07/24/16


နိရဉ္စရာ၊ ဇူလိုင် ၂၄

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ စပါးတုံကျေးရွာအုပ်စု၊ တောလယ်ကျေးရွာ မူလတန်း စာသင်ကျောင်းဆောင်ကို နှစ်လခန့် ကြာမြင့် နေပြီဖြစ်သော်လည်း သက်ဆိုင်ရာမှ ပြန်လည် ပြုပြင်ပေးခြင်းမရှိသေးသဖြင့် ကလေးငယ်များ စာသင်ရန် အခက်ခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

တောလယ်ကျေးရွာ အမက စာသင်ကျောင်းသည် ယခုနှစ် မေလ ၂၀ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပေ ၆၀ ခန့် ခေါင်းမိုးပွင့်ထွက်သွားပြီး ပြန်လည်ပြုပြင်ပေးခြင်းမရှိသေး၍ ကျောင်းသူကျောင်းသားများ စာသင်ရ အခက်အခဲဖြစ်နေကြောင်း ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးမောင်မောင်ကြီး ကပြောသည်။

“ကျောင်းက လေပြင်းတိုက်ခတ်လို့ တစ်ဝက်လောက်ပျက်စီးသွားပါတယ်။ ပြန်လည် ပြုပြင်ပေးဖို့ ပြည်နယ် ၀န်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာနဲ့တင်ပြပြီးပါပြီ။ ဒါပေမယ့် ထူးခြားမလာဘူး။ စာသင်နေရတဲ့ ကလေးတွေဟာ  မပျက်စီးဘဲကျန်ခဲ့တဲ့ ထောင့်မှာ ကပ်ပြီး စာသင်နေရပါတယ်။ အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်“ဟု ၎င်းက ဆက်လက် ပြောသည်။

တောလယ်ကျေးရွာ အမက စာသင်ကျောင်းသည် အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိကြောင်း၊ ပေ ၆၀ ခန့် ခေါင်မိုး မရှိဘဲ ဖြစ်နေကြောင်း၊ အချိန်မီ မပြုပြင်ပါက ကျန် အဆောက်အအုံပါ ပျက်စီးသွားနိုင်ကြောင်း  ဦးမောင်မောင်ကြီးက ဆိုသည်။


၎င်းစာသင်ကျောင်းတွင် ကျောင်းသူကျောင်းသား ၃၀ ယောက်တက်ရောက်နေပြီး စာသင်ကျောင်းမှာ ထက်ဝက်ခန့်ပျက်စီးသွား၍ စာသင်ရာတွင် အခက်အခဲရှိနေကြောင်း တောလယ်ကျေးရွာ အမက ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင် ကပြောသည်။

“ ကျောင်းတစ်ကျောင်းမှာ တစ်ဝက်လောက်ပျက်စီးသွားတော့ ကျန်တဲ့ တစ်ဝက်မှာပဲ စုပြီးစာသင်နေရတယ်။ အခုလို ကျန်တဲ့ တစ်ဘက်မှာ စုပြီးစာသင်နေရတယ်ဆိုတော့ ကျပ်ကျပ်တည်းတည်းဖြစ်တယ်။ မိုးတွေလည်း ပက်တယ်” ဟု ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင် ကပြောသည်။

ရမ်းဗြဲမြို့နယ်သည် လက်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်လွှင် အနိုင်ရရှိခဲ့သော မြို့နယ် ဖြစ်သည်။

ကျော်ဝင်း(ကျောက်ဖြူ)
နိရဉ္စရာ
http://www.narinjara.com/



ရန်ကုန်မြို့ Novotel Hotel မှာ ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၄ ကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲမှာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားနေစဉ်။ Photo: Kyaw Htoon Naing/ RFA
မြန်မာနိုင်ငံက တက္ကသိုလ်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖွဲ့စည်းခွင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ Novotel Hotel မှာ ဒီနေ့ကျင်းပတဲ့ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၄ ကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အဆင့်မြင့်ပညာဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်ပိုင်း တက္ကသိုလ် ဥပဒေတွေပေါ်ပေါက်လာမှသာ ကျောင်းသား သမဂ္ဂအဖွဲ့တွေဟာ တရားဝင်ဖွဲ့စည်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

အခြေခံပညာဥပဒေ၊ အဆင့်မြင့်ပညာဥပဒေနဲ့ ပုဂ္ဂလိကကျောင်းဥပဒေတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်တဲ့ လွှတ်တော်က ကြိုးစားရမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ပညာရေးဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း တက္ကသိုလ်တွေအားလုံးကို အမျိုးသားပညာရေး ဥပဒေပါပြဌာန်းချက်နဲ့အညီ နိုင်ငံတကာအဆင့်အတန်းနဲ့ ကိုက်ညီမှုရှိ မရှိကိုလည်း စစ်ဆေးသွား မှာဖြစ်ပါတယ်။

အစိုးရက ကြိုးစားနေတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင် ဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ၄ ကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရွှေပါရမီပညာရေးဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ နဲ့ အလှူရှင်တွေတက်ရောက်ခဲ့ပါတယ်။

ရွှေပါရမီပညာရေးဖောင်ဒေးရှင်းကို လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၆၅၀ ကို ပညာသင် ထောက်ပံ့ ထားတာဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးအဖြစ်ကျောင်းသား တစ်ယောက်ကို ကျပ် ၆သောင်း ကနေ ကျပ် ၁ သိန်း အထိ လစဉ်ထောက်ပံ့မှာဖြစ်ပြီး စာမေးပွဲကျရှုံးသူတွေနဲ့ အိမ်ထောင်ကျသွားသူတွေကို ပညာသင်ထောက်ပံ့ကြေး ရပ်ဆိုင်းမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/



အိုင်အက်စ်နှင့် ဆက်သွယ်မှုရှိသည်ဟု သံသယရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ကွာလာလမ်ပူ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    အိုင်အက်စ်နှင့် အဆက်အသွယ်ရှိကြောင်း သံသယရှိပြီး တိုက်ခိုက်မှု လုပ်နိုင်ခြေရှိသော ပေါက်ကွဲ ပစ္စည်းများ အား တွေ့ရှိမှုဖြင့် မလေးရှားနိုင်ငံသား ၁၄ ဦးအား ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက်က ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် သံသယရှိသူများမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြပြီး အသက် ၂၀ နှစ်မှ ၄၉ နှစ်အတွင်း ရှိ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ပြည်နယ် ငါးခုတွင် ပြုလုပ်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု၌ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ် အဘူ ဘက်ကာက ပြောသည်။

၎င်းတို့အနက် ၁၂ ဦးသည် အစောပိုင်းလှုပ်ရှားမှုများတွင် ဖမ်းဆီးခံခဲ့ရသည့် အကြမ်းဖက် အဖွဲ့ တစ်ခုမှဟု ယုံကြည်ရကြောင်း၊ မလေးရှားနိုင်ငံအတွင်း အကြမ်းဖက်မှု လုပ်ဆောင်ရန် ဆီးရီးယားမှ မလေးရှား နိုင်ငံသား အိုင်အက်စ် ခေါင်းဆောင်တစ်ဦး၏ တိုက်ရိုက်ညွှန်ကြားမှုအား လက်ခံရရှိထားသူများ ဖြစ်ကြောင်း ခါလစ်က ဆိုသည်။

ထို့ပြင် ဖမ်းဆီးခံထားရသည့် သံသယရှိသူ တစ်ဦးက ရရာပစ္စည်းဖြင့် ဖန်တီးနိုင်သည့် ပေါက်ကွဲလက်နက် ပြုလုပ်ခြင်း (Improvised Explosive Devices= IED) နည်းလမ်းအား ဝန်ခံခဲ့ကြောင်း သိရသည်။

အသက် ၄၉ နှစ် အရွယ် သံသယရှိသူ တစ်ဦးသည် အဖွဲ့ဝင်သစ်များ စုဆောင်းခြင်းနှင့် ဆီးရီးယားသို့ စေလွှတ် ပေးရသည့် တာဝန် ယူထားသူ ဖြစ်ပြီး သံသယရှိ အမျိုးသမီးမှာမူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသများရှိ အိုင် အက်စ်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရာတွင် လျို့ဝှက် သတင်းပေးလုပ်ဆောင်ရန် စီစဉ်ထားသူ ဖြစ်သည်။

ပြီးခဲ့သည့်လက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့စွန်၌ ပထမဆုံး အိုင်အက်စ်နှင့် ဆက်နွှယ်နေသည့် တိုက်ခိုက် မှုအဖြစ် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးနှင့် စစ်ဆင်ရေးများ မလေးရှား အာဏာပိုင်များက တိုးမြှင့် လုပ်ဆောင်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com



Photo: Internet ( ပြည်မြို့က လက်သုပ်စုံဆိုင်ကို တွေ့ရစဉ် )
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၀၀ နီးပါး ရှိလာတာကြောင့် မြို့တွင်း ရပ်ကွက် ၁၀ ခုက မုန့်ဟင်းခါးဆိုင် ၊ အသုတ်ဆိုင်၊ ၀က်သား တုတ်ထိုးဆိုင်နဲ့ ၀မ်းပျက်ဝမ်းနူးစေတဲ့ အစားအစာအရောင်းဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖျက်ဖို့အတွက် အဓိကကျတဲ့ ယင်အန္တရာယ်ကာကွယ် နိုင်ဖို့ ကြေငြာချက် ထုတ်လိုက်တာလို့ ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစပြီး ပြည်မြို့က ရက်ကွက်တွေထဲ ရေ၀င်ရောက်ခဲ့ရာကနေ ရေပြန်မကျသေးတာဖြစ်ပြီး ရေကြီးတဲ့ နောက်ဆက်တွဲအနေနဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရောဂါဖြစ်ပွားသူ ၉၈ ဦးထိရှိလာပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

ပြည်ခရိုင် မြို့နယ် ၆ ခုထဲက သဲကုန်းမြို့နယ်ကလွဲရင် ကျန်တဲ့ ၅ မြို့နယ်မှာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေတာဖြစ်ပြီး ပြည်မြို့က အဆိုးဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။

ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ ၂၄ နာရီဆေးခန်းတွေဖွင့်လှစ်ပေးထားပြီး၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့ ဒီနေ့ထုတ် အစိုးရပိုင်ကြေးမုံသတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပြီး နှစ်နိုင်ငံ လက်တွဲညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှာဖွေဖော်ထုတ်ပါလို့ ဒီနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာအာဘော်ကနေ ရေးသားဖော်ပြခဲ့တာပါ။

သတင်းစာက ပြည်တွင်းထုတ် Frontier Myanmar ဂျာနယ်မှာ Joern Kristensen ဆိုသူ ရေးသားတင်ပြတဲ့ ဒီနည်းလမ်းကို စတုတ္ထနည်းလမ်းဆိုပြီး ထောက်ခံရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကြေးမုံသတင်းစာအာဘော်မှာ “မကြာမီရက်ပိုင်း အတွင်းက သတင်းမီဒီယာများတွင် မြစ်ဆုံဆည်နှင့်ပတ်သက်သော သတင်းတစ်ရပ် ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံ၌ မြစ်ဆုံဆည်နှင့် ပတ်သက်သော ရွေးချယ်စရာနည်းလမ်း သုံးသွယ်ရှိသည်ဟူသော သတင်းဖြစ်ပါသည်။

နံပါတ်တစ် ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်ကို အပြီးဖျက်သိမ်း၍ သက်ဆိုင်ရာကုမ္ပဏီအား လျော်ကြေး ဒေါ်လာသန်း ၈ဝဝ ပေးရန်ဖြစ်ပါသည်။

နံပါတ်နှစ် ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ပြန်လည်စတင်၍ မြစ်ဆုံဆည်တည်ဆောက်ပြီးသည့်အခါ တစ်နှစ်ဒေါ်လာသန်း ၅ဝဝ ရှိသောဝင်ငွေကို ရရှိရန်ဖြစ်ပါသည်။

နံပါတ်သုံး ရွေးချယ်စရာနည်းလမ်းသည် မြစ်ဆုံဆည်နှင့်ပတ်သက်၍ တစ်စုံတစ်ရာဆုံးဖြတ် ချက်ချမှတ်ခြင်းမပြုဘဲ တစ်နှစ်အတိုး ဒေါ်လာသန်း ၅ဝ ပေးရန်ဖြစ်ပါသည်။

သက်ဆိုင်ရာကုမ္ပဏီမှ အထက် ဖော်ပြပါနည်းလမ်းသုံးသွယ်အား အမှန်တကယ်တင်ပြပါက နည်းလမ်းသုံးသွယ်စလုံးသည် မြန်မာပြည်သူ ပြည်သားတို့၏ နှလုံးစိတ်ဝမ်းကို ချမ်းမြေ့စေနိုင်မည် မဟုတ်သည်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသော အချက်ဖြစ်ပါသည်။”လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ရွေးချယ်စရာ ပထမနည်းလမ်း သုံးသွယ်သည် ဆည်တည်ဆောက်မည့်ကုမ္ပဏီ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းကောင်း ဆောင်ကြဉ်းနိုင်မည် ဖြစ်သော်လည်း နှစ်နိုင်ငံပြည်သူတို့အကြား ချစ်ကြည်ရင်းနှီးမှုကို ဆောင်ကြဉ်းနိုင်မည် မဟုတ်သည်မှာ ထင်ရှားတယ်။

ဒီနေရာမှာ အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားမှုက ဖန်တီးပေးမည့် မဟာဗျူဟာအန္တရာယ်ထက် မြစ်ဆုံဆည်တည်ဆောက်မည့် ကုမ္ပဏီ၏ အကျိုးစီးပွားကို ရှေ့တန်းတင်မည်လောဟု မေးခွန်းထုတ်ရမှာဖြစ်တယ်။

အမိဧရာဝတီကို အထိမခံဟူသော မြန်မာပြည်သူတို့၏ ဆုံးဖြတ်ချက်သည် ပြတ်သားခိုင်မာရှင်းလင်းပြီးသားဖြစ်တယ်။

ဒါကြောင့် မြစ်ဆုံဆည်စီမံကိန်းရဲ့ စတုတ္ထရွေးချယ်စရာ နည်းလမ်းဟာ မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပြီး နှစ်နိုင်ငံလက်တွဲညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းများကို ရှာဖွေဖော်ထုတ်ရန်သာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံမှာ ရေကာတွေတည်ဆောင်ပြီး ရေအားလျှပ်စစ် ထုတ်ယူမယ့် စီမံကိန်းကို ပြည်သူတွေနဲ့ ပညာရှင်တွေက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက် စီမံကိန်းကို ရပ်ဆိုင်ထားမယ့်အကြောင်း ၂၀၁၁ ခုနှစ်ကတည်းက လွှတ်တော်ထံ သ၀ဏ်လွှာပေးပို့ အကြောင်းကြားခဲ့ပါတယ်။

DVB TV News
http://burmese.dvb.no/archives/160598

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဆက်သွယ်ရေးပြပွဲ တစ်ခုတွင် စင်ကာပူအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု၏ ပြခန်းကို တွေ့ရစဉ်

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ပျမ်းမျှအင်တာနက် မြန်နှုန်းနည်းနေပြီး အင်တာနက် အသုံးပြုခ ဈေးနှုန်းမှာမူ လွန်စွာ မြင့်မားနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ပျမ်းမျှအင်တာနက် မြန်နှုန်းမှာ 5.0 Mbps ဖြစ်ပြီး စင်ကာပူနိုင်ငံမှာ 66.6 Mbps၊ ထိုင်းနိုင်ငံမှာ 18.9 Mbps၊ ဗီယက်နမ်နိုင်ငံမှာ 14.2 Mbps၊ ကမ္ဘောဒီးယားနိုင်ငံမှာ 5.9 Mbps၊ ဘရူနိုင်းနိုင်ငံမှာ 5.51 Mbps၊ မလေးရှားနိုင်ငံမှာ 5.48 Mbps၊ လာအိုနိုင်ငံမှာ 4.5 Mbps၊ အင်ဒိုနီးရှားနိုင်ငံမှာ 4.3 Mbps နှင့် ဖိလစ်ပိုင်နိုင်ငံမှာ 3.5 Mbps တို့ဖြစ်ကြောင်း သိရသည်။

အခြားအာရှနိုင်ငံများတွင်မူ ဂျပန်နိုင်ငံမှာ 41.5 Mbps၊ တရုတ်နိုင်ငံမှာ 19.5 Mbps၊ ထိုင်ဝမ်မှာ 39.3 Mbps နှင့် ဟောင်ကောင်မှာ 78.3 Mbps တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် 1 Mbps မြန်နှုန်းဖြင့် အင်တာနက် လစဉ်ကြေးမှာ အင်တာနက်လိုင်း အမျိုးအစားပေါ်မူတည်၍ ကျပ် ငါးသောင်းဝန်းကျင်မှ ကျပ် နှစ်သိန်းဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး ကနဦး တပ်ဆင်ခများမှာလည်း ဈေးနှုန်း ကြီးမြင့်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများကမူ Spectrum လိုင်စင်ကြေးများ လျှော့ချပေးခြင်း၊ ၎င်းတို့နှင့် လက်တွဲ လုပ်ကိုင်နေသော ဆက်စပ်ကုမ္ပဏီများအပေါ် ကောက်ခံနေသော အခွန်အခများ လျှော့ချပေးခြင်းတို့ ပြုလုပ်ပေးသင့်ပြီး ထိုမှသာ အင်တာနက်နှုန်းထားများ ဈေးနှုန်း ကျဆင်းလာမည်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

မိုဘိုင်းဖုန်း အင်တာနက်ကြောင့် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်သူ အရေအတွက် တိုးပွားလာသည်ဟု ဆိုသော်လည်း နေအိမ်တွင် တပ်ဆင် အသုံးပြုရသော အင်တာနက် အခြေအနေမှာ အလွန်နိမ့်ကျနေကြောင်း သိရသည်။ Fixed Broadband အခြေအနေတွင် မြန်မာနိုင်ငံမှာ ၂၀၁၀ အထိ သုည ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ ခုနှစ်တွင် သုည ဒသမ ၁၀ ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ၃၆ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှာ နှစ် ရာခိုင်နှုန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

အင်တာနက် ဈေးနှုန်းကြီးမြင့်ရခြင်းမှာ အခြေခံ အဆောက်အအုံ တည်ဆောက်မှု ကုန်ကျစရိတ် ကြီးမြင့်ခြင်းကြောင့်ဖြစ်ပြီး ယင်းကုန်ကျစရိတ်များ သက်သာစေရန် အခြေခံ အဆောက်အအုံများ မျှဝေ သုံးစွဲခြင်းအတွက် Infrastructure Sharing Guideline ရေးဆွဲလျက် ရှိကြောင်း၊ ထို့ပြင် ယှဉ်ပြိုင်မှုရှိသော ဈေးကွက်ဖြစ်လာမှသာ ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက သုံးသပ် ပြောကြားသည်။

“WiFi အင်တာနက် သုံးစွဲခဲ့ရတဲ့ အခြေအနေချင်း နှိုင်းယှဉ်မယ်ဆိုရင် ရန်ကုန်ထက် နေပြည်တော်မှာ အများကြီး ပိုကောင်းတာ တွေ့ရပါတယ်။ နေပြည်တော်မှာရနေတဲ့ မြန်နှုန်းက ထိုင်းမှာ အသုံးပြုခဲ့ရတဲ့ မြန်နှုန်းမျိုးလောက် ရှိနေပါတယ်။ ထိုင်းမှာ အင်တာနက်နှုန်းထားက တော်တော်တန်တယ် ပြောရမယ်။ မြန်မာငွေနဲ့ တစ်လကို ကျပ်သုံးသောင်းလောက် ကျသင့်တဲ့ အင်တာနက် Plan က မိသားစုတစ်စုလုံး အွန်လိုင်း ဗီဒီယိုတွေကြည့်တာ၊ Download ဆွဲတာတွေကို စိတ်ကြိုက် အသုံးပြုနိုင်တဲ့ အနေအထားမျိုး ရှိတယ်” ဟု အင်တာနက်သုံးစွဲသူ တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
Writer:
နေမျိုးထွန်း
Eleven Media Group

၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း လူထုလှုပ်ရှားမှုကို ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအင်အားစုတို့ ဦးဆောင်ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ပြည်တွင်းစစ်တွေ အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ လှုပ်ရှားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် စတေကာတွေဝေပြီး ပြည်သူလူထုရဲ့ သဘောထားလက်မှတ်ကောက်ခံတဲ့ ကမ်ပိန်းတွေကို လုပ်ခဲ့ပါတယ်။
.
Photo : အာကာ & Nayma Kha
News : DVB

တယ်လီဖုန်းသုံးစွဲသူတွေကြား ဝေဖန်မှုတွေရှိနေတဲ့ အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပရိုမိုးရှင်းအစီအစဉ် ပြုလုပ်မယ်ဆိုတာကို ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိခဲ့သလို ပြည်သူတွေ အကြား တုန့်ပြန်မှုမကောင်းတဲ့အတွက် ယာယီရပ်ဆိုင်းဖို့ စာထုတ်တာဖြစ်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ က ပြောပါတယ်။

အဲ့ဒီအစီအစဉ်ဟာ ဆက်သွယ်ရေးဥပဒေနဲ့ ကိုက်ညီမှုရှိ/မရှိအပြင် တခြားဥပဒေတွေနဲ့ ညီညွတ်မှုရှိ/ မရှိ ကို စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း ဦးမျိုးဆွေ က ပြောပါတယ်။

ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ဖုန်းခေါ်ဆိုခတွေနဲ့ပတ်သက်ပြီး ပြောင်းလဲကောက်ခံမယ် ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို တစ်လကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ကာလတို ပရိုမိုးရှင်းပြုလုပ်မယ်ဆိုရင် ၁၀ ရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေမှာ ပါရှိတာ ဖြစ်ပါတယ်။

"ခုဖြေခုထော" အစီအစဉ်ဟာ ကျပ်သိန်းသုံးထောင်ကျော်ဖိုး ဆုမဲတွေ ပါဝင်ပြီး ဖုန်းမက်ဆေ့ခ်ျ ကနေ ဥာဏ်စမ်းမေးခွန်းတွေကို ဖြေဆိုရတာဖြစ်ပါတယ်။ အဖြေမှန်ရရတဲ့ အမှတ်ကို စုပေါင်းပြီး သတ်မှတ်ထားတဲ့ အမှတ်ကို ရောက်ရှိအောင် ဖြေဆိုရတာဖြစ်ပါတယ်။ ဥာဏ်စမ်းမေးခွန်းတွေကို ပြန်ဖြေတဲ့ မက်ဆေ့ခ်ျ တစ်စောင်ဟာ ငွေ ၂၀၀ ကျပ် ကျသင့်တာ ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့လောက်ကစတင်တာဖြစ်ပြီး အော်ရီဒူးဖုန်းသုံးစွဲသူတွေ ပါဝင်နိုင်တာဖြစ်ပါတယ်။ ပြည်သူတွေအကြားမှာ ဝေဖန်ပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဆုကြီးအနေနဲ့ ငွေကျပ်သိန်း ၃၀၀ ရရှိမှာဖြစ်ပြီး နေ့စဉ်အတွက် ငွေကျပ်သိန်း ၃၀ ပေးသွားမှာ ဖြစ်သလို အပတ်စဉ်အနေနဲ့ စမတ်ဖုန်းနဲ့တက်ဘလက်တွေကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ အော်ရီဒူးမြန်မာက ကြေညာထားတာ ဖြစ်ပါတယ်။

Photo: Ooredoo Myanmar/ Facebook ( အော်ရီဒူးမြန်မာရဲ့ခုဖြေခုထော အစီအစဉ်ကြော်ငြာကို တွေ့ရစဉ် )
RFA

ဘန်ကောက်၊ ဇူလိုင် ၂၄ ။ ။ လာမည့်လတွင် ကျင်းပမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိသူများ စာရင်းစာရွက်ကို ရှစ်နှစ်သမီးငယ်နှစ်ဦးက ၎င်းတို့ ကြိုက်သည့် ပန်းရောင်စာရွက်များဖြစ်နေ၍ နံရံမှ ဖြဲယူခဲ့ရာမှ ဥပဒေချိုးဖောက်မှုတစ်ရပ်အနေဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်၌ ပြောသည်။

ထိုင်းနိုင်ငံ၌ ဆယ်စုနှစ်ကျော် နိုင်ငံရေးမတည်ငြိမ်မှုများဖြင့် နိုင်ငံ လှုပ်ခတ်မှုဖြစ်နေရခြင်းအား တည်ငြိမ်မှုရစေရေးဟုဆိုကာ စစ်တပ်နောက်ခံပြုရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေအား သြဂုတ် ၇ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် မဲပေးရမည်ဖြစ်ရာ ယင်းမတိုင်မီ သဘောထားကွဲလွဲသူများအား ထိုင်းစစ်အစိုးရက တင်းတင်းကျပ်ကျပ်ကိုင်တွယ်လျက်ရှိနေခြင်းဖြစ်သည်။

အထက်ပါ ရှစ်နှစ်သမီးငယ်နှစ်ဦးကို ကျောင်းနံရံရှိ မဲစာရင်း စုတ်ဖြဲခြင်းကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား နှောင့်ယှက်မှုနှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ကမ်ဖာအန်ဖတ်ပြည်နယ်ရဲမှူး ဒမ်ရွန်ပတ်ပွန်က ပြောသည်။

“ကလေးမလေးနှစ်ဦးက မဲစာရင်းစာရွက်က သူတို့ကြိုက်တဲ့ ပန်းရောင်စာရွက်လေးတွေဖြစ်နေလို့ ဖြဲယူခဲ့တာဆိုပြီး ပြောပါတယ်။”ဟု ဒမ်ရွန်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

ကလေးမလေးနှစ်ဦးမှာ အသက်အလွန်ငယ်၍ အပြစ်ပေးအရေးယူခြင်း ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ယခုပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် ၂၀၁၄ မေလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရအပေါ် ပြည်သူ့တို့၏ သဘောထားကို ပထမဆုံး စမ်းသပ်မှုကြီးတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံဥပဒေကြမ်းက ရွေးကောက်ခံအစိုးရကို ကျော်လွန်ကာ စစ်တပ်အား အာဏာပို၍ ပေးထားပြီး စစ်တပ်လွှမ်းမိုးမှုနှင့် ထင်ရှားသည့် နိုင်ငံရေးအင်အားစုများကြား ကွဲပြားနေမှုများကိုလည်း ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း အဓိကနိုင်ငံရေးပါတီများအပါအဝင် ဝေဖန်သူများက ပြောကြသည်။

Mizzima - News in Burmese
http://mizzimaburmese.com/article/16330



တက္ကဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခုသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဟူစတန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ရှိ Bastrop မြို့ တွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့၍ လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ညနေ ၆နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူ သေဆုံး ခဲ့ကြောင်း ABC13 TV ကဖော်ပြခဲ့သည်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့သူ ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်း ပတ်ဝန်းကျင်အား လုံခြုံရေး အရ ရှင်းလင်းပြီးကြောင်းနှင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်း အကြောင်းရင်း အသေးစိတ်ကို ပြောကြားခြင်း မရှိကြောင်း သိရသည်။

Bastrop မြို့က လူဦးရေ ၇,၅၀၀ ခန့်ရှိပြီး တက္ကဆက်ပြည်နယ်မြို့တော် Austin ၏ အရှေ့တောင်ဘက် ၅၆ကီလိုမီတာ အကွာတွင်တည်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


(၂၃.၇.၂၀၁၆)

ကျွန်တော်တို့ အမြန်လမ်းပေါ်မှာ တစ်ဖက်က အကူအညီပေးနေတာကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူးမြို့မရဲစခန်းမှ စခန်းမှူးစံလှ၊ ဒုရဲအုပ်ဇာနည်ဇော်၊ အမြန်လမ်းတပ်ဖွဲ့မှ ရဲအုပ်သူရစိုး တို့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

‪‎ဖြစ်စဉ်မှာ‬....
၂၃.၇.၂၀၁၆ နေ့လည် ၁၂နာရီ၄၅မိနစ်လောက်မှာ ကျွန်တော်တို့ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းရှိ ရွှေကျားစားသောက်ဆိုင်သို့ တင်မောင်ဦး(ဘ)ဦးတင်ဖေ အသက် ၄၀ ဝန်းကျင် လူငယ်တစ်ယောက်က ယာဉ်အမှတ် YGN 9I/3718 Alphard အဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မန်နေဂျာ ဦးဝေဇင်ထွန်းနှင့်တွေ့၍ ဆိုင်ပိုင်ရှင် ဦးဖိုးကျား(ခ)ဦးသိန်းထွေး အားပြောဆိုပြီးဖြစ်၍ ငွေကျပ် ၄၉သိန်းနှင့် စားသောက်စရာများထည့်ပေးလိုက်ရန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မန်နေဂျာ ကလည်းဆိုင်ပိုင်ရှင် ဦးကျား(ခ)ဦးသိန်းထွေးအားဖုန်းဖြင့် ဆက်သွယ်၍ မေးမြန်းကြည့်ရာ မသိရှိကြောင်းပြောကြားပြီး (၁၁၅)မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော်အား ဖုန်းဖြင့်ဆက်၍ အကြောင်းကြားခဲ့ပါတယ်။

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် မှ ရွှေကျားစားသောက်ဆိုင်သို့ သွားရောက်၍ ငွေကျပ် (၄၉)သိန်းနှင့်စားသောက်စရာများ ယုံကြည်အောင်ပြောဆို၍ လာရောက်တောင်းခံသူ တင်မောင်ဦး အားသွားရောက် စစ်ဆေးခဲ့ရာ ဒေါက်တာ ဇေယျာကျော်လင်း(ဆမ-၁၆၀၅၂၇)၊နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီး(ရွှေဂုံတိုင်အထူးကုဆေးခန်း၊SSC)၊ဖုန်းနံပါတ် 09-453526849 ဆိုသူမှ သွားရောက် ယူခိုင်းခြင်း ဖြစ်ကြောင်းသိရ၍ဆက်လက် စုံးစမ်းခဲ့ရာ SSC ဆေးရုံကြီးတွင် ဒေါက်တာ ဇေယျာကျော်လင်း အမည်ဖြင့် နှလုံးအထူးကုခွဲစိတ်ဆရာဝန်မရှိကြောင်းသိရှိရပါသည်။

၎င်းဖုန်းနံပါတ်အား ဆက်သွယ်၍မေးမြန်းခဲ့ရာ ဒေါက်တာဇေယျာကျော်လင်းဆိုသူဖြင့် ဖုန်းရခဲ့ပြီး ၆၂မိုင်တွင် 5D/9999 လင်ခရူဆာ အဖြူရောင်ကားပျက်နေ၍ ဖြစ်ကြောင်းသိရပြီး၊ ဆမ နံပါတ်ကိုလည်း ၎င်းနှလုံးခွဲစိတ်ဆရာဝန်ကြီးဆိုသူကပဲပြောခဲ့ကြောင်း ဒုရဲအုပ်ဇာနည်ဇော်မှ အမြန်လမ်းတပ်ဖွဲ့မှ နီးစပ်ရာရဲကင်းသို့အကူညီတောင်းစုံစမ်းရာ ၎င်းအမြန်လမ်းပိုင်းတွင်ပျက်ကားမရှိကြောင်းသိရပါသည်။

 ဒေါက်တာဇေယျာကျော်လင်းဆိုသူအား ထပ်မံဆက်သွယ်၍မေးမြန်းရာ မန္တလေးမှအထွက် အမြန်လမ်း ၆၂မိုင်ကိုပြောကြောင်းသိရ၍ ပြင်စည်အမြန်လမ်းရဲတပ်ဖွဲ့သို့ ထပ်မံအကူညီတောင်းစုံစမ်း ကြည့်ရာတွင်လည်း မည်သည့်ယာဉ်မျှမရှိကြောင်းကို သိရှိခဲ့ပါသည်။

ထို့ကြောင့်လာရောက်ငွေတောင်းခံသူ တင်မောင်ဦးအား ဥပဒေအရ ဆက်လက်စစ်ဆေးလျှက်ရှိပြီး နောက်ဆက်တွဲတရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောင်ရွက်လျှက်ရှိနေပါကြောင်းသိရပါသည်။

အလားတူဖြစ်စဉ်မျိုးကိုလွန်ခဲ့တဲ့ ၃လကျော်ခန့်က ကျွန်တော်တို့ ၁၁၅ မိုင်ဝန်းအတွင်းရှိ BMB WorkShop မှလည်းကြုံခဲ့ဘူးကြောင်းထပ်မံသိရှိရပြီး BMB ယာဉ်ပြင်လုပ်ငန်းမှ တာဝန်ခံ ဦးပါမှ တရားလိုပြုလုပ်၍တစ်ဆက်တည်းတိုင်တန်းခဲ့ပါသေးသည်။

‪‎BMB‬ ဖြစ်စဉ်မှာလည်း....
လွန်ခဲ့တဲ့၃လကျော်လောက်က
ဖုန်းနံပါတ် 09-453526849 မှဖုန်းဝင်လာပြီး ၆၂မိုင်တွင် ကားပျက်နေ၍အကူညီလိုအပ်ကြောင်းနှင့်သူဟာ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာကျော်လင်းဖြစ်ပါကြောင်း၊ ဆွဲဖို့ကားတစ်စီးလွှတ်ပေးဖို့နဲ့ရေနှင့်စားသောက်စရာပစ္စည်းများပါတစ်ခါတည်းယူလာပေးဖို့ ရောက်ရင် ပိုက်စံတစ်ခါတည်းရှင်းပေးလိုက်မည်ဖြစ်ကြောင်း၊ ကားပေါ်ပါလာတဲ့သူရဲ့ ကလေးတွေလည်း ရေဆာနေကြပြီဖြစ်ကြောင်း၊ အခုသူက နေပြည်တော်မှာ လူနာတစ်ယောက်ကို အရေးပေါ် နှလုံးခွဲစိတ်ဖို့အတွက်သွားရင်း ယခုလိုလမ်းမှာ ကားပျက်နေတဲ့အကြောင်းပြောပြီး အကူညီတောင်းဖူးပါတယ်တဲ့၊ BMBရဲ့ ဖုန်းနံပါတ်ကို အရေးပေါ်ဖုန်းနံပါတ် 1880 ကနေရယူပြီးဆက်တယ်လို့သိရပါတယ်။

ပြီးတော့ပြောလိုက်ပါသေးတယ်တဲ့ လူတစ်ယောက်ရဲ့အသက်ကိုလည်းကူညီရာရောက်ပါတယ်တဲ့၊ဦးပါ လည်းပစ္စည်းတွေဝယ်ခြမ်းပြီးကားဆွဲဖို့အသွား လမ်းတစ်ဝက်ရောက်တော့ဖုန်းထပ်ဝင်လာတယ်လို့သိရပါတယ်။အခုသူကားမှာလိုအပ်နေတဲ့ပန်ကာကြိုးနဲ့ပစ္စည်းတွေကိုဝယ်ခိုင်းလိုက်တဲ့သူက ငွေမလောက်တော့လို့ ရန်ကုန်မှာ အသိမိတ်ဆွေတစ်ယောက်ယောက်ထံမှ ငွေ၃သိန်းခနဆိုက်ထုတ်ပေးထားဖို့နဲ့ ၁၁၅ မိုင်ရောက်ရင် ATM ကဒ်နဲ့ငွေထုတ်ပြီးချက်ခြင်းပြန်ပေးမယ်လို့ဆိုပါတယ်။

ဦးပါ လည်းရန်ကုန် ကားပစ္စည်းဆိုင်က မိတ်ဆွေဆီဖုန်းဆက်ပြီးဆရာဝန်ကြီးရဲ့တပည့်ငွေလာယူရင်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ ဦးပါ (၆၂) မိုင်ရောက်တဲ့အချိန်မှာတော့ ဘာကားအပျက်မှမတွေ့ရတော့ပါဘူး၊အဲဒါနဲ့ ဦးပါ လည်း သူ့မိတ်ဆွေထံ ပိုက်ဆံ၃သိန်းမထုတ်ပေးဖို့ဖုန်းအဆက်မှာ ငွေ၃သိန်းလာရောက်ထုတ်ယူသွားပြီလို့သိလိုက်ရပါတယ်။နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးရဲ့ဖုန်းဟာလည်း လုံးဝ မကိုင်တော့ပါကြောင်း.. ငွေ၃သိန်းနဲ့ အမှုမဖွင့်ချင်ပေမဲ့သက်ဆိုင်ရာ ရဲကင်း၊ ရဲစခန်းမှ အသိမိတ်ဆွေများကိုပြောပြခဲ့ဖူးသောထိုစကားကြောင့် ယနေ့အလားတူဖြစ်စဉ်ဖြစ်ပွားတာနဲ့ ဒုရဲအုပ်ဇာနည်ဇော်က BMB မှ ဦးပါ အား ရွှေကျားစားသောက်ဆိုင်သို့ လိမ်လည်ငွေတောင်းခံသူလူငယ်အားခေါ်ယူပြသပေးခဲ့ပါတယ်။ငွေတောင်းပုံတောင်းနည်းနှင့်ဖြစ်စဉ်ခြင်းကအလွန်တူနေပါတယ်။

အမှုအား
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူး မြို့မ ရဲစခန်းမှ စခန်းမှူးစံလှ၊၁၁၅ မိုင် ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် နှင့်ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်စစ်ဆေးနေပါကြောင်း။
အသေးစိတ်သိရှိလိုပါက
စခန်မှူးစံလှ မြိုမရဲစခန်း ဖြူးမြို့။
095390406
09793390406

ရဲကင်းမှူး ဒုရဲအုပ်ဇာနည်ဇော် (၁၁၅မိုင်)
0943143468
09797720325
ကျွန်တော်ရဲ့မိတ်ဆွေများလည်း လူတိုင်းကိုမယုံမိစေဖို့အတွက် ဒီအမှုမှာ သက်သေအဖြစ်လိုက်ပါမဲ့ ...
ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅ မှ တင်ပြလိုက်ရပါသည်ခင်ဗျာ။
ကျေးဇူးများစွာဖြင့်...

ဇော်မိုး ပိုင်အိုးနီးယား



မက္ကဆီကို Heaven ဘား ပြန်ပေးဆွဲမှု အတွင်း သေဆုံးသွားသည့် လူငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    မက္ကဆီကို နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်အကောင်းဆုံး ပြန်ပေးဆွဲမှုများအနက် လူသတ်ပြန်ပေးဆွဲမှု တစ်ခု တွင် ပါဝင်ခဲ့သည့် လူနှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မီဒီယာ တစ်ခု က ဇူလိုင် ၂၃ တွင် ဖော်ပြခဲ့သည်။

Mario Alberto Rodriguez Ledezma နှင့် Gabriel Carrasco Ilizaliturri တို့သည် ၂၀၁၃ခုနှစ် မေလ တွင် မက္ကဆီကို စီးတီး အလယ်ပိုင်း ခရီးသွား ဒေသ တစ်ခု ရှိ ဘားတစ်ခု၌  အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် လူ ၁၃ ဦးအား ပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၄င်းတို့အား ထောင်ဒဏ် အပြင် ပီဆို ၅သန်း (အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ခန့်) အား ဒဏ်ငွေအဖြစ်ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် အာမခံရရှိမည် မဟုတ်ကြောင်း နှင့် ဒဏ်ငွေမပေးဆောင်နိုင်ပါက ရက်ပေါင်း ၃၉,၀၀၀ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း La Jornada နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

Heaven အမည်ရှိ ဘားတွင် လက်နက်ကိုင်ဆောင်သူများက တိုက်ခိုက်ခဲ့ပြီး လူငယ်ပေါင်းများစွာ သေဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ ရာဇဝတ်မှု နှင့် ဆက်စပ်နေသည့် လူ ၂၂ဦးအား တရားစွဲဆိုထားပြီး ၄င်းတို့အနက် ၈ဦးအား ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း အွန်လိုင်း မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Proceso က ဖော်ပြခဲ့သည်။

ဘားပိုင်ရှင် Ernesto Espinosa Lobo နှင့် အခြား လူ နှစ်ဦးအား ၂၀၁၅ ခုနှစ် စက်တင်ဘာ လ က ထောင်ဒဏ် အနှစ် ၅၀၀ကျော်ချမှတ်ခဲ့ပြီး ဒီဇင်ဘာလတွင် အခြားပြစ်မှုကျူးလွန်သူ နှစ်ဦးကိုလည်း ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မဂ္ဂဇင်း ၌ ဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသည့် ရုပ်အလောင်းများအား မက္ကဆီကို စီးတီး အနီး မြို့တစ်မြို့ ရှိ လိုဏ်ခေါင်းတစ်ခု အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူ တစ်ဦး သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် ၄င်းတို့ အား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လူအများက ယူဆကြသည်။

(Xinhua)
http://www.xinhuamyanmar.com


မြန်မာနိုင်ငံ အတွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချ နေမှုများ ကြောင့်
မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကင်းဝေးရန် ထိရောက်သော ကြပ်မတ်မှုများဖြင့် ထိန်းချုပ် ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တားဆီးနှိမ်နင်းရေးတွင် တိကျသောသတင်း ပေးပို့မှုများသည် အရေးကြီးသည့် အတွက် သစ်တောဦးစီးဌာန အနေဖြင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများ ဖြစ်သော Wildlife Conservation Society ၊ World Wide Fund တို့နှင့်ပူးပေါင်းကာ တောရိုင်း တိရစ္ဆာန်နှင့် အစိတ်အပိုင်းများအား နယ်စပ်ဒေသများသို့ မှောင်ခိုရောင်းဝယ်မှုသတင်း အချက် အလက်များ စုဆောင်းရေးအတွက် စီစဉ်ဆောင် ရွက်နေကြောင်း၊ အလားတူ နယ်စပ်လမ်း ကြောင်း များတွင်လည်း ကြပ်မတ် စစ်ဆေးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆင်စွယ်၊ မြွေ၊ လိပ်နှင့် သင်းခွေချပ် တို့ကို အများဆုံး တရားမဝင် မှောင်ခိုတင်ပို့ ကြပြီး တခြားသော တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများကိုလည်း တင်ပို့ကြသည်။

ယင်း တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏ အစိတ်အပိုင်းများအား နိုင်ငံတကာ၌ တရားမဝင် ကုန် သွယ်ရောင်းဝယ်ခြင်းသည် လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု တို့ နောက်တွင် အဆင့် (၄) နေရာတွင်ရှိနေကြောင်း၊ ထို့အတွက် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းကာ ရှားပါး မျိုးစိတ်များ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်နိုင် ရန် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်မှု စောင့် ကြည့်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ရက်အဖွဲ့ (TRAFFIC) နှင့် ပူးပေါင်းကာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို သင်တန်း များ ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင် မှောင်ခိုကုန်သွယ်မှုများ ရှိနေသေးကြောင်း သိရသည်။

 ကာကွယ်ထားသည့် တော ရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း နှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းများ တွေ့ရှိပါက ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ် ငွေကျပ် ၅ဝဝဝဝ အထိဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 ၂ဝ၁ဝ ပြည့်နှစ်မှ ယခုနှစ် ဇူလိုင်လအထိ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်း ဝယ် ဖောက်ကား ခြင်း ဖမ်းဆီးရမိမှုသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ၁၂ မှု၊ ဧရာဝတီတိုင်း ဒေသကြီး ၌ ကိုးမှု၊ ကချင်ပြည်နယ်၌ ခုနစ်မှု၊ တနင်္သာရီ တိုင်း ဒေသကြီး၌ ငါးမှု၊ ရန်ကုန်တိုင်းဒေသကြီး ၌ ရှစ်မှု၊ နေပြည်တော် အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ် တို့၌ ၁၄ မှုစီ ရှိခဲ့ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia


July 24-2016

ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်က တောထဲမှာ ရောင်းစားခံရတဲ့ အသက် ၅၀ကျော် လင်မယား ၂ဦးနဲ့အတူ ရောင်စားခံရတဲ့ လူ၎ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ က ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ် ။

ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်ထဲက တောထဲမှာနာနတ်သီးပင်တွေခုတ်ရတဲ့ အသက်၅၀ကျော် လင်မယား၂ဦးဟာ တနှစ်ကျော်ကြာ ရောင်းစားတာခံရပြီးတဲ့နောက်မှာ သူတိုကို အကူညီပေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံေ၇ာက်မြန်မာနိုင်ငံသားများအဖွဲကို ဆက်သွယ်လာတာပါ၊ သူတိုကိုတော့ ဇူလိုင်လ ၂၃ရက်နေ့မှာ ကယ်ဆယ်ခဲ့ပါတယ်၊ လူကုန်ကူးခံရတဲ့အသက် ၅၀ကျော် အမျိုးသမီးတဦးက ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ လာရင်တောထဲမှာ ရောင်းစားတာခံခဲ့ရတယ်လို့ဆိုပါတယ်။


ပြန်ချင်ပေမဲ့ ပြန်လိုမရတဲ့ အခြေအနေတွေ သူတိုရောက်နေတဲ့ နေရာကို ညွန်ပြနိုင်ခြင်း မရှိတဲ့ အတွက်လည်း သူတိုကို ကယ်ဆယ်ဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့ ကူညီခဲ့သူတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဟာ ၁၃နှစ်တာကာလအတွင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၈၀၀၀နီးပါးကို ကူညီနိုင်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ထဲမှာတော့ လူဦးရေ ၃၀၀ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပြီးလို့ ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲရဲ့ အမူဆောင်ဒါရိုက်တာဦးကျော်သောင်းကဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွက်ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး စာရင်းထဲသတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက လူအများစုဟာ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံရပြီး လူကုန်ကူး ဂိုဏ်းတွေရဲ့ရောင်းစားမူတွေကိုခံနေရတာပါ ။ အရင်က Tier 3 အနိမ့်ဆုံးအဆင့် ရှိခဲ့တဲ့ ထိုင်းနိုင်ငံကတောို့ ဒီနှစ် မှာ Tier 2 အဆင့်(၂)ထိ တိုးပေးခဲ့ပါတယ်။

ထိုင်းကနေ တဆင့်ခံပြီး လူကုန်ကူးခံရသူ အများအပြား ရောက်သွားလေ့ရှိတဲ့ မလေးရှားနိုင်ငံ ကိုတော့ ၂၀၁၅ ခုနှစ်မှာ Tier 3 အဆိုးဆုံးအဆင့်ထဲ ထားခဲ့ရာကနေ ဒီနှစ်မှာတော့ Tier 2 အဆင့်ထဲ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

photo – MAT
Social Action for Women - SAW

အသက် ၂၅ နှစ်အရွယ် အမျိုးသမီး လျူတန်ကို တရုတ်နိုင်ငံရဲ့ အပျော့ပျောင်းဆုံး အမျိုးသမီးအဖြစ် လူတွေက ချီးကျူးနေပါတယ်။

ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက်ကွေးညွှတ်လိမ်ယှက်တတ်တဲ့ ဘုရင်မအဖြစ် တချို့က တင်စားနေပြီး သူရဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ်လိမ်ယှက်ထားတဲ့ ဓာတ်ပုံတွေက သက်သေဖြစ်တယ်လို့ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်က သူရဲ့ သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေကို ချိုင်းနား နယူးဆားဗေ့က စုဆောင်း ဖော်ပြပါတယ်။

ဓာတ်ပုံတွေမှာတော့ ခန္ဓာကိုယ်ကိုယ် ကွေးညွတ်ပြီး ခြေထောက်နဲ့ စာအုပ်ကို ယူတာ၊ ကော်ဖီခွက်ကို မပြတာစတဲ့ ပုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

လျူဟာ အသက် ၈ နှစ်အရွယ်ကတည်းက ခန္ဓာကိုယ်ကို ကွေးညွတ်နိုင်အောင် လေ့ကျင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာစံချိန်မှာလည်း မှတ်တမ်းတင်ထားပါတယ်။

အရင်နှစ် ဧပြီလက ၈၅ စင်တီမီတာ ရှိတဲ့ ၀ိုင်ခွက်ကို ခန္ဓာကိုယ် ကွေးညွှတ်ပြီး မပြခဲ့ကာ ဂင်းနစ်စံချိန်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။
DVB TV News

(Credit: MOI)

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲနဲ့ အာဆီယံ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စည်းဝေးပွဲကို တက်ရောက်နေပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ အစည်းဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။

စည်းဝေးပွဲအတွင်း အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် စာချုပ် ၂၀၁၃ - ၂၀၁၇ အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွေကို ပြန်လည် သုံးသပ်ခြင်းနှင့် အရှေ့တောင် အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် စာချုပ်ဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ် ဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတာပါ။

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ အာဆီယံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲပွဲမှာတော့ - လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်က တင်ပြထားတဲ့ ၂၀၁၆ ခုနှစ်အတွက် နှစ်စဉ် အစီရင်ခံစာကို ပြန်လည်သုံးသပ်ခြင်း၊ ဒုတိယ အကြိမ်မြောက် ၅ နှစ် လုပ်ငန်း စီမံချက်ဖြစ်တဲ့ ၂၀၁၆- ၂၀၂၀ ခုနှစ်အကြားက လုပ်ငန်းစဉ်တွေနဲ့ ၂၀၁၆ခုနှစ် အာဆီယံ လူ့အခွင့် အရေး ကော်မရှင်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေ၊ လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့ကြတာပါ။

စည်းဝေးပွဲ ပြင်ပမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၊ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးတို့အပြင် ဗီယက်နမ် ဒုတိယ၀န်ကြီးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Pham Binh Minh တို့နဲ့လည်း စည်းဝေးပွဲ ပြင်ပမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
VOA Burmese News


မြစ်ကမ်းဘေးရှိ အိမ်ခြေ အိမ်ထောင်စုများအား ရေဘေးအန္တရာယ် ကင်းဝေးရေး ဆော်သြမှုများ လိုက်လံဆောင်ရွက် (ဓာတ်ပုံ-MOI)
မြစ်ကမ်းဘေးရှိ အိမ်ခြေ အိမ်ထောင်စုများအား ရေဘေးအန္တရာယ် ကင်းဝေးရေး ဆော်သြမှုများ လိုက်လံဆောင်ရွက် (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံအတွင်းက နေရာအတော်များများမှာ မိုးတွေ ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် ဧရာဝတီ၊ ချင်းတွင်းစတဲ့ မြစ်ရေတွေ စိုးရိမ်ရေအမှတ် ကျော်လွန်လာနေတာကြောင့် မိုးဇလဌာနက အထူး သတိပေးချက်တွေ ထုန်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ဧရာဝတီမြစ်ရေလျှံခဲ့ မြစ်ကမ်းပါးကို ရေတိုက်စားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်း ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၂ ရွာက လူနေအိမ်တွေ ဘေးကင်းရာကို ရွေ့ပြောင်းခိုင်းထားရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်အတွင်းက ဧရာဝတီ မြစ်ရေဟာ သာမှန်ထက် ပိုမို မြင့်တက်လာနေတာကြောင့် ပုံမှန် ရေလွမ်းမိုးမှု ဖြစ်ပွားလေ့ရှိတဲ့ အရပ်တွေက လူနေအိမ်တွေ အချိန်မှီ ဘေးကင်းရာက ရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက လိုက်လံ သတိပေးနေတယ်လို့ ဆိုပါတယ်။

အလားတူပဲ - စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာမှာ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မြစ်တွေ ၊ ချောင်းတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ချင်းတွင်း မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်ထက် ဒုတိယအကြိမ်မြောက် ထပ်မံ ရောက်ရှိလာနေတဲ့အတွက် ချင်းတွင်းမြစ်ဘေးက မြို့တွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ ကနီမြို့တွေအတွက် ဇူလိုင်လ ၂၃ ရက်နေ့ကသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အခုလို မိုးသည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်တဲ့အတွက် အသက်ဆုံးရှုံးမှု ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသည်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ တခြား ပြည်နယ်၊ တိုင်းဒေသကြီး အတော်များများမှာ နေရာကွက်ကြား မိုးရွာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။
VOA Burmese News

ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton နဲ့ သူမနဲ့အတူ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်း Tim Kaine တို့ ၂ ဦးဟာ ပထမဆုံးအကြိမ်အဖြစ် အတူ ယှဉ်တွဲပြီး မဲဆွယ် စည်းရုံးခဲ့ကြတာမှာ အကောင်မြင်ဝါဒ ရှိကြဖို့ အလေးပေး ပြောကြားခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကျဆုံးခန်းရောက်နေပြီလို့ ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာ စကားပြောသူတွေက ထည့်သွင်း ပြောဆိုခဲ့ကြပြီးတဲ့ နောက်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတို့က အခုလို မဲဆွယ်စည်းရုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Florida ပြည်နယ်မှာ စနေနေ့ နေ့လည်က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးမှုအတွင်း စိတ်အားထက်သန်တဲ့ ထောက်ခံသူတွေကို ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က Tim Kaine ကို သူမရဲ့ ဒုသမ္မတလောင်းအဖြစ် မိတ်ဆက်ပေးခဲ့ပြီး - သူတို့အနေနဲ့ အမေရိကန်ပြည် ထောင်စုအတွက် လုံးဝ မတူညီတဲ့ အနာဂတ်လမ်းစဉ်အပြင် နံရံ တံတိုင်းတွေ တည်ဆောက်တာမဟုတ်ပဲ ပေါင်းကူး တံတားတွေ တည်ဆောက်ပေး သွားမှာ ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။ ဒါဟာ ရီပတ်ဘလီကန်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆန့်ကျင်ဖက် အယူအဆလည်း ဖြစ်ပါတယ်။

တနင်္လာနေ့မှာ စတင်မယ့် ဒီမိုကရက်ပါတီ ညီလာခံမှာ - မတူ ကွဲပြားမှုတွေကို လက်ခံခြင်းဟာ အမေရိကန်ပြည်ထောင်စု တိုးတက် ကြီးပွားရေးအတွက် ဖြစ်တယ်ဆိုတာကို အဓိက ဦးစားပေး ပြောကြားသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ပြောပါတယ်။

Tim Kaine ဟာ လူနဲစုတွေနဲ့ မရှိဆင်းရဲသားတွေအတွက် ရပ်တည် တိုက်ပွဲဝင်နေသူ တဦးဖြစ်တယ်လို့ Clinton က ပြောပါတယ်။ Virginia ပြည်နယ်က အထက်လွှတ်တော်အတ်ဖြစ်တဲ့ Tim Kaine ဟာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း Mike Pence တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်းလည်း Miami မြို့မှာ ထောက်ခံသူတွေကို Hillary Clinton က ပြောပါတယ်။

============

VOA Burmese News
http://burmese.voanews.com/a/hillary-tim-kaine-campaign/3432082.html?nocache=1

တူရကီနိုင်ငံမှာ စစ်တပ် အစိတ်အပိုင်းတချို့ရဲ့ အာဏာသိမ်းကြိုးပမ်းမှု ကျရှုံးသွားပြီးတဲ့နောက် သမ္မတ Erdogan ရဲ့ တန်ပြန်နှိမ်နင်းမှုတွေဟာ နဲနဲလွန်ကဲလာပြီလို့ နိုင်ငံတကာက သုံးသပ်နေကြပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံရသူ Fattulah Gulen နဲ့ ပတ်သက်တဲ့ လူတွေ၊ အသင်းအဖွဲ့တွေ၊ လူမှုအဆောက်အအုံတွေဟာ အဓိက ပစ်မှတ်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံတချို့က Gulen နဲ့ မကင်းဘူးဆိုတဲ့ ကျောင်းတွေ၊ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တူရကီအစိုးရက လမ်းကြောင်းပေးနေပါတယ်။ ဗွီအိုအေသတင်းထောက်တွေရဲ့ ပေးပို့ ချက်တွေနဲ့ မြန်မာမီဒီယာတွေကို အခြေခံပြီး ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

တူရကီနိုင်ငံမှာ သမ္မတ အာဒိုဝမ်က အရေးပေါ်အခြေအနေ ၃ လ ကြေညာပြီးတဲ့နောက် ပုဂ္ဂလိက စာသင်ကျောင်း ၁ ထောင်ကျော်နဲ့ လူမှုရေးစေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ အပါအ၀င် အဖွဲ့အစည်းပေါင်း ၁ ထောင်ကျော်ကို ပိတ်ပစ်လိုက်ပါတယ်။ သံသယရှိသူတွေကို ရုံးမတင်ဘဲ အရင်က လေးရက်သာ ထိန်းသိမ်းခွင့်ရှိခဲ့ရာက အခု ရက်ပေါင်း ၃၀ အထိ ဖမ်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အပိတ်ခံလိုက်ရတဲ့ အသင်းအဖွဲ့တွေထဲမှာ သမ္မတအာဒိုဝမ်က အာဏာသိမ်းကြိုးပမ်းမှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ Fattulah Gulen နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ အများအပြား ပါဝင်ပါတယ်။ Gulen ဟာ တူရကီမူဆလင် တရားဟောဆရာ တဦးဖြစ်ပြီး၊ ၁၉၉၉ ကတည်းက အမေရိကန်မှာ နေထိုင်လာသူ ဖြစ်ပါတယ်။ အခုအာဏာသိမ်းမှုနဲ့ ဘာမှ မပတ်သက်ဘူးလို့လည်း ဆိုပါတယ်။

အခုတော့ တူရကီအစိုးရက နိုင်ငံတကာမှာရှိတဲ့ Gulen ရဲ့ ကျောင်းတွေကိုပါ ပိတ်ပစ်ဖို့ ဖိအားပေးတဲ့သဘောတွေ တွေ့လာရပါတယ်။ ဆိုမာလီနိုင်ငံကတော့ တူရကီအာဏာသိမ်းပွဲ ကျရှုံးသွားပြီဆိုကတည်းက Gulen ရဲ့ လုပ်ငန်းတွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာဆိုရင် Gulen နဲ့ ဆက်နွယ်တဲ့ ကူးသန်းရောင်းဝယ်ရေးအဖွဲ့တွေ၊ ကျောင်းတွေရှိလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ပါကစ္စတန်ပြည်သူတွေ ကျောင်းသူကျောင်းသားတွေ ထောင်နဲ့ချီ ပတ်သက်တက်ရောက်နေကြတာပါ။

ပါကစ္စတန်နဲ့ တူရကီတို့ဟာ အစဉ်အလာ မိတ်ဘက်နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း တူရကီမှာ အာဏာသိမ်းမှုကို ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာရစ်ဖ်က ရှုတ်ချပြီး သမ္မတ အာဒိုဝမ်ကို လုံးဝ ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဆိုတော့ အခု အာဒိုဝမ်အစိုးရရဲ့ တောင်းဆိုချက်တွေကို လိုက်လျောမလားလို့ မေးတော့ - အမည်မဖော်လိုတဲ့ ပါကစ္စတန်အစိုးရအရာရှိကြီးတဦးက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“တူရကီဟာ ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံပါ။ သူတို့ရဲ့ စိုးရိမ်မှုကို တရားဥပဒေဘောင်အတွင်းက အလေးအနက် စဉ်းစားရမှာပါ။”

တကယ်တော့ Gulen နဲ့ ဆက်စပ်နေတဲ့ စာသင်ကျောင်းတွေ၊ လုပ်ငန်းတွေကို လုံးဝ ပိတ်ပစ်လိုက်မယ်ဆိုရင် ပါကစ္စတန်အတွက် အခက်ကြုံနိုင်ပါတယ်။ ဒါပေမဲ့ သင့်တင့်လျောက်ပတ်တဲ့ အဖြေတခု ရအောင်တော့ ကြိုးပမ်းရမယ်လို့ သူက ဆိုပါတယ်။

“တူရကီအစိုးရအနေနဲ့ ဒီကျောင်းတွေ၊ လုပ်ငန်းတွေကို ဆက်လက် လည်ပတ်စေမယ့် အဖွဲ့အစည်းတခု၊ အစီအစဉ်တခုကို ရွေးပေးစေချင်ပါတယ်။ ဒီလိုနဲ့ စီမံအုပ်ချုပ်တဲ့အပိုင်းကို ပုံစံပြောင်းပစ်နိုင်ပါတယ်။”

မြန်မာနိုင်ငံမှာလည်း Fattulah Gulen နဲ့ ဆက်စပ်နေတဲ့ စာသင်ကျောင်းတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ကိုင်တွယ်ဖို့ကိစ္စကတော့ မြန်မာအစိုးရအပေါ်မှာ မူတည်နေတယ်လို့ သံအမတ်ကြီးက ပြောကြောင်း မြန်မာပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

တကယ်တော့ တူရကီသမ္မတ အာဒိုဝမ်နဲ့ Fattulah Gulen တို့ဟာ တချိန်က မဟာမိတ်တွေဖြစ်ခဲ့ကြပြီး၊ ၂ ယောက်စလုံး သဘောထားပျော့ပြောင်းတဲ့ အစ္စလာမ်ဝါဒကို အတူ မှန်းမျှော်ခဲ့ကြတာပါ။ တူရကီစာရေးဆရာ Nedim Sener က အာဒိုဝမ်ဟာ ဘယ်သူနဲ့မှ အာဏာခွဲဝေချင်သူ မဟုတ်တဲ့အတွက် သူတို့နှစ်ဦး ခွာပြဲသွားခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အခု သမ္မတ အာဒိုဝမ် အဓိကထား နှိမ်နင်းနေတာဟာ Gulen သြဇာလွှမ်းမိုးမှုရှိတယ်လို့ ယူဆရတဲ့ ပညာတတ်တွေ၊ အနောက်တိုင်းဆန်သူ အသိုင်းဝိုင်းတွေ ဖြစ်ပါတယ်။ Gulen ပုံဖော်နေတဲ့ အစ္စလာမ်အယူဝါဒဟာ ခေတ်သစ်ကမ္ဘာနဲ့ အံဝင်ခွင်ကျရှိတဲ့ အယူအဆဖြစ်တာကြောင့် ပညာတတ်တွေက နှစ်သက်ကြပါတယ်။

Fattulah Gulen ကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ဖို့ ခွင့်ပြုထားတဲ့အတွက် တူရကီလူမျိုး တော်တော်များများကတော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အမေရိကန်နဲ့ တူရကီကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ မအောင်မြင်သော အာဏာသိမ်းမှုတို့ဟာ ဆက်စပ်နေတယ်လို့ ယူဆနေကြကြောင်းပါခင်ဗျာ။

============

VOA Burmese News
http://burmese.voanews.com/a/turkey-politcs/3432377.html?nocache=1



 ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA နဲ့ ဝ လက်နက်ကိုင် UWSA တို့ရဲ့ ခေါင်းဆောင် တွေ နဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒီလို တွေ့ဆုံကြတဲ့ အခါ အစိုးရက ကျင်းပဖို့ ကြိုးစား နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ လို့ ခေါ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ညီလာခံ နဲ့ ပတ်သက်ပြီး သဘောထား အမြင်တွေ ဖလှယ် သွားမယ်လို့ NDAA အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

နေပြည်တော်မှာ ရှိ နေတုန်း လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့လည်း တွေ့ဆုံ သွားလိုတယ် လို့လည်း ဦးကြည်မြင့် က ဆိုပါတယ်။

NDAA ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီ တွေ့ကြမယ့် ကချင် ပြည်နယ် ထဲက မိုင်ဂျာယန် ညီလာခံ ၄ ရက်တာ အချိန်နဲ့ တိုက်ဆိုင် နေတဲ့ အတွက် မိုင်ဂျားယန် ကို NDAA အနေနဲ့ လေ့လာသူ အဖြစ်ပဲ တက်ရောက် မယ်လို့ ဦးကြည်မြင့် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


မြန်မာ့ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တ ခဲ့တဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်စေချင်တယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားသူတွေက ပြောဆိုလိုက်ပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂)နှစ်မြောက်နဲ့ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ သုံးရက် ဆက်တိုက် ဂုဏ်ပြုကျင်းပချိန် ငြိမ်းချမ်းရေးစကားတွေ၊ ငြိမ်းချမ်းရေး ကဗျာတွေ သဝဏ်လွှာတွေ ဖတ်ကြားပြီး တိုက်တွန်းပြောဆိုလိုက်ကြတာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ ပြောပြပေးထားပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် အဓိကထား ဖော်ဆောင် မယ်ဆိုတဲ့ သမ္မတဦးထင်ကျော်ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး ပြင်ဆင်နေချိန်မှာပဲ ငြိမ်းချမ်းရေးလိုလားသူ ငြိမ်းချမ်းရေးဗိသုကာကြီးဖြစ်တဲ့ ဆရာကြီးသခင် ကိုယ်တော် မှိုင်း လိုလားတောင့်တခဲ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နဲ့ သခင် ကိုယ်တော်မှိုင်း ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ငြိမ်းချမ်းရေး လိုလားသူတွေက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းစစ်မီး ငြိမ်းပြီး သခင်ကိုယ်တော်မှိုင်း မြင်ချင်ခဲ့တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရစေချင်ပါတယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးကော်မတီဝင် ဦးထွန်းဝင်းငြိမ်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဆရာကြီးက အားလုံးသိကြတဲ့အတိုင်းပဲ တိုင်းပြည်လွတ်လပ်ရေးရအောင်လည်း သူဆောင်ရွက်ခဲ့တယ်၊ တိုင်းပြည်လွတ်လပ်ရေးရပြီးလို့ ပြည်တွင်းစစ်ကြီးဖြစ်တော့ လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို သူ တောက်လျှောက် ဆောင် ရွက်ခဲ့တာပါ။ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တဲ့ ဆရာကြီးရဲ့ အယူအဆတွေက ဒီနေ့အထိ တိုင်းပြည်အတွက် လိုအပ်နေဆဲလို့ ကျနော်တို့ ခံယူထားပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့သူမနာ၊ ကိုယ်မနာ နည်းနဲ့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာ ဆရာကြီးက တန်းတူရေး၊ လွတ်လပ်ရေး၊ တရားမျှတမှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး စတဲ့ အချက်တွေကို အခြေခံပြီးတော့ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးခြင်းအားဖြင့် စစ်မှန်တဲ့ငြိမ်း ချမ်းရေးကို ရရှိမယ်လို့ ဆရာကြီးက နိုင်ငံရေး တရားပွဲတွေမှာ ဟော ခဲ့တာပါ။ အဲဒီ ဆရာကြီးရဲ့ အယူအဆကို ဒီနေ့ ပြည်သူလူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့က ရှိစေချင်ပါတယ်။ ဒီနေ့ ဆိုလို့ရှိရင်လည်း တိုင်းပြည်အတွက် အရေးကြီးအခြေအနေကတော့ ငြိမ်းချမ်းရေးရရှိဖို့ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဲဒီနှစ်ဆင့်- အဲဒါမှ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်လို့ရမှာပါ။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးအခြေအနေတွေကို တစုံတရာ အထောက်အကူဖြစ်နိုင်အောင် ကျနော်တို့က စာပေကတဆင့်၊ နောက် နိုင်ငံရေးအင်အားစုတွေကတဆင့် ငြိမ်းချမ်းရေးအသံ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့ ဆရာကြီးကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နဲ့ ဂူဗိမာန် နှစ် (၅၀) မြောက် အထိမ်းအမှတ်အခမ်းအနားကို ကျနော်တို့ ကျင်းပခဲ့တာဖြစ်ပါတယ်။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ဖော်ဆောင်ခဲ့တဲ့မြန်မာပြည်ငြိမ်းချမ်းရေးကို အစိုးရ၊ တပ်မတော်၊ ယနေ့ခေတ်လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတွေက အားလုံးစုပေါင်းပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ကြစေလိုကြောင်း ကိုလည်း ကိုယ်တော်မှိုင်း အမှတ်တရအခမ်းအနားတက်ရောက်ခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လေးစားတန်ဖိုးထားသူတဦးဖြစ်တဲ့ ဒေါ်ဒေဝီသန့်စင် ကလည်း ပြောပါတယ်။

“ဆရာကြီးတုန်းကလည်း ကိုယ့်အချင်းချင်းဖြစ်တဲ့ ပဋိပက္ခပေါ့-သဘောထား ကွဲလွဲ မှုတွေ၊ အမြင်မတူမှုတွေကို ဆရာကြီးက ကြားထဲကနေ ဝင်ပြီး ညှိနှိုင်းဆွေးနွေးပေး ခဲ့တာ။ ဒါပေမယ့် ဆရာကြီးက ငြိမ်းချမ်းရေးကို မြင်ချင်တယ် လို့ ပြောပေမယ့် သူ မမြင်သွားရဘူးလေ။ ဒါကို ဒေါ်စုတယောက်တည်း အပေါ်မှာ လည်း မတည်ဘူး၊ အဖွဲ့တဖွဲ့တည်းအပေါ်မှာလည်း မတည်ဘူး၊ အားလုံး ပြည်ထောင်စုဆိုတဲ့ အတိုင်းပေါ့-တိုင်းရင်းသားအားလုံး၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အစိုးရနဲ့ အရင်အစိုးရနဲ့ နားလည်မှုယူပြီးဆွေးနွေးထားတဲ့ အဖွဲ့အစည်းတွေရော နောက်ထပ် ပါလာမယ့်အဖွဲ့တွေရောပေါ့နော်၊ အကုန်လုံး အဓိက-ကတော့ ဘာလဲဆိုတော့ တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းပေါ့၊ ပြည်သူလူထု ကြီးပွားရာ ကြီး ပွားကြောင်းကို ဦးတည်ပြီးတော့ စဉ်းစားဖို့ပဲ လိုကြတယ်လေ။ ဦးတည်ချက် ပန်းတိုင် ဟာ တိုင်းပြည်နဲ့ လူမျိုးဆိုပြီး ထားလိုက်လို့ရှိရင် ဒီ- ပြည်ထောင်စုရဲ့ အနှစ်သာရဟာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖော်ဆောင်လို့ရမယ် လို့ ဒေါ်လေးတော့ မြင်ပါတယ်။”

မြန်မာ့စာပေ၊ ယဉ်ကျေးမှုနဲ့ မြန်မာပြည်လွတ်လပ်ရေး ငြိမ်းချမ်းရေးကို ဖော်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီး သခင်ကိုယ် တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင်တွေ၊ လေးစားချစ်မြတ်နိုးသူ ဒီမိုကရေစီ အင်အားစုတွေ၊ စာပေအနုပညာရှင်တွေက စုပေါင်းပြီး ပန်းချီပြပွဲ၊ ကဗျာရွတ်ဆိုပွဲနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ငြိမ်းချမ်းရေးဟောပြောပွဲတွေကို ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းရှိ ၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ကြ ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဇူလိုင်လ ၂၃ ရက်နေ့ ဒီကနေ့အထိ သုံးရက် ဆက်တိုက် ကျင်းပခဲ့တဲ့ အစီအစဉ်တွေနဲ့ အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်ကို လည်း ဦးထွန်းဝင်းငြိမ်းက အခုလိုရှင်းပြပါတယ်။

“ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရယ်၊ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်ရယ်၊ နောက် မိသားစုဝင်တွေရယ် ပူးပေါင်းပြီးတော့ ဒီပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ သုံးရက် ကျင်းပတာပေါ့နော်၊ ပထမရက်မှာ ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ လုပ်ခဲ့ပါတယ်။ ဒုတိယရက်မှာတော့ ငြိမ်းချမ်းရေးစာတမ်းဖတ်ပွဲပေါ့နော်၊ ဆရာကြီးကွယ်လွန်ခဲ့တဲ့ ဒီနေ့မနက်ကတော့ မိသားစုအသီးသီးက ပုဂ္ဂိုလ်တွေ ဆရာကြီးကို ဂါရဝပြု အထိမ်းအမှတ် အမှာစကား ပြောကြားကြတာပေါ့နော်။”

ရွှေတိဂုံဘုရားလမ်းက ကိုယ်တော်မှိုင်း ဂူဗိမာန်မှာကျင်းပတဲ့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရဲ့ အထိမ်းအမှတ်နေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကသူရဦးတင်ဦး၊ တိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ၊ ၇၄၊ ၇၅၊၇၆ နိုင်ငံရေးအင်အားစုတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တွေနဲ့ သခင်ကိုယ်တော် မှိုင်းကို ချစ်မြတ်နိုးလေးစားသူတွေက ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုကြ ငြိမ်းချမ်းရေးစာတမ်းတွေ ဖတ်ကြားကြပြီး အလေးအနက် ဂါရဝပြုခဲ့ ကြပါတယ်။

 မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဂျူလိုင်လ ၂၄ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် မြို့လယ်ခေါင်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုကြောင့် ကျောင်းေ ဆာင် တခုလုံးပြာကျဆုံးရှုံးခဲ့ရသည်။

လင်းခေးမြို့နယ်အတွင်းရှိ သံဃာတော်များ ပရိယတ္တိစာသင် စာဖြေသည့် သက်တမ်းရင့်ကျောင်းဖြစ်သည့် မဟာဝိဟာရ ကျောင်းကြီးေ ကျာင်း ခေါ် ကျောင်းလုံကျောင်းတိုက် ပင်မကျောင်းဆောင်ကြီးအား ဂျူလိုင်လ ၂၃ ရက်ညက ကျောင်းဆောင်အပေါ်ထပ်မှဝါယာရှော့ဖြစ်ကာ မီးလောင်ရခြင်ြး ဖစ်ကြောင်း မြို့နယ်အာဏာပိုင်များစစ်ဆေးချက်အရသိရသည်ဟု မီး ၀ိုင်းသတ် သူ မြို့ခံလူငယ်စိုင်းသီဟ ကပြောသည်။


“ည ၉ နာရီ မိနစ် ၅၀ ကမီးစလောင်တယ်။ ည ၁၁ ခွဲလောက်မှမီးညွန့်ကျိုး တယ်။ မီးသတ်ကား ၃ စီးလည်း မနိုင်ဘူး။ ကျနော်တို့မြို့ခံ လူငယ်တွေလည်း သွားဝိုင်းသတ်တယ် ။ မီးကူးတာတအားမြန်တယ်။ ကျွန်းသစ်ကျောင်းေ ဆာင်ကြီးလေ။ ခုတော့ ပြာကျကုန်ပြီ။” - ဟု မီးငြိမ်းသတ်ရာမှ ပြန်လာသူ စိုင်းသီဟ ကပြောသည်။

အဆိုပါကျောင်းဆောင်ကြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း ၊ လူသူထိခိုက်ဒဏ်ရာရခြင်း အိုးအိမ်များသို့မီးကူးစက်ခြင်းတော့မရှိကြောင်း မြို့ခံ ဦးစိုင်းကလည်းပြော ဆိုသည်။

ဓါတ်ပုံ- လင်းခေးမြို့ မဟာဝိဟာရ စာသင်တိုက်ကြီးအား မီးလောင်နေသည်ကိုတွေ့ရစဉ်
အဆိုပါကျောင်းဆောင်ကြီးသက်တမ်းမှာ နှစ် ၅၀ ၀န်းကျင်ခန့်ရှိပြီး ကျောင်းေ ဆာင် အတွင်း ရှေးဟောင်းဘုရားဆင်းထုတော်များ အများအပြားရှိကြောင်း၊ ထို့အပြင် ကျောင်းရိက္ခာဖြစ်သော ဆွမ်းဆန်စိမ်းများ ဆီဆားများလည်းအဆို ပါေ ကျာင်းဆောင်တွင်သိုလှောင်သိမ်းဆည်းကြောင်း၊ အဆိုပါေ ကျာင်းေ ဆာင်တွင် လပြည့်လကွယ်ဥပုတ်နေ့တိုင်း ရွာသူရွာသားများ တရားနာ ဥပုတ်စောင့်မှုများပြုကြကြောင်း မြို့ခံ စိုင်းနီ ကလည်းပြောပါသည်။

“လင်းခေးမြို့က ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုရှိတာကြောင့် မီးလောင်လွယ် တယ်။ ၁၉၉၅ ခုနှစ်လောက်တုန်းက မီးအကြီးအကျယ်လောင်ခဲ့ဖူး တယ်။ ဒေ သခံတွေကအဲတာကိုသင်ခန်းစာရထားတော့ မီးဟေ့ ဆိုရင်လန့်ကြတယ်။” - ဟုပြောဆိုသည်။

အဆိုပါ မီးဒဏ်သင့် မဟာဝိဟာရကျောင်းကြီးကျောင်းတွင် လက်ရှိ ဆရာေ တာ် သံဃာတော်နှင့် စာသင်ကိုယ်ရင်ငယ်စုစုပေါင်းအပါး ၆၀ ၀န်းကျင်ရှိေ ကြာင်း၊ လင်းခေးမြို့တွင်းရှိ မြို့ဦး ရပ်ကွက် (၀မ့်လွယ်)၊ ကွက်သစ်ရပ် ကွက်၊ ဈေးတန်းရပ်ကွက်၊ မြို့မ (၀မ့်လုံ) အရှေ့ရပ်၊ အနောက်ရပ် မှဒေသ ခံများ ကျောင်းတက်အလှူပြုသည့် ကျောင်းဖြစ်ကြောင်း၊ လင်းခေးမြို့ မဈေးကြီးနှင့် မျက်နာချင်းဆိုင်ရှိ မြို့လယ်ခေါင်ကျသည့် ကျောင်း တကျောင်းဖြစ်ကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
https://www.facebook.com/Panglong.burmese



အာဖဂန်၊ ကာဘူးလ်မြို့ ဗုံးခွဲခံရသည့်နေရာက ဒဏ်ရာရသူများကို သယ်ယူနေစဉ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်မှာ စနေနေ့က ဆန္ဒပြပွဲကြီးတခုအတွင်း အင်အားပြင်းဗုံးတလုံးပေါက်ကွဲခဲ့တာကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရသွားတဲ့လုပ်ရပ်ဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အစွန်းရောက်အဖွဲ့ကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုတာ IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အင်တာနက်စာမျက်နှာတခုမှာဖော်ပြထားတာပါ။

အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဆီးရီးယားအစိုးရကို သွားရောက် ပူးပေါင်းတာတွေရပ်ဖို့ Shiite အများစုဖြစ်တဲ့ Hazaras လူနည်းစုတွေ ကို သတိပေးတဲ့အနေနဲ့ ခုလိုတိုက်ခိုက်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေကို အသေခံဗုံးခွဲသမားသုံးဦးက တိုက်ခိုက်တာလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူတွေကြားထဲမှာ ပထမအသေခံဗုံးခွဲသမားက စနက်တံဖြုတ်လိုက်သလို ဒုတိယဗုံးခွဲသမားက သူ့ကိုယ်သူမတော်တဆ သတ်သေမိသွားတာဖြစ်ပြီး တတိယဗုံးခွဲသမားကိုတော့ ဆန္ဒပြပွဲကိုလိုက်စောင့်ပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်လိုက်တာလို့ ကြေညာ ချက်မှာဖော်ပြပါတယ်။

သွယ်တန်းဖို့စီစဉ်ထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ဆင်းရဲသားအများစုရှိရာ နိုင်ငံ အလယ်ပိုင်း Bamiyan ပြည်နယ်ကနေ ဖြတ်ပြီး သွယ်တန်းပေး ဖို့ ထောင်နဲ့ချီတဲ့ Hazaras လူနည်းစုတွေက ကာလ်ဘူးလ်မြို့လမ်းမတွေမှာ ချီတက်ဆန္ဒပြကြတာ ပါ။ ဆန္ဒပြသူအများစုက Shiite တွေ ဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတာဖြစ်ပုံရတယ် လို့ ဆိုပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရုရှား မိုးပျံပူဖောင်း သမား ဖီယက်ဒို ခေါ်ညိုကော့ဗ်
ရုရှား မိုးပျံပူဖောင်း သမား ဖီယက်ဒို ခေါ်ညိုကော့ဗ် ဟာ မရပ်မနား ကမ္ဘာပတ်ခဲ့ပြီး စံချိန်သစ် ချိုးနိုင်ခဲ့ပြီလို့ ဆိုကြောင်း သြစတြေးလျ အရာရှိတွေက ပြောပါတယ်။

သူဟာ သြစတြေးလျ အနောက်ပိုင်း နော်သမ် မြို့ကနေ လွန်ခဲ့တဲ့ ၁၁ ရက်ကျော်က ခရီးစကာ အဲဒီနေရာကို ပြန်ဖြတ် သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ကမ္ဘာ့ လေကြောင်းဆိုင်ရာ အားကစား အဖွဲ့က သူ့စံချိန်ကို အတည်ပြု လက်ခံမယ် ဆိုရင် ၂ဝဝ၂ ခုနှစ်တုန်းက စံချိန်တင်ခဲ့တဲ့ အမေရိကန် နိုင်ငံသား Steve Fossett တင်ခဲ့တဲ့ စံချိန်ထက် နှစ်ရက်လျော့ကာ ကမ္ဘာ့စံချိန် ချိုးသွားမှာ ဖြစ်ပါတယ်။

ခေါ်ညိုကော့ဗ် ဟာ ၅၆ မီတာ မြင့်တဲ့ မိုးပျံ ပူဖောင်းနဲ့ စနေနေ့ ညနေပိုင်းလောက်မှာ မြေပြင်ကို ဆင်းသက်လာမယ်လို့ ယူဆရပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပီကင်း၊ ဇူလိုင် ၂၃ ။

တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ယနေ့ ဇူလိုင်လ ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၁၅၀ ထက်မနည်းသေဆုံးသွားခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက် BBC သတင်းတွင်ဖော်ပြသည်။

လူပေါင်းများစွာလည်းပျောက်ဆုံးနေပြီး၊ ထောင်ပေါင်းများစွာသောဒေသခံပြည်သူများမှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ရေကြီးမှုဒဏ်ကို Hebei နှင့် Henan ဒေသခံများ အများဆုံးခံစားခဲ့ရကြောင်း၊Hebei ဒေသတွင် သေဆုံးသူအနည်းဆုံး ၁၁၄ ဦးအထိရှိခဲ့ပြီး၊ ၁၁၁ ဦးပျောက်ဆုံးနေကြောင်း၊ နေအိမ် အလုံးရေ ၅၃၀၀၀ ပျက်စီးခဲ့ကြောင်း၊ ရေကြီးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအားနည်းခဲ့သောကြောင့် အစိုးရကို ဒေသခံများက ဆန့်ကျင်ပြောဆိုလျက်ရှိကြောင်း၊ ရေလွှမ်းမိုးရာဒေသများတွင် လျှပ်စစ်မီးနှင့်လမ်းပန်းဆက်သွယ်ရေးများပြတ်တောက် လျက်ရှိကြောင်း၊ အစိုးရက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးမှုကြောင့် စိုက်ပိျုးမြေ ဧက ဟတ်တာ ၁.၅ သန်းထိပျက်စီးနိုင်ပြီး၊ ယင်းသို့ပျက်စီးခြင်းကြောင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံထက်မနည်းဆုံးရှုံးနိုင်ကြောင်း BBC သတင်းတွင်ဖော်ပြသည်။

CBC သတင်းဌာနကမူ ရေကြီးမှုကြောင့်လူပေါင်း ၁၅၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ၁၂၄ ဦးပျောက်ဆုံးနေကြောင်း ဖော်ပြသည်။ မိုးမှာပြီးခဲ့သည် တနလာင်္နေ့မှစတင်ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်းလည်း အထက်ပါသတင်းတွင်ဖော်ပြသည်။

AHN
The Asia Heart News

v>
ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့  Lat Phrao Road လက်ဖလော လမ်းမှာရှိတဲ့ shopping Mall center ဈေးရောင်းစံ တာ ကုန်တိုက်ကြီး ရဲ့ (၇) ထပ်အမြင့် ကားရပ်နားရာ နေရာကနေ အမျိုးသမီးတဦး ခုန်ချပြီး မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်းသိရပါတယ်။

သေဆုံးသွားသူအမျိုးသမီးဟာ ဖိမွန်ဖန် ကျလန်စီ အသက်(၃၀) နှစ် ထိုင်းလေကြောင်းကုပဏီတခုမှာ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ သူမအလုပ်မဆင်း နိုင်လောက်အောင် အလွန်စိတ် ထိခိုက် ခံစားနေရတာကတော့ အလုပ်ကိစ္စ -မိသားစု ပြသနာ ကြောင့် မဟုတ်ဘဲ မျက်ခွံနှစ်ထပ် ခွဲစိတ်ခဲ့ပြီး တဲ့နောက်မှာ မျက်လုံးနှစ်လုံးဟာ ကြည့်ရဆိုး သွားပြီး မျက်ခွံ နှစ်ဖက် မညီဖြစ်သွားခဲ့ပါတယ်။

အကြိမ်ကြိမ်ပြန်ခွဲစိတ်ပြုပြင်ခဲ့ပေမယ့် ပြန်ကောင်းမလာတော့တာရယ် သူမမျက်ခွံက ပိုပြီးဆိုးလာနေတာကို စိတ်အားငယ်ပြီး စိတ်ထိခိုက်နေ တာ လနဲ့ ချီရှီနေပြီလို့  သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက ပြောပါတယ်။

ယခုရက်ပိုင်းမှာ ဘယ်သူနဲ့ မှ မတွေ့  အလုပ်လည်းမသွားနိုင်တော့ဘဲ အားလုံး ကိုအဆက် သွယ် ဖြတ်ပြီး နောက်ဆုံးမှာ မိမိကိုယ် အဆုံးစီရင်သွားခဲ့တာ လို့  သိရပါတယ်။

(SAW)
Photo Thai resuce
Social Action for Women - SAW

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ တိလောကရပ်ကွက်မှာ ကူးစက်မြန် ဆုံဆို့နာ ( Diphtheria ) ရောဂါဖြစ်ပွားမှုအခြေအနေစိုးရိမ်စရာမရှိတော့ဘူးလို့ မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးမှုး ဦးထွန်းကျော်နိုင်ကပြောပါတယ်။

လူဦးရေ စုစုပေါင်း ၂၂၂၇ ဦးနေထိုင်တဲ့ တိလောကရပ်ကွက်မှာ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ကူးစက်မြန်ဆုံဆို့နာ ရောဂါလို့သံသယရှိပြီး ဟယ်ပင် ကလေးဆေးရုံကို အရေးပေါ်တက်ရောက်ကုသခဲ့ရပါတယ်။ ဇူလိုင်လ ၂၂ ရက် နေ့ ညနေမှာ တိုင်းကျန်းမာရေးဦးစီးဌာနက ရပ်ကွက်အတွင်းနေထိုင်သူတွေကို အပြင်ထွက်သွားလာခွင့်မပြုလုပ်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။

ဦးထွန်းကျော်နိုင်က “ညွှန်ကြားချက်ရခြင်းပဲ ကျွန်တော်တို့ ကွင်းဆင်းပြီး ၊ ကာကွယ်ဆေးတိုက်ကျွေးတာတွေလုပ်ခဲ့ပါတယ်။ စိုးရိမ်စရာအခြေအနေတော့ မရှိတော့ပါဘူး “ လို့ပြောပါတယ်။

ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများအနေဖြင့် တိလောကရပ်ကွက်အတွင်းနေထိုင်သူတွေကို ကူးစက်မြန်ဆုံဆို့နာရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုများ ၊ စစ်ဆေးမှုများကို လိုက်လုပ်ပေးပြီး သည်ကနေ ညနေ ၃ နာရီအချိန်မှာ ရပ်ကွက်အတွင်းနေထိုင်သူများကို အပြင်သွားလာခွင့်ကန့်သတ်မှုရုတ်သိမ်းကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ညွှန်ကြားခဲ့တယ်လို့ တိလောက ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်ဦးကပြောပါတယ်။

“ဆေးရုံတင်ထားရတဲ့ ကလေးမလည်း အခြေအနေကောင်းပါတယ် “ လို့ တိလောကရပ်ကွက် ဆယ်အိမ်မှုး ဦးခင်ဝင်းကပြောပါတယ်။

Diphtheria လို့ခေါ်တဲ့ ကူးစက်မြန်ဆုံဆို့နာရောဂါဟာ လေထုမှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာအနေနဲ့ အဖျားဝင်ခြင်း ၊ လည်ချောင်းနာခြင်း ၊ အာသီးရောင်ခြင်း အပြင် ခံတွင်းထဲမှာ အဖတ်ငယ်လေးများထွက်လေ့ရှိပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှုမ၀ဖြစ်ကာ အချိန်မှီမကုသနိုင်ပါက တစ်ရက်နှစ်ရက်အတွင်းသေဆုံးနိုင်တယ်လို့ မင်္ဂလာဒုံမြို့နယ် ကကျန်းမာရေးဦးစီးမှုး ဦးထွန်းကျော်နိုင်ကပြောပါတယ်။

ကာကွယ်ဆေးသောက်သုံးပြီး ကြိုတင်ကာကွယ်နိုင် ကူးစက်မြန်ဆုံဆို့နာ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဖို့ ဆုံဆို့နာကွာကွယ်ဆေး ၄၀ မီလီဂရမ်ပါ ဆေးကို သောက်သုံးနိုင်ပြီး ၊ ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်ကစလို့ ဆယ်ရက်ခန့်နေ့စဉ်သောက်သုံးပါက ပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။
Author/ ဖိုးစိုးသူ
Photo/ စစ်ထက်အောင်
Kumudra

lpt-resident-620.jpg စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
ဓါတ်ပုံ - ကိုမိုးမင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာ သိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

မြန်မာယန်စီကုမ္ပဏီဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရတဲ့အခါ မြေယာလျော်ကြေး ပေးဆောင် သွားမယ်လို့ တာဝန်ရှိသူတွေက ကတိပေးကြောင်း ဒီနေ့တွေ့ဆုံပွဲကို သွားရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထောက်ပံ့ကြေး၊ နစ်နာကြေးပေးဖို့အတွက်ကို သူတို့ကစာတင်ထားတာ ရှိတယ်၊ တိုင်းဒေသကြီးက ညွှန်ကြားလာတဲ့အခါမှာ ကျနော်တို့ဒါကိုလိုက်နာဆောင်ရွက်ပါမယ်ဆိုပြီးတော့ ကျနော်တို့ကိုပြောလာတာရှိတယ်၊ လက်ရှိလုပ်နေတဲ့နေ့စားအလုပ်သမားတွေကို မဖြုတ်ပါဘူး၊ ကန်ထရိုက် ဝန်ထမ်းအဖြစ်ပြောင်းလဲပေးဖို့ လုပ်နေပါတယ်ဆိုပြီးတော့ပြောတယ်၊ နောက်ပြီးသဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အက်စစ်ဖြန်းတဲ့နည်းစနစ်ကို မသုံးဖို့၊ အစက်ချတဲ့နည်းစနစ်ကိုသုံးဖို့ဆိုတာတွေကို ပြောတဲ့ အချိန်မှာလည်း သူတို့ဒါကိုဖြည်းဖြည်းချင်းလုပ်နေပါတယ်ဆိုပြီး ပြောတာတွေရှိပါတယ်"

မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံ နေ့စားအလုပ်သမား ၃ဝဝ ကျော်ရှိပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ ကိုတင့်အောင်စိုး က ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ဧရိယာအတွင်းက ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက်ပေးတဲ့ လျော်ကြေးအတိုင်း ရရှိဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီ ဘက်က နှစ်ကြိမ်လျော်ကြေးပေးတာရှိပြီး ပထမအကြိမ်က မြေတစ်ဧကအတွက် အများဆုံး ၁၅ သိန်းနဲ့ ဒုတိယအကြိမ်မှာ အများဆုံး ၁ဝ သိန်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ၆ဝဝဝ ကျော် ရှိပြီး အများစုက မြေယာလျော်ကြေး မယူထားရသေးဘူးလို့လည်း ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော် အတွက် မြေယာလျော်ကြေးပေးဖို့ နဲ့ ဒေသခံနေ့စားအလုပ်သမားတွေကို မြန်မာယန်စီကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ တောင်သူနှစ် ရာလောက်က မြန်မာယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးကို RFA သတင်း ထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

(ဓာတ်ပုံ - Aung Hlaing Win Facebook)

နေပြည်တော် (ဇူလိုင် ၂၃ရက်၊ ၂၀၁၆ခုနှစ်) ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ဆုံဆို့နာ) တွေ့ရှိရသောကြောင့် အဆိုပါ အမျိုးသမီးငယ်နေထိုင်ရာ ရပ်ကွက်အတွင်းရှိ လူဦးရေ ၂၀၀ ခန့်အား အပြင်ထွက်ခွင့် (၁၀) ရက်ခန့် ပိတ်ပင်လိုက်သည်။

မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက် အစွန်ဘက်ရှိ အိမ်ခြေများတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသစဉ် ကူးစက်မြန် အဆုတ်ရောင်ရောဂါ (ဆုံဆို့နာ)တွေ့ရှိ ရသောကြောင့် သူမနေထိုင်ရာ အိမ်ခြေများရှိ လူဦးရေ ၂၀၀ခန့်အား ဇူလိုင် ၂၂ရက်နေ့ညကစပြီး အပြင်ထွက်ခွင့်ကန့်သတ်ရန် ကျန်းမာရေးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

"ရန်ကုန်ဆေးရုံကြီးမှာ ဆေးရုံသွားတက်တော့ ရောဂါပိုးတွေ့တယ်လို့ပြောတယ်။ အဲ့ဒါနဲ့ ဆေးရုံကြီးက ဖြစ်တဲ့ဒေသကို သွားလာမှု ပိတ်ခိုင်းတာပေါ့။ ရာအိမ်မှူးတွေက စောင့်ပြီးတော့ ပိတ်ထားတယ်။ အပြင်မထွက်ခိုင်းဘူး" ဟု ဦးအောင်လှိုင်ဝင်းက ဇူလိုင် ၂၃ရက်တွင် ပြောသည်။

အပြင်ထွက်ခွင့် ကန့်သတ်ခံထားရသည့် ဒေသခံများမှာ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းနေသော အောက်ခြေဝန်ထမ်းများဖြစ်ခြင်းကြောင့် ၎င်းတို့အတွက် စားဝတ်နေရေးအခက်အခဲရှိနေသည်ဟု ဆိုသည်။

"အဓိကလိုအပ်ချက်ကတော့ စားဝတ်နေရေးပါ။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာကိုး။ ဒီနေ့မနက်ကတော့ ဘုန်းကြီးကျောင်းကကျွေးပါတယ်" ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးသို့ မဇ္ဈိမက ဆက်သွယ်ရာတွင် ဆက်သွယ်မှုမရရှိခဲ့ပေ။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်တစ်ဦးနှင့် ညွှန်ကြားရေးမှူးတစ်ဦးတို့အား မဇ္ဈိမက ဆက်သွယ်ခဲ့သေးရာ အဆိုပါကိစ္စအား ၎င်းတို့အနေဖြင့် သိရှိခြင်းမရှိသေးကြောင်း ပြောသည်။
Mizzima - News in Burmese