08/29/16
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ၂၁ ရာစုပင်လုံညီလာခံ
 ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်လာသည့်တပ်မတော်
သားလွှတ်တော်ကိုယ်စားလှယ်များကိုကျေးဇူးတင်ကြောင်း 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကပြောသည် ။
အဆိုပါအခမ်းအနားတွင် သူရဦးတင်ဦးကအမှာစကားပြောကြားခဲ့ပြီး 
ငြိမ်းချမ်းသောဒီမိုကရေစီမြန်မာနိုင်ငံတော် ဖြစ်လာစေရန် အားလုံး
ပါဝင်ပူးပေါင်းပြီး ကြိုးစားပေးကြရန် ပြောကြားခဲ့သည်။
ထို့ပြင် အခမ်းအနားသို့တက်ရောက်လာသည့် တပ်မတော်သား
ကိုယ်စားလှယ်များကို အထူးလေးစားပြီး ကျေးဇူးတင်ကြောင်းလည်း
ယခုလကုန်တွင် ကျင်းပတော့မည့် ၂၁ ရာစုပင်လုံညီလာခံကိုထောက်
ခံကြိုဆိုပွဲအခမ်းအနားများကို ရန်ကုန် ၊ မန္တလေးအပါအ၀င်
 မြန်မာနိုင်ငံဒေသအချို့၌ ကျင်းပလျက်ရှိသည် ။
လင်းဟိန်း.                                                             Popular news journal
 ၂၁ ရာစုပင်လုံညီလာခံ တက်ရန်အဆင်သင့်ဖြစ်နေချိန် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် လုံခြုံရေး တပ်စခန်းအား အစိုးရတပ် တိုက်ခိုက်
ဩဂတ်စ် ၂၈ ရက် ၂၀၁၆
ဩဂတ်စ် ၃၁ ရက်နေ့ တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအား တက်ေ ရာက် သျှမ်းပြည်တပ်မတော် မှ ကိုယ်စားလှယ်အဖွဲ့ များ ရွေး ချယ်ထားပြီး ခရီးထွက်ဖို့ အသင့် ဖြစ်နေချိန် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာချုပ်၏ အရှေ့မြောက်ဘက် လုံခြုံရေး တပ်စခန်းအား ယနေ့ ဩဂတ်စ် ၂၈ ရက် ညနေ ပိုင်း၌ အစိုးရ တပ်မတော် မှ စတင်တိုက်ခိုက်သည် ဟုသိရသည်။
ဩဂတ်စ် ၂၈ ရက် ၂၀၁၆ ခု ညနေ ၄ နာရီ ကျော်မှ ည နေ ၇ နာရီကျော်အထိ အစိုးရတပ်မတော် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (လားရှိုး) ရမခ လက်ေ အာက်ခံ ခလရ ၃၃ နှင့် ဒေသအတွင်း ရှိ တပ်ရင်းများ၏ နယ်မြေစိုးမိုးရေး စစ်ကြောင်းများနှင့် ပူးပေါင်းကာ တန်းယန်းမြို့နယ် မိုင်း ကောဝ် ကျေးရွာ အုပ်စု ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကောင်းအုတ်လိုင် တပ်စခန်း အား ထိုးစစ်ဆင် တိုက်ခိုက်သည်ဟု သိရသည်။
“တန့်ယန်း စစ်ဗျူဟာ လက်အောက်ခံတပ်တွေက ကျနော်တို့ တပ်စခန်းကို လာတိုက်တာ။ ၄ နာရီ ၁၅ လောက်ကနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ် တယ်။ အဲဒီနောက်ပိုင်းတော့ ည ၇ ကျော်တဲ့ အထိ ကျနော်တို့ တပ်စခန်းေ တွဆီ ကို လက်နက်ကြီးနဲ့ ထုနေတုံး။ ငြိမ်းချမ်းရေးအတွက် လုပ်နေချိန် မပြော မဆိုနဲ့ အခုလိုလာလုပ်တာ နားမလည်ဘူး” - ဟု သျှမ်းပြည် တပ်မတော် ပြော ခွင့်ရ ဗိုလ်မှူးစိုင်းဆု က ပြောပါသည်။
ဩဂတ်စ် ၂၀ ရက်နေ့ က ကျေးသီး၊ မိုင်းရှူးမြို့နယ်အတွင်း ကြားဖြတ်ရွေးေ ကာက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ သတင်းထောက်များအား ပြောကြားသည့် နောက်ပိုင်း အစိုးရ တပ်မတော် စစ်ကြောင်းများသိသိသာသာ တိုးများလာသည်ဟု ဒေသ အတွင်း တပ်မှူးကြီးများက ပြောသည်။
သို့သော် နိုင်ငံရေး လေ့လာသုံးသပ်သူများက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပြီးမှသာ ၂၁ ရာစု ပင်လုံညီတက်ရန် SSPP/SSA အား ဖိအား ပေးခြင်း ဖြစ်နိုင်သည် ဟု ပြောဆိုသုံးသပ်ကြသည်။
SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင် ဖြစ်သည်။ UNFC ၏ အင်အား အကြီး မားဆုံးအဖွဲ့ ဝင်ဖြစ် သည့် KIA ကချင်လွတ်လပ်ရေး တပ်မတော် အားလည်း အစိုးရတပ်မတော် မှ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေသည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
၂၁ရာစု ငြိမ်းချမ်းရေး ပင်လုံ ညီလာခံ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ကချင်နဲ ရှမ်း ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေဆဲလို့ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေသလို ကချင်ပြည်နယ်မှာလည်း မြန်မာ အစိုးရ တပ်မတော်ဘက်က နေရာအနှံ့ တပ်အင်အား တိုးချဲ့ ချထားမှုတွေကြောင့် နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလယ်က ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အထိ KIA နဲ့ အစိုးရ တပ်မတော် အကြား အခြေအနေ တင်းမာခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းကွဲသံတွေကို မြို့ပေါ်ကနေ ကြားနေရဆဲပဲလို့ ဆိုပါတယ်။
အခုလို ၂၁ရာစု ပင်လုံ ညီလာခံ နီးလာတဲ့ အချိန် မှာ အစိုးရ တပ်မတော်ဘက်က ထိုးစစ် ဆင်တာတွေဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက အတိုင်းပဲ ဖြစ်ပြီး အစိုးရ တပ်မတော် ဘက်ကသာ ထိုးစစ် မဆင်ရင် တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိဘူးလို့ ကချင် ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ နယ်စပ်က စီးပွါးရေးအရ အရေးပါတဲ့ နေရာတွေကို နှစ်ဖက် တပ်တွေအကြား ထိန်းချုပ်ဖို့ ကြိုးစားရာကနေတိုက်ပွဲတွေ ဖြစ်တာလို့ ပြောကြပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လာမယ့် ပင်လုံညီလာခံပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားတာမျိုးတော့ မတွေ့ရပါဘူး။
BBC Burmese
http://www.bbc.com/burmese
Author Name
Contact Form
Name
Email *
Message *
Powered by Blogger.