08/17/16


ဝေါ သြဂုတ် (၁၆)

ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ပိုင်လေးအိမ်စု ကျေးရွာ ကွေ့ကြီးကျေးရွာအုပ်စု ဖိုးစိန္ဒာစုကျေးရွာများတွင် ယခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ ညနေ(၃) နာရီကျော်အချိန်ခန့် က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၄၀)နီးပါးအမိုးလန် ပြိုကြ ပျက်စီးခဲ့ကြောင်း ဝေါမြို့ခံတစ်ဦးထံက သတင်းရ ရှိသည်

"ညနေ ပိုင်းလောက်မှာ စဖြစ်တာ လူအသေအပျောက်တော့မရှိဘူး အိမ်ခေါင်မိုးလန်တဲ့အိမ်လန်တယ် တချို့ငယ်တဲ့အိမ်တွေပြိုတယ် သစ်ပင်တွေအိမ်တွေပေါ်ကိုလဲကြတယ် လောလောဆယ်တော့နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ဘုန်းတော်ကြီးကျောင်းတွေမှာခဏသွားနေကြတယ် "ဟု လေပြင်းတိုက်မှုကြောင့် နေအိမ်ပြိုကြ ပျက်စီးခဲ့သူ လေးအိမ်စုကျေးရွာသားတစ်ဦးက ပြောသည်။


လေပြင်းတိုက်ခတ်မှုကြောင့် လေးအိမ်စုကျေးရွာတွင် ဝါးခင်း ထရံကာ တောင်ထန်းမိုး လူနေအိမ် (၇)လုံးပျဉ်ခင်းပျဉ်ကာ သွပ်မိုးလူနေအိမ်(၁)လုံး ပြိုကြပျက်စီးပြီး လူနေအိမ် (၅၆)လုံးသွပ်မိုးများလန်ထွက်၍နေအိမ်(၄လုံးသစ်ပင်ပိခဲ့ကြောင်း အလားတူ ဖိုးစိန္ဒာစုကျေးရွာတွင်လည်း ပြိုကြပျက်စီးအမိုးလန်သစ်ပင်ပိသည့် လူနေအိမ်ပေါင်း (၆၈)လုံးရှိပြီး ကျေးရွာနှစ်ရွာပေါင်း လူနေအိမ်(၁၃၆)လုံးလေပြင်းဒဏ်သင့်ခဲ့ပြီးကာလတန်ဖိုးငွေကျပ် သိန်း(၁၄၀)နီးပါးပျက်စီးဆုံးရှုံးခဲ့သည်ဟု ဝေါမြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လေဘေးသင့်ကျေးရွာသားများအား ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းအောင် မြို့နယ်ပညာရေးမှူး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ နှင့်တာဝန်ရှိသူများမှသွားရောက်ကြည့်ရှုခဲ့ပြီးလတ်တလော နေရေးထိုင်ရေးကိစ္စများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ယာယီစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းဆက်လက်သိရှိရသည်

Waw Media Page


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ Coca-cola ကုမ္ပဏီ ဆိုင်းဘုတ်ကိုတွေ့ရစဉ်။
ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုထားတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၂ ထောင် ကျော် ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောဆိုပါတယ်။ အခု ဘဏ္ဍာရေးနှစ် အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆ ထောင်ရောက်ရှိဖို့ မျှော်လင့် ထားတဲ့ မြန်မာအစိုးရသစ်က ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီး လုပ်ကိုင်ရ လွယ်ကူစေဖို့ ရာစုနှစ် တခုကျော် သက်တမ်းရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေကိုလည်း အသစ်ပြင်ဆင်ဖို့ စီစဉ်နေပါပြီ။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးပါမယ်။

မြန်မာ့နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးတက်လာတာ မရှိသေးပေမယ့် လာမယ့်လတွေ အတွင်း တိုးလာမယ့် အလားအလာ ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောဆိုပါတယ်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆ ထောင်ထိ ရောက်ဖို့ ရည်မှန်းထားတဲ့ အကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

“အခုလက်ရှိ update အခြေအနေမှာ သန်း ၃၀၀ ကျော်လောက်တော့ ကျနော်တို့ဖြစ်သွားပြီပေါ့။ သို့သော် ကျနော်တို့လက်ထဲမှာရှိတဲ့ proposal တွေ အဲဒါတွေအားလုံးပေါင်းလိုက်ရင်တော့ ကျနော်တို့လက်ထဲမှာ ၂ ဘီလီယံလောက်တော့ရှိတယ်ပေါ့။ compare လုပ်ရင်တော့ ယခင်အခြေအနေနဲ့ ယခုအခြေအနေ နှိုင်းယှဉ်ရင်တော့ investment အနေအထားက လျော့တော့မသွားဘူး ဒါပေမယ့် သိသိသာသာ တက်လာတဲ့အနေအထားတော့မရှိသေးဘူးပေါ့နော်။ ကျနော်သုံးသပ်ကြည့်တာကတော့ first half ပေါ့လေ ဒီ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးအထိကတော့ သိပ်ပြီး အင်နဲ့အားနဲ့ ၀င်လာမယ့်အနေအထားမရှိသေးဘူး။ ဘာကြောင့်လဲဆိုရင်တော့ တချို့ဟာတွေ ပွင့်ပွင့်လင်းလင်းကျနော်ပြောရရင်တော့ economic policy ကိုစောင့်နေကြတာပေါ့။ economic policy ထုတ်မယ်လို့ပြောတဲ့အခါမှာ economic policyမှာ ဘာတွေထူးခြားမလဲဆိုတာလေးတွေ စောင့်ကြည့်နေတဲ့အနေအထားလေးတွေရှိတယ်။ တချို့လည်း prepare လုပ်ထားပြီးတော့မှ proposal တင်ဖို့အတွက် ပြင်ဆင်နေကြတာလေးတွေရှိတယ်။ ဆိုတော့ ကျနော်တို့ကတော့ second half မှာ investment လေးတွေ သိသိသာသာဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီ ၂၀၁၆-၂၀၁၇ financial Year မှာကျနော်တို့က US 6 Billion target ရောက်အောင်ကျနော်တို့က target ရှိပြီးသားပါ။”

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့နဲ့ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူစေဖို့ အတွက် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကိုလည်း အသစ် ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြ အတည်ပြုနိုင်ဖို့ စီစဉ်နေတာပါ။ အသစ်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းမှာတော့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်ဖို့၊ နောက် လက်ရှိ ရှုပ်ထွေးလှတဲ့ ရုံးလုပ်ငန်းစဉ်တွေကို လျှော့ချနိုင်ဖို့ကိုလည်း ထည့်သွင်းထားတာပါ။ နိုင်ငံသားပိုင် ကုမ္ပဏီထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း အထိ ခွင့်ပြုမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

“လက်တလောအားဖြင့်ကျနော်တို့က ဘယ်လောက်အထိ သဘောတူ ထားသလဲဆိုတော့ ၃၅ ရာခိုင်နှုန်းပေါ့နော်။ မြန်မာကုမ္ပဏီထဲမှာ foreigner တွေရဲ့ equity ratio ကို ၃၅ ရာခိုင်နှုန်းပါဝင်ခွင့်ပေးမယ်။ ပါဝင်ပေးသော်လည်း ဒီကုမ္ပဏီကို ကျနော်တို့ မြန်မာကုမ္ပဏီ အဖြစ်ပဲဆက်ပြီး treat လုပ်မယ်ပေါ့နော်။ ၃၅ ရာခိုင်နှုန်းကျော်သွားပြီဆိုရင်တော့ foreign ကုမ္ပဏီဖြစ်သွားပြီပေါ့နော်။ အဲဒီလိုလုပ်ခြင်းအားဖြင့် မြန်မာကုမ္ပဏီတွေမှာလည်း foreigner တွေနဲ့ပေါင်းပြီး လက်တွဲလုပ်ကိုင်ခွင့် လွယ်လွယ်ကူကူ လုပ်လို့ ကိုင်လို့ ရမယ့် အခွင့်အလမ်းတွေတိုးလာမယ်။ နောက် financial support တွေပိုရလာမယ်။ နောက်တခုကလည်း ဈေးကွက်ရရှိမှုပေါ့နော် Market access တွေလည်း ပိုရလာနိုင်တယ်ပေါ့နော်။ဒါမျိုးတွေစဉ်းစားပြီးတော့ ကုမ္ပဏီဥပဒေအသစ်ထဲမှာ ဒီ ပါဝင်ခွင့်ကို ၃၅ ရာခိုင်နှုန်းအထိ ပေးထားပါတယ်။”

လက်ရှိ တည်ဆဲ ကုမ္ပဏီများအက်ဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်ချက် အပေါ်မှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကြိုဆိုပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဌ ဦးသက်လွင်တိုးကတော့ အခုလို ပြောပါတယ်။

“တရားဝင်လုပ်ရတဲ့အကြောင်းကတော့ local privilege ပေါ့နော် local partner တွေရဲ့ခံစားခွင့်လေးတွေ Rights လေးတွေရသွားမယ်ဆိုရင်တော့ နိုင်ငံခြားသားတွေက မြန်မာကုမ္ပဏီတွေထဲမှာ ရှယ်ယာဝယ်ပြီးတော့ ပါဝင်တာတွေထပ် invest လုပ်တာမျိုးတွေ ဖြစ်နိုင်တဲ့အခွင့်အလမ်းတော့ ရှိတယ်ပေါ့။ ဒါမျိုးကိုတော့ in kind အနေနဲ့ Invest လုပ်တယ်ဆို၇င်တော့ ဟိုတယ်တို့ အခြားပေါ့နော် ၊ စက်ရုံတို့ စက်မှုလုပ်ငန်းတွေ အခြား technology အပိုင်းမှာဆိုရင်တော့ ကောင်းတာပေါ့နော်။ Tourism sector ကတော့ invisible product ဖြစ်နေတော့ ဒီဟာတွေကို သွားပြီးတော့ ထည့်မယ်ဆိုရင် ပြောရတော့ ခက်တာပေါ့နော်။ Tourism ဆိုတာက အငွေ့ပဲလေ market တွေ ယူလာမယ်ဆို၇င်လည်း ဒီ market တွေက လူပြောင်းသွားရင် အခြားလူကိုရောင်းလိုက်ရင် ဆုံးရှုံးတာတွေလည်းရှိနိုင်မယ်ဆိုတော့ သူတို့ ငွေအရင်းအနှီး အနေနဲ့ ထည့်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။”

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ပြီး သမ္မတထံကို တင်ပြဖို့ စီစဉ်နေပါတယ်။ သမ္မတ အတည်ပြုချက် ရရင် လွှတ်တော်ကို တင်ပြ အတည်ပြုဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ဥပဒေ အဖြစ် အသက်ဝင်လာဖို့လည်း မျှော်လင့်ထားကြပါတယ်။

 မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


သြဂတ်စ်လ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်းတွင် မြေယာကိစ္စနှင့်ပတ်သက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာ န ချုပ် ရပခက တောင်သူဦးကြီး တစ်ရာကျော်အား မြေယာ ကျူးေ ကျာ်မြှု ဖင့် ပြန်လည်တရားစွဲဆိုထားသည်ဟုသိရသည် ။

၂၀၁၆ ဂျူလိုင်လ ၂၅ ရက်နေ့က တပ်မတော်မှ တရားလိုပြု ကာ တောင်ကြီြး မို့နယ် ၊ ကွန်လုံကျေးရွာအုပ်စု ၊ ရေပူရွာမှ ဒေသခံတောင်သူ ၁၃၀ ဦးအား မြေယာကျူးကျော်မှု ရာဇဓတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆို လိုက် ခြင်းဖြစ်သည် ။

" ကြက်ဆူစီမံကိန်းနဲ့ တပ်မတော်ဘက်စုံ စိုက်ကွင်းအတွက် အကြောင်းပြုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဒေသခံ တောင်သူတွေဆီကနေ လယ်ယြာ ခံမြေ ဧကပေါင်း လေးထောင်ကျော်ကိုသိမ်းဆည်းခဲ့ တယ်။ ၂၀၀၄ ခုနှစ်ေ လာက် ကတည်းက ။ ၂၀၁၀ နောက်ပိုင်းမှာ တစ်ဧကကို တစ်သောင်း ကျပ်နှုန်းနဲ့ တောင်သူတွေ က စစ်တပ်ဆီကပိုက်ဆံပေးငှားပြီးစိုက်ပျိုးရတယ် ။ ၂၀၁၅ နောက်ပိုင်းမှာ ကာချုပ်က သီးစားချမပေးရဘူး အကျိုးတူမလုပ်ရဘူး ဆိုတဲ့နောက်ပိုင်းမှာတော့ ဒီပြဿာနာတွေဖြစ်လာတာပဲ " ဟု ရေပူကျေးရွာနေ ဦးမျိုးအောင်ကပြောသည် ။

ယင်းတပ်သိမ်းမြေနေရာတွင် ယခင်ကတောင်သူများမှ ပြောင်း ၊ ပဲနှမ်း ၊ ပဲစဉ်း ငုံ နှင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးခဲ့ကြောင်း သိရသည် ။

" သီးစားလဲချမပေးတော့ဘူး။ စစ်တပ်ကနေပြီး ကုမ္ပဏီတွေကိုငှားစား တာ လဲရှိတယ်။ ရောင်းစားထားတာ လဲရှိတယ်၊ ၀င်ရောက်စိုက်ပျိုးတဲ့ သူတွေကို စစ်တပ်က နေတရားစွဲထားတာ ရေပူရွာမှာရွာလုံးကျွတ်နီးပါး ရှိတယ် " ဟုလက်ရှိတရားစွဲဆိုခံထားရသော ဒေါ်မော်မော်ဦးကပြောသည် ။

တောင်သူများ၏ အဆိုပါမြေယာများအား တပ်မတော်မှ တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ သိမ်းဆည်း ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့အပြင် ရွာသားများ အား တရားစွဲပြန်သဖြင့် ရုံးချိန်းတက်ရမည့် တောင်သူများ အနေ ဖြင့် စိုက်ပျိုးရေး လုပ်ငန်းများပါပျက်ကွက်ကာ စားဝတ်နေရေး ပါထိခိုက်လာ နိုင်သည့်အကြောင်းကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည် ဟု မြေသိမ်းခံတောင်သူများအရေး တွင်လိုက်ပါကူညီ သူများကပြောသည် ။

ရေပူကျေးရွာ၏ မြေယာကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့က တောင်သူ ဦးမြင့်အောင်မှ သိမ်းဆည်းခံမြေယာများအတွက် မိမိကိုယ်ကိုယ်မီးရှို့၍ ဆန္ဒထုတ် ဖော်ကာသေဆုံးသွားသည့် ဖြစ်ရပ် များရှိခဲ့ဖူးသည် ။

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese



ဓာတ်ပုံ-Mg Kaung Fb
ရန်ကုန်၊ သြဂုတ် ၁၇။

ရန်ကုန်မြိုသစ်စီမံကိန်း အရှေ့ဒဂုံမြိုနယ်၊လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇၀၀ကျော်တွင် ပြုလုပ်ရန် သြဂုတ်လ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော ရန်ကုန်မြိုသစ်စီမံကိန်းနှင့် ပက်သက်၍ လွှတ်တော်ဥက္ကဌ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆွေးနွေးမှုတွင် မြိုပြစီမံကိန်းပညာရှင်များက မြိုသစ်ဖေါ်ဆောက်သင့်သာ နေရာများ၏ ဦးစားပေးနေရာအဖြစ် ဒဂုံအရှေ့ပိုင်းမြိုနယ်၊လေးထောင့်ကန်ရပ်ကွက်အနီးရှိ လယ်မြေဧက ၁၇၀၀၀ကျော်ပေါ်တွင် ပြုလုပ်ရန် တင်ပြခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့တတ်ရောက်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ် မဲဆန္ဒနယ်အမှတ်၂မှ ဦးနေနိုင်ဦးက ပြောသည်။

ယင်းအစည်းအဝေးတွင် မြိုသစ်စီမံကိန်း ပြုလုပ်သင့်သော နေရာလေးခုတင်ပြရာ ဒဂုံအရှေ့ပိုင်းမြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်အနီးမှ လယ်မြေများအပြင်၊သန်လျင်မြိုနယ်ရှိ ကုလားဝဲတံတားအနီးတွင်လည်းကောင်း၊ဒလမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်ကြားတွင်လည်းကောင်း၊ ကြည်မြင်တိုင်တစ်ဖက်ကမ်းတို့တွင်လည်းကောင်း ဦးစားပေးအလိုက် တင်ပြခဲ့ကြောင်း သိရသည်။

''လေးထောင့်ကန်က လယ်မြေတွေက၊ ၁၉၉၀တုန်းက ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က သိမ်းခဲ့တဲ့မြေတွေ။ မြေလျော်ကြေးတော့ မပေးရသေးဘူး။ ပြီးတော့ ဟံသာဝတီလေဆိပ်နဲ့လည်းနီးတယ်။ အမှတ်(၂)လမ်းမကြီးနဲ့လည်း နီးတယ်။ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ နီးတဲ့အတွက် အဒီနေရာကို မြိုသစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်။ အဒီမှာရှိတဲ့ လယ်မြေတွေကိုလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ လျော်ကြေးပေးမယ်ဆိုရင် ဒေသခံတွေလည်း ကျေနပ်မယ်။ အစိုးရအနေနဲ့လည်း ကုန်ကျစရိတ်သက်သာမယ်။ ဒါကြောင့် အဲဒီနေရာ ကို ဦးစားပေး တစ်နေရာမှာ လုပ်သင့်တယ်လို့ မြိုပြပညာရှင်ဒေါက်တာကျော်လတ်က တင်ပြသွားတယ်''ဟု တွံတေးမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

ပညာရှင်များ၏ တင်ပြချက်များတွင် ယခင်အစိုးရလက်ထက်မှ ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားခဲ့သော ရန်ကုန်အနောက်တောင် မြိုသစ်စီမံကိန်းမှာ ပညာရှင်များ၏ တွက်ချက်မှုအရ မဖြစ်သင့်သော မြိုသစ်စီမံကိန်း ဖြစ်ကြောင်းနှင့် ပထမဆုံး ဆောက်လုပ်ရန် လျာထားသော ကြည်မြင်တိုင်-အလတ်ချောင်းတံတားမှာ ဆောက်လုပ်ရန် စံချိန်မမှီသော တံတားဖြစ်သည်ဟု ပညာရှင်များက ပြောကြားတင်ပြခဲ့ကြောင်း သိရသည်။

'' အနောက်တောင် မြိုသစ် စီမံကိန်းက ဖြစ်ဖို့အလားလာနည်းသွားပြီလို့ပြောရမှာပဲ။ ၀န်ကြီးချုပ်ကလည်း သူရဲ့မဲဆန္ဒနယ်မြေ မှာ ပြုလုပ်ဖိုပြောထားတာရှိသလို အခုပညာရှင်တွေကလည်း လေးထောင့်ကန်အနီးက လယ်မြေဧက ၁၇၀၀၀ကျော်မှာ လုပ်ဖို့တင်ပြလာတယ်။ ဒါက အတည်တော့ မဖြစ်သေးပေမယ့် အနောက်တောင်မြိုသစ်အတွက် အခြေနေမကောင်းဘူးလို့ထင်တယ်''ဟု လွတ်တော်ကိုယ်စားလှယ် ကိုနေနိုင်ဦးက ပြောသည်။

ယခုကဲသို့ ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မှတ်တမ်းပြုထားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက် ပြီး သက်ဆိုင်ရာ ဌာနများနှင့်ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန်ရှိကာ ကော်မတီ၏ ဆုံးဖြတ်ချက် ကို မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar



နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကူးစက်ရောဂါ အခြေခအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ပြင်းထန်ဝက်သက် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နန်းယွန်းမြို့နယ်နဲ့ လဟယ် မြို့နယ်ထဲက ကျေးရွာအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ နာဂ အမျိုးသားရေး ရာကောင်စီက ပြောလိုက်ပါတယ်။ ဒီကူးစက်ရောဂါနဲ့ ပတ်သက်လို့ အစိုးရဘက်က အကူညီ ပေးပေမယ့်လည်း အရေးပေါ် ကူညီကယ်ဆယ်ရေးစနစ်တွေ က မြန်ဆန်မှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒီ သတင်းအပြည့်အစုံကို တော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တို့မှာ သြဂုတ်လ ၁၂ရက် နေ့အထိ ပြင်းထန် ဝက်သက်ရောဂါကြောင့် ကျေးရွာ ၁၅ရွာက သေဆုံးသူ စုစုပေါင်း ၄၂ ယောက် ရှိနေပါပြီ။

ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာ တဝိုက်က ရွာ ၆ရွာမှာ ရောဂါအခြေ အနေ ထိန်းချုပ်နိုင်ပေမယ့် အခြား ကူးစက်ခံရတဲ့ ရွာတွေမှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ နာဂအမျိုးသားရေးရာ ကောင်စီက ဦးနော်အောင်ဆန်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကူးစက်ရောဂါ အ ခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ထိန်းချုပ်နိုင်သလောက်လို့ပြောလို့ရှိရင် နံပတ်၁ အချက်က ထန်ခေါ်လားမားကျေးရွာ တဝိုက်မှာရှိတဲ့ ရွာပေါင်း ၆ ရွာ အဲဒီမှာ ၀က်သက်နဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ဝေဒနာခံစားရတယ်။ ရောဂါခံစားရတဲ့အချိန်မှာ အဲဒီရွာ ၆ ရွာကို ထိန်းချုပ်သွားနိုင်မယ်ဆိုရင်ကျနော်လက်ခံတယ်။ ဒါပေမယ့် ကျန်တဲ့ အခုရှိနေတဲ့ လဟယ်ဒေသ တခွင်လုံးမှာဖြစ်နေတဲ့ အဲဒီကျေးရွာတွေအားလုံးကို ကျနော်တို့ ထိန်းချုပ်နိုင်တယ်လို့ပြောရင် ကျနော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူး။ကျနော်တို့ ကထပ်မေးတယ် ဒါဆို ခင်ဗျားတို့က အဲဒီကျေးရွာတွေမှာ ၂၄ နာရီ စောင့်ကျပ်ထားဖို့အတွက် ဆ၇ာဆရာမတွေ ချပေးထားသလား။ ဆရာဝန်တွေရှိသလား။ တကယ့်လက်တွေ့မှာမရှိဘူး။ ဆိုတဲ့အခါမှာ ဒီကနေ့ လက်ရှိ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရှိရင် ဒါဟာ ခုနပြောသလို ဘယ်လိုမှ လက်ခံနိုင်စရမဟုတ်တဲ့ ကိစ္စလို့ ကျနော်ဖော်ပြချင်ပါတယ်။”

နာဂဒေသမှာ ဇွန်လပထမအပတ်လောက်ကတည်းက စတင်ပြီး လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီး မြို့နယ်ခွဲက ကျေးရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားပေမယ့်လို့ သြဂုတ်လ ၄ရက် နေ့ မတိုင်ခင်အထိ ထိရောက် တဲ့ အကူအညီမရခဲ့ဘူး။

အစိုးရဘက်က အကူညီပေးပေမယ့်လည်း အရေးပေါ် ကူညီ ကယ်ဆယ်ရေးစနစ်တွေဟာ မြန်ဆန်မှု မရှိတာမို့ အားမရဘူးလို့ ဦးနော်အောင်ဆန်းက အခုလိုပြောပါတယ်။

“အစိုးရရဲ့ အကူအညီမရဘူးလားလို့ ဆိုရင် လုံးဝမရဘူးတော့မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရရဲ့ အကူအညီရပါတယ်။ ဒါပေမယ့် ထပ်ဖြစ်တဲ့အချိန်မှာ ကျနော်တို့ မြန်မြန်ဆန်ဆန် မရတဲ့အတွက်ကြောင့်မို့လို့ ကျေနပ် သလားလို့ပြောရင် ကျေနပ်နိုင်ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းကို ပြင်ဆင်ပေးနိုင်တယ်ဆို၇င် အစိုးရမလုပ်နိုင်တဲ့အလုပ်မျိုး ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ အများကြီးကူညီပံ့ပိုးနိုင်တဲ့ အနေအထားရှိတယ်။ ဒီနေ့ကျနော်တို့ မိတ်ဆွေတွေအများကြီးကျနော်တို့ ရှိလာပြီ။ ရှိလာပြီဆိုတော့ မိတ်ဆွေတွေလည်းကူညီချင်တယ်။ ဒါပေမယ့် အဲဒီကူညီလိုက်တဲ့အရာတွေကို ကျနော်တို့အမြန်ဆုံးအစိုးရရဲ့ လမ်းကြောင်းပေါ်မှာ အမြန်ဆုံးရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့အနေအထားမျိုးကျနော်တို့မရှိတဲ့အခါမှာ ကျနော်တို့ ဘယ်လိုမှအဆင်မပြေပါဘူး။”

သြဂုတ်လ ၁၄ရက်နေ့မှာ နာဂအမျိုးသားရေးရာကောင်စီနဲ့ ဒုသမ္မတ ၂ ဟင်နရီ ဗန်ထီးယူတို့ တွေ့ဆုံပြီး အရေး ပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ အစိုးရက လိုအပ်တဲ့ ဆေးဝါးအကူညီပေးဖို့၊ ကယ်ဆယ်ရေး ပစ္စည်း တွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်အသုံးပြုခွင့်ရဖို့ စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအတွက် မြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်အပြင် စားနပ်ရိက္ခာနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မြန်ဆန်ဆန်ပေးဖို့ လိုတယ်လို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲ မှာ ပါဝင်တဲ့ RRTIP အဖွဲ့က ကိုဇော်ဝင့်ဖြိုးကပြောပါတယ်။

“ပထမအပိုင်းကတော့ Emergency Response အပိုင်းအတွက်ကို ထိေ၇ာက်စွာဆောင်ရွက်ပေးဖို့ အဲဒီနေရာမှာ ကျနော်တို့က မြန်ဆန်ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေဖန်တီးပေးဖို့။ နောက်တခုက ဆက်သွယ်ရေးသတင်းအချက်အလက်တွေကို အမြန်ရရှိနိုင်တဲ့ Satellite တို့ဟာမျိုး စီစဉ်ပေးဖို့ပေါ့နော်။ နောက် Medical team တွေကို ဒီလိုဆိုင်ကယ်ကြီးတွေနဲ့သွားနေရတာမျိုးမဟုတ်ပဲနဲ့ ရဟတ်ယာဉ်တွေနဲ့ တရွာပြီးတရွာချပြီးတော့ စီမံပေးဖို့ပေါ့နော်။ ကျနော်အဲဒါကို လက်တလောအနေနဲ့တောင်းဆိုချင်တယ်။”

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ပေးပို့တဲ့ အချို့ စားနပ်ရိက္ခာတွေ ကူးစက်ရောဂါဖြစ်ပွားတဲ့ ဒေသတွေကို မရောက်သေးပါဘူး။ ကူးစက်ရောဂါများ ဖြစ်ပွားရာ ကျေးရွာတွေမှာ အ ရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်တွေနဲ့ ခန္တီးမြို့အထိ ကူညီ ပို့ဆောင် ပေးနေတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၆ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ သ တင်းထုတ် ပြန်ထားပါတယ်။

 မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ရုရှားစစ်လေယာဉ်
ဆီးရီးယားနိုင်ငံအတွင်းက စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့အတွက် အီရန်နိုင်ငံမှာရှိတဲ့ လေတပ်စခန်းကနေ ရုရှား စစ်လေယာဉ် တသုတ် ထွက်ခွာသွားတဲ့အကြောင်း ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နှောင်းပိုင်းကစလို့ ဆီးရီးယားသမ္မတ Bashar al-Assad ကို ကူညီထောက်ပံ့ပြီး ရုရှားတပ်ဖွဲ့တွေက လေကြောင်းကနေ ထိုးစစ်ဆင်နေတာပါ။

ဒီကနေ့ကတော့ ဆီးရီးယားရဲ့ မဟာမိတ် အီရန်နိုင်ငံမှာ အခြေစိုက်ပြီး ရုရှားရဲ့ ခရီးဝေးပျံသန်းနိုင်တဲ့ ဗုံးကျဲလေယာဉ်တွေနဲ့ ဆီးယီးယားနိုင်ငံ ပြင်ပကနေ တိုးချဲ့စစ်ဆင်တာ ကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ရုရှားကာကွယ်ရေး ၀န်ကြီး ဌာနကတော့ ဒီတိုက်ခိုက်မှုတွေဟာ Aleppo ၊ Deir el-Zour နဲ့ Idlib မြို့တွေမှာရှိတဲ့ IS စစ်သွေးကြွတွေနဲ့ အရင်က al-Nusra တပ်ဦးလို့ လူသိများတဲ့ Jabhat Fateh al-Sham အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အီရန်နဲ့ ရုရှားတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းနဲ့ ဒီအတွက် စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို မျှဝေ သုံးစွဲနေတဲ့အကြောင်း အီရန် နိုင်ငံတော်လုံခြုံရေး ကောင်စီအကြီးအကဲ Ali Shamkhani က ပြောပါတယ်။

ရုရှားက သူ့ရဲ့လေကြောင်း ထိုးစစ်ဆင်မှုတွေ ဟာ မစ္စတာ အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကို တိုက်ခိုက်တာမဟုတ်ဘဲ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောပေမဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ရုရှားပြောနေသလို မဟုတ်တဲ့အကြောင်း ဝေဖန်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရန်ကုန်မြို့တွင်း (၄)မြို့နယ်တွင် အများပြည်သူဆိုင်ရာ နေရာများကို ငှါးရမ်း၊ေ၇ာင်းချခွင့် မရှိကြောင်း အသိပေး ကြေညာဆိုင်းဘုတ်များ တပ်ဆင်ခြင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“ ဒီလိုနေရာရောင်းချနေတာတွေဟာ တရားမ၀င်ဘူး။ ၀ယ်လို့လဲမရဘူး။ ရောင်းလို့လည်း မရဘူး။ ဒါကြောင့် ဒီလိုအသိ ပေးကြေညာရတာပါ။”ဟု စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးကပြောသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း (၄)မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် အသိပေးကြေညာဆိုင်းဘုတ်များကို ၁ မြို့နယ်လျှင် ဗီနှိုင်းအခု ( ၅၀) စီဖြင့် ကြေညာပေးထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျွန်တော်မြို့နယ်ထဲမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို ဒီလိုနေရာ ရောင်းတာဝယ်တာနဲ့ ပတ်သက်ပြီး မလုပ်ကြဖို့ ပြောထားတယ်။ ဒါပေမဲ့ ဒီလိုရောင်းဝယ်နေတာတွေ့တော့ ဈေးဆိုင်တွေကို ဘယ်သူဆီက ၀ယ်တာလဲ။ ဘယ်သူရောင်းတာလဲမေးကြည့်တော့မပြောဘူး။ အဲဒါကြောင့် ဒါတွေဟာ တရားမ၀င်ဘူးဆိုတာ အသိပေးတဲ့အနေနဲ့ ကပ်ထားတာပါ” ဟု ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်ကပြောသည်။

လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

့ပြည်သူ့လွှတ်တော်
့ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံအနေနဲ့ ဆပ်ရန်ပြည်ပချေးငွေ လက်ကျန်ငွေမှာ ကန်ဒေါ်လာ ၉၀၀၀ကျော်ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲက ချေးငွေတစ်ခုချင်းအလိုက် အရင်း/အတိုးပေးဆပ်ရမည့် အချိန်ဇယားများ ရေးဆွဲထားရှိကာ စီမံခန့်ခွဲဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

NLD အစိုးရသစ်အတွက် အရေးကြီးတဲ့ နိုင်ငံတော်မှ ပေးဆပ်ရန်ကျန်ရှိနေတဲ့ ပြည်ပချေးငွေ အခြေအနေမှန်ကို ပြည်သူတွေသိရှိဖို့လိုအပ်နေတာကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဒီကနေ့ပြည်သူ့လွှတ်တော်မှာမေးမြန်းခဲ့တဲ့အပေါ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဦးခင်ချိုက လက်ရှိကြွေးကျန်တွေနဲ့ပတ်သတ်ပြီး ခုလိုပြောဆိုလိုက်တာပါ။

“ချေးငွေ တခုချင်းရဲ့ အတိုးနှုန်းထား ပေးဆပ်ရမယ့် သက်တမ်းပေးဆပ်ရန် သက်တမ်းစေ့တဲ့နေ့တွေနဲ့ ချေးငွေပေးဆပ်ဖို့အတွက် စီမံချက်များ ရေးဆွဲထားမှု ရှိမရှိ ၊ ပေးဆပ်ရန်ကျန်ငွေတွေအတွက် ရရှိနိုင်မယ့် အရင်းအမြစ် resources တွေအခြေအနေကို အများပြည်သူတွေ သိရှိနိုင်ေ၇းအတွက် ပွင့်လင်းမြင်သာစွာ ဖြေကြားပေးနိုင်ဖို့ မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ငွေတိုက်ဦးစီးဌာနဟုဖွင့်လှစ်ပြီး ပြည်တွင်း/ပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲကိုလည်း ဖွဲ့စည်းထားကာ ကြွေးမြီးတွေနဲ့ပတ်သတ်ပြီးစီမံခန့်ခွဲမှုတွေလုပ်ဆောင်နေတယ်လို့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကပြောပါတယ်။ လက်ရှိ တင်ရှိနေတဲ့ ကြွေးမြီးတွေနဲ့ပတ်သတ်ပြီး ဦးမောင်မောင်ဝင်းကအခုလို ရှင်းလင်းခဲ့ပါတယ်။

“နိုင်ငံအဖွဲ့အစည်းအလိုက် ၃၁ ရက် ၃ လ ၂၀၁၅ ရက်နေ့မှာရှိတဲ့ ပြည်ပချေးငွေ လက်ကျန် အခြေအနေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၈၆.၇၉၆ သန်း ဖြစ်ပြီး ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ယူသုံးစွဲသည့်ချေးငွေမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၉၀.၃၃၆ သန်း ဖြစ်ပါတယ်။ ချေးငွေများ၏အခွင့်အေ၇းကို ဆိုင်းငံ့ကာလအပါအ၀င် ချေးငွေသက်တမ်းအဖြစ် ပြုစုထားခြင်းဖြစ်ပါတယ်။ ချေးငွေစာချုပ် ချုပ်ဆိုပြီးနောက် ဆိုင်းငံ့ကာလအတွင်းမှာ ချေးငွေထုတ်ယူသုံးစွဲတဲ့ကာလအပေါ်မှာ ကျသင့်တဲ့ အတိုးကိုသာ ပေးဆပ်ရပြီး ဆိုင်းငံ့ကာလကုန်ဆုံးတဲ့အချိန်ကစပြီးတော့ ကျသင့်တဲ့အတိုးအပြင် အရင်းငွေကိုပါ အရစ်ကျ ပြန်ပေးဆပ်ရပါတယ်။”

အစိုးရဘက်ကတော့ ချေးယူထားတဲ့ကြွေးမြီတွေအတွက် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကိုချမှတ်ကာ နိုင်ငံမနစ်နာဖို့အတွက် စီမံခန့်ခွဲသွား ဖို့ပြင်ဆင် နေပြီလို့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ လိုအပ်တဲ့ငွေကြေး တွေ အတွက် နိုင်ငံတကာ၊ ပြည်တွင်းကနေ ကြွေးမြီတွေရယူခဲ့ပေမယ့် သေချာစနစ်တကျစီမံ ခန့်ခွဲနိုင်ဖို့ နည်း ပါဘူး။ ဒီလိုစီမံခန့်ခွဲဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဦးမောင်မောင်ဝင်းက အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေ ငွေတိုက်ဦးစီးဌာနကို ဖွင့်လစ်ပြီး ပြည်တွင်းပြည်ပ ကြွေးမြီများကို စီမံခန့်ခွဲနိုင်ရန် ကြွေးမြီစီမံခန့်ခွဲမှု ဌာနခွဲကို လည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ ၄င်းဌာနခွဲအနေဖြင့် နိုင်ငံတော်ရဲ့အာမခံချက်အဖြစ် ရယူထားသည့် ပြည်ပချေးငွေများအပေါ် ပြည်ပချေးငွေပေးအပ်သည့် အဖွဲ့အစည်းအလိုက်ချေးငွေသုံးစွဲသည့် ဌာန အဖွဲ့အစည်းလိုက် မှတ်တမ်း များထားရှိခြင်း၊ ချေးငွေတခုချင်းအလိုက် အရင်းအတိုး ပေးဆပ်ရမယ့်အချိန်ဇယားများ ရေးဆွဲထားရှိခြင်း ၊ ၄င်းအချိန်ဇယားများအပေါ်မူတည်၍ သက်ဆိုင်ရာဌာနများ၏ ဘတ်ဂျက် လျာထားမူ၊ ပြန်လည်ပေးဆပ်မူ အတိုးကိုပေါင်းစပ်ညှိနိုင်းကြီးကြပ် ကွပ်ကဲပေးခြင်း ၊ ပြည်ပချေးငွေစာချုပ်များအတွက် ညှိနိုင်းဆွေးနွေးပေးခြင်း ၊ အတိုးနှုန်းသက်သာမူရှိမရှိ ဆန်းစစ်ပေးခြင်း ၊ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီ အခြေအနေကို ဆန်းစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။”

လက်ရှိအစိုးရသစ်လက်ထက်မှာ ပထမဆုံးအနေနဲ့ ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဒီချေးယူထားတာနဲ့ပတ်သတ်ပြီး ဝန်ထမ်းလစာ တိုးဖို့ ယူရတာဖြစ်တယ်လို့ သတင်း တွေထွက်ပေါ်ခဲ့လို့ ဂယက်ရိုက်တာတွေဖြစ်ခဲ့ပါသေးတယ်။ တကယ်က ဒီ ဒေါ်လာသန်း ၁၀၀မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၀န်ထမ်းလစာ၊ စရိတ်၊ ပင်စင်ငွေပေးဖို့ အထောက်အပံ့အနေနဲ့ သုံးစွဲသွား မှာဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်ရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ၀န်ထမ်းတွေ အရည်အသွေးမြှင့် တင်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။လွှတ်တော်ကိုယ်စားလှယ် အချိုကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအပါအဝင် ချေးယူထားတဲ့ ချေးငွေတွေများနေကြောင်းထောက်ပြဝေဖန်တာတွေ ရှိပါတယ်။
VOA Burmese News

သြဂုတ် ၁၆ ။ ။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သစ်အဖြစ် အမျိုးသားများထက် အမျိုးသမီးခေါင်းဆောင်တစ်ဦးကိုသာ ပို၍ ဖြစ်စေလိုကြောင်း လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

နှစ်ပေါင်း ၇၀ ကြာ သက်တမ်းရှိလာပြီဖြစ်သော ကုလအဖွဲ့အစည်းတွင် အမျိုးသားခေါင်းဆောင်များသာ လွှမ်းမိုးထားခဲ့ပြီးနောက်ပိုင်း ယခုအချိန်တွင်မူ အမျိုးသမီးခေါင်းဆောင်တစ်ဦး၏ အလှည့်ကျရောက် သင့်ပြီဖြစ်ကြောင်း ၎င်းက ထုတ်ဖော်သွားသည်။

အတွင်းရေးမှူးချုပ် နေရာအတွက် ၀င်ရောက်အရွေးချယ်ခံနေသူ ၁၁ ဦးထဲတွင် အမျိုးသမီး ငါးဦး ပါဝင်နေလျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ထောက်ခံပေးရမည်ဖြစ်ကာ အထွေထွေညီလာခံ၌ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ရွေးချယ်မည်ဖြစ်သည်။

အတွင်းရေးမှူးး ချုပ်သစ်ကို လာမည့် ဆောင်းဦးကာလတွင် ကြေညာနိုင်မည်ဟု မျှော်လင့်ရသည်။

ဘီဘီစီ
Mizzima - News in Burmese


16August 2016

မြန်မာလှေထိုးသား(၉)ပါ ၀င်တဲ့ ထိုင်းငါးဖမ်းစက်လှေ တစ်စင်းဟာ သြဂုတ်လ ၁၅ ရက်နေ့ က ထိုင်းတောင်ပိုင် ပူးကက် ပင်လယ်ကွေ့ အတွင်းမှာ ငါးဖမ်းပိုက်ချနေရင်း ပင်လယ်လှိုင်းတွေ ရိုက်ခတ်လို့  နစ်မြုပ်သွားခဲ့ကြောင်းသိရပါတယ်။


နစ်မြုပ်သွားတဲ့ Thailand Logistics Squadron ဘန်ရုံထိုင်း ငါးဖမ်းလှေက ပင်လယ်တွင်းမှာ အသက်၇ှင် ရက် မျော နေကြတဲ့ လေထိုးသား သုံးဦးကို(နံမည် နဲ့ နိုင်ငံသားမဖေါ်ပြသေးပါ) ကယ်တင် နိုင်ခဲ့ပြီး သေဆုံးနေသူတစ်ဦး ကို ပင်လယ် တွင်းကနေ ဆယ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။


ကျန်နေသေးတဲ့သူတွေကို ထိုင်းရေတပ် ကမ်းခြေစောင့် သင်္ဘောနဲ့  ရဟတ်ယာဉ်တွေအသုံးပြုပြီး လိုက်လံ၇ှာဖွေနေကြပါတယ်။

ဓါတ်ပုံ Phuketandama
Social Action for Women - SAW

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.