈ ယောက်ဟာ မဟာချိုင် ပန်ဖူယိုင်ရပ်ကွက်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သွားပြီးနောက်တစ်နေ့မှာ အလုပ်ရှင်က အလုပ်ကနေ ထုတ်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ရာ မြန်မာအလုပ်သမား သောင်းနဲ့ချီ လာရောက် စောင့်ဆိုင်းခဲ့ပေမယ့် ထိုင်းအစိုးရက ရွေးထုတ်ထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။
RFA

ကမ္ဘောဒီးယားကဲ့သို့ ဆင်းရဲသော စိုက်ပျိုးရေးနိုင်ငံတစ်ခုတွင် အဓိကအတိုက်အခံ ခေါင်းဆောင်က ပြင်သစ်နိုင်ငံ ပါရီမြို့ အီဇယ်လ်မျှော်စင်အနီး တိုက်ခန်းတစ်ခုတွင် ထိုင်နေပါက နိုင်ငံအား အာဏာရှင် ခေါင်းဆောင်တစ်ဦးက အုပ်ချုပ်ရန် ပိုမိုလွယ်ကူကြောင်း ကမ္ဘောဒီးယားနိုင်ငံအား အနှစ် ၃၀ ကျော် အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဟွန်ဆန်က သရော်ပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်ဆီသည် ၂၀၀၈ နှင့် ၂၀၁၃ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြန်လာခွင့်ရခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အချိန်ထက်ဝက်ခန့်သာ ပြည်တွင်းတွင် နေထိုင်ခဲ့သည်။ မစ္စတာရိန်ဆီသည် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းကိုယ်ကိုယ် နှိုင်းယှဉ် ပြောကြားခဲ့သည်။ ယမန်နှစ်က အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပသို့ ထွက်ခွာခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက် မတိုင်မီ ၆ ရက်အလိုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်ဆန် ကမူ မစ္စတာရိန်ဆီ ပြည်ပထွက်ခွာခြင်းနှင့် ပတ်သက်၍ “သူ့ကိုယ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တန်းတူလို့ သတ်မှတ်လို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်ရင် ထောင်အနှစ် ၂၀ လောက် ကျခံသင့်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ သူက ငကြောက်ပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော် ကမ္ဘောဒီးယား အတိုက်အခံ CNRP ပါတီခေါင်းဆောင် ဆမ်ရိန်ဆီက ယင်းအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ခြင်း ယခုရက်ပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းခဲ့သည်။
၎င်းအား ထိုသို့ နှိုင်းယှဉ်ခြင်း မပြုရန် သူ့အား ထောက်ခံသူများကို တောင်းဆိုလိုက်ခြင်း ဖြစ်သညည်။

ဆမ်ရိန်ဆီသည် ပါတီဘဏ္ဍာငွေရှာဖွေရေး အမေရိကန်ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် တနင်္ဂနွေနေ့က မက်ဆာချူးဆက်ပြည်နယ်၊ လိုဝယ်ဒေသ၌ ကမ္ဘောဒီးယား- အမေရိကန်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆမ်ရိန်ဆီက အကျဉ်းကျခံရမည်ကို ကြောက်ရွံ့သဖြင့် ကမ္ဘောဒီးယားသို့ မပြန်ခြင်း မဟုတ်ဘဲ အကျိုးမဲ့ အသတ်ခံရမည်ကို စိုးရိမ်သဖြင့် မပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်အား ထိပ်တိုက်ရင်ဆိုင်မှု မပြုခြင်းနှင့်ပတ်သက်၍ “ကျွန်တော် အဖမ်းခံရမှာ မကြောက်ပါဘူး။ အကျိုးမဲ့သေရမှာပဲ ကြောက်တာပါ” ဟု ပြောကြားခဲ့သည်။

မစ္စတာ ရိန်ဆီအား ထောင်ဒဏ်ချမှတ်ထားသည့် အမှုဟောင်းတစ်ခုအတွက် ဖမ်းဆီးရန် အစိုးရက စီစဉ်လာသဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ၄င်း၏ ပြင်သစ်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ သို့သော် ၄င်းပါတီ၏ ဒုခေါင်းဆောင် ကမ်ဆိုခါက နိုင်ငံအတွင်း ဆက်လက်နေထိုင်ပြီး အစိုးရ၏ ဖမ်းဆီးရန် ကြိုးပမ်းမှုကို ငြင်းဆန်တွန်းလှန်ခဲ့ချိန်တွင် ဆမ်ရိန်ဆီက ပြည်ပသို့ ထွက်ခွာခဲ့သဖြင့် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည်။

ဆမ်ရိန်ဆီက ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာရန် ယင်း၏ ဆုံးဖြတ်ချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ၁၅ နှစ် ကြာ ကျခံရန် ရွေးချယ်ခဲ့မှုတို့ကို နှိုင်းယှဉ်ခြင်းမပြုရန် မီဒီယာများနှင့် ထောက်ခံသူများကို “ဆမ်ရိန်ဆီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနှိုင်းယှဉ်ပါနဲ့။ အထူးသဖြင့် ကမ္ဘောဒီးယားနဲ့ မြန်မာကို မနှိုင်းယှဉ်ပါနဲ့ မြန်မာတွေက အတူတကွ ဆွေးနွေးကြ၊ မျိုးချစ်စိတ်ရှိကြပြီး အဖြေကို အေးအေးချမ်းချမ်း ရှာဖွေပါတယ်။ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိဘဲ နေအိမ်အကျယ်ချုပ်ပဲ ထားခဲ့တာပါ။ သူတို့ လုပ်ကြံဖို့ကိုလည်း အကြိတ်အနယ် မကြိုးစားခဲ့ပါဘူး” ဟု ပြောကြားသည်။

မစ္စတာဆမ်ရိန်ဆီက ဗီယက်နမ်နိုင်ငံ၏ နယ်မြေကျူးကျော်မှုများ၊ တရားမ၀င် ခိုးဝင်မှုများ၊ ကမ္ဘောဒီးယားအစိုးရ၏ ဗီယက်နမ်နှင့် ရင်းနှီးမှုတို့ကြောင့် ယင်းရင်ဆိုင်ရသည့် အခြေအနေမှာ ကွဲပြားခြားနားသည်ဟု ပြောကြားသည်။

CNRP ဒုခေါင်းဆောင် မစ္စတာဆိုခါ ဖနွမ်းပင်ရှိ ပါတီဌာနချုပ် အဆောက်အအုံအတွင်း ရှိနေသည်မှာ တနင်္ဂနွေနေ့ဆိုလျှင် တစ်လပြည့်ပြီဖြစ်သည်။ ယင်းအား ဖမ်းဆီးရန် အစိုးရက ထပ်မံ ကြိုးပမ်းလာပါက ကာကွယ်တားဆီးရန် CNRP ထောက်ခံသူများက ဌာနချုပ် အဆောက်အအုံတွင် စုရုံးလျက်ရှိသည်။

မစ္စတာ ဆိုခါအား ဌာနချုပ်ရုံးရှေ့တွင် ဖမ်းဆီးရန် ရဲတပ်ဖွဲ့က မေ ၂၆ တွင် ကြိုးပမ်းခဲ့သော်လည်း ယင်းက ပါတီရုံးအတွင်း ဘေးကင်းစွာ ပြန်ဝင်နိုင်ခဲ့သည်။ မစ္စတာ ဆိုခါက ဖမ်းဆီးခံရရန် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ကမ္ဘောဒီးယား ပြည်တွင်းတွင်သာ ဆက်လက်နေထိုင်သွားမည်ဟု ကတိပြုထားသည်။

အတိုက်အခံခေါင်းဆောင်များအား ဖမ်းဆီးရန် အစိုးရက ကြိုးပမ်းနေသည့် ဖြစ်စဉ်တွင် ကြားဝင်ဖြန်ဖြေပေးရန်အတွက် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမိုနီထံ တိုက်ရိုက်အသနားခံစာ တင်သွင်းရန် စီစဉ်နေသည်ဟု CNRP ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ယင်ဆိုဗန်က ပါတီရုံးရှေ့၌ ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

အတိုက်အခံပါတီဝင်များ အဖမ်းခံနေရစဉ် ဆမ်ရိန်ဆီက ပြည်ပ သို့ ပြေးခြင်း ယခုဖြစ်ရပ်က ပထမဆုံးမဟုတ်ပေ။ ၂၀၀၆ ဒီဇင်ဘာတွင် မစ္စတာရိန်ဆီသည် ၀န်ကြီးချုပ် ဟွန်ဆန်အား အသရေဖျက်မှုဖြင့် ဖမ်းဆီးခံရရန် ကြုံရချိန်တွင် ပြင်သစ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ကမ္ဘောဒီးယားသို့ ဘုရင်၏ လွှတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လပ်စွာ ပြန်လာခွင့်ရချိန်အထိ နေထိုင်ခဲ့သည်။

“လူမှုတရားမျှတရေးအတွက် လွတ်လပ်သော ရဟန်းတော်များကွန်ရက်” မှ ဘုန်းတော်ကြီး ဘန်တန်က မစ္စတာရိန်ဆီနှင့် မစ္စတာဆိုခါ တို့သည် ၀န်ကြီးချုပ် ဟွန်ဆန်အစိုးရအား ဆန့်ကျင်ရာတွင် ကွဲပြားခြားနားသည့် ပုံစံရှိသည်ဟု ပြောကြားခဲ့သည်။

“ဆမ်ရိန်ဆီက နိုင်ငံရေးလုပ်လာတာ ၀ါရင့်နေပြီဖြစ်တဲ့အတွက် အကျိုး မရှိဘဲ အဖမ်းမခံချင်ပါဘူး။ အဖမ်းခံ၊ ထောင်ကျခံရရင် ဘာမှမလုပ်နိုင်တဲ့ အတွက် အဓိပ္ပာယ်မရှိဘူးလို့ သူ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာ တွေ့ရပါတယ်” ဟု ဘုန်းတော်ကြီးဘန်တန်က ပြောကြားသည်။

KHTun

Ref - Khmer Times
The Ladies News Journal

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဆင်းရဲဆုံး နိုင်ငံများအား ကူညီရန် ကမ္ဘာ့ဘဏ်က ဖွဲ့စည်းထားသည့် IDA အဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ့ ကျေးရွာများ၏ အခြေအနေအား ဂရုပြု ထည့်သွင်းစဉ်းစားရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျေးရွာတွေမှာ လျှပ်စစ်မီး မလုံလောက်တဲ့အတွက် နေ၀င်ရင် အမှောင်ထဲမှာ နေရပါတယ်။ ကလေးတွေက အာဟာရချို့တဲ့နေပြီး ပညာရေးလည်း မကောင်းပါဘူး။ လူငယ်တွေက နိုင်ငံခြားသွားပြီး အလုပ်လုပ်နေရတဲ့အတွက် ရွာတွေမှာ လူငယ်ရှားပါးလာပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ဆိုတာ ခက်ခဲတဲ့ လုပ်ငန်းဖြစ်ပြီး ကျွန်မတို့အားလုံး ပါဝင်မှ ဖြစ်မှာပါ” ဟု ပြောကြားခဲ့သည်။

IDA ၏ သုံးနှစ်စီမံကိန်း ကူညီထောက်ပံ့မှု အစီအစဉ်များ၏ လက်ရှိအစီအစဉ်ကို IDA 18 ဟု အမည်ပေးထားပြီး ၂၀၁၆ နှစ်ကုန်အထိ လုပ်ငန်းကာလ သတ်မှတ်ထားသည်။ ယခု ရက်သတ္တပတ်အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့သည့် IDA ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး စုစုပေါင်း လေးကြိမ်ပြုလုပ်ရန် ရည်မှန်းထားသည်။

IDA ကိုယ်စားလှယ်များအနေဖြင့် ကျားမတန်းတူ အခွင့်အရေး ရရှိရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ပဋိပက္ခများ၊ အလုပ်အကိုင်နှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်း မြှင့်တင်ရေး ဆိုသည့် ကဏ္ဍ ငါးခုတွင် IDA ၏ ကူညီထောက်ပံ့မှုများ ထိရောက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က IDA-18 အစီအစဉ်များမှာ မြန်မာနိုင်ငံအနေနှင့် ကိုက်ညီနေသည်ဟု ဆိုသည်။

“ကျွန်မတို့ရဲ့ ပြည်သူတွေ ရှင်သန်ရပ်တည်ဖို့အတွက် အခြားအဖွဲ့အစည်းနဲ့ လူတွေအပေါ် မှီခိုနေရတဲ့ အခြေအနေကနေ လွတ်ကင်းစေဖို့ ရှင်တို့နဲ့ လက်တွဲ ဆောင်ရွက်သွားမှာပါ။ ကျွန်မတို့ရဲ့ ပြည်သူတွေ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုး ရှိစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံသည် IDA က လက်ရှိ ထောက်ပံ့နေသည့် နိုင်ငံ ၇၇ နိုင်ငံတွင် တစ်နိုင်ငံအဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံအတွင်း ကျေးရွာ ငါးထောင်ခန့်ရှိ ပြည်သူ သုံးသန်းခန့်မှာ IDA ၏ အထောက်အပံ့ဖြင့် စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် လမ်းများအပါအ၀င် အခြေခံ အဆောက်အအုံများ၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၏ အကျိုးကျေးဇူးများကို ခံစားရသည်ဟု ဆိုသည်။

IDA သည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံများအား ထောက်ပံ့မှုပေးနေသည့် အကြီးမားဆုံး အဖွဲ့အစည်းဖြစ်ကာ ပြီးခဲ့သည့် သုံးနှစ်အတွင်း နှစ်စဉ်ကူညီထောက်ပံ့မှု ပျမ်းမျှဒေါ်လာ ၁၉ ဘီလီယံခန့် ရှိခဲ့သည်။ ဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၅ ကာလအတွင်း IDA သည် ကမ္ဘာတစ်ဝန်းတွင် ဆရာ ငါးသန်းကျော်ကို ခန့်အပ်သင်တန်းပေးခြင်း၊ လူ သန်း ငါးဆယ်အတွက် ရေထောက်ပံ့ခြင်း၊ လူသန်း လေးရာအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကလေးငယ် သန်း ၂၀၀ ကျော်အား ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ ပြုလုပ်ခဲ့သည်။

KHTun
Photo - DVB TV News
The Ladies News Journal


သူတို့တွေအမျိုးချစ်တယ်လို့ ပြောနေတဲ့
အဘတွေ... အဲဒီနိုင်ငံလာသွားတယ်..

အဲဒီနိုင်ငံကပြတာတွေလိုက်ကြည့်တယ်
အဲဒီနိုင်ငံက စီစဉ်တဲ့အတိုင်းမြောပါသွားတယ်

အဲဒီနိုင်ငံမှာကျွန်ခံနေတဲ့..
မြန်မာဘယ်နှစ်သန်းရှိနေသလဲ..
ဘယ်လိုနေထိုင်စားသောက်နေကြသလဲ.
ဘယ်လိုဖိနှိပ်ခံရသလဲ..

တစ်ခွန်းမှမမေးဘူး..
သေချာမသိသွားဘူး..
စိတ်လဲမ၀င်စားကြဘူး

---------------------------

သူတို့တွေအမျိုးချစ်တယ်လို့ပြောနေတဲ့
အဘ သားသမီးတွေ အဲဒီနိုင်ငံလာသွားတယ်..

အဲဒီနိုင်ငံက ကုမ္မဏီတွေနဲ့ချိတ်ပြီး..
ကိုယ်ကြိုးစီးပွားအတွက်ပဲ လုပ်သွားကြတယ်..

ဒါပေမဲ့.အဲဒီနိုင်ငံမှာကျွန်ခံနေတဲ့
မြန်မာလူမျိုးတွေ ဘယ်လောက်
ချွတ်ခြုံကျနေသလဲ ဆိုတာ..
စိတ်မ၀င်စားခဲ့ကြဘူး..

----------------------------

သူတို့တွေအမျိုးချစ်တယ်လို့ပြောနေတဲ့
အဘ တွေရဲ့မိန်းမတွ အဲဒီနိုင်ငံလာသွားတယ်..

အဲဒီနိုင်ငံက ဘဏ်တွေမှာ..
သူတို့ပိုက်ဆံတွေကိုအပ်ကြတယ်..
အဲဒီနိုင်ငံမှာ အိမ်တွေဝယ်ကြတယ်..

ဒါပေမဲ့အဲဒီနိုင်ငံမှာကျွန်ခံနေတဲ့
မြန်မာလူမျိုးတွေ ဘယ်လောက်
ဆင်းရဲဒုက္ခရောက်နေတယ်..
လုပ်အားခတွေဘယ်လောက်
ခေါင်းပုံဖြတ်ခံရတယ် ဆိုတာ..
ယောင်လို့တောင် မလေ့လာကြဘူး..

-----------------------

သူတို့တွေအမျိုးချစ်တယ်လို့ပြောနေတဲ့
အဘတွေရဲ့ဆွေမျိုးတွေ နဲ့
ပတ်သက်ရာပတ်သက်ကြောင်းတွေ..
အဲဒီနိုင်ငံလာသွားတယ်..

အဲဒီနိုင်ငံကကျောင်းအကောင်းစားတွေတက်ကြတယ်
အဲဒီနိုင်ငံတွေက ဆေးရုံအကောင်းစားတွေမှာ
ကုသကြတယ်..
အဲဒီနိုင်ငံက shopping Centre တွေ
Plaza ကြီးတွေမှာဈေးဝယ်ကြတယ်
ပိုက်ဆံတွေဖြုန်းကြတယ်..

အဲဒီနိုင်ငံမှာကျွန်ခံနေတဲ့
မြန်မာလူမျိုးတွေ ဘယ်လောက်အထိ
ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ..
ထိခိုက်နေသလဲ..၊ အခွင့်အရေးတွေ
ဘယ်လောက်ဆုံးရှုံးနေသလဲဆိုတာ..
ဘယ်သူမှ အရေးတယူ မကြည့်ကြဘူး..

-----------------

သူတို့တွေ အမျိုးမချစ်ဘူးလို့စွတ်စွဲနေတဲ့
အမယ်အိုကြီးတစ်ယောက်..
အဲဒီနိုင်ငံကိုလာသွားတယ်...

အဲဒီနိုင်ငံမှာရှိနေတဲ့ မြန်မာအမျိုးသား
တိုင်းရင်းသားသန်းချီ အတွက်..
အစွမ်းရှိသလောက်လုပ်သွားတယ်..

အဲဒီနိုင်ငံခေါင်းဆောင်တွေကို..
ရဲရဲရင့်ရင့် တောင်းဆိုတယ်..
ထောက်ပြတယ်..

အဲဒီနိုင်ငံမှာ နေထိုင်နေတဲ့..
မြန်မာ..လို့ ခြုံပြီးခေါ်ကြတဲ့..
တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မ
အမျိုးသားအားလုံးကို..
အိမ်ရှင်နိုင်ငံသားတွေနည်းတူ
တန်းတူအခွင့်အရေးရဖို့
အုတ်မြစ်ချသွားတယ်..

မိခင်မြေနဲ့ဝေးနေကြတဲ့..
မြန်မာတွေကို...
အားမငယ်ကြဖို့ အတန်တန်အားပေးသွားတယ်..

---------------------

အဲဒီမှာ စတွေ့တာပဲ..

ဘယ်သူကကိုယ့်လူမျိုးနဲ့နိုင်ငံသားတွေ့ကို.
အမှန်တကယ်ချစ်သလဲ..

ဘယ်သူက အမျိုးဂုဏ်ဇာတိဂုဏ်...
မြင့်မားအောင် လုပ်သလဲ..

ဒါအဖြေပဲ..

မျိုးချစ်လို့ပါးစပ်ကတွင်တွင်အော်ပြီး
သုံးစားလို့မရတဲ့သူတွေကိုပြောချင်တယ်....

ဒီနေ့ကစပြီး..
ခင်ဗျားတို့တွေ.. ကိုယ့်ကိုယ်ကို..
မျိုးချစ်တယ် အမျိုးစောင့်တယ်လို့..
ထပ်မပြောကြနဲ့တော့ဗျာ..

ခင်ဗျားတို့မရှက်ပေမဲ့ ကျွန်တော်ရှက်တယ်..

ဒါပါပဲ

( Pa Yit)

 sittawe-rohingya-agains-620.JPG အစိုးရက "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဇွန်လ ၂၆ ရက်နေ့က စစ်တွေမြို့ အတုလမာရဇိန်ဘုရားကြီးသိမ်မှာ ရဟန်းသံဃာတွေနဲ့ ဒေသခံတွေ အစည်းအဝေးကျင်းပစဉ်
Photo: Than Tun (facebook)

အစိုးရက "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ရဟန်းသံဃာတော်တွေ၊ ဒေသခံလူထုတွေက ကန့်ကွက်လိုက်ကြပါတယ်။

စစ်တွေမြို့ အတုလမာရဇိန်ဘုရားကြီးသိမ်မှာ ရဟန်းသံဃာတွေနဲ့ ဒေသခံတွေ ၈ဝဝ လောက် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်စလင်တွေကို "ဘင်္ဂါလီ"လို့သာခေါ်ဝေါ်သုံးနှုန်းဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေ အပေါ်မှာလည်း အစိုးရက"ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ"ဆိုပြီးသုံးနှုန်းဖို့ ဆုံးဖြတ်ထားတာကို ကန့်ကွက်ကြောင်းနဲ့ "ရခိုင်လူမျိုး"လို့သာ သုံးနှုန်းဖော်ပြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရထံ တစ်ပတ်အတွင်း စာပေးပို့သွားမှာဖြစ်သလို ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ အိမ်တိုင်းစေ့ ကန့်ကွက်တဲ့ စာလုံးတွေကပ်တဲ့ လှုပ်ရှားမှုတွေကို ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ် လို့လည်း သိရပါတယ်။
RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.