07/09/16


ဇူလိုင် ၉။

ရန်ကုန်ုမြို့တော် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကို လမ်းပန်း ဆက်သွယ်ရေးကျွမ်းကျင်ပညာရှင်တွေနဲ့ အဓိကထည့်သွင်း ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

 ဒီအဖွဲ့မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကနာယက၊ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဌနဲ့ ရန်ကုန် ဘတ်စ်ကားအများနဲ့သက်ဆိုင်သောကုမ္ပဏီဥက္ကဌ ဒေါက်တာမောင်အောင်က အတွင်းရေးမှူး အဖြစ်ပါဝင်ပြီး လမ်းပန်းဆက်သွယ်ရေး ကျွမ်းကျင်ပညာရှင်တွေ နဲ့ အဓိကဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 ဒါ့အပြင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဥပဒေပိုင်းဆိုင်ရာကလည်းပါဝင်မယ်လို့ သိရပါတယ်။

 သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ အများပြည်သူသွားလာရေး အတွက်အဓိကဖြစ်တဲ့ ဘတ်စ်ကားကိစ္စကိုပထမဆုံးလုပ်ဆောင်မှာဖြစ်ပြီး ယာဉ်ကြောကျပ်တည်းတဲ့ကိစ္စ၊ မြို့ပတ်ရထားနဲ့ Water Taxi ၊ မြစ်ကြောင်းနဲ့ ငမိုးရိပ်ချောင်းရေကြောင်း သွားလာရေးကိစ္စတွေအဓိက လုပ်ဆောင်သွား မယ်လို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှာ အတွင်းရေးမှူး အဖြစ်တာဝန်ယူမယ့်ဒေါက်တာမောင်အောင်က ပြောပါတယ်။

 သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဖွဲ့စည်းလိုက်ပြီးနောက် မထသရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ သူ့အနေနဲ့ လတ်တလောဘာမှမသိရှိရသေးပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံပဲဖြစ်တယ်လို့ မထသ(ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောပါတယ်။

 ရန်ုကုန်မြို့တော်အတွင်း ယာဉ်ကြောကြပ်တည်း မှုပြသနာကို ဖြေရှင်းနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျင်းပပြီးစီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားထားတာပဲဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာတွင် ချင်းချောင်းတောင်ကျရေ လျှံသဖြင့် လယ်များ ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ အနောက်မြောက်ဘက်၊ သက်ကယ်ကွင်းနေရာသို့ ဇူလိုင် ၈ရက်နံနက်ပိုင်းမှ စတင်ကာချင်းချောင်း တောင်ကျရေများလျှံသဖြင့် စပါးပျိုးခင်းများနှင့် စိုက်ပျိုးရက် နီးနေသည့်လယ်များပျက်စီးခဲ့ကြောင်း သိရှိရသည်။

 အဆိုပါ ချင်းချောင်းတောင်ကျချောင်းရေများသည်စိုက်ပျိုးရန် ရက်ပိုင်းသာလိုတော့သည့် လယ်ကွင်းများ၊ စပါးပျိုး ခင်းများပေါ်ကို ရေလွှမ်းခဲ့ပြီး၊ တောင်ကျရေနှင့် အတူပါလာသည့် သစ်တုံးများ၊ ဒိုက်များလည်း ဖုံးအုပ်ခံခဲ့ကြောင်း သိရသည်။
 “မနက်လေးနာရီကတည်းက လျှံလာတဲ့ ရေက ပျိုးခင်းတွေကို လွှမ်းကုန်တယ်။ အမှိုက်တွေ၊ ဒိုက်တွေလည်း ဖုံးကုန်တယ်။ နောက်ထပ်ပျိုးထောင်ဖို့ မျိုးစပါးလည်းမရှိတော့ဘူး။ မျိုးစပါး ၁၀ တင်းပျိုးခဲ့တာ အားလုံး ပျက်စီးကုန်ပြီ။”ဟု ရာဇဂြိုဟ်ရွာမှ တောင်သူဦးဝင်းမော်က ပြောသည်။

 ပျက်စီးသွားသည့်ပျိုးခင်းများမှာ မျိုးစပါး ၁၀ တင်း၊ ၁၈ တင်း၊ ၂၅ တင်းစသဖြင့်ပျိုးခင်း ပမာဏ အမျိုးမျိုး ပျက် စီးခဲ့ကြောင်း၊ ဒေသပေါက်ဈေးအရ ဧရာမင်းမျိုးစပါးတစ်တင်းလျှင် ငွေကျပ် ၈၅၀၀ ၊ ပေါ်ဆန်းမျိုးစပါးတစ်တင်း လျှင် ၇၅၀၀ ကျပ်ရှိကြောင်း၊ မျိုးစပါးတစ်တင်းကျော်ခန့်လျှင် လယ်တစ်ကခန့်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

လယ်တစ်ဧကလျှင် စပါးတင်းပေါင်း ၉၀ ခန့်ထွက်သည့်လယ်များဖြစ်ကြောင်း၊ နောက် ထပ်မျိုးစပါးရပါက သြဂုတ်လအထိ ပြန်ပြီးပျိုးထောင်၍ ရနိုင်ကြောင်းသိရသည်။ချင်းချောင်း၊ နန်းခြေရာချောင်းနှင့် ကျားချောင်းစသည့် ချောင်းသုံးချောင်း ပေါင်းစုကာ တောင်ကျရေများ စီးဆင်းလျှံကြောင်း သိရသည်။
 “ငွေတတ်နိုင်တဲ့သူတွေကတော့ မျိုးစပါးကို မရ ရအောင်ရှာဝယ်နိုင်ကြပေမယ့် မတတ်နိုင်တဲ့ တောင်သူတွေ ကတော့ တင်းတိုးနဲ့ချေးပြီး ပျိုးခင်းပြန်ထောင်ကြရမှာပါ။ အခု လပြည့်မှာစိုက်မယ့်လယ်တွေလည်းပျိုးခင်း တွေ ပျက်စီးသွားတော့ ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။”ဟု ရာဇဂြိုဟ်ကျေးရွာမှ တောင်သူကြီး ဦးဆန်းလှိုင်က ပြောသည်။

ချင်းချောင်းရေလျှံသဖြင့် စပါးပျိုးခင်းများနှင့်အတူ စိုက်ပျိုးရန်လေးငါးရက်ခန့်သာလိုတော့သည့် လယ်ဧက ၂၀၀ ခန့်ကို ရေနှင့်ဒိုက်များဖုံးအုပ်ပျက်စီးခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

ပေါင်းတည်မြို့နယ် စည်ပင်အမှုဆောင်အရာရှိနဲ့ စည်ပင်ဌာနကို အရေးယူပေးဖို့ ပြည်သူတွေက ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့် ပေါင်းတည်မြို့နယ် ဒေသခံ အင်အား ၁၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

အစိုးရက ချမှတ်ပေးတဲ့ ဘတ်ဂျက်တွေနဲ့ လမ်းတံတား ရေနုတ်မြောင်းတွေ တူးဖော်တဲ့ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာစွာ အများပြည်သူနဲ့ မြို့နယ်စည်ပင်ကော်မတီကို ချပြတာ မရှိလို့ အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ပေါင်းတည်မြို့ ဈေး ၁ ရပ်ကွက်ကနေစပြီး ရန်ကုန်-ပြည် ကားလမ်း ၁ လမ်း၊ ၃၇ လမ်း၊ ၃၈ လမ်းနဲ့ လမ်း ၄၀ မှတ်တိုင်လမ်း ဘုရားကြီးလမ်းဆုံအထိ စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရ ချမှတ်ပေးတဲ့ စည်ပင် ဘတ်ဂျက်တွေ စနစ်တကျအသုံးပြုရေး၊ မြို့နယ်သန့်ရှင်းလှပရေး၊ အန္တရာယ်ရှိ ကြော်ငြာ ဆိုင်းဘုတ်တွေ ဖယ်ရှားရေး၊ ရေစီး ရေလာ ကောင်းမွန်ရေး၊ အလုပ်မလုပ်တဲ့ စည်ပင် အလိုမရှိ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ အလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ကိုဇေယျာ


ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်း အနိုင်ရမယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်းလိုက်ပါတယ်။

ယူရို ဗိုလ်လုပွဲစဉ်အဖြစ် လာမယ့် ဇူလိုင် ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမဏီနိုင်ငံ စတူဂတ် တိရစ္ဆာန်ဥယျာဉ်ထဲက အသက် ၄၉ နှစ်အရွယ် ဆင်မလေး ဇယ်လာက ပေါ်တူဂီနိုင်မယ်လို့ ခန့်မှန်းလိုက်တာပါ။

သံနဲ့ ပြုလုပ်ထားတဲ့ ခြင်းထဲမှာ အသင်း ၂ သင်းရဲ့ အလံပါတဲ့ ဘောလုံး ၂ လုံးထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။

ဆင်မလေး ဇယ်လာက ပေါ်တူဂီ အလံပါတဲ့ ဘောလုံးကို ရွေးချယ်လိုက်တဲ့အတွက် ဗိုလ်လုပွဲမှာ ပေါ်တူဂီ အနိုင်ရမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။

ဇယ်လာဟာ ရှုံးထွက် ပွဲစဉ်တုန်းက ၃ ပွဲ ခန့်မှန်းရာမှာ ၃ ပွဲစလုံး မှန်ကန်ခဲ့ပါတယ်။ တိရစ္တာန်ဥယျာဉ် တာဝန်ရှိသူကတော့ ဇယ်လာရဲ့ ခန့်မှန်းချက်တွေဟာ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်ပြီး ကမ္ဘာ့ဘောလုံး အားကစားနဲ့ ပက်သက်လို့ အတွေ့အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။
DVB TV News


အမေရိကန်မှာ လူမည်း ၂ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လို့ ဒါးလက်စ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမားကို ဗုံး စက်ရုပ်နဲ့ အသေဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် လက်နက်တွေနဲ့ အဆင့်မြင့် ကင်မရာတွေတပ်ဆင်ထားတဲ့ စက်ရုပ်ကို အမေရိကန်ရဲတွေက ပထမဆုံးအသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။

သံသယရှိတဲ့ သေနတ်သမားခိုအောင်းနေတယ်လို့ ယူဆရတဲ့ ကားရပ်နားရာနေရာကို အဝေးထိန်းစနစ်နဲ့ စက်ရုပ်ကို မောင်းနှင်ကာ ဗုံးကို ချခဲ့ပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

သံသယရှိခံရတဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မီကာ ဂျွန်ဆင် ဖြစ်ပြီး ဒါလက်စ်မြို့လယ်မှာ အချိန်အတော်ကြာ ရဲတပ်ဖွဲ့နဲ့ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပွားကာ သေဆုံးသွားခဲ့ပါတယ်။

မီကာဟာ အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရာဇ၀တ်မှု ကျူးလွန်တဲ့ သမိုင်းကြောင်းကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါးလက်စ် မြို့တော်ဝန် မိုက်ရောလင်းက သံသယရှိသူကို လက်နက်ချမလား ဒါမှမဟုတ် နဂိုနေရာမှာ ဆက်နေမလားဆိုပြီး ရွေးချယ်ခိုင်းခဲ့ရာမှာ ဆက်နေမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

စေ့စပ်ညှိနှိုင်းနေစဉ်အတွင်း မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူမည်းတွေကို ရဲတွေက ပစ်ခတ်ခဲ့တာကို စိတ်ဆိုးလို့ လူဖြူတွေ အထူးသဖြင့် လူဖြူရဲအရာရှိတွေကို သတ်ချင်တယ်လို့ သံသယရှိသူက စေ့စပ်ညှိနှိုင်းသူတွေကို ပြောဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ပြောပါတယ်။

အဖွဲ့အစည်းတစုံတရာနဲ့ ပတ်သက်ခဲ့ခြင်းမရှိသလို တဦးတယောက်တည်း ကျူးလွန်ခဲ့တာလို့လည်း ဆိုပါတယ်။

မြို့တော်ဝန် မိုက်ရောလင်းကတော့ တဦးတယောက်တည်း ပစ်ခတ်တာဖြစ်တယ်လို့ ယုံကြည်နေသလို လက်ရှိမှာတော့ မြို့က လုံခြုံစိတ်ချရပြီလို့ ပြောပါတယ်။

သံသယရှိတဲ့ သေနတ်သမားရဲ့ နေအိမ်မှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေ ရိုင်ဖယ်နဲ့ တခြား လက်နက်တွေကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းက ရဲတွေက သံသယရှိတဲ့သူလို့ ယူဆပြီး ထုတ်ပြန်ထားခဲ့တဲ့သူ မဟုတ်ဘူးဆိုတာ ရှင်းလင်းသွားပြီလို့ ဆိုပါတယ်။

မင်နီဆိုတာနဲ့ လူဝစ်စီယားနားမှာ လူမည်း ၂ ဦးကို ရဲတပ်ဖွဲ့တွေက ပစ်သတ်ခဲ့အပြီးမှာတော့ ဒါးလက်စ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြနေစဉ်အတွင်း သေနတ်သမားက ရဲတွေကို ပစ်ခတ်ခဲ့လို့ ရဲအရာရှိ ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါအပြင် ဂျော်ဂျီယာ၊ မစ်ဆိုရီနဲ့ တန်နစ်ဆီ တို့မှာလည်း ရဲအရာရှိနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။
DVB TV News


တာချီလိတ်မြို့လေဆိပ်ကတဆင့် နေပြည်တော်ကို လေယာဉ်နဲ့ ကြွရောက်လာတဲ့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖူးမြော်ခဲ့ပါတယ်။

ဇူလိုင် ၈ ရက်၊ ညဦးပိုင်းက ဥပ္ပါတသန္တိစေတီတော်အနီးမှာရှိတဲ့ သံဃာရာမ ၂ အဆောင်မှာ လာရောက်ဖူးမြော်ခဲ့တာ ဖြစ်ပါတယ်။

ည ၇ နာရီခွဲကနေ ၈ နာရီကျော်ထိ နာရီဝက်ကျော် တွေ့ဆုံဖူးမြော်ခဲ့ပြီး ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ဖို့ ဘုရားဆင်းတုတော်တဆူကိုလည်း ပေးအပ်ခဲ့ပါတယ်။

အရင်က မိုင်းဖုန်းဆရာတော်ဟာ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရလို့ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
DVB TV News



ဦးဝင်းထိန် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်က။ ( အောက်တိုဘာ ၁၃၊ ၂၀၁၅)
အမျိုးသားရေးဝါဒီ မဘသ အဖွဲ့ရဲ့ တောင်းဆိုချက်ကို တုန့်ပြန်စရာအကြောင်း မရှိဘူးလို့ အာဏာရ NLD ပါတီရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က မနေ့က ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ မဘသ မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ကို ဇူလိုင်လ (၁၄) ရက်နေ့ နောက်ဆုံး ထား ဖြေရှင်းပေးဖို့ မဘသ အဖွဲ့က တောင်းဆိုထားတာပါ။မဘသ (ဗဟို)ကတော့ ဒီပြောကြားချက်ကို အတည်မယူနိုင်သေးကြောင်း ဦးဆောင် အဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ တွေ့ဆုံပြီးနောက် NLD ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ်၊ ပါတီပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က မဘသရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ သတင်းထောက်တွေကိုလည်း အခုလို တုန့်ပြန်ပြောဆိုခဲ့တာပါ။

" ကိုယ်ကတော့ ကိုဖြိုးမင်းသိန်းကိုပြောလိုက်ပါတယ်။ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု ပပျောက်အောင် ခေါင်းထဲ ထည့်မနေနဲ့လို့။ ၂၇နှစ်လုံး အဝေဖန်ခံရ၊ အနှိပ်ကွပ်ခံရ စစ်အစိုးရရဲ့ ဖိနှိပ်မှုခံရတဲ့ဟာနဲ့ စာရင် အခုက ပန်းနဲ့ပေါက်တယ်လို့ ယူဆတယ်လို့။ ဘာမှပြန်လုပ်မှာမဟုတ်ဘူး။ ဘာမှာလည်း ပြောမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့က မူအရ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော NLD ရဲ့ ဖွဲ့စည်းပုံ မူအရရော ဘာသာရေးနဲ့ နိုင်ငံရေးက လုံးဝ ခွဲခြားထားတယ်။ ဘာသာရေးကို နိုင်ငံရေး အကျိုးအတွက် အသုံးမချဘူး။ နိုင်ငံရေးနဲ့ ဘာသာရေးနဲ့မရော ဘူး။ အဲ့တော့ သူတို့ပြောချင်ရာ ကိုယ်တို့ ဘာမှ မလုပ်ဘူး။ "

အခုလို ဦးဝင်းထိန်ရဲ့ပြောဆိုချက်ကို မဘသ အနေနဲ့ အတည်မယူနိုင်ကြောင်း မဘသ (ဗဟို) ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။

" ကျနော်လည်း အဲ့ဒီ့ဗွီဒီယိုဖိုင်လေး ကြည့်လိုက်ရပါတယ်။ အဲ့မှာတခု သုံးသပ်မိ လိုက်တာကတော့ ဦးဝင်းထိန်က အဲ့ဒီ့စကားကို သူတို့ EC ကော်မတီရဲ့ ဆုံးဖြတ်ချက် အရ ပြောတာလား။ သူတယောက်တည်းသဘော လက်လွတ်စပယ်ပြော တာလားဆိုတာ မရှင်းဘူးပေါ့လေ။ အခုဟာက ရုံးစာနဲ့ သီးခြားထွက်လာတာမျိုး မဟုတ်ပဲနဲ့ သူနေပုံထိုင်ပုံ ပြောပုံဆိုပုံကလည်း ပေါ့တီးပေါ့ရွှတ်ပေါ့။ သတင်းစာ ရှင်းလင်းပွဲ ဆိုတာထက် သတင်းထောက်တယောက်ရဲ့မေးတာကို သူက လက်လွတ်စပယ်ဖြေတာ။ NLD အဖွဲ့ရဲ့ သဘောထားလား။ သူတယောက်တည်းရဲ့ သဘောထားလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်လေ။ သူ့စကားကို ကျနော်တို့ အတည်မယူသေးပါဘူး။ "

မဘသအဖွဲ့ဝင် သံဃာတပါးချင်းစီက အစ္စလာမ်ဘာသာ နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ မှာ ဘာသာရေး မုန်းတီးမှုတွေဖြစ်ပေါ်အောင် ဟောပြောမှုတွေ ရှိခဲ့တာ၊ ဦးဝီရသူကနေ ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် ယန်ဟီလီကို ပုဂ္ဂိုလ်ရေး အရ စော်ကား တိုက်ခိုက်ပြောဆိုတာတွေကို တရားဥပဒေအရ အရေးယူ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိတာကြောင့် ပြည်ပမှာ ဗုဒ္ဓသာသနာပြုနေတဲ့ မြန်မာ ရဟန်း တော်တွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ အထင်အမြင် လွဲမှားမှုတွေ ရှိခဲ့သလို အန္တရာယ်တွေ ရှိလာကြောင်း နိုင်ငံတကာမှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တချို့က မိန့်ကြားခဲ့ပါတယ်။


ဒါနဲ့ပတ်သက်လို့ မဘသ (ဗဟို)ရဲ့ သဘောထားဘယ်လိုရှိပါသလဲလို့ ဦးမောင်မောင်ကိုမေးကြည့်တော့

" မဘသအနေနဲ့ အဲ့ဒီ့အပေါ်မှာတော့ ဘာမှမပြောခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝီရသူရဲ့တဦးချင်း ခံစားချက်နဲ့ ပြောတဲ့ကိစ္စလေ။ တကယ်တော့ ဦးဝီရသူဟာ မဘသဗဟိုမှာ သူဟာ ဦးဆောင်အဖွဲ့ဝင်တယောက်ဖြစ်တယ်ဆိုပေမဲ့ ဦးဆောင်အဖွဲ့ဝင်က အများကြီးရှိတယ်လေ။ သူကတော့ မန္တလေးပေါ့လေ။ အထက်မြန်မာပြည်အထက် တာဝန်ခံထားတယ်။ ဒီတော့ မဘသတခုလုံးကို ကိုယ်စားပြုပြီး ပြောတယ်ဆိုတာထက် ယန်ဟီးလီဟာ မြန်မာနိုင်ငံမှာ အဓိက ပြဿနာတက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဘက်က ရပ်တည်ပြီးတော့ သူတို့ကို ရိုဟင်ဂျာဆိုတဲ့ မြန်မာနိုင်ငံက လုံးဝ လက်မခံတဲ့နာမည်ကို ထပ်ခါ ထပ်ခါ ပြောနေတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂမှာ အစီရင်ခံစာတင်သွင်းတဲ့အခါမှာ ဒီက အဖြစ်ပျက်မှန်တွေနဲ့ လွှဲချော်ပြီးတော့ သူ့ရဲ့ အကြံစည်ရှိရှိ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ထားတဲ့ အစီရင်ခံစာချည်း နဲ့ မြန်မာနိုင်ငံကို တိုက်ခိုက်တယ်ဆိုတော့ မြန်မာနိုင်ငံတနိုင်ငံလုံး သာမကပါဘူး ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိခိုက်တဲ့အတွက်ကြောင့် ဒီစကားလုံးကို သုံးလိုက်တယ်လို့ ဦးဝီရသူရဲ့ တုန့်ပြန်ချက်ပေါ့လေ။ ကျနော်တို့ သဘောထား ကတော့ ပုဂ္ဂိုလ်တဦးချင်းသဘောထားဖြစ်ပါတယ်။"

ဦးဖြိုးမင်းသိန်းပြောကြားချက်ကို သတ်မှတ်ထားတဲ့ ရက်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့က တာဝန်ယူဖြေရှင်းတာ၊ တောင်းပန်တာမျိုး မလုပ်ဘူးဆိုရင် ဆန္ဒပြဖို့ရှိသလို လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဟန်ဂေရီ နိုင်ငံ တောင်ဘက်၊ ဆားဘီးယားနဲ့ နယ်ခြား ဒေသမှာ ရဲနဲ့ စစ် တပ် အဖွဲ့ဝင် အင်အား တစ်သောင်း ချထား လိုက်တယ် ဆိုပြီး ဟန်ဂေရီ အစိုးရက ကြေညာ ပါတယ်။

နိုင်ငံတွင်း တရားမဝင် လူဝင်ရောက်မှုကို တားဆီး နိုင်ရေး အတွက် နယ်စပ် ဝင်ပေါက် ထွက်ပေါက် အားလုံးကို လုံးဝ ပိတ်ပစ် နိုင်ဖို့ အခုလို ပြုလုပ် ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လောလောဆယ် အခြေအနေ မှာတော့ ဘောလ်ကန် ဒေသ နိုင်ငံတွေ ကို ဖြတ်သန်း လာတဲ့ ရွှေ့ပြောင်းသူ တွေ သီတင်း တစ်ပတ်ကို အယောက် တစ်ထောင် လောက် ဩစတြီးယား နိုင်ငံထဲ ရောက်လာ နေကြဆဲ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ၊ ဩစတြီးယား နိုင်ငံ က လက်ျာစွန်း သမ္မတ လောင်း ဖြစ်တဲ့ နိုဘက် ဟိုဖာက သူ့ တိုင်းပြည်ကို ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ထဲက ထွက် မသွား စေချင် ဘူးလို့ ပြောပါတယ်။

ဒါဟာ မစ္စတာ ဟိုဖာ ရဲ့ ရပ်တည်ချက် သဘောထား ပျော့ပြောင်း လာတာ ဖြစ်ပါတယ်။

အီးယူ ထဲကနေ ဗြိတိန် နှုတ်ထွက် သွား ခဲ့တုန်းက မစ္စတာ ဟိုဖာက ဩစတြီးယား မှာလည်း အီးယူထဲက ထွက်ဖို့ ဗြိတိန် နည်းတူ လူထု ဆန္ဒ ခံယူပွဲ ကျင်းပ ရလိမ့်မယ် ဆိုပြီး ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



အမေရိကန် စစ်တပ်ရဲ့ အရံတပ်ရင်း အဖွဲ့ဝင်ဟောင်း မိုက်ကာ ဂျွန်ဆင်က လူဖြူရဲတွေ ကို သတ်ချင်တယ်လို့ ထွက်ဆိုခဲ့။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ် မြို့မှာ သေနတ် သမား တစ်ဦးရဲ့ လက်ချက်နဲ့ သေဆုံး ခဲ့ရတဲ့ ရဲ တပ်ဖွဲ့ဝင် ၅ ဦး အတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ် အနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေမှာ အလံတိုင် တစ်ဝက်သာ လွှင့်ထူ ကြဖို့ သမ္မတ အိုဘားမားက အမိန့် ထုတ် ခဲ့ပါတယ်။

အသေအချာ တွက်ချက်ပြီး ရက်ရက်စက်စက် ကျူးလွန် သတ်ဖြတ် ခဲ့တာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

ရဲတွေက ပစ်ခတ်လို့ လူမည်းတွေ သေဆုံး နေရတဲ့ အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြ ချီတက်ပွဲ တစ်ရပ် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျင်းပ ခဲ့အပြီး အခုလို ရဲတပ်ဖွဲ့ဝင်တွေ အပစ်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်သူတွေ အနေနဲ့ အားကိုးရာ မဲ့မှု၊ ကြောက်ရွံ့ ခြောက်ခြားမှု တွေ ခံစား နေရာမှာ ဖြစ် ပေမယ့် အကြမ်းဖက် အပြုအမူကို ဖြေရှင်းတဲ့ နည်းလမ်း တစ်ခု အနေနဲ့ လက်သင့် မခံကြနဲ့ ဆိုပြီး အမေရိကန် ရှေ့နေချုပ် လော်ရက်တာ လင့်ခ်ျကလည်း တိုက်တွန်း ခဲ့ပါတယ်။

ဒါးလပ်စ် ပစ်ခတ်မှုမှာ အဓိက လက်သည် အဖြစ် သံသယ ရှိရသူ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ လည်း စတင် ထွက်ပေါ် လာနေပြီ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် မိုက်ကာ ဂျွန်ဆင် ဆိုသူက ပစ်ခတ် ခဲ့တာ ဖြစ်ပြီး၊ အဲဒီ့သူဟာ အမေရိကန် စစ်တပ်ရဲ့ အရံတပ်ရင်း အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဖူးပြီး၊ အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် တပ်နဲ့ အတူ တာဝန် ထမ်းခဲ့သူ တစ်ဦး ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေ မှာ ဖော်ပြ ထားပါတယ်။

သူ့ကို ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းထားပြီး ညှိနှိုင်းမှု တွေ ပြုလုပ် နေတုန်းက ရဲတွေရဲ့ လက်ချက်နဲ့ လူမည်းတွေ သေဆုံး နေရတာကို မကျေနပ်တဲ့ အတွက် လူဖြူတွေ အထူးသဖြင့် လူဖြူ ရဲ တွေကို သတ်ချင်တယ် ဆိုပြီး ပြောခဲ့တယ်လို့ ဒါးလပ်စ် ရဲ တပ်ဖွဲ့ အကြီးအကဲ က ပြောပါတယ်။

သူ့ကို ဝိုင်းထားပြီး နောက်ဆုံးမှာတော့ ရဲက ဗုံးခွဲ လိုက်တဲ့ အတွက် သေဆုံး သွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ရန်ကုန် ဇူလိုင် ၈

ရန်ကုန်မြို့တွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ လီမိတက်မ BRT Lite စနစ်ဖြင့် ယာဉ်နောက်လိုက် မပါဝင်သော ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရ သည့် ယာဉ်လိုင်းပြေးဆွဲလျက်ရှိရာတွင် ယာဉ်လိုင်းတစ်လျှောက် ယာဉ်ရပ် မှတ်တိုင်အချို့ ဖျက်ဆီးခံရခြင်းနှင့် ခရီးသည် အချို့မှာလည်း ယာဉ်စီးခ ပေးချေခြင်းမရှိဘဲ စီးနင်းနေမှု များကို ကြုံတွေ့နေရကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

အဆိုပါ ဘတ်စ်ကားလိုင်းပြေးဆွဲရာလမ်းကြောင်း တစ်လျှောက်တွင် ယာဉ်ရပ်မှတ်တိုင်များကို သီးခြား ဆောင်ရွက်ပေးထားပြီး ယာဉ်လမ်းကြောင်း များကို ညွှန်ပြ ထားသော်လည်း စည်းကမ်းမဲ့ဖျက်ဆီးထားမှုများ ရှိနေကြောင်း သိရသည်။

''ယာဉ်ရပ်မှတ်တိုင်တွေ ဖျက်ဆီးခံနေရတာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံလျက် ရှိပါတယ်။ အများပြည်သူဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စီစီတီဗွီကင်မရာ မှတ်တမ်းတွေကဖြစ်စေ၊ မိဘပြည်သူတွေက ဆက်သွယ် သတင်းပေးပို့ တာဖြစ်စေ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားပါမယ်။ ဒီယာဉ်လိုင်းစနစ် အောင်မြင်ဖို့ဆိုတာ အသိပညာပေးတာနဲ့တင် မလုံလောက်ပါဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်မှ အောင်မြင်မှာပါ။ ကားပေါ်တန်းစီတက်တဲ့အလေ့အထ၊ ပိုက်ဆံ ထည့်တဲ့ အလေ့ အထ၊ ငွေပေးကတ်ကို စက်နဲ့ပေးတဲ့အလေ့အထ တွေကနေ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဘတ်စ်ကား လိုင်းလိုမျိုး ရေရှည်အောင်မြင်အောင်လုပ်နိုင်ဖို့ အားလုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်''ဟု အဆိုပါကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။

ယင်းအပြင် အဆိုပါယာဉ်လိုင်းစနစ်သည် ယာဉ် နောက်လိုက်မပါဝင်ဘဲ ယာဉ်နောက်လိုက်ထံ ငွေပေးချေ နေရသည့် အခက်အခဲများ ကင်းလွတ်စေရန်နှင့် ငွေအကြွေ ပြဿနာ၊ ယာဉ်နောက်လိုက်နှင့် ဆက်ဆံရေး မပြေလည် မှုပြဿနာများ မဖြစ်ပေါ်စေရန် နိုင်ငံ တကာမြို့ပြများရှိ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်များတွင် အသုံးပြုနေသည့် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ကျင့်သုံး လျက်ရှိရာ ခရီးသည် အချို့မှာ ယာဉ်စီးခပေးချေခြင်းမရှိဘဲ စီးနင်းနေခြင်း၊ ငွေပေးချေကတ် မရှိသူများအတွက် ယာဉ် စီးခ ကျပ် ၃ဝဝ ကို ငွေထည့်ပုံးထဲသို့ ထည့်ဝင်စေသော် လည်း အပြည့်အဝပေးချေမှုမရှိဘဲ စီးနင်းနေခြင်းများကို ကြုံတွေ့နေရသည်ဟု သိရသည်။

''ယာဉ်စီးခကို ငွေဖြည့်ကတ်(Anypay Card) နဲ့ ပေးတဲ့စနစ်ကို လုပ်ထားပေမယ့် ကြိုတင်ဝယ်မထားတဲ့သူ တွေအတွက် အဆင်ပြေစေဖို့ ကားပေါ်မှာ ထားထားတဲ့ ငွေထည့်ပုံးထဲကို ယာဉ်စီးခ ကျပ် ၃ဝဝ ကိုယ်တိုင် ထည့် စနစ်နဲ့ စီးနင်းလို့ရအောင် လုပ်ထားပေးပါတယ်။ ဒါပေမယ့် ငွေရေ တွက်ရင် ဆုတ်ပြဲနေတဲ့ငွေတွေ၊ တစ်ပိုင်းသာပါတဲ့ ငွေတွေ၊ ကျပ် ၁ဝ တန်၊ ကျပ် ၂ဝ တန်တွေ ထည့်ထားပြီး ကားခအပြည့်အဝမပေးဘဲ စီးနေတာတွေ ရှိပါတယ်'' ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်လိုင်းစနစ်ကို စီးနင်းသူခရီးသည်များက ကြိုက်နှစ်သက်မှု ရှိကြပြီး လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးရန်နှင့် ကားအစီးရေး တိုးချဲ့ပြေးဆွဲပေးရန် တောင်းဆိုမှု များကြောင်း သိရသည်။ လက်ရှိတွင် လည်း ပြည်ပမှ ယာဉ်အသစ်များမှာယူကာ ခရီးစဉ်တိုးချဲ့ပြေးဆွဲရန် စီစဉ်လျက် ရှိသည်။ သက်ဆိုင်ရာအနေဖြင့်လည်း အဆိုပါ ယာဉ်လိုင်း ကဲ့သို့ အများပိုင်စနစ်ဖြင့် ဝန်ဆောင်မှုအခြေပြုသော ဘတ်စ်ကားလိုင်းများ ရန်ကုန်မြို့တွင် သတ်မှတ်ပြေးဆွဲ သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် ရေရှည်ဝန်ဆောင်မှုကောင်းမွန်သော သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ရန်မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနှင့် ကုမ္ပဏီများတွင် သာမက အများပြည်သူ၏ ကူညီ ပူးပေါင်း ဆောင်ရွက်မှုသည်လည်း လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူက တစ်ဦးက သုံးသပ်သည်။

BRT Lite ဘတ်စ်ကားလိုင်း၏ ယာဉ်စီးခ ငွေပေးချေ ကတ်ရောင်း ချခြင်းနှင့် ငွေဖြည့်ခြင်းများအတွက် မှတ်တိုင် ရှစ်ခုဖြစ်သော ထောက်ကြန့်၊ ၈မိုင်၊ မာလာ၊ မြေနီကုန်း၊ သမ္မတ၊ ဝါယာလက်၊ လမ်းနီ၊ ဗိုလ်တထောင် မှတ်တိုင် တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ရခိုင်ပြည်နယ်တွင်း ရေကြီးနေစဉ်။ သတင်းဓာတ်ပုံ- MOI
ရခိုင်ပြည်နယ်တွင်းက ရေလွှမ်းမှုဒဏ်ခံရတဲ့ မြို့နယ်တွေမှာ ရေပြန်ကျ လာနေပေမယ့်လည်း ၊ အကူအညီတွေတော့ လိုအပ်နေတုန်းပဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရေကြီးမှုကြောင့် တံတား ၃ ခု အပါအ၀င် ကျိုးကျ ပျက်စီးသွားခဲ့ပေမယ့်လည်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အရင်နှစ်ကလောက်တော့ သေဆုံးမှုမရှိဘူးလို့ သူကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးအဆတ်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေတွေကြီးပြီး ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင် နဲ့ အမ်းမြို့နယ်တွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့လည်း အခုအခါမှာတော့ အဲဒီနေရာ အတော်များများမှာ ရေပြန်ကျ လာနေပြီး၊ ရေကြီး မှုနောက်ဆုံး အခြေအနေကိုတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ပုံမှန်အခြေအနေကို ဒါ ပြန်လည်ရောက်ရှိခါနီးပါပြီ။ မြစ်ရေက စိုးရိမ်ရေမှတ် ၉၈၀အထက် အောက်ကို ပြန်ပြီးတော့ ကျသွားပြီ ဖြစ်တဲ့အတွက် မြစ်အနီးအနားမှာ ရှိတဲ့နေရာတွေ အားလုံးကလည်း ရေပြန်လျော့ သွားပါပြီ။ ရေကြီးချိန်က ရေလွှမ်း ခဲ့တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း ဒီမြို့တွေကလည်း ရေလျော့ သွားပါပြီ။ ရေနည်းနည်း ကျန်နေတာကတော့ မင်းပြားတဝိုက်ပေါ့။ အမ်းတဝိုက်၊ မြောက်ဦး ချောင်းဖျားတဝိုက်လောက်ကတော့ ခုနကပြောတဲ့ ရေ ကျန်ပါသေးတယ်။ ရေလွှမ်းသွားတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ရေကျန်နေသေးတဲ့သဘောပဲ ရှိပါတယ်။ "

ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ် ဇူလိုင်လက ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ကိုဘန်မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ပြီး လူပေါင် ၆၅ ယောက်သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုနှစ်မှာတော့ ရေကြီးမယ်ဆိုတဲ့ သတင်းကိုကြိုရပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ခဲ့အတွက် ထိခိုက်သေဆုံးမှုဟာ အရင်နှစ်ကလို မများဘူးလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

" အထက်မှာ မိုးရွာတယ် ဆိုတာနဲ့ပဲ ပြည်သူလူထုက မိမိအစီအစဉ်နဲ့ပဲ ရေလွတ်ရာကို ရွှေ့ပြောင်းသွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ကျွဲနွားရော လူရော ထိခိုက်ဆုံးရှုံးတာ မရှိပါဘူး။ ဒါပေမဲ့ တချို့နေရာတွေ မှာတော့ ခြေချော် လက်ချော်နဲ့ ရေထဲပြုတ်ကျပြီးတော့ ဆုံးပါးတဲ့ဥစ္စာ ရှိပါတယ်။ ဥပမာဆို မနေ့က မြေပုံမြို့နယ်မှာ တစ်ယောက် မြောင်းထဲပြုတ် ကျပြီးတော့ ရေနစ်ဆုံးတယ်ဆိုပြီး သိရပါတယ်။ ကျန်တာတော့ မရှိပါဘူး။"

ပြည်ထောင်စုအစိုးရကလည်း လမ်းပမ်းဆက်သွယ်ရေးပြတ်တောက် သွားနိုင်တဲ့နေရာတွေကို သွားပြီး အရေးပေါ်ရေဘေးကယ်ဆယ်ရေးတွေလုပ်နိုင်ဖို့ ရဟတ်ယာဉ်တွေ စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း မှာ ရေဘေးကယ်ဆယ်ရေး အကူအညီပေးနေတာတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

"အဓိကကတော့ လတ်တလော စားဖို့သောက်ဖို့အတွက်ကို ဆန်ရယ်။ နောက် ရေစို သွားတဲ့ အတွက် မိသားစုအတွက် Family Kit ထုတ်တွေပေါ့ ဒန်အိုး၊ ဒန်ခွက်၊ အနွေးထည် စောင်တို့ပါတဲ့ အဓိက ကတော့ ရေသန့်ဆေး ပါပဲ။ ရေသန့်ဆေး ကတော့ နောက်နေတဲ့ရေထဲ ကို ဆေးမှုန့်လေးတွေ ထည့်လိုက်မယ်ဆိုရင် ရေသန့် ဗူးထဲက ရေလိုပဲ ကြည်ပြီးတော့ သောက်လို့ရပါတယ်။ ဒီဆေးတွေကို အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လိုက်ပြီးတော့ ကျေးရွာအဆင့်အထိရောက်အောင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လိုက်ပြီးတော့ ဖြန့်ဖြူးပေးနေပါတယ်။ လောလောဆယ် မှာတော့ လတ်တလော စားဖို့သောက်ဖို့အတွက် ခေါက်ဆွဲခြောက်တို့ အမြန်စားနိုင်တဲ့ ဥစ္စာတွေ ဒီဥစ္စာတွေကိုပဲ ဖြန့်ဝေပေးထားပါတယ်။"

ဒါ့အပြင် လူမှုဝန်ထမ်းနဲ့ ပြန်လည်ကယ်ဆယ်ရေးအဖွဲ့ကလည်း ဒေသခံတွေအတွက် လိုအပ်တဲ့ ဆန်နဲ့ တခြားစားနှပ်ရိက္ခာတွေ ကူညီပေးဖို့ လုပ်ဆောင်နေသလို၊ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး UNOCHA အဖွဲ့ဘက်ကလည်း အကူအညီတွေပေးတာတွေရှိတယ်လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း ရေကြီးနေစဉ်။ သတင်းဓာတ်ပုံ- MOI
လောလောဆယ်မှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါးအကူအညီတွေ အလုံအလောက် ရှိပေမယ့်လည်း နောက်ထပ် အကူအညီတွေတော့ ဆက်ပြီး လိုအပ်နေတုန်းပဲလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

" လိုအပ်ချက်က ဘာလဲဆိုတော့ ဒီကြားကာလမှာတော့ ဝင်ငွေ မရသေးတာဖြစ်တဲ့ အတွက် ဆန်တို့ စားစရာတို့ ဒီဥစ္စာတွေကိုတော့ ကျနော်တို့က ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပြီးလို့ရှိရင် ပျက်သွားတဲ့ စပါးတွေအတွက် မျိုး စပါးတွေ ပြီးလို့ရှိရင် ပြန်လည်ထူထောင်ရေးအတွက် အဓိက ကြုံတွေ့ရမှာ ကတော့ သောက်သုံးရေပြဿနာပေါ့။ ရခိုင်ပြည်နယ်က မိုးတွင်းမှာ ရေကြီးပေ မဲ့ နွေရာသီမှာက ရေရှားပါးပါတယ်။ ရေလွှမ်းမိုးတဲ့အတွက် မကောင်းတဲ့ရေတွေ ဝင်ပြီးတော့ ကန်တွေ ပျက်သွားတာရှိပါတယ်။ ဒီကန်တွေကို ကျနော်တို့က ပြန်လည် စုပ်ထုတ်ရမယ်။ စုပ်ထုတ်ပြီးတော့ စုပ်ထုတ်တဲ့အခါမှာလည်း မိုးမကုန်ခင် ပြန် စုပ်ထုတ်နိုင်မှ မိုးရေကို ပြန်လှောင်နိုင်ပြီး နွေရာသီ အတွက် ရေရမှာဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့အတွက် လိုအပ်တာ က ရေစုပ်စက်တွေ ရေသန့် ပစ္စည်းတွေ နောက် တခုက သဘာဝဘေးဒဏ်တွေ ဖြစ်လာပြီဆိုလို့ရှိရင် အမြန်ဆုံး အသုံးပြုနိုင်မယ့် မိုးကာလိပ်တွေပေါ့။ ဒီဥစ္စာတွေကို ပံ့ပိုးပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရကိုလည်း တင်ပြ အကူအညီတောင်းခံ ထားပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်းအကူအညီပေးဖို့ လှူဒါန်းနိုင်ဖို့ ဆက်သွယ် အကူအညီတောင်းထားပါတယ်။"

ရေကြီးမှုကြောင့် ရန်ကုန်-စစ်တွေကားလမ်းပေါ်က မြောက်ဦးမြို့ နယ် မြောင်းဘွေမြို့ကြား က တံတား ၃ စင်း ပျက်စီးသွားခဲ့ပါတယ်။

 ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 mettayar-court-620.jpg တရားစွဲခံရတဲ့ လယ်သမားတွေကို မန္တလေးတိုင်း မတ္တရာမြို့နယ်တရားရုံးရှေ့မှာ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ရွာ ၉ ရွာမှာရှိတဲ့ မြေဧက တစ်ထောင်ကျော်ကို ပြန်လည်ရရှိဖို့ ထွန် တုံးတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ တောင်သူ ၇၂ ဦးတို့ တရားစွဲခံထားရတာကို ဒီကနေ့ မတ္တရာမြို့နယ်တရား ရုံးက ငွေဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

ပုဒ်မ ၃ ခုအရ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် သူတို့တွေကို ငွေဒဏ်တွေအသီးသီး ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တာလို့ မတ္တရာမြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဒေါ်ဝင်းဝင်းထိန် က ပြောပါ တယ်။

"လယ်မြေတွေထဲကို စိတ်ငြိုငြင်စေတဲ့အကြံနဲ့ ဝင်ရောက်တယ်ပေါ့နော်၊ ပုဒ်မ ၄၄၇ အရ ဒဏ်ငွေ ၅ဝဝ စီ တာဝန်ရှိတဲ့ သမအဖွဲ့က ဝန်ထမ်းတွေက သူတို့ဒီလိုကျူးကျော်ဝင်ရောက်တာတွေကို မဝင်ဖို့ဟန့်တားတဲ့ အခါမှာ သူတို့ကပြန်ပြီးတော့ နည်းနည်းကလန်ကဆန်လုပ်တဲ့ သဘောမျိုးလေးတွေလုပ်တယ်၊ တာဝန်ဝတ္တရားထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို အနှောက်အယှက်ပေးတဲ့ဆိုတဲ့ ပုဒ်မ ၁၈၆ အရာလည်း ပေါ်ပေါက်လို့မို့လို့ ဒဏ်ငွေ ၅ဝဝ စီပေါ့နော်၊ နောက်တစ်ခါ ရေနံ့သာသမရယ် ရိုးရိုးသမရယ် စိုက်ပျိုးထားတဲ့ ကုလားပဲတို့ဘာတို့ပေါ့နော်၊ စိုက်ခင်းလေးတွေလည်း သူတို့ဝင်ရောက်တဲ့အခါမှာ ပျက်စီးဆုံးရှုံးမှုရှိတယ်၊ သူတို့ဖျက်ဆီးမှု ပုဒ်မအရလည်း ပေါ်ပေါက်တဲ့အတွက်ကို ပုဒ်မ ၄၄၇ အရ ဒဏ်ငွေ ၃ ထောင်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်"

အဲဒီတောင်သူတွေကို ရေနံ့သာစိုက်ပျိုးကုန်ထုတ်သမဝါယမအသင်းလီမီတက် နဲ့ မတ္တရာမြို့နယ် လယ် ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ပုဒ်မ ၄၄၇၊ ၄၂၇၊ ၁၈၆ တို့အရ တရားစွဲဆိုထားတာဖြစ်ပါတယ်။

မတ္တရာမြို့နယ်ထဲက ရေနံ့သာရွာ၊ ကျောက်စရစ်၊ မြွေရွှေခဲ၊ မြွေကြည်ကုန်း၊ တမာကုန်း၊ သပြေသာ၊ အင်းစောင်း ၊ တောတန်း နဲ့ လင့်စင်ကုန်း စတဲ့ကျေးရွာတွေက တောင်သူတွေပိုင်ဆိုင်တဲ့ မြေဧက ၁၀၀၀ ကျော်ကို ၁၉၈၆ ခုနှစ်ကတည်းက ဘက်စုံစိုက်ပျိုးရေးခြံစီမံကိန်းအတွက် သိမ်းဆည်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအတွက် မူလပိုင်ရှင်တောင်သူတွေက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ထွန်တုံးတိုက်ပွဲဆင်နွှဲကာ သူတို့တွေရဲ့ ဘိုးဘွားပိုင်လယ်ယာမြေတွေအပေါ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

အမှုရှုံးနိမ့်ခဲ့ပေမယ့် သူတို့လယ်မြေတွေကို ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ် လို့ တောင်သူတွေက ပြောပါတယ်။

မတ္တရာမြို့နယ် ရေနံ့သာကျေးရွာက သိမ်းဆည်းခံ မြေဧက ၂၀၀ ကျော်ကိုတော့ ကျန်းမာရေးဝန်ကြီး ဌာနက စီမံကိန်းပိုလျှံမြေအဖြစ်နဲ့ မနက်ဖြန် ဇူလိုင်လ ၉ ရက်နေ့မှာ မူလတောင်သူတွေကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။
RFA


8July2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန်ဖွန်ထရင် မြို့ နယ် စကယ်ငန် ၂၆ လမ်း အတွင်း ကွင်းပြင်တခုမှာ ယနေ့ မနက်ခြောက် နာရီ က အ၀တ်အစား မပါဘဲ သေဆုံးနေသူ ထိုင်းနိုင်ငံသူတဦးကို လည်ပင်းဒါးနဲ့ လှီးသတ်ဖြတ် ထားတဲ့ ဖြတ်ရပ် နဲ့  ပါတ်သက်ပြီး မြန်မာနိုင်ငံသား နေမင်းနဲ့  သူ့ ဇနီးကို ထိုင်းရဲတွေ ပိုက်စိတ် တိုက်ရှာဖွေဖမ်းဆီးနေကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။


သေဆုံးသူ အမျိုးသမီးဟာ အူဘွန်ရချဌာနီ မှ ဘန်ကောက်ကို လာရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်၊ အခင်းမဖြစ်ပွားခင် ညပိုင်းမှာ CCTV နဲ့  သက်သေတွေ ရဲ့  စစ်ချက်အရ သေဆုံးသူနဲ့  ရင်းနှီးသူ မြန်မာနိုင်ငံသားနေမင်း ဆိုသူနဲ့  နောက်ဆုံးတွေခဲ့တာဖြစ်ပါတယ်။


ယခုမှုခင်းနဲ့ ပါတ်သက်ပြီး ဘန်ကောက် ရဲမှူးကြီးကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ပါတယ် ၊ နေမင်းနဲ့  ကိုယ်ဝန်ရှိနေတဲ့ ဇနီးဖြစ်သူတို့ ဟာ ထွက်ပြေးသွားခဲ့ပြီဖြစ် လို့  ရဲတပ်ဖွဲ့ က နေမင်းဓါတ်ပုံနဲ့  ဆိုရှယ်မီဒီယာတွေမှာ တွေတဲ့နေရာ သတင်းပေး အကြောင်းကြားကြပါလို့  ထိုင်းနိုင်ငံသားတွေကို ပန်ကြားထားတာလည်းတွေ့ ရပါတယ်။

Social Action for Women - SAW

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ ယနေ့ ကြွရောက်လာသည့် မိုင်းဘုန်းဆရာတော် ဘဒ္ဒျန္တဥာဏသံဝရအား ခေတ္တ သီတင်းသုံးရာ နေပြည်တော် ဥပါတသန္တိစေတီအနီးရှိ ဗိမာန်တော်ကြီးတွင် ယနေ့ည ၇ နာရီခန့်က သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

Photos: Soe WIn

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ မနေ့ညပိုင်းက သေနတ်သမားတွေရဲ့ ခြောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့အတွက် ဒေသခံမြန်မာအသိုင်းအ၀ိုင်းကြား တုန်လှုပ်သွားခဲ့ကြပါတယ်။ အမေရိကန် သမိုင်းမှာ အဆိုးဆုံး ပစ်ခတ်မှုတွေထဲက တခုအဖြစ်၊ လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ပေါ်ပေါက်ခဲ့တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောဝ် ကတင်ပြထားပါတယ်။

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ၂ ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက လူဝီစီယားနား နဲ့ မင်နီဆိုးတားပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်သတ်ခဲ့တဲ့ သီးခြားဖြစ်ရပ်နှစ်ခု ဖြစ်ခဲ့တဲ့အပေါ် ဒါးလက်စ်မြို့မှာ ဆန္ဒပြနေတာကို လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရတာပါ။ သေနတ်သမားအဖြစ် သံသယရှိသူ တဦးကိုတော့ အသေဖမ်းဆီးမိပြီး၊ တချို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ပစ်ခတ်မှု အဆုံးသတ်သွားပေမဲ့လည်း ဒါးလက်စ်မြို့မှာတော့ ပူပူနွေးနွေး အဖြစ်အပျက်ကြောင့် တုန်လှုပ်ခဲ့ကြတာပါ။

ဒါးလက်စ်မြို့က မြို့တော်ခန်းမမှာ အလုပ်လုပ်နေတဲ့ သန္ဒီကြွယ် ကတော့ အခြေအနေ တည်ငြိမ်စပြုပြီ ဖြစ်ပေမဲ့လည်း မြို့ခံတွေကြား စိုးရိမ်မှုတွေတော့ မပျောက်သေးဘူးလို့ ဆိုပါတယ်။

" ဒါးလက်စ်က ရဲတွေ၊ City Hall က အကုန်လုံးက Emergency Workers တွေ အကုန်လုံးက သူတို့အလုပ်ကို ကြိုးစားလုပ်ပြီးတော့ ပြည်သူတွေအတွက် ကာကွယ်နေပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ စိုးရိမ်စိတ်က အမြဲရှိနေတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Sniper Shooting ဆိုတဲ့အခါကျတော့ ဘယ်Building ကနေ ဘယ်ကနေ ပစ်မယ်မှန်းမသိဘူး။ ဗုံးကလည်း ဘယ်နားမှာ မြုပ်ထားမှန်း မသိဘူးလေ။ အမကလည်း အစိုးရဆီမှာ အလုပ်လုပ်တယ်ဆိုတော့ အခု အစိုးရ Building ထဲမှာပဲ ဖြစ်နေမလား ဘာလားဆိုတဲ့ စိုးရိမ်စိတ်က ရှိတယ်။ မနက်စောစောကို အမှောင်ထဲမှာ ကားမောင်းပြီးတော့ မသွားရဲဘူးပေါ့နော်။ ကြောက်စိတ်က ရှိတယ်ဆိုတဲ့အခါကျတော့ ကိုယ့်လုံခြုံရေးကို အဓိက ထားပြီးတော့ နည်းနည်းအလင်းထွက်မှပဲ အခုမှာမှ အလုပ်သွားနေတယ်ပေါ့နော်။ ဆိုတော့ ကိုယ်နေတဲ့မြို့လေ ဆိုတော့ ဘာပဲပြောပြော အဲ့လိုမျိုး ဖြစ်တယ်ဆိုတော့ အားလုံးအတွက်လည်း စိတ်မကောင်းဘူး။ အားလုံးလုံခြုံရေးအတွက်လည်း စိတ်ပူတယ်ပေါ့နော်။"

ပိုလန်နိုင်ငံ၊ ၀ါဆောမြို့မှာ မြောက်အတ္တလန္တိတ်စာချုပ် NATO အဖွဲ့ ထိပ်သီး အစည်းအဝေးကို ၂ ရက်ကြာတက်ဖို့ ရောက်နေတဲ့ အမေရိကန် သမ္မတ ဘရာ့ခ် အိုဘားမားကလည်း တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပြီး အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ အသက်စွန့် တာဝန်ထမ်းဆောင်နေတယ်ဆိုတာ ဒီဖြစ်ရပ်တွေကနေ ၀မ်းနည်းဖွယ် သတိပေးနေပါတယ်လို့ဆိုပြီး ဒီရဲတပ်ဖွဲ့ဝင်တွေ အားလုံးနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးကြဖို့ အမေရိကန်နိုင်ငံသား အားလုံးကို တိုက်တွန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ကတည်းက Texas ပြည်နယ်မှာ အခြေချနေထိုင်နေတဲ့ မြန်မာနိုင်ငံက ကချင်တိုင်းရင်း Baptish Church က သင်းအုပ်ဆရာ လဆိုင်းလဗျ ကတော့ အရင်က မကြုံဖူးခဲ့တဲ့ အဖြစ်အပျက်ကြောင့် တုန်လှုပ်မိတဲ့အကြောင်း ပြောပါတယ်။

“စိုးရိမ်မှုတော့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအသားအရောင်နဲ့ပတ်သက်တဲ့ ကိစ္စဖြစ်တာကိုး၊ အကယ်၍သာအခုဖြစ်တဲ့ မင်နီဆိုးတားမှာဖြစ်တဲ့ ကိစ္စတွေ၊ အခြားပြည်နယ်မှာဖြစ်တဲ့ ကိစ္စတွေမှာ ပစ်ခတ်ခံရတဲ့ လူတွေ များသောအားဖြင့် ကလည်း သာမာန် Traffic တွေနဲ့ ပတ်သက်ပြီးတော့ ရဲတွေကနေ အဲ.. ဒီများသောအားဖြင့် သူတို့တားဆီးတဲ့အခါတွေမှာ တွေ့ရတဲ့သူတွေက လူမည်းတွေဖြစ်လို့ပေါ့နော်။ အဲ့လိုမျိုး။ အကယ်၍သာ လူဖြူသာဖြစ်မယ်ဆိုရင် ရဲတွေက ပစ်သတ်တာဖြစ်မှာ မဟုတ်ဘူးလို့ကျွန်တော် ယူဆတယ်။ ကျွန်တော်လည်း စဉ်းစားမိတာပေါ့၊ ဒါဟာ အကယ်ရွေ့သာ ကျွန်တော်တို့သာ အဲ့ဒီနေရာမှာရောက်နေခဲ့ရင် အဲ့လိုမျိုးကြုံနိုင်တယ်ဆိုတဲ့စိတ်က အများကြီးရှိတယ်။ ဒါကတော့ ကြောင့်ကျမှု တခုပေါ့လေ။ အဲ့တာမျိုးစိုးရိမ်မှုရှိတယ်။ဆိုတော့ အဓိက ကတော့ ကျွန်တော်တို့ ဒီလိုကိစ္စကတော့ ဒီ.. ရဲနဲ့ ပြည်သူလူထုကြားမှာ ကွာဟမှုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် တွေ့မြင်မိတယ်။ဆိုတော့ လူထုနဲ့ ပြည်သူလူထုနဲ့ ရဲတွေက အမြဲတမ်း တလုံးတစည်းထဲ၊ တသွေးတသားထဲ ဖြစ်ဖို့ကတော့ အများကြီးတည်ဆောက်ရမယ်လို့ ကျွန်တော်မြင်ပါတယ်”

ဒါးလက်စ်မြို့ ပစ်ခတ်မှုဟာ အမေရိကန်မှာ နှစ်ပေါင်း ၁၀၀ အတွင်း လုံခြုံရေးအာဏာပိုင်တွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုတွေထဲမှာ တခုအပါအ၀င် ဖြစ်ခဲ့သလို၊ ရဲတပ်ဖွဲ့ဝင် ၇၁ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ရဲတပ်ဖွဲ့ဝင် အများဆုံး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု တခုလည်း ဖြစ်ခဲ့ပါတယ်။

နန်းလောဝ်
VOA Burmese News


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial ရခိုင်ပြည်နယ်ကိုရောက်ရှိစဉ်။ သတင်းဓာတ်ပုံ- U.S. Embassy Rangoon
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial ရခိုင်ပြည်နယ်ကိုရောက်ရှိစဉ်။ သတင်းဓာတ်ပုံ- U.S. Embassy Rangoon

ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှု ရှိရေးနဲ့ တည်ငြိမ်လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ဖို့လိုကြောင်း ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေက မြန်မာပြည်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marciel ကို ရှင်းပြတိုက်တွန်းခဲ့ကြပါတယ်။ ပြည်နယ်ဖွံ့ဖြိုးရေး အကူအညီပေးဖို့ အတွက် ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ သံအမတ်ကြီး Marciel နဲ့တွေ့ဆုံချိန်မှာ အခုလို ပြောဆိုလိုက်ကြတာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်ပြည်သူတွေရဲ့ဘဝကို ဘယ်လို မြှင့်တင်ပေးနိုင်မလဲ ဆိုတာ ဆွေးနွေးဖို့ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့သလို ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင် တွေ၊ ရခိုင်လူမှု အသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ကန် သံအမတ်ကြီး ရခိုင်ရောက်ရှိ။
ကန် သံအမတ်ကြီး ရခိုင်ရောက်ရှိ။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ဖို့ လိုကြောင်း သူ့အနေနဲ့ဆွေးနွေးခဲ့တယ်လို့ ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

" သူတို့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ကျနော်တို့တောင် ပြောပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တအားကြိုက်တာပေါ့လို့။ ဒါပေမဲ့ ရခိုင်တွေကို ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်သလား။ တည်ငြိမ်လုံခြုံရေးကို လိုချင်သလား မေးရင် လုံခြုံတည်ငြိမ်ရေးကို လိုတယ်ဆိုတာမျိုးကို ခင်ဗျားကို အဖြေပေးလိမ့်မယ်။ အဲ့တာမျိုးကို ပြောတော့ သူကလည်း လက်ရှိ အခင်းအကျင်းလေးကို သဘောပေါက်တဲ့ပုံတော့ ကျနော်တို့ ယူဆလို့ရတာပေါ့။ "

တကယ်တော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့အတွက် တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုကြောင်း အမေရိကန်သံအမတ်ကြီးကို တင်ပြခဲ့တယ်လို့ ပြောသူက ANP ပါတီဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဖြစ်ပါတယ်။

" တကယ်တမ်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးက တရားဥပဒေစိုးမိုးရေးနဲ့ တရားဥပဒေနဲ့အညီ ဦင်္းစားပေးဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းရေး ကို ရရှိနိုင်မှာဖြစ်တယ်လို့ အထူးသဖြင့်တော့ ကျမတို့ ယခင်အစိုးရတုန်းက နိုင်ငံသား စိစစ်မယ့်ကိစ္စတွေမှာ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်မျိုးတွေ ရှိခဲ့တယ်။ အဲ့တာတွေကို ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပါ ဆိုတာမျိုးတွေကို ရခိုင်အမျိုးသားတွေဘက်က တင်ပြခဲ့ရတာတွေရှိတယ်။ "

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်း လုပ်ဆောင်နေတာ ရှိပါ တယ်။ ဒါပေမယ့် NLDပါတီ ဟာ ဒေသခံရခိုင်ပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်း လုပ်ဆောင်တာမျိုး အားနည်းနေတယ် လို့ ဒေါက်တာအေးမောင်က ထောက်ပြပါတယ်။

" လာမယ့်ကာလလေးမှာ တည်ငြိမ်အေးချမ်းအောင် ဘယ်လိုလုပ် မလဲ။ ရွေးကောက်ပွဲ မတိုင်ခင် ကျနော်တို့နဲ့ NLD တွေ့ဆုံဖူးတာ ရှိတယ်။ ရွေးကောက်ပွဲ အလွန်ကာလ သူတို့ သောင်ပြိုကမ်းပြို နိုင်ပြီးတဲ့နောက်မှာ ရခိုင်အမျိုးသားပါတီနဲ့ NLD တချိန်တခါမှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆွေးနွေးညှိနှိုင်းကြတာ မရှိဘူး။ အဲ့ဒီ့တော့ ဆွေးနွေးညှိနှိုင်းပြီးမှ ဒီဘက်က မြေပြင်အခြေအနေကို NLD ဘက်က ယူသင့်တာပေါ့။ မယူပဲနဲ့ အခုလို ကုလသမဂ္ဂရဲ့ ၃၂ကြိမ်မြောက် ညီလာခံကြီးမှာ ရခိုင်ပြည်နယ်က မူဆလင် အသိုက်အဝန်းလို့ သုံးတာဟာ ဒီလိုထိလွယ်ရှလွယ်တဲ့အခြေအနေမှာ သုံးတဲ့အခါကျတော့ ကျနော်တို့ ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာ အတားအဆီးလေးတွေ ဖြစ်တယ်လေ။"

ရက် ၁၀၀ စီမံချက်အဖြစ် NLDအစိုးရက ရခိုင်ပြည်နယ်မှာ လောလောဆယ် လုပ်ဆောင်နေတဲ့ နိုင်ငံသား စိစစ်ခံရမယ့်သူအတွက် အစိမ်းရောင် သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှု မရှိဘူး လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

" နိုင်ငံသားစိစစ်မယ့်ကိစ္စတွေမှာ ကဒ်တွေပေးတဲ့အနေအထားတွေ။ ကျမတို့က အဲ့ဒီ့ကဒ်တွေ ထုတ်ပေးတယ်ဆိုတာ ဘယ်ဥပဒေနဲ့အညီ ထုတ်ပေးတာလဲဆိုတာ ကျမတို့ဘက်က အဓိပ္ပါယ်မရှင်းလင်းဘူး။ နိုင်ငံသား စိစစ်ရေးဆောင်ရွက်ခြင်းကို ခံယူမယ့်သူတွေကို ထုတ်ပေးတာလို့တော့ပြောတယ်။ ဒီလိုထုတ်ပေးဖို့ အနေအထားက ဘယ်လိုလုပ်ထုံးလုပ်နည်းတွေမှာ ရှိလဲဆိုတာ ကတော့ ပြည်သူတွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း မသိရဘူးဆိုတော့ ကျမတို့ဘက်က အားမလို အားမရ ကန့်ကွက်မှုတွေ ရှိနေကြတာလည်း သိရပါတယ်။"
သံအမတ်ကြီး ရခိုင်ခရီးစဉ်။
သံအမတ်ကြီး ရခိုင်ခရီးစဉ်။
အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ရခိုင်ပြည်သူလူထုအတွက် ကူညီထောက်ပံ့မှုတွေအကြောင်းတွေ ကိုယ်တိုင်ရှင်းပြနိုင်ဖို့နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ပြည်နယ်တစ်ဝန်း လူမှုအသိုက်အဝန်းတွေက ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ အကူအညီပေးနိုင်မလဲ ဆိုတာတွေ ဆွေးနွေးနိုင်ဖို့ အတွက် ရခိုင်ပြည်နယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။

VOA Burmese News

winhtein-620.jpg NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့က တောင်းပန်ခိုင်းတာကို မိမိတို့အနေနဲ့ တစ်စုံတရာ တုန့်ပြန်မှာမဟုတ်ပါဘူးလို့  NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ NLD ပါတီ ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံအပြီးမှာ ဦးဝင်းထိန်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

"အစ်ကိုတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု ပပျောက်အောင် ဒီသဘောမျိုးပဲထားတယ်၊ ခေါင်းထဲလည်း သိပ်မထည့်ဘူး၊ သူများလာကိုလည်းလာပြောလို့ ဘာညာဒါကို ဘာမှအရးတယူ လုပ်စရာအကြောင်းမရှိဘူး၊ သူတို့မူနဲ့သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ် NLD ပါတီမှာလည်း မူပါတယ်၊ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ရောစပ်မှုမရှိရဘူးဆိုတဲ့မူလည်းရှိတယ်၊ အဲ့ဒီတော့ အခုဖတ်ကြည့်တယ်လို့ ဖေ့စ်ဘွတ်တွေ ဘာတွေမှာ အဓိကကျတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဟာ သိပ်အောက်တန်းကျတော့ ငါးစိမ်းသည်လိုများ အောက်မေ့တယ်၊ အဲ့လိုဆိုတော့ ဒါတွေဟာ တုန့်ပြန်စရာအကြောင်းမရှိဘူး၊ တုန့်လည်းမတုန့်ပြန်ဘူး ဘာလို့လဲဆိုတော့ အစ်ကိုတို့ အခုလုပ်နေတာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လိမ္မာပါးနပ်စွာနဲ့ ချီတက်နေတဲ့ အချိန်မှာ ဒါမျိုးတွေ ခေါင်းထဲထည့်ပြီးတော့ အရေးတယူလုပ်လို့ရှိရင်၊ အဲ့ဒါတွေကို ခေါင်းထဲမထည့်နဲ့ ကိုယ်လုပ်စရာရှိတာတွေဆက်လုပ်"

ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိပြီး နိုင်ငံတော်သမ္မတရုံး ရုံးအမှတ် ၁၈ မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးကို တက်ရောက်ခဲ့ပြီး NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် ဇူလိုင်လ ၇ ရက်နေ့ မနေ့က အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ဦးဆောင် ဆရာတော်တွေက အထူးအစည်းအဝေးပြုလုပ်ခဲ့ပြီး ဦးဖြိုးမင်းသိန်းပြောကြားခဲ့တဲ့ စကားအတွက် ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်း ပန်ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မတောင်းပန်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ ရှိဖို့မလိုအပ်ပါဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ဒီကိစ္စကို အစိုးရအနေနဲ့ကို ၇ ရက်အ တွင်း ဖြေရှင်းပေးရမယ်လို့ မနေ့က တောင်းဆိုခဲ့ပါတယ်။ အဲဒီလို တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီး က ရဟန်းနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့အမြင်ကို မခက်မာ စုစည်းတင်ပြထားပါတယ်။

RFA


mcdc-620.jpg
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အဦကို တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကော်မတီဝင် ၁၁ ဦးကို တာဝန် ကနေ ရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့လက မန္တလေးတိုင်းလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ၂၀၁၄ မန္တလေးမြို့တော် စည်ပင်သာ ယာရေးဥပဒေ ကို ပြင်ဆင်တဲ့ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောပါတယ်။

တာဝန်ကရပ်ဆိုင်းခံရသူတွေဟာ အရင်အစိုးရက တိုက်ရိုက်ခန့်အပ်ထားတဲ့ အတွင်းရေးမှူး ၁ ဦး၊ ကော်မတီဝင် ၄ ဦးနဲ့ မဲပေးရွေးချယ်ခန့်အပ်ထားတဲ့ ဒုတိယမြို့တော်ဝန် ၁ ဦး၊ ကော်မတီဝင် ၅ ဦး စုစုပေါင်း ၁၁ ဦး ဖြစ်ပါတယ်။

ကော်မတီအသစ်မှာ အစိုးရကတိုက်ရိုက်ခန့်အပ်မယ့် ၅ ဦးကို လာမယ့် ၂ ပတ်အတွင်း ခန့်အပ်ဖို့ နဲ့ မဲပေးရွေး ချယ်ရမယ့် ၆ ဦးကို လာမယ့် ၃ လ အတွင်း ရွေးကောက်ပွဲပြုလုပ်ကာ ခန့်အပ်သွားဖို့ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို မြို့တော်ဝန်နဲ့ တွဲဖက်အတွင်းရေးမှူးအပါအ၀င် အများဆုံး ၁၅ ဦး၊ အနည်းဆုံး ၁၃ ဦး နဲ့ ဖွဲ့စည်းရမှာဖြစ်တယ်လို့ ဥပဒေမှာပါရှိတာ ဖြစ်ပါတယ်။
RFA


yeywar-tower-620.jpg
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ်မှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းက တာဝါတိုင်တွေကို ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းက တာဝါတိုင် ဆောက်လုပ်နေရာ မှာ တောင်သူတွေရဲ့ လယ်မြေတွေပျက်စီးကုန်ပြီး စီမံကိန်းက လျော်ကြေးမပေးဘူးလို့ ဒေသခံတောင်သူတွေ က ပြောပါတယ်။

ပျက်စီးသွားတဲ့ လယ်မြေတွေအတွက် တွက်ချက်ပြီးလျော်ကြေးပေးမယ်လို့ ပြောခဲ့ပေမယ့် ခုချိန်ထိ မရသေးဘူး လို့ နောင်ချိုမြို့ နယ် ကုန်းစံရွာက တောင်သူ ဦးသန်းနိုင်က ပြောပါတယ်။

"အခုက တာဝါတိုင်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က မကျေနပ်ဘူးဗျ၊ လျော်ကြေးကတော့ ပေးမယ်လို့ပြော ထားတယ်ဗျ၊ ဘယ်နေ့ပေးမယ်တော့ မသိဘူး၊ ၂ဝ၁၅ ကစတယ်ပေါ့ဗျာ ဒီတိုင်တွေလာချတဲ့အချိန်မှာ ကျနော်တို့က ဟန့်တားတယ်ပေါ့ဗျာ၊ ဒီတိုင်တွေ ဘာလုပ်မလဲလို့ ကျနော်တို့က မေးတာပေါ့၊ ဒီတိုင်လေးတွေ မီးတိုင်ဆောက်ဖို့ရာအတွက်တဲ့၊ ခင်ဗျားတို့လာမချနဲ့ဦး ကျနော်တို့ ခဏဟန့်တားတော့မယ်လို့ ပြော တာပေါ့ဗျာ၊ ပြောတဲ့အချိန်ကျတော့မှ ကျနော်တို့ ရောက်လာပြီးသားမို့လို့ ချတဲ့ပစ္စည်းတွေကတော့ ချရမှာတဲ့ အဲ့လိုပြောလာတယ်၊ ကျနော်တို့ ပြောင်းလေးတွေစိုက်ပျိုးတဲ့အတွက်ကို နစ်နာတာပေါ့ဗျာ၊ အခု ကျနော်တို့ ပြောင်းကစိုက်စားလို့မရဘူး"

အဲ့ဒီတာဝါတိုင်တွေဟာ ကျောက်မဲမြို့ နယ် တောင်ခြေရွာကနေ နောင်ချို၊ ပြင်ဦးလွင်မြို့ တွေကိုဖြတ်ပြီး ဓါတ်အားပေး ရုံရှိတဲ့ မန္တလေးမြို့ ရွှေစာရံအထိ မနှစ်ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပါတယ်။

တာဝါတိုင်တည်ဆောက်ရေး လုပ်ကိုင်ခွင့်ရထားတဲ့ ကန်ထရိုက်တွေက ပျက်စီးသွားတဲ့ လယ်မြေတွေအ တွက် လျော်ကြေးအဖြစ် ဘယ်လောက်ပေးမယ်၊ သီးနှံလျော်ကြေး ဘယ်လောက်ပေးမယ်ဆိုတာကိုလည်း တိတိကျကျ ပြောခဲ့တာမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ ပြောင်းကို အဓိကစိုက်ပျိုးကြပြီး တာဝါတိုင်တစ်ခုဆောက်ရင် ကျင်းတူး၊ မြေစာပုံတွေကြောင့် လယ်ဧကဝက်လောက် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

နောင်ချို ရွှေပြည်ညွှန့်ရွာမှာရှိတဲ့ တာဝါတိုင်တည်ဆောက်ရေး အမှတ် (၃) အဖွဲ့က ကန်ထရိုက်တစ်ဦးကတော့ သူတို့အနေနဲ့ ကျောက်မဲမြို့ အထက်ရဲရွာကနေ မန္တလေးရွှေစာရံအထိ စုစုပေါင်း တာဝါတိုင် ၂၇၀ စိုက်ထူမှာဖြစ် တယ်လို့ ပြောပါတယ်။

တောင်သူတွေရဲ့ လယ်မြေတွေဆုံးရှုံးမှုအတွက် တွက်ချက်ပြီး ရွှေစာရံရုံးချုပ်ကို တင်ထားပေးကြောင်း ရွှေစာရုံးချုပ် ကနေ လျော်ကြေးပေးမယ်လို့ ပြောပါတယ်။
RFA


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူးဆိုတဲ့ ပြောစကားအတွက် မဘသ အဖွဲ့က တောင်းပန်ခိုင်းတဲ့အပေါ် တစ်စုံတရာတုန့် ပြန်သွားမှာ မဟုတ်ဘူးလို့  NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ NLD ပါတီထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းတို့ တွေ့ဆုံအပြီးမှာ ဦးဝင်းထိန် က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိပြီး နိုင်ငံတော်သမ္မတရုံး ရုံးအမှတ် (၁၈) မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးတက်ရောက်ခဲ့ပြီး NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်ပြောကြားခဲ့ပါ တယ်။

အဲ့ဒီအတွက် မနေ့က ဇူလိုင်လ ၇ ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ဦးဆောင် ဆရာတော်တွေက အထူးအစည်းအဝေးပြုလုပ်ခဲ့ကာ ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တောင်းပန်တာမလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese



ဓာတ်ပုံ...အင်တာနက်
ရခိုင်ဂေဇက် ၊ ဇူလိုင် ၈

ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားမှုများ မှာ ပုံမှန်အနေအထား တွင် ရှိနေပြီး လုံခြုံရေး အခြေအနေမှာလည်း စိုးရိမ်စရာ မရှိကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေး မှူး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

ဦးရဲထွဋ်က “ မောင်တောအခြေအနေ လက်ရှိအနေအထားအတိုင်း အားလုံး ပုံမှန်ပါပဲ ။ လုံခြုံရေး အခြေအနေတွေလည်း ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အားလုံးတည်ငြိမ်နေပါတယ်။ ပြဿနာ ဖြစ်တာတွေလည်း ဘာမှ မရှိပါဘူး ” ဟုပြောသည်။

မောင်တောမြို့နယ်နှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များ သည် မောင်တောမြို့ပေါ်တွင် မော်တော်ကားများဖြင့် ဆောင်းဘောက်များ အကျယ်ကြီးဖွင့်ကာ ဒေသခံ မိန်း ကလေးများအား စနောက်မှုများ ရှိနေပြီး ဆူညံ အော်ဟစ် သွား လာနေကြသည့် အတွက် ပြဿနာများ ဖြစ်ပွားရန် အစ ပျိုးနေကြောင်း ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြောင်းကြားထားရပြီး အခြေအနေကို စောင့်ကြည့် နေရကြောင်း ဇူလိုင်လ ၈ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတချို့တွင် လုံခြုံရေး သတိရှိရန် ရေးသားမှု များ ရှိသည်။

ထိုအကြောင်း အရာနှင့်ပတ်သက်၍ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “ အဲလိုမဟုတ်ပါဘူးဗျာ ။ သင်္ကြန်တုန်းက ပုံစံမျိုး ဆောင်းဘောက်တွေတင်ပြီး ကားပတ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ အစ္စလမ် ဘာသာဝင်တွေက သူတို့မှာ ပွဲရှိတော့ ကားတွေနဲ့ အနည်းအကျဉ်း သွားတာလောက်ပါပဲ ။ အသင်းအဖွဲ့ လှုပ်ရှား သွားလာတဲ့ ပုံစံ မျိုး မဟုတ်ပါဘူး။ အဲဒီလိုမျိုး လုပ်မယ့် ကိစ္စမျိုး ဆို ကျွန်တော်တို့ ဘယ်ခွင့်ပြု ပါမလဲ ” ဟုပြောသည်။

အဆိုပါမောင်တောအခြေအနေနှင့် သတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ဦးခင်မောင်သန်းအား ရခိုင်ဂေ ဇက် သတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ မောင်တောမြို့ အခြေအနေသည် ပုံမှန် အနေအထားတွင် ရှိကြောင်း ၊ အစ္စလာမ် ဘာသာဝင်များ ဥပုသ် အထွက် ( ရူးစာကိုင် ) နေ့ဖြစ်သည့် အတွက် ၄င်းဘာသာဝင် များ ကားဖြင့် သွားလာနေမှု ရှိသော်လည်း လက်ရှိ အခြေအနေအရ ပြဿ နာ ဖြစ်ပွားနိုင်သည့် အနေအထားတွင် မရှိကြောင်း အခြေအနေအား ရှင်းပြသည်။

Rakhine Gazette
https://www.facebook.com/RakhineGazette



ကိုယ်ဝန်ဆောင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Family Planning အရ လက်မောင်း အရေပြားအောက် ထည့်သည့် သားဆက်ခြား ဆေးပစ္စည်းကို အသက် ၁၅ နှစ်မှ ၄၅ နှစ်ရှိ အမျိုးသမီးများကို အခမဲ့ထည့်သွင်း ပေးမည် ဖြစ်ကြောင်း မျိုးဆက်ပွား ကျန်းမာရေးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိခင်များ အနေဖြင့် သားသမီး မရစေသည့် ဆေးများ မကြာခဏ ထိုးခြင်း၊ သောက်ခြင်းကြောင့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်ကာ သေဆုံးမှုများ ရှိလာပြီး အဆိုပါ သားဆက်ခြားသည့် ဆေးပစ္စည်း ထည့်ထားပါက သုံးနှစ်မှ ငါးနှစ်အတွင်း ဆေးအာနိသင် ရှိနေမည် ဖြစ်ကြောင်း ဆိုသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာနခွဲနှင့် PSI တို့ ပူးပေါင်းပြီး Launching and Master Mentor Training on Long Acting Reversible Contraception Implant သင်တန်း၌ သားဖွားဆရာမ များကို ဇူလိုင်လ ၅ ရက်က အဆိုပါ ဆေးရုံကြီး၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းပြီး ပါက မိမိနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၌ ဆင့်ပွား သင်တန်းများ ပေးရမည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် Family Planning အရ လက်ရှိ ၃၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် သားဆက်ခြား နည်းကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် လက်မောင်း အရေပြားအောက် သားဆက်ခြား ဆေးပစ္စည်း ထည့်နည်း သင်တန်းကို ပို့ချပေးခြင်း ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရက်တရာစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဓာတ်တိုင်များ၌ ရှုပ်ထွေးနေသော မီးကြိုးများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် (လျှပ်စစ်) ဦးစန်းယုက ပြောကြားသည်။

ရှုပ်ထွေးလျှပ်စစ်ဝါယာကြိုးရှင်းလင်းရာတွင် ခရိုင်လေးခု၌ စံပြမြို့နယ်များ သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်နေ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ပါက ပိုပြီးအောင်မြင်နိုင်ကြောင်း ၎င်းကဆိုသည်။ ''အရှေ့ပိုင်းခရိုင်မှာဆိုရင် တာမွေမြို့နယ်။ ဒီမြို့နယ်မှာ မီးကြိုးရှုပ်ထွေးနေတာက ၁၃၅ နေရာရှိတယ်။ သုံးနေရာတော့ ရှင်းပြီးပြီ။ အနောက်ပိုင်းခရိုင်မှာ လှိုင်မြို့နယ်။ ဒီမြို့နယ်မှာတော့ ရှုပ်ထွေးနေတာက ၅၆ နေရာ၊ ၁၅ နေရာတော့ ရှင်းပြီးပြီ။ တောင်ပိုင်းခရိုင်ဆိုရင် ဒလမြို့နယ်၊ ရှုပ်ထွေးနေရာ ၃၄ နေရာရှိပြီး ၁၄ နေရာတော့ ရှင်းပြီးသွားပြီ။ မြောက်ပိုင်းခရိုင် လှိုင်သာယာမှာက မီးလိုင်းတွေ အရမ်းများတယ်။ ၁၅၄ လိုင်းမှာ ၈ လိုင်းရှင်းပြီးပါပြီ'' ဟု ဦးစန်းယုက ပြောကြားသည်။

ကျန်ရှိမြို့နယ်များတွင် ရှုပ်ထွေး မီးကြိုးများ ရှင်းလင်းရန် ယခုဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက် လျာထားခြင်းမရှိသော်လည်း ပြည်သူလူထုပူးပေါင်းပါဝင်မည်ဆိုပါက ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''တီကောင်တွေလိုဖြစ်နေတဲ့ မီးကြိုးတွေအပြင် အချို့မြို့နယ်တွေမှာ အုတ်ဓာတ်တိုင်တွေ အစားထိုးဖို့လိုတာ တွေ့ရပါတယ်။ သံဓာတ်တိုင်တွေဆိုတော့ အန္တရာယ်ရှိနိုင်ပါတယ်။ မီးကြိုးသွယ်တန်းမှုများလာတာနဲ့အမျှ မီးလိုင်းတွေကလည်း ခံနိုင်ဖို့လိုပါတယ်''ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သော ပြည်သူတဦးကပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် ရက်တရာစီမံကိန်းအတွင်း ထရန်စဖော်မာ အလုံးရေ ၁၅၀ တပ်ဆင်သွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် ၁၃၇ လုံး တပ်ဆင်ပြီး ဖြစ်ကြောင်းနှင့် ကျန်သည့် ၁၃ လုံးမှာ လာမည့် ဇူလိုင် ၁၀ ရက်တွင် တပ်ဆင် ပြီးစီးနိုင်ကြောင်း လက်ထောက်အတွင်းဝန် ဦးစန်းယုက သုံးသပ်ပြောကြားသည်။

AT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မလေးရှားမှာ ဖမ်းမိတဲ့ အာဖရိက ဆင်စွယ်တွေ
အာဖရိက ဆင်တွေ နှစ်စဉ် အကောင်ရေ သုံးသောင်းလောက် အသတ်ခံနေရပြီး ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်းမှာ အာဖရိက ကြံ့အကောင်ရေ ခြောက်ထောင်လောက် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတယ်လို့ Cites လို့ခေါ်တဲ့ Convention on Internationall Trade in Endangered Species က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဆင်တွေကို ဖမ်းဆီး သတ်ဖြတ်တာကတော့ အရှေ့အာရှ နိုင်ငံတွေမှာ ဆင်စွယ်နဲ့ လုပ်တဲ့ ရုပ်ထုကို တန်ဖိုးထားကြသလို ကြံ့ချို ကြံ့သွေး ဆိုတာကလဲ အရှေ့အာရှမှာ တိုင်းရင်းဆေးအဖြစ် တကယ့်ကို အသုံးဝင်တာ ဖြစ်ပါတယ်။ ဈေးကွက်ကလဲ အထူးသဖြင့် တရုတ် နဲ့ ဗီယက်နမ် ကို ပို့ကြတာပါ ။

ဒါနဲ့ ပတ်သက်လို့အခုလို အကြီးအကျယ် တောရိုင်း တိရစ္ဆာန် ဖမ်းဆီး သတ်ဖြတ် ရောင်းဝယ်မှုမှာ အဓိက ပါဝင် လှုပ်ရှားနေတာကတော့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေဖြစ်တယ်လို့ ဒီကိစ္စကို သုတေသနပြု လုပ်နေသူတွေက ပြောပါတယ်။

အခုလို ဆင်စွယ်နဲ့ ကြံ့ချို ရောင်းဝယ်မှုမှာ သက်ဆိုင်ရာ နိုင်ငံတွေက အဆင့်မြင့် အရာရှိကြီးတွေလည်း ပါဝင် ပတ်သက်နေတော့ သားရိုင်း တိရစ္ဆာန် တရားမ၀င် ဖမ်းဆီးမှုကို ဆန့်ကျင်တိုက်ဖျက်နေသူတွေ အတွက် တကယ့်ကို စိန်ခေါ်မှုကြီးတရပ် ဖြစ်နေပါတယ်။ သူတို့ဟာ တရားမ၀င် ဖမ်းဆီးလို့ ရတဲ့ ဆင်က ရတဲ့ ဆင်စွယ်တွေကို အာဖရိကနဲ့ အာရှ ကို ကုန်စည်တရပ် အဖြစ် အကြီးအကျယ် ပို့ဆောင် ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

တောရိုင်း တိရစ္ဆာန် ရောင်းဝယ်မှု စုံစမ်း တိုက်ဖျက်ရေး အေဂျင်စီ Traffic အဖွဲ့ရဲ့ တွေ့ရှိချက်က ဆင်စွယ်ဖမ်းဆီးမှုတွေ အတွင်း တရုတ်နဲ့ ဗီယက်နမ် လူမျိုးတော်တော်များများကို တိုးပြီး ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုလို ပြောတာ ဖြစ်ပါတယ်။

အာဖရိကတိုက်က အသေးဆုံး နိုင်ငံလေး တခုဖြစ်တဲ့ တိုဂို ဟာ အာရှကို ဆင်စွယ် အများဆုံး လတ်တလော ပို့ဆောင်ခဲ့တယ်လို့ သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကင်ညာမှာ မီးရှို့ဖျက်ဆီးမယ့် ဆင်စွယ်နဲ့ ဆင်စွယ် ပန်းပုတွေ

ထိုင်းနဲ့ မြောက်ကိုရီးယား တချို့ကို ဖမ်းမိ

စစ်တမ်းကောက်သူတွေ အပြောအရ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မြောက်ကိုရီးယား နိုင်ငံသား တချို့ကိုလည်း ဖမ်းမိထားလို့ ဆိုပါတယ်။ လတ်တလောမှာ အာရှက ရာဇဝတ်ဂိုဏ်းတွေနဲ့အတူ ဒေသတွင်းက နိုင်ငံရေး နဲ့ စီးပွားရေး အရှိန်အဝါ ကြီးသူတွေလည်း ဒီ ဆင်စွယ် ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက်တာ တွေ့ရတယ်လို့ Cites အဖွဲ့က ပြောပါတယ်။

အန်ဂိုလာ ၊ ကွန်ဂို ၊ အိုင်ဗရီ ကိုးစ် ၊ ဒီမိုကရက်တစ် ကွန်ဂို ၊ မိုဇမ်ဘစ် ၊ နိုင်ဂျီးရီးယား ၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နိုင်ငံတွေ အပါအ၀င် ဒီ အာဖရိက အခြေစိုက် ဆင်စွယ် ထုတ်လုပ် ရောင်းဝယ်မှုကို တရုတ်တွေက ပိုတိုးပြီး တိုက်ရိုက် ပါဝင်လှုပ်ရှားလာတာ တွေ့ရတယ်လို့လည်း အဲဒီ အဖွဲ့က ဆိုပါတယ်။

ဒီအန်အေ စစ်ဆေးမှုတွေ အရ တိုဂို နိုင်ငံက ပို့လိုက်တဲ့ ဆင်စွယ်တွေ ဖြစ်တဲ့ အတွက် ဒါဟာ သမုဒ္ဒ တိုက်ကြီးတွေကို ဖြတ်ကျော်ပြီး ကူးသန်းရောင်းဝယ်နေကြတယ် ဆိုတာကို ပြနေတယ်လို့ Traffic အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အာဖရိကမှာ ဆိုရင် အာဏာပိုင်တွေက အောက်ခြေ အသေးစား ရောင်းဝယ်နေသူတွေကိုဘဲ ဖမ်းဆီးပြီး ကြီးကြီးမားမား လုပ်နေသူတွေကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသလို ထုနဲ့ထည်နဲ့ လုပ်နေသူတွေကလည်း အဆင့်မြင့် အရာရှိကြီးတွေကို လာဘ်ပေးယူမှု တွေ ရှိတာ တွေ့ရတယ် ၊ ဒါတွေကို တိုက်ဖျက်ဖို့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ကြီးဖွဲ့ပြီး လုပ်ဆောင်တာတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

အခု လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လာမယ့် စက်တင်ဘာမှာ တောင်အာဖရိကမှာ ကျင်းပမယ့် Cites ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့ရဲ့ ညီလာခံမှာ တင်သွင်းမယ်လို့သိရပါတယ် ။

BBC Burmese
http://www.bbc.com/burmese


 ဘုရင့်နောင်ကားပစ္စည်းဈေးရှေ့တွင် အမျိုးသမီးထံမှ ဆွဲကြိုးဖြတ်ပြေးသူ (၂)ဦးအား ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၆ ရက်နေ့ ၁၈၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်----သည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကားပစ္စည်းဈေးမှ နေအိမ်သို့ပြန်ရန်အတွက် ဘုရင့်နောင်လမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ် ဈေးရှေ့အနီး၌ မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသည့် လူငယ်(၂)ဦးမှ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော ဆွဲသီးပါ အလေးချိန်(၂)ကျပ်ခွဲသားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံးအား ဆွဲဖြတ်ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် အဆိုပါနေရာအနီးတွင် အရပ်ဝတ်ဖြင့် နယ်မြေသတင်းစုံစမ်းနေသော ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ဆွဲကြိုးဖြတ်ပြေးသူ အမျိုးသား(၂)ဦးအနက် တစ်ဦးကို အခင်းဖြစ်နေရာ၌ သက်သေခံပစ္စည်းဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူအမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်နေ နိုင်ထက်အောင်၊ (၁၉)နှစ်ဖြစ်ကြောင်းနှင့် ထွက်ပြေးသွားသူမှာ လှိုင်သာယာမြို့နယ်နေ ဘိုဘိုထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဘိုဘိုထွန်း၊ (၂၃)နှစ်ကို ယင်းနေ့ ၂၃၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်မှ ဆက်လက်ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ကျူးလွန်သူ နိုင်ထက်အောင်နှင့် ဘိုဘိုထွန်းတို့(၂)ဦးကို ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၅၀၇/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၃) ခုရှိ ဈေး(၃)ဈေးတွင် ဈေးရောင်းချနေသော မုန့်ဖတ်၊ ပဲပြားများတွင် လူသေကောင်များ မပုပ်အောင် စီမံရာ၌ အသုံးပြုသည့် ဖော်မလင် (Formalin) များ စစ်ဆေးတွေ့ရှိရသည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA- ရန်ကုန်)မှ အကြောင်းကြား စာပေးပို့လာကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။ FDA သည် ဈေးကွက်အတွင်း ရောင်းချနေသော အစားအသောက်နမူနာများအား လစဉ်နမူနာကောက်ယူ၍ စစ်ဆေးလျက်ရှိရာ ပြီးခဲ့သည့် မေလက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ဈေးများတွင် ရောင်းချနေသော မုန့်ဖတ်နမူနာ (၇)မျိုး၊ ပဲပြားနမူနာ (၇)မျိုးတို့ကို ၀ယ်ယူကာ Formalin Test Kit ဖြင့် Formalin ပါဝင်မှုရှိ၊ မရှိ စမ်းသပ်စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် မုန့်ဟင်းခါးဖတ်နှင့်ပဲပြားများတွင် ဖော်မလင်များတွေ့ရှိရသည့်အတွက် ယင်းကိစ္စကို ဇွန် (၃၀)ရက် ရက်စွဲဖြင့် FDA က YCDC ဈေးများဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲစစ်ဆေးချက်အရ မုန့်ဟင်းခါးဖတ် နမူနာ (၇)မျိုးအနက် အင်းစိန်မြို့သစ်မှ ၀ယ်ယူခဲ့သော မုန့်ဟင်းခါးဖတ် နမူနာတွင် ဖော်မလင်ပါဝင်ကြောင်း၊ ပဲပြား နမူနာ (၇)မျိုးအနက် တာမွေမြို့နယ်၊ မေတ္တာညွန့်ဈေးနှင့် သန်လျင်မြို့မဈေးများမှ ၀ယ်ယူခဲ့သော ပဲပြားနမူနာများတွင် ဖော်မလင် ပါဝင်ကြောင်းနှင့် ယင်းကဲ့သို့ နမူနာဝယ်ယူခဲ့သော ဈေး (၂)ဈေးမှ ဆိုင်များတွင် ဆိုင်နံပါတ်ပြားမရှိကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက်ကြောင့် အဆိုပါဈေးများတွင် ရောင်းချနေသော ပဲပြားနှင့် မုန့်ဟင်းခါးဖတ်များကို တမယ်လျှင်(၂၅ ကျပ်သား)၊ ပဲပြား (၂)တုံးနှုန်းဖြင့် အမြန်ပေးပို့စစ်ဆေးမှုခံယူရန် အကြောင်းကြားလာသည်ဟု သိရသည်။
''တရားဝင်အကြောင်းကြားစာလာ တယ်ဆိုတော့ ဒီဈေးတွေက မုန့်ဖတ်ရောင်းတဲ့ဆိုင်တွေအားလုံးကို ဆိုင်နာမည်၊ ဆိုင်နံပါတ်နဲ့ မုန့်ဖတ်နမူနာတွေယူပြီး FDA ကို ပို့ဖို့လုပ်နေတယ်။ တရားဝင်စာနဲ့ အကြောင်းကြားလာတယ်ဆိုတော့ တရားဝင်ပို့ပေးရမှာပါ''ဟု ဈေးများဌာနမှ ဒုဌာနမှူး ဦးသောင်းတင်က ပြောသည်။

ဈေးများဌာနအနေဖြင့် မြို့နယ် အားလုံးအတွင်းရှိ ဈေးများကို စစ်ဆေးမည် မဟုတ်ဘဲ လတ်တလော FDA မှ စစ်ဆေးတွေ့ရှိသည့် ဈေးများအတွင်းရှိ ဆိုင်များကိုသာ စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါ ဆိုင်များမှ ဆိုင်အမည်၊ ဆိုင်နံပါတ်နှင့် မုန့်ဖတ်၊ ပဲပြားနမူနာများကိုယူကာ FDA သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ FDA မှ စစ်ဆေးပြီးစီးပါက ယင်းစစ်ဆေးချက်များအပေါ်တွင် မူတည်ကာ ဖော်မလင်ပါဝင်သည့်ဆိုင်များအား စည်ပင် သာယာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ပြီး အရေးယူမှုအနေဖြင့် ဒဏ်ငွေကျပ် ငါးသောင်းမှ ကျပ်တသိန်းအထိ ချမှတ်နိုင်ကြောင်း ဦးသောင်းတင်က ပြောသည်။

ယင်းဈေးများတွင်ရောင်းချနေသော မုန့်ဖတ်၊ ပဲပြားဆိုင်များသည် ပင်ရင်းဒိုင်များမှတဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချနေသောဆိုင်များဖြစ်ပြီး စည်ပင်သည် ဈေးများဧရိယာအတွင်း၌သာ စီမံခန့်ခွဲခွင့်ရှိ၍ ပင်ရင်းဒိုင်များကို လိုက်လံစစ်ဆေးရန် FDA တွင် တာဝန်ရှိသည်ဟုလည်း ၎င်းကပြောသည်။

မုန့်ဟင်းခါးဖတ်၊ ပဲပြား၊ မုန့်တီ၊ နန်းကြီးဖတ်၊ ချက်နို့ဆီများတွင် ကြာရှည်ခံစေရန် ဖော်မလင်သုံးနေကြ သည့်အတွက် ယင်းဖော်မလင်သည် ရိုးတွင်းချဉ်ဆီအထိ ဒုက္ခပေးကာ ဖော်မယ်ဒီဟိုက်ဟူသော အဆိပ်မှ ရောဂါမျိုးစုံနှင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal



အင်ဒိုနီးရှားက မွတ်ဆလင်တွေရဲ့ အိဒ်ပွဲတော်
အင်ဒိုနီးရှား နိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေရဲ့ အိဒ် ပွဲတော်အပြီး ပြန်လာကြတဲ့ ကားတွေ ရက်ချီ ပိတ်မိပြီး လူ ၁၂ ယောက် လောက် ရေပြတ် ပင်ပန်းပြီး သေဆုံးကြပါတယ်။

လူ သန်းနဲ့ချီပြီး ကားလမ်း တွေပေါ်မှာ ပိတ်မိခဲ့တာပါ။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးချိန်မှာ ဂျားဗားကျွန်းက လမ်းဆုံ တခုမှာ ဒီလို အသွားအလာ များပြီး ၃ ရက်လောက် ယာဉ်ကြော ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အများစုဟာ သက်ကြီး ရွယ်အိုတွေ ဖြစ်ပြီး ကားတွေ ပေါ်မှာ အပူရှိန်နဲ့ ပိတ်မိပြီး သေဆုံးကြတာလို့ သိရပါတယ်။

ကားမီးခိုးငွေ့တွေ ရှူမိပြီး ကလေးငယ် တယောက် သေဆုံးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


Posted on 8July2016

မြန်မာနိုင်ငံ ကော့သောင်မြို့ ကနေ ထိုင်းနိုင်ငံ ရနောင်းမြို့ ကို ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့ က စစ်ဆေးရှာဖွေခဲ့ရာမှာ ဖိနပ်အတွင်းဖေါက်ပြီး ဖွက်ယူလာတဲ့ ရာဘ ပန်းရောင် စိတ်ကြွဆေး ၁၄၀ ပြားနဲ့  အတူ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။


တရားခံက ရနောင်း မြို့ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့  မြန်မာနိုင်ငံသားတွေကို မူးယစ်ဆေးလိုက်ရောင်းနေသူဖြစ်ပါတယ်၊ ဖွက်ယူလာနည်းက သေသတ်ပြီး နေ့ စဉ်ထောင်နဲ့  ချီလာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တဦးချင်း စစ်ဆေးဘို့ မလွယ်ပေမယ့် အကြောင်းသိနေတဲ့ အတွင်းလူက ကြိုတင် သတင်းပေးခဲ့လို့ ရဲတွေကစောင့်ကြည့် ရှာဖွေဖမ်းဆီးနိုင်ခဲ့တာပါ။

(SAW)
Khasod news
Social Action for Women - SAW



မြောက်ကိုရီးယား ဒုံးပစ်လွှတ်စဉ်။ ( ဇွန် ၂၃၊ ၂၀၁၆)
မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ ဆက်လုပ်နေတာကို တန်ပြန်ဖို့အတွက် ကိုရီးယားကျွန်းဆွယ် မှာ THAAD လို့အတိုကောက်ခေါ်တဲ့ Terminal High-Altitude Area Defense ဒုံးခွင်းဒုံးစနစ်ကို ချထားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြေညာလိုက်ပါတယ်။

ကိုရီးယားနိုင်ငံက အမေရိကန်တပ်ဖွဲ့တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Thomas Vandal နဲ့ တောင်ကိုရီးယား ဒုတိယကာကွယ်ရေး ၀န်ကြီး Ryu Je-seung တို့ ဆိုးလ်မြို့တော်မှာ ဒီကနေ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရားဝင်ကြေညာသွားတာပါ။

မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကတိက၀တ်ပြုထားတာတွေနဲ့ ဆန့်ကျင်ပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပျက်စီး သေဆုံးမှု အများအပြားဖြစ်စေတဲ့ လက်နက်တွေကို ဆက်ပြီး ထုတ်လုပ်နေတာကြောင့် ဒီခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်တာမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ ကျနော်တို့ မဟာမိတ်တွေကို အာမခံချက်ပေးဖို့ လိုပါတယ်လို့ ဗိုလ်ချုပ်ကြီး Vandal ကပြောပါတယ်။

ဖေဖော်ဝါရီလမှာ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တာ၊ ပဲ့ထိန်းဒုံးကျည်နည်းပညာကိုသုံးပြီး တာဝေးပစ် ဒုံးယာဉ် ပစ်လွှတ်စမ်းသပ်တာတွေ လုပ်ပြီးတဲ့နောက် THAAD ဒုံးခွင်းဒုံးစနစ်ကို ချထားဖို့ ဖြစ်နိုင်ခြေအလားအလာတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား တရားဝင် စပြီး ညှိနှိုင်း တိုင်ပင်ခဲ့ကြတာပါ။

THAAD ဒုံးခုံးဒွင်းစနစ်ဟာ တဘက်က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို လမ်းခုလတ်မှာတင် ကြားဖြတ် ဖျက်ဆီးနိုင်တဲ့စနစ်ပါ။ အခုချိန်ထိဆိုရင် တာတိုနဲ့ တာလတ်ပစ် ပဲ့ထိန်း ဒုံးကျည်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်း ရှိတယ်ဆိုတာ သရုပ်ဖော်ပြသထားပြီးသားဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးပေါ် ကန်တော်ယန် ကျေးရွာ (Gang Dau Yang) အနောက်ဘက် ကချင် လွတ်လပ်ရေး တပ်မတော် KIA နယ်မြေ အတွင်း စစ်ရေးလှုပ်ရှားလာသည့် အစိုးရတပ်ကို ဇူလိုင် ၇ ရက်၊ ယမန့်နေ့ မွန်းလွဲပိုင်းက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ကန်တော်ယန်ကျေးရွာ (Gang Dau Yang) အနောက် KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း (၂၅၃) ၏ နယ်မြေ ဆိုင်းမိုင်ရွာ (Seng Mai) ဘက်သို့ ဝင်ရောက်လာသည့် အစိုးရတပ် ခလရ (၆၃) တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းများ ဆိုပါသည်။

KIA ၏ မိုင်းဖြင့် တိုက်ခိုက်မှုတွင် အစိုးရစစ်သား (၂) ဦး ကျရှုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KIA က ပြောပါသည်။

ဧပြီလ အမျိုးသား ဒီမိုကရေစီ အစိုးရသစ် တက်လာချိန်မှ တပ်မတော်သည် ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမနှင့် ဧရာဝတီမြစ် ကြား KIA တပ်ဖွဲ့များ ရှင်းလင်းရေး စစ်ဆင်ရေးကြီးကို စတင် ပြုလုပ်လာခြင်းကြောင့် ယင်းနယ်မြေများတွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေခြင်း ဖြစ်သည်။

Kachinnews
http://burmese.kachinnews.com



ရဲ ၆ ယောက် ဆေးရုံတင်ထားရ
အမေရိကန် တက္ကဆက် ပြည်နယ် ဒါးလက်စ် မြို့က ဆန္ဒပြပွဲ တခုအတွင်း ရဲ အရာရှိ ၅ ယောက် ပစ်သတ် ခံခဲ့ရပါတယ်။

လူမည်း အမျိုးသားတွေကို ရဲ ပစ်သတ်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ဖြစ်ပါတယ်။

နောက်ထပ် ရဲ ၆ ယောက် ဆေးရုံတင်ထားရပြီး တချို့ အခြေအနေက စိုးရိမ်ရတယ်လို့ ဒါးလက်စ် ရဲမင်းကြီးက ပြောပါတယ်။

အရပ်သား တယောက်လည်း ထိခိုက် ဒဏ်ရာရပါတယ်။

အနည်းဆုံး လက်ဖြောင့် သေနတ်သမား ၂ ယောက်က တိုက်ခိုက်ခဲ့ကြောင်း ရဲက ပြောပါတယ်။

မင်နီဆိုတာနဲ့ လူဝီဇီယားနား ပြည်နယ်မှာ ရဲ အရာရှိတွေက လူမည်းတွေကို ပစ်သတ် မှု ၂ ခု ဖြစ်ပွားပြီး အမေရိကန် မြို့ကြီး အတော်များများမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ရဲနဲ့ သေနတ်သမား တယောက် ကားရပ်နားစခန်း တခုမှာ ပစ်ခတ်နေကြဆဲ ဖြစ်တယ်လို့ ဒါးလက်စ် ရဲမင်းကြီး ဒေးဗစ် ဘရောင်းက ပြောပါတယ်။

ဗုံးတွေ နေရာတကာ ထောင်ထားတယ်လို့ အဲဒီ သေနတ်သမားက ရဲတွေကို ပြောတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီလူနားက အမျိုးသမီး တယောက်ကို ခေါ်စစ်နေပြီး နောက်ထပ် ကားပေါ်ကနေ ပစ္စည်း ပစ်ချတဲ့ လူ ၂ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ဒီလို ပစ်ခတ်ဖို့ သံသယရှိသူတွေ ပူးပေါင်းကြံစည်ပုံ ရတယ်လို့လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညပိုင်းက လက်ဖြောင့်သေနတ်သမားတွေက နေ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်ငါးဦးသေဆုံးသွားပါတယ်။ သေနတ်သမားသုံးဦးက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တာမှာ နောက်ထပ် ၆ ယောက်လည်း ဒဏ်ရာရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လူဝီစီယားနားနဲ့ မင်နီဆိုးတားမြို့တွေမှာ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားနှစ်ဦးကို လူဖြူ ရဲ တပ်ဖွဲ့ဝင်တွေက ပစ်သတ်တဲ့ သီးခြားဖြစ်ရပ်နှစ်ခု ဖြစ်ပြီးတဲ့နောက် ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညက ဆန္ဒပြကန့်ကွက်ပွဲကို လုံခြုံရေးယူပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခုလို ပစ်ခတ်ခံရတာပါ။

သေနတ်သမားစုစုပေါင်း လေးဦးထက်မနည်းရှိပြီး အဲဒီထဲက သုံးယောက်ကို ဖမ်းထားပြီးတော့ တယောက်က အမျိုးသမီးဖြစ် တယ်လို့ ဒါးလက်စ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ David Brown က ဒီကနေ့မနက် အစောပိုင်းမှာပြောပါတယ်။

နောက်ဆုံးသိထားရသလောက်ကတော့ လေးယောက်မြောက် လက်ဖြောင့်သေနတ်သမားဟာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ် ချိန်အတွင်း သေဆုံးသွားပြီဖြစ်ပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ထိုင်ဝမ်တွင် တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    တိုင်ပေ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

    တိုင်ဖုန်း မုန်တိုင်း Nepartak သည် ထိုင်ဝမ် အရှေ့ပိုင်းသို့ ဇူလိုင်လ ၈ ရက် အစောပိုင်းက ဝင်ရောက်ခဲ့ခြင်းကြောင့် လေပြင်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ် ရာသီဥတု ဗျူရိုက ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ပထမဆုံး တိုင်ဖုန်းမုန်တိုင်းအဖြစ် ဇူလိုင်လ နံနက် ၅း၅၀ နာရီအချိန်၌ လေတိုက်နှုန်း တစ်နာရီလျှင် ၁၉၁ ကီလိုမီတာကျော်နှင့် လေပြင်းအားသည် တစ်နာရီလျှင် ၂၃၄ ကီလိုမီတာရှိကြောင်း သိရသည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၁ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်ဘက်သို့ ရွှေ့လျားနေ ကြောင်း သိရသည်။

ယင်း မုန်တိုင်းကြောင့် ရထား ဝန်ဆောင်မှုများ အားလုံးကို ဆိုင်းငံ့ထားပြီး ကွန်ပြူတာ ရထားများကိုမူ ဇူလိုင်လ ၈ ရက်  ညနေ ၅း၀၀ နာရီနောက်ပိုင်းမှ ပြန်လည် စတင်မည် ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက် ညနှောင်းပိုင်းက ထိုင်ဝမ်၏ ရထား တာဝန်ရှိသူများက ပြောသည်။ ထိုင်ဝမ်၏ မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုအား ဇူလိုင်လ ၈ ရက် တစ်နေ့လုံး ရပ်တန့်ထားမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com



ထိုင်ဝမ် အလံတော် (Credit: AFP) 
ဆူပါမုန်တိုင်း ​Nepartak ​ဟာ ​ထိုင်ဝမ်နိုင်ငံထဲကို ​ဝင်ရောက်နေပြီး ​အဲဒီနိုင်ငံကနေ ​အပြီး ​ထွက်ခွာဖို့ ​၁၂ ​နာရီလောက် ​ကြာမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အခုလောလောဆယ် ​တစ်နာရီကို ​လေတိုက်နှုန်း ​၂၄၀ ​ကီလိုမီတာ ​ဒါမှမဟုတ် ​တနာရီကို ​လေတိုက်နှုန်း ​၁၅၀ ​မိုင်ရှိတဲ့ ​လေပြင်းမုန်တိုင်းဒဏ်ကို ​ထိုင်ဝမ်တောင်ပိုင်းမှာ ​ခံနေရတာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ​ထိုင်ဝမ်အလယ်ပိုင်းဘက်ကို ​ရွှေ့လျှားသွားမှာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​ကနဦးသတင်းအရ ​မုန်တိုင်းကြောင့် ​တစ်ယောက်သေပြီး ​၁ ​ယောက် ​ဒဏ်ရာ ​ရသွားတယ်လို့ ​ဆိုပါတယ်။

မိုးသည်းထန်စွာ ​ရွာသွန်းနေတဲ့အတွက် ​ရထားပြေးဆွဲမှုတချို့ကို ​ရပ်တန့်ထားရသလို ​အရင်ရက်ကတည်းက ​လေယာဉ်နဲ့ ​ဖယ်ရီသင်္ဘောပြေးဆွဲမှု ​တချို့ကို ​ရပ်တန့်ထားရပါတယ်။

တချို့နေရာမှာလည်း ​လျှပ်စစ်မီးပြတ်တောက်နေပြီး ​လူပေါင်း ​၁၅၀၀၀ ​လောက်ကို ​ကြိုတင်နေရာရွှေ့ပြောင်းမှုတွေ ​လုပ်ထားသလို ​စစ်သားပေါင်း ​သုံးသောင်းကိုလည်း ​ကူညီဖို့ ​နေရာချထားသလို ​ယာယီခိုလှုံရေး ​စခန်း ​အခု ​၉၀ ​ကိုလည်း ​ကြိုတင်ပြင်ဆင်တာတွေ ​လုပ်ခဲ့ကြပါတယ်။

အဲဒီမုန်တိုင်းဟာ ​မနက်ဖြန် ​မနက်ကြရင် ​တရုတ်နိုင်ငံထဲ ​ဝင်ရောက်မှာ ​ဖြစ်ပြီး ​တရုတ်နိုင်ငံမှာလည်း ​ဒါကို ​အရေးပေါ် ​ကိစ္စအနေနဲ့ ​ဆောင်ရွက်နေပါတယ်။

လူသန်းပေါင်း ​၁၂ ​မုန်တိုင်းဖြတ်သန်းမယ့် ​ဒဏ်ကို ​ခံစားရမှာ ​ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ​မကြာသေးခင်တုန်းကလည်း ​မိုးသည်းထန်မှုကနေ ​ရေကြီးမှုတွေ ​ဖြစ်လို့ ​လူပေါင်း ​၁၅၀ ​ကျော်သေဆုံးခဲ့ရပြီ ​ဖြစ်ပါတယ်။ 

ABC Radio Australia
http://www.radioaustralia.net.au/burmese



ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝ တိုးတက်လာစေရေး ထိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း
ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့မှာ လောဘောဖော လို့ ခေါ်တဲ့ တံခါးမှူး လုံခြုံရေး အစောင့် လုပ်နေသူ မြန်မာ အလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။

လုံခြုံရေး အစောင့် အလုပ်ကို လုပ်ကိုင်သူဟာ ထိုင်းနိုင်ငံသား ဖြစ်ဖို့ လိုအပ်ပြီး ပညာအရည်အချင်း အပါအဝင် ကန့်သတ်မှု စည်းမျဉ်းတွေကို ထိုင်းဥပဒေအရ ပြဌာန်းထားပါတယ်။

ဒီပြဌာန်းချက်ကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် ဈေးပေါတဲ့ မြန်မာ အလုပ်သမားတွေကိုပဲ ထိုင်း အလုပ်ရှင်တွေက ဆက်ငှားရမ်းထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်းမှာ အခုလို လုံခြုံရေး အစောင့် မြန်မာ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ထုတ် ခံခဲ့ရတာ ဖြစ်တယ်လို့ မြန်မာ သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC မဟာမိတ် ပြောခွင့်ရသူ ကိုခိုင်ကြီး က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အလုပ်သမားတွေ တရားဝင် ဖြစ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့အပြီးမှာ ထိုင်းဘက်က စိစစ်မှုတွေ လုပ်လာပြီး မြန်မာ အလုပ်သမားတွေကို နေ့တိုင်းလိုလို ဖမ်းဆီးတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

ထိုင်းအလုပ်ရှင်တွေဘက်ကလည်း ကြောက်လန့်ပြီး တရားမ၀င် ခန့်ထားတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပစ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၇ရက်နေ့ကဆို အလုပ်သမား ၂၀၀ကျော်လောက် အလုပ်ရုံတွေကနေ မောင်းထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတွေမှာ သံအရာရှိတွေ၊ အလုပ်သမားအရေး ကျွမ်းကျင်သူ အရာရှိတွေကို ထပ်တိုးခန့်ထားတာမျိုး၊ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီး အလုပ်ရှင် အလုပ်သမား ပြဿနာတွေကို ဖြေရှင်းတာမျိုး မြန်မာသံရုံးဘက်က ဖိအားပေးတာမျိုးတွေ လုပ်မယ် ဆိုရင်တော့ ထိုင်းလုပ်ငန်းရှင်တွေ ဘက်က အခွင့်အရေး အပြည့်အဝ ပေးလာဖို့ ရှိတယ်လို့ မြန်မာ သံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC မဟာမိတ် ပြောခွင့်ရသူ ကိုခိုင်ကြီး က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/



 ပဋိပက္ခတွေ ဖြစ်နေရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ CEDAW ကော်မတီအစည်းအဝေးမှာ ဆွေးနွေး
အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇူလိုင်လ ၄ရက်နေ့ကစလို့ ကျင်းပနေရာမှာ မြန်မာနိုင်ငံတွင်း အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေက အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ ၅စောင် တင်သွင်းခဲ့ပြီး ဇူလိုင်လ ၇ရက်နေ့ကတော့ မြန်မာ အစိုးရ ဖက်က ကိုယ်စားလှယ်တွေက အကြောင်းအရာ ၂၀ ကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်လို့ အစိုးရဘက်က ဥပဒေ မူကြမ်း ရေးဆွဲနေတာ ရှိပြီး အဲဒီ ဥပဒေမူကြမ်းကို အတည်ပြု ပြဌာန်းနိုင်ရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မယ်လို့ အစိုးရ ကိုယ်စားလှယ်တွေဘက်က တင်ပြဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။

CEDAW ကော်မတီဘက်ကတော့ ပဋိပက္ခ ဖြစ်ရာ နေရာတွေ အထူးသဖြင့် တိုင်းရင်းသားတွေ နေထိုင်ရာ နေရာတွေမှာ လုံခြုံရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ကျူးလွန်သူတွေ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေတဲ့ ကိစ္စတွေကို အဓိကထား ထပ်ခါတလဲလဲ မေးခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ ဘယ်သူမှ ဥပဒေအထက်မှာ မရှိတဲ့ အတွက် ဒီပြစ်မှုတွေကို ဘယ်သူပဲ ကျူးလွန် ကျူးလွန် တရားဥပဒေအတိုင်း မျှမျှတတ စစ်ဆေး အရေးယူတယ်လို့ ပြန်ဖြေသွားခဲ့ကြောင်း အဲဒီ အစည်းအဝေး တက်ရောက်နေတဲ့ ကျားမ တန်းတူ ညီမျှရေး ကွန်ယက်က ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

ရခိုင်ဒေသမှာ မွတ်ဆလင် အမျိုးသမီးတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် မရတဲ့ ကိစ္စ၊ မျိုးစောင့် ဥပဒေ ကိစ္စ စတာတွေကိုလည်း ဆွေးနွေး တင်ပြခဲ့ကြပြီး အစိုးရ ကိုယ်စားလှယ် တွေဘက်က မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့တော့ ဒီဥပဒေဟာ မြန်မာအမျိုးသမီးတွေရဲ့ လိုလားချက်အတိုင်း ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး CEDAW စည်းမျဉ်းနဲ့ရော၊ လူ့အခွင့်အရေး ပြဌာန်းချက်တွေနဲ့ပါ ကိုက်ညီတယ်လို့ တုန့်ပြန် ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ CEDAW ကော်မတီကနေ အခု သီတင်းပတ် အတွင်း ထွက်လာမယ့် Concluding Observation ဆိုတဲ့ တိုက်တွန်းချက်တွေ ရလာရင် ဒါတွေကို အစိုးရ အဖွဲ့တွေနဲ့ အမျိုးသမီးရေးရာ အရပ်ဖက် လူမှု အဖွဲ့တွေ ဘယ်လို ပူးပေါင်းပြီး အကောင်အထည်ဖေါ် ဆောင်ရွက်မယ်၊ ဘယ်လို စောင့်ကြည့် လေ့လာတဲ့ စနစ်တွေ ထားရှိမယ်၊ ဘယ်လို တိုင်းတာနိုင်တဲ့ ညွှန်းကိန်းတွေနဲ့ အလုပ်လုပ်သွားမလဲ ဆိုတာကို အတူ ပူးပေါင်း ရေးဆွဲ ချမှတ်သင့်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ ဘက်က အကြံပြု တင်ပြခဲ့ကြောင်း ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese