08/26/16



 ယူရို သန်း ၅၀ လောက် ဖြည့်တင်း ပေးဖို့ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ က တောင်းခံ
အီတလီ နိုင်ငံမှာ မြေငလျင် လှုပ်ခတ် ခဲ့ရာ ဒေသတွေ မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ဦးရေ စုစုပေါင်း ၂၆၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ပြိုကျ ပျက်စီး ခဲ့တဲ့ အဆောက်အဦ တွေ အောက်မှာ ပိနေတဲ့ လူတွေကိုလည်း ဆက်လက် ရှာဖွေ ကယ်ထုတ်မှုတွေ ပြုလုပ်နေပါတယ်။

အဲဒီ ဒေသတွေမှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေ လုပ်ကိုင်ဖို့ အတွက် ယူရို သန်း ၅၀ လောက် ဖြည့်တင်း ပေးဖို့ အီတလီ ဝန်ကြီးချုပ် မက်တီယို ရန်ဇီ က တောင်းခံ ခဲ့ပါတယ်။

မြေငလျင်ကြီး လှုပ်ခတ် ခဲ့ပြီးနောက် နောက်ထပ် မြေငလျင်ငယ် လှုပ်ခတ်မှုတွေ ရှိနေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေး နေရပါတယ်။

အီတလီ နိုင်ငံက ကမ္ဘာလှည့် ခရီးသည်တွေ အလာများရာ ဒေသမှာ ဖြစ်ပွား ခဲ့တဲ့ မြေငလျင် ခံ ဒေသရဲ့ ဆောက်လုပ်ရေး လုပ်ငန်း တွေ ကို အခွန် ကောက်ထားမှု လုံးဝ မလုပ်တော့တဲ့ အထိ ဖြေလျော့ သွားမယ်လို့ အီတလီ ဝန်ကြီးချုပ် ကပြောပါတယ်။

မြေငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပြိုကျခဲ့တာ အဆောက်အဦ တွေက မကြာခင်ကမှ အသစ်ပြန်လည် ဆောက်လုပ် ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေး စံချိန်စံညွှန်း တွေ နဲ့ ပတ်သက်လို့ သတင်းဌာနတွေမှာ ဝေဖန်နေပါတယ်။

ငလျင်ဒဏ် ခံ နိုင်တဲ့ အဆောက်အဦ တွေ တည်ဆောက်ဖို့ ဥပဒေ သတ်မှတ်ချက် မရှိသလို၊ ဆောက်လုပ်ရေး လုပ်ငန်း တွေကလည်း ထည့်သွင်း တည်ဆောက် တာမျိုး မရှိဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese



PKK လက်နက်ကိုင် အဖွဲ့ ကြီးစိုးရာ ဒေသလည်း ဖြစ်
တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသက ရဲဌာနချုပ် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၈ ဦး သေဆုံး ခဲ့ရပါတယ်။

နောက်ထပ် ရဲတပ်ဖွဲ့ဝင်အတော်များများလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တူရကီ သတင်းဌာန တွေရဲ့ ထုတ်လွှင့်ချက်တွေ အရ ရဲတပ်ဖွဲ့ အဆောက်အဦ ဟာ ပေါက်ကွဲမှုကြောင့် မီးစွဲလောင် နေတာ ကို တွေ့ရပါတယ်။

နိုင်ငံ အရှေ့တောင်ပိုင်း ဂျီဇရာ မြို့က ရဲဌာနချုပ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တာပါ။

ကားဗုံးထောင် တိုက်ခိုက်မှု ဖြစ်ပြီး ကဒ် လက်နက်ကိုင် အဖွဲ့ PKK ရဲ့ လက်ချက် ဖြစ်ကြောင်း တူရကီ သတင်းဌာန တွေက ပြောကြား နေပါတယ်။

ဂျီဇရာ မြို့က အီရတ်၊ ဆီးရီယား နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ် ဒေသလည်း ဖြစ်ပါတယ်။ ပြီးတော့ PKK လက်နက်ကိုင် အဖွဲ့ ကြီးစိုးရာ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ဂျီဇရာ မြို့မှာ PKK လက်နက်ကိုင် တွေနဲ့ တူရကီ စစ်တပ်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဒါရဲယား ဟာ အစိုးရတပ် တွေရဲ့ ပိတ်ဆို့ ဝိုင်းရံတာကို ၂ဝ၁၂ ကတည်းက ခံနေခဲ့ရတာ ဖြစ်။
ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် ရဲ့ ဆင်ခြေဖုံး ဒေသဖြစ်တဲ့ ဒါရဲယား မှာ အစိုးရတပ် တွေ ရဲ့ နှစ် အတန်ကြာ ပိတ်ဆို့ တာ ခံနေကြရတဲ့ အရပ်သားတွေ နဲ့ သူပုန် တွေကို ထွက်ခွာ သွားခွင့် ပြုလိုက်တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၆ ရက် သောကြာ နေ့မှာ ဒါရဲယား ကနေ လူတွေ ထွက်ခွာမယ့် အစီအစဉ် စတင်မယ်လို့ အစိုးရနဲ့ သူပုန် နှစ်ညက် စလုံးက ပြောနေပါတယ်။

အရပ်သား လေးထောင်နဲ့ သူပုန် အယောက် ၇ဝဝ ကို ထွက်ခွာ သွားခွင့် ပြုမှာ ဖြစ်တယ်လို့ ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြား က ပြောပါတယ်။

ဒါရဲယား ဟာ အစိုးရတပ် တွေရဲ့ ပိတ်ဆို့ ဝိုင်းရံတာကို ၂ဝ၁၂ ကတည်းက ခံခဲ့ရတာ ဖြစ်ပြီး ဗုံးကြဲ တိုက်ခိုက် တဲ့ ဒဏ် ကို လည်း အမြဲ ကြုံတွေ့ ခဲ့ရပါတယ်။

အလက်ပ်ပိုမှာ တိုက်ပွဲတွေ ဆက်ရှိ။
တခါ၊ အလက်ပ်ပို မြို့က လာတဲ့ သတင်းတွေ အရ သူပုန်တွေ ထိန်းချုပ် ထားရာ နယ်မြေ တွေကို အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁၁ ယောက် သေဆုံး သွား ခဲ့ရတယ် လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရက လေကြောင်းကနေ ကြဲချ ခဲ့တဲ့ စည်ပိုင်းဗုံး ကြောင့် ကလေးသူငယ် တွေ အပါအဝင် စုစုပေါင်း အရပ်သား ၁၅ ယောက် သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား နေသူတွေ က ပြောပါတယ်။

အစိုးရတပ် တွေ ရဲ့ ထိန်းချုပ် နယ်မြေ ထဲမှာလည်း သူပုန် အဖွဲ့တွေရဲ့ ပစ်ခတ်မှု ကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

အလက်ပ်ပို မြို့ဆီ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ ပေးပို့ နိုင်ဖို့ အတွက် ၄၈ နာရီကြာ အပစ်ရပ် ပေးဖို့ ရုရှား က သဘောတူ ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ က ထုတ်ပြန် ခဲ့တဲ့ နောက်ပိုင်း အခုလို တိုက်ခိုက်မှု တွေ ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/


တပ်ကုန်း သြဂုတ် ၂၆

တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စု သံပုရာကုန်းကျေးရွာ၌ ယနေ့နံနက် ၃ နာရီ အချိန်တွင် မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာ၏ အရှေ့ဘက် ဆင်သေချောင်းမှ ရေများမြင့်တက်လာပြီး ကျေးရွာ အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ရေနစ်မြုပ်လျှက်ရှိကြောင်းနှင့် အဆိုပါ ကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်း အဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် သွားရောက်လျှက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ ဒီစနေနေမှာ အာရှခရီးစဉ်ကို စတင်မှာ ဖြစ်ပြီး သြဂုတ်လ ၃၀ အင်္ဂါနေ့ ညနေမှာတော့ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

"အဲဒီညနေဘက်မှာ အတွင်းရေးမှုးချုပ်ဟာ မြန်မာနိုင်ငံကို သွားမှာပါ။ သူဟာ နိုင်ငံတော်၏အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပါတယ်" လို့ ပြောသွားတာပါ။

ဒီနောက်မှာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို လည်း တက်ရောက်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အတွင်းရေးမှုးချုပ်ဟာ သမ္မတ ဦးထင်ကျော်နဲ့ရော မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ပါ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် တခြားနိုင်ငံရေးပါတီနဲ့ လူမှု လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မစ္စတာဘန် အခုလို နေပြည်တော်မှာ ရှိနေစဉ် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဌာနေကိုယ်စားလှယ်ရုံးက စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အတွင်းရေးမှုးချုပ်ဟာ သူ့ရဲ့ အာရှခရီးစဉ်ကို စင်္ကာပူနဲ့ စတင်မှာ ဖြစ်ပြီး စင်္ကာပူမှာ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ စင်္ကာပူအမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှုင့်တာကို လက်ခံမှာဖြစ်ပြီး စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ် ကျောင်းသားတွေကို Ho Rih Hwa ခေါင်းဆောင်မှု အကြောင်း ဟောပြောမှာ ဖြစ်ပါတယ်။

စင်္ကာပူကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညနေမှာတော့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ကို ဆက်သွားမှာပါ။ သီရိလင်္ကာမှာ သမ္မတ Maithripala Sirisena ၊ ဝန်ကြီးချုပ် Ranil Wickremesinghe အပြင် လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပမယ့် G 20 ညီလာခံကို တက်ရောက်ဖို့ ရှိပြီး အဲဒီကမှတဆင့် လာအိုနိုင်ငံကို သွားရောက်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ၈ ကြိမ်မြောက် အာဆီယံ- ကုလသမဂ္ဂ ထိပ်သီးညီလာခံနဲ့ နောက်တနေ့မှာ ကျင်းပမယ့် ၁၁ ကြိမ် မြောက် အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးရောက်ကို ပြန်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ်မေလ နာဂစ်မုန်တိုင်းဝင်အပြီး အရေးပေါ် လာရောက်ခဲ့သလို ၂၀၀၉ ခုနှစ်ဇူလိုင်လက တကြိမ်၊ ၂၀၁၂ ခုနှစ် ဧပြီလကတကြိမ်၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းဝေး တက်ရောက်ရင်း တကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပြီး ပဉ္စမမြောက်ဖြစ်တဲ့ အခုတကြိမ်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



မြန်မာနဲ့ အီတလီက မြေငလျင်ဒဏ်ခံရသူတွေအတွက် ဝမ်းနည်းကြောင်း အမေရိကန်သမ္မတလောင်း Hillary Clintion နဲ့ Donal J.Trump တို့က Twitter မှာ ရေးသားထုတ်ပြန်ထားစဉ်။ Screen Capture from Twitter
မြန်မာနိုင်ငံက မြေငလျင်နဲ့ပတ်သက်လို့ အမေရိကန်ထိပ်တန်း နိုင်ငံရေးပါတီကြီး ၂ ခုက ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေကြတဲ့ သမ္မတလောင်းနှစ်ဦးကလည်း ဝမ်းနည်းကြောင်း ကြေညာချက်တွေကို မနေ့က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က အီတလီနဲ့ မြန်မာနိုင်ငံက ပြည်သူတွေ ငလျင်ဘေးတွေ ရင်ဆိုင်နေရတာကို ကြားသိရတဲ့အကြောင်း၊ ထိခိုက်သေဆုံးရသူ မိသားစုတွေအတွက် စာနာစိတ်မကောင်းဖြစ်ရကြောင်း လူမှုရေးစာမျက်နှာ Twitter ကတဆင့် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အလားတူ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းဖြစ်တဲ့ ဘီလီယံနာသူဌေး Donald Trump ကလည်း မြန်မာနဲ့ အီတလီနိုင်ငံတွေမှာ ငလျင်တွေလှုပ်ခတ်ခဲ့တဲ့အတွက် ထိခိုက်နစ်နာရတဲ့ မိသားစုတွေ အတွက် ဝမ်းနည်းဆုတောင်းမိပါကြောင်း သူ့ရဲ့ လူမှုရေးစာမျက်နှာ Twitter ကနေ သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan
ကုလ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်မယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ဘယ်လို အကြံပေးချက်တွေ ပေးလာမလဲဆိုတာကို စောင့်ကြည့်လေ့လာဖို့ အချိန်ပေးရမှာဖြစ်ကြောင်း ၈၈မျိုးဆက်ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။ တချိန်ထဲ မှာပဲ ဒီ အကြံပေးကော်မရှင်နဲ့ ပတ်သက်လို့ ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်က ကြိမ်မီးအုံးနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို NLD အစိုးရက ဖွဲ့စည်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီ အကြံပေးကော်မရှင်က ဘယ်လိုမျိုး အကြံပေးလာမလဲဆိုတာကို လေ့လာနိုင်ဖို့ အချိန်ပေးရမှာဖြစ်ကြောင်း ၈၈မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ပြောကြားလိုက်တာပါ။

“ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စက တော်တော်လေးကို တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန်ကြီးလေးတဲ့ ပြဿနာ တခုဖြစ်ပါတယ်။ ဒီစုံစမ်းရေးကော်မရှင်က မှန်မှန်ကန်ကန်မျှမျှတတနဲ့ ပြေလည်နိုင်တဲ့လမ်းစမျိုး အကောင်းဘက်က ချည်းကပ်ပြီး ဖြေရှင်းတဲ့ ပုံသဏ္ဌာန် မျိုးတွေ့ရှိခဲ့လို့ရှိရင်တော့ တိုင်းပြည်ကလက်ခံမှာဖြစ်သလို ၊ အကျိုးယုတ်နိုင်တဲ့ အကြံဉာဏ်မျိုးဖြစ်ခဲ့လို့ရှိရင်လည်း တိုင်းပြည်က လက်ခံမှာမဟုတ်ပါဘူး။"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ထဲမှာပါတဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan အပါအဝင်၊ လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဟောင်း ဂါဆန်ဆလမ်နဲ့ ကုလသမဂ္ဂ AIDS အစီအစဉ် အထူးအကြံပေး ဗန်ဒန်အာဆမ် စတဲ့ နိုင်ငံခြားသားတွေဟာ ရခိုင်ပြည်နယ်ရဲ့ နောက်ခံသမိုင်းကြောင်းရော၊ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကိုပါ နားလည်နိုင်မှာ မဟုတ်တာကြောင့် ဒီလို နိုင်ငံခြားသားပုဂ္ဂိုလ် တွေနဲ့ ဖွဲ့ထားတဲ့ ကော်မရှင်ကို ဖျက်သိမ်းသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က အစိုးရကို စာရေးသားကန့်ကွက်ခဲ့ပါတယ်။ အဖွဲ့ဝင် ၉ ဦး ပါတဲ့ အဲဒီကော်မရှင်ထဲမှာ နိုင်ငံခြားသား ၃ဦးအပြင်၊ မြန်မာ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ စတဲ့ ထင်ရှားသူ မြန်မာနိုင်ငံသား ၆ ဦးတို့လဲ ပါဝင်တာဖြစ်ပါတယ်။

ANP ပါတီက ကန့်ကွက်နေတဲ့ တချိန်ထဲမှာပဲ ပြည်ခို်င်ဖြိုးပါတီနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတို့ကလည်း ဒီကော်မရှင်ကို ကန့်ကွက်တဲ့ ကြေညာချက်တွေကို သြဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံခြားသားတွေပါဝင်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်း လိုက်တာဟာ ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် ဦးတည်နေခြင်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲလိုက်ပြီး၊ အမျိုးသားရေးနဲ့ နိုင်ငံတော် လုံခြုံရေးကိစ္စကို လျှစ်လျှူရှုလိုက်သလို ဖြစ်နေကြောင်းလဲ ထောက်ပြထားပါတယ်။

မြန်မာပြည်အကြောင်းကို ထဲထဲဝင်ဝင်မသိတဲ့ နိုင်ငံခြားသားတွေ ဦးဆောင်မယ့် ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားထက် လူ့အခွင့်အရေး ရှုထောင့်ဘက် ပိုပြီးအလေးပေးမှာကို စိုးရိမ်မိကြောင်း NDF ပါတီကလည်းပြောပါတယ်။ ဒါ့ကြောင့် ဒီကော် မရှင်ရဲ့လုပ်ရပ်တွေကို အမျိုးသားလုံခြုံရေးအသိနဲ့ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ကြေညာချက်အသီးသီးမှာ ဖေါ်ပြထားပါတယ်။

ဦးမြအေးကတော့ မြန်မာနိုင်ငံရဲ့တချို့ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် နိုင်ငံတကာရဲ့ အကူအညီ လိုအပ်ကြောင်း သုံးသပ် ပါတယ်။

“နိုင်ငံတွေတိုင်းမှာ ကိုယ့်ဟာကိုယ်ဖြေရှင်းလို့ရတဲ့ပြဿနာတွေရှိသလို နိုင်ငံတကာ အကူအညီနဲ့ ဖြေရှင်းရတဲ့ အခြေအနေတွေရှိပါတယ်။ ကျနော့်အမြင်ကတော့ ဒီမိုကရေစီတက်လှမ်းတဲ့ အခါမှာ အမျိုးသားအကျိုးစီးပွားကိုပစ်ပယ်လို့မရသလို လူ့အခွင့်အရေးဆိုတဲ့ဟာကို ပစ်ပယ်လို့မရဘူးလို့ ကျနော်မြင်ပါတယ်။ မှန်ကန်မျှတတဲ့အဖြေတခုကို ရှာနိုင်ဖို့က ပိုအရေးကြီးတယ်လို့မြင်တယ်။ နောက်တခုက ဒီပြဿနာကို ကျနော်တို့ဘက်ကရော ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အဖြေရှာနိုင်တဲ့အဆင့် ၁ ဆင့်ကို ကျနော်တို့ ပြနိုင်ရမယ်လို့ မြင်တယ်။ ဒါမကြိုက်ဘူး ဟုတ်ပြီ ဒါမကြိုက်ရင် ဒါဘယ်လိုရှိသင့်တယ် ဆိုတာကိုပြောရမယ်။"

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို စက်တင်ဘာလဆန်းမှာ စတင်မှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဇွန်လနောက်ပိုင်းမှာ အစိုးရကို နောက်ဆုံးအဆင့် အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဝန်ကြီးချုပ် အာဘေးရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံခဲ့။
မြန်မာ နိုင်ငံကို ဂျပန် နိုင်ငံ က အတိုး နှုန်း သက်သက်သာသာနဲ့ ယန်းငွေ ဘီလီယံ ၁ဝဝ၊ ဒေါ်လာ နဲ့ ဆိုရင် ၉၉၄ သန်း ပမာဏ ထပ်မံ ထုတ်ချေးဖို့ စီစဉ် နေပါတယ်။

ရန်ကုန်-မန္တလေး ရထားလမ်း ပြုပြင် ရေးနဲ့ ရေဖြန့်ဖြူးရေး တွေလို အခြေခံ အဆောက်အဦ စီမံကိန်း ၅ ခုမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ အတွင်း လာအို နိုင်ငံ မြို့တော် ဗီယက်ကျင်းမှာ ပြုလုပ်ဖို့ ရှိနေတဲ့ အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲ ကျရင် အဲဒီ့ ချေးငွေ အစီအစဉ် ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ထုတ်ပြန် ကြေညာ လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဝန်ကြီးချုပ် အာဘေးရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ လည်း မြန်မာ နိုင်ငံ မှာ ရောက်ရှိ နေပြီး မနေ့ ဩဂုတ်လ ၂၅ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ရမှာ ရန်ကုန် မြို့ပြ မဟာ စီမံကိန်း နဲ့ သီလဝါ စီးပွားရေးဇုန် အပါအဝင် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ အကြောင်း ဆွေးနွေး ခဲ့ကြတယ် လို့ မြန်မာ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese




ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူနာကိုဆေးရုံ ပို့ပေးမည်ဟုပြောဆိုကာ ကားပြန်ကွေ့ပြီး မောင်းပြေးမှု ဖြစ်ပွားခဲ့ပါတယ်။


 ဖြစ်စဉ်မှာ သြဂုတ်(၂၄)ရက် ညနေ (၆)နာရီမှာ ပဲခူးစုရွာ၊ အိုးဘိုအုပ်စု၊ ကျောင်းကုန်းမြို့နေသူ ဦးအောင်ကြိုင်ဟာ ကျောင်းကုန်းဘက်ကနေ ပဲခူးစုရွာကို ဆိုင်ကယ်နဲ့ ရန်ကုန်-ပုသိမ်ကားလမ်းမအတိုင်း ပြန်လာစဉ် မီးသွေးတိုက်ကျေးရွာအနီးမှာ စက်ဘီးနှစ်စီးနဲ့ လူနှစ်ဦးလဲနေတာကို မြင်တဲ့အတွက် ဆင်းကြည့်တဲ့အခါ တစ်ရွာတည်းနေ အသက်(၂၀)ရှိ မောင်သန်းမြတ်စိုးနဲ့ အသက်(၁၇)နှစ်ရှိ မဇင်မာထွေးတို့ကို ဒဏ်ရာတွေနဲ့တွေ့ရှိပြီး စက်ဘီးနှစ်စီး အနားမှာလည်း လေကာမှန်ကွဲနေတဲ့ အဖြူရောင်ကိုယ်ပိုင် ကားတစ်စီးရပ်ထားတာကို တွေ့ရှိပါတယ်။

 ခဏအကြာမှာ အဆိုပါကားမှ အမည်မသိ လူတစ်ဦးဆင်းလာကာ ဦးအောင်ကြိုင်ထံသို့ရောက်ရှိလာပြီး ဆေးရုံသို့ ပို့ပေးမည်ဟုဆိုကာ ရန်ကုန်ဘက်သို့ ကားပြန်ကွေ့ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့အတွက် အမည်မသိယာဉ်မောင်းကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ဦးအောင်ကြိုင်မှ တရားလိုပြုလုပ်ကာ ကျောင်းကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူပေးဖို့ တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

 ဒါ့ကြောင့် ကျောင်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၅၇/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၂၇၉/၂၀၂ တို့နဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ် ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/

 

မြန်မာနိုင်ငံတွင် သြဂုတ် ၂၄ ရက်က အင်အားရစ်ခ်ျတာစကေး ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခြင်းမရှိ၍ ပြင်းအားအနည်းဆုံး ၇ အဆင့်ရှိ ငလျင်ကြီးတစ်ရပ် မြန်မာနိုင်ငံတွင် ထပ်လှုပ်နိုင်ရာ ထိုင်းနိုင်ငံပါ ယင်းငလျင်ကြီး ဒဏ်ကို ခံစားလာရနိုင်ကြောင်း အကြီးတန်းဘူမိပညာရှင်တစ်ဦးက သတိပေးထားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ တွင်းထွက်သတ္ထုသဘာဝရင်းမြစ်ဌာန တာဝန်ရှိသူများက ငလျင်ငယ်များ ဖြစ်ပေါ်နိုင်ကြောင့် သတိပေးထားသည်။ နောက်ဆက်တွဲငလျင်လှုပ်ခြင်း မရှိ၍ ပြင်းအား ၇ အဆင့်ရှိ ငလျင်ဖြစ်ပေါ်နိုင်ကြောင်း ပြတ်ရွှေ့ကြောင်းလှုပ်ရှားမှုဌာန ဥက္ကဌဖြစ်သူ ဆူဝတ်ခိုဆူဝန်က ပြောသည်။

ထိုကဲ့သို့သော ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံလည်း ဒဏ်ခံကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သော Arakan(အာရကန်)ပြတ်ရွှေ့ကြောကို ထိုဌာနက စောင့်ကြည့်လျက်ရှိနေသည်။ အင်အား ၅ ဒဿမ ၁ မှ ၆ ရစ်ခ်ျတာစကေးကြား နောက်ဆက်တွဲငလျင်ဖြစ်ပေါ်ပါမှ ယင်းပြတ်ရွှေ့ကြောင်း လှုပ်ရှားမှု ရပ်တန့်မည်ဖြစ်ကြောင်း ဆူဝတ်ခိုဆူဝန်က ပြောသည်။

သြဂုတ် ၂၄ ရက်က ငလျင်ကြီးမလှုပ်မီ ရှေ့ပြေးငလျင်ငယ် သုံးကြိမ်လှုပ်ခဲ့ကြောင်း၊ နောက်ဆက်တွဲငလျင်ငယ် မလှုပ်ခြင်းက ထူးခြားနေကြောင်း ၎င်းက ဆိုသည်။

============

Mizzima - News in Burmese

http://mizzimaburmese.com/article/17322

ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ

ငလျင်ကြီးတခုလှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျှင်တွေ ထပ်လှုပ်လာနိုင်တာကြောင့် ငလျင်ကြောပေါ်မှာ နေထိုင်တဲ့ သူတွေအနေနဲ့ သတိထားပြီး နေကြဖို့ လိုတယ်လို့ ထင်ရှားတဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ငလျင်လှုပ်ခတ်မှု ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့လည်း သုံးသပ်ပြောဆိုထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံ နေရာအတော်များများမှာ ခံစားခဲ့ရတဲ့ ၆ ဒသမ ၈ ပြင်းအားရှိတဲ့ ငလျှင်လှုပ်အပြီး နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်လာနိုင်တဲ့အတွက် သတိထားပြီးနေကြဖို့ မြန်မာ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် က သတိပေးလိုက်တာပါ။ နောက်ဆက်တွဲလှုပ်လာနိုင်တဲ့ ငလျင်တွေဟာ လက်ရှိလှုပ်ခတ်သွားတဲ့ ငလျင်လောက် သိပ်ပြီး မပြင်းထန်နိုင်တော့ပေမယ့်လည်း သတိထားရမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဒါငလျင်ကြီး၁ခုလှုပ်ပြီးရင်တော့ ဒါနောက်ထပ်ငလျင်တွေက နောက်ဆက်တွဲငလျင်ဆိုတာ လှုပ်နေကျပါပဲ။ အနည်းဆုံးတော့ ၁ ပတ်လောက်ပေါ့နော်။ တခါတလေလည်း ၁ လလောက်ကြာပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ၁ ပတ်လောက်အတွင်းမှာတော့ နောက်ဆက်တွဲငလျင်ကို နည်းနည်းလေး သတိထားဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့် ကျနော့်အတွေ့အကြုံအရတော့ နောက်ဆက်တွဲငလျင်ကတော့ များသောအားဖြင့် ပင်မ ငလျင် ၆.၈ မနေ့ကလှုပ်တဲ့ ငလျင်ထက်တော့ ပိုပြင်းထန်တဲ့ငလျင်က များသောအားဖြင့် လှုပ်လေ့မရှိပါဘူး။နောက်ဆက်တွဲငလျင်က သို့သော်လည်း ချွင်းချက်အနေနဲ့တော့ရှိတာပေါ့နော် တခါတလေကျတော့လည်း ပိုပြီးအားကောင်းတာ လှုပ်တက်ပါတယ်။ ဒါပေမယ့် ဒါက အလွန်နည်းပါတယ် ပြောရရင်တော့ နောက်ထပ်တပတ်လောက်အတွင်းမှာ ဒီလောက်အင်အားမကြီးပေမယ့် ငလျင်ငယ်လေးတွေ ၆ ကျော်ကျော်လေးတွေ၊ သို့မဟုတ် ၆ အောက်တွေ တပတ်လောက်အတွင်းတော့ သတိထားနေဖို့လိုတယ်လို့ ကျနော်တွက်စပါတယ်။ ”

မြန်မာနိုင်ငံမှာ ငလျင်ကြော ၅ ခုထက်မနည်း ရှိတာကြောင့် မြန်မာနိုင်ငံမှာလှုပ်တဲ့ ငလျင်တွေကို လျှော့တွက်လို့မရကြောင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်လေ့ထားဖို့လိုသလို ငလျင်ဒဏ်ပိုမိုကာကွယ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာတွေလည်း လိုအပ်တယ်လို့ ဦးထွန်းလွင်ကပြောပါတယ်။

“အဲဒီတော့ ငလျင်ဆိုတာက လှုပ်လို့ရှိရင် ငလျင်ကြောင့်သေတာနည်းပါတယ်။ ငလျင်လှုပ်လို့ အဆောက်အဦးပြိုကျလို့ သေတာများတယ်ပေါ့နော်။ အဲဒီတော့ အသေအပျောက်များခြင်း၊နည်းခြင်းဟာ အဆောက်အဦးအပေါ်မှာ မူတည်တယ်။ အဆောက်အဦးသက်တမ်း ၊ အဆောက်အဦးအထက်အမြင့် ၊ အဆောက်အဦးဆောက်ထားတဲ့နည်းပညာပေါ့ ဥပမာ-Earthquake Engineering ဆိုတာမျိုးပေါ့ မြန်မာနိုင်ငံမှာ ကျနော်သိသလောက် သုံးပြီးဆောက်ထားတာ မရှိသလောက်ပါပဲ။ ဆိုတော့ ကျနော်တို့အတွက်ကတော့ reliability ကို မြင့်အောင်လုပ်တာပေါ့ ဒါကြောင့်အဆောက်အဦးတွေကို စီစစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ငလျင်လှုပ်ရင် ဘာတွေလုပ်ရမလဲဆိုတာတွေကို ကျနော်တို့အစိုးရကော NGO တွေရော ဒါတွေကို ဝေနေတော့ ဒါလေးတွေလည်း သိထားသင့်ပါတယ်။ ငလျင်လှုပ်ရင် တက်နိုင်သမျှ အဆောက်အဦးအတွင်းမှာ မနေဖို့ပေါ့။ တကယ်လို့ အဆောက်အဦးအတွင်းမှာ ဖြစ်နေရင်လည်း မိမိတို့ခေါင်းကို အထူးသဖြင့် ဦးစားပေးကာကွယ်ဖို့ပေါ့။ ဆိုလိုတာကတော့ ကုတင်အောက် ၊ စားပွဲအောက်၊ မွေ့ရာတို့နဲ့ ၀ပ်ပြီးနေရင်တော့ သာမန်အားဖြင့် အသက်အန္တရာယ်ကင်းပါတယ်ပေါ့။ ငလျင် လှုပ်ရင် မီးလောင်တတ်တယ်ဆိုတာ သိဖို့လိုတယ်။ ဓါတ်လိုက်တတ်တယ် သိဖို့လိုတယ်။အိမ်ပြင်ကို ထွက်ပြေးဖို့အတွက် လမ်းတွေရှင်းထားဖို့လိုတယ်ပေါ့နော်။ နောက်ပြီးတော့ ငလျင်လှုပ်တဲ့အခါမှာ မိမိနဲ့ တပါတည်းယူသွားနိုင်တဲ့ အရေးကြီးတဲ့ပစ္စည်းတွေ အဲဒါလေးတွေက များသောအားဖြင့် ပြည်သူ အများ သိသင့်တဲ့ဟာတွေပါပဲ။”

ဒါ့အပြင် ငလျင်ရဲ့ ပြင်းအားပေါ်အခြေခံပြီး လှုပ်လေ့လှုပ်ထရှိတဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီးတော့လည်း ဦးထွန်းလွင်က အခုလို ရှင်းပြပါတယ်။

“ငလျင်ကတော့ Intensity ပေါ်မှာတည်တာပေါ့နော်။ ဥပမာအားဖြင့် intensity ၆ တို့ ဘာတို့ အင်အားပြင်းတဲ့အဆင့်တို့ရှိတာပေါ့ အဲဒါဆိုရင်တော့ နှစ် ပေါင်း ၃၅-၄၀ ပေါ့ဗျာ ။ တကယ်လို့ intensity ၈ လောက်ဆိုရင်တော့ နှစ် ၆၀-၇၀ ပေါ့နော်။ ၉ လောက်ဆိုရင်တော့ နှစ် ၁၀၀ လောက်ပေါ့နော်။ ဒါကတော့ ငလျင်ပညာရှင်တွေ တွက်တဲ့နည်းအရ အဲဒီလိုသွားပါတယ်ခင်ဗျ။ အနည်းဆုံးကတော့ နှစ်ပေါင်း ၃၀-၄၀ ကတော့ return period လေးတွေရှိပါတယ်။”

ပညာရှင်တွေရဲ့ ခန့်မှန်း တိုင်းထွာချက်တွေအရ အထူးသဖြင့် စကိုင်းငလျင်ကြောပေါ်မှာ လှုပ်ခဲ့တဲ့ ငလျင်တွေဟာ နောက်တကြိမ်ပြန်လှုပ်မယ့်အချိန်တန်ပြီးဖြစ်သလို တော်များများဟာလည်း ပြန်လှုပ်ရမယ့်အချိန်ထက်ကျော်လွန်နေပြီးလို့ဆိုပါတယ်။ ငလျင်ပြန်လှုပ်မယ့်ရက်အထိအကျကို မပြောနိုင်ပေမယ့် ငလျင်ပြန်လှုပ်တော့မယ့်အနေအထားနဲ့ သတိထားရမယ့်အချိန်ရောက်နေပြီး ဆိုတာကိုတော့ ပညာရှင်တွေက ခန့်မှန်းသိရှိထားတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။
VOA Burmese News


အာဖဂန်နစ္စတန်နိုင်ငံ Kabul မြို့မှာရှိတဲ့ American တက္ကသိုလ်ကို အကြမ်းဖက်သမားတွေက ဗုဒ္ဓဟူးနေ့မှာ ၀င်ရောက် စီးနင်းတိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူတဦး သေဆုံးပြီး၊ ၂၅ ဦး ထိခိုက် ဒဏ်ရာရသွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ပါမောက္ခတဦးနဲ့ အမျိုးသမီး ကျောင်းသူ ၂ ဦးတို့ ပါဝင်တယ်လို့ အာဖဂန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wahed Majroh က ဗွီအိုအေကို ပြောပါတယ်။ သေဆုံးနဲ့ သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဒီတိုက်ခိုက်မှုကို ပေါက်ကွဲမှုနဲ့ စတင်လိုက်တာဖြစ်ပြီး အခုချိန်ထိ တက္ကသိုလ်ဝင်းအတွင်းမှာ ဒါဇင်နဲ့ချီတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေ ပိတ်မိနေတုန်းပဲလို့ ယူဆနေကြပါတယ်။

တိုက်ခိုက်မှုကို ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ စတင်လိုက်တာဖြစ်ပြီး တိုက်ခိုက်မှုကို တုန့်ပြန်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တနာရီကြာလောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ဘယ်နှစ်ဦး ပါဝင်တယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ ခက်ခဲ ရှုပ်ထွေးစွာ စီစဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

တက္ကသိုလ်ဝင်းအတွင်းမှာ ရှိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက ကြိုးစားနေကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Sediq Seddiqi ကလည်း ဗွီအိုအေကို ပြောပါတယ်။ အာဖဂန် အထူးတပ်ဖွဲ့တွေက တက္ကသိုလ်ဝင်းကို ၀ိုင်းရံထားတယ်လို့ ဆိုပါတယ်။

အခုလို American တက္ကသိုလ်ကို အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကာ အမေရိကန် တက္ကသိုလ်တခုကို အခုလို တိုက်ခိုက်ခြင်းဟာ အာဖရန်ရဲ့ အနာဂတ်ကို ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Elizabeth Trudeau က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဗုဒ္ဓဟူးနေ့က ပြောကြားသွားပါတယ်။

ဒါ့အပြင် အဲဒီအခင်းဖြစ်ပွားရာ ဒေသတ၀ိုက်ကို အမေရိကန်နိုင်ငံသားတွေ မသွားရောက်ဖို့နဲ့ အာဖဂန်နစ္စတန်ကို ခရီးသွား သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်အပါအဝင် နိုင်ငံခြားသား ၃ယောက်ထည့်သွင်းဖွဲ့စည်းလိုက်တဲ့ကိစ္စဟာ အမျိုးသားရေးနဲ့ နိုင်ငံတော်လုံခြုံရေးကို လျစ်လျူရှုနေတာဖြစ်ပြီး ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင်လုပ်နေတယ်လို့ ကြံ့ခိုင်ရေးပါတီက စွပ်စွဲလိုက်ပါတယ်။

အမျိုးသားရေးအမြင်၊ အမျိုးသားရေးသတိနဲ့လည်း စောင့်ကြည့်သွားဖို့လိုတယ်လို့ ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

အလားတူ ရခိုင်အမျိုးသားပါတီကလည်း ဒီလို နိုင်ငံခြားသားတွေနဲ့ ထည့်သွင်းဖွဲ့စည်းတဲ့အပေါ် စိုးရိမ်ကြောင်းဖော်ပြပြီး ကန့်ကွက်ခဲ့သလို ဒီကော်မရှင်ကို ဖျက်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဝန်ကြီးရုံးက ရခိုင်ပြည်နယ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ကိုဖီအာနန်ဖောင်ဒေးရှင်းနဲ့ နားလည်မှုစာချွန်လွှာရေးထိုးပြီး လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
Kamayut Media

မြေငလျင် လှုပ်ခတ်မှုဒဏ် ကြုံတွေ့ ရပါက ပြုမူဆောင်ရွက်သင့်သည့် အချက်များနှင့် အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်း နံပါတ်များအား ပြန်လည် ဖော်ပြအပ်ပါသည်။

---

ပြည်သူများအနေဖြင့် မည်သည့် အချိန်တွင် ငလျင်လှုပ်ခတ်မည်ကို ခန့် မှန်း၍ မရနိုင်သည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်သင့်ကြောင်း ၊ ငလျင်ဒဏ် ခံရပါက ဘေးအန္တရာယ် ရှိမည်မှာ အဆောက်အအုံ ပြိုကျခြင်းမျိုး ဖြစ်ခြင်းထက် အမြင့်တွင် ရှိသည့် ပစ္စည်းများ ပြုတ်ကျခြင်းသည် ပိုမို အန္တရာယ် ရှိကြောင်း ၊ နေအိမ် ၊ တိုက်ခန်းများတွင် အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် Air Con ၊ ဗီဒိုများ ၊ မီးဆိုင်းများ အနီးတစ်ဝိုက် အိပ်စက် နေထိုင်ခြင်းများ သတိပြုရန် လိုအပ်ကြောင်း ၊ ငလျင်လှုပ်ခတ်နေပါက နေအိမ်အတွင်းမှ ရုတ်တရက် ပြေးထွက်/ဝင်ခြင်းများ မပြုလုပ်ဘဲ မိမိနေရာတွင် ငလျင်ဒဏ် သက်သာမည့် နေရာအား ကြိုတင်ကြည့်ရှုထားသင့်ကြောင်း သတိပြုသင့်သည့် အချက်များအား မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

---

မြေငလျင်နှင့် ပတ်သက်၍ အရေးပေါ် ဆက်သွယ် အကူအညီများ သိရှိရယူလိုပါက မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
မြေငလျင်ဌာနခွဲ (နေပြည်တော်) ၀၆၇-၄၁၁၂၆၄ ၊ ၀၆၇-၄၁၁၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ) ၀၁-၃၉၂၀၂၈၊ ၃၉၂၀၂၉

မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ (အရေးပေါ်) ၁၉၁

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အရေးပေါ်) ၁၉၉

လူနာတင်ယာဉ် (အရေးပေါ်) ၁၉၂

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၀၁-၂၅၆၁၁၂

များသို့ လည်းကောင်း စုံစမ်းမေးမြန်း၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။

============

China Xinhua News



ငလျင်ဒဏ်ကြုံရပြီးနောက် ပုဂံဧရိယာအတွင်း ငလျင်ဒဏ်ကြောင့် ဘုရားပြိုပျက်သွားသဖြင့် ထွက်ပေါ်လာသည့် အမှိုက်များအား ဂရုတစိုက်ရှင်းလင်းရန် သမ္မတဦးထင်ကျော်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သြဂုတ် ၂၅ရက် နေလည်ပိုင်းက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး သွားသည့် ပုဂံဒေသရှိ စေတီပုထိုးများ လေ့လာကြည်ရူအပြီး ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပုဂံစေတီပုထိုးများ ပြုပြင်ရေး ကိစ္စတွေ့ဆုံဆွေးနွေးရာတွင် ပြောသွားခြင်းဖြစ်သည်။

ဦးထင်ကျော်က “ပျက်စီးပြီုကျတဲ့ အပိုင်းအစတွေကို သာမန်အဆောက်အဦး မှာ တွေ့ရတဲ့ အမှိုက်တွေလိုမျိုး အလျင်စလို သိမ်းပစ်လိုက်တဲ့အခါမျိုး အမှိုက်တွေနဲ့ရောပြီး သိမ်းလိုက်တာမျိုးလုပ်ပြီး မလုပ်လိုက်မိဖို့ လိုပါတယ်။ ဒီဥစ္စာတွေကို သေချာမှတ်တမ်း တင်ထားပြီးတော့ သိမ်းပြီးတော့ တချို့ဟာတွေက ရှေးဟောင်းစာရှိဦးမှာ။ အုတ်လည်း အုတ်အလျောက်ပါ။ ရှေးအုတ်နဲ့ အခုအုတ်က မတူပါဘူး။ ပြန်သုံးလိုရတာတွေ ရှိတွေမျိုးရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ပုဂံဘုရားပြိုကျမှု ဖြစ်စဉ်များကြောင့် အမှိုက်များ ဖြစ်ပေါ်လာသည့်အတွက် တာဝန်ကျ သူများက ရှင်းလင်းခြင်းလုပ်ဆောင်ကြပြီး ပြိုကျပျက်စီးသည့် စေတီပုထိုးမှ ထီးတော်၊ စိန်ဖူးတော်များ၊ ဌာပနာတိုက်များကို သေချာစွာ စာရင်းဇယားအတိုင်း သိမ်းဆည်းထားခြင်း ရှိရသည့်အတွက် ယခင်ကထက် တိုးတက်လာပြီး စနစ်ကျလာသည်ဟု ဆက်လက်ပြောသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားပေါင်း ၁၈၁ ဆူ ပြန်လည်ပြုပြင်နိုင်ရန်
ဇေကမ္ဘာကုမ္ပဏီက ငွေကျပ်သိန်း ၁၀၀၀၊ စကိုင်းနက်ရုပ်သံမှ ငွေကျပ်သိန်း ၁၀၀၀၊ ဦးအောင်မျိုးမင်းဒင်မှ ငွေကျပ်သိန်း ၅၀၀ ကို ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသုတေသနပြတိုက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိနေသည့် သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

သြဂုတ် ၂၄ ရက် ညနေ ၅ နာရီကျော်ခန့်က ချောက်မြို့အနောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့သွားသည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ စေတီပုထိုးပေါင်း ၁၈၀ ကျော်ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

စိုင်းဟန်
The Ladies News



မနေ့က (သြဂုတ် ၂၄) ငလျင်ဒဏ်ကြောင့် ဘုရားပေါင်း နှစ်ရာကျော် ပျက်စီးတဲ့ အထဲမှာ ပုဂံက ရှေးဟောင်း ဘုရားတွေ အများအပြား ပါသွားခဲ့တဲ့ အတွက် တိုင်းသူပြည်သား လူအများ လိုပဲ ကျနော်လည်း စိတ်နှလုံးဝမ်းနည်း ကြေကွဲဖြစ်နေရပါတယ်။ ဒါပေမဲ့ လူအများဟာ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များဟာ ပုဂံရဲ့ အစစ်အမှန် နှလုံးသားဝိညာဉ် တန်ဖိုးကို အမှန်အကန် သိကြပါရဲ့လား ဆိုပြီးလည်း စဉ်းစားခန်း ဝင်နေမိပါတယ်။

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ ပုံဖော်ခဲ့တဲ့ ပုဂံကတော့ မြန်မာ လူမျိုးကြီးဝါဒ မဟာမြန်မာ စစ်ပဒေသရာဇ် လက်နက် နိုင်ငံတော် ပုဂံ ပါပဲ။ အာဏာအတွက် ယတြာချေ၊ ဘုရားဖြင့် မြင်မြင်သမျှ ရွှေချ၊ မူလ နံရံ ဆေးရေးပန်းချီ လက်ရာကောင်းတွေကို ကော်ပတ်စားပြီး ရွှေချ၊ နေရာတကာ ထုံးဖြူသုတ်၊ စီးပွားရေးပေါင်းစား အကျိုးအမြတ် အတွက် ဘုရားထဲအထိ ဟိုတယ်ဆောက်၊ ဂေါက်ကွင်းဆောက်၊ နန်းမြင့် မျှော်စင် ဆိုပြီး လုပ်၊ အာဏာ လောဘ ရူးမှု အစုံစုံ စတဲ့ ရှေးဟောင်းတန်ဖိုးတွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ကြတဲ့အပြင် လူမျိုးကြီး လူမျိုးရေးမှိုင်းတိုက်ရာ အဖြစ်ပါ ပုဂံဟာ အသုံးချခံရရှာတယ်။ “ကြီးမြတ်လေသော သမိုင်းကြောင်းများ” ဆိုပြီး လက်နက်ကိုင် အားကြီးသူ နိုင်ရာစားတဲ့ စစ်ဝါဒ မဟာ မြန်မာ ဝါဒ မြစ်ဖျားခံရာ သက်သက် ပုဂံဟာ ဖြစ်ရရှာတယ်။

ပုဂံကို “မဟာမြန်မာ” သာ အတွင်တွင် လုပ်ခဲ့ကြပေမယ့် အခုလို သိသာမြင်သာတဲ့ သဘာဝဘေးအတိ ကြုံချိန် ပုဂံကို မြတ်နိုးကြသူတွေ၊ ပုဂံအတွက် တုန်လှုပ် ကြသူတွေမှာ မြန်မာ (ဗမာ) မဟုတ်တဲ့ နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ၊ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ အများအပြား ပါ, နေတာကို ကြည့်ရင် ပုဂံတန်ဖိုးဟာ လူမျိုး တမျိုး၊ ဘာသာ တခု ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဘောင်အတွင်းက ကင်းလွတ်နေတယ်ဆိုတာ မြင်နိုင်ရပါမယ်။ အမှန်တော့ ပုဂံကို လူသားရဲ့ ယဉ်ကျေးခြင်း၊ လူသားရဲ့ ပညာဉာဏ် ကြီးရင့်ခြင်း၊ လူသားရဲ့ ကြီးကျယ် ခမ်းနားခြင်း၊ လူသားရဲ့ ဖြစ်တည်မှုကို ရှာဖွေခြင်း၊ တွေ့ရှိခြင်း၊ တည်ဆောက်ခြင်း၊ လူသားဝါဒအတွက် အားကျရာ နှလုံးသား ဝိညာဉ် "ရာဇဝင်များရဲ့ သတို့သမီး" အဖြစ်သာ ပူဇော် ထိုက်ပါတယ်။

ဒါပေမဲ့ စစ်ဝါဒ မှိုင်းဖုန်းတဲ့ သမိုင်းစာအုပ်၊ ကျောင်းစာသင်ခန်း ပြဋ္ဌာန်း စာမှာတင်မက အိမ်ရှင် အဖြစ် ကျင်းပခွင့်ရတဲ့ အရှေ့တောင်အာရှ အားကစားပွဲလို တိုင်းပြည်ရဲ့ အထင်ကရ ဂုဏ်ဆောင် နိုင်ငံတော် အဆင့် ပွဲကြီးတွေမှာပါ ပုဂံဟာ “မဟာမြန်မာ” အဖြစ်သာ ဂီတ၊ အနုပညာ Soft Power တွေ အဖြစ် လူမျိုးရေး ပြင်းထန်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးများ ဖန်တီးတဲ့ ခေတ်စနစ်ဆိုးဒဏ်ခံ သားကောင် ကျနော်တို့ အားလုံး၊ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များဟာ ရရှိ ခံစား မှိုင်းတိုက် ခံခဲ့ရပါတယ်။

တကယ်တော့ ပုဂံခေတ်ကို ကြည့်ရင် ပန်းပေါင်းစုံ ပွင့်လန်းတဲ့ အယူဝါဒစုံ ထွန်းကားတဲ့ ဗဟုယဉ်ကျေးမှု ကိုသာတွေ့ရမှာဖြစ်ပါတယ်။ ဘာသာ သာသနာဆိုရင်လည်း ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာမှ ဆိုတဲ့ ပြင်းထန်တဲ့ အစွဲအလမ်းမျိုး မရှိပါဘူး၊ မဟာယန လည်း ရှိတာပါပဲ။ ဗြဟ္မဝါဒလည်း ထွန်းကားတာပါပဲ။ ဟိန္ဒူ ဓလေ့၊ အယူဝါဒလည်း ကျယ်ပြန့်တာပါပဲ။ အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာကို ထိန်းသိမ်းချင်လို့ အရည်းကြီးတွေ နှိမ်နင်းတယ်ဆိုတာ နောက်မှ ဖြစ်လာတဲ့ ယုံတမ်းစကားတွေပါ။ လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။ မင်းကလည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှုပြုခဲ့ကြောင်း အထောက်အထား မရှိပါဘူး။ မွန်နိုင်ငံကို သာသနာအစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ၊ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာပါ။ တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်းက အဓိက မဟုတ်ပါဘူး။ ယခုခေတ်လို ဘာသာရေး ဗန်းပြပြီး ကျားမ လိင် ခွဲခြား မှုမျိုးလည်း မရှိပါဘူး။ အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပါပဲ။

ပုဂံခေတ်သာသနာကို ယုံတမ်းမပါ၊ ချဲ့ကားမပါ သုတေသန အမြင်၊ ပညာပိုင်းဆိုင်ရာ သက်သက် လေ့လာထားတဲ့ စာအုပ်တွေမှာ ဒီအကြောင်းတွေ အသေးစိတ် ဖတ်နိုင်လေ့လာနိုင်ပါတယ်။ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ “History Of Buddhism In Burma A.D 1000 – 1300 (1956)” ကျမ်းလို သုတေသနစာတမ်းတွေ၊ ကျမ်းတွေ အများကြီး ရှိပါတယ်။

ပုဂံခေတ်လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘတ် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံးခေတ် ဗမာ့ သမိုင်းမှာ မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်။ ပုဂံခေတ် ဗိသုကာ မူလလက်ရာမှတ်တမ်းတွေက သက်သေပါပဲ။ အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရပါမယ်။

၂၁ ရာစု ခေတ် ဗမာပြည်က လူတွေ၊ အထူးသဖြင့် လွတ်လပ်ရေးရပြီး ကတည်းက တိုင်းပြည်မှာ လက်နက်အားကိုးနဲ့ လူတွင်ကျယ် လုပ်နေတဲ့ တဖက်ပိတ် အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးတွေ ၁၀ ရာစု၊ ၁၁ ရာစု ဝန်းကျင် ပုဂံခေတ်က ရှေးမြန်မာကြီးတွေ လောက် အမြင်ကျယ် နှလုံးသားကြီးရင် လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ မရှိဘဲ ခွင့်တူညီမျှ လူသားဝါဒ ဖြူစင်တဲ့ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စု ပင်လုံ အိပ်မက် လက်တွေ့ အကောင်အထည် ဖော် နိုင်တာ ကြာလှရှိလို့ တိုင်းပြည်လည်း ကမ္ဘာ့အလယ်မှာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာရင်မော့ ခေါင်းကော့ ဖြစ်နေမှာပါ။ အဲဒီလိုဆိုရင် ဘာသာ သာသနာလည်း အစစ်အမှန် ထွန်းကားကျယ်ပြန့်နေမှာ ဧကန် မလွဲ ဖြစ်ပါတယ်။

၁၉၇၅ ပထမ အကြိမ် ပုဂံငလျင် အပြီးကတည်းက မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ ခေတ်များ အဆက်ဆက် ဦးနှောက်မဲ့၊ အမြော်အမြင် မဲ့၊ အတ္တအခြေခံ၊ ကိုယ်ကျိုး အာဏာ လောဘ အတွက် ရှေးမူ ပုဂံခေတ် လက်ရာ ဒီဇိုင်း ဗိသုကာ တွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ပုံသာဓကကို PVC ပိုက် ကျိုး ထီးတော်ကနေ ထွက်လာတာက အစ၊ အခု ငလျင်မှာ ကြီးကြီးမားမား ပျက်စီးသမျှ အသစ်ပြင်ထားတဲ့ အစိတ်အပိုင်းတွေ သာ ဖြစ်နေခြင်း အထိ အခု ၂၀၁၆ ပုဂံ ငလျင် မှာ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ တကွ ထင်ထင်ရှားရှား မြင်တွေ့ရတော့ လူအများများ တက်တခေါက်ခေါက်နဲ့ ယူကျုံးမရ ဖြစ်နေကြပါတယ်။

တကယ်တော့ လူသားသမိုင်း ယဉ်ကျေးမှု ဆင့်ကဲတိုးတက်လာတဲ့ သမိုင်းအမွေအနှစ် အမြောက်အမြားကို ‘Homo Erectus (မတ်မတ်ရပ်နိုင်ပြီးတဲ့ လူသား)’ ကနေ ‘Homo Sapiens (အသိဉာဏ်ရှိလူသား)’ ဖြစ်စဉ် အဆင့်ဆင့် နောက်ပိုင်း သမိုင်းမတင်မီနဲ့ တင်ပြီး ခေတ်တွေ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ အမွေအနှစ် ရှေးဟောင်းလက်ရာတွေ၊ ကျောက်နံရံ ပန်းချီတွေကို ဗမာပြည် အနှံ့ တောင်ပေါ် မြေပြန့် အညာ အကြေ အရပ်ဒေသမရွေးမှာ တွေ့နိုင်ပါတယ်။ ဒါတွေဟာလည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူ လူမျိုးအားလုံးရဲ့ သမိုင်းအမွေအနှစ်တွေပါပဲ။ တနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြည့်ရင် ဒါဟာ ကမ္ဘာ့လူသားသမိုင်းက “မဟာလူသား” မျိုးနွယ် တခုလုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေလည်း ဖြစ်ပါတယ်။ ဒီလို လူသားအားလုံးနဲ့ ဆက်စပ်တဲ့ ခေတ်အဆက်ဆက် သမိုင်းအစစ်အမှန် အမွေအနှစ် အစစ်အမှန်တွေကိုလည်း အုပ်စိုးသူ စစ်ဗိုလ်ကြီးများက တန်ဖိုးမထားခဲ့ပါဘူး။ လူသားအစ ရှာနိုင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေကိုတောင် တချိန်တုန်းက အာဏာနဲ့ ပိတ်သိမ်းထားခဲ့ဖူးပါတယ်။ “မဟာလူသားမျိုးနွယ်” တခုလုံးနဲ့ ဆက်စပ်တဲ့ ရှေးဟောင်း အမွေအနှစ်အားလုံးဟာ အာဏာရစ်မူးသူများရဲ့ မထီမဲ့မြင်ပြုမှုကို ခံခဲ့ရတယ်ဆိုတာလည်း ဒီအချိန်မှာ လူအများ ပြန်လည် သုံးသပ်သင့်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများ ဖျက်ခဲ့တဲ့ ပုဂံ ဟာ ငလျင်ကြီးတွေထက် ဆိုးရွားခဲ့တာမှန်ပါတယ်။ ဒါကြောင့် ဒေါက်တာသန်းထွန်းက “ပုဂံ ဘယ်သူ တည်သလဲ အသေအချာ ငါမသိဘူး၊ ပုဂံဖျက်သူ၊ ဘယ်သူဆိုတာတော့ သေချာသိတယ်” ဆိုတဲ့ နာမည်ကျော် စကားကို ဆိုခဲ့ခြင်းပါ။

ဒါပေမဲ့ ဒီလို စစ်ဗိုလ်ကြီးများ ဖျက်ခဲ့သမျှတွေ ထဲမှာ အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးနဲ့ အယုတ်မာဆုံး ဖျက်ခဲ့တာကတော့ ပုဂံဆက်စပ် စိတ်ဓာတ် နာမ်ဝိညာဉ် အဇ္ဈတ္တသန္တာန် လူသားပီသမှုဂုဏ်ရည်တွေပါပဲ။ လူသား ယဉ်ကျေးမှုကို စုတုပြု ရယူတည်ဆောက်ခြင်း၊ မတူကွဲပြားတဲ့ အယူဝါဒဓလေ့တွေကို လေ့လာသင်ယူခြင်း၊ မတူညီမှုတွေကို လက်ခံ ခန္တီပါရမီ (Tolerance) ရင့်သန် ကျင့်ကြံခြင်း၊ လူသားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို နှစ်ထောင်ချီ စံထား အားကျရတဲ့ အထိ တည်ဆောက်ပြနိုင်ခဲ့ခြင်း စတဲ့ လူသားရဲ့ အံမခန်းတဲ့ ဖြစ်တည်မှု ကို ခိုင်မာစေခဲ့တဲ့ ပုဂံရဲ့ အစစ်အမှန် နှလုံးသား ဝိညာဉ်တွေကို အုပ်စိုးသူ စစ်ဗိုလ်ကြီးများ ခေတ်အဆက်ဆက် စနစ်တကျ ဝါဒမှိုင်း အမျိုးမျိုးနဲ့ ဖျက်ခဲ့ကြပါတယ်။

ဒါကြောင့် အခု ဒီမိုကရေစီခေတ်သစ် စနစ်သစ်မှာ ပုဂံကို အမှန်တကယ် ကယ်တင် စောင့်ရှောက်ကာ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းချင်တယ် ဆိုရင်ဖြင့် ဗိသုကာ လက်ရာတွေကို ပြည်တွင်း ပြည်ပ တတ်သိပညာရှင်များနဲ့ ပညာ ဉာဏ် အမြော်အမြင် အခြေခံ လုပ်ဆောင်ရမှာ ဖြစ်သလို မဟာမြန်မာ လူမျိုးကြီးဝါဒ ကို ပြည်ထောင်စု ပင်လုံ စိတ်ဓာတ်နဲ့ အစားထိုးကာ ဗဟုဝါဒ အခြေခံ လူမျိုး ဘာသာ ယဉ်ကျေးမှု စုံ ထွန်းကား သက်ဝင်တဲ့ မူလ ပုဂံ ဝိညာဉ်ကို အသက်ပြန်သွင်းဖို့ လိုကြောင်းပါ ခင်ဗျား။

၂၅ သြဂုတ် ၂၀၁၆

ငြိမ်းချမ်းအေး
The Ladies News

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ပြည်နယ်အရေး ဖြေရှင်းရန် အကြံပေး ကော်မရှင်ကို ဦးဆောင် ခိုင်းခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသော၊ မည်သူမျှ ထင်မထားသော လုပ်ရပ်တစ်ခု ဖြစ်သည်။

သည်အတွက် ရခိုင်ပြည်နယ် အရေးကို လျစ်လျူရှုခဲ့သည် ဟု သူမကို အပြင်းအထန် ဝေဖန်နေ ကြသည့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများအားလုံး၏ ကြိုဆိုမှုကို ရရှိလိုက်သည်။

အဆိုပါ ကိစ္စကြီးအား သတင်းအစအနမျှပင် ပေါက်ကြားစေခြင်း အလျဉ်းမရှိဘဲ ကိုဖီအာနန်ကို အကူအညီပေးပါရန် သွေးဆောင် စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုဖီအာနန် ဦးဆောင်မည့် ကော်မရှင်သည် UN mandate ဖြင့် မဟုတ်ဘဲ ၎င်း တည်ထောင်ထားသည့် ဖောင်ဒေးရှင်း အမည်ဖြင့် ရောက်ရှိလာခဲ့ခြင်းကိုက ထူးခြားလှပါသည်။

ကိုဖီအာနန်သည် ဒေါ်အောင်ဆန်းစုကြည်၏ “အမှန်တရားကို မြတ်နိုးပြီး တရားမျှတစွာ ဖြေရှင်း လိုသည့်စိတ်” ကို လေးစားယုံကြည်မှု သက်သက်ဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည် ဟု ယုံကြည်ရ သည်။

ယခင်အစိုးရကတော့ ထိုကဲ့သို့ စိတ်ကူး၊ အတွေးအခေါ်မျိုး ခေါင်းထဲတွင် လားလားမျှမရှိ၊ ၎င်းတို့ အတွက်မူ အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်ပေးကာ အမေရိကန်မှ ထိတ်ထိတ်ကြဲ PR ကုမ္မဏီ ကြီးကို ငှားရမ်းပြီး မျက်နှာပေါင်းတင် ခိုင်းယုံလောက်သာ နားလည်ခဲ့ကြသည်။

အသက် ၇၈ နှစ် ရှိပြီဖြစ်သော ဂါနာနိုင်ငံသား ကိုဖီအာနန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၇ မှ ၂ ၀၀၆ အ ထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၁ တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုကို ရရှိခဲ့သူ ဖြစ်သည်။

ကုလသမဂ္ဂမှ ထွက်ပြီးနောက် လူ့အသက်ပေါင်း သိန်းချီ ဆုံးရှုံးခဲ့သည့် ကင်ညာ နိုင်ငံရေး အကျပ်အတည်းကြီးကို အောင်မြင်စွာ ၀င်ရောက် ကြားဝင် ဖြေရှင်းနိုင်ခဲ့သည်။ အလားတူ ဆူဒန် အရေး၊ ဇင်ဘာဘွေအရေး၊ အိုင်ဗရီကို့စ် အရေးများတွင် ၎င်း ဦးဆောင်သည့် ကမ္ဘာ့ထင်ရှားသော ခေါင်းဆောင်ဟောင်းများအသင်း The Elders အဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင် ဖြေရှင်းပေးခဲ့သည်။

သို့သော် ၂၀၁၂ ၌ ဖြစ်ပွားခဲ့သော ဆီးရီးယား အကျပ်အတည်းကိုမူ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘဲ လက်လျှော့ခဲ့ရသည်။

ကိုဖီအာနန် ဖောင်ဒေးရှင်းကို ၂၀၀၇ က စတင်တည်ထောင်ခဲ့ပြီး ထိုအဖွဲ့အစည်းမှာ ကမ္ဘာတစ်ဝန်း တွင် အစိုးရကောင်းများ ပေါ်ထွက်ကာ ပိုမို တရားမျှတပြီး ငြိမ်းချမ်းသော လူ့ဘောင် ဖြစ်ထွန်းရေး ဦးတည် လှုပ်ရှားခဲ့သော အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ယခု ကိုဖီအာနန် ဖောင်ဒေးရှင်း၏ အကြီးအကဲအဖြစ် မြန်မာနိုင်ငံသား ခြောက်ဦးနှင့် ဖောင်ဒေးရှင်း အဖွဲ့ဝင် သုံးဦး၊ ပေါင်း ကိုးဦးပါ ကော်မရှင်ကို ဦးဆောင်မည် ဖြစ်သည်။ အကြံပေး အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းရန်လည်း ရှိနေသည်။

အဆိုပါ ကော်မရှင်၏ တင်ပြချက်များသည် အကြံပေးခြင်း သက်သက်သာ ဖြစ်သည့်အတွက် ပြည်ပမှ ၀င်ရောက်စွက်ဖက်ခြင်း ဟု ပြော၍ လုံးဝ မရသည့် အနေအထားကို ဖန်တီးပေးနိုင်ခဲ့သည်။

လှစိုးဝေ

The Ladies News

ပုံစာ - ဆူဒန် တောင်ပိုင်း ခွဲထွက်ရေး ဆန္ဒခံယူပွဲကို ကြီးကြပ်ပေးနေသော ကိုဖီအာနန် နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ
The Ladies News

 htinkyaw-bagan-620.jpg ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ သမ္မတဦးထင်ကျော် ကို တွေ့ရစဉ်
Photo:Kyaw Htoon Naing/RFA

ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားတွေကို ရှင်းလင်းတဲ့အခါမှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ သမ္မတဦးထင်ကျော်က တိုက်တွန်းလိုက် တာဖြစ်ပါတယ်။

"အခုလို အခါအခွင့်ရတုန်း အဆိုးထဲက အကောင်းဖြစ်အောင် ပြန်လည်ပြုပြင်လို့ရှိရင်တော့ တကယ့်ကို စနစ်တကျအချိန်ယူပြီးတော့ ပြင်ကြရမှာပါ၊ စနစ်တကျနဲ့ မှတ်တမ်းမှတ်ရာတွေယူပြီးတော့ တကယ့်ရှေး အမွေအနှစ်လက်ရာတွေ မပျက်အောင် အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်နိုင်သမျှ လုပ်သွားရမှာပါ၊ အဲ့ဒါလေး ကျနော်ပြောပါရစေ"

သမ္မတဦးထင်ကျော်က ပြည်တွင်းဘုရားဖူးတွေနဲ့ ပြည်ပကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေအတွက် ထိခိုက်မှု မရှိတဲ့ဘုရားတွေကို ဖွင့်ပေးဖို့အပြင် ထိခိုက်မှုရှိတဲ့ဘုရားတွေမှာပါ အတတ်နိုင်ဆုံးကြည့်ရှု မှတ်တမ်းတင်ခွင့်ပေး ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ ဒီကနေ့ ပုဂံမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင် အပြင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူရဦးအောင်ကိုက ယူနက်စကို နဲ့ ပြည်တွင်း ပညာရှင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပျက်စီးသွားတဲ့ စေတီပုထိုးတွေကို ပြုပြင်ရေး လုပ်ငန်းတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ ထီးလိုမင်းလိုဘုရား၊ စူဠာမဏိစေတီနဲ့ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားတွေကို လည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စပိန်နိုင်ငံသူ ကမ္ဘာလှည့် ဧည့်သည်ကိုလည်း ဂရုစိုက်ဖို့မှာကြားခဲ့ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ခေါင်းဆောင်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေစီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။
RFA

၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ရန်ကုန် NRPC ခန်းမ မှာကျင်းပစဉ် (ဓါတ်ပုံ-ဦးလှမောင်ရွှေ)
၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ရန်ကုန် NRPC ခန်းမ မှာကျင်းပစဉ် (ဓါတ်ပုံ-ဦးလှမောင်ရွှေ)

ဒီလကုန်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မယ့် အစု အဖွဲ့ဝင်တွေ၊ ပါတီ၊ အဖွဲ့အစည်းတွေကို ဖိတ်ကြားစာတွေ ပေးပို့ထားပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက ၁၈ ဖွဲ့ကို ဖိတ်ကြားထားပြီး နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီ ၂၂ ပါတီကို ဖိတ်ကြားထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအတွက် တက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းအတွင်းမှာ ဖိတ်ကြားစာတွေ ပေးပို့ထားပြီ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့၈ဖွဲ့မှာ အပါအ၀င်ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ညီလာခံအတွက် ဖိတ်ကြားစာကို မနေ့က ရရှိကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက အခုလို ပြောပါတယ်။

“လက်ခံရရှိပါပြီခင်ဗျ။ နောက်ဆုံးအကြိမ်ထပ်မံရောက်ရှိလာတာ ကျနော်တို့ DDKC ရုံးက ထပ်ရောက်လာတာ မနေ့ညကဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတက်ဖို့ပေါ့နော်။ DDKC ရုံးကနေ တဆင့်ပို့လာတာပေါ့ တရားဝင်သွားကြမှာတော့ အားလုံးသွားမှာက ၃၀ ရက်နေ့အရောက်သွားရမှာဖြစ်ပါတယ်။”

NCA ကို လက်မှတ်မရေးထိုးသေးတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်၇ဖွဲ့ကိုတော့ ညီလာခံပူးတွဲကျင်းပရေးကော်မတီမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေက ဦးဆောင် ဖိတ်ကြားဖို့ စီစဉ်ထားကြောင်း UNFCရဲ့ တွဲဘက်အတွင်းရေးမှုး ဦးထွန်းဇော်က ပြောပါတယ်။

“ဖိတ်ကြားစာကတော့ ကျနော်တို့ ကျင်းပရေးပူးတွဲကော်မတီမှာပါဝင်ပြီးဖြစ်တဲ့အတွက်လေ။ ဖိတ်စာကတော့ ကျင်းပရေးပူးတွဲကော်မတီကနေ တာဝန်ခွဲပြီးတော့မှ ပို့ကြတာပေါ့နော်။ အစိုးရဘက်က ဖိတ်တဲ့ပုံစံမဟုတ်ပဲနဲ့ ပူးတွဲကော်မတီဘက်က ဖိတ်ကြားတဲ့ ပုံစံလုပ်ပါတယ်။ လုပ်တော့ဖိတ်စာမှာ ကျနော်တို့ကိုယ်တိုင်ပါဝင်ဖို့အတွက်ပေါ့လေ။ တဖွဲ့ချင်းစီကို UNFC ကနေပြီးတော့မှ တာဝန်ယူပြီးဖိတ်ကြားသွားမယ်ပေါ့လေ။ UNFC ၀င်အဖွဲ့အစည်းတွေကိုပေါ့ အဲဒီလိုစနစ်နဲ့သွားဖို့ ရည်ရွယ်ပါတယ်။”

လောလောဆည်မှာတော့ အစိုးရတပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ PSLF/TNLAခေါ် တအာန်း(ပလောင်) တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ AAခေါ်ရခိုင်တပ်ဖွဲ့တွေ ပါဝင်တက်ရောက်ရေးဟာ မရေမရာရှိနေဆဲဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ NDAA ခေါ်မိုင်းလားအဖွဲ့ကနေတဆင့် ဒီအဖွဲ့၃ဖွဲ့ကို ဖိတ်ကြားစာပေးပို့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မိုင်းလားအဖွဲ့ကတော့ အခုချိန်ထိ ဖိတ်ကြားစာမရသေးကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ပြောပါတယ်။

“အစိုးရတက်လာတာ ဆက်သွယ်ပြီးနောက်ဆွေးနွေးတာကတော့ရှိတယ်။ ဖိတ်ကြားတာကတော့ အဲဒီစာကတော့ မတွေ့သေးဘူး ကျနော်တို့ဆီမှာ မရဘူး။”

ဆက်လက်ဖြစ်ပွားနေတဲ့ PSLF/TNLAခေါ် တအာန်း(ပလောင်) အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး တာဘုန်းကျော်ကတော့ ဖိတ်ကြားမယ်ဆို သူတို့ ၃ဖွဲ့အနေနဲ့ တက်ရောက်ဖို့ ရှိကြောင်း ပြောပါတယ်။

“ဖိတ်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့ ၃ ဖွဲ့စလုံးတက်ဖို့ရှိပါတယ်။ ဖိတ်ကြားလာမယ်ဆိုရင်။”

၂၁ရာစုပင်လုံကို တက်ရောက်ဖို့ ဆုံးဖြတ်တာကတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပြီး ရက်ကပ်ပြီးမှ ဖိတ်ကြားလာရင်တော့ ခရီးသွားလာရေးအတွက် အခက်အခဲရှိနိုင်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားဖို့ ရှိကြောင်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။

နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ အဓိက ၂၀၁၅ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီတွေကို ဖိတ်ကြားထားပြီဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးအစုအဖွဲ့ရဲ့ အတွင်းရေးမှုး စိုင်းကျော်ညွှန်က အခုလို ပြောပါတယ်။

“နိုင်ငံရေးပါတီ အစုအဖွဲ့ကတော့ ကျနော့်ကို ဖိတ်ခိုင်းလိုက်တာနဲ့ ကျနော်လှမ်းဖိတ်ထားတာပေါ့လေ။ ၂၂ ပါတီ ပါပဲ။”

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ ပါတီ ၇၀ကတော့ ကိုယ်စားလှယ် ၅ဦးသာတက်ရောက်ဖို့ အစိုးရက သတ်မှတ်ခဲ့တာကို လက်မခံဘဲ တစ်ပါတီ ကို ကိုယ်စားလှယ်တယောက် တက်ရောက်ခွင့်ရဖို့အတွက် တင်ပြထားပါတယ်။ ဒီကနေ့အထိတော့ အစိုးရဖက်က ဒီတင်ပြချက်နဲ့ပတ်သက်ပြီး တစုံတရာ တုံပြန်တာမရှိသေးပါဘူး။

VOA Burmese News


ဘုရားစောင့်ရှောက်ဖို့ ရဲတွေချ
ငလျင် အပျက်အစီးတွေကို ကြည့်ရှု စစ်ဆေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ အဖွဲ့ ပုဂံကို သွားရောက်ခဲ့ပါတယ်။

သီတဂူ ဆရာတော်လည်း ပုဂံကို ဒီမနက်ကပဲ သွားရောက်ပြီး ဘုရားတွေ ပြုပြင်ဖို့ ငွေလှူဒါန်း ခဲ့ပါတယ်။

ငလျင်ကြောင့် ပုဂံက ဘုရားပေါင်း ၁၈၇ ဆူ ထိခိုက်ပျက်စီးခဲ့တာကိုလည်း အလျင်စလို မပြုပြင်ဘဲ ယူနက်စကို နည်းပညာ အကူအညီနဲ့ သေချာ ပြုပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဘုရားအပျက်အစီးတွေ ရှင်းလင်းဖို့ ရဲနဲ့ စစ်သားတွေလည်း ရောက်ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့က လှုပ်ခဲ့တဲ့ ငလျင် ဒဏ်ကြောင့် ရန်ကုန်- ကျောက်ဖြူ လမ်းပေါ်က လုံးတော်ပေါက် တံတား အောက်ခြေတိုင် ယိုင်သွားပြီး တံတားကွဲအက်သွားတဲ့ အတွက် ကားအသွားအလာ ယာယီ ရပ်ထားရတယ်လို့ သိရပါတယ်။

နောက် ရမ်းဗြဲက သမိုင်းဝင် ကိုယ်ရံတော်တောင် စေတီ ထီးတော်လည်း မြေခသွားသလို မြောက်ဦးမှာလည်း ရှေးဟောင်း ဘုရားသုံးဆူ ပြိုပျက်ခဲ့ပြီး ရှင်းလင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese



 တောရိုင်းဆင်ရန်က ကာကွယ်ဖို့ ပျားတွေ ချ
ထိုင်းနိုင်ငံက လယ်သမားတွေဟာ သူတို့လယ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးလေ့ရှိတဲ့ တောရိုင်းဆင်တွေရဲ့ ရန်က ကာကွယ်ဖို့ ပျားတွေ ချထားဖို့ လုပ်နေကြပါတယ်။

ဒီတောရိုင်းဆင်တွေကို အရင်က ပဒူကောင်တွေ၊ လျှပ်စစ်လွှတ် ခြံစည်းရိုးတွေနဲ့ ကာကွယ်ဖို့ လုပ်ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆင်တွေ ပျားတုပ်တာ ကြောက်ကြတယ်ဆိုတဲ့ အချက်ကို လေ့လာချက်ကို အသုံးချပြီး အခု ဒီအစီအစဉ်ကို ချန်သာဘူရီနယ် အရှေ့ပိုင်းမှာ စလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပျားအုံတွေကို ကြိုးတွေမှာသီပြီး လယ်ကွင်းတွေမှာ ချထားခြင်းအားဖြင့် ဆင်တွေဝင်လာရင် ပျားတုပ်အောင် စီမံထားတာဖြစ်ပါတယ်။

အခုလို အစီအစဉ်ဟာ အာဖရိကတိုက်မှာ နှစ်ပေါင်းများစွာ အောင်အောင်မြင်မြင် အသုံးပြုခဲ့တဲ့ စနစ်လည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ပွင့်ဖြူ သြဂုတ် ၂၅

မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးအတွင်းရှိ ပျံကျဈေးရုံကြီးသည် သြဂုတ်လ (၂၅)ရက်နေ့၊ ညနေ (၄)နာရီ (၂၉)မိနစ်တွင် ပြိုကျမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ဈေးရုံကြီးသည် ၁၈၈၆-ခုနှစ်ခန့်က ဈေးသူ/ဈေးသားများမှ စုပေါင်း ဆောက်လုပ်ခဲ့သော အလျား (၁၁၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၅)ပေရှိ သွပ်မိုး အဆောက်အဦဖြစ်ရာ သြဂုတ်လ (၂၄)ရက်နေ့ မြေငလျင် လှုပ်မှု ဒဏ်ကြောင့် သံဖိနပ်တိုင်များ ပြတ်တောက်ယိုင်းနဲ့ခဲ့၍ သြဂုတ်လ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီ၊ မြို့မိ/မြို့ဖ များ၊ ဈေးသူ/ဈေးသားများနှင့် တွေ့ဆုံညှိနှိုင်းကာ ဈေးရုံးကြီးအားဖျက်၍ အသစ် အမြန် ပြန်လည်တည်ဆောက်ရန် ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။


ပျံကျဈေးရုံ ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ/သေဆုံးမှု မဖြစ်ပွားခဲ့သော်လည်း၊ သိုလှောင်ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်းနှင့် အဆိုပါ ပြိုကျ အဆောက်အဦအား မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေး အဖွဲ့ ၀န်ထမ်းများ၊ ဈေးသူ/ဈေးသာများမှ ရှင်းလင်းရေး လုပ်ငန်းများ ချက်ချင်းဆောင် ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


စစ်ကိုင်းတိုင်း ​ဒေသကြီး ​နာဂ ​ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ​ဖြစ်ပွားနေတဲ့ ​ဝက်သက်ရောဂါကြောင့် ​အခုဆိုရင် ​သေဆုံးသူ ​အယောက် ​၈၀ ​ရှိပြီလို့ ​သိရပါတယ်။

အရင်ရက်တွေတုန်းက ​မြန်မာ ​အာဏာပိုင်တွေက ​သေဆုံးသူ ​၆၈ ​ယောက်ရှိပြီလို့ ​ထုတ်ပြန်ထားတာ ​ရှိပါတယ်။

အခုတခါ ​လဟယ်အထွေထွေ ​အုပ်ချုပ်ရေးမှူးကနေ ​ထုတ်ပြန်တဲ့ ​စာရင်းနဲ့ ​နန်းယွမ်းမြို့နယ် ​လွှတ်တော်အမတ် ​ဦးစိန်မောင်က ​ကောက်ခံတဲ့ ​စာရင်းတွေအရ ​နောက်ထပ် ​၁၂ ​ဦးရဲ့ ​နာမည်တွေ့ရှိရတာကြောင့် ​စုစုပေါင်း ​အယောက် ​၈၀ ​ရှိသွားပြီလို့ ​Emergency ​Response ​Team ​to ​Naga ​Region ​ရဲ့ ​ဖေ့စ်ဘွတ်မှာ ​ဖော်ပြထားပါတယ်။

လပိုင်းအတွင်းမှာပဲ ​ကြိုတင်ကာကွယ်နိုင်တဲ့ ​ဝက်သက်ကြောင့် ​သေဆုံးရသူ ​အများအပြားရှိတဲ့အပေါ် ​မြန်မာအစိုးရကို ​အပြစ်တင်နေကြပါတယ်။

အစိုးရက ​ကျန်းမာရေးဝန်ထမ်းတွေကို ​ပို့ဆောင်နေပေမယ့် ​မသွားချင်တဲ့ ​လူတွေ ​များကြောင်း ​သိရပါတယ်။

တချို့ကလည်း ​မဲနှိုက်ရာကနေ ​နာဂဒေသကို ​ခေတ္တသွားဖို့ ​တာဝန်ကျကြောင်း ​သိရလို့ ​မူးမေ့သွားတဲ့ ​ဆရာဝန်တွေ၊ ​တာဝန်ကျတဲ့ ​ဝန်ထမ်းတွေက ​အထက်ကို ​စာတင်ပြီး ​မသွားနိုင်ဘူးလို့ ​ပြောဆိုတာတွေ ​ရှိတဲ့အတွက် ​ကျန်းမာရေး ​ဝန်ထမ်းတွေအကြားမှာလည်း ​အပြန်အလှန် ​ဝေဖန် ​ငြင်းခုံကြတာ ​ရှိပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese



ပုဂံရှေးဟောင်းစေတီ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအတိုင်းအတာ
ငလျင်ဒဏ်သင့် ပုဂံဘုရားပုထိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်လို့ ပြောပါတယ်။ ရှေးဟောင်း စေတီပုထိုးတွေကို ပြန်ပြီး ပြုပြင်တဲ့အခါ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအမြင်နဲ့ ဘာသာရေး အမြင်ကြား ချိန်ထိုးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဗိသုကာပညာရှင် တွေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက တင်ပြထားပါတယ်။

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကုလသမဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO အေ နနဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို ပြန်လည်ပြုပြင်ဖို့ ကူညီသွားမယ်လို့ ယူနက်စကို ယဉ်ကျေးမှုဌာနအစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးကအခုလိုပြောဆိုလိုက်ပါတယ်။

“ပထမဆုံးတော့ ကျမတို့က ရှေးဟောင်းသုသေတနနဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်းသုသေတန ပါမယ်။ နောက်Technological university က ဆရာဆရာမတွေ ကလေးတွေ ပါမယ်။ AMA လို့ခေါ်တဲ့ Association of Myanmar Architect ပေါ့ အဲဒီက architect တွေနဲ့ပေါင်းပြီးတော့ ဆက်လက်ပြီးတော့ ဘာတွေဆောင်ရွက်ရမလဲဆိုတာ ပထမအဆင့်အနေနဲ့ ကျမတို့ survey လုပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပျက်စီးသွားလဲ ၊ ဘာတွေဖြစ်သလဲဆိုတာတွေရဲ့ အခြေအနေပေါ့လေ။ inventory documentary ကောက်တဲ့သဘောပါ။ အဲဒါတွေကို အရင်ဆုံးလုပ်ရပါမယ်။ အဲဒါပြီးတော့မှ ကျမတို့က Damage assessment ပေါ့နော် ဘယ်လောက်ထိDamage ဖြစ်သွားသလဲ ဆိုတာတွေကိုလုပ်ပြီးတော့ assessment သေချာပြန်ကောက်ရပါမယ် တခုချင်းစီတခုချင်းစီကိုပေါ့။”

ယူနက်စကိုအဖွဲ့အနေနဲ့ မြေပြင်အခြေအနေကိုလေ့လာဖို့ ဒီနေ့ပဲပုဂံမြို့ကိုသွားရောက်နေတာပါ။

လက်ရှိငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ နေရာတွေမှာ ရှေးဟောင်းလက်ရာတွေကို မပျောက်ပျက်အောင်၊ နောက်ဆက်တွဲငလျင်အန္တရာယ်ကိုရှောင်ရှားနိုင်အောင်လို့ အပြင်လူတွေကို ဝင်ခွင့်မပေးဖို့ သက်ဆိုင်ရာကိုခွင့်တောင်းထားတယ်လို့ ဒေါ်ဥမ္မာမျိုးကဆက်ပြောပါတယ်။

“ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာ စိုးရိမ်တာတခု ၊ နောက်ပြီးတော့ ဒီ ဘုရားပုထိုးတွေက ငလျင်ဒဏ်ကို ခံလိုက်ရတဲ့အခါမှာ သူတို့ရဲ့ ခံနိုင်ရည်အင်အားက ဘယ်လောက်အထိရှိသေးလဲ ဆိုတာကို ပြိုကျလုဆဲဆဲလား၊ မပြိုဘဲနဲ့ တည်းတည်းလေးဖြစ်နေတာလား၊ ဒါမှမဟုတ် ဘာမှမဖြစ်ဘူး ကောင်းသလားဆိုတာတွေကိုတိုင်းဖို့ရှိတယ်လေ။ ပြီးရင် after shock တွေလာတက်ပါတယ်။ ငလျင် အကြီးပြီးသွားလို့ရှိရင် ငလျင်အသေးလေးတွေ ထပ်လှုပ်လိုက်ရင် ပြိုကျသွားမလား။ ဒါကြောင့် လူတွေက အထဲဝင်နေလို့ရှိရင် လူ့အသတ်အန္တရာယ်လည်း စိုးရိမ်ရတယ် လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ နဲ့ တခြားဌာနဆိုင်ရာတွေစီကို ဘယ်သူမှ မ၀င်ရဆိုတဲ့ နယ်မြေလေးတွေ သတ်မှတ်ပေးပါလို့ ကျမ တို့က request လုပ်ထားပါတယ်။”

စစ်အစိုးရလက်ထက်တုန်းကပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားပုထိုး တော်တော် များများကို ပြန်လည်ပြင်ဆင်တဲ့အခါမှာရှေးဟောင်းမွေအနှစ်ထိန်းသိမ်းတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြုပြင်မှုတွေကြောင့် ဝေဖန်မှုတွေလည်းရှိနေတာပါ။ ထိခိုက်မှုများခဲ့တဲ့ စူဠာမဏိစေတီတော်မှာ ဆိုရင်လည်း ထပ်ဆင့် ပြန်ပြီးပြင်ဆင်ထားတဲ့ အုတ်ချပ်အသစ်တွေ ပြိုကျသွားတာကြောင့် ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။

အခုငလျင်ဒဏ်ကြောင့် စေတီပုထိုးတွေကို ပြန်ပြင်တဲ့အခါ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အမြင်နဲ့ ဘာသာရေးအမြင်တွေကြားမှာချိန်ထိုးပြီး ပြင်ဆင်ဖို့ ပန်းပုအမွှန်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ကအခုလိုအကြံပြုပါတယ်။

“ရှေးဟောင်း သုသေတနအမြင်ကျတော့ အရှိကိုအရှိအတိုင်းထားတာ တန်ဖိုးရှိတယ်။ မသိဘဲနဲ့ အပေါ်က ဘာပုံမှန်းမသိတဲ့ ပုံတွေတင်လိုက်ရင် ရှေးဟောင်း တန်ဖိုးပျက်တယ်ဆိုတာ အဲဒီ ၂ ခုကြား မှာ ဝိရောဓိ ဖြစ်နေတာပေါ့။ ဗုဒ္ဓ ဘာသာနိုင်ငံဖြစ်နေတဲ့အတွက် ဘာသာရေးလည်း ဦးစားပေးရမယ် ဆိုတော့ အကောင်းပြန်ပြင်ချင်တယ်ဆိုရင် အုတ်၊ အင်္ဂတေ နဲ့ သံချောင်းနဲ့ ကွန်ကရစ်နဲ့တွေကို သုံးမယ့် အစား ပိုပြီးတော့ ပေါ့ပါးတဲ့ Flexible ဖြစ်တဲ့၊ light ဖြစ်တာတွေနဲ့ ပြန်ပြီးတော့ ပြုပြင်မယ်ဆိုရင်တော့ နောက်လည်း ငလျင်က မလှုပ်ဘူးလို့မပြောနိုင်ဘူး။ အကြောင်း အမျိုးမျိုးကြောင့် လှုပ်ခဲ့တယ်ဆိုရင် ပြိုကျဦးတော့ အောက်က တကယ့် ရှေးဟောင်းပစ္စည်းတွေက သက်သာတာပေါ့။ အပေါ်က ငလျင်လှုပ်လို့ ပြန်ကျလာမယ့်ပစ္စည်းဟာ သဘာဝဘေးအန္တရာယ်ကို မတွန်းလှန်နိုင်လို့ ပျက်ပြီဆိုရင် အတုံးလိုက်ပြုတ်ကျမယ့်အစား တစစီပြုတ်ကျတဲ့ ပစ္စည်းမျိုးကို စဉ်းစားပြီးတော့ ကျနော်တို့လောလောဆယ်အဲဒီလိုတွေးမိပါတယ်။”

သမ္မတဦးထင်ကျော်ကတော့ ဒီနေ့ နေ့လည်ပိုင်းမှာပဲငလျင်ဒဏ်ခံရတဲ့ စေတီပုထိုးပျက်စီးမှု အခြေအနေတွေကိုစစ်ဆေးဖို့ ပုဂံမြို့ကိုရောက်ရှိနေပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကငလျင်ဒဏ်ခံရတဲ့ ဘုရားပုထိုးတွေကိုအချိန်ယူပြီး ပြင်ဆင်ဖို့ ပြောဆိုထားပြီးသာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကလည်းပညာရှင်တွေရဲ့အကူအညီနဲ့ ရှေးမူမပျက် ပြန်လည်ပြင်ဆင်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

 သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



သတ်မှတ်ထားတဲ့ နေရာတွေက လိုက်ပါစီးနင်းနိုင်
ကမ္ဘာပေါ်မှာ ပထမဆုံး မောင်းသူမဲ့ အငှားယာဉ်စနစ်ကို စင်ကာပူနိုင်ငံမှာ စတင်ပြေးဆွဲလိုက်ပါတယ်။

ခရီးသည်များဟာ သတ်မှတ်ထားတဲ့ အတင်အချ နေရာတွေကနေ လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာတော့ အရေးပေါ်လာရင် မောင်းဖို့ ယာဉ်မောင်းလည်း ကားပေါ်မှာ လိုက်ပါလာဦးမှာ ဖြစ်ပါတယ်။

ဒီစနစ်ကို အမေရိကန်ပြည်ထောင်စုက အူဘာအငှားယာဉ်ကုမ္ပဏီက စတင်ပြေးဆွဲဖို့ စီစဉ်နေတဲ့ အချိန်မှာ အခုမှ စပေါ်လာတဲ့ နပ်တိုနိုမီဆိုတဲ့ ကုမ္ပဏီက စတင်လိုက်တာ ဖြစ်ပါတယ်။

ဂူဂယ်က ဦးစီးလည်ပတ်စေတဲ့ မောင်းသူမဲ့ယာဉ် စမ်းသပ်မှုတွေကို ကယ်လဖိုးနီးယားပြည်နယ်မှာ ပြုလုပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့် သာမန် အရပ်သားတွေ အတွက်တော့ နောက်ထပ် နှစ်အတော်ကြာ စောင့်ရဦးမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese



ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သည့် ဘဏ်အနီးသို့ လုံခြုံရေး တပ်ဖွဲ့များရောက်ရှိလာစဉ် (ဆင်ဟွာ)
    မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

    ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံလေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာ များ က သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။

ကနဦးရရှိသည့် သတင်းအချက်အလက်များအရ ပြန်ပေးဆွဲသမားသည် အသက် ၆၁နှစ်အရွယ် Aram Petrosyan အမည်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ၄င်းသည် သြဂုတ် ၂၄ရက် ညနေပိုင်းတွင် မော်စကိုမြို့ Bolshaya Nikitskaya လမ်း ရှိ Citibank ၏ ဘဏ်ခွဲတစ်ခုအတွင်းသို့ ၄င်း၏ ရင်ဘတ်၌ သေတ္တာတစ်လုံးကို သိုင်းချည်လျက် ဝင်ရောက်လာပြီး အသေခံဖောက်ခွဲမှု ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းလေးဦးအား ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဓါးစာခံ အမျိုးသမီးနှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဘဏ်အား နာရီများစွာ ဝိုင်းထားပြီးနောက်တွင် ပြန်ပေးဆွဲသမားသည် လက်နက်ချအညံ့ခံခဲ့ပြီး ၄င်းကိုယ်၌ တပ်ဆင်ထားသည့် သေတ္တာဘူးမှာလည်း ဗုံးအစစ်မဟုတ်ပဲ ဗုံးအတုသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ပြန်ပေးသမားအား စစ်ဆေးမေးမြန်းရန်အတွက် ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲမှု နောက်ကွယ်မှ လှုပ်ရှားမှုကိုမသိရှိသေးကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com



မြန်မာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဒေါ်လာ သန်း ၃၀ ကျော် USAID ကူမည်
Defeat Malaria ငှက်ဖျားရောဂါ ပပျောက်ရေး အစီအစဉ်သစ်တရပ်အတွက် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအစီအစဉ် USAID ကမြန်မာနိုင်ငံကို ဒေါ်လာ ၃၂ သန်း ပေးအပ်သွားမယ်လို့ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

PMI လို့ခေါ်တဲ့ အမေရိကန်သမ္မတရဲ့ ငှက်ဖျား တိုက်ဖျက်ရေး အစပျိုးလုပ်ဆောင်မှုအစီအစဉ်ကနေ ၅ နှစ်စာအတွက် ဒီငွေကြေး အကူအညီပေးအပ်တာပါ။ Defeat Malaria နဲ့ PMI အစီအစဉ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေး လုပ်ဆောင်နေတာတွေဟာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သံဓိဌာန်ခိုင်မာမှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံအတွင်း သမ္မတ Barack Obama အပါအ၀င် နိုင်ငံခေါင်းဆောင် ၁၈ ဦးတို့က ၂၀၃၀ ခုနှစ်နောက်ဆုံးထားပြီး အာရှ ပစိတ်ဖိတ်ဒေသအတွင်း ငှက်ဖျားရောဂါကင်းစင်ရေးနဲ့ ပါတ်သတ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြတာပါ။ ရည်မှန်းချက်ကြီးမားပေမယ့် တကယ့်လက်တွေ့ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တာကတော့ အမျိုးသား ဌက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်အပေါ် ထောက်ပံ့နေတာတွေကို ၂ ဆတိုးလုပ်ဆောင်ဖို့ လက်တွဲ ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

စိန်ခေါ်မှုတွေနဲ့ ဒီကြိုးပမ်းအားထုတ်မှုတွေအတွက် ကျန်းမာရေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အလှူရှင်တွေ၊ တခြားပူးပေါင်းဆောင်ရွက်သူတွေအားလုံးနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားဖို့ အမေရိကန်အစိုးရရဲ့ သံဓိဌာန်နဲ့ ပါတ်သတ်လို့ ဒီကနေ့ ကျနော် ထပ်မံပြောကြားပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scot Marciel က နေပြည်တော်မှာ ပြောကြားခဲ့ပါတယ်။

Defeat Malaria အစီအစဉ်အနေနဲ့ မြန်မာအမျိုးသားငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ်နဲ့အတူ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး ကျေးရွာအဆင့်တွေအထိမှာပါ ငှက်ဖျားရောဂါ ကင်းစင်ရေး ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိရဉ္စရာ၊ သြဂုတ် ၂၅

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် အာရ်ကန်အာမီး ( Arakan Army) တပ်ဖွဲ့ဝင်များ ဟု သံသယ ရှိသူ ၃ဦးနှင့် တစ်ခြား ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၆ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက သြဂုတ်လ ၂၄ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု ကော့စ်ဘဇားနယူး သတင်းတွင် ဖော်ပြသည်။

သူတို့ သုံးဦးမှာ ကျော်ထွန်း၊ နိုင်ဝင်း၊ မောင်မောင် တို့ ဖြစ်ကြပြီး သူတို့နှင့်အတူ မော်တုတ်ကြီးရွာမှ ဆိုင်သည် လှမောင်၊ ဘ၀ိုင်း (မာရမာ)၊ ရော်နီ (မာရမာကြီး)၊ လင်းကြေးလူမျိုး ဂျူနီယာနှင့် ကျန်နှစ်ယောက်မှာ ကားသမားများ ဖြစ်ကြသည်ဟုဆိုသည်။

သူတို့အား ဘော်လီ ဘဇာနှင့် မော်တုတ်ကြီး အကြား ကားပေါ်မှ ဖမ်းမိခြင်း ဖြစ်ပြီး သူတို့ထံမှ ဆေးဝါးများ၊ ဖုန်း၊ LG အမျိုးအစား ရုပ်သံစက်များ ဖမ်းမိသည်ဟု ဆိုသည်။

သူတို့သည် ယခုလ ၁၉ ရက်နေ့က ဘင်ဒရိုဘင် ခရိုင်မြို့သို့ သွားခဲ့ပြီး ၂၄ ရက်နေ့တွင် ပြန်လာစဉ် နယ်စပ် ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။

သူတို့အား Arakan Army အဖွဲ့ဝင် ဟုတ်/ မဟုတ်ကို စစ်ဆေးနေကြောင်းနှင့် ယခုအချိန်ထိ ရဲလက်သို့ မလွဲပြောင်းသေးကြောင်း သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara



Photo : Myo Zaw Ko, Kyaw Htoon Naing/RFA
ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ဘုရားတွေကို ရှင်းလင်းတဲ့အခါမှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ပုဂံမြို့ကိုရောက်ရှိလာတဲ့ သမ္မတ ဦးထင်ကျော်ကို ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေကို ရှေးဟောင်းယဉ်ကျေးမှုဌာနက ရှင်းပြခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က ပြည်တွင်းဘုရားဖူးတွေနဲ့ ပြည်ပကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက် ထိခိုက်မှုမရှိတဲ့ဘုရားတွေကို ဖွင့်ပေးဖို့အပြင် ထိခိုက်မှုရှိတဲ့ဘုရားတွေမှာပါ အတက်နိုင်ဆုံးကြည့်ရှု မှတ်တမ်းတင်ခွင့် ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဟာ ပျက်စီးမှု များခဲ့တဲ့ ထီးလိုမင်းလိုဘုရား၊ စူဠာမဏိစေတီနဲ့ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မနေ့က သြဂုတ်လ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံက ချောက်မြို့အရှေ့ဘက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး ၃ ဦးသေဆုံးပြီး ပုဂံက ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရတဲ့အတွက် အမေရိကန်အစိုးရကရော ကုလသမဂ္ဂကပါ ဝမ်းနဲကြောင်းနဲ့ လိုအပ်တဲ့ ကယ်ဆယ်ကူညီမှုတွေ ပေးဖို့ ပြင်နေကြောင်း ပြောကြားကြပါတယ်။

ဒီငလျင်ရိုက်ခတ်မှုကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသတွေက သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွေကပါ ခံစားခဲ့ရတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူဦးရေ ၉ သောင်းလောက်နေထိုင်တဲ့ ချောက်မြို့ရဲ့ အရှေ့ဘက် ၁၆ မိုင်ကွာမှာ မြေအောက်အနက် ၅၂ မိုင်လောက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၈ ရှိတယ်လို့ USGS အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလို လှုပ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံ ငလျင်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတက စိုးရိမ်မှုရှိကြောင်းနဲ့ အခြေနေကို စောင့်ကြည့်နေပါကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သမ္မအိမ်ဖြူပြောခွင့်ရ Josh Earnest က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အလယ်မြောက်ဘက်မှာ မြေငလျင်လှုပ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက အခြေနေ ဖြစ်ထွန်းမှုတွေကို လေ့လာစောင့်ကြည့်နေ ပါတယ်။ မြေငလျင်လှုပ်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေကို စုဆောင်းနေဆဲရှိပြီး ရန်ကုန်ရှိ အမေရိကန်သံရုံးအပြင် မြန်မာအစိုးရနဲ့ နိုင်ငံတွင်းရှိ အခြား လူသားချင်းစာနာမှု မဟာမိတ်အဖွဲ့တွေနဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်နေပါတယ်။”

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေထဲက ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးပေမဲ့ အဲဒီဒေသတွင်း ငလျင်လှုပ်ခတ်ချိန်မှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေ လိုအပ်တဲ့ အကူညီပေးဖို့ ရန်ကုန် အမေရိကန်သံရုံးက လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံကို အကူညီပေးဖို့ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။


“မြေငလျင်လှုပ်ခဲ့တဲ့ အခြေနေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက ဆက်သွယ်ခဲ့ပြီး ဖြစ်တယ်ဆိုတာကို ကျနော်ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြေငလျင်လှုပ်တဲ့ ဒဏ်က ဘယ်လောက် ကြီးမားတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ရှေ့ဆက် လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ အဆက်သွယ် မပြတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Elizabeth Trudeau ကလည်း အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်ခံရတဲ့ အခြေနေ အပြည့်အစုံကို သိရဖို့ ကြိုးစားဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူညီတွေ ပေးဖို့ပြင်ထားကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံ အလယ်ပိုင်းမြောက်ဘက်မှာ ဒီကနေ့ မြေငလျင်လှုပ်သွားတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက သတင်းရရှိထားပြီး အသက်ဆုံးရှုံးသွားခဲ့သူ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနဲရပါကြောင်း အသိပေးအပ်ပါတယ်။ မြေငလျင်လှုပ်ခါသွားတာနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ စုဆောင်းနေဆဲရှိပြီး မြန်မာအစိုးရအပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့လည်း နီးကပ်စွာ ဆက်သွယ်နေတဲ့အပြင် အခြေနေကို နီးနီးကပ်ကပ် လေ့လာနေပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူညီပေးဖို့ အဆင်သင့် ရှိပါတယ်။”

တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း Donald Trump ကလည်း သူ့ရဲ့ ဖလော်ရီဒါပြည်နယ် မဲဆွယ်ပွဲ ရောက်နေတုန်းမှာပဲ မြန်မာနဲ့ အီတလီနိုင်ငံတွေက အားပြင်းငလျင် ဒဏ်ခံခဲ့ရသူတွေနဲ့ မိသာစုဝင်တွေအတွက် ဆုတောင်းပေးနေမှာဖြစ်ကြောင်း သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီကလည်း အခြေနေကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးနေသလို ငလျင်ဗဟိုချက်နဲ့ မိုင် ၄၀ အတွင်း ဒေသအခြေနေတွေကို စောင့်ကြည့်ဖို့ နှိုးဆော်ခဲ့ပါ တယ်။ ချောက်ငလျင်ကြောင့် လူ ၃ ဦး အနဲဆုံး သေဆုံးခဲ့ရပြီး ငလျင်ဗဟိုချက်နဲ့ မိုင် အစိတ်လောက်ပဲကွာတဲ့ ရှေးဟောင်း အမွေအနှစ် စေတီပုထိုးပေါင်း ၂၅၀၀ ကျော် တည်ထားတဲ့ ပုဂံမှာတော့ စေတီပုထိုးပေါင်း ၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ယဉ်ကျေုးမှုဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

တနေ့ထဲမှာပဲ အီတလီနိုင်ငံ ရောမမြို့အရှေ့မြောက်ဘက် မိုင် ၁၀၀ အကွာက ရှေးဟောင်း Accumoli မြို့လေးနဲ့ ၄ မိုင်အကွာ မြေအောက် ၆ မိုင် အနက်ကို ဗဟိုပြုလုပ်ခတ်တဲ့ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဒဏ်ကြောင့် တမြို့လုံးနီးနီး ပျက်စီးသွားသလို လူပေါင်း ၁၂၀ ထက်မနဲ သေဆုံးခဲ့ရပါတယ်။

အခုလို ဗုဒ္ဓဟူးနေ့မှာ မြန်မာနဲ့ အီတလီက ငလျင်ဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဝမ်းနည်းကြေကွဲကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“မြန်မာနဲ့ အီတလီမှာ ဒီကနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးရတဲ့ သတင်းတွေကြောင့် အတွင်းရေးမှူးချုပ်က စိတ်မကောင်း ဖြစ်ရသလို ၂ နိုင်ငံ ပြည်သူတွေနဲ့ အစိုးရတွေအတွက် ဝမ်းနဲကြေကွဲရကြောင်း ပြောကြားခဲ့ပါတယ်။ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံးကနေ ၂ နိုင်ငံ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အခြေနေတွေကို အနီးကပ် ဆက်လက် စောင့်ကြည့်နေပါတယ်။ အာဏာပိုင်တွေနဲ့ ဒေသအဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့ ဘယ် လူသားချင်း စာနာမှုမျိုးကိုမဆို အကူအညီပေးဖို့ ကုလသမဂ္ဂက မိတ်ဆွေနိုင်ငံတွေနဲ့ အတူ အသင့်ပြင်ထားပါတယ်။”

ဂျနီဗာအခြေစိုက် OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ လက်ထောက် အတွင်းရေးမှူးချုပ် Stephen O’Brian ကလည်း ငလျင်ဒဏ်ခံရတဲ့ မြန်မာနဲ့ အီတလီ နိုင်ငံတွေက အစိုးရတွေနဲ့ လူထုအတွက် ဝမ်းနဲကြောင်းနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်ဖို့ လုပ်နေကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ မကွေး ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုရာပုထိုးတွေနဲ့ လူနေအိမ်တွေ အပါအဝင် အဆောက်အဦး တချို့ပျက်စီးခဲ့ရကြောင်း ကနဦး သတင်းတွေ ရထားပြီး အပျက်အစီး ဘယ်လောက် ရှိတယ်ဆိုတာကို သိရဖို့ ကြိုးပမ်းနေတဲ့ အာဏာပိုင်တွေနဲ့ OCHA က ဆက်သွယ်ပြီး အခြေနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ UNICEF – UK ကလည်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လိုအပ်မယ့် အကူအညီတွေပေးဖို့နဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ချောက်ငလျင်ရဲ့ ရိုက်ခတ်မှုကို ရန်ကုန် မန္တလေး မြို့ကြီးတွေမှာသာမက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ အနောက်ဘင်္ဂလား၊ ဘီဟာနဲ့ အာသံ ပြည်နယ်တွေမှာပါ ခံစားခဲ့ရပြီး Kolkata မြို့မှာ အဆောက်အဦး အမြင့်တွေပေါ် မနေရဲကြဘဲ လမ်းမပေါ် ထွက်နေကြရသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်မှတော့ လူတွေဆင်းပြေးကြရင်း ထိခိုက်ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတာပါ။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ပျောက်နေသူတွေကို ရှာဖွေဆဲ
အီတလီ မှာ ငလျင်ကြောင့် သေဆုံးသူ လူ ၂၅ဝ လောက် ရှိသွားပါပြီ။

သေဆုံးသူတွေထဲမှာ အများစုက ကလေးငယ်တွေ ဖြစ်ပါတယ်။ အီတလီနိုင်ငံအလယ်ပိုင်းက ကုန်းမြင့်ဒေသမြို့တွေဖြစ်တဲ့ အာမာထရီချေ၊ ပက်စကာရာ ဒယ်ထရွန်တိုနဲ့ အာကုမော်လီမြို့တွေက အပျက်အစီးတွေကြားထဲမှာ လူတွေဒါဇင်ပေါင်းများစွာ ပိတ်မိနေသေးတယ်လို့လည်း ယူဆရပါတယ်။

အဲဒီက ရှေးဟောင်းမြို့ ၃ မြို့လည်း အပျက်အစီးပုံတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။

အာမာထရီချေမြို့ဝန်ရဲ့အပြောအရ သူ့မြို့ရဲ့ လေးပုံသုံးပုံ ပျက်စီးသွားပြီး နေလို့ဖြစ်တဲ့ အဆောက်အဦ တခုမှ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်း ၄၃၀ဝ ကိုလည်း အာဏာပိုင်တွေက ဖြန့်ချပြီး ညလုံးပေါက် ကယ်ဆယ်ရေးတွေလုပ်ပြီး ပျောက်နေသူတွေကို ရှာဖွေခဲ့ပါတယ်။

မနက် လင်းအားကြီးမှာလည်း နောက်ဆက်တွဲ ငလျင်တခု ခပ်ပြင်းပြင်း ထပ်လှုပ်သေးတယ်လို့ သိရပါတယ်။

အခုလို နောက်ဆက်တွဲ ငလျင်လှုပ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ အနှောက်အယှက် အနည်းငယ်ဖြစ်ခဲ့ရပြီး ငလျင်တိုင်းကိရိယာရဲ့ အချက်ပေးမှုနဲ့အတူ ကယ်ဆယ်ရေး ဝန်ထမ်းတွေ မြို့ကနေ ပြန်လည် ထွက်ခွာခဲ့ရပါတယ်။ ငလျင်ကြောင့် အိုးအိမ်မဲ့သွားသူတွေအတွက် ယာယီတဲတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့က တည်ဆောက်ထားလိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


    အမတ်ထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

    အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ အနည်းဆုံး ၃၆၈ ဦးရှိကြောင်း အီတလီနိုင်ငံ မြို့ပြ ကာကွယ်ရေး ဋ္ဌာနက ပြောကြားထားပြီး လူ အချို့အား ရှာဖွေနေဆဲ ဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် မြင့်တက်နိုင်သေးကြောင်း သတိ ပေးထားသည်။

Rieti ပြည်နယ်တွင် သြဂုတ်လ ၂၄ ရက် နံနက် ၃း၃၆ နာရီက Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ယင်း ငလျင်ကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြို့ဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။
ကနဦး ငလျင် လှုပ်ခတ်ပြီး နောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း INGV က ဖော်ပြထားသည်။

ငလျင်ဒဏ် ထိခိုက်ခံရသည့် အမတ်ထရစ္စ (Amatrice) မြို့ရှိ နာမည်ကျော် Roma ဟိုတယ်အတွင်း သေဆုံးသူ ငါးဦး၏ ရုပ်အလောင်းမျာအား ဆွဲထုတ်ခဲ့ရပြီး ဧည့်သည် ၁၀ ဦးခန့်သည် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ဒေသခံ တာဝန်ရှိသူများအဆိုအရ ငလျင် လှုပ်ခတ်ချိန်၌ အဆိုပါ ဟိုတယ်တွင် တည်းခိုနေသူ ၃၀ ဦးခန့်ရှိ ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအကြား ပိတ်မိနေသူများ၏ အသံကြားရာအတိုင်း  လက်ဗလာ များဖြင့် အုတ်အကျိုးအပဲ့များအား ဖယ်ရှားကာ အသက်ရှင် ကျန်ရစ်သူများထံ ရောက်အောင်သွားခဲ့ကြောင်း သိရသည်။

အမတ်ထရစ္စမြို့သည် ဒေသခံများနှင့် နွေရာသီ အားလပ်ရက် အပန်းဖြေလာသူများကြောင့် လူဦးရေများပြား နေလေ့ရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။

ငလျင်ကြောင့် ဒေသဆိုင်ရာ ဆေးရုံလည်း ပျက်စီးကာ ပြောင်းရွှေ့ခဲ့ရကြောင်း ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆင်ဟွာသို့ ပြောသည်။

Pescara del Tronto မြို့တွင်လည်း အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးအား ငလျင်လှုပ်ခတ်ပြီး ၁၇ နာရီကြာမှ အပျက်အစီးများအကြားထဲမှ ကယ်တင်နိုင်ခဲ့သည်။

အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi သည် သြဂုတ်လ ၂၄ ရက် အစောပိုင်းတွင် ငလျင်ဇုန်သို့ သွားရောက် ခဲ့ပြီး ငလျင်ဒဏ်သင့်မှုများအား ကူညီခြင်းနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ငလျင် ဒဏ်သင့်ဒေသများအား ကူညီ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် အီတလီ အစိုးရအဖွဲ့က ယနေ့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com


ကရင်ပြည်နယ် မြ၀တီမြို့မှာ ရွှေဆိုင်ဖွင့်ရောင်းချနေတဲ့ လင်မယားနှစ်ဦးစလုံး အတူတကွ အဆိပ်သောက်ပြီး မိမိကိုယ်ကို သတ်သေခဲ့မှုတစ်ခု သြဂုတ် (၂၃) ရက် ည (၁၀) နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ မြ၀တီမြို့အမှတ် (၂)ရပ်ကွက်မြရတနာလမ်း၊ အိမ်အမှတ်(စ/၃၀၄)မှာ နေထိုင်ကြတဲ့ ဦးမိုးဝင်း၊ (၄၉ နှစ်)နဲ့ ဇနီးဖြစ်သူ မအေးအေး (၄၃ နှစ်) တို့ဟာ သြဂုတ် (၂၃) ရက် ည (၁၀) နာရီကသုံးထပ်နေအိမ်ဒုတိယထပ် အိပ်ခန်းအတွင်း သေဆုံးနေတာကို တစ်အိမ်တည်း အတူနေ ဦးလေးဖြစ်သူ ဦးအေးမြင့်ရဲ့သမီးမလွင်ကိုက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးတွေဆီ အကြောင်းကြားခဲ့ကြောင်း၊မြ၀တီမြို့မရဲစခန်းမှူး ရဲမှူးကိုကိုနိုင်နဲ့ တာဝန်ရှိတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ သေ ဆုံးသူလင် မယားနှစ်ဦးဟာ အခြားထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘဲ မျက်နှာပြင်တွေ ညိုမည်းပြီး အဆိပ်ဖြစ်စေတတ်တဲ့ အရည်တစ်မျိုးကို သောက်သုံးပြီး သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း၊ သေဆုံးတာနဲ့ ပတ်သက်တဲ့ အဖြစ်မှန်ကိုသိရှိနိုင်ဖို့၊ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စုံစမ်းစစ်ဆေးနိုင်ဖို့ မြ၀တီရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၆)နဲ့အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


 သေဆုံးသူလင်မယားဟာ ဘုရင့် နောင်ဈေးကြီးမှာ "ရွှေရည်ဖူး" ဆိုင် အမည်နဲ့ ရွှေ ဆိုင်ဖွင့်ထားကြောင်း၊ အခုတလောဆိုင်ပိတ်ထားတာ ငါးရက် လောက်ရှိပြီထင်ကြောင်း၊သြဂုတ် (၂၃) ရက်က ရန်ကုန်ပြန်မယ်လို့ ဦးလေးဖြစ်သူ ဦးအေးမြင့်ဆီကို ဖုန်းဆက်ပါသေးကြောင်း၊ ဘာကြောင့်အခုလို အဆိပ်သောက်သေ ရတာကိုတော့ မသိရသေးကြောင်း၊ သူတို့လင်မယားနှစ်ယောက်မှာ သားသမီးလေးဦး ကျန်ရစ်ခဲ့ကြောင်း၊ သားသမီးတွေကလည်း မြ၀တီမှာမနေကြဘဲ ရန်ကုန်ကဆွေမျိုးတွေဆီမှာနေကြတယ်လို့ သိရကြောင်း၊ သေဆုံးသူနှစ်ဦးရဲ့ အနီးမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေကို ဓာတုဗေဒဌာနကိုပို့ပြီး စစ်ဆေးသွားမှာဖြစ်ကြောင်း၊သေဆုံးသူတွေရဲ့ အစာအိမ်ထဲမှာ တကယ်ပဲ အဆိပ်တွေရှိသလားဆိုတာ ခွဲစိတ်စစ်ဆေးပြီး ကျန်းမာရေးဌာနတွေကို ပေးပို့မှာ ဖြစ်ကြောင်း၊ တွေ့ရှိချက်တွေကို တရားသူကြီးထံ ပေးပို့တင်ပြရမှာဖြစ်ကြောင်း လောလောဆယ်မှာတော့ ဘာကြောင့်အဆိပ် သောက်ပြီး သက်သေ ရတယ်ဆိုတာကို စစ်ဆေးဆောင်ရွက် နေကြောင်း မြ၀တီမြို့မရဲစခန်းမှူးကပြောကြားခဲ့ပါတယ်။ ဒီသတင်းကို KKTM(မြ၀တီ)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/


အီတလီအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၁၅၉ ဦး သေဆုံးခဲ့ပြီး ၃၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်လို့  အီတလီနိုင်ငံ ၀န်ကြီးချုပ် Matteo Renzi က ပြောပါတယ်။ ကယ်ဆယ်သူတွေက အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို တညလုံး ရှာနေခဲ့ကြတာပါ။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို Renzi က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပြီးတော့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခြေခံယန္တရားဆိုင်ရာ ဌာန၀န်ကြီးအပြင် ပြည်သူ့အကာကွယ်ပေးရေး ဌာနအကြီးအကဲနဲ့လည်းက Renzi က စကားပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ကို မေးရာမှာတော့ ဒီအချိန်က စကားပြောနေရမယ့် အချိန်မဟုတ်ဘူးလို့  Renzi က တုံ့ပြန်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ဘယ်မိသားစု၊ ဘယ်မြို့ ဘယ်ရွာကိုမှ နောက်ချန်မထားဘူးလို့ Renzi က ပြောခဲ့တာ ဖြစ်ပါတယ်။

အီတလီစံတော်ချိန် မနက် ၃ နာရီခွဲအချိန်က ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ဗဟိုအနီးတ၀ိုက်က မြို့ ၃ ခုမှာ ပျက်စီးမှုတွေ အများအပြား ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

Norcia မြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ၆.၂ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းကောက်ချက်က ဖော်ပြထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကျောက်ဖြူ သြဂုတ် ၂၄

ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအုပ်စု စည်မော်ကျေးရွာ၏ အနောက်တောင်ဘက် ခုနစ်ဖာလုံခန့်အကွာတွင် ယနေ့ ညနေ ၅ နာရီ မိနစ် ၂ဝ မှ ညနေ ၆ နာရီထိ ဒေသအခေါ် ကြက်သေနဂါးရွှံ့မီးတောင်ပေါက်ကွဲ မှုတစ်ခု ပေါ်ပေါက်ခဲ့သည်။

 အဆိုပါရွှံ့မီးတောင်ပေါက်ကွဲချိန်တွင် တစ်နိုင်ငံလုံးအနှံ့ ငလျင်လှုပ်ခတ်ချိန်နှင့် တစ်ချိန်တည်းတွင် ပေါက်ကွဲခဲ့ရာ ရွှံ့မီးတောင်၏ ချော်ရည်မှာ အမြင့်ပေ ၂ဝ ကျော်ခန့် တက်ရောက်ပြီး အဆိုပါရွှံ့မီးတောင်၏ ပတ်ဝန်းကျင်ပေ ၄ဝ ကျော်ခန့်သို့ ချော်ရည်များ စီးဆင်းခဲ့သော်လည်း လူ၊ တိရစ္ဆာန်၊ လယ်ယာမြေစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


နေပြည်တော် သြဂုတ် ၂၅

သြဂုတ်လ (၂၄)ရက်နေ့ ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်အကွာ၊ မကွေးမြို့နှင့် ၉၈ကီလိုမီတာအကွာ တညောင်ချောင်းအထက် ဆိပ်ဖြူ-ကန်စွန်းမလမ်း တောင်ဘက်ကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား ပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသ ကြီး၊ မန္တလးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ငလျင်ဒဏ် ခံစားခဲ့ ရပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် စေတီပုထိုးများ၊ အဆောက်အအုံများ ပျက်စီး ခဲ့ရကာ လူအချို့သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

ကယ်ဆယ်ရေးစတင်ပြီ

''ငလျင်အတွက် သတင်းတွေ အဆက်မပြတ် ထုတ်ပြန်ပေးသွားမှာဖြစ်သလို ကယ်ဆယ်ရေးတွေလည်း စတင်နေပြီဖြစ်ပါတယ်။ ငလျင်ဌာနကလည်း တိုင်းတာမှု တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကနဦးရရှိထားတဲ့ သတင်းတွေအရ ငလျင် က အင်အားကြီးမားပြီး ထိခိုက်မှုများပြားခဲ့တာ ကို တွေ့ရပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက ဖြေကြားသည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ ခြင်းဖြစ်ကာ မြေပြင်နက်ရှိုင်းသည့်နေရာတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းကြောင့် Shallow Depth မဟုတ်ခဲ့သဖြင့် အပျက်အစီး သက်သာခဲ့ခြင်းဖြစ်ပြီး မြေပြင်အပေါ်လွှာတွင် သာ လှုပ်ခတ်ပါက ယခုထက် အဆများစွာ ပိုမိုပျက်စီးနိုင်မည်ဟု မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင် က ပြောကြားသည်။


ပုဂံစေတီ ၆၅ ဆူထိခိုက်

ငလျင်ဒဏ်ကြောင့် ပုဂံမြို့တွင် စေတီပုထိုးပေါင်း ၆၅ ဆူခန့် ထိခိုက်ခဲ့ ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ သမိုင်းဝင်စေတီတော် များဖြစ်ကြသည့် ထီးလိုမင်းလို၊ သဗ္ဗေညု၊ ဓမ္မရံကြီး၊ လောကနန္ဒာ၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူး၊ စေတနာကြီး၊ အာနန္ဒာနှင့် မြစေတီဘုရားများ ထီးတော်မြေခခြင်း၊ ပြိုကျခြင်း၊ နံရံများ အက်ကွဲခြင်း၊ စိန်ဖူးတော်မြေ ခခြင်းများဖြစ်ပွားပြီး စူဠာမဏိစေတီတော်ကြီးမှာ ကွမ်းတောင်နှင့် တောင် ဘက်အခြမ်းပြိုကျပျက်စီးခဲ့သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသ ဆိုင်ရာအာဏာပိုင်များ စုပေါင်းကာ အပျက်အစီးများအား ဖယ်ရှား ခြင်း၊ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများကို ငလျင်ဒဏ်သင့်ပြီးချိန်မှ စတင်ဆောင် ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ထူးက ဖုန်းဖြင့် ဖြေကြားသည်။

အမျိုးသမီးငယ်နှစ်ဦးသေဆုံး

ထို့ပြင်ရေနံချောင်းမြို့နယ်အတွင်း ကျမ်းကိုင်ဘုရားဝင်း အတွင်း မှ စေတီ တော် တစ်ဆူ ပြိုကျခဲ့ပြီး ရွှေမြင်မိဘုရား နံရံမှာလည်း ပြိုကျသွား ခဲ့ကြောင်း၊ ရေနံ ချောင်း မြို့အတွင်းရှိ အဆောက်အအုံ များလည်း နံရံအက်ကွဲခြင်း၊ နံရံပြိုကျ ခြင်းများဖြစ်ပွားခဲ့ပြီး ရေနံချောင်းကမ်းပါး ပြိုကျရာမှ ရှားပင်ရိုးကျေးရွာနေ အသက်ခုနစ်နှစ်နှင့် ၁၅နှစ်အရွယ် အမျိုး သမီးငယ် နှစ် ဦး သေဆုံးခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းထောက်များထံမှ သိရှိရ သည်။

နဂါးပွက်တောင်လျှံကျ

တောင်တွင်းကြီးမြို့နယ်တွင်လည်း နှစ်ပေါင်း ၁၅ဝကျော် ဘုန်းကြီးကျောင်း မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ် ရေးများဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကလည်း ငလျင် လှုပ်ခတ်ပြီးချိန်မှစတင်၍ မကွေး၊ ချောက်၊ ပခုက္ကူနှင့် ညောင်ဦးတို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မင်းဘူးနဂါးပွက်တောင်ရှိ နဂါးရုံ ဘုရားလည်း အနည်းငယ်ထိခိုက်ခဲ့ပြီး ချော်ရည်များလည်း လျှံကျခဲ့ကာ မကွေး မြသလွန်ဘုရား စောင်းတန်းနံရံအချို့ လည်း ပျက်စီးခဲ့သည်။ လမ်းမများပေါ်တွင် လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ ကြောင်း မင်းဘူးဒေသခံ ကိုမြတ်ထွေးက ဖြေကြားသည်။


ပခုက္ကူမြို့နှင့် အနီးတစ်ဝိုက်တွင် လည်း ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ ကြရပြီး ပခုက္ကူမြို့နယ် ကွမ်းရွာရှိ ဗာဂျီး နီးယား ဆေးပေါင်းရုံမှာ ငလျင်ဒဏ် ကြောင့် ပြိုကျခဲ့သဖြင့် အပျက်အစီးများ ကြောင့် တစ်ဦးသေဆုံး ခဲ့ကာ ဒဏ်ရာရရှိ သူများလည်းရှိကြောင်း ပခုက္ကူမြို့ အောင်ပန်းလှပွဲရုံပိုင်ရှင် ကိုငယ်လေးက ပြောသည်။

ရခိုင်ပြည်နယ်အပျက်အစီး

ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲမြို့ရှိ ကိုယ်ရံတောင်စေတီမှာ စိန်ဖူးတော်မြေခ ခဲ့ပြီး မင်းပြားနှင့် စစ်တွေ၊ မြေပုံမြို့များတွင် လည်း ငလျင်ဒဏ်ကြောင့် အဆောက် အအုံများ အက်ကွဲမှု၊ နံရံပြိုကျမှုများ ဖြစ် ပွားခဲ့သည်။ ထို့ပြင် မြောက်ဦးမြို့နယ် ရတနာ့မာန်အောင် စေတီတော်ကြီးမှာ လည်း မြေခခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် အခြားမြို့နယ်အသီးသီးရှိ သမိုင်းဝင်စေတီတော်များနှင့် အဆောက် အအုံများမှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်ကို သိရှိရပြီး နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံအတွင်း တုန်ခါမှုများ ဖြစ်ပေါ်ကာ အသံများထွက်ပေါ်လာခဲ့ရာ လိုင်နာအချို့နှင့် မှန်အချို့ အနည်းငယ် ထိခိုက်အက်ကွဲခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များထံက သိရ သည်။

ကမ္ဘာပေါ်တွင် ငလျင်ရပ်ဝန်း နှစ်ခု ရှိရာ ပစိဖိတ်မီးတောင်ရပ်ဝန်း၊ အယ်လ် ပိုက်ရပ်ဝန်းတို့ဖြစ်ပြီး မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် အနောက်ပိုင်းတို့သည် အယ်လ် ပိုက်ရပ်ဝန်းတွင် ကျရောက်လျက်ရှိသည်။

ယင်းရပ်ဝန်းသည် ဟိမဝ္တာတောင် တန်းမှ အရှေ့ဘက် တရုတ်နိုင်ငံ ၊ မြန်မာ နိုင်ငံ၊ ကပ္ပလီကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံ တို့ပါဝင်သည်။
''မြေငလျင်ဆိုတာ နေ့စဉ်လှုပ်ရှား နေတဲ့ဖြစ်စဉ်ပါ။ တစ်က္ဘာလုံးမှာ ဒီကနေ့ အခုအချိန်အထိ မြေငလျင်ပေါင်း ၉၃ ကြိမ်လှုပ်ခဲ့ပြီး ချောက်မြေငလျင်က အင်အားအကြီးမားဆုံးဖြစ်တယ်''ဟု ဒေါက်တာထွန်းလွင်က ငလျင်ဖြစ်စဉ် အပြီး လူမှုကွန်ရက်တွင် ရေးသားထား သည်။

၁၉၇၅ ပုဂံငလျင်

တူရွင်းတောင် ပြတ်ရွေ့ကြော လှုပ်ရှားသဖြင့် ၁၉၇၅ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့်ရှိ ပုဂံငလျင်ကြီး ဖြစ်ပေါ်ခဲ့ရပြီး အပျက် အစီး အဆုံးအရှုံး ကြီးမားခဲ့ဖူးသည်။ ထို့ပြင် နိုင်ငံတကာ သတိပေးချက်များ အရ စစ်ကိုင်းပြတ်ရွေ့ကြီးသည်လည်း မြန်မာ နိုင်ငံအတွက် အချိန်မရွေး ငလျင်ဒဏ် သင့်စေနိုင်ကြောင်း သိရသည်။ ပုဂံ ဝန်းကျင်တွင် ၁၉၇၅ ခုနှစ်မတိုင်မီကလည်း ခရစ်နှစ် ၃၂၄၊ ၉၈၆၊ ၁၂၈၇၊ ၁၂၈၉၊ ၁၈၁၆၊ ၁၈၅၆ ခုနှစ်တို့၌ ငလျင်လှုပ်သဖြင့် ဘုရားစေတီများပြိုကာ ပြုပြင်ခဲ့ရ ဖူး ကြောင်း မြန်မာ့စွယ်စုံကျမ်းအတွင်း ဖော်ပြပါရှိသည်။

ယနေ့လှုပ်ခတ်ခဲ့သည့် ချောက် ငလျင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင် ကော်မတီက ငလျင်ဗဟိုချက်မနှင့် မိုင် လေးဆယ်အတွင်း ကျရောက်သော မြို့ရွာ များကို ကြည့်ရှုပေးကြရန် ပြောကြားပြီး ပိုမိုတိကျသည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ခြင်းကို ခန့်မှန်းရန် အတွက် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေး ဘဲ လက်ရှိတွင်Seismographer များ ဖြင့် မြေကြီးအက်ကြောင်းများ၊ ကမ္ဘာ့ ကျောက်လွှာများ၏ တည်နေရာလှုပ်ခတ် မှုပေါ်မူတည်ကာ ငလျင်ဖြစ်ကြောင်း တွက်ချက်ထုတ်လုပ်ပေးရခြင်း ဖြစ် ကြောင်း သိရသည်။

သတင်း-ခင်ရတနာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar