07/20/16
 တူ​ရ​ကီ​က ​ဘာ​သာ​ရေး ​ဆိုင်​ရာ ​စာ​သင်​ကျောင်း ​တစ်​ကျောင်း။ ​အာ​ဏာ​သိမ်း​ဖို့ ​ကြိုး​ပမ်း​မှု ​ပေါ်​ပေါက်​ခဲ့​ပြီး​နောက် ​ပ​ညာ​ရေး ​ဝန်​ထမ်း​တွေ​လည်း ​အ​ထုတ်​ခံ​ရ။
တူ​ရ​ကီ ​နိုင်​ငံ​မှာ ​ပြီး​ခဲ့​တဲ့ ​သော​ကြာ​နေ့​က ​မ​အောင်​မြင်​တဲ့ ​အာ​ဏာ​သိမ်း​မှု ​ဖြစ်​ပွား​ခဲ့​ပြီး​နောက် ​အဲ​ဒီ ​အာ​ဏာ​သိမ်း​မှု​နဲ့ ​ဆက်​နွယ်​သူ​တွေ​ကို ​ရှင်း​လင်း ​နေ​ရာ​မှာ ​ဒီ​က​နေ့ ​အ​င်္ဂါ​နေ့​မှာ​တော့ ​တူ​ရ​ကီ ​ပ​ညာ​ရေး ​ဝန်​ထမ်း ​တစ်​သောင်း​ခွဲ​ကျော်​ကို ​တာ​ဝန်​က​နေ ​ရပ်​စဲ​လိုက်​ပါ​တယ်။
အာ​ဏာ​သိမ်း​ဖို့ ​ကြိုး​ပမ်း​မှု​ကို ​ကြိုး​ကိုင်​ခဲ့​သူ​လို့ ​ဆို​တဲ့ ​အ​မေ​ရိ​ကန်​ရောက် ​မွတ်​ဆ​လင် ​ဘာ​သာ​ရေး ​ခေါင်း​ဆောင် Fethullah Gulen ​နဲ့ ​အ​ချိတ်​အ​ဆက် ​ရှိ​တယ်​ဆို​ပြီး ​အဲ​ဒီ ​ဝန်​ထမ်း​တွေ​ကို ​ပ​ညာ​ရေး ​ဝန်​ကြီး​ဌာ​န​က ​စွပ်​စွဲ​ခဲ့​တာ​ပါ။
အ​ဝေး​ရောက် ​ဘာ​သာ​ရေး​ခေါင်း​ဆောင် ​မ​စ္စ​တာ ​ဂူ​လန် ​က​တော့ ​အဲ​ဒီ ​အာ​ဏာ​သိမ်း​ဖို့ ​ကြိုး​ပမ်း​မှု​မှာ ​ပတ်​သက်​ခဲ့​ခြင်း ​မ​ရှိ​ဘူး​လို့ ​ငြင်း​ဆို ​ထား​ပါ​တယ်။
တ​က္က​သိုလ် ​ဌာ​န​မှူး ​တစ်​ထောင့် ​ငါး​ရာ​ကျော် ​ကို​လည်း ​ရာ​ထူး​က​နေ ​နုတ်​ထွက်​ကြ​ဖို့ ​တူ​ရ​ကီ ​အ​ထက်​တန်း ​ပ​ညာ​ရေး ​ဘုတ်​အ​ဖွဲ့​က ​အ​မိန့်​ထုတ် ​ခဲ့​ပါ​တယ်။
ဒါ​ဟာ ​ဘာ​သာ​ရေး ​ခေါင်း​ဆောင် ​မ​စ္စ​တာ ​ဂူ​လန်​ရဲ့ ​နောက်​လိုက်​တွေ​ကို ​အ​မြစ်​ဖြတ် ​ရှင်း​လင်း ​သွား​မယ်​လို့ ​တူ​ရ​ကီ ​ဝန်​ကြီး​ချုပ် ​ဘင်​နာ​လီ ​ယီလ်​ဒ​ရင်​က ​ပြော​လိုက်​ပြီး ​မ​ကြာ​မီ​မှာ ​ဒီ​သ​တင်း ​ထွက်​ပေါ်​လာ​တာ ​ဖြစ်​ပါ​တယ်။
အ​မေ​ရိ​ကန်​မှာ ​ရောက်​ရှိ ​နေ​ထိုင်​နေ​တဲ့ ​မ​စ္စ​တာ ​ဂူ​လန်​ကို ​တူ​ရ​ကီ​ဘက်​ကို ​ပြန်​လွှဲ​ပြောင်း​ပေး​ဖို့ ​သူ​ကျူး​လွန်​ခဲ့​တဲ့ ​ပြစ်​မှု​တွေ​ရဲ့ ​အ​ထောက်​အ​ထား​တွေ​ကို ​အ​မေ​ရိ​ကန်​ကို ​ပို့​လိုက်​ပြီ​လို့​လည်း ​တူ​ရ​ကီ ​ဝန်​ကြီး​ချုပ်​က ​ပြော​ခဲ့​ပါ​တယ်။
အာ​ဏာ​သိမ်း​ဖို့ ​ကြိုး​ပမ်း​မှု ​ဖြစ်​ပွား​ခဲ့​ပြီး ​နောက်​ပိုင်း ​ထောင်​နဲ့​ချီ​တဲ့ ​စစ်​သား​တွေ၊ ​ရဲ​တပ်​ဖွဲ့​ဝင်​တွေ​နဲ့ ​အ​ရာ​ရှိ​တွေ​ကို ​ဖြုတ်​ထုတ် ​ဖမ်း​ဆီး ​ခဲ့​ပြီး ​ဖြစ်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 tinoo-martyrs-day-620.jpg ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် NLD နာယက သူရဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ်
Photo: Aung Thain Kha/ RFA
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ တန်းတူညီမျှတဲ့ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်း နေတဲ့အတွက် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ အသီးအပွင့်တွေကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
" ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့နောက်ထပ်ဆန္ဒကတော့ တိုင်းရင်းသားမျိုးနွယ်စုအားလုံးသွေးစည်းညီညွတ်မှုနဲ့ လွတ်လပ်ပြီးတန်းတူညီမျှမှုရှိတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးပဲဖြစ်ပါတယ်"
ဒီနှစ် အာဇာနည်နေ့ အခမ်းအနားဟာ ထူးခြားနေပြီး နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော် အကြီးအကဲတွေနဲ့ ပြည်သူတစ်ရပ်လုံးက ဂါရ၀ပြုခဲ့တာကြောင့် ဒီမိုကရေစီ ပြန်လည် ရှင်သန်ခဲ့ပြီး လွတ်လပ် ပွင့်လင်းစွာ ဂုဏ်ပြုလာနိုင်ကြပြီ ဖြစ်တယ်လို့ သူရဦးတင်ဦးက ထည့်သွင်းပြောကြား ခဲ့ပါတယ်။
ဒီအခမ်းအနားကို NLD နာယက သူရဦးတင်ဦး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA
ရန်ကုန်-ဇူလိုင် ၁၉
(၆၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနား ကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ အဖွဲ့များသည် ဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် (၂)မိနစ် ငြိမ်သက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ၊ အစ္စလာမ် ဓမ္မဗိမာန်ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂ်ျဦးအေးလွင်၊ ဂျူးဘာသာ ခေါင်းဆောင် ဦးဆယ်မီ၊ ဘဟာအီသာသနာရေးအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကြည်ဝင်းနှင့် ရန်ကုန် ကက်သလစ် သာသနာ့ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို တို့က မေတ်္တာစကား ပြောကြားခြင်းနှင့် ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာ ပို့သကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် သာသနာပိုင်ချုပ် စတီဗင် သန်းမြင့်ဦး က တိုက်တွန်းအားပေးစကားပြောကြားပြီး တက်ရောက်လာကြသူများက ဓမ္မဂုဏ်တော်ချီးမွမ်း ကြသည်။
ထို့နောက် သိက္ခာတော်ရ ဆရာ ဦးကျော်ညွန့်က ကောင်းချီးမင်္ဂလာမျှဝေသည်။
ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်သည် တက်ရောက်လာ ကြသည့် အဖွဲ့များအလိုက် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆုတောင်းပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဖိတ်ကြားထားသည့် ဘာသာပေါင်းစုံမှတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။
Myanmar State Counsellor Office
ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)
ထိုင်းမြန်မာနယ်စပ်မြ၀တီမြို့  မှာတော့အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့အစည်းပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ ယူနီဖောင်းနဲ့ အလေးပြုခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားကျောင်းသူတွေနဲ့ ကန့်သတ်တားဆီးမူတွေမရှိပဲ အာဇာနည်နေ့ကို အလေးပြုခွင့်ရပါတယ် ။ မအေးအေးမာသတင်းပေးပို့ ထားပါတယ်။
ဆယ်စုနှစ်ပေါင်း များစွာ မြန်မာပြည်ရဲ့  နေ့ထူးနေ့မြတ်တွေကို အခမ်းအနားလုပ်လေ့လုပ်ထမရှိခဲ့တဲ့ ထိုင်း- မြန်မာနယ်စပ်မြို့  ဖြစ်တဲ့မြ၀တီမြို့  မှာတော့ အာဇာနည်နေ့ အခမ်းအနားကိုကျင်းပခဲ့တာ ဒီနှစ်ဆိုရင် ၃နှစ်ရှိခဲ့ပါပြီ။ ဒါပေမယ့် အရင်နှစ်ကထက် ဒီနှစ် အစိုးရသစ်လက်ထက်မှာ ထူးထူးခြားခြား ကျင်းပခွင့်တွေရခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြ၀တီမြို့  အာဇာနည်ကျောက်တိုင်ရှေ့  မှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ တွေအပါအ၀င် လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း ၇၀ ကျော်က ချီတက်အလေးပြုခွင့်ရခဲ့ပါတယ်။
ဒီထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ ယူနီဖောင်းတွေနဲ့ အလေးပြုခွင့်ပထမဦးဆုံးအဖြစ် ရရှိခဲ့တယ်လို့ ကျောင်းသားတပ်မတော်တပ်စုမှူး တဦးလည်းဖြစ် ဒေါင်းတမန်စခန်း တာဝန်ခံလည်းဖြစ်တဲ့ ရဲဘော်စိန်ရိုးက အခုလိုပြောပြပါတယ်။
“အဖွဲ့အစည်းပေါင်းစုံထဲမှာ ABSDF ကို ယူနီဖောင်းဝတ်ပြီး တက်ဖို့ ကမ်းလှမ်းတာပါ။ ကျနော်တို့ ABSDF ကို ယူနီဖောင်းဝတ်ဖို့ ခွင့်ပြုတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကျတော့ အကုန်လုံးပေါ့ မဟာမိတ်တွေကော အားလုံးကတော့ အရပ်ဝတ်တွေနဲ့ပဲ။ အဖွဲ့ ၁ ဖွဲ့ ကို အယောက် ၂၀ အမ ။ တခါမှလည်း ကျနော်တို့ ဒီလိုဟာကို ABSDF ကို ကမ်းလှမ်းတာလည်းမရှိဘူးလေ။ ဒါပထမ ဦးဆုံးအကြိမ် အာဇာနည်နေ့ကိုတော့ ပထမဦးဆုံးအကြိမ်တက်ရတာ ဥသြဆွဲတာတို့ဘာတို့လုပ်တော့ ကျနော်တို့ရင်ထဲမှာတော့ ဥသြဆွဲတဲ့အချိန်ရင်တွေတုန်တာပေါ့၊ ၀မ်းလည်းဝမ်းနည်းတာပေါ့။”
နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့လို အခမ်းအနားကို ပိတ်ပင်တားဆီးမူတွေကြုံခဲ့ရပြီး စောင့်ကြည့်တာတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စာသင်ကျောင်းတွေက ကျောင်းဆရာဆရာမတွေနဲ့ ကျောင်းသာတွေပါ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုနိုင်ဖို့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေရခဲ့တယ်လို့ မြ၀တီမြို့ က အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဝင်တဦး ကလည်း အခုလိုပြောပြပါတယ်။
“အရင်နှစ်တွေကတော့ မလွတ်လပ်ကြဘူးပေါ့ နော် ဒီကိုလွတ်လွတ်လပ်လပ်လာဖို့။ ဒီနှစ်ကျတော့ လွတ်လွတ်လပ်လပ်လာကြတယ်လေ။ မနှစ်တုန်းကဆို ဘယ်လိုပြောမလဲဆို၇င် လမ်းလျှောက်လာတယ်ဆိုရင်တောင် ကျမတို့ ပါတီဝတ်စုံနဲ့ လမ်းလျှောက်လာရင်တောင် သူတို့က စီတန်းခွင့်တို့ဘာတို့နဲ့ ပိတ်ပင်သလိုလိုဖြစ်တယ်လေ မနှစ်ကပေါ့နော်။ မနှစ်တုန်းက ဒီအဖွဲ့တွေ ကျောက်တိုင်ကိုလမ်းလျှောက်ရင်တောင်မှ လူစုလူဝေးနဲ့ လမ်းလျောက်တယ်ဆိုပြီး အဲဒါတွေကိုလည်း အပြစ်မြင်တာတွေရှိတယ်လေ။ ဒီနှစ်ကျတော့လည် ဘယ်လိုပဲသွားသွား၊ ဘယ်လိုပဲလာလာ လွတ်လွတ်လပ်လပ်သွားလို့ရတယ်လေအမ။ ဒီနှစ်က ကျောင်းသူကျောင်းသားတွေလည်းတက်တယ်လေ စာသင်ကျောင်းတွေတက်တယ်။ မနှစ်ကဆိုရင် ကျောင်းသူကျောင်းသားတွေက တက်ခွင့်မရှိဘူးလေ။ ဒီနှစ်ကတော့ ကျောင်းသူကျောင်းသားတွေလည်း တက်ခွင့်ရှိတယ်လေ။ ဆရာဆရာမတွေရော ၊ ကျောင်းသူကျောင်းသားတွေရော။ မနှစ်ကတော့ ဆရာဆရာမတွေ ၊ ကျောင်းသူကျောင်းသားတွေကိုမတွေ့ဘူး မလွတ်လပ်ဘူးပေါ့နော်။ အခုကတော့ လွတ်လွတ်လပ်လပ်ပါပဲ အဖွဲ့တွေလည်းများလာတယ်လေ ဒီနှစ်က။”
အစိုရသစ်လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတ၀ှမ်းမှာ အောက်မေ့ဖွယ်အထိမ်းအမှတ် အခမ်းအနားတွေ ကို ကျင်းပခဲ့တာဖြစ်ပြီး မြ၀တီမြို့ မှာတော့ မြန်မာအစိုးရနဲ့ အပစ်ခပ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲအစည်းတွေအပါအ၀င် လူမူရေး၊ နိုင်ငံရေး၊ တိုင်းရင်းသားအဖွဲ့တွေ စုံလင်စွာ တက်ရောက်အလေးပြုခဲ့ကြပါတယ်။
မအေးအေးမာ
VOA Burmese News
၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွှမ်းသူ့ပန်းခွေချစဉ် (MOI)
၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွှမ်းသူ့ပန်းခွေချစဉ် (MOI)
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံက မြို့အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့ အာဇာနည်နေ့ အလေးပြုအခမ်းအနားကို အစိုးရခေါင်းဆောင်တွေ လွှတ်တော်ခေါင်းဆာင်တွေအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်လည်း ထူးထူးခြားခြား ပါဝင်တတ်ရောက် ကြခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးတဲ့အချိန်မှာတော့ ရန်ကုန်တမြို့လုံး ဥသြစွဲ ငြိမ်သက်ဂုဏ်ပြုခဲ့ကြပါတယ်။ ရန်ကုန်မြို့က အာဇာနည်နေ့ ကျင်းပတဲ့အခြေအနေတွေကိုတော့ ရန်ကုန်မြို့ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။
NLD အစိုးရသစ်အနေနဲ့ ပထမဦးဆုံး အကြိမ်ကျင်းပခွင့်ရတဲ့ အာဇာနည်နေ့အခမ်းအနားဖြစ်ပါတယ်။ ဒီကနေ့ အာဇာနည်နေ့ အခမ်းအနားမှာဆိုရင် ထူးထူးခြားခြား ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအ၀င် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်လည်း တက်ရောက်ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီးတော့ အရင်နှစ်တွေကထက်စာရင် လူတော်တော်များများတက်ရောက်ပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရ၀ပြုတာ တွေ့ရပါတယ်။
၆၉နှစ်မြောက်အာဇာနည်နေ့ (Photo- Htet Aung Hkant)
၆၉နှစ်မြောက်အာဇာနည်နေ့ (Photo- Htet Aung Hkant)
ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကျင်းပတဲ့ နိုင်ငံတော်အခမ်းအနားကို မနက်ပိုင်း ၈ နာရီမှာ စတင်ခဲ့ပြီး၊ ဒုသမတ ဦးမြင့်ဆွေ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတ်ရောက် အလေးပြုကြပါတယ် ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း အာဇာနည်မိသားစုဝင် တဦးအနေနဲ့ တတ်ရောက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တဦးအနေနဲ့ နှစ်ပေါင်း လေးဆယ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို တတ်ရောက်တာမို့ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။
အာဇာနည်ဗိမာန်ကို လာရောက်ဂါဝရပြုကြတဲ့ ပြည်သူလူထုဟာ ဒီနှစ်အရင်နှစ်တွေကထက် ပိုများတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ အတွင်းဝန်များရုံးဟောင်းနေရာကိုလည်း အများပြည်သူတွေ ဒီကနေ့မှာ ၀င်ရောက်ကြည့်ရှုနိုင်သလို၊ ဗိုလ်ချုပ်ပြတိုက်ကိုလည်း လာရောက်ကြည့်ရှုသူတွေ အထူးများပြားခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေကို လာရောက် ဂါရ၀ပြုကြသူတွေကတော့ သူတို့စိတ်ထဲ ကိုယ်စီကိုယ်စီ အတွေးအယူအဆ မျိုးစုံနဲ့ပါ။
“အင်မတန် ၀မ်းသာပါတယ်ခင်ဗျာ။ နောင် နှစ်ပေါင်း တရာ မက တထောင်မက ဒီလိုနေ့မျိုးကို ဖြစ်စေချင်တယ်။ ဒီလိုနေ့မျိုးရောက်တိုင်း။
မေး။ ။ ဒီနှစ်မှာ အရင်နှစ်တွေထက်စာရင် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ထက်စာရင် ဒီနှစ်က အင်မတန်မွန်မြတ်တဲ့နေ့ပဲ ။ ဒီလိုနေ့မျိုးက။
မေး။ ။ ဘာကြောင့်လဲ။
ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်သွားတဲ့အတွက်။ စည်းနဲ့ကမ်းနဲ့ လွတ်လွတ်လပ်လပ်ကိုပြောတာပါ။ စည်းကမ်းမရှိတဲ့ လွတ်လပ်မှုကိုပြောတာမဟုတ်ပါဘူး။”
“ကလေးတွေက ၁၆၊ ၁၇ ၊ ၁၈ နှစ် အရွယ်ရောက်ပြီလေ။ ဒါပေမယ့် အာဇာနည်နေ့ဆိုတာ ဃဃဏဏ မသိကြဘူး။ ဘာကြောင့်လုပ်တယ် ဥသြတွေ ဘာကြောင့်ဆွဲသလဲဆိုတာ မသိကြဘူး။ သိအောင်လို့ ကျနော် သူတို့ကို ဒီနေ့ ဒီရက်မှာ ရောက်ဖူးအောင်လို့ ဒီနေရာတွေကို ခေါ်လာတာ။ ဥသြဆွဲတဲ့ပုံစံတို့ ၊ကားတွေဘာကြောင့် ဟွန်းတီးတယ်ဆိုတာတို့ သိရအောင်ပေါ့။
မေး။ ။ အရင်းအရင်နှစ်တုန်းက အာဇာနည်နေ့အခမ်းအနားတွေထက် အခုဒီနေ့လုပ်တဲ့အခမ်းအနား ထူးထူးခြားခြား ဘာတွေများ သတိထားမိသလဲ။
တခြားစီပဲခင်ဗျ။ အရင်နှစ်တွေတုန်းကတော့ ဒီလိုမျိုးစီကားတယ်ဆိုတာမရှိဘူး။ အဖြစ်လောက်လုပ်တာပါ။”
“ကလေးတွေ အဲဒီလိုမျိုးပေါ့နော်။ ဒီမြန်မာနိုင်ငံကို လွတ်လပ်ရေးယူခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီးတော့ ကလေးတွေ အသိအမှတ်ပြုတာရယ် နောက်ပြီးတော့ လူထုအများကြီးက ဒီမြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီးကို လေးစားဂုဏ်ပြုတာတွေကို ကျမအရမ်းဝမ်းသာပါတယ်။”
အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရချိန် ၁၀နာရီ ၃၇မိနစ် မှာလည်း မြန်မာ့အသံက ဥသြသံပေးခဲ့သလို ရန်ကုန်နေရာ အနှံမှာလည်း မော်တော်ယာဉ်တွေက ဟွန်းတီး စက်ရုံတွေက ဥသြစွဲပြီး ဗိုလ်ချုပ်တို့ကို ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီလို နေ့ဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ရတဲ့ အာဇာနည်နေ့ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒီနေ့ဟာ အာဇာနည်နေ့ဖြစ်သလို ၀ါဆိုလပြည့်နေ့လည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာမို့ အာဇာနည်ဗိမာန်ဝန်းကျင်၊ ဗိုလ်ချုပ်ပန်းခြံဝန်းကျင်နဲ့ အတွင်းဝန်များရုံးဟောင်းနေရာတွေမှာတော့ လူတွေ တိုးမပေါက်နိုင်အောင် စည်ကားနေတာကို တွေ့ခဲ့ရပါတယ်။
VOA Burmese News
တပ်ချုပ် အာဇာနည်နေ့တက်ရောက် (Photo- Htet Aung Hkant)
တပ်ချုပ် အာဇာနည်နေ့တက်ရောက် (Photo- Htet Aung Hkant
ဒီကနေ့ကျရောက်တဲ့ ၆၉နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာပြည်တ၀ှမ်းက မြို့တွေမှာ ကျင်းပခဲ့ပြီး ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပတဲ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲတွေနဲ့ အတူ တက်ရောက်အလေးပြုခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ကျော်ကာလအတွင်း တပ်မတော်အကြီးအကဲ တယောက်အနေနဲ့ အခုလိုပထမဆုံးအကြိမ် တက်ရောက် လာတဲ့အပေါ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလားအလာကောင်းတဲ့ ခြေလှမ်းတရပ်အဖြစ် နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ ရုပ်သံနဲ့ ရေဒီယိုတွေက သံရှည်ဥသြဆွဲတာတွေပြန်လည်ထုတ်လွှင့်တာနဲ့ တပ်မတော်အကြီးအကဲကိုယ်တိုင် အခမ်းအနားတက်ရောက်အလေးပြုတာပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တက်ရောက်အလေးပြုတဲ့အပေါ် တပ်မတော်ရေးရာနဲ့ နိုင်ငံရေးဆောင်းပါးရှင် အငြိမ်းစား ဒုဗိုလ်မှုးကြီး အောင်မြင်သူက အခုလို သုံးသပ်ပါတယ်။
“လူတွေကတော့ အခု ဗိုလ်ချုပ်မှူးကြီးတက်တယ်ဆိုတာကို သိပ်ပြီးတော့ ၀မ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ရေးခဲ့တဲ့ စာတွေမှာလည်း ဒီလိုပဲလေ။ အဓိက အရေးကြီးဆုံးက ရင်ကြားစေ့ရေး။ ရင်ကြားစေ့ရေးမှာ ကျနော်တို့က ဘာအရင် ရင်ကြားစေ့ရမလဲဆိုတော့ ကျနော်တို့ NLD နဲ့ တပ်မတော် အဲဒါကြောင့်မို့လို့ အခုဟာက ကောင်းတဲ့အစဉ်အလာတခုဖြစ်တယ်။ ဒီတပ်မတော်နဲ့ NLD တို့ရင်ကြားစေ့ရေးကတော့ အောင်မြင်တယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။”
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ပတ်သက်ပြီးတော့လည်း အငြိမ်းစား ဒုဗိုလ်မှုးကြီး အောင်မြင်သူက သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အရမ်းကို ထူးချွန်တယ်၊ ထက်မြက်တယ်ဆိုရင်တော့ ဒေါ်စုနောက်က လိုက်ဖို့လိုသလို၊ ဒေါ်စုကလည်း အလွန်ထူးချွန်ထက်မြက်တယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးနောက်က လိုက်ဖို့လိုတယ်လို့မြင်ပါတယ်။ ဒါကျနော် ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ဟိုဘက်၊ဒီဘက် ဘက်လိုက်ပြီးပြောတာမဟုတ်ဘူး။ တကယ်တမ်း ဘက်လိုက်မယ်ဆိုရင် တပ်မတော်အရာရှိတယောက်အနေနဲ့ကတော့ ဗိုလ်ချုပ်မှူးကြီး ဘက်ကို လိုက်မှာပေါ့လေ။ သို့သော်လည်း ဒီနေ့ ကမ္ဘာက လက်ခံတဲ့လူ၊ အာရှကလက်ခံတဲ့ ကျနော်တို့မြန်မာ ပြည်သူအများစုကလက်ခံတယ်ဆိုတဲ့ လူဖြစ်နေတဲ့အတွက် ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုရင်တော့ ကျနော်တို့ ရင်ကြားစေ့ရေးကိစ္စမှာ အများကြီး မျှော်လင့်လို့ရမယ်လို့ ကျနော်ထင်တယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ၄၅နှစ်တာကာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ပထမဆုံးတက်ရောက်တာဖြစ်လို့ ကြိုဆိုကြောင်း ပြောပါတယ်။
“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တယောက်အနေနဲ့ ၁၉၇၁ ခုနှစ်နောက်ပိုင်းမှာ ဒါ အာဇာနည်နေ့အခမ်းအနားကို ဒါ ပထမဆုံးအကြိမ်တက်ရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကြိုဆိုရမယ့် ကိစ္စတခုလို့ ကျနော်မြင်ပါတယ်။”
ဒါဟာ အရပ်ဖက်- စစ်ဖက်ဆက်ဆံရေးအတွက် အရေးပါတဲ့ ခြေလှမ်းတခုအဖြစ်လည်း သုံးသပ်ပါတယ်။
“ဒီ အာဇာနည်နေ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစု ၀င်တွေနဲ့ရော၊ နွေးနွေးထွေးထွေးတွေ့ဆုံပြီးတော့ စကားပြောတာကို တွေ့ရတာလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ထိရောက်တဲ့ ခြေလှမ်းတခုလို့ ကျနော်မြင်ပါတယ်။အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့နေအိမ်မှာ လုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကျွေးပွဲကို ထူးထူးခြားခြားပေါ့လေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့တာလည်းပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး မျက်နှာစာကနေ ကြည့်မယ်ဆိုရင် အရေးပါတဲ့ ခြေလှမ်းတခုလို့ မြင်ပါတယ်။”
လတ်တလော အခြေအနေတွေက အားရစရာတွေဖြစ်ပေမဲ့ လက်တွေ့ကျပြီး သိသာမြင်သာတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ဖို့လည်း လိုအပ်မှာဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက အခုလို ထောက်ပြ ပါတယ်။
“ဒီထိတွေ့ဆက်ဆံမှုတွေဟာ အရေးပါပေမယ့်လည်း ဒီထက်ပိုပြီးတော့ ထိရောက်ပြီးတော့ ရုပ်လုံးပေါ်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ကိုလည်း လိုအပ်တယ်လို့ ကျနော်က မြင်ပါတယ်။ ဥပမာအားဖြင့်ပေါ့လေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ အဆိုပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တပြိုင်နက်ထဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲေ၇း ဆိုတဲ့ ကြေညာချက်မျိုး လာမယ့်ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတယ်ဆိုရင်တော့ ဒါဟာမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ သိသာမြင်သာပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတခုလို့ သုံးသပ်လို့ ရနိုင်မှာဖြစ်ပါတယ်။”
ဒီကနေ့ကျင်းပတဲ့ ရန်ကုန်မြို့က အာဇာနည်နေ့အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့နဲ့ အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
VOA Burmese News
cnpc-ann-protest-620.jpg
တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အမ်းမြို့မှာ စက်တင်ဘာလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Kyaw Htoon Naing/RFA
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေနဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေအတွက် လျော်ကြေးရရှိနိုင်အောင် ပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို အမ်းဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။
အမ်းမြို့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒေသခံတွေတွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တာလို့ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဦးဟန်မင်းလှိုင် က ပြောပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် က ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှာ ကျောက်ဖြူခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်စစ်ဆေးပေးဖို့နဲ့ စုံစမ်းတွေ့ရှိတဲ့ အခြေအနေအသေးစိတ်ကို နှစ်ပတ် အတွင်း ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကိုသွယ်တန်းထားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဟာ အမ်းမြို့နယ်က ကျေးရွာအုပ်စု ၉ ခုကို ဖြတ်သန်းသွားရာမှာ ကျေးရွာအချို့ ပြောင်းရွှေ့ခံရတာတွေ၊ ဒေသခံတွေရဲ့ သုဿာန်တွေကိုဖြတ်သန်းသွားတာတွေအပြင် မြေယာဧကပေါင်း ထောင်နဲ့ချီပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
အဲ့ဒီပျက်စီးဆုံးရှုံးမှုတွေအတွက် သင့်တော်တဲ့ လျော်ကြေးတွေပေးနိုင်ဖို့အတွက် ပြည်နယ်အစိုးရလမ်းညွှန်ချက်နဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပေမယ့်ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန်ကျေး ရွာမှာ သွားရောက်စစ်ဆေးရာမှာ အဖွဲ့မှာပါဝင်ရမယ့် CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းစု MOGE တာဝန်ရှိသူတွေက လိုက်ပါစစ်ဆေးဖို့ ငြင်းဆိုခဲ့တာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့မှာ အမ်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသူက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ကွင်းဆင်းစစ်ဆေးတဲ့ကိစ္စတွေမှာ ပါဝင်တာမရှိခဲ့တဲ့ အတွက် ဒေသခံတွေက ပြည်နယ်အစိုးရကိုယ်တိုင် ပါဝင်စုံစမ်းပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
RFA
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းပေါ်တွင်ရှိသော အမျိုးသား သွေးလှူဘဏ်ဌာနတွင် ယနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့နှင့် ၀ါဆိုလပြည့်နေ့တိုက်ဆိုင်သဖြင့် ရည်ရွယ်ချက် အသီးသီးဖြင့် သွားရောက်သွေးလှူဒါန်းသူ အများအပြားရှိနေခဲ့ပြီး ၎င်းသွေးလှူရှင်များထဲတွင် လေးစားဖွယ်ရာ တပ်မတော်သားဟောင်းကြီးတဦးအား တွေ့မြင်ခဲ့သည်။
ထိုသူမှာ ဘယ်လက်နှင့် ညာခြေထောက်တို့တွင် ချို့ယွင်းနေသော တပ်ကြပ်ကြီးဟောင်းတဦးဖြစ်ပြီး ဗိုလ်ချုပ်နှင့် အာဇာနည်ရဲဘော်များကို လေးစား၍ သွေးလာ၍လှူဒါန်းခြင်းဖြစ်သည်ဟု သူကဆိုသည်။
“ကျွန်တော်က ဗိုလ်ချုပ်ကို လေးစားတယ်။ အားကျတယ်။ အဲဒီအတွက် သွေးလှူရခြင်းဖြစ်တယ်။ ကိုယ်လက်အင်္ဂါက ချို့ယွင်းနေတော့ အခက်အခဲရှိတယ်။ သွေးလှူခါနီး စစ်ဆေးတော့ သွေးတိုးနေတယ်။ လှူလို့မရဘူးဆိုတော့ အရမ်းဝမ်းနည်း မိတယ်။ နောက်တနေ့ လှူမယ်ဆိုပြီး ဆရာဝန်ကြီးနဲ့ တွေ့ပြီးတော့ အကျိုးအကြောင်းပြောတယ်။ ဆေးသောက်ပြီး ခဏနေပြန်စစ်တော့ လှူနိုင်တဲ့ အခြေအနေရောက်တယ်”ဟု တပ်ကြပ်ဟောင်း ဦးအောင်ငြိမ်းအေး (ခ) အောင်ဆန်းမင်းက ပြောသည်။
ကိုယ်လက်အင်္ဂါမသန်စွမ်းသည့်ကြားမှပင် အာဇာနည်များအားရည်စူး၍ လူအုပ်ကြားမှအတင်းတိုး၍ သွေးလှူဒါန်းခဲ့သူ ဦးအောင်ငြိမ်းအေးသည် အာဇာနည်ဗိမာန်သို့လည်း နှစ်စဉ်မပျက် သွားရောက်အလေးပြုသည်ဟု ဆိုသည်။
တပ်ကြပ်ဟောင်းကြီး ဦးအောင်ငြိမ်းအေးသည် ၁၉၇၈ ခုနှစ် ၁၁ လပိုင်းတွင် ဖြစ်ပွားခဲ့သော ၁၀ ရက်ကြာ ကိုးကန့်တိုက်ပွဲတွင် ရန်သူစစ်သားများ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာများရရှိကာ ယာ မျက်စိ၊ ဘယ် လက်မောင်းရိုးနှင့် ညာ ခြေထောက်တို့ ချို့ယွင်းခဲ့ရကြောင်း ၎င်းကပြောသည်။
ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရန်ကုန် ၊ ဇူလိုင် ၁၉
၆၉နှစ်မြောက် ဇူလိုင်( ၁၉) အာဇာနည်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဗိုလ်ချပ်အောင်ဆန်းနှင့်တစ်ကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် ၁၇ ပါးအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကောင်းမှုအစုစုတို့ကို အမျှဝေခြင်း ပြုခဲ့ကြပါသည်။
အဲဒီပွဲမှာ သူရဦးရွှေမန်း။ ဒုသမ္မတဦးမြင့်ဆွေ။ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်။ လွှတ်တော်ဥက္ကဌဦးဝင်းမြင့်။ဦးမန်ဝင်းခိုင်သန်း။ ဦးထွန်းထွန်းဦး။ ဒေါက်တာတင်မျိုးဝင်း။ ဒေါက်တာမျိုးသိမ်းကြီးစသည်ဖြင့် လက်ရှိနိုင်ငံ့ခေါင်းဆောင်များကို ဆရာတော် ရှင်ဆန္ဒာဓိက၊ ဆရာတော် ရဝေနွယ်(အင်းမ) တို့နဲ့ စုံစုံညီညီတွေ့ရပါသည်။
Photos : Yawainew Inn Ma
 ဂဠုန်ဦးစောရဲ့ နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်း ဘာကြောင့် ပျောက်ဆုံးနေသလဲ ဆိုတာ မသိနိုင်သေး။
ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ ဂဠုန်ဦးစောရဲ့ အမှုတွဲ မှတ်တမ်းဟာ တရားရုံးချုပ်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေပါတယ်။
အမျိုးသား မော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၂ ခုနှစ်ကနေ စတင် တာဝန်ယူခဲ့ဖူးသူ သမိုင်းပညာရှင် ဒေါက်တာ အောင်မျိုးက သူ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တရားရုံးချုပ်ကို သွားပြီး ဂဠုန်ဦးစောရဲ့ နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်းကို တောင်းယူရာမှာ အမှုတွဲ ပျောက်ဆုံးနေတာကို သိခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် မှတ်တမ်း ဖြစ်တဲ့အတွက် အမျိုးသား မော်ကွန်းတိုက်မှာ ထားရှိသင့်တာကြောင့် ဒေါက်တာ အောင်မျိုးက တောင်းယူခဲ့တာ ဖြစ်ပါတယ်။
တရားရုံးချုပ် တာဝန်ရှိသူတွေက အဲဒီ အမှုတွဲ မှတ်တမ်းတွေကို နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာ မောင်မောင် ယူသွားခဲ့တာ ဖြစ်ပြီး ပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီအမှုတွဲဟာ ဥပဒေအရ အမျိုးသား မော်ကွန်းတိုက်မှာသာ ထိန်းသိမ်း ထားရှိရမှာ ဖြစ်ပြီး တခြား မော်ကွန်းတိုက်တွေမှာ ထားခွင့် မရှိဘူးလို့ ဆိုပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတာကို သိတာ ဆယ်နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့် ဒီနေ့ အထိ ပြန်မတွေ့သေးသလို စနစ်တကျ ပြန်လည် ရှာဖွေတာမျိုးလည်း မလုပ်ကြသေးဘူး။
ဒီအမှုတွဲ မှတ်တမ်းဟာ တနေရာရာမှာ အမှတ်မထင် ချောင်ထိုး ပျောက်ကွယ်နေသလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားခဲ့သလား၊ ဒါမှမဟုတ် နိုင်ငံရေး အကြောင်းတခုခု ကြောင့် ရည်ရွယ်ချက်ရှိရှိ ကွယ်ဝှက် ဖျက်ဆီးခဲ့သလား ဆိုတာကိုလည်း ဘယ်သူမှ မမှန်းဆနိုင်သေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ်။ Photo: Myanmar President Office
အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားပြီး အသုံးမပြုတဲ့ လယ်ယာမြေတွေကို တောင်သူတွေထံ ပြန်ပေးဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မနေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
လယ်သမားတွေ အခက်အခဲ ဖြစ်နေတဲ့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ သိမ်းယူထားတာတွေကို ပြန်ပေး ဖို့ပြောတာလို့ ပဲခူးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။
ပဲခူးတိုင်း ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးတို့က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ခန့်ရှိနိုင်တယ်လို့ ဝန်ကြီး ဦးညွန့်ရွှေ က ပြောပါတယ်။
ဒါ့အပြင် က၀မြို့နယ်နဲ့ သနပ်ပင်မြို့နယ်မှာရှိတဲ့ စားကျက်မြေတွေကို ဥပဒေနဲ့အညီ တောင်သူတွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေချပေးဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ရေတိုရေရှည် စီမံဆောင် ရွက်ထားရမှာဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဘေးအန္တရာယ် ကျရောက်လာရင် လိုအပ်တာတွေကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျောင်းစုကျေးရွာက သားအဖနှစ်ဦးကို လားရှိုးဆေးရုံးမှာ ဇူလိုင်လ ၁၈ ရက်နေ့ကတွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာမှာ ဒေသခံသားအဖနှစ်ဦး မနေ့က မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတာကြောင့် လားရှိုးမြို့နယ်ဆေးရုံမှာ ဆေးကုသနေပါတယ်။
ကျောင်းစုကျေးရွာကနေ ထင်းရှူးပင်ခုတ်ဖို့ သွားရာလမ်းမှာ မိုင်းနင်းမိတာဖြစ်ပြီး လက်နဲ့ခြေထောက်တွေမှာ ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ သီပေါဇာတ်စုလူငယ်အဖွဲ့ က ကိုမျိုး က ပြောပါတယ်။
ဒဏ်ရာရရှိထားသူနှစ်ဦးကို လားရှိုးဆေးရုံ အရေးပေါ်ဌာနကနေ အရိုးကုသဆောင်ကို လွှဲပြောင်းပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်၊ RCSS/SSA နဲ့ TNLA တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရတာတွေ သေဆုံးတာတွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ရက်နေ့ကလည်း ကျောက်မဲမြို့ နယ် ကွန်ကော်ရွာနဲ့ ကောင်နိမ့်ရွာကြားမှာ ဒေသခံတချို့ မိုင်းနင်းမိတာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
မိုင်းနင်းမိတာတွေ မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ဖို့၊ အသီးအရွက်ခူးဖို့ ကြောက် လန့်နေကြရတယ်လို့ ပြောကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ - စိန်ဝင်း) (Credit: Audience Submitted) 
၆၉ ​နှစ်မြောက် ​အာဇာနည်နေ့ ​အခမ်းအနားကို ​ဒီကနေ့မှာတော့ ​ခါတိုင်းနဲ့ ​မတူပဲ ​တမူထူးခြား ​ကျင်းပနေကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ​တကွ ​လုပ်ကြံခံရတဲ့ ​အာဏာနည်တွေ ​ကျဆုံးသွားတဲ့ ​မနက် ​၁၀ ​နာရီ ​၃၇ ​မိနစ်မှာတော့ ​ဥသြဆွဲတာတွေ၊ ​ကားတွေကလည်း ​ဟွန်းတီးပြီး ​ဖြေးဖြေးနှေးနှေး ​မောင်းနှင်ပြီး ​အာဇာနည်နေ့ကို ​အောက်မေ့ခဲ့ကြပါတယ်။
ဒါဟာ ​နှစ်ပေါင်းများစွာအတွင်း ​ပထမဆုံးအကြိမ် ​ဥသြဆွဲတာမျိုး ​ပြန်လည် ​ပြုလုပ်ကြတာ ​ဖြစ်ပါတယ်။
ဥသြဆွဲသံတွေ၊ ​ဟွန်းတီးသံတွေ ​ကြားတဲ့အခါမှာ ​ငိုချင်လာတယ် ​ဆိုပြီး ​လူမှုကွန်ယက်တွေမှာ ​အများအပြား ​မှတ်ချက် ​ပြုနေကြပါတယ်။
လူမှု ​ကွန်ယက်တွေမှာလည်း ​အာဇာနည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ကြသလို ​မြန်မာ့အသံနဲ့ ​ရုပ်မြင်သံကြားကလည်း ​ရန်ကုန်မြို့ ​အာဇာနေည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ​ဒေါ်အောင်ဆန်းစုကြည်က ​ကျဆုံးသွားတဲ့ ​အာဇာနည်တွေရဲ့ ​မိသားစုဝင် ​အနေနဲ့ ​တက်ရောက်ဂါရဝ ​ပြုသွားခဲ့ပါတယ်။
ဒါ့အပြင် ​နိုင်ငံတော် ​သမ္မတ ​ဦးထင်ကျော်နဲ့ ​စစ်ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်တို့လည်း ​တက်ရောက် ​ဂါရဝ ​ပြုခဲ့ကြပါတယ်။
မျက်နှာစုံညီ ​တက်ရောက်ကြသလို ​ဒေါ်အောင်ဆန်းစုကြည် ​နေအိမ်မှာ ​ပြုလုပ်တဲ့ ​ဆွမ်းကပ်ပွဲမှာလည်း ​မျက်နှာစုံညီ ​လာရောက်ကြတဲ့အတွက် ​ပီတိဖြစ်ရတယ် ​ဆိုပြီး ​မှတ်ချက်ပြုနေကြပါတယ်။
ဧရာဝတီ ​သတင်းဌာနကလည်း ​ဝန်ကြီးများရုံးမှာ ​ပြုလုပ်တဲ့ ​အာဇာနည်နေ့ ​အခမ်းအနားကို ​တိုက်ရိုက် ​ထုတ်လွှင့်ခဲ့တာကို ​တွေ့ရပါတယ်။
သမ္မတ ​ဦးထင်ကျော်ဦးဆောင်တဲ့ ​အစိုးရကလည်း ​အာဇာနည်နေ့ကို ​အောက်မေ့တဲ့အနေနဲ့ ​သံဃာတော်တွေကို ​ဆွမ်းကပ်ခဲ့ကြတယ်လို့လည်း ​သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရုရှား အိုလံပစ် အသင်း တစ်သင်းလုံးကို ပိတ်ပင်ဖို့ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့က တောင်းဆိုထား။
ရုရှား အိုလံပစ် အသင်း တစ်သင်းလုံးကို သြဂုတ်လအတွင်း ရီယို ဒီ ဂျနေးရိုးမှာ ကျင်းပမယ့် ၂၀၁၆ နွေရာသီ အိုလံပစ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုဖို့ ကမ္ဘာ့ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ရဲ့ အကြံပြုချက်ကို နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC မှာ ဆွေးနွေး နေကြပါတယ်။
ရုရှား ပြေးခုန်ပစ် ကစားသမားတွေ ကိုတော့ အိုလံပစ်ပွဲ ဝင်ပြိုင်ခွင့် ဆိုင်းငံ့ ပိတ်ပင် ထားလိုက်ပြီ ဖြစ်ပါတယ်။
တယ်လီဖုန်း ဆွေးနွေးမှုတွေ ပြီးသွားရင် ရုရှား အိုလံပစ် အသင်းကို ပဏာမ အနေနဲ့ ယာယီ ပိတ်ပင်ဖို့ အလားအလာရှိတယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC ရဲ့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။
တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ WADA ရဲ့ နောက်ဆုံး အစီရင်ခံစာ ထဲမှာ အားကစား ပြိုင်ပွဲ အများအပြားမှာ ရုရှား အားကစား ဝန်ကြီးဌာနက စနစ်တကျ လိမ်ညာခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိရကြောင်း ဖော်ပြ ထားပါတယ်။
၂၀၁၁ နှစ်ကုန်ပိုင်း ကနေ ၂၀၁၅ သြဂုတ်လ အတွင်း ပြုလုပ်ခဲ့တဲ့ နွေရာသီနဲ့ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲတွေ အတွင်း ကစားနည်း အတော်များများမှာ ရုရှား အားကစား သမားတွေရဲ့ ဆီးနမူနာတွေကို အပြောင်းအလဲ လုပ်ထားတဲ့ အထောက်အထားတွေကို တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ WADA က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ရုရှား သမ္မတ ပူတင် ကတော့ အဲဒီ အစီရင်ခံစာဟာ ရုရှားရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရေးသား ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာတော့ အဲဒီအမှုတွေကို စုံစမ်း ဖော်ထုတ် အပြစ်ပေးသွားမယ်လို့ ကတိပေး ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
တိုက်ခိုက်သူ ဆယ်ကျော်သက်ဟာ IS တိုက်ခိုက်ရေးသမား ဖြစ်တယ်လို့ အာမတ် သတင်းဌာနက ပြော။
ဂျာမနီ တောင်ပိုင်းက ရထား တစ်စီးပေါ်မှာ ပုဆိန်နဲ့ တိုက်ခိုက်ခဲ့တဲ့ အာဖဂန် နိုင်ငံသား ခိုလှုံသူရဲ့ အခန်းထဲမှာ လက်နဲ့ ရေးခြယ်ထားတဲ့ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS အလံကို တွေ့ရတယ်လို့ ဂျာမနီ အရာရှိတွေက ပြောပါတယ်။
တနင်္လာနေ့ ညနေပိုင်းက ၁၇ နှစ်သား အဲဒီ လူငယ်ရဲ့ တိုက်ခိုက်မှုကြောင့် ဟောင်ကောင်က လူ ၄ ယောက် ဒဏ်ရာရခဲ့ပြီး တစ်ယောက်က ဒဏ်ရာ ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် သူထွက်ပြေးဖို့ ကြိုးစားစဉ် ရဲက ပစ်သတ် ခဲ့ပါတယ်။
အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့နဲ့ အဆက်အစပ် ရှိတဲ့ အာမတ် သတင်းဌာနက အဲဒီ တိုက်ခိုက်သူ ဆယ်ကျော်သက်ဟာ IS တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်တယ်လို့ ပြောပါတယ်။
ပြင်သစ် တောင်ပိုင်းက နိစ်မြို့မှာ လူအုပ်ထဲ လော်ရီကားနဲ့ ဝင်တိုက်မှုကြောင့် ၈၄ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု အပြီး ရက်ပိုင်း အတွင်းမှာ အခု ဂျာမနီက ရထားပေါ် တိုက်ခိုက်မှု ထပ်မံ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
နိစ်မြို့ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ ကားဒရိုင်ဘာ ဟာလည်း သူတို့ အဖွဲ့ရဲ့ နောက်လိုက် တစ်ဦး ဖြစ်တယ်လို့ IS အဖွဲ့က ပြောခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ်နဲ့ မေးလ်တွေကနေ တဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မေးလ်မှာ တစ်နေ့ကို ငွေလိမ်တောင်းတဲ့စာ ၇ စောင်လောက် နေ့စဉ်ရောက်နေသလို ကံစမ်းမဲပေါက်တာကြောင့် ပစ္စည်းလွှဲခပေးဖို့ ဖုန်းဆက်ပြီး တောင်းတာတွေ ရှိနေကြောင်း စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇေယျ က ပြောပါတယ်။
+၆၀၁၆.....၊ +၁၆၃၉.......၊ +၈၅၂၃.......၊ +၁၆၅၅...... နံပါတ်တွေနဲ့စတဲ့ ဖုန်းတွေ၊ ဆိုရှယ် မီဒီယာဖေ့စ်ဘွတ် စတဲ့နေရာတွေကနေ ဆက်သွယ်ပြီး ပါဆယ်ထုတ် လက်ဆောင်ပစ္စည်းတွေပေးပို့မယ့် အကြောင်း၊ တန်ဖိုးကြီး ပစ္စည်းတွေဖြစ်တဲ့ ရွှေထည် နဲ့ ငွေသားတွေပါဝင်တာကြောင့် လက်ခံရရှိသူက Registration Fee နဲ့ အကောက် ခွန်ဌာနကို အခွန်ငွေပေးသွင်းနိုင်ဖို့အတွက် ငွေလွှဲပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့လိုပုံစံမျိုးနဲ့ ငွေကြေးလိမ်လည်နေတာဟာ ပြီးခဲ့တဲ့ ၆ နှစ်လောက်ထဲက စဖြစ်ခဲ့တာဖြစ်ပြီး ခုနောက်ပိုင်းမှာ ပိုများလာတာ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြော ပါတယ်။
အလိမ်ခံရသူတွေမှာ မြန်မာနိုင်ငံသားတွေတင်မဟုတ်ဘဲ လူမျိုးပေါင်းစုံ ပါဝင်ကြပြီး သံရုံးတွေကို တိုင်တန်းသူတွေ ရှိပါတယ်။
စင်ကာပူနိုင်ငံမှာ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကစပြီး ဖြစ်ပွားနေရာကနေ အခုနောက်ပိုင်း ပိုမိုအဖြစ်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေသူ ကိုဇေယျ က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက်အရ ၂ဝ၁၃ စက်တင်ဘာ ၂ ရက်နေ့က ရဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတချို့ကို တွေ့ရစဉ်
မလေးရှားနိုင်ငံမှာ ဒီတစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကပုန်း ၇ ရက် သားသမီးနာရေးကူညီမှုအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တရားဝင်အလုပ်လုပ်ခွင့်ရှိထားသူတွေကို ပြန်လွှတ်မှာဖြစ်ပြီး တရား မ၀င်နေထိုင်သူတွေဟာ ထောင် သုံးလကနေ ၆ လအထိ ကျခံရနိုင်တယ်လို့ ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်နေ့က ကွာလာလမ်ပူမြို့က မိုင်းကုန်တိုက်မှာ မြန်မာအလုပ်သမား ၆၀ ကျော်၊ မနေ့ညက ပီနမ်ခရိုင်က ဘီအမ်ပလာဇာမှာ မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရတာဖြစ်ပါတယ်။
မလေးရှားအစိုးရက ဇန်န၀ါရီကနေ ဇွန်လအထိ တရားဝင်အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားခွင့် ပြုထား တာဖြစ်ပါတယ်။ အခုသတ်မှတ်ထားတဲ့ကာလ ကုန်ဆုံးသွားတဲ့အတွက် တရားမ၀င် လုပ်ကိုင်နေသူတွေကို ဖမ်းဆီးတာဖြစ်ပါတယ်။
တရားဝင်အလုပ်လုပ်ခွင့်လျှောက်ထားမယ်ဆိုရင် မလေးရှားငွေ ရင်းဂစ် ၆ ထောင်လောက်(မြန်မာငွေ ကျပ် ၁၈ သိန်းကနေ သိန်း ၂၀ အထိ) ကုန်ကျတာဖြစ်ပြီး ပွဲစားတွေရဲ့ အလိမ်ခံရတာတွေရှိတာကြောင့် မြန်မာအလုပ် သမားတွေ ပါမစ်လျှောက်ထားဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ တရားဝင်သွားရောက်လုပ်ကိုင်သူ တစ်သန်းလောက်ရှိပါတယ်။
RFA Burmese
http://www.rfa.org/burmese
၂၀၁၆ ဇူလိုင်လ ၁၂ ရက်က နံနက်စောစော ၁း၃၀ နာရီတွင် ညီအစ်မနှစ်ဦး အလုပ်ပြီး၍ လှိုင်သာယာနေအိမ်သို့ ပြန်ရန် ရွာမကွေ့တွင်တွေ့ရှိသော အမှတ် ၁၀၀ ဒိုင်နာကားပေါ်တက်၍ စီးနင်းလိုက်ပါခဲ့သည်။ သီရိမင်္ဂလာဈေး ကားမှတ်တိုင်အရောက် ကားပေါ်သို့ အသက်(၃၀)ခန့် အသားမည်း၊ ပိန်ပိန်အမျိုးသားတဦး တက်လာသည်။
 ဒိုင်နာကားမှာ အင်းစိန်ကြို့ကုန်းရှိ ဂက်စ်ဆိုင်တွင် ဂက်စ်ဝင်ထည့်သည်။ ထိုအချိန်တွင် ညီအစ်မနှစ်ဦးနှင့် စပယ်ယာအပါအ၀င် လူလေးဦးသာရှိနေသည်။ ကားဆက်လက်မောင်းနှင်ချိန်တွင် သီရိမင်္ဂလာဈေးကားမှတ်တိုင်မှ တက်လာသူ အဆိုပါ အသားမည်းမည်းပိန်ပိန်လူသည် အစ်မဖြစ်သူအား ခြေထောက်ဖြင့်ကန်ကျောက်ရိုက်နှက်ရေးထုတ်ပြပြီး ညီအစ်မနှစ်ယောက်စလုံးကို သူနှင့်လိုက်ခဲ့ရန်ပြောဆို နေစဉ် အစ်မဖြစ်သူသည် ရုံးရှေ့မှတ်တိုင်အရောက် ကားပေါ်မှ ဆင်းပြေးသွားခဲ့သည်။ ညီမဖြစ်သူအား ထွက်မပြေးရအောင် လက်ကိုအတင်းအဓမ္မဆွဲထားပြီး ကားစပယ်ယာအား ထိုအသားမည်းမည်းလူက သီရိမင်္ဂလာဈေး ပြန်လှည့်မောင်းခိုင်းသည်။ သီရိမင်္ဂလာဈေးမရောက်ခင် ရွှေသံလွင်ဘုရားအနီး ဆင်းခိုင်းပြီး လမ်းကြားထဲရှိ ကွမ်းယာဆိုင်ထဲခေါ်ကာ မိန်းကလေးအား သားမယားတကြိမ်ပြုကျင့်သည်။ ထို့နောက် ဘုရင့်နောင်လမ်းဆုံသို့ ထပ်မံခေါ်ဆောင်ပြီး ဆိုင်ကယ်ကယ်ရီငှား၍ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ သားမယားအဖြစ် ထပ်မံပြုကျင့်သည်။
ကျူးလွန်ခံခဲ့ရသူ အမျိုးသမီးက လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းတွင်တိုင်ကြားရာ ရဲအုပ်ခင်စိုးက (ပ)၂၉၇/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အရေးယူ ဆောင်ရွက်ခဲ့သည်။
ထိုအမှုကျူးလွန်သူမှာ ကားစပယ်ယာအား မိတ်ဖွဲ့စကားပြောချိန်က ၎င်း၏အမည်ကို အောင်အောင်ဟု သိရှိခဲ့ရပြီး လုရင့်နောက်လမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်၌ ပြစ်မှုကျုးလွန်သွားသူ၏ပုံသဏ္ဍာန်ကို ပြောပြစုံစမ်းခဲ့ရာမှ သဲလွန်စ ရရှိခဲ့သည်။
အမှုကျူးလွန်သူမှာ ဘုရင့်နောင်ရဲစခန်းမှ ပြစ်မှုဖြင့် ထောင်ကျခဲ့ဖူးသည့် တရားခံဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုသူတိမ်းရှောင်နိုင်သည့် လှိုင်သာယာ၊ ကြည့်မြင်တိုင်စံပြငါးဈေး၊ ကြည့်မြင်တိုင်တဖက်ကမ်းများတွင် အုပ်စုဖွဲ့၍ လိုက်လံစုံစမ်းရာ ဒေသခံများ၏သတင်းပေးချက်အရ လှိုင်မြို့နယ် ဘူတာရုံလမ်းမီးပွိုင့်တွင် မသင်္ကာတရားခံ စီးနင်းလိုက်ပါလာသောကားကို ဇူလိုင် ၁၇ ရက်က နယ်ထိန်းအရာရှိ ဒု-ရဲအုပ် နေမင်းအောင်ခေါင်းဆောင်သောအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ကြသည်။ တရားခံမှာ အောင်အောင်(ခ) အခြောက်မ (ခ) ၀ဲတူ (ခ)ထာဝရအောင် (၃၃)နှစ်ဖြစ်သည်။ အဘအမည် ဦးအောင်တင်ဖြစ်ပြီး မြရိပ်ညို ၅ လမ်း၊ ၅ ရပ်ကွက်၊ လှိုင်သာယာမြို့တွင် နေထိုင်သူဖြစ်သည်။ ဖမ်းမိစဉ် အရိုးအသွား ၁၁ လက်မရှိ ဓားဦးချွန်းတချောင်းအား စက္ကူဖြင့်ပတ်၍ ယာဘက်ပေါင်တွင် ဒူးစွပ်ဖြင့် ၀ှက်ထားလျက်တွေ့ ရှိရသည်။ ယင်းအမှုအား ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ရွှေကသစ်(စမ်းချောင်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြည်သူအများ လာရောက်ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
    ဇူလိုင်လ ၁၉ ရက်တွင် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြည်သူအများ လာရောက်ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)
ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ယခင်အတွင်းဝန်ရုံးကို အများပြည်သူများ လာရောက် လေ့လာခွင့် ပြုထားရာ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်၍ အများပြည်သူများ လာရောက် လေ့လာ ဂါဝရပြုလျက် ရှိသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်သို့ ပြည်သူအများ လာရောက်ဂါရဝပြုနေကြစဉ် (ဆင်ဟွာ)
အာဇာနည်ဗိမာန်၌ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ အလေးပြုခြင်းအခမ်းအနားကို ရုပ်မြင်သံကြားမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။ ထို့ပြင် အာဇာနည်ဗိမာန်သို့ ပြည်သူများ ဝင်ရောက် ဂါရဝပြုနိုင်ရန် အာဇာနည်လမ်းနှင့် အနောက် ရွှေဂုံတိုင်လမ်း အဆုံးအထိ အများပြည်သူများအား ဝင်ခွင့် ပြုထားသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူအများ လာရောက်ကြည့်ရှုလေ့လာစဉ် (ဆင်ဟွာ)
အာဇာနည် ကိုးဦးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဥသြဆွဲခြင်းများ၊ ပြည်သူများက ငြိမ်သက်စွာနေ၍ အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သော (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် သံဃာ ၉ ပါးအား ဆွမ်းဆက်ကပ် လှူဒါန်းရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ နတ်မောက်မြို့တွင်လည်း အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ကန်တော်ကြီး ပတ်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ လာရောက် ဂါရ၀ ပြုသူများ အနက် လှိုင်သာယာမြို့ နယ်မှ လာရောက်သည့် ဒေါ်မိုးဝေက “အာဇာနည်နေ့ မှာ နှစ်စဉ် နှစ်တိုင်း အလုပ်သမားတွေ စုပြီး ဂါရ၀ လာပြုဖြစ်ပါတယ်။တိုင်းပြည်နဲ့ လူမျိုး အတွက် ၊ လွတ်လပ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ပေးတဲ့ အာဇာနည် ခေါင်းဆောင်တွေကို အသိအမှတ် ပြုသော အားဖြင့် လာပြီး အလေးပြုပါတယ်။အာဇာနည် အကြောင်းကို လူငယ်လူရွယ်တွေ သိရှိခြင်း အားဖြင့် အနာဂတ်မှာ နိုင်ငံရဲ့ သူရဲကောင်းတွေအနေနဲ့ အာဇာနည် စိတ်ဓာတ်တွေ မွေးစေချင်လို့ ဖြစ်ပါတယ်။ဒီနှစ် အာဇာနည်နေ့ က တစ်ခြား နှစ်တွေနဲ့ မတူဘူး။အကုန်လုံးက တက်တက် ကြွကြွ နိုးနိုးကြားကြား ရှိတယ်။ရုပ်သံ ၊ ရေဒီယို အသံလိုင်းတွေကနေ ဥသြဆွဲသံတွေနဲ့ ရောက်ရာနေရာကနေ ဂါရ၀ပြုကြတယ်။နိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာတဲ့ အတွက် ဒီနှစ် အာဇာနည်နေ့ က တခြား နှစ်တွေနဲ့ မတူတဲ့ ခံစားမှုတွေ အများကြီး ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်သူများက ဝမ်းနည်းခြင်း အထိမ်းအမှတ် ဂါဝရပြုခြင်း ၊ အာဇာနည်ခေါင်းဆောင်များကိုရည်စူး ၍ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။
(Xinhua)
http://www.xinhuamyanmar.com/myanmar
အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲအား နေပြည်တော်၌ ကျင်းပနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲအား နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီးတို့က ဦးစီးလျက် နေပြည်တော် ကောင်စီဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်တွင် ယနေ့ နံနက် ၉း၄၅ နာရီ၌ ပြုလုပ်ခဲ့ရာ ဈေးကုန်းကျောင်း ဆရာတော်၊ ပေါက်မြိုင်ကျောင်း ဆရာတော်၊ မဟာသိတနာဒ ကျောင်း ဆရာတော်တို့ နှင့်အတူ ဆရာတော် ကိုးပါးတို့  ကြွရောက် ချီးမြှင့်ခဲ့ကြပြီး ဆွမ်းဆက်ကပ် လှူဒါန်းပွဲသို့ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် အခြား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်များ တက်ရောက်ခဲ့ကြသည်။
(Xinhua)
http://www.xinhuamyanmar.com
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျဉ်တစ်ခု (Credit: AFP) 
မြောက်ကိုရီးယားက ​ဒီမနက်မှာပဲ ​ဒုံးကျဉ် ​၃ ​ခု ​ပစ်လွတ်ခဲ့တယ်လို့ ​တောင်ကိုရီးယား ​အစိုးရနဲ့ ​အမေရိကန်တို့က ​ပြောပါတယ်။
အဲဒီ ​ဒုံးကျဉ်တွေဟာ ​မိုင်ပေါင်း ​၃၀၀ ​ကနေ ​၃၆၀ ​အကြား ​သွားလာပြီး ​အရှေ့ဘက် ​ကမ်းရိုးတမ်းဒေသက ​ပင်လယ်ပြင်ထဲ ​ထိုးကျသွားတယ်လို့ ​ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ ​အဆိုအရ ​ပစ်လွတ်တဲ့ ​ဒုံးကျဉ်ထဲက ​နှစ်ခုကတော့ ​Scud ​ဒုံးကျဉ် ​အမျိုးအစားဖြစ်ပြီး ​နောက်တစ်ခုကတော့ ​Rodong ​အမျိုးအစား ​ဖြစ်တယ်လို့ ​ဆိုပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ​အရင်တုန်းကလည်း ​အဲဒီလို ​ဒုံးကျဉ်အမျိုးအစားတွေကို ​စမ်းသပ်ပစ်လွတ်ဖူးတယ်လို့ ​သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ​Monterey ​မြို့ ​International ​Studies ​က ​ပညာရှင် ​Melissa ​Hanham ​က ​မြောက်ကိုရီးယားက ​နည်းပညာကို ​စမ်းသပ်တာထက် ​နိုင်ငံရေးအရ ​တုန့်ပြန်တာ ​ဖြစ်မယ်လို့ ​ယူဆရကြောင်း ​ရိုက်တာသတင်းကို ​ပြောသွားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ​အမေရိကန်တို့က ​anti-missile ​စနစ်ကို ​တောင်ကိုရီးယားမှာ ​ထားရှိမယ်လို့ ​ပြောဆိုပြီး ​ရက်ပိုင်းအကြာမှာပဲ ​မြောက်ကိုရီးယားက ​အခုလို ​တုန့်ပြန်တာ ​ဖြစ်မယ်လို့ ​သုံးသပ်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ဘက်က ဆောက်လုပ်နေတဲ့ ကျွန်းတု တစ်ခု (Credit: Reuters) 
တောင်တရုတ်ပင်လယ်ပြင် ​ကိစ္စနဲ့ ​ဆက်စပ်ပြီး ​နှစ်နိုင်ငံ ​ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​တရုတ်ဘက်က ​ကမ်းလှမ်းတာကို ​ဖိလစ်ပိုင်က ​ပယ်ချလိုက်ပါတယ်။
ဆွေးနွေးပွဲလုပ်မယ်ဆိုတာကို ​ဖိလစ်ပိုင်က ​ပယ်ချတာထက် ​ဆွေးနွေးပွဲအတွင်း ​ကုလသမဂ္ဂ ​နိုင်ငံတကာ ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အကြောင်း ​ဆွေးနွေးမှာ ​မဟုတ်ဘူးလို့ ​တရုတ်ဘက်ကနေ ​ကြိုတင်ပြောဆိုထားတာကို ​မကျေနပ်လို့ ​ဖိလစ်ပိုင်က ​ကမ်းလှမ်းချက်ကို ​ပယ်ချလိုက်တာ ​ဖြစ်ပါတယ်။
မွန်ဂိုးလီးယားနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​အာဆီယံနဲ့ ​ဥရောပ ​ခေါင်းဆောင်များ ​ညီလာခံကို ​တက်ရောက်စဉ်အတွင်း ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ဖိလစ်ပိုင် ​အစိုးရ ​ကိုယ်စားလှယ်ကို ​တွေ့ဆုံဆွေးနွေးကြဖို့ ​ပြောဆိုခဲ့တာ ​ဖြစ်ပါတယ်။
တရုတ်အစိုးရက ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အပေါ် ​အမျက်ဒေါသ ​ထွက်နေသလို ​ဆုံးဖြတ်ချက်တွေကို ​လက်မခံနိုင်ဘူးလို့ ​ပြောဆိုနေပါတယ်။
ဖိလစ်ပိုင်ကလည်း ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်ကို ​ဖိလစ်ပိုင် ​ပြည်သူတွေက ​စိတ်ဝင်စားတဲ့အတွက် ​အဲဒီ ​ကိစ္စကို ​မဆွေးနွေးရဘူးဆိုရင် ​တရုတ်နဲ့ ​မဆွေးနွေးနိုင်ဘူးလို့ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။
ဖိလစ်ပိုင်က ​နိုင်ငံတကာ ​ခုံရုံးရဲ့ ​ဆုံးဖြတ်ချက်အရ ​တဆင့်ပြီးတဆင့် ​တရုတ်ကို ​သွေးတိုးစမ်းတာမျိုး ​လုပ်ဆောင်တဲ့အနေအထား ​ရှိနေပါတယ်။
ပထမဆုံး ​ပိုင်ဆိုင်မှု ​အငြင်းပွားနေတဲ့ ​နေရာကို ​ဖိလစ်ပိုင် ​ငါးဖမ်းသမားတွေ ​သွားရောက်ခဲ့ပေမယ့် ​တရုတ်ကမ်းခြေစောင့်တပ်တွေရဲ့ ​နှင်ထုတ်မှုကို ​ခံခဲ့ရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အခင်းဖြစ်ရထားအား လုံခြုံရေး တပ်ဖွဲ့ ဝင်များက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)
    မြူနစ် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
    ဂျာမနီနိုင်ငံ တောင်ပိုင်း Bavaria ပြည်နယ် ဝဇ်ဘတ် (Wuerzburg) မြို့ ရထားတစ်စင်းပေါ်၌ ဇူလိုင်လ ၁၈ ရက် ညပိုင်းတွင် ပုဆိန်ကိုင်ထားသော လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ရထားပေါ်လိုက်ပါလာသည့် အမျိုးသား ခရီးသည် လေးဦး ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က အတည်ပြု ပြောကြားသည်။
တိုက်ခိုက်ခံရသော ခရီးသည်လေးဦးတွင် သုံးဦးမှာ ဒဏ်ရာပြင်းထန်ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာငယ်လေးသာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။ ထရီချူလင်ဂန်မြို့ (Treuchlingen) နှင့် ဝုဇ်ဘတ်မြို့အကြား ပြေးဆွဲနေသည့် ၄င်းရထားပေါ်တွင် လိုက်ပါလာသည့် အခြားခရီးသည် ၁၄ ဦးမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ပုဆိန်ဖြင့် တိုက်ခိုက်သူအား ရဲတပ်ဖွဲ့ က သေနတ်ဖြင့် ပစ်သတ် ဖမ်းဆီးလိုက်ကြောင်း နှင့် ၄င်းဖြစ်စဉ်မှာ တစ်ကိုယ်တော် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း Bavarian ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန ပြောရ ခွင့်ပုဂ္ဂိုလ်က ဆိုသည်။
ထို့ပြင် ပုဆိန်နှင့် ဓားကိုင်ဆောင်၍ တိုက်ခိုက်မှု ကျူးလွန်သူမှာ ဝုဇ်ဘတ်မြို့ကို မကြာသေးခင်မှ ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။ ၄င်းတိုက်ခိုက်သူမှာ ဂျာမနီနိုင်ငံ၌ ခိုလှုံခွင့် တောင်းခံထားသည့် အသက် ၁၇ နှစ်အရွယ် အာဖဂန်နစ္စတန် နိုင်ငံသား တစ်ဦးဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းစဉ် အသေဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း Bavarian ပြည်နယ် ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဂျိုအာချင်းဟားမန်းက ပြောသည်။
အဆိုပါလူငယ်သည် အစ္စလန်ဘာသာဖြင့် အော်ဟစ်၍ တိုက်ခိုက်မှု ကျူးလွန်ခဲ့သော်လည်း ၄င်းပြောဆိုသည့် စကားအဓိပ္ပါယ် အသေးစိတ်ကို ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ဝန်ကြီးက ဆက်ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
    ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ အာဇာနည်များ၏ မိသားစုဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ရောက် ဂါဝရပြုခဲ့သည်။
အဆိုပါ အခမ်းအနားကို  ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိသားစုဝင်တစ်ဦးအနေဖြင့် တက်ရောက် ဂါဝရပြုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဇာနည်ဗိမာန်၌ တက်ရောက် ဂါဝရပြုစဉ် (ဆင်ဟွာ)
အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို တွေ့ရစဉ် (ဆင်ဟွာ)
အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ဗိမာန်၌ ကျင်းပနေစဉ် (ဆင်ဟွာ)
အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ဗိမာန်၌ ကျင်းပနေစဉ် (ဆင်ဟွာ)
 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အာဇာနည် ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက် ဂါရဝပြု လွမ်းသူပန်းခွေ ချခဲ့ကြသည်။
(Xinhua)
http://www.xinhuamyanmar.com
နေပြည်တော်၊ ဇူလိုင် ၁၉
(၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဇာနည် ခေါင်းဆောင်ကြီးများအား တက်ရောက်ဂါရ၀ပြု ။
Senior General Min Aung Hlaing (facebook)