08/23/16


မြစ်ကြီးနား-ကန်ပိုင်တီ ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင် မြန်မာ အစိုးရ တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပါသည်။

ကန်ပိုင်တီလမ်းမ အနီးနှင့် ဆဒုံ (Sadung) ဒေသ KIA တပ်မဟာ (၅)၊ တပ်ရင်း (၃) စခန်းများကို တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ပြီးခဲ့သည့် အပတ်မှ နှစ်ဖက် တိုက်ပွဲများ ဖြစ်လာသည်။

KIA တပ်ရင်း (၃) ၏ တရုတ် နယ်စပ်အနီး မဟာဗျူဟာကျသော ငွားလေး (Ngwa Le) စခန်းနှင့် ဆဒုံ (Sadung) မြို့အနီး Bum Sen စခန်း နှင့် Lai Hpawng Bum စခန်း (၃)ခုကို တပ်မတော် စစ်ကြောင်းများ အင်အား အလုံးအရင်းနှင့် တိုက်ခိုက်နေသည်ဟု ဆဒုံ ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ယမန်နေ့ သြဂုတ် ၂၂ ရက်က Sadung အထက် ၅ မိုင်ခန့် Mang Shang Kahtawng (မန်ရှန်ရွာ) အနီးနှင့် Bum Sen တောင် ဘက်တွင် အစိုးရတပ်နှင့် KIA တပ်ရင်း (၃) တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

တချိန်ထဲမှာ တပ်မတော်က မြစ်ကြီးနား၊ ၀ိုင်းမော် ဘက်မှ လက်နက်ကြီးများနှင့် စစ်သားများကို အရပ်ဝတ်ဖြင့်လည်း ၎င်းဒေသများသို့ ပို့ဆောင်နေသည်ဟု ဒေသခံများ ပြောဆိုနေကြပါသည်။

KIO ဗဟိုဌာနချုပ် လုံခြုံရေး စိုးရိမ်

တရုတ်နယ်စပ် တလျှောက် KIO ဗဟိုဌာနချုပ် နယ်မြေ Laiza (လိုင်ဇာ)၊ Nahpaw-Pajau Bum (နဖေါ့-ပါဂျောင်ဘွမ်)၊ Hpalap Bum နှင့် Laisin Bum (လိုင်စင်ဘွမ်) များနှင့် ဆက်စပ်နေသည့် Sadung (ဆဒုံ) ဒေသ KIA တပ်ရင်း (၃) ကို အစိုးရတပ် စစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်နေပါသည်။

ယခုလို တပ်မတော်၏ တိုက်ခိုက်မှုသည် ‘မိမိတို့ ဗဟို ဌာနချုပ် နယ်မြေ လုံခြုံရေး အတွက် စိုးရိမ် ရကြောင်း’ Laiza မှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ကချင် သတင်း ဌာန KNG ကို ယနေ့ ပြောပါသည်။

ကန်ပိုင်တီဒေသ နေပြည်တော် သစ္စာခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ် တပ်ဖွဲ့များ ကိုလည်း ‘စစ်ရေးအရ အသင့်ရှိရန်’ တပ်မတော်မှ ညွှန်ကြားထားကြောင်း ဒေသခံ သတင်းရပ်ကွက်များမှ သိရသည်။

ရွာသားများ တရုတ်နယ်စပ်သို့ ထွက်ပြေး

လွန်ခဲ့တဲ့ အပတ် တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာချိန်မှ ရွာသားများ တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင် နေပါသည်။

တိုက်ပွဲ ဖြစ်ပွားသော ဒေသများမှ ရွာသားများသည် နယ်ခြားမှတ်တိုင် ၆၊ ၇ နှင့်နီးသော တရုတ်ဘက်ခြမ်းမှာ ခိုလှုံနေရသည်ဟု ဆဒုံးမြို့ မှ ဦး ခမ်းရောဒ့် က ပြောပါတယ်။

‘ချန်းမော်ခန် နဲ့ ဘူခန် ရွာ ၂ ခုကနေ လူဦးရေ ၂၀၀ ကျော် အားလုံးဟာ တရုတ်ပြည်ဘက်ခြမ်းမှာ ထွက်ပြေးနေရတယ်လို့ ပြောလာတယ်။ စစ်ပြေးတွေရဲ့ အစားအသောက် အတွက်ကတော့ ဖြစ်သလို ပဲ စီစဉ်နေတယ် ဟိုမှာက ကူညီမယ့်သူ မရှိသေးဘူး ဆိုတော့။”

ထို့ အပြင် အစိုးရတပ်မှ KIA တပ်ရင်း ၃ ငွားလေး (Ngwa Le) စခန်းကို လက်နက်ကြီးများနှင့် ပစ်ခတ်မှု မကြာခဏ ပြုလုပ်နေကြောင်း သူက ဆိုပါသည်။

ဆဒုံး၊ ကန်ပိုင်တီ ဒေသ ဘက်မှာ တပ်မတော်မှ လက်နက်နှင့် စစ်အင်အား တိုးချဲ့နေတဲ့အပြင် ဦးဇခုန် တိန့်ယိန်း ပြည်သူ့စစ်အဖွဲ့မှလည်း စစ်အင်အား စုစည်းမှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြပါသည်။

Kachin News Group
http://burmese.kachinnews.com


မြစ်ကြီးနား-ဗန်းမော် လမ်း Nhkram Bum မှာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားလာစဉ် အစိုးရဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး ကူညီ တိုက်ခိုက် ပေးနေပါသည်။

Nhkram Bum တောင်ရှိ KIA လှုပ်ရှားတပ်ဖွဲ့ တပ်ရင်း ၂၅၂ စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများကို KIA ဘက်မှ ခုခံတိုက်ခိုက်စဉ် အစိုးရဘက် အကျအဆုံး များလာခြင်းကြောင့် နေ့လည်ပိုင်းတွင် ရုရှား Mi-35 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး လာရောက် ပစ်ကူပေးကြောင်း KIA ရှေ့တန်း သတင်းများ ဆိုပါသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Nhkram Bum တောင်သည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အရှေ့ဘက်မှာရှိပြီး ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် နယ်မြေ Hpalap Bum တောင် KIA တပ်ရှားတပ်ဖွဲ့ ဌာနချုပ်၏ အနောက်ဘက် ၅ မိုင် အတွင်းမှာ တည်ရှိသည်။

အစိုးရတပ်က KIO ဗဟိုဌာနချုပ်ကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် KIA လှုပ်ရှားတပ်ဖွဲ့၏ Nhkram Bum တောင်နှင့် ၎င်းအနီး Kagam Bum တောင် စခန်းများကို သိမ်းပိုက်ရန် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို ပြီးခဲ့အပတ်မှ စတင်ပြုလုပ် လာခြင်းဖြစ်သည်။

KIO ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးပြီး အစိုးရ၏ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် ယခင် စစ်အစိုးရ အဆက်ဆက် နည်းတူ ‘စစ်ရေး အရ ဖိအားပေးခြင်း’ သည် မည်သည့် အကျိုးမှ မရှိကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ ပြောပါသည်။ နိုင်ငံရေးအရ ဖြစ်သည့် ပြဿနာကို စစ်ရေးအရ မဟုတ်ပဲ ဆွေးနွေး ဖြေရှင်း ရမည်ဟု သူက ဆိုသည်။

တပ်မတော်နှင့် KIA ကြား နေ့စဉ် တိုက်ပွဲများသည် ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းနှင့် ဖားကန့်လမ်း ဘက်မှာ ဖြစ်ပွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ ဖြစ်ပွားနေပါသည်။

Kachin News Group
http://burmese.kachinnews.com



ဦးသန်းဌေး ။ ။ Photo - Ministry Of Energy
ရန်ကုန်၊ သြဂုတ် ၂၃ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် သည် ၎င်း၏ လက်ရှိ တာဝန်မှ အနားယူလိုက်ပြီဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ ယနေ့ ပြုလုပ်လျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးသန်းဌေး ကို ရွေးချယ်လိုက်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအုန်းမြင့်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ပါတီ ဒုတိယဥက္ကဋ္ဌ အဖြစ် မူလတာဝန်ယူခဲ့သူ ဦးဌေးဦးကိုလည်း တာဝန်မှ အနားပေးလိုက်ပြီး ၎င်း၏ နေရာတွင် ယခင်အစိုးရလက်ထက်က ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သူ ဦးမြတ်ဟိန်းကို ရွေးချယ်ခန့်အပ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသူ ဦးသန်းဌေးသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ဟောင်း အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန် အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ် ဥက္ကဋ္ဌနေရာ အများစုတွင် မူလလူဟောင်းများကို ပြန်လည် ရွေးချယ်ခန့် အပ်ခြင်း မပြုတော့ကြောင်း ယင်းပါတီထံမှသိရသည်။

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်သော ဦးသန်းဌေးကို တွေ့ရစဉ်(ဓာတ်ပုံ-USDP)
    ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

    သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပြီး ဦးသန်းဌေးအား ဥက္ကဋ္ဌအဖြစ် ယနေ့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ ဒုတိယနေ့တွင် ရွေးချယ် ခန့်အပ်လိုက်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။

ယခင် ပါတီ၏ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးတို့သည် ခေတ်ကာလနှင့် ကိုက်ညီသော၊ နိုင်ငံတော်အတွက် လိုအပ်ချက်နှင့် ကိုက်ညီသော လူငယ်များကို ရွေးချယ်နေရာပေးရန်အတွက် ရာထူးများမှ နှုတ်ထွက်ကာ ပါတီ နာယကများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီညီလာခံမှ ရွေးချယ်ခန့်အပ်လိုက်သော ပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး ၊ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးမြတ်ဟိန်း ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း ၊ အတွင်းရေးမှူးများအဖြစ် ဦးပိုက်ထွေး ၊ဦးသန်ထွန်း၊ ဦးကျော်ကျော်ဌေး ၊ဦးတင်အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်းနွယ် နှင့် ဦးခင်ရီ (စည်းကမ်းထိန်းသိမ်းရေးအဖွဲ့)၊ ဦးစိုးနိုင် (လုပ်ငန်းစိစစ်ရေးအဖွဲ့)တို့ကို ရွေးချယ်ခန့်အပ်လိုက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ပါတီဥက္ကဋ္ဌအသီးသီးကိုလည်း အသစ်ထပ်မံခန့်အပ် လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်လိုက်သော ဦးသန်းဌေးသည် ယခင် တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

 (Xinhua)
http://www.xinhuamyanmar.com

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီကျေးရွာဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှုရဲ့  တရားခံလို့  ရဲတပ်ဖွဲ့ က ယူဆရသူကို ဖမ်းဆီးလိုက်ပြီလို့ ရှမ်းပြည်နယ်ရဲ့ တပ်ဖွဲ့ ရဲမှူးကြီး ဦးအောင်အောင်က ပြောပါတယ်။

တရားခံလို့ ယူဆရသူဟာ အသက် (၅၆ ) နှစ်အရွယ် ဦးအိုက်မောင်ခေါ် ဦးတိုးမောင်ဖြစ်ပြီး လဲချားမြို့ မှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် အသတ်ခံရတဲ့ အသက် ၃၈နှစ်အရွယ်အမျိုးသမီးဟာ လည်းလဲချားမြို့ဇာတိဖြစ်ပြီး လူမူရေးအရ ညှိစွန်းခဲ့ကြဖူးတယ်လို့ရဲတပ်ဖွဲ့က တွေ့ရှိထားတယ်လို့သိရပါတယ်။
” ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ဖော်ထုတ်တဲ့ အချိန်ကစပြီး ၃၈ နာရီအကြာမှာ တရားခံကို ရသွားပါပြီ“ လို့  ရဲမှူးကြီး ဦးအောင်အောင်က ပြောပါတယ်။



တောင်ကြီးမြို့နယ်တောင်နီကျေးရွာနေ အသက်၃၈နှစ်အရွယ် အမျိုးသမီး၊သမီးဖြစ်သူ ၁၂နှစ်အရွယ် မိန်းကလေးငယ်နဲ့ တူဖြစ်တဲ့အသက် ၁၀နှစ် အရွယ် ကလေးတစ်ဦး စုစုပေါင်းသုံးဦးဟာ သူတို့ရဲ့နေအိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သြဂုတ်လ ၂၁ရက်နေ့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Author/ အေးအေးအောင်
Kumudra
https://www.facebook.com/newsKumudra


 ရခိုင်ဂေဇက် ၊သြဂုတ် ၂၃

ရသေ့တောင်မြို့နယ်တွင် ကုန်တန်းဈေးကျေးရွာမှ ရန်အောင်ပြင် အ.ထ.က(ခွဲ)ကျောင်းသို့သွားသည့် ကျောင်းကူးတို့မှာ သြဂုတ်လ ၁၉ ရက်နေ့ကနစ်မြုပ်ပြီးကျောင်းသူ(၄)ဦးအသက်ဆုံးရှုံးခဲ့ရသည့်အတွက် ယင်းကူးတို့လိုင်စင်အားပိတ်သိမ်းပြီးတရားစွဲဆိုသွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်ထွန်းကပြောသည်။

ဦးသက်ထွန်းက “အခုကူးတို့စက်လှေနစ်မြုပ်တာဟာလူမတန်တဆတင်ဆောင်ခဲ့လို့ပါ။ စက်လှေခံနိုင်ရည်အား မမျှတတဲ့အတွက် ပျဉ်ကြားအစပ်ကနေရေ၀င်ပြီးလှေနစ်မြုပ်ခဲ့တာပါ။အခုလိုစက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့လို့ ကျောင်းသူ (၄) ဦးအသက်ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်တို့ စက်လှေမြုပ်တဲ့နေ့ ကတည်းက လိုင်စင်ပိတ် သိမ်းလိုက်ပါပြီ။ လိုင်စင်စီကိုလည်းတရားစွဲဖို့ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

အဆိုပါကျောင်းကူးတို့လှေအား၂၀၁၅ခုနှစ်တွင် ကူးတို့လိုင်စင်စတင်ထုတ်ပေးခဲ့ကြောင်း၊ သတ်မှတ် ထားတဲ့စည်း မျဉ်းစည်းကမ်းများကိုလိုက်နာရန်အတွက်လည်းသဘောတူလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊သို့သော်လည်းလိုင် စင်စီများ မှာစည်းကမ်းလိုက် နာမှုအား နည်းကြောင်း၊ စည်ပင်မှသွားရောက် စစ်ဆေး သည့် အခါတွင် စည်းကမ်းများကိုလိုက်နာပြပြီး နောက်ကွယ်တွင်လိုက်နာမှုမရှိကြကြောင်း၊ ပြည်သူများမှလည်းထိုကဲ့သို့ အခြေ အနေမြင် တွေ့ပါက ဆက်သွယ် အကြောင်းကြားပေးပါရန်နှင့်စည်းကမ်းမလိုက်နာသူများအားထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းဦးသက်ထွန်းမှ ဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းကူးတို့လိုင်စင်စုစုပေါင်း၃၃၀ ခုရှိပြီး ၁၀သိန်းနှင့် အထက်ကူးတို့ များ အားအသက်ကယ်ဝတ်စုံ ၁၀ ခု၊ ၁၀သိန်းနှင့် အောက်ကူးတို့များအားအသက်ကယ်ဝတ်စုံ ၅ ခုနှုန်းဖြင့် စည်ပင်သာယာရေးရုံးမှ ဇူလိုင်လ ၁၀ ရက်နေ့က သတ်မှတ် ချပေး ထား ကြောင်းသိရသည်။

စက်လှေနစ်မြုပ်၍ ကျောင်းသားကျောင်းသူ(၁၇)ဦးအနက် (၁၃)ဦး အသက်ရှင်ခဲ့ပြီး ကျောင်းသူ (၄) ဦး ရေနစ် သေဆုံးခဲ့ရာ ကျောင်းသူ(၃)ဦး၏ အလောင်းအား သြဂုတ်လ (၂၀)ရက်နေ့က တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးအား သြဂုတ်လ (၂၁)နေ့တွင်တွေ့ရှိခဲ့သည်။သေဆုံးခဲ့သည့်ကျောင်းသူလေးဦးမှာ နဝမတန်းကျောင်းသူတစ်ဦး၊ သတ္တမတန်း ကျောင်းသူ တစ်ဦး၊ ပဉ္စမတန်းကျောင်းသူ နှစ်ဦး တို့ဖြစ်သည်။

စုမြတ်ဖြူ-
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal



( ကော်ဖီပင်များကို တွေ့ရစဉ် ) Photo: RFA
နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာအပြီး မြန်မာနိုင်ငံက ကော်ဖီစေ့ဟာ အမေရိကန်ပြည်ထောင်စု ဈေးကွက်ကို ရောက်ရှိသွားပါတယ်။ အမေရိကန်ပြည်ထောင်စု ဆီရယ်တဲလ်မြို့ကို မြန်မာနိုင်ငံက ၆၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကော်ဖီမှုန့်အထုတ် ၆၀၀ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာ့ ကော်ဖီကို တင်သွင်းသူ အဲလ်လာဂရို ကော်ဖီကုမ္ပဏီတာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံက ကော်ဖီကို အထူး ကော်ဖီအနေနဲ့ ရောင်းချသွားမယ်လို့ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က မြန်မာနိုင်ငံက ကော်ဖီကို အမေရိကန်ဈေးကွက်ထဲ တင်ပို့ဖူးပါတယ်။

သို့သော်လည်း အနည်းအကျဉ်းသာ ဖြစ်ပါတယ်။ အခုတင်ပို့တဲ့ ကော်ဖီဟာ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက အမေရိကန်အစိုးရ အေဂျင်စီ USAID က မြန်မာနိုင်ငံက ဘိန်းစိုက် တောင်သူတွေ ကော်ဖီစိုက်ဖို့ကူညီခဲ့တဲ့ နောက်ဆက်တွဲ အသီးအပွင့်ဖြစ်ပါတယ်။ USAID ဟာ ကော်ဖီစိုက်တောင်သူ တစ်ထောင်ကျော်နဲ့ မြေဧက ၂၅၀၀ မှာ စိုက်ပျိုးနေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

 IS တွေကို တူရကီ က ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား သူပုန် အဖွဲ့တွေက တိုက်ခိုက်ဖို့ ပြင်ဆင် နေ။
ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာ ရှိတဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS လက်နက်ကိုင်တွေ နဲ့၊ YPG လို့ ခေါ်တဲ့ ကာ့ဒ် မျိုးနွယ်စု လက်နက်ကိုင် တွေ ရဲ့ နေရာ တွေကို တူရကီ အစိုးရက လက်နက်ကြီး တွေ နဲ့ ပစ်ခတ် ခဲ့ပါတယ်။

ဂျရာ ဘလွတ်စ် နဲ့ မဲန်ဘစ်ဂ်ျ ဆိုတဲ့ ဆီးရီးယား မြို့တွေက ပစ်မှတ် တွေကို တူရကီ ဘက်ခြမ်း ကနေ ပစ်ခတ် ခဲ့တာပါ။

ဆီးရီးယား မြောက်ပိုင်း ဒေသဟာ IS ကင်းစင်နယ် မြေ ဖြစ်သင့်တယ် လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မယ်ဗလုထ် ချာဗူရှောလူးက အစောပိုင်းတုန်းက ပြောထားပါတယ်။

တူရကီ နဲ့ ဆီးရီးယား နှစ်နိုင်ငံ နယ်စပ် မှာ ရှိတဲ့ IS တွေကို တူရကီ က ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား သူပုန် အဖွဲ့တွေက တိုက်ခိုက်ဖို့ ပြင်ဆင် နေတယ် ဆိုတဲ့ သတင်းတွေ လည်း ရရှိ ထားပါတယ်။
အလက်ပ်ပို အခြေအနေဟာ နှိုင်းယှဉ် စရာ မရှိ လောက်အောင်ကို ဆိုးရွား နေပြီ။
တခါ၊ တိုက်ပွဲတွေ ပြင်းထန် နေတဲ့ ဆီးရီးယား မြို့ အလက်ပ်ပို က လူတွေ ရဲ့ အခြေအနေဟာ နှိုင်းယှဉ် စရာ မရှိ လောက်အောင်ကို ဆိုးရွား နေပြီလို့ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ် ကူညီရေး ဆိုင်ရာ အဖွဲ့ရဲ့ အကြီးအကဲ စတီဖင် အို ဘရိုင်ယန် က သတိပေး လိုက်ပါတယ်။

ဆေးရုံ တွေ ဗုံးကြဲ ခံနေရပြီး၊ လူတွေ နေထိုင် တဲ့ နေရာတွေဟာ အလယ်ခတ် သဖွယ် ပိတ်ဆို့ ခံထား နေရတဲ့ အဖြစ်ကို ကမ္ဘာကြီး အနေနဲ့ လျစ်လျူရှု ပစ်ပယ်ထားလို့ မရ နိုင်ဘူး လို့လည်း မစ္စတာ အိုဘရိုင်ယန်က ဆိုပါတယ်။

လူတွေ သိန်းချီ ပိတ်မိ နေကြတဲ့ အလက်ပ်ပို မြို့ ရှိရာဆီ လိုအပ်တဲ့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပို့ပေးနိုင်ဖို့ အနည်းဆုံး ၄၈ နာရီကြာ အပစ်ရပ် ထားရေးကို ဖြစ်မြောက်အောင် ဆောင်ကြဉ်း ပေးပါ ဆိုပြီး လုံခြုံကောင်စီ ထံ မစ္စတာ အိုဘရိုင်ယန် က တောင်းဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဆွီဒင်နိုင်ငံ ​အခြေစိုက် ​နာမည်ကြီး ​H&M ​ကုမ္ပဏီအတွက် ​အဝတ်အထည်ချုပ်ပေးနေတဲ့ ​မြန်မာနိုင်ငံက ​စက်ရုံတွေဟာ ​မြန်မာနိုင်ငံက ​အသက် ​၁၄ ​နှစ်အရွယ် ​ကလေးတွေကို ​တစ်ရက် ​၁၂ ​နာရီအထိ ​ခိုင်းစေတာမျိုး ​ရှိတယ်လို့ ​Guardian ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဖက်ရှင်လုပ်ငန်းမှာ ​ကျွန်ပြုခိုင်းစေမှုတွေ ​ရှိမရှိ ​အနောက်တိုင်းနိုင်ငံက ​အဖွဲ့အစည်းတွေက ​လေ့လာလေ့ရှိပြီး ​ဆွီဒင်ကလည်း ​သူတို့ရဲ့ ​တွေ့ရှိချက်တွေကို ​နောက်တပတ်အတွင်း ​ဖော်ပြဖို့ ​ရှိနေတာပါ။

Modeslavar ​ဒါမှမဟုတ် ​ဖက်ရှင်ရဲ့ကျွန်လို့ ​ဘာသာပြန်နိုင်တဲ့ ​စာအုပ်ကို ​ရေးသားတဲ့ ​စာရေးဆရာတွေကို ​ဇူးဇူးဆိုတဲ့ ​မြန်မာနိုင်ငံသားက ​အလုပ်လုပ်ချင်တဲ့ ​လူတိုင်းကို ​စက်ရုံက ​အလုပ်ခန့်တာဖြစ်ပြီး ​အဲဒီအထဲက ​တစ်ယောက်ကတော့ ​အသက် ​၁၄ ​နှစ်အောက် ​မိန်းကလေးငယ် ​ဖြစ်တယ်လို့ ​ပြောပြထားကြောင်း ​ဖော်ပြထားပါတယ်။

H&M ​ကုမ္ပဏီအတွက် ​ရန်ကုန်မြို့နားမှာ ​အခြေစိုက်တဲ့ ​Myanmar ​Century ​Liaoyuan ​Knitted ​Wear ​နဲ့ ​Myanmar ​Garment ​Wedge ​ဆိုတဲ့ ​စက်ရုံတွေက ​အထည်တွေ ​ချုပ်ပေးနေတာ ​ဖြစ်ပါတယ်။

အဲဒီစက်ရုံမှာ ​အသက် ​၁၅ ​နှစ်အရွယ် ​မိန်းကလေးငယ်တွေ ​ည ​၁၀ ​နာရီအထိ ​အလုပ်ခဲ့သူကိုလည်း ​စာအုပ်ရေးတဲ့ ​စာရေးဆရာတွေက ​တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ​နိုင်ငံတကာ ​ဥပဒေကို ​ချိုးဖောက်ရုံသာမက ​မြန်မာနိုင်ငံရဲ့ ​ဥပဒေကိုလည်း ​ချိုးဖောက်ရာ ​ရောက်တယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​ပြောဆိုချက်တွေကြောင့် ​H&M ​ကုမ္ပဏီကလည်း ​မြန်မာနိုင်ငံက ​ကုမ္ပဏီ ​နှစ်ခုကို ​ဆက်သွယ်ပြီး ​မေးမြန်းစုံစမ်းမှုတွေ ​လုပ်နေပြီလို့ ​တုန့်ပြန်ထားကြောင့် ​The ​Guardian ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ​စက်ရုံနှစ်ခုကိုလည်း ​ဆက်သွယ်ပေမယ့် ​နှစ်ခုစလုံးက ​ဘာတုန့်ပြန်မှုမှ ​ပြုလုပ်ခြင်း ​မရှိဘူးလို့လည်း ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



ဟားခါး သြဂုတ် ၂၂

ချင်းပြည်နယ်၌ ရွာသွန်းခဲ့သောမိုးကြောင့် ဟားခါးမြို့ ရုန်းတောင် တောင်ကျ ရေစီးဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက် ၅ နာရီဝန်းကျင်က ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင်တည်ရှိသော ရင်ခွဲရုံတစ်ခု ပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

အဆိုပါတောင်ကျရေကြောင့် မြေသားများ ရွေ့လျားကာ ဟားခါးဆေးရုံရင်ခွဲရုံ ပြိုကျပျက်စီးခဲ့ရပြီး ဟားခါးမြို့ မှန်တော်လမ်းရှိ ဟားခါးမြို့ ရဲတပ်ဖွဲ့လူပျိုဆောင်ဝန်းကျင် ရှိ မြေသားများ မြေပြိုမှုများဖြစ်ခဲ့သော်လည်း အဆိုပါလူပျိုဆောင်များ ပျက်စီးခြင်း မရှိခဲ့ပေ။
''ဒီနေ့မနက်မှာပဲ ကျွန်တော်တို့ ပြည်နယ်ပြည်သူ့ဆေးရုံဝင်းထဲက ရင်ခွဲရုံ ပြိုတာနဲ့ ပြည်နယ် ကြက်ခြေနီစေတနာလုပ်အားရှင်တွေ အချိန်နဲ့တစ်ပြေးညီ အကူအညီပေးနိုင်ဖို့ သွားရောက်ခဲ့တယ်။ ရင်ခွဲရုံကဆောက်လုပ်ဆဲ အသစ်မို့မည်သူမျှ မရှိဘူးလေ။ ဘာထိခိုက်မှုမှလည်းမရှိခဲ့ပါဘူး။ မိုးကတိတ်သွားတယ်။ တောင်ကျ ရေကတော့ဆက်လက်စီးဆင်းတယ်။ ရေလမ်းတစ်လျှောက် ဝဲ/ယာမှာရှိတဲ့ လူနေအိမ် တွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ တကယ်လို့ သဘာဝဘေးအန္တရာယ်ကြောင့် တစ်ခုခုဖြစ်ခဲ့ ရင်လည်း ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့က အကူအညီပေးဖို့ အသင့်ရှိနေပါတယ်''ဟု ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အထောက်အကူပြု အရာရှိ ကျဲအိုလျန်ကျုံးက ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် အများပြည်သူတို့အတွက် ရှေးဦး ပြုစုခြင်းနည်းပညာများ ဖြန့်ဝေပေးနေသည့်အပြင် သဘာဝဘေးအန္တရာယ်များ ကြောင့် စိတ်ဒုက္ခခံစားနေကြရမည့် အများပြည်သူတို့အား အချိန်နှင့်တစ်ပြေးညီ အကူအညီများပေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့များ (National Disaster Response Team) ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အဖွဲ့ (Emergency Response Team)များကိုစနစ်တကျ လေ့ကျင့်သင်ကြားပေး လျက် အများပြည်သူတို့အား အကူအညီများပေးရန် အသင့်ရှိနေပြီဖြစ်သည်။

 သို့ဖြစ် ရာ အများပြည်သူတို့အနေနှင့် သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ကူညီနိုင်ရန် သတင်းများပေးပို့ခြင်းဖြင့်လည်းကောင်း မိမိတို့လှူဒါန်းလိုသော အလှူငွေပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသို့ ပေးပို့
လှူဒါန်းခြင်းဖြင့် လည်းကောင်း အကူအညီပေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုးဦး(မန္တလေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/



စစ်ကိုင်း သြဂုတ် ၂၂

စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံ ငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံးကို တာဝန်ရှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သြဂုတ် ၂၁ ရက် နံနက် ၁ဝ နာရီက သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်စိစစ်သိမ်းဆည်းခဲ့ကြသည်။

စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော် ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည်ကျဆင်းသွားသဖြင့် ရေ၌ မျောပါလာသည့် ဘူးသီး ခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3 Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ကျောပိုးအိတ်တစ်လုံးအား တွေ့ရှိ၍ မသင်္ကာဖွယ် ပစ္စည်းများပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ခဲ့သည်။

စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်တို့က သွားရောက် ကြည့်ရှုစစ်ဆေးကြရာ အဆိုပါ ကျောပိုးအိတ်အတွင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်လျက် OT - 536 / 2005 MG-I တံဆိပ်ပါ အစိမ်းရောင်လက်ပစ်ဗုံး ငါးလုံးနှင့် ပလတ်စတစ်ကော်ဘူးနှင့် ထည့်ထားသည့် စနက်တံ ငါးခုတို့ကို တွေ့ရှိ သဖြင့် သက်သေများရှေ့၌ သိမ်းဆည်းခဲ့ပြီး တွေ့ရှိပစ္စည်းများအား မွန်းလွဲ ၂ နာရီတွင် နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း သိရသည်။

မျိုးဝင်း(စစ်ကိုင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ (MOI)
အိန္ဒိယအရှေ့မြောက်ဘက် ဒေသတခွင်မှာ လှုပ်ရှားနေတယ်ဆိုတဲ့ စစ်သွေးကြွတွေဟာ မြန်မာနိုင်ငံပိုင် နယ်နမိတ်အတွင်း အခြေစိုက်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက် သူတွေကို မြန်မာနိုင်ငံရဲ့ပိုင်နက် နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း မြန်မာအစိုးရက တနင်္လာနေ့မှာ အာမခံချက်ကပေးလိုက်ပါတယ်။

ဒီလိုအာမခံချက်ကို မြန်မာနိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ရောက်ရှိနေတဲ့ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီး Sushma Swaraj နဲ့ တွေ့ဆုံချိန်မှာ ပေးခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သတင်းမီဒီယာ တွေမှာ ဖေါ်ပြထားပါတယ်။

သူပုန်တွေအနေနဲ့ မြန်မာပိုင် နယ်နမိတ်အတွင်းကနေ လှုပ်ရှားနေတာကို သဘောတူ ထောက်ခံခြင်းမရှိကြောင်း ပြောဆိုလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ စစ်တပ်ဟာ Nationalist Socialist Council of Nagaland (NSCN) အဖွဲ့ရဲ့ Khaplang အဖွဲ့ခွဲကို တိုက်ခိုက်ဖို့အတွက် မြန်မာနယ်နမိတ်အတွင်း ၀င်ရောက်ခဲ့ရတယ် ဆိုတဲ့သတင်းကို The Idian Express သတင်းစာမှာ တနင်္ဂနွေနေ့က ဖေါ်ပြခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံဘက်က အာမခံချက် ပေးလိုက်တာဖြစ်ပါတယ်။

အန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း တခြား NSCN အဖွဲ့ခွဲတခုနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 

ဧရာဝတီမြစ်ပေါ် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကို လူအများစုက အာရုံစိုက်နေချိန်တွင် မြန်မာအစိုးရက သံလွင်မြစ်ရေကာတာအား မြစ်ဆုံအစား လုပ်ပိုင်ခွင့် ပေးလိုက်မည် ကို အလွန်စိုးရိမ်ကြောင်း ရှမ်းလူမှု အဖွဲ့အစည်းများက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြောညာလိုက်သည်။

တရုတ်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေးခရီးစဉ် မသွားရောက်မီ အစိုးရက လျှပ်စစ်စွမ်းအင် ဖြည့်တင်းရေးအတွက် ရေကာတာများ တည်ဆောက်ရန် အစိုးရ ရက် ၁၀၀ သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားထားမှုများလည်း ရှိသည်။ ရေကာတာများကို တရုတ်နိုင်ငံက တည်ဆောက်မည်ဖြစ်ပြီး ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများက ယူဆောင်သွားမည်ဖြစ်သည်ဟု ရှမ်းလူထုအဖွဲ့အစည်းက ထုတ်ပြန်သည်။

“သံလွင်မြစ်ရေကာတာကို မြစ်ဆုံအစားထိုးလိုက်မှာ ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်။ ကြေညာချက် ထုတ်ပြန်တာ အဓိက ရည်ရွယ်ချက်က လတ်တလော တည်ဆောက်နေတဲ့ သံလွင်မြစ်ပေါ် မှာ တည်ဆောက်နေတဲ့ ရေကာတာ အားလုံးကို ရပ်ဖို့ပဲ” ဟု ရှမ်းလူထုအဖွဲ့အစည်းမှ ကိုစိုင်းခေးဆိုင်က The Ladies သို့ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်က ရှမ်းလူထုအဖွဲ့အစည်းများ စုစည်းကာ ဒေါ်အောင်ဆန်းစုကြည်ထံ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများအားလုံး ရပ်တန့်ထားရန် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့ပြီးဖြစ်သည်။ ရှမ်းလူထုများက တန်ဖိုးမဖြတ်နိုင်သည့် သံလွင်မြစ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းနေ တိုင်းရင်းသား ပြည်သူ လူထုအမြောက်အမြား မှီခိုအားထားနေသော မြစ်တစ်စင်းဖြစ်သည့်အပြင် ရေကာတာများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကြီးအကျယ် ထိခိုက်မည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအစိုးရပိုင် တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီသည် လွန်ခဲ့သော လအနည်းငယ်အတွင်းက မဂ္ဂါဝပ် ၁၂၀၀ ထွက်မည့် ရှမ်းပြည်နယ်အတွင်း ရေကာတာတစ်ခုဖြစ်သည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖာရေကာတာ တည်ဆောက်ရန် ဦးတည်နေသည်။ နောင်ဖာရေကာတာသည် လက်နက်ကိုင်အဖွဲ့အစည်းများ အများစုဝန်းရံလျှက်ရှိသော ဒေသတစ်ခုဖြစ်သလို အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏတိုက်ပွဲ ဖြစ်ရာ ဒေသလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနစ်က နောင်ဖာဒေသအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်များနှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ 

နောင်ဖာရေကာတာ သတင်း ထွက်ပေါ်စဉ် တန့်ယန်းမြို့နယ် ကျေးရွာ အုပ်စု ၉ စုမှ ဒေသခံလူထုနှင့် လူထုကိုယ်စားလှယ်များ (၂၅၀) ဦးခန့်က သြဂုတ်လ ၅ ရက်နေ့တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ နောင်ဖာရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် SNLD မှလွတ်တော် ကိုယ်စားလှယ် ဦးဆောင်ပါဝင်ခဲ့သည်။ သြဂုတ်လ ၂၁ ရက်နေ့တွင် ဟိုပန်၊ ကွန်လုံ၊ တန့်ယန်း၊ လားရှိုး၊ သိန္နီမှ ရပ်ရွာ လူထုခေါင်းဆောင် အသီးသီး ၆၀ ဦးခန့်နှင့် SNLD လွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့သည် နောင်ဖာရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသာ ရရှိမည့် အရှေ့တောင်အာရှ အကြီးဆုံးရေကာတာ ဖြစ်လာဖွယ်ရှိသော မိုင်းတုံ ရေအားလျှပ်စစ်နှင့် ရေကာတာ စီမံကိန်းကိုလည်း ဒေသခံများမှ ကန့်ကွက်လျက် ရှိနေသည်။

The Ladies News

http://www.theladiesnewsjournal.com/news/tue-2016-08-23-1320/3069

 

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် နိုင်ငံရေးကိစ္စရပ်အပြင် အရေးကြီးသည့် အခြားကိစ္စရပ်တစ်ခုမှာ စီးပွားရေးဖြစ်သည်။ စွမ်းအင်ကဏ္ဍကဲ့သို့ နှစ်နိုင်ငံဘုံအကျိုးစီးပွား ရှိသည့် ကဏ္ဍများစွာရှိနေသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လျှပ်စစ်ထုတ်လုပ်မှု ပိုလျှံသဖြင့် မြန်မာနိုင်ငံသို့ ရောင်းချခြင်းပြုလုပ်နိုင်ဖွယ်ရှိသည်ဟု တရုတ်သတင်းဌာနများက ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုင်းစနစ် အားနည်းခြင်းကဲ့သို့သော ကိစ္စရပ်များမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍဖြစ်ပြီး တရုတ်နိုင်ငံရေးနှင့် စီးပွားရေး အပြန်အလှန် ဆက်ဆံမှု မြှင့်တင်ရန် ထိုကဲ့သို့ အခြေခံ အဆောက်အအုံကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လာရှိပါက တရုတ်က လျှပ်စစ်မီးနှင့် အခြေခံ အဆောက်အအုံများအား ကုန်ကျစရိတ် သက်သာရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဟု ဆိုသည်။

ထိုလုပ်ငန်းများက မြန်မာနိုင်ငံအား တရုတ်နှင့် ပိုမိုနီးကပ်သွားစေပြီး ဒေသတွင်း စီးပွားရေးကွန်ရက်မှာ တရုတ်အတွက် အနာဂတ်တွင် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှု ဖြစ်စေနိုင်သည်။ သို့သော်  ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံခြားရေး မူဝါဒတွင် ယခင်အစဉ်အလာအတိုင်း ဘက်မလိုက်ဝါဒကို ကျင့်သုံးမည်ဟု တရုတ်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းတွင် အလုပ်အကိုင်နေရာများ ဖန်တီးရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေးမှာ ဦးစားပေး ကိစ္စရပ်များဖြစ်သည်ဟု ပြောကြားထားသည်။ မြန်မာနိုင်ငံအား ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရာတွင် တရုတ်နှင့် အခြား အရှေ့အာရှ နိုင်ငံများကဲ့သို့ ပို့ကုန်ဦးစားပေး မူဝါဒကို လက်ခံကျင့်သုံးမည့်အစား ကွဲပြားခြားနားသည့် မူဝါဒကို အသုံးပြုသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြုထားသည်။

“စီးပွားရေးဖွံ့ဖြိုးဖို့ အထည်ချုပ်စက်ရုံတွေ ဆောက်ရမယ်ဆိုတဲ့ အတွေးမျိုး အခုထိ တွေးနေတဲ့လူတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ ၂၀ ရာစု မှာ နေနေလားလို့တောင် တစ်ခါတလေ အံ့သြမိပါတယ်။ အခု ၂၁ ရာစု ရောက်နေပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံမှ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

KHTun

The Ladies News



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ်။ Photo: RFA
မြန်မာအစိုးရသစ်က ဦးဆောင်ကျင်ပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ကိုယ်တိုင်တက်ရောက်မယ်လို့ နိုင်ငံတော်သမ္မရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က AFP သတင်းဌာနကို ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။

ကျနော်တို့ သူကို ဖိတ်ထားပါတယ် ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။ မစ္စတာဘန်ကီးမွန်း ညီလာခံတက်မယ့်အကြောင်း ကရင်အမျိုးသားအစည်းအရုံး KNUက ပဒိုစောကွယ်ထူးဝင်း ကလည်း အတည်ပြုပြောပါတယ်။  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင်တက်ရောက်ပြီး အမှာစကားပြောကြား မှာဖြစ်ပေမယ့် ညီလာခံကျင်းပတဲ့ကာလအတွင်း ဘယ်နေ့လဲဆိုတာတော့ မသိရသေးဘူးလို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်တာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို နိုင်ငံတကာက ထောက်ခံလာအောင် အားပေးရာရောက်တယ်လို့လည်း သတင်းမှာ ဖော်ပြထားတယ်။

ဒီညီလာခံမှာ အရင်အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေလည်း ပထမဆုံးအကြိမ်အနေနဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေဟာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဆွေးနွေးခွင့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

၅ ရက်ကြာကျင်းပမယ့် ညီလာခံ ကို အခုလကုန်သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပဖို့ ကြေညာထားပါတယ်။

BBC Burmese
http://www.rfa.org/burmese



 ဈေးနေ့မှာ ဈေးမထွက် တာက စလို့ သတိထားမိ ခဲ့
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရွှေညောင် အပိုင် ရပ်စောက် လမ်းခွဲ က တောင်နီ ရွာမှာ မိသားစုဝင် သုံးဦး စလုံး အသတ်ခံ ရတဲ့ သုံးလောင်းပြိုင် လူသတ်မှု တခု ဖြစ်ပွားခဲ့ ပါတယ်။

တောင်ကြီးမြို့နဲ့ မိုင် ၃၀ လောက် ဝေးတဲ့ ဒီ တောင်နီရွာ လူသတ် မှုမှာ အသတ်ခံ ရသူတွေဟာ အမျိုး သမီး တစ်ဦး နဲ့ ကလေး နှစ်ဦး ဖြစ်ပါ တယ်။

မင်္ဂလာဒုံ မှာ ဖြစ်တဲ့ လေးလောင်းပြိုင် လူသတ်မှုနဲ့ ရက်ပိုင်း လောက်ပဲ ကွာပြီး၊ အသတ် ခံရသူတွေ ဟာ မုန်းဝန်း တရုတ်တွေ ဖြစ်တယ် လို့ ဒေသခံ တွေက ပြောပါတယ်။

အသတ်ခံရ တယ်လို့ ယူဆ ရတဲ့ ညက မိုးတွေ သည်းသည်း မဲမဲ ရွာနေလို့ ပတ်ဝန်းကျင်က သတိ မထားမိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအမျိုး သမီးဟာ ဆန်ခေါက်ဆွဲ ရောင်းတဲ့ သူဖြစ်ပြီး ဈေးနေ့မှာ ဈေးမထွက် တာက စလို့ သတိထားမိ ခဲ့တာလို့ တောင်နီ ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးလှသော် က ပြောပါတယ်။

အသတ် ခံရတဲ့ သူ ၃ ယောက် စလုံး၊ လည်ပင်းကို ဓားနဲ့ လှီးဖြတ် သတ်ထား တဲ့ ဒဏ်ရာ မျိုး တွေ့ရ ပြီး အခုတော့ အလောင်းတွေကို တောင်ကြီး စပ်စံထွန်း ရင်ကွဲရုံ မှာ စစ်ဆေး မှုတွေ ပြုလုပ် နေပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ မှူး အပါ အဝင် ရဲတပ်ဖွဲ့ ဝင်တွေ ကတော့ တောင်နီ ရွာကို လာပြီး စုံစမ်း စစ်ဆေးမှု တွေ လုပ်နေ ပါတယ်။

ဒီလို ကလေးငယ်တွေ အပါ အဝင် မိသားစု ဝင်တွေ အခုလို အသတ်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး လူအများ စိုးရိမ် မှုတွေ ရှိကြ သလို ရဲတပ်ဖွဲ့ ဘက်က တရားခံ ဖော်ထုတ် ပေးဖို့ ကိုလည်း အထူး စိတ်ဝင်စား နေကြ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီလဆန်းပိုင်း ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေမှာ လူ ၂၀ ထက်မနည်း ပါဝင်ခဲ့ကြောင်း ဒီကနေ့ ဘန်ကောက်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

လတ်တလောမှာတော့ ဘယ်လိုတိုက်ခိုက်ခဲ့တယ်၊ သံသယရှိသူတွေ ဘယ်ကလာပြီး၊ ဘယ်ကိုသွားတယ် ဆိုတာတွေကို စုံစမ်းနေဆဲဖြစ်ပြီး၊ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဒေသ ၇ ခုမှာ လူ ၂၀ လောက် ပူးပေါင်းကြံစည်ခဲ့တဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ Jakthip Chaijinda က ပြောဆိုခဲ့တာပါ။ လူ ၄ ဦး သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ သြဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ တိုက်ခိုက်မှုတွေအတွက် ဘယ်သူကမှတော့ သူတို့လက်ချက်ဆိုပြီး အခုအချိန်အထိ ကြေညာတာမျိုးတော့ မရှိသေးပါဘူး။ စစ်တပ်က ကျောထောက်နောက်ခံပေး ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုမှာ ပြည်ပက အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုထားကြတာပါ။ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲကတော့ သံသယရှိသူတွေ အားလုံးနီးပါးဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေ ဖြစ်ကြပြီး၊ ပြစ်မှုကျုးလွန်ဖူးတဲ့ နောက်ကြောင်း ရာဇ၀င်မရှိတာကြောင့် စုံစမ်းဖော်ထုတ်ရာမှာ အခက်အခဲရှိနေတယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ မူဆလင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်ကစလို့ ပေါ်ပေါက်နေတဲ့ ပုန်ကန်မှုတွေနဲ့ အခုတိုက်ခိုက်မှုတွေဟာ ဆက်နွယ်မှု ရှိမရှိ ဆိုတာကိုလည်း အတည်မပြုနိုင်သေးကြောင်း ရဲချုပ်က ပြောဆိုခဲ့ပါတယ်။
VOA Burmese News

 21panglong-committee-620.jpg "ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ" ပထမအစည်းအဝေး ကျင်းပရေးပူးတွဲကော်မတီရဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NRPC ရုံးမှာ သြဂုတ်လ ၂၂ ရက်နေ့ကပြုလုပ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေးပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦးတို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ရန်ကုန်မြို့ NRPC ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၊ အပစ်ရပ် လက်မှတ် ထိုးထားတဲ့အဖွဲ့တွေ ၊ DPN ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးကနေ ညီလာခံ ပူးတွဲကျင်းပရေးကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပူးတွဲကျင်းပရေးကော်မတီ ဥက္ကဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဆောင်ရွက်မှာဖြစ်တယ်လို့ ပူးတွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

"ညီလာခံကျင်းပရေး ပူးတွဲကော်မတီကို ဖွဲ့စည်းလိုက်နိုင်ပါတယ်။ ဒါကတော့ လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၈ဖွဲ့မှာ တစ်ဦးစီပေါ့လေ။ ပြီးရင် DPN ဘက်မှာ DPN က ၇ဖွဲ့ရှိတော့ တစ်ဖွဲ့ တစ်ဦးစီ ၇ဦးပေါ့။ ပြီးတော့ မိုင်းလားက တစ်ဦးဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာ ၁၆ ဦးရှိတာပေါ့။ အဲ့လိုပဲ အစိုးရဘက်မှာလည်း ၁၆ ဦးကို ရွေးချယ်ပြီးတော့ နိုင်ငံရေးပါတီ အစုအဖွဲ့မှာပဲ ၁၆ ဦးဆိုတော့ ဒီညီလာခံ ကျင်းပရေးပူးတွဲကော်မတီကို ၄၈ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပြီးတော့ structure အရ ဆိုရင်တော့ ဥက္ကဌတစ်ယောက်ထားပါတယ်။ အဲဒါ ကတော့ ၀န်ကြီးဦးကျော်တင့်ဆွေ ပါ။ ဒုဥက္ကဌ ၃ယောက် ထားပါတယ်။ ပဒိုကွယ်ထူးဝင်းရယ်၊ ဒေါက်တာ တင်မျိုးဝင်း နဲ့ နောက်ပြီး နိုင်ငံရေးပါတီဘက်က ဦးသုဝေဖြစ်ပါတယ်။ အတွင်းရေးမှူးအနေနဲ့က အစိုးရဘက်က ဦးခင်ဇော်ဦးပါ၊ နိုင်ငံရေးပါတီဘက်က ကျွန်တော် စိုင်းကျော်ညွန့်ဖြစ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဘက်က DPN က တစ်ယောက်ဖြစ်ပါတယ်။ DPN ကတော့ နာမည်စာရင်း မပေးသေးပါဘူး။ ဖွဲ့စည်းမှု အရကတော့ သဘောတူညီပြီးသားဖြစ်ပါတယ်"

လက်ရှိ အချိန်အထိ မပြီးပြတ်သေးတဲ့ နိုင်ငံရေး ဆွေနွေးပွဲဆိုင်ရာ မူဘောင်ညှိနှိုင်းမှုတွေကိုတော့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပပြီးတဲ့အချိန်မှသာ ဆက်လက်ညှိနှိုင်းရမှာဖြစ်ပါတယ်။

ဒါ့အပြင် ညီလာခံကျင်းပတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က တင်ပြထားတဲ့ ၃ ပွင့်ဆိုင်ပုံစံနဲ့ NCA စာချုပ်မှာ ပါဝင်တဲ့ ၇ ပွင့်ဆိုင်စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့လည်း စိုင်းကျော်ညွန့် က ပြောပါတယ်။

လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ညီလာခံကျင်းပရေးအတွက် အသေးစိတ်အချက်အလက်တွေကို ညီလာခံ ပူးတွဲကျင်းပရေးကော်မတီ က ထပ်မံဆွေးနွေးသွားမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်ရေးအတွက် AA၊ TNLA နဲ့ MNDAA ကိုးကန့်အဖွဲ့တွေနဲ့ အစိုးရတို့ ထပ်မံညှိနှိုင်း ဖို့လိုဦးမယ်လို့ စိုင်းကျော်ညွန့် က ပြောပါတယ်။

ရွေးကောက်ပွဲ အနိုင်မရတဲ့ ပါတီတွေဘက်က တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ် ၅ ဦးကို မနက်ဖြန် သြဂုတ်လ ၂၃ ရက်နေ့မှာ ရွေးချယ်မှာဖြစ်ပါတယ်။

DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှာ ပါဝင်မယ့် UNFC အဖွဲ့က ကိုယ်စားလှယ်ဦးရေနဲ့ နာမည်စာရင်းကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ တင်ပြသွားမယ်
RFA

ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့တွေ့ဆုံ။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည် တရုတ်သမ္မတနဲ့တွေ့ဆုံ။ သြဂုတ် ၁၉၊ ၂၀၁၆။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မကြာခန ဝေဖန်ခံရလေ့ရှိတဲ့ တရုတ်နိုင်ငံမှာ တိဘက်နဲ့ ရှင်ကျန်းဒေသ အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို နားလည်ထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒကို လက်ကိုင်ထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ အခုလို ထူးထူးခြားခြား ပြောဆိုခဲ့တဲ့အပေါ် မြန်မာ့အရေး ကျွမ်းကျင်သူ ဦးမင်းဇင်ရဲ့ သဘောထားကို ကိုအောင်လွင်ဦး က ဆက်သွယ် မေးမြန်းရာမှာတော့ သူက အခုလို စပြောပြပါတယ်။

“ကိုမင်းဇင်။ ။ တရုတ်မြန်မာချစ်ကြည်ရေးနဲ့ ပတ်သက်ပြီးပေါ့နော် ဒီတရုတ်ပြည်ဆိုတာကလည်း အင်အားကြီးနိုင်ငံဖြစ်တဲ့အခါကျတော့ အင်အားကြီးနိုင်ငံဘေးမှာနေရတဲ့နိုင်ငံ ၊ ကိုယ်တိုင်ကလည်း ခုနကပြောတဲ့ ပြည်တွင်းစစ်အပါအ၀င် အခက်အခဲများစွာကြုံရတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ရှိတဲ့အစိုးရ အဆက်ဆက်ဟာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရော ၊ န၀တ၊ နအဖ စစ်အစိုးရအဆက်ဆက်အားလုံးဟာ တရုတ်ပြည်နဲ့ဆက်ဆံရင် အထိုက်အလျောက်တော့ ကျနော်တို့ ဆက်ဆံတာတွေ့ရပါတယ်။ ဒါကတော့ လက်တွေ့နိုင်ငံခြားရေးမူဝါဒလို့ ပြောရမယ်ထင်ပါတယ် လက်တွေ့နိုင်ငံရေးမူဝါဒလို့ ပြောရမယ်ထင်ပါတယ်။

ဒါပေမယ့်လည်း အရင်အစိုးရအဆက်ဆက်မှာကတော့ အားလုံးက တရုတ်ပြည်တပြည်ထဲရှိတယ်ဆိုတာမျိုး အခိုင်အမာပြောခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်လည်း တိဘက်တို့ ရှင်ကျန်းတို့နဲ့ ပတ်သက်ပြီးးတော့ စာနာ နားလည်ထောက်ခံပါတယ် ဆိုတဲ့သဘောမျိုးအထိတော့ ထင်ထင်ရှားရှားပေါ့နော် တရားဝင်ပြောတာမျိုး ကျနော်တို့ မကြားမိပါဘူး။

ဒါကတော့ အခုဒေါ်အောင်ဆန်းစုကြည်ပြောတာ ပထမဦးဆုံးအကြိမ်ဖြစ်မယ်ထင်ပါတယ်။ အဲလိုပြောတာကလည်း တရုတ်အစိုးရကပဲ တိုက်တွန်းလို့လား ဒါမှမဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပဲ လုပ်သင့်တယ်ထင်လို့ပြောတာလားဆိုတာကတော့ အခုအချိန်အထိ ကျနော်တို့ သဲသဲကွဲကွဲနားမလည်နိုင်သေးပါဘူး။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့ ဆိုတော့ ဒီလိုအခု ပြောဆိုခြင်းအားဖြင့် တကယ်တော့ တိဘက်တို့ ရှင်ကျန်းတို့ကိစ္စတွေက ဒီနိုင်ငံတကာ လူ့အခွင့်အရေး ကိစ္စတွေမှာ အဓိက ကိစ္စအဖြစ်နဲ့ ထောက်ပြစရာအမြဲတမ်းဖြစ်နေတယ်ဆိုတော့ ဒီကိစ္စတွေမှာ မြန်မာနိုင်ငံကထောက်ခံတယ်ဆိုတဲ့ သဘောထားမျိုးသွားပြောလိုက်တယ် ဆိုတော့ နိုင်ငံခြားရေးမူဝါဒတွေမှာကော ရှုပ်ထွေးမှုတွေ တစုံတရာရှိလာနိုင်သလား ကိုမင်းဇင်သဘောထားပြောပါဦး။

ကိုမင်းဇင်။ ။ နိုင်ငံခြားရေးမူဝါဒဆိုတာ ၂ ပိုင်းပေါ့။ ၁ ပိုင်းကတော့ လက်တွေ့နိုင်ငံရေးပေါ့ Real Politic အမျိုးသားအကျိုးစီးပွားပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်တပိုင်းကတော့ ဒီနေ့ခေတ်နောက်ပိုင်းမှာ လူ့အခွင့်အရေးတို့ ၊ ဒီမိုကရေစီတို့နဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ကျယ်ကျယ်လောင်လောင်ပြောဆိုလာတာတွေရှိပါတယ်။ ကျနော်တို့မြန်မာနိုင်ငံကိုယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေခံရတယ် ၊ဒီမိုကရေစီဖျက်သိမ်းမှုတွေ ကြုံရတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နေအိမ်အကျယ်ချုပ်ကာလမှာ မကြာခန နိုင်ငံတကာကို တောင်းဆိုတာ ဘာလဲဆိုတော့ ‘သင်တို့လွတ်လပ်ခွင့်ကိုသုံးပြီးတော့ ကျနော်တို့လွတ်လပ်ခွင့်ကို မြင့်တင်ပေးပါလို့’ သူကိုယ်တိုင် တောင်းဆိုတာတွေရှိပါတယ်။

အခုအချိန်အထိလည်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်ရောက်ဖို့အတွက်၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကူညီပါ ဆိုပြီးတော့ တကမ္ဘာလုံးကို တောင်းဆိုနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်နိုင်ငံခြားရေးမူဝါဒကို ချမှတ်တဲ့အခါမှာလည်း လက်တွေ့နိုင်ငံရေး တဘက်က အမျိုးသားအကျိုးစီးပွားကို ပြောဆိုလုပ်သလို ၊ တဘက်ကလည်း လူ့အခွင့်အရေး နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ဘယ်လောက်အထိ ထိန်းညှိနိုင်မလဲဆိုတာကလဲ သိမ်မွေ့တဲ့ မဇ္စျိမပဋိပဋာ လုပ်မယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ နိုင်ငံတကာအလယ်မှာ သိက္ခာရှိမှာဖြစ်ပါတယ်။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့ ကိုမင်းဇင် ကျေးဇူးပါ။”

သြဂုတ် ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာတော့ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ထပ်လောင်း ကတိပြုခဲ့ကြသလို၊ နိုင်ငံခြားရေးရာ မူဝါဒတွေမှာတော့ မြန်မာနိုင်ငံအစိုးရက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုကြောင်းနဲ့ ထိုင်ဝမ်၊ တိဘက်၊ ရှင်းကျန်းဒေသ အရေးကိစ္စတွေမှာလည်း တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို နားလည်ထောက်ခံကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

VOA Burmese News

 အိန္ဒိယ-မြန်မာနယ်စပ် တိုက်ပွဲဖြစ်ပွားရာနေရာများ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အိန္ဒိယ-မြန်မာနယ်စပ် တိုက်ပွဲဖြစ်ပွားရာနေရာများ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ပြီးခဲ့တဲ့အပတ် သောကြာနေ့က အိန္ဒိယ-မြန်မာနယ်စပ် မြန်မာပြည် နယ်နိမိတ်အတွင်းမှာ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာမဟုတ်ဘူးလို့ မြန်မာ့ တပ်မတော်ဘက်ကတော့ တရားဝင် ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယ၊ မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားအဖွဲ့အစည်းတွေက တော့ သြဂုတ်လ ၁၉ရက်နေ့က မြန်မာပိုင်နက်ထဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုနေပါတယ်။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

သြဂုတ်လ ၁၉ရက်နေ့က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ မြန်မာပြည်နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဘက်က ငြင်းဆန်ပေမယ့် လည်း အိန္ဒိယ- မြန်မာနယ်စပ်မှာ နေထိုင်တဲ့ နာဂတိုင်းရင်းသားတွေကတော့ မြန်မာစစ်တပ်ဘက်က ငြင်းဆန် သလိုမဟုတ်ဘဲ တကယ်ပဲတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အိန္ဒိယ- မြန်မာနယ်စပ်မှာရှိတဲ့နာဂပြည်သူ့အဖွဲ့က ဦးနူရီး ခေါ် ဦးစောစက အခုလိုပြောပြပါတယ်။

“ဒါကိုတော့ သူတို့ကတော့ အဖြစ်အပျက်အမှန်ကို မပြောချင်လို့ဖြစ်ပါလိမ့်မယ်။အဲဒါကို ကျနော်တို့ ဘာမှ ထွေထွေထူးထူးမပြောချင်ဘူး ဒါပေမယ့် ဖြစ်တာအမှန်လို့တော့ ကျနော်တို့သိရပါတယ်။ အိန္ဒိယတပ်က NSCN-K အဖွဲ့နဲ့ ၀င်ပြီးတော့တိုက်တာ အတည်ပြုပြီးတော့ NSCN-K ကပြောခဲ့တာရှိပါတယ်။ ဆိုတော့ တိုက်ပွဲတွေဖြစ်ခဲ့တာကတော့ အမှန်ပဲ အခုတော့ ရပ်သွားတဲ့သဘောရှိပါတယ်။ NSCN-K ထွက်ဆိုချက်အရကတော့ အိန္ဒိယတပ်ဘက်လည်း ဒဏ်ရာရသွားတယ်လို့ပြောတယ်။”

မြန်မာ့တပ်မတော်ဘက်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်း မှန်ကန်မှုမရှိဘူးလို့ တရားဝင်သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမယ့် အိန္ဒိယ စစ်တပ်နဲ့ NSCN-K တို့ မြန်မာနယ်နိမိတ်အတွင်းထိ ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေကို ကိုကားပြီး အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ တဖက်နိုင်ငံအစိုးရကို နှောင့်ယှက် ဖျက်ဆီးတဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမဆို အခြေချခွင့်မပြုကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း နယ် စပ် ကင်းလှည့်မှုတွေကို လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယစစ်တပ်နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ သြဂုတ်လ ၁၉ရက်နေ့က မြန်မာပြည်ဘက်အခြမ်း နာဂ ဒေသအတွင်းက ယမ်းကြုံးကျေးရွာနဲ့ ရွှေလော ကျေးရွာနဲ့ နယ်စပ်မှာရှိတဲ့ ထွေးလော်ရွာတို့မှာ တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေ ဘက်ကပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီတော့ တပ်မတော်ဘက်က NSCN-K နဲ့အိန္ဒိယတပ်ကြား မြန်မာနယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ ငြင်းဆန်တယ်လို့ နာဂအမျိုးသားရေးရာကောင်စီက ဦးနော်အောင်ဆန်းက ယူဆပြောဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ ဘာမှသုံးသပ်ချက်မပေးလိုဘူးလေ။ ဒါပေမယ့် ခုနပြောသလို မြန်မာပြည်ရဲ့ နယ်နမိတ် မှာဖြစ်တဲ့အခါမှာ ကျနော်ကတော့ မှန်ကန်တာကိုပဲလိုချင်တယ်ပေါ့ဗျာ။ ခုနပြောတဲ့ ၂ နိုင်ငံဆက်ဆံရေးအပေါ်မှာအခြေခံပြီးတော့ သူတို့ထုတ်ပြန်တဲ့အနေအထားမျိုးလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တာကတော့ ဘာလဲဆိုတော့ ဒီမှန်ကန်တဲ့ သတင်းအပေါ်မှာအခြေခံပြီးတော့ ပြောဆိုတာမျိုးကိုပဲ ကျနော်တို့ အဓိကဖြစ်စေချင်တာပါ။”

မိုင်ပေါင်း ၁၂၀၀နီးပါး ရှည်လျားတဲ့ အိန္ဒိယ- မြန်မာနယ်စပ်မှာ အရင်က နာဂလက်နက်ကိုင်တပ်ဖွဲ့နဲ့ အိန္ဒိယ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့မြန်မာ့တပ်မတော်ဘက်က အခုလို ငြင်းဆန်ခဲ့ဖူးပါတယ်။ နာဂသူပုန်တွေကို မြန်မာဖက်က လက်ခံထားတယ်ဆိုတယ်ဆိုပြီး အိန္ဒိယအာဏာပိုင်တွေ ဖက်က စွပ်စွဲမှုတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။
VOA Burmese News

လူသားရင်းမြစ်ကို Human Resource လို့ ခေါ်သလို၊ သဘာဝရင်းမြစ်တွေကို Natural Resources လို့ ခေါ်ကြတာ အများသိပြီးသား ဖြစ်မှာပါ။ အဲဒီမှာ အရည်အသွေးမြင့် လူသားရင်းမြစ်ဆိုတာ လူအများသိကြတာက ဥာဏစွမ်းအားရှိတဲ့ ပညာတတ်တွေ ဥပမာ - ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘာသာရပ်တွေမှာ အထူးကျွမ်းကျင် တတ်မြောက်တဲ့သူတွေလို့ သိထားကြပါတယ်။ အမှန်တော့ မြန်မာပြည်မှာ လူအတော်များများ သိထား နားလည်ထားတာက ပညာတတ်တွေကသာ အရည်အသွေးရှိတဲ့ လူသားရင်းမြစ်တွေ ဖြစ်တယ်၊ ပညာတတ်မှာသာ အောင်မြင်နိုင်မယ် ဆိုတဲ့ အတွေးအခေါ်မှားပါ။

အမှန်တော့ အရည်အသွေးမြင့် ဆိုတဲ့နေရာမှာ ဉာဏ်ရည်ကောင်းသူတွေမှ မဟုတ်ပါဘူး၊ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းတဲ့ သူတွေကိုလည်း အရည်အသွေးမြင့် လူသားရင်းမြစ်တွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ အကောင်းဆုံး ဥပမာပေးရရင် ထူးချွန်တဲ့ အားကစားသမားတယောက် ဖြစ်ခဲ့ရင် အဲဒီလူဟာ အရည်အသွေးမြင့် လူသားရင်းမြစ်ပါပဲ။ ဘယ်လောက် ဆင်းရဲတဲ့နိုင်ငံက လူဖြစ်ပါစေ ထူးချွန်တဲ့ အားကစားသမားတယောက်ကို ဈေးကြီးပေးခေါ်ယူတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား ရှိပါတယ်။

အဓိက လိုအပ်တာက ဒီလို ကာယဉာဏ အရည်အသွေးမြင့် လူသားရင်းမြစ်တွေကို ဘယ်လို ထုတ်လုပ်ကြမလဲ ဆိုတာပါပဲ။ သဘာဝရင်းမြစ် ဆိုတာတွေက ထုတ်ရင်းထုတ်ရင်းနဲ့ တဖြည်းဖြည်း လုံးပါးပါးသွားပေမယ့် လူသား ရင်းမြစ်တွေကတော့ မပျောက်ကွယ်တဲ့အပြင် စနစ်တကျ ပြုစုပျိုးထောင်ပေးရင် ပွားများတိုးပွား လာနိုင်ပါတယ်။ တိုင်းပြည်တစ်ခုမှာ သဘာဝရင်းမြစ် ဘယ်လောက် ကြွယ်ဝကြွယ်ဝ တိုးတက်ဖွံ့ဖြိုး မလာတဲ့အပြင် အဲဒီ သဘာဝရင်းမြစ်တွေကို အာဏာ ရှိသူတွေ၊ လက်နက်ကိုင် အဖွဲ့တွေက မိမိတို့ကိုယ်ကျိုးအတွက် စားခွက်လုကြရင်း ပြည်တွင်းစစ်တွေဖြစ်၊ စစ်အာဏာ သိမ်းမှုတွေဖြစ်ပြီး တိုင်းပြည်ဟာ ပြည်တွင်းစစ်တွေကြောင့် လက်နက်ကိုင် အာဏာယူထားတဲ့ အာဏာရှင်တွေကြောင့် ပိုမိုမွဲတေသွားပြီး ဆင်းရဲတွင်းနက် သွားခဲ့ကြတဲ့ တိုင်းပြည်တွေ ကမ္ဘာပေါ်မှာ အများအပြား ရှိနေခဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာကို သဘာဝရင်းမြစ် ကျိန်စာသင့်ခြင်းလို့လည်း ခေါ်ကြပါတယ်။ ဥပမာ - ဂျပန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို ကြည့်ရင် သဘာဝရင်းမြစ်မရှိပေမယ့် အရည်အသွေးမြင့် လူသားရင်းမြစ်တွေ ရှိတဲ့အတွက် ချမ်းသာကြွယ်ဝနေတာ တွေ့ရမှာပါ။ ဒီအချက်က ဘာကိုပြသလဲဆိုတော့ တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုမှာ အရည်အသွေးမြင့် လူသားရင်းမြစ်တွေက အဓိကကျတယ်ဆိုတာပါပဲ။

ဒါကြောင့် မြန်မာပြည်က အုပ်ချုပ်သူလူတန်းစားတွေ အနေနဲ့ သဘာဝရင်းမြစ်တွေ ထုတ်ရောင်းဖို့လောက်သာ စိတ်ဝင်စား မနေကြဘဲ အရည်အသွေးမြင့် လူသားရင်းမြစ်တွေ ထုတ်လုပ်ဖို့ရန် အခုအချိန်က စတင်ပေါ်လစီချပြီး လုပ်သင့်နေပြီဖြစ်လို့ ဒီဆောင်းပါးကို ရေးပြီး အသိပေးလိုက်ခြင်း ဖြစ်ပါတယ်။ အရည်အသွေးမြင့် လူသားရင်းမြစ်တွေကို စတင်ထုတ်လုပ်ဖို့ ပေါ်လစီချပြီး လုပ်ကိုင်မယ်ဆိုရင် စီးပွားရေး လုပ်တာနဲ့အလားတူ ချိန်ထိုးယူရပါတယ်။ စီးပွားရေးအရ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်တော့မယ် ဆိုရင် ကုန်ကြမ်းတွေ လိုပါတယ်။ ကုန်ကြမ်းတွေ ရှိနေပြီဆိုရင် စက်ရုံဆောက်ဖို့ လိုပါတယ်။ စက်ရုံဆောက်ပြီးရင် ကုန်ကြမ်းတွေကို ကုန်ချောတွေ ဖြစ်အောင်လုပ်မယ့် စက်တွေလိုပါတယ်။ ထွက်လာတဲ့ ကုန်ချောတွေထဲမှာ အရည်အသွေးကို စစ်ဆေးပြီး အရည်အသွေး မကောင်းရင် ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးခေါ်ပြီး အရည်အသွေးတက်အောင် လုပ်ပေးနိုင်တဲ့ အင်ဂျင်နီယာတွေ လိုပါတယ်။ အဲဒီလို စနစ်တကျ လုပ်တဲ့အခါ အရည်အသွေးကောင်းတဲ့ ထွက်ကုန်တွေကို ထုတ်လုပ်လာနိုင်သလို အရည်အသွေးမြင့် လူသားရင်းမြစ်တွေကို ထုတ်လုပ်တဲ့အခါမှာလည်း ကုန်ကြမ်းအဖြစ် လူသားကလေးလေးတွေ လိုပါတယ်။ အဲဒီကုန်ကြမ်းလေးတွေကို ကုန်ချောတွေဖြစ်လာအောင် အဆင့်ဆင့် အချောသတ် လုပ်ဆောင်ပေးမယ့် စက်ရုံဆိုတဲ့ကျောင်းတွေ လိုပါတယ်။ အဲဒီကျောင်းတွေမှာ ဒီကလေးတွေ လိုအပ်တာနှစ်ခုကို တပ်ဆင်ပေးရပါတယ်။
အဲဒီတပ်ဆင်မှုတွေကတော့ ကိုယ်ခန္ဓာ သန်စွမ်းစေဖို့ ကာယဗလ လေ့ကျင့်ခန်းတွေလုပ်ခြင်းနဲ့ စာပေ သင်ကြားပေးပြီး တွေးခေါ်စဉ်းစားနိုင်တဲ့ ဉာဏဗလဖွံ့ဖြိုး တိုးတက်လာဖို့ ဖြစ်ပါတယ်။ သန်စွမ်းမှုမရှိ ကျန်းမာရေး မကောင်းတဲ့ ကလေးဟာ စာပေသင်ကြားရာမှာဖြစ်ဖြစ်၊ အားကစား လုပ်ရာမှာဖြစ်ဖြစ် အားသွန်ခွန်စိုက် မလုပ်နိုင်ပါဘူး။ ကလေးကုန်ကြမ်းတွေထဲမှာ ဉာဏအားမကောင်းပေမယ့် ကာယ အားကောင်းတဲ့ ကလေးတွေကို ခွဲထုတ်ပြီး အပြေးသန်သူကို အပြေးလေ့ကျင့်ပေးခြင်း၊ ဘောလုံးကန်တော်သူကို ဘောလုံးကစားဖို့ အားသွန်ခွန်စိုက် သင်ပေးခြင်း၊ လက်ဝှေ့တော်သူကို လက်ဝှေ့ဆရာနဲ့ စနစ်တကျ သင်ပေးခြင်း၊ ရေကူးသန်သူကို ရေကူးနိုင်တဲ့ အခြေအနေ ဖန်တီးပေးခြင်းတွေကို သူတို့လေးတွေ အသက် ငါးနှစ် မှ ခုနစ်နှစ် အတွင်းမှ စတင်ပြီး လူသားရင်းမြစ်တွေကို ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။ တချို့ကလေးတွေက ဉာဏ်ကောင်းသလို အားကစားမှာလည်း ထူးချွန်တဲ့ စွယ်စုံရသူတွေလည်း ရှိပါတယ်။ အားကစားလုပ်ရင်း ကျန်းမာရေးကောင်းလာပြီး ဉာဏ်ရည် တိုးတက်လာတဲ့ ကလေးတွေ အများအပြား ရှိပါတယ်။

ကာယဗလဆရာတွေက ကျောင်းနေစဉ် ကလေးတွေကို ဘယ်သူက ဘယ်အားကစားမှာ ထူးချွန်တယ်ဆိုတာ လေ့လာပြီး ကလေးတွေ ဝါသနာပါရာ အားကစားကို အားပေးလေ့ကျင့် ပေးရပါတယ်။ အဲဒီလို ကာယဗလ ဆရာတွေက သင်ကြားပေးနိုင်ဖို့ အားကစားကွင်းတွေ လိုပါတယ်။ ရေကူးကန်တွေ လိုပါတယ်။ ကျောင်းတိုင်းမှာ ရေကူးကန် မထားနိုင်ရင်တောင် အဲဒီမြို့နယ်တိုင်းမှာ ကလေးတွေအတွက် ရေကူးကန်တွေ အားကစားရုံတွေ ထားပေးဖို့ လိုပါတယ်၊ ထို့အတူ ဘောလုံးကွင်းတွေ၊ မထားနိုင်ရင်တောင် အနည်းဆုံး ကျောင်းတိုင်းမှာ ဘတ်စကက်ဘော၊ ဘော်လီဘောကွင်းတွေ ရှိဖို့လိုပါတယ်။ ကလေးလူငယ်တွေတင် မဟုတ် ခွေးပေါက်လေးတွေ၊ သမင်ပေါက်လေးတွေ၊ နွားပေါက်လေးတွေ အားလုံးဟာ ငယ်စဉ် ခုန်ပေါက် ပြေးလွှား ကစားလေ့ ရှိကြပါတယ်။ ဘာကြောင့် ဒီလိုကလေးတွေက ပြေးလွှားဆော့ကစား ချင်ကြတာလဲဆိုတာကို သေချာစူးစမ်းကြည့်ရင် သူတို့ ခန္ဓာကိုယ် သန်စွမ်းလာအောင် သူတို့ကြွက်သားတွေ သန်မာလာအောင် သဘာဝရဲ့ နိုးဆော်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝအရ ပြေးလွှားခုန်ပေါက်ချင်နေတဲ့ ကလေးတွေကို သဘာဝကျကျ မထားဘဲ ဘာအားကစားကွင်းမှ မရှိတဲ့ ကျောင်းတွေမှာထားပြီး ညောင်းညာနေတဲ့အထိ စာတွေကိုသာ သင်ကြားပေးနေတဲ့ မြန်မာပြည်မှာ အားကစားထူးချွန်ပြီး ကမ္ဘာမှာအောင်မြင်တဲ့ အားကစားသမား တစ်ယောက်မှ ထွက်မလာတာ မထူးဆန်းပါဘူး။

အမေရိကန်နိုင်ငံမှာ အထက်တန်းအောင်ဖို့ ရေမကူးတတ်ရင် မရပါဘူး။ ရေကူးတာဟာ စာမေးပွဲ အောင်မြင်ဖို့ အတွက် သင်ကြားတတ်မြောက်ရမယ့် ဘာသာရပ်တခု ဖြစ်ပါတယ်။ အရေးပေါ် ကိစ္စတွေဖြစ်တဲ့ ရေကြီးတာတွေ၊ မတော်တဆ ရေထဲကျသွားခဲ့ရင် ဒီအတတ်ပညာဟာ အသက်ကိုကယ်တင်နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း သူငယ်တန်းကအစ အထက်တန်းအထိ အားကစားကွင်းတွေ ကျောင်းတိုင်းလိုလိုမှာ အကျယ်ကြီး ပေးထားတာပါ။ ကလေးတွေဟာ သူတို့ကျောင်းချိန်အတွင်း အားကစားလုပ်ရတဲ့အချိန် သီးသန့်ရှိပြီး ကျောင်းပြီးရင်လည်း သူတို့ရပ်ကွက် အားကစားရုံတွေမှာ သွားပြီး ကြိုက်နှစ်သက်ရာ အားကစားကို လုပ်ရင်း သူငယ်ချင်းတွေနဲ့ အိမ်စာကို အတူတကွ ကျက်မှတ်ပြီးနေတာ နမူနာ ယူစရာပါ။ ကိုယ်ကြိုက်တဲ့ အားကစားကို လုပ်ရတဲ့အပြင် အိမ်စာပါပြီးအောင် လုပ်ကြလို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် သဘောမျိုးပါ။ ဒါကြောင့် လတ်တလော ကျင်းပပြီးစီးသွားတဲ့ ဘရာဇီးနိုင်ငံက ၂၀၁၆ ခုနှစ် ရီယို အိုလံပစ်မှာ ကျွန်းနိုင်ငံလေး ဖြစ်ပေမယ့် ဂျပန်အားကစားသမားတွေဟာ ရွှေ ၁၂ ခု၊ ငွေ ၈ ခု၊ ကြေး ၂၁ ခု ရရှိခဲ့တာဟာ အစိုးရက တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက် အားကစားဟာ အဓိကမောင်းနှင်အား တစ်ခုဖြစ်တယ်ဆိုတာ သိတဲ့အတွက် အားပေးထားလို့ပါပဲ။ ဒီအားကစားသမားတွေ တိုင်းပြည်ပြန်လာရင်လည်း သူတို့ကို သူတို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းကနေ ရွှေရသူကို ဒေါ်လာ ငါးသိန်း၊ ငွေရသူကို ဒေါ်လာ နှစ်သိန်း၊ ကြေးရသူကို ဒေါ်လာ ငါးသောင်း ဆုပေးကြပြန်ပါတယ်။ အဲဒီအပြင် တီဗီတွေမှာ စီးပွားရေး ကုမ္ပဏီတွေက သူတို့ပစ္စည်းတွေကို ကြော်ငြာပေးဖို့ ကြော်ငြာခအဖြစ် ဒေါ်လာသန်းနဲ့ ချီပေးကြပြန်ပါတယ်။ ဘောလုံး ထူးချွန်တဲ့ အားကစားသမားတွေကို ဥရောပအသင်းတွေက ဒေါ်လာသန်းနဲ့ချီပေးပြီး ဝယ်ယူနေတာကို မြန်မာဘောလုံး ပရိသတ် သိပြီးဖြစ်ပါတယ်။ ဒါကြောင့် အားကစားထူးချွန်ရင်လည်း အောင်မြင်တဲ့သူ ချမ်းသာကြွယ်ဝသူ ဖြစ်နိုင်ပါတယ်။ ဂျပန်နိုင်ငံဟာ ၁၉၆၀ ကျော်နှစ်များက ဘောလုံးပညာ မတတ်ကျွမ်းတာကြောင့် မြန်မာဘောလုံး နည်းပြဆရာကို ငှားရမ်း သင်ယူခဲ့ရတယ် ဆိုတာကို သတိရသင့်ပါတယ်။ မြန်မာတွေဟာ ဇရှိတဲ့သူတွေပါ။ ငယ်စဉ်ကစပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးဖို့သာ လိုပါတယ်။ စာတော်မှ ဒေါက်တာဘွဲ့တွေရမှ မဟုတ်ပါဘူး။ အားကစားကို တစိုက်မတ်မတ် လုပ်ပေမယ့် ထိပ်တန်း မရောက်တဲ့ အားကစားသမားတွေဟာလည်း သူတို့လုပ်ဆောင်ချက်တွေ အလဟသ၁ မဖြစ်ပါဘူး။ အဲဒီလူတွေဟာ သူတို့ကျွမ်းကျင်တဲ့ အားကစားပညာနဲ့ အထက်တန်းကျောင်းတွေ တက္ကသိုလ်တွေမှာ နည်းပြဆရာတွေဖြစ်လာပြီး အလုပ်အကိုင် ရရှိကြပါတယ်။ ဒါကြောင့် ဘယ်အရာမဆို ကျွမ်းကျင်လိမ္မာဖို့ပဲ လိုတာပါ။ စာတော်မှ၊ ဉာဏ်ကောင်းမှ မဟုတ်ပါဘူး။

မြန်မာတွေဟာ ကြွေးကြော်တာ အလွန်တော်ပါတယ်။ အရင်စစ်အစိုးရ လက်ထက်က “မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်” တို့ “တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရမည်” တို့၊ “တစ်မျိုးသားလုံး စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး” တို့၊ “နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး” တို့၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” စသည်တို့ဟာ လက်တွေ့မပါတဲ့ ကြွေးကြော်သံများသာ ဖြစ်ကြောင်း ပကတိ အဖြစ်အပျက်များက သက်သေပြသ နေပါတယ်။

ဒါ့ကြောင့် ကာယဗလ တိုးတက်ဖွံ့ဖြိုးလာအောင် -

၁။ ကျောင်းအားကစားကွင်းတွေ ဖန်တီးပေးခြင်း။

၂။ ကျောင်းတိုင်းတွင် အားကစားနည်းပြ ဆရာများကို ခန့်ထား၍ စနစ်တကျ အားကစားကို ပြုလုပ်စေခြင်း။

၃။ ကျောင်းပေါင်းစုံ အားကစားပွဲများကို သူငယ်တန်း၊ အလယ်တန်း၊ အထက်တန်း တက္ကသိုလ်အဆင့်ဆင့် နှစ်စဉ် ကျင်းပပေးခြင်း။

၎။ ထူးချွန်တဲ့ အားကစားသမားများကို ငယ်စဉ်မှစ၍ နွေရာသီ ကျောင်းပိတ်ရက်တိုင်း စနစ်တကျ စခန်းသွင်းပြီး အဆင့်မြင့် လေ့ကျင့်သင်ကြားပေးခြင်းကို အစိုးရအားကစားရေးရာ ဝန်ကြီးဌာနက ပြုလုပ်ပေးခြင်းတို့ဖြင့် ကာယဗလပိုင်းဆိုင်ရာ အရည်အသွေးမြင့် လူသားရင်းမြစ်များကို မွေးထုတ်နိုင်ရန် စတင်ပြုလုပ်သင့်ပါတယ်။

ဉာဏဗလပိုင်းဆိုင်ရာ လူသားရင်းမြစ်များ ထွက်ပေါ်လာရေးမှာလည်း အလွန်အရေးကြီးပါတယ်။ ဒီအပိုင်းမှာ အဓိက သင်ကြားမှုစနစ်နဲ့ သင်ကြားပေးသူတို့က အဓိကကျပါတယ်။

၁။ စာသင်ခန်းများတွင် ကျောင်းသားဆရာ မျှတစွာရှိရေး။ (ဆရာတစ်ယောက်မှာ အလွန်ဆုံး ကျောင်းသား သုံးဆယ်ထက် မပိုသော အတန်းဖြစ်ရန် လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေးချို့တဲ့မှုအရ လေးဆယ်ခန့်အထိ ထားနိုင်မယ်လို့ ထင်ပါတယ်။)

၂။ သင်ကြားသောဆရာသည် အရည်အချင်း ပြည့်မီရေး။

၃။ ပညာရေး သင်ထောက်ကူပစ္စည်း လုံလောက်စွာ ရှိရေး။

၎။ နှုတ်တိုက်ကြက်တူရွေး သင်ကြားမှုမှ အပြန်အလှန် ဆွေးနွေးသင်ကြားမှုမျိုးကို ဦးတည်သည့် သင်ကြားမှုမျိုးဖြစ်ရေး။

၅။ ခေတ်မီနည်းစနစ်များကို အချိန်နှင့်အမျှ သင်ရိုးညွှန်းတန်းများတွင် ထည့်သွင်းပေးနိုင်ရေး။

၆။ ပြောင်းလဲလာသော ခေတ်နှင့်အညီ အွန်လိုင်းသင်ကြားမှုများ၊ လေ့လာလိုသည့် ဘာသာရပ်များကို အွန်လိုင်းတွင် ရှာဖွေလေ့လာနိုင်သည့် အခွင့်အလမ်းများကို ပေးရေး။

၇။ မသင်မနေရပညာရေးစနစ်ဖြင့် အထက်တန်းကျောင်းအထိ အခမဲ့ပညာသင်ကြားရေးစနစ်ကို ကြိုးစားကျင့်သုံးပေးရေး။

၈။ ကျောင်းဆရာများကို ပြင်ပကျူရှင်ပေး၍ အပိုဝင်ငွေရှာခြင်း မလုပ်ရန် လစာကို လုံလောက်စွာပေးရေး။

၉။ ကွန်ပျူတာခန်းများတွင် ကျောင်းသားများ လုံလောက်စွာ အသုံးပြုနိုင်သည့် ကွန်ပျူတာ အရေအတွက်ရှိပြီး အွန်လိုင်း အင်တာနက် ဆက်သွယ်မှုကို ကျောင်းသားများအတွက် အခမဲ့ပေးထားရေး။

၁၀။ ကျောင်းတိုင်းတွင် စာကြည့်တိုက်များ ထားရှိပေးပြီး လေ့လာရန် စာအုပ်စာတမ်းများကို စုံလင်နိုင်သမျှ ထားပေးသည့်အပြင် မိမိ ကျောင်းတွင် မရှိသည့်စာအုပ်ကို လေ့လာချင်ပါက ကျောင်းမှတာဝန်ခံ၍ ငှားပေးသည့်စနစ် ရှိရေး။

၁၁။ ကျောင်းသားများ အလဲအလှယ်ပြုလုပ်ခြင်း သင်ကြားခြင်းအစီအစဉ် (Student Exchange Program) ဖြင့် နိုင်ငံတကာ ကျောင်းများနှင့် ကျောင်းသားချင်း အလဲအလှယ် ပြုလုပ်သင်ကြားစေခြင်းဖြင့် နိုင်ငံတကာ ဗဟုသုတကို ရရှိစေရေး။

၁၂။ နွေရာသီကျောင်းပိတ်ရက် အတွင်း ဌာနဆိုင်ရာရုံးနှင့် လွှတ်တော်တို့တွင် ကျောင်းသားများကို မိမိလေ့လာလိုသော ဌာနများတွင် အကူများ (internship) အဖြစ် ဝင်ရောက်ကူညီ လုပ်ကိုင်စေခြင်းဖြင့် မိမိမည်သည့်အလုပ်ကို စိတ်ဝင်စားမှု ရှိသည်ကို သိရှိပြီး တိုးတက်ကြီးပွားစေရေး အစရှိတဲ့ အရေးကိစ္စတွေကိုလည်း လုပ်ဆောင်ပေးရပါမယ်။

ဒါမှ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေကနေ ကမ္ဘာ့အဆင့်မီ ထူးချွန်တဲ့ အားကစားသမားတွေ ပေါ်ထွက်လာနိုင်သလို၊ တက္ကသိုလ် ကောလိပ်တွေကလည်း ကမ္ဘာ့ခေတ်မီပညာရေးကို ရင်ပေါင်တန်းနိုင်တဲ့ ပညာတတ်တွေလည်း ပေါ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။

ထွန်းအောင်ကျော် ( ၇၄ မျိုးဆက် )
The Ladies News

 dr-hlamoe-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး သြဂုတ်လ ၂၂ ရက်နေ့က အဆိုတင်သွင်းနေစဉ်
Photo: Win Naung Toe/ RFA

တိုင်းနဲ့ ပြည်နယ်တွေမှာ အသစ်ခန့်အပ်မယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေအတွက် ပေး ရမယ့် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေ ဟာများနေတာကြောင့် ပြန်လည်သုံးသပ်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒေါက်တာလှမိုးက အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကိုစိစစ်သုံးစွဲနေရတဲ့အချိန်မှာ ဒီလစဉ်ချီးမြှင့်ငွေအတွက် ကျခံရမယ့်ငွေ ဟာ နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေဟာလည်း အမြဲတမ်း အချိန်ပြည့်တာဝန်ပေးအပ်ရန် မလိုအပ်ပါဘူး၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျမှ လုပ်ငန်းလိုအပ်ချက်အရ ကာလတစ်ခု သတ်မှတ် ဖွဲ့စည်းပြီး လစဉ်ချီးမြှင့်ငွေပေးအပ်မယ်ဆိုရင် ပိုမိုသင့်တော်တယ်ဆိုတာ သိသာထင်ရှားပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ် ကနေ အောက်ခြေအဆင့်ထိ ၀န်ထမ်းအင်အား စုစုပေါင်း (၂၀၀၀) နှစ်ထောင်နီးပါးအတွက် ၁ နှစ်စာ ချီးမြှင့်ငွေ မှာ ငွေကျပ် ၄ ဘီလီယံနီးပါး ကုန်ကျနေကြောင်း ဒေါက်တာလှမိုးက ပြောခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေ၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုတို့ အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ခေါ်ယူထားပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ခန့်အပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေအတွက် တစ်နှစ်ကို ငွေကျပ် ဘီလီယံ ၅၀ ကုန်ကျမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေအတွက် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ၃ နှစ်နီးပါးအတွက် လျာထားသတ်မှတ်ထားတာကို ပြန်လည်သုံးသပ်သင့်ကြောင်း အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က ထောက်ခံခဲ့ပါတယ်။ အဲ့ဒီအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အသီးသီးအတွက် စုစုပေါင်းအသုံးစရိတ်မှာ ငွေကျပ် ၃၈ ဘီလီယံနီးပါးသာ ကုန်ကျခဲ့ကြောင်း ဒေါက်တာ လှမိုးက ပြောပါတယ်။
RFA

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ (MOI)

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ (MOI)
မြန်မာနိုင်ငံကို ၁ ရက်ကြာ ခရီးစဉ် ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဦးဆောင်တဲ့ နိုင်ငံခြားရေးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပညာရေး ကျန်းမာရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက်ကိုထက်အောင် သတင်းပေးပို့ထားတာပါ။
အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဟာ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်နဲ့ အခြားနိုင်ငံခြားရေးအရာရှိတွေကို ဦးဆောင်လာရောက်တာဖြစ်ပြီး၊ ဒီအဖွဲ့ဟာ NLD အစိုးရသစ် တက်ပြီးနောက်ပိုင်း အိန္ဒိယဘက်က အဆင့်မြင့်ဆုံးကိုယ်စားလှယ်အဖွဲ့လို့ ဆိုနိုင်ပါတယ်။ မကြာသေးခင်ပဲ တရုတ်ပြည်ကမှ ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံဖြစ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါ်အေးအေးစိုးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ ပညာရေးတို့ ကျန်းမာရေးတို့၊ ကျောင်းတို့ဆေးရုံတို့အကြောင်းပြောတယ်။ လမ်းပန်းဆက်သွယ်ရေးပြောတယ် ကုန်သွယ်ရေအကြောင်းပြောတယ် Trade ပြောတယ် အဲဒါ ၂ နိုင်ငံကြားမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရင်ကောင်းတယ်၊ ဘာတွေကပိုပြီးတော့ Immediate effective ဖြစ်တယ်။ စသဖြင့် အပြန်အလှန်အမြင်ချင်းဖလှယ်ပြီးတော့ အဲဒီကိစ္စတွေအဓိကထားဆွေးနွေးသွားပါတယ်။”
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဦးဆောင်းတဲ့ နိုင်ငံခြားရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင်ကတော့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ သမ္မတအိမ်တော်မှာပဲ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံစဉ်မှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြင့်ဖို့၊ ပို့ဆောင်ရေး ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ပဲစိုက်တောင်သူတွေအတွက် အိန္ဒိယနိုင်ငံက နည်းပညာအကူအညီပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာသမ္မတရုံးက ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ အိန္ဒိယာအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခိုင်မာဖို့နဲ့ လူမှုစီးပွားဖွံဖြိုးရေးအတွက် လိုအပ်သလို အကူအညီပေးမယ်ဖို့ အဆင်သင့်ရှိတဲ့အကြောင်း အိန္ဒိယ ပြည်ပဆက်ဆံရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီသဘောထားကို အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နဲ့ အိန္ဒိယသမ္မတ Pranab Mukherjee တို့က အိန္ဒိယ ပြည်ပရေးရာဝန်ကြီးကတဆင့် မြန်မာတာဝန်ရှိသူတွေထံ စကားပါးလိုက်တာလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာတာဝန်ရှိသူတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံချိန်မှာ ဒေသတွင်း လုံခြုံရေးကိစ္စ ၊ အထူးသဖြင့် နယ်စပ်က အိန္ဒိယသူပုန်တွေကိစ္စကိုလည်း အိန္ဒိယဘက်က ဆွေးနွေးလိမ့်မယ်လို့ အိန္ဒိယသတင်းတွေက ခန့်မှန်းရေးသားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အပြီးမှာပဲ၊ အိန္ဒိယဘက်က အဆင့်မြင့်ခေါင်းဆောင်တဦး မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တရားဝင်ဖိတ်ကြားချက်အရ မြန်မာသမ္မတဦးထင်ကျော်အနေနဲ့ အခုလာမယ့် သြဂုတ်လကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် အဲဒီခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမပါဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
VOA Burmese News


ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

မြန်မာနိုင်ငံအနေနဲ့ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံတော်ခရီးစဉ်အတွင်း ဘေဂျင်းမြို့တော်မှာ ပြောဆိုသွားပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ငါးရက်ကြာ ခရီးစဉ်အတွင်း ပြီးခဲ့တဲ့သောကြာနေ့က Diaoyutai နိုင်ငံတော် ဧည့်ဂေဟာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မြန်မာ့ နိုင်ငံခြားရေးမူဝါဒအကြောင်း တရုတ် CCTV သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာအစိုးရသစ်အနေနဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း အစဉ်အဆက် ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်သလို၊ ကမ္ဘာတ၀ှမ်း နိုင်ငံတွေအကြား ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာ နေထိုင်သွားဖို့ မျှော်လင့်တယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုသွားပါတယ်။

“ကျမတို့နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား၊ တရုတ်နဲ့ တခြားနိုင်ငံတွေအကြား၊ ကျမတို့နိုင်ငံနဲ့ တခြား နိုင်ငံတွေအကြား ကမ္ဘာတ၀ှမ်းမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်သွားဖို့ဟာ ကျမတို့အားလုံးရဲ့ မျှော်လင့်ချက်လို့ ထင်ပါတယ်။ ကျမတို့ ဒါကို တကယ်ပဲ မျှော်လင့်ပါတယ်။ ဒါမှသာ ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းပြီး တည်ငြိမ်မှုရှိအောင် ကျမတို့ လုပ်ဆောင်နိုင်ပါ လိမ့်မယ်။”

၅ ရက်ကြာ တရုတ် နိုင်ငံတော်ခရီးစဉ်အတွင်း ပြီးခဲ့တဲ့သောကြာနေ့က ဘေဂျင်းမြို့တော်မှာရှိတဲ့ Diaoyutai နိုင်ငံတော် ဧည့်ဂေဟာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားတာပါ။ ပြီးခဲ့တဲ့ ဧပြီလက သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ့်အကြောင်းနဲ့ ရိုးသားမှုကိုအခြေခံပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ဆက်ဆံသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ကျင့်သုံးလာခဲ့တဲ့ မူဝါဒပါ။ ဒါကြောင့် ဒါဟာ ကျမတို့အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ တိုင်းပြည်ထဲမှာ အခြေအနေ အတက်အကျတွေ အများအပြား ရှိခဲ့တဲ့တိုင်အောင် မတူညီတဲ့အစိုးရ အဆက်ဆက်ကတော့ ဒီ ဘက်မလိုက်မူဝါဒကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ပိုပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်တဲ့ အစိုးရရှိခဲ့သလို၊ သိပ် အောင်အောင်မြင်မြင် မကျင့်သုံးနိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အစဉ်အဆက်ကျင့်သုံးလာတဲ့ ဒီမူဝါဒကို ကျမတို့ အောင်အောင်မြင်မြင်နဲ့ ဆက်ပြီး ကျင့်သုံးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံတခုဖြစ်သလို၊ မြန်မာနိုင်ငံတွင်း အဓိက ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ “Belt and Road Initiative” လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေးကို တရုတ်က အလေးပေး ဆောင်ရွက်နေပြီး မြန်မာအစိုးရအနေနဲ့ ဒီကြိုးပမ်းမှုကို ထောက်ခံခြင်းအားဖြင့် တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာအောင်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာမှာလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မယ့် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ရရှိစေမှာဖြစ်ပါတယ်။

“တရုတ်နိုင်ငံနဲ့ ပတ်သက်လို့တော့ - ကျမတို့ဟာ တရုတ်နိုင်ငံတခုတည်းကိုမဟုတ်ဘဲ ကမ္ဘာပေါ်ကနိုင်ငံအားလုံးကို အာမခံပြောနိုင်တာ ကတော့ ကျမတို့အနေနဲ့ ရိုးသားမှုကို အခြေခံပြီး အားလုံးနဲ့ ဆက်ဆံသွားမယ်ဆိုတာပါ။ ဒါဟာ သိပ် ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့ကျင့်သုံးဖို့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ .. ကိုယ့်ဖာသာ ဘယ်လို သန္နိဌာန်မျိုး အခိုင်အမာ ချထားတယ်ဆိုတာကို အမြဲ သတိရှိရမှာ ဖြစ်သလို အဲဒီလိုချမှတ်ထားတဲ့အတိုင်း ဖြစ်အောင်လည်း လုပ်ဆောင်ရပါလိမ့်မယ်။ ဒါကတော့ ကျမတို့ လုပ်ဆောင်သွားချင်တဲ့ ကိစ္စပါ။”

တရုတ်ဝန်ကြီးချုပ် လီခချိန်းရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သွားရောက်တဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ၀န်ကြီးချုပ် တို့အပါအ၀င် ထိပ်တန်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အရေးပါတဲ့ သဘောထားတွေ ချမှတ်နိုင်ခဲ့တဲ့အကြောင်း ဒီလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ်-မြန်မာအစိုးရ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး အလေးထားမှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်အစိုးရက ယွမ်ငွေ သန်းတထောင် ထောက်ပံ့ဖို့ သဘောတူခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ အောင်မြင်ဖို့အတွက် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း တရုတ်အစိုးရဘက်က ကတိပြုခဲ့တဲ့ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

မခင်ဖြူထွေး
VOA Burmese News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၃) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံပညာရေး၊ ကျန်းမာရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ တရားရုံးချုပ် ဥက္ကဋ္ဌ Lord Neuber ger ဦးဆောင်သော အဖွဲ့အား တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ဗြိတိန်နိုင်ငံ တရားရုံးချုပ် ဥက္ကဋ္ဌ Lord Neuber ger ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ (၃)နာရီ (၄၅)မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/



( ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုပြီး စွပ်စွဲဖမ်းဆီးထားသူ ကိုလှဖုန်း ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ် ) Photo: Aung Thain Kha/ RFA
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူ ဦးလှဖုန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ နှစ်မှု၊ နိုင်ငံတော်အလံပုဒ်မ ၁၆၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။

တရားရှင်လွှတ်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အမှုကို မရုတ်သိမ်းပေးခဲ့ဘူးလို့ ဦးလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

"ကြက်ဖကြီးရဲ့ အမှုနဲ့ပတ်သက်လို့ အမှုလေးမှုလုံးကိုစွဲချက်တင်လိုက်ပါတယ်။ တရားရှင်လွှတ်မယ်လို့ မျှော်လင့်ခဲ့တယ် ဘာလို့လဲဆိုတော့ အစိုးရသစ်လက်ထက်မှာ နိုင်ငံနဲ့ အ၀ှမ်းရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ စွဲဆိုထားတဲ့အမှုတွေကို ရုတ်သိမ်းတာတွေရှိခဲ့ပါတယ်။ဒါပေမယ့် ဒီမှာကတော့ ရုတ်သိမ်း တာတွေမရှိပါဘူး"

အမှုကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။

ဦးလှဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ဖမ်းဆီးပြီး တရားရင်ဆိုင်နေရတာ အခုဆိုရင် ၆ လ ကျော်ကြာပြီဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/


မြို့သစ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ၎င်း၏ခင်ပွန်းဟောင်းမှပေါင်း သင်းနေစဉ်ကာလက လင်မယားအဖြစ်ပေါင်းသင်း ဆက်ဆံပုံ ဗွီဒီယိုဖိုင်များအား လူမှုကွန်ယက်တွင် တင်ခဲ့မှုနှင့်ပက်သက်၍ တိုင်ကြားအမှုဖွင့်ခဲ့မှု သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မကြီးကုန်းကျေးရွာနေ မ-----သည် ၂၀၁၅ခုနှစ် ဒီဇင်ဘာလပိုင်းတွင်
ခင်ပွန်းဖြစ်သူအောင်မျိုးထွန်း၊ မကြီးကုန်းကျေးရွာ၊မြို့သစ်မြို့နယ်နေသူ နှင့်အတူ တရုတ်နိုင်ငံ၊ ကျင်းယုံမြို့သို့သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင်ခင်ပွန်းဖြစ်သူအောင်မျိုးထွန်းမှာ ရွာသို့ ပြန်သွားခဲ့၍ မ-------အား တရုတ်ပြည်တွင်နေခဲ့ရန် ပြောသဖြင့် တစ်ရွာတည်းနေသူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ကိုင်ပြီး နေခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်ဇွန် ၅ ရက်တွင် မ------မှ ရွာသို့ ပြန်လည်ရောက်ရှိစဉ် အောင်မျိုးထွန်းမှ တရားလိုအား တရုတ်နိုင်ငံတွင် အခြားသူတစ်ဦးနှင့် ဖောက်ပြန်ကြောင်း စွပ်စွဲသဖြင့် မ-----မှမဟုတ်ကြောင်းပြောဆို သော်လည်းယုံကြည်မှု မရှိသဖြင့် အတူပေါင်းသင်းနေထိုင်ခြင်းမရှိပဲ နှစ်ဖက်မိဘများနေအိမ်သို့ပြန်လည်နေထိုင်ခဲ့ရာ ဇွန် ၈ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် မ-----မှာ မိဘများနေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်အောင်မျိုးထွန်းမှာ အရက်မူးကာရောက်ရှိလာပြီး မ------အားအခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ကြောင်းထပ်မံစွပ်စွဲ ပြောဆိုနေသဖြင့် မဟုတ်ကြောင်း သက်သေခေါ်ပေးမည်ဖြစ်ကြောင်းပြန် လည်ပြောဆိုရာ အောင်မျိုးထွန်းမှ သက်သေခေါ်ပေးစရာမလိုကြောင်းငါခိုင်း တာလုပ်မည်ဆိုလျှင်ယုံကြည်မည်ဖြစ်ကြောင်းပြောဆိုပြီး မ------အား လင်မယားအဖြစ်နေထိုင်ရန် ပြောဆိုကာ၎င်းတို့နှစ် ဦးလင်မယားအဖြစ်ပြုမူဆက်ဆံနေသည်ကို အောင်မျိုးထွန်းမှ ဟာဝေးအမျိုးအစား လက်ကိုင်ဖုန်းဖြင့် ရိုက်ခဲ့ကြောင်း၊ မ-----မှ မရိုက်ရန်ပြောသော်လည်း အောင်မျိုးထွန်းမှ ဆက်လက် ဗွီဒီယိုရိုက်နေခဲ့သဖြင့်အတင်းရုန်းကန်ထစဉ် အောင်မျိုးထွန်း၏ လက်ထဲရှိဖုန်းမှာလွှတ်ကျသွားသဖြင့်ကြည့်လိုက်ရာ ၄င်းရိုက်ထားသော ဗွီဒီယိုအားတွေ့မြင်ရပြီးဖုန်းအား လုယူစဉ် အောင်မျိုးထွန်းမှ အိမ်နီးချင်းဖြစ်သူဦးဘိုကြင်၏နေအိမ်ခြံဝန်းအတွင်းသို့ လွှင့်ပစ်လိုက်ရာမ----မှ လိုက်ကောက်ရန် ပြုသော်လည်းအောင်မျိုးထွန်းမှ ဖုန်းအားဦးစွာ ကောက်ယူကာ ၄င်း၏ မိဘများနေအိမ်သို့ပြန်သွားခဲ့ကြောင်း၊ မ------မှ ဖုန်းအားလိုက်တောင်းခဲ့ရာ အောင်မျိုးထွန်းမှမပေးသဖြင့် ဇွန် ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးထံသွားရောက်တိုင်တန်းခဲ့ပြီး ၄င်းတို့မှာ ပေါင်းသင်းနေထိုင် ခြင်းမရှိတော့ဘဲ ဇွန် ၃၀ ရက်တွင် ရှေ့နေ ဦးဌေးမြင့်ဝင်းထံတွင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သြဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မ-----၏ညီမဖြစ်သူ မသူဇာလင်းမှ မ------၏ ဓါတ်ပုံနှင့် Hmone Shwe အကောင့်တွင် ဗွီဒီယိုဖိုင်တွေ တင်ထားတာတွေ့ရတယ်ဟု ဖုန်းဆက်ပြောသဖြင့် တစ်ရွာတည်းနေ ညီညီ၏ ဖုန်းဖြင့် ရှာဖွေကြည့်ခဲ့ရာ ဇွန် ၈ ရက် ညက မ-----နှင့်အောင်မျိုးထွန်းတို့လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံနေထိုင်စဉ်အောင်မျိုးထွန်းရိုက်ကူးထားသောဗွီဒီယို ဖိုင်များ ဖြစ်ကြောင်းနှင့် အဆိုပါ HmoneShwe အကောင့်မှာ ခင်ပွန်းဖြစ်သူအောင်မျိုးထွန်း အသုံးပြုသောအကောင့်ဖြစ်ကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခဲ့သည်များကို ခွင့်ြ့ပုချက်မရှိဘဲ ဖုန်းဖြင့် ဗွီဒီယိုရိုက်၍ ဆက်သွယ်ရေး ကွန်ယက်ပေါ်သို့တင်ကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်သူ အောင်မျိုးထွန်းအား အရေးယူပေးပါရန် မ----မှ သြဂုတ် ၂၀ ရက်တွင်တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၃၀၈ /၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper


သြဂုတ် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရာတွင် ယခုနှစ် ဇွန်လမှ သြဂုတ်လအထိ မူးယစ်ဆေး ၀ါးရောင်းဝယ်သူနှင့် သုံးစွဲသူပေါင်း(၂၀၀)ကျော်ကို အရေးယူဆောင်ရွက်ထားပြီးဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ၀င်းရေးမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ပဒိုစောမောင်ရွှေက ကေအိုင်စီသို့ ယနေ့ ပြောသည်။

၎င်းက “မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူရော၊ သုံးစွဲတဲ့သူရော၊ ဆေးဝါးနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ဆိုပြီး လာရောက်အဖမ်းခံတဲ့လူတွေအားလုံး လူပေါင်း(၂၀၀)ကျော် ကျနော်တို့ အရေးယူဆောင်ရွက်ထားတယ်။ အချို့ကို ပညာပေး အရေးယူဆောင်ရွက်ပေးတယ်။ မူးယစ်ဆေးဝါးဥပဒေ ပုဒ်မတွေနဲ့လည်း အရေးယူ လုပ်ဆောင်နေတယ်။”ဟု ပြောသည်။

ထိုသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်ရာတွင် ၎င်းတို့အချင်းချင်းကြားနှင့် အခြားသော အသင်းအဖွဲ့များအကြားတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသော်လည်း တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပြီး လူငယ်မျိုးဆက်သစ်များ အညွန့်တုံးစေသည့် မူးယစ်ဆေးဝါးပြဿနာကို စဉ်ဆက်မပြတ် ဆက်လက် တိုက်ဖျက်သွားမည်ဟု လည်း ပဒိုစောမောင်ရွှေက ဆက်ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးအမှုဖြင့် အရေးယူခံထားသူများအနက် ၉၀ရာခိုင်နှုန်းမှာ လူငယ်များဖြစ်ကြပြီး သစ်ကတိုက်နှင့် ဖားပြ ကျေးရွာရှိ ၀င်းရေးမြို့နယ် ကေအဲန်ယူရဲတပ်ဖွဲ့စခန်းများတွင် ပညာပေးမှုများ လုပ်ဆောင်ထားသည့်အပြင် ရောင်းဝယ်ဖြန့်ဖြူးသူ ကို ကော်သူးလေ(မူးယစ်အထူးအက်ဥပဒေ)အရ အရေးယူ ဆောင်ရွက်ထားသည်ဟု KNU တာဝန်ရှိသူထံမှ သိရသည်။

ခလယ်ရွာက စောထူးဝင်း “အခု နည်းလာတယ်ဆိုပေမယ့် ပင်မရောင်းဝယ်ဖောက်ကားလုပ်နေတဲ့ လူတွေက ကျန်နေသေး တယ်။ သုံးစွဲတဲ့လူငယ်အပိုင်းမှာတော့ သိသိသာသာ နည်းလာတယ်။ အချို့ဆေးကြောင်ပြီး ပတ်ဝန်းကျင်ရော၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိန်းမတွေပါ မကတော့ဘူး။ မိဘကိုတောင် ပြန်သတ်မယ့်အဆင့်ထိ မြင်တွေ့နေရတယ်။ ဒီမကောင်းတဲ့ မူးယစ်ဆေးဝါး တွေကို (KNU)ရော၊ ရဲတပ်ဖွဲ့ရော၊ နယ်ခြားစောင့်တပ်ရော အမြစ်ပြတ်တဲ့အထိ တိုက်ဖျက်ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါ တယ်။”ဟု ပြောသည်။

ဝင်းရေးမြို့နယ်တွင် KNU အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုကို စီမံချက် တိတိကျကျ ရေးဆွဲနိုင်ခြင်းမရှိသေးသလို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း နားလည်မှုသဘောဖြင့်သာ လုပ်ဆောင်ခဲ့ကြသည့်အတွက် ထိရောက်မှု အားနည်းနေသည်ဟု ဒေသခံလူထုများက သုံးသပ်ပြောဆိုကြသည်။

 စောမြတ်ဦးသာ (ကေအိုင်စီ)
http://kicnews.org


နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ်တွေကို Smart Card ပုံစံပြောင်းလဲဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စဉ်းစားနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုပြောင်းလဲလိုက်ရင် မှတ်ပုံတင်အတုတွေ ပျောက်ကွယ်သွားနိုင်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"ဒါတွေက နိုင်ငံတကာမှာ E- Identity ကတ်တွေလုပ်နေတာဆိုတော့ ထည့်သွင်းစဉ်းစားနေတဲ့ အနေအထား ပဲရှိပါတယ်။ တရားဝင် လုပ်မယ်ဘာမယ်ဆုံးဖြတ်ချက်ချထားတဲ့ အနေအထား မရှိသေးပါဘူး။ လေ့လာထားမှု အရတော့ အခုတော့ ကျနော်တို့လက်ဗွေပဲသုံးတာပေါ့နော် E- Identity ကတ်ဆိုလိုရှိရင် နှစ်မျိုးဖြစ်သွားမယ် လက်ဗွေရော မျက်စိရောအချက်အလက်ကို ကျနော်တို့ ယူရင်ယူမယ် ကျန်တာတော့ ဘာမှပြောင်းလဲဖို့မရှိဘူး။ လက်ရေးနဲ့ဖြည့်တဲ့ကတ်ထက် E- Identity ကတ်ဆိုရင် အတုအပတွေနည်းသွားမယ်"

စမတ်ကတ်ပြောင်းလဲဖို့အတွက် နည်းပညာကုမ္ပဏီတွေက လာရောက်မိတ်ဆက်တာတွေ ဆောင်ရွက်နေပြီး ၀န်ကြီးဌာနဘက်က လေ့လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုအရ လူဦးရေ ၅၁ သန်းရှိပြီး နိုင်ငံသား စိစစ်ရေး(မှတ်ပုံတင်)ကတ် ကိုင်ဆောင်ထားသူ ၃၈ သန်းရှိပါတယ်။

Photo: RFA
( နိုင်ငံသားစိစစ်ရေး (မှတ်ပုံတင်) ကတ်ရဲ့နောက်ကျောဖက်ကို တွေ့ရစဉ် )
RFA Burmese
https://www.facebook.com/rfaburmese/



ဇီဝဇိုးငှက်သိုက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)
    ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

    တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နှင့် ကျွန်းစုများ၌ အသိုက်ဖွဲ့ နေလေ့ရှိသည့် ဇီဝဇိုး အန်ဖတ် (ငှက်သိုက်) များကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဝယ်ယူကြောင်း သိရသည်။

အဆိုပါ ဒေသထွက် ဇီဝဇိုးအန်ဖတ် တချို့ကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ထိုင်း-မြန်မာ နယ်စပ် ရနောင်းမှ တစ်ဆင့် တင်ပို့ပြီး တချို့ကို အမျိုးအစားနှင့် အရည်အသွေး ခွဲခြားကာ ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချသည်။

ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဇီဝဇိုးအန်ဖတ် များကို ကုန်သည်များက ထပ်မံ သန့်စင်မှုများ၊ ထုပ်ပိုးမှုများ ပြုလုပ်ကာ မလေးရှား နိုင်ငံသို့ လည်းကောင်း၊ မန္တလေးမှ တစ်ဆင့် တရုတ်နိုင်ငံ သို့လည်းကောင်း ဆက်လက် တင်ပို့ကြခြင်း ဖြစ်သည်။

မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်း တစ်ဝိုက်၌ သဘာဝနှင့် လူတို့ ဖန်တီးထားသည့် ဇီဝဇိုးငှက် တို့နေထိုင်ရာ ငှက်အိမ် ၁၃ဝ ကျော်ရှိသည်။ ငှက်သိုက် အမျိုးအစား အလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ငွေကျပ် ၁၆ သိန်းမှ ၂၂ သိန်းအထိ ပေါက်ဈေးရှိသည်။

မြန်မာနိုင်ငံ၌ ငှက်သိုက် ရရှိသော ကျွန်းများကို သစ်တော ဦးစီးဌာနမှ ဦးစီး၍ နှစ်စဉ် ငှက်သိုက် သိမ်းယူခွင့် လိုင်စင် ထုတ်ပေးပြီး ဥပဒေများကို လိုအပ်သလို ထုတ်ပြန်၍ ငှက်မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန် စောင့်ရှောက် ပေးထားသည်။ မြန်မာနိုင်ငံ၌ ငှက်သိုက်များကို ထားဝယ် ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု နှင့် ပုသိမ်မြို့ အနောက်တောင် ဘက်ရှိ ကျွန်းများ၌ တွေ့ရသည်။

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း ၃၂ ကျွန်းမှ အဖိုးတန် ငှက်သိုက်များ ထွက်ရှိသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ် ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ် ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်းမြို့နယ် ရှိ ပုလုတိကျွန်းစု၊ ကော့သောင်း မြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု တို့မှရရှိပြီး အဆိုပါ ကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက် အများဆုံး ရရှိကြောင်း မြဝတီသတင်းတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com



အာရတ်-ကားဒစ် မဟာမိတ်အဖွဲ့ မှ ကျဆုံးအမျိုးသမီးစစ်သည်များ၏ ရုပ်အလောင်းများကို ကားဒစ်တိုက်ခိုက်ရေးအမျိုးသမီးများက သြဂုတ်လ ၁၃ ရက်က သယ်ဆောင်လာစဉ်(ဆင်ဟွာ)
    ရီယတ်၊သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

    ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ အသင်းအဖွဲ့ တစ်ခုက နိုင်ငံအတွင်း၌ မယားပြိုင်လူ့ အဖွဲ့ အစည်းထွန်းကားလာအောင် လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်ကြောင်း သြဂုတ်လ ၂၁ ရက်ထုတ် Al Hayat ပြည်တွင်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။

ဆရာဝန်များ ၊ အင်ဂျင်နီယာများ ၊ သာသနာ့နွယ်ဝင်များ နှင့် တက္ကသိုလ် ပါမောက္ခများပါဝင်သည့် အဖွဲ့ အစည်းတည်ထောင်သူ ၁ဝဝ ဦးအနက် ၈ ရာခိုင်နှုန်းမှာ အမျိုးသမီးအဖွဲ့ ဝင်များဖြစ်ကြောင်း သိရသည်။

အသင်းအဖွဲ့ တည်ထောင်မှု၏ လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် စာရွက်စားတမ်းပေးပို့ မှုကို ပြုလုပ်ထားပြီးဖြစ်ကြောင်း အဓိက တည်ထောင်သူ တစ်ဦးဖြစ်သူ Ataallah Al Abar က သတင်းဌာနသို့ ပြောကြားသည်။

“ တစ်ကိုယ်တည်းဖြစ်နေတဲ့ အမျိုးသမီးတွေ ဘဝအဖော်ရအောင် အခွင့်အရေးပေးဖို့  အမျိုးသားတွေအနေနဲ့ မိန်းမတစ်ယောက်ထက် ပိုပြီး လက်ထပ်ဖြစ်သွားအောင် ကျွန်တော်တို့ အသင်းက ပံ့ပိုးသွားမှာပါ”  ဟု Abar က ဆိုသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ မုဆိုးမများ နှင့် တစ်ခုလပ်များအပါအဝင် လက်ထပ်ထားခြင်းမရှိသည့် အမျိုးသမီး ၂ သန်းကျော်ရှိကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

အဆိုပါအသင်းသည် ၄င်းတို့ ၏ ဝက်ဆိုက်မှ တဆင့် အမျိုးသား  အမျိုးသမီး နှစ်ဖက်စလုံးအတွက် လိုက်ဖက်သည့် မင်္ဂလာစုံတွဲများရရှိအောင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် မယားပြိုင်ထားခြင်းကို အစ္စလမ်မစ်ဥပဒေအရ ခွင့်ပြုထားပြီး အမျိုးသားတစ်ဦးလျှင် အမျိုးသမီး ၄ ဦးကို တစ်ပြိုင်တည်းလက်ထပ်ခွင့်ရှိကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com


    ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

    ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲ(MYANMAR LETHWEI WORLD CHAMPIONSHIP) တွင် မြန်မာ လက်ဝှေ့ ကစားသမား များ နှင့် နိုင်ငံတကာ လက်ဝှေ့ ကစားသမားများ ယှဉ်ပြိုင် ထိုးသတ် ကြရာ ၀ိတ်တန်း အလိုက် တွဲဆိုင်း ၈ ဆိုင်း အနက် တွဲဆိုင်းအလိုက်  မြန်မာ လက်ဝှေ့ ကစားသမား ၆ ဦး အထိ အနိုင်ရရှိခဲ့သည်။

ဝိတ်တန်း အလိုက် တွဲဆိုင်းများ အနက် ၈ဝ ကီလိုတန်းတွင် ထွန်းထွန်းမင်း (မုဒုံ) နှင့် ချူထိုင်း (ထိုင်း) တွဲဆိုင်းတွင် ပထမအချီ ၁ မိနစ်ကျော်အတွင်း ထွန်းထွန်းမင်းက ထိုးသတ် အနိုင်ရရှိခဲ့သည်။

ထို့အတူ ၇၅ ကီလိုတန်းတွင် တူးတူး (နဂါးမာန်) နှင့် ဒေ့ဗ်လက်ဒပ် (ကနေဒါ) တို့သည် ပွဲချိန်ပြည့်  ပဉ္စမ အချီမြောက် ထိုးသတ်ပြီး ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး    ၅၄ ကီလိုတန်းတွင် စွမ်းထက်နိုင် (ဗမာ့သွေး) နှင့် ဆူပါဘော (လာအို) တွဲဆိုင်းတွင် ဒုတိယ အချီ၌ ဆူပါဘော က အနိုင်ရရှိခဲ့သည်။
အနိုင်ရရှိခဲ့သည့် အခြားတွဲဆိုင်းများမှာ ၅၇ကီလိုတန်းတွင် ရဲသွေးနီ(တောင်ကလေး)က ဒုတိယ အချီတွင် လည်းကောင်း ၊ ၆ဝ ကီလိုတန်းတွင် ထွန်းလွင်မိုး (နဂါးမာန်) က ဒုတိယ အချီတွင် လည်းကောင်း ၊ ၆၃ ကီလိုတန်းတွင် သားသည်းတစ်ပွင့် (ဗမာ့သွေး) က တတိယ အချီတွင် လည်းကောင်း ၊ ၆၇ ကီလိုတန်းတွင် ဖျံသွေး (ရွှေမိုးထိ)က ဒုတိယ အချီတွင် လည်းကောင်း ၊ ၇၂ ကီလိုတန်းတွင် စောဂေါ်မူဒို (သတ္တိ)က ဒုတိယ အချီတွင် လည်းကောင်း   နိုင်ငံတကာ လက်ဝှေ့ သမားများအား ယှဉ်ပြိုင် ထိုးသတ်ကာ အသီးသီး အနိုင် ရရှိခဲ့ကြသည်။

မြန်မာ့ ရိုးရာ လက်ဝှေ့ ကစားနည်းအား ကမ္ဘာ့တစ်လွှားမှ ပိုမို စိတ်ပါဝင်စား လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ့ ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲကို ယနေ့ သြဂုတ် ၂၁ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားရုံ၌ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး Myanmar Media Group မှ စီစဉ် ကျင်းပ ခြင်း ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


၂၀၁၄ခုနှစ် ဇွန်လ တွင် သတ်ဖြတ်ခံခဲ့ရသည့် စစ်သားများ၏ ရုပ်အလောင်းများ ရှိရာ၌ ဆုတောင်းပေးနေသည့် စစ်သားတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဘဂ္ဂဒက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံ တရားရေးရာဝန်ကြီးဋ္ဌာန က IS အစွန်းရောက် အကြမ်းဖက်တပ်ဖွဲ့သည် အီရတ်နိုင်ငံ Tirkrit မြို့အား ၂၀၁၄ခုနှစ် ဇွန်လတွင် သိမ်းပိုက်ခဲ့စဉ်က စစ်သားပေါင်း ၁၇၀၀ခန့်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် စွဲချက်တင်ထားသော အကျဉ်းသား ၃၆ဦးအား ကွပ်မျက်ခဲ့ကြောင်း သြဂုတ် ၂၁ ရက် ကပြောကြားခဲ့သည်ကို အီရတ်နိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခု က ဖော်ပြခဲ့သည်။

“ အကျဉ်းသား ၃၆ဦးဟာ Speicher လေတပ်စခန်း သတ်ဖြတ်မှုကြီးမှာ ပါဝင်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့ အတွက် တရားရေးရာ ဝန်ကြီးဋ္ဌာန က ၄င်းတို့ကို ကွပ်မျက်လိုက်ပါတယ်” ဟု နိုင်ငံပိုင် Iraqiya ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သည်။

IS အစွန်းရောက် အကြမ်းဖက်အုပ်စုက ဦးဆောင်သည့် အယ်လ်ကိုင်ဒါ အဆွယ်အပွားတစ်ခု ဖြစ်သော လက်နက်ကိုင် ဆွန်နီ အစွန်းရောက် အဖွဲ့သည် ၂၀၁၄ခုနှစ် ဇွန်လတွင် အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရုတ်တရက် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့များသည် ၄င်းတို့၏ နေရာနှင့် စစ်ဘက်ပစ္စည်းများအား စွန့်ခွာ၍တပ်ဆုတ်ခဲ့ရသည်။ ထို့နောက် စစ်သွေးကြွများသည် အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ပိုင်နက် နယ်မြေများထဲမှ ဧရိယာအစိတ်အပိုင်းကြီးတစ်ခုအား သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ဇွန်လတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ခဲ့ရသည့် ထောင်ပေါင်းများစွာသော စစ်သားများနှင့် ဘဂ္ဂဒက်မြို့မြောက်ဘက် ကီလိုမီတာ ၁၇၀အကွာ Tikrit မြို့မြောက်ဘက် ရှိ Camp Speicher ဟု လူသိများသည့် လေတပ်စခန်းမှ ခြေလျင်ဆုတ်ခွာလာသော စစ်သား ၁၇၀၀ ခန့်အား IS စစ်သွေးကြွများက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်း၌ IS စစ်သွေးကြွအုပ်စုသည် အီရတ်အစိုးရတပ်ဖွဲ့ဝင်များအား ကွပ်မျက်နေသည့် ဗွီဒီယို နှင့် ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com