08/30/16
မုံရွာ သြဂုတ် ၂၉
သြဂုတ် ၂၂ ရက်က ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ အနက်ရောင်ပြောင်း လဲသွားမှုကို ဒေသခံများ စိုးရိမ်နေ သလို ၂၄ ရက်တွင် ဟုမ္မလင်းဒေသခံ များ မြင်တွေ့၍ စိုးရိမ်နေမှုများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု ယခင်ကထက် များခဲ့သောကြောင့် ခန္တီးမြို့အထက်ပိုင်း လဟယ်အစပ် တွင်ရှိသော နန့်စကားချောင်း တစ်လျှောက် တောင်များပြို၍ မြေ အနက်ရောင် များ ရေနှင့်အတူ ချင်းတွင်းမြစ်ထဲ စီးဆင်းလာသည့်အတွက် မြစ်ရေ မည်းနက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးဇင်မောင်ထံမှ သိရသည်။
''ခန္တီးအထက်ပိုင်းက နန့်စကား ချောင်းဘေးက တောင်ပြိုပြီး မြစ်ရေ မည်းတာပါ။ မိုးကလည်း အခါတိုင်း ထက်ပိုများတော့ တောင်ပြိုပြီး မြေမည်းတွေ မြစ် ထဲစီးလာတာ ဖြစ်ပါတယ်။ နန့်စကားချောင်းဆိုတာ လဟယ်အစပ်မှာ ရှိတဲ့ ချောင်းဖြစ်ပြီး တောင်စဉ် တောင်တန်းတွေကြားက ချောင်းပါ။ ခန္တီးမှာ ၂၂ ရက် မနက်ပိုင်းက မြစ်ရေတွေ မည်းနက်နေတာမှန်ပေမယ့် ညနေပိုင်းမှ ပုံမှန်မြစ်ရေ အရောင်ကိုရောက်နေပြီဖြစ်ပြီး ဆက်စီးမှာဖြစ်လို့ အောက်ပိုင်း ဟုမ္မလင်းမှာ၂၄ ရက်က မြစ်ရေမည်းတာဆိုပြီး ဖြစ်နေတာပါ''ဟု ဦးဇင်မောင်ကပြောပြသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ အနက်ရောင်သို့ ရုတ်တရက်ပြောင်းလဲ သွားသည့်အပေါ် ဒေသခံအများစုက စိုးရိမ်မှုများရှိခဲ့ပြီး မြစ်ရေ ကို သောက်သုံးရန်မသင့်ကြောင်း သတ်မှတ်ပြောဆိုခဲ့မှုများရှိခဲ့ကြောင်း ခန္တီးဒေသခံနှင့် ဆက်သွယ်ပြောဆိုချက်အရ သိရသည်။ မြစ်ရေရုတ်တရက် အနက်ရောင်ပြောင်းလဲမှုကို ဒေသခံများအနေဖြင့် စိုးရိမ်မှုနှင့်အတူ အနံ့ရမရမြစ်ရေကို နမ်းကြည့်ခြင်းသောက်သုံး ရေအဖြစ် မြစ်ရေအမြဲသုံးရာမှ အရောင်ပြောင်းလဲပြီးနောက် မသောက်သုံးကြတော့ဘဲ ကုန်းမြေပေါ်ရှိနီးစပ် ရာ ရေကို စုပေါင်းသုံးစွဲနေကြကြောင်း သိရသည်။
''သြဂုတ် ၂၂ ရက် နံနက်ပိုင်းကတည်းက ခန္တီးမြို့ မျက်နှာစာမြစ်ကြောင်းအတွင်း အနက်ရောင်ကို ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် စိုးရိမ်တာမျိုးတော့ဖြစ်ခဲ့ ပါတယ်။အရင်နေ့ကထိ မြစ်ရေအရောင်ပုံမှန်ဖြစ်ရာက ပြောင်းသွားတော့ ထိတ်လန့်ချင်စရာပေါ့။ ရေကိုနမ်းကြည့်တော့ အနံ့မရသလို ရေနေ တိရစ္ဆာန်သေတာ ပြုတာတွေတော့ မတွေ့ပါဘူး။
ခန္တီးဒေသခံတွေက မြစ်ရေကိုပဲ သောက်ကြ၊ သုံးကြတာပါ။ အခုဘယ်သူမှ မသောက်ရဲကြတော့သလို ချိုးလည်း မချိုးရဲကြတော့ နီးစပ်ရာရေကို စုပေါင်းသုံးနေကြရတာကို တွေ့ရပါတယ်''ဟု ခန္တီးဒေသခံ ကိုကျူကပြောပြသည်။
ချင်းတွင်းမြစ်ရေ ရုတ်တရက် အနက်ရောင်သို့ ပြောင်းလဲသွားခြင်းအပေါ် လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ကလည်း မြေပြိုဆင်းခဲ့မှုကြောင့် အရောင်ပြောင်းခဲ့သလို ယခုရေအရောင်ပြောင်းခြင်းသည်လည်း ကနဦးသတင်း သိထားရသည်မှာ နန့်စကားချောင်းအတွင်း မိုးများ၍ တောင်ပြိုခြင်းကြောင့်ဖြစ်သည်ဟု သိထားရကြောင်း လက်ရှိတွင် ဟုမ္မလင်းမြို့ ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူများအနေဖြင့် ရန်ကုန်မြို့သို့ ဓာတ်ခွဲစမ်းသပ်ရန် အရောင်ပြောင်း သွားသော မြစ်ရေပို့၍ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နေရာ စမ်းသပ်ရက် ၁ဝ ရက်ခန့်တွင် အဖြေရနိုင် မည်ဖြစ်ကြောင်း ယခင်တိုင်းဒေသကြီး ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနဦးစီးမှူး (ယခုနေပြည်တော်)က သုံးသပ် ပြောပြသည်။
မျိုးဝင်းထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဇီကာရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်သည့်ဆေးဝါး ကို ရှာဖွေနေစဉ် (ဇွန် ၂၈။၂၀၁၆)
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မမွေးဖွားရသေးတဲ့ ရင်သွေးတွေကို ခြင် ကနေဆင့် ကူးစက်ပြီး နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ Zika ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့ ဆေးဝါးအမျိုးအစား ဓါတ်ပေါင်း တွေကို အမေရိကန် သုတေသီတွေက ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
U.S. National Institutes of Health က သုတေသီတွေဟာ ဆေးဝါးတွေသိုလှောင်ထားတဲ့ နေရာတခုက အသုံးပြုဆဲ ဆေးဝါးပေါင်း ၆ ထောင် နဲ့ စမ်းသပ်ဆဲ ဆေးဝါး ဓါတ်ပေါင်းတွေကို စစ်ဆေးခဲ့ကြပါတယ်။ အဲဒီနောက် Tallahassee မှာရှိတဲ့ Florida State University ၊ Baltimore မှာရှိတဲ့ Johns Hopkins University တွေက ဓါတ်ခွဲခန်းတွေမှာ ဆေးဝါးကို စမ်းသပ်ခဲ့ကြပါတယ်။
ဒီဓါတ်ပေါင်းတွေဟာ ဆဲလ်တွေကို သေစေနိုင်တဲ့ Zika ဗိုင်းရပ်စ် ရဲ့ စွမ်းဆောင်နိုင်မှုကို အကာကွယ်ပေးနိုင် သလို ကူးစက်နေတဲ့ ဆဲလ်တွေကို ထပ်မံ ထုတ်လုပ်နိုင်တဲ့ ဇီဝပိုးမွှားကိုလည်း ထိန်းထားနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
အခုလို ဓါတ်ပေါင်းဆေးဝါး ရှာဖွေတွေ့ရှိမှုကို Nature Medicine ဂျာနယ်မှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရန်ကုန်၊ သြဂုတ် ၃၀
၂၉.၈.၂၀၁၆ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ
ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း(ပ)
၂၅၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ပြစ်မှု
ကျူးလွန်သူ အောင်ဇင်ဗိုလ်အား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ
စုံစမ်းဆောင်ရွက်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်
ပြည်သူများတွေ့ရှိပါက ကူညီသတင်းပေးနိုင်ရေးအတွက် အသိပေး
ဖော်ပြခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၉.၈.၂၀၁၆ ရက်နေ့ ၂၁၃၀ အချိန်တွင်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ်
ဒိုင်းဝန်ကွင်းမီးပွိုင့်အနီး၌ Yangon Police Facebook လူမှုကွန်ယက်
စာမျက်နှာတွင် ဖော်ပြထားသော ပြစ်မှုကျူးလွန်သူ၏ဓါတ်ပုံနှင့် ပုံသဏ္ဍန်
တူညီသူ အမျိုးသားတစ်ဦးအားတွ့ရှိသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ
၎င်းမှာ ၂၉.၈.၂၀၁၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်
ဖြစ်ပွားခဲ့သောလူသတ်မှုမှ ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်
ဖြစ်ကြောင်း၊ အဆိုပါအမှုအားကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်း
ဖြစ်ကြောင်း စစ်ဆေးသိရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဗဟန်း
မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။
ယင်းသို့ ဖမ်းဆီးရမိသူ အောင်ဇင်ဗိုလ်(ခ)ဇင်ဗိုလ်အား ဗဟန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်လျက်ရှိပြီး အမှုဖြင့်အရေးယူနိုင်
ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူအား အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း ဖမ်းဆီး
ရမိရေး ကူညီဆောင်ရွက်ပေးခဲ့သော ပြည်သူများနှင့် မွန်ပြည်နယ်၊ မော်လမြိုင်
မြို့နယ်ရဲတပ်ဖွဲ့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကျေးဇူးတင်ရှိပါကြောင်း အသိပေးဖော်ပြအပ်
ပါသည်။
FARC သူပုန်ခေါင်းဆောင် Rodrigeo Londono လုံးဝအပစ်ရပ်စဲဖို့ အမိန့်ထုတ်
FARC သူပုန်ခေါင်းဆောင် Rodrigeo Londono လုံးဝအပစ်ရပ်စဲဖို့ အမိန့်ထုတ်
ကိုလံဘီယာနိုင်ငံမှာ အစိုးရနဲ့ ထာဝရငြိမ်းချမ်းရေးရယူမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ်၊ အပြီးသတ်အပစ်အခတ် ရပ်စဲဖို့ FARC သူပုန်တပ်ဖွဲ့က အမိန့်ထုတ်လိုက်တဲ့အတွက်၊ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး လက်နက်ကိုင် ပဋိပက္ခတွေထဲ တခုအပါအ၀င်ဖြစ်တဲ့ ကိုလံဘီယာ ပြည်တွင်းစစ် အဆုံးသတ်သွားပါပြီ။
ပြန်လည်ရင်ကြားစေ့ဖို့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ရှိတယ်ဆိုတာကို ပြသလိုကြောင်း၊ စစ်သားတွေ၊ မရိန်းတပ်ဖွဲ့ဝင်တွေ၊ လေတပ်က ပိုင်းလော့တွေ၊ ရဲ၊ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ အားလုံးကို အသိပေးလိုပါတယ်။ ရန်လိုမုန်းတီးမှုတွေကို အတိတ်မှာ ချန်ခဲ့ကြဖို့နဲ့ စစ်ပွဲကြောင့် သေဆုံးရတာတွေ ထိခိုက်နာကျင်ရတာတွေအတွက် ၀မ်းနည်းတသ ဖြစ်ရတဲ့အကြောင်းတွေကို FARC သူပုန်ခေါင်းဆောင် Rodrigeo Londono ခေါ် Timoshenko က ပြောဆိုခဲ့တာပါ။
ငြိမ်းချမ်းရေး အတွက် နှစ်ဘက်တို့ ကျူးဘားနိုင်ငံ ဟာဗားနားမှာ ၄ နှစ်ကြာ စေ့စပ်ညှိနှိုင်းခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သတင်းပတ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီး မာစ့်ဝါဒီ သူပုန်တွေနဲ့ ကိုလံဘီယာ အစိုးရ အဆက်ဆက်ရဲ့ ၅၂ နှစ်ကြာ တိုက်ပွဲတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ကိုလံဘီယာ စစ်တပ် အနေနဲ့လည်း သူပုန်တွေကို တိုက်ခိုက်နေတာတွေကို တနလာင်္နေ့က စလို့ အဆုံးသတ်မယ်လို့ ကိုလံဘီယာ သမ္မတ Juan Manual Santos ကလည်း ပြောဆိုပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ ကံကြမ္မာကတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒသဘောထားပေါ်မှာ မူတည်နေပါတယ်။ အစိုးရနဲ့ FARC သူပုန်တို့ကြားက သဘောတူညီချက်ကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ လူထုဆန္ဒသဘောထားနဲ့ အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ FARC သူပုန်အဖွဲ့ရဲ့ ထိပ်တန်း တပ်မှူးတွေကတော့ စာချုပ်ကို အတည်ပြုဖို့ အတွက် စက်တင်ဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။
နှစ်ဘက် သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးပြီးနောက် ၆ လ အတွင်းမှာ သူပုန်တွေက လက်နက်တွေ အပ်နှံရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် FARC အဖွဲ့ဝင်တွေက တရားဝင် နိုင်ငံရေး လုပ်ငန်းမှာ ပါဝင်လာကြမှာပါ။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၅ ခုစီ ပါဝင်တဲ့ လွှတ်တော် အမတ်နေရာ ၁၀ ကို FARC သူပုန်တွေရဲ့ ကိုယ်စားလှယ်တွေ ရရှိမှာ ဖြစ်ပါတယ်။
VOA Burmese News
မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ တွေ့ရှိပါက ကူညီသတင်းပေးနိုင်ပါရန် အသိပေးဖော်ပြခြင်း
ရန်ကုန်၊ သြဂုတ် ၂၉
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ အေးချမ်းလမ်းတွင်နေထိုင်သူ ဦးစိုးနောင်နှင့် ၎င်း၏မိသားစုများဖြစ်သော ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူမောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့ ၄ ဦးသေဆုံးခဲ့ကြသည့်အမှုကို ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ် လျက်ရှိပါသည်။
အမှုမှသေဆုံးသူ မချယ်ရီပွင့်၏လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားသည့် မသင်္ကာသူ ၃ ဦး၏ဓာတ်ပုံအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်/ရဲစခန်းများသို့ စုံစမ်းပေးရန်ဖြန့်ဝေထားရှိပြီး အခြားပြည်နယ်/တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့များသို့လည်း ကူညီစုံစမ်းပေးရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။
ပြည်သူများအနေဖြင့်လည်း အဆိုပါဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနှင့် ပတ်သက်၍ သတင်းအချက်အလက်တစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း
အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ သို့ ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီပေးနိုင်ပါရန်နှင့် သတင်းပေးပို့သူ၏လုံခြုံရေးကိုလျှို့ဝှက်ထားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
// Opinion - လှစိုးဝေ //
ရခိုင် ပြည်နယ် အရေးကား ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာ အနီးတွင် ရခိုင် အမျိုးသမီးငယ်တဦးအား ဘင်္ဂါလီ လူငယ် ၃ ဦးမှ အတင်းအဓမ္မ ကျင့်ကာ သတ်ဖြတ်ခဲ့ရာမှ အစပြု၍ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးများ နှင့် မူဆလင် လူမျိုးများအကြား လူမျိုးရေး အဓိကရုဏ်းကြီး စတင် ခဲ့ရပြီး ဒုက္ခသည် စခန်းများ ဖွင့်ပြီး လူ တသိန်း လေးသောင်း အထိ လက်ခံခဲ့ရတဲ့ အထိ ရခိုင်ပြည်နယ် ပြသာနာသည် နိုင်ငံတကာရဲ့ အာရုံစိုက်စရာ ကိစ္စ ဖြစ်လာခဲ့ရသည် ဆိုသည်ကို အားလုံး အသိပင်၊
ထိုစဉ်က အစိုးရမှ ဒေါက်တာ မျိုးမြင့် ဦးဆောင်တဲ့ အဖွဲ့ဝင် ၂၇ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်မှာ ဒေါက်တာ အေးမောင်တို့ ဦးအေးသာအောင်တို့ အကုန် ပါဝင်ခဲ့ကြပါတယ်။
အဆိုပါ အစီရင်ခံစာမှာ အကြံပေးချက်တွေ အများကြီး ပါဝင်ပါတယ်၊ သို့သော် မည်သူကမျှ အရေးတယူ လုပ်ခဲ့ခြင်း မရှိ၊ ထူးခြားချက်က နောက်ဆုံးမှာ ဒီကိစ္စကို နိုင်ငံ တကာ မှာ ကျယ်ကျယ် ပြန့်ပြန့် မဖြစ်အောင် သိုသိုသိတ်သိတ် လုပ်ဖို့ ပင် အကြံပေးထားတာ တွေ့ရပါတယ်။
သို့သော် ၂၀၁၅ မှာ အစုလိုက် အပြုံလိုက် လှေ နဲ့ ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ များ က အရှေ့တောင်အာရှရှိ နိုင်ငံ အသီးသီး ရဲ့ ကမ်းခြေတွေမှာ သွားရောက် သောင်တင်လာခဲ့တဲ့ အတွက် အုတ်အော်သောင်းနင်း ဖြစ်လာရပြီး အရှေ့တောင်အာရှ ရှိ ဒုက္ခသည်များ ပြသာနာ လို့ စတင် ကင်ပွန်းတပ်ခံခဲ့ရပြီး နိုင်ငံတကာက ရဲ့ အာရုံစိုက်တာ ခံခဲ့ရတဲ့ အမှု အခင်းကြီး အဖြစ် တမဟုတ်ချင်း ရောက်ရှိသွားပါတယ်။ အဆိုပါ လှေစီးပြေး ဒုက္ခသည်များ အရေးက နိုင်ငံတကာ ပြသာနာ မဟုတ်၍ အဘယ်သို့ များ ကင်ပွန်းတပ်ချင်ကြပေသနည်း၊
အခုလာမည့် မိုးရာသီ ကုန်လျင် ထိုကဲ့သို့ လှေ များဖြင့် ထပ် ထွက်လာအုန်းမည်ဆိုက မည်သို့ လုပ်ကြပေမည်နည်း၊ မြန်မာပြည်က ဘင်္ဂါလီ များ မဟုတ်ပါဟု မျက်စိမှိတ် အော်ကြအုန်းမည်လား၊ မှန်သည်ပဲ ထား မည်သူက လက်ရှိ အနေအထားအရ မည်သူက ယုံကြည်ပေမည်နည်း၊ ထိုအခါ ကျမှ ကိုဖီအာနန် ကို ခေါ် မည်ဆိုလျင် မြန်မာ အစိုးရ ကမ္ဘာအလယ်တွင် သိက္ခာ ဗြန်းဗြန်းကြီး ကွဲ ရှာ ပေတော့မည်။ မည်သူကကော အထင်တကြီး တလေးတစား နှင့် မိမိ အစိုးရ ကို ဆက်ဆံ ချင်ကြပေတော့မည်နည်း၊ ၎င်းတို့ အတန်တန် သတိပေး နေရက် နဲ့ လျစ်လျု ရှု့ထားသူများ ဟု သတ်မှတ်ကြပေတော့မည်။
မိမိ ပြည်တွင်းရေ ငါလုပ်ချင်တာ လုပ်မည်ဆိုပြီး လုပ်ခဲ့ကြ၍ နိုင်ငံတကာ တရားရုံးတွင် တရားစွဲ အပြစ်ပေးခံခဲ့ရသူများ၊ ဖမ်းဝရမ်း ထုတ်ခံသူများ မည်မျှ ရှိနေပြီ ဆိုသည့် အဖြစ်ကို မေ့လျော့နေကြပြီလော၊
ဖြစ်လာနိုင်တဲ့ အရေးတွေအားလုံးကို ကြိုတင် တွက်ဆပြီး အမျှော်အမြင် ရှိရှိ နဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်ဦးမှု ယူကာ ကိုဖီအာနန် ကို ခေါ် သုံး လိုက်တာ ဖြစ်ပါတယ်။
ဒီထက် ပိုအရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်အဖို့ ဒီပြသာနာကို ရေဆုံးမြေဆုံး လေ့လာကြည့်ချင်တဲ့ အတွက် ကြားနေ နိုင်ငံတကာက ကိုဖီအာနန် လို သမာသမတ် ကျတဲ့ ပုဂ္ဂိုလ်တွေ ခေါ်ယူ ပြီး ၎င်းတို့ဆီက အမြင်သစ် ရှု့ဒေါင့် အသစ်တွေ ပေါ်ပေါက် လာနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြစ်ပါတယ်။
ကိုဖီအာနန် ဖေါင်ဒေးရှင်းက လည်း ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို လုံးဝ သုံးစွဲသွားမယ်မဟုတ် လို့ ကြေငြာချက် ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ မိမိတို့ရဲ့ ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်အတွင်း ရှုတ်ထွေးလှသော စိမ်ခေါ်မှုများကို မည်သို့မည်ပုံ ဖြေရှင်းသင့်ကြောင်း အကြံပြု သွားမယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ရှင်းအောင် ပြောရရင် ဒီအကြံပြုချက်က ကိုယ် လုပ်နိုင်မှ လုပ်လို့ရမှာ ဖြစ်ပြီး Binding မဖြစ်မနေ လုပ်ရမယ်လို့ မဆိုလိုပါဘူး၊
အဆိုပါ ကိစ္စကို ကန့်ကွက်နေကြသော အုပ်စုများကို ကြည့်မည်ဆိုက ယခင်က နည်းမျိုးစုံ ဖြင့် လူမျိုးရေး တင်းမာမှုများကို ဖန်တီးခဲ့သူများသာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ကိုယ့်ဘာသာ ကော်မရှင် ဖွဲ့က ဗုဒ္ဓဘာသာ ၈၇.၉% က မူဆလင် ၄.၃% ကို အနိုင်ကျင့် ထုတ်ပြန်သည့် အစီရင်ခံစာဟူ၍ သာ ပြောကြမည် ဖြစ်ပြီး မိမိဖက်က မည်မျှပင် မှန်နေပါစေ ယုံကြည်စိတ်ချရသော အစီရင်ခံစာ အဖြစ် မည်သူမှ အရေးတယူ လုပ်ကြမည်ကား မဟုတ် ဆိုသည်ကား သေချာလှသည်။
မိမိတို့ အနေနှင့် အမှန်တရားပေါ်ပေါက်ရေးကို အသက်ထက်မက မြတ်နိုးသော လူမျိုး အဖြစ် ကမ္ဘာမှာ မြန်မာဟေ့ လို့ ဟစ်ကြွေးနိုင်ဖို့ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသူတိုင်း ကြိုဆိုသင့်သော လုပ်ရပ် ဖြစ်ပါတယ်။
The Ladies News
စာကျွင်း - အထက်တွင် ဖေါ်ပြထားသော ပုံ ပါ စာအုပ်ကို အရင် လေ့လာကြပါ၊ ဖတ်ရှုကြပါ၊ ပြီးမှ ဆွေးနွေးကြပါဟု အကြံပေးလိုပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံ သည် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှု များ ကြုံတွေ့နေရချိန်တွင် ဂျပန် က အမေရိကန် နှင့် အနောက်နိုင်ငံများကဲ့သို့ မဟုတ်ပဲ ဆုပေး ဒဏ်ပေး ပုံစံ နဲ့ ချည်းကပ် ဆက်ဆံလာခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
တမျိုးသားလုံး စစ်အာဏာရှင် စနစ် အောက်တွင် အသက်ပင် ပြင်းပြင်း မရှုရဲအောင် ဖြစ်နေချိန်တွင် ဂျပန်မှ မနေသာတော့၊ တိုင်းပြည်တွင်း နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးတဲ့ အနေနဲ့ မိမိတို့ အစိုးရ နဲ့ ပုဂ္ဂိုလိက ပိုင်းမှ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် ပြုလုပ်ပေးသွားမယ်လို့ ကတိ ပေးခဲ့ဖူးပါတယ်။
ဂျပန် အနေနဲ့ တရုတ် ရဲ့ သြဇာ လွှမ်းမိုးမှု ကြီးထွားလာခြင်း နဲ့ အတူ မြန်မာသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်နေတာကြောင့် စီးပွားရေးအရ အကျိုးစီးပွားခြင်း ဆက်နွယ်နေတယ်လို့ ယုံကြည်ခဲ့တာကြောင့် အခုလို အမြဲတမ်း ထိတွေ့ ဆက်ဆံဖို့ အစဉ်တစိုက် ကြိုးပမ်းလာနေခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် မြန်မာကို ဂျပန်က အကူအညီများ ပေးနေမှုများသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက စတင်လာခဲ့ခြင်း ဖြစ်တဲ့ အတွက် အခုအခါ စိုက်ပျိုးထားသမျှ ကို ရိတ်သိမ်းရန် အခြေ ဆိုက်လာပြီလို့ ဂျပန်က ပြောင်းလဲ ခံယူလာခဲ့တာ တွေ့ရပါတယ်။
ဂျပန်မှ မြန်မာအား စစ်လျော်ကြေးများ စတင် ပေးခဲ့သည့် ၁၉၅၄ မှ စ၍ နိုင်ငံတွင်း ဖွံ့ဖြိုးမှု အကူအညီ အားလုံးရဲ့ တ၀က်လောက်ကို ဂျပန်ထံမှ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အနောက်အုပ်စု ရဲ့ စီးပွားရေး ဒဏ်ခတ်မှုများ စတင်ခဲ့ပြီးနောက်ပိုင်းတွင်လည်း ဂျပန်မှ တလုံးတခဲတည်း မဟုတ်တောင် စီမံကိန်း တခု ချင်းစီ လိုက်၍ အကူအညီများပေးခဲ့ပြန်ပါတယ်။
စစ်အေးတိုက်ပွဲ ကာလ အတွင်း ကျင့်သုံးခဲ့တဲ့ မြန်မာနည်း မြန်မာဟန် ဆိုရှယ်လစ် စနစ်ကြီးနဲ့ ဂျပန်မှ ကျင့်သုံးနေတဲ့ ပြည်ပ နိုင်ငံများနဲ့ ဆက်ဆံနေတဲ့ စီးပွားရေး မူဝါဒဖြစ်တဲ့ ဂျပန်လို Keizai Kyoryoku လို့ခေါ်တဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတရားနဲ့ သဟဇာတ ဖြစ်ခဲ့ခြင်း မရှိပါဘူး၊ အဆိုပါ မူဝါဒအရ ပြည်ပမှ ရင်းနှီးမြုပ်နှံဖို့ ဂျပန် ကုမ္မဏီကြီးများမှ အစိုးရ အထောက်အပံကို ယူ လုပ်ကိုင်ခဲ့ကြတဲ့ စနစ်ဖြစ်ပါတယ်။
ဒီအတွက် မြန်မာနိုင်ငံအပေါ် ပေးနေတဲ့ အကူအညီများသည် အစိုးရမှ ၎င်းတို့ရဲ့ ပြည်ပ အကူအညီပေးရေး အစီအစဉ် ဖြစ်တဲ့ Official Development Assistance (ODA) ရံပုံငွေများနဲ့ ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သို့သော် ဆိုရှယ်လစ် ခေတ် နဲ့ တခေတ်ပြောင်း အာဏာရှင် လက်အောက်မှာ မြန်မာ့စီးပွားရေး သည် နာလံထူလာခြင်း မရှိသည့်အပြင် တဖြေးဖြေး နဲ့ အခြေအနေဆိုးလာတဲ့ အတွက် ဂျပန် အနေနဲ့ ဘာအကျိုးအမြတ်မှ ခံစားခွင့် မရရှိခဲ့ပြန်ပေ၊
၁၉၉၉ နှစ် နောက်ပိုင်းမှာ နိုင်ငံ တွင်း ဒီမိုကရေစီ အကောင်အထည် ဖေါ်မည်ဆိုက ချေးငွေ များ ပြန်လည် ပေးအပ် မယ်လို့ ကတိစကား ကမ်းလှမ်းခဲ့ပါတယ်။ ဒီစကားနဲ့ အညီပဲ ၂၀၁၂ ခုနှစ် မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ် အဖြစ် စတင် အရွေးခံရလျင် ရခြင်း မြန်မာအပေါ် ၎င်းတို့ တင်ရှိနေတဲ့ ကြွေး အတော်များများ ကို ချေ ပြစ်ခဲ့ပါတယ်။ နောက်ပိုင်း တနှစ်အကြာမှာ ကျန် ရှိနေတဲ့ အကြွေးတွေကိုပါ ပေးလျော်ခဲ့တဲ့ အတွက် စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၈၀၀ ရှိသွားခဲ့ရပါတယ်။ ဒါတွင်မက နိုင်ငံတကာ ဘဏ္ကာရေး အသင်း အဖွဲ့များ အပေါ် ပေးစရာ ရှိတာတွေကိုပါ ကုညီ ရှင်းလင်းပေးခဲ့ပြန်ပါတယ်။ ဒီအတွက် မြန်မာအစိုးရ နဲ့ ဆက်ဆံရေး မှာ ထဲထဲဝင်ဝင် ဖြစ်လာခဲ့ရပြီး အစိုးရ က သီလ၀ါ အထူးစီးပွားရေး ဇုံ တည်ဆောက်ရေးကို ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ အဓိက ကုမ္မဏီ ကြီးတွေ ဖြစ်တဲ့ Nihon Koei, Marubeni, Itochu Corp, Mitsubishi, Sumitomo တို့ က မြန်မာ နဲ့ စိမ်းခဲ့ကြတာ မဟုတ်ပဲ ODA ရံပုံငွေ နဲ့ လုပ်ခဲ့တဲ့ စီမံကိန်းတွေမှာ ပါဝင် ပါတ်သက်လာခဲ့ကြပြီး ဖြစ်ပါတယ်။ ဂျပန် နဲ့ မြန်မာ ပူးတွဲ တည်ထောင်ခဲ့တဲ့ သီလ၀ါ အထူးစီးပွားရေးဇုံ က အနီးဆုံး ဥပမာ တရပ် ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းရှင်များ တပြုံတပင်ကြီး နဲ့ အတူ ရောက်လာတဲ့ ဂျပန် ၀န်ကြီးချုပ် ရှင်တာရို အာဘေး ခရီးစဉ် အတွင်း ဂျပန် နိုင်ငံမှ မြန်မာနိုင်ငံ စီးပွားရေး အရ ဖွံ့ဖြိုးလာအောင် ထောက်ခံသွားမယ်လို့ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။ ဒီအတွက် Japan International Cooperation Agency (JICA) က သီလ၀ါ စီးပွားရေး ဇုံမှာ အစု ရှယ်ယာ ၄၉% ပိုင်ဆိုင်လာခဲ့ပြီး ပထမဆုံး ပေါ်ပေါက်လာတဲ့ ဂျပန်-မြန်မာ အစိုးရ နဲ့ ပုဂ္ဂုလိက စီးပွားရေး ဖက်စပ် လုပ်ငန်း ဖြစ်လာခဲ့ရပြီး ဂျပန် အတွက် တန်ဘိုး မဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရသွားခဲ့ပါတယ်။
ဒီနေရာမှာ လေ့လာသူများက စောစောက ဆိုခဲ့တဲ့ စစ်အေးတိုက်ပွဲ ကာလ အတွင်း ဂျပန် ကျင့်သုံးခဲ့တဲ့ Keizai Kyoryoku ကို ပြန်လည် ကျင့်သုံးနေပြီလော ဟု မေးခွန်းထုတ်လာကြပါတယ်။ မြန်မာနိုင်ငံ ကို စီးပွားရေး အရ အခုလို ပွင့်ထွက်လာအောင် ဂျပန် အစိုးရ နဲ့ ကုမ္မဏီ များက အတူ တက်ညီလက်ညီ လုပ်ခဲ့ကြတာ တွေ့ လာရလို့ လည်း ဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အဆိုပါ မူဝါဒသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်း မရှိပဲ အခုအခါ အခြေအနေ ပိုပေးလာတဲ့ အတွက် ပြန်ပေါ်လာခြင်း သက်သက်သာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ နောက်တချက်က တရုတ် ရဲ့ သြဇာအာဏာ က တဖြေးဖြေး နဲ့ ကြီးထွားလာနေတဲ့ အတွက် တန်ပြန်နိုင်ရန် စစ်အေးတိုက်ပွဲ ကာလအတွင်းက ကျင့်သုံးခဲ့တဲ့ ၎င်းတို့ ရဲ့ မူဝါဒကို ပြန်ဖေါ်ထုတ် လာတာလည်း ဖြစ်နိုင်ပါတယ်။ ဂျပန် စီးပွားရေး သမားတွေကတော့ အခုအခါ မြန်မာနိုင်ငံ မှာ အရင်ကတည်းက ဂျပန်က ရင်းနှီးမြုပ်နှံလာတာ မှန်တယ်လို့ ယူဆ လာကြပါတယ်။
မည်သို့ပင် ဆိုစေ ဂျပန် အနေနဲ့ မြန်မာ့စီးပွားရေး မှာ မကြာမီ အတောအတွင်း သိသိသာသာ ပါဝင်ပါတ်သက်လာတော့မှာ အမှန် ဖြစ်ပါတယ်။ မကြာမီကမှ ဂျပန်အစိုးရ က အမေရိကန်ဒေါ်လာ သန်းတထောင်နီးပါးကို အတိုးနှုန်း သက်သက်သာသာ နဲ့ ချေးငှားဖို့ ကမ်းလှမ်းလာတဲ့ အပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အသစ် ဆောက်ရေး တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၁၅၀၀ တန် ပရိုဂျက်ကို ဂျပန်က ၄၉% ဘဏ္ကာရေးအရ အားဖြည့်ပေးသွားဖို့လည်း ရှိနေပါတယ်။ ဒီအတွက် မြန်မာပြည်တွင်း ရင်းနှီးမြုပ်နှံမှုများမှ ဂျပန်က ကြီမ်းသေ ပြန်လည် ရိတ်သိမ်းနိုင်တော့မှာ မလွဲဧကန် ဖြစ်ပါတော့တယ်။
East Asia Forum မှာ ဖေါ်ပြထားတဲ့ "Japan set to reap returns on investments in Myanmar" ဆောင်းပါးကို ပြန်လည်တင်ပြသည်။
HSW
BrainWave ဉာဏ်လှိုင်း
နေပြည်တော် သြဂုတ်၂၉
မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှ ဂီတ ပညာရှင် ၉၅ ဦး ပါဝင်သော The Thailand Philharmonic Orchestra (TPO) ဂီတ ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု အားပေးသည်။
ဖျော်ဖြေပွဲသို့ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းများ တက်ရောက်ကြည့်ရှုကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ဂီတပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ဂီတအဖွဲ့မှ မြန်မာနိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုတီးခတ်၍ အခမ်းအနား စတင်ဖွင့်လှစ်ကာ မန်းတောင်ရိပ်ခိုသီချင်းနှင့် ထိုင်းရိုးရာဂီတသံစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂီတ ပညာရှင်များအား ဂုဏ်ပြုပန်းစည်းပေးအပ်သည်။
အဆိုပါ TPO နယ်လှည့်ဖျော်ဖြေပွဲကြီးသည် ဘန်ကောက်မြို့ Mahidol ဂီတ တက္ကသိုလ်၊ ထိုင်းသံရုံး၊ မြန်မာ၊ ဂျာမန်သံရုံးနှင့် Goethe-Institute ဂျာမန်ယဉ်ကျေးမှု ဌာနတို့ ပူးပေါင်းတင်ဆက်သည့်ပွဲဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အပြင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက် ထီးနန်းရခြင်း အထိမ်းအမှတ်နှင့် သြဂုတ် ၁၂ ရက်တွင် ကျရောက်သော ထိုင်းဘုရင်မကြီး သီရိခေတ် မွေးနေ့ အထိမ်းအမှတ် ပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်သည်။
Myanmar State Counsellor Office
တာ့ဂ်ျမဟာဂူဗိမာန်ကိုအဂရာမြို့ ယမုံနာမြစ်ကမ်း တောင်ဘက်နံဘေးရှိ (၄၂) ဧက အကျယ်ရှိ မြေနေရာတွင် စကျင်ကျောက်ဖြင့် တည်ဆောက်ထားပြီး ၁၆၂၈-၁၆၅၈ ခုနှစ်ထိ နှစ်ပေါင်း (၃၀) ကြာ တည်ဆောက်ခဲ့ရကြောင်း သိရပါတယ် ...။
ဗိသုကာပညာရှင် Ustad Ahmad Lahauri ဦးဆောင်တဲ့ အဖွဲ့ရဲ့ ညွန်ကြားမှုဖြင့်
လက်မှုပညာရှင် အင်အား ၂၀၀၀၀ ခန့်ပါဝင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ...။
တာ့ဂ်ျမဟာ(Taj Mahal)မှာ
Shah Jahan ဘုရင်၏မိဖုရား Mumatz Mahal ၏ ဂူဗိမာန်ဖြစ်ပြီး ၁၉၈၃ခုနှစ်တွင် ယူနက်စကိုက World Heritage Site အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရပါတယ် ...။
နှစ်စဉ် ခရီးသွား (၈) သန်းခန့်
လာရောက်လျက်ရှိပြီး ကမ္ဘာ့အံ့ဖွယ် (၇)
ပါးမှာ ပါဝင်ပါတယ်... ။
ရှားဂျဟန်ဘုရင်ရဲ့ အချစ်သက်သေ
အလွမ်းဖြေရာ ဂူဗိမာန်ဟာ မြန်မာမျိုးချစ်တစ်အုပ်နဲ့တွေ့မှပဲ ဗလီဖြစ်ရပါတော့တယ်....။
ဒါဟာ ပညာတတ်တွေအဖို့တော့
၂၁ရာစုရဲ့ အရီရဆုံး ဟာသတစ်ခုပါ...။
တာ့ဂ်ျမဟာရှေ့မှာ တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ဟူကျင်းတောင် ရုရှားသမ္မတ ပူတင် အမေရိကန်သမ္မတ အိုဘားမား ကလင်တန်နဲ့ အခြားနိုင်ငံတကာခေါင်းဆောင်တွေ
Celeberity တွေ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ရှာဖွေ စုစည်းပြီး တင်ပေးထားပါတယ် .... ။
ဗဟုသုတ နည်းပါးသူတွေရဲ့စကားကို
ယုံကြည်မိရင် ကိုယ်ပါ လူညံ့ဖြစ်သွားပါလိမ့်မယ် ...
မြန်မာတွေ မညံ့ကြစေချင်ပါ ...။
အသေဝနာစ ဗာလာနံ
လူမိုက်တို့ကိုရှောင်ရှားနိုင်ကြပါစေ ...။
လှိုင်ထိပ်ထား
(၂၉.၈.၁၆)
.
Credit : လှိုင်ထိပ်ထား (Hlaing Htate Htar)
သမ္မတ ဦးထင်ကျော်နဲ့ ၀န်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ
သမ္မတ ဦးထင်ကျော်နဲ့ ၀န်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံတွင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေအပေါ် ထောက်ခံမှုပေးတဲ့အတွက် အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်အားရမိကြောင်းလည်း သမ္မတက ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်လှမ်းရမယ့် အဆင့်တိုင်းမှာ အိန္ဒိယနိုင်ငံအနေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သူတွေအဖြစ်ကော မိတ်ဆွေအဖြစ်နဲ့ပါ ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi က ပြောဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ၀န်ကြီးချုပ်မိုဒီ ဦးဆောင်တဲ့ ၂ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ဒီကနေ့ နေ့လည်ပိုင်းတုန်းက Hyderabad House မှာ တွေ့ဆုံဆွေးနွေးပါတယ်။ အဲဒီနောက် ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ထောက်ခံပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးထင်ကျော်က ၀န်ကြီးချုပ်မိုဒီနဲ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
“အခုခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာလက်မှတ် ၄ ခု ရေးထိုးနိုင်တဲ့အတွက် ကျနော် အလွန်အားရကျေနပ်မိပါတယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆက်လက် ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေကို အိန္ဒိယက ထောက်ခံပံ့ပိုးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”
လမ်းတံတား ၆၉ စင်း ပြန်လည်မွမ်းမံ ဆောက်လုပ်ရေး၊ အိန္ဒိယ မြန်မာ ထိုင်းနိုင်ငံ အဝေးပြေးလမ်းဖေါက်လုပ်ဖို့ စီမံကိန်းမှာ ပါဝင်တဲ့ ကလေးဝ ယာကြီး လမ်းပိုင်း၊ ပြန်ပြည့်မြဲစွမ်းအင်နဲ့ ဆေးဖက်ဆိုင်ရာ လုပ်ငန်းတွေပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ၄ ခုကို ၂ နိုင်ငံ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အိန္ဒိယနဲ့ မြန်မာနိုင်ငံ အပြင် ဒေသတွင်းမှာပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝရေးတို့အတွက် အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။ ၀န်ကြီးချုပ် မိုဒီကတော့ လွန်ခဲ့တဲ့ သီတင်းပါတ်က ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံမြို့က အာနန္ဒာ ဘုရားအပါအ၀င် သမိုင်းဝင် အထင်ကရ နေရာတွေ ဘုရားတွေကို ပြုပြင်ဖို့ အကူအညီပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဒေသတွင်း အကြမ်းဖက်သမားတွေကို ပူးပေါင်း နှိမ်နင်းသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားပါတယ်။
“၂ နိုင်ငံ ပြည်သူလူတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မနဲ့ သဘောတူညီမှုရပါတယ်။ ဒေသတွင်းက အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုနဲ့ လက်နက်ကိုင်သူပုန်တွေရဲ့ လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ပူးပေါင်း တိုက်ဖျက်သွားမှာလည်း ဖြစ်ပါတယ်။”
အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မဏိပူနဲ့ အာသံပြည်နယ်တွေမှာ ခွဲထွက်ခွင့်နဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်သူပုန်အဖွဲ့ ဒါဇင်နဲ့ချီနေပြီး ဒီသူပုန်အဖွဲ့တွေ နှိမ်နင်းဖို့အတွက် အရင်မြန်မာစစ်အစိုးရနဲ့ အိန္ဒိယအစိုအရကြား သဘောတူညီမှုတွေရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလက်နက်ကိုင်အဖွဲ့တွေကို ထိထိရောက်ရောက်နှိမ်နင်းရာမှာ အားနည်းမှုတွေရှိတွေခဲ့တယ်လို့ လေ့လာသူအချို့က သုံးသပ်ပါတယ်။ အခုအခါမှာတော့ ၂ နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုရှိဖို့ အာရုဏ်စိုက်လုပ်ဆောင်လာတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“လမ်းဖောက်ဖို့ရော၊ နယ်စပ်ကုန်သွယ်ရေးရော အားလုံးဟာ ဒီနယ်မြေဒေသ ကိုမူတည်တယ်။ ဒီဒေသ အိန္ဒိယဘက်ကရော အဆင်မပြေဘူး မြန်မာဘက်ကလည်း အခြေခံ အဆောက်အဦးမကောင်းသေးဘူးဆိုရင် ဘယ်လိုမှ တိုးတက်ဖို့ကိုမရှိဘူး သူတို့လုပ်နေတာလည်း တော်တော်ကြာပြီ အဲဒါကြောင့် တနည်နည်းနဲ့ ငြိမ်အောင်ထိန်းသိမ်းနိုင်မှသာလျှင် အိန္ဒိယနိုင်ငံရဲ့ ရည်ရွယ်ချက်တွေ ပေါက်ရောက်မှာပါ။”
ဒီကနေ့မနက်ပိုင်းမှာ သမ္မတ ဦးထင်ကျော်နဲ့ ဇနီးကို အိန္ဒိယ သမ္မတ Pranab Mukherjee က သမ္မတ အိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲနဲ့ ကြိုဆိုခဲ့ပါတယ်။ သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ နယူးဒေလီမြို့က မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်ကိုလည်း သွားရောက်လွမ်းသူပန်းခွေချ ဂါရ၀ပြုခဲ့ပါတယ်။ စနေနေ့တုန်းကတော့ သမ္မတဟာ မဟာဗောဓိပင်ရှိရာ ဗုဒ္ဓဂါယာကို သွားရောက်ခဲ့သလို တနင်္ဂနွေနေ့ တုန်းကတော့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ၇ နေရာမှာပါဝင်တဲ့ Taj Mahal အဆောက်အဦးကို သွားရောက်ခဲ့ပါတယ်။
VOA Burmese News
နာဂဒေသဝက်သက်ရောဂါ ကူသနေစဉ်(MOI)
နာဂဒေသဝက်သက်ရောဂါ ကူသနေစဉ်(MOI)
ဝက်သက်ရောဂါနဲ့အမျိုးအမည်မဖေါ်ပြနိုင်တဲ့ကူးစက်ရောဂါဖြစ်ပွါးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းက မြို့နယ်ဒေသတွေမှာကလေးသူငယ်သေဆုံးမှုဦးရေ(၈၀)ကျော်ဖြစ်ပွါးခဲ့ပြီး ရောဂါဖြစ်ပွါးနေဆဲ အခြေအနေမှာရှိနေတယ်လို့ နာဂရေးရာတာဝန်ရှိသူတွေကအတည်ပြုပြောဆိုခဲ့ပါတယ်။
လက်ရှိမှာအစိုးရကျန်းမာရေး ဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေကနေ ကုသပေးနေတယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိနေဆဲလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။ လက်ရှိနာဂဒေသရောဂါဖြစ်ပွါးနေမှုနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် VOAသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက် သွယ်မေးမြန်းပြီးအခုလိုသတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လဟယ်မြို့နယ်နဲ့နန်းယွမ်းမြို့နယ်အတွင်းမှာ ကူစက်ရောဂါဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ယနေ့အထိသေဆုံးသူဦးရေ(၈၂)ရှိနေခဲ့ပြီးလို့ နာဂအမျိုးသားရေးရာ ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးကဲယုံးကVOAကိုပြောပါတယ်။
“ရောဂါဖြစ်နေတာက ကျနော်တို့ဒီ လဟယ်မြို့နယ်နဲ့ နန်းယွမ်းမြို့နယ်ထဲမှာပေါ့နော်။ ဆိုတော့ အခုလောလောဆယ် ဒီမြို့နယ် ၂ မြို့နယ်က စုစုပေါင်းသေဆုံးလူဦးရေက ၈၂ ယောက်ရှိပြီပေါ့နော်။ ၈၂ ယောက် အစိုးရဘက်ကလည်း သူတို့ သတင်းစာရှင်းလင်းပွဲမှာ ၈၀ ကျော်လို့ပြောသွားတယ်။ ဒါပေမယ့် ကျနော်တို့ ဘက်မှာ အတိအကျရထားတာကတော့ ၈၂ ယောက် ပေါ့နော်။"
အထူးသဖြင့်နန်းယွမ်းမြို့နယ်အတွင်းမှာ အမျိုးအမည်မဖေါ်ပြနိုင်တဲ့ ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွါးနေဆဲလို့ဦးကဲယုံး က ဆက်ပြောပါတယ်။
“လဟယ်မြို့နယ်မှာကတော့ ၀က်သက်လို့ပြောတယ်။ နန်းယွမ်းမှာကတော့ ၀က်သက်ရောဂါမဟုတ်ဘူးလို့ သိရတယ်။ အခုလောလောဆယ်မှာ နန်းယွမ်းမှာ ၀က်သက်မဟုတ်ပဲနဲ့ ကူးစက်ရေဂါတမျိုး ဒါပေမယ့် ဘာရောဂါလဲဆိုတဲ့ဟာ အစိုးရက ပြောထားတာမရှိဘူး။ ကျနော်တို့ကလည်း ဘာရောဂါလဲဆိုတဲ့ဟာကို ပြောလို့မရဘူးဖြစ်နေတယ်။ ဆိုတော့ တော်တော်များများလည်း နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲမှာ အဲဒီရောဂါတွေဆက်ပြီးတော့မှ ဖြစ်နေတယ်။ လောလောဆယ်ကတော့ ဆေးဝါးကုသမှုတွေနဲ့ ဆေးဝါးလုံလုံလောက်လောက်မရှိဘူးဆိုတာကို ကျနော်တို့ သိရတယ်ပေါ့နော်။”
နာဂဒေသမှာ ဇွန်လပထမအပတ်လောက်ကတည်းကစပြီး လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲ က ကျေးရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားလာခဲ့ပြီးသြဂုတ်(၂၄)အထိကလေးငယ် (၆၈) ဦးသေဆုံးသွားခဲ့ရာကနေ အခု (၈၂)ဦးထိ သေဆုံးမှုတိုးပွါးလာခဲ့တာပါ။
အစိုးရကျန်းမာရေးဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေအနေနဲ့ ရောဂါဖြစ်ပွါးရာ နာဂဒေသက လဟယ်မြို့နယ်မှာသာ ဆေးဝါးကုသနေခဲ့ပြီးတော့ နန်းယွန်းမြို့နယ်ထဲမကုသနိုင်သေးတဲ့အတွက် ကဲဆန်ဆာလင်နဲ့ ကဲဆန်ကားလန် ကျေးရွာမှာ ရောဂါအခြေအနေဆိုးဝါးနေဆဲလို့ ဦးကဲယုံးကပြောပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဖြစ်ပွါးနေတဲ့ ကူးစက်ရောဂါထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရဲ့စီစဉ်မှုနဲ့ နေပြည်တော် ခန္တီးတပ်မတော်ဆေးရုံကအထူးကုဆရာဝန်တွေ၊ နေပြည်တော်ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ကနေ သြဂုတ်လဒုတိ ယအပါတ်ကစလို့ ကွင်းဆင်းကုသမှုကြောင့် အသေပျောက်နည်းပါးလာခဲ့ပေမဲ့ နန်းယွန်းမြို့နယ်ထဲမှာတော့ ရောဂါ ဆန်းတမျိုးဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
လက်ရှိရောဂါဖြစ်ပွါးရာဒေသအတွင်းကျန်းမာရေးစောင့်ရှောက်မှုအနေအထားအပေါ် အားရမှုမရှိဘူးလို့ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်းမောင်ကပြောပါတယ်။
“ဘယ်လိုအားနည်းချက်ရှိသလဲဆိုရင်တော့ သူတို့က ဆရာဝန်၊ ဆရာမတွေလာရင်လည်း ရွာတစ်ရွာကို ၁ နာရီ-၂ နာရီ လောက်ပဲ အချိန်ပဲပေးပြီးတော့မှ တရွာပြီးတရွာ ကျော်ကျော်သွားတယ်ပေါ့နော်။ ပြီးလို့ရှိရင် ရွာ အရေအတွက် ပြီးသွားတာနဲ့ ပြန်ပြန်သွားတာ။ ပြန်သွားတဲ့အခါကျတော့ တကယ့်တကယ်ဖြစ်နေတဲ့ဟာက သူတို့ရောဂါအခြေအနေ ၊ ကလေးတွေဖျားနာမှုကို သူတို့ အသေးစိတ် မသိနိုင်ဘူးခင်ဗျ။ ကုသမှုနေရာမှာကလည်း သူတို့က စားဆေးအပြားလေးတွေပေးပြီးတော့မှ ဒီအတိုင်းပဲ ကျော်ကျော်သွားတယ်ခင်ဗျ။ ကျနော်တို့လိုချင်တာက အဲဒီလိုမဟုတ်ဘူး ရွာတိုင်းရွာတိုင်းကိုပေါ့ ၁ ရွာမှာ အနည်းဆုံး ၇ ရက် - ၁၀ ရက် အဲဒီလောက်နေပြီးတော့မှ အခြေချပြီးတော့မှ ကူသစေချင်တယ်ခင်ဗျ။”
ဗဟိုကျန်းမာရေးဌာနရဲ့စစ်ဆေးတွေ့ရှိချက်အရကတော့ နာဂဒေသမှာဖြစ်ပွါးတဲ့ရောဂါဟာ ၀က်သက်ရောဂါအများစု ဖြစ်ပြီး တခြားကျန်တဲ့အသက်ရှုလမ်းကြောင်းနဲ့ဆက်စပ်တဲ့ရောဂါဖြစ်သလို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန အဖွဲ့တွေကိုစေလွှတ်နေပေမဲ့ လိုအပ်ချက်ရှိနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူ ဟန်ထွန်းကပြောပါတယ်။
“ဓါတ်ခွဲစမ်းသပ်တဲ့ အခြေအနေအရကတော့ ဒါက ၅ ယောက်မှာ - ၃ ယောက်က Positive ကိုတွေ့တာပေါ့နော်။ အဲဒီတော့ တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာတွေပဲဖြစ်ပါလိမ့်မယ်။ အများစုဖြစ်နေတာကတော့ ၀က်သက် ဟုတ်ပါတယ်။ သူတို့က တောင်ပေါ်ဒေသဆိုတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေလည်းဖြစ်မှာ သူတို့ဆီမှာ ရွာတွေရဲ့ လူနေမှုပုံစံတွေဟာ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ ဆရာဝန်အဖွဲ့တွေကိုတော့ တဖွဲ့ပြီး တဖွဲ့လွှတ်ပေးနေတာပဲဗျ။ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးနေပါတယ်။ စဖြစ်တဲ့ရောဂါကလည်း ကာကွယ်ဆေးမထိုးနိုင်လို့ ဖြစ်ကြတာကို အဲဒီမှာက ဆရာ၊ ဆရာမ အင်အားက နည်းတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်တယ်။ အဲလိုအချက်အလက်တွေကြောင့် ကူးစက်ရောဂါက မပျံ့နှံ့သင့်ပဲနဲ့ ၊ မဆိုးသင့်ပဲနဲ့ ဆိုးသွားတာပေါ့နော်။"
နာဂဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ ချို့တဲ့နေတဲ့အနေအထားကြောင့် အစိုးရအနေနဲ့ မူလတန်းနဲ့ အလယ်တန်း အောင်မြင်ထားတဲ့ ဒေသခံတွေကို “လူထုကျန်းမာရေးလုပ်သား” အဖြစ် အကောင်ထည်ဖော်ဖို့စီစဉ်နေကြောင်း နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန(ဗဟို)မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာရင်းအရကျန်းမာရေးဝန်ထမ်းဦးရေ ၃၀၉ ဦးရှိပေမဲ့ လက်ရှိမှာ (၉၀)ဦးသာ တာဝန်ထမ်းဆောင်နေကြပြီး ၂၁၉ နေရာလစ်လပ်နေတယ်လို့ နာဂဦးစီးအဖွဲ့တာဝန်ရှိသူတွေကနေပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မဖွံ့ဖြိုးသေးတဲ့ဒေသတခုဖြစ်ပြီး လမ်းပမ်း ဆက်သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာရေးအသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု စတဲ့ ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်။
VOA Burmese News
ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
ကချင်အထူးဒေသ ၁ နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ် - မြန်မာနယ်စပ် မှတ်တိုင် အမှတ် ၆ တဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၃ တို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အစိုးရတပ်မတော်က နယ်ခြားမှတ်တိုင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ နယ်မြေ စစ်ဆေးရေးတွေ ဆောင်ရွက်ချိန်မှာ တပ်မတော် နဲ့ ကေအိုင်အေတို့ ဒီရက်ပိုင်းမှာ ထိတွေ့မှုတွေဖြစ်တာလို့ ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့သား ဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ပြောပါတယ်။
"အဓိက နယ်စပ်မှတ်တိုင်တွေကို စစ်ဆေးတာ တချို့က မှတ်တိုင်တွေက ပျက်နေလို့ ပြုပြင်ဖို့ ဆေးသုတ်စရာရှိတာသုတ်၊ အင်္ဂတေလောင်းစရာ ရှိတာ လောင်းနေတာ။ အဲ့တာသွားလုပ်ရင်းနဲ့ လမ်းမှာ ထိတွေ့မှုတွေဖြစ်နေတာ။ တရုတ်ပြည်နဲ့ နယ်စပ်မှတ်တိုင်တွေရှိတဲ့ ၅၊ ၆၊ ၇ အဲ့ဝန်းကျင်ပေါ့"
ကေအိုင်အေနဲ့ ပတ်သက်မှုရှိတယ်လို့ယူဆရတဲ့ တရုတ်စကား ပြောတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကေအိုင်အေ တပ်ရင်း ၃ နယ်မြေထဲမှာ ရောက်ရှိနေတာနဲ့ ဆက်စပ်ပြီးတော့ တိုက်ပွဲတွေဖြစ် တာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အစိုးရတပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေမရှိရင် တိုက်ပွဲတွေဖြစ်မှာမဟုတ်ကြောင်းနဲ့ တရုတ် စကားပြော လက်နက်ကိုင်အဖွဲ့ဟာ ကေအိုင်အေနဲ့ ပတ်သက်မှု မရှိဘူးလို့ ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးနော်လီက ပြောပါတယ်။
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ် ဆဒုံး-ကန်ပိုက်တီ နဲ့ လိုင်ဇာဒေသတစ်ဝိုက်၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဟူးကောင်းလွင်ပြင် နဲ့ ကာမိုင်းလွင်ပြင်ဒေသတွေမှာ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။
အဲ့ဒီတိုက်ပွဲတွေမှာ ပြည်သူနဲ့ လူနေအိမ်တချို့ ထိခိုက်ဒါဏ်ရာရရှိနေတဲ့ အတွက် ရှမ်းတိုင်းရင်းသား အများစုပါဝင်တဲ့ ဒေသခံတွေစုပေါင်းပြီး မြေမြုပ်မိုင်းတွေ မထောင်ဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရအောင် ဆွေးနွေးကြဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရရုံးတစ်ရုံးကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ၀န်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားလိုက် ပါတယ်။
လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို တောင်းယူထားတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာရှိလာမှ ဖွင့်ဖောက်စစ်ဆေးမှာဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ပြည်ထောင်စုအစိုးရဲ့ ညွန်ကြားချက် မဟုတ်ဘူးလို့လည်း ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးတွေက ပြောပါတယ်။
ချိတ်ပိတ်ထားတဲ့စာရင်းတွေကို ရှမ်းပြည်နယ် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးက သိမ်းယူထားမှာဖြစ်ပြီး ၀န်ထမ်းအားလုံး ပေးအပ်ကြဖို့ ညွန်ကြားချက်ထုတ်ဖို့ လည်း ပြင်ဆင်နေပါတယ်။
RFA Burmese
http://www.rfa.org/burmese
SSA မြောက်ပိုင်းတပ် ရှေ့တန်းတပ်သားတဦး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မစတင်မီ ၂ရက်အလိုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တာယန်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ ရှမ်းတပ်ဖွဲ့ရဲ့ တပ်စခန်းကို တနင်္ဂနွေနေ့ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အခြေအနေက ငြိမ်သက်သွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲဟာ တနင်္ဂနွေနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားတဲ့အခြေအနေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းဆုအခုလို ပြောပါတယ်။
“ တိုက်ပွဲကတော့ မနေ့က ညနေပိုင်း ၄ နာရီ ၂၀ ကနေစဖြစ်ပြီးတော့ ညနေ မိုးချုပ်တဲ့အထိပေါ့နော်။ လက်နက်ကြီးတို့ ၊ 81 တို့နဲ့ ပစ်ပါတယ်။ ခမရ ၃၃ ရယ၊် ခမရ ၅၂၃ ရယ် ၊ ပြီးတော့ ခမရ ၁၄၇ တပ်ရင်း ၃ ရင်း သူတို့ပူးပေါင်းပြီးတော့ စစ်ဆင်တာပဲ။ တိုက်တယ်ဆိုတာကတော့ သူတို့က လွယ်လမ်တပ်စခန်းကို တိုက်တာပါခင်ဗျ။”
ဒီကနေ့တော့ တိုက်ပွဲဆက်လက်ဖြစ်ပွားတာမရှိကြောင်းပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရးညီလာခံကျင်းပဖို့ ပြင်ဆင်နေချိန်ဖြစ်တာကြောင့် အခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ဗိုလ်မှုးစိုင်းဆုက ဆက်ပြောပါတယ်။
“ ကျနော်တို့ က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ငြိမ်းချမ်းရေးကိုအပြုသဘောနဲ့ ဦးတည်ပြီးတော့သွားမှာပါ။ ကျနော်တို့ က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့တပ်တွေကလည်းလုံးဝ စစ် ဆက်မဖြစ်စေရဘူးလို့ ကျနော်တို့ အမိန့်ချထားတာလေ။”
SSA မြောက်ပိုင်းက အစိုးရတပ်မတော်ဖက်က တာဝန်ရှိသူတွေကို အကြောင်းကြားပြီး တိုက်ခိုက်တာတွေ ရပ်ဆိုင်းနိုင်ဖို့ အကူအညီတောင်းခံခဲ့တဲ့နောက် အစိုးရတပ်တွေ ပြန်လည်ရုတ်သိမ်းသွားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
လောလောဆည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကိုတက်ရောက်ဖို့အတွက် SSPP/SSA မြောက်ပိုင်းအဖွဲ့ရဲ့ ဒုဥက္ကဌ စပ်ခွန်ဆိုင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
တန့်ယန်းမြို့နယ်အပါအ၀င်အဖြစ်တဲ့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၃ရဲ့ ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းကလက်ရှိဖြစ်ပွားတဲ့တိုက်ပွဲအပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။
“တိုက်ပွဲတွေကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ အခုကတော့ ငြိမ်းချမ်းရေးတောင်ဆွေးနွေးတော့မယ့် ဟာကိုလေနော်။ အဓိတော့ ပြည်သူလူထုတွေပေါ့ဗျာ ကျနော်တို့ ကိုယ်စားလှယ်တွေအနေနဲ့က ပြည်သူလူထုတွေ ဒုက္ခရောက်မှာကို စိုးရိမ်တယ်။ ပြီးတော့ ဒီစားပွဲဝိုင်းမှာပဲ တွေ့နေကြတဲ့ဟာလေနော် ဘာတွေဖြစ်စေချင်သလဲ၊ ဘယ်လိုဖြစ်စေချင်သလဲ ၂ ဦး ၂ ဘက် တွေ့ဆုံလို့ ရတဲ့ ကိစ္စရှိရဲ့သားနဲ့ အခုလိုထိုးစစ်ဆင်မှုတွေလှုပ်တော့ ဒုက္ခရောက်တာ ပြည်သူလူထုတွေပဲလေ ကျနော်တို့ကတော့ ဒါလုံးဝမဖြစ်သင့်ပါဘူး။ မလုပ်စေချင်ပါဘူးပေါ့။ ဒီလိုညီလာခံကြီးမစခင်မှာ ဖြစ်တော့ သံသရတွေ ၀င်ကုန်တာပေါ့လေနော်။ အဲဒါ မဖြစ်သင့်တဲ့ ကိစ္စပေါ့။”
တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းတပ်ဖွဲ့ရဲ့ စစ်စခန်းတွေ ဆုတ်ခွာပေးဖို့ အစိုးတပ်မတော်က တောင်းဆိုခဲ့ဖူးပြီး နှစ်ဖက်အကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းကတော့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
 ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိရဉ္စရာ၊သြဂုတ်လ ၂၉
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်စပ် တွင် ဩဂုတ်လ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျပ်သိန်း ၇၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၃) သိန်းကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု မောင်တောမြို့မရဲစခန်းက တာဝန်ရှိသူများက နိရဉ္စရာသို့ ပြောကြားသည်။
“ ကျွန်တော်တို့ မောင်တောဒေသမှာ မူးယစ်ဆေးဝါး ပပျောက်ရေး၊ မူးယစ်ဆေးဝါး ပြန့်ပွားမှု မရှိစေရေး အတွက် စီမံချက်တွေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အများ အပြားကို ဖမ်းဆီရမိပါတယ် ”ဟု မောင်တောမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်က နိရဉ္စရာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဂိတ်တွင် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် ပရိုဘောက် အမျိုးအစား ကားတစ်စီးသည် စစ်ဆေးမခံဘဲ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
၎င်းကားအား ဒုရဲအုပ်အောင်မျိုးထက်နှင့် အဖွဲ့က လိုက်လံ ဖမ်းဆီးရာ မောင်တော မြို့နယ် နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျက်တောင်ရွာ အနီးတွင် လူများထွက်ပြေးသွားသဖြင့် ကားဖမ်းမိပြီး ရှာဖွေရာ ကားနောက်ခန်း ကြမ်းပြင် အံဝှက်ထဲတွင် သိုဝှက် ထားသည့် WY တံဆိပ် ပန်းရောင် စိတ်ကြွဆေး ၁၄၆၂၅၀ ပြား ဖမ်းဆီရမိခဲ့သည်။ ၎င်းဆေးပြားများ၏ ခန့်မှန်းခြေ ကာလတန်ဖိုးကျပ် ၂၉၂၅ သိန်းဖိုး ရှိကြောင်း ရဲအုပ် ဆန်းညွှန့်က ပြောဆိုသည်။
ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီကျော် အချိန်တွင် မောင်တောမြို့၊ မြို့မတောင်ရပ်ကွက် ဗိုလ်မှူးရွာ လမ်းကြားတွင် သတင်း အရ မသင်္ကာဖွယ်ရာ တွေ့ရှိသည့် ဆိုင်ကယ် တစ်စီးကို ရပ်တန့် ရှာဖွေရာ ဆိုင်ကယ် စီးနင်းလာသူ နူရ်အာလောင် (၄၇)နှစ်(ဘ)မာရှော်အာလီထံမှ ကာလတန်ဖိုး ကျပ် ၉၇၅ သိန်း တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၄၈၇၅၀ ပြားကို ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့အား ဦးဆောင်ပြီး ဖမ်းဆီးခဲ့သူ မောင်တောမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဆန်းညွန့်ဦးက ပြောသည်။
မောင်တော-တောင်ပြိုခရီးသည်တင်ကားတစ်စီးပေါ်တွင် သြဂုတ်လ ၂၂ရက်နေ့ ညနေ့ ၄ နာရီကျော်က ရှာဖွေစစ်ဆေးရာ ဂျင်ကီး (၂၀)နှစ် သယ်ဆောင်လာသည့် ထန်းလျှက်တောင်းထဲ WY တံဆိပ်၊ ပန်းရောင်စိတ်ကြွဆေးပြား ၉၇၅၀ ၊ ကာလတန်ဖိုး ကျပ် ၁၉၅၀၀၀၀၀ နှင့် ခရီးသည် ဒီလ်မူဟာမောက် (၁၄ နှစ်) တောင်ပြိုလက်ဝဲမြို့နေသူထံမှ WY ပန်းရောင်စိတ်ကြွဆေးပြား ၃၉၀၀၀ ကာလတန်ဖိုးကျပ် ၇၈၀ သိန်း ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် တရားခံ ဂျင်းကီး ထွက်ဆိုချက်အရ ကွင်းဆက် တရားခံ မာရု (၂၁ နှစ်) မောင်တောမြို့နှင့် နူရ်ဘော်ရှော့ (၄၅ နှစ်) လသာ အထက်ရွာတို့ထံမှ ကာလတန်ဖိုးကျပ် ၂၁၄၅ သိန်း ရှိသော WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၀၇၂၅၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းအမှုအား မူးယစ်စိတ်ပြောင်း ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကာ တရားခံများ ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
မောင်တောမြို့နယ်စပ်ဒေသတွင်ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ WY စာတန်းပါ မူးယစ်စိတ်ကြွဆေးပြား အရေအတွက် သုံးသိန်းငါးသောင်းကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ခုနှစ်ထောင်ကျော် ဖမ်းဆီး ရမိ ခဲ့သော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေသည့် အဓိက လုပ်ကိုင်နေသူများကိုမူ ဖမ်းဆီးရမိခြင်းမရှိသေးသည့် အပေါ် ပြည်သူများက ဝေဖန် ပြောဆိုလျက် ရှိကြောင်း သိရသည်။
ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
( အိန္ဒိယသမ္မတ Pranab Mukherjee ၊ မြန်မာသမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ကို နယူးဒေလီမြို့ရှိ သမ္မတ အိမ်တော်ဝင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ် ) Photo: Myanmar President Office
အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
ဒီသဘောတူညီချက်တွေထဲမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသွားလမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တမူး-ကလေးဝ ကားလမ်းပိုင်းတလျောက် တံတား ၆၉ စီး တည်ဆောက်ရေးကိစ္စ၊ ကလေးဝ-ယာကြီးလမ်းပိုင်း အဆင့်မြင့်တင်ရေးကိစ္စ၊ ရိုးရာဆေးဝါးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ သဘာဝစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် တခြားနိုင်ငံတွေနဲ့မတူတဲ့ ထူးခြားတဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ဆက်စပ်မှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ကြောင်း ခေါင်းဆောင် ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။
သမ္မတဦးထင်ကျော်ဟာ ပြီးခဲ့တဲ့စနေနေ့မှာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာကို သွားရောက်ဘုရားဖူးခဲ့ပြီး၊ မနေ့က အင်္ဂရာမြို့က တာ့ခ်ျမဟာ နန်းတော်ကို သွားရောက်လေ့လာခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
နိရဉ္စရာ၊ သြဂုတ် ၂၉
စိတ်မမှန်သူ အသက် (၃၀) အရွယ် အရပ်သား တစ်ဦးကို အေအေဟု ဆိုကာ ဘူသီးတောင် အခြေစိုက် ခမရ ၅၃၅ စစ်တပ်က ဖမ်းဆီးနှိပ်စက်သဖြင့် မျက်လုံး တစ်ဘက်နှင့် နားရွက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟု မြောက်ဦးမြို့ လက်ဆည်ကန် ဘက ကျောင်းဆရာတော် ဦးသောဘိတမှ နိရဉ္စရာ သတင်း ဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
၎င်း အသက် (၃၀) အရွယ် စိတ်မမှန်သူမှာ ဦးဆန်းရွှေဖြစ်ပြီး မိဘမရှိ တစ်ကောင်ကြွက် ဖြစ်ကာ စိတ်မမှန်ဘဲ နေရာ အနှံ့အပြားကို လျှောက်သွားနေသူ တစ်ဦး ဖြစ်ကြောင်း ဆရာတော်က ပြောပြသည်။
ထိုသို့ လျှောက်သွားနေစဉ် ဘူးသီးတောင်မြို့နယ် စိုင်းတင်ရေတံခွန်ဘက်သို့ ရောက်ရှိသွားပြီး ယင်းမှ ပြန်အလာ သြဂုတ် ၂၆ ရက်နေ့တွင် ခမရ ၅၃၅ မှ စစ်သား အချို့မှ ဖမ်းဆီးပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆရာတော်မှ ဆက်လက် ပြောဆိုသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ဘူးသီးတောင်မြို့နယ် စိုင်းတင်ရဲစခန်းသို့ လွဲပြောင်းပေးအပ်ခဲ့သည်ဟု ပြောဆိုသည်။
“ ရဲစခန်းက စိတ်မမှန်တဲ့သူဆိုတာကို သိတဲ့ အတွက် ဦးဇင်းကို လာယူဖို့ အကြောင်းကြားတာကြောင့် ဦးဇင်း အဲဒီရဲစခန်းကို သွားပြီး ဒီလ ၂၈ ရက် မနေ့က ဦးဆန်းရွှေကို ပြန်ခေါ်ခဲ့ပါတယ်။ စခန်းမှူးကလည်း ဦးဇင်းကို အထူးတောင်းပန်ပါတယ်။ သူတို့လုပ်တာ မဟုတ်ကြောင်းနဲ့ ဒီလို လုပ်ပြီး သူတို့ဆီကို လွဲအပ် ခဲ့တဲ့ အတွက် သူတို့ခေါင်းပေါ်ကျရတာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီစခန်းမှူးက နာဂ တိုင်းရင်းသားလို့ ဦးဇင်းကို ပြောပါတယ်။ ပြောင်းရခါနီးချိန်မှာ ဒီလို ဖြစ်တဲ့ အတွက် စိုးရိမ်ပြီ ဦးဇင်းကို တောင်းပန်ပါတယ်” ဟု ဆရာတော် ဦးသောဘိတမှ ပြောကြားသည်။
ယခုအခါ ဦးဆန်းရွှေမှာ မြောက်ဦးမြို့ လက်ဆည်ကန် ဘက ကျောင်းသို့ ရောက်ရှိနေပြီး ဆေးကုသ နေရကြောင်း၊ မျက်လုံးမှာ နီရဲနေကြောင်း၊ ဆေးခန်းပြရန် စီစဉ်နေကြောင်း ဆရာတော်က ပြောသည်။
ဦးဆန်းရွှေမှာ ဆရာတော် ဇာတိရွာ ရသေ့တောင်မြို့နယ် မုဆိုးချောင်းရွာမှ ဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဥာဏ်ရည်မမှီ စိတ်မမှန်သူ လူတစ်ဦးအား ညှဉ်းပမ်းနှိပ်စက်မှုမျိုးမှာ မပြုလုပ်သင့်ကြောင်း၊ အထက်အရာရှိများ အနေဖြင့် စစ်ဆေးအရေးယူပေးရန် လိုလားကြောင်း ဆရာတော် သောဘိတ ပြောဆိုသည်။
နိရဉ္စရာ သတင်းဌာန အနေဖြင့် စစ်တပ်ဘက်မှ ဖြေဆို ပြောကြားမည့်သူ မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
Narinjara
https://www.facebook.com/Narinjara
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
    နိုင်ငံ့ ဝန်ထမ်းမဟုတ်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင်များအား လစဉ်ချီးမြှင့်ငွေ မပေးဘဲ ရွေးကောက်ပွဲ ရှိသည့် ကာလ ကိုးလအတွက်သာ ချီးမြှင့်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သဘောထား အတိုင်း ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
“ကော်မရှင် အဖွဲ့ဝင်တွေကို ချီးမြှင့်ငွေနဲ့ စရိတ်ပေးတာဟာ လစာပေးတာ မဟုတ်ပါဘူး။ ဥာဏ်ပူဇော်ခ လို့ သုံးလို့ ရပါတယ်၊ ချီးမြှင့်ငွေ ဖြစ်လို့ အလုပ်ရှိမှ၊ အလုပ်ပေါ်မှ၊ အလုပ်လုပ်မှ ချီးမြှင့်ရမှာ ဖြစ်ပါတယ်။ အလုပ်မပေါ်၊ အလုပ်မရှိရင် အလုပ် မလုပ်ဘဲနဲ့ ချီးမြှင့်စရာ အကြောင်း ပေါ်ပေါက်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိတဲ့ ဒေသ၊ ခရိုင်၊ မြို့ နယ် တွေကိုသာ ကာလ သတ်မှတ်ပြီးတော့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကလည်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း လုပ်ဆောင်မှု ရှိတဲ့ ကော်မရှင် အဖွဲ့ ခွဲများ အတွက်သာ ကိုးလ သတ်မှတ်ပြီး ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင် ဦးလှတင့်က ပြည်သူ့ လွှတ်တော်သို့  တင်ပြခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး၏ “နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲဝင်များ အတွက် ထိုက်သင့်သည့် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည် သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြ အပြီး ရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားကို ဦးလှတင့်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ လှမိုး၏ အဆိုတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်များအား လစဉ် ချီးမြှင့်ငွေနှင့် စရိတ် ပေးရမည့် ကာလ၊ လစဉ် ချီးမြှင့်ငွေနှင့် စရိတ် ပေးရမည့် ပမာဏနှင့် ခန့်အပ်မည့် ကော်မရှင် အဖွဲ့ဝင် ဦးရေ တို့ကို ပြန်လည် သုံးသပ်ပါရန် အလေးထား တင်ပြခဲ့သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်အတွက် ပြည်ထောင်စု ဘတ်ဂျက်၏ ၀ ဒသမ ၀၇ ရာခိုင်နှုန်း ရှိသည့် ကျပ် ၁၆၇ ဘီလီယံ သုံးစွဲခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်ဦးရေမှာ အရာထမ်း ၅၀၆ ဦး နှင့် အမှုထမ်း ၁,၃၆၈ ဦး -- စုစုပေါင်း ၁,၈၇၄ ဦး ရှိကြောင်း သိရသည်။
မူလ အဆိုတွင် ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင် ဦးရေကို သုံးသပ် သင့်ကြောင်းအချက်နှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင် နှစ်ဦး အတိအကျ ခန့်အပ်ဖို့ ဆုံးဖြတ်ပြီးပါပြီ” ဟု လွှတ်တော်သို့ ပြောခဲ့သည်။
ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှမိုး၏ အဆိုကို ပြည်သူ့ လွှတ်တော်က ကန့် ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။
 (Xinhua)
http://www.xinhuamyanmar.com
ဓားရှည်သုံးချောင်းကိုင်ဆောင် ရန်ပြုလာသူတစ်ဦးအား ဒလမြို့မရဲစခန်းနယ်ထိန်းအဖွဲ့ လုံးထွေးဖမ်းဆီးလိုက်ရ
ရန်ကုန်တောင်ပိုင်းခရိုင် ဒလ မြို့နယ် ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ဒုရဲအုပ်မြတ်ခိုင်ဦးနှင့် တပ်ဖွဲ့ဝင် သုံးဦးတို့ နယ်ထိန်းအဖွဲ့သည် သြဂုတ်လ (၂၈)ရက်နေ့ည ၁၁နာရီခွဲက မီးတန်း ယာဉ်(၃ဝ၂)ဖြင့် နယ်မြေလှည့်ကင်း ဆောင်နေစဉ် ညောင်တုန်းရပ်ကွက် ဧရာဝတီလမ်းဘေးတွင် အရက် ထိုင်သောက်နေသူက လမ်းသွား လာနေသူတစ်ဦးအား အရက်ပုလင်း ဖြင့်ပစ်ပေါက်၍ ရန်စကြောင်း သတင်းအရ သွားရောက်ဆောင် ရွက်ခဲ့ကြသည်။
အဆိုပါရပ်ကွက်လမ်းအရောက် တွင် အာကာ(ခ)ဂျွိုင်း (၂၁နှစ်) အမှတ်-(၅/၈၆၉) မြစ်သာလမ်း ညောင်ကုန်းရပ်ကွက်နေသူအားတွေ့ ရှိ၍ စစ်ဆေးမေးမြန်းစဉ် ဆူပူ အော်ဟစ်သောင်းကျန်းပြီး အနီးရှိ နေအိမ်ပေါ်မှ ဓားရှည်သုံးချောင်း ကိုင်ဆောင်၍ ရန်ပြုရန်ပြေးလာ သဖြင့် နယ်ထိန်းအဖွဲ့က လုံးထွေး ဖမ်းဆီးလိုက်ရသည်။
ထို့နောက်ညောင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှင်၊ဦးစော နိုင်တို့ သက်သေများရှေ့တွင် အာကာ (ခ)ဂျွိုင်းထံမှ ဓားသွား ၂၇ လက်မ၊ အစိမ်းရောင်လက် ကိုင်ရိုး ခုနစ်လက်မ၊ (အရိုးအသွား ၃၄လက်မ)နှင့်ဓားသွား ၂၃လက်မ၊ ကြေးကွပ်လက်ကိုင်ရိုးခုနစ်လက်မ၊ (အရိုးအသွား လက်မ ၃ဝခန့်)ရှိ ငှက်ကြီးတောင်ဓားရှည်နှစ်ချောင်း၊ ဓားသွား ၁၉ လက်မ အမည်း ရောင်လက်ကိုင်ရိုး ကိုးလက်မ၊ (အရိုးအသွား ၂၈လက်မ)ခန့်ရှိ ဂျပန်ကင်တိုဓားရှည် တစ်ချောင်း၊ စုစုပေါင်း ဓားရှည် သုံးချောင်းအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ထိုအမှုကို ဒလမြို့မရဲစခန်းမှ ဒုရဲအုပ်စိုးပိုင်က လမ်းပေါ်တွင် ဓားရှည်သုံးချောင်းဖြင့် ကိုင်ဆောင် ရမ်းကားခဲ့သူ အာကာ(ခ)ဂျွိုင်း အား (ပ) ၅ဝ၃/၂ဝ၁၆ လက် နက်ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးအ ရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဌေး(ဒလ)
The Union Daily
http://uniondaily.net
သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်
အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့မှာတော့ အိန္ဒိယအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး ၂ နိုင်ငံအရေး ဆွေးနွေးကြပါတယ်။
သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ကိုတော့ အိန္ဒိယသမ္မတ Pranab Mukherjee က နယူးဒေလီ မြို့တော်က သမ္မတနန်းတော်မှာ ဒီကနေ့ပဲ အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။ ဒီနောက်မှာတော့ နယူးဒေလီမြို့မှာပဲ အိန္ဒိယ၀န်ကြီးချုပ် Narendra Modiနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုတွေအတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေအပြင်၊ မိုင်ပေါင်းတထောင်လောက်ရှိပြီး လက်နက်ကိုင် သူပုန်တွေ မကြာခန လှုပ်ရှားလေ့ရှိတဲ့ ၂ နိုင်ငံ နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့်ဖို့ ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတွေက ဖော်ပြကြပါတယ်။
၎ ရက်ကြာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဒီကနေ့မှာပဲ နယူးဒေလီမြို့မှာရှိတဲ့ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်ကိုလည်း သွားရောက်ဂါရ၀ပြုခဲ့တာပါ။ ခရီးစဉ်အစ စနေနေ့မှာတုန်းကတော့ သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းက ဗုဒ္ဓဂယာကို သွားရောက်ခဲ့သလို၊ တနင်္ဂနွေနေ့မှာတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်း Agra မြို့က ကမ္ဘာကျော် တပ်ဂ်ျမဟာ အဆောက်အအုံကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဝါရှင်တန်၊ သြဂုတ်-၂၉
အိုင်အက်စ်အကြမ်းဖက်အုပ်စုက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည့် နှလုံးနာစရာ ဗွီဒီယိုထဲတွင် ကျင့်ဝတ်ဖောက်ပြန်သော အကြမ်းဖက်စစ်တပ်၏ ပွင့်သစ်စများ (cubs)ဟုခေါ်သည့် ကလေးတပ်ဖွဲ့က ကာ့ဒ် တိုက်ခိုက်ရေးသမားများကို သုတ်သင်ကွက်မျက်နေပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။
ထို၉မိနစ်စာဗွီဒီယိုကို ဆီးရီးယား ရက်ကာ ခြေကုတ်စခန်းမှ အိုင်အက်စ်ခေါင်းဆောင်များက သင့်ကိုဆန့်ကျင်ပြီး နိုင်ငံတွေ စည်းလုံးကုန်ကြပြီဟူသော ခေါင်းစဉ်ဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို ဒေသတွင်း အကြမ်းဖက်အုပ်စု၏ ဆက်သွယ်ရေးကွန်ရက်ကို ခြေရာခံနေသည့် အရှေ့အလယ်ပိုင်း မီဒီယာသုတေသန အင်စတီကျုက ခြေရာခံတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
“မင်းတို့နဲ့ ငါတို့ကြား ရှိနေတာက လူငယ်တွေကို အိုမင်းသွားစေတဲ့ နေ့ရက်တွေပဲ”ဟု အဘူ အယ်လ် ဘာရာ အယ်လ် တူနီစီဟု ဖော်ထုတ်သိရှိရသည့် ကလေးတစ်ယောက်က သေနတ်ကို မိုးပေါ်ထောင်၍ သတိပေးစကား ပြောကြားနေသည်။ “မင်းတို့ကို တိုက်မယ့်စစ်ပွဲက မစရသေးဘူး။ အမေရိကန်၊ ပြင်သစ်၊ ယူကေ၊ ဂျာမနီ၊ လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် မင်းတို့ကို ကူညီမှာမဟုတ်ဘူး။ မင်းတို့ အခေါင်းပြင်ထားကြ။ မြေကျင်းတူးထားကြ။ ဒီလူတွေရဲ့ ကံကြမ္မာမျိုး ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြ”ဟုလည်း ကလေးက အော်ဟစ် သတိပေးနေသည်။
ထို့နောက် အကြီးဆုံး ရှိလှ ၁၀နှစ်သားခန့်သာရှိဦးမည့် ကလေးငယ်များက “အာလာ အက္ကဘာ”ဟု အော်ဟစ်ကာ မြှောက်ထားသည့် သေနတ်များကို အောက်စိုက်လိုက်ခါ ဒူးထောက်နေသည့် ယောကျာ်းကြီးများ၏ နောက်စေ့ကို တေ့ဖြုတ်လိုက်ကြသည်ဟု ဆိုသည်။
ရန်သူများကို သုတ်သင်ကွက်မျက်နေပုံ ဗွီဒီယိုများကို အိုင်အက်စ်အကြမ်းဖက်အုပ်စုက မကြာခဏ လိုင်းတင်လေ့ရှိရာ ယင်းတို့အနက် ကွက်မျက်မှုအချို့ကို အရွယ်မရောက်သေးသည့် ကလေးသူငယ်များက လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သောကြာနေ့က ဗွီဒီယိုမှာမူ ၀တ်ရုံနက် ဂျီဟတ်အုပ်စု၏ လူငယ်သွေးသစ်ဟု ခေါ်သည့် ကလေးငယ်အမြောက်အများက အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ပထမဆုံးဗွီဒီယိုပင်ဖြစ်သည်ဟု ဆိုသည်။
“ဂျီဟတ်အလုပ်ကို ကလေးတွေက ဆက်လုပ်သွားမယ်ဆိုတာကို အိုင်အက်စ်က ကမ္ဘာကြီးကို သိစေချင်တာပါ။ လက်ရှိ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို သတ်ဖြတ်နေဦးတော့ မျိုးဆက်သစ်တွေက အစားထိုးသွားမယ်ဆိုတာပါပဲ။ အိုင်အက်စ်အတွက်တော့ ဒါဟာ အင်အားပြတာပါ။ သူတို့ရဲ့ ကလေးငယ်များသည်ပင်လျှင် ရန်သူ အရွယ်ရောက်ပြီးသူတွေ မစွမ်းနိုင်တဲ့ သစ္စာစောင့်သိမှုမျိုးရှိတယ်ဆိုတာကို ပြလိုက်တာပါ”ဟု လုံခြုံရေးဝေဖန်သုံးသပ်သူ ရိုင်ယန် မော်ရိုးက ပြောကြားခဲ့သည်။
Fox News
AM
china.com Myanmar
https://www.facebook.com/china.com.mm/
ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား တွေ့ရှိပါက သတင်းပေးနိုင်ပါရန် ဖော်ပြခြင်း
ရန်ကုန်၊ သြဂုတ် ၂၉
၂၉.၈.၂၀၁၆ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ ၎င်းရပ်ကွက်နေ ဒေါ်----သည် နေအိမ်အပေါ်ထပ်တွင် နေထိုင်သော တူဖြစ်သူ ကိုကျော်မြင့်၏ဇနီး မခိုင်မာလာ၊ ၄၀ နှစ်၏အော်သံနှင့် ကလေးငိုသံများကြားရ၍ အိမ်နီးချင်း ၂ ဦးနှင့်အတူ တက်ကြည့်ခဲ့ကြောင်း သိရပါသည်။
 ၎င်းအခန်းမှာ မီးများပိတ်ထားသည်ကိုတွေ့ရှိရပြီး ၎င်းအိမ်တွင် အလည်လာရောက်နေထိုင်သော ကိုကျော်မြင့်နှင့်ညီဝမ်းကွဲတော်စပ်သူ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်နေ အောင်ဇင်ဗိုလ်၊ (၃၀)နှစ်အားတွေ့ရှိသဖြင့် မေးမြန်းရာ အောင်ဇင်ဗိုလ်မှ ဘာမျှမဖြစ်ကြောင်း၊ မေ့ဆေးပေးထားခြင်း သာဖြစ်ကြောင်းပြောဆိုကာ ၎င်းတို့ ၃ ဦးအား နေအိမ်အောက်ထပ်သို့ ခေါ်ဆောင်သွားပြီး စကားပြောဆိုခဲ့ကြစဉ် အောင်ဇင်ဗိုလ်မှာ နေအိမ်မှထွက်သွားခဲ့ကြောင်း သိရပါသည်။
 ထို့နောက် ဒေါ်----နှင့် အိမ်နီးချင်း ၂ ဦးတို့မှ အဆိုပါ အခန်းသို့ထပ်မံသွားရောက်ပြီး မီးများဖွင့်၍ကြည့်ရှုခဲ့ရာ မခိုင်မာလာမှာ ကြမ်းပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် လဲကျနေပြီး မျက်နှာအား အင်္ကျီအုပ်ထားသဖြင့် ဖယ်ရှားကြည့်ရှုရာ ပါးစပ်အတွင်းအင်္ကျီဆို့လျက် မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကိုတွေ့ရှိသည့်အပြင် မခိုင်မာလာ၏ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း အောင်ဇင်ဗိုလ်မှ လည်ပင်းညှစ်ကာရိုက်နှက်သွားသဖြင့် ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရကြောင်းနှင့် ယင်းသို့ကျူးလွန်သူ အောင်ဇင်ဗိုလ်အား အရေးယူပေးရန် တိုင်တန်းချက်အရ ဗဟန်းမြို့မရဲစခန်း (ပ)၂၅၅/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဇင်ဗိုလ်မှာ ဖော်ပြပါဓါတ်ပုံပိုင်ရှင်ဖြစ်ပြီး ၎င်းအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့်လည်း ၎င်းနှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းလက်ခံဌာန 199 Call Centre ဖုန်းအမှတ် ၁၉၉၊ ၀၁ ၂၃၂၃၁၉၉ ဖုန်းများသို့ ဆက်သွယ်သတင်းပေးကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ဗဟန်းမြို့နယ်က နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွား
 အဲဒီနောက် အိမ်အနီးမှာနေထိုင်တဲ့ ဒေါ်ညွှန့်ညွှန့်ရီနဲ့ ဒေါ်စိုးစိုးတို့ကို သွားရောက်ခေါ်ဆောင်ပြီး အပေါ်ထပ်အခန်းရှိရာကိုတက်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
 အဲဒီလိုတက်ရောက်ကြည့်ရှုရာမှာ သေဆုံးသူ မခိုင်မာလာ ရဲ့ ယောကျာ်းနဲ့ ညီအကို ၀မ်းကွဲတော်စပ်သူ အောင်ဇင်ဗိုလ် ကို တွေ့ရှိရပြီး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
 အောင်ဇင်ဗိုလ်က ဘာမှမဖြစ်ကြောင်း မေ့ဆေးပေးထားခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဒေါ်တင်တင်အေးနဲ့ လာရောက်သူတွေကို နေအိမ်အောက်ထပ်ကို ခေါ်ဆောင် သွားပြီး ခေတ္တစကားပြောဆိုပြီး နေအိမ်ကထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
 အောင်ဇင်ဗိုလ်ထွက်သွားချိန်မှာ အပေါ်ထပ်ကို ထပ်မံတက်ရောက်ကြည့်ရှုရာ မခိုင်မာလာကို မျက်နှာညိုမဲဒဏ်ရာတွေ ၊ ပါးစပ်သွေး ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
 ဒါ့အပြင် မခိုင်မာလာနဲ့ အတူအိပ်တဲ့ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ် မခိုင်ဇင်ကျော်ကိုလည်း ဒဏ်ရာတွေနဲ့ တွေ့ရှိရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ဆေးဝါးကုသစေခဲ့တယ်လို့ သိရပါတယ်။
 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥပဒေအရအရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်တန်းထားတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
(မိုးအောင်ရင် ကို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်) ( ဓာတ်ပုံ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့)
ရန်ကုန်၊ သြဂုတ် ၂၉။
သရုပ်ဆောင်မိုးအောင်ရင်အား မူးယစ်ဆေးဝါးအမှုဖြင့် သြဂုတ် ၂၉ရက်၊ နံနက် ၄နာရီအချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးကြိုတင်သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ICE မူးယစ်ဆေးဝါး တစ်ဂရမ်နှင့်အတူ မိုးအောင်ရင်အား ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"မူးယစ်ဆေးဝါးကြိုတင်သတင်းအရ ဝင်ဖမ်းတာပါ။ မနက်သုံးနာရီမှာ သူနေတဲ့ တာမွေမြို့နယ်က မင်းရဲကျော်စွာအိမ်ရာမှာ ဝင်ရှာတယ်။ သူ့ကို မတွေ့ပဲ သူငယ်ချင်းနှစ်ယောက်ကို တွေ့တယ်။ အဲဒါနဲ့ ထပ်စုံစမ်းတော့ ပုဇွန်တောင်မှာ ရောက်နေတယ်ဆိုတာ သတင်းထပ်ရပြီး သွားဖမ်းခဲ့တာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုဇွန်တောင်ရှိနေအိမ်တွင် သရုပ်ဆောင်မိုးအောင်ရင်အား တွေ့ရှိရပြီးစစ်ဆေးစဉ် ၄င်းလွယ်ထားသည့် အညိုရောင်လယ်သာအိတ် ရွှေရောင်ဇစ်ဆွဲအိတ်အတွင်းမှ ICE မူးယစ်ဆေး ၁ဂရမ် ကာလတန်ဖိုး ၈၀၀၀၀ကျန်ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင်မိုးအောင်ရင်အား အရေးယူပေးရန် ရဲအုပ်ထွန်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်း၍ မယ(ပ)၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ငယ်ထွေး(ကလေးမြို့)
Central News Myanmar
https://www.facebook.com/CNMyanmar/
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မြေထိန်းနံရံပြိုကျရာမှ နေအိမ်ထိခိုက်ပြီး အငြိမ်းစား ကျောင်းဆရာမတစ်ဦး အသက်ရှူကြပ်ကာ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၃)၊ ဥဿဖျားလမ်းရှိ ဦးအောင်နိုင်၏ နေအိမ် အရှေ့ဘက်ခြမ်းရှိ အလျား ပေ(၄၀)၊ အနံ(၈)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ မြေထိန်းနံရံနှင့် ၎င်းအပေါ်တွင် တပ်ဆင်ထားသော မြေထိန်းနံရံသံပန်းတံခါးတို့မှာ သြဂုတ်လ(၂၉)ရက်နေ့ နံနက် (၀၁:၀၀)နာရီကျော်က ပြိုကျ၍ နေအိမ်ပေါ်သို့ ပိကာ နေအိမ်ပြိုခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
နေအိမ်တွင် အိမ်ရှင်ဖြစ်သူ အသက်(၇၂)နှစ်ရှိ ဦးအောင်နိုင်မှာ နေအိမ်၏ ဧည့်ခန်းတွင် အိပ်နေပြီး ဇနီးဖြစ်သူ အသက်(၆၆)နှစ်ရှိ ဒေါ်သန်းသန်းမြင့်မှာ နေအိမ် အိပ်ခန်းအတွင်း အိပ်နေစဉ်မှာ ရုတ်တရက် ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် ဦးအောင်နိုင်တွင် ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး၊ အိမ်ခန်းအတွင်း အိပ်နေသူ ဒေါ်သန်းသန်းမြင့်မှာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ အသက်ရှူကြပ်ကာ နေရာ၌ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"သူတို့အိမ်ရဲ့မြေက ဖို့မြေတွေ၊ ဖို့မြေပေါ်မှာမှ အုတ်ရိုးကာထားတာ၊ တံခါးပေါက်ရော၊ တက်လှေကားရော လုပ်ထားတယ်၊ ဟိုနေ့က ငလျင်လုပ်ထားတော့ မြေလည်းမခိုင်တော့ဘူးလေ၊ ညက (၁)နာရီကျော်မှာ ဖြစ်တာပါ၊ သူရဲ့ကလေးတွေကလည်း ဒီမှာမရှိကြဘူးလေ၊ လင်မယား (၂)ယောက်ထဲဆိုတော့၊ ငလျင်ဒဏ်လဲ ပါရင်ပါမှာပေါ့၊ ဖို့မြေတွေက အတော်ကြောက်ဖို့ကောင်းပါတယ်၊ ဆရာမ ကတော့ဒဏ်ရာ တချက်မှမတွေ့ဘူး အသက်ရှူကြပ်ပြီးဆုံးသွားတာပါ"ဟု ၎င်း အိမ်ဘေးရှိ မဝေက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။
နေအိမ်အပေါ် မြေပိကျလာရာမှ အသက်ရှူကြပ်၍ ကွယ်လွန်သွားသော အသက်(၆၆)နှစ်ရှိ ဒေါ်သန်းသန်းမြင့်သည် အငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
Tachileik News Agency
http://www.tachileik.net
သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ Taj Mahal ကိုသွားရောက်လေ့လာစဉ်
အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee ရဲ့ဖိတ်ကြားချက်နဲ့ အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာတော့ အိန္ဒိယသမ္မတ နဲ့ရော အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရသစ်တက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် နိုင်ငံ့ခေါင်းဆောင်တဦး အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခင် လတွေ အတွင်း အိန္ဒိယမှာ ကျင်းပမယ့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်ဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လေးရက်တာခရီးစဉ်နဲ့ စနေနေ့က စတင် ရောက်ရှိခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ Agra မှာ ရှိတဲ့ Taj Mahal ကိုသွားရောက်ခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ Agra မြို့ကနေ နယူးဒေလီ မြို့တော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
သမ္မတဦးထင်ကျော်ဟာ ဒီကနေ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အများအပြားကို လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ လည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီအိန္ဒိယ ခရီးစဉ်အတွင်းမှာ သမ္မတနဲ့ ဝန်ကြီးများပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယ မြန်မာနှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးတွေကို အဓိကထားဆွေးနွေးဖို့ ရှိပါတယ်။
သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း မိုင် ၁၀၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယ- မြန်မာ နယ်စပ်ဒေသ အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲရေးကို ဦးစားပေးပြီး စီးပွားရေးအပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com