07/29/16


အမေရိကန်သံအမတ်ကြီး Scott Marcial နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။
အမေရိကန်သံအမတ်ကြီး Scott Marcial နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။

မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ မကြုံစဖူး လျှင်လျှင်မြန်မြန်ဖြစ်ခဲ့ပေ မယ့်လည်း၊ နှစ်ရှည်တွယ်နေတဲ့ ပြသနာရပ်တွေဖြေရှင်းနိုင်ဖို့ အခက်အခဲတွေ ရှိမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာဆီယယ်က ပြောပါတယ်။ ဒါပေမယ့် အစိုးရရော မြန်မာလူထုမှာပါ ဒီပြသနာတွေကို ရင်ဆိုင်ကျော်လွှားလိုတဲ့ စိတ်ဆန္ဒရှိနေတာတွေ့ရတယ်လို့ သံအမတ်ကြီးကပြောပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲအပေါ်အမြင်၊ ရခိုင်ပြည်နယ်ပြသနာနဲ့ အမေရိကန်သံရုံးဝင်းအတွင်း ပြီးခဲ့တဲ့ အပတ်တုန်းက ဖြစ်ခဲ့တဲ့မတော်တဆမှုတွေနဲ့ပတ်သက်ပြီး သံအမတ်ကြီး စကော့မာဆီယက်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ရိုဟင်ဂျာ ကိစ္စမေးချင်ပါတယ်။ ကျနော် သတိထားမိ သလောက် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံခဲ့တဲ့နောက် ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအ၀ိုင်းတွေ - အမေရိကန်သံရုံးလည်း ပါတာပေါ့ - ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို သုံးဖို့ သတိထား ရှောင်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုထဲမှာတော့ အမေရိကန်လွှတ်တော်အမတ်တွေက ဒီလို သူတို့ကိုယ်ပိုင်လူမျိုးအမည်သုံးဖို့ လက်မခံတာဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်နဲ့ အစိုးရအကြား မတူညီတဲ့ ချည်းကပ်ဖြစ်နေတာ ဘာကြောင့်ပါလဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ အဲလိုတော့ မထင်ပါဘူး။ အရင်ဆုံးပြောရရင် လွှတ်တော်ထဲ မတူကွဲပြားတဲ့ လွှတ်တော်အမတ်တွေ ရှိကြပါတယ်။ ဒါကြောင့် ဒါဟာ လွှတ်တော်ထဲက သဘောထားတခု အသံတခုလို့ ပြောရပါမယ်။ လွှတ်တော်ထဲ သဘောထားအမြင်တွေ အများအပြား ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တူညီတဲ့အခြေခံ သဘောထားကတော့ ဒီတိုင်းပြည်ကြီးကို အောင်မြင် ဖွံဖြိုးစေချင်တာပါ။ အစိုးရနဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ဖွံဖြိုးမှုနိမ့်ကျတာအပါအ၀င် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ဖက်က တတ်အားသရွေ့အကူအညီပေးဖို့ပါ။ ဒါက တကယ့်ကို အရေးကြီးပါတယ်။ အစိုးရနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အမြစ်တွယ်နေတဲ့ ပြသနာတွေ ကိုဖြေရှင်းသွားနိုင်ဖို့ ကျနော်တို့ အကူအညီပေးချင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဒီလာတုန်းကလည်း ဒီနာမည်ကိစ္စ အထိအရှ မခံတဲ့ ပြဿနာမှန်း ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြောခဲ့ ဆိုခဲ့တာရှိပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ အမြစ်တွယ်နေတဲ့ အခြေခံကျတဲ့ ပြဿနာတွေကို အာရုံထားဖို့ လုပ်နေပါတယ်။ အခု အစိုးရသစ်အနေနဲ့ ရခိုင်ကော်မတီသစ်နဲ့အတူ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်နေပါတယ်။ အခုဆိုရင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းတွေ လုပ်နေတာရှိပါတယ်။ ဒါမျိုးတွေကို ကျနော်တို့က အားပေး ကူညီလိုပါတယ်။

ကိုသားညွန့်ဦး ။ ။ အမေရိကန်ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အခြေအနေကို မေးချင်ပါတယ်။ အခုလာမယ့် နိုဝင်ဘာမှာ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှာပါ။ အဲဒီတော့ လာမယ့်၂၀၁၇ အစိုးရသစ် တက်လာတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာနိုင်စရာရှိပါသလား။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒီအချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ မှတ်ချက်ပေးပြောဆိုဖို့ ခက်ခဲပါသေးတယ်။ အခုချိန်မှာ ဒါက တကယ့်ကို နိုင်ငံရေးကိစ္စကြီးဖြစ်နေပြီးတော့ အခုမှ ပါတီညီလာခံတွေ လုပ်နေကြတာပါ။

သမ္မတကိုယ်စားလှယ်လောင်းတွေဖက်က ဘယ်လို သဘောထားရှိမယ် ဘာလုပ်မယ် ဆိုတာ ကျနော်အနေနဲ့ ပြောလို့မရပါဘူး။ ပြောလို့ရတာတခုကတော့ အာရှဒေသနဲ့ အပြည့်အ၀ ထိစပ် ဆက်ဆံသွားဖို့၊ မြန်မာနဲ့ ဆက်လက် ထိစပ်ဆက်ဆံဆောင်ရွက်သွားဖို့ဆိုတာဟာ အမေရိကန်ပြည်ထောင်စုက ပါတီကြီးနှစ်ရပ်စလုံးရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါကြောင့် သမ္မတသစ် တက်လာရင်တော့ ဒီမူဝါဒအတိုင်းပဲ ဆက်ရှိနေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

ကိုသားညွန့်ဦး။ ။ နောက်ဆုံး မေးခွန်းကတော့ သံအမတ်ကြီးရဲ့ အတွေ့အကြုံအပေါ် အမြင်ပါ။ သံအမတ်ကြီးအနေနဲ့ အာရှတိုင်းပြည်တွေ နဲ့ နှစ်ပေါင်းများစွာ ထိစပ်ဆက်ဆံခဲ့သူပါ။ အမေရိကန်ရဲ့ အာရှတိုင်းပြည်တွေနဲ့ ဆက်ဆံရေးမှာ တာဝန်ရှိသူဖြစ်ပါတယ်။ သံအမတ်ကြီး အရင် အတွေ့အကြုံတွေအရ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် ဘယ်လို သုံးသပ်မိပါလဲ။ မြန်မာနိုင်ငံဟာ သူ့ရဲ့အခက်အခဲတွေကို တကယ်ပဲ ကျော်လွှားနိုင်မယ် ထင်ပါလား။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒါ တကယ့်ကို အခြေခံကျ တဲ့ မေးခွန်းကြီးပါ။ မြန်မာနိုင်ငံကို ကျနော် ၂၀၀၅ ခုနှစ်က စရောက်ဖူးပါတယ်။ အခု အခြေအနေကို ပြန်ကြည့်ရင် မြန်မာလူထုတွေ ဘယ်လောက် အောင်မြင်မှုရ လိုက်သလဲဆိုတာကို တကယ့်ကို မှတ်မှတ်သားသားဖြစ်ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာတာ၊ လူ့အခွင့်အရေး ကို လေးစား လိုက်နာမှု တိုးလာတာ၊ တခါးပွင့်လာတာတွေဟာ ထူးခြားတဲ့ အောင်မြင်မှုတွေပါ။ ဒါပေမယ့် တဖက်မှာလည်း စိန်ခေါ်ချက်ကြီးကြီးမားမား ရှိနေတုန်းပဲ ဆိုတာ တွေ့ရတယ်။ စစ်အုပ်ချုပ်ရေးအောက်ရောက် ခဲ့ရတဲ့ နှစ်ငါးဆယ် ကာလအတွင်းမှာ မြန်မာပြည်က ဘာမှ ဖြစ်မလာခဲ့ဘူး။ ဒါကို မပြောချင်ပါဘူးလေ။ ဒါကြောင့် နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ပြဿနာတွေကို အခုအချိန်မှာ ကိုင်တွယ်ဖြေရှင်းရမှာပါ။ ဒါကို ကျော်လွှားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ လွယ်တော့ မလွယ်ဘူး။ အောင်မြင်မယ်ဆိုတာလည်း အာမခံချက်တော့ မရှိဘူး။ အစိုးရနဲ့ လူထုကတော့ အခြေအနေတွေကို ဖမ်းဆုပ်နိုင်ဖို့၊ ပြဿနာတွေ ကို ဖြေရှင်းဖို့ အားအင်အပြည့်နဲ့ လိုလိုလားလားရှိတာ တွေ့ရပါတယ်။ ဒါကို ကျနော် လေးစားမိတယ်။ ထပ်ပြောရရင် ပြဿနာတွေက လွယ်လွယ် နဲ့ ဖြေရှင်းလို့တော့ ရမှာမဟုတ်တော့ လူတွေက ဒါကို စိတ်ပျက်လက်ပျက်ဖြစ် သွားနိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေကတော့ အခွင့်အလမ်းတွေရှိပါတယ်။ လူတွေလည်း ဒါကို သိကြပါတယ်။

ကိုသားညွန့်ဦး။ ။ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးအပေါ်မှာရော ဘယ်လိုမြင်လဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ သေချာတာကတော့ဗျာ - သူတို့ဟာ အသွင်ကူးပြောင်းရေးချောချောမွေ့မွေ့ဖြစ်အောင် လုပ်နိုင်ကြသူတွေပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဘယ်လို တွေးတောစဉ်းစားနေလဲ အသေအချာတော့ ကျနော် မသိနိုင်ဘူးလေ။ ဒါပေမယ့် အခုလို ပူးပေါင်းဆောင်ရွက်နေကြတဲ့ အပေါ်မှာတော့ အခြားသူတွေလိုပဲ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ငြိမ်းချမ်းရေးလိုမျိုး ကိစ္စတွေမှာ အရပ်ဖက်အာဏာပိုင်တွေရော စစ်ဖက်အာဏာပိုင်တွေရာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။

ကိုသားညွန့်ဦး။ ။ နောက်ဆုံးမေးခွန်းတခုမေးခွင့်ပေးပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံရုံးဝန်းအတွင်းမှာ မတော်တဆမှုတခုဖြစ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံခြားရေးက သံရုံးကို စာပို့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘယ်လို ဖြေရှင်းချင်ပါလဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ကျနော်ထင်တယ် နိုင်ငံတကာမှာ ရှိတဲ့ အခြားသံရုံးတွေလိုပဲ၊ နိုင်ငံတကာမှာရှိတဲ့ အမေရိကန်သံရုံးတွေဟာ ကိုယ့်လုံခြုံရေး အတွက် ကိုယ်တိုင် တာဝန်ရှိပါတယ်။ အခုဒီမှာက မြန်မာ အစိုးရအပေါ်မှာ ကျနော်တို့အတော်လေး အားကိုးရပါတယ်။ အဲဒီအတွက်လည်း အစိုးရကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဒီအတွက် သံရုံးထဲမှာ ပုံမှန်လုပ်နေကြ လုံခြုံရေးလေ့ကျင်မှုလုပ်ပါတယ်။ အခုကိစ္စမှာတော့ ဒီလေ့ကျင့်မှုက သံရုံးလုံခြုံရေးဂိတ်ကိုကျော်ပြီး ပြင်ပကို သွား ဂယက်ရိုက်မိတယ်။ ဒါက ပတ်ဝန်းကျင်ကလူတွေကို အနှောက်အယှက်ဖြစ် သွားစေတယ်။ ဒီအတွက် ကျနော် တောင်းပန်ပါတယ်။ ဒါမျိုး နောက် မဖြစ်စေရပါဘူး။

ကိုသားညွန့်ဦး။ ။ သံအမတ်ကြီး အခုလို အချိန်ပေးပြောဆိုတာ ကျေးဇူး တင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာဆီယက်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
VOA Burmese News


အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ခွဲဝေအသုံးချနိုင်မယ့် အစိုးရရဲ့ စီးပွားရေးမူဝါဒကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပပြီး နိုင်ငံနဲ့ ပြည်သူ ဖွဲ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။

"ကျနော်တို့ အဓိက စီးပွားရေးမူဝါဒကိုဆွဲရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို ရည်ရွယ်တာပေါ့၊ ဒါကတော့ အမြဲတမ်းမှန်တဲ့ကိစ္စပါ၊ နိုင်ငံနဲ့ လူမျိုးရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချမှတ်ရေးဆွဲတဲ့မူဝါဒပေါ့"

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထော င်စု ဖြစ်လာစေရေးကို အထောက်အပံ့ ဖြစ်စေတဲ့ မူဝါဒအဖြစ် ကျင့်သုံးဖို့ ရည်မှန်းတယ်လို့လည်း ပါရှိပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့၊ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဖို့နဲ့ မျှတတဲ့ အခွန်စနစ် ထူထောင်ဖို့ စတဲ့ မူဝါဒပေါင်း ၁၂ ချက် ပါဝင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese



 အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ ကြီးမားတဲ့ အင်အားတွေ ရှိနေတယ်လို့ ဟီလာရီ ပြော။
အမေရိကန် နိုင်ငံမှာ ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် သမိုင်းဝင် အရွေးခံ လိုက်ရတဲ့ ဟီလာရီ ကလင်တန်က နိုဝင်ဘာမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲဟာ ချင့်ချိန် တွက်ချက်ရမယ့် အဆုံးအဖြတ် ကာလ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်တဲ့ ဒီမိုကရက်တစ် ပါတီ ညီလာခံ နောက်ဆုံးနေ့ ညမှာ ဟီလာရီ ကလင်တန်က ပါတီကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံရမှုကို လက်ခံစဉ် ခုလို ပြောလိုက်တာပါ။

အမေရိကန် အဓိက ပါတီကြီး တစ်ခုရဲ့ ကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့သူ ဟီလာရီ ကလင်တန်က အင်အားကြီးတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ် လို့လည်း ပြောပါတယ်။

ဟီလာရီက သူ့ရဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ကိုလည်း တိုက်ခိုက် ပြောဆိုခဲ့ရာမှာ ဒေါ်နယ် ထရမ့်ဟာ သမ္မတ ရာထူးကို လက်ခံနိုင်တဲ့ အရည်အချင်းရော အတွေ့အကြုံပါ ရှိသူ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

စိတ်ကို အနည်းငယ် အဆွခံရတာနဲ့ ဒေါ်သူပုန် ထတတ်တဲ့ ဒေါ်နယ် ထရမ့်လို လူမျိုးက စစ်ဦးစီးချုပ် တာဝန် ယူဖို့ ဖြစ်နိုင် ပါ့မလား လို့လည်း ဟီလာရီက မေးခွန်းထုတ် ထိုးနှက် ခဲ့ပါတယ်။

မစ္စတာ ထရမ့်ကလည်း ဒုက္ခသည်တွေ ထပ်လက်ခံဖို့ပဲ ပြောနေပြီး အစွန်းရောက် အစ္စလာမ် ဝါဒ အကြောင်းကို ပြောဖို့ ငြင်းဆန်တဲ့ ဟီလာရီရဲ့ လုပ်ရပ်ကလည်း အမေရိကန်ကို အုပ်ချုပ်ဖို့ မသင့်တော်တဲ့ နောက်ထပ် အကြောင်းတစ်ခု ဖြစ်တယ်လို့ တွစ်တာက တဆင့် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီ ကလင်တန် မိန့်ခွန်းပြော။ (ဇူလိုင် ၂၈၊ ၂၀၁၆)
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီးတခုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်းဖြစ်လာတဲ့ ဟီလာရီ ကလင်တန်က ပါတီညီလာခံ နောက်ဆုံးနေ့ ကြာသပတေးနေ့ညမှာ မိန့်ခွန်းပြောတဲ့အထဲ နိုင်ငံရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညွတ် ဖို့လိုတယ်ဆိုတာ အလေးထားပြောသွားပါတယ်။

ဒါဟာ မိမိတို့ပေါ်မှာပဲ လုံးဝ မူတည်နေကြောင်း၊ အားလုံး အတူတကွ အောင်မြင်နိုင်ဖို့ အားလုံး လက်တွဲလုပ်ဆောင်ကြမလား ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် ဟီလာရီ ကလင်တန်ဟာ ပြည်နယ်တခုချင်းစီအလိုက် ပါတီတွင်း အကြိုရွေးချယ်ပွဲတွေမှာ သူ့ရဲ့ အဓိက ပြိုင်ဘက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကို အနိုင်ရပြီး သမ္မလောင်းဖြစ်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ပါတီညီလာခံမှာ မစ္စတာ Sanders ကိုယ်တိုင်က မစ္စစ်ကလင်တန်ကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မစ္စတာ Sanders ကို ထောက်ခံသူတွေထဲမှာ မစ္စစ်ကလင်တန်ကို မဲမပေးဘူးလို့ပြော ထားသူတွေ ရှိနေတာကြောင့် နိုဝင်ဘာလရွေးကောက်ပွဲမှာ အဲဒီလူတွေကို ဆွဲဆောင်စည်းရုံးဖို့ကိစ္စဟာ မစ္စစ်ကလင်တန်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက တခု ဖြစ်ပါတယ်။ မစ္စတာ Sanders က လူငယ်တွေကို စည်းရုံးနိုင်ခဲ့တာ၊ စီးပွားရေးနဲ့ လူမှု တရားမျှတရေး ရှိလာဖို့ တွန်းအားပေးတာ တွေကိုလည်း မစ္စစ်ကလင်တန်က ချီးကျူး ပြောဆိုသွားပါတယ်။

နိုင်ငံမှာ လူလတ်တန်းစားတွေ အဆင်ပြေရင် တိုင်းပြည်လည်း တိုးတက်တာမို့ လစာကောင်းတဲ့ အလုပ်အကိုင်တွေ ပိုပြီးဖန်တီး ပေးမယ်လို့ မစ္စစ်ကလင်တန်က ကတိပေးသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



အော့ဇ်ဝစ်ဇ် သေမင်းတမန် အကျဉ်းစခန်းဟောင်းကို ပုပ်ရဟန်းမင်းကြီး သွားရောက်ကြည့်ရှု။ (ဇူလိုင် ၂၉၊ ၂၀၁၆)
ပိုလန်နိုင်ငံမှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ ဒီကနေ့ အော့ဇ်ဝစ်ဇ် သေမင်းတမန် အကျဉ်းစခန်းဟောင်းကို သွားရောက်ကြည့်ရှုပါတယ်။ အကျဉ်းစခန်းထဲက “အလုပ်လုပ်ရင် လွတ်မြောက်မယ်” လို့ အဓိပ္ပါယ်ရမယ့် Work Sets You Free ဆိုတဲ့စာသားကို ဂျာမန် ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်အောက်ကနေ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ပုပ်ရဟန်းမင်ကြီးက ခေါင်းငုံ့ပြီး ဆိတ်ငြိမ်စွာပဲ ဖြတ်လျှောက်ပါတယ်။

ဂျူးလူမျိုးအများစုဖြစ်တဲ့ လူပေါင်း ၁ သန်းလောက်ဟာ ဒုတိယ ကမ္ဘာစစ်ကာလအတွင်း နာဇီတွေရဲ့ လက်ချက်နဲ့ ဒီအကျဉ်းစခန်း မှာ သေဆုံးခဲ့ကြရတာပါ။ ဒီစခန်းကနေ အသက်မသေဘဲ လွတ်မြောက်ခဲ့သူ သက်ကြီးရွယ်အို တဦးချင်းစီနဲ့လည်း နောက်ပိုင်းမှာ ပုပ်ရဟန်းမင်းကြီးက တွေ့ဆုံပါတယ်။

အဲဒီနောက် အကျဉ်းသားတွေကို စီရင်တဲ့ သေမင်းတမန် နံရံမှာအဖြူရောင် ဖယောင်းတိုင်ကြီးကို ပုပ်ရဟန်းမင်းက ထွန်းညှိပါတယ်။ ပုပ်ရဟန်းမင်းရဲ့ ငါးရက်ကြာ ပိုလန်နိုင်ငံခရီးစဉ် သုံးရက်မြောက်နေ့မှာ ဒီ အော်ဇ်ဝစ်ဇ် အကျဉ်းစခန်းကို သွားတာပါ။

ကြာသပတေးနေ့တုန်းက Czestochowa မြို့က Black Madonna ဘုရားကျောင်းကို သွားရင်းနဲ့ ပုပ်ရဟန်းမင်းကြီး ချော်လဲ ခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ပိုလန်နိုင်ငံက နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သတင်းထောက်တွေ နဲ့ တွေ့ဆုံသလို သူ့ကိုတွေ့ဖို့ လာကြသူတွေကိုလည်း Krakow မြို့ ဘုန်းတော်ကြီးကျောင်း ပြူတင်းပေါက်ကနေ နှုတ်ဆက်ခဲ့ပါတယ်။ အခု ခရီးစဉ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ရဲ့ အရှေ့ဥရောပဒေသ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA “၀”အဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ်အထူးဒေသ(၂)မှ UWSA “၀”အဖွဲ့ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးဆောင်သောအဖွဲ့နှင့် ရှမ်းပြည်နယ်အထူးဒေသ(၄)မှ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့တို့အား ခင်မင်ရင်းနှီးစွာ တွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး UWSA “၀”အဖွဲ့မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် တာဝန်ရှိသူများ၊ NDAA(မိုင်းလား)အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တပ်မတော်အနေဖြင့် လမ်းခင်းလုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ်ဖြင့် ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကိုလုပ်ဖော်ကိုင်ဖက်များအဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲလုပ်ဆောင်ရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။


ယင်းနောက် NDAA (မိုင်းလား)အဖွဲ့မှ ဦးစိုင်းလင်းနှင့် UWSA “၀”အဖွဲ့မှ ကျောက်ကော်အမ်းတို့က သက်ဆိုင်ရာနယ်မြေအလိုက် ငြိမ်းချမ်းရေးနှင့် ­ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှုအခြေအနေများ၊ ဒေသအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

Senior General Min Aung Hlaing
https://www.facebook.com/seniorgeneralminaunghlaing/


နေပြည်တော် ဇူလိုင် ၂၉

ဇူလိုင် ၂၈ ရက်နေ့ ၂၀ ၄၅ နာရီအချိန် နယ်မြေခံတပ်၊ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်၊ မိုင်းဆတ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းပါဝင်သောအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ လွိုင်ဆမ်ဆုံ တောင်ထိပ်၊ ရှေ့တန်းတပ်စခန်းအနီး တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းပေါ်တွင် သတင်းအရ တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 9K/9999 ဖေါ်ကျူးနား မော်တော်ယာဉ်သည် ဖြတ်တောက် ပိတ်ဆို့ရေးအဖွဲ့မှ တားဆီးပိတ်ဆို့ထားသည့် ကြားက အတင်း ကျော်ဖြတ် မောင်းနှင်ပြီး စစ်ဆေးရေးအဖွဲ့အနီးပေ ၁၀၀ ခန့်အကွာသို့အရောက် ၎င်းယာဉ်ကို ရှေ့ဆက် မသွားနိုင်ရန်အတွက် လမ်း၌ ပိတ်ဆို့ထားသည့် ယာဉ်အား တိုက်ခိုက်ရန်ပြုပြီး အတင်းမောင်းနှင် ထွက်ပြေးရန် ကြိုးစားသဖြင့် ပိတ်ဆို့ရေးအဖွဲ့မှ မော်တော်ယာဉ်အား ပစ်ခတ် ဖမ်းဆီးခဲ့ရပါသည်။

၎င်းနောက် အဆိုပါ မော်တော်ယာဉ်မှာ အရှိန်ပြင်းသဖြင့် လမ်း၏ ယာဘက်ဘေး (၁၅)ပေခန့် အကွာ ချောက်ကမ်းပါးသို့ ထိုးကျတိမ်းမှောက် သွားခဲ့၍ မော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်း ဖြစ်သူ၏ ယာဘက်ရင်အုံတွင် ဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိရသည့်အပြင် ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်းပြား(ယင်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂,၅၀၀)၊ ကျဖ အမည်ပါ ၁၃/မခန (နိုင်) ၀၁၄၃၆၅ နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ခု နှင့် ကျဖ အမည်ပါ E 1011725 နံပါတ်ပါ ယာဉ်မောင်းလိုင်စင် ကဒ်ပြားတစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရရှိထားသူ ယာဉ်မောင်း ကျဖ (ခ)ကျာဖ အား ၂၁၀၀ အချိန် အခင်းဖြစ်နေရာမှ မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဂျူးလု ကျေးရွာ အရောက် ၂၁၃၅ အချိန် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia



ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးက သာယာကုန်းကမ်းပါးမှာ ၂၀၁၃ ခုနှစ်အတွင်းက ကျောက်စိမ်း တူးဖော်နေမှုကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ ကျောက်မျက်တူးဖေါ်ရေး လုပ်ကိုင်ခွင့်လိုင်စင်တွေကို လောလောဆယ် သက်တမ်း တိုးမပေးတော့ဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာခဲ့တဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ လိုအပ်တာတွေ ထပ်မံဆောင်ရွက်ဖို့လည်း တိုက်တွန်းကြပါတယ်။

ဒီနှစ်အတွင်း အတည်ပြုခဲ့တဲ့ ကျောက်မျက်ဥပဒေအတွက် နည်းဥပဒေ ထွက်မလာသေးတာကြောင့် ကျောက်စိမ်း နဲ့ ကျောက်မျက်တူးဖေါ်ရေး လုပ်ကိုင်ခွင့်လိုင်စင်တွေ အသစ်ချမပေးဘဲ၊ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုလည်း သက်တမ်းထပ် မတိုးသေးဘူးလို့ သိရပါတယ်။

ဒါကြောင့် ကျောက်မျက်တူးဖေါ်တဲ့ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မူးယစ်ဆေးဝါးပြဿနာတွေ၊ လူသေဆုံးမှုတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ ဗြိတန်အခြေစိုက် Global Witness အဖွဲ့၊ အမေရိကန် အခြေစိုက် NRGI ခေါ် သဘာဝသယံဇာတ ထိန်းသိမ်းရးအဖွဲ့စတဲ့ အဖွဲ့တွေက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ကွက်ပေါင်း ၂၇ဝဝ ကျော်ရှိပြီး၊ ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်မှာ ကျောက်ကုမ္ပဏီပေါင်း ၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု အားနည်းလွန်းတဲ့အတွက် အာဏာပိုင်တွေနဲ့ပေါင်းပြီး တရားမဝင် ခိုးတူးနေတာတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

အခု အစိုးရက ကျောက်မျက်လိုင်စင်သက်တမ်း မတိုးပေးတော့ဘူးဆိုပေမယ့် လက်ရှိ သက်တမ်းမကုန်သေးသူတွေ ဆက်လက်လုပ်ခွင့်ရှိနေပြီး၊ တချို့ကုမ္ပဏီတွေဆိုရင် ၂ဝ၂၁ ခုနှစ်အထိ သက်တမ်းရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းက ရရှိတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ဝန်းကျင် ရှိမယ်လို့ခန့်မှန်းကြတာကြောင့် တိုင်းပြည်ရဲ့ထွက်ကုန်တန်ဖိုး စုစုပေါင်းရဲ့ထက်ဝက်နီးပါး ရှိပါတယ်။ ဒါပေမဲ့ ကျောက်မျက်လုပ်ငန်း အထူးသဖြင့် ကျောက်စိမ်းတူးဖေါ်ရေးကို စစ်တပ်အရာရှိကြီးတွေနဲ့ မူးယစ်ရာဇာ ကြီးတွေက နောက်ကွယ်က ကြိုးကိုင်နေကြတာဖြစ်ပြီး၊ ဝင်ငွေအမြောက်အများရရှိနေကြတယ်လို့ Global Witness အဖွဲ့ရဲ့ ၂ဝ၁၅ ခှုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းမှာ ဆောင်ရွက်ပုံတွေ စနစ်မကျတဲ့အပြင်၊ စည်းမျဉ်းဥပဒေတွေ အားနည်းတာကြောင့် မြေစာပုံပြိုကျလို့ လူအများအပြားသေဆုံးရတာ၊ မူးယစ်ဆေးဝါး ကြောက်ခမန်းလိလိ ပေါ များပြီး၊ သုံးစွဲသူတွေများပြားနေတာနဲ့ တခြားလူမှုရေးပြဿနာတွေ၊ ရာဇဝတ်မှုတွေ ပေါ်ပေါက်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) 
နိုင်ငံတော် ​အတိုင်ပင်ခံ ​ပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က ​စက်တင်ဘာလအတွင်း ​အမေရိကန်နိုင်ငံကို ​သွားရောက်လည်ပတ်ဖို့ ​ရှိတယ်လို့ ​အေပီ ​သတင်းမှာ ​ရေးသားထားကြောင်း ​အမေရိကန် ​သတင်းစာတွေမှာ ​ဖော်ပြထားပါတယ်။

အမေရိကန် ​အစိုးရရဲ့ ​လုံခြုံရေး ​အကြံပေး ​ပုဂ္ဂိုလ် ​Ben ​Rohodes ​က ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​အရင်သတင်းပတ်တွေတုန်းက ​တွေ့ဆုံတုန်း ​သမ္မတ ​ဘာရက် ​အိုဘားမား ​ကိုယ်စား ​အမေရိကန်ကို ​လာဖို့ ​ဖိတ်ကြားတုန်း ​ဒေါ်အောင်ဆန်းစုကြည်က ​လက်ခံခဲ့တာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​နှစ်နိုင်ငံ ​​ခေါင်းဆောင်တွေအတွက် ​​သင့်တော်အားလပ်မယ့် ​​အချိန်မှာ ​​အလည်သွားဖို့ ​​ရှိတယ်လို့ ​​မြန်မာနိုင်ငံခြားရေး ​​ဝန်ကြီးဌာနက ​​ပြောဆိုခဲ့ပေမယ့် ​ဘယ်အချိန်လည်း ​ဆိုတာ ​ပြောဆိုခြင်း ​မရှိခဲ့ပါဘူး။

စက်တင်ဘာလကျရင် ​နယူးယောက်မြို့မှာ ​​ကုလသမဂ္ဂ ​​အထွေထွေ ​​ညီလာခံ ​ရှိတဲ့အတွက် ​အဲဒီညီလာခံနဲ့ ​​ချိန်ကိုက်ပြီး ​​သွားနိုင်တယ်လို့ ​​ထင်မြင်ချက်တွေ ​ရှိခဲ့ပါတယ်။

အခုအခါမှာ ​စက်တင်ဘာလမှာ ​သွားမယ်ဆိုတာကို ​ဖော်ပြနေကြပေမယ့် ​ကုလသမဂ္ဂ ​ညီလာခံ ​တက်ရောက်မလား ​တခြား ​အချိန်မှာ ​သွားမှာလား ​ဆိုတာကိုတော့ ​မသိရသေးပါဘူး။

ကုလသမဂ္ဂ ​​အထွေထွေ ​​ညီလာခံကို ​​နယူးယောက်မြို့မှာ ​​စက်တင်ဘာလ ​​၁၃ ​​ရက်ကနေ ​​၂၆ ​​ရက်နေ့အထိ ​​ကျင်းပဖို့ ​​ရှိပြီး ​​အဲဒီအတောအတွင်း ​​ဒေါ်အောင်ဆန်းစုကြည် ​​သွားရောက်မလားဆိုတာကိုတော့ ​​စောင့်ကြည့်ရမှာ ​​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



သွေးအိတ်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ဝါရှင်တန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ နယ်မြေ နှစ်ခုတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ စုံစမ်း တွေ့ရှိရသည့် အတွက် ထိုနယ်မြေများ၌ သွေးလှူဒါန်းခြင်းများ ရပ်တန့်ထားကြရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဋ္ဌာန (FDA) က ဇူလိုင်လ ၂၈ ရက်တွင် မေတ္တာရပ်ခံခဲ့သည်။

ထိုသို့ ရပ်တန့်ထားရခြင်းသည် သွေးနှင့် သွေးထုတ်ကုန်များ ဘေးကင်း စိတ်ချရေးအတွက် ချင့်ချိန် ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ဖလော်ရီဒါ ပြည်နယ်ရှိ Miami-Dade နယ်မြေနှင့် Broward နယ်မြေများရှိ သွေးစင်တာများ အားလုံးတွင် သွေးများအား ရောဂါပိုး ရှိမရှိ စမ်းသပ်ပြီးကြောင်း သို့မဟုတ် ရောဂါပိုး ကင်းစင်ကြောင်း နည်းပညာ ပိုင်းအရ ခွင့်ပြုချက် မရမီအချိန်အထိ အရေးပေါ် သွေးစုဆောင်းခြင်းအား ရပ်တန့်ထားမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အကယ်၍ သွေးလိုအပ်လာပါက အနီးဝန်းကျင်ရှိ နယ်မြေများမှ ဖြစ်နိုင်သမျှ မြန်မြန် သန့်ရှင်းသည့် သွေးအား ကူညီပံ့ပိုးပေးနိုင်ရန် ကြိုတင် ကာကွယ်ထားကြောင်း ကြေညာချက်၌ ဖြည့်စွက် ဖော်ပြထားသည်။

ဇီကာဗိုင်းရပ်စ်နှင့် ဆက်စပ်နေသည်ကို Miami-Dade နယ်မြေတွင် နှစ်ဦး၊ Broward နယ်မြေတွင် နှစ်ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အား စစ်ဆေး စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ဖလော်ရီဒါ ပြည်နယ် ကျန်းမာရေးဋ္ဌာနက ဇူလိုင်လ ၂၈ ရက်က ပြောသည်။

ဇီကာ ဗိုင်းရပ်စ်သည် ကနဦး ခြင်ကိုက်ရာမှတဆင့် လူသို့ ကူးစက်နိုင်သလို လိင်ဆက်ဆံမှုမှ တဆင့်လည်း ကူးစက် ပျံ့နှံ့နိုင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံမှု ၁,၄၀၀ ခုရှိခဲ့ကြောင်း၊ အများစုသည် ခရီးသွားလာခြင်း ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း၊ ပြည်ပတွင် နေခဲ့စဉ် လိင်ဆက်ဆံခဲ့ခြင်းမှ တဆင့် ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

(Xinhua)
http://www.xinhuamyanmar.com

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝနဲ့ မိုင်းလား အထူးဒေသက တိုင်းရင်းသားတွေ တွေ့ဆုံအပြီး အမှတ်တရ ဓါတ်ပုံရိုက်စဉ်
(နိုင်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝနဲ့ မိုင်းလားအဖွဲ့က ခေါင်းဆောင်တွေ ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်) Photo: Win Ko Ko Latt/RFA
၂၁ ရာစု ပင်လုံညီလာခံကို ဝ နဲ့ မိုင်းလားအဖွဲ့တွေ နှစ်ဖွဲ့စလုံး တက်ရောက်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောလိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ဝနဲ့ မိုင်းလားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို ယုံကြည်ကြောင်း ပြောပါတယ်။ ဒါ့အပြင် စေ့စပ်ညှိုနှိုင်းရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်မှာကို လက်ခံကြကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ဟာ ၂၁ ရာစုပ င်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆက်လက်ပြီး အေသးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ ၂ ဖွဲ့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာလည်း ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နေပြည်တော် ဇူလိုင် ၂၉။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောင်ရွက်ဖို့လျာထားခဲ့တဲ့ ၂၃၀ကေဗီ မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်း နှင့်ဓာတ်အားခွဲရုံ စီမံကိန်းကို တရုတ်နိုင်ငံ EXIM BANK ချေးငွေ နဲ့ဆက်လက်ဆောင်ရွက်ဖို့မသင့်ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက"အဲ့သည်ချေးငွေကိုပယ်ဖျက်ပြီးတော့ အတိုးနှုန်းပိုမိုသက်သာပြီး ပစ္စည်းများဝယ်ယူမှာ ကန့်သတ်ချက်မရှိတဲ(World Bank)နဲ့ အာရှဖွံဖြိုးရေးဘဏ်(Asian Development Bank-ADB)ကဲ့သို့သော ချေးငွေများနဲ့ သာ ဆောင်ရွက်ရန်သင့်လျော်ကြောင်းတွေ့ ရပါတယ်။"လို့ သည်နေ့(ဇူလိုင် ၂၉ရက်)မှာကျင်းပတဲ အမျိုးသားလွှတ်တော် အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ EXIM Bank ရဲ့ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရအချိန်ကြန့်ကြာခြင်း၊အတိုးနှုန်းများခြင်းနဲ့ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုပဲ ဦးစားပေးဝယ်ရတာတွေ ကြောင့် ဆက်လက်မဆောင်ရွက်သင့်တာဖြစ်တယ်လို့ လည်းလွှတ်တော်တွင်းရှင်းပြခဲ့ပါတယ်။

တရုတ်နိုင်ငံ EXIM Bank ချေးငွေ နဲ့ ဆောင်ရွက်မယ်ဆိုရင် အဲ့သည်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၈၀.၀၁၇)သန်းကုန်ကျမှာဖြစ်ပြီးအတိုးနှုန်းက ၂ရာခိုင်နှူန်းဖြစ်ပါတယ်။စီမံကိန်းအတွက် ဌာန က တွက်ချက်ထားတဲ့ ခန့်မှန်းကုန်စရိတ်က အတော့ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၀၃.၄)သန်းခန့်ဖြစ်တယ်လို့ လည်း ဦးဖေဇင်ထွန်းကပြောပါတယ်။

မွန်ပြည်နယ် မဲ ဆန္ဒနယ် အမှတ်(၈)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းရဲ့၂၀၁၆-၂၀၁၇ဘဏ္ဌာရေးနှစ်အတွက် မွန်ပြည်နယ်ရေးမြို့နယ် သို့ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောငိရွက်နိုင်ခြင်းရှိမရှိမေးခွန်းနဲ့ပတ်သက်ပြီးဝန်ကြီးကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

Author ဖေသက်ထက်ခင်
Kumudra
https://www.facebook.com/newsKumudra


နိရဉ္စရာ၊ ဇူလှိုင် ၂၉

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ဇူလှိုင် ၂၈ ရက် တစ်နေ့တည်း အတွင်း ဆရာမတစ်ဦးနှင့် ကျောင်သားမိခင်တစ်ဦးထံမှ ရွှေဆွဲကြိုးများကို ဆိုင်ကယ်စီး အုပ်စုနှစ်ခုမှ လုယက် ယူဆောင်သွားကြောင်း သတင်း ရရှိသည်။

ပထမ ဖြစ်စဉ်မှာ ဇူလှိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မခက်ရွှေဇင် (၂၇) နှစ်သည် သားဖြစ်သူ မောင်မြတ်မင်းအောင်အား စက်ဘီးဖြင့် ကျောင်းသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး ပြန်လာရာ ရွှေပြည်သာ စက်မှုဇုန် (၁) Top One စက်ရုံ အကွေ့သို့ အရောက်တွင် သူမ၏ နောက်မှ ဆိုင်ကယ် အနက်ရောင်ဖြင့် လူငယ်နှစ်ဦး လိုက်ပါလာပြီး နောက်မှ စက်ဘီးကို ၀င်တိုက်သဖြင့် လဲကျသွားခဲ့စဉ် ဆိုင်ကယ်စီးနှင်းလာသူ လူငယ်နှစ်ဦးမှ သူမ၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် (၁) ကျပ်သားခန့် သံကွင်းဆက် ဆွဲကြိုး၊ ဆွဲသီးပါ (ရွှေအိုးပုံစံ)၊ ကာလတန်ဖိုး (၉) သိန်းကျပ်ခန့်အား အတင်းလုယူ ထွက်ပြေးသွားကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်းလူငယ်နှစ်ဦးအား လူကိုမြင်လျင် မှတ်မိကြောင်း ၎င်းအမျိုးသမီးက ပြောကြားပြီး အရေးယူပေးပါရန် ရွှေပြည်သာမြို့မ ရဲစခန်းသို့ တိုင်ကြားသဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

အလားတူ ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က မူလတန်းပြ ဆရာမ မခင်မေကြည် (၂၅) နှစ်သည် အမက (၁၂) ရွှေပြည်သာကျောင်းသို့ စာသင်ကြားရန် လိုင်းကားစီးပြီး အမှတ် (၁) ရပ်ကွက် မိချောင်းအိုင် ရွာသစ် ပေပါကွေ့ ကားမှတ်တိုင်သို့ အရောက်တွင် ကားပေါ်မှ ဆင်းပြီး ရွှေဘိုပတ်လမ်းအတိုင်း လမ်းလျှောက် သွားစဉ် ထရန့်စဖော်မာပုံး အနီးအရောက်တွင် အမည်မသိသူ လူသုံးဦးမှ ဆိုင်ကယ်နှင့် စီးနှင်းလာပြီး သူမ၏ အနီးအရောက်တွင် နောက်မှ ထိုင်လျက်ပါလာသူမှ မခင်မေကြည်၏ ဆွဲကြိုးအား လုယူ ထွက်ပြေးသွားခဲ့ရာ အော်ဟစ် အကူအညီ တောင်းခံခဲ့သော်လည်း ဆိုင်ကယ်နှင့် မောင်းနှင် ထွက်ပြေးသွားခဲ့ဟု သိရသည်။

ဆရာမ မခင်မေကြည်ထံမှ လုယက် ခံခဲ့ရသော ရွှေကြိုး အလေးချိန်မှာ (၅) မူးသားခန့် အမ်းစီ ကြိုး အပြား ပုံစံ ဖြစ်ပြီး ကာလ တန်ဖိုးမှာ ကျပ် (၄) သိန်း ခန့်ရှိကြောင်း သိရှိရပြီး အရေးယူပေးပါရန် ရွှေပြည်သာ ရဲစခန်းသို့ တိုင်ကြားထားကြောင်း ၎င်းရဲအရာရှိက အတည်ပြု ပြောကြားသည်။

မခက်ရွှေဇင်မှာ ကရင်-ဗုဒ္ဓ ဖြစ်ပြီး Top One စက်ရုံဝင်းအတွင်းနေထိုင်ကာ မူလတန်းပြ ဆရာမ မခင်မေကြည် ဗမာ-ဗုဒ္ဓ ဖြစ်ပြီး ရွှေပြည်သာ (၁၉) ရပ်ကွက် နေထိုင်ကြောင်း သိရသည်။

ရွှေပြည်သာ မြို့မ ရဲစခန်းတွင် မခက်ရွှေဇင်ထံမှ ရွှေကြိုး လုယူသူ လူငယ် နှစ်ဦးအား ရွှေပြည်သာ မြို့မ ရဲစန်းမှ အမှုအမှတ် ပ/၇၅၄/၁၆ နှင့် အမှုဖွင့်ထားပြီး ဆရာမ မခင်မေကြည်ထံမှ ရွှေကြိုး လုယက်သူ သုံးဦးအား ပ/၇၅၅/ ၁၆ ဖြင့် အမှုဖွင့်ထားကြောင်း၊ လုယက်သူများကို ဥပဒေပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် တရားစွဲထားပြီး ရဲအုပ် ဇော်ဝင်းအောင်မှ ၎င်းလုယက်မှု ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရွှေပြည်သာ မြို့မ ရဲစခန်းမှ တဆင့် သိရသည်။

စောမင်းဦး (ရွှေပြည်သာ)
Narinjara
https://www.facebook.com/Narinjaras


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ခြေ ၅၆၀ ကျော်မှ လူဦးရေ ၁၆၀၀ ကျော်သည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ်တမ်းများမှ သိရှိရသည်။

မော်လိုက်မြို့နယ်အတွင်း အိမ်ခြေပေါင်း ၅၆၉ အိမ် မြစ်ရေဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၅၆၆ အိမ်မှ လူဦးရေ ၁၆၂၇ ဦးသည် နီးစပ်ရာဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံ၊ စာသင်ကျောင်းများ၊ အားကစားခန်းမ၊ ရဲဝန်တိုက်၊ ဇရပ်စသည့် နေရာတို့တွင် အသီးသီး ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

“အနိမ့်ပိုင်းတွေ တော်တော်များများ နစ်တယ်။ အနိမ့်ပိုင်းတွေက လွန်ခဲ့တဲ့တစ်လကျော်လောက် ကတည်းက ရွှေ့ပြောင်းနေရတယ်။ ဆီ၊ ဆန်၊ စားစရာလေးတွေ လာဝေပေးတာတော့ ရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေက သိပ်မရဘူး။ ဌာနဆိုင်ရာတွေကတော့ သန့်ရှင်းရေးလုပ်တာတွေတော့ ရှိပါတယ်။ လက်လုပ်လက်စားသမားတွေမှာ စားဝတ်နေရေး ခက်ခဲနေတယ်။ လှူတဲ့သူက ရှားပါးတယ်။ အဓိကက ဆန်ပဲလိုနေတယ်" ဟု မော်လိုက်မြို့ဒေသခံ ကိုစည်သူက ပြောသည်။

ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့ပေါ်ရှိ ရပ်ကွက်များအပြင် တိန်းသာ၊ တွန်းပင်၊ လောင်းကောင်း၊ ညောင်ဝန်း ၊ ညောင်သပြေ၊ မော်လိုက်၊ ကလေး၊ ရေခါတွန်၊ တပ်ကုန်း၊ ပန်းသာ၊ ကြာအင်း၊ မှော်ကူး၊ ခါဝဲ၊ သဝန်၊ မှုံကြီး၊ ယူးဝ နှင့် ပရောက်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သည်။

ဇူလိုင်လ ၂၈ ရက်တွင် မော်လိုက်ခရိုင်စီမံခန်ခွဲ့မှု ကော်မတီမှ ဦးဆောင်၍ ကယ်ဆယ်ရေးစခန်းများသို့ ဆန်နှင့် စားစရာများ သွားရောက် ဝေငှပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့က ခန္တီးနဲ့ ဟုမ္မလင်းမှာ မိုးရွာသွန်းမှုအခြေနေက အနည်းငယ်ပဲရှိပါတယ်။ ဟုမ္မလင်းနဲ့ ဖောင်းပြင်က နောက်နေ့မှာ မြစ်ရေကျနိုင်ပါတယ်။ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့ကတော့ နောက်ရက်တွေမှာ မြစ်ရေ ဆက်တက်နိုင်တယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းခိုင်က ပြောသည်။

ချင်းတွင်းမြစ်ရေ၏ ဇူလိုင်လ ၂၈ ရက်၊ ညနေပိုင်းအချိန် တိုင်းတာချက်အရ ခန္တီးမြို့တွင် ၁၄၅၇ စင်တီမီတာ၊ ဟုမ္မလင်းမြို့တွင် ၃၀၂၄ စင်တီမီတာ၊ ဖောင်းပြင်မြို့တွင် ၁၄၅၁ စင်တီမီတာ၊ မော်လိုက်မြို့တွင်
၁၄၃၉ စင်တီမီတာ၊ ကလေးဝမြို့တွင် ၁၆၈၄ စင်တီမီတာ၊ မင်းကင်းမြို့တွင် ၁၄၅၉ စင်တီမီတာ၊ ကနီမြို့တွင် ၁၂၅၁ စင်တီမီတာနှင့် မုံရွာမြို့တွင် ၁၀၂၉ စင်တီမီတာရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies


နိရဉ္စရာ၊ ဇူလိုင်လ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင်တွင် ယာဉ်မောင်းသူ၏ မဆင်မခြင် မောင်းနှင်မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရခိုင်တိုင်းရင်းသူ မလှတင်နု အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲဌာနမှ တစ်စုံတစ်ရာ အရေးယူမှု မရှိသလို ကားပိုင်ရှင်မှလည်း တစ်စုံတစ်ရာ ဖြေရှင်းခြင်း၊ လျော်ကြေးပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။


ဇူလှိုင်လ ၂၆ ရက် နံနက်က မလှဦး၊ မသန်းယဉ်နှင့် မလှတင်နု တို့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ EMC စက်ရုံမှအလုပ်လျှောက်ပြီး (၁၃၀) ယာဉ်လိုင်း ဒိုင်နာကားနံပတ် ( Q-8340)စီးကာ ပြန်လာခဲ့ကြကြောင်း၊ ပတ္တမြားမြို့သစ်ရှိ၊ ပတ္တမြားမှတ်တိုင် အရောက်တွင် ကားပေါ်မှဆင်းကြရာ မလှဦးနှင့် မသန်းယဉ်တို့ နှစ်ဦးက ကားပေါ်မှ ဆင်းပြီးနောက် မလှတင်နု အဆင်းတွင် ကားမှာ ရုတ်တရတ် မောင်းထွက်သွားသောကြောင့် မလှတင်နုမှာ ကားပေါ်မှ ပြုတ်ကျပြီး နောက်စေ့ပွင့်ကာ အခင်း ဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အတူပါလာသူ မိန်းကလေးနှစ်ဦးဖြစ်ကြသည့် မလှဦးနှင့် မသန်းယဉ်တို့က အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြောသည်။


သေဆုံးသွားသူ မလှတင်နုမှာ (၂၀)နှစ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုပ္ပီထောင့်ကျေးရွာနေ (ဘ)ဦးဘထွန်း၊ (မိ) ဒေါ်မဒုန်တို့ ၏ သမီးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် တပ်ရင်း(၉)အနီးရှိ Tiger beer စက်ရုံနားတွင် ပြည်သူများက သော့ဖြုတ် ကားကို ထိုးရပ်ထားသော်လည်း ကားပိုင်ရှင်ဖြစ်သူ ဦးသန်းမြင့်မှ အမှု မပေါ်ပေါက်စေရန် ဖုံးဖိသည့်အနေဖြင့် ထိုကားကို ဝါယာရှော့တိုက် ကာမောင်းယူထွက်ပြေးသွားကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာရဲက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ အင်းစိန်မြို့မ ရဲစခန်း အမှတ်(၁)တွင် ယာဉ်အက် ဥပဒေ(ပ)၅၆ ပုဒ်မ ၃၀၄ က/၂၀၂ အရအမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ရဲအုပ်ကိုဇော်ဇော်ထက် က ပြောဆိုသည်။

သေဆုံးသူ မလှတင်နု ဖခင် ဦးဘထွန်းအား ဆက်သွယ် မေးမြန်းရာ သူက " ဒီသမီးလေး လုပ်တာကိုပဲ မိဘတွေ အားကိုးနေကြရတာပါ။ သမီးလေးဆုံးသွားပြီဆိုတော့ သူများကိုလည်း ဒုက္ခမရောက်စေချင်ပါ။ အသက်တစ်ချောင်းအတွက် ပြေပြေလည်လည်ဖြစ်အောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြစေချင်ပါတယ်။ ဒါပေမယ့် ကားပိုင်ရှင်ဖက်က လာရောက် ညှိနှိုင်းမှု မရှိတာကိုတော့ အထူး စိတ်မကောင်ပါဘူး။ အမှန်အတိုင်း ဖြစ်အောင် ဝိုင်းဝန်း ကူညီးပေးကြပါလို့ ပြောချင်ပါတယ်" ဟု နိရဉ္စရာ သတင်းဌာနသို့ ဆိုသည်။

အမှုအတွက် ကူညီ ဆောင်ရွက်ပေးနေသည့် ဦးဇင်း ဦးသုဝဏ္ဏ က " ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်ကြဖို့ ပိုင်ရှင်က ပြောပေမယ့် ချိန်ထားတဲ့နေရာကိုသွားတော့ မရောက်လာခဲ့ပါဘူး။ ဒါဟာ အရေးမထား ဂရုမစိုက်ရာ ရောက်သလို တရားဥပဒေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ခုတော့ တရားဥပဒေအတိုင်း ထိထိ ရောက်ရောက် ဖြစ်စေချင်ပါတယ်။ ဒီလိုမျိုး ထိထိ ရောက်ရောက် မဆောင်ရွက်ခဲ့ဘူးဆိုရင်တော့ နောက်ထပ် ဖြစ်လာရင်လည်း အရေးယူဆောင်ရွက်ပေးကြမှာ မဟုတ်ပါဘူး။ မိန်းကလေးက တိုင်းရင်းသူ ဖြစ်တယ်။ ဆွေမျိုးမရှိ၊ တစ်ကောင်ကြွက်ထင်ပြီး ခုလို သေမှုသေးခင်း ဖြစ်တာကိုတောင် အရေးလုပ်စရာမလိုဘူး ဆိုတဲ့သဘောမျိုး လုပ်ကိုင်နေကြတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒီအမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်း ဖြေရှင်း ပေးကြစေလိုပါတယ်" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ အမှုအား ပပျောက်အောင် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး အမှု လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသား သာရေး၊ နာရေးအသင်း သင်္ဃန်းကျွန်းကြီး (မင်္ဂလာဒုံမြို့နယ်)မှ ကိုစိန်လှိုင်က ယခု အမှုကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်အား ဖုန်းဆက် အကြောင်းကြားထားကြောင်း နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

" ဒီလ ၂၇ ရက်နေ့ကတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်းကြီး ဦးဇော်အေးမောင်ကို ဖုန်းဆက် အသိပေး လိုက်ပါတယ်။ သူကတော့ ဒီကိစ္စကို သိပြီးပြီ ဖြစ်လို့ ရန်ကုန်တိုင်း ရဲချုပ်ကို ဖုန်းဆက် အသိ ပေးပြောထားတယ်လို့ ဆိုပါတယ်။ လိုအပ်လာရင်လည်း နောက်ထပ်အသိပေးအကြောင်းကြားပေးပါ။ လိုအပ်တာတွေကို ကူညီ ဆောင်ရွက် ပေးပါမယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။

ကိုစိန်လှိုင်တို့မှ အခင်း ဖြစ်ပွားသည့်နေ့က ကားပိုင်ရှင် အင်းစိန်ရဲစခန်းသို့ ရောက်နေသည်ဟု ကြားသိ ရသဖြင့် ရဲစခန်းသို့ လိုက်ရာသွားရာ ကားပိုင်ရှင်မှာ တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိဘဲ အပြင်သို့ ရောက်သွားပြီ ဖြစ်ကြောင်း၊ ၎င်းပြင် ရဲက အပြင်တွင် ပြေပြေလည်လည် ဖြေရှင်းလို့ ရသည်ဟု ပြောကြောင်း၊ ရဲက ပြေပြေလည်လည် ဖြေရှင်း၍ ရသည်ဟု ဆိုသော်လည်း ယနေ့ အချိန်ထိ ကားပိုင်ရှင်မှာ တွေ့ဆုံရန် ချိန်းဆိုသော်လည်း ရှောင်နေကြောင်း၊ အမှတ် (၁၃၀) ယာဉ်လိုင်းဂိတ်မှူး ဦးကိုကိုကြည်မှ သူတာဝန်ယူ ဖြေရှင်းပေးမည်ဟု ပြောသော်လည်း ယနေ့ထိ အဆက်အသွယ် ပြန်မလုပ်သေးကြောင်း ကိုစိန်လှိုင်က ဆက်ဆိုသည်။

"ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ယာဉ်စည်းကမ်းတွေကို တိတိကျကျ ဆောင်ရွက်ပေးမယ် ပြောတာကိုတော့ ကြားသိရပါတယ် ။ ဒါပမယ့် ခုလိုဖြစ်နေတာတွေကို စောစောစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှ လိုင်းကားစီးပြည်သူတွေ အန္တရာယ်ကင်း အဆင်ပြေလာမှာပါ " ဟု ရခိုင်အမျိုးသား ရှေ့နေတစ်ဦးကလည်း ပြောကြားသည်။

မလှတင်နု အလောင်းအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံးအအေးခန်းတွင် ထားရှိခဲ့ပြီး ဖခင်ဖြစ်သူ ဦးဘထွန်း ရခိုင်မှ ရောက်သည့်အထိ စောင့်ဆိုင်းခဲ့ကာ ယမန်နေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၃နာရီက ရေဝေးသုဿန်တွင် မြောက်ဥက္ကလာပမြို့နယ် ရခိုင်သာရေး နာရေးအသင်းက ဦးဆောင်ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းများ စုပေါင်းပြီး မီးသဂြိုဟ်လိုက်ကြောင်း သိရသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara


နယူးဒေလီ၊ ဇူလိုင်-၂၉

အူတာပရာဒက်ရှ်ပြည်နယ်တွင် အကြွေး ၁၅ရူပီး (၂၂ဆင့်၊ ၁၆ပဲနိ)အတွက် စကားများကြပြီးနောက် ဇာတ်နိမ့် လင်မယားစုံတွဲမှာ ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်ဟု ဆိုသည်။

ရဲ၏ ပြောကြားချက်အရ ဇာက်နိမ့်လင်မယားစုံတွဲဖြစ်သည့် ဘာရတ်နှင့် မမ်တာတို့က ကြာသပတေးနေ့က ဘီစကစ်ကြွေးကို ဆပ်နိုင်ရန် ရက်တိုးပေးဖို့ လိုအပ်ကြောင်း ပြောကြားလာသည်တွင် ဇာက်မြင့် ကုန်စုံဆိုင်ပိုင်ရှင်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ယခုလက်ရှိတွင် ကုန်စုံဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။
ယခင်က မထိတို့ရသူများဟု သိထားခဲ့ကြသည့် ဇာက်နိမ့်များမှာ အိန္ဒိယ၏ အမျိုးဇာက်စနစ်တွင် အနိမ့်ဆုံးအတန်းအစားများဖြစ်သည်။

ရဲက Press Trust of India သတင်းအေဂျင်စီကို ပြောကြားချက်အရ အဆိုပါ လူသတ်မှုမှာ မိန်းပူရီခရိုင်တွင် ကြာသပတေးနေ့အစောပိုင်းက ဇာတ်နိမ့်လင်မယား အလုပ်သွားနေစဉ် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစသည်ဟု ဆိုသည်။

ဇာက်နိမ့်လင်မယားစုံတွဲကို ကျေးရွာကုန်စုံဆိုင်ပိုင်ရှင် အရှော့ မီရှရာက လမ်းခုလတ်တွင် တားဆီးပြီး လွန်ခဲ့သည့်တစ်ရက်နှစ်ရက်က သူတို့၏ ကလေးသုံးယောက်အတွက် ၀ယ်ယူသွားခဲ့သည့် ဘီစကစ်သုံးထုပ်ဖိုး အကြွးပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။


လင်မယားစုံတွဲကလည်း ညနေပိုင်း နေ့စားခရှင်းပြီးလျှင် ကြွေးပေးမည်ဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။
“မီရှရာက အော်ဟစ်တောင်းနေတုန်းမှာ ဇာတ်နိမ့်လင်မယားက ကွင်းတွေဖက်ဆီ လျှောက်သွားနေတယ်။ မီရှရာက နီးရာအိမ်တစ်အိမ်ထဲ ပြေးဝင်သွားပြီး ပုစိန်နဲ့ ပြန်ထွက်လာတယ်။ ဘာရတ်ကို အကြိမ်ကြိမ် ပုစိန်နဲ့ခုတ်ပြီး သူ့ယောက်ျားကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ မမ်တာကိုလည်း တိုက်ခိုက်တယ်။ လင်မယားနှစ်ယောက်စလုံး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်”ဟု ရွာသားတစ်ဦးဖြစ်သည့် နာဒင်းက The Indian Express သတင်းစာသို့ ပြောကြားခဲ့သည်။

ရွာထဲမှ ဇာတ်နိမ့်အသိုင်းအ၀ိုင်းများက လမ်းများကို ပိတ်ဆို့ပြီး လူသတ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
ယခုလအစောပိုင်းကလည်း အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် နွားသေမှ အရေခွံခွာယူရန် ကြိုးစားနေသည့် ဇာတ်နိမ့်လူ ၄ယောက်ကို နွားကာကွယ်ရေး အပျော်တန်းအဖွဲ့များက တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

BBC
AM
china.com Myanmar
https://www.facebook.com/china.com.mm/

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၂ နယ်မြေတွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့ ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း ၂ သည် ကွတ်ခိုင်မြို့ အရှေ့ဘက်နှင့် သံလွင်မြစ် ကြားတွင် တည်ရှိပြီး၊ မိမိ တပ်မဟာ ၆ နယ်မြေတွင်း လှည့်လည်ရေးသွားလာနေသည့် KIA တပ်မဟာ ၆ တပ်ဖွဲ့များနှင့် အစိုးရတပ် ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ ကလည်း ယနေ့ တိုက်ပွဲ နှင့်ပတ်သက်ပြီး ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“KIA တပ်ရင်း ၂ ဟူဘုန်မှာ တိုက်ပွဲ ဖြစ်နေတယ်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ တစ်ကြိမ် ပြီးတော့ အခု ညနေပိုင်းမှာလည်း ဆက်ဖြစ်နေပြီလို့ ပြောလာတယ်။ အစိုးရတပ်ဘက်ကတော့ စကခ (၁၀)အောက်တပ်တွေ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

တာမိုးညဲ အစိုးရတပ်ဘက် မှလည်း KIA တပ်များ ရှိရာဘက်ကို လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ကူခဲ့ကြောင်း ဒုဗိုလ်မှုးကြီးက ဆက်ပြောသည်။

အဆိုပါ တပ်ရင်း ၂ တွင် တိုက်ပွဲ မဖြစ်ခင် နာရီပိုင်းက KIA တပ်မဟာ ၆ တပ်ရင်း ၃၈ နယ်မြေတွင်း အစိုးရ ဂျက်တိုက်လေယာဉ် တစ်စီး လာရောက် ပျံသန်းမှု ရှိခဲ့ကြောင်း ယင်းဒေသခံ တစ်ဦးက ပြောပါသည်။

ဇူလိုင် ၂၆ ရက်နေ့တွင်လည်း လွန်ခဲ့သည့် ၂ ပတ်ကျော်က KIA တပ်မဟာ ၆ တွင်း ရောက်ရှိနေသည့် ကိုးကန့် တပ်ဖွဲ့အင်အား ၃၀၀ ကျော်ကို အစိုးရတပ်က ဝိုင်းရံထားသည်ဟု အဆိုပါဒေသမှ ပြည်သူများမှ သိရသည်။

ယခုလို တိုက်ပွဲဖြစ်နေချိန် တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့တွင် တတိယနေ့အဖြစ် ကျင်းပနေပြီဖြစ်သည်။

Kachin News Group
http://burmese.kachinnews.com


ရုံးခန်းထဲမှာ ငြိမ်ငြိမ် သက်သက် နေထိုင်ပြီး အလုပ်လုပ် ရတဲ့ သူတွေဟာ အချိန်မတိုင်ခင် သေဆုံးဖို့ အန္တရာယ်ရှိနေတာကို ကာကွယ်ဖို့ နေ့တိုင်း တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်သင့်တယ်လို့ လေ့လာ တွေ့ရှိချက် အသစ်တစ်ခုက တိုက်တွန်းလိုက်ပါတယ်။

Lancet ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ အဲဒီ လေ့လာတွေ့ရှိချက်အရ အရ နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာ ရောဂါတွေဟာ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှု ပုံစံကြောင့် ဖြစ် လာတာဖြစ်ပြီး၊ ကမ္ဘာ့ စီးပွားရေးမှာ နှစ်စဉ် ဒေါ်လာ ၆၇ ဘီလျံ လောက်အထိ ကုန်ကျစေတယ်လို့ ဆိုပါတယ်။

နှစ်စဉ် လူ ၅.၃ သန်းလောက် သေဆုံးမှုတွေဟာ ကိုယ်လက် လှုပ်ရှားမှု မရှိတာနဲ့ ဆက်စပ်နေပြီး၊ ဆေးလိပ်သောက်လို့ သေဆုံးတဲ့ အရေအတွက်ထက်တောင် ပိုများနေပါတယ်။

အရွယ်ရောက်ပြီးသူတွေဟာ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀လောက် အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်တာ အပြင်၊ ကြွက်သား လေ့ကျင့်ခန်းတွေလည်း တစ်ပတ်ကို နှစ်နာရီလောက် လုပ်သင့်တယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက တိုက်တွန်းထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ethnic-youth-conference-620.jpg ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ တိုင်းရင်းသားလူငယ်များ ညီလာခံကို တက်ရောက်လာတဲ့ တိုင်းရင်းသားလူမျိုးစုအလိုက် မိတ်ဆက်ခြင်းအစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: National Ethnic Youth Conference - Myanmar

မနေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ စတင်ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံ မှာ ပြင်ပ ပညာရှင်တစ်ဦး ဟောပြောရာမှာ "စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်" ဆိုတဲ့ ထည့်သွင်းပြောကြားချက်ကို ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်လိုက်ပါတယ်။

အဲ့ဒီကိစ္စဟာ ညီလာခံစာတမ်းမဟုတ်သလို ညီလာခံတက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက် လည်း မဟုတ်ဘဲ ပြင်ပပညာရှင်တွေရဲ့ တွေ့ရှိချက်သာဖြစ်တဲ့အတွက် အဲ့လိုစကားရပ်တွေပေါ်မှာ သွေးကွဲမှာ မလိုလားဘူလို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနှောင်းထော က ပြောပါတယ်။

ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ဒီကနေ့ ညီလာခံကို ဆက်လက် တက်ရောက်ခဲ့ပါတယ်။

ပွဲစီစဉ်တဲ့ကော်မတီဘက်က ကျန်တဲ့ရက်တွေမှာ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် လုပ်ပါ့မယ်ဆိုတဲ့ ကတိပေးတဲ့အတွက် လက်ခံခဲ့ကြောင်း ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင် ကိုဇော်သူရိန်ထွန်း က ပြောပါတယ်။

ဒါ့အပြင် ညီလာခံကို တက်ရောက်လာတဲ့ ဗမာကိုယ်စားလှယ်တွေထဲမှာ အစ္စလာမ်ဘာသာဝင် ၂ ဦးပါဝင်ခဲ့တဲ့ အတွက် သူတို့အနေနဲ့ ဘာသာရေးရှုထောင့်နဲ့ တင်ပြလာမှာစိုးရိမ်တာကြောင့် ညီလာခံကို လေ့လာသူအနေနဲ့သာ တက်ရောက်ခွင့်ရမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တက်ရောက်လာတဲ့ အစ္စလာမ် ဘာသာဝင် ၂ ဦးဟာ ညီလာခံ မစခင်မှာပဲ ပြန်သွားခဲ့တာကြောင့် လက်ရှိမှာ ဗမာကိုယ်စားလှယ် ၂၇ ဦးသာ ဆက်လက် တက်ရောက်နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို တိုင်းရင်းသားလူမျိုး ၂၆ မျိုးက ကိုယ်စား လှယ်တွေ လေ့လာသူတွေ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ရောက်နေကြတာဖြစ်ပြီး တက်ရောက်သူ ၁ ထောင် နီးပါးလောက်ရှိပါတယ်။ ညီလာခံကို ဇူလိုင်လ ၂၇ ကနေ ၃၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပနေတာ ဖြစ်ပါတယ်။
RFA



(မန္တလေးတိုင်း မတ္တရာမြို့မှာ ဈေးသူဈေးသား ၂ဝဝ ခန့်က သူတို့စုဆောင်းထားတဲ့ ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အပေါ် သက်ဆိုင်ရာက အရေးယူပေးဖို့ ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒထုတ်ဖော် တောင်းဆိုစဉ်) Photo: Hset Paing Toe/RFA
မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသား ၂ဝဝ လောက်ဟာ သူတို့စုဆောင်းထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစားလုပ်လိုက်တဲ့အတွက် သက်ဆိုင်ရာကနေ အရေးယူဆောင်ရွက်ပေးဖို့ ဒီကနေ့ မြို့ပေါ်မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။

လိမ်လည်မှုကို သက်ဆိုင်ရာဌာနဆိုင်ရာတွေအနေနဲ့ ဥပဒေအရအရေးယူပေးဖို့အတွက် တောင်းဆိုကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးမောင်မောင်နိုင်က ပြောပါတယ်။

မတ္တရာဈေးသူ ဈေးသား ၇ဝဝ ကျော်ရဲ့ စုဆောင်းငွေ ကျပ်သိန်း ၁၂ဝဝ ကျော်ကို ဗြဟ္မစာရီ လူမှုကူညီရေးအသင်းက ပြန်လည်မထုတ်ပေးတော့တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

အသင်းအနေနဲ့ ငွေအလွဲသုံးစားပြုလုပ်ခဲ့သူကို ထုတ်ဖော်မပြောပေမဲ့ စုငွေစာရင်းတွေကို အသေးစိတ်စိစစ်ပြီးမှ စုငွေတွေပြန်ထုတ်ပေးနိုင်အောင် စီစဉ်သွားမယ်လို့ ဗြဟ္မစာရီ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြ ဈေးသူ ဈေးသားတွေကတော့ တစ်ပတ်အတွင်း ငွေပြန်မထုတ်ပေးနိုင်ရင် ဘဏ္ဍာရေးမှူး အပါအဝင် အသင်းတာဝန်ရှိသူ ၅ ဦးကို တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ၀ နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေက အဖွဲ့ဝင်စုစုပေါင်း (၁၁၀)လောက် ဇူလိုင်လ(၂၈)မှာ နေပြည်တော်ကို ရောက်ရှိနေပြီလို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက 5 Plus ကိုပြောပါတယ်။


 ဒီ(၂)ဖွဲ့လုံးဟာ ဇူလိုင်လ (၂၈)ရက် မနက်(၁၀)နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


 မိုင်းလားအဖွဲ့ကို မိုင်းလားတပ်ဖွဲ့(NDAA) ခေါင်းဆောင် ဦးစိုင်းလင်းက ဦးဆောင်ပြီး ၀ အဖွဲ့ကိုတော့ ၀ ပြည်သွေးစည်းညီညွတ် ရေး ပါတီ(UWSP) ဒုတိယဥက္ကဌ ဦးပေါင်ယူယိက ဦးဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 ဒီတွေ့ဆုံမှုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတဲ့အတိုင်း ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်နိုင်ရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်သလို နှစ်ဦးနှစ်ဖက် နားလည်မှု၊ ယုံကြည်မှုရပြီး (၂၁)ရာစုပင်လုံညီလာခံ တက်လှမ်းနိုင်ရေး လမ်းကြောင်းပေါ်ရောက်လာနိုင်မယ်လို့ အပြုသဘောဆောင်ကာ မျှော်လင့်ထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်၊

ဓာတ်ပုံ - Kyaw Ye Myo Chit FB

5 Plus News
https://www.facebook.com/5plusnews


ကိုပင်ဟေဂင်၊ ဇူလိုင် ၂၈

ယခုရက်သတ္တပတ်အတွင်း ရိုးရာဝေလငါးဖမ်းပွဲတော်ကို ဖာရိုးကျွန်းစုဒေသခံတို့က အကြီးအကျယ် ကျင်းပခဲ့ပါသည်။ စာရင်းများအရ ပျှမ်းမျအားဖြင့် နှစ်စဉ် ပိုင်းလော့ ဝေလငါး (Pilot whale) အကောင် ၈၃၈ ကောင်သတ်ဖြတ်လေ့ရှိပြီး အဆိုပါရိုးရာကို ထိန်းသိမ်းလာသည်မှာ နှစ် ၃၀၀ ကျော်ရှိပြီဖြစ်ပြီး တရားဝင်ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ ပွဲ ကျင်းပသော ပင်လယ်ပြင်တစ်ဝိုက် ဖမ်းဆီးရမိသော ဝေလငါးခေါင်းကို ခုတ်ဖြတ်သဖြင့် ထွက်လာသော သွေးများဖြင့် မြင်မကောင်းအောင် နီးမြန်းနေခဲ့သည်။ ခုတ်ဖြတ်ခံရသော ဝေလငါးများကို ကမ်းခြေသို့ ချိတ်များကြိုးများနှင့် ဆွဲယူကြကာ ကမ်းပေါ်ရှိ လူအုပ်ကြီးက အဆိုပါမြင်ကွင်းကို စောင့်၍ကြည့်ရှုကြသည်မှာ အစဉ်အလာတစ်ခုလိုပင်ဖြစ်သည်။အဆိုပါလူအုပ်ထဲ အတော်တော်များများက ကလေးတွေဖြစ်သည်။


နှစ်စဉ်အစုလိုက်အပြုံလိုက်အသတ်ခံရသော ပိုင်းလော့ ဝေလငါးမျိုးက သူ့မိသားစု အပေါ်အလွန်သစ္စာရှိကြပြီး တစ်ကောင်သောင်တင်သွားလျှင် အခြား ပိုင်းလော့ ဝေလငါးတို့ကလည်း ကမ်းပေါ်သို့တက်လာပြီး ၄င်းနှင့်အတူ အဖော်ပြုပေးတတ်သည်။ သူတို့ကိုယ်သူတို့အန္တရာယ်ရှိနိုင်တယ်ဆိုတာသိသော်ငြားလည်း ထိုသို့သော သစ္စာရှိမှုဖြင့် သူတို့အတူနေပေးကြသည်။ထို့ကြောင့်လည်း ထိုအားနည်းချက်ကို အသုံးပြုကာ ဓားဖြင့် သတ်ဖြတ်ခြင်းခံရခြင်းဖြစ်သည်။ ယခုရက်သတ္တပတ် ဝေလငါးဖမ်းသည့် လှုပ်ရှားမှုတွင် ဒေသခံများမှ လှေအစီး ၂၅ စင်းဖြင့် အမဲလိုက်ကြပြီး နှစ်နာရီအကြာတွင် ဝေလငါး တစ်ရာခန့်မှာ သတ်ဖြတ်ခံခဲ့ရသည်။ ၄င်းပိုင်းလော့ဝေလငါးအမျိုးစားက အမည်းရောင်ရှိပြီး အကြီးဆုံးမှ ၅ မီတာခန့်အထိရှိသည်။


ပိုင်းလော့ဝေလငါး၏ ထူးခြားသည့် အချက်တစ်ချက်က အထီးဖြစ်စေ အမဖြစ်စေ တစ်သက်လုံး မိခင်ဘေးနားတွင်နေထိုင်လေ့ရှိသည်။ ၄င်းတို့ထဲမှ တစ်ကောင်သေဆုံးသွားပါက အခြားဝေလငါးတို့က ပတ်ပတ်လည်တွင် ၀န်းရံလျက်ရှိသည်။ ယခင် သောင်တင်နေသော ဝေလငါးများကို ကယ်ဆယ်ဖူးခဲ့သည့် စေတနာ့ဝန်ထမ်းတစ်ဦးပြောပြချက်များအရ ဝေလငါးတို့မှာ ခံစားချက်ရှိကြပြီး သူတို့နှင့် ခွဲခွာရချိန်တွင် ၄င်းဝေလငါးတို့က စောင့်ကြည့်နေပြီး နှုတ်ဆက်ခဲ့သည်ဟုဆိုသည်။


ဖာရိုးကျွန်းစုရှိဒေသခံတို့သည် ဝေလငါးအုပ်စုတွေ့ပြီဆိုလျှင် အချက်ပြပြီး အမဲလိုက်သူများက အုပ်စုလိုက်ရေထဲဆင်းကာ ဝေလငါးများကို ရက်ရက်စက်စက်သတ်ဖြတ်ကြသည်။ ထိုသို့ သတ်ဖြတ်ပြီးနောက် ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲကို ဝေလငါးအသားနှင့် ငါးဆီပြင်ကို ခွဲဝေပေးလေ့ရှိသည်။ ဒေသခံတို့က အခြားဒေသမှ ပြစ်တင်ဝေဖန်ခြင်းကို လုံးဝမကြိုက်ကြပေ။ ၄င်းတို့အမြင်တွင် ဝေလငါးကို သတ်ဖြတ်ခြင်းသည် ဘ၀၏ အစိတ်အပိုင်းတစ်ခုဟု ခံယူထားကြသည်။ အိမ်တိုင်းအိမ်တိုင်း ဝေလငါး၏အသားနှင့် အဆီပြင်ကို နှစ်သက်ကြပြီး အဆိုပါရိုးရာ ကျင်းပခြင်းမှာ တရားဥပဒေနှင့် အညီဖြစ်ဟု ခံယူထားကြသည်။


၎င်းတို့၏လုပ်ရပ်က ပိုင်းလော့ ဝေလငါးများကို မျိုးတုန်းသွားစေနိုင်သည်။၊သို့သော် တကယ်တမ်းပြောရလျှင် ဝေလငါးဖမ်းဆီးသတ်ဖြတ်မှုနှင့် ပက်သက်၍ ဥပဒေများက အလွန်ရှုပ်ထွေးလျက်ရှိသည်။ နိုင်ငံတကာ ဝေလငါးများကော်မရှင်က အချို့ဒေသများတွင် ဝေလငါးဖမ်းဆီးသတ်ဖြတ်ခွင့်ပြုထားကာ ပင်လယ်သမုဒ္ဒရာ ထိန်းသိမ်းစောက်ရှောက်ရေးအသင်းကမှု ဝေလငါးဖမ်းဆီးမှုသည် တရားမ၀င်ကြောင်းဟု ဆိုသည်။ အဆိုပါ အသင်း၏ ရှေ့နေတစ်ဦးအဆိုအရ “ဝေလငါးဖမ်းဆီးခြင်းမှာ ဥရောပတွင် တရားမ၀င်ပါဘူး၊ ဒါဆို ဒိန်းမတ် မှာလည်းတွင် တရားမ၀င်ပါဘူး၊ ဒါကြောင့် ဖာရိုးကျွန်းစုတွင် လည်းတရားမ၀င်ပါဘူး” ဟုဆိုသည်။ အဆိုပါ အသင်းက အဆိုပါသတ်ဖြတ်မှုကို ဒိန်းမတ် အနေဖြင့် အဆိုပါဝေလငါးအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို တရားဝင်ပိတ်ပင်ရန် တာဝန်ရှိသည်ဟု ယူဆပြီး လက်ရှိတွင် ဒိန်းမတ်အား တရားစွဲရန် စီစဉ်လျက်ရှိသည်။ ဒိန်းမတ် အစိုးရကလည်း တစ်ဖက်တွင် ဖာရိုးကျွန်းစုဒေသခံများနှင့် ဆက်ဆံရေးမတင်းမာချင်သလို တစ်ဖက်တွင်လည်းနိုင်ငံတကာက ၄င်းတို့ကို “ လူရိုင်း”တွေဟု အမည်မတွင်လိုကြောင်းသိရသည်။

Ref: Tencent News
ဖြိုး (china.com)
china.com Myanmar
https://www.facebook.com/china.com.mm/



ကျား နဲ့ ခြင်္သေ့ တွေကို ကျွေးမွေးနေကြ အသား နေရာမှာ သရက်သီး နဲ့ ရွှေဖရုံသီး ကို အစားထိုး ကျွေးနေရ
ဗင်နီဇွဲလား တိရစ္ဆာန် ရုံတွေမှာ ပြသထားတဲ့ တိရစ္ဆာန်တွေဟာ အစာရေစာ ပြတ်လပ်မှုကြောင့် ခြောက်လ အတွင်း အကောင်ရေ ၅၀ ကျော် သေဆုံး သွားပါတယ်။

အဲဒီအထဲက တိရစ္ဆာန် အတော်များများ ဟာ ၂ ပတ်ကျော်ကြာ အစာ မစားရဘဲ သေဆုံး ကုန်ကြတာ ဖြစ်ပါတယ်။

ကရာကတ်စ် မြို့က တိရစ္ဆာန် ရုံမှာ ဆိုရင် ကျား နဲ့ ခြင်္သေ့ တွေကို ကျွေးမွေးနေကြ အသား နေရာမှာ သရက်သီး နဲ့ ရွှေဖရုံသီး ကို အစားထိုး ကျွေးနေရတယ်လို့ ဆိုပါတယ်။

အစာရေစာ ပြတ်လပ်လို့ တိရစ္ဆာန်တွေ သေဆုံး ရတာ မဟုတ်ဘူးလို့ အစိုးရ တာဝန် ရှိသူတွေ က ငြင်းဆို ထားပါတယ်။

အခြား မြို့တွေက တိရစ္ဆာန်ရုံ တွေမှာလည်း ပြသထားတဲ့ အကောင်တွေ အတွက် အစာရေစာ မလုံလောက်မှုတွေ ဖြစ်ပေါ် နေလို့ လာရောက် လှူဒါန်းပေးဖို့ နိုးဆော် မှုတွေ ပြုလုပ်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်- အာဆတ်အား တွေ့ရစဉ် (ဆင်ဟွာ)
    ဒမတ်စကက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ်လ်- အာဆတ် (Bashar al-Assad) သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင် သူပုန်များအား သုံးလ အတွင်း အစိုးရထံ လက်နက်ချပါက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်က ညွှန်ကြားထားကြောင်း နိုင်ငံပိုင် သတင်း အေဂျင်စီ SANA က သတင်းဖော်ပြထားသည်။

အာဆတ်က ထုတ်ပြန်လိုက်သည့် သမ္မတ၏ အမိန့် ကြေညာစာတွင် မည်သည့် အကြောင်းကြောင့်ဖြစ်စေ လက်နက် ကိုင်ဆောင်ထားသည့် သို့မဟုတ် ပိုင်ဆိုင်ထားသည့် မည်သူမဆို အကျုံးဝင်ကြောင်း၊ အကယ်၍ ၎င်းတို့ ကိုယ်တိုင် လက်နက်ချလိုပါက ဇူလိုင်လ ၂၈ ရက်မှစ၍ သုံးလအတွင်း အစိုးရထံ လာရောက် လက်နက် ချနိုင်ကြောင်း ပါရှိသည်။

အဆိုပါ အမိန့်အရ ဖမ်းဆီးပြန်ပေးဆွဲ ခံခဲ့ရသူများအား ဒဏ်ရာမရရှိစေဘဲ ပြန်ပေးငွေဖြင့် ရွေးယူခြင်း မဟုတ်ဘဲလျက် ပြန်လည်လွှတ်ပေးခဲ့ပါက ထိုဖမ်းဆီးသူများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ အာဆတ်သည် Greek TV သတင်းဋ္ဌာနကို သူပုန်များ လက်နက်ချလာပါက လွတ်ငြိမ်းခွင့်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် နောက်နေ့တွင် ယခုလို အမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံအတွင်း ငါးနှစ်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်တစ်လျှောက် အာဆတ်သည် လွတ်ငြိမ်းချမ်းသာခွင့် များစွာ ပေးခဲ့ပြီး အချိန်ကြာမြင့်နေပြီ ဖြစ်သည့် ပဋိပက္ခအား နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။

ဇူလိုင်လ ၂၇ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အလက်ပိုမြို့ပေါ်သို့ သူပုန်များ လက်နက်ချရန် တိုက်တွန်း ထားသလို အရပ်သားများကိုလည်း အစိုးရတပ်နှင့် ပူးပေါင်းရန် ရေးသားထားသည့် လက်ကမ်း ကြော်ငြာ ထောင်ပေါင်းများစွာ ကြဲချခဲ့ကြောင်း ဆီးရီးယား စစ်တပ်၏ ကွပ်ကဲရေး ဗိုလ်ချုပ်ကြီးက ဇူလိုင်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်း လက်ကမ်းကြော်ငြာများ၌ သူပုန်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့ အရှေ့ပိုင်းမှ အရပ်သားများ လုံခြုံစွာ ထွက်ခွာနိုင်မည့် နည်းလမ်းများအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

အစိုးရနှင့် မဟာမိတ်တပ်များသည်  အလက်ပိုမြို့ အရှေ့ပိုင်းရှိ သူပုန်များ၏ နောက်ဆုံးလမ်းကြောင်းအား ဖြတ်တောက်ထားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com



ဒေါ်လာအတုပြုလုပ်သော လိုက်ဘေးရီးယားနိုင်ငံသားကို ဖမ်းဆီးရမိသော ပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-ဒဂုံမြို့နယ်ရဲစခန်း)
    ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

    ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ Olympic Hotel အတွင်း လာရောက်တည်းခိုနေသော လိုက်ဘေးရီးယား နိုင်ငံသား Mr. Raymond Sanchoကို ယနေ့ အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်လာအတု ပြုလုပ်မည့် ပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင့်ဆွေက ပြောကြားသည်။

အဆိုပါ ထောင်ဒဏ် အမိန့်ချခံရသော လိုက်ဘေးရီးယား နိုင်ငံသားကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်က Olympic Hotel ရှိ အခန်းတစ်ခန်းတွင် ဒေါ်လာအတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဒေါ်လာအရွယ်အစား စာရွက်အမည်း မြောက်များစွာနှင့်အတူ ပတ္တမြားအတုများနှင့်ပါ  ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

အနောက်ပိုင်းခရိုင် တရားရုံးက ယင်း လိုက်ဘေးရီးယား နိုင်ငံသားကို အတုပြုလုပ်မည့် ပစ္စည်းများ လက်ဝယ်ထား ရှိမှု ပုဒ်မ ၂၄၂ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ပြီး ပတ္တမြား အတု တရားမဝင် သယ်ဆောင်မှု အတွက် ထပ်မံ တရားစွဲဆိုထားကြောင်း ဒုရဲမှူးတင့်ဆွေက ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com



အင်ဒိုနီးရှား စစ်တပ်အရာရှိဟောင်း Wiranto (Credit: ABC) 
အရှေ့တီမောနိုင်ငံက ​အင်ဒိုနီးရှားနိုင်ငံကနေ ​ခွဲထွက်ဖို့ ​ကြိုစားတဲ့ ​ကာလအတွင်း ​ရက်စက်မှုတွေ ​ကျူးလွန်ခဲ့တဲ့ ​စစ်ဗိုလ်ချုပ်ကို ​အင်ဒိုနီးရှား ​သမ္မတက ​ဝန်ကြီးရာထူး ​ပေးလိုက်တဲ့အပေါ် ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​ရှုတ်ချလိုက်ပါတယ်။

အင်ဒိုနီးရှား ​စစ်တပ်အရာရှိဟောင်း ​Wiranto ​ဟာ ​၁၉၉၉ ​ခုနှစ်တုန်းက ​အင်ဒိုနီးရှားတပ်တွေ ​အရှေ့တီမောက်နေ ​ဆုတ်ခွာတဲ့ ​ကာလအတွင်း ​လူသားများအပေါ် ​ပြစ်မှူကျူးလွန်ခဲ့တယ်လို့ ​စွပ်စွဲခံရသူ ​ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ​Wiranto ​ကတော့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​မလုပ်ခဲ့ရဘူးလို့ ​ငြင်းဆိုထားပါတယ်။

အဲဒီ ​စစ်အရာရှိဟောင်းကို ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ဒီရက်ပိုင်းအတွင်း ​အရေးကြီးတဲ့ ​နိုင်ငံရေး၊ ​တရားရေးရာနဲ့ ​လုံခြုံရေး ​ဝန်ကြီးအဖြစ် ​ခန့်အပ်လိုက်တာ ​ဖြစ်ပါတယ်။

အဲလို ​လူသားများအပေါ် ​ပြစ်မှူးကျူးလွန်တဲ့ ​လူကို ​ဝန်ကြီးရာထူး ​ခန့်အပ်တာဟာ ​အင်ဒိုနီးရှားအတွက် ​ဆိုးကျိုးတွေပဲ ​ဖြစ်စေမယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ​ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်း ​Wiranto ​ဟာ ​အင်ဒိုနီးရှား ​သမ္မတ ​ဖြစ်ဖို့ ​နှစ်ကြိမ်တောင် ​ပြိုင်ပွဲဝင်ခဲ့ဖူးသူလည်း ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



 တောင်ကိုရီးယား ကောင်စစ်ဝန်ရုံး အဆောက်အဦ တည်ရှိရာ ပတ်ဝန်းကျင် ကို ရဲတပ်ဖွဲ့ က လုံခြံရေး အစောင့်အရှောက် ပိုမိုချထား
ဟောင်ကောင်မှာ ရှိတဲ့ တောင်ကိုရီးယား ကောင်စစ်ဝန်ရုံးမှာ မြောက်ကိုရီးယား နိုင်ငံ သား တစ်ဦး လာရောက်ပြီး ခိုလှုံခွင့် တောင်းခံခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ ခိုလှုံခွင့် တောင်းခံရတဲ့ အသေးစိတ် အကြောင်းရင်း ကို မသိရသေးပေမယ့် သူဟာ တက္ကသိုလ် ပြိုင်ပွဲ တစ်ခု ကို ယှဉ်ပြိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပတ် ခန့်က ဟောင်ကောင် ကို ရောက်နေသူ ဖြစ်ပါတယ်။

ဟောင်ကောင်က တောင်ကိုရီးယား ကောင်စစ်ဝန်ရုံး အဆောက်အဦ တည်ရှိရာ ပတ်ဝန်းကျင် ကို ရဲတပ်ဖွဲ့ က လုံခြံရေး အစောင့်အရှောက် ပိုမိုချထားရတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံသား တစ်ဦး ခိုလှုံခွင့် တောင်းခံ ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံ ဘက်ကိုလည်း အသိပေး ထားပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ အခု ကိစ္စ ကို သိရှိထားပေမယ့် လတ်တလောမှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူက ဘီဘီစီ ကို ပြောပါတယ်။

ဟောင်ကောင် ဥပဒေ အရ သံတမန် အရေး ကိစ္စတွေမှာ တရုတ် ပြည်မကြီး ဘက်က ဆုံးဖြတ် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ပုံမှန် အားဖြင့်တော့ မြောက်ကိုရီးယား နိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာရင် တရုတ် က မြောက်ကိုရီးယား ပြန်ပို့လေ့ ရှိပါတယ်။

တောင် နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲ ပြီးကတည်း က မြောက်ကိုရီးယား နိုင်ငံ ဘက်က ခိုလှုံ ဝင်ရောက် လာသူ စုစုပေါင်း နှစ်သောင်းကျော် ရှိတယ်လို့ တောင်ကိုရီးယား ပေါင်းစည်းညီညွှတ်ရေး ဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



(မလေးရှားနိုင်ငံကနေ ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကို ရန်ကုန်မြို့ကို လေဆိပ်မှာတွေ့ရစဉ်) Photo: Htet Arkar/RFA
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၇ဝဝ ကျော်ကို နေရပ်ကို ပြန်ဖို့ပေးဖို့အတွက် စီစဉ်ထားတဲ့ အလှူရှင်ဘက်က ရုပ်သိမ်းလိုက်ပေမယ့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပြန်ပို့မယ့်ရက်ကတော့ နောက်ကျသွားမယ်လို့လည်း အမည်မဖော်လိုသူ သံရုံးအရာရှိတစ်ဦးက အခုလိုပြောပါတယ်။

မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အရင်က ဖိုးလမင်း ထရိတ်ဒင်း ကုမ္ပဏီရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့စီစဉ်ထားပေမယ့် အလှူရှင်ဘက်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် မဆောင်ရွက်နိုင်တော့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးကနေ အလှူရှင်တွေရဲ့ကူညီမှုနဲ့ အဲ့ဒီနိုင်ငံက ထိန်းသိမ်းရေး စခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၃ဝဝ နီးပါးကို ပြည်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာရှိနေတဲ့ မြန်မာနိုင်ငံသား ဦးရေ ၂၈ဝဝ လောက်ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ဝါးရုံဆိပ်အုပ်စု အင်းလျားအရှေ့စုကျေးရွာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုထားသည့် ဗွီဒီယိုဖိုင်အား တစ်ရွာလုံးကြားစေရန် လော်စပီကာဖြင့် ဖွင့်ခဲ့သူအား ဝက်ထီးကန်တိုက် နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူမှု ပြုလုပ်ထားကြောင်း သိရှိရသည်။

အဆိုပါကိစ္စအား ဝါးရုံဆိပ်ကျေးရွာအုပ်စု NLD ရပ်ကျေးဥက္ကဋ္ဌမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၆ ရက်က အမှုဖွင့်ခဲ့ကာ ဇူလိုင် ၂၇ ရက်တွင် သက်သေများအား ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်း သိရသည်။

“ဒီလိုမျိုးက လုံးဝမဖြစ်သင့်ပါဘူး။ ဒီကိစ္စကို ဝန်ကြီးချုပ်ထိ တင်ပြထားပါတယ်။ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို မကြားဝံ့မနာသာ ဆဲထားတဲ့ ဗီဒီယိုဖိုင်တွေကို တစ်ရွာလုံးကြားအောင် ဖွင့်တာပါ။ လုပ်တဲ့သူက ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးပါ” ဟု NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်ငွေကပြောသည်။

အဆိုပါဗီဒီယိုဖိုင်အား ကိုမျိုးချစ်ဆိုသူမှ လူမှုကွန်ရက်စာမျက်နှာ Nyi Nyi Zaw အကောင့်ထံမှ ဒေါင်းလုထ်လုပ် ကူးယူခဲ့ပြီးနောက် ဇူလိုင် ၁၀ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တစ်ရွာလုံးကြားစေရန် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဝက်ထီးကန် တိုက်နယ်ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ရဲအရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက် ပုဒ်မ ၂၉၄/၅၀၀ အရ အမှုဖွင့် အရေးယူထားပါတယ်”ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လော်စပီကာနှင့် တွဲဖက်အသုံးပြုခဲ့သော ဖုန်းဟန်းဆက်အား သက်သေခံပစ္စည်းအဖြစ် သိမ်းယူကာ ကိုမျိုးချစ်အား (ပ)၇၀/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၅၀၀(ဆဲဆိုမှု၊ အသရေဖျက်မှု)အရ အမှုဖွင့်အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies



(တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က တပ်သားသစ် စုဆောင်းတဲ့အနေ နဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်သားသစ်စုဆောင်းမှုတွေကြောင့် လက်ရှိမှာ ပိန်းပြစ်ကျေးရွာအုပ်စုက ပလောင်တိုင်းရင်းသား ဒေသခံတွေဟာ မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပိန်းပြစ်ကျေးရွာအုပ်စုရဲ့ ရာအိမ်မှူး ဦးလွင်ရီက ပြောပါတယ်။

"အခုလောလောဆယ် အခြေအနေနဲ့ကြည့်ရင်တော့ လူတွေကတော့ ရွာမှာမနေရဲသလောက် ဖြစ်နေကြတယ်၊ တချို့ကျတော့ ကိုယ်ရဲ့အိပ်ယာလိတ်တွေ၊ အထုတ်အပိုးတွေလိတ်ပြီးတော့မှ မြို့ထဲကို အဲ့လိုပြောင်းရွှေ့ပြီးတော့မှ ရှောင်နေကြတာ အများကြီးပါပဲ၊ မရှောင်နိုင်တဲ့လူလောက်ပဲ အဲ့လိုရွာထဲမှာနေကြတာပေါ့၊ ဖြစ်တဲ့အပိုင်းတော့ ကျနော်တို့ ပိန်းပြစ်အုပ်စုတွေက အလယ်ရွာ ရွာမမှာပဲဖြစ်တာ၊ အဲ့ဒီရွာမရယ် နောက်မှ အထက်ရွာ ပလောင်ရွာဖြစ်တာ၊ အဲ့ဒီ ၂ ရွာပဲဖြစ်တာ ဖြစ်တာကတော့"

တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပိန်းပြစ်ကျေးရွာမှာ TNLA ကတပ်သားသစ်စုဆောင်းခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေတယ် လို့ ပြောပါတယ်။

"ကျနော်တို့ လိုက်မေးနေသေးတယ်၊ ကျနော်တို့ အတည်မပြုနိုင်သေးဘူးခင်ဗျ၊ အဲ့ဘက်မှာတော့ ကျနော်တို့တပ်ဖွဲ့က လှုပ်ရှားမှုပြုတာက တပ်ရင်း ၆၆၆၊ ပုံမှန်ကတော့ စုဆောင်းတယ်၊ ပြင်ဦးလွင်ခရိုင် မိုးကုတ်ဘက်မှာတော့ အရင်က စုဆောင်မှုမရှိခဲ့သေးဘူး၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွက်ခိုင်မြို့မှာတော့ ကျနော်တို့ စုဆောင်းမှုတွေရှိတယ်"

မိုးကုတ်မြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ အရှေ့ရွာဘုန်းကြီးကျောင်းမှာ ပိန်းပြစ်ကျေးရွာက ဒေသခံ ၁၆ဝ ကျော်လာ ရောက်ခိုလှုံနေပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေကို မိုးကုတ်မြို့ခံတွေက ခေါက်ဆွဲခြောက်နဲ့ ဆန်တွေ ဒီနေ့သွားရောက်လှူဒါန်းခဲ့တယ်လို့ မိုးကုတ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင် က ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်သားသစ် စုဆောင်းရေးမူဝါဒမှာ ပလောင်တိုင်းရင်းသား အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက တအာင်းလွတ်မြောက် ရေးတပ်မတော်ကို ဝင်ရမယ်ဆိုတဲ့ အချက်ပါရှိပြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ကင်းလွတ်ခွင့်ပေး တယ်လို့ ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

ပိန်းပြစ်ကျေးရွာမှာ ပလောင်၊ လီဆူ၊ ဂေါ်ရခါး၊ ရှမ်း၊ ဗမာ အစရှိတဲ့ တိုင်းရင်းသားတွေရှိပေမယ့် ပလောင်တိုင်းရင်းသားတွေကိုသာ ရွေးချယ်ပြီး တပ်သားစုဆောင်းရေးအတွက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒေသခံတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ PSLF/TNLA ဖြစ်တယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


| Kathmandu Wed, July 28 2016 |

နိပေါနိုင်ငံတ၀န်းက ပြည်နယ်ဒေသတွေမှာ ယခုရက်ပိုင်းအတွင်းမှာ အဆက်မပြတ် မိုးရွာသွန်းမှု ဖြစ်ပွားမှုကြောင့် တောင်တွေပြိုပြီး မြို့ ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေရာမှာ ဇူလိုင်လ ၂၈ ရက်နေ့  သတင်းတွေမှာ ၅၄ ဦးသေဆုံးပြီး လူ၂၀ ပျောက်ဆုံးနေကြောင်း နိပေါအာဏာပိုင်တွေက အတည်ပြု ပြောဆိုခဲ့ပါတယ်။


Tinau river တိနူမြစ်ရေ ဟာ စိုးရိမ်ရေမှတ် ကျော်လွန်လာတာကြောင့် ခရိုင် ၇၅ ခုမှာ ရှိတဲ့ ပြည်သူတွေကို ရေဘေးကနေ ကယ်တင်ပေးနေရပါတယ်။ နိပေါနိုင်ငံ ဆိုင်ရာဒေသ သတင်းတွေမှာ အိမ်ခြေ (၂၀၀၀)ကျော် ပျက်စီးခဲ့တယ်လို့  ဖေါ်ပြထားပါတယ်။


April 2015 ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ ငလျင် ကြောင့် လူ (၈၀၀၀)ကျော် သေဆုံး ခဲ့ပြီး ယနေ့ အထိ ငလျင်ဘေးဒဏ်ခံရတဲ့ ပြည်သူတွေဟာ ရွက်ဖျင်တဲတွေမှာ နေထိုင်နေရပါသေးတယ်။


ကချင် ပြည်နယ် ဖားကန့် ဒေသမှာရှိတဲ့ ကျောက်စိမ်း မိုင်းတွင်း တွေလည်း ပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တာကြောင့် ယခုအချိန်မှာ ကျောက်တူး လုပ်ငန်းတွေ အတွက် စိုးရိမ်စရာဖြစ်ပါတယ်။

Social Action for Women - SAW