09/13/16
             ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (MOFA )                                                          မစုမြတ်မွန်                                                                              ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆက်ပြီးထောက်ခံသွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကပြောကြားလိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Johnson တွေ့ဆုံအပြီးမှာ ဗြိတိန် နိုင်ငံခြားရေးဌာနက ခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အပြည့်အဝ ပေါ်ပေါက်လာရေးအတွက် ဗြိတိန်အစိုးရဖက်က ဘယ်လိုကူညီဆောင်ရွက်နေသလဲဆိုတာကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ထဲက ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ Lancaster House အဆောက်အဦးမှာ တွေ့ဆုံမှုအတွင်း မြန်မာအစိုးရသစ် ဦးစားပေးဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဆက်ပြီးထောက်ခံသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ထပ်ပြီးကတိပြုခဲ့ပါတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရ အတွက် ဘယ်လိုကိစ္စတွေက စိန်ခေါ်မှုတွေဖြစ်တယ်လို့ ဗြိတိန်အစိုးရဖက်က မြင်ထားသလဲဆိုတာကို မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်အဆက်ဆောင်ရွက်နေတဲ့ Burma Campaign UK က စည်းရုံးရေးအရာရှိ မဝေနှင်းပွင့်သုန်ကို မေးကြည့်ပါတယ်။
“မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်တယ်ဆိုတာ သူတို့သိတယ်။ ဒါပေမယ့်လည်း စစ်တပ်ဘက်ကနေပြီးတော့ ပါလီမန်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတာ၊ တချို့နေရာဒေသတွေမှာ စစ်တပ်က အာဏာရှိနေတုန်းပဲဆိုတာကို သူတို့ သိတယ်ပေါ့နော်။ အဲဒါကြောင့်လည်း ရှေ့ဆက်ပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်တဲ့အကူအညီရှိလာခဲ့ရင် ၊ ပြီးလို့ရှိရင် ဗြိတိန်နိုင်ငံအစိုးရဘက်က သူတို့လုပ်နိုင်တဲ့ဟာမျိုးတွေ ရှိခဲ့ရင် သူတို့ ကူညီဖို့အဆင်သင့်ရှိပါတယ်ဆိုတာမျိုးတွေ ပြောတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ တခုကောင်းတာက အခု Boris Johnson က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ သူအဲဒီလောက်ထိ စိတ်ဝင်စားမှုလည်းမရှိခဲ့ဘူး၊ ပြီးတော့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သိပ်ပြောတာမျိုးမရှိဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ သူပိုပြီးတော့ ပါဝင်လာမယ်လို့တော့ မျှော်လင့်မိတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကိစ္စနဲ့ မြန်မာတနိုင်ငံလုံးငြိမ်းချမ်းရေး၊ ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် လက်ရှိဗြိတိန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိစ္စအပေါ်မှာ ဘယ်လောက် အလေးထားကူညီမှုတွေရှိပါသလဲ ဆိုတော့။
“အခုဆိုရင် Conservative အစိုးရလက်ထက်မှာ သူ့တို့ရည်ရွယ်ချက်က ဘာလဲဆိုတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ အထူးသဖြင့် စစ်တပ် နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပေါ့နော်။ အဲဒီလိုလုပ်ခြင်းအားဖြင့် စစ်တပ်ကလူတွေက မြန်မာနိုင်ငံအတွင်းထဲမှာ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို သိလာမယ်၊ သူတို့က အဲဒီလိုမျိုး Engage လုပ်ပြီးတော့ အပြောင်းအလဲတခုကို ရမယ်ဆိုပြီးတော့ မျှော်လင့်တယ် ။ အဲဒါကြောင့်လည်း မြန်မာစစ်တပ်ကို သူတို့ training ပေးတာတို့ ဘာတို့ လုပ်နေတယ်ရှင့်။
မေး။ ။ Boris Johnson နဲ့ တွေ့တဲ့အချိန်မှာ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေပေါ့လေ ပိုပြီးတော့မှ ရင်းနှီးမြှပ်နှံမှုတွေလုပ်နိုင်မယ့်အခွင့်အလမ်းတွေကိစ္စဆွေးနွေးတယ်။ နောက်တခါ လယ်ယာစိုက်ပျိုးရေးတို့ ၊ ကျန်းမာရေးတို့ ၊ ပညာရေးတို့ ကဏ္ဍတွေမှာ ဒီ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးတော့ မြှင့်တင်နိုင်ဖို့အတွက်ကိုလည်း သူတို့အမြင်ခြင်းဖလှယ်ဆွေးနွေးတယ် ဆိုပြီးတော့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြောထားပါတယ်။ ဆိုတော့ လက်ရှိမှာကော ဒီလိုကိစ္စမျိုးတွေပေါ့နော် ဗြိတိန်စီးပွားရေးတွေ မြန်မာနိုင်ငံမှာ ပိုပြီး ရင်းနှီးမြှပ်နှံနိုင်ဖို့ ကိစ္စ ဘယ်လောက်အထိ သူတို့ ဗြိတိန်ဘက်ကလိုလားသလဲ၊ နောက်ပြီး ခုနပြောတဲ့ လယ်ယာစိုက်ပျိုးရေးတို့ ၊ ကျန်းမာရေးတို့ ၊ ပညာရေး ကဏ္ဍတွေမှာ ပိုပြီးတော့ အကူအညီတွေပေးနိုင်ဖို့အတွက်ကိုရော သူတို့ ဘက်က ဘာတွေ စီစဉ်ထားတာရှိတယ် ဆိုတာ သိရပါသလဲရှင့်။
ဖြေ။ ။ Conservative အစိုးရ ပြောင်းလာကတည်းကိုက သူတို့ အဓိက စိတ်ဝင်စားတဲ့ အကြောင်းအရာက စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က ပိုစိတ်ဝင်စားတယ်၊ လူ့အခွင့်အရေးထက်စာရင်။ ဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရမပြောင်းခင်ကတည်းက အရင်က စစ်အစိုးရနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ် ပြီးလို့ရှိရင် engagement လုပ်ရင်းနဲ့ အပြောင်းအလဲတွေ ဖြစ်မယ်ဆိုပြီးတော့ သူတို့လုပ်လာတာပါ။ ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆို၇င် ကောင်းတယ် မြန်မာနိုင်ငံ တိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတွေဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း ကိုယ်ကျိုးစီးပွားအတွက် ရှာတာမျိုးတွေတော့ မဖြစ်စေချင်ဘူး။ သူတို့ သိသင့်တာက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာက တိုင်းရင်းသားဒေသတွေဘက်မှာ ရှိနေတုန်းပဲ။ အဲဒါတွေအတွက်ကိုလည်း သူတို့ ထုတ်ဖော်ပြောဆိုခွင့်တွေလုပ်သင့်တယ်။”
Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာလို တိုးတက်မှုတွေကို စောစောစီးစီးမြင်ရတာကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုတဲ့အကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေဆိုးဝါးနေတဲ့ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ကော်မရှင်ဖွဲ့တာက အရေးကြီးတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနာက ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ပေးဆပ်မှုတွေကြာင့် စစ်အာဏာရှင်အစိုးရကနေ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူတွေအားကိုးနိုင်တဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုဆီ ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်ပေါ်ခဲ့တယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မှုနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားအစိုးရဖွဲ့စည်းနိုင်ခဲ့တဲ့တာနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က တွေ့ဆုံစဉ်မှာ ကိုယ်တိုင်ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်စုကြည်ဟာ တနင်္လာနေ့ အစောပိုင်းကတော့ ဗြိတိန်ပါလီမာန်ကို သွားရောက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow နဲ့ တွေ့ဆုံခဲ့ပါတယ်။ Mr. Bercow ဟာမြန်မာ့ဒီမိုကရေစီရေးအတွက်ကို ဟိုးအရင်ထဲက ကိုယ်တိုင်ပါဝင်လှုပ်ရှားလာခဲ့သူတယောက်ဖြစ်တာမို့ ဒီတွေ့ဆုံမှုကနေ ဘယ်လိုထူးခြားမှုတွေရှိလာနိုင်သလဲလို့ မေးတဲ့အခါမှာတော့
“Mr. John Bercow က မြန်မာ့အရေးနဲ့ပတ်သက်လာရင် အရမ်းကို အကူအညီပေးခဲ့တဲ့သူတယောက်ပါ။ သူကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့သူထဲမှာ တယောက်အနေနဲ့ ပါတာပေါ့နော်။ သူလုပ်နိုင်တဲ့ဟာ ပြီးတဲ့အခါကျရင် ဗြိတိန်အစိုးရအနေနဲ့ ဘာလုပ်နိုင်တယ်၊ ဘယ်နေရာမှာ ကူညီသင့်တယ်ဆိုတာ ပြောပါဆိုတာ မြန်မာလူမျိုးတွေနဲ့ တွေ့တဲ့အတိုင်းသူက ပြောတယ်။ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာသူတို့ သေချာဆွေးနွေးပြီးတော့ သူတို့ ဘယ်လိုပါဝင်ကူညီလို့ရမယ်၊ ဆိုတာမျိုးကို သူတို့တွေ သေသေချာချာပြောဖြစ်မယ်လို့တော့ ယုံကြည်မိတယ်ရှင့်။”
Burma Campaign UK က စည်းရုံးရေးအရာရှိ မဝေနှင်းပွင့်သုန်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့တုန်းက တော်ဝင်ကာကွယ်ရေးပညာကောလိပ်ကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့တွေ့ဆုံမယ်လို့ သိထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခုထက် ပိုတိုးတက်ဖို့အတွက် စီးပွားရေးကို ရှေ့တန်းတင်တာမျိုးမလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုက်တွန်းသွားဖို့ မျှော်လင့်တယ်လို့လဲ မဝေနှင်းပွင့်သုန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံခရီးပြီးရင် အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာဖြစ်ပါတယ်ရှင်။                      
အာချောင်ယုံ သက်သက် ဝေဖန် ဆန့် ကျင်သူ များကိုတော့ "Attitude adjustment" လို့ အမည်ပေးထားတဲ့ သဘောတရာ ပြန်လည် ထိမ်းညှိရေး" အစီအစဉ်အရ စစ်စခန်းများမှာ လ နဲ့ ချီ ပြီး သင်တန်း တက်စေပါတယ်။ ၀န်ကြီးချူပ်ဟောင်း ရင်လတ် ရှင်နာဝါထွာ ကို အုပ်ချူပ်စဉ်ကာလ ၀တ္တရား ပေါ့လျေှာု့ မှု နဲ့ တရားစွဲဆိုထားပြီး ပြစ်မှု ထင်ရှားက ထောင် ဆယ်နှစ် အထိ ကျ ကိန်း ရှိနေပါတယ်။
စစ်တပ်ရဲ့ နောက်ဆုံး လက်နက်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ က အတည်ပြု ခဲ့တဲ့ ဖွဲ့ စည်းပုံ ပဲ ဖြစ်ပါတယ်။ ဒီ ဖွဲ့ စည်း ပုံ အရ ရွေးကောက်ပွဲ အသစ် ကျင်းပပေးမှာ ဖြစ်ပေမယ့် တက်လာမယ့် အစိုးရ သစ်က ထိုင်း အထက် လွှတ်တော်ရဲ့ ထားရာနေ စေရာသွား ဘ၀ ထက် မပိုတာ တွေ့ ရတဲ့ အပြင်။ အစိုးရ က အမည် အမျိုးမျိုး နဲ့ ၎င်းတို့ လူများနှင့်သာ ဖွဲ့ စည်းထားတဲ့ ကော်မီတီ အသီးသီး ရဲ့ အလိုကျ လည်း ဖြစ်ဖို့ လိုပါတယ်။ အဆိုပါ ဖွဲ့ စည်းပုံကို ဆန့် ကျင် ရေး ဟောပြောသူကို ထောင် ဆယ်နှစ် အထိ အပြစ်ပေး နိုင်ပါသေးတယ်။
၎င်းတို့ ရဲ့ လုပ်ဆောင်မှုများသည် နိုင်ငံကောင်းကျိုး အတွက်သာ ဖြစ်တယ်လို့ ဗိုလ်ချူပ်ကြီးများက တ တွတ်တွတ် ပြောနေကြပေမယ့် အာဏာသိမ်းရခြင်းရဲ့ အဓိက ရည်မှန်းချက်သည် သာစင်ရှင်နာထွာ နှင့် အပေါင်းအပါ များ အား နိုင်ငံရေး အရ ကိစ္စတုံး ရန် သာ ဖြစ်တယ် ဆိုတာ ထိုင်း လူထုက နားလည် သဘောပေါက် ပြီး ဖြစ်ပါတယ်။ ၎င်းတို့ ရဲ့ လုပ်ရပ်ကို မြို့ နေ ရေပေါ်ဆီ "အီလစ်" များသာက ထောက်ခံကြပါတယ်။ သာစင် သြဇာအာဏာ ကို ဖယ်ရှားနိုင်မှသာ ထိုင်းနိုင်ငံရဲ့ လူမှုရေး နဲ့ စီးပွားရေး အက်ကြောင်းတွေကို ကုစားနိုင်မှာ ဖြစ်ပြီး နိုင်ငံကို ဆက်လက် အုပ်ချူပ်သွားဖို့ က နိုင်ငံရေး သမား မဟုတ်တဲ့  ၎င်းတို့ ကဲ့ သို့ သော စစ်သားကောင်းကြီးများ၊ တိုင်းပြည်ကို ကောင်းစားလိုစိတ် ရှိသည့် ကိုယ်ကျိုး မဖက်သော ဗျိုရိုကရက်များ လက်ထဲကို ယုံယုံ ကြည်ကြည် အပ်နှံထားမှသာ ဖြစ်မယ်လို့ လူထု ကို ဆွဲဆောင် စည်းရုံး ခဲ့ကြပါတယ်။
ဒါ့အပြင် သာစင် အစိုးရ အဖွဲ့  တွင် လာဒ်စားမှု တွေ ရှိခဲ့တယ်လို့ ဆင်ခြေပေးခဲ့ကြပြန်ပါတယ်။ သို့ သော် လေ့လာသူများက အဆိုပါ ပြောဆိုမှု များသည် မှန် ကန်သော်လည်း အခြားသော ထိုင်း အစိုးရ များလည်းသာစင်ထက် မပိုရင်သာာ ရှိမည်၎င်းကဲ့သို့  အကျင့်ပျက် သူများသာ ဖြစ်တယ်လို့ ထောက်ပြ ခဲ့ကြပါတယ်။
၁၉၃၀ ပြည့်လွန် နှစ်များက စ ရေတွက်မယ်ဆိုရင် ထိုင်းနိုင်ငံတွင် အောင်မြင်ခဲ့သော အာဏာသိမ်းမှုက တဒါဇင်ခန့် ရှိခဲ့ပြီး ပျမ်းမျ အားဖြင့် လေးနှစ်တက်ြမ် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အသစ် ပေါ်ထွန်းခဲ့တာ တွေ့ ရပါတယ်။ အာဏာသိမ်းပြီးတိုင်း မြို့ ပြရှိ လူ မလိုင် များအကြိုက် သမာရိုးကျ အတွေးအခေါ်ရှိတဲ့ အစိုးရမျိုးကိုသာ စစ်တပ်က တင်မြှောက်ပေးခဲ့လေ့ ရှိပါတယ် (ဇယားတွင် ကြည့်ရန်)။
ထိုကဲ့သို့ မြို့ ပေါ် လူတန်းစား များ အကြိုက် အစိုးရ မျိုးသာ ပေါ်ပေါက်လာလေ့ ရှိသဖြင့် လူတန်းစား မညီမျ မှု များ နက်ရှိုင်းလာပြီး တောနေ ဆင်းရဲသား တို့ ရဲ့ မကျေနပ်မှု တွေ  တိုးပွားလာ ခဲ့ကြတာ လည်း ဖြစ်ပါတယ်။ ဒီ အားနည်းချက်ကို ကောင်းကောင်း သိတဲ့ သာစင်က တောနေ လူတန်းစားတို့ အား အခမဲ့ ဆေးကုသခွင့်များ အပါအ၀င် လယ်သမား များကိုလည်း ထောင်ပံ့ကြေးတွေ အများ အပြားပေး စည်းရုံးသိမ်းသွင်း နိုင်ခဲ့ပါတယ်။ ဒီအတွက် သာစင်ကို ထောက်ခံသူ အများအပြား ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ သာစင် ဖြန့် ကြက်ခဲ့တဲ့ ကွန်ယက်က ကြီးမား ကျယ်ပြန့် လာပြီး ဘုရင်ကြီးရဲ့ ကျေးလက် စီမံကိန်းတွေကို ထိခိုက်လခဲ့တဲ့ အတွက်  ၎င်းရဲ့ ကျေးလက် တွင် ကိုယ်အား ကိုယ်ကို ဖူလုံရေးး စီးပွားရေး ပေါ်လီစီ ကို ဖေါက်ဖျက်ခဲ့တယ်လို့ ၂၀၀၆ မှာ သာစင် ကို ဗိုလ်ချူပ်ကြီး တွေ က စွပ်စွဲ ခဲ့ကြပါတယ်။
၎င်းတို့ အာဏာ သိမ်းယူ မှု အား ဘုရင်မှ ထောက်ခံခဲ့တယ်လို့ စစ်တပ်က အမြဲလို ကာကွယ် ပြောကြားလေ့ရှိပါတယ်။ အာဏာသိမ်းပြီးလျင် ပြီးချင်း စစ် ခေါင်းဆောင်များက  အမြဲလိုလို ဘုရင်နန်းတော်ကို အုပ်စုလိုက် ချီတက်ခဲ့ကြပြီး ဘုရင်ကြီးရဲ့ သဘောတူညီမှု ကို ရယူလေ့ ရှိသည်မှာ အစဉ်အလာလို ဖြစ်လာခဲ့ပါတယ်။
ဘုရင် ဘူမိဘော နေရာမှာ အိမ်ရှေ့ မင်းသားသ ဗီဂျီရာ လောင်ကွန်းသာ ဆက်ခံခဲ့မည်ဆိုက စစ်တပ်အဖို့ နောက်ပိုင်း အခက်တွေ့ လာရဖွယ်ရှိနေပါတယ်။ အိမ်ရှေ့ မင်းသား သည် ထိုင်း ပြည်သူများ အကြား လူကြိုက် များခြင်း မခံရတဲ့ အတွက် ၎င်းက သဘောတူ ထောက်ခံပါသည်ဆိုသော စကား ကို အရင်လို မည်သူကမျ အရေးတယူ လုပ်ကြတော့ မှာ မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။
 ၎င်းသည်  သုံးကြိမ် တိုင်တိုင် အိမ်ထောင် ပျက်ခဲ့သူ ဖြစ်ပြီး အချိန် အတော်များများ ကို ဂျာမဏီ မှာ ဖြုန်းလေ့ရှိသူ ဖြစ်ပါတယ်။  ၂၀၀၇ ခုနှစ်ကသူ နဲ့ ခန္တာကိုယ်ပေါ် မှာ G-string သာ ၀တ်ထားတဲ့ မောင်းမ မိသာံ တဦး၊  သူ အချစ်တော် ဖူးဖူး ဆိုတဲ့ ခွေးကလေး တို့ ပါတီ လုပ်နေကြတဲ့ ဗီဒီယို မှတ်တမ်း အပြင်ကို ရောက်သွားတဲ့ အတွက် ထိုင်း ပြည်သူ တွေ အားလုံး မြင်တွေ့ ခဲ့ကြ ရပါတယ်။ ခွေးကလေး က ၂၀၁၅ မှာ သေဆုံးသွားခဲ့ပေမယ့် မသေခင် အချိန် အထိ ထိုင်း ဘုရင်လေတပ်ရဲ့ မာရှယ် ရာထူး အဆင့် တရားဝင် ပေးခဲ့ပါတယ်။
ဗိုလ်ချူပ်ကြီးတွေ အဖို့ စိုးရိမ် မကင်း ဖြစ်စေခဲ့ရတာ တခုက အိမ်ရှေ့ မင်းသား နဲ့ ၀န်ကြီးချူပ်ဟောင်း သာစင်တို့ အထူးရင်းနှီးမှု ရှိနေဆဲ ဆိုတဲ့ အချက်ပါပဲ။ ၂၀၀၁ ခုနှစ် သာစင် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အိမ်ရှေ့ မင်းသား ကို ဇိမ်ခံ ကား တစီး လက်ဆောင် ပေးခဲ့ဖူးပါတယ်။
ဆက်လက်တင်ပြပါမယ်။
ရည်ညွန်း။ ။ "The generals who hide behind the throne" from.The Economist July 23rd 2016     Brainwave ဉာဏ်လိုင်း
ရန်ကုန်၊စက်တင်ဘာ၊ ၁၁
မနေ့ ညက ဗြိတိန်နိုင်ငံကို ရောက်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ကနေ့ မှာ သားငယ်ဖြစ်တဲ့ ကင်မ်အဲရစ်နဲ့အတူမြေးနှစ်ယောက်ကို တွေ့ ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ က ဖခင်ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ဘူးတဲ့ ဒေါ်ချက်စတာဟိုတယ်မှာ တည်းခိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့တဲ့ အခန်းကို ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်လည်စီစဉ်ပေးထားတာဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား နှစ်ယောက်မှာအကြီးဖြစ်တဲ့ အလက်ဇန်းဒါးအဲရစ် ခေါ် မြင့်ဆန်းအောင်ဟာ လက်ရှိ အချိန်မှာ အသက် ၄၃ နှစ် ရှိပြီဖြစ်ပြီး အငယ်ဖြစ်သူကတော့ ကင်မ်အဲရစ်ကတော့ အသက် (၃၉ ) နှစ်ရှိပြီဖြစ်ပါတယ်။
အလက်ဇန်းဒါးအဲရစ်ဟာ အမေရိကန်နိုင်ငံ Northern Lllnois University က Mathematical Sciences မဟာ ဘွဲ့ ရခဲ့ပါတယ်။၁၉၈၉ မှာ စစ်အစိုးက ညီအစ်ကို နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ညီအစ်ကိုနှစ်ယောက်လုံးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိချိန်ကအလက်ဇန်းဒါး အဲရစ်ဟာ အသက် ၁၈ နှစ်၊ ကင်မ်အဲရစ်က ၁၄ နှစ်မှာ သူတို့ ရဲ့  အမေကိုယ်စား ဆုကို လက်ခံယူခဲ့ကြပါတယ်။
၂၀၁၀ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာချိန်မှာ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က သူကိုတွေ့ ဆုံဖို့  ထိုင်းနိုင်ငံမှာနေပြီး ဗီဇာရဖို့ ရက်သတ္တပတ်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။သားငယ်ဖြစ်သူနဲ့ ၂၅ နှစ် အကြာမှာ ပထမဆုံးပြန်လည်ဆုံစည်းခဲ့တာလည်းဖြစ်ပါတယ်။
သားအကြီးဖြစ်သူ အလက်ဇန်းဒါးအဲရစ်ကတော့ ၁၉၉၉ခုနှစ်ဖခင်မိုက်ကယ်အဲရစ်ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  တစ်ကြိမ်သာ တွေ့ ခဲ့ပါတယ်။
တယ်လီဂရပ်သတင်းဌာနရဲ့  အဆိုက ကင်မ်အဲရစ်က အောက်စဖို့ မှာနေပါတယ်။ သူရဲ့  အပြောအဆိုကြောင့် မိခင်ကို စစ်တပ်မှ တစ်စုံတစ်ရာ ပြုလုပ်မှာ စိုးရိမ်တာကြောင့် စကားကို အမြဲဆင်ခြင်ပြီး ပြောတတ်သူလို့ မှတ်ချက်ချခံရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်မှာ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာလည်း မြေးငယ်နှစ်ဦးနဲ့ တွေ့ ဆုံဖို့ ရှိတယ်လို့ သြစတေးလျသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် သားအကြီးရဲ့  သား၊သမီးတွေလား၊ သားငယ်ရဲ့  သား၊သမီးတွေလား ဆိုတာကိုတော့ မဖော်ပြခဲ့ကြပါဘူး။
လက်ရှိအချိန်မှာ အလက်ဇန်းဒါးအဲရစ်ကတော့ ပညာရှင်တစ်ယောက်အနေနဲ့ ပဲ ရပ်တည်နေပြီး ဒါပေမယ့် သူ့ ရဲ့  ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့ ရခဲ ပါတယ်။
၂၀၁၂ ခုနှစ်က BBC သတင်းဌာနနဲ့ တွေ့ ဆုံချိန်မှာ ပုဂ္ဂိုလ်ရေးရာခံစားချက်တွေကို ပြောလေ့မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာမိသားစုနဲ့ပတ်သတ်ပြီးအခုလိုပြောခဲ့ပါတယ်။
“ မိသားစုတွေကို အချိန်မပေးနိုင်ခဲ့တဲ့ အတွက် ကိုယ်ရေးကိုယ်တာအရ နောင်တတွေ ကျွန်မမှာ ရှိပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုနဲ့  အတူနေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းတာလည်း မြင်ချင်တာပေါ့။ဒါပေမယ့် တကယ်တော့ ဒီမှာ ရှိနေတဲ့ ကျွန်မရဲ့  ပြည်သူတွေနဲ့ အတူရှိနေဖို့ကို ရွေးချယ်ခဲ့ရပါတယ်။ “
ကင်မ်အဲရစ်ကလည်း BBCကို အခုလို ပြောခဲ့ပါတယ်။
” ကျွန်တော်ထင်တယ်။ သူမဟာ တကယ်ကို ကြံ့ ခိုင်ပါတယ်။သူတစ်ခုခုကို ၀မ်းနည်းနေတယ်ဆိုရင်တောင် အဲဒါကို အဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်။ သူဟာ ငိုပြီးတော့ အချိန်ကို ဖြုန်းနေမယ့်သူမဟုတ်ဘူး။”
ဒေါ်အောင်ဆန်းစုကြည်ကလည်းမိသားစုနဲ့ကွဲကွာခဲ့ရတဲ့အချိန်ကို အခုလိုပြောခဲ့ပါတယ်။
” ကျွန်မ နေအိမ်အကျယ်ချုပ်ကျတဲ့ အချိန်ကစလို့  ကျွန်မတို့  မိသားစုတွေရဲ့  ကွဲကွာမှုတွေစတင်ခဲ့ပါတယ်။ ကျွန်မနေအိမ်အကျယ်ချုပ်ကျတဲ့ နှစ်ရဲ့  ပထမဦးဆုံးခရစ်စမတ်နေ့ မှာ မိုက်ကယ်ကိုတော့ ကျွန်မကို လာတွေ့ ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကလေးတွေ တော့ လာဖို့ ခွင့်မပြုခဲ့ပါဘူး။ ”
အဲဒီအချိန်တုန်းကအသက် ၁၁နှစ်သာရှိသေးတဲ့ သားငယ်ကင်မ်နောက်ဆုံးအကြိမ်မြန်မာနိုင်ငံကို လာရောက်ချိန်က အမှတ်တရတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောပြပါတယ်။
“သူ(ကင်မ်) သီချင်းခွေတွေ ယူလာတယ်။ သူက ဘယ်သူလဲဆိုတာ သိလား မာမီလို့ မေးတယ်။ ကျွန်မထင်တဲ့ သူတွေ တစ်ယောက်ပြီး တစ်ယောက်ပြောတယ်။ မှားသွားတယ်။ နောက်တော့ ဘယ်သူတွေလည်းဆိုတာကို စပြီး သင်ယူတယ်။ သူက Bob Marley သီချင်းတွေကို အရမ်းနားထောင်တယ်။ ကျွန်မလည်း Bob Marley သီချင်းတွေကို ကြိုက်အောင်လို့  လေ့ ကျင့်ယူရပါတယ်။ “လို့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ နှစ်မှာတော့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ကင်ဆာရောဂါခံစားနေရချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒါကတော့ တိုင်းပြည်ကို ပစ်ပြီး ခင်ပွန်းဆီကို ပြန်မလားဆိုတာပါပဲ။
“ကျွန်မသွားလို့  မဖြစ်ဘူးဆိုတာကို ကျွန်မသိတယ်။ အဲဒါကို သူလည်း( ခင်ပွန်း) သိတယ်။”လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
အခု တစ်ကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ သားငယ်ဖြစ်သူကင်မ်နဲ့  မြေးတွေကို နိုင်ငံတော် အတိုင်ပင်ခံဘ၀နဲ့  ပထမဆုံးအကြိမ်တွေ့ ဆုံရခြင်းဖြစ်ပါတယ်။ မြေးတွေနဲ့တွေ့ဆုံနေတဲ့မြင်ကွင်းဟာ မြန်မာပြည်သူတွေရဲ့စိတ်နှလုံးကိုကိုင်လူပ်ခဲ့ပြီး လူမူကွန်ယက်စာမျက်နှာမှာ ဝေမျှမှုအများဆုံးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မိသားစုနဲ့  ပတ်သက်လို့ BBCကို အခုလို ပြောခဲ့ဖူးပါတယ်။
” ဘ၀မိသားစုနဲ့  အတူတူလုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို တခြားသူတွေနဲ့  အတူတူလုပ်လို့ မရပါဘူး။ အဲဒါဟာ တကယ်ကို ထူးခြားပါတယ်။ အဲလိုပါပဲ မိသားစုဆိုတာဟာလည်း ထူးခြားတဲ့ သူတွေပါ။ဒါ့ကြောင့် မိသားစုတွေ ကွဲကွာရတာမကောင်းပါဘူး။ …. ဘယ်လိုမှ မကောင်းပါဘူး။ လို့ဖြစ်ပါတယ်။
Kumudra
Aedes ခြင်(CDC image)
Aedes ခြင်(CDC image)
အရှေ့တောင်အာရှဒေသတွင်းမှာ ဇီကာရောဂါပိုးကူးစက်တာတွေ မြင့်တက်လာနေတာကြောင့် ၊ မြန်မာနိုင်ငံတွင်းမှာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မဟာဗျူဟာကျတဲ့ စီမံကိန်းတွေကို ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောလိုက်ပါတယ်။ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေက ရောဂါကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတဦးစီပါဝင်နေပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်တာတော အခုချိန်ထိမရှိသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအတော်များများမှာ ဇီကာရောဂါဗိုင်းရပ်စ်ပိုးကူးစက်တာတွေ မြင့်တက်လာနေပြီး၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေက ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၁ ဦးစီပါဝင်နေပါတယ်။ အခုလို ဒေသတွင်းမှာ ဇီကာရောဂါပိုး ကူးစက်ခံရသူတွေ တိုးလာနေပေမယ့်၊ မြန်မာနိုင်ငံတွင်းမှာတော့ ဗိုင်းရပ်ပိုးကူးစက်တာ အခုချိန်ထိမရှိသေးဘူးလို့ မြန်မာနိုင်ငံ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ပြောပါတယ်။
“အခုအချိန်အထိက ကျနော်တို့ကမတွေ့သေးပါဘူးခင်ဗျ။ ထိုင်း မှာတော့ မြန်မာနိုင်ငံသား ၁ ယောက်ပေါ့နော် ကူးစက်ခံရတယ်လို့ ကျနော်တို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တဆင့် သတင်းရရှိတယ်ပေါ့နော်။ နောက်ပြီး စင်္ကာပူမှာ တယောက်ပေါ့နော်။”
စင်္ကာပူနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်မိခင် ၈ ဦးအပါအ၀င်၊ ရောဂါကူးစက်ခံရသူ ၃၂၉ ဦးရှိပြီး၊ ထိုင်းနိုင်ငံမှာတော့ နောက်ထပ် ဇီကာဗိုင်းရပ်ပိုးကူးစက်ခံရသူ ၂၂ ဦး အပါအ၀င် ၁၀၀ ကျော်ရှိပြီးလို့သိပါတယ်။ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေမှာ အခုလို ရောဂါပိုး ကူးစက်တာတွေ ရှိလာတာကြောင့် မြန်မာနိုင်ငံကို ရောဂါကူးစက်လာနိုင်ချေ ဘယ်လောက်အထိ စိုးရိမ်စရာရှိသလဲဆိုတဲ့အပေါ်မှာ ဒေါက်တာဉာဏ်ဝင်းမြင့် က အခုလိုပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့ဆိုရင်လည်း ဒါ အပူပိုင်းဒေသပေါ့နော် ၊ အပူးပိုင်းဒေမှာ ပါတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ Aedes ခြင်ကတော့ ကျနော်တို့ဆီမှာ ရှိနေတာပေါ့နော်။ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကူးစက်လာနိုင်ခြေရှိသလားဆိုရင် ကျနော်တို့ scientifically အရပြောမယ်ဆိုရင် ဥပမာဆိုပါတော့ ရောဂါရှိတဲ့တယောက်က ၀င်လာတယ်၊ အဲဒါကို ဒီမှာ ရှိနေတဲ့ Aedes ခြင်က ကိုက်မယ်။ ဒါမှ မဟုတ်ရင်လည်း အေးဒီး(စ်)ခြင်က လေကြောင်းကဖြစ်ဖြစ် ၊ ကုန်းလမ်းကဖြစ်ဖြစ် ၀င်လာမယ်ပေါ့နော် ၊ ရေဂါပိုးရှိတဲ့ခြင်က ၀င်လာတယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ လည်း ရောဂါပိုးဝင်ရောက်နိုင်ခြေက ရှိပါတယ်။"
ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး၊ ဒေသတွင်းနိုင်ငံတွေက မြန်မာသံရုံတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ခံတွေနဲ့ အပါအ၀င် ပြည်တွင်းမှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးတာဝန်ရှိသူတွေနဲ့လည်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်တာတွေရှိတယ်လို့လည်းေ့ ဒေါက်တာဉာဏ်ဝင်းမြင့်က အခုလို ရှင်းပြပါတယ်။
“ ကျနော်တို့ရဲ့ Strategic မဟာဗျူဟာ plan မှာဆိုရင် ဥပမာဆိုရင် အခုလို လုံးဝ ရောဂါပိုးမတွေ့ရှိသေးတဲ့အချိန်မှာဆိုရင် ဘာတွေလုပ်မလဲပေါ့နော်၊ ဥပမာဆိုပါတော့ - ရောဂါပိုးစတင်တွေ့ရှိပြီ၊ ဒါမှမဟုတ်လည်း ရောဂါပိုး ဥပမာဆိုပါတော့ တပြိုင်တည်း ၄၊ ၅ ယောက်တွေ့ပြီဆိုရင် ဘယ်လိုလုပ်မလဲပေါ့ အဲဒီဟာတွေကိုတော့ ကျနော်တို့ အဆင့်အလိုက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့ ကျနော်တို့ စီမံချက်ရေးဆွဲထားတာရှိပါတယ်ခင်ဗျ။ ခြင်ဆေးအတွက်ကိုတော့ အဓိက ကျနော်တို့ fogging machine ပေါ့နော် ခြင်ဆေးမှုတ်တဲ့ဟာကို ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာန ရံပုံငွေနဲ့ ထပ်မံဝယ်ယူဖို့ပေါ့နော် ကျနော်တို့လုပ်ထားတာရှိတယ်။ Abate ဆေးခတ်တဲ့ဟာဆိုရင်လည်း ကျနော်တို့ ဆေးခတ်တဲ့ဟာတွေကို Abate ဆေးကိုပေါ့နော် ကျနော်တို့ ပြည်နယ်နဲ့တိုင်းအားလုံးမှာလုပ်ဖို့အတွက် အဲဒါလေးတွေကို ကျနော်တို့ စီစဉ်ထားတာရှိပါတယ်။ ဇီကာက ကျနော်တို့က ကူးစက်လာနိုင်တဲ့အတွက် ကျနော်တို့ ခြင်တွေမပါလာအောင်လို့ အရင်ပတ်စနေနေ့ကဆို၇င် ကျနော်တို့ ရန်ကုန်လေဆိပ် ပတ်ဝန်းကျင်မှာ ဇီကာရောဂါဖြစ်လာနိုင်တဲ့ Aedes ခြင်မရှိဖို့ကို ကျနော်တို့ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို လေကြောင်းလိုင်းအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဲဒါလေးတွေကို ကျနော်တို့ ညှိနှိုင်းထားတာရှိပါတယ်။”
ဇီကာရောဂါကာကွယ်ရေးအတွက် မီဒီယာတွေကနေတဆင့် အသိပညာပေးတာတွေလုပ်ဆောင်နေသလို၊ ကူးစက်ရောဂါဌာနရဲ့ Facebook စာမျက်နှာတခုကို ဖွင့်ပြီး ဇီကာဗိုင်းရပ်စ်ရောဂါပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးနေတယ်လို့ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့လည်း ရောဂါလက္ခဏာဖြစ်နေတယ်လို့ သံသယရှိတဲ့သူတွေကိုတွေ့ရင် အကြောင်းကြားဖို့ ပြောထားတယ်လို့ ဒေါက်တာဉာဏ်ဝင်းမြင့် ကပြောပါတယ်။
VOA Burmese News
မနေ့ က ဗိုလ်စိန် မှန် ကွင်း မှာ မဘသ ဦးဆောင်တဲ့ ဆန္ဒ ပြပွဲ ကို ၎င်းတို့ ရပ်ကွက် ဘောလုံးကွင်းတွင် အရေမရ အဖတ်မရ ခဏခဏ လာရောက် ဆန္ဒ ထုတ်ဖေါ်နေခြင်းကို စိတ် ပျက် ဒေါသ ထွက် လျက် ရှိသော ရပ်ကွက် လူထုကြီးမှ ၀င်ရောက်ဟန့် တားရာမှ ရဲ အဖွဲ့ ၀င် အင်အား ၂၀ ခန့် လာရောက် ထိမ်းသိမ်းရတဲ့ အထိ ကြီးမား သွား ခဲ့ရတာ တွေ့ ရ ပါတယ်။
အဆိုပါ အဖွဲ့ အစည်း များ ကြောင့် အစိုးရ အနေဖြင့် ရှေ့ ကို ဆက်လုပ်ရန် ရှိသော အရေးပါသည့် ပြု ပြင် ပြောင်းလဲမှူများ လုပ်ဆောင်ရေးမှာ အဟန့် အတား ဖြစ်နေရပြီး ရှေ့ ကို တိုးဖို့ အရေး နောက်က ခြေထောက်ကို ဆွဲ ထားနေမှု ကို ခါချ ရန် အရင်ကြိုးစားပြီးမှ ဆက်လျောက်နိုင်တဲ့ အနေအထားကို တဖြေးဖြေး တွေ့ လာ ရပါတယ်။
ယခု ဆန္ဒ ထုတ်ဖေါ်မှု များက နိုင်ငံရေး၊ စီးပွားရေးတို့ ဆုတ်ယုတ် ကျဆင်းနေမှု ကို မကျေနပ်ကြ၍ မဟုတ်ပဲ တခါလာလည်း ဒီ အမျိုးသားရေး နှင့် လူမျိုးခြား နှိပ်ကွပ်ရေး တို့ ကို အကြောင်းမရှိ အကြောင်းရှာ ပြီး ဦးတည်လာနေကိုပဲ တွေ့ နေရပါတယ်။
ကိုဖီအာနန် လို ကိစ္စ မျိုး ကို လုပ်သင့်လုပ်ထိုက်၍ လုပ်သည်ကို အားလုံး က နားလည်နေပါလျက် အဆိုပါ လူနည်းစုကြောင့် ကိုဖီအာနန် ခမျာ အာပေါက်အောင် ပြောပြီး လေယာဉ်ပေါ် တက်ကာနီးအထိ ကတိတွေ အထပ်ထပ် ပေးခဲ့ရ တာ ကို ကြည့်ရင့် အဆိုပါ အဖွဲ့ အစည်းများကို ခွေးလေခုံ၍ ဖုန် မထ ဟု သဘောထား၍ မရတာ သိသာနေပါတယ်။
၎င်းတို့ ဆန္ဒ ပြ လှုပ်ရှားမှု များက အကျင့်ပျက် ခြစားမှုများ လွှမ်းခြုံနေသော ဦးသိန်းစိန် အစိုးရ အပေါ် လူထု ကန့် ကွက် ခဲ့ကြမှုများ ထက်ပင် အကြိမ် အရေ အတွက် စိတ်လာတာ တွေ့ ရပါတယ်။
အစိုးရ အနေဖြင့် ဒီမိုကရေစီ သဘောအရ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ်ခြင်းကို အားပေး လိုသည့် သဘောနှင့် ၀င်ရောက် ပြောဆိုလိုခြင်း မရှိတာ တွေ့ ရပေမယ့် လာမည့် လ အတွင်း လူမျိုးရေး ဘာသာရေး အမုန်း တရား များ ပြောဆို ဖြန့် ဖြူးး နေခြင်း အား တားမြစ်သည့် ဥပဒေကြမ်း တင်သွင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၎င်းတို့ ကြောင့် နောက်ပိုင်းတွင် ပြည်သူများရဲ့ စစ်မှန်သော ဒီမိုကရေစီ အခွင့်အရေး များ လုံးပါး ပါးလာဖို့ သာ ရှိပေတော့သည်။
ဒီမိုကရေစီ အရ အရ မိမိတို့ လိုလားချက် များကို ဆန္ဒ ထုတ်ဖေါ်နိုင်သည့် လွတ်လပ်စွာ ပြောဆိုခွင့် ကို လေးစား စောင့်ထိန်းရမည် ဖြစ်သော်လည်း တဖက်တွင် ရိုးသားစွာ ဆန္ဒ ထုတ်ဖေါ်ခြင်းလော၊ ဘာမဟုတ်သည့် အကြောင်းကို ရမယ်ရှာ၍ တဖြေးဖြေး သွေးတိုး စမ်းနေခြင်းလော ဆိုတာတော့ သေချာ စေ့ငုစွာ သုံးသပ်ဖို့ လိုလာပါတယ်။ အပြင်လောက တွင်သာ မဟုတ် ဆိုရှယ် မီဒီယာ များတွင်လည်း ထိုးစစ် ဆင်လာကြတာ တွေ့ နေရပါတယ်။ ထိုမျ ပင် မကသေး ပြည်သူများ ရွေးချယ်တင်မြှောက်ထားသော ပါတီကြီးရဲ့ အထိမ်းအမှတ် ပင်နီအကျီကိုပင် ချမ်းသာ မပေးပဲ ပမာမခန့် လုပ်လာကြလေပြီ။
နောက်ပိုင်းတွင် ယိုဒယားပုံစံ ရှပ် နီ နှင့် ရှပ်ဝါ ကဲ့သို့ အက်ကြောင်းကြီး ထလာသည့်အထိ အသွင် ကူးပြောင်းသွားနိုင်စေရန် အပြင်း အထန် သွေးတိုးစမ်း စည်းရုံး လှုပ်ရှားနေကြခြင်း ဖြစ်နေတာမို့ ပေါ့ပေါ့ ဆဆ ယူဆ၍ တော့ မရဟု ယူဆမိပါတယ်။
ဒီအနေအထားကို ဗိုလ်စိန်မှန် ကွင်း က မီးမောင်းထိုးပြနေပါတယ်။
Hla Soewai
ကျွန်တော်တို့ လို စမတ်ဖုန်းတွေနဲ့ ရှင်သန်နေသူတွေအတွက် Android နယ်ပယ်မှာ နှစ်အတန်ကြာက ကျွန်တော်တို့ တွေ့ မြင်ထားပြီးသား feature တစ်ခုကို Apple မှာရောမြင်လာရပြီလား။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကစပြီး မျက်နှာပြင်ပိုကြီးတဲ့ ဖုန်းတွေကို ထွင်လိုက်တာ တို့  iPad Pro ပေါ်မှာ screen ခွဲပြီး multitask လုပ်လို့ ရအောင် လုပ်ခဲ့တာမျိုး။
တစ်ခါတစ်ရံမှာ အခုလိုမှတ်ချက်ပြုတာက မျှတတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ သိပ်ပြီး မတရားပါဘူး။ (တစ်ခုရှိတာက Apple ဟာ ဒီ features တွေကို ပထမဆုံး စပြီး ထုတ်လေ့ မရှိတာများပါတယ်။) ကျွန်တော့်အမြင်အရတော့ iPhone 7 Plus ရဲ့ dual – camera ထည့်တဲ့ features သစ်ပေါ်မှာ တောင်းဆိုချက်တွေ လည်း အသင့်အတင့် ရှိတာ တွေ့ ရပါတယ်။ သေချာတာက Android လောကမှာပါတဲ့ dual camera တွေ အသစ်အဆန်းရယ်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Apple မှာတော့ အရေးကြီးပြီး အသစ်အသစ်ဖြစ်တဲ့အရာတွေ အများကြီးပါရှိပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်ခွဲတုန်းက ထွက်လာတဲ့ Android dual cameraတွေနဲ့  ယှဉ်ကြည့်ရင် Apple ရဲ့ ကင်မရာနဲ့  ဘယ်လို ကွာသလဲ ကြည့်ရအောင်။
            HTC One M8
HTC ဟာ ပြီးခဲ့တဲ့ ၂၀၁၄ မှာ ဖြန့် ချီခဲ့တဲ့ One M8 ကို ကြည့်ရင် Apple ပေါ် လွှမ်းမိုးမှုရှိထားပါတယ်။ M8 ကင်မရာမှာ အားနည်းချက်တွေ ရှိခဲ့ပေမယ့် သူ့ မှာ sensor နှစ်ခု ပါရှိပါတယ်။ အရံ sensor ကတော့ ဓါတ်ပုံမှာပါရှိတဲ့ pixels အရေအတွက်ဘယ်လောက်ရှိတာကို သိအောင်လုပ်ပြီး ကိုယ့်ရဲ့ ဓါတ်ပုံပေါ်မှာ အနုပညာ ပြုလုပ်ဖန်တီးချက် (effect) တွေကို ထပ်ထည့်ပေးတဲ့ အချက်အလက်တွေကို အကုန်လုံး အသုံးချ ထားပါတယ်။
ယင်းအထူးပြုလုပ်ချက်တွေထဲက တစ်ခုကတော့ အဝေးကပုံတွေကို အနီးကပ်ဆွဲရိုက်တဲ့အခါ ဆော့ဖ်ဝဲလ် သုံးပြီး ရုပ်ထွက်အရည်အသွေးကောင်းအောင် လုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သီးသန့် ဆော့ဖ်ဝဲလ်နဲ့ ဝါးအောင်လုပ်လို့ ရပြီး M8 မှာပါတဲ့ ဒုတိယ sensor ဟာ resolution နိမ့်တာ ဖြစ်လို ဆံပင်လို သိမ်မွေ့ တဲ့ အနားစွန်းလေးတွေအတွက့် HTC ရဲ့ ဆော့ဖ်ဝဲလ်ကို မှိန်မှိန်လေးဖြစ်အောင် လုပ်ရတာ လွယ်ကူစေပါတယ်။
Apple ကလည်း iPhone 7 Plus မှာ အလားတူ လုပ်ထားတယ်ဆိုပေမယ့် 7 Plus ကိုင်ဆောင်သူတွေ အတွက် နောက်ထွက် ဆော့ဖ်ဝဲ update တစ်ခု ထပ်ထည့်ထားပါတယ်။ (ဒီတော့ M8 နဲ့ ယှဉ်ကြည့်ရင် ပိုကောင်း တဲ့ ရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ရပါတယ်။)
LG G5 + V20
            LG ဟာ Apple ရဲ့ ကြေငြာချက်ထွက်လာပြီးနောက် သူ့ ရဲ့ Twitter ဖော်ပြချက်ဟာ ပါမွှားပဲ ဖြစ်သွားပါပြီ။ ကိုရီးယားကုမ္ပဏီရဲ့ G5 နဲ့ V20 မှာ တပ်ဆင်ထားတဲ့ dual-sensorဟာ အခု Apple လုပ်နေတာနဲ့  တစ်ခြားစီပါပဲ။ G5 နဲ့ V20 မှာဆို အလင်းဝင်တဲ့ အပါချာအနေနဲ့ f/1.8 lens ပါရှိတဲ့ 16 MP sensor နဲ့ ဒုတိယကင်မရာ မှန်ဘီလူးမှာတော့ 8 MP sensor နဲ့ လာပါတယ်။ (Apple ရဲ့ ထောင့်ကျယ် မှန်ဘီလူးတို့ အဝေးရိုက် မှန်ဘီလူး တို့ နဲ့ တော့ ဆန့် ကျင်ဘက်ပါပဲ။)
16 MP ကင်မရာကတော့ ပုံမှန်ရိုက်တဲ့ ကင်မရာဖြစ်ပြီး အလင်းအားနည်းချိန်မှာ ရိုက်ကူးနိုင်ပြီး ထောင့်ကျယ်ကင်မရာကတော့ landscape ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ ဖြစ်ပြီး မှောင်နေရင် ရိုက်ဖို့ ခက်ပါတယ်။ ဒီတော့ LG မှာ အရံဖြစ်တဲ့ ဒုတိယကင်မရာကပဲ ပိုပြီကျယ်တဲ့ မြင်ကွင်းကို ရိုက်ကူးဖို့ သုံးပြီး အဝေးမြင်ကွင်းတွေကို နီးဝေးဆွဲကြည့်ဖို့ သုံးလို့ မရပါဘူး။
            Huawei P9 + Honor 8
Huawei ရဲ့ UK Twitter account ဟာ Apple ရဲ့ iPhone ပြပွဲလုပ်နေစဉ်မှာ dual-lens ဖုန်းတွေ ထုတ်လုပ်သွားဖို့ လုပ်နေကြပါတယ်။ P9 ရဲ့ Leica တံဆိပ်ကင်မရာနှစ်ခု (Honor 8 မှာတော့ Leica တံဆိပ် မဟုတ်ပေမယ့် ကင်မရာတွေက အတူတူပါပဲ။) မှာ အလင်းဝင်တဲ့အပါချာက f/2.2 lens များနဲ့ 12 MP ကင်မရာ နှစ်လုံးပေါင်းစပ်ထားပြီး အရောင်တစ်မျိုးတည်းမှာ အရိပ်အမျိုးမျိုးထည့်သုံးထားပြီး ပိုမို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ နဲ့ ရုပ်ထွက်အနုစိတ် ရရှိအောင် လုပ်ထားပါတယ်။ ကိုယ်ပိုင် Leica အက်ပ် ပါရှိတဲ့ P9 မှာဆို သပ်ရပ်တဲ့ အနက်ရောင်နဲ့ အဖြူရောင်ဖမ်းယူလို့ ရဖို့ အတွက် အရောင်တစ်မျိုးတည်းမှာ အရိပ်အမျိုးမျိုး ထည့်ပေးတဲ့ monochrome sensorကို သုံးလို့ ရပါတယ်။
Huawei မှာ အရံ second sensor ကနေ ဖမ်းယူလို့ ရတဲ့ ရုပ်ထွက်တဲ့ အသေးစိတ်အချက်အလက်တွေ  ပေါ်အခြေခံပြီး အနီးအဝေးအကွာအဝေးကြား ပုံရိပ်ကြည်လင်အောင်လုပ်တဲ့ low depth of field mode တစ်ခု ပါရှိပါတယ်။ M8 မှာပါတဲ့ ရုပ်ထွက် resolution နဲ့ processing power ကိုတော့ ဆော့ဖ်ဝဲလ်သုံးပြီး visual quality ပိုကောင်းအောင်လုပ်ထားပေမယ့် Huawei ရဲ့ ကင်မရာကတော့ ကြည်လင်တဲ့ပုံရိပ်တွေနဲ့ သိမ်မွေ့ တဲ့ အနားစွန်းတွေကို ရအောင် လုပ်ပေးပါတယ်။
    iPhone 7 Plus
ဒီတော့ Apple မှာတော့ ဘာတွေအသစ်ပါပြီး ဘာတွေ မတူကွဲပြားနေလဲ။ iPhone 7 Plus ဟာ 12 MP ပဲသုံးထားပြီး f/ 1.8 အပါချာ နှင့် iPhone 7 မှာတော့ ရုပ်ငြိမ်ကင်မရာစနစ်ကိုသုံးထားပြီး iPhone 7 Plus ကတော့ 2X optical zoom နဲ့ အရံ second telephoto မှန်ဘီလူးတစ်ခု ထပ်ထည့်ထားပါတယ်။ ဆော့ဖ်ဝဲလ်အစွမ်း နဲ့ ပေါင်းစပ်လိုက်ရင် ဘယ်လောက်အထိ အလုပ်ဖြစ်မယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ ဒီဖုန်းမှာတော့ zoom မှာ အမြဲသုံးတဲ့ အရံကင်မရာကို သုံးထားတာ ဖြစ်လို့  iPhone ဟာ 2X အထိ zoom ဆွဲနိုင်ပါတယ်။ ကုမ္ပဏီကတော့ ဒီdual camera စနစ်ဟာ 10X အထိ digital zoom ဆွဲလို့ ရနိုင်တယ်လို့ ပြောထားပါတယ်။
အရင်တုန်းက Samsung Galaxy S4 Zoom ၊ K Zoom နျင့် ASUS Zenfone Zoom တို့ လို Android ဖုန်ျးွှေမှာ ပိုကောင်းတဲ့ digital Zoom ပေးထားတယ်ဆိုပေမယ့် တစ်ခြား ကဏ္ဍတွေလည်း အများကြီး ပါရှိတာ ဖြစ်လို့ အတော်များများ အဆင်မပြေတာ တို့  ဆွဲဆောင်မှုမရှိတာတို့ ဖြစ်လာပါတယ်။ Apple ရဲ့ တယ်လီဆွဲရိုက်နိုင်တဲ့ မှန်ဘီလူးမှာ ပိုပြီး ကန့် သတ်ချက်များတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ GS4 Zoom လိုမျိုး လက်မအပြည့် ထူတာမျိုး မရှိပါဘူး။
ပြောခဲ့သလိုပဲ Apple ဟာ ကိုယ်ရိုက်လိုတဲ့ ပုံရိပ်ကို ပြတ်သားမှုရအောင်လုပ်ဖို့ နောက်ခံ background တွေကို ဝါးအောင်လုပ်ပြီး Portraits ရိုက်တာမျိုးမှာ ဓါတ်ပုံတွေမှာ အနီးအဝေးအကြား ပေါ်လွင် ထင်ရှားအောင် depth of field effects တွေ ထပ်ထည့်ဖို့  အရံ second camera ကို သုံးပါတယ်။ iPhone 7 Plus ဖြန့် ချီတုန်းက ပါမလာပေမယ့် နောက်မှာ software update ကနေ ထပ်ထည့်ပေးသွားမှာပါ။
မိုဘိုင်းလ်ဖုန်းလောကမှာ အသစ်အဆန်းတွေ ပါလာတာနဲ့ အမျှ Apple ဟာလည်း အဓိကကဏ္ဍ တစ်ချို့ မှာ အရှိန်မြှင့်တင်လာဆဲ ဖြစ်ပါတယ်။ ဒီတော့ လာမယ့် နှစ်ထဲမှာ Apple ရဲ့ ဟန်ဖြစ်တဲ့ dual-camera တပ်ဆင်မှုကို တစ်ချို့ Android ဖုန်းထုတ်လုပ်သူတွေအနေနဲ့ အနည်းဆုံး အတုခိုးလို့ ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ Android ရော iOS ရော နှစ်ဖက်စလုံးဟာ တစ်ဦးဆီက features ကောင်းတွေကို တစ်ဦးက ပွားယူကူး copy လုပ်လာပါတယ်။HTC ၊ Huawei နဲ့ LG ဘယ်သူက ပထမဆုံးလုပ်သလဲဆိုတာကတော့ လုံးဝ မတိကျပါဘူး။ သေချာတာကတော့ ဖုန်းတွေမှာ ကင်မရာ နှစ်လုံးနဲ့ ထုတ်လာပေမယ့် လုံးဝကွဲပြားတဲ့နည်းလမ်းတွေနဲ့  လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
နောက်ဆုံးပြောရရင် ဖုန်းတွေမှာ နာမည်ကြီးလာတဲ့ ကင်မရာသစ်သုံးတဲ့ နည်းပညာဟာ လူတိုင်းအတွက် ကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အကြီးဆုံး iPhone ကင်မရာ အဆင့်မြှင့်တင်မှုတွေလုပ်ခဲ့ တဲ့ iPhone 7 Plus ရော အခုလို အပြိုင်အဆိုင်ထွက်လာတဲ့ ဖုန်းတွေကို ဝယ်လာတဲ့ လူတိုင်းအတွက်ပါ ကောင်း တဲ့အချက်ဖြစ်ပါတယ်။ Camera နည်းပညာဟာ မိုဘိုင်းလ်ဟာ့ဒ်ဝဲလ်အခန်းကဏ္ဍတွေထဲက တစ်ခု ဖြစ်ပြီး ကင်မရာ နှစ်လုံးတွဲလာတဲ့ပုံစံဟာ လာမယ့် ၂၀၁၇ မှာ ပိုပြီး နာမည်ကျော်လူကြိုက်များလာဖြစ်သလို စိတ်ဝင်စားဖို့ လည်း ကောင်းလာတော့မှာ ဖြစ်ပါတယ်။
Wai Lin Aung (Myanmar Mobile App)
http://www.myanmarmobileapp.com/2016/09/12/iphone-7-plus-%E1%80%9B%E1%80%B2%E1%80%B7-dual-camera-%E1%80%9F%E1%80%AC-android-%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8-camera-%E1%80%B1%E1%80%90%E1%80%BC%E1%80%94%E1%80%B2-%E1%80%B7%E1%80%98/
(၁)
ပြီးခဲ့တဲ့အပတ်တရုတ်ပြည်ခရီးစဉ်မှာ..
အမေဒေါ်အောင်ဆန်းစုကြည်ဟာ..
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အစိုးရကို..
နှစ်ပေါင်းများစွာထိန်းချုပ်ခဲ့တဲ့ တရုတ်အစိုးရရဲ့
အဓိက ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်..
တရုတ်အစိုးရက သူမကိုခန်းနားစွာကြိုဆိုခဲ့ယုံမက..
အလေးအနက်ထား ဂရုစိုက်ခဲ့ပါတယ်..
အဲဒါမတိုင်ခင် အာဆီယံနိုင်ငံခြားရေး
ဝန်ကြီးအဆင့် အစည်းအဝေးကို
သွားရောက်ခဲ့ချိန်မှာ နိုင်ငံတကာရဲ့ ဖိတ်ကြား
မှုတွေအများကြီးခံရပါတယ်..
ထူးခြားတာကတော့မြောက်ကိုးရီးယားလို
နိုင်ငံကအစ သူ့နိုင်ငံကိုအမေစုလာဖို့..
ပွင့်လင်းစွာဖိတ်ကြားခဲ့တာပါပဲ
တရုတ်ပြည်ခရီးစဉ်ပြီးတဲ့အချိန်..
မြန်မာပြည်ပြန်ရောက်လာတဲ့အချိန်
နောက်ပိုင်းမှာ သူမဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်
ဘန်ကီမွန်းကိုယ်တိုင်တက်ရောက်တဲ့.
၂၁ ရာစုပင်လုံညီလာခံကို ဦးဆောင်ခဲ့ပါတယ်..
မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ..
မြန်မာနိုင်ငံတိုးတက်ဖို့အတွက်သာမဟုတ်ပဲ
ဒေသတွင်းကမ္ဘာ့အရေး စာမျက်နှာနဲ့ ချိန်ခွင်လျှာကိုပါ..
တိုက်ရိုက် ဆက်စပ်နေတဲ့အတွက်..
သူမဟာ ၂၁ ရာစုပင်လုံကိုစိတ်ရောကိုယ်ပါ..
အားစိုက်ခဲ့ပါတယ်..
ပြီးတော့ အရှေ့အာရှဆိုင်ရာ
ထိပ်သီးအစည်းအဝေးနဲ့
အာဆီယံထိပ်သီးအစည်းအဝေးကိုလာအိုမှာ
သွားတက်ခဲ့ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့
တွေ့ဆုံခဲ့ပါတယ်..
ဒီကြားထဲမှာလဲ ရခိုင်အရေးကိစ္စအတွက်..
ကိုဖီအာနန်ကို ကော်မရှင်ဥက္ကဌ တာဝန်ပေးတဲ့အတွက်
မြန်မာပြည်သူများ အံ့သြကျေနပ်ခဲ့ကြပေမဲ့..
တစ်ဘက်က အစွန်းရောက်ဆန်တဲ့..
နိုင်ငံရေးပွန်းရုပ်ကလေးတွေက..
အမျိုးသားရေးဗန်းပြကန့်ကွက်ခဲ့ပါတယ်..
ဒါတွေကိုမမှုတဲ့ သူမဟာ..
ရေရှည်အမြင်ကိုပဲကြည့်ပြီး..
သူမလုပ်စရာရှိတာကိုပဲဆက်လုပ်နေပါတယ်..
-----------------------
(၂)
အခုလဲ ကမ္ဘာ့အင်အားကြီးအနောက်
အုပ်စုဝင်နိုင်ငံတွေဖြစ်တဲ့..
ဗြိတိန်နိုင်ငံနဲ့အမေရိကန်
နိုင်ငံတွေကိုသွားရောက်လည်ပတ်ပြီး
အမေရိကန်မှာရှိတဲ့ ကုလသမဂ္ဂအထွေထွေ
ညီလာခံကိုတက်ရောက်ဖို့အတွက်..
သူမရဲ့ ခရီးစဉ်ကို စတင်တဲ့အနေနဲ့
အင်္ဂလန်ကိုရောက်ရှိခဲ့ပြီးဖြစ်ပါတယ်..
သူမဗြိတိန်နိုင်ငံကိုရောက်ရှိချိန်မှာ..
ထူးခြားတာတစ်ခုကတော့..
ဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသမှာ
တာဝန်ထမ်းဆောင်နေတဲ့မြန်မာ
သံအမတ်ကြီးတွေကိုဗြိတိန်မှာ....
တွေ့ဆုံခဲ့ခြင်းပါပဲ..
့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊
ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ၊
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု၊
ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊
အီတလီနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်၊
ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးပေါ်လွင်စိန်၊
ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးခိုင်၊
ဆော်ဒီ အာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုလတ်၊
ဆာဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးအေး၊
နော်ဝေနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဒေါ်မော်မော်၊
သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစန်းလွင်၊
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်လွင်
စတဲ့ သံအမတ်ကြီးတွေနဲ့အစည်းဝေးလုပ်ခဲ့ပါတယ်..
မြန်မာနိုင်ငံရဲ့ လက်ရှိကျင့်သုံးမဲ့နိုင်ငံခြားရေး
ပေါ်လစီကိုချပြဖို့နဲ့ နိုင်ငံတော်ရှေ့ဆက်သွားမဲ့
မူဝါဒလမ်းစဉ်တွေကိုရှင်းပြသလို..
သံအမတ်ကြီးတွေရှိရာနိုင်ငံကြီးတွေရဲ့
အနေအထားတွေကိုလေ့လာ သွားမဲ့
အနေအထားဖြစ်ပါတယ်...
သူမရဲ့လေ့လာအားထုတ်မှုတွေအပေါ်မူတည်ပြီး..
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ သူမနဲ့မြန်မာနိုင်ငံရဲ့
အခန်းကဏ္ဍတွေဘယ်လောက်အထိ
ထိရောက်လာနိုင်မလဲဆိုတာ..
စောင့်ကြည့်ရမှာဖြစ်ပါတယ်...
-----------------------
(၃)
ပြီးတော့..
နိုင်ငံရေးနဲ့ နိုင်ငံတကာရေးရာတွေကို
နှံ့စပ်သူဖြစ်တဲ့သူမအနေနဲ့..
လာမဲ့ရက်မှာ အမေရိကန်မှာပြုလုပ်မဲ့..
ကုလသမဂ္ဂအထွေထွေညီလာခံမှာ
တက်ရာက်ဆွေးနွေးမှုဟာ..
စိတ်ဝင်စားစရာဖြစ်လာပါတယ်...
တကယ်ဆို သူမဟာ UN ညီလာခံမှာ..
တိုင်းပြည်ရဲ့တာဝန်ရှိသူခေါင်းဆောင်တစ်ဦး
အနေနဲ့ တစ်ကြိမ်တစ်ခါမှတက်ရောက်ဖူးခြင်း
မရှိသေးပါဘူး...ဒါပထမဆုံးအကြိမ်ပါ....
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိနေတဲ့
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကကိုယ်စားလှယ်
တွေရဲ့ရှေ့ မှာ သူမရဲ့အနေအထားကို
လေ့လာကြည့်ချင်ပါတယ်..
တကယ်လို့မိန့်ခွန်းပြောတာတွေဆွေး
နွေးတာတွေဖြစ်လာမယ်ဆိုရင်တော့..
အရင်လူတွေပြောခဲ့သလို သာမန်အတွေးအခေါ်
သာမန်လုပ်ငန်းစဉ်တွေထက် ပိုတဲ့..
ထူးခြားတဲ့ ကမ္ဘာ့အရေးသိမှတ်ဖွယ်ရာတွေ
အများကြီး ပါဝင်မယ်လို့လဲယုံကြည်မိပါတယ်..
ဒါတွေကိုအခြေခံပြီး..
သူမဟာ နိုင်ငံတကာရေးရာကိစ္စတွေမှာ
ဘယ်လို လွန်းထိုးပျံသန်းမလဲ..
ဆိုတာ လေ့လာနိုင်မှာဖြစ်ပါတယ်..
----------------------
(၄)
နိဂုံးချုပ်ပြောရရင်..
အသက် (၇၁)နှစ်ရှိပြီဖြစ်တဲ့..
အမယ်အိုလေးဟာ..
ကမ္ဘာ့နိုင်ငံကြီးတွေအလယ်မှာ..
လှပစွာ လွန်းထိုးပြီး..
စတင်ပျံသန်းနေပါပြီ..
အရှေ့အုပ်စုနဲ့အနောက်အုပ်စု
ကြားထဲမှာ ထင်ရှားစွာကစားမဲ့..
သူမနဲ့အတူ..
သူမချစ်တဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့
ပုံရိပ်ကောင်းတွေကို ကမ္ဘာသိအောင်
ပြသတွဲခေါ်သွားမှာဖြစ်ပါတယ်..
မြန်မာတွေကို..
နိုင်ငံတကာက စိတ်ဝင်တစားနဲ့..
မြှင့်တင်လာစေရေးအတွက်..
သူမဟာ စတင်ကြိုးစားနေပါပြီ..
သူမအသုံးပြုတဲ့လက်နက်ကတော့..
အာဏာနဲ့..လက်နက်မဟုတ်ပါဘူး..
သယဇာတမက်လုံးတွေမဟုတ်ပါဘူး..
လိမ္မာပါးနပ်ပြီး လှပသေသပ်တဲ့..
သူမရဲ့ အရည်အချင်းတွေကိုပဲသုံးတာဖြစ်ပါတယ်..
တိုင်းပြည်ဟာ..
စစ်အင်အားတောင့်နေဖို့မလိုဘူး..
သယံဇာတတွေအများကြီးရှိနေဖို့မလိုဘူး..
နိုင်ငံခြားရေးပေါ်လစီကို..
ကျွမ်းကျင်စွာကစားတတ်ပြီး..
ပထ၀ီနိုင်ငံရေးကို ကျွမ်းကျင်စွာ..
အသုံးချတတ်ရင်ကို..
တိုင်းပြည်ပုံရိပ်ကောင်းပြီး
တိုးတက်နိုင်တယ်ဆိုတာကို..
သူမက သက်သေပြပါတော့မယ်..
ဒါကိုကြည့်ပြီး..
ကျွန်တော်တို့လူငယ်တွေ..
အတုယူကြရမှာဖြစ်ပါတယ်..
သူမအလွန် နိုင်ငံရေးဟာ..
ကျွန်တော်တို့လက်ထဲကို..
လာမဲ့ဆယ်စုနှစ်တွေမှာ..
ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်..
ဒါတွေကို ထာဝရထိန်းသိမ်းဖို့နဲ့..
တိုင်းပြည်ပုံရိပ်ကောင်းဖို့..
ကျွန်တော်တို့..
အခုကတည်းက အများကြီး..
လေ့လာကြရမှာဖြစ်တဲ့အကြောင်း.
လူငယ်တွေကို..
သတိပေးလိုက်ပါတယ်..
( Pa Yit)
Photo-ဗြိတိန်မှာရှိတဲ့မြန်မာသံရုံးမှာ
နိုင်ငံ(၁၂)နိုင်ငံကရောက်လာကြတဲ့..
..မြန်မာသံအမတ်ကြီး ၁၂ ယောက်နဲ့
တွေ့ဆုံဆွေးနွေးနေတဲ့ အမေ..
(Myanmar state counselor office)
စက်တင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင် အစိုးရသည် ကွယ်လွန်သူအာဏာရှင် ဖာဒီနန်မားကို့စ်၏ သမိုင်းကို ဖုံးဖိဖာထေးရန် ကြိုးပမ်းနေသည်ဟု လူအများ၏ အပြင်းအ ထန်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဖိလစ်ပိုင်အစိုးရ၏ တရားဝင် Facebook စာမျက်နှာတွင် အာဏာရှင် အုပ်စိုးခဲ့သည့် နှစ်များနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်ဖြစ်ပေါ်အောင် ကြိုးပမ်းသည့်အနေဖြင့် အကြိမ်ကြိမ် တည်းဖြတ်မှုများ ပြုလုပ်ပြီး စံချိန်တင်ခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်။
ယခုသီတင်းပတ် အကုန်တွင် လူအများ ဒေါသထွက်ခဲ့ကြသည့် ပြောင်းလဲမှုများအနက် တစ်ခုမှာ မားကို့စ်သည် ၁၉၇၂ ခုနှစ်တွင် မာရှယ်လော ထုတ်ပြန်ခဲ့ခြင်းမှာ မွတ်စလင် ခွဲထွက်ရေးသမားများ၊ ကွန်မြူနစ်သူပုန်များနှင့် သဘောတူညီချက်ရယူရန် ဖြစ်သည်ဟု အခိုင်အမာ ရေးသားထားချက်ဖြစ်သည်။
အတိုက်အခံများက မားကို့စ်သည် သူ၏ အာဏာတည်မြဲရေး အတွက်သာ မာရှယ်လော ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အတိုက်အခံများက မားကို့စ်သည် အတိုက်အခံများထဲမှ ထင်ရှားသူများကို ထောင်ထဲသို့ ပို့ပစ်ခဲ့ပြီး နိုင်ငံဘဏ္ဍာများကို သိမ်းယူခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
အစိုးရ Facebook စာမျက်နှာက မားကို့စ်သည် သွေးထွက်သံယို ဖြစ်မှုများကို ရှောင်ရှားရန် ၁၉၈၆ ခုနှစ်တွင် ရာထူးကို စွန့်လွှတ်ခဲ့သည်ဟု ရေးသားခဲ့သည်။ သမိုင်းဆရာများက မားကို့စ်သည် လူထုဆန့်ကျင်မှုကြီးနှင့် ရင်ဆိုင်ရချိန်၌ ထွက်ပြေးရန် တွန့်ဆုတ်နေခဲ့ကြောင်း သဘောတူကြသည်။
“ပုံစာက ဖာဒီနန်မားကို့စ်ဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိတာတွေကို ဖိလစ်ပိုင်နိုင်ငံသားတွေဆီက ခိုးယူခဲ့တယ်၊ ဖိလစ်ပိုင်နိုင်ငံသား ၃၄,၀၀၀ ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်၊ ဖိလစ်ပိုင်နိုင်ငံသား ၃၂၄၀ ဦးကို သတ်ခဲ့တယ်၊ ပြီးတော့ တစ်သက်လုံး အာဏာရှင်အဖြစ် နေနိုင်အောင် ကြိုးပမ်းပြီး အာဏာအရမ်းမက်ခဲ့တယ် ဆိုပြီးတော့ ဖြစ်ရမှာပါ” ဟု ဒေါသထွက်နေသူ တစ်ဦးက Facebook စာမျက်နှာ၌ မှတ်ချက်ရေးသားခဲ့သည်။
မားကို့စ်၏ မဟာမိတ်တစ်ဦးဖြစ်သော အငြင်းပွားဖွယ်ရာကောင်းသည့် သမ္မတ ရိုဒရီကိုဒူတာတေးက မပုပ်သိုးအောင် စီမံထားသည့် မားကို့စ်၏ ရုပ်အလောင်းကို သူရဲကောင်းဗိမာန်တွင် မြှုပ်နှံရန် စီမံမှုနှင့်အတူ မားကို့စ်ကို တရားဝင်အောင် ကြိုးပမ်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံသားများ ဒေါသထွက်ခဲ့ကြသည်။
Ref : AFP
Eleven Media Group
မီဒီယာ အားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူအား မဖော်ထုတ်နိုင်ပါ ဆန္ဒ ပြပွဲ ကိုဦးဆောင် ခဲ့သူက ဒိုင်ခံဖြေ ရှင်းသင့်ကြောင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရသော သတင်းထောက်မှ စက်တင်ဘာလ ၁၂ရက်နေ့က MJN ရုံးခန်းတွင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စက်ဘာလ ၁၁ရက်နေ့  ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့သော အမျိုးသားရေးထိပါးမှုများကို ကန့် ကွက်ပွဲနှင့် တရားဥပဒေစိုးမိုးရေးတောင်းဆို ဆန္ဒပြပွဲ တွင် ဆန္ဒပြသူအချို့ မှ Myanmar Press Photo Agency ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော် အား ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရကြောင်းသိရသည်။
“တရားခံအစစ်ကို မဖော်ထုတ်နိုင်ဘူးဆိုရင်လဲ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့သူရှိတယ်၊ ဦးဆောင်တဲ့သူက ဒီဆန္ဒ ပြပွဲ မှာ ဖြစ်တဲ့ ပြသာနာအားလုံးကို သူဒိုင်ခံဖြေရှင်းရမှာပါ ကိစ္စကို အမှန်ဆုံးပဲပေါ်စေချင်ပါတယ် မိသွားတယ် ဆိုရင်လဲ ကျွန်တော် ကတော့ ထောင်ကျစေချင် လို့ တော့မဟုတ်ပါဘူး ဒါပေမဲ့ နောက်ထပ် မီဒီယာ ကိုသွားပြီးခြိမ်းခြောက်လို့ မရအောင်လို့ပါ” ဟု ကိုမြတ်သူကျော်က ပြောကြားခဲ့သည်။
ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၁ရက်နေ့  မွန်းလွဲ ၁နာရီခန့် က စတင်ခဲ့ကြောင်း၊ ဗိုလ်စိန်မှန် ဘောလုံးကွင်းမှ တာမွေမြို့ နယ် ဟစ်တိုင်အထိ ကိုဖီအာနန်နှင့် အဖွဲ့ အလိုမရှိ၊ ခိုးဝင်ဘင်ဂါလီများဖော်ထုတ်ရေး နှင့် အခြားအကြာင်းအရာများကို လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။
“ကျွန်တော် ဘေးနားမှာ အခြားသတင်းထောက်တွေလဲရှိတယ် ကျွန်တော်က သတင်းထောက်အုပ်စုရဲ့ ညာဘက် အစွန်ဆုံးမှာ ပေါ့ ဓာတ်ပုံရိုက်နေတုန်း ယောက်ကျား၊ မိန်းမ ၈ယောက်လောက်ရှိမယ် အရင်ဆုံး ကျွန်တော်ကို တွန်းတယ်၊ ဆဲဆိုတယ်၊ ပြီးတော့ ကျွန်တော့်ကို ၀ိုင်းလိုက်ပြီး အနောက်ကနေထိုးတာ ပါးတချက် ၊ ရင်ညွန့် ၊ ပြီးတော့ ဂုတ်ကို အထိုးခံရတယ် နောက်ကထိုးတဲ့ အတွက်သူတို့ မျက်နှာကို မမှတ်မိနိုင်ဘူး ကင်မရာကိုလဲဆွဲ လုတာ ဖြစ်တဲ့ အတွက်ကြောင့်လဲ ကင်မရာကို မထိခိုက်အောင် ကာကွယ်နေရတယ် နောက်ကနေလှမ်းပြီးအော်လိုက်တယ် သိမ်းကျုံးပြီးဆဲတယ် အဲ့ချိန်မှာ ရဲက ကျွန်တော်ကို ၀ိုင်းထားတဲ့ အထဲကနေ ခေါ်ထုတ်သွားပေးပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
အောင်ကောင်းမြတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 myatthukyaw-620.jpg ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံလိုက်ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်ကို တွေ့ရစဉ်
Photo: Aung thain Kha/ RFA
မနေ့က တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာသမား တွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူတွေကို ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်က ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
ဗဟန်းမြို့နယ်ရဲစခန်းကတဆင့် ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်တာကို မြို့နယ်တရားရုံးက လက်ခံလိုက်တယ်လို့ ကျောက်တံတားမြို့နယ်က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Press photo Agency က ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်က ပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာနဲ့ ပတ်သက်ပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ မနေ့က ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
အဲလို ဆန္ဒပြဟောပြောနေတဲ့အချိန်မှာ ဗိုလ်စိန်မှန်ရပ်ကွက်က ဘောလုံးကစားနေသူ တွေကို ဆန္ဒပြသူတွေက ဘောလုံးမကန်ဖို့ ပြောဆိုရာကစပြီး ရပ်ကွက်နေသူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။
အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာကို မှတ်တမ်း ဗီဒီယို ဓာတ်ပုံရိုက်ကူးနေတဲ့ သတင်းမီဒီယာသမားတွေကို မှတ်တမ်းမယူဖို့ ဆန္ဒပြသူတွေက တားမြစ်ခဲ့ပြီး ဓာတ်ပုံသတင်းထောက် တစ်ဦးကို ထိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသတင်းမီဒီယာသမားတွေကိုလည်း တွန်းပြီး မောင်းထုတ်ခဲ့ပါတယ်။
ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ပြုတဲ့အထဲမှာ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဆန္ဒပြဟောပြောပွဲလုပ်မယ်ဆိုရင် ဆန္ဒပြသူတွေဟာ အားကစားလှုပ်ရှားနေသူတွေကို စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဆိုတဲ့အချက် ပါဝင်ပါတယ်။
မနေ့က ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ သံဃာတော်တွေနဲ့ လူအင်အား ၂၀၀ လောက် ပါဝင် ဟောပြောခဲ့ကြပါတယ်။
RFA
soenyuntlwin-620.jpg
စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို စက်တင်ဘာ ၁၂ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တွေ့ရစဉ်
Photo: Kan Thar/ RFA
ရှမ်းပြည်နယ်အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မတီ ဖွဲ့စည်းသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ သတင်းမီဒီယာသမားတွေကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အစိုးရက နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရားမ၀င်ကုန်ပစ္စည်းတွေ ၀င်ရောက်နေတာတွေကို ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်းနဲ့ တိုင်းပြည်အတွက် ၀င်ငွေ ကျပ်သိန်းလေးထောင် အထိ ရရှိလာတယ်လို့ ၀န်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းကနေ ကျွဲ၊ နွား၊ သစ်တွေကို တရားမ၀င် တင်ပို့နေတဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရဌာနဆိုင်ရာတွေကိုလည်း ထိန်းချုပ်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြထားတယ်လို့လည်း ပြောပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရရဲ့အဓိကကျတဲ့ မူဝါဒအနေနဲ့ ဆောင်ရွက်နေကြောင်းလည်း ရှင်းပြပါတယ်။
ဝန်ကြီး ဦးစိုးညွန့်လွင်နဲ့ အဖွဲ့ ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၈ရက်နေ့ မှာ လားရှိုးမြို့ ဒေသခံတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ၉ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဒေသခံတွေ ၀န်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် နောင်ချိုမြို့က မြေယာပြဿနာတွေ ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာဆုံးရှုံးရတဲ့ နောင်ချိုမြို့က တောင်သူတွေနဲ့လည်း သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
RFA
 myintnwe-620.jpg ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကို စက်တင်ဘာလ ၁၂ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
Photo: Win Naung Toe/ RFA
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ မိုင်းအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက မိုင်းနဲ့ပေါက်ကွဲ အားပြင်းထန်တဲ့ လက်နက်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက သုံးစွဲနေတာကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကို အကာအကွယ်ပေးဖို့၊ မိုင်းနဲ့ပေါက်ကွဲ အားပြင်းထန်တဲ့ လက်နက်တွေသုံးစွဲနေတာကို လျှော့ချဖို့ ဘယ်လိုစီစဉ်ဆောင်ရွက် နေလဲဆိုတာကို မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
မိုင်းအန္တရာယ်ကြောင့် အရပ်သားတွေအပြင် တပ်မတော်သားတွေလည်း ထိခိုက်ဒဏ်ရာ ရပြီး အသက်ဆုံးရှုံးတာတွေရှိသလို မိုင်းတွေရှင်းလင်းဖို့နဲ့ အသိပညာပေးဖို့အတွက် နယ်မြေဒေသ ငြိမ်းချမ်းဖို့လိုအပ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောပါတယ်။
နမ္မတူမြို့နယ်က တစ်ချို့ကျေးရွာတွေအနီးတ၀ိုက်မှာ မိုင်းတွေတပ်ဆင်ထားပြီး လမ်းဘေးဝဲယာမှာ ကြိုးမိုင်းတွေ တပ်ဆင်ထားတာကြောင့် ဒေသခံတွေ လုပ်ငန်းခွင် ၀င်ဖို့ အခက်အခဲတွေ ကြုံနေရကြောင်း၊ မိုင်းတွေထောင်ထားတာကို ဖြုတ်သိမ်းပေးဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကူအညီတောင်းပေမယ့် ကူညီပေးခြင်းမရှိကြောင်း မေးခွန်းမေးမြန်းတဲ့ ဒေါ်နန်းခမ်းအေးက တင်ပြခဲ့ပါတယ်။
တပ်မတော်ဆေးကုသရေးအဖွဲ့က မိုင်းထိတဲ့ ဒေသခံတွေကို အခမဲ့ကုသပေးပြီး ခြေတု လက်တုတွေ တပ်ဆင်ပေးနေကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ရှင်းပြခဲ့ပါတယ်။
RFA
၂၀၁၃ အောက်တိုဘာလတုန်းက ဒေါ်အောင်ဆန်း စုကြည် Royal Military Academy Sandhurst ကိုသွားရောက်စဉ်
၂၀၁၃ အောက်တိုဘာလတုန်းက ဒေါ်အောင်ဆန်း စုကြည် Royal Military Academy Sandhurst ကိုသွားရောက်စဉ်
ဗြိတိန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ်ရောက် ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ တနင်္လာနေ့မှာ Royal College of Defence Studies လို့ခေါ်တဲ့ တော်ဝင်ဗိုလ် လောင်း သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကို သင်တန်း တွေပေးနေတဲ့အတွက် ဗြိတိန်အစိုးရကို ဗြိတိန်ပါလီမန်အမတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေချိန်မှာ အခုလို ဒေါ်အောင်ဆန်း စုကြည်ကို ဗြိတိန်စစ်သင်တန်းကျောင်း ကို ခေါ်ယူပြသတာဖြစ်ပါတယ်။မ အင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။
မြန်မာစစ်တပ်ကို အကန့်အသတ်မရှိသင်တန်းတွေပေးနေတဲ့ ဗြိတိန်အစိုးရဟာ အဲဒီအတွက် ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ (၅)သိန်းကျော် သုံးစွဲခဲ့ပြီးကြောင်း လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားစရာဖြစ်နေတဲ့အချိန်မှာ ဗြိတိန်နိုင်ငံ ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဗြိတိန်တော် ၀င်စစ်တက္ကသိုလ် တခု ကို ခေါ်ယူပြသတဲ့ ဗြိတိန်အစိုးရ ရဲ့ ရည်ရွယ်ချက်ကို လူ့အခွင့်အရေး အဖွဲ့တွေ ဘက်က မေးခွန်းထုတ်စ ရာဖြစ်နေ တယ်လို့ Mark Farmaner က ဗွီအိုအေ ကို ပြောပါတယ်။
“မြန်မာစစ်တပ်ကို သင်တန်းတွေပေးနေတဲ့ကိစ္စဟာ အငြင်းပွားစရာဖြစ်နေတဲ့ အတွက် ဗြိတိန်အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စစ်တက္က သိုလ်ကျောင်းတခု လိုက်ပြဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ ကျနော်မြင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗြိတိန်အစိုးရက သူတို့ ရင်ဆိုင်နေ ရတဲ့ မေးခွန်းတွေ အတွက် အဖြေမပေးနိုင်တဲ့အပေါ်မှာ ဖုံးကွယ်ဖို့ ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချ လိုက် တာဖြစ်ပါ တယ်။ မြန်မာစစ်တပ်ကို နှစ်နှစ်ကြာ သင်တန်းတွေေ ပးပြီး တဲ့နောက် ဘယ်လိုအကျိုးရ လာဒ်တွေရလာ သလဲဆို တဲ့ မေးခွန်းအတွက် သူတို့မှာ အဖြေမရှိသေးပါဘူး။”
တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန် မှုတွေရပ်ဆိုင်းရေး၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲဖို့ကို သဘောတူရေး စတဲ့ အချက်တွေနဲ့ အပေးအယူမလုပ်ပဲ ဗြိတိန်အစိုးရ က မြန်မာ စစ်တပ်ကို ကန့်သတ်ချက်မရှိ သင်တန်းတွေပေးနေတာဖြစ်တယ်လို့ Mark Farmaner ကပြောပါတယ်။
“မြန်မာစစ်တပ်ကို သင်တန်းတွေပေးတဲ့အတွက် ဘယ်လိုအကျိုးရလာဒ်တွေ ထွက်လာသလဲဆိုတာ သူတို့မပြောနိုင်ပေမဲ့ ဒီလိုသင်တန်းတွေကို ဆက်ပြီးပေးဖို့ ဗြိတိန်အစိုးရဘက်က ဆုံးဖြတ်ထားတာပါ။ ဒါကြောင့်လဲ ဗြိတိန်ပါလီအမတ်ေ တွ၊ နိုင်ငံတကာလူ့အဖွဲ့အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်မှုတွေကို ကာကွယ် ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တိုတောင်းတဲ့ခရီးစဉ်အတွင်းမှာ သူ့ကို ဗြိတိန်အစိုးရက အသုံးချတယ်လို့ မြင်ပါတယ်။”
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဗြိတိန်နိုင်ငံရဲ့ တော်ဝင် စစ်တက္က သိုလ်ကျောင်းတခုကို သွားရောက်ကြည့်ရှုလေ့ လာတဲ့အတွက် မြန်မာစစ် တပ် ပြုပြင်ပြောင်းလဲရေးမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့မြင်ကြောင်း ဗြိတိန် အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အ မှုဆောင်ကော် မတီဝင်တဦးဖြစ်တဲ့ ဒူးဝါး မက်ခေါ်ခွန်ဆာက ပြောပါတယ်။
“ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် တပ်မတော် ကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အပိုင်းက တော်တော်အရေးကြီးတယ်လေ။ အရေးကြီး တယ်ဆိုတဲ့အခါကျတော့ အဲဒီမှာ Academy ပေါ့နော် ကျနော်တို့ နိုင်ငံမှာဆိုရင် ဗိုလ်လောင်းသင်တန်း ပေါ့ဗျာ။ ဒီ ဗိုလ်လောင်းသင်တန်းရဲ့coach တွေဘာတွေက အရမ်းအရေးကြီးတယ်ပေါ့ဗျာ။ ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်မှာဆိုရင်လည်း စစ်တပ်ဟာ အရပ်သားအစိုးရပေါ့နော် ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရရဲ့ အောက်မှာ သူတို့ကနေပြီးတော့မှ လက်ရုံးဝန်ထမ်းပေါ့ဗျာ၊ ကာကွယ်ရေး ၀န်ထမ်း အနေနဲ့ ထမ်းဆောင်ရမှာဖြစ်တယ်။ ဖြစ်ကြရမှာ ဆိုတဲ့အခါကျတော့ အခုဒီ ဗြိတိန်က Academy ကိုသွားတယ်ဆိုတဲ့အခါကျတော့ အကောင်းမြင်ဝါဒအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ကောင်းပါတယ်။ သူတို့ ဘယ်လိုဗိုလ်လောင်းတွေကို ဘယ်လို Train လုပ်တယ် ၊ concept တွေက ဘယ်လိုရှိတယ်ဆိုတာကို သွားရောက်လေ့လာတယ်ဆိုတာကတော့ ကောင်းတဲ့ ကိစ္စပါ။”
တဆက်တည်းပဲ တိုင်းရင်းသားဒေသတွေမှာ လက်ရှိ မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကိုရပ်ဖို့အတွက် အသေအချာဆောင်ရွက်ပေးဖို့ လိုကြောင်း သူကအခုလိုပြောပါတယ်။
“ဒီကနေ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ ဟာကို ကျနော်တို့က အခု စပြီပေါ့ဗျာ၊ စပြီးလုပ်နေပြီပေါ့။ စလုပ်နေပြီဆိုတဲ့အခါမှာ တပ်မတော် ခေါင်းဆောင် ပိုင်းတွေကပြောတာတော့ တကယ့်ငြိမ်းချမ်းရေးကို အစစ်အမှန် လိုချင်တဲ့ ဆန္ဒရှိဖို့ လိုတယ် ဆိုပြီးတော့မှ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေကို သူကပြောတယ်။ ကျနော်လည်းပြန်မေးမယ် တပ်မတော်ကကော တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်သလား ကျနော်လည်း ပြန်မေး မယ်လေ။ ပြန်မေး မယ်ဆိုရင် တပ်မတော်က တကယ် တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကိုလိုချင်တယ် ဆိုရင် ဘာကြောင့်မို့လို့ နယ်မြေစိုးမိုးရေးကို ဦးတည်တဲ့ ထိုးစစ်တွေကို လုပ်နေရ သလဲ ၊ ဒါတွေကို ရပ်ဖို့လိုတယ်။”
မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက မြန်မာသံအမတ်ကြီး (၁၂)ဦးနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက် လို့ ဆွေးနွေးပြောဆိုခဲ့သလို နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေး ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို NLD အစိုးရအနေနဲ့ ချမှတ်ကျင့် သုံးေ နကြောင်း ပြောကြားခဲ့ပါတယ်။ ဒါအပြင် မြန်မာသံရုံးတွေအနေနဲ့ မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။
တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့လည်း တွေ့ဆုံဖို့ရှိသလို အင်္ဂါနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။ အဲဒီနောက် အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွာ မှာဖြစ်ပြီး စက်တင်ဘာလ (၁၄)ရက်နေ့မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိမ်ဖြုတော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။
VOA Burmese News
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဌ Rt. Hon. John Bercow နှင့်တွေ့ဆုံ (MOFA)
ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဗြိတိန် အောက်လွှတ်တော် ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဆိုင်ရာလေ့လာရေး တော်ဝင်ကောလိပ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ခရီးစဉ် အတွင်းမှာ ဗြိတိန် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒေသတွင်းက မြန်မာ သံအမတ်ကြီးတွေနဲ့ မနေ့က တွေ့ဆုံတာမှာတော့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဗြိတိန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ဖွံ့ဖြိုးရေးကိစ္စ၊ နောက် လုံခြုံရေးကိစ္စတို့ကို အဓိကထား ဆွေးနွေးမယ်လို့လည်း ခန့်မှန်းကြပါတယ်။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာတော့ ဗြိတိန် အောက်လွှတ်တော် ဥက္က္ကဌ John Bercow နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာနိုင်ငံသား တချို့တက်ရောက်နေတဲ့ ကာကွယ်ရေးဆိုင်ရာလေ့လာရေး တော်ဝင်ကောလိပ်ကိုသွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Sir Christopher Deverell ၊ ကျောင်းအုပ်ကြီး Sir Tom Phillips တို့လည်း တွေ့ဆုံခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဆိုင်ရာ လေ့လာရေး တော်ဝင်ကောလိပ်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးအောင်မြင့်ဦးနဲ့ ငြိမ်းချမ်းရေး ကော်မရှင်က ဦးမိုးဇော်ဦးတို့ တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်းမှာ ဗြိတိန် ၀န်ကြီးချုပ် ထရီဆာမေ အပါအ၀င် ဗြိတိန် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဗြိတိန် အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD –LA အဖွဲ့နဲ့လည်း တွေ့ဆုံဖို့လည်း အစီအစဉ် ရှိနေပါတယ်။ ဗြိတိန် အခြေစိုက် NLD – LA ခေါင်းဆောင် ဒေါက်တာ ၀င်းနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
‘ပထမသူက တွေ့ဖို့ဆိုပြီးတော့ ကျနော်တို့ကို ပြောထားတယ် ဒါပေမယ့် လောလောဆယ် သူက ဗြိတိန်အစိုးရရဲ့ ကိုယ်စားလှယ်တွေများနေလို့တဲ့ မတွေ့နိုင်သေးဘူးဆိုပြီးတော့ ကျနော်တို့လည်း စောင့်နေရတယ်လေ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး အသင့်စောင့်ဆိုင်းနေကြဖို့ကိုလည်း ဒီကနေ့ မနက်ပိုင်းမှာဘဲ ဗြိတိန်အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ဖုန်းဆက် အကြောင်းကြားလာတယ်လို့လည်း ဒေါက်တာ ၀င်းနိုင်က ပြောပါတယ်။ ဗြိတိန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးဖွယ် ရှိတယ်လို့လည်း ဒေါက်တာဝင်းနိုင်က သုံးသပ်ပါတယ်။
“လောလောဆယ်တိုင်းပြည်မှာ ရှိနေတဲ့ အရေးကြီးကိစ္စတွေပေါ့နော်။ ခုနပြောတဲ့ တိုင်းပြည်မှာ လုပ်မယ့် စီမံကိန်းတွေပေါ့နော် ။ ဒါတွေလည်းပါမှာပေါ့နော် ။ နောက်လုံခြုံရေးကိစ္စတွေရယ် ပါမယ်လို့ ယူဆရပါတယ်။ မကြာသေးခင်ကပဲ ရန်ကုန်ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်း လာသွားတဲ့အခါမှာဆိုရင် သူ central London မှာ presentation တခုလုပ်ပါတယ်။ အဲဒီ presentation မှာ New Yangon project အပါအ၀င်ပေါ့နော် ဂျိုင်ဂါနဲ့ လုပ်မယ့် ဆိပ်ကမ်းလုပ်ငန်းတွေ ၊ နောက်တခု ကျနော်တို့ စက်မှုလုပ်ငန်းတွေ ၊ နောက်တခု ဟံသာဝတီ လေယဉ်ကွင်းကိစ္စတွေ ၊ နောက် လုပ်ငန်းတွေတော်တော်များများ project တွေပေါ့နော် အကုန်တင်ပြဆွေးနွေးပြီးတော့ စီစဉ်သွားတယ်။ သူကလည်း ပြောသွားတယ် သူမလာခင်မှာ နိုင်ငံ ၃၀ က ကုမ္ပဏီ ၂၅၀ နဲ့ အကုန်လုံး စီစဉ်ထားခဲ့ပြီးသား ဒါကလည်း နောက်ဆုံး ဒေါ်စုကိုယ်တိုင် စီစဉ်တဲ့ project တွေဆိုတော့ ဒါက သူ့အချိန်မှီပြီးသွားမယ်ဆိုတဲ့အကြောင်း ၊ ဒါတွေကတော့ သူဟာသူ in place ဖြစ်နေပါတယ်တဲ့ ကျနော်တို့က ဘာမှ စိတ်ပူစရာအောကာင်းမရှိပါဘူး။ နောက် ဒီ New Yangon project မှာလည်း US ၊ UK ၊Indonesia ၊ Japan ၊ korea ရယ်ကတွဲပြီးတော့ အားလုံးလုပ်မယ်။ နောက်တခုက ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလည်း ဗြိတိန်အစိုးရကနေပြီးတော့ ဒေါ်လာ သန်း ၂၀၀ ကူညီလိုက်တယ် ဒီဟာက New Yangon project ဆိုတော့ ဒါတွေက အကုန်လုံး စီမံပြီးသားကိစ္စတွေဆိုတော့ အားလုံးဟာ သူ့ Target အတိုင်းသူပြီးသွားမယ်လို့တော့ ကျနော် ကတော့ ယုံကြည်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန် ခရီးစဉ်မှာတော့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မနေ့တုန်းကတော့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတို့က မြန်မာ သံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့က မြန်မာသံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လန်ဒန်အခြေစိုက် မြန်မာသံရုံး တာဝန်ခံ တဦးက ပြောပါတယ်။
“ဒီကိစ္စတွေကို ကျနော်တို့ကိုပေးမသိဘူး။ ကျနော်တို့လည်း ဒီဒေသခံဝန်ထမ်း၊ ဒီကိစ္စတွေက ကျနော်တို့ မသိဘူး။
မေး။ ။ မနေ့ကတော့ ဆရာတို့ သံရုံးမှာပဲ သံအမတ်ကြီးတွေနဲ့တော့ တွေ့ကြသေးတယ်မဟုတ်လား။
ဖြေ။ ။ ဟုတ်ပါတယ် ။ မနေ့ကတော့ ဒီမှာ ဒီအစည်းအဝေးပွဲတွေ လုပ်တယ်ဆိုတာတွေ၊ မနေ့ကတော့ ပြီးသွားပါပြီ။”
မြန်မာ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံတာမှာတော့ အစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်တွေ၊ ဦးစားပေး လုပ်ငန်းတွေ၊ နိုင်ငံခြားရေး မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ပြီး သံအမတ်ကြီးတွေ အနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ခရီးစဉ် အပြီးမှာတော့ အမေရိကန် ပြည်ထောင်စု မြို့တော် ၀ါရှင်တန် ဒီစီကို ခရီးဆက်မှာ ဖြစ်ပြီး အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ၀ါရှင်တန် ဒီစီမှာ အမေရိကန် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကို သွားရောက်ပြီး ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနဲ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတို့မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
 မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာသံအမတ်ကြီးများနဲ့ ဗြိတိန်ရောက်ဒေါ်စု တွေ့ဆုံ (MOI)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကိုသွားရောက်ပြီး၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသ မြန်မာသံရုံးတွေက မြန်မာသံအမတ်ကြီးတွေနဲ့ တွေ့ဆုံ အစည်းအဝေးလုပ်နေပါတယ်။ မြန်မာသံရုံးကို အ၀င်မှာတော့ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံသားအချို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတာ တွေ့ခွင့်ရလိုက်ကြပါတယ်။ အဲဒီထဲက တဦးဖြစ်တဲ့ ဒေါက်တာသက်ကိုကို ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
“မေး။ ။ ဟုတ်ကဲ့ ဒေါက်တာသက်ကိုကို ရေ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်လာတော့ အဲဒီမှာ ဒေါက်တာသက်ကိုကို တို့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ ဖြစ်လိုက်တယ်ဆိုတော့ အဲဒီကအခြေအနေလေးနဲ့ ဘယ်လိုများ ဆုံဖြစ်သလဲ ပြောပြပါဦးခင်ဗျ။
မေး။ ။ ဟုတ်ကဲ့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သံရုံးရှေ့မှာ တွေ့တော့ရော ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်မှု နောက် မြန်မာ တွေဘက်က တုန့်ပြန်မှုဘယ်လိုများ မြင်ရသလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် အရမ်း သူဝမ်းမြောက်ပါတယ်။ သူက ကားပေါ်က ဆင်းလာတာနဲ့ သူကလေ သံရုံးအပေါ်က်ထဲကို မ၀င်ပဲနဲ့ ကျနော်တို့ ဘက်ကို တခါတည်း တန်းလာပါတယ်။ တန်းလာပြီး ကျနော်တို့ကို နှုတ်ဆက်တယ်။ နှုတ်ဆက်ပြီးတော့ ကျနော်တို့ကလည်း ဓါတ်ပုံလေး ၁ ပုံရိုက်ခွင့်ပေးပါလို့ဆိုတော့ သူရိုက်ခွင့်ပေးတယ်။ သေချာစိတ်ရှည်လက်ရှည်ကိုစောင့်တယ်။ တယောက် ကင်မရာ ၁ လုံးစီနဲ့ကို ရိုက်ကြတယ်ပေါ့နော်။ ပြီးတော့ သူက ဘာမှာသွားလဲဆိုတော့ လိမ်လိမ်မာမာ နေကြနော်တဲ့ သူများတိုင်ပြည်မှာတဲ့ ။ ပြီးတော့ သံရုံးနဲ့လည်း အဆင်ပြေအောင်နေပါနော် အဲလိုမှာသွားတယ်။
ကိုသက်ကိုကိုက တကူးတက ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဖို့အတွက် တက်လာတယ် အခုလောက်အချိန်လေး တွေ့ခွင့်ရတယ် ကျေနပ်ရဲ့လား။
ဖြေ။ ။ ကျေနပ်တာပေါ့။ ကျနော် မတွေ့ရင်လည်း ကျေနပ်ပြီးသားပါ ဘာလို့လဲဆိုတော့ အမေ့ခရီးစဉ်က အရမ်း schedule က အရမ်း tight ဖြစ်တယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့် အနေနဲ့ အသက် ၇၁ နှစ်အရွယ် အမေအိုကြီး နေ့မအိပ် ညမအိပ်နဲ့ ပြည်တွင်းပြည်ပမှာ သွားရောက်ပြီး အလုပ်လုပ်ဆောင်နေတဲ့ဟာကို လာရောက်ပြီး support ပေးတဲ့ သဘောပါပဲ။ ပြီးရင် သူ့ကိုလာပြီး well wish လာလုပ်တာပါ။ အမေ ကျန်းမာပါစေဆိုပြီး လာဆုတောင်းတာပါ။”
ဒေါက်တာ သက်ကိုကို ကို ကိုသားညွှန့်ဦး က ဆက်သွယ်မေးမြန်းခဲ့တာပါ။
စက်တင်ဘာလ ၁၀ ရက်နေ့က ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ သုံးရက်ကြာမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေးအောင်ဆန်းစုကြည်ဟာ ဗြိတိန် စံတော်ချိန် ၁၀ နာရီမှာ ဥရောပဒေသ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက မြန်မာသံအမတ်ကြီး ၁၂ ဦးတို့နဲ့ လန်ဒန် မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမည့် မူဝါဒတွေနဲ့ လမ်းစဉ်တွေ၊ ဦးစားပေးလုပ်ငန်းစဉ်တွေအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသေးစိတ်ရှင်းလင်းပြောဆိုခဲ့တယ်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေအပါအ၀င် မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဗြိတိန်ပါလီမန်အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဖို့ရာရှိနေပါတယ်။ နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ကနေ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိမှာဖြစ်ပါတယ်။
သားညွန့်ဦး  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၅၄/၂၀၁၆
၁၃၇၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်)
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-
(၁) ဒေါက်တာထွန်းနိုင် ဒုတိယ၀န်ကြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
(၂) ဦးဝင်းမော်ထွန်း ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန
(ပုံ) ထင်ကျော် 
နိုင်ငံတော်သမ္မတ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုယ်ရေးအကျဉ်း
၁။ အမည် ဒေါက်တာထွန်းနိုင်
၂။ အသက် (မွေးသက္ကရာဇ်) (၅၄) နှစ် (၁-၉-၁၉၆၂)
၃။ လူမျိုးကိုးကွယ်သည့်ဘာသာ ဗမာ/ဗုဒ္ဓ
၎။ မွေးရာဇာတိ ပြွန်တန်ဆာမြို့၊ ပဲခူးတိုင်းဒေသကြီး
၅။ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်အမှတ် ၉/မသန (နိုင်) ၀၇၈၆၂၂
၆။ ယခုနေရပ်လိပ်စာအပြည့်အစုံ ဓါတ်အားစနစ်ဌာန၊ အမှတ် (၂) လျှစ်စစ်
စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော်
၇။ ပညာအရည်အချင်း မဟာအင်ဂျင်နီယာဘွဲ့၊ (လျှပ်စစ်စွမ်းအား)
၈။ အဘအမည်၊ ဦးမျိုးအောင်
လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ဗမာ/ဗုဒ္ဓ
ဇာတိနှင့်အလုပ်အကိုင် (ကွယ်လွန်)
၉။ အမိအမည်၊ ဒေါ်ခင်ရီ၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မှီခို။
၁၀။ ကာယကံရှင် မွေးဖွားချိန်၌ နိုင်ငံသားဟုတ်ပါသည်။
မိဘနှစ်ပါးသည် နိုင်ငံသား ဟုတ်/မဟုတ်
ကိုယ်ရေးအကျဉ်း
၁။ အမည် ဦးဝင်းမော်ထွန်း
၂။ အသက် (မွေးသက္ကရာဇ်) (၅၈) နှစ် (၁၄-၅-၁၉၅၈)
၃။ လူမျိုးကိုးကွယ်သည့် ဘာသာ ဗမာ/ဗုဒ္ဓ
၎။ မွေးရာဇာတိ မန္တလေးတိုင်း၊ မန္တလေးမြို့။
၅။ နိုင်ငံသား/အမျိုးသားမှတ်ပုံတင်အမှတ် ၁၂/ဥကတ (နိုင်) ၀၀၆၈၄၁
၆။ ယခုနေရပ်လိပ်စာအပြည့်အစုံ တိုက် (၅၅၂-B)၊
ညွှန်ကြားရေးမှူးချုပ်အိမ်ယာ၊
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
၇။ ပညာအရည်အချင်း B.E (Mechanical)
၈။ အဘအမည်၊ ဦးထွန်းရင်၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မန္တလေး၊
အငြိမ်းစား ဆည်မြောင်းအင်ဂျင်နီယာ
၉။ အမိအမည်၊ ဒေါ်စိုးရီ၊
လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ ဗမာ/ဗုဒ္ဓ၊
ဇာတိနှင့်အလုပ်အကိုင် မန္တလေး၊ စာတိုက်စာရေး
၁၀။ ကာယကံရှင် မွေးဖွားချိန်၌ နိုင်ငံသားဟုတ်ပါသည်။
မိဘနှစ်ပါးသည် နိုင်ငံသား ဟုတ်/မဟုတ်
Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင် စက်တင်ဘာလ ၁၂ ရက်နေ့ က ပြည်ထောင်စု လွှတ်တော်မှာ တင်ပြနေစဉ်။Photo: Win Ko Ko Latt/ RFA
သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဦးစားပေးပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေ ၄၈ ခုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလိုက်ပါတယ်။
တည်ဆဲဥပဒေတွေဟာ အရင်ခေတ်အဆက်ဆက်က အစိုးရကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ လည်းရှိတဲ့အတွက် ခေတ်ကာလနဲ့ညီမညီပြန်လည် သုံးသပ်ပြီး ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ကော်မရှင်က ပြဌာန်းဖို့ ပေးပို့ထားတဲ့ ဥပဒေတွေထဲမှာ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေး ဆိုင်ရာဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ အမျိုးသမီးများ အား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေ၊ မသင်မနေရပညာရေး ဥပဒေ၊ နိုင်ငံခြားသားအလုပ်သမား ဆိုင်ရာ ဥပဒေ၊ ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေး ဥပဒေ၊ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေ စတဲ့ ဥပဒေ ၄၈ ခုတို့ ဖြစ်ပါတယ်။
ဥပဒေနဲ့ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျည်း ၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ထုတ်ပြန်ရတာဖြစ်ပေမယ့် နည်းဥပဒေမထုတ်ပြန်နိုင်တဲ့ ဥပဒေတွေရှိနေကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။
နည်းဥပဒေ ရေးဆွဲထုတ်ပြန်ဖို့ ကြန့်ကြာနေတာ၊ ပျက်ကွက်နေတာတွေကြောင့် မူလဥပဒေရဲ့ ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနဲ့ ဥပဒေရဲ့ အကာအကွယ် ကို ပြည်သူတွေ မရရှိကြောင်း အကောင်အထည်ဖော်ရမယ့် ဌာန၊ အဖွဲ့အစည်းတွေက လည်း ဘယ်လိုအကောင်အထည်ဖော်ရမယ် ဆိုတာ မသိရှိကြကြောင်း လည်း ထောက်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က တင်ပြတဲ့ ဥပဒေ ၄၈ ခုကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး သည် မြန်မာပြည်သူပြည်သားများ၏ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူ ဖြစ်ပါသည်။ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်အချို့က - ဥပဒေမဲ့စွာဖြင့် ဟိုတယ်၊တည်းခိုခန်းများတည်ဆောက်ခြင်းကြောင့် ရှေးဟောင်း အဆောက်အဦ ၏ မြင်ကွင်းကိုလည်းကောင်း၊ ဝန်းကျင်သဘာဝမြင်ကွင်း ကိုလည်းကောင်း အဟန့် အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့် မူလဘူမိမြေသားခိုင်မာမှုကို ပျက်စီးစေ၍ မြေသားပြတ်ရွေ့ မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။
၂။ ၄င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းထားသော ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ ရဟန်းရှင်လူ ပြည်သူအများ အခမဲ့ တည်းခိုရန် တည်ဆောက်ထားခဲ့သည့် ဓမ္မာရုံများကိုလည်း တည်းခိုခန်းများအဖြစ် ဥပဒေမဲ့စွာ ပြုပြင်တည်ဆောက်ခဲ့ကြပါသည်။
၃။ ထို့ပြင် ဘုရားဖူး ရဟန်းရှင်လူပြည်သူများက ကျိုက်ထီးရိုးစေတီတော်၏ နဝကမ္မအတွက် လည်းကောင်း၊ ယုံကြည်မှုများအရလည်းကောင်း လှူဒါန်းမှုအစုစုဆောင်ရွက်လျှက်ရှိရာ အလှူခံ ဌာနများ၊ အလှူခံပုံးများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ကန်ထရိုက် စနစ်ပေး၍ အတင်းအကြပ် အလှူငွေ ကောက်ခံနေ သည်ကိုလည်း တွေ့ရှိရ ပါသည်။
၎။ အထက်ပါအခြေအနေများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမျှော်ကြသည့် မြန်မာပြည်တဝှမ်းမှ ရဟန်းရှင်လူပြည်သူ အပေါင်းသည် တည်းခိုခန်းခ မြင့်မားစွာ ပေးဆောင်ရခြင်း၊ အခကြေးငွေ မတတ်နိုင်သောသူများသည် ဘုရားရင်ပြင်ပေါ်တွင် ကျန်းမာရေး အထိခိုက်ခံ၍ ဖြစ်သလို အိပ်စက်နားခိုရခြင်း၊ အလှူခံဌာနများကလည်း အတင်းအဓမ္မအလှူခံခြင်း၊ ကျိန်စာတိုက် အလှူခံခြင်း တို့ကြောင့် ဘုရားဖူးလာရောက်သူများအနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားကို ကြည်ညို သဒ္ဒါပွားနိုင်မှုမရှိခြင်းများကို ကြုံတွေ့နေရပါသည်။
၅။ သို့ဖြစ်ပါ၍ ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဘုရားဖူး ရဟန်းရှင်လူပြည်သူ အများ စိတ်ချမ်းမြေ့စွာ ကြည်ညို သဒ္ဒါပွားနိုင်ရန်အတွက်လည်းကောင်း၊ တရားဥပဒေစိုးမိုးရန် အတွက်လည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က အောက်ပါ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
-(က) ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ လုပ်ငန်းရှင်များက တည်းခိုခန်းပြုလုပ်ထားသောဓမ္မာရုံများကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်းရှင်လူပြည်သူအများအခမဲ့တည်းခိုခွင့်ရရှိရေး အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
( ခ) ရိုးရိုးလေးကုမ္ပဏီက တည်ဆောက်ထားသော ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ဟိုတယ်အခန်း (၁၃၅)ခန်းအပြင် ဥပဒေမဲ့စွာ ဆောက်လုပ်ခဲ့သော အခန်း(၁၀၆)ခန်း ပိတ်သိမ်းရေး၊ သတ်မှတ်အမြင့်ပေ(၃၀)ထက် ကျော်လွန် ဆောက်လုပ်ခဲ့သည့် ဟိုတယ်အဆောက်အဦများကို ခေတ်မီနည်းပညာသုံး၍ ဖျက်သိမ်းရေးကို စီမံ ကြီးကြပ်သွားမည်ဖြစ်ပါသည်။
( ဂ) စေတီတော်သို့ နေ့စဉ်ဘုရားဖူးလာရောက်သည့် အများပြည်သူများကို စေတီတော် ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဖျက်သိမ်း၍ စေတီတော် ဝန်ထမ်းများဖြင့် အလှူခံပုံးအား နေ့စဉ်ရေတွက်ခြင်း၊ နောက် တစ်နေ့ တွင် ဘဏ်သို့အပ်နှံခြင်း၊ အလှူခံဖြတ်ပိုင်းဖြင့် အလှူခံခြင်း အစရှိသည့် လုပ်ငန်းများ ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ ပိုမိုခန့်အပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေကာ အဆိုပါလုပ်ငန်းများ ကို ဂေါပကအဖွဲ့မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်သွားမည် ဖြစ်ပါသည်။
(ဃ) နိုင်ငံအဝန်းဘုရားစေတီများ၌ ရွှေသင်္ကန်းကပ်လှူရာတွင် အရည်အသွေးကောင်းမွန်ရေး၊ အရွယ်အစားမှန်ကန်ရေး၊ ဈေးနှုန်းမှန်ကန်ရေးကို အလေးထား ဆောင်ရွက် ရမည်ဖြစ်ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်း အရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစားမမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်း တို့ကို ပြုပြင်နိုင်ရန် အတွက် ရွှေဆိုင်းတင်ဒါပေးသွင်းမှုစနစ် မှန်ကန်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီမံကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပါသည်။
( င) ယခင်ဂေါပကအဖွဲ့ဝင် (၁၅)ဦးအနက် (၁)ဦး (ကွယ်လွန်) (၃)ဦး အနားယူခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ဂေါပကအဖွဲ့ဝင်(၁၁)ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၂)ဦး၊ စုစုပေါင်း(၁၅)ဦးတို့အား (၂၃.၈.၂၀၁၆)ရက်နေ့မှစ၍ ယာယီ ဂေါပကအဖွဲ့အဖြစ် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။
(စ) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်း(မူကြမ်း)အား သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များ၊ ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့ဖြင့် ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ (၂၅.၇.၂၀၁၆) ရက်နေ့တွင် ပေးပို့ခဲ့ပြီး အကြံပြုချက်များရရှိပါက ဂေါပကစည်းမျဉ်းနှ င့်အညီ ဂေါပက အဖွဲ့မှ ဆောင်ရွက်နိုင်ရေးအတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်း ဆောင်ရွက် မည်ဖြစ်ပါသည်။
(ဆ) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ပရိဝုဏ်အတွင်း ဥပဒေနှင့်မလျော်ညီစွာ ဆောင်ရွက် ခဲ့သည့် လုပ်ငန်းအသီးသီးအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားနိုင်ရေး အတွက် (၁၀.၈.၂၀၁၆)ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် တတိယအစည်းအဝေးသို့ တင်ပြ လျှောက်ထားခဲ့ရာ “ သာသနာရေးဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ” သြဝါဒပြု လမ်းညွှန်ခဲ့သဖြင့် အဆိုပါသြဝါဒအတိုင်း ကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပါသည်။
(ဇ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏သြဝဒါနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ မူဝါဒများအရ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအသီးသီးကို ဥပဒေနှင့်အညီဖြစ်စေရန် စီမံကြီးကြပ်သွားမည်ဖြစ်ပြီး အထက်ဖော်ပြပါအချက်များကို သက်ဆိုင်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေ များနှင့်အညီ နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူဆောင်ရွက် သွားမည် ဖြစ်ပါသည်။
၆။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး အတွက် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိမည်ဖြစ်ပြီး ၄င်းတို့ကိုယ်စား အသစ်ဖွဲ့စည်းသွားမည့် ဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အများပြည်သူ သိရှိစေရန် ရှင်းလင်း ဖော်ပြအပ်ပါသည်။
၁၂.၉.၂၀၁၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Ministry of Religious Affairs and Culture
https://www.facebook.com/ministryofculturenews
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး ကို တွေ့ရစဉ်။ Photo: Kna Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာမနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား ၄၀ ကျော်ကို ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က တိုက်ရိုက် စစ်ဆေးခွင့်တောင်းတာဟာ ဥပဒေကျင့်ထုံးတွေနဲ့မညီကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ၊ ရာဇ၀တ်မှု နဲ့ အခုချိန်ထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ကောင်းခါးကျေးရွာက ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့အမှုတွေနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို တွေ့ဆုံမေးမြန်းရာမှာ ရဲမှူးကြီး အောင်မြတ်မိုး က ပြောတာဖြစ်ပါတယ်။
အဲဒီအမှုဟာ ရာဇ၀တ်မှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကသာ စစ်ဆေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ကချင်ကျောင်းဆရာမနှစ်ဦးဟာ ကောင်းခါးကျေးရွာမှာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး တပ်မတော် သား ၂၈ဦးကို စစ်ဆေးထားသလို အဲဒီတပ်မတော်သားတွေရဲ့ မျိုးရိုးဗီဇ DNA နဲ့ ဆံပင်နမူနာတွေ ရယူထားတယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
KBC ဘက်က တပ်မတော်သား ၄၀ ကျော်ကို မေးမြန်းမယ့် မေးခွန်းတွေကို ကြိုမပေးနိုင်ကြောင်း နဲ့ အမှုစစ်အဖွဲ့ ကြားခံမထားဘဲ တိုက်ရိုက်မေးမြန်း လိုကြောင်း နိုင်ငံတော်သမ္မတထံ စာတင်ထားပါတယ်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဘက်ကလည်း အဲဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၄ ဦးကို KBC အနေနဲ့ ခေါ်ယူပေးဖို့ ပြန်လည်တောင်းဆိုထားပါတယ်။
RFA Burmese
http://www.rfa.org/burmese